Chapter – 20.4 ” ခန္ဓာကိုယ်၀ိညာဥ်ရဲ့ လျှို့၀ှက်ချက် ”
°°°
” အား ငါမေ့သွားတာ နောက်တစ်ခေါက်ကြိုးစားကြည့်မယ် ”
ဟို့ယွိဟောင်လဲ ရုတ်တရက်ဆိုသလို ရှက်ရွံ့သွားခဲ့ပြီ ၀မ်သုန့်ကို ပိုပြီး တင်းတင်းကြပ်ကြပ် ဖက်ပါတော့တယ်။
ဒီတစ်ကြိမ်မှာတော့ ၀မ်သုန့်က အနည်းငယ်အသံထွက်လာခဲ့ပါပြီ။ သူ့ကို တွန်းပြစ်ချင်နေခဲ့ပေမဲ့ နောက်ဆုံးမှာ တောင့်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်။ ၀မ်သုန့်က ဟို့ယွိဟောင်ရဲ့ အင်္ကျီအစတွေကိုဆွဲထားရင်း နှုတ်ခမ်းတွေကို တင်းတင်းကြပ်ကြပ် ပိတ်ထားခဲ့တယ်။ သူလဲ အတော်ကို နောင်တရနေပုံပါပဲ။
ဟို့ယွိဟောင်က ၀ိညာဥ်စွမ်းအားကို ဖြည်းဖြည်းချင်းစုစည်းရင်း ၀မ်သုန့်ရဲ့အရှိန်အ၀ါကို အာရုံခံကြည့်ဖို့လုပ်ပါတော့တယ်။ ပထမဆုံးအနေနဲ့ ၀မ်သုန့်ကို ဖက်ထားချိန်မှာ ရရှိခဲ့တဲ့အမွှေးနံ့က ပိုလို့အားကောင်းလာခဲ့ပါပြီ။ ဒါ့အပြင် ၀မ်သုန့်ရဲ့ခန္ဓာကိုယ်က အရမ်းကို နူးညံ့နေခဲ့ပါတယ်။
မကြာခင်အချိန်အတွင်းမှာပဲ စွမ်းအားပေါင်းစည်းမှုကြောင့် သန်မာပြီအားကောင်းတဲ့အပြင် နွေးထွေးတဲ့အရှိန်အ၀ါတစ်ချို့ကို ခံစားလိုက်မိပါတော့တယ်။ အဲ့ဒီအရာက ၀ိညာဥ်စွမ်းအားလှည့်ပတ်မှုနဲ့အတူ ပိုလို့ သက်သောက်သက်သာ ရှိလာခဲ့တယ်။ ဒါ့အပြင် သူ့ကိုပိုပြီး လန့်လာစေတဲ့အရာကတော့ ရုတ်တရက်ဆိုသလို အသက်စွမ်းအားရဲ့ သန်မာမှုက ထပ်မံထွက်ပေါ်လာတာပါပဲ။
၀မ်သုန့်ရဲ့အရှိန်အ၀ါက သုံးကြိမ်သုံးခါတိတိ ပြောင်းလဲလာခဲ့ပါတယ်။ ဒီလိုအပြောင်းအလဲတစ်ခုချင်းဆီတိုင်းမှာလဲ ၀မ်သုန့်နဲ့ပိုမို နီးကပ်လာတယ်လို့ ခံစားမိတယ်။ နောက်ဆုံးအရှိန်အ၀ါပြောင်းလဲမှုမှာတော့ သူ့ရဲ့၀ိညာဥ်စွမ်းအားက အံ့ဩစရာကောင်းလောက်အောင်ပဲ ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ လှည့်ပတ်မှုလမ်းကြောင်းတွေကိုသွားပြီ တိုက်မိပါတော့တယ်။
ဒါကြီးက ဟို့ယွိဟောင်မျက်လုံးပြူးသွားပါတယ်။ ၀မ်သုန့်လဲ လန့်နေခဲ့တယ်။ ဟို့ယွိဟောင် သူ့ကို ဖက်ထားတဲ့အချိန်မှာ ရွှေရောင်အလင်းတန်းတစ်ခုက သူအရေပြားရဲ့မျက်နှာပြင်ပေါ်မှာ ပေါ်လာခဲ့ပါပြီ။ အဲ့ဒီနောက် ရွှေရောင်နဲ့အပြာရောင်စပ်ထားတဲ့ အလင်းတန်းအဖြစ် ပြောင်းလဲသွားခဲ့ရင်း နောက်ဆုံးမှာတော့ မှောင်မိုက်တဲ့ရွှေရောင်အဖြစ်ကို ပြောင်းလဲလို့သွားပါတော့တယ်။ ဒီအလင်းတန်းက သုံးကြိမ်တိတိ ပြောင်းလဲပြီတဲ့နောက် ထူးဆန်းတဲ့ ပေါင်းစည်းမှုက ဖြစ်ပေါ်လာခဲ့ရင်း ဟို့ယွိဟောင်လဲ သူ့ရဲ့အရှိန်အ၀ါပြောင်းလဲသွားတာကို ခံစားလိုက်မိပါတယ်။
အဆုံးသတ်မှာ ၀မ်သုန့်က ဟို့ယွိဟောင်ထက် ပိုပြီးအတွေ့အကြုံရှိတဲ့လူပါ ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့ခန္ဓာကိုယ်အရှိန်အ၀ါကို ခံစားနေချိန်မှာ ၀မ်သုန့်ကလဲ ဆက်တိုက်ဆိုသလို စူးစမ်းလေ့လာနေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အလင်းတန်းပေါ်လာတာကို သူရှာတွေ့လိုက်တယ်။ ပထမအဆုံးအနေနဲ့ မှိန်ဖျော့တဲ့အဖြူရောင်အလင်းတန်းက နူးညံ့ပြီ ခိုင်မာပါတယ်။ ဒါ့အပြင် ပုံသဏ္ဍာန်ပြောင်းနိုင်မဲ့ပုံစံလဲ ရှိနေခဲ့တယ်။ အဖြူရောင်အရှိန်အ၀ါက မဖော်ပြနိုင်လောက်အောင် နွေးထွေးနူးညံ့ပြီ အိပ်ငိုက်စေတဲ့အငွေ့အသက်မျိုး ရှိနေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ အရှိန်အ၀ါက သူ့ရဲ့ကိုယ်ပိုင်အရှိန်အ၀ါနဲ့ နှစ်ခုကသဟဇာတအဖြစ် လှည့်ပတ်လို့နေခဲ့ပါပြီ။
အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲမှာ အရှိန်အ၀ါက နောက်တစ်ကြိမ် ထပ်ပြီးပြောင်းလဲပြန်ပါတယ်။ နူးညံ့ပြီ ခိုင်မာတဲ့ အရှိန်အ၀ါက အေးစက်လွန်းလှပြီ ခန္ဓာကိုယ်အပြင်ဘက်ဆီကို အေးစက်မှုက လျှံထွက်လာခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအေးစက်မှုက အသက်စွမ်းအင်တွေ အဆုံးမဲ့အောင်ပါ၀င်နေခဲ့ပြီ ၀မ်သုန့်ခန္ဓာကိုယ်ရဲ့ အသက်စွမ်းအားနဲ့ ပြီးပြည့်စုံအောင် ပေါင်းစည်းလို့သွားခဲ့ပါတယ်။ ဒီလိုအသက်စွမ်းအားမျိုးက သာမန်လောကကြီးမှာ ရှာတွေ့နိုင်တဲ့ အရာမဟုတ်ပါဘူး။ ထာ၀ရမကုန်ဆုံးနိုင်တဲ့ ရှေးရှေးခေတ်ရဲ့ သီးခြားအေးစက်မှုလိုမျိုး ဖြစ်တည်နေခဲ့ပြီ အသက်စွမ်းအားရဲ့ အဆုံးမဲ့တဲ့ ပေါင်းစည်းမှုကလဲ သူတို့နှစ်ယောက်ရဲ့ အရှိန်အ၀ါတွေကို ပိုပြီး သဟဇာတဖြစ်လာစေခဲ့ပါတယ်။
၀မ်သုန့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အလင်းတန်းက ရွှေရောင်တောက်တောက်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ ရေခဲပြာရောင်အလင်းတန်းကလဲ မီးခိုရောင်အဖြစ်ကို ပြောင်းလဲသွားပါတယ်။
ဒီမီးခိုရောင်က အရမ်းကို မှိန်ဖျော့နေခဲ့တယ်။ ဒါပေမယ့် ၀မ်သုန့်ရဲ့ လန့်စရာကောင်းလောက်အောင်ပဲ သူ့ရဲ့ခိုင်မာတည်မြဲမှုကတော့ ၀မ်သုန့် ခန္ဓာကိုယ်ပေါ်မှာရှိနေခဲ့တဲ့ ရွှေရောင်ထက်အများကြီး ပိုသာလွန်နေခဲ့ပါတယ်။
အမှန်ပါပဲ ဟို့ယွိဟောင် ခန္ဓာကိုယ်ပေါ်မှာရှိနေခဲ့တဲ့ အရှိန်အ၀ါက သုံးကြိမ်တိတိ ပြောင်းလဲလို့သွားခဲ့ရင်း နောက်ဆုံးမှာတော့ သူ့ရဲ့အရှိန်အ၀ါနဲ့ ပြီးပြည့်စုံအောင် ပေါင်းစည်းလို့သွားပါတော့တယ်။
၀မ်သုန့်ရဲ့လက်တွေက ဟို့ယွိဟောင်ရဲ့အင်္ကျီကို ဆုပ်ထားထားရာကနေ ဖြည်းဖြည်းချင်းဆိုသလို ပြေလျော့လို့သွားခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့တွေ အာရုံမပြန့်လွှင့်တော့ပါဘူး။ စွမ်းအင်ပေါင်းစည်းမှုထဲမှာ လုံး၀ကိုနစ်မြောသွားပါတော့တယ်။
အရှိန်အ၀ါသုံးခု တိုးတက်ပေါင်းစည်းလာတာနဲ့အမျှ ၀ိညာဥ်စွမ်းအားတွေကလဲ စတင် လှည့်ပတ်လာပါတယ်။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားလှည့်ပတ်မှုက တစ်ခေါက်ထက်တစ်ခေါက် ပိုပြီး မြန်ဆန်လာခဲ့တယ်။ ဒီလိုလှည့်ပတ်မှုရဲ့အရှိန်နှုန်းကလဲ ခန္ဓာကိုယ်အရှိန်အ၀ါတွေကို ဆက်တိုက်ဆိုသလို တိုးတက်လာစေခဲ့ပါတယ်။
မတူညီတဲ့အလင်းတန်းတွေက သူတို့နှစ်ယောက်ဘေးပတ်လည်မှာ ဆက်တိုက်ဆိုသလို လှည့်ပတ်နေခဲ့ရင်း အရမ်းကို မှိန်ဖျော့တဲ့ အရောင်တွေနဲ့အတူတူ လွှင့်မျောလို့နေခဲ့ပါပြီ။
ဒီအဆင့်က ဘာကိုဆိုလိုမှန်း ဘယ်သူမှနားမလည်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့တွေ အေးအေးဆေးဆေး တစ်ယောက်နဲ့တစ်ယောက် ဖက်ထားရုံနဲ့တင် အံ့ဩစရာကောင်းလောက်အောင် စွမ်းအင်အပြောင်းအလဲဖြစ်နေတာကိုတော့ ခံစားမိပါတယ်။
ဟို့ယွိဟောင်ရော ၀မ်သုန့်ရော သူတို့ရဲ့ ခန္ဓာကိုယ်ပေါင်းစည်းမှုက အတော်လေးအံ့ဩစရာကောင်းတယ်လို့ ခံစားမိနေခဲ့ပါတယ်။ ဒါ့အပြင် ၀ိညာဥ်တွေကလဲ ပိုမိုမြင့်မားတဲ့ နယ်ပယ်တစ်ခုကို ရောက်ရှိသွားသလိုပါပဲ။ သက်သောက်သက်သာဖြစ်တဲ့ ခံစားချက်က ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ ပေါ်လာပါတော့တယ်။ အရမ်းကို သူရင်းနှီးနေတဲ့အသံက ရုတ်တရက်ဆိုသလို ထွက်ပေါ်လာခဲ့ပါပြီ။
” မင်းရဲ့ကံက ဒီလောက်တောင်ကောင်းတယ်လား မဖြစ်နိုင်လိုက်တာ ”
ဒီအသံက ဟို့ယွိဟောင်ကို မျက်လုံးပြူးသွားစေခဲ့ပါတယ်။ ဒါ့အပြင် ထူးဆန်းတဲ့ ခံစားချက်ထဲနစ်မြောရာကနေ ရုတ်တရက်အသိပြန်၀င်လာခဲ့တယ်။ သူ့ရဲ့အသိစိတ်က ဖက်ထားရာကနေ ထွက်ခွာလာချင်ပါပြီ။
ဒါပေမယ့် အဲ့ဒီအသံက ရုတ်တရက် သူ့ကို သတိပေးပါတယ်။
” သူ့ကိုဆက်ပြီးဖက်ထားစမ်း ငတုံးကောင် ”
ဟို့ယွိဟောင်လဲ နောက်တစ်ကြိမ် ပိုပြီး တင်းတင်းကြပ်ကြပ် ဖက်လိုက်ပါတယ်။ ဒီအသံကို သူကိုယ်သူထက်တောင် ပိုယုံကြည်ပါသေးတယ်။ အဆုံးမဲ့အောင် အကြွင်းမဲ့ယုံကြည်ထားတဲ့သူကတော့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကလွဲပြီ တခြားသူဖြစ်နိုင်ပါ့မလား။
အမှန်ပါပဲ လပေါင်းများစွာကြာအောင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့တဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ သူတို့နှစ်ယောက်ကြောင့် နိုးလာခဲ့ပါပြီ။
ဒါပေမယ့် တခဏတာကြာပြီချိန်မှာပဲ ဟို့ယွိဟောင်ရဲ့စိတ်ထဲကို အသံတစ်သံက ထွက်ပေါ်လာခဲ့ပါတယ်။
” အခုကနေစပြီ ငါရဲ့ညွှန်ကြားချက်အတိုင်း ဆက်လုပ်တော့ မင်းတကယ်ပဲ မင်းရဲ့စွမ်းအားနဲ့ လိုက်လျောညီထွေးဖြစ်မဲ့သူကို ရှာတွေ့မယ်လို့ ငါထင်တောင်မထင်ထားခဲ့မိဘူး…ဒီအစ်ကိုကြီးလဲ တကယ်နားမလည်နိုင်ဖြစ်မိတယ်…မဟုတ်ဘူး ဒါက လက်တွေ့ကျကျပြောရမယ်ဆို လုံး၀မဖြစ်နိုင်တဲ့အရာပဲ ဒါပေမယ့် ဖြစ်လာခဲ့ပြီလေလေ ဒီတော့ အရမ်းကိုကံကောင်းတယ်လို့ ပြောရတော့မှာပေါ့ အခွင့်အရေးကို အမိအရယူလိုက်စမ်း မင်းတို့နှစ်ယောက်ကို အဆုံးမဲ့အောင်တောက်ပတဲ့ အနာဂတ် ငါဖန်တီပေးမယ် ”
ဟို့ယွိဟောင်လဲ ရုတ်တရက်ဆိုသလို စိတ်ထဲမှာ တွေးလိုက်မိပါတယ်။
” အစ်ကိုကြီးကောင်းကင်အိပ်မက် ဘာပြောချင်တာလဲ ၀မ်သုန့်ရဲ့အရှိန်အ၀ါက ကျွန်တော်နဲ့ ပေါင်းစည်းလို့ရတယ်လို့ ပြောနေတာလား ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ဖြေလာခဲ့ပါတယ်။
” ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် မင်းတို့ရဲ့ လက်ရှိအခြေအနေက လူသားတွေကြားမှာ လက်ထပ်ထားတဲ့ စုံတွဲတစ်တွဲလိုပဲ တစ်နည်းအားဖြစ်ပြောရမယ်ဆို ငါတို့မှာ ရေရှိတယ် ယန်ရှိတယ်….ရေစွမ်းအားနဲ့ ယန်စွမ်းအားနှစ်ခုက မင်းတို့နှစ်ယောက်အတွက်ဆိုရင် လုံး၀ကို တစ်ထပ်ထဲ ထပ်တူကြနေခဲ့တယ်လေ…သူတို့တွေသာ အပြည့်အ၀ ပေါင်းစည်းသွားခဲ့ရင်း ရေနဲ့ယန်ရဲ့ လိုက်ဖက်ညီတဲ့ခန္ဓာကိုယ်ကလဲ ဖြစ်ပေါ်လာလိမ့်မယ်….ရလဒ်အနေနဲ့ အဆုံးမဲ့အောင် များပြားတဲ့စွမ်းအင်တွေကို မင်းထုတ်လွှတ်နိုင်ပြီ ဒါကိုလူသားတွေက သိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှု ခေါ်ကြတာပဲ နောက်တစ်နည်းပြောရမယ်ဆိုရင် မင်းရဲ့သိုင်းပညာ၀ိညာဥ်နဲ့ အဲ့ဒီကောင်ရဲ့ သိုင်းပညာ၀ိညာဥ်တို့က ပွေ့ဖက်လိုက်တာနဲ့တင် ပြီးပြည့်စုံအောင် သဟဇာတဖြစ်နေတယ်…ဒါ့အပြင် သိုင်းပညာ၀ိညာဥ်ရဲ့ ပေါင်းစည်းမှုမှာ မတူညီတဲ့အဆင့်တွေရှိတယ်…ယျေဘူယအရပြောရမယ်ဆိုရင် ဒီလိုပေါင်းစည်းမှုက ငါးဆယ်ရာခိုင်းနှုန်းလောက်ပဲ အောင်မြင်နိုင်ချေရှိနိုင်တယ်..ဒါပေမယ့် မင်းတို့နှစ်ယောက်ကတော့ တစ်ရာရာခိုင်းနှုန်းလုံးလုံး ပေါင်းစည်းလို့ရနိုင်ချေရှိနေပြီ ဒါတင်မကဘူး ငါအစ်ကိုကြီးတောင် လန့်သွားရတဲ့အရာက မင်းတို့နှစ်ယောက်မှာ ပေါင်းစည်းနေတဲ့ သိုင်းပညာ၀ိညာဥ်က သုံးခုတောင်ရှိနေတာပဲ လုံး၀ကို အံ့ဩစရာကောင်းလိုက်တာ မထင်မှတ်ထားစရာကောင်းလိုက်တာ ”
” သိုင်းပညာ၀ိညာဥ်သုံးခုပေါင်းစည်းနေတာလား ”
ဟို့ယွိဟောင် နားမလည်နိုင်မှုအပြည့်နဲ့ မေးလာခဲ့ပါတယ်။
” ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၀မ်သုန့်မှာက သိုင်းပညာ၀ိညာဥ်တစ်ခုပဲ ရှိတယ်…အဲ့ဒါက တောက်ပရောင်စဥ်သိုင်းပညာနတ်မိမယ်လေ ကျွန်တော်မှာနှစ်ခုပဲရှိတယ်…ဒါ့အပြင် ကျွန်တော်ရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်ကိုတောင် မဆုံးဖြတ်ရသေးဘူး ‘”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က မကျေမနပ်နဲ့ ပြောလာခဲ့ပါတယ်။
” သူက သူ့မှာသိုင်းပညာ၀ိညာဥ်တွေ ရှိနေတယ်လို့ မင်းကို ပြောတော့မှာပဲ မဟုတ်လား အကယ်၍ ငါသာ ဆိုရင်ကော ဒီအကြောင်းကို ပြောကိုပြောနေမှာ မဟုတ်ဘူး…မင်းကတော့မဆိုးဘူးလေ မင်းမှာမူလသိုင်းပညာ၀ိညာဥ်တစ်ခုရှိတယ်..ငါက မင်းကို ရေခဲသိုင်းပညာ၀ိညာဥ်တစ်ခု ပေးမယ်…ဒါဆိုရင် နှစ်ခုဖြစ်သွားပြီ ဒါပေမယ့် ဟိုမီးခိုရောင်ဘောလုံးအသေးလေးကို မင်းမှတ်မိတယ်မလား အဲ့ဒီခန့်မှန်းလို့မရအောင် နက်ရှိုင်းနေတဲ့ကောင်စုတ်လေ သူကြည့်ရတာ အားနည်းတဲ့ပုံပေါ်ပေမဲ့ အထင်မသေးလိုက်လေနဲ့ ငါအဲ့ဒီကောင်အကြောင်းတွေးနေတာ အချိန်အကြာကြီးရှိပြီ ဒါပေမယ့် အခုအချိန်ထိ မ၀ါးမြိုနိုင်သေးဘူး…ထူးဆန်းလွန်တဲ့ သိုင်းပညာ၀ိညာဥ်ဆီကနေ လာနေတဲ့အကြောင်းတော့ ငါမမျှော်လင့်ပဲ သိလိုက်ရတယ်..ငါ့လိုအစ်ကိုကြီးရဲ့ နှစ်ပေါင်းသန်းနဲ့ချီအောင် ကြာရှည်နေတဲ့အတွေအကြုံနဲ့အောင် ဒီကောင်လုပ်နေတာကို မထိုးဖောက်နိုင်ဘူး…သူက ၀ိညာဥ်စက်ကွင်းတစ်ခုကို ရအောင် မလုပ်နိုင်ပေမဲ့ ဒီ၀ိညာဥ်ရဲ့ အတွင်းစွမ်းအားကတော့ ငါထက်တောင်ပိုပြီး ကြောက်စရာကောင်းသေးတယ်…ဘာကြီးဖြစ်လာမလဲဆိုတာ တွေးတောင်မတွေးတတ်ဘူး..ဒါပေမယ့် အဲ့ဒီသိုင်းပညာ၀ိညာဥ်ကို သေချာကြည့်မယ်ဆိုရင် မင်းအခုဖက်ထားတဲ့ကောင်လေးနဲ့ အတော်လေး ပေါင်းစည်းလို့ရတဲ့ပုံပဲ မဟုတ်ရင် ဒီအစ်ကိုကြီး ဘာဖြစ်လို့အံ့ဩနေရမှာလဲ ”
ဟို့ယွိဟောင်က အထိတ်တလန့်နဲ့ ပြောလာလိုက်ပါတယ်။
” အစ်ကိုကြီး ဒီလိုပြောလာပြီဆိုတော့ ၀မ်သုန့်မှာလဲ သိုင်းပညာ၀ိညာဥ်သုံးခုတောင် ရှိနေတာလား ”
အပိုင်း ၂၀•၄ ပြီး၏။