Chapter – 20.3 ” ခန္ဓာကိုယ်၀ိညာဥ်ရဲ့ လျှို့၀ှက်ချက် ”
°°°
ဟို့ယွိဟောင်က သူ့နှုတ်ခမ်းပေါ်မှာ လက်တစ်ချောင်းကိုတင်ရင်း ပြောလာခဲ့ပါတယ်။
” အသံကိုတိုးလိုက်စမ်းပါဦး တခြားသူတွေ ဒီကိစ္စကို မသိစေနဲ့ ငါမင်းကို ငါ့ရဲ့ အကြီးမားဆုံးလျှို့၀ှက်ချက်အကြောင်း ပြောပြပြီးပြီ ”
ပြောရမယ်ဆိုရင် ဟို့ယွိဟောင်က လိမ်နေတာမဟုတ်ရပါဘူး။ အမှန်တရားအပြည့်အ၀ မဟုတ်သေးပေမဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်လိုမျိုးကိစ္စကတော့ အတော်လေး လန့်နေစရာကောင်းနေခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ သူ့ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုနဲ့ ပတ်သက်ပြီ သင့်တော်တဲ့ ရှင်းပြချက်တစ်ခုကို သူရှာတွေ့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်က အတော်လေး စိတ်သက်သာရာရသွားခဲ့ပါတယ်။ သူကျောင်းတော်ထဲမှာ သင်ယူတဲ့အချိန် နောက်ထပ် စာမေးပွဲတွေ အများကြီးကို ထပ်ဖြေရမယ်မှန်း သူသိနေခဲ့တယ်။ ဒီစာမေးပွဲတွေကို ဖြေဖို့အတွက်ဆိုရင် သူ့ရဲ့ စိတ်၀ိညာဥ်ထိတ်လန့်မှုကို ဖုံးကွယ်ထားလို့ရနိုင်မှာမဟုတ်ပါဘူး။ အနှေးနဲ့အမြန် ဖြေရှင်းချက်ပေးရမှာပါ။ ဒါ့အပြင် ၀မ်သုန့်ကို ထုတ်ပြလိုက်တဲ့ အကြောင်းအရာကလဲ အတော်လေးကို သင့်တော်နေခဲ့ပါတယ်။
၀မ်သုန့်ကတော့ အထိတ်တလန့်နဲ့ မေးလာခဲ့ပါတယ်။
” ခန္ဓာကိုယ်၀ိညာဥ်တစ်ခုက အဲ့ဒီလောက်တောင် မိုက်တယ်လား သူက အဆင့်ဆင့်တိုးတက်ရင်းနဲ့ နောက်ထပ် စွမ်းရည်အသစ်တစ်ခုကိုတောင် ဖန်တီးနိုင်တယ်ပေါ့ “‘
ဟို့ယွိဟောင်လဲ ခေါင်းကုတ်ရင်းနဲ့ ပြန်ဖြေလာခဲ့ပါတယ်။
” ဘာမှထူးခြားတာ မရှိဘူးလေ မင်းရဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်မှာလဲ ပျံသန်းနိုင်တဲ့ စွမ်းရည်ရှိတယ်မလား ဒါ့အပြင် ပျံသန်းနိုင်တဲ့ ပုံစံကလဲ ကျင့်ကြံတဲ့နှုန်းမြင့်လာတာနဲ့ ပိုပြီး တိုးတက်လာလိမ့်မယ်…ဒီလိုမူလစွမ်းရည်မျိုးက မင်းရဲ့သိုင်းပညာ၀ိညာဥ်ရဲ့ သဘာ၀အလျောက် ပိုင်ဆိုင်ထားတဲ့ ဘူမေတသင်္ကေလို့ပြောလို့ရမယ်မလား ”
ဟို့ယွိဟောင် ပြောတာကို စဥ်းစားရင်း၀မ်သုန့်က ပြန်ဖြေခဲ့ပါတယ်။
” မဟုတ်ဘူး မတူဘူး မင်းပြောတာမှန်တယ်..ငါ့ရဲ့သိုင်းပညာ၀ိညာဥ်မှာ ပျံသန်းနိုင်တဲ့ စွမ်းရည်ရှိတယ်..ဒါပေမယ့် မင်းရဲ့စွမ်းရည်က မူလစွမ်းရည်မဟုတ်ဘူး အဆင့်ကျော်တိုးတက်ပြီမှ ဖြစ်လာတာလေ ခရမ်းရောင်နတ်ဆိုးမျက်လုံးကို အသုံးပြုလိုက်ရင်း စိတ်၀ိညာဥ်မျက်လုံးကလဲ နောက်ထပ် ပိုပြီးတိုးတက်နိုင်တယ် ..ဒါက ငါ့ရဲ့ သိုင်းပညာ၀ိညာဥ်ယှဥ်လို့မရတဲ့ ကိစ္စပဲ ဒါ့အပြင် တခြားအနာဂတ်မှာ ခရမ်းရောင်နတ်ဆိုးမျက်လုံးကနေ ထပ်ပြီး တိုးတက်နိုင်တဲ့စွမ်းရည်ရှိဦးမှာပဲမလား ”
ဟို့ယွိဟောင်လဲ ရယ်မောရင်းနဲ့ ပြောလာခဲ့ပါတယ်။
“တကယ်တော့ အဲ့ဒါက စွမ်းရည်မဟုတ်ဘူးလေ ပြောရမယ်ဆိုရင် စိတ်၀ိညာဥ်မျက်လုံးက ငါ့ရဲ့ စိတ်၀ိညာဥ်စွမ်းအားကို ဆက်တိုက်တိုးတက်အောင် လုပ်ပေးနေတာပဲ ဖြစ်ရမယ်…တခြားတစ်ဖက်မှာ ငါက ငါ့ရဲ့တိုးတက်လာတဲ့စိတ်၀ိညာဥ်စွမ်းအားကို မျက်လုံးကနေတစ်ဆင့် အသုံးပြုပြီး ခရမ်းရောင်နတ်ဆိုးမျက်လုံးကို ထောက်ပံ့ပေးရုံပဲ ”
၀မ်သုန့်က ခေါင်းညိတ်လိုက်ပါတယ်။
” မင်းပြောချင်တာ ငါနားလည်ပြီ..ဒါက ငါ့ရဲ့၀ိညာဥ်စွမ်းအားကို သန့်စင်ပြီ တိုက်ခိုက်ဖို့ ခုခံဖို့သုံးတာတွေနဲ့ အတူတူပဲ ကွာခြားချက်ကတော့ မင်းရဲ့ စိတ်၀ိညာဥ်စွမ်းအားက သဏ္ဍာန်မဲ့တယ်…မင်းအသုံးပြုတဲ့အချိန်မှာ ထောက်လှမ်းဖို့ပိုခက်ခဲတယ်…၀ိညာဥ်စွမ်းအားကို ဒီလိုမျိုးကံကောင်းတဲ့နည်းလမ်းနဲ့ သုံးလို့ရနိုင်မယ်လို့ ငါထင်တောင်မထင်ထားခဲ့မိဘူး ”
နှလုံးသားက သံသယတွေ ပျောက်ဆုံးတဲ့အချိန်မှာတော့ ၀မ်သုန့်ရဲ့ လှပတဲ့မျက်၀န်းတွေလဲ စိတ်သက်သာရာရတဲ့ပုံစံဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် ပြန်ပြီး စိတ်လှုပ်ရှားနေခဲ့ပါပြီ။
” ယွိဟောင် အမွှာနှစ်ယောက်သုံးလိုက်တဲ့ ၀ိညာဥ်ပေါင်းစည်းစွမ်းရည်က တကယ်အားကောင်းတာပဲ အကယ်၍ သူတို့မှာသာ ၀ိညာဥ်စက်ကွင်းသုံးခုရှိနေရင်း ငါတို့ ရှုံးသွားလောက်ပြီ ၀ိညာဥ်ပေါင်းစည်းတဲ့စွမ်းရည်က အချိန်အကြာကြီးမခံနိုင်ပေမဲ့ အရမ်းကို အားကောင်းလွန်တယ်…မပေါက်ကွဲနိုင်တဲ့စကားတွေ များလွန်တယ်…၀ိညာဥ်ပညာရှင်တွေအတွက်တော့ ထိပ်တန်းစွမ်းရည်တစ်ခုလို့ ပြောရမှာပဲ သူတို့ရဲ့ ၀ိညာဥ်စွမ်းအားက အနာဂတ်မှာပိုပြီး သန်မာလာနိုင်တယ်မလား အကယ်၍ သူတို့သာ အချိန်ကြာကြာပိုပြီးထိန်းထားနိုင်မယ်ဆိုရင် အဆင့်တူတဲ့လူတွေအနေနဲ့ တန်ပြန်တိုက်ခိုက်မှုကို ခက်ခဲလိမ့်မယ်…ငါတို့လဲ ဒီလိုစွမ်းရည်မျိုးရှိရင်ကောင်းမှာပဲ “‘
ဟို့ယွိဟောင်က ရယ်သာရယ်နေခဲ့ပါတယ်။
” မင်းအိပ်မက်မက်မနေနဲ့တော့ ဒီလိုကောင်းတဲ့ကိစ္စက ငါတို့ဆီ ဘယ်လိုလုပ်ဖြစ်မှာလဲ ဆရာပြောတာကို မင်းမှတ်မိတယ်မလား လူတစ်ယောက်ရဲ့သိုင်းပညာ၀ိညာဥ်က ပေါင်းစည်းမှုလုပ်ဖို့အတွက် အရမ်းကိုမြင့်မားဖို့လိုတယ်…ဒါ့အပြင် နယ်မြေကြီးကလဲ နည်းပါးလွန်ပြီ ထွက်ပေါ်လာတဲ့ တစ်ခုချင်းဆီတိုင်းကလဲ ရှားပါးလွန်လှတယ်…အကယ်၍ လူနှစ်ယောက်ရဲ့သိုင်းပညာ၀ိညာဥ်တွေက အရမ်းကို လိုက်လျောညီထွေးဖြစ်ပြီ ပေါင်းစည်းနိုင်နေဦးတော့ နှစ်ဖက်စလုံးမှာ တုန့်ပြန်မှုက ရှိလာမှာပဲ ငါတို့တွေ အတူတူနေလာတာ သုံးလပဲ ရှိသေးတယ်..ငါနဲ့ ဒီလိုပေါင်းစည်းဖို့မင်းမှာ ခံစားချက်တွေရှိနေပြီးလား ငါကတော့ ဘာမှမခံစားရသေးဘူး “‘
ဟို့ယွိဟောင်ပြောလာချိန်မှာ ၀မ်သုန့်က ခေါင်းငုံ့ရင်း အတော်လေး စဥ်းစားနေပုံရပါတယ်။ သူ့မျက်နှာကလဲ အနည်းငယ်နီရဲလို့နေခဲ့ပါပြီ။
” ဘာဖြစ်လို့လဲ ”
ဟို့ယွိဟောင်က နားမလည်တဲ့ပုံစံနဲ့ မေးလာခဲ့ပါတယ်။ ၀မ်သုန့်က စိတ်ဆုံးဖြတ်ချက်ချပြီချိန်မှာ ခေါင်းကိုမော့လာခဲ့တယ်။ ဒါ့အပြင် သူ့မျက်လုံးတွေက ဟို့ယွိဟောင်ကို ထူးထူးဆန်းဆန်းကြီး ကြည့်နေရင်း အလေးအနက်ပြောလာခဲ့ပါတယ်။
” မင်းရဲ့ခန္ဓာကိုယ်လျှို့၀ှက်ချက်အကြောင်းကို ပြောပြီးပြီဆိုမှတော့ ငါလဲ လျှို့၀ှက်ချက်ကို ဖုံးကွယ်မထားသင့်ဘူး..အမှန်တကယ်ကတော့ ငါ့ရဲ့ စွမ်းရည်အစစ်အမှန်နဲ့ စွမ်းအားတွေကို ငါအတော်လေး ဖုံးကွယ်ထားတယ် ”
ဟို့ယွိဟောင်လဲ တစ်ဖန်ပြန်ပြီ အံ့ဩနေခဲ့ရပါပြီ။ ၀မ်သုန့်ရဲ့အင်အားက သူတို့အတွက်တောင် အတော်ကြီးမားနေခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ထုတ်ဖော်ပြသချိန်မှာ အတော်ကို ကြောက်စရာပါပဲ။ ၀မ်သုန့်က ဒုတိယ၀ိညာဥ်စွမ်းရည်ကို ဆယ်ပွဲမှာတစ်ကြိမ်သာ အသုံးပြုခဲ့ပေမဲ့ အဲ့ဒါက ဘယ်လိုအရာလဲဆိုတာ ဘယ်သူမှကောင်းကောင်းမသိခဲ့ပါဘူး။ အဲ့ဒါတောင်မှ သူက စွမ်းရည်ကိုဖုံးကွယ်ထားတယ်လို့ ပြောနေခဲ့ပါသေးတယ်။ ဟို့ယွိဟောင်အနေနဲ့ ဘယ်လိုလုပ်မလန့်ပဲနေနိုင်မှာလဲ။
” ငါ့ရဲခန္ဓာကိုယ်ပေါ်က အရှိန်အ၀ါကို မင်းမခံစားနိုင်ပေမဲ့ မင်းရဲ့အရှိန်အ၀ါက ငါနဲ့ နီးစပ်နေတဲ့ကိစ္စကို ပထမဆုံးစိတ်၀ိညာဥ်မျှဝေမှုလုပ်နေတဲ့အချိန်မှာ ငါခံစားမိတယ် ..ဒါ့အပြင် ငါ့ခန္ဓာကိုယ်အရှိန်အ၀ါက သူများတွေ ထောက်လှမ်းလို့မရနိုင်တဲ့အထိ အပြင်ကိုလွှင့်ထွက်မသွားတာ နောက်ထပ် စွမ်းအားတစ်ခုက တားဆီးထားလို့ပဲ ဒါ့အပြင် အဲ့ဒီလိုတည်ရှိမှုမျိုးကို ခန္ဓာကိုယ်နဲ့ အနီးကပ်ဆက်နွယ်နေမှာပဲ ခံစားကြည့်လို့ရနိုင်မယ်…မင်းစမ်းကြည့်ချင်လား ”
” ခန္ဓာကိုယ်ချင် နီးနီးကပ်ကပ်နဲ့ ဆက်နွယ်နေရမယ်..ဘယ်လောက်နီးကပ်ချင်တာလဲ “‘
ဟို့ယွိဟောင်က နားမလည်တဲ့ပုံစံနဲ့ မေးလာခဲ့ပါတယ်။ ၀မ်သုန့်ကတော့ အတော်လေး စိတ်ပျက်နေပုံပါပဲ။
” ငတုံးကောင် ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ခဏဖက်လိုက်ရုံနဲ့ ပြီးသွားမှာမဟုတ်လား ”
” အား ဟုတ်သားပဲ အစောကြီးကထဲက ဒီလိုပြောမှာပေါ့ ငါတို့တွေ အ၀တ်ချွတ်ဖို့ရော လိုသေးလား ”
ဟို့ယွိဟောင်က အဲ့ဒီအချိန်မှသာ သဘောပေါက်နားလည်သွားပါတော့တယ်။
” မလိုဘူး ”
၀မ်သုန့်က ဟို့ယွိဟောင်ကို မျက်စောင်းထိုးပါတော့တယ်။
” ဒါဆိုလာလေ ”
ဟို့ယွိဟောင်က လက်နှစ်ဖက်ကိုဆန့်တန်းရင်း ၀မ်သုန့်ဆီကို ဖက်ဖို့ရာ ရောက်လာခဲ့ပါတယ်။ တခြားတစ်ဖက်မှာရှိတဲ့ ၀မ်သုန့်ကတော့ ဟို့ယွိဟောင် နီးလာနေတာကို ကြည့်ပြီ တွေဝေနေခဲ့တယ်။ သူ့ခန္ဓာကိုယ်က အတော်လေးကို တောင့်တင်းနေခဲ့ပါပြီ။ ဒါ့အပြင် ထူးခြားတဲ့ပုံစံအနေအထားကို ၀င်ရောက်သွားသလိုပါပဲ။
ဟို့ယွိဟောင်က ၀မ်သုန့်ကို အေးအေးဆေးဆေးသာ ဖက်လိုက်ပါတယ်။ သူ့အနေနဲ့ ကြည့်ရမယ်ဆိုရင် သူငယ်ချင်းတွေ အချင်းချင်းတစ်ယောက်နဲ့တစ်ယောက် ဖက်တာက ပုံမှန်ပဲမဟုတ်လား။ ဒါပေမယ့် တကယ်တမ်း ၀မ်သုန့်ကို ဖက်လိုက်ချိန်မှာတော့ လုံး၀ကို ပြောင်းလဲသွားပါတော့တယ်။
ရုတ်တရက်ဆိုသလို သူတို့တွေ ပထမဆုံးတိုက်ခိုက်ခဲ့တဲ့အချိန်ကို ပြန်လည်သတိရသွားပါတော့တယ်။ အဲ့ဒီအချိန်တုန်းက ကိစ္စတွေက ခေါင်းထဲကို နောက်တစ်ကြိမ် ပြန်လည်၀င်ရောက်လာခဲ့ပါတော့တယ်။ ၀မ်သုန့်ခန္ဓာကိုယ်က အတော်ကို တောင့်တင်းကြံ့ခိုင်ပြီ သူထက်တောင် သန်မာလိမ့်မယ်လို့တောင် တွေးထားခဲ့တာပါ။ သူတို့တွေက ခန္ဓာကိုယ်နဲ့ ၀ိညာဥ်စွမ်းအားကို ပြင်းပြင်းထန်ထန် နေ့စဥ်နေ့တိုင်းလေ့ကျင့်နေတဲ့၀ိညာဥ်ပညာရှင်တွေ ဖြစ်တာကြောင့်ပါပဲ။
ဒါပေမယ့် ၀မ်သုန့်ကို သူဖက်လိုက်ချိန်မှာတော့ လုံး၀ကို ထင်ထားတာထက် ကွာခြားနေခဲ့တယ်။ ဒီလိုနူးညံ့မှုမျိုးက အရိုးထဲအထိတောင် နူးညံ့နေတဲ့အရာမျိုးပါ။ ဒါ့အပြင် မွှေးရနံ့ကလဲ ခပ်သင်းသင်းလေးနဲ့ နှာခေါင်းထဲကို ၀င်ရောက်လာခဲ့ပါတယ်။
သူတို့တွေက ရက်အတူတူရှိနေခဲ့တဲ့အတွက် ဟို့ယွိဟောင်ဖက်လိုက်ချိန်မှာ သူတို့မျက်နှာတွေကလဲ တစ်တန်းထဲ ရှိနေခဲ့ပါတယ်။ သူ့ရဲ့မေ့စေ့က ၀မ်သုန့်ရဲ့ လည်ပင်းပေါ်မှာ ရှိနေခဲ့ပြီ ချောမွေ့တဲ့ခံစားချက်က သူ့စိတ်ကိုတောင် တူန်လှုပ်သွားခဲ့တယ်။
ဟို့ယွိဟောင်လဲ သက်ပြင်းချလိုက်ချင်ပေမဲ့ တစ်ခုခုမှားယွင်းနေတာကို ခံစားလိုက်မိပါတယ်။ သူ့အသက်အရွယ်နဲ့ တစ်ချို့နေရာတွေက မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် အများကြီးမစဥ်းစားမိတာပါ။ ၀မ်သုန့်ကို ပွေ့ဖက်ရတာက သူထင်ထားတာထက်တောင် ပိုပြီးသက်သောက်သက်သာ ရှိနေပါသေးတယ်။
” ဘယ်လိုလဲ ”
၀မ်သုန့်က မေးလာခဲ့ပါတယ်။ ဟို့ယွိဟောင်ကို မတွန်းပဲနဲ့ ပြန်ပြီဖက်ထားခဲ့တယ်။ သူခံစားရတဲ့ခံစားချက်ကလဲ ဟို့ယွိဟောင်နဲ့ ကွာခြားနေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကတော့ အရမ်းကို မာကျောပြီ ကြွက်သားတွေပြည့်နေခဲ့တဲ့အပြင် ချွေးနံ့ကလဲ ရှိနေခဲ့ပါသေးတယ်။ ဒီလိုအတွေ့အကြုံက ၀မ်သုန့်ရဲ့မျက်နှာကို နီရဲသွားစေခဲ့ပါပြီ။
” အတော်လေး သက်သောက်သက်သာရှိတယ် ”
ဟို့ယွိဟောင်က သူ့ခံစားရတဲ့အတိုင်းသာ ပြန်ဖြေလိုက်ပါတယ်။ ၀မ်သုန့်ကတော့ ချက်ချင်းဆိုသလို ဒေါသထွက်လာပါတော့တယ်။
” ငတုံးကောင် သက်သောက်သက်သာရှိစေချင်လို့ ဖက်နေတာလား ငါက သိုင်းပညာ၀ိညာဥ်ရဲ့ အရှိန်အ၀ါကို သိရအောင်လုပ်ခိုင်းနေတာလေ ”
အပိုင်း ၂၀•၃ ပြီး၏။