Chapter – 237
“သနားစရာမိန်းကလေး ပိုင်အာ”
ဥ၏ လုပ်ရပ်ကြောင့်ရဲရှောင် အံ့သြသွားကာ –
[ဘာလဲဟ . . . ငါ့ကို ဥက ဟင်းလင်းပြင်ထဲကနေ ကန်ထုတ်လိုက်တာလား။ ဒါ ငါ့ရဲ့ ဟင်းလင်းပြင်။ ငါက ပိုင်ရှင်ကွ။ ငါ့နေရာမှာငါ ကျင့်ကြံမှု လုပ်တာကို မင်းက ခွင့်မပြုဘူးပေါ့။အေး . . . ရတယ်မင်းစောင့်ကြည့်နေလိုက်. . .]
ထိုနေ့မှစ၍ ရဲရှောင်သည် ဟင်းလင်းပြင်ဆီသို့ စွမ်းအင် ပို့လွှတ်ခြင်း မပြုလုပ်ေတာ့ချေ။
ပထမဦးစွာ သစ်သားဟင်းလင်းပြင်၏ လည်ပတ်မှုအား ရပ်တန့်လိုက်သည်။ မည်သည့် ရတနာ၊ ဆေးပင်ကိုမျှ ထည့်သွင်းခြင်း မပြုတော့ချေ။
ရဲရှောင်သည်စုဆောင်းရရှိသမျှ ပစ္စည်းအများစုအား လင်းပါအိုခန်းမတွင် ထားရှိပြီး အချို့အား ရဲအိမ်တော်တွင် သိမ်းဆည်းထားလိုက်သည်။ ဟင်းလင်းပြင်များအတွင်း မသိမ်းဆည်းတော့ပေ။
ထို့အပြင် ကျင့်ကြံမှုများကိုလည်း ရပ်တန့်ပစ်လိုက်သည်။
[မင်းက ငါ့နေရာမှာ ငါ့ကို မကျင့်ကြံစေချင်တော့လည်းမင်းသေအောင် ငါလုပ်ပေးရမှာပေါ့။ မင်းက တစ်ချိန်လုံး စွမ်းအင်တွေ အများကြီး စုပ်ယူနေကြဆိုတော့ အခုလို စွမ်းအင် ဖြတ်တောက်တာကို ခံနိုင်မယ် မထင်ဘူး။ မင်းနဲ့ငါ ဘယ်သူတောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့ကွာ . . .]
ရဲရှောင် မခိုးမခန့်ပင်ြပုံးလျက် တွေးနေမိသည်။
ထိုအချိန်တွင်ရဲရှောင်၏ အိပ်ယာထက်မှ ညည်းညူသံသဲ့သဲ့ ထွက်ပေါ်လာသည်။ မိန်းကလေးသည် လေးငါးရက်ကြာ မေ့မြောနေခဲ့ပြီး လန့်လန့် နိုးလာသည့် အခါတိုင်းလည်း မျက်လုံးသာ အဖွင့်အပိတ် လုပ်နိုင်လေသည်။
ယခုအကြိမ်တွင်မူ အနည်းငယ် တိုးတက်မှု ရှိလာချေပြီ။ ညည်းသံသဲ့သဲ့ပင် ထွက်နိုင်နေပြီ မဟုတ်ပါလော။
ရဲရှောင်လည်း အပျော်ကြီးပျော်သွားကာ –
“မင်းနိုးပြီလား . . .”
မိန်းကလေးသည် စိတ်ရှုပ်ထွေးနေသည့်မျက်ဝန်းများဖြင့်ရဲရှောင်အား ငေးကြည့်လျက်ရှိသည်။ လူစိမ်းတစ်ဦးအား ကြောက်ရွံ့ထိတ်လန့်ဟန်ဖြင့် သတိထားနေသည့်ပုံပင်။ သူမ၏ နှုတ်ခမ်းများသည်တဆတ်ဆတ် တုန်နေပြီး အားအင်ဖျော့တော့သည့် အသံဖြင့် –
“ရှင် . . . ရှင်ဘယ်သူလဲ . . .”
“အဟမ်း . . . အဟမ်း . . . ငါ့နာမည်က ရဲရှောင်၊ ငါ့ကို သခင်လေးရဲလို့ ခေါ်ပေါ့ . . .”
ရဲရှောင် ပြုံးလျက် ပြန်ဖြေလိုက်သည်။
“မင်းကရော ဘယ်သူလဲ မိန်းကလေး။ မင်းနာမည်နဲ့ ဘယ်ကလာသလဲ ဆိုတာ ပြောပါဦး . . .”
မိန်းကလေးသည် စိတ်ရှုပ်ထွေးသည့် အမူအယာဖြင့် –
“ဘယ်ကလာလဲ၊ ဘယ်သူလဲ ဟုတ်လား . . .”
မိန်းကလေး၏ကြောင်စီစီ အမူအယာအား ကြည့်ရင်း ရဲရှောင်ပင်အံ့ဩသွားကာ –
[ဟင် . . . သူဘာပြောလိုက်တာလဲ။ ငါ့နာမည်မေးတာတော့ ထားပါတော့ သူ့နာမည် ငါမေးတာကိုကြ ပြန်ဖြေလိုက်တဲ့ပုံကြီးကလဲ ဘယ်လိုကြီးလဲ။ သူ့ကိုယ်သူ ဘယ်သူမှန်းတောင် မသိဘူးလား။ မင်းတောင် မသိရင် ငါက ဘယ်လိုသိမှာလဲ . . .]
မိန်းကလေးသည်လှုပ်ရှားမှု ပြုလိုက်လုပ်သည့်အခါတိုင်း နာကျင်သွားသည့်ပုံပင်။ စကားကိုပင် ခက်ခက်ခဲခဲ ပြောဆိုနေရပြီးမောဟိုက်လျက်ရှိသည်။ ထို့ကြောင့် ရဲရှောင်လည်း အတင်းအကြပ်မမေးတော့ဘဲ ခေါင်းကုတ်လိုက်ရင်းဖြင့်သာ –
“မင်းနာမည်က ဘယ်သူလဲ၊ မင်း မမှတ်မိဘူးလား . . .”
မိန်းကလေးသည် ကလေးတစ်ယောက်ကဲ့သို့ စိတ်ရှုပ်ထွေးသွားသည့်ပုံဖြင့်-
“ကျွန်မ မှတ်မိတာဆိုလို့ ကျွန်မနာမည်က ပိုင်အာ ဆိုတာပဲ မှတ်မိတယ် . . .”
မိန်းကလေး၏ မျက်လုံးများသည် အလွန်ဖြူစင်လှပြီး ကလေးငယ်တစ်ဦး၏ မျက်လုံးများကဲ့သို့ အပြစ်ကင်းစင်လှသည်။
သူမ၏ အသက်အရွယ်နှင့် မလိုက်အောင်ပင်ကလေးဆန်နေခြင်း ဖြစ်သည်။
ရဲရှောင်သည်ပြုံးလိုက်ရင်း –
“ပိုင်အာ . . . လှလိုက်တဲ့ နာမည်လေးပါလား . . .”
မိန်းကလေး၏ မျက်ဝန်းထဲတွင်ပျော်ရွှင်သွားသည့် အရိပ်အယောင်များ ပေါ်လွင်သွားသည်။ ရဲရှောင်မှ သူမ၏ နာမည်အား ချီးကျူးလိုက်၍ ဖြစ်သည်။
“မင်းအသက် ဘယ်လောက် ရှိပြီလဲ ပိုင်အာ . . .”
ရဲရှောင်သည်ကောင်မလေးအား နူးညံ့သော အသံဖြင်မေးလိုက်သည်။
“ကျွန် . . . ကျွန်မအသက်က ခြောက်နှစ် . . .”
မိန်းကလေးသည်စကားတစ်ခွန်းပြောရန်ပင်မနည်းအားယူနေရသည့်ပုံပင်။ သူမ၏ အသံသည်တုန်ယင်လျက်ရှိသည်။
“ကျွန်မ ဒီကို ဘယ်လို ရောက်နေတာလဲ။ ကျွန်မကဗိမာန်ထဲမှာ ရှိရမှာ မဟုတ်ဘူးလား . . .”
ရဲရှောင် ရုတ်တရက်ကြောင်သွားကာ –
[ဟင် . . . သူဘာပြောလိုက်တာလဲ၊ သူပြောတဲ့ အဓိပ္ပါယ်ကို သူကိုယ်တိုင်တောင် သိရဲ့လား။ မင်းက အသက်ခြောက်နှစ်ပဲ ရှိသေးတယ် ဟုတ်လား . . .]
ယောကျာ်းတိုင်းအား ဖမ်းစားနိုင်သည့် အလှမျိုးသောရှိသော ထိုမိန်းကလေးသည်အနည်းဆုံး ၁၇နှစ်အရွယ်ခန့်ရှိနေပြီ ဖြစ်သည်။ ရဲရှောင်သည်မိန်းကလေးအား ကြည့်ရင်း ငိုရခက်၊ ရယ်ရခက်ပင်ဖြစ်သွားခဲ့သည်။
ထို့နောက် မေးခွန်းအနည်းငယ် ထပ်မေးလိုက်ပြန်သည်။ မိန်းကလေးသည် သူ့အကြောင်းကိုပင် သူ
များများစားစား သိပုံမရပေ။ သူမ၏ နာမည်နှင့် ခြောက်နှစ်ဟူသော အကြောင်းအရာအပြင် ငယ်စဉ်ဘဝက မိဘမဲ့ ဖြစ်ခဲ့ရကြောင်း၊ ကလေးဘဝကတည်းမှ မည်သူမျှ သူ့အား ဂရုမစိုက်ခဲ့ကြောင်း၊ သူ့ထံတွင် ခွေးလေး တစ်ကောင်သာ ရှိခဲ့ကြောင်း၊ ယခုအခါ သူ၏ ခွေးလေး ပျောက်ဆုံးသွားပြီး လူတစ်ဦးမှလည်း သူ့အား ရိုက်နှက်ခဲ့ကြောင်း စသည့်အကြောင်းအရာများကိုသာ ရဲရှောင်အား ငိုယိုကာ ပြောပြခဲ့သည်။
ထိုအချိန်က သူမ၏ အသက်သည် ၆ နှစ်ခန့်ဖြစ်ပြီး ထို ၆ နှစ်နောက်ပိုင်းဖြတ်သန်းခဲ့ရသော ကာလများကိုမူ မမှတ်မိတော့ချေ။ သူမ၏ မှတ်ဉာဏ်များ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ကလေးငယ်တစ်ဦးကဲ့သို့ တရှုံ့ရှုံ့ ငိုရင်းပြောပြနေသော မိန်းကလေးအား ကြည့်ရင်း ရဲရှောင် ပါးစပ်အဟောင်းသားပင် ဖြစ်နေလေသည်။ မည်ကဲ့သို့သော စကားမျိုး ပြန်ပြောရမည်ကို မသိနိုင်ဖြစ်နေခဲ့သည်။
ရဲရှောင်လက်ရှိ ကြုံတွေ့နေရသော အခြေအနေသည်ရယ်ရခက်ငိုရခက်အခြေအနေမျိုးပင်ဖြစ်နေလေသည်။
မိန်းကလေး၏ မှတ်ဉာဏ်သည် တစ်ပိုင်းတစ်စ ပျောက်ကွယ်နေခြင်း ဖြစ်သည်။
အမှန်တကယ်တွင်မူ မိန်းကလေးသည် ဒဏ်ရာအပြင်းအထန်ရ၍ အမြင့်မှ ပြုတ်ကျလာခဲ့သည့်အတွက် အတိတ်မေ့သွားခြင်းပင် ဖြစ်သည်။ ပြင်းထန်လှသော တိုက်ခိုက်မှုများအား ခံစားခဲ့ရသောကြောင့်လည်း ဖြစ်သည်။
ရဲရှောင် ဘာလုပ်၍ ဘာကိုင်ရမှန်းပင် မသိတော့ချေ။ဖြေရှင်းနိုင်မည့်နည်းလမ်းများကိုလည်း စိတ်ထဲတွင်တွေးနေမိသည်။
[ကမ္ဘာပေါ်မှာ ချစ်စရာ အကောင်းဆုံးနဲ့ အလှဆုံးမိန်းကလေး တစ်ယောက်က အခုလိုမျိုး ဖြစ်နေတာ ငါဘာလုပ်သင့်လဲ။ ကောင်မလေးက ၆ နှစ်သမီး မှတ်ဉာဏ်မျိုးပဲ ရှိသေးတာလား . . .]
ရဲရှောင်သည်ကြံရာမရသည့်အဆုံး ဆောင်ဂျုထံသို့ သွား၍ အကူအညီတောင်းကြည့်လိုက်သည်။ ဆောင်ဂျုလည်း ရဲရှောင်နှင့် ထူးမခြားနားပင် ဖြစ်သဖြင့် နှစ်ယောက်သား သက်ပြင်းကိုယ်စီသာ ချမိလိုက်ကြသည်။
ဆောင်ဂျုသည် ရဲရှောင်အား မိန်းကလေးနှင့် လက်မထပ်စေလိုတော့ချေ။
ခြောက်နှစ်သမီးအား လက်ထပ်ခြင်းသည်လူသားဆန်သည့်ကိစ္စတစ်ခုမဟုတ်သောကြောင့်ဖြစ်သည်။
ဖြေရှင်းနိုင်မည့်နည်းလမ်းအား ရှာမတွေ့၍ ရဲရှောင်တစ်ယောက်သက်ပြင်းသာ အကြိမ်ကြိမ်ချနေမိသည်။ ရဲအိမ်တော်တွင် အစောင့်အကြပ်များစွာ ရှိသော်လည်း အားလုံးသည် အလုပ်ကိုယ်စီဖြင့် ရှိနေကြသဖြင့်ရဲရှောင်အား အပြည့်အဝဂရုမစိုက်ပေးနိုင်ကြချေ။ ထို့ကြောင့်မိုးကောင်းကင်မှ ရဲရှောင်အတွက် အလွန်လှပသော အစေခံတစ်ဦးအား ပေးပို့ခဲ့သည်။ အစပိုင်းတွင်အစေခံမိန်းမလှလေးရောက်လာ၍ ပျော်ရွှင်ခဲ့မိသော်လည်း ယခုအခါတွင်မူ မိန်းကလေးအား သူမှပြန်လည်၍ ပြုစုစောင့်ရှောက်ပေးရတော့မည်မဟုတ်ပါလော။
ရဲအိမ်တော်သို့ရောက်လာသည့်အချိန်ကတည်းကမေ့မြောနေသော မိန်းကလေးအား ပြုစုရင်းဖြင့်ရဲရှောင်သည်“ယောကျာ်းအစေခံ” ဘဝသို့ ရောက်မှန်းမသိ ရောက်သွားခဲ့ရသည်။
ရဲရှောင် အခန်းထဲသို့ ပြန်ရောက်သောအခါ မိန်းကလေးသည် ပျော်ရွှင်သွားဟန်ဖြင့် –
“အစ်ကိုကြီး ပြန်လာပြီလား . . .”
ရဲရှောင် ပြုံးပြလိုက်ရင်း –
“အင်း . . . မင်း ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတယ်။ မင်းကိုယ်မင်း အရင်ဂရုစိုက်ပါ။ မင်းနေပြန်ကောင်းတဲ့အခါ ငါတို့ အပြင်လေးဘာလေး ထွက်ပြီး စကားပြောကြတာပေါ့။ မင်းကို ရွှေငါးလေးတွေ လိုက်ပြမယ်လေ . . .”
“ရွှေငါး ဟုတ်လား . . . အဲဒါဘာလဲ . . .”
“ကျွန်မ အဲဒီရွှေငါး ဆိုတာကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ လှလားဟင်။ ရွှေရောင် တောက်နေတာမျိုးလား . . .”
မိန်းကလေးမှ စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
ရဲရှောင် ခေါင်းညိတ်ပြလိုက်ရင်း –
“ငါတို့ခြံထဲမှာ ရွှေငါးတွေ ရှိတယ်။ မင်းအပြင်ရောက်တာနဲ့ မြင်ရမှာပါ။ရွှေငါးတွေကို ကြည့်ချင်ရင်ကျန်းမာအောင်နေ၊ ဆေးသောက် လိမ်မာတယ်နော် . . .”
ရဲရှောင်သည် ငွေဇွန်းတစ်ဇွန်းဖြင့် မိန်းကလေးအား ဆေးတိုက်လိုက်သည်။ မိန်းကလေးသည် ဆေးနှစ်ဇွန်းအပြည့် မျိုချပြီးသောအခါ ငိုမဲ့မဲ့ မျက်နှာဖြင့်-
“အစ်ကိုကြီးက ကျွန်မအပေါ် အရမ်းကြင်နာတယ်နော်။ ဒီလို ဂရုစိုက်ခံရတာမျိုး ကျွန်မ ဘယ်သူ့ဆီကမှ မရခဲ့ဖူးဘူး။ ကျွန်မကိုဆို ရိုက်ပဲ ရိုက်ချင်နေကြတာ . . .”
ရဲရှောင် စိတ်မကောင်း ဖြစ်သွားဟန်ဖြင့် –
“အခုတော့ စိတ်မပူနဲ့၊ ငါရှိနေသ၍ မင်းကို ဘယ်သူမှ အနိုင်မကျင့်ရဲစေရဘူး . . .”
“တကယ်လားဟင် . . .”
မိန်းကလေးသည် ရဲရှောင်အား ယုံကြည်ကိုးစားသည့် အသံဖြင့် မျှော်လင့်တကြီး မေးလိုက်သည်။
သူမအဖို့ လတ်တလော အခြေအနေအား မယုံကြည်နိုင်အောင်ပင်ဖြစ်လျက်ရှိသည်။ သူ့အပေါ်တွင်လိုလေသေးမရှိ ဂရုစိုက်သော ရဲရှောင်အား အဆုံးရှုံးခံမခံနိုင်အောင်ပင်ဖြစ်နေမိသည်။
“တကယ်ပေါ့ . . .”
ရဲရှောင် ပြုံးလျက် ပြန်ဖြေလိုက်သည်။ ထို့နောက်မိန်းကလေးအား စားသောက်စရာအချို့ ပေးလိုက်သည်။ မိန်းကလေးသည်ကြင်နာတတ်သော ရဲရှောင်အား သူမ၏ လှပသော မျက်ဝန်းများဖြင့်လှမ်းကြည့်လိုက်ရင်း –
“ကျွန်မ အိပ်မက် မက်နေတာလားဟင်။ ဒီလို ခမ်းနားတဲ့ အိပ်ခန်းကြီးထဲမှာ ဒီလို ကြင်နာတတ်တဲ့ လူကောင်းတစ်ယောက်နဲ့ ရှိနေရတာ အံ့သြစရာပဲ။ အိပ်မက်သာဆို ကျွန်မ ဒီအိပ်မက်က ဘယ်တော့မှ မနိုးထချင်တော့ဘူး . . .”
ရဲရှောင်သည် မိန်းကလေး၏ စကားကြောင့် ပြုံးပြလိုက်သော်လည်း စိတ်ထဲတွင်မူ လေးလံလျက် ရှိနေပါတော့သည်။
Chapter – 238
“ဘဝတူ”
မိန်းကလေး အတိတ်ေမ့နေသည်မှာ ခပ်ကောင်းကောင်းဟုပင်ဆိုရပေမည်။
ဘဝကြီးအား ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသော ထိုမိန်းကလေးအဖို့ နာကျည်းစရာကောင်းသည့်အတိတ်များအား မှတ်မိနေ၍လည်း ဘာမှ မထူးချေ။
သူမ၏ အသက် ၆ နှစ် နောက်ပိုင်းမှ အကြောင်းအရာများအား ဘာဆိုဘာမှ မမှတ်မိတော့ခြင်း ဖြစ်သည်။
အနည်းဆုံးမူ ရဲအိမ်တော်တွင် နေထိုင်သမျှ ကာလပတ်လုံး ခက်ထန်ကြမ်းတမ်းသည့် ဘဝမျိုး ရှိနိုင်တော့မည် မဟုတ်ပေ။
မိန်းကလေးသည် ဘဝအား ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းခဲ့ရသဖြင့် မည်သည့် အတတ်ပညာမျှ တတ်မြောက်ခြင်း မရှိလောက်ဟု ရဲရှောင်တွေးမိလိုက်သည်။ ထို့ကြောင့်ပညာရပ်အချို့ သင်ကြားပေးလိုက်မည် ဆိုပါက အနာဂတ်တွင် ထွန်းလင်းတောက်ပမည့် ကြယ်တစ်ပွင့် ဖြစ်လာနိုင်သည်ကိုလည်းတွေးလိုက်မိသည်။
ရဲရှောင် မိန်းကလေး၏ ဘဝအကြောင်းအားတွေးရင်း သက်ပြင်းသာ ချလိုက်မိသည်။သူ၏ ယခင်ဘဝကိုလည်း ပြန်လည်ြမင်ယောင် သွားမိသည်။
ရဲရှောင်သည်ယခင်ဘဝတွင် မိဘမဲ့တစ်ဦး ဖြစ်ခဲ့သည်။လောကအလယ်တွင်အားကိုးရာမရှိသောအစွန့်ပစ်ခံ ကလေးငယ်တစ်ဦး ဖြစ်ခဲ့ရသည်။
သူ၏ ဆရာနှင့် တွေ့စဉ်က သူ၏အသက်သည်၆ နှစ်မျှသာ ရှိသေးသည်။
ယခင်ဘဝတွင်ဖြတ်သန်းခဲ့ရသည့် ပုံရိပ်များ ရဲရှောင်၏ အတွေးထဲတွင်တရေးရေးဖြင့်ပြန်ပေါ်လာသည်။
ယခုမိန်းကလေး၏ ငယ်ဘဝနှင့် သူ၏ ဘဝမှာလည်း မထူးခြားမနားပင်။
ယခင်ဘဝမှ အကြောင်းအရာများအား စဉ်းစားမိသောအခါ ရဲရှောင်သည် မိန်းကလေးအား ပို၍ ဂရုဏာ သက်သွားမိလေသည်။
“ငါတို့ နှစ်ယောက်ဖြတ်သန်းခဲ့ရတဲ့ ဘဝတွေက သိပ်မကွာပါဘူး။ ငါ မင်းကို အချိန်တစ်ခုထိတော့ စောင့်ရှောက် ပေးထားပါ့မယ်။ နောက်ပိုင်း ငါဘာတွေလုပ်မယ် ဘယ်တွေသွားမယ် ဆိုတာကိုတော့ နတ်ဘုရားတွေပဲ သိနိုင်မှာပေါ့။ အဲဒီအခါကြရင်မင်းလည်း ငါ့ဘေးနားကနေ ယုံကြည်မှုအပြည့်နဲ့ လောကအလယ် လျှောက်လှမ်း သွားနိုင်လောက်ပါပြီလေ . . .”
တစ်နေ့ထက်တစ်နေ့ မိန်းကလေးသည် ရဲရှောင်အပေါ်တွင် တွယ်တာသထက် တွယ်တာလာခဲ့သည်။ ရဲရှောင်အား မြင်တွေ့လိုက်သည့်အခါတိုင်း ကလေးတစ်ယောက်ကဲ့သို့ အလွန်အမင်းပျော်ရွှင်သွားတတ်သည်။
မိန်းကလေး၏ ခန္ဓာကိုယ်မှ ဒဏ်ရာများသည် အလွန် ပြင်းထန်လှသည်။ ကိုယ်တွင်းကိုယ်ပြင် ဒဏ်ရာ များကြောင့် အလွန်အမင်း နာကျင်စွာ ခံစားနေရသည်။ ရဲရှောင်၏ ပြုစုစောင့်ရှောက်မှုများကြောင့် အသက်ရှင်ခွင့် ရခဲ့သည့်တိုင် လှုပ်ရှားနိုင်ခြင်းတော့ မရှိသေးပေ။ မည်သည့်ကိစ္စမဆို ရဲရှောင်၏ အကူအညီအား ရယူရသည်။ ကျင်ကြီး ကျင်ငယ်ကိစ္စများကိုပင်ရဲရှောင် လုပ်ပေးရလေသည်။ရေချိုးခန်းအတွင်း ရဲရှောင် ကူညီပေးသည့် အခါတိုင်း မိန်းကေလးသည် သူ၏ မျက်လုံးများအား တင်းတင်းကျပ်ကျပ်ပိတ်ထားတတ်သည်။ ထို့ပြင်မျက်နှာတစ်ခုလုံးသည်လည်း နီရဲလျက်ရှိသည်။
ရဲရှောင်အား ရှက်ရွံ့နေသည့် ပုံစံပင်။
ရဲရှောင်လည်း မိန်းကေလးနှင့်ထပ်တူ ခံစားနေရသည်။ ရဲရှောင် စဉ်းစားနေမိသည်မှာ မိန်းကလေးသည် သူမကိုယ်သူမ အသက် ၆ နှစ်ဟု ထင်မြင်နေပါလျှင်အဘယ်ကြောင့် ရှက်ရွံ့သည့် အမူအယာမျိုး ဖြစ်နေသည်ဆိုသည့်အချက်ကိုပင်ဖြစ်သည်။
တစ်ခါတွင်မိန်းကလေးမေးလိုက်ေသာ မေးခွန်းကြောင့် ရဲရှောင်တစ်ယောက်ဟက်ဟက်ပက်ပက်ပင်ရယ်ချင်သွားခဲ့မိသည်။မိန်းကေလးသည် သူမ၏ ရင်သားများအား ငုံ့ကြည့်ရင်း တအံ့တသြဖြင့် –
“အစ်ကိုကြီး . . . ကျွန် . . . ကျွန်မရဲ့ ရင်ဘတ်က ဘာလို့ အရမ်းကို ယောင်ေနရတာလဲ။ အဖုကြီးက အကြီးကြီးပဲနော်။ ဒါပေမယ့်ကျွန်မ နာလည်း မနာပါလား . . .”
မိန်းကေလး၏ ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများဖြင့် ပြည့်နေသဖြင့် အဝတ်အစားဝတ်ရန်ပင် အခက်အခဲ ဖြစ်နေရသည်။ အဝတ်အစားများနှင့် အနာများ ပွတ်တိုက်မိသည့်အခါတိုင်း သူမအဖို့ အလွန်ခံရခက်လေသည်။ ထို့ကြောင့် ရဲရှောင်သည် မိန်းကေလးအား ကိုယ်လုံးတီးဖြင့်သာ နေစေခဲ့သည်။
ထို့အတွက်ကြောင့်ရဲရှောင်အဖို့နေ့စဉ်ရက်ဆက်စိန်ခေါ်မှုကြီးတစ်ရပ်နှင့် ရင်ဆိုင်နေရသကဲ့သို့ပင်ဖြစ်နေရသည်။
မိန်းကလေး၏ ကိုယ်လုံးတီးအလှအား မြင်တွေ့လိုက်ရသည့်အခါတိုင်း ရဲရှောင်၏ တစ်ကိုယ်လုံးရှိ သွေးများ ပွက်ပွက်ဆူလာသကဲ့သို့ ခံစားနေရသည်။
သို့သော် ဆင်အားချွန်းဖြင့်အုပ်သကဲ့သို့ သူ၏ စိတ်ရိုင်းများကိုလည်း တတ်နိုင်သမျှဖျောက်ဖျက်နေရလေသည်။
[၆ နှစ်အရွယ် မှတ်ဉာဏ်နဲ့ အားနွဲ့တဲ့ မိန်းကလေး တစ်ယောက်ကို ငါဘာလုိ့ ဒီလို စိတ်ရိုင်းတွေ ဝင်နေရတာလဲ။ ရှက်စရာ ကောင်းလိုက်တာ . . .]
ရဲရှောင်သည်ထိုကဲ့သို့သာ အဖန်တလဲလဲ နှလုံးသွင်းနေလိုက်သည်။
မိန်းကလေးသည်ညတိုင်း ထိတ်လန့် ကြောက်ရွံ့နေသည့်အတွက်ရဲရှောင်၏ လက်အား ဖက်၍သာ အိပ်စက်လေ့ ရှိသည်။ ရဲရှောင်အား တစ်ချက်လေးမှပင် လက်လွှတ်မခံချင်သည့်ပုံပင်။ ရဲရှောင်မှ ဖယ်ရန် ပြောသောအခါတွင်လည်း မိန်းကလေးသည် ကလေးတစ်ယောက်ကဲ့သို့ ရှိုက်ကြီးတငင်ငိုငိုသွားသည်။ ထို့ကြောင့် ရဲရှောင်လည်း မတတ်သာတော့ဘဲ မိန်းကလေး အလိုကျ နေပေးနေရလေသည်။ မိန်းကလေး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားစေရန်အတွက်ရဲရှောင်သည်ပုံပြင်ဇာတ်လမ်းများ ပြောပြလေ့ ရှိသည်။ ထိုကဲ့သို့သော အချိန်ရောက်တိုင်း ရဲရှောင်တစ်ေယာက်ငိုချင်လာသလိုပင်ခံစားခဲ့ရသည်။
နတ်သမီးကဲ့သို့ လှပသော မိန်းကလေးတစ်ဦးသည်ကိုယ်လုံးတီးဖြင့် သူ့အား ဖက်ထားသည့်တိုင် ရဲရှောင်သည် ပုံပြင်သာ ပြောပြနေခဲ့ရပြီး အခြားမည်သည့်အရာမျှ လုပ်နိုင်စွမ်း မရှိခဲ့ပေ။
ရဲရှောင်အတွက် ရေရှည်တွင် အနေရခက်လာခဲ့သည်။
တစ်ခါတစ်ရံတွင်လည်း သူနှင့် သက်တူရွယ်တူခန့်ရှိသည့်မိန်းကလေး ပျော်ရွှင်နေသည်ကို ကြည့်ရင်း စိတ်ထဲ ကျေနပ်နေမိပြန်သည်။
ထို့ကြောင့် ရဲရှောင်သည် ပိုင်အာအား နွေးထွေးစွာ ဆက်ဆံပေးခဲ့သည်။
မိန်းကလေးအပေါ်တွင်အစွမ်းကုန်စိတ်ရှည်သည်းခံပေးခဲ့ပြီး သူတတ်နိုင်သမျှ အရာအားလုံး ဖြည့်ဆည်းပေးခဲ့သည်။
မိန်းကလေးသည် အားကိုးရာမဲ့စွာဖြင့် သေလုမျောပါး အခြေအနေထိ ဖြစ်ခဲ့ရပြီး ဒဏ်ရာအပြင်း အထန် ရရှိကာ မှတ်ဉာဏ်များလည်း ပျောက်ဆုံးသွားခဲ့သည်။ သူမအဖို့ ရဲရှောင်အား မမှီခိုလျှင် မည်သူ့အား မှီခိုရပါမည်နည်း။
ရဲရှောင်တွင်မိန်းကလေးအား ပြုစုရသည့်ကိစ္စအပြင်အခြားသော အရေးကြီးသည့် ကိစ္စများစွာလည်း ရှိနေသေးသည်။
လင်းပါအိုခန်းမ၏ လေလံပွဲအား နောက် ၇ ရက်နေလျှင် ကျင်းပမည်ဖြစ်ပြီး ထိုကိစ္စနှင့် ပက်သက်၍ စီစဉ်စရာ ကိစ္စများစွာ ရှိနေသေးသည်။ လျူချန်းဂျန်၏ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့တွင် လူ ၃၀၀ စုစည်းမိနေပြီဖြစ်ပြီး လူအင်အား အတော်အတန် ရလာခဲ့ပြီဟု ဆိုနိုင်ပေသည်။
ထိုလူများ၏ နေရေးထိုင်ရေးသာမက လေ့ကျင့်ရေးအတွက်ပါ ရဲရှောင်သည် စီစဉ်ပေးရသည်။ ရဲရှောင်မှ အရာအားလုံး ညွှန်ကြားစီစဉ်ပေးပြီးနောက် လျူချန်းဂျန်လည်း အလုပ်များနေရပါတော့သည်။
လင်းပါအိုခန်းမတွင် ဝမ်ဇန်းဟိုတစ်ေယာက်သာ ရှိနေခဲ့သည်။ ဝမ်ဇန်းဟိုသည် လင်းပါအိုအား ကြီးကြပ်နေရသည့်တိုင် အားလပ်ချိန် အများဆုံး ရှိသည့် လူတစ်ဦးဟုလည်း ဆိုရပေမည်။ ထိုသည်ကိုပင်ဝမ်ဇန်းဟိုမှ သူမည်မျှ အလုပ်များနေကြောင်း၊ အလုပ်များလွန်းသည့်အတွက်ကိုယ်အလေးချိန်ပင် လျော့ကျသွားခဲ့ရကြောင်း ချဲ့ကား၍ ပြောဆိုလေ့ ရှိသည်။
ရဲရှောင်သည် လင်းပါအိုတွင် လိုအပ်သည့် ပစ္စည်းများ သွားယူသည့် အခါတိုင်း မှာကြားစရာ ရှိသည်များကို မှာကြားခဲ့လေ့ ရှိသည်။
လင်းပါအိုမှ အိမ်သို့ ပြန်ေရာက်သည့်အခါတွင်လည်း ကျင့်ကြံမှုများအပေါ် အာရုံစိုက်ရပြန်သည်။
နောက်ရက်များတွင် ရဲရှောင်၏ ကျင့်ကြံမှုများသည် တိုးတက်လာခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းပြီးသည့်နောက် ရာသီဥတုသည် ပို၍ ပူပြင်းလာခဲ့သည်။ထိုကဲ့သို့ ပူပြင်းလှသဖြင့် ရေခိုးရေငွေ့များ ပိုမိုဖြစ်တည်လာသဖြင့် ရဲရှောင်လည်း ကျင့်ကြံရ ပို၍ အဆင်ပြေ ချောမွေ့လျက် ရှိသည်။
ထိုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းခြင်းမှာ ထိပ်တန်းအဆင့် ပညာရှင်ကြီး ၂ ဦး၏ တိုက်ခိုင်မှုကြောင့်ပင် ဖြစ်သည်။ ထိုကဲ့သို့သော ပညာရှင်ကြီးများသည် မိုးရွာသွန်းစေနိုင်ရုံသာမက မိုးကြိုးလျှပ်စီးများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။
ထိုပညာရှင်ကြီး ၂ ဦး၏ တိုက်ပွဲကြောင့် မော်တယ်ကမ္ဘာ၏ ရာသီဥတုသည် ပြောင်းလဲခဲ့ရသည်။ တိုက်ပွဲနောက်ပိုင်း မိုးအနည်းငယ် ရွာသွန်းခဲ့သေးသော်လည်း မကြာခင်အချိန်မှာပင် ရပ်တန့်သွားခဲ့သည်။ မော်တယ်ကမ္ဘာကြီး တစ်ခုလုံးအား ရေလွှမ်းမည့်ဘေးမှ လွတ်မြောက်သွားသည်ဟုပင်ဆိုရပေမည်။
မော်တယ်ကမ္ဘာကြီး ပြန်လည် တည်ငြိမ်လာပြီး ရေများသည်လည်း တဖြည်းဖြည်း လျော့ကျ သွားခဲ့သည်။ ရာသီဥတု ပူပြင်းသည့်အခါ ထိုရေများသည်အငွေ့ပျံသွားကြ၍ ရေများ ခန်းခြောက်သွားသည်။ ထို့ပြင် မြစ်ချောင်းအင်းအိုင်များအတွင်း စီးဆင်းသွားသောကြောင့်လည်းလျော့ကျသွားခဲ့ခြင်း ဖြစ်သည်။
ရဲရှောင်သည် ရေငွေ့များစွာ စုဆောင်းရရှိမိခဲ့သည့်တိုင် ကမ္ဘာတစ်ခုလုံးတွင် ရှိသည့် ပမာဏနှင့် နှိုင်းယှဉ်လျှင်နည်းနေသေးသည်ဟု ဆိုရပေမည်။ ယခုအခါ ရာသီဥတု ပူပြင်းမှုကြောင့် ရေငွေ့များ ပိုမို ဖြစ်ပေါ်လာပြီး ရဲရှောင်လည်း အလွယ်တကူ စုပ်ယူနိုင်လျက်ရှိသည်။
ထို့ကြောင့်သူ၏ ရေဟင်းလင်းပြင် အတွင်းတွင် အပြာရောင် ရေစက်ရေပေါက်များစွာ ရှိနေပြီ ဖြစ်သည်။
ရေစက်များသည်တဖြည်းဖြည်းဖြင့် များပြားလာပြီး ဟင်းလင်းပြင် နံရံများတွင်လည်း တွဲလွဲခိုနေလျက် ရှိသည်။
ရဲရှောင်၏ ကျင့်ကြံမှုများသည်စက္ကန့်နှင့်အမျှ တိုးတက်လာခဲ့ပြီး ယခုစံနှုန်းအတိုင်းသာ ဆက်သွားခဲ့မည် ဆိုပါက ရက်အနည်းငယ်အတွင်း ကောင်းကင်အဆင့်သို့ ရောက်ရှိတော့မည်ဟုလည်း ခံစားနေရပါတော့သည်။