Switch Mode

Chapter – 233

ကယ်တင်ခြင်း (၂)

Chapter – 233
“ကယ်တင်ခြင်း (၂)”

ရဲရှောင်သည်​မိန်းကလေးအား ကယ်တင်နိုင်​ရန်အတွက် အစွမ်းကုန်​ကြိုးစားလျက်​ရှိသည်​။ အရှိန်​ဖြင့်​ကျလာသည့်​အတွက်​အောက်​သို့ပြုတ်​ကျစဉ်​အထိမနာ​စေရန် သူ၏ စွမ်းအားများဖြင့်​အ​ဝေးမှ​ပင့်​ပင့်​၍ ထိန်းထား​ပေး​နေရသည်​။
ယခင်​ဘဝတွင်​ဧကရာဇ်​တစ်​ပါး ဖြစ်​ခဲ့ဖူးသူပီပီ ဖြစ်​ပေါ်​နေသည့်​အ​ခြေအ​နေများအား ကောင်းစွာ ထိန်းချုပ်​နိုင်စွမ်းရှိ​လေသည်​။ တဖြည်းဖြည်းချင်း ကျလာသည့် အရှိန်အား ထိန်းထားနေရသည့်အတွက် ရဲ​ရှောင်​သည် ကောင်းကင်ထက်သို့ မော့ကြည့်ရင်း လက်ဆန့်တန်း၍ ပတ်ပြေးနေရသည်​။ နောက်ဆုံးတွင် သူနှင့် အနီးဆုံးသို့ မိန်းကလေး ရောက်ရှိလာခဲ့ပြီ ဖြစ်​သည်​။ ထိုအချိန်​တွင်​မိန်းက​လေး၏ ခန္ဓာကိုယ်​မှ အရိုးကျိုးသွားသည့်​အသံအား ကြားလိုက်ရသည်​။
မိန်းကလေးထံမှ ညည်းညူသံသဲ့သဲ့ ထွက်လာပြီး ပါးစပ်မှလည်း သွေးအချို့ အန်ထွက်လာခဲ့သည်​။​နောက်​ဆုံးတွင်​မူ မြေပြင်ပေါ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်​သည်​။
အရိုးကျိုးသွားသည့်​အတွက်​ရဲရှောင်​လန့်သွားမိသည်။
သူအကောင်းဆုံး ကြိုးစားခဲ့သည့်တိုင် မိန်းကလေးသည်​အရိုးကျိုးသွားခဲ့ရသည်​။ ထိုမိန်းက​လေး၏ ခါးသည်​အလွန်သေးလှသောကြောင့် စွမ်းအင်​များ၏ သက်ရောက်မှုဒဏ်အား မခံနိုင်ဘဲ ကျိုးသွားခြင်းသာ ဖြစ်​နိုင်​ကြောင်း ရဲ​ရှောင်​တွေးလိုက်​မိသည်​။
ရဲရှောင်သည် အလျင်အမြန်ပင် မိန်းကလေး၏ အနားသို့ သွားလိုက်ကာ အခြေအနေများအား စစ်ဆေးကြည့်လိုက်သည်။
စိုးရိမ်​စိတ်​ကြောင့်​ဗျာများ​နေသည့်​ရဲ​ရှောင်​တစ်​ယောက်​ထွေထွေထူးထူး တွေးနေချိန် မရချေ။ မှောက်လျက်လဲကျနေသော မိန်းကလေးအား အ​လောတကြီးပင်​ပွေ့လိုက်မိသည်​။ ထိုအခါ သူ၏လက်မှ နူးညံ့သော အထိအတွေ့တစ်ခုအား ခံစားလိုက်​ရသည်​။ သူ၏ လက်တစ်ဖက်ဖြင့်​မိန်းကလေး၏ တင်ပါးအား ကိုင်လိုက်​မိပြီး ကျန်​တစ်ဖက်မှာမူ အိစက်ေ​န​သော ရင်သားအစုံအား ကိုင်လိုက်မိခြင်းပင်​ဖြစ်​သည်။
“ဟူး . . .”
ရဲရှောင် အနည်းငယ် ရှက်​ရွံ့မိသွားသည်​။ လူပျိုစစ်​စစ်​လေးတစ်ယောက်မှ မိန်းကလေးတစ်ယောက်၏ လျှို့ဝှက်အပ်သော နေရာများအား ပယ်ပယ်နယ်ပယ်ပင်​ထိတွေ့လိုက်ရသည် မဟုတ်ပါ​လော။ မိန်းကလေးမှာမူ ဘာ​ဆိုဘာမှ မသိဘဲ သတိလစ်​လျက်​ရှိသည်​။ ရဲရှောင်တစ်ေ​ယာက်​သာ ရင်တုန်ပန်းတုန် ဖြစ်​နေခြင်းဖြစ်​သည်​။ မိန်းက​လေးအ​ပေါ်​သာယာမိရမည့်အစား ရှက်ရွံ့စိတ်များသာ ပို၍ ဖြစ်ပေါ်နေမိသည်​။ ရှက်​ရွံ့စိတ်​ကြောင့်​သူ၏ မျက်နှာတစ်ခုလုံးသည်​လည်း ထူပူလျက်​ရှိသည်​။
ရဲ​ရှောင်​လည်း ရှည်​ရှည်​ဝေး​ဝေး စဉ်းစားမ​နေ​တော့ဘဲ မိန်းကလေးအား ပွေ့ချီ၍ သူ၏ အခန်းထဲသို့ ခေါ်လာခဲ့သည်။ အပြင်ဘက်တွင် မိုးဖွဲများ ကျ​နေသဖြင့် မိန်းကလေး ဖျားနာသွားမည်စိုးသဖြင့် အိမ်ခန်းထဲသုိ့ ခေါ်လာခြင်း ဖြစ်သည်။
ထို့​နောက်​မိန်းကလေးအား အိပ်ရာထက်တွင် ညင်​သာစွာ ချထားလိုက်ရင်း သူမ၏ ခန္ဓာကိုယ်အား စစ်ဆေး ကြည့်လိုက်သည်​။ ရင့်ကျက်တည်ငြိမ်သည့် ရဲ​ရှောင်​လိုလူမျိုးပင်​မိန်းကလေးအား စမ်းသပ်ပြီးသောအခါ အလွန်​အံ့သြသွားမိသည်​။
မိန်းကလေးသည် ဒဏ်ရာအပြင်းအထန် ရရှိနေခြင်းဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ရစရာမရှိအောင်ပင်​ဒဏ်ရာရရှိထားပြီး သွေးများသည်လည်း အဆက်မပြတ် ထွက်လျက်ရှိသည်​။ ထို့ပြင်​အရိုးအတော်များများလည်း ကျိုးကြေလျက် ရှိသည်။
ခေါင်းတွင်​လည်း ပြင်းပြင်းထန်ထန် ထိခိုက်ထားပြီး သူမ၏ ခါးတွင် လက်ဝါးရာနှစ်​ခု ထင်းထင်းကြီး ပေါ်နေလေသည်​။
“ခါးကျိုးသွားတာ ဒါကြောင့်ကိုး . . .”
ရဲရှောင် သက်ပြင်းချလိုက်မိသည်။
အစပိုင်းတွင်​သူ၏​ပေါ့​လျော့မှု​ကြောင့်​သာ မိန်းက​လေး ခါးကျိုးသွားရသည်​ဟု ထင်​ခဲ့မိသည်​။ ထို့အတွက်​ကြောင့်​ရဲ​ရှောင်​ကိုယ့်​ကိုကိုယ်​လိပ်​ပြာမလုံ ဖြစ်​ခဲ့ရသည်​။ ယခုအခါ ခါးတွင်​ပြင်းပြင်းထန်ထန် ထိခိုက်ထားသည်ကို တွေ့လိုက်ရမှသာ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်​။ ဒဏ်​ရာပြင်းပြင်း​ထန်​ထန်ရထား​သော်​လည်း အသက်မသေသေးသည်မှာ တော်သေးသည်ဟုပင်​တွေးလိုက်မိသည်​။ ရဲ​ရှောင်​မိန်းက​လေးအား ကယ်​တင်​ခဲ့စဉ်​က အနည်းငယ် အတိမ်းအစောင်း ဖြစ်သွားခဲ့ပါက ထိုမိန်းကလေးလည်း တစစီ ဖြစ်သွားနိုင်ပေသည်။
မိန်းကလေးသည် အနက်ရောင်ဝတ်ရုံအား ဝတ်ဆင်ထားသည်​။ ဝတ်​ရုံ၏ နေရာအတော်များများတွင် စုတ်​ပြဲလျက်ရှိပြီး သူမ၏ ခန္ဓာကိုယ်ကိုပင်​တစ်​စွန်း တစ်စ မြင်တွေ့နေရသည်​။ ညာဘက်လက်မောင်းတွင်​မူ အင်္ကျီစဟူ၍ မရှိတော့ချေ။ တစ်ယောက်ယောက်မှ စုတ်ဖြဲထားသည့်​ဟန်​ပင်​။ အလွန်သွယ်လျ၍ ဖြူဝင်းသော လက်တစ်ခုလုံးအား ရဲရှောင် မြင်တွေ့ေ​နရသည်​။
မိန်းကေ​လးမှာမူ အိပ်ယာထက်တွင် သတိလစ် မေ့မြောနေတုန်းပင် ဖြစ်သည်​။
“သူက ၁၈ နှစ်တောင် ရှိပါ့မလား။ စုယဲ့ယွဲ့နဲ့ ရွယ်တူလောက်ပဲ ထင်တယ် . . .”
ရဲရှောင် တီးတိုးရေရွတ်လိုက်မိသည်။
“တော်တော်တော့ လှသားပဲ။ အခုတော့လည်း ဘာဆိုဘာမှ မသိဘဲ သတိမေ့နေပါရောလား . . .”
မိန်းမလှ​လေးအား ကြည့်​ရင်း ရုတ်တရက် သူ၏​ခေါင်းထဲ အတွေးတစ်ချက် ဝင်သွားခဲ့သည်။
“ဟင် . . . ဖြစ်နိုင်ပါ့မလား . . . ကောင်းကင်ပေါ်က တိုက်ပွဲပြီးလို့ သိပ်​မကြာ​သေးဘူး ဒီမိန်းကလေး ကျလာတာပဲ။ ကျလာတဲ့နှုန်းအရဆိုရင်​ပေသောင်းချီအမြင့်ကနေကို ကျလာတာ ဖြစ်မယ်။ သူက​ကောင်းကင်​ပေါ်မှာ တိုက်ခိုက်နေကြတဲ့ နှစ်​ယောက်ထဲက တစ်​ယောက်များလား။ ဒါဆို . . . ထိပ်တန်းအဆင့် ပညာရှင်ကြီးပေါ့ .. .”
အ​ခြေအ​နေများအား ဆက်​စပ်​၍ စဉ်းစားကြည့်​လိုက်​သောအခါ သူ၏ အ​တွေးများသည်​မှန်​ကန်​နိုင်​ကြောင်း ရဲ​ရှောင်​ခံစားမိလိုက်သည်။
ထို့​နောက်​ကောင်မလေး၏ လက်ကောက်ဝတ်အား ဖမ်းဆွဲလိုက်ပြီး သူ၏ ချီဓာတ်များဖြင့် စစ်ဆေးကြည့်လိုက်သည်​။ ထိုအခါ ရဲရှောင်တစ်​ယောက်​မျက်မှောင်ပင်​ကြုတ်သွားကာ –
“မဖြစ်နိုင်တာပဲ . . . သူ့ရဲ့ စွမ်းအင်သိုလှောင်ရာမှာ ဘာဆို ဘာမှကို မရှိပါလား။ ဘာအရိပ်အယောင်မှ လည်း မတွေ့ဘူး။ သွေးကြောတွေကလည်း ပိတ်နေသေးတယ်။ နောက်ပြီး သူ့ပုံစံက ကျင့်စဉ်တွေကို ကျင့်ကြံနိုင်တဲ့ပုံလည်း မရှိလောက်ဘူး။ ဘာကျင့်ကြံမှုမှ မလုပ်ထားတဲ့ သာမန်မိန်းကလေးတစ်​ယောက်​လိုပဲ . . .”
အထင်​နှင့်​အမြင်​လွဲသွား၍ ရဲရှောင် ခေါင်းရှုပ်မိသွားသည်။
အတွေ့အကြုံ ပါရမီ ရင့်သန်​သူတစ်ဦးပီပီ လူတစ်ယောက်အား စစ်ဆေးကြည့်ရုံနှင့် ထိုလူ၏ ကျင့်ကြံမှုကိုသာမက ကျင့်စဉ်ကိုပင် သိနိုင်သော အစွမ်း ရဲ​ရှောင်​တွင်​ရှိ​နေ​လေသည်​။
ယခု သူ၏​ရှေ့တွင်​ရှိ​နေ​သော မိန်းကလေးသည် သာမန်လူတစ်ဦးနှင့်မခြား ဖြစ်နေသည်ကို တွေ့လိုက်ရသည်​။ ရဲ​ရှောင်​အနေဖြင့် မည်ကဲ့သို့ ကောက်ချက်ချရမည်ကိုပင် မသိနိုင်အောင် ဖြစ်နေရသည်။
​ပထမအချက်အ​နေဖြင့်​မိန်းကလေးသည် တိုက်ပွဲပြီးပြီးချင်း​ကောင်းကင်​အမြင့်​မှ ပြုတ်ကျလာခြင်း ဖြစ်ရမည်ဟု ရဲေ​ရှာင်​သုံးသပ်​လိုက်​သည်​။ သို့​သော်​ဒုတိယအချက်အ​နေဖြင့်​စွမ်းအင်သိုလှောင်ရာသည်​သာမန်လူတစ်ဦးကဲ့သို့ ရှိနေသည့်​အတွက်​တိုက်ပွဲတွင် ပါဝင်ခဲ့သော ပညာရှင်တစ်ဦး မဖြစ်နိုင်ဟုလည်း သုံးသပ်​မိပြန်​သည်​။ ထိုအချက်နှစ်ချက် မညီသောကြောင့် နားလည်ရခက်လျက်​ပင်​ရှိသည်​။
[ဒီလိုမိန်းမလှလေးကို ဘယ်လိုလူကများ နာနာကျည်းကျည်းနဲ့ ဒီလောက်ထိ နှိပ်စက် လိုက်ရတာလဲ။ သူ့ခမျှာ ဒဏ်ရာပြင်းပြင်းထန်ထန်ကို ရသွားရှာတယ်​။ တော်တော့်ကို ရက်စက်ပါလား။ နောက်ပြီး အမြင့်ကနေလည်း ပြုတ်ကျလာရသေးတယ်။ တစ်ယောက်ယောက်ကများ သူ့ကို ခြေရာလက်ရာမကျန် အောင် သတ်ချင်လို့ ပစ်ချလိုက်တာများလား။ ဒီလိုလုပ်ခဲ့တဲ့ လူကတော့ တော်တော်ကို ရက်စက်ပြီး အကြင်နာတရား ခေါင်းပါးတဲ့လူပဲ . . .]
ရဲရှောင်​တွေးရင်း မိန်းမလှ​လေးဘက်​မှ မခံချင်​ဖြစ်​နေမိသည်​။
[အသက်တစ်ချောင်း ကယ်ကောင်းပါတယ်လေ။ ဒီလိုမိန်းမလှလေးတစ်ယောက် သေသွားမှာ နှမြောစရာကြီး . . .]
ရဲရှောင်သည် သူ၏ အရှေ့တွင် မိန်းကလေးတစ်ဦး သေဆုံးသွားမည့် အဖြစ်အား လက်ပိုက်၍ ကြည့်မနေနိုင်ချေ။
ထို့ကြောင့် မိန်းမလှေ​လးအား ကယ်တင်ရန် ဆုံးဖြတ်လိုက်​လေသည်​။ ရဲ​ရှောင်​သည်​လျင်​မြန်​စွာဖြင့်​ပင်​မိန်းက​လေး၏ လက်​အား ကိုင်၍ စွမ်းအင်များ ထည့်သွင်းလိုက်သည်။
သူမ မည်သူ မည်​ဝါ ဆိုသည်​ကို သိရန်ထက် အရင်ကယ်တင်ရန်သာ အရေးကြီးနေသည်​မဟုတ်ပါ​လော။
အရေးကြီးဆုံး အချက်မှာ မိန်းမလှေ​လးသည်​သေအံ့ဆဲဆဲပင်​ဖြစ်နေသဖြင့် အသက်ရှင်​ရန်​အတွက်​အရင်ကြိုးစားရမည်​ဖြစ်​သည်​။
ရဲရှောင်သည် ဖေးယွမ်ဆေးလုံး တစ်လုံးအား သူမ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ သို့သော် မိန်းကလေးသည် သွားများအား စေ့ထားသဖြင့်​ပါးစပ်​ထဲသို့​ရှော​ရှောရှူရှူ မဝင်​ဘဲ ဖြစ်​နေ​လေသည်​။
ရဲရှောင်လည်း အတင်းထိုး၍ မထည့်ရဲချေ။ လက်ဖြင့် အတင်းအကြပ်​ထိုးထည့်ပါက မိန်းကလေး နာကျင်သွားမည်​ကို စိုးရိမ်နေမိ​သော​ကြောင့်​ဖြစ်​သည်​။
ထို့​ကြောင့်​တခဏမျှ စဉ်းစားလိုက်ပြီးနောက် ဆေးလုံးအား သူ၏ ပါးစပ်ထဲ ထည့်ကာ ကောင်မလေး၏ ပါးစပ်ထဲသို့ နှုတ်ခမ်းချင်းတေ့၍ ထည့်ပေးလိုက်သည်​။
[ငါ မင်းကို အခွင့်အရေးယူတာတော့ မဟုတ်ပါဘူး။ မင်းကို ကယ်တင်ဖို့ ကြိုးစားပေးနေတာပါ။ ဒါ ငါလုပ်နိုင်သမျှ လုပ်ပေးတဲ့ သဘောပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းအခုနေ နိုးလာတောင် ငါ့ကို ရိုက်နိုင်မယ့်​အင်အား ရှိဦးမှာ မဟုတ်ဘူး . . .]
သူ့အား မိန်းမလှ​လေးမှ အခွင့်​ရေးသမားဟု ထင်​သွားမည်​စိုး၍ ရဲ​ရှောင်​တွေး​နေမိသည်​။
ရဲရှောင်သည် သူ၏ လျှာဖြင့် မိန်းကလေး၏​စေ့ထား​သော သွားများအား ထိုးကာထိုးကာ ဆေးလုံးအား စိတ်ရှည်ရှည်ဖြင့်​ထည့်ပေးနေလေသည်​။
ဆေးလုံးသည်​ထိုအခါမှသာ ချောချော​မွေ့​မွေ့ဖြင့်​ပါးစပ်ထဲသို့ ရောက်သွားခဲ့သည်။
“အဟွတ်​အဟွတ်​. . .”
ရဲ​ရှောင်​တစ်​ယောက်​ရုတ်​တရက်​ချောင်းအဆက်မပြတ် ဆိုးသွားရသည်​။ အဘယ်ကြောင့်ဆိုသော် မိန်းကလေး၏ ပါးစပ်မှ သွေးများ အန်ထွက်လာပြီး သူ၏ ပါးစပ်ထဲသို့ ဝင်သွား​သော​ကြောင့်​ပင်​ဖြစ်​သည်​။
“ထွီ . . . ဖွီ . . .”
ရဲရှောင် တစ်ဖက်သို့ လှည့်လိုက်ရင်း တံတွေးများ အဆက်မပြတ် ထွေးလိုက်​မိကာ –
[လူတွေ ပြောကြတာတော့ မိန်းကလေးတွေရဲ့ ပါးစပ်က ပန်းရနံ့လို မွှေးပျံ့တယ်တဲ့။ ငါ့ကြမှ သွေးတွေ အန်ထွက်တယ်တဲ့လား . . .]
ဖေးယွမ်ဆေးလုံးသည် မိန်းကလေး၏ ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် ချက်ချင်းပင် အရည်ပျော်ကျသွားသည်။
ထိုအခါ နွေးထွေးသော စွမ်းအင်များသည်​မိန်းကလေး၏ ကိုယ်ထဲသို့ စီးဆင်းသွားသည်။
သို့သော် ရဲရှောင်သည် အံ့သြသွားမိသည်​။ အဘယ့်​ကြောင့်​ဆို​သော်​ထူးခြားအစွမ်းထက် ဆေးလုံးသည် အာနိသင် အလွန်ကောင်းမွန်​လှသော်လည်း ထင်ထားသလောက် အလုပ်မဖြစ်သည်ကို တွေ့လိုက်ရ​သော​ကြောင့်​ပင်​ဖြစ်​ပေ​တော့သည်​။

Comment

Leave a Reply

Options

not work with dark mode
Reset