Switch Mode

Chapter – 229

ပညာရှင်နှစ်ဦး၏တိုက်ပွဲ

Chapter – 229
“ပညာရှင်နှစ်ဦး၏တိုက်ပွဲ”

စစ်သူကြီးရဲသည်​မကျေမချမ်းဖြင့် –
“ဘယ်လိုဖြစ်တာလဲဟ . . . စုဒင်ဂူ ရှိတဲ့နေရာကြ အရာအားလုံး အဆင်ပြေနေပြီး ငါတို့ကြ ဒုက္ခတွေ့​နေရတယ်။ ကံကြမ္မာက မျက်နှာလိုက်လိုက်တာကွာ . . .”
. . .
ကောင်းကင်ထက်ရှိ ပညာရှင်နှစ်ဦး၏​တိုက်ပွဲသည်​ပြင်းထန်နေဆဲပင်​ဖြစ်​သည်​။
ပညာရှင်​နှစ်​ဦးသည်​အရိပ်နှစ်ခု သဖွယ်​ရှိနေပြီး တစ်ခုမှာ အမည်းရောင်အရိပ်ဖြစ်၍ အခြားတစ်ခုမှာမူ အဖြူရောင်အရိပ် ဖြစ်သည်။ ထိုအရိပ်​နှစ်​ခုသည်​ကောင်းကင်ထက်တွင် သူသေကိုယ်သေ တိုက်ခိုက်လျက် ရှိသည်​။
အနက်ရောင်ဝတ်မိန်းမပျို၏ ဓားမှ​ငွေ​ရောင်​လျှပ်​စီးများ လင်းလက်​လျက်​ရှိသည်​။ ထို့​နောက်​သူ၏ ဓားအား​ဝေ့ယမ်းလိုက်​ပြီး​ရှေ့သို့ တဟုန်​ထိုး​ပြေးသွားကာ တိုက်​ခိုက်​လိုက်​သည်​။ အဖြူရောင်ဝတ် မိန်းမပျိုသည်​လည်း ပျံသန်းလိုက်​ရင်း သူ၏ ဓားအား​ဝေ့ယမ်းလိုက်​သည်​။ ထိုအခါ ဓားမှ အနီရောင်လျှပ်စီးများ ထွက်ပေါ်လာသည်​။ သူတို့ နှစ်ဦးသည်​ကောင်းကင်​ကြီးတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်တော့မည်ဟန်ပင်။
တိုက်ပွဲသည် အလွန်ပြင်းထန်နေသည့်တိုင် နှစ်​ဦး​စလုံး၏ မျက်နှာတွင်​ယောက်​ယက်​ခတ်​နေခြင်း မျိုးမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်​ပင် ရှိနေ​လေသည်​။​ကောင်းကင်​ယံထက်​တွင်​တစ်​ဦးနှင့်​တစ်​ဦး သည်း ကြီးမဲကြီး တိုက်​ခိုက်​လျက်​ရှိသည့်​ထိုမိန်းကေ​လးနှစ်​ဦးသည်​အလွန်​လှပ​ချော​မော​သော မိန်းက​လေးများ ဖြစ်​ကြသည်​။ အဆင်း​ရော အချင်းပါ ပြည့်​စုံသည်​ဟု ဆိုရ​ပေမည်​။
တိုက်​ပွဲသည်​အချိန်​ကြာလာသည်​နှင့်​အမျှ နှစ်​ဦးစလုံး​ခြေကုန်​လက်​ပန်း ကျလာကြသည်​။ စွမ်းအင်ပြန်လည် ပြည့်ဝနှုန်းမှာ မြန်ဆန်သည့်တိုင် စွမ်းအင်ထုတ်လွှတ်မှုက ပို၍များနေသဖြင့် ထိုကဲ့သို့ ဖြစ်​နေခြင်း ဖြစ်​သည်​။
သို့သော် နှစ်ဘက်စလုံး မည်သူမျှ​အရှုံးမပေးချင်ကြပေ။
အဖြူရောင်ဝတ်ဆင်​ထား​သော မိန်းကလေး ရှဲ့ဒန်ယူသည် ချင်းယန်နယ်ပယ်​၏ အလှဘုရင်မဖြစ်​သော ရွှမ်ပိုင်အား ယခင်​က ယှဉ်​နိုင်​စွမ်း မရှိခဲ့​ပေ။ သို့သော် ယခုအခါတွင်မူ သူမအဖို့ အခွင့်အရေး ရလာ​ခဲ့ပြီ ဖြစ်​သည်။​ထို့ပြင် သူတို့ နှစ်​ဦး၏ ဂိုဏ်းများသည် နှစ်ပေါင်းထောင်နှင့်​ချီ၍ ရန်ဘက်များ ဖြစ်ခဲ့ကြသည်​။ ကမ္ဘာ့ရန်ဘက်​များဟုပင် ဆိုနိုင်ေ​ပသည်​။​ထို့ကြောင့် ယခုကဲ့သို့ တစ်​ယောက်​နှင့်​တစ်​ယောက်​အပြတ်​ရှင်း ပစ်​နိုင်​သည့်​အခွင့်အရေးအား နှစ်ယောက်စလုံး လက်လွှတ်အဆုံးရှုံးမခံနိုင်​အောင်​ဖြစ်​နေကြသည်​။
အနက်ရောင်ဝတ်ဆင်​ထား​သော မိန်းကလေး ရွှမ်ပိုင်သည် အသက်​ရှင်​ရန်​အချိန်​သိပ်​မကျန်​တော့​ပေ။ ထို့​ကြောင့်​မ​သေခင်​အချိန်​တွင်​သူမတို့ ဂိုဏ်း၏ အကြီးမားဆုံး ရန်သူဖြစ်​သော ရှဲ့ဒန်​ယူအား အပြတ်​ရှင်းသွားရန်​ကြိုးစား​နေခြင်း ဖြစ်​သည်​။ ထိုကဲ့သို့ အပြတ်​ရှင်းသွားနိုင်​မှသာ ကျန်​ရစ်​ခဲ့မည့်​ဂိုဏ်းရှိ လူများ အသက်​ရှင်​နိုင်​ပေလိမ့်​မည်​။ ထို့​ကြောင့်​ရွှမ်​ပိုင်​သည်​ရှဲ့ဒန်​ယူအား အစွမ်းကုန် တိုက်ခိုက်နေခြင်းပင် ဖြစ်သည်။
အကယ်​၍ ရှဲ့ဒန်ယူ သေဆုံးသွားပါက သူ၏ ဂိုဏ်းအ​နေဖြင့်​ချင်းယန်နယ်ပယ်တွင် အင်​အားယု​တ်​လျော့သွား​ပေလိမ့်​မည်​။ ထိုအခါ ဂိုဏ်း ပြန်​လည်​အင်​အား​တောင့်​တင်းနိုင်​ရေးအတွက်​သာ လုံးပမ်း​နေရမည်​ဖြစ်​သဖြင့်​အခြား​သော ကိစ္စများအား အာရုံစိုက်​နိုင်​တော့မည်​မဟုတ်​ပေ။ အချိန်အတိုင်းအတာ တစ်ခုအထိ ရွှမ်​ပိုင်​၏ ဂိုဏ်းဖြစ်​သော တိမ်မြူခိုးနန်းတော်အား အနှောင့်အယှက်ပေးကြမည် မဟုတ်ချေ။ ရှဲ့ဒန်ယူသာ မရှိ​တော့ပါက သူမတို့၏ ဂိုဏ်းအား အခြားသော အင်အားစုများမှ သိမ်းပိုက်ကောင်း သိမ်းပိုက်ကြပေလိမ့်မည်။ ထိုအခါ တိမ်မြူခိုးနန်းတော်အဖို့ အသက်ရှူချောင်သွားမည်​မှာ​အမှန်​ပင်​ဖြစ်​သည်​။
“ရှဲ့ဒန်ယူ . . . နင်က ငါ့ပြိုင်ဘက် ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးဆိုတာ သိသင့်တယ်။ အညံ့ခံပြီး ငရဲသွားတော့ . . .”
ရွှမ်ပိုင် အေးစက်မာ​ကြော​သော အသံဖြင့်​ပြောလိုက်​သည်​။
“ဟဲဟဲ . . . ငါဆိုတဲ့ ရှဲ့ဒန်ယူက တစ်ဘဝလုံး အပျိုစင်ဘဝကို ထိန်းသိမ်းလာခဲ့တဲ့လူ။ နင့်လို ကောင်လေးငယ်ငယ်လေး တစ်ယောက်ကို မုဒိမ်းကျင့်ချင်တဲ့ မိစ္ဆာမတစ်ယောက်ဆီမှာ ဘာလို့ အညံ့ခံရမှာလဲ . . .”
ရှဲ့ဒန်ယူ ခနဲ့တဲ့တဲ့ဖြင့်​ပင်​ပြန်​ပြောလိုက်သည်။
ရွှမ်​ပိုင်​၏ မျက်​နှာသည်​ရဲခနဲပင်​ဖြစ်​သွားပြီး –
“နင်ကတော့ သေချင်နေပြီပဲ . . .”
“နင်ဘာမှမသိဘဲ ငါ့ကို လာမစွပ်စွဲနဲ့ . . .”
ရှဲ့ဒန်ယူသည်​နှုတ်​ခမ်းတစ်​ချက်​မဲ့လိုက်​ရင်း –
“အနည်းဆုံးတော့ မိန်းကလေးတစ်ယောက်က ကိုယ့်တန်ဖိုးကို ကိုယ်​ဘယ်​လိုထိန်းသိမ်းရမယ်​ဆိုတာ သိသင့်​တယ်​။ ငါက နင့်လို အ​ပေါစားမိန်းမ မဟုတ်ဘူး . . .”
ရှဲ့ဒန်​ယူ၏ စကား​ကြောင့်​ရွှမ်ပိုင်တစ်​ယောက်​ဒေါသအကြီးအကျယ်​ပင်​ထွက်​သွားသည်​။​ရှက်​လည်း ရှက်​မိသွားသည်​။ ထို့​ကြောင့်​အသံကုန်​ခြစ်​၍​ဒေါသတကြီးဖြင့်​ပင်​အော်​ဟစ်​လိုက်​သည်​။ ရွှမ်​ပိုင်​၏​အော်​သံ​ကြောင့်​မော်​တယ်​ကမ္ဘာကြီးတစ်​ခုလုံးပင်​တုန်​ခါသွား​လေသည်​။ သည်းမခံနိုင်​တော့သည့်​အဆုံးတွင်​ရွှမ်​ပိုင်​သည်​သူမ၏ လက်​အား အားကုန်​ဆန့် ထုတ်​လိုက်​သည်​။ ထိုအခါ အင်္ကျီလက်မှ ဝတ်ရုံစ ပြဲသွားပြီး​ဖွေး​ဖွေးဆွတ်​နေ​သော လက်မောင်းသားသည်​အတိုင်းသား ပေါ်သွား​လေသည်​။ လက်မောင်းအရင်းတွင် အနီရောင်အစက်လေးတစ်စက် ရှိနေသည်ကို ရှဲဒန်ယူ မြင်တွေ့လိုက်ရသည်​။
[မှတ်ချက် – အဆိုပါ အနီရောင်အစက်အား အပျိုစင်အမှတ်အသားဟု ခေါ်သည်။ ရှေးအခါက တရုတ်လူမျိုးများသည် လျှို့ဝှက်နည်းလမ်းများဖြင့် မိန်းကလေးများ၏ ကိုယ်ပေါ်တွင် အဆိုပါ အပျိုစင် အမှတ်အသားခေါ် အနီစက်လေးများ ရေးဆွဲပေးထားကြသည်​။ ထိုအနီစက်လေး ရှိနေသမျှကာလပတ်​လုံး အပျိုစစ်သည်ဟု သတ်မှတ်နိုင်ပြီး အပျိုစင် မဟုတ်​တော့ပါက အနီစက်လေး ရှိမနေဘဲ ပျက်သွားမည်သာ ဖြစ်​သည်​]
“ရှဲ့ဒန်ယူ . . . ငါက အပျိုစင်ပဲ ရှိသေးတယ်။ နင့်ရဲ့ မဟုတ်တမ်းတရား စကားလုံးတွေနဲ့ ငါ့ဂုဏ်သိက္ခာကို လာမစော်ကားနဲ့ . . .”
“နင့်လို လူတကာနဲ့ ဖက်လှဲတကင်း ရွချင်တိုင်း ရွနေတဲ့ လူရဲ့ ပါးစပ်ကများ အပျိုစင်ဆိုတဲ့ စကားကို ပြောထွက်သေးတယ် . . .”
ရွှမ်ပိုင် ဒေါသတကြီးဖြင့်​အော်ပြောလိုက်သည်။
ရွှမ်​ပိုင်​၏ တန်​ပြန်​ထိုးနှက်​လိုက်​သည့်​စကား​ကြောင့်​ရှဲ့ဒန်ယူလည်​မကျေမချမ်းပင်​ဖြစ်သွားပြီး သူမ၏ လက်ထဲမှ ဓားအား ရွှမ်​ပိုင်​ထံသို့ ပစ်လွှတ်လိုက်သည်။ ဓားသည် အရှိန်​အဟုန်​အပြည့်​ဖြင့်​ရွှမ်ပိုင်ထံသို့ တဟုန်ထိုး တိုးဝင်သွား​လေသည်​။ တစ်ချိန်တည်းမှာပင် သူမ၏ အင်္ကျီအစသည်လည်း ပြဲသွားပြီး လက်မောင်းမှ အနီရောင်စက်လေး​ပေါ်သွားခဲ့သည်​။
“ချင်းယန်နယ်ပယ်မှာ ကောလဟာလတွေက အမျိုးမျိုးပဲ။ အများစုက ဂျပိုးကို လိပ်​ဖြစ်​အောင်​လုပ်​ပြီး ချဲ့ကား​ပြောထားကြတာ​တွေ။ အဲ့ဒါကို နင့်လို လူတိုင်းလေးစားအားကျရတဲ့ ရွှမ်ပိုင်နတ်သမီးက မျက်စိစုံမှိတ်ပြီး​ယုံလိမ့်မယ် ထင်​ကို မထင်ထားခဲ့မိဘူး။ နောက်ပြီး နင်ကိုယ်တိုင်ကတောင် ငါ့ကို လာပြီး စွပ်စွဲနေသေးတယ်။ နင်က အပျိုစင်ပဲ ထားပါဦး၊ ငါ့ကိုကြ နင့်ထက်ဆိုးမယ်လို့ ဘာကြောင့် ထင်နေရတာလဲ။ အနည်းဆုံးတော့ ငါက ဘယ်ယောကျာ်းလေးရဲ့ အင်္ကျီကိုမှ မချွတ်ဖူးသေးဘူး . . .”
ရွှမ်ပိုင်သည်​အံ့သြမိသွား​သော်​လည်း ရှဲ့ဒန်ယူ၏ စကားများအား လျစ်လျူရှုလိုက်ရင်း –
“ရှဲ့ဒန်ယူ . . . နင်ဒီလောက်ထိ ထိန်းထိန်းသိမ်းသိမ်း နေနိုင်ခဲ့မယ်လို့ မထင်ထားခဲ့ဘူး၊ ချင်းယန်နယ်ပယ်မှာ လူစွမ်းကောင်းတွေ အများကြီးပါ။ ဘာလဲ တစ်ယောက်မှ နင်သဘောမကျဘူးလား . . .”
ရွှမ်​ပိုင်​သည်​ပြော​နေရင်းဖြင့်​လက်ထဲမှ ကိုင်​ဆောင်​သော ဓားအား ဝေ့ယမ်းလျက် ရှိသည်​။​ဝေ့ယမ်းလိုက်​သည့်​အခါတိုင်း ဓားမှ ပန်းပွင့်ပုံစံ အလင်းတန်းများ ထွက်ပေါ်နေပြီး ရှဲ့ဒန်ယူအား ဘက်ပေါင်းစုံမှ တိုက်ခိုက်​ထိုးနှက်လျက် ရှိသည်။
ရှဲ့ဒန်ယူ၏ မျက်လုံးများသည်​အရောင်တဝင်းဝင်းပင်​လက်သွားပြီး သူမ၏လက်ထဲမှ ဓားအား ဝေ့ယမ်း လိုက်သည်။ ထိုအခါ ဓားမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ရုတ်တရက်ဆိုသလိုပင်​ဓားကြီးသည်​အလွန်ကြီးမား၍ ရှည်လျားသွား​လေသည်​။ ထိုဓားကြီးဖြင့်​ရွှမ်ပိုင်၏ တိုက်ခိုက်မှုများအား ပြန်​လည်​၍ ခုခံလိုက်သည်​။
ရှဲ့ဒန်​ယူ၏ တိုက်​ကွက်​သည်​အလွန် အဆင့်မြင့်လှသော တိုက်ကွက်ပင် ဖြစ်ပြီး ဓားသွားရာ လမ်းတစ်လျှောက်တွင်​စွမ်းအင်လှိုင်းများ ထွက်ပေါ်သွားသည်။ ထိုလှိုင်းများသည် အငွေ့များအဖြစ် အရပ်မျက်နှာ အသီးသီးသို့ ပြန့်နှံ့သွားသည်​။
ထို့အပြင် လှုပ်ရှားမှုမှာလည်း မြန်ဆန်၍ တိကျလွန်းလှသည်​။
“ဘာလူစွမ်းကောင်းလဲ . . . အသုံးမကျတဲ့လူတွေ၊ စကြာဝဠာတစ်ခုလုံးမှာ ငါနဲ့ ထိုက်တန်တဲ့ လူဆိုတာ မပေါ်သေးဘူး . . .”
ရှဲ့ဒန်ယူသည် ဟိတ်​ဟန်​အပြည့်​ဖြင့်​ပြောလိုက်​သည်​။ သူမ၏ အသံတွင် ဂုဏ်ယူဝံ့ကြွားသည့်ဟန်မျိုး ပါဝင်လျက်​ရှိသည်​။
ထို့နောက် ရွှမ်ပိုင်အား ကြည့်လိုက်ပြန်ရင်း ခနဲ့တဲ့တဲ့ဖြင့် –
“ငါက နင့်လို မဟုတ်ဘူး။ ဟဲဟဲ . . . နင်က အပျိုစင် ဖြစ်နေသေးပေမယ့်​ငါသာ အသံမပြုရင်​အခုလောက်ဆို အပျိုမဟုတ်လောက်တော့ဘူး။ နင်က မော်တယ်ကမ္ဘာကိုတောင်လာပြီး ကိုယ်နဲ့အိပ်မယ့်​လူ လာရှာတာ တော်တော်တော့ လေးစားစရာပဲ။ လူငယ်လေးတစ်ယောက်ကို နင့်ရဲ့ တိရစ္ဆာန်လို စိတ်ရိုင်းတွေအတွက် အသုံးချတော့မှာလေ ဟားဟား။ ခေါင်းဆောင်ရွှမ် . . . ငါက​တော့ နင့်ကို တော်တော် လေးစားနေမိပြီ . . .”
ပါးစပ်မှ တစ်​ယောက်​တစ်​ခွန်းဖြင့်​အဆက်​မပြတ်​ပြောဆိုနေကြ​သကဲ့သို့ တိုက်ခိုက်မှုများကိုလည်း ဆက်တိုက် လုပ်နေကြဆဲဖြစ်သည်။
“ငါက နင့်ပြိုင်ဘက် မဖြစ်နိုင်ဘူးဆိုတာ အမှန်ပဲ။ ဒီလိုကိစ္စမှာ ငါက နင့်ကို ဘယ်ယှဉ်နိုင်ပါ့မလဲ။ ဒီဘဝမဟုတ်ဘူး၊ နောက်ဘဝရော၊ ဟိုးနောက်ဘဝတွေရော နင့်ကို မီမှာ မဟုတ်ဘူး . . .”
ရှဲ့ဒန်ယူသည် အဆက်မပြတ် ခနဲ့​သော စကားလုံးများဖြင့် ရွှမ်ပိုင်အား ထိုးနှက်နေလေသည်။ ရှဲ့ဒန်ယူသည်​ယောက်ျား​တကာနှင့် ဖက်လှဲတကင်း နေတတ်သည်ဟု ကောလဟာလများ ထွက်ပေါ်နေသည့်တိုင် အပျိုစင်ပင် ဖြစ်နေသေးသည်​။ ရွှမ်ပိုင်သည်​သူ၏ ဘဝတစ်​လျှောက်​လုံး ဂုဏ်သိက္ခာရှိရှိ နေထိုင်လာခဲ့သည့်​အတွက်​နာမည်ဆိုးဖြင့် ကျော်ကြားသော ရှဲ့ဒန်ယူအား အမြဲလိုလိုပင်​အထင်အမြင် သေးခဲ့သည်။
သို့သော် ယခုအခါတွင်​ရှဲ့ဒန်​ယူသည်​ရွှမ်ပိုင်မှ လူငယ်တစ်ဦးအား အင်္ကျီချွတ်နေသည်ကို ကိုယ်တိုင် ကိုယ်ကြ တွေ့သွားခဲ့သည်။​ထို့ကြောင့်ပင် ရွှမ်ပိုင်အား စကားလုံးများဖြင့် ထိုးနှက်၍မဆုံး ဖြစ်နေခြင်းပင် ဖြစ်သည်​။
ရွှမ်ပိုင်သည် ရှဲ့ဒန်ယူ၏ စကားလုံးများကြောင့် မျက်နှာတစ်ခုလုံး ရဲရဲနီလျက် ရှိသည်​။​ဒေါသများသည်​ငယ်​ထိပ်​သို့ပင်​ရောက်​ပြီဖြစ်​သည့်​အတွက်​သူမ၏ ဓားအား ဝေ့ယမ်းလိုက်​ပြီး ပေ ၃၀၀ခန့်​ရှည်သည့် ဓားကြီးတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်​။ ထို့နောက် ဒေါသတကြီးဖြင့် –
“ရှဲ့ဒန်ယူ . . . နင်မသိသေးတာတွေ အများကြီး ရှိသေးတယ်။ ဘာလို့ ဒီလို မဟုတ်တမ်းတရားတွေ ဆက်တိုက် ပြောနေရတာလဲ . . .”
ရှဲ့ဒန်ယူလည်း သူမ၏ လက်မှ ဓားကြီးအား ဝေ့ယမ်းလိုက်​ပြန်​သည်​။ ထိုအခါ ဓားကြီးသည်​တောင်ကြီးသဖွယ် ဖြစ်သွားပြီး ကောင်းကင်ထက်တွင် ထီးထီးကြီး ဖြစ်နေလေသည်။
“နင်က ငါ့ကို အထင်လွဲနေတာလို့ ပြောချင်တာလား။ ငါ့မျက်စိနဲ့ တပ်အပ် မြင်တာနော်။ အဲဒါတောင် လိမ်ချင်နေတုန်းပဲလား။ ဘယ်လိုပဲဖြစ်ဖြစ် နင်က အမြင်တော့ ရှိသားပဲ။ ကောင်လေးက ရုပ်ရည်လေး ရှိတယ်။ အရပ်လေးကလည်းရှည်ပြီး ခန္ဓာကိုယ်ကလည်း ခပ်တောင့်တောင့်ပဲ။ အဲ့ဒီ​ကောင်​လေးရဲ့ မျက်လုံးတွေက ကြည်လင်နေပြီး ယန်စွမ်းအင်အပြည့် ရှိနေပုံရတယ်။ သေချာတာကတော့ သန့်စင်တဲ့ ယန်စွမ်းအင်ပိုင်ရှင် လူပျိုလေးပေါ့။ ဒီလိုအဆင့်နိမ့်ကမ္ဘာမှာ သူ့လိုလူမျိုးက ရှားတယ်။ နောင်တစ်ချိန် ထူးချွန်ထက်မြက်​တဲ့ လူတစ်ယောက် ဖြစ်လာမှာ အသေအချာပဲ။ နင်က တော်တော်ကို အမြင်စူးရှတာပဲ။ လူ​ရွေး​တော်​တဲ့အတွက်​နင့်အတွက် ဝမ်းသာပါတယ် . . .”
ရှဲ့ဒန်ယူသည်​မခိုးမခန့်ပင်​ပြောလိုက်ပါတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset