Chapter – 218
“သိက္ခာဆိုတာဘာလဲ”
ရဲရှောင်တစ်ယောက်နားမလည်နိုင်အောင်ဖြစ်နေရင်း –
“ငါတကယ်ကို နားမလည်နိုင်တော့ဘူး။ ဒါက မြင့်မြတ်တဲ့ အလုပ်လား၊ ရူးမိုက်တဲ့ အလုပ်လား၊ ဒါမှမဟုတ် ချီးကျူးခံချင်လို့များလား . . .”
ဝမ်ရမ်ချူးချူးသည်မျက်မှောင်ကြုတ်လိုက်ရင်း –
“ရှင်ပြောတာတွေက ကျိုးကြောင်းဆီလျော်မှုတော့ ရှိပါတယ်။ ဒါပေမယ့်တော်တော်ကြီးတော့ လွဲနေသေးတယ်။ တစ်ခါတလေကြတော့ ယောကျာ်းတွေက မိန်းမတွေရဲ့ ခံယူချက်၊ ကိုယ်ကျင့်သိက္ခာ နဲ့ စိတ်သဘောထားတွေကို နားမလည်နိုင်ကြဘူး . . .”
ရဲရှောင်လည်း ခနဲ့တဲ့တဲ့ဖြင့် –
“ငါနားမလည်ဘူးလေ။ မိန်းမတွေကရော ယောကျာ်းတွေရဲ့ စိတ်ကို နားလည်လို့လား။ မင်းက လှတပတလေး ရှိတာနဲ့ပဲ ယောကျာ်းတိုင်းကို ညစ်ညမ်းတဲ့ အတွေးအခေါ်တွေ ရှိနေနိုင်တယ်လို့ ထင်နေတာလား။ မင်းစိတ်ထဲ မင်းကလှတော့ မင်းကို လူတိုင်း လိုချင်နေမယ်လို့ ထင်နေတာလား . . .”
ရဲရှောင်၏ စကားကြောင့် ဝမ်ရမ်ချူးချူးသည်အနည်းငယ်ရှက်ရွံ့သွားဟန်ဖြင့် ခေါင်းငုံ့လိုက်ရင်း –
“မဟုတ်လို့လား . . .”
ရဲရှောင် ဟက်ဟက်ပက်ပက်ပင်ရယ်မောလိုက်ရင်း –
“ဘယ်က ဟုတ်ရမှာလဲကွ . . .”
“ကမ္ဘာပေါ်မှာ မိန်းမကောင်းတွေထက်ကို ပိုပြီး ကောင်းတဲ့ ဂုဏ်သိက္ခာရှိတဲ့ ယောကျာ်းတွေ အများကြီး ရှိတယ် . . .”
ရဲရှောင် ခပ်ပြတ်ပြတ်ပင်ပြောလိုက်သည်။
ထိုအချက်အား ဝမ်ရမ်ချူးချူး၏ စိတ်ထဲတွင်လက်မခံနိုင် ဖြစ်နေလေသည်။ သို့သော် သူမအနေဖြင့်ရဲရှောင်စိတ်ဆိုးသွားမည်ကို စိုးရိမ်သဖြင့်ပြိုင်ငြင်းမနေတော့ပေ။
ရဲရှောင်သည်တစ်ချက်ပြုံးလိုက်ရင်း –
“ယောကျာ်းတိုင်း လှတဲ့ မိန်းကလေးဆို သဘောကျကြတယ်။ မိန်းမလှလှလေးတွေကို မြင်ရင်စိတ်ထဲ ပိုင်ဆိုင်ချင်တဲ့စိတ် ဖြစ်သွားကြတယ်။ အဲ့ဒါက ပုံမှန်ပဲ။ ဒါပေမယ့်မင်းတို့မိန်းမတွေဘက်က မီးစိမ်းမပြရင် ဘယ်သူကများ စော်ကားရဲမှာလဲ။သောက်တဲ့ရေကိုတော့ ဘယ်သူမှခြေမဆေးရဲဘူး။ ရှင်းရှင်းပြောရရင် ငါတို့ယောကျာ်းတွေအတွက်က မိန်းမတွေဆိုတာ အကုန်အတူတူပဲ။ ဆောင်ကြာမြိုင်လို နေရာမျိုးမှာဆိုရင်ပုံစံအမျိုးမျိုးရှိတဲ့ မိန်းကလေးတိုင်းနဲ့ ပျော်ပါးလို့ရတယ် . . .”
ဝမ်ရမ်ချူးချူး၏ မျက်နှာသည်ရဲခနဲပင်ဖြစ်သွားပြီး –
“နောင်ကြီးဖန် . . . ရှင့်စကားတွေ ဘောင်ကျော်မလာပါနဲ့ . . .”
ရဲရှောင်လည်း ဂရုမစိုက်ဘဲ –
“မင်းတို့က မင်းတို့ရဲ့ အပျိုစင်ဘဝကို တန်ဖိုးထားတယ်။ အဲ့ဒီ ခံယူချက်က ကောင်းတယ် ထားလိုက်ပါတော့။ ဒါပေမယ့် ဆောင်ကြာမြိုင်က မိန်းမတွေကိုသာမျက်နှာအုပ်ထားပြီးယောက်ျားတွေနဲ့ နေခိုင်းကြည့်လိုက်။ ငါတို့ယောက်ျားေတွအတွက် ဘာမှ ကွာခြားမှု မရှိဘူး။ ပျိုတယ်အိုတယ်ဆိုတာ အလကား။ အချိန်တန်တော့လည်း ဒါက ဒါပဲ . . .”
အမှန်တကယ်တွင်မူ ရဲရှောင်သည်ဝမ်ရမ်ချုးချုးတို့၏ တစ်ဖက်စွန်းရောက်လွန်းနေသည့်အတွေးများအား ရိုက်ချိုးပစ်ချင်နေမိ၍ ယခုကဲ့သို့ အရွဲ့တိုက်ပြောဆိုနေခြင်း ဖြစ်သည်။
ရဲရှောင်၏ စကားကြောင့်ဝမ်ရမ်ချူးချူး၏ မျက်နှာသည် ရဲခနဲပင်ဖြစ်သွားပြန်သည်။ ရဲရှောင်မှ သူမ၏ ဆရာဖြစ်သူအား ဖျောင်းဖျ ပေးနေခြင်း ဖြစ်သည့်တိုင် ယခုအခါတွင်သူမကိုယ်တိုင်ပင်စိတ်ဆိုးသွားလေသည်။ ထို့ကြောင့်ဒေါသထွက်နေသည့်အသံဖြင့်-
“ဖန်ဇီလင် . . . ရှင့်နည်းနည်းပါးပါးလေး ကိုယ့်သိက္ခာကိုယ်ထိန်းပါဦး။ ရှင်ဒီလို ညစ်ညမ်းတဲ့ စကားတွေ ဆက်ပြောနေမယ်ဆိုရင် ရှင့်ကို သိက္ခာရှိတဲ့လူလို့ သတ်မှတ်လို့ မရတော့ဘူး . . .”
ရဲရှောင်သည်မခိုးမခန့်ပင်ရယ်မောလိ်ုက်ရင်း –
“မင်းအမြင်မှာ ငါက ဘယ်လိုဖြစ်နေသလဲတော့ ငါ မပြောတတ်ဘူး။ အနည်းဆုံးတော့ မင်းဘက်က ငါ့ကို စိတ်ဝင်စားနေရင်တောင် ငါကတော့ မင်းလို ဖြစ်မှာ မဟုတ်ဘူး။ မင်းကို ဖမ်းခေါ်သွားပြီး လက်ထပ်ဖို့ မပြောနဲ့ ငါ့ရဲ့ အစေခံတောင် မဖြစ်စေချင်ဘူး။ မင်းဆီက ငါဘာမှ လိုချင်တာ မရှိဘူးလေ။ မင်းတို့ကသာ ငါ့ဆီက အကူအညီ လိုနေတာ။ ငါက ဘာကိုများ သိက္ခာထိန်းနေရဦးမှာလဲ၊ သိက္ခာဆိုတာ ဘာလဲ . . .”
“ရှင့်ဟာရှင် ဘယ်လိုပဲဖြစ်နေဖြစ်ေန မိန်းကလေး တစ်ယောက်ရှေ့မှာတော့ လူကြီးလူကောင်း ဆန်ဆန် နေသင့်တယ် မဟုတ်ဘူးလား။ အထူးသဖြင့် မိန်းမလှ တစ်ယောက်ရဲ့ အရှေ့မှာပေါ့ . . .”
ဝမ်ရမ်ချူးချူးလည်း ပက်ခနဲပင်ပြန်ပြောလိုက်သည်။
ရဲရှောင်၏ စကားများသည် သူမအဖို့ နားရှက်စရာပင်။
“တော်တော် ရယ်ရတာပဲ . . . မင်းငါပြောတာတွေကို နားမလည်ဘူးလား။ ယောကျာ်းတွေက မိန်းမတိုင်းကို ဘာလို့ နူးနူးညံ့ညံ့ ဆက်ဆံနေရမှာလဲ၊ အထူးသဖြင့် သူ မချစ်တဲ့ မိန်းမတွေကိုဆို ပိုတောင် ဆိုးသေးတယ်။ အဓိပ္ပါယ် မရှိလိုက်တာ။ ကိုယ်မချစ်တဲ့ မိန်းမတွေအတွက်ယောကျာ်းတစ်ယောက်ရဲ့ အပြုအမူက အမြဲတမ်း အတူတူပဲ၊ ဘယ်သူ့ကိုကြ ဘယ်လို ဆက်ဆံတယ်ဆိုတာမျိုး မရှိဘူး . . .”
“မင်းက ဒီလိုပြောလို့ ငါ မင်းကိုမေးပါဦးမယ်။ ယောကျာ်းတစ်ယောက်က မင်းကို နူးနူးညံ့ညံ့နဲ့ ဆက်ဆံရင် မင်းက အဲဒီလူကို လက်ထပ်မှာမို့လို့လား။ မင်းဘယ်လက်ထပ်မလဲ ဟုတ်တယ်မလား။ယောကျာ်းတစ်ယောက်က ခခယယနဲ့ ဆက်ဆံနေရင်ကို မင်းတို့က မာန်တက်ချင်နေကြတာ။ ကြည့်ပါဦး ဒီလူကတော့ ငါ့ကို ဘယ်လို ဂရုတစိုက်နဲ့ ဆက်ဆံတာ ဆိုပြီး . . .”
“အမှန်တကယ်က မင်းကို အဲ့ဒီလို ဆက်ဆံတဲ့ ယောကျာ်း ဆိုရင် အဲဒီလူက မင်းကိုတကယ်တန်ဖိုးထားတဲ့လူ ဖြစ်ရင်ဖြစ်မဖြစ်ရင်အဲ့ဒီလူက မိန်းမကျမ်းကြေနေတဲ့ လူပဲ ဖြစ်ရမယ်။ သူက မင်းအကြိုက်မင်းအလိုက်လုပ်ပြီး မင်းအပေါ် မကောင်းတဲ့စိတ်ပဲ ထားလိမ့်မယ်။ အဲဒီ မကောင်းတဲ့စိတ်ကို ခုနက ငါပြောတဲ့ အချက်တွေနဲ့ သူတို့က ဖုံးကွယ်ထားကြတာကွ . . .”
“ငါပြောတာ ဟုတ်မဟုတ် မင်းစဉ်းစားကြည့်ရင် သိမှာပါ . . .”
ရဲရှောင် ခနဲ့တဲ့တဲ့ဖြင့်ပင်ပြောလိုက်သည်။
“ဒါပေမယ့်ရယ်စရာကောင်းတာက မင်းတို့မိန်းမတွေက အဲဒီလို ယောကျာ်းမျိုးကိုမှ သဘောကျတတ်ကြတယ်။ ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်တဲ့ လူမျိုးဆိုရင် သဘောတွေကို ကျနေရောပဲ။ တကယ့်သရုပ်အမှန် ပေါ်လာကျတဲ့ အချိန်ကြ အဲဒီလူကိုပဲ မင်းတို့က ရိုင်းစိုင်းတယ်လို့ သတ်မှတ်လိုက်ကြပြန်ရော၊ ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်သလဲ ဟားဟား ဟားဟား . . .”
ဝမ်ရမ်ချူးချူးသည် ရဲရှောင်၏ စကားများအား တုန်လှုပ်စွာဖြင့်ပင်နားထောင်ရင်း နှုတ်ဆိတ် နေလေသည်။
ရဲရှောင်ပြောနေသည့် စကားလုံးများသည်နားဝင်မချိုသော်လည်း အမှန်တရားများပင် ဖြစ်သည်။
ယောကျာ်းတစ်ယောက်သည် မိန်းမတစ်ယောက်အပေါ်၌ လိုချင်တပ်မက်မှု တစ်စုံတစ်ရာ မရှိပါက ထိုယောကျာ်းသည် ပုံမှန်အတိုင်းသာ လွတ်လပ်စွာ ဆက်ဆံပေလိမ့်မည်။
ရဲရှောင်၏ သဘောထားသည်လည်း ထိုအတိုင်းပင် ဖြစ်သည်။ အကယ်၍ သူ အမှန်တကယ် ချစ်ခင်နှစ်သက်သည့် မိန်းကလေး တစ်ဦးသာဆိုလျှင် ထိုမိန်းကလေး၏ အာရုံစိုက်မှုအား ရရှိနိုင်ရန်အတွက် အကောင်းဆုံး ကြိုးစား ဆက်ဆံမိပေလိမ့်မည်။
ထိုအချက်သည်ပင်လျှင် ယောကျာ်းနှင့် မိန်းမကြားတွင် ရှိေသာ စည်းတစ်ခုကဲ့သို့ပင်ဖြစ်နေလေသည်။
ရဲရှောင်သည် ဝမ်ရမ်ချူးချူး နှုတ်ဆိတ်နေသည်ကို ကြည့်ရင်း –
“အခု မင်းကလည်း ငါ့ရဲ့ သရုပ်အမှန်ကို သိသွားပြီ။ အဲဒီတော့ ငါ့ကိုလာရှာဖို့ဆိုတာ မခက်တော့ပါဘူး။ အခုတော့ ငါလည်း သွားလိုက်ဦးမယ်။ မင်းတစ်ခုခု လိုအပ်တာရှိရင် လင်းပါအိုခန်းမကို လာခဲ့ပေါ့ . . .”
ထို့နောက် ရဲရှောင်သည်မတ်တတ်ထရပ်လိုက်ရင်း အပြင်သို့ ထွက်သွားခဲ့သည်။
ဝမ်ရမ်ချူးချူးသည်လည်း သက်ပြင်းတစ်ချက်သာ ချလိုက်ရင်း ရဲရှောင်အား မတားဆီးတော့ချေ။
ထိုကဲ့သို့ သက်ပြင်းချလိုက်မိသည့်အကြောင်းအရင်းမှာ ဝမ်းနည်းမှုနှင့် စိတ်ပျက်မှုတို့ ပေါင်းစပ်သွားသောကြောင့်ပင် ဖြစ်သည်။
ရဲရှောင်သည်အပြင်သို့ရောက်လျှင်ခြံဝန်းအတွင်းရှိ သစ်ပင်တစ်ပင်အောက်တွင် ထိုင်နေသော ပိုင်ရှင်းယွဲ့အားတွေ့လိုက်ရသည်။
ပိုင်ရှင်းယွဲ့သည်တစ်စုံတစ်ခုအား စဉ်းစားတွေးတောနေသည့်ပုံစံပင်။
ရဲရှောင်လည်း ပိုင်ရှင်းယွဲ့အား လျစ်လျူရှုထားလိုက်ကာ –
[ငါကတော့ ပြောစရာရှိတာတွေ ပြောပြီးပြီ။ သေသေရှင်ရှင် သူတို့ကိစ္စပဲ။ ငါကတော့ ကျွင့်ယင်းလျန်ကို ဝမ်းမနည်းစေချင်ဘူး။ ဒါပေမယ့်မင်းတို့ကတော့ ငါ့ဘက်က အလင်းပေးနေတာတောင် အမှောင်ဘက်ခြမ်းမှာ ပျော်ပြီး သေချင်တယ်ဆိုလည်း သေကြတော့ပေါ့။ ဒီထက်ပိုပြီး ငါလည်း မကူညီ နိုင်တော့ဘူး။ မင်းတို့ကို ဖမ်းပြီးတော့ မင်းတို့ရဲ့ ရောဂါကို ပျောက်သွားအောင်လည်း ကုပေးလို့မှ မရနိုင်တာ။ လုပ်လည်း လုပ်နိုင်စွမ်း မရှိပါဘူး၊ ရှိနေရင်တောင်လည်း မလုပ်ဘူး . . .]
ရဲရှောင်အား ကြည့်ရင်း ပိုင်ရှင်းယွဲ့တစ်ယောက်ဝေခွဲမရပင်ြဖစ်လျက်ရှိသည်။ သူ့အနေဖြင့်ရဲရှောင်အား တားချင်နေမိသော်လည်းပြောမထွက်ပင်ဖြစ်နေလေသည်။
အရှေ့မှ ပိတ်ရပ်၍ တားဆီးလိုက်ချင်သည့်တိုင် ရှိနေသည့် နေရာမှပင် တစ်ဖဝါးမှ မရွေ့ဖြစ်ခဲ့ချေ။
ရဲရှောင်သည် ခပ်သုတ်သုတ်ပင် လျှောက်သွားပြီးနောက်ခဏအတွင်းပင်ပျောက်ကွယ်သွားသည်။
ခြံဝန်းတစ်ခုလုံး အပ်ကျသံ မကြားရလောက်အောင်ပင်တိတ်ဆိတ်ငြိမ်သက်သွားသည်။
ခဏအကြာတွင် အခန်းထဲမှနေ၍ခြေသံအချို့ ထွက်ပေါ်လာခဲ့သည်။ ဝမ်ရမ်ချူးချူး အခန်းထဲမှ ထွက်လာခြင်း ဖြစ်သည်။ သူမ၏ မျက်နှာသည် အတွေးများဖြင့်ယောက်ယက်ခတ်နေသည့်ပုံစံပင်။
ဆရာတပည့်နှစ်ဦးသည်နှုတ်ဆိတ်လျက်ရပ်နေကြသည်။ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရင်း မည်သည့်စကားမျှ မပြောကြချေ။
အတော်ကြာသည့်အခါမှ နှစ်ဦးစလုံး သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။
“သူပြောသွားတာတွေက အမှန်တွေပဲလား . . .”
ပိုင်ရှင်းယွဲ့သည်ဝမ်ရမ်ချုးချုးအား ကြည့်ရင်း မေးလိုက်သည်။
လူအများနှင့် ပေါင်းသင်းဆက်ဆံသည့် နေရာတွင် ဝမ်ရမ်ချူးချူးသည် သူမထက်ပင်ပို၍ သာလွန်နေသည်ကို ပိုင်ရှင်းယွဲ့ သိနေလေသည်။
“ဟုတ်ပါတယ် . . .”
ဝမ်ရမ်ချူးချူး ခေါင်းညိတ်၍ ပြောလိုက်သည်။
“ဆရာ . . . သူပြောသွားတာတွေက ကြားရတာတော့ နားခါးချင်စရာပဲ။ ဒါပေမယ့်အကုန်လုံးက မှန်နေတော့ ကျွန်မဘက်က ပြန်တောင် မငြင်းနိုင်ခဲ့ဘူး . . .”
ဝမ်ရမ်ချူးချူးသည်ခေါင်းငိုက်စိုက်ချရင်း ပြောလိုက်ပါတော့သည်။