Chapter – 217
“ယုံတမ်းစကားများ”
တိမ်မြူခိုးနန်းတော်အကြောင်း ရှောင်ဧကရာဇ် သိနေခြင်းမှာ သူ၏ ဗဟုသုတ ကြွယ်ဝမှုနှင့် ဆက်စပ်တွေးခေါ်နိုင်စွမ်း ရှိခြင်းတို့ကြောင့်ဖြစ်သည်။ သာမန်ဂိုဏ်းများအဖို့ အခြားဂိုဏ်းတစ်ခု၏ လျှို့ဝှက်ချက်အား သိနိုင်ရန်အတွက် ဆွေစဉ်မျိုးဆက်တိုင် စုံစမ်းရပေလိမ့်မည်။ ရဲရှောင်မှာမူ ချင်းယန်နယ်ပယ်တွင် စိတ်ရှိတိုင်း စိုးမိုးခြယ်လှယ်ဖူးခဲ့သည့်ဧကရာဇ်တစ်ပါး ဖြစ်ခဲ့သောကြောင့်သူမသိသည့် ကိစ္စဟူသည်မှာ ခပ်ရှားရှားပင်။
ရဲရှောင်သည်တည်ငြိမ်စွာဖြင့်-
“မင်းလိုလူမျိုး ဘယ်နှစ်ေယာက်လောက် ရှိလဲ . . .”
“ငါပြောချင်တာက လင်းရှောင်ရေခဲကျင့်စဉ်ကို မင်းလိုနောက်ထပ်ဘယ်နှစ်ေယာက်လောက်များ ကျင့်ကြသေးလဲလို့ . . .”
ဝမ်ရမ်ချူးချူးသည်ပြုံးလိုက်ရင်း –
“လင်းရှောင်ရေခဲကျင့်စဉ်ကို ကျင့်ကြံတဲ့ လူပေါင်းက ၃ ထောင်ကျော်လောက် ရှိမယ်။ ကပ်ဆိုးကြီး ကျလာတော့ ကျွန်မတို့ ဂိုဏ်းက အထိအနာဆုံး ဖြစ်ခဲ့ရတယ်။ ကျွန်မတို့လူ ၇၀၀ လောက်လည်း သေသွားခဲ့ရတယ်လေ။ ဆရာသခင်ကြီး အယောက် ၂၀၀ ကျော်လည်း ကြယ်ကြီးကို ဖယ်ရှားရင်းနဲ့ သေဆုံးခဲ့ကြရတယ်။ တချို့က ကျင့်ကြံမှုတွေ ဆုံးရှုံးခဲ့ကြရတယ်။နောက်ပြီးကျွန်မတို့လို အစွမ်းလျော့ကျသွားတဲ့ လူတွေလည်း အများကြီးပဲ . . .”
ဝမ်ရမ်ချုးချုး၏ မျက်နှာသည် ပြောနေရင်းဖြင့် ဝမ်းနည်းလာသည့်ပုံစံပင်။
“ကပ်ဆိုးကြီးပြီးတော့ ကျွန်မတို့ ဆေးဥယျာဉ်ကြီး ပျက်ဆီးသွားတယ်။ ဥယျာဉ်ကြီး မရှိတော့ရင်ကျွန်မတို့ရဲ့ ရောဂါကို ဘယ်လိုမှ ပြန်ကောင်းအောင် လုပ်နိုင်မှာ မဟုတ်တော့ဘူးလေ။ အဲ့ဒါကြောင့်ကျွန်မတို့ ဂိုဏ်းက လူ ၈၀ ရာခိုင်နှုန်းလောက်နီးပါးက သူတို့ရဲ့ ကျင့်ကြံမှုတွေကို စွန့်လွှတ်ပြီး တခြားကျင့်ကြံမှုတွေကို အစကနေ ပြန်ကျင့်ခဲ့ရတယ်။ အခုဆိုရင် ကျွန်မတို့မှာ လူ ၅၀ တောင် မပြည့်တော့ဘူး။ ကျွန်မတို့ကတော့ လင်းရှောင်ရေခဲကျင့်စဉ်ကို ဆက်ကျင့်နေကြတုန်းပဲ။ ကျွန်မတို့လို ကျန်တဲ့ လူတွေထဲမှာ တချို့ဆရာသခင်တွေနဲ့ သက်ကြီးပိုင်း ခေါင်းဆောင်တွေ ပါကြပေမယ့်သူတို့ရဲ့ ကျင့်ကြံမှုတွေကို ဆက်ပြီး ရှေ့မတိုးနိုင်ကြတော့ဘူးလေ။ အဲဒါကြောင့် ကျွန်မတို့အတွက် အခုအရေးကြီးဆုံးက အသက်ရှင်ဖို့ပဲ။ အခုကစပြီး ဘယ်လောက်ကြာအောင် သူတို့ကို ကာကွယ်ပေးထားရမလဲ မသိတော့ပါဘူး . . .”
ရဲရှောင် မျက်မှောင်ကြုတ်လိုက်ရင်း –
“လူ ၅၀ တောင် မရှိတော့ဘူး ဟုတ်လား . . .”
ဝမ်ရမ်ချူးချူးသည်ဝမ်းနည်းသည့်ဟန်ဖြင့် သက်ပြင်းချလိုက်ရင်း –
“အားဖြည့်ကြာပန်းတွေ မရှိဘဲနဲ့ လင်းရှောင်ရေခဲကျင့်စဉ်ကို ကျင့်တယ်ဆိုတာ ကိုယ့်သေတွင်း ကိုယ်တူးသလိုပဲ။ ကျွန်မတို့သာ အားဖြည့်ကြာပန်းတွေ မရှာနိုင်ဘူးဆိုရင် ကျွန်မတောင်မှ ကျင့်စဉ် ပြောင်းသင့်ရင် ပြောင်းရတော့မှာပဲ။ ဘယ်သူကတော့ အခုလိုမျိုး ပြောင်းချင်ပါ့မလဲ။ လွယ်လွယ်နဲ့ အရှုံးမပေးချင် ကြဘူးလေ . . .”
“ကျွန်မတို့ဂိုဏ်းကတော့ ပြန်ပြီး စည်းလုံးညီညွတ်ဖို့ဆိုတာ မဖြစ်နိုင်လောက်တော့ဘူး။ ဘာလို့လဲဆိုတော့ လင်းရှောင်ရေခဲကျင့်စဉ်ကို ကျင့်တဲ့သူ မရှိတော့ရင်နောက်ပြီး ဆရာသခင်ကြီးတွေသာ သေသွားခဲ့ရင် ကျွန်မတို့ဂိုဏ်းကတော့ ချင်းယန်ရဲ့ အင်အားအကြီးဆုံး ဂိုဏ်းတွေထဲကနေ ဒုတိယတန်းစား ဂိုဏ်းလောက်ကို ဖြစ်သွားတော့မှာ။ အဲဒါဆိုရင် တခြား အနှောင့်အယှက်တွေလည်း ဝင်လာမှာ သေချာသလောက်ပဲ . . .”
“အဲဒီလိုနေ့ ရောက်ရင်တော့ ကျွန်မတို့ဂိုဏ်းလည်း ပြိုကွဲသွားမှာပေါ့ . . .”
ရဲရှောင် မျက်မှောင်ကြုတ်လိုက်ပြန်ရင်း –
“သေချာပေါက် အဲဒီလိုနေ့ ရောက်လာနိုင်မှာပဲ . . .”
ချင်းယန်နယ်ပယ်၏ သမိုင်းကြောင်းအရ ဂိုဏ်းတစ်ခု ပြိုကွဲရခြင်း၏ အကြောင်းအရင်းသည်အင်အားလျော့နည်းသွားခြင်းပင် ဖြစ်သည်။ အင်အားယုတ်လျော့လာသော ထိုဂိုဏ်းအား အခြားသောဂိုဏ်းများမှ ဖြိုခွဲနိုင်မည်ဟု ယူဆလာကြလျှင် ထိုဂိုဏ်း၏ မဟာမိတ် ဂိုဏ်းများကပင် ချက်ချင်း ရှောင်ဖယ်သွားနိုင်လေသည်။
ထိုကဲ့သို့ ဂိုဏ်းတစ်ခြုပိုကွဲသွားသည့်အခါ ထိုဂိုဏ်း ပိုင်ဆိုင်သမျှ သယံဇာတ အရင်းအမြစ်များ အားလုံးသည် အခြားဂိုဏ်း၏ လက်ဝယ်သို့ ရောက်ရှိသွားပေလိမ့်မည်။ ထိုပိုင်ဆိုင်ရသည့် ဂိုဏ်းသည်လည်း ယခင်ကထက်ပင်ပို၍ အင်အားတောင့်တင်းသွားမည်မှာသေချာပေါက်ပင်ဖြစ်သည်။
ထိုကဲ့သို့သော အခွင့်အရေးအား မည်သူကမျှ လက်လွတ်ခံချင်လိမ့်မည် မဟုတ်ချေ။
ကိုယ်ကျင့်သိက္ခာ၊ တရားမျှတမှု စသည့် အရာများသည် လောဘနှင့်ယှဉ်လာလျှင် အသုံးဝင်တော့မည် မဟုတ်ပေ။
ရဲရှောင်သည်တည်ငြိမ်စွာဖြင့်ပင်-
“မင်းတို့လူတွေ အားလုံးသာ မင်းဆရာလို သဘောထားမျိုး ရှိပြီး တခြားလူအတွက် စတေးခံချင်နေမယ်ဆိုရင် ဘယ်နှစ်ေယာက်များ စတေးခံနိုင်တော့မှာ မို့လို့လဲ . . .”
ရဲရှောင်၏ စကားကြောင့် ပိုင်ရှင်းယွဲ့ တုန်လှုပ်သွားသည်။
“ဒါပေမယ့်အဲ့ဒီလိုမှ မလုပ်ရင်လည်း ကျွန်မတို့ဂိုဏ်းက ဘယ်လိုလုပ်တည်တံ့တော့မှာလဲ။ ကျွန်မတို့ရဲ့ ကံကိုက ဆိုးရွားလွန်းနေတာပါ . . .”
ဝမ်ရမ်ချူးချူးသည်ညိုးငယ်သော မျက်နှာထားဖြင့်ပြောလိုက်သည်။
ဆရာဖြစ်သူမှ သူမအတွက်သူ့ကိုယ်သူ စတေးခံမည့် အခြေအနေကိုလည်း ဝမ်ရမ်ချုးချုးတစ်ယောက်လက်မခံချင်ေပ။ ထို့ပြင်ရဲရှောင်မှ သူတို့ဂိုဏ်းရှိ လူများသည်တစ်ယောက်အပေါ်တွင်တစ်ယောက်ငဲ့ညှာ၍ စတေးပေးနေသည့်လုပ်ရပ်သည်မှားယွင်းနေသည့်အကြောင်းထောက်ပြလာသည့်အခါတွင်လည်း ဝမ်ရမ်ချုးချုးသည်ဘူးခံ၍ ငြင်းဆန်နေမိသည်။
“အကောင်းဆုံးနည်းကတော့ လူတိုင်း အကောင်းဆုံး ကြိုးစားကြဖို့ပဲ။ လူတိုင်း ဘယ်သူမဆို အသက်ရှင်ချင်ကြတယ်။ ဒါဆို ကိုယ်အသက်ရှင်ဖို့အတွက် ကိုယ့်ဟာကိုယ် ကြိုးစားရမှာပေါ့ . . .”
ရဲရှောင် ပြတ်သားသည့် လေသံဖြင့် ပြောလိုက်သည်။
“ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်တည်မှုက လူဘယ်လောက် စတေးခံရလဲ ဆိုတဲ့အပေါ် မူမတည်ဘူး၊ လူတိုင်း ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ကြိုးစားပြင်ဆင်တဲ့အပေါ်မှာပဲ မူတည်တယ် . . .”
“မင်းပြောသလိုပဲ မင်းတို့အတွက် ကံက ဆိုးလွန်းပါတယ်ပဲ ထားဦး။ ဒါဆိုလည်း မင်းမလုပ်ရဲတဲ့ ဟာမှန်သမျှ စမ်းလုပ်ကြည့်ဖို့ ကြိုးစားသင့်တာပေါ့။နောက်ဆုံး အသက်ရှင်ဖို့အတွက်မြက်ပင်တစ်ပင်ပဲ လှမ်းဆွဲရ လှမ်းဆွဲရ မမီမီရာ ဆွဲရမှာပဲ . . .”
“တခြားလူတစ်ယောက်အတွက် ကိုယ့်အသက်ကို စွန့်လွှတ်ပေးတယ်ဆိုတာ မြင့်မြတ်တဲ့ အလုပ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့်ဘယ်သူကပဲ စွန့်လွှတ် စွန့်လွှတ်ဘယ်သူကပဲ စတေးခံပေး ခံပေး ဘယ်လိုပဲဖြစ်ဖြစ်မင်းတို့ဂိုဏ်းအတွက်ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုပဲလေ။ အဲ့ဒါက အမှန်တရားပဲကွ . . .”
“မင်းတို့တွေ တစ်ယောက်ပြီးတစ်ယောက် စတေးရင်း နောက်ဆုံးမှာ တစ်ယောက်ပဲ ကျန်တယ် ထားပါတော့ အဲဒီတစ်ယောက်ကရော ဘယ်သူ့အတွက် စတေးဦးမှာလဲ . . .”
“အခုဆို ငါ့ရဲ့ အစွမ်းအစနဲ့ မှင်ရောင်အားဖြည့် ကြာပန်းပင်တွေ လုပ်နိုင်မယ်။ အခုနေ ငါ့အဆင့်က နိမ့်နေရင်တောင် ငါတို့တွေ အတူတူ ပူးပေါင်းပြီး ကြိုးစားမယ်ဆိုရင်၊နောက်ပြီး မင်းတို့ဂိုဏ်း အထောက်အပံ့နဲ့ ငါ့ရဲ့ အစွမ်းနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် မင်းအတွက်တော့ သေချာပေါက် ကြာပန်းတွေ ရလာမှာပဲ။ အနည်းဆုံးတော့ မင်းတစ်ယောက်ကတော့ အချိန်တိုအတွင်း တိုးတက်လာမှာ သေချာတယ် . . .”
“ငါသာ အခုထက်ပိုပြီး အစွမ်းအစ ရှိလာမယ်ဆိုရင် ကျောက်စိမ်းအားဖြည့် ကြာပန်းတင် မဟုတ်ဘူး၊ အသက်ဝင်အားဖြည့် ကြာပန်းကိုပါ လုပ်နိုင်မယ်။ နောက်ဆုံး ရှင်းရှင်းပြောမယ်ကွာ ရွှေကြာပန်းတောင် လုပ်နိုင်ဦးမယ်။ အချိန်တစ်ခုပဲ လိုတာ၊ ငါအခု ပြောနေတာတွေက ရွှီးနေတာတွေ တစ်ခုမှ မပါဘူးနော် . . .”
“မင်းအတွက် အရေးကြီးတဲ့ အဆင့်တွေ မရောက်ခင် အချိန်ထိတော့ ငါ့လက်ရှိ အစွမ်းအစနဲ့ ကောင်းကောင်း အထောက်အပံ့ ပေးနိုင်ပါသေးတယ်။ မင်းရဲ့ သွေးကြောတွေ ခဲခဲနေတာကိုလည်း ပြန်ကုပေးနိုင်တယ်။ ငါတို့ဘက်က စိတ်ရှည်ရှည်ပဲ စောင့်ရမှာ။ မင်းရဲ့ ကျင့်ကြံမှုတွေကိုလည်း စွန့်လွှတ်နေစရာ မလိုဘူး။ ပုံမှန်အတိုင်း နေပြီး လုပ်သင့်တာ လုပ်နေရုံပဲ . . .”
“ဒီလို အခြေအနေမျိုး ရှိနေတာတောင် မြင့်မြတ်တဲ့ စိတ်ထား ရှိချင်နေတာနဲ့ပဲ မင်းတို့ကိုယ်မင်းတို့ သိပ်ပြီး စတေးခံချင်နေကြတာကတော့ တော်တော် ရူးမိုက်တဲ့အလုပ်ပဲ . . .”
ရဲရှောင်၏ နှုတ်မှ မနားတမ်းပင်ပြောလိုက်သည်။
“ငါ့ကတော့ အဲ့ဒီလို ရူးမိုက်နေတဲ့လူတွေ အသက်ရှင်နေမယ့်အစား သေသွားတာကမှ ကောင်းသေးတယ်လို့တောင် တွေးမိတယ် . . .”
ဝမ်ရမ်ချူးချူးသည် ရဲရှောင်၏ စကားများအား ပါးစပ်အဟောင်းသားဖြင့် နားထောင်နေရင်း စိတ်ထဲတွင်လည်းနားလည်သွားခဲ့သည်။
[ဖန်ဇီလင် ဒီလိုပြောနေတာက ငါ့ဆရာကို လွယ်လွယ်နဲ့ အရှုံးမပေးချင်အောင်ပြောချင်နေတာပဲ ဖြစ်မယ် . . .]
“နောင်ကြီးဖန် . . . ရှင်မသိသေးတာ ရှိသေးတယ်။ ကျွန်မတို့ဂိုဏ်းရဲ့ ကျင့်စဉ်တွေ အထူးသဖြင့် ဒီလင်းရှောင်ရေခဲကျင့်စဉ်ပေါ့၊ ဒီကျင့်စဉ်ကို ကျင့်ကြံတဲ့လူက စိတ်ရောလူရော သန့်ရှင်းစင်ကြယ်နေဖို့ လိုတယ် . . .”
“ကျင့်ကြံသူက သူရဲ့အပျိုစင်ဘဝကို ဆုံးရှုံးသွားတာပဲဖြစ်ဖြစ် စိတ်ယိမ်းယိုင်သွားတာပဲ ဖြစ်ဖြစ် အဲဒီလိုသာ ဖြစ်သွားရင် ဘယ်တော့မှ အဆင့်တက်နိုင်မှာမဟုတ်ေတာ့ဘူး . . .”
“စောက်အဓိပ္ပါယ် မရှိလိုက်တာ . . .”
ရဲရှောင် မဲ့ပြုံးပြုံးလျက် ပြောလိုက်သည်။
“အဲ့ဒီစကားတွေက မင်းတို့ဂိုဏ်းက ယောကျာ်းတွေကို မုန်းတီးနေတဲ့ အဘွားကြီးတွေ လျှောက်ပြောခဲ့တဲ့ ယုံတမ်းစကားတွေကွ။ သူတို့တွေ အင်အားကြီးလာတာနဲ့ ယောကျာ်းသားတွေ အားလုံးကိုတောင် အပေါ်စီးက ကြည့်နိုင်ပြီလေ။ အဲဒါကြောင့် ဂိုဏ်းဝင်တွေကိုလည်း ယောကျာ်းတွေနဲ့ ရောရောနှောနှော မဖြစ်အောင် တမင်လျှောက်ပြောခဲ့တာ၊ တော်တော်တော့ ရယ်စရာကောင်းသား . . .”
“နောက်ဆုံး မင်းတို့ကျင့်စဉ်ရဲ့ ချို့ယွင်းချက်ကြောင့် ခံစားရတဲ့ ဝေဒနာ ရှိနေရင်တောင် ငါ့ရဲ့ အစွမ်းနဲ့ ဖယ်ရှားပစ်ပေးနိုင်တာပဲဟာ၊ နောက်ပြီး ငါ့ရဲ့စွမ်းအင် မင်းကိုယ်ထဲ ဝင်သွားတာနဲ့ မင်းရဲ့အပျိုစင်ဘဝကို ဆုံးရှုံးလိုက်ရလို့လား၊ သွေးကြောထဲ စွမ်းအင်တွေထည့်လိုက်တာနဲ့ ကိုယ်ဝန် ရှိသွားမှာ မို့လို့လား။ ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်တဲ့ ဟာသလဲ။ မင်းတို့ရဲ့ စည်းမျဉ်းကြီးက ပိုပြီးတော့တောင် ရယ်စရာ ကောင်းသေးတယ်၊ ဘာတဲ့ စိတ်ယိမ်းယိုင်သွားရင် ဟုတ်လား ဟားဟား . . .”
“ငါတို့နှစ်ယောက်စလုံး စိတ်ထဲ ဘာမှမထားဘဲ ရောဂါကုတဲ့ အပေါ်မှာပဲ အာရုံစိုက်ထားလိုက်ရင် ဘာများ စိတ်ယိမ်းယိုင်စရာ ရှိဦးမှာလဲ . . .”
“မင်းတို့တွေ ကြမ္မာဆိုးနဲ့လည်း ကြုံခဲ့ရပြီးပြီ။ အခု အခွင့်အရေး ရလာပြီ၊ မင်းတို့ဂိုဏ်းကြီး နှစ်ပေါင်း ထောင်နဲ့ချီ တည်တံ့နိုင်တော့မယ့်အခွင့်အရေးနော်၊ အဲဒါတောင်မှ မင်းစိတ်ထဲမှာ မင်းပြောပြောနေတဲ့ အပျိုစင်ဘဝဆိုတာချည်းက သိပ်ပြီး အရေးကြီးနေတုန်းပဲလား . . .”
ရဲရှောင် အားမလိုအားမရဟန်ဖြင့် ပြောလိုက်ပါတော့သည်။