Chapter – 226
“တွေဝေခြင်း”
အနက်ရောင်ဝတ်ဆင်ထားသော လူသည်ရဲရှောင်၏ အမေးအား ပြန်မဖြေဘဲ ရဲရှောင်အား စူးစိုက်၍သာ ကြည့်လိုက်သည်။ ထို့နောက်ထိုလူ၏ မျက်လုံးများမှ ထူးဆန်းသော အငွေ့အချို့ ထွက်ပေါ်လာခဲ့သည်။ ထို့ပြင်သူ၏ လက်အား မြောက်လိုက်ပြီး ထူးခြား ဆန်းကြယ်ေသာ စွမ်းအားများစွာဖြင့် ရဲရှောင်လှုပ်ရှား၍ မရစေရန်ဖိနှိပ်ထားလိုက်သည်။
ရဲရှောင်အေနဖြင့်ပြင်ဆင်ချိန်ပင်မရလိုက်ချေ။
အနက်ရောင်ဝတ်ဆင်ထားသော မိန်းမပျိုသည် ရှေ့သို့ တိုးလိုက်ပြီး ရဲရှောင်အား အိပ်ရာထက်သို့ လှဲချလိုက်သည်။
ထိုအချိန်တွင် မိန်းမပျို၏ ခန္ဓာကိုယ်သည်လည်း တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်လျက် ရှိသည်။ ထို့နောက်ရဲရှောင်၏ လက်ကောက်ဝတ်အား မရဲတရဲဖင့်ဆုပ်ကိုင်လိုက်ရင်းသွေးကြောများအား စစ်ဆေးကြည့်လိုက်သည်။ ထိုအခါ အချိန်တိုအတွင်း ရဲရှောင်၏ ကိုယ်တွင်းအခြေအနေများအား သိရှိသွားလေသည်။
“ငါသိပြီ . . . ငါတို့ရဲ့ ဝေဒနာကို သူကုနိုင်တယ် ဆိုတာလည်း မထူးဆန်းပါဘူးလေ . . .”
“အရမ်းကို ပြင်းထန်တဲ့ စွမ်းအားတွေနဲ့ ခရမ်းရောင်ချီဓာတ်ပါလား . . .”
“ထင်ထားတဲ့အတိုင်းပဲ၊ ရှေ့ဖြစ်ဟော နိမ်ိတ်ထဲက လူက ပေါ်လာပြီကိုး။ ဒါပေမယ့်ဘာလို့ အခုမှ ပေါ်လာတာလဲ။ ငါ့မှာ အချိန်တစ်လပဲ ကျန်တော့တယ် . . .”
မိန်းမပျိုသည်ခဏတာမျှ တွေဝေ တုံ့ဆိုင်းနေရာမှ သူ၏ စိတ်အား ဒုံးဒုံးချ၍ စိတ်ပိုင်းဖြတ်လိုက်သည်။ ထို့နောက်အံကိုတင်းတင်းကြိတ်၍ ဝတ်ရုံလက်အစအား မတင်လိုက်ပြီး သူ၏ သွယ်လျလှပသော လက်များဖြင့် ရဲရှောင်၏ အင်္ကျီထံသို့ လှမ်းလိုက်လေသည်။
စိတ်လှုပ်ရှားမှုကြောင့်သူမ၏ လက်များသာမက တစ်ကိုယ်လုံးပင်တဆတ်ဆတ် တုန်နေခဲ့သည်။
ကောင်းကင်ထက်ရှိ တိမ်မည်းများကဲ့သို့ပင်သူမ၏ မျက်နှာသည်လည်း ပျက်ယွင်းလျက် ရှိသည်။
အဆင့်မြင့် ပညာရှင်တစ်ဦးဖြစ်သော သူမအဖို့ တစ်ဖက်လူ၏ အဝတ်များအား ချွတ်ရန် အချိန်တစ်စက္ကန့်ပင် မလိုသော်လည်း ယခုအခါတွင်မူ ချီတုံချတုံပင်ဖြစ်နေလေသည်။ ထို့ပြင်သူမ၏ စိတ်ထဲတွင်လည်း အတွေးပေါင်းများစွာဖြင့်လွန်ဆွဲလျက် ရှိသည်။
ထိုအချိန်တွင်ပြတင်းပေါက်မှ တစ်ဆင့်လေပြင်းများသည် မုန်တိုင်းတိုက်နေသကဲ့သို့ပင်ကြမ်းတမ်းစွာဖြင့်ဝင်ရောက်တိုက်ခတ်လာကြသည်။
“တစ်လ . . .”
မိန်းမပျိုသည်ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက်သူမ၏ မျက်ဝန်းများမှ မျက်ရည်များ စီးကျလာကာ –
“ဒီလောက်ထိ အကြာကြီး ရှင်သန်ခဲ့ပြီးမှတော့ ငါသေမှာ အရေးမကြီးပါဘူး။သေမယ်ဆိုလည်းသေပျော်ပါပြီ။ ဒါပေမယ့်ငါသေသွားရင် ငါ့ဂိုဏ်း ဘာဆက်ဖြစ်မလဲ . . .”
“ဒါပေမယ့်. . . ငါ့ရဲ့ အပျိုစင် ဘဝကလည်း . . .”
“နှစ်ပေါင်းမရေမတွက်နိုင်အောင် စောင့်ထိန်းခဲ့တဲ့ ငါ့ရဲ့ အပျိုစင်ဘဝကို သူစိမ်းယောကျာ်း တစ်ယောက်ဆီမှာ ဘယ်လို အဆုံးရှုံးခံရပါ့မလဲ . . .”
“ငါရှေ့ဆက်တိုးသင့်လား၊ နောက်ဆုတ်သင့်လား။ နှစ်ခုစလုံးက မှန်ကန်တဲ့ ရွေးချယ်မှုတွေ ချည်းပဲ။ ဒါပေမယ့်နှစ်ခုစုလုံးကိုလည်း ငါမလုပ်ချင်ဘူး . . .”
မိန်းမပျို၏ မျက်ဝန်းများတွင်ဝေခွဲမရဖြစ်နေသည့်အရိပ်အယောင်များ အထင်းသား ပေါ်လွင်လျက်ရှိသည်။
သူ၏ ပုံစံအား တစ်စုံတစ်ေယာက်မှ မြင်တွေ့သွားမည် ဆိုပါက အလွန်ပင်အံ့သြသွားပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့ ချီတုံချတုံ ဖြစ်နေသည့်သူ၏ ပုံစံအား မည်သူကမျှတွေ့မြင်ခဲ့ဖူးလိမ့်မည်မဟုတ်ပေ။ မိန်းမပျိုသည်တုန်ယင်နေသော လက်များဖြင့်ရဲရှောင်၏ အင်္ကျီကြယ်သီးများအား တစ်လုံးချင်း ချွတ်နေမိသည်။
ရဲရှောင်သည် သတိလစ်နေသဖြင့် ဘာဆိုဘာမှ မသိပေ။ မိန်းမပျို ပြုသမျှ နုရတော့မည့်အနေအထားပင်။
နောက်ဆုံးတွင်မူ ကြယ်သီးများအားလုံး ကျွတ်သွားခဲ့ချေပြီ။ မိန်းမပျိုသည်သူ၏ နူးညံ့သော လက်များဖြင့်ရဲရှောင်၏ ရင်ဘတ်အား ထိတွေ့လိုက်သည်။
ယောကျာ်းတစ်ယောက်၏ အသားအား ထိလိုက်ရ၍ မိန်းမပျိုသည်လျှပ်စီးနှင့်တို့ခံလိုက်ရသလိုပင်ခံစားလိုက်ရသည်။ ထို့ကြောင့်သူမ၏ လက်အား ချက်ချင်းပင်ပြန်ရုတ်လိုက်ပြီး မျက်နှာတစ်ခုလုံးသွေးမရှိတော့သည့်အတိုင်း ဖြူရော်ရော်ပင်ဖြစ်သွားလေသည်။
“ငါ . . .”
မိန်းမပျိုသည်ခြေမကိုင်မိ လက်မကိုင်မိဖြင့်ထိုင်လိုက်ထလိုက်ပင်လုပ်နေရင်း –
“ငါဘာလုပ်ရတော့မလဲ။ ဒီလိုတာဝန်ကြီးက ဘာလို့ ငါ့အပေါ်မှာ ကျလာရတာလဲ၊ ငါ . . . ငါ မလုပ်နိုင်ဘူး . . .”
မိန်းမပျိုသည်ကောင်းကင်ထက်သို့မော့ကြည့်လိုက်သည်။ တိမ်မဲများ တရွေ့ရွေ့ သွားနေသည်ကိုကြည့်ရင်း သူ၏ ပါးပြင်ထက်မှ မျက်ရည်ပေါက်များသည်တလိမ့်ချင်းဖြင့်စီးကျလာလေသည်။
ထိုအချိန်တွင်အပြင်ဘက်မှ ဟားတိုက်ရယ်မောလိုက်သည့်ရယ်သံတစ်ခုအား ကြားလိုက်ရသည်။
“ဟား ဟား . . .”
လေပြင်းများ ဆူညံစွာ တိုက်ခတ်နေသော်လည်း ထိုရယ်သံသည်ကြည်လင်ပြတ်သားစွာဖြင့်ပင်ထွက်ပေါ်လာသည်။
မိန်းမပျိုသည်ချက်ချင်းပင်မတ်တတ်ထရပ်လိုက်သည်။ သူ၏ အကြည့်သူ၏ အပြုအမူများသည်ရက်စက်သွေးအေးသော လူတစ်ယောက်အသွင်သို့ ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။
“နင်ပဲ . . .”
မိန်းမပျိုသည်ခက်ထန်သော အသံဖြင့်ပြောလိုက်သည်။
အပြင်ဘက်မှ လူသည် ခနဲ့တဲ့တဲ့ဖြင့်ပင်ရယ်မောလိုက်ပြန်သည်။ ထိုအသံထဲတွင် အထင်သေးမှု နှင့်ကောက်ကျစ်မှုများ ပါဝင်နေသယောင်ပင်။
ရဲရှောင်၏ အခန်းထဲတွင်ရှိနေသော မိန်းကလေးသည် တစ်မြို့လုံးအား မုန်တိုင်းထန်အောင် ပြုလုပ်ထားသည့်အပြင် ရဲရှောင်၏ အခန်းကိုလည်း ပိတ်ဆို့ထားခဲ့သည်။ သာမန်လူတစ်ဦးအနေဖြင့် မည်သည့်အကြောင်းနှင့်မျှ ယခုနေရာသို့ ရောက်လာနိုင်စရာ အကြောင်းမရှိချေ။
ယခုအခါတွင်မူ အသံပိုင်ရှင်သည်ပြတင်းပေါက်နားသို့ ရောက်လာသည်သာမက သူ၏ ရယ်သံကိုပင် ကောင်းစွာ ကြားနေရသည်။
“လက်စသတ်တော့ ရှဲ့ဒန်ယူ . . . နင်ကိုး . . .”
မိန်းမပျိုသည်တည်ငြိမ်စွာဖြင့်ပင်ပြောလိုက်သည်။
အပြင်ဘက်မှ မိန်းကလေးသည်လည်း ခနဲ့တဲ့တဲ့ အသံမျိုးဖြင့် –
“ငါ တကယ်ပဲ မထင်ထားခဲ့မိဘူး။ ကမ္ဘာကြီးမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ ပြည့်နေတာပါလား ။ ချင်းယန်နယ်ပယ်က နာမည်အကြီးဆုံး ရွှမ်ပိုင်ဆိုတဲ့ နတ်သမီးဆီမှာ ဒီလို အကျင့်မျိုး ဝါသနာမျိုး ရှိမယ်လို့ ထင်ကို မထင်ထားခဲ့မိဘူး။ တော်တော်ကို အံ့ဩစရာပဲ။ ဟဲဟဲ . . . အရင်တုန်းကဆိုရင်မိန်းမတွေကို မုဒိမ်းကျင့်တဲ့ ယောကျာ်းမျိုးကို လူယုတ်မာတွေလို့ သတ်မှတ်ခဲ့ကြတယ်။ ဒါပေမယ့် အခုလိုယောကျာ်းတစ်ယောက်ကို မုဒိမ်းကျင့်တဲ့ မိန်းမကိုတော့ ငါတစ်ခါမှ မကြားလည်း မကြားဖူးခဲ့ဘူး မမြင်လည်း မမြင်ဖူးခဲ့ဘူး။အမျိုးသမီးမုဒိမ်းသမား ဆိုတဲ့ စကားက တကယ်ရှိနေတာပါလား . . .”
“မိန်းကလေး ရွှမ် . . . နင်ကတော့ လမ်းသစ်ထွင်လိုက်တာပဲ။ နင်ကိုယ်တိုင် ဒီလိုဖြစ်နေတာ ငါတော့ တော်တော် အထင်ကြီးမိပြီ . . .”
ထို့နောက် ဟက်ဟက်ပက်ပက်ပင်ရယ်မောလိုက်ပြန်ရင်း –
“ကမ္ဘာကြီးတစ်ခုလုံးကိုတောင် အုပ်စိုးနိုင်စွမ်းရှိတဲ့ ရွှမ်ပိုင် နတ်သမီးရဲ့ ဖြူစင်မှုဆိုတာ ဒါလား။ ဟက်ဟက် . . . တော်တော်တော့ ရယ်ရတယ်။ နင်ရွေးတဲ့လူကလည်း အဆင့်နိမ့် ကမ္ဘာက လူချောလေး ပါလား။ ဉာဏ်တော့ တော်တော် ကောင်းတယ်နော်။ နင့်ရဲ့ လုပ်ရပ်ကို လူသိဖို့ဆိုတာ ဘယ်ဖြစ်နိုင်တော့မလဲ . . .”
“ငါတော့ ဒီနေ့ နင့်ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ကြီးကို တွေ့လိုက်ရပြီ ထင်တယ် . . .”
“ဟမ့် . . . နင်က င့ါတစ်ဂိုဏ်းလုံးကို ဖြိုကွဲပြီး ငါတို့ဂိုဏ်းရဲ့ အမွေအနှစ်တွေကို ဖျက်ဆီးခဲ့တယ်။ ငါတို့ရဲ့ မီးတောင် ၁၀၉ ခုလုံးကိုလည်း မီးရှို့ပြီး ပေါက်ကွဲအောင် လုပ်ခဲ့တယ် . . .”
“ရွှမ်ပိုင် . . . နင်က တော်တော်ကို ရက်စက်တာပါလား။ နင်ကြ ဒီမှာ စိတ်အေးလက်အေးနဲ့ မော်တယ်ကမ္ဘာက လူချောလေးနဲ့ ပျော်ပါးတော့မယ်ပေါ့လေ။ နင့်ကိုတော့ တော်တော် အထင်ကြီးသွားမိပြီ . . .”
အပြင်ဘက်မှ မိန်းကလေးသည် သူ၏နှုတ်ခမ်းအား ပြတ်မတတ်ပင်ကိုက်၍ ပြောလိုက်သည်။
ရှဲ့ဒန်ယူ၏ စကားများကြောင့်အခန်းထဲရှိ ရွှမ်ပိုင်သည်ရှက်ရွံ့စိတ်ကြောင့်မျက်နှာတစ်ခုလုံး ရဲရဲနီသွားလေသည်။ သို့သော် အမှန်တရားအား သူမ ဘက်မှ ရှင်းပြနိုင်စွမ်း မရှိချေ။
ရွှမ်ပိုင်သည်ရှဲ့ဒန်ယူအား အလွန်မုန်းတီးသော အကြည့်မျိုးဖြင့်ကြည့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများ ထုတ်လွှတ်လိုက်သည်။ ထိုစွမ်းအင်လှိုင်းများကြောင့်ရွှမ်ပိုင်သည်အခိုးအငွေ့အဖြစ်တဖြည်းဖြည်းပြောင်းလဲသွားပြီးနောက်အခန်းထဲမှ ပျောက်ကွယ်သွားကာ အပြင်ဘက်သို့ေရာက်သွားလေသည်။
“ရှဲ့ဒန်ယူ . . . နင်တို့ ပျက်ဆီးရတယ်ဆိုတာ နင်ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းကြောင့်ပဲ။ အခုလို ငါ့ကို တွေ့သွားမှတော့ ငါမသေခင် နင့်ကို ငရဲပို့ပေးရတော့မှာပေါ့ . . .”
“နင့်ကြောင့် လူတွေ ဘယ်လောက်ထိများ သေခဲ့ရသလဲ။ ဒီနေ့ အဲဒီလူတွေအတွက် နင့်ကို သွေးကြွေး ဆပ်ရမယ် . . .”
“ဟားဟား . . . ရွှမ်ပိုင်. . . နင့်ရဲ့ လျှို့ဝှက်ချက်ကို ငါလျှောက်ပြောမှာ စိုးတာနဲ့ပဲ ငါ့ကို သတ်ချင်နေပြီပေ့ါ။ ကောင်းပြီလေ . . . နင်က ငါ့ကို ငရဲခေါ်သွားမယ် ဆိုပေမယ့်ငါကတော့ မလိုက်ချင်သေးဘူး။ ငရဲဆိုတာ ငါ့နေရာမဟုတ်ဘူး၊ နင့်လိုလူမျိုးရဲ့ နေရာပဲ။ ဒီနေ့မြင်ကွင်းကတော့ ငါ့တစ်သက် မေ့ရတော့မှာကို မဟုတ်ဘူး။ တော်တော်ကို စိတ်ကြွနေပုံပဲ ဟားဟား . . .”
ရှဲ့ဒန်ယူသည် ခနဲ့တဲ့တဲ့ဖြင့်ရယ်မောရင်း ပြောလိုက်ပါတော့သည်။