Chapter – 235
“အစေခံ (၂)”
မိန်းကလေးသည် ကိုယ်လုံးတီး ဖြစ်နေသော်လည်း မေ့မြောနေသဖြင့် ဘာဆိုဘာမျှ မသိချေ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင်ရဲရှောင်အနေဖြင့်အခြားသော ယောကျာ်းများကဲ့သုိ့ စိတ်မိုက်စိတ်ရိုင်းများ ဝင်လာခြင်း မရှိခဲ့ပေ။ မိန်းကလေး၏ အလှသည်သူ၏ အမြင်တွင် အလှပဆုံး ဖူးပွင့်နေသည့် ကြာပန်းတစ်ပွင့်နှင့်ပင်တူနေပါသည်။
“တော်တော်လှတာပဲ . . . ငါမိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်အလှကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး . . .”
အဝတ်အစားကင်းမဲ့နေသော မိန်းမလှလေးအား ကြည့်ရင်း ရဲရှောင် အံ့သြတကြီး ရေရွတ်မိလိုက်သည်။
မိန်းကလေး၏ ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာအပြည့် ဖြစ်နေသော်လည်း ထိုဒဏ်ရာများသည်သူမ၏ အလှအား အနည်းငယ်မျှ လျော့ကျသွားစေခြင်း မရှိခဲ့ပေ။ အကယ်၍ ဒဏ်ရာဒဏ်ချက်များသာ မရှိခဲ့ဘူး ဆိုပါက မည်မျှအထိ လှပမည်နည်း ဟူ၍ပင် ရဲရှောင်တွေးတောနေမိသည်။
“အဟက်. . . ယောကျာ်းတိုင်း မိန်းမလိုချင်နေကြတာလည်း မဆန်းပါဘူးလေ . . .”
ရဲရှောင်သည် ဝတ်လစ်စလစ်ဖြင့် ဖြစ်ေနသော မိန်းကလေးအား တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ချေ။
လူပျိုစစ်စစ်လေးတစ်ဦး ဖြစ်သောကြောင့် မိန်းမများနှင့်ပက်သက်လျှင်အတွေ့အကြုံဟူ၍လည်း မရှိပေ။
ရဲရှောင်သည်အခြားအကြောင်းအရာများအား စဉ်းစားမနေတော့ဘဲ မိန်းကလေး၏ ခေါင်းမှ ခြေဖျားအထိ လုပ်စရာရှိသည် များကိုသာ ဆက်လက် လုပ်ဆောင်လိုက်သည်။ သူ၏ စိတ်ထဲတွင်လည်း “ဒါက သူစိမ်းမဟုတ်ဘူး၊ ငါ့ရဲ့အစေခံ . . .”ဟူ၍သာ အဆက်မပြတ် နှလုံးသွင်းထားလိုက်သည်။
ကုသမှုသည်အချိန်အတော်ကြာခဲ့လေသည်။ နောက်တစ်နေ့ မွန်းတည့်ချိန် ရောက်မှသာ လက်စသတ်သွားသည်။
အခန်းအောင်းနေသော ရဲရှောင်အားဆောင်ဂျုသည်အပြင်ဘက်မှနေ၍ တကြော်ကြော်အော်ခေါ်လျက်ရှိသည်။ ရဲရှောင်သည်ဆောင်ဂျုအား ထွက်မတွေ့သကဲ့သို့ အထဲသို့ ပေးလည်း မဝင်ချေ။ မကြာခင် ထွက်လာမည်ဟုသာ ပြန်အော်၍ပြောလိုက်သည်။ ထိုအခါ ဆောင်ဂျုလည်း မကျေမချမ်းဖြင့် မြည်တွန်တောက်တီးလျက် ပြန်လည်ထွက်ခွာသွားပါတော့သည်။
မိုးသည်းထန်စွာ ရွာသွန်းထားသောကြောင့်ရဲအိမ်တော်ဝန်းအတွင်း ရှုပ်ပွနေသည်များကို ရှင်းလင်ရဦးမည် ဖြစ်သည်။
အိမ်တော်ထိန်းတစ်ယောက် ဖြစ်သည့် ဆောင်ဂျုသည်ထိုကိစ္စများအား ကြီးကြပ်ရမည်ဖြစ်သဖြင့် မအားမလပ်ပင်ဖြစ်နေရသည်။
“ဂျွတ်. . .”
မိန်းကလေး၏ နောက်ဆုံးကျန်ရှိနေသော နံရိုးတစ်ချောင်းသည် နေရာမှန်သို့ ပြန်လည်ဆက်သွားခဲ့ပြီ ဖြစ်သည်။ ရဲရှောင်လည်း ထိုအခါမှသာ သူ၏လက်အား မိန်းကလေး၏ ရင်ဘတ်ပေါ်မှ ဖယ်ရှားလိုက်သည်။
မိန်းကလေး၏ ဖြူဖွေးဝင်းမွှတ်နေသော ရင်နှစ်မွှာသည် တုန်ခါလျက်ရှိပြီး ထိရက်စရာ ကိုင်ရက်စရာပင်မရှိချေ။ ရဲရှောင်တစ်ယောက်ထိုရင်သားများအား ကြည့်ရင်း အာခေါင်များပင်ခြောက်လာခဲ့သည်။ မြင်နေရုံဖြင့်အားမရတော့ဘဲ သူ၏ လက်ဖြင့် ထိတွေ့ချင်နေမိသည့်စိတ်များသည်ထိန်းချုပ်၍ မရနိုင်အောင်ပင်ဖြစ်နေခဲ့သည်။ ထို့ကြောင့်အိစက်ညှက်ညောနေသည့်ရင်နှစ်မွှာအား သူ၏ လက်ချောင်း များဖြင့်ညင်သာစွာ ကိုင်လိုက်မိသည်။ မိန်းမများနှင့်တစ်ကြိမ်တစ်ခါမှ အထိအတွေ့ မရှိခဲ့ဖူးသည့်အတွက်ရဲရှောင်၏ ရင်ခုန်သံများသည်ဝုန်းဒိုင်းကြဲလျက်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိသွေးများသည်လည်း ပွက်ပွက်ဆူနေသကဲ့သို့ ခံစားလိုက်ရသည်။ ထကြွလာသည့်ရမ္မက်စိတ်များကြောင့်သူ၏ မျက်နှာတစ်ခုလုံးသည်လည်း ရဲရဲနီလျက် ရှိသည်။
“အ . . . ငါ့အစေခံဆိုတော့ ငါ့မိန်းမဆိုတဲ့ သဘောပဲပေါ့ . . .”
ရဲရှောင်သည် နောက်တစ်ကြိမ် ထပ်ကိုင်နိုင်ရန်အတွက် အကြောင်းပြချက် ရှာနေမိသည်။ သို့သော်ခဏတာမျှ စဉ်းစားလိုက်ပြီးနောက် မိမိကိုယ်ကို ရှက်ရွံ့သွားမိလေသည်။ ထို့ကြောင့်သူ၏ လက်များအား ရုတ်သိမ်းလိုက်ပြီး မိန်းကလေးအား စောင်ခြုံပေးလိုက်လေတော့သည်။
ထို့နောက် မိန်းကလေး၏ ပါးစပ်ထဲသို့ ရေစက် သုံး စက် ထပ်မံ၍ ချပေးလိုက်သည်။
နောက်ဆုံးတွင်မူ ရဲရှောင်တစ်ယောက်စိတ်သက်သာရာ ရသွားသည့်ဟန်ဖြင့်-
“နှစ်ဝက်လောက်အတွင်း လုံးဝ သက်သာသွားမယ် ထင်တာပဲ . . .”
မိန်းကလေးသည် မေ့မြောနေတုန်းပင်ဖြစ်ပြီး ယခင်ကထက်စာလျှင် အခြေအနေ ကောင်းမွန်နေပြီ ဖြစ်သည်။ဝေဒနာ အပြင်းအထန် ခံစားရသည့်ပုံတော့ မပေါ်တော့ချေ။ မျက်နှာတစ်ခုလုံး ဖြူရော်ရော် ဖြစ်နေရာမှ သွေးရောင်အနည်းငယ်လွှမ်းလာခဲ့သည်။
အသက်ရှင်ရန် သေချာသလောက် ရှိနေချေပြီ။
သူမ၏ ဆံပင်များသည် ခေါင်းအုံးထက်တွင် ပြန့်ကျဲလျက်ရှိပြီး နဖူးတွင်လည်း ဆံစအချို့ ဝဲကျလျက်ရှိသည်။ ယခုကဲ့သို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိ၍ မေ့မြောနေသည့်တိုင် အလှ အနည်းငယ်မျှ ပျက်မသွားခဲ့ပေ။
ငြိမ်းချမ်းစွာ အိပ်စက်နေသော နတ်သမီးတစ်ပါးနှင့်ပင်တူနေပါသေးသည်။
လေးကိုင်းသဖွယ်ကွေးညွှတ်နေသော သူမ၏ နှုတ်ခမ်းအစုံသည် ပို၍ပင် ဆွဲဆောင်မှု ရှိနေလေသည်။
ရဲရှောင်သည် တန်ဖိုးကြီးလှသော ရတနာပစ္စည်းတစ်ခုအား ငေးကြည့်သကဲ့သို့ ကြည့်နေမိသည်။ ထို့နောက်မတ်တတ်ထရပ်လိုက်ကာ အကြောဆန့်လိုက်သည်။ အချိန်ကြာမြင့်စွာ ထိုင်နေခဲ့မိသည့်အတွက်သူ၏ ခါးမှအရိုးများပင် တဂျွတ်ဂျွတ် မြည်သွားခဲ့သည်။
“မကြာခင် နိုးလာလောက်မှာပါ . . .”
ရဲရှောင် အခန်းအပြင်သို့ ထွက်လိုက်ပြီး တစ်ခုခု စားရန် စီစဉ်ခိုင်းလိုက်သည်။ ထို့နောက် အစောင့် တစ်ယောက်အား လိုအပ်သည့် ဆေးပစ္စည်းအချို့အား ဝယ်ခိုင်းလိုက်ပြန်သည်။
ထိုအချိန်တွင်ဆောင်ဂျုရောက်လာပြီး ရဲရှောင်အား မျက်မှောင်ကြုတ်၍ ကြည့်လိုက်ကာ –
“ဘာဖြစ်တာလဲ . . . မင်းဒဏ်ရာရထားလို့လား။ မင်းက ဒီဆေးတွေ ဘာလုပ်ဖို့လဲ . . .”
“ကျုပ်အတွက် မဟုတ်ပါဘူး . . .”
ရဲရှောင် ပြုံးလျက် ပြန်ဖြေလိုက်သည်။
“ကျုပ်ကောင်မလေးတစ်ယောက်ကို ကယ်တင်ထားတယ်။ ကောင်မလေးက မေ့နေတယ်။ တော်တော်တော့ ထူးဆန်းတယ်။ သူ့ကို ဒဏ်ရာရအောင် လုပ်လိုက်တဲ့လူက တော်တော်ကို အဆင့်မြင့်တဲ့ ပညာရှင်တစ်ယောက် ဖြစ်ရမယ်။ ဒါပေမယ့်အဲဒီလူက ဒီလို သာမန်မိန်းကလေး တစ်ယောက်ကို ဘာလို့ ရက်ရက်စက်စက် လုပ်ရတာလဲ . . .”
ရဲရှောင်၏ စကားကြောင့်ဆောင်ဂျုတစ်ယောက်နားမလည်နိုင်အောင်ပင်ဖြစ်သွားခဲ့သည်။ ထို့ကြောင့်အလောတကြီးဖြင့်ပင် ရဲရှောင်၏ အခန်းထဲသို့ ဝင်သွားလိုက်သည်။ ထိုအခါ ကုတင်ပေါ်တွင်မိန်းကလေးတစ်ဦး လှဲလျောင်းနေသည်ကို တွေ့လိုက်ရလေသည်။
“မိန်းမလှလေးပါလား . . .”
ရဲရှောင် ခေါင်းညိတ်ပြလိုက်ရင်း –
“ဟုတ်တယ်။ ကျုပ်စဉ်းစားနေတာက သူ့မှာ ဒီလို အစွမ်းထက်တဲ့ ရန်သူတစ်ယောက် ရှိနေတော့ သူနိုးလာရင် လျှောက်သွားဖို့ အဆင်မပြေလောက်ဘူး။ သူ့ရန်သူက သူ့ကို သေစေချင်နေတာလေ။ အဲ့ဒီတော့ကား . . . ကျုပ်ဘေးမှာ ကျုပ်ရဲ့ အစေခံအဖြစ် ခေါ်ထားမယ်ဆို ဘယ်လိုသဘောရလဲ . . .”
ဆောင်ဂျုလည်း အားရဝမ်းသာဖြင့်-
“အကြံကောင်းပဲ . . . သူက ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး မေ့နေသေးပေမယ့်တော်တော်လှတဲ့ မိန်းကလေးပဲ။ နောက်ပြီး အပျိုစင်လေးထင်တယ်။ ရည်ရည်မွန်မွန်လည်း ရှိမယ့်ပုံပဲ။ မင်းသူ့ကို ကယ်တင်ပေးလိုက်တာ ကောင်းပါတယ်။ အချိန်ကြာလာရင် သံယောဇဉ်ဖြစ်ပြီး မင်းနဲ့လည်း ညားရင်ညားသွားမှာပေါ့။ခေါ်သာခေါ်ထားလိုက်ဘာမှ မဖြစ်ဘူး . . .”
ရဲရှောင် ရှက်အမ်းအမ်း ပြုံးလိုက်ရင်း –
“သူ့ကို လက်ထပ်ရမယ် ဟုတ်လား . . . ဒီကိစ္စကို နောက်မှပြောတာပေါ့။ သူကျုပ်တို့အိမ်မှာ နေမနေဆိုတာကလည်း မသေချာသေးပါဘူး . . .”
ဆောင်ဂျုမှ ဒေါသတကြီးဖြင့် –
“သူ့မှာ ဆုံးဖြတ်ပိုင်ခွင့် ရှိလို့လား။ ငါတို့က သူ့အသက်ကို ကယ်တင်ခဲ့တာလေ။ အဲဒီတော့ သူ့အသက်ကိုတောင် ငါတို့ ပိုင်နေပြီပဲဟာ ဘယ်လိုပဲဖြစ်ဖြစ်ငါတို့သဘောထားကို သူ လက်ခံရမှာပေါ့ . . .”
ရဲရှောင် မည်သည့်စကားမျှ ပြန်မပြောတော့ဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။ သို့သော်စိတ်ထဲတွင်မူရှေ့ဆက်ရမည့်ကိစ္စအားတွေးနေမိသည်။
[ဦးလေးဆောင်က ငါ့ထက်တောင် တက်ကြွနေပါရောလား။ ဒီကောင်မလေးမှာ နောက်ကြောင်း ရာဇဝင် တစ်ခုခုတော့ ရှိနေမယ် ထင်တယ်။ သူနိုးလာလို့ ငါ့အစေခံအဖြစ် မခံယူနိုင်ဘူးဆိုလည်း ဘယ်တတ်နိုင်ပါ့မလဲ။ ဒီလိုဆိုရင်တော့ ဦးလေးဆောင် မသိအောင် ကောင်မလေးကို ငါခိုးပြီး ပြန်လွှတ်ရမှာပဲ . . .]
[မိန်းကလေးတစ်ယောက်ကို သူမလုပ်ချင်တဲ့အလုပ် လုပ်ခိုင်းလို့ မဖြစ်သေးပါဘူး။ အဲ့ဒီလိုလုပ်ရင်ရိုင်းရာ ကျသွားမှာပေါ့ . . .]
ရဲရှောင်သည် ဆောင်ဂျု၏ ဒေါသအား သိသဖြင့် ထိုကဲ့သို့သာ လုပ်ရန် ဆုံးဖြတ်လိုက်လေသည်။
“ဒါနဲ့ မင်းအဖေက မင်း အစေခံထားတာ သဘောတူမှာ မဟုတ်လောက်ဘူးနော် . . .”
ဆောင်ဂျု မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
“ဒါပေမယ့်အဲဒါက ဟိုးအရင်ကပါ။ အခုမင်းလည်း အရွယ်ရောက်လာပြီ။ အရုပ်နဲ့ ဆော့ရမယ့်အရွယ်မှ မဟုတ်တော့တာ။ ဘာမှတော့ မဖြစ်လောက်ပါဘူး။ ငါနားချပေးပါ့မယ်။ နောက်ပြီး ကောင်မလေးကလည်း တော်တော်ကို လှတယ်မဟုတ်လား။ သူ့ကို ဒီအတိုင်း လက်လွှတ်လိုက်ရမှာ ငါသာဆို နှမြောမိမှာ သေချာတယ် . . .”
“အင်း . . . ကျုပ်လည်း အတူတူပါပဲ . . .”
ရဲရှောင် ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။
“ကဲဒါဆိုလည်း သွားတော့ . . .”
ဆောင်ဂျုဘက်မှ ကြည်ကြည်ဖြူဖြူဖြင့်ပင်သဘောတူလိုက်သဖြင့် ရဲရှောင်၏ စိတ်ထဲတွင် ပျော်ရွှင် သွားမိသည်။
လျှို့ဝှက်ဆန်းကြယ်စွာ ကောင်းကင်ပေါ်မှ ပြုတ်ကျလာသော မိန်းကလေးသည် ရဲရှောင်၏ အိပ်ရာထက်တွင် နှစ်ရက်တိုင်တိုင် မေ့မြောနေခဲ့သည်။
ရဲရှောင်လည်း သူမ၏ အတွင်းအပြင် ဒဏ်ရာများအား ယခုထက်ပို၍ သက်သာနိုင်စေမည့် နည်းလည်းဟူ၍ ရှာမတွေ့တော့ချေ။ သူမ၏ သွေးကြောများကိုသာ နေ့စဉ်နှင့်အမျှ စစ်ဆေးပေးနေပြီး ရေနှင့်စွပ်ပြုတ်အနည်းငယ် မကြာခဏ ပါးစပ်ထဲသို့ ထည့်ပေးနေမိသည်။
လူတစ်ဦးသည် မေ့မြောနေသော်လည်း သူ၏ ခန္ဓာကိုယ် လိုအပ်ချက်များသည် ပုံမှန်အတိုင်းသာ ဆက်လက် လုပ်ဆောင်နေဆဲပင်ဖြစ်သည်။ ထို့ကြောင့် ထိုနှစ်ရက်အတွင်း ရဲရှောင်သည် မိန်းကလေး၏ ကျင်ကြီးကျင်ငယ်ကိစ္စအဝဝကိုပင်မရှက်မကြောက်လုပ်ဆောင်ေပးနေရပါတော့သည်။