Chapter – 21.1 ” သိုင်းပညာ ၀ိညာဥ် သုံးခုကို အတွင်းပိုင်းပေါင်းစပ်ခြင်း ”
°°°
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ထူးမခြားနားလေသံနဲ့သာ ပြောလာခဲ့ပါတယ်။
” ငတုံးကောင် ဒါသိသာနေတာပဲလေ မင်းဒီအကြောင်းကို မင်းဘာသာမင်း မတွေးတတ်ဖူးဘူးလား သိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်တဲ့သူတစ်ယောက်က မင်းတို့လူသားတွေခေါ်တဲ့ အဆင့်နှစ်ဆယ့်ရောက်တဲ့အချိန်မှာ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းရဲ့ ဖိနှိမ့်မှုစွမ်းအားကို တောင့်ခံဖို့ဖြစ်နိုင်မှာ မဟုတ်ဘူး…အခုအချိန်မှာ သူဒါကို လုပ်နိုင်တာ သူ့မှာ သိုင်းပညာ၀ိညာဥ်သုံးခုရှိနေခဲ့လို့လေ တစ်ခုချင်းဆီတိုင်းကလဲ သူ့ခန္ဓာကိုယ်ကို တိုးတက်စေတယ်..ဒါကြောင့်သာ လက်ရှိအချိန်မှာ အဆင့်နှစ်ဆယ်နဲ့တင် နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းကို ပိုင်ဆိုင်နေတာပေါ့ မင်းတို့လူသားတွေပြောတဲ့ စကားအရဆိုရင် မင်းဖက်ထားတဲ့ဒီကောင်စုတ်လေးက တကယ်ကို အထူးမဟာပါရမီရှင်ကြီးပဲ နှစ်ပေါင်းတစ်သောင်းမှာတောင် တစ်ခေါက်တွေ့ဖို့ မလွယ်ကူဘူး ”
ဟို့ယွိဟောင် ကိုယ်တိုင်တောင်မှ ၀မ်သုန့်အနေနဲ့ သိုင်းပညာ၀ိညာဥ်သုံးခုကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့အကြောင်း တွေးတောင်မတွေးမိခဲ့ပါဘူး။ ရှောင်းရှောင်းကို တစ်ယောက်တစ်ယောက်ချင် တိုက်ပွဲမှာ သူအနိုင်ယူနိုင်တယ်ဆိုတာအမှန်တကယ်ကြီးကို ဖြစ်နေခဲ့တာပါပဲ။ ဒါ့အပြင် ဒီလောက်အထိ သန်မာတဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုင်ဆိုင်ထားတယ်ဆိုတာ အံ့ဩစရာမရှိခဲ့ပါဘူး။ ၀ိညာဥ်စက်ကွင်းနှစ်ခုပဲရှိတဲ့ ၀ိညာဥ်မဟာပညာရှင် ဖြစ်နေခဲ့ပေမဲ့ သူက ဘယ်သူကိုမှ လေးစားတဲ့အမူအရာ မပြခဲ့ဘူးဆိုတာ သူ့ရဲ့ပါရမီက အရမ်းကို မြင့်မားနေခဲ့တယ်လို့ပါ ဟို့ယွိဟောင်လဲ မတွေးမိပါဘူး။
” ငတုံးကောင်လေး မင်းဘာတွေ အံ့ဩနေတာလဲ ပြောရမယ်ဆို မင်းကိုယ်တိုင်လဲ သိုင်းပညာ၀ိညာဥ်သုံးခု ရှိနေတာပဲလေ ဒါ့အပြင် မမေ့လိုက်နဲ့ဦး မင်းပထမ၀ိညာဥ်စက်ကွင်းက ဘယ်သူမှမယှဥ်နိုင်တဲ့ နှစ်တစ်သန်း၀ိညာဥ်စက်ကွင်းပဲ သော့်လော့တိုက်မှာ ငါ့လိုမျိုး နှစ်တစ်သန်း၀ိညာဥ်သားရဲကောင်ကို မင်းရှာတွေ့နိုင်မှာမဟုတ်တာ ငါသေချာပေါက် အာမခံရဲတယ်..ဒါ့အပြင် သူက ထူးချွန်တဲ့ပါရမီရှင်ဖြစ်နေပေမဲ့ မင်းကိုယ်တိုင်က မယှဥ်သာနိုင်လောက်အောင် ပြိုင်ဘက်ကင်းပြီး တုနှိုင်းမဲ့နေပြီပဲ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိစမ်းပါ….ဥပမာအားဖြင့်ကြည့်လေ မင်းရဲ့ဒီအစ်ကိုကြီးက အသိဉာဏ်ရှိတဲ့၀ိညာဥ်စက်ကွင်းတွေရှိနေတယ်…ဒါ့အပြင် မင်းတို့နှစ်ယောက်ကိုလဲ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှု ဖြစ်လာအောင် ငါ ကူညီပေးလို့ရတယ်…ခန္ဓာကိုယ်ကို သက်သောက်သက်သာ ဖြစ်အောင်နေပြီ ငါ့လက်ထဲသာ အပ်လိုက် ”
သူပြောပြီချိန်မှာပဲ သက်သောက်သက်သာ ဖြစ်တဲ့ ခံစားချက်က လန်းဆန်းမှုနဲ့အတူ ဟို့ယွိဟောင်ရဲ့ဦးနှောက်ထဲကို လွှမ်းခြုံသွားပါတော့တယ်။ သူ့ရဲ့အသိစိတ်ကလဲ လုံး၀ ပြောင်းလဲလို့သွားခဲ့ပါပြီ။
အစောပိုင်းတုန်းက စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အသုံးပြုတဲ့အချိန်မှာ အခန်းထဲမှာရှိရှိသမျှ အရာအားလုံးက သူ့ရဲ့အာရုံထဲကို သုံးဖက်မြေပုံရိပ်နဲ့ ပေါ်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီလိုဖြစ်နေရုံတင်မကပဲ အရောင်မျိုးစုံကပါ ရှင်းရှင်းလင်းလင်းပေါ်လာနေခဲ့ပါပြီ။ ၀မ်သုန့်ခန္ဓာကိုယ်ရဲ့ အရောင်အပြောင်းအလဲတွေကို ဟို့ယွိဟောင်မြင်နေခဲ့ရပါတယ်။ ရွှေရောင် အပြာရောင်ရောနေတဲ့ ရွှေရောင် တောက်ပပြီ မှောင်မိုက်နေတဲ့ ရွှေရောင် အလင်းတန်း သုံးခုစလုံးက တစ်လှည့်ဆီပြောင်းလဲနေကြပါတယ်။ တခြားတစ်ဖက်မှာ သူ့ခန္ဓာကိုယ်ကတော့ အဖြူရောင်ရေခဲပြာရောင်နဲ့ မီးခိုရောင်တို့သုံးခု ဆက်တိုက်ဆိုသလို ပြောင်းလဲလို့နေခဲ့တယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ပြောသလိုပဲ သူတို့ရဲ့ ပေါင်းစည်းနိုင်စွမ်းကလဲ အရမ်းကို မြင့်မားနေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အဖြူရောင်အလင်းတန်း ဖြတ်သန်းလာချိန်တိုင်း ၀မ်သုန့်ရဲ့ခန္ဓာကိုယ်ပေါ်မှာတော့ ရွှေရောင်အလင်းတန်းက ပေါ်ထွက်လာခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ ရေခဲပြာရောင်အလင်းတန်းကတော့ ၀မ်သုန့်ရဲ့ အပြာရောင်ရောနေတဲ့ ရွှေရောင်နဲ့ပေါင်းစည်းလို့နေခဲ့တယ်။ မီးခိုရောင်ကတော့ မှောင်မိုက်နေတဲ့ရွှေရောင်နဲ့ တွဲစပ်နေခဲ့ပါတယ်။
ဒီအရောင်သုံးခုက အရမ်းကိုသာ သဟဇာတဖြစ်နေခဲ့ပြီးပါပြီ။ ဒါ့အပြင် ကောင်းကင်အိပ်မက်ရေခဲပိုးကောင် စတင် လှုပ်ရှားပြီအချိန်မှာတော့ ဟို့ယွိဟောင်ရဲ့မျက်လုံးတွေ က ရေခဲပြာရောင်အဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။ မာရှောင်ထောင့်ကို တိုက်ခိုက်ဖို့အတွက် ကူညီချိန်ကနဲ့ မတူညီပါဘူး။ ဒီတစ်ကြိမ်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က စွမ်းအင်အငွေ့အသက်တစ်ချို့ကိုသာ ထုတ်လွှတ်နေခဲ့ပြီ ခန္ဓာကိုယ်ကို မထိန်းချုပ်နေတာကြောင့် ဒီလိုဖြစ်နေတာပါ။ ဟို့ယွိဟောင်ရဲ့အရှိန်အ၀ါတွေကို ပေါင်းစပ်ပြီး သန့်စင်နိုင်အောင်သာ ညွှန်ကြားချက်ပေးပါတယ်။
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို အားကောင်းလို့လာခဲ့ပါပြီ။ သူတို့နှစ်ယောက်ရဲ့ ပေါင်းစည်းမှုက စွမ်းအင်အငွေ့အသက်တွေကို လုံး၀ ပြောင်းလဲသွားစေခဲ့ပါတယ်။
၀မ်သုန့်ရဲ့အရှိန်အ၀ါတွေကလဲ ဖြည်းဖြည်းချင်းဆိုသလို အားကောင်းလို့လာခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ပေါင်းစည်းမှုက နှစ်ယောက်ကိုတစ်သားထဲ ဖြစ်သွားစေခဲ့ပါတယ်။ ဒါ့အပြင် တစ်ပြိုင်နက်ထဲမှာပဲ သူတို့နှစ်ယောက်စလုံးက သတိလစ်မေ့မြောသွားရင် ခန္ဓာကိုယ်နှစ်ခုကတော့ ၀မ်သုန့်ရဲ့အိပ်ယာပေါ်ကို ရောက်ရှိသွားခဲ့ပါပြီ။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ကောက်ကျစ်တဲ့အသံက ချက်ချင်းဆိုသလို ထွက်ပေါ်ပါတော့တယ်။
” ကောင်းပြီ ဒီအစ်ကိုကြီးကိုသာ စောင့်ကြည့်နေလိုက် အဓိကအသုံးပြုတဲ့သူနဲ့ ဒုတိယအသုံးပြုတဲ့သူ ကြားမှာကွာခြားချက် ရှိနေခဲ့တယ်…ထိန်းချုပ်တဲ့နေရာကို ရတာကလဲ အားသာချက် ရှိနေတာပဲလေ ၀မ်သုန့်လို့ခေါ်တဲ့ ဒီကောင်စုတ်လေးကို နည်းနည်းလောက်တော့ အခွင့်အရေးယူကြရတာပေါ့ ”
ဟို့ယွိဟောင်ရဲ့ လက်ချောင်းထိပ်တွေကနေ ရေခဲပြာရောင်အပ်ချည်ကြိုးလိုအရာတွေက ထွက်ပေါ်လို့လာရင်း ၀မ်သုန့်ရဲ့ခန္ဓာကိုယ်နဲ့ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလို့သွားပါတော့တယ်။ အကယ်၍ အနီးကပ်ကြည့်မယ်ဆိုရင် ဒီအပ်ချည်ကြိုးတွေက ၀ိညာဥ်စွမ်းအားနဲ့ ပြုလုပ်ထားတယ်ဆိုတာကို သိနေရမှာပါ။ ဒါ့အပြင် လုံး၀ကို ဟို့ယွိဟောင်ရဲ့စွမ်းအားလဲ မဟုတ်ဘူး။ သူ့ရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် ၀ိညာဥ်စွမ်းအားကို ဒီလိုပစ္စည်းအဖြစ်ပုံပေါ်လာအောင်လုပ်နိုင်ဖို့အဝေးကြီးလိုပါသေးတယ်။
မကြာခင်အချိန်မှာပဲ ပွေ့ဖက်နေကြတဲ့လူနှစ်ယောက်က ကြီးမားတဲ့ပိုးအိမ်ကြီးတစ်ခုကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပိုးသားတွေထုတ်လွှတ်တဲ့ ပိုးကောင်ကြီးဖြစ်တာကြောင့် ဒီလိုပိုးအိမ်ကိုဖန်တီးတာက သူ့ရဲ့ နဂိုမူလစွမ်းရည်တွေပါပဲ။ လက်ရှိအချိန်မှာ နှစ်ယောက်စလုံးရဲ့ အရှိန်အ၀ါတွေက ပိုးအိမ်ကြီးထဲမှာလုံး၀ကို အပြည့်အ၀ စူးစိုက်လို့နေခဲ့ပါတော့တယ်။ ဒါ့အပြင် သူတို့ရဲ့ခန္ဓာကိုယ်တွေထဲမှာလဲ ဆက်တိုက်ဆိုသလို လှည့်ပတ်လို့နေခဲ့ပါပြီ။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ကျေနပ်၀မ်းမြောက်ပြီ ပီတိဖြာနေတဲ့အသံကြီးက ထွက်ပေါ်လို့လာပြန်ပါတယ်။
” ပြီးသွားပြီ အခုအချိန်ကနေစပြီ သူ့တို့ဘာသာပဲ သူတို့ ဆက်လုပ်ကြပေါ့ ဒီလိုပြီးပြည့်စုံတဲ့ ပေါင်းစည်းမှုက တစ်ရာရာခိုင်းနှုန်းအောင်မြင်တယ်… ဒီလိုမျိုး သိုင်းပညာ၀ိညာဥ်သုံးခုရဲ့ ပေါင်းစည်းမှုနဲ့ဆိုရင် အဲ့ဒီမီးခိုရောင်လိပ်အိုကြီးကို မဖယ်ရှားနိုင်ဘူးလို့ ငါမယုံဘူး….အကယ်၍ မင်းသာ အခွံထဲကထွက်လာဖို့အစွမ်းအစရှိမယ်ဆိုရင် ဒီအစ်ကိုကြီးနဲ့ အချီသုံးရာလောက် တိုက်ခိုက်စမ်းပါ ”
အခန်းက တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားပြန်ပါတယ်။ ကြီးမားတဲ့ပိုးအိမ်ကြီးကသာ ထူးဆန်းတဲ့ အလင်းတန်းတွေနဲ့ တောက်ပပြီကျန်ရစ်နေခဲ့ပါတယ်။ ပိုးအိမ်ကြီးထဲမှာတော့ ၀ိညာဥ်စွမ်းအားပေါင်းစည်းမှုမျိုးမရှိတော့ပဲ လူနှစ်ယောက်ကသာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတော့တာ ရှိနေခဲ့ပါတော့တယ်။
အချိန်တွေက ဖြည်းဖြည်းချင် ကုန်ဆုံးသွားခဲ့ပါပြီ။ ဒီနေ့က ဟို့ယွိဟောင် ငါးကင်မရောင်းတဲ့ ပထမဆုံးနေ့ပါပဲ။
ရှောင်းရှောင်းကတော့ သူတို့နှစ်ယောက်ကို အကြာကြီးစောင့်နေခဲ့ပေမဲ့ ဘယ်သူကမှ ရောက်မလာခဲ့ပါဘူး။ အမျိုးသားကျောင်းတော်သားတွေအနေနဲ့ အမျိုးသမီးတွေရဲ့အဆောင်ကို မ၀င်နိုင်သလို အမျိုးသမီးတွေအနေနဲ့လဲ အမျိုးသားတွေအဆောင်ကို စိတ်ရှိတိုင်းသွားခွင့်မရှိပါဘူး။ နောက်ဆုံးမှာတော့ သူမလဲ သူ့အခန်းသူပြန်ပြီ နားရပါတော့တယ်။
တခြားတစ်ဖက်မှာတော့ ထန်ယာ့က ပေ့ပေ့ကို ငါးကင်သွား၀ယ်ဖို့ သွားစောင့်ခိုင်းပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်မလာတဲ့အတွက် သူတို့လဲ ထူးဆန်းနေခဲ့တယ်။ ဒါ့အပြင် ကျောင်းသားသစ်တွေရဲ့ စာမေးပွဲအကြောင်းကို သူတို့ကြားပါတယ်။
စာမေးပွဲအခြေအနေက နှစ်တိုင်းပြောင်းလဲနေပြီ ဒီနှစ်ရဲ့အခြေအနေက အရမ်းကို ပြင်းထန်နေခဲ့တယ်။ ဒါကြောင့် သူတို့သုံးယောက်ရဲ့အခြေအနေကို သွားပြီတော့တောင်မေးခဲ့ပါတယ်။ ဟို့ယွိဟောင်က သူ့ရဲ့စျေးဆိုင်ကိုတောင် လာမဖွင့်တဲ့အတွက် စာမေးပွဲကြောင့် အရမ်းပင်ပန်းနေတယ်လို့သာ ယူဆလိုက်ကြပါတယ်။ ဒါကြောင့်အများကြီး မတွေးတော့ပဲ သူတို့အခန်းသူတို့ပြန်ပြီ စောင့်ဆိုင်းနေဖို့သာ ဆုံးဖြတ်လိုက်ကြပါတယ်။
ဟို့ယွိဟောင် ရောက်မလာလို့စိတ်ပျက်နေကြတာ သူတစ်ယောက်ထဲမကပါဘူး။ ဒီနေ့ ကျန်းနန်နန်ကလဲ အစောကြီးလာပြီ ငါးကင်၀ယ်ဖို့ တန်းစီးနေခဲ့တာပါ။ စိတ်မကောင်းစွာနဲ့ပဲ သူလည်ပြန်သွားခဲ့ရပါတယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့အတွက် ဒီနေ့အခြေအနေက ဘယ်လောက်အထိ အရေးကြီးနေလဲဆိုတာကိုတော့ ဘယ်သူမှမသိခဲ့ပါဘူး။ သုံးလတိတိ အတန်းဖော်တွေဖြစ်နေပြီတဲ့နောက် သူတို့နှစ်ယောက်ရဲ့အခြေအနေက အတော်လေးကို ပြောင်းလဲနေခဲ့ပါပြီ။
°°°
ပင်လယ်နတ်ဘုရားရေကန်အတွင်းနယ်မြေရဲ့ ရေကန်ဘေးမှာတော့ အစောပိုင်းတုန်းက ကျောင်းသားတွေရဲ့ ပြိုင်ပွဲမှာ ကြီးကြပ်ခဲ့တဲ့ဆရာ၀မ်ယန်တစ်ယောက် ရပ်နေခဲ့ပါတယ်။ သူက အရမ်းကို တလေးတစားနဲ့ ရှိနေခဲ့တယ်။
သူ့ရှေ့မှာကတော့ ဆံပင်တွေရှုပ်ပွနေတဲ့ အဘိုးကြီးတစ်ယောက် ရှိနေခဲ့ပါတယ်။ လက်ရှိအချိန် သူ့ရဲ့ ပုံမှန်ဖြူဖွေးနေတဲ့ ၀တ်ရုံက မီးခိုညိုရောင်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါတယ်။ ဒါ့အပြင် ခြေထောက်တွေကတော့ ရေကန်ထဲမှာ စိမ်ထားခဲ့ပါတယ်။ ညာဘက်လက်မှာတော့ ကြီးမားတဲ့ ဗူးသီးခြောက်ကြီးကို ကိုင်ထားထဲ့တယ်။
ဗူးသီးခြောက်ကြီးက အနီရောင်နဲ့ ခရမ်းရောင်တွေ ရောနှောနေခဲ့ပြီး ဘာနဲ့ပြုလုပ်ထားလဲဆိုတာ မသိရပါဘူး။ ဆက်တိုက်ဆိုသလို တစ်ကျိုက်မော့လိုက်ချိန်မှာတော့ အရက်နံ့က ပြန့်လွှင့်လာခဲ့ပါတယ်။ တခြားလက်တစ်ဖက်မှာတော့ ကြက်ကြော်ကို ကိုင်ထားပြီ ဆက်တိုက်ဆိုသလို စားနေခဲ့ရပါတယ်။ သူက အရက်သောက်လိုက် အစာစားလိုက် လုပ်နေရတာကို အတော်လေး ကျေနပ်နေပုံပါပဲ။
” ရွှမ်လောင် ဒါက ဖြစ်သွားခဲ့တဲ့ကိစ္စတွေပါပဲ အဲ့ဒီကလေးလေးတွေကငယ်သေးပြီ လူသစ်တွေဖြစ်နေခဲ့ပေမဲ့ သူတို့က တကယ်ကို အာရုံစိုက်ဖို့ထိုက်တန်တဲ့သူတွေပါ ”
အပိုင်း ၂၁•၁ ပြီး၏။