Switch Mode

Chapter – 20.2

" ခန္ဓာကိုယ် ၀ိညာဥ်ရဲ့လျှို့၀ှက်ချက် "

Chapter – 20.2 ” ခန္ဓာကိုယ် ၀ိညာဥ်ရဲ့လျှို့၀ှက်ချက် ”
°°`
” စိတ်၀ိညာဥ်မျက်လုံး မင်းရဲ့ သိုင်းပညာ၀ိညာဥ်က မင်းရဲ့မျက်လုံးတွေလား ”

၀မ်ယန်ရဲ့တုန့်ပြန်မှုက ဟို့ယွိဟောင်ထင်ထားနိုင်တာထက်ကို ပိုပြီး ကျော်လွန်နေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ ရှင်းပြချက်ကိုကြားပြီတဲ့နောက် သူက ထခုန်မတတ်စိတ်လှုပ်ရှားနေခဲ့တယ်။ ဒါ့အပြင် စိတ်လှုပ်ရှားမှုအပြည့်နဲ့တောင် ဟို့ယွိဟောင်ကိုကြည့်နေခဲ့တာပါ။

” ဆရာ၀မ် ဘာဖြစ်လို့လဲ ”

ဟို့ယွိဟောင်က နားမလည်နိုင်မှုအပြည့်နဲ့သာ မေးနေခဲ့ပါတယ်။

၀မ်ယန်က ဟို့ယွိဟောင်ရဲ့ပုခုံးကို သူ့လက်နှစ်ဖက်နဲ့ဖိထားရင်း နောက်တစ်ကြိမ် ထပ်ပြီး မေးလာခဲ့တယ်။

“‘ငါ့ကို အရင်ဖြေ မင်းရဲ့သိုင်းပညာ၀ိဉာဥ်က မင်းရဲ့မျက်လုံးတွေလား ”

ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်ပါတယ်။

၀မ်ယန်က အသက်ပြင်းပြင်းရှုသွင်းရင်းနဲ့ အရမ်းကို စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေခဲ့ပြီး မေးလာခဲ့ပါတယ်။

” မင်းက ခန္ဓာကိုယ်မျိုးနွယ်က လာတာလား ”

ဟို့ယွိဟောင်က ခေါင်းခါလိုက်ပါတယ်။

” ခန္ဓာကိုယ်မျိုးနွယ်လား ဆရာ၀မ် ကျွန်တော်အဲ့ဒါ မကြားဖူးဘူး ”

၀မ်ယန်ရဲ့မျက်လုံးထဲမှာ ပန်းတွေတောင် ပွင့်လာသလိုပါပဲ။ ဟို့ယွိဟောင်ကို ဆွဲထားရာကနေ လွှတ်လာပြီ သူပြောလာခဲ့တယ်။

” အံ့ဩစရာကောင်းလိုက်တာ တကယ်အံ့ဩစရာကောင်းလိုက်တာ ငါတို့ရဲ့ အမျက်ဒေါသကျောင်းတော်မှာ ဒီလိုကံကောင်းပြီ ကောင်းချီးပေးမှုမျိုး ရလာမယ်လို့တောင် ထင်တောင်မထင်ထားခဲ့မိဘူး….အံ့ဩစရာမရှိဘူး မင်းဒီလောက်တောင်မှ ထူးချွန်နေတာ ဘယ်အံ့ဩစရာရှိမလဲ မင်းမှာ အသက်ဆယ့်နှစ်၀ိညာဥ်စက်ကွင်းပဲ ရှိပေမဲ့ ဒီလောက်တောင်အားကောင်းနေတာ ဘယ်လိုလုပ် အံ့ဩစရာရှိမှာလဲ နှမြောစရာကောင်းလိုက်တာ အကယ်၍ မင်းသာ ကျောင်းတော်ထဲကို စောစောကထဲက ၀င်ခဲ့ရင်း မင်းရဲ့ပထမ၀ိညာဥ်စက်ကွင်းကို အများကြီးအားကောင်းတဲ့တစ်ခု ငါရအောင် ရှာပေးမိမှာပဲ ဘယ်လိုပဲဖြစ်ဖြစ် ငါအစွမ်းကုန်ကြိုးစားမိမှာ ”

၀မ်ယန် ဒီလို​ပျော်ရွှင်လှုပ်ရှားနေတာက အတော်လေးကိုကြည့်ရတာ ထူးဆန်းနေပါတယ်။ ဟို့ယွိဟောင်လဲ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ဘက်ကို လှည့်ကြည့်လိုက်မိတယ်။ မာရှောင်ထောင့်ရဲ့ ကျိုးကြောင်းမသင့်တော်တဲ့ တုန့်ပြန်မှုတွေကို သူတို့နှစ်ယောက်က အတူတူကြုံတွေ့ခဲ့ရတာပါ။

ဒါပေမယ့် ဆရာ၀မ်ကတော့ လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်သူနဲ့ တွေ့ကြုံချိန်တုန်းက အတော်လေးကို ပုံမှန်ဖြစ်နေခဲ့တယ်။ ဘာကြောင့်များ ရုတ်တရက်ပြောင်းလဲသွားတာလဲ။ ဟို့ယွိဟောင်လဲ ဆရာရှောင်ယာ့နဲ့ သူ့ရဲ့ အစ်ကိုကြီးပြောတဲ့ ဖြစ်ရပ်တွေကို အခုအချိန်မှာ ကိုယ်တိုင်ကြုံတွေ့ရတာပါ။ ကျောင်းတော်ထဲမှာ ထူးဆန်းတဲ့ ကျောင်းသားတွေအများကြီးရှိနေရုံတင်မက ထူးဆန်းနေတဲ့ဆရာတွေလဲ ရှိနေခဲ့ပါသေးတယ်။

၀မ်ယန်က သူ့ကိုယ်သူ စိတ်ငြိမ်အောင် အသက်ရှူသွင်းရှုထုတ်လုပ်နေခဲ့ရင်း နောက်ဆုံးမှာတော့ ပြန်တည်ငြိမ်သွားခဲ့ပါပြီ။

” ကောင်းပြီ ဟို့ယွိဟောင် မင်းတို့တွေ အရင်ဆုံးပြန်ပြီ နားကြတော့ နောက်မှငါမင်းတို့ကို ပြန်လာရှာမယ် “‘

သူပြောပြီတဲ့နောက် ချက်ချင်းဆိုသလို လှည့်ထွက်သွားပါတော့တယ်။

သူထွက်သွားတာကိုကြည့်ရင်း ရှောင်းရှောင်းက ခပ်တိုးတိုးမေးလာခဲ့တယ်။

” အဲ့ဒီဆရာ၀မ် ဦးနှောက်ချောင်နေတာတော့ မဟုတ်လောက်ဘူးမလား ”

ဟို့ယွိဟောင်က မျက်မှောင်ကြုတ်သွားပါတယ်။

” အဲ့ဒီလိုတော့မပြောစမ်းပါနဲ့ ”

၀မ်သုန့်က ဟို့ယွိဟောင်ဘေးကို ရောက်လာရင်း ပြောလာခဲ့တယ်။

” မင်းရဲ့ခန္ဓာကိုယ်၀ိညာဥ်အကြောင်း သူကြားပြီတာနဲ့ ချက်ချင်းဆိုသလို ခုန်ပေါက်နေတာပဲလေ ခန္ဓာကိုယ်၀ိညာဥ်ကို ပိုင်ဆိုင်တဲ့သူတွေက အရမ်းကိုရှားတယ်လို့ငါကြားဖူးတယ်…ဒါပေမယ့် ခန္ဓာကိုယ်မျိုးနွယ်လို့ခေါ်တာကိုတော့ ငါဘယ်တုန်းကမှ မကြားဖူးဘူး ”

ဟို့ယွိဟောင်လဲ ခေါင်းခါလိုက်ပါတယ်။

” မေ့ထားလိုက်တော့ ဆရာ၀မ် ငါ့ကိုလာရှာမယ်လို့ ပြောတာပဲ ငါတို့တွေ ဒီလိုဆက်တိုက်အောင်ပွဲရထားလို့ ကိုယ့်ကိုကိုယ် ဂုဏ်ပြုသင့်တယ်မဟုတ်လား မင်းတို့ကောင်တွေကို ထမင်းစားခန်းမှာ ငါ ထမင်း၀ယ်ကျွေးမယ် ”

ရှောင်းရှောင်းကတော့ အရမ်းကို စားချင်သောက်ချင်စိတ်ပြင်းပြတဲ့ပုံစံ ဖြစ်ပေါ်လာပါတော့တယ်။

” ထမင်းစားခန်းအကြောင်း မေ့ထားလိုက် အတန်းခေါင်းဆောင် ငါမင်းရဲ့ ငါးကင်ကိုမစားဖူးသေးဘူး….ဘာပဲပြောပြော ငါရဲ့ ဒီသေးငယ်တဲ့ ဆုတောင်းလေးကိုတော့ ဖြည့်စည်းပေးပါလား ”

ဟို့ယွိဟောင်ကလဲ ရယ်မောလိုက်ပါတယ်။

” ကိစ္စမရှိဘူး စောသေးတာပဲ ငါတို့အခန်းတွေကိုပြန်ပြီ ခဏနားရအောင် ဒီနေ့ညကျောင်းတော်ရဲ့ ဂိတ်တံခါးမှာတွေ့မယ်…မနက်ဖြန်မှာ အ​ရေးကြီးတဲ့ကိစ္စမရှိတော့ဘူးမလား ဒါဆိုရင် ငါတို့တွေ အေးအေးဆေးဆေးနားပြီ ထုတ်ပယ်တဲ့စာမေးပွဲအတွက် မစခင် အားအင်ပြန်လည် ဖြည့်တင်းပေးရအောင် ”

သူတို့သုံးယောက်က အခန်းကိုပြန်သွားခဲ့ပါတယ်။ ရှောင်းရှောင်းကတော့ အမျိုးသမီးတွေ နေထိုင်တဲ့အပေါ်ထပ်ကို တက်သွားခဲ့ရတယ်။ အဲ့ဒီနေရာက အမျိုးသားတွေလုံး၀ ၀င်ခွင့်မရှိပါဘူး။

ဟို့ယွိဟောင်က ၀မ်သုန့်နောက်ကို လိုက်လာခဲ့ပါတယ်။ ဒါပေမယ့် ၀မ်သုန့်ကတော့ အတော်လေး စဥ်းစဥ်းစားစား ရှိနေတဲ့ပုံပါပဲ။

” ၀မ်သုန့် ဘာတွေတွေးနေတာလဲ ”

ဟို့ယွိဟောင်က ၀မ်သုန့်ကို မေးလာခဲ့ပါတယ်။

၀မ်သုန့်ကတော့ သူ့ဘာသာသူ ပြောနေတဲ့ပုံစံနဲ့သာ ဆက်ပြီးပြောလာခဲ့ပါတယ်။

” ယွိဟောင် ငါတို့ပထမပြိုင်ပွဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စအကြောင်းပြန်တွေးနေတာ ငါဘယ်လိုပဲတွေးတွေး တစ်ခုခုတော့မမှန်သေးဘူး…ငါ့ရဲ့နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းက အရမ်းကို သန်မာနေပေမဲ့ တစ်ဖက်လူက ၀ိညာဥ်ပေါင်းစည်းစွမ်းရည်ကို ထုတ်သုံးထားတာလေ မင်းရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုက သူတို့ရဲ့ ၀ိညာဥ်စွမ်းရည်အထဲအထိ ထောက်လှမ်းနိုင်တယ်ဆိုတာကို ငါခံစားမိတယ်…ဒါပေမယ့် ငါ့နဲ့ မမျှဝေလိုက်ဘူး မျှဝေလိုက်တဲ့အချိန်မှာပဲ သူတို့ရဲ့ ၀ိညာဥ်စွမ်းရည်ကလဲ အနိုင်ယူခံလိုက်တယ်…မင်းတကယ်ဘာလုပ်လိုက်တာလဲ ”

သူဒီလိုပြောလာခဲ့ပြီ ဟို့ယွိဟောင်ကို ကြည့်နေတဲ့အကြည့်တွေက အရမ်းကို တောက်လောင်နေခဲ့ပါတယ်။

ဟို့ယွိဟောင်တောင် နှလုံးခုန်ရပ်မတတ်ဖြစ်သွားခဲ့ရတယ်။ ဒါကို ၀မ်သုန့်ဆီကနေ ဖုံးကွယ်ထားဖို့ခက်မယ်မှန်း သူသိနေခဲ့ပါတယ်။ ၀မ်သုန့်က ဆရာ၀မ်ယန်လို လူနဲ့မတူပါဘူး။ သူတို့နှစ်ယောက်က တစ်ခန်းထဲအိပ်ပြီ အတူတူကျင့်ကြံနေတာ ကြာပြီဖြစ်တာကြောင့် သူတို့နှစ်ယောက်က တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိနေခဲ့ပါတယ်။

ဒါ့အပြင် ၀မ်သုန့်က သူ့ကို ကောင်းကောင်းနားလည်နေခဲ့တယ်။ အကယ်၍ သူသာ အလိမ်အညာတစ်ခုခုကို ပြောလိုက်မယ်ဆိုရင် လမ်းတစ်၀က်မှာတင် ပေါ်သွားခဲ့မှာပါ။ ဒါ့အပြင် ၀မ်သုန့်ကလဲ သူ့ကိုမကျေမနပ် ဖြစ်နိုင်ပါသေးတယ်။

ဟို့ယွိဟောင်ကတော့ ချက်ချင်းပြန်မဖြေနိုင်ပဲ တော်တော်လေး စဥ်းစားနေခဲ့ပါတယ်။

သူ့အတွက် အမှန်ကိုပြောဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါပဲ။ နှစ်တစ်သန်း၀ိညာဥ်စက်ကွင်းရှိနေတဲ့ အရာနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရှိနေတဲ့အရာတွေက အတော်ကို ထိတ်လန့်စရာကောင်းနေခဲ့တယ်။ ဒါ့အပြင် အဲ့ဒီလူဘယ်သူလဲဆိုတဲ့ကိစ္စက ပိုပြီးတော့တောင် ပြောဖို့ခက်တဲ့ကိစ္စပါပဲ။ ၀မ်သုန့်ကို အမှန်တိုင်ပြောလိုက်မယ်ဆိုရင် သူကိုယ်တိုင်လဲ ထိခိုက်နိုင်ပါတယ်။ ဒါပေမယ့် အမှန်ကိုမပြောရင်ကော ဘာလုပ်လို့ရမှာလဲ။

ရုတ်တရက်ဆိုသလို ခန္ဓာကိုယ်၀ိညာဥ်ဆိုတဲ့စကားက ဟို့ယွိဟောင်ရဲ့ စိတ်ထဲ၀င်ရောက်လို့လာခဲ့ပါတယ်။ သူ့မျက်လုံးတွေက တောက်ပလာခဲ့ပြီ အကြံအစည်တစ်ခုကလဲ စိတ်ထဲကို ၀င်ရောက်လာတော့တယ်။

” ၀မ်သုန့် ”

ဟို့ယွိဟောင်က ရုတ်တရက်ခေါင်းမော့ပြီ အလေးအနက်ဖြစ်သွားခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့ ဒီလိုပုံစံမျိုးကို တစ်ခါမှမမြင်ဖူးတဲ့အတွက် ချက်ချင်းဆိုသလို မေးလာခဲ့တော့တယ်။

” မင်းမှာတကယ်ပဲ သို၀ှက်ထားတဲ့အရာတွေ ရှိနေတာလား ”

၀မ်သုန့် သူမျက်လုံးတွေကို တဖျတ်ဖျတ်ခတ်လာချိန်မှာတော့ ဟို့ယွိဟောင်ရဲ့စိတ်က တခဏတာ ဗလာဟင်လင်ဖြစ်သွားပါတယ်။ ၀မ်သုန့်ရဲ့ မျက်လုံးတွေက အရမ်းကိုလှလွန်လှတယ်။ အထူးသဖြင့် အပေါ်ကိုကော်တက်နေတဲ့ မျက်တောင်လှလှတွေနဲ့ တောက်ပတဲ့မျက်၀န်းတစ်စုံက ဘာပြောရမယ်မှန်းတောင် မေ့သွားစေခဲ့ပါတယ်။

ဟို့ယွိဟောင်ကတော့ စိတ်ထဲမှာ သက်ပြင်းချနေခဲ့မိပါပြီ။ မိန်းမချောတွေသူ့ကို ဒီလောက်သဘောကျတာအံ့ဩစရာမရှိတော့ပါဘူး။ ဒီကောင် သေလောက်အောင်ချောတာပါပဲ။

ဟို့ယွိဟောင်က အသံကိုတိုးလိုက်ရင်း ပြောလာခဲ့ပါတယ်။

” ဒါကို၀ှက်ဖဲတစ်ခုလို့တော့ မပြောချင်ဘူး အဲ့ဒါက ခန္ဓာကိုယ်၀ိညာဥ်တွေရဲ့ လျှို့၀ှက်ချက်လို့ပဲ ပြောမယ်…ငါ သိလာတာမကြာသေးဘူး ”

၀မ်သုန့်က အထိတ်တလန့်နဲ့ ပြန်မေးမိလာပါတော့တယ်။

” ခန္ဓာကိုယ်ရဲ့ လျှို့၀ှက်ချက်တဲ့လား ”

ဟို့ယွိဟောင်က ခေါင်းညိတ်ရင်း ပြောလာပါတယ်။

” ခန္ဓာကိုယ်၀ိညာဥ်တွေက အရမ်းကိုရှားတယ်လို့ မင်းပြောခဲ့တယ်မလား တကယ်တော့ အဲ့ဒီကိစ္စက အမှန်အတိုင်းပဲ ဒါ့အပြင် ငါတို့ရဲ့ ခန္ဓာကိုယ်၀ိညာဥ်တွေမှာ ထူးခြားပြီအားကောင်းတဲ့နေရာတွေ ရှိတယ်…ထန်မျိုးနွယ်ရဲ့ ခရမ်းရောင်နတ်ဆိုးမျက်လုံးကို ငါစပြီ လေ့ကျင့်တဲ့အချိန်က စတင်လို့ ငါရဲ့မျက်လုံးက တစ်ဖြည်းဖြည်းချင်းဆီ အပြောင်းအလဲတွေ ဖြစ်လာတယ်…ငါ့ရဲ့ပထမ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ ၀ိညာဥ်ထောက်လှမ်းမျှဝေမှုကို တစ်နေရာထဲအာရုံစူးစိုက်လိုက်တဲ့အချိန်မှာ စိတ်၀ိညာဥ်စွမ်းအားကို တစ်နေရာထဲအားစိုက်ပြီ ငါတိုက်ခိုက်လို့ရနိုင်တယ်….ငါကျောင်းထဲမှာရှိတဲ့ တိရစ္ဆာန်လေးတွေနဲ့ စမ်းသပ်ကြည့်ပြီးပြီ တကယ်အသုံး၀င်တယ်…ဒါကြောင့် တိုက်ပွဲမှာ အရမ်းကို အခက်တွေ့နေရလို့ ငါထုတ်သုံးလိုက်ရတာပဲ ဒီလောက်အထိ အဆင်ပြေသွားမယ်လို့ တွေးတောင်မတွေးမိခဲ့ဘူး…လန်စုစုနဲ့ လန်လော့လော့တို့လဲ သူတို့ရဲ့ သိုင်းပညာ၀ိညာဥ်တွေကို ပေါင်းစည်းတဲ့စွမ်းရည်ပါ ပြဿနာဖြစ်သွားတာက ငါ့ရဲ့စွမ်းရည်ကြောင့်ပဲ ဖြစ်လိမ့်မယ်…ဒါ့အပြင် မင်းရဲ့ နှစ်တစ်ထောင်၀ိညာဥ်စွမ်းရည်ကြောင့်လဲ တားဆီးခံလိုက်ရတာပေါ့လေ ငါ့ရဲ့ခရမ်းရောင်နတ်ဆိုးမျက်လုံးကို ရုတ်တရက်တိုက်ခိုက်နိုင်တဲ့ ၀ိညာဥ်စွမ်းအားနဲ့ပေါင်းစည်းလိုက်တဲ့အချိန်မှာ ဒီလိုအကုန်တွေ ဖြစ်လာတာပဲ ဒါပေမယ့် သူတို့ကို သတိလစ်သွားစေတဲ့ကိစ္စကတော့ ငါနဲ့မဆိုင်လောက်ဘူး…ဆရာတွေအတန်းထဲမှာ ပြောခဲ့တဲ့ကိစ္စကို မင်းမေ့သွားပြီလား သိုင်းပညာ၀ိညာဥ်တွေရဲ့ ပေါင်းစည်းမှုစွမ်းရည်က အင်အားကိုအများကြီးကုန်ဆုံးစေရုံတင်မကပဲ အသုံးပြုတဲ့သူတွေကိုလဲ တန်ပြန်သက်ရောက်မှုများစေတယ်…စွမ်းရည်က ပိုပြီးအားကောင်းလေလေ တန်ပြန်တိုက်ခိုက်မှုက ပိုကြီးလေပဲ အပေါ့ပါးဆုံးပေါင်းစည်းမှုတောင်မှ လူတွေကို အားနည်းသွားစေတယ်..သူတို့တွေက ဒီနေ့ပေါင်းစည်းတဲ့စွမ်းရည်ကို အသုံးပြုထားပြီဆိုမှတော့ နောက်အချိန်အတိုင်အတာတစ်ခုအထိ ထပ်ပြီ မသုံးနိုင်တာလဲ ဖြစ်ပါလိမ့်မယ် ”

၀မ်သုန့်က မျက်လုံးပြူးသွားခဲ့ပါတယ်။

” ဒီတော့ မင်းပြောချင်တာက ခရမ်းရောင်နတ်ဆိုးမျက်လုံးနဲ့ အသုံးပြုလိုက်မယ်ဆိုရင် မင်းရဲ့သိုင်းပညာ၀ိညာဥ်က ပြောင်းလဲသွားနိုင်တယ်…ဒါ့အပြင် ၀ိညာဥ်စွမ်းရည်နဲ့ တူညီတဲ့စိတ်၀ိညာဥ်တိုက်ခိုက်မှု တစ်ခုလဲလုပ်နိုင်တယ်ပေါ့ “‘

အပိုင်း ၂၀•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset