Switch Mode

Chapter – 20.1

" ခန္ဓာကိုယ်ရဲ့ ၀ိဉာဥ် လျှို့၀ှက်ချက် "

Chapter – 20.1 ” ခန္ဓာကိုယ်ရဲ့ ၀ိဉာဥ် လျှို့၀ှက်ချက် ”
°°°
အသက်သုံးချောင်း၀ိဉာဥ်​ချေဖျက်အိုးကြီးက လျင်မြန်ရုံတင်မကပဲ သူ့ရဲ့ရောက်ရှိလာမှုကလဲ အရမ်းကို ရုတ်တရက်ဆန်လွန်လှပါတယ်။ ဒါကြောင့် အမြန်နှုန်းကို အသုံးပြုတဲ့၀ိဉာဥ်ပညာရှင်တွေက သူတို့ရဲ့ ၀ိဉာဥ်စွမ်းရည်တွေကို အဲ့ဒီအချိန်မှာ မထုတ်လွှတ်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် ကြည့်နေတဲ့သူတိုင်းကလဲ ရှောင်ရှောင်းက သူမတူအောင်ထူးခြားပြီ ကိစ္စတွေအများကြီးကို တစ်ပြိုင်နက်ထဲလုပ်နိုင်တဲ့အကြောင်း ရှင်းရှင်းလင်းလင်း သိသွားခဲ့ပါတယ်။ ဒါ့အပြင် သူမအနေနဲ့ ပြိုင်ပညာ၀ိဉာဥ်ကို ထိန်းချုပ်နေရင်း ကျန်ရစ်တဲ့စွမ်းအားကို အသုံးပြုပြီ သင့်တော်တဲ့ အချိန်မှာ ၀ိဉာဥ်စွမ်းရည်တစ်ခုကို ထုတ်သုံးဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စဖြစ်ပေမဲ့ သူမကတော့ ပြိုင်ဘက်သုံးယောက်စလုံးကို မတူညီတဲ့ အရှိန်နှုန်းနဲ့ တစ်ပြိုင်နက်ထဲ တိုက်ခိုက်ခဲ့ပါတယ်။

ရလဒ်ကနေနဲ့ ရှောင်ရှောင်းက ကြည့်နေသူတွေအားလုံးကို အထိတ်တလန့် ဖြစ်သွားစေခဲ့တယ်။ ကျယ်လောင်တဲ့ထိတွေ့သံသုံးချက်နဲ့အတူ တုန်ခါမှုကြီးသုံးခုက ဖြစ်ပေါ်လို့လာခဲ့ပါပြီ။

အလျင်နှုန်းကို အသုံးပြုတဲ့ ၀ိဉာဥ်ပညာရှင်သုံးယောက်စလုံးက ရိုက်ခတ်မှု့ကြောင့်မလို့ တစ်ခါထဲမေ့မြောသွားကြပါတော့တယ်။ သူတို့မှာ တိုက်ခိုက်ရေး၀ိဉာဥ်ပညာရှင်မရှိတဲ့အတွက် တခဏတာ မူးဝေသွားခဲ့မှုက ဟွမ်ချူထျန်းလိုလူထက်တော့ အများကြီး ပိုရှည်ကြာပါတယ်။ အိုးကြီးတွေက သူ့ရဲ့ပြိုင်ဘက်တွေကို နောက်တစ်ခေါက် ထပ်မံတိုက်ခိုက်လိုက်ပြန်ပါပြီ။

ပြိုင်ဘက်တွေကို အသီးသီးတိုက်ခိုက်နေတဲ့ အိုးကြီးတွေကတော့ လူသုံးယောက်ကို စာမေးပွဲနယ်မြေ အပြင်ဘက်ဆီ လွှင့်ထွက်သွားစေခဲ့ပါတယ်။ ဒီအိုးကြီးသုံးလုံးက အဲ့ဒီနောက် တစ်ဖန်ပြန်လည် ပေါင်းစည်းလို့သွားရင် ရှောင်ရှောင်းရဲ့ခေါင်းအပေါ်ဘက်မှာ တိတ်တဆိတ်လွှင့်မျောနေပါတော့တယ်။

ရှိနေသမျှလူတွေအားလုံးက တိတ်ဆိတ်လို့သွားခဲ့ပါပြီ။ ဒီပြိုင်ပွဲက အစောပိုင်းပြိုင်ပွဲထက် ပိုပြီး အံ့ဩစရာကောင်းနေခဲ့ပါတယ်။ ရှောင်ရှောင်းကတော့ ဦးဆောင်သူအဖြစ်နဲ့ အနိုင်ကို ရယူနိုင်ခဲ့ပြီးပြီ တိုက်ပွဲတစ်ခုလုံးက တစ်မိနစ်တောင်မကြာမြင့်ခဲ့ပါဘူး။ သူမ တစ်ယောက်ထဲနဲ့တင် ပြိုင်ဘက်တွေအားလုံးကို အံ့အားသင့်သွားစေခဲ့တာပါ။ ဒါ့အပြင် စစ်မြေပြင်ထဲကိုတောင် သူက မ၀င်ရသေးပါဘူး။ လက်ရှိအချိန်မှာ သူက နယ်မြေသုံးခုစလုံးကို တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ပါတယ်။

အစောပိုင်းက ဟို့ယွိဟောင်တို့အဖွဲ့ဖြစ်သန်းခဲ့တဲ့ပြိုင်ပွဲတွေအားလုံးကို ၀မ်ယန်ကတော့ ကိုယ်တိုင်းမျက်မြင်ကြုံတွေ့ခဲ့ရတဲ့သူပါ။ သူ့စိတ်ထဲမှာတော့ အဖွဲ့ထဲမှာ အသန်ဆုံးသူက ၀မ်သုန့်ဖြစ်ပြီ အထူးဆန်းဆုံး အခိုင်မြဲဆုံးကတော့ ဟို့ယွိဟောင် ဖြစ်မယ်လို့ တွေးထင်ထားခဲ့တာပါ။ ရှောင်ရှောင်းရဲ့ ၀ိဉာဥ်ကလဲ အတော်လေးကောင်းမွန်ပေမဲ့ ပြောရမယ်ဆိုရင် သူကအထောက်အပံ့ပြုရင် သို့မဟုတ်ရင် ထိန်းချုပ်ရေး၀ိဉာဥ်ပညာရှင်တစ်ယောက်အဖြစ်သာရှိနေခဲ့ပါတယ်။ ဒါ့အပြင် သူ့အမြင်အရ သူမရဲ့၀ိဉာဥ်ပစ္စည်းက တခြားနှစ်ယောက်ရဲ့အနောက်မှာ ရောက်နေခဲ့တယ်။ ဒါပေမယ့် ရှောင်ရှောင်းကတော့ သူ့ရဲ့ အင်အားကိုအသုံးပြုရင်၀မ်ယန်ကို သက်သေပြခဲ့ပြီးပါပြီ။ သူမက ဒီသုံးယောက်အဖွဲ့မှာ တကယ်အ​ရေးကြီးတဲ့သူတစ်ယောက် ဖြစ်နေခဲ့တယ်။ အသက်ဆယ့်တစ်နှစ်အရွယ်သာရှိသေးတဲ့ မိန်းမငယ်လေးက သူ့ပြိုင်ဘက်တွေကို အေးအေးဆေးဆေးနဲ့ အနိုင်ယူသွားနိုင်လိုက်ပြီ ဆက်တိုက်ဆိုသလို တိုက်ခိုက်ပြစ်လိုက်တာ အံ့ဩစရာပါပဲ။

၀ိဉာဥ်စက်ကွင်းလေးကွင်းရှိနေတဲ့ ထိန်းချုပ်ရေး၀ိဉာဥ်ဘိုးဘေးတစ်ယောက်တောင်မှ ဒီလိုမျိုး ချောမွေ့ပြီ သဘာ၀ကျတဲ့ ခုခံစစ် ထိန်းချုပ်မှုနဲ့ တိုက်ခိုက်မှုတွေအားလုံးကို တစ်ပြိုင်နက်ထဲလုပ်ဖို့ မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် ဒီငယ်ရွယ်နုနယ်နေတဲ့ မိန်းကလေးကတော့ ဒီလောက်အထိ လုပ်နိုင်တယ်လား။

အစောပိုင်းတုန်းက ဟို့ယွိဟောင်တို့အဖွဲ့ အားနည်းနေတာကို အခွင့်ကောင်းယူမယ်လို့ တွေးထားလိုက်တဲ့အဖွဲ့တွေအားလုံးကလဲ လက်ရှိအချိန်မှာ အတွေးပြောင်းသွားခဲ့ပါပြီ။ ဒီအဖွဲ့မှာတော့ လူနှစ်ယောက်ပဲရှိနေရင်တောင် သူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းက အရမ်းကို မြင့်မားနေမှာပါ။ သူတို့က ကြောက်စရာကောင်းလွန်လှပါတယ်။

ဒါပေမယ့် ဟွမ်ချူထျန်းတို့လိုအဖွဲ့က သူတို့ကို ရှုံးနှိမ့်သွားရတယ်ဆိုတာက သူတို့ကံကောင်းပြီအနိုင်ရသွားတာလဲ မဟုတ်ခဲ့ပါဘူး။ သတိလစ်နေရာကနေ နိုးထလာပြီဖြစ်တဲ့ လန်မျိုးနွယ်ညီအစ်မတွေကတော့ ခေါင်းကွဲထွက်မတတ် ခေါင်းကိုက်နေခဲ့ရပါတယ်။ ဒါ့အပြင် ၀ိဉာဥ်စွမ်းအားတွေအများကြီးကိုလဲ ကုန်ဆုံးထားရတဲ့အတွက် နောက်တစ်ကြိမ် ထပ်ပြီ ပြိုင်ရမယ်ဆိုရင် သိပ်ပြီးမလွယ်ကူနိုင်တော့ပါဘူး။

အစောပိုင်းတုန်းက ၀ိဉာဥ်စွမ်းအား အများကြီးကုန်ဆုံးသွားရုံတင်မကပဲ ၀မ်သုန့်ကြောင့် ဒဏ်ရာရသွားတဲ့သူကတော့ ဟွမ်ချူထျန်းပါ။ ဒါ့အပြင် သူ့ပြိုင်ဘက်တွေကို သူက သေသေချာချာ အာရုံစိုက်ပြီ တိုက်ခိုက်ခဲ့ပါတယ်။ ရှောင်ရှောင်းကလဲ လက်ရှိအချိန်မှာ ပြိုင်ဘက်သုံးယောက်စလုံးကို ဟွမ်ချူထျန်းလို ရင်ဆိုင်တိုက်ခိုက်ခဲ့ပေမဲ့ ရှောင်ရှောင်းအနောက်မှာရှိနေတဲ့ ဟို့ယွိဟောင်ကိုကြည့်ရင်း ပိုပြီးထိတ်လန့်နေခဲ့ပါတယ်။

ရလဒ်အနေနဲ့ဟွမ်ချူထျန်းတို့ကတော့ အခြေအနေဆိုးနေခဲ့ပါတယ်။ သူကလဲ ဒုတိယပြိုင်ပွဲမှာ အနည်းငယ် တောင့်ခံနိုင်ခဲ့ပေမဲ့ အဆုံးသတ်မှတော့ပြိုင်ဘက်က သူ့ကို အနိုင်ယူလို့သွားခဲ့ပါတယ်။ ဒါကြောင့် သူ့အဖွဲ့က နှစ်ခေါက်တိတိ ရှုံးနှိမ့်သွားခဲ့ပါပြီ။

ဟို့ယွိဟောင်တို့ သုံးယောက်အဖွဲ့အနေနဲ့ ကြည့်မယ်ဆိုရင် ကျန်ရစ်တဲ့ပြိုင်ပွဲတွေက တကယ်ကိုအရေးကြီးတဲ့ ပြိုင်ပွဲတွေပါပဲ။ ဘယ်သူကမှ ထိပ်တိုက်ရင်ဆိုင်မတိုက်ခိုက်ချင်ကြပါဘူး။ ဒါ့အပြင် စွမ်းအားကို ချို့ချန်ထားခဲ့ရင်း နည်းစနစ်ကို အသုံးပြုပြီတော့သာ တိုက်ခိုက်ဖို့လုပ်ပါတော့တယ်။ ဟို့ယွိဟောင်တို့အဖွဲ့က နောက်ထပ်သုံးပွဲကို အနိုင်ရမယ်ဆိုရင် ပုံမှန်မဟုတ်လောက်အောင် ထူးဆန်းနေမှာအမှန်ပါပဲ။ ဒါ့အပြင် လေးပွဲမြောက်မှာတော့ ၀မ်သုန့်က သူ့ရဲ့ စွမ်းရည်တွေကို ပြန်လည်ရရှိလိုက်ပါပြီ။ သူ့ရဲ့ရှောင်ရှောင်းနှစ်ယောက်စလုံးက ဟို့ယွိဟောင်အရှေ့မှာရပ်နေရင်း ဆက်တိုက်တိုက်ခိုက်နေပါတော့တယ်။

အဆုံးသတ်မှာတော့ ဟို့ယွိဟောင်တို့အဖွဲ့က စုစုပေါင်း ပြိုင်ပွဲဆယ့်ခုစလုံးကို အနိုင်ရသွားရင်း သူတို့ရဲ့နယ်မြေမှာ အမှတ်အကောင်းဆုံးအဖြစ် နေရာကိုရရှိသွားပါတော့တယ်။

ဟွမ်ချူထျန်းတို့အသင်းကလဲ ခိုင်မာတဲ့အခြေခံတစ်ခုကို ရရှိခဲ့တယ်။ ပြိုင်ပွဲနှစ်ခုကို ဆက်တိုက်ရှုံးပြီတဲ့နောက် လန်ညီအစ်မနှစ်ယောက်ကတော့ အခြေအနေပြန်ကောင်းသွားခဲ့ပါပြီ။ သူတို့တွေ နောက်တစ်ကြိမ် ပြန်လည်အောင်ပွဲဆင်နိုင်ခဲ့ပါတယ်။ နောက်ထပ် သုံးပွဲဆက်တိုက်ကို အနိုင်ရခဲ့ပြီတဲ့နောက် ဆုံးရှုံးသွားတဲ့ စွမ်းအားတော်တော်များများကိုလဲ ပြန်လည်ရရှိလိုက်ပါတယ်။ သူတို့တွေက ဆယ့်ပွဲမှာ ခုနှစ်ပွဲကို အနိုင်ရရှိခဲ့တယ်။ ဒါကြောင့် ထိပ်တန်းခြောက်ဆယ့်လေးဖွဲ့ထဲကို ၀င်မှာက သူတို့အတွက် ပြဿနာမဟုတ်ခဲ့ပါဘူး။

ဒီနေ့ပြိုင်ပွဲ ပြီးဆုံးသွားချိန်မှာတော့ ၀မ်ယန်လဲ သူ့ရဲ့သိလိုစိတ်ကို မချိုးနှိမ့်နိုင်တော့ပဲ ရှိနေခဲ့ပါတယ်။

” ဟို့ယွိဟောင် မင်းတို့သုံးယောက် ခဏနေခဲ့ဦး ”

တခြားအဖွဲ့တွေအားလုံးက အနားယူဖို့ပြန်သွားခဲ့ပေမဲ့ ၀မ်ယန်ကတော့ သူတို့ကို တားထားခဲ့ပါတယ်။

ဟို့ယွိဟောင်က ၀မ်ယန်ရဲ့အရှေ့ကို ရောက်လာခဲ့တယ်။ ၀မ်ယန်က ခေါင်းညိတ်ရင်းနဲ့ ပြုံးပြပြီးမေးလာပါတယ်။

” ပြိုင်ပွဲတွေအားလုံး အနိုင်ရတဲ့အတွက် မင်းတို့အားလုံးကို ဂုဏ်ပြုပါတယ်….ဒီလိုမျိုးအဖွဲ့က ဆယ့်ဖွဲ့တောင်မပြည့်နိုင်ဘူး…မင်းတို့တွေက တကယ်သန်မာတာပဲ ဒါပေမယ့် ငါအမြဲတမ်းသိချင်နေခဲ့တဲ့ အကြောင်းတစ်ခုတော့ရှိတယ်…ဟို့ယွိဟောင် မင်းက အဖွဲ့ခေါင်းဆောင်ဖြစ်တယ်မလား မင်းရဲ့ သိုင်းပညာ၀ိဉာဥ်ကဘာလဲ တိုက်ပွဲထဲမှာ မင်းဘာမှသိပ်လုပ်တာကို မမြင်ရပေမဲ့ မင်းကအဖွဲ့ရဲ့ အဓိကဦးဆောင်သူလို့ ငါထင်တယ်…ငါပြောတာမှန်တယ်မလား ”

ဟို့ယွိဟောင်က တခဏတာအထိ ဘာပြောရမယ်မှန်းမသိ ဖြစ်နေခဲ့ပါတယ်။ အဲ့ဒီနောက် နီရဲတဲ့မျက်နှာနဲ့ပြောလာခဲ့ပါတယ်။

” ဆရာ၀မ် ကျွန်တော်ကို ချီးကျူးလွန်နေပါပြီ ကျွန်တော်က အဲ့ဒီလောက်ကြီးမတော်ပါဘူး..၀မ်သုန့်နဲ့ ရှောင်ရှောင်းတို့အားကောင်းတာကိုပဲ ကျေးဇူးတင်ရမှာပါ ကျွန်တော်က သူတို့ကို ကူညီထောက်ပံ့ပေးနိုင်တဲ့အနေအထားမှာပဲ ရှိနေပါတယ်…ဆရာမြင်တဲ့အတိုင်း ကျွန်တော်မှာဆယ့်နှစ်၀ိဉာဥ်စက်ကွင်းတစ်ကွင်းပဲရှိတယ်လေ ”

၀မ်ယန်က ရယ်မောရင်း ပြောလာခဲ့ပါတယ်။

” မင်းဒီလောက်အထိ နှိမ့်ချနေဖို့မလိုပါဘူး… အကယ်၍ မင်းသာအင်အားမကြီးဘူးဆိုရင်၀မ်သုန့်နဲ့ ရှောင်ရှောင်းတို့က မင်းကိုဘယ်လိုလုပ်ပြီ အဖွဲ့ခေါင်းဆောင်အဖြစ်နေရာယူခွင့် ပေးထားမှာလဲ ဒါ့အပြင် မင်းရဲ့လှုပ်ရှားမှုတွေအားလုံးကို ငါသေချာလေ့လာပြီးပြီ လွန်ခဲ့တဲ့သုံးလမှာ ကျောင်းသားတွေမင်းကိုဘယ်လိုခေါ်လဲ သိကြလား ”

ဟို့ယွိဟောင်က ပိုလို့တောင်စဥ်းစားရခက်သွားပြီတဲ့နောက် ခေါင်းခါလိုက်ပါတယ်။

” မင်းကို သံမဏိစိတ်ဓာတ်ယွိဟောင်လို့ ခေါ်ကြတယ်…မင်းရဲ့စိတ်ဓာတ်က သံမဏိလိုပဲတဲ့ ဒါ့အပြင် အတွင်းပါရမီက အားအနည်းဆုံးဖြစ်ပေမဲ့ အတန်းထဲမှာ အကြိုးစားဆုံးသူလို့သိကြတယ်…ဒါ့အပြင် မင်းတို့ရဲ့လူသစ်အတန်းနံပါတ်တစ်ကလဲ မင်းကို စံပြပုဂ္ဂုလ်အဖြစ် သတ်မှတ်ကြတယ်ဆိုပဲ ဒါပေမယ့် ငါမင်းရဲ့သိုင်းပညာ၀ိဉာဥ်ကို မမေးခဲ့တာ ငါကိုယ်တိုင်းမြင်တွေ့ပြီ မင်းရဲ့စွမ်းရည်တွေကို အသိအမှတ်ပြုချင်လို့လေ ဒါပေမယ့် ငါရှုံးသွားပြီ တကယ်ပဲ မင်းရဲ့သိုင်းပညာ၀ိဉာဥ်က ဘာဆိုတာ အဆုံးအထိကိုမသိခဲ့ဘူး…မင်းသုံးနေတဲ့ ၀ိဉာဥ်စွမ်းရည်တွေကိုလဲ ငါအခုအထိ နားမလည်နိုင်ဘူး…ပြိုင်ပွဲတိုင်းမှာ ၀ိဉာဥ်စက်ကွင်းနိုးထလာတာကို တွေ့ပေမဲ့ မင်းရဲ့၀ိဉာဥ်စွမ်းရည်တွေက သိပ်ပြီ အလုပ်မလုပ်တဲ့ပုံပဲ ငါ့ရဲ့စိတ်ရှုပ်ထွေးမှုကို ဖြေရှင်းပေးနိုင်မလား ”

ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။

” ဆရာ၀မ် ကျွန်တော်ရဲ့ သိုင်းပညာ၀ိဉာဥ်က မျက်လုံးတွေပါ ဒါ့အပြင် ခန္ဓာကိုယ်အမျိုးအစား သိုင်းပညာ၀ိဉာဥ်လို့ပြောလို့ရပါတယ်…ကျွန်တော်ရဲ့၀ိဉာဥ်စွမ်းရည်ကိုတော့ ကျေးဇူးပြုပြီ လျှို့၀ှက်ချက်တစ်ခုအဖြစ် ထားပါ့ရစေလား ကျွန်တော်တို့ပြိုင်ပွဲစာမေးပွဲကို ဆက်ပြီး သွားဖို့လိုအပ်လို့ပါ ”

သူ့ရဲ့သိုင်းပညာ၀ိဉာဥ်က ကျောင်းတော်ထဲမှာ လျှို့၀ှက်ချက်တစ်ခုမဟုတ်တာကြောင့် လူတော်တော်များများက သိပါတယ်။ အကယ်၍ ဆရာ၀မ်ယန်သာ အမှန်တကယ်သိချင်ဆိုရင် သူသေချာပေါက် သိနိုင်မှာပါ။ ဘာကြောင့်များ ဒီလောက်တောင် ခိုးကြောင်ခိုး၀ှက်နိုင်နေရတာလဲ။ ၀ိဉာဥ်စွမ်းရည်ကိုတော့ သူအခုအချိန်ထိ ထုတ်ဖော်မပြချင်ခဲ့ပါဘူး။

အပိုင်း ၂၀•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset