Switch Mode

Chapter – 19.4

" ၀ိဉာဥ်ပေါင်းစည်း စွမ်းရည် ကောင်းကင်ကွန်ယက် "

Chapter – 19.4 ” ၀ိဉာဥ်ပေါင်းစည်း စွမ်းရည် ကောင်းကင်ကွန်ယက် ”
°°°
အိုးကြီးရဲ့ ဖယ်ရှားမှုက လူတစ်ယောက်ထဲကိုပဲ တိုက်ခိုက်ဖို့အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် တိုက်ခိုက်မိတာကြောင့် အများကြီးလဲ မထိခိုက်မိပါဘူး။ ဒါပေမယ့် အံ့ဩပြီကြက်သေသေနေတဲ့အချိန်မှာတော့ သူတို့ကို အသာအယာလေး ဖယ်ရှားပြစ်နိုင်ပါတယ်။ ဒါကြောင့်သာ ထိန်းချုပ်မှုစွမ်းရည်အမျိုးအစားလို့ သတ်မှတ်လို့ရနိုင်တာပါ။ ဒီစွမ်းရည်နှစ်ခုကို အသုံးချရင်း ရှောင်ရှောင်းက သူ့ကိုယ်သူ ၀ိဉာဥ်ထိန်းချုပ်ရေးပညာရှင်အဖြစ် ခေါ်ဆိုသတ်မှတ်လို့ ရနိုင်ပါပြီ။

ရှောင်ရှောင်းကလဲ သူ့ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုတွေကို ခန့်မှန်းလို့မရနိုင်တာကြောင့် မူလပစ်မှတ်ကို အသုံးချဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ ထောက်ပံ့မှုရှိချိန်မှာတော့ ခုခံမှုကနေ တိုက်ခိုက်မှုအဖြစ်ကို ပြောင်းလဲပြစ်နိုင်လို့ရနိုင်ပါတယ်။

ဒါ့အပြင် ဟို့ယွိဟောင်က ၀ိဉာဥ်စွမ်းရည်သုံးခုကို တစ်ပြိုင်နက်ထဲ အသုံးပြုနိုင်တဲ့အကြောင်းလဲ သူမ မသိခဲ့ပါဘူး။ ဒါ့အပြင် အဲ့ဒီ၀ိဉာဥ်စွမ်းအားသုံးခုကို အသုံးပြုတာက သူ့ရဲ့နောက်ဆုံးကျန်ရစ်တဲ့စွမ်းအားကိုပါ ကုန်ဆုံးသွားစေနိုင်ပါတယ်။

စွမ်းရည်သုံးခုထဲမှာ စိတ်၀ိဉာဥ်စွမ်းအားနှောင့်ယှက်မှုဆိုတာကို ဘယ်တုန်းကမှ သူအသုံးမပြုပဲ ရှိနေခဲ့ပါသေးတယ်။

စိတ်၀ိဉာဥ်စွမ်းအား ထိတ်လန့်မှုနဲ့ ယှဥ်လိုက်မယ်ဆိုရင် ၀ိဉာဥ်စွမ်းအားနှောင့်ယှက်မှုက အတော်လေးအားနည်းပုံရပါတယ်။ ဒါပေမယ့် သက်ရောက်မှုရဲ့ နယ်မြေကိုတော့ လျှော့တွက်လို့မရနိုင်ခဲ့ပါဘူး။ ဒါ့အပြင် အသုံးပြုချိန်မှာလဲ အတော်လေးကို ကြမ်းတမ်းပါတယ်။ ဒီရလဒ်ကြောင့်သာ ရန်သူအနေနဲ့ သူတို့ကို သက်ရောက်ခံလိုက်ရမှန်း သတိမထားမိနိုင်တာလဲ ဖြစ်ပါတယ်။ မဟုတ်ရင် ဟွမ်ချူထျန်းက ဘယ်လိုကြောင့်များ ပစ်မှတ်ကို လွဲချော်သွားနိုင်မှာလဲ။

၀မ်ယန်က ပြောလာခဲ့ပါတယ်။

” ဟို့ယွိဟောင်အဖွဲ့ အနိုင်ရ ”

သူပြောပြီချိန်မှာပဲ သတိလစ်နေတဲ့ ဟွမ်ချူထျန်းကို မြေပြင်ပေါ်ပြန်ချလိုက်ပါတော့တယ်။ အဲ့ဒီနောက် လန်မျိုးနွယ်ညီအစ်မတွေကို သူ့ရဲ့၀ိဉာဥ်စွမ်းအားအသုံးပြုပြီ နိုးလာအောင်လုပ်ပေးလိုက်တယ်။

လန်ညီအစ်မတွေနိုးလာပြီတဲ့နောက် သူတို့တွေ အတော်ကို ခေါင်းကိုက်နေခဲ့ရုံတင်မကပဲ ခေါင်းကကွဲထွက်မတတ်တောင် ဖြစ်နေခဲ့ရပါပြီ။ ထောင်ချီတဲ့အပ်တွေက ဦးနှောက်တွေကို ထိုးနေသလိုပါပဲ။

ဟို့ယွိဟောင်ရဲ့ စိတ်၀ိဉာဥ်ထိတ်လန့်မှုက အရင်ကထက်ပိုပြီးသန်မာလာခဲ့တယ်။ ဒါ့အပြင် ၀ိဉာဥ်စက်ကွင်းခြောက်ကွင်းရှိနေတဲ့ မာရှောင်ဖျောင့်တောင်မှ သူ့ရဲ့တိုက်ခိုက်မှုကို ခံရချိန်မှာ တခဏတာ နာကျင်လို့သွားခဲ့ရပါတယ်။ ဒါ့အပြင် ၀ိဉာဥ်ပေါင်းစည်းစွမ်းရည်ရဲ့ တန်ပြန်ရိုက်ခတ်မှုကြောင့် ဟွမ်ချူထျန်းတို့အဖွဲ့က အတော်လေးကို အရှုံးကြီးရှုံးသွားခဲ့ရတယ်။ လန်စုစုနဲ့ လန်လော့လော့တို့ကလဲ ဒီနေ့မှာတော့ ထပ်ပြီ တိုက်ခိုက်နိုင်ဖို့ အစွမ်းအစရှိပုံမပေါ်တော့ပါဘူး။ ဒါပေမယ့် နောက်ထပ်တိုက်ပွဲလေးခုကို ထပ်ပြီး တိုက်ခိုက်ဖို့ရှိနေပါသေးတယ်။

ဟို့ယွိဟောင်တို့အသင်းကတော့ ပိုပြီး အခြေအနေကောင်းပါတယ်။ ကံကောင်းစွာနဲ့ပဲ သူတို့တွေ အနိုင်ရနိုင်လာခဲ့တယ်။ ဒါ့အပြင် ၀မ်သုန့်နဲ့ ဟို့ယွိဟောင်တို့ကလဲ ၀ိဉာဥ်စွမ်းအားကုန်ဆုံးရုံလောက်သာရှိတာပါ ဒဏ်ရာမရခဲ့ပါဘူး။ တခြားသူတွေတိုက်ခိုက်နေတဲ့ အချိန်မှာ သူတို့တွေ စွမ်းအားပြန်ဖြည့်တင်းပေးလို့ရပါသေးတယ်။ ဒါပေမယ့် ရှောင်ရှောင်းကတော့ လာမဲ့တိုက်ပွဲနှစ်ပွဲမှာ သူ့ကို အဓိကအားကိုးရမှာပါ။

၀မ်သုန့်ကတော့ အားနည်းနေတဲ့ ဟို့ယွိဟောင်ကို လမ်းလျှောက်ဖို့ကူညီပေးရင်း ဘေးကိုခဏထွက်လာခဲ့ပါတယ်။ ရှောင်ရှောင်းကတော့ သူတို့နောက် လိုက်လာရင်း မေးလိုက်တယ်။

” အတန်းခေါင်းဆောင် ဘာဖြစ်လို့သူ့ရဲ့ တိုက်ခိုက်မှုက လွဲချော်သွားတာလဲ ”

ဟို့ယွိဟောင်က ခေါင်းသာခါရင်း ပြောလာခဲ့ပါတယ်။

” ဒီအကြောင်းအခုမပြောကြအောင်လား ငါတို့တွေ ၀ိဉာဥ်စွမ်းအားကို ပြန်အသုံးချဖို့ တရားထိုင်မှရမယ်..ပထမတိုက်ပွဲက ဒီလောက်အထိ အားကုန်စေပြီးပြီဆိုတော့ ဒီနေ့နောက်ထပ် တိုက်ခိုက်ရမဲ့လေးပွဲမှာ ပိုပြီး အားစိုက်ထုတ်ရမှာပဲ ငါတို့တွေ တစ်ဖက်မှာရှိနေတဲ့သူတွေလဲ ဒီလောက်အားကုန်နေပါစေလို့ပဲ ဆုတောင်းရတာပေါ့ ”

သူတို့ပြောပြီတဲ့နောက် ချက်ချင်းဆိုသလို တရားထိုင်ဖို့လုပ်ပါတော့တယ်။

ရှောင်ရှောင်းတစ်ယောက်ထဲ ပဟေဠိဖြစ်နေရုံတင်မကပဲ ၀မ်သုန့်လဲ နားမလည်ခဲ့ပါဘူး။ ဒါပေမယ့် ရှောင်ရှောင်းတို့ကလဲ လန်ညီအစ်မရဲ့ ပေါင်းစည်းစွမ်းရည်အလွယ်လေး ပျက်စီးသွားတာအတွက် ထူးဆန်းနေခဲ့တာပါ။ အကယ်၍ သူတို့ရဲ့ ပေါင်းစည်းစွမ်းရည်သာ ဒီလောက်အချိန်တိုလေးပဲ ထိန်းထားနိုင်မယ်ဆိုရင် ပြဿနာရှိလာနိုင်တယ်မလား။ ဒါပေမယ့် သူတို့တွေပေါင်းစည်းနေတဲ့အချိန်မှာပဲ ရုတ်တရက်ဆိုသလို သူ့ရဲ့ စွမ်းရည်ကြောင့် ပျက်စီးသွားတယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် သတိတောင်လစ်သွားခဲ့ရတာက ပိုပြီးထူးဆန်းတဲ့အရာပါ။ ဘယ်လိုကြောင့်များ အဲ့ဒီလိုဖြစ်သွားရတာလဲ။ ဟို့ယွိဟောင် အော်လိုက်တာကို စဥ်းစားမိပြီးတဲ့နောက် စိတ်ထဲမှာ တစ်ခုခုမှားယွင်းနေတယ်လို့ ခံစားမိနေခဲ့ပါတယ်။ ဒါပေမယ့် ဘယ်နေရာမှားယွင်းနေလဲဆိုတာကိုတော့ မတွေးတောနိုင်ခဲ့ပါဘူး။

ပြိုင်ပွဲမှာ စာမေးပွဲဖြေဖို့အတွက် ယှဥ်ပြိုင်ရမဲ့အဖွဲ့က ခြောက်ဖွဲ့ရှိပါတယ်။ ဒါကြောင့် ဟို့ယွိဟောင်တို့အဖွဲ့ ပြိုင်ပွဲပြီသွားတာကြောင့် ဒုတိယပြိုင်ပွဲက စတင်ပါတော့တယ်။

လူသစ်တွေရဲ့ စာမေးပွဲနောက်ပိုင်းအဆင့်တွေက စတင်ပြီ ကျောင်းသားတွေရဲ့ ကွဲပြားမှုက စတင် သိသာလို့လာခဲ့ပါပြီ။ ဒါ့အပြင် အရေးကြီးဆုံးကတော့ အဖွဲ့ရဲ့တိုက်ခိုက်ချိန်တွေပါပဲ။ တစ်ပွဲပိုပြီး နိုင်လေလေ ဆက်ပြီနေထိုင်ဖို့အတွက် အခွင့်အရေးရှိလေပါပဲ။ ရလဒ်အနေနဲ့ အဖွဲ့တစ်ဖွဲ့ချင်းဆီတိုင်းက အစွမ်းကုန်တိုက်ခိုက်ကြပါတော့တယ်။

ဟို့ယွိဟောင်တို့အဖွဲ့ရဲ့ ဟွမ်ချူထျန်းတို့အဖွဲ့ ပြိုင်ပွဲက တခြားအဖွဲ့လေးဖွဲ့ကို အတော်လေး ထိတ်လန့်သွားစေခဲ့ပါတယ်။ သူတို့ကိုယ်တိုင်းလဲ ဒီလိုစွမ်းရည်မျိုးရှိရဲ့လားလို့ မေးခွန်းထုတ်မှုဖြစ်လာစေခဲ့တယ်။ တစ်ဖွဲ့တစ်ဖွဲ့ ပြိုင်ဆိုင်ချိန်မှာတော့ နောက်ဆုံးမှာ အဖြေတွေကထွက်လာခဲ့ပါပြီ။ ပထမပြိုင်ပွဲကတော့ နှစ်ယောက်စလုံးအပျက်အစီးနဲ့ အဆုံးသတ်လို့သွားခဲ့ရပါတယ်။ ဒါကြောင့် အဖွဲ့တွေရဲ့ စာမေးပွဲကလဲ ပိုလို့တောင် ရှုပ်ထွေးလာခဲ့ပါပြီ။

သုံးပွဲက ခပ်မြန်မြန်ပဲ အဆုံးသတ်လို့သွားခဲ့ပါတယ်။ ရလဒ်အနေနဲ့ကတော့ ဟို့ယွိဟောင်တို့ မျှော်လင့်တဲ့အတိုင်း ဖြစ်လာခဲ့တယ်။ တခြားအဖွဲ့လေးဖွဲ့ကလဲ အားအင်ကုန်ဆုံးလို့သွားခဲ့ပါပြီ။ နောက်ဆုံးတော့လဲ သူတို့တွေရဲ့ ပြိုင်ပွဲတွေက အတော်ကို အင်အားကုန်စေတဲ့ပြိုင်ပွဲတွေကြီးဖြစ်နေခဲ့ပါတယ်။ အချိန်အတော်ကြာတဲ့အထိ အားအင်ပြန်ပြည့်ဖို့ မလွယ်ကူပါဘူး။

ဒီနေရာကို အခြေစိုက်အဖွဲ့ဖြစ်နေတဲ့ ဟို့ယွိဟောင်တို့အဖွဲ့ကတော့ ပထမဆုံးအနေနဲ့ ဒုတိယအချီကို တိုက်ခိုက်ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့ရဲ့ ပြိုင်ဘက်က အတန်းနံပါတ်လေးရဲ့ကျောင်းသားပါ။

ပြိုင်ဘက်တွေ ကိုယ့်ကိုကိုယ် မိတ်ဆက်ပြီတာနဲ့ နေရာယူလိုက်ကြပါတယ်။ ဟို့ယွိဟောင်တို့ဖက်မှာတော့ နေရာက ပြောင်းလဲသွားခဲ့ပါပြီ။ ရှောင်ရှောင်းက အရှေ့ဆုံးမှာ ရပ်နေခဲ့ရင်း ဟို့ယွိဟောင်က သူ့နောက်မှာရှိပါတယ်။ တခြားတစ်ဖက်မှာတော့ ၀မ်သုန့်က နောက်ဆုံးမှာရပ်နေခဲ့တယ်။ ဒါ့အပြင် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက်စလုံးက မြေပြင်ပေါ်မှာထိုင်နေခဲ့တာပါ။ ၀မ်ယန် စာမေးပွဲစတင်ကြောင်း မကြော်ငြာခင်အချိန်အထိ သူတို့က တရားထိုင်နေခဲ့ပါတယ်။

ဒါ့အပြင် ဟို့ယွိဟောင်ကလဲ သူတို့ကို ကတိပေးထားခဲ့ပါတယ်။ နိုင်ဖို့အတွက် ကုန်ဆုံးထားတဲ့ စွမ်းရည်တွေကို ပြန်လည်ဖြည့်တင်းပြီမှသာ တိုက်ခိုက်နိုင်မှာပါ။ ဒါ့အပြင် သူတို့တွေရဲ့ နိုင်နိုင်ချေက ၀မ်သုန့်ရဲ့ အခြေအနေပေါ်မှာသာအဓိက မူတည်နေခဲ့တယ်။

” ရှောင်ရှောင်း ကံကောင်းပါစေ ”

ဟို့ယွိဟောင်က ခပ်တိုးတိုးပြောလိုက်တယ်။

” မစိုးရိမ်နဲ့ အတန်းခေါင်းဆောင် ငါတို့သေချာပေါက် နိုင်မှာ ”

၀မ်ယန်ရဲ့ကြော်ငြာမှုနဲ့အတူ ပြိုင်ပွဲက စတင်ပါတော့တယ်။ နှစ်ဖက်စလုံးက သူတို့ရဲ့ သိုင်းပညာ၀ိဉာဥ်တွေကို ထုတ်လွှတ်လိုက်ကြပါပြီ။ အစောပိုင်းပြိုင်ပွဲတွေကိုကြည့်ပြီတဲ့နောက် ဟို့ယွိဟောင်တို့သုံးယောက်လဲ သူတို့ရဲ့ပြိုင်ဘက်တွေက အရှိန်နှုန်းကိုအသုံးပြုတဲ့ ၀ိဉာဥ်ပညာရှင်တွေ ဖြစ်နေမှန်း သိနေခဲ့ပါတယ်။ ဒါ့အပြင် သူတို့က အရမ်းကို မြန်ဆန်းတဲ့သူတွေကြီးပါပဲ။

၀မ်ယန် ကြော်ငြာလိုက်ပြီတဲ့အချိန်မှာ နှစ်ဖက်စလုံးက သိုင်းပညာ၀ိဉာဥ်တွေကို တစ်ပြိုင်နက်ထဲ ထုတ်လွှတ်လိုက်ပါတော့တယ်။ သူတို့သုံးယောက်က ရှောင်ရှောင်းကို တစ်ပြိုင်နက်ထဲ တိုက်ခိုက်ကြပါပြီ။

၀မ်သုန့် တရားထိုင်နေဆဲဖြစ်တာကို အားလုံးက သတိထားမိခဲ့ပါတယ်။ ဒါ့အပြင် ရန်သူရဲ့ အသန်မာဆုံးတိုက်ခိုက်ရေးပညာရှင်ကလဲ လက်ရှိအချိန်မှာ တိုက်ခိုက်နိုင်ပုံမပေါ်ပါဘူး။ ဘယ်လို​ကြောင့်များ သူတို့တွေကို တန်ပြန်တိုက်ခိုက်ဖို့အခွင့်အရေးပေးရမှာလဲ။ အစောပိုင်းတုန်းက စွမ်းအင်တွေအများကြီးကုန်ဆုံးလို့ထားပြီပေမဲ့ အစွမ်းကုန်တိုက်ခိုက်ဖို့ သူတို့ဆုံးဖြတ်လိုက်ပါတယ်။

၀မ်ယန်ကတော့ ဘေးမှာသာ ရပ်ကြည့်နေရင်း လုံး၀ကို စိတ်မအေးပဲ ရှိနေခဲ့ပါတယ်။ သူက ဟို့ယွိဟောင်ကိုသာ အဓိက အာရုံစိုက်ပြီကြည့်နေခဲ့တယ်။ ရှောင်ရှောင်းတစ်ယောက်ထဲနဲ့ ၀မ်သုန့် အကူအညီမပါပဲ။ ပြိုင်ဘက်သုံးယောက်ကို တိုက်ခိုက်ဖို့မလွယ်ကူဘူးလို့ ယုံကြည်နေခဲ့ပါတယ်။ သူတို့ရဲ့ ပြိုင်ဘက်သုံးယောက်စလုံးက အရှိန်နှုန်းကို အသုံးပြုတဲ့ ပညာရှင်တွေ ဖြစ်နေခဲ့လို့ပါ။ ဟို့ယွိဟောင် ဘယ်လိုများ လှုပ်ရှားမလဲဆိုတာနဲ့ သူ့၀ိဉာဥ်စွမ်းရည်ကို ဘယ်လိုအသုံးပြုမလဲဆိုတာ သူသိချင်နေခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့ မျက်လုံးတွေက တောက်ပလာခဲ့ပါပြီ။ မှိန်ဖျော့ဖျော့ရွှေရောင်အလင်းတန်းက သိပ်ပြီ မထင်ရှားပါဘူး။ ဒါပေမယ့် ၀မ်ယန်ကတော့ ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရပါတယ်။ ဒါပေမယ့် ၀ိဉာဥ်စွမ်းရည်ကို ထုတ်လွှတ်တဲ့အချိန်မှာ ၀ိဉာဥ်ပညာရှင်တွေရဲ့ မျက်လုံးအရောင်ပြောင်းလဲသွားတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါပဲ။ ဟို့ယွိဟောင်ရဲ့ ခြေထောက်အောက်မှာရှိတဲ့ ၀ိဉာဥ်စက်ကွင်းက အရမ်းကို အားနည်းပုံရတာ ၀မ်ယန်သတိပြုမိလိုက်ပါတယ်။ သူတောင်မှ ဟို့ယွိဟောင်ရဲ့ သိုင်းပညာ၀ိဉာဥ်ကို မခံစားမိပါဘူး။

ဒီတစ်ကြိမ်မှာ အရှိန်ကိုအသုံးပြုတဲ့ ပညာရှင်သုံးယောက်လဲ အတူတူလှုပ်ရှားရင်း အရှိန်နှုန်းတွေက ပြောင်းလဲလို့နေခဲ့တယ်။ သူတို့နှစ်ယောက်က ရှောင်ရှောင်းကို တိုက်ခိုက်လို့နေခဲ့ကြပြီ တတိယတစ်ယောက်ကတော့ ဟို့ယွိဟောင်ကို လျှို့၀ှက်၀င်တိုက်ဖို့ လုပ်နေခဲ့ပါတယ်။ သူတို့တွေက ကောင်းကောင်းပူးပေါင်းနိုင်နေခဲ့တယ်။

ရှောင်ရှောင်းကတော့ အစကနေအဆုံးအထိ အရှေ့ကိုသာ အာရုံစိုက်ထားခဲ့တာပါ။ သူတို့တွေကို လုံး၀ လျစ်လျူရှုထားခဲ့တယ်။ အဲ့ဒီနောက် လက်နှစ်ဖက်ကို ခေါင်းပေါ်မြောက်လိုက်ရင်းနဲ့ ကောင်းကင်ကြီးတစ်ခုလုံးကို ထမ်းထားရတဲ့ပုံစံမျိုးလုပ်လိုက်ပါတယ်။ သူမရဲ့အိုးကြီးက ကောင်းကင်ပေါ်ကိုမြောက်တက်သွားခဲ့ပြီ သုံးခုကွဲသွားခဲ့ပါပြီ။ အဲ့ဒီနောက် ပြိုင်ဘက်သုံးယောက်ဆီကို ပြေးထွက်လို့သွားပါတော့တယ်။

လန့်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုက ဖြစ်ပေါ်လို့လာခဲ့ပြီ ရှောင်ရှောင်းက မျက်လုံးကိုမသုံးပဲနဲ့တောင် ပြိုင်ဘက်သုံးယောက်ရဲ့လမ်းတွေကို တားဆီးပြစ်လိုက်ပါတယ်။ သူမရဲ့အိုးက သုံးခုကွဲသွားပြီတဲ့နောက် ပြိုင်ဘက်သုံးယောက်ကို လုံး၀ အတိအကျတားထားလိုက်နိုင်ပါတယ်။ ဒါ့အပြင် သူတို့ရင်ဆိုင်နေရတဲ့၀ိဉာဥ်ပညာရှင်တွေအားလုံးကလဲ ၀ိဉာဥ်စက်ကွင်းတစ်ကွင်းသာရှိတဲ့ ၀ိဉာဥ်ပညာရှင်တွေပါ။ အားလုံးရဲ့ ကျင့်ကြံဆင့်ကလဲ အဆင့်ဆယ့်ကိုးမှာရှိနေခဲ့ပါတယ်။ သူတို့ရဲ့အစွမ်းကုန်တိုက်ခိုက်မှုက အတော်ကို မြန်ဆန်လွန်လှတယ်။ ရလဒ်အနေနဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို အချိန်တိုအတွင်း မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဒါကြောင့် အိုးကြီးသုံးလုံးနဲ့ ၀င်တိုက်မိပါတော့တယ်။

သူတို့တွေက ဟွမ်ချူထျန်းလိုမသန်မာတဲ့သူတွေ ဖြစ်ကြတဲ့အတွက် အိုးကြီးတွေနဲ့ ၀င်တိုက်မိပြီချိန်မှာ ချက်ချင်းဆိုသလို မူးဝေနှောက်ကျိတဲ့အခြေအနေကို ရောက်သွားပါတော့တယ်။ ဒါ့အပြင် ပိုပြီးလန့်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုကတော့ အရှေ့မြင်ကွင်းမှာ ဖြစ်လာခဲ့ပါပြီ။

အပိုင်း ၁၉•၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset