Switch Mode

Chapter – 21.2

" သိုင်းပညာ ၀ိညာဥ် သုံးခုရဲ့ အတွင်းပိုင်းပေါင်းစပ်မှု "

Chapter – 21.2 ” သိုင်းပညာ ၀ိညာဥ် သုံးခုရဲ့ အတွင်းပိုင်းပေါင်းစပ်မှု ”
°°°
ရွှမ်လောင်လို့ခေါ်တဲ့အကြီးအကဲက ကြက်ကြော်ကို တစ်ကိုက် ကိုက်လိုက်ရင်း ၀မ်ယန်ကိုပြန်ကြည့်ပါတယ်။ ပုံစံအရသူက အရမ်းကို အိုမင်းနေတဲ့သူတစ်ယောက်ပါပဲ။ ဒါပေမယ့် သူ့ရဲ့ကြက်သွေးရောင်မျက်လုံးတွေကတော့ အရမ်းကို တောက်ပလို့နေခဲ့ပြီး လူတစ်ယောက်ရဲ့၀ိညာဥ်ကိုတောင် လွှင့်ပြယ်သွားတဲ့အထိ ဖမ်းစားနိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့အကြည့်က စိတ်လွှတ်နေသလိုပါပဲ။ သူက ၀မ်ယန်ရဲ့စကားတွေကို သိပ်ပြီအလေးမထားတဲ့ ပုံစံအတိုင်းရှိနေခဲ့တယ်။

” ခန္ဓာကိုယ်၀ိညာဥ်လား စိတ်၀င်စားစရာပဲ ”

ရွှမ်လောင်က သူ့ဘာသာသူ ပြောရင်းနဲ့ သူ့အသံက ကြမ်းတမ်းလာပါတော့တယ်။

” ရွှမ်လောင် ဆံပင်သိုင်းပညာ၀ိညာဥ်ကရော ခန္ဓာကိုယ်၀ိညာဥ်အဖြစ် သတ်မှတ်လို့ရနိုင်လား ”

” ချိတ်ဆက်လို့တော့ ရပါတယ် ”

” ဒါဆိုရင် လန်စုစုနဲ့ လန်​လော့လော့တို့ကရော အာရုံစိုက်ဖို့ထိုက်တန်လား သူတို့တွေက ပေါင်းစည်းတဲ့စွမ်းရည်တစ်ခုကို ထုတ်လွှတ်နိုင်တယ်…အကယ်၍ သူတို့သာ ခန္ဓာကိုယ်၀ိညာဥ်နဲ့ ချိတ်ဆက်ထားနိုင်မယ်ဆိုရင် အနာဂတ်က သေချာပေါက် အခွင့်အရေးကြီးမားမှာပဲမလား ”

” ဆံပင်တဲ့လား မဖြစ်နိုင်လိုက်တာ မင်းက အများကြီး လေ့လာမှုလုပ်ထားတဲ့သူပဲ ဘယ်လိုလုပ် ခန္ဓာကိုယ်၀ိညာဥ်တွေအကြောင်းသိရတာ ဒီလောက်တောင်နည်းပါးရတာလဲ ”

” ဘာကြောင့်လဲဆိုတော့ ကျွန်တော်သေချာလေ့လာလို့ရနိုင်တဲ့ သူတစ်ယောက်မှမရှိလို့လေ ဒါ့အပြင် သတင်းအချက်အလက်တွေကလဲ အရမ်းကို အကန့်အသတ်ရှိလွန်နေတယ်…ခန္ဓာကိုယ်မျိုးနွယ်စုကလဲ လောကကြီးထဲကို မ၀င်ရောက်လာတော့တာ အချိန်အတော်ကြာပြီး ”

ရွှမ်လောင်က ရယ်မောရင်း ထရပ်လိုက်ပါတယ်။ သူ့ရဲ့စိုစွတ်နေတဲ့ ခြေထောက်တွေက မြက်ခင်းပေါ်ကို နင်းရင်း အရမ်းကိုအေးအေးဆေးဆေးနဲ့ ပြောလာခဲ့တယ်။

” ငါမင်းကို သင်ပေးပါရစေလား ခန္ဓာကိုယ်၀ိညာဥ်တစ်ခုဘယ်လောက်အထိ သန်မာလဲဆိုတာက သိချင်တယ်ဆိုရင် ခန္ဓာကိုယ်က ဘယ်လောက်အရေးကြီးလဲဆိုတာ အရင်ဆုံးမြင်တတ်ဖို့လိုတယ်…အကယ်၍ ခန္ဓာကိုယ်၀ိညာဥ်ကို အသုံးပြုတဲ့ စိတ်အပိုင်းက လူသားခန္ဓာကိုယ်အတွက် ပိုပြီး အရေးကြီးတယ်ဆိုရင် ပိုအရေအသွေးကောင်းလိမ့်မယ်…ဒါကြောင့်သာ စိတ်၀ိညာဥ်မျက်လုံးရှိတဲ့ လူငယ်ကို ငါအတော်လေး စိတ်၀င်စားနေမိတာ အကယ်၍ မင်းရဲ့ဆံပင်တွေ ပျက်စီးသွားမယ်ဆိုရင် သေချာပေါက်ပြန်လည်ပေါက်ရောက်နိုင်တာပဲ ဒါပေမယ့် မျက်လုံးကို ဆုံးရှုံးသွားမယ်ဆိုရင် ဘယ်လိုဖြစ်မလဲ ဒါ့အပြင် သူက စိတ်၀ိညာဥ်အမျိုးအစားသိုင်းပညာ၀ိညာဥ်ကိုလဲ ပိုင်ဆိုင်ထားသေးတယ်လေ နောက်တစ်နည်းပြောရမယ်ဆိုရင် သူ့ရဲ့သိုင်းပညာ၀ိညာဥ်က သူ့မျက်လုံးနဲ့ သူ့ဦးနှောက်နှစ်ခုစလုံး ပါ၀င်နေခဲ့တယ်…မင်းအနေနဲ့ မင်းရဲ့သက်တမ်းမှာ ခန္ဓာကိုယ်၀ိညာဥ်အမျိုးအစားထဲက နံပါတ်တစ်ထိပ်တန်းအရောက်ဆုံးကို မြင်တွေ့နိုင်ခဲ့တယ်ဆိုတာ အရမ်းကိုကံကောင်းတဲ့အရာပဲ ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်၀ိညာဥ်က အများကြီး မတိုးတက်သေးဘူးမဟုတ်လား မဟုတ်ရင် ဘာကြောင့်များ သူက ဆယ့်နှစ်၀ိညာဥ်စက်ကွင်းကို အသုံးပြုနေရမှာလဲ ရှောင်လင်းကိုပြောလိုက် ငါလူသစ်တွေရဲ့စာမေးပွဲအဆင့်ရလဒ်ကို ကြည့်ချင်တယ်..ငါ့အတွက် နေရာတစ်နေရာချန်ထားပေးဖို့ ပြောပေး ”

” ကောင်းပါပြီ ”

°°°

တဖြည်းဖြည်းနဲ့ ညဥ့်နက်လာခဲ့ပြီဖြစ်ပေမဲ့ ၀မ်သုန့်နဲ့ ဟို့ယွိဟောင်တို့ရဲ့အခန်းကတော့ တောက်ပနေဆဲပါ။

ညဥ့်နက်လာလေလေ သူ့တို့ရဲ့အရှိန်အ၀ါတွေက ထူးထူးဆန်းဆန်း ပြောင်းလဲလာလေပါပဲ။ တစ်ခုနဲ့တစ်ခု တိုက်ခိုက်နေကြတဲ့အရှိန်အ၀ါတွေက ပေါင်းစည်းလို့သွားခဲ့ပါပြီ။ ဒါ့အပြင် သက်ဆိုင်ရာ၀ိညာဥ်စွမ်းအားတွေကလဲ ထူးထူးဆန်းဆန်းလှည့်ပတ်လို့နေခဲ့ကြပါတယ်။ မတူညီတဲ့အရောင်တွေကလဲ မတူညီတဲ့လှည့်ပတ်မှုလမ်းစဥ်တွေအတိုင်း လိုက်နေခဲ့ကြတယ်။

သိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုနေရာကို ၀င်ရောက်တဲ့လူတိုင်းက အနည်းဆုံးပေါင်းစပ်မှု အောင်မြင်ဖို့အတွက် သုံးရက်တိတိ အချိန်ကို လိုအပ်ပါတယ်။ ဒါပေမယ့် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူတို့နှစ်ယောက်ကို အများကြီးကူညီပေးလိုက်တဲ့အတွက်ကြောင့်သာ အချိန်ကုန်သက်သာသွားခဲ့တာပါ။

တစ်ညတာက ခပ်မြန်မြန် ကုန်ဆုံးသွားခဲ့ပြီ နေ့အချိန်ကို ရောက်ရှိလာခဲ့ပါပြီ။

ရေခဲပြာရောင်ပိုးအိမ်ကြီးကလဲ အရည်ပျော်လို့သွားခဲ့ပြီ အထဲကလူတွေ ပေါ်ထွက်လာပါတော့တယ်။ ၀မ်သုန့်နဲ့ ဟို့ယွိဟောင်တို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဖက်ထားဆဲပါပဲ။ သူတို့ဘေးပတ်လည်မှာရှိနေခဲ့တဲ့အရောင်တွေကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်ဆိုင်နေခဲ့ကြရင်း ၀င်လေထွက်လေက မျက်နှာပေါ်ကို ကျရောက်လျက်ရှိပါတယ်။ နှစ်ယောက်စလုံးက အရမ်းကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်နေခဲ့ပါတော့တယ်။

အမျက်ဒေါသကျောင်းတော်ကို ရောက်ပြီချိန်ကနေစလို့ ဟို့ယွိဟောင်အနေနဲ့ မနက်စောစောမနိုးတာ ပထမဆုံးအကြိမ်ပါပဲ။ ဒါ့အပြင် မနက်စာမစားရတာကလဲ ပထမဆုံးအကြိမ်ဖြစ်နေခဲ့တယ်။

ကျောင်းခန်းတွေရဲ့ အပြင်ဘက်မှာတော့ အရမ်းကို ဆူညံတက်ကြွလို့နေခဲ့ပြီ ကျောင်းသားတွေက နိုးနေခဲ့ကြပါပြီ။ ဒါကြောင့် သန့်ရှင်းဖို့အတွက် အလောတကြီးလုပ်နေခဲ့ကြပါတယ်။

ဒီလိုဆူညံသံတွေက ၀မ်သုန့်ကို အရင်ဆုံးနိုးလာစေခဲ့ပါတယ်။

၀မ်သုန့်ကတော့ အရမ်းကို နူးညံ့တဲ့ အသံတစ်ချို့နဲ့ အော်ညှီးနေခဲ့ပါတယ်။ မျက်လုံးဖွင့်လိုက်ချိန်မှာတော့ ဟို့ယွိဟောင်ကို သူချက်ချင်းဆိုသလို မြင်လိုက်ရတော့တယ်။ တခဏတာ မျက်လုံးပြူးသွားပြီတဲ့နောက် သူ့ကိုယ်ကိုရုန်းလိုက်ပေမဲ့ ဟို့ယွိဟောင်က သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားနေဆဲပါ။ ရင်ဘတ်တွေကလဲ နီးကပ်လို့နေခဲ့ကြပြီ နူးညံ့နွေးထွေးနေခဲ့ပါတယ်။

သူတို့အချိန်အကြာကြီးအိပ်မိတာ ၀မ်သုန့်သိပါတယ်။ ဒါ့အပြင် ထူးဆန်းတဲ့ခံစားချက်တစ်ချို့က နှလုံးသားထဲ ထွက်ပေါ်လာတာကြောင့် ၀မ်သုန့်ကိုယ်တိုင်လဲ လန့်သွားခဲ့ပါတယ်။

” ဟို့ယွိဟောင် ထတော့ ”

ဟို့ယွိဟောင်ရဲ့လက်ထဲမှာ သူရုန်းကန်နေရင်းကနေ နိုးလိုက်ပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေမှာ အကြာကြီး နေနေခဲ့တာကြောင့် သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်တွေက တောင့်တင်းနေခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ လက်ကိုမပြောနဲ့ သူ့လက်တောင်မှ ထုံကျင်လို့နေခဲ့ပါတယ်။

ဟို့ယွိဟောင်လဲ နိုးလာပြီတဲ့နောက် သူတို့နှစ်ယောက် မျက်နှာချင်ဆိုင်လျက်ရှိနေတာကို သူသိသွားပါတော့တယ်။ အရမ်းကို နီးကပ်လွန်နေကြပြီ နှာခေါင်းချင်မထိမိရုံတင်ရှိပါတော့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်လဲ ၀မ်သုန့်ရဲ့ မျက်တောင်ရှည်ရှည်တွေက သူ့မျက်နှာကို လာတိုက်နေမှန်း ခံစားလိုက်မိတယ်။

” ဘာဖြစ်လို့ အဲ့ဒီလောက်အနားကပ်နေတာလဲ ”

ဟို့ယွိဟောင်က ချက်ချင်းဆိုသလို ပြောလိုက်မိပါတယ်။ သူပြောလိုက်ပြီချိန်မှာပဲ သူ့ရဲ့၀င်လေထွက်လေက ၀မ်သုန့်မျက်နှာပေါ်ကို ရောက်ရှိလို့သွားခဲ့ပါပြီ။

၀မ်သုန့်ကတော့ ဒေါသထွက်သွားခဲ့တယ်။ သူရုတ်တရက်ဆိုသလို ရုန်းကန်ရင်း သူ့လက်တွေကိုလဲ ပြန်ဖြုတ်လာခဲ့ပါတယ်။ အဲ့ဒီနောက် သူ့လက်ကိုအသုံးပြုပြီ ဟို့ယွိဟောင်ရဲ့ပုခုံးကို ဆွဲဖြုတ်ပါတော့တယ်။

ဟို့ယွိဟောင် နိုးလာချိန်မှာ သူက လက်လွှတ်ပြီသားဖြစ်တဲ့အတွက် ချက်ချင်းဆိုသလို နောက်ကို ဆုတ်လာခဲ့ရပါတယ်။ ဒါပေမယ့် ၀မ်သုန့်က သူ့ကိုခြေထောက်နဲ့ ကန်ပြီတော့ပါ အဝေးကိုတွန်းထုတ်နေခဲ့တယ်။ နောက်ဆုံးမှာတော့ သူကိုယ်တိုင်ရှင်းရှင်းလင်းလင်း နိုးလာခဲ့ပါပြီ။

အခန်းထဲမှာ သူတို့နှစ်ယောက်က ကိုယ်အိပ်ယာနဲ့ ကိုယ်အိပ်ကြတာပါ။ ၀မ်သုန့် ရုတ်တရက်တွန်းလိုက်တဲ့အားက ဟို့ယွိဟောင်ကို လွှင့်ထွက်လို့သွားစေခဲ့ပြီ မြေပြင်ပေါ်ကို ပြုတ်ကျသွားစေခဲ့ပါတယ်။

” ၀မ်သုန့် ဘာတွေလုပ်နေတာလဲ ”

ဟို့ယွိဟောင်ကတော့ ကန်ထုတ်ခံလိုက်ရတဲ့အတွက် ပြန်မေးပါတော့တယ်။ ချက်ချင်းဆိုသလို သူလဲ မကျေမနပ်မျက်နှာ ဖြစ်သွားခဲ့ပါပြီ။

၀မ်သုန့်ကတော့ အသက်အောင့်ပြီ ထရပ်လိုက်ပါတယ်။ သူ့ရဲ့ အ၀တ်အစားတွေကို ခပ်မြန်မြန်ပဲ မတွန့်မကြေအောင် ပြန်လည်ပြုပြင်ပြီ ဒေါသတကြီးနဲ့ ပြောတော့တယ်။

” ငါဘာလုပ်နေလဲ မင်းမေးရဲ့တယ်နော် ဘာဖြစ်လို့ငါအိပ်ယာပေါ်မှာ ညတုန်းက မင်းလာအိပ်နေရတာလဲ ”

ဒီတစ်ကြိမ်မှသာ သူ၀မ်သုန့် အိပ်ယာပေါ်က ကန်ချခံလိုက်ရမှန်း ဟို့ယွိဟောင် နားလည်သွားပါတော့တယ်။ ဒါကြောင့် သူ့ဘာသာသူ တွေးတောရင်း ပြန်ပြောတယ်။

” ညီနောင် ငါရဲ့ညီနောင် မင်းကတော့ ငါ့ကိုလာပြီ စွပ်စွဲနေပါလား ငါ့ကိုဘယ်လိုကောင်များ မှတ်လို့လဲ ဘာကြောင့်များ ဒီလိုမျိုး သူ့နဲ့အတူတူ အိပ်ရအောင်လုပ်လိုက်ရတာလဲ ”

သူက စိတ်ထဲမှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကို ပြောနေခဲ့တာပါ။

သူ့ဘာသာသူ စိတ်ထဲမှာပြောနေခဲ့ပေမဲ့ ပါးစပ်ကတော့ ပြန်ပြီ ငြင်းခုန်နေခဲ့ပါတယ်။

” ငါ့ကိုဒီလိုလာပြီ အပြစ်တင်လို့မရဘူးလေ ကြည့်လိုက်ပါလား မင်းလဲငါ ဒီလိုအတူတူအိပ်ခဲ့တာပဲမလား ”

၀မ်သုန့်ကတော့ ဟို့ယွိဟောင်ကို ပြန်ဖြေတော့မဲ့အချိန်မှာပဲ ရုတ်တရက်ဆိုသလို အသံတစ်သံကို ကြားလိုက်ရပါတော့တယ်။

” ငါမေ့နေလို့ အတန်းတက်ဖို့အချိန်ရောက်ပြီ ငါတို့နောက်ကျနေပြီ အမြန်သွားရအောင် “‘

ဟို့ယွိဟောင်က ချက်ချင်းဆိုသလို ခုန်ထရင်း ပြောပါတော့တယ်။

အပိုင်း ၂၁•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset