အပိုင်း (၂၂၆) အစေခံ
စုရှောင်ရှန် အတန်ကြာအောင်ပြေးလာပြီးမှ ရပ်လိုက်၏။
“ဟူးးး။ ရှေးလူကြီးတွေရဲ့ စကားအရ ကံတရားက သတိ ဝီရိယ ရှိသူတွေကို မျက်နှာသာပေးတယ်တဲ့…”
ရဲ့ရှောင်ထျန်းကို သူယူလာသည့် ရတနာလေးပါးစလုံးပြဖို့က အိပ်မက်တောင်မမက်ခဲ့ဖူးချေ။ ဒီကမ္ဘာကြီးရဲ့ နိယာမက တကယ် အပြောင်းအလဲမြန်လွန်းလှသည်လို့ ပြောချင်နေသည်။ ကံကောင်းတာက အခြေအနေက သူ့ဘက်ကို အမြဲသာပေးနေလို့ပေါ့။
ရဲ့ရှောင်ထျန်းက ရတနာလေးပါးကို ပြန်မတောင်းဘူးဆိုတော့ သူလည်း ဆက်လက်၍ ဝှက်ထားရန် လိုတော့မည်မဟုတ်ဘဲ ခေါင်းမော့ရင်ကော့ကာ ထုတ်ဖော်နိုင်ပေတော့မည်။
“ကောင်းလိုက်တာ”
စုရှောင်ရှန် စပ်ဖြီးဖြီး ပြုံး၍ သူ့သိုလှောင်လက်စွပ်ထဲက အဆင့်ငါးစိတ်ဝိညာဉ်ဓားကိုထုတ်ယူလိုက်သည်။ ထိုဓားဖြင့် လမ်းဘေးနားက ကျောက်တုံးကြီးတစ်တုံးကိုဖြတ်ကြည့်ရာ တိုဟူးအလား လွယ်လွယ်ကူကူပဲ ပြတ်တောက်သွားခဲ့သည်။
“ဟဲဟဲ…”
စုရှောင်ရှန်ကျေနပ်သွားပြီး တိတ်တခိုးနာကျင်ခြင်းကိုထုတ်ယူကာ ကျောက်တုံးကို ခုတ်ကြည့်လိုက်သည်။ ၎င်းဖြင့် တူညီသောရလဒ်ကို မရပါချေ။
“ဒီနှစ်ခုအကြားက ကွာခြားချက်ကို ကျောက်တုံးတွေကြည့်ပြီး ပြောနိုင်မယ်မထင်ဘူး”
စုရှောင်ရှန် ဘယ်ဟာကိုရွေးရမလဲခက်နေ၏။ အဆင့်ငါးစိတ်ဝိညာဉ်ဓားက သူ၏ တိတ်တခိုးနာကျင်ခြင်းထက်သာလွန်တယ်ဆိုတာ မှန်ပေမယ့် ၎င်းနှင့် ရင်းနှီးသော ဆက်ဆံမှုမရှိပါချေ။
အခြားတစ်ဘက်က တိတ်တခိုးနာကျင်ခြင်းကတော့ သူနှင့်တချိန်လုံးရှိနေခဲ့သည်ဖြစ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကဲ့သို့ ဖြစ်လာသည်။ ထို့ပြင် ဓားဆန္ဒနဲ့ ပေါင်းစပ်ပြီးတိုက်ခိုက်သည့် သူ့တိုက်ခိုက်ပုံနှင့်လည်း လိုက်ဖက်သည်။
ဘာဖြစ်ဖြစ် အဆင့်ငါးစိတ်ဝိညာဉ်ဓားကို အသုံးမပြုချင်ဘူးဆိုရင်တောင် သွားရောင်းရင် ဈေးကောင်းရမှာကတော့ သေချာသည်။
အဆင့်ခြောက်၊ အဆင့်ငါးဆိုတဲ့အတိုင်း ၎င်းက အရှင်သခင်နယ်ပယ် လက်နက်ဖြစ်သည်။ ပြီးတော့ ဓား၏ ပုံပန်းသွင်ပြင်အရလည်း အရှင်သခင်နယ်ပယ်မှာတောင် ထိပ်ပိုင်းကပါလောက်သည်။
“ချန်ရှင်းချုက ချမ်းသာရုံမကဘူး ပစ္စည်းကောင်းလည်း တော်တော်ပေါတာပဲ။ ဒီဓားနဲ့ မူလဇစ်မြစ်ကျောက်တုံးကို ရလိုက်တာ ပွတာပဲ” စုရှောင်ရှန်အလွန်ကို ကျေနပ်နေပါသည်။
မူလဇစ်မြစ်ကျောက်တုံးက အသုံးပြုလို့ရတဲ့ရတနာဖြစ်လာမလားမသိပေမယ့် စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကိုလည်း သုံးစရာနေရာမှ မရှိဘဲ။ မူလဏဇစ်မြစ်ကျောက်တုံးကို အသုံးပြုနိုင်ဖို့ စမ်းကြည့်တာ မမှားချေ။
အစက ထိုအသက်တံဆိပ်ပြားကို မုကျစ်ရှီကို ပေးမလို့ဖြစ်သည်။ သို့ပေမယ့် သူ့ဆရာတူ ညီမလေးကို အလိုအရမ်းလိုက်သလို ဖြစ်သွားမှာ စိုးရွံ့မိ၏။
မုကျစ်ရှီ၏ အသက်စွမ်းအင်တွေကို အချိုရည်အလား သောက်နိုင်သည့် အခြေအနေကို သူသတိထားမိသည်။ ၎င်းကိုဆိုရလျှင် စုပ်ယူနေသည့် အဆုံးမရှိသည့် တွင်းနက်ကြီးအလားပင်။
ထိုသို့ အလွန်အကျူး အခြေအနေမှ တိုက်စားခြင်းခံရပြီး မိစ္ဆာစိတ်များတောင်၀င်သွားမှာ စိုးရွံ့မိသည်။
ဆိုရလျှင် သူမက မူလနန်းတော်အထွတ်ထိပ် ကျင့်ကြံမှုကလေးဖြင့် ရဲ့ရှောင်ထျန်းကို ထိန်းချုပ်ထားတဲ့ ပုံရိပ်ယောင်ကိုတောင် ဖြိုခွဲပေးနိုင်ခဲ့သည်မဟုတ်ပါလား။ မိစ္ဆာစိတ်များသာ၀င်သွားရင် ဘာဖြစ်လာလိမ့်မလဲ။
စုရှောင်ရှန် အတွေးစများတစ်ခုနှင့်တစ်ခုချိတ်ဆက်မိပြီး ယခင်နေ့တွေက အဖြစ်အပျက်တွေအားလုံးက ဆက်နွယ်နေတာကို သတိထားမိသွား၏။
သို့ဖြင့် သူ့စိတ်ထဲမှာ ပုံရိပ်များတစ်ခုပြီးတစ်ခု ပြောင်လဲသွားပြီး နောက်ဆုံး ထိုမျက်နှာလွှားစနှင့် ယွဲ့ကျစ်၀မ်ထံရောက်မှ ရပ်သွားခဲ့သည်။ သူမ၏ ကြယ်တာရာမျက်လုံးများက တကယ် ထူးဆန်းလှပေသည်။
“ဒီမျက်လုံးတွေ…”
စုရှောင်ရှန် ဆက်လက်၍ အတွေးမနက်နိုင်ခင်မှာ အဝေးက ကျယ်ကျယ် လောင်လောင်အသံတစ်ခုကြောင့် အသိစိတ်ပြန်လည်လာခဲ့၏။
သူကြည့်လိုက်ရာ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ကိုတွေ့ရသည်။
“ကျောက်ချင်းထန်နဲ့ လန်ရှင်းရှီပါလား”
ထိုနှစ်ယောက်ကို အတူတူတွေ့လိုက်ရတာကြောင့် စုရှောင်ရှန် အံ့အားသင့်သွားခဲ့သည်။ ထိုမှ ပတ်၀န်းကျင်ကိုကြည့်လိုက်ရာ ညီလာခံခန်းမနှင့် အဝေးမှ အိမ်ခြံအနည်းငယ်ရှိသည့် တောအုပ်လေးထဲ ရောက်လာတာကိုတွေ့ရပေသည်။
ဤနေရာက သူတွေ့ခဲ့ရသည့် လန်ရှင်းရှီ၏ နေရာမဟုတ်တာကြောင့် ကျောက်ချင်းထန်၏ နေရပ်ဖြစ်နိုင်သည်။ ဒါပေမယ့် ဘာလို့ လန်ရှင်းရှီက ဒီရောက်နေတာလဲ။
“လျှိုလင်းလင်း ကို အရူးအမူးကြိုက်နေတယ်လို့ထင်နေတာ…”
စုရှောင်ရှန်အသေအချာစဉ်းစားကြည့်လျှင် ကျောက်ချင်းထန်၏ အေးတိအေးစက် မျက်နှာထားဖြင့်ဆို အသက်ကြီးသည့် မိန်းမများကိုတောင် ဆွဲဆောင်နိုင်တာ မဆန်းပေ။
ကြားသုံးကြား၀င်မရှုပ်ချင်တာကြောင့်လည်း စုရှောင်ရှန်က လှည့်ထွက်သွားရန်ပြင်လိုက်သည်။ အကြီးအကဲစန်းက သူ့ကိုစောင့်နေသေးသည်မဟုတ်ပါလား။
သို့ပေမယ့် သူနောက်အလှည့်ပြီးမှ ကြားလိုက်ရသည့် “ကျောက်ရှူ” ဆိုတဲ့စကားကြောင့် စုရှောင်ရှန် မျက်ခုံးများပင့်လိုက်၏။
သူ့အကြားအမြင်၏ တာဝေးနှင့်ဆိုရင် အချက်အလက်အသေးစိတ်ကလေးကိုတောင်မှ ရှင်းရှင်းလင်းလင်း ကြားရ၊ မြင်ရပေသည်။
ဒါပေမယ့် သူ့ပတ်လည်မီတာ ရာကျော်အတွင်းမှာ ဖြစ်ပျက်နေသမျှ အားလုံးကို လိုက်ဂရုစိုက်နေရင် အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ရှိပါစေငြား သူ့အတွက် အလွန်အပန်းကြီးပေမည်။ သို့ကြောင့် လစ်လျူရှူထားတာက များသည်။
ရံဖန်ရံခါတော့ သူနှင့်ပတ်သက်သည့် အချက်အလက်များ အကြောင်းကို သတိချပ်ထားပါသေးသည်။ ဒါကြောင့်လည်း ကျောက်ချင်းထန်တို့ စကားက သူ့နားထဲရောက်လာခဲ့၏။
သူတို့ နောက်ဆက်ပြောသည့်စကားများကို သူအပြည့်အ၀အာရုံစိုက်လိုက်တော့သည်။
…
“နင်တို့ ကျန်းမျိုးနွယ်စုနဲ့ စုရှောင်ရှန်ကိစ္စကငါနဲ့ ဘာပတ်သက်လို့လဲ” ကျောက်ချင်းထန်၏ လေသံက အေးတိအေးစက်နိုင်စမြဲဖြစ်၏။
“ဟင်း နင်တို့ ကျောက်ရှူက မီးပန်းလိုဖောက်ခံလိုက်ရတာနော်။ ပြီးတော့ သူက နင့်ရဲ့၀မ်းကွဲလေ။ ဒါတောင် ဂရုမစိုက်ဘူးလား” လန်ရှင်းရှီက ကဲ့ရဲ့ထေ့ငေါ့စွာပြောလိုက်သည်။
“အဲ့ကိစ္စက နင်နဲ့ဘာဆိုင်လဲ”
“ငါမှတ်မိတာမမှားရင် သူကနင့်ကို ကျန်းမျိုးနွယ်စုကို ကစားဖို့ ခေါ်လာတတ်တယ်မလား။ အဲ့တုန်းကဆို နုင်က အမြဲ သေး၀တ်ကလေးနဲ့လေ”
“…”
ကျောက်ကျစ်တုံ့၏ မျက်၀န်းများအတွင်း အေးစက်စက်အလင်းများဖြတ်သွားပြီးတော့ စကားတစ်လုံးချင်းစီတိုင်းကို လေးလေးပင်းပင်းဆိုလိုက်သည်။ “အဲ့တုန်းကဆို နင်ငါ့ကို အခုလို လေသံနဲ့ စကားပြောရဲလား”
လန်ရှင်းရှီ၏ မျက်နှာထက်က အပြုံးအေးခဲသွားသည်။
ကျောက်ချင်းထန်က စစ်မှန်ခြင်းနယ်ပယ် အစောပိုင်းမှာဆိုရင်တောင် သူက ကျောက်မျိုးနွယ်စု၏ အမွေခံသားတော်တစ်ပါးဖြစ်သေးသည်။ အခြားတစ်ဘက်မှ သူမကတော့ ကျန်းမိသားစု၏ အစေခံတစ်ယောက်သာဖြစ်၏။
“ပြန်ပြောလိုက်စမ်း”
သူမ၏ လက်သည်းခွံများက လက်ဖဝါးထဲသို့တောင် ဖောက်၀င်နေခြင်းနှင့်အတူအန္တရာယ်ရှိသောအလင်းများလက်နေသည့် မျက်၀န်းများဖြင့် ခေါင်ဆတ်ကတည်းမော့ပြီး ဆိုလိုက်သည်။ “ဒါက ထျန်းစန်းစီရင်စုမဟုတ်ဘူး။ ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်နော်”
“အဲ့တော့ဘာဖြစ်လဲ” ကျောက်ချင်းထန်က အသာအယာ ပြုံးကာ “ဒီလိုနိမ့်ကျတဲ့အဆင့်အတန်းကြောင့်လည်း ထျန်းစန်းနန်းတော်ထဲမှာ ၇နှစ်ကြာအောင် လောကကြီးကို မျက်နှာချင်းမဆိုင်ရဲဘဲ ပုန်းနေတာမလား”
ထိုစကားလုံများကြောင့် ဘေးပတ်၀န်းကျင်က လေထုတောင်အေးခဲ့လာခဲ့ပြီး ထပ်လောင်း၍ သူက “ဒီစိတ်ဝိညာဉ်နန်းတော်က နင့်အတွက်တော့ အကျဉ်းထောင်တစ်ခုပဲ”
ကျောက်ချင်းထန်ကို ကြည့်သော လန်ရှင်းရှီ၏ အကြည့်များက စူးစူးရှရှရှိနေပြီး မျက်နှာကလည်း အကျဉ်းတန်အောင်မဲ့ရွဲ့နေသည်။
ကျောက်ချင်းထန်က ၎င်းကို မမှုသလိုဖြင့် “ငါ့ကိုထပ်လာမရှာနဲ့တော့။ ကျောက်ရှုဘာလို့ သေရတယ်ဆိုတာ ငါသိတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်သေချာပြန်သုံးသပ်ကြည့်ပေါ့။ ဘယ်လောက်သန်မာနေပါစေ ဒီအကျဉ်းထောင်ထဲက ဖောက်ထွက်ရဲမလားလို့”
ကျောက်ချင်းထန်ပြောပြီး မှင်တက်တက်ကြီး ဖြစ်နေသော လန်ရှင်းရှီကိုထားခဲ့ကာ သူ့ခြံတံခါးကို သွားဖွင့်လိုက်သည်။
…
“ကမ္ဘာလေးက တကယ်ကျဉ်းတယ်ဆိုတာ အမှန်ပဲနော်”
စုရှောင်ရှန် ပြောမပြနိုင်သော ခံစားချက်တို့ဖြင့် ပြည့်နေ၏။
ထိုနှစ်ယောက်အကြားဘာဖြစ်နေမှန်းသေချာမသိပေမယ့် သူ့ကို ရှင်းပစ်ရန် ကြံနေကြမှန်းတော့သိသည်။ ယခင်က စွမ်းအားအရာဘာညာ မရှိလို့ ပုန်းနေရသည်ထား အခြေအနေက ယခုတော့ ပြောင်းလဲခဲ့လေပြီ။
“ဟင် ဒီအသံ…”
စုရှောင်ရှန် ပြောလိုက်သောစကားကြောင့် ကျောက်ချင်းထန် တံခါးဖွင့်လက်စကြီး တုံ့ခနဲရပ်သွားခဲ့၏။ စုရှောင်ရှန်က သူတို့အနားလျှောက်လာကာ အကြံပေးလိုက်သည်။ “မင်းတို့က လူသိမခံနိုင်တဲ့ အကြောင်းအရာတွေကို အပြင်မှာလာပြောနေကြတယ်။ အနည်းဆုံးတော့ အိမ်ထဲမှာပြောပါဟ”
စုရှောင်ရှန် ဘယ်ကရောက်လာမှန်းမသိ သူတို့နှစ်ဦး မှင်တက်သွားပြီး အလျင်အမြန် လှည့်ကြည့်လိုက်ကြ၏။
“အဲ့တော့ နင်က အကုန်ကြားသွားပြီပေါ့” လန်ရှင်းရှီ ခပ်သဲ့သဲ့ရယ်ရင်းမေးလိုက်ပါသည်။
“ဒါပေါ့။ နင်တို့က ဒီလောက် အော်ကြီးဟစ်ကျယ်ပြောနေတာ နားကန်းတဲ့လူပဲ မကြားလိမ့်မယ်”
သူတို့ နှစ်ဦး တိတ်ဆိတ်သွားကြသည်။
: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၂]
ကျောက်ချင်းထန်၏ မျက်နှာက သွေးဆုတ်ဖြူရော်သွား၏။ စုရှောင်ရှန်သာအနားမှာရှိတယ်ဆိုတာ သိရင် လန်ရှင်းရှီကို ထွက်သွားဖို့မဟုတ်ရင်တောင် အနည်းဆုံးတော့ စိတ်ချင်းဆက်ပြီး သူဆက်သွယ်ခဲ့ပါသည်။
ဒီကောင်က ဘယ်ကနေ ရောက်လာရတာတုန်း…။
သူက ဒီလောက်အနီးလေးမှာ ရှိတယ်ဆိုရင်လည်း သူတို့ သတိထားမိသင့်သည်။ အဝေးကြီးမှာဆိုပြန်ရင်လည်း သူတို့ ပြောတာ ကြားနိုင်လိမ့်မည်မဟုတ်ချေ။
“ကြားသွားတော့ရော ဘာဖြစ်လဲ” ထိတ်ထိတ်ပျာပျာဖြစ်နေသော ကျောက်ချင်းထန်လို မဟုတ်ဘဲ သူမက မမှုသလိုနှင့် ပြုံးတောင်ပြလိုက်သေးသည်။
ယခုတော့ သူမထက်တောင် အဆင့်အတန်းမရှိ၊ နောက်ခံမရှိသည့် စုရှောင်ရှန်ကို တွေ့ရရာ စိတ်ပြန်တက်ကြွလာလေတော့သည်။
စုရှောင်ရှန်က စကားကိုဝေ့လည်ကြောင်ပတ်လုပ်နေတော့ဘဲ တည့်တိုးပြောလိုက်၏။
“မင်းတို့ နှစ်ယောက်စလုံး ငါ့ကို သတ်ဖို့ ဆွေးနွေးနေကြတာမလား”
အပိုင်း (၂၂၇) ဘာလို့ဆို သတ်ချင်လို့ပဲ
စုရှောင်ရှန်၏ တည့်တိုးဆန်သော စကားကြောင့် သူတို့နှစ်ဦးစလုံးမှင်တက်သွားခဲ့ပြီး ဘာပြန်ပြောရမလဲ မသိကြတော့ချေ။
ကျောက်ချင်းထန်၏ အဆင့်လောက်လေးနှင့် သူ့ကို ခြိမ်းခြောက်မှုတစ်ရပ်မဖြစ်စေတာကြောင့်လည်း စုရှောင်ရှန် လစ်လျူရှူလိုက်၏။
ထိုအစား လန်ရှင်းရှီကို ကြည့်၍ “ကျန်းမျိုးနွယ်စုဆိုတော့ … နင်က ကျန်းရှင်းရှုံရဲ့ လက်အောက်ငယ်သားတစ်ယောက်လား”
လန်ရှင်းရှီ ဘာမှ ပြန်မပြောပေမယ့် သူမ၏ မျက်၀န်းများအတွင်း စိတ်အလိုမကျမှုတို့ကိုတွေ့ရသည်။ မကြာသေးခင်က စုရှောင်ရှန်နှင့် တွေ့တုန်းကတောင် ဒီလို လေသံဖြင့် မပြောရဲပါဘူး။ ဆေးမှားစားလာတာများလား။
“ဟုတ်တယ်” သူမ ဖြေးညှင်းစွာ ခေါင်းညိတ်လိုက်ပြီး “ဘာလဲ နင်က လက်မှတ်လိုချင်လို့လား”
“လက်မှတ် ဟုတ်လား…”
စုရှောင်ရှန် ရယ်သံသဲ့သဲ့လေးပေးလိုက်သည်။ ယခင်တစ်ခေါက်တုန်းက သူက ယခုလောက် မသန်မာတာကြောင့် လက်မှတ် ထိုးသည့်ဖြစ်ရပ်ကို အခြေခံပြီး အသတ်ခံရမည့် အခြေအနေက ရုန်းထွက်ခဲ့သည်။
မဟုတ်လျှင် ထိုသို့နိမ့်ကျသည့် အလုပ်ကို လုပ်လိမ့်မည်လား။
“ဒါဆို ဖုန်းကုန်းနဲ့ ရှောင်းယီတို့ကို ကျန်းရှင်းရှုံလွှတ်လိုက်တာလား” စုရှောင်ရှန်က မသေချာမရေရာ မေးခွန်းထုတ်လိုက်သည်။
စုရှောင်ရှန်မေးလာမှတော့ တစ်ခုခု မူမှန်တာ ကျောက်ချင်းထန် ခံစားလိုက်ရ၏။ သူဒီမှာ တိုက်ခိုက်ချင်နေတာလား။ လန်ရှင်းရှီဘာပြောပြော အခြေအနေက ထိုသို့ဦးတည်သွားမည့် လမ်းကြောင်းကိုသာ မြင်နေရသည်။
သို့ဖြင့် ပါးနပ်စွာ ကျောက်ထျင်းထန် မသိမသာလေး ခြေတစ်လှမ်းနောက်ဆုတ်လိုက်၏။
သူ့မျက်စိထောင့်ကနေလည်း လူအတော်များများ စုစည်းလာနေကြတာကို မြင်လိုက်ရသည်။
ကြည့်ရတာ လန်ရှင်းရှီသူ့ကို လာရှာသည့် သတင်းက ပေါ်ဆန်းမွှေးချက်သလို ပြန့်သွားပုံရပေသည်။ သို့ပေမယ့် အတွင်းစည်း ထိပ်သီး (၃၃) ဦး၀င်ပါ၀င်နေတာကြောင့် အနီးနားသို့တော့ ကပ်မလာရဲကြပါချေ။
ဒါက စုရှောင်ရှန်ကို မမြင်ခင်ကဖြစ်သည်။ သူ့တည်ရှိမှုကြောင့် သူတို့လည်း မအောင့်အီးနိုင်ဘဲ ရှေ့သို့ မ၀န့်မရဲ ဆက်တက်လိုက်ကြ၏။ စုရှောင်ရှန်က လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်သည့်နေရာမှာ ထူးခြားသည်လို့ပြောရပေမည်။
အကြောင်းမှာလည်း စုရှောင်ရှန်ပါလာပြီဆိုတာနဲ့ နောက်နေ့ခေါင်းစည်းသတင်းက သူ၏ မယုံကြည်နိုင်ဖွယ်ရာ လုပ်ရပ်များဖြင့် တက်လာပေသည်။ ဒါကြောင့် ဦးစွာမျက်မြင်တွေ့ချင်သူများဖြစ်ကြတာ မဆန်းပါပေ။
လန်ရှင်းရှီ ထိုအမေးကို ဘယ်လိုပြန်ဖြေမလဲ လူတိုင်း မျှော်လင့်တကြီး စောင့်စားလိုက်ကြ၏။
ယခင်တစ်ခေါက် ထိုကိစ္စကိုစုံစမ်းတုန်းကလည်း စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနက ဘာအဖြေမှ ဟုတ်တိပတ်တိ မရေခဲ့ပါချေ။
လူတိုင်း၏ အမြင်နှင့်တခြားစီ လန်ရှင်းရှီက ခေါင်းကိုသာ အသာရမ်းကာ ဘာကိုမှ မကြောက်သည့်အလား ဖြေကြားလိုက်၏။
“ကျန်းရှင်းရှုံသူတို့ကိုလွှတ်လိုက်တာမဟုတ်ဘူး။ ငါလွှတ်လိုက်တာ။ ပြီးတော့ နင့်ကို ငါသတ်ချင်နေတာကြာပြီ”
အခြေအနေက ဒီ့ထက်ပိုပြီး ကမောက်ကမ မဖြစ်လာနိုင်တော့ပေ။ အဖွင့်မှာတောင် ဤသို့ ထင်မှတ်မထားသည့် အကြောင်းအရာကို တွေ့ရ၏။
“နင်၀န်ခံတာနော်။ ကဲ စည်းကမ်းကြီးကြပ်သူတွေဘယ်မှာလဲ။ သူ့ကို အမြန်လာဖမ်းကြပါ”
လူအုပ်ကြီးက :
“အင်း…။ ငါလာတုန်းကတော့ သူတို့အားလုံး ကျူးကျော်သူတွေရန်က ကာကွယ်ဖို့ သူတို့အားလုံးအလုပ်ရှုပ်နေကြတာတွေ့တာပဲ။ အတွင်းစည်းမှာတောင် လေးငါးယောက်လောက်လားပဲ ရှိတယ်”
“ဟဲယွဲ့ရှင်းက သနားစရာကောင်းလိုက်တာကွာ။ လန်ရှင်းရှီအစားတောင် ပြစ်ဒဏ်စီရင်ရေးခုံရုံးကိုသွားခဲ့တာ။ အခုတော့ သူမက ဘာမှမဟုတ်သလို အမှန်တွေဖွင့်ချလိုက်တယ်တဲ့။ ဟီးဟီး စိတ်၀င်စားစရာကြီး”
“ကြည့်ရတာ ဒီနေ့လည်းပွဲဖြစ်တော့မယ်ထင်တယ်”
“ကျစ်ကျစ်… အခု စုရှောင်ရှန်ဘာလုပ်မလဲမသိဘူး။ သူအတွင်းစည်းကိုရောက်လာကတည်းက တစ်ရက်မှလည်း အေးအေးချမ်းချမ်းကို နေရတယ်မရှိဘူး။ မင်းတို့ကောမထင်ဘူးလား”
“အေးဆို ထျန်းရွမ်တံခါးထဲက ထွက်လာတာနဲ့ ကိုယ့်ကိုယ်ကိုယ်ပြိုင်ဘက်ကင်းနေပြီများထင်နေလားမသိပါဘူးကွ။ သူတော့ တကယ် ကွိုင်ရှာနေတာပဲ”
“စုရှောင်ရှန်ဘယ်လောက်သန်မာလာလဲ ငါမသိပေမယ့် လန်ရှင်းရှီကိုကြည့်ရသလောက်တော့ စိတ်ပိုင်းဖြတ်ထားပုံရတယ်ကွ။ လခွမ်း စိတ်လှုပ်စရာကြီး…”
“…”
[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၇]
[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် + ၁၂]
[စိုးရိမ်ခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၃]
“…”
ထိုနေရာလေးက ဆူညံပူညံဖြစ်လာခဲ့သည်။ လူများတစ်စထက် တစ်စ ရောက်လာခြင်းနှင့်အတူ စုရှောင်ရှန်၏ အသိပေးချက်ဖန်သားပြင်၌လည်း အသိပေးချက်များ ဆက်တိုက်ကျလာနေခဲ့၏။
ကျောက်ချင်းထန်တောင် တဖြည်းဖြည်း တံခါးနောက်ကိုရောက်သွားပြီး ပိတ်တော့မည့်စဲစဲရှိနေတာကို စုရှောင်ရှန်တွေ့လိုက်ရသည်။ ရုပ်ချည်း တံခါးအနားရောက်သွားပြီး တံခါးကြားကို ခြေထိုးထည့်လိုက်လေသည်။
“စိတ်တော့မကောင်းဘူး။ ဒါပေမယ့် မင်းသွားလို့မရသေးဘူး”
ကျောက်ချင်းထန် စွံ့အသွားရ၏။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
လူအုပ်ကြီးပွဲကျသွားသည်။ သူတို့သိသော စုရှောင်ရှန်သာလျှင် ထိုသို့ လုပ်လေမည်။ ဒါပေမယ့် အဲ့လိုလုပ်ပြီ သူက ဘာဖြစ်ချင်နေတာလဲ။
သူက အဆင့်ပိုမြင့်သော စစ်မှန်ခြင်းနယ်ပယ်နှစ်ယောက်နဲ့ တိုက်ခိုက်ချင်နေတာလား။ ပြီးတော့ တစ်ယောက်ကလည်း အတွင်းစည်းထိပ်သီး (၃၃) ဦးထဲက လူဟောင်းဖြစ်ပေသေးသည်။
သူရူးသွားပြီလား။
…
စုရှောင်ရှန် သူတို့ထင်နေသလို ရူးသွားရခြင်းမဟုတ်ပါ။ ထိုအခိုက်၌ သူအလွန်တည်ငြိမ်နေခဲ့၏။ ကိစ္စဝိစ္စတွေကို ဖြေရှင်းမယ်ဆိုမှတော့လည်း ကျူပင်ခုတ်ကျူငုတ်မချန်သင့်လေပေ။
ယခင်က သူလုံလုံလောက်လောက်သန်မာခြင်းမရှိ၍သာ ငြိမ်ခံနေခဲ့ခြင်းဖြစ်ပေသည်။ ယခုတော့ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်သာမက ကျဲလည်း သူ့ဘက်မှာ ရှိနေလေသည်။
ရဲ့ရှောင်ထျန်း၏ ကတိပြီးနောက်မှာ ကျဲကို ဆက်လက်၍ ဖုန်းကွယ်ထားရန် မလိုတော့ချေ။
သို့ဖြင့် လန်ရှင်းရှီဘက်ကို ပြန်လှည့်လိုက်ပြီး အသာပြောလိုက်သည်။ “နင်က ရိုးသား သားပဲ။ မဆိုးဘူး အဲ့တစ်ချက်တော့ကြိုက်တယ်”
“ဟင့်…” လန်ရှင်းရှီ နှာခေါင်းရှုံ့လိုက်သည်။
“ဆိုတော့ ငါဘယ်သူလဲဆိုတာ အဲ့တုန်းကတည်းက နင်သိနေတယ်ပေါ့လေ” ပြီးနောက်မှ တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် “နင်ဟန်ဆောင်နေခဲ့တာမလား”
စုရှောင်ရှန် တုန့်ဆိုင်းခြင်းမရှိ ခေါင်းညိတ်လိုက်သည်။ သူ့လက်ရှိခွန်အားဖြင့် ဟန်ထုတ်နေရန် မလိုတော့ပေ။
“ဖုန်းကုန်းနဲ့ ရှောင်းယီပြီးတော့ ကျောက်ရှူကိုလွှတ်လိုက်တာလဲ နင်ဖြစ်ရမယ်” စုရှောင်ရှန်က ဆက်၍ ဖိအားပေး ပြောသည်။
ထိုစကားကြောင့် ကျောက်ချင်းထန် ဆတ်တကည်း တုန်ခါသွား၏။ ထိုသို့ဖြစ်မယ်မှန်းကို တွေးထင်ထားခဲ့ပြီးဖြစ်ပေမယ့် လန်ရှင်းရှီထံက ကိုယ်တိုင်၀န်ခံမှုကို မကြားရသေးသောကြောင့်သာ ငြိမ်နေခြင်းဖြစ်သည်။
“ဟုတ်တယ်” ကျောက်ချင်းထန်ကို စူးစူးရှရှ စိုက်ကြည့်ပြီး လန်ရှင်းရှီ ငြင်းပယ်ခြင်းမရှိ ဖြေလိုက်သည်။
ဂျစ်…။
သူမ၏ စကားကြောင့် ကျောက်ချင်းထန် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။ ပြီးမှ ပြန်ဖြေလျော့လိုက်ပါသည်။
စုရှောင်ရှန် သက်ပြင်းချလိုက်သည်။ ယခု ကျောက်ချင်းထန်လည်း ယခင်က သူ့ကဲ့သို့ ခွန်အားအလုံအလောက်မရှိသော အခြေအနေမှာ ရှိနေခြင်းဖြစ်ပေသည်။
လူအုပ်ကြီးတောင် လန်ရှင်းရှီ၏ အဖြေကို မမျှော်လင့်ထားတာကြောင့် အုတ်သော်သောင်းနင်းဖြစ်သွားကြ၏။
“ဟာ ငါနားကြားမှားနေတာလား။ လန်ရှင်းရှီ ၀န်ခံလိုက်တယ်တဲ့။ သူမ တော်တော်ကြီး စိတ်ပေါက်သွားလို့များလား”
“အင်း… ကြည့်ရတာတော့ ကျောက်ချင်းထန်ပြောလိုက်တဲ့ စကားကြောင့်ဖြစ်ရမယ်။ ဒါပေမယ့် အဲ့အချိန်တုန်းက ဘယ်သူမှ မရှိတော့ ငါလဲ အနားမကပ်ရဲတာနဲ့ သေချာမကြားလိုက်ရဘူး”
“ငါကြားလိုက်ရတယ်။ ပြောရရင် ငါတောင်မယုံနိုင်ဘူး။ ကျောက်ချင်းထန် သူမကို အစေခံတစ်ယောက်လို့ ခေါ်လိုက်…”
လန်ရှင်းရှီ သူ့ဘက်ကို အေးတိအေးစက် မျက်၀န်းများဖြင့် စောင်းကြည့်လာတာကြောင့် ထိုသူ ပါးစပ်အလျင်အမြန်ပိတ်လိုက်သည်။
“ငါတော့သွားပြီ…”
“တောင့်ထား အရှုံးမပေးနဲ့ဦး”
…
လန်ရှင်းရှီ၏ အပြုအမူနှင့်ပတ်သက်ပြီး တစ်ခုခုမူမမှန်တာ စုရှောင်ရှန်လည်း ခံစားလိုက်ရသည်။ သူမက ပထမဆုံးတွေ့ချိန်တုန်းကလို တည်တည်ငြိမ်ငြိမ်ရှိမနေဘဲ ဆတ်ဆတ် ထိမခံဖြစ်နေ၏။
သို့ပေမယ့် ဘာဖြစ်ဖြစ် သူ့အတွက်တော့ကောင်းပါသည်။ သာမန်အခြေအနေ၌ဆိုပါက သူသွားမေးရင်လည်း သူမက ၀န်ခံလိမ့်မည်မဟုတ်ပေ။
သူအတွေးနက်နေတုန်းမှာ လန်ရှင်းရှီက ထူးထူးဆန်းဆန်းပြုံးလိုက်ပြီး ဆက်လက်ဆိုလိုက်သည်။
“ငါတကယ်လွှတ်လိုက်တာက ယွမ်တုလေ။ အဲ့အကောင်က သူရဲဘောကြောင်ပြီးတော့ မလုပ်ရဲတာ ဖြစ်ရမယ်။ ကြားမှာ ကျောက်ရှူက မရည်ရွယ်ဘဲဖြစ်သွားတာပေါ့။ ဒါပေမယ့် နင်သူ့ကို ထျန်းရွှမ်တံခါးထဲမှာ တွေ့ခဲ့ပြီးပြီထင်ပါတယ်။ ဘယ်လိုလဲ သူနင့်ကို ဒုက္ခပေးသေးလား”
စုရှောင်ရှန် စိတ်အခြေအနေ မူမမှန်ဟန်ရနေသော လန်ရှင်းရှီကို မျက်နှာသေဖြင့် စိုက်ကြည့်ပြီး “စိတ်တော့မကောင်းဘူး။ သူနဲ့တောင်မတွေ့ခဲ့ဘူး”
သူ့ဟာသူ လမ်းပျောက်သွားတဲ့သူက သူနဲ့ဘာဆိုင်လို့လဲ။ စုရှောင်ရှန် ထိုသို့သာ မှတ်ထားပါသည်။
“ယွမ်တု…”
လန်ရှင်းရှီလည်း သူ့နာမည်ကို ရွတ်ရင်းက မျက်မှောင်ကြုတ်လိုက်သည်။ ယွမ်တုကိုတောင် သူမ မတွေ့တာ ကြာလေပြီ။ သူ့အလုပ်ကိုပြီးမြောက်အောင်မလုပ်သဖြင့် သူမကို ရှောင်နေတာလားမသိရပေ။
ထွီး…။
‘သူ့ဟာသူဘာဖြစ်ဖြစ်ပေါ့။ သူ့လိုငကြောက်ကို ငါလည်း အသုံးမှ မလိုတော့တာပဲ’ သူမတွေးလိုက်၏။
ထို့နောက် လက်များကို ပြန်ဆန့်လိုက်သောအခါ အသားထဲနစ်၀င်နေသော လက်သည်းရာ အပေါက်များမှ သွေးများထွက်လာခဲ့သည်။ လန်ရှင်းရှီ စိတ်ဝိညာဉ်အနှစ်တစ်ချို့ကို အသုံးပြုလိုက်ပြီး ထိုသွေးများကို လောင်ကျွမ်းစေလိုက်၏။
စုရှောင်ရှန် ဘာမှ မပြောဘဲ ငြိမ်ငြိမ်လေးကြည့်နေပါသည်။ ဒီမိန်းမက တကယ် ရူးသွပ်နေပေ၏။
“ဘာလို့ ငါ့ကိုသတ်ချင်တာလဲ။ ၀မ်ချောင်ကြောင့်လား” သူကလည်း အသာအယာပဲ ဘာမှ မမှုသလို ပြန်မေးလိုက်သည်။
“ဟီးဟီး ဟီး…”
သာမန် မိန်းကလေးရယ်သံနှင့် မတူသော သူမ၏ ကြောက်မက်ဖွယ်ရာ ရယ်သံကြောင့် လူတိုင်းကြက်သီးမွှေးညှင်းများထောင်ထသွားခဲ့၏။ လန်ရှင်းရှီက မျက်လုံး မျက်ဆံများတောင် ပိတ်ပြီးတော့ လှိုက်လှိုက်လှဲလှဲ ရယ်မောနေပါသည်။
“အစကတော့ ၀မ်ချောင်ကြောင့်ပဲ…။ နောက်တော့ စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူတွေကိုတောင် စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ်လေးနဲ့ သတ်နိုင်တာတွေ့ပြီး စိတ်၀င်စားသွားတယ်…”
သူမ၏ သွေးနီရောင်နှုတ်ခမ်းသားများကို လျက်လိုက်ပြီးတော့ နောက်ကဆက်လိုက်သည့် စကားကို စိတ်ချင်းဆက်ပြောလိုက်သည်။ သူမ၏ ညုတုတု အသံကလေးက စုရှောင်ရှန်၏ ခေါင်းထဲမှာ ပဲ့တင်ထပ်သွားတော့၏။
“ခုသတ်ချင်ရတဲ့ အကြောင်းအရင်းက နင့်ကိုငါ ကြည့်မရလို့ပဲ”
အပိုင်း (၂၂၈) ရူးသွပ်ခြင်း
စုရှောင်ရှန် ကြက်သေသေသွားခဲ့ပြီး မှင်တက်စွာမေးလိုက်သည်။ “ဘာလို့ ငါ့ကိုတည့်တိုးကြီး လာပြောပြတာလဲ”
“ဘာလို့လဲ ဟုတ်လား… ဘာလို့လဲ”
လန်ရှင်းရှီ၏ ပုခုံးသားများက လှုပ်ခါနေတာ မရပ်တော့ပေ။ သူမ၏ ရူးကြောင်ကြောင် ရယ်သံကိုတောင်မရပ်တန့်နိုင်ပါချေ။
ဘယ်လိုတောင် ကလေးဆန်လိုက်တဲ့ မေးခွန်းလဲ။
ဘာလို့လဲတဲ့။
ဒီကမ္ဘာကြီးမှာ “ဘာလို့လဲ” ဘယ်လောက်တောင်များလိုက်လဲ။ ဘာလို့ သူမက အစေခံအဖြစ်မွေးလာရတာလဲ။
ဘာလို့ အတွင်းစည်းထိပ်သီး(၃၃) ယောက်ထဲ သူမရောက်လာတာတောင်မမှုတဲ့ ကျောက်မျိုးနွယ်စုက ကောင်ကို မသတ်ရဲရတာလဲ။
သူမ အခုရှိနေတဲ့နေရာကို ရောက်လာပြီးမှ မျှော်လင့်တောင်းတလာခဲ့ရတဲ့ အိပ်မက်တွေပျက်ဆီးသွားရတာ ဘာကြောင့်လဲ။
စိတ်ဝိညာဉ်နန်းတော်…။ ကျောက်ချင်းထန်ပြောသလို ၎င်းက သူမအတွက် အကျဉ်းထောင်တစ်ခုဖြစ်လာခဲ့၏။
စုရှောင်ရှန်အနား ကပ်၍သွားကာ မေးစေ့ကို ပင့်လိုက်ပြီး အေးစက်စက်လေသံဖြင့် “ငါနင့်ကို ဘာလို့ပြောနေရသလဲ နင်ပြောကြည့်လေ”
သူမ၏ စိတ်အခြေအနေက ဆိုးသထက်ဆိုးလာနေပြီး မကျေမချမ်းဖြစ်နေသော လေသံဖြင့်ဆိုလိုက်သည်။ “ပိတ်လှောင်ထားခံရတဲ့သူက တိတ်ဆိတ်နေဖို့ကလွဲပြီး ‘ဘာလို့လဲ’ မေးနိုင်မှာလဲ”
မုန်တိုင်းက တစ်ဖြည်းဖြည်း ထန်လာနေခဲ့ပြီး လန်ရှင်းရှီလည်း ဘာကိုမှ ဖုန်းကွယ်မထားပါတော့ချေ။ သူမ၏ စိတ်ဝိညာဉ်အနှစ်များ စုရှောင်ရှန်၏ မေးစေ့ကိုကိုင်ထားသော လက်အပေါ် အလုံးအရင်းနှင့်စီးဆင်းလာကြသည်။
စုရှောင်ရှန်ကို စတွေ့လိုက်စဥ်ကတည်းက သူမ သတ်ပစ်ချင်ပေသည်။ သို့ပေမယ့် အတွင်းစည်းရဲ့ စည်းမျဉ်းစည်းကမ်းတွေက အခွင့်မပေးတာကြောင့် မလုပ်ခဲ့ရပေ။ ခုတော့ ၎င်းတို့ကို ဂရုမစိုက်ပါတော့ချေ။
ရွှစ်…။
လေထဲက ရောက်ရက်ခက်နေသော စိတ်ဝိညာဉ်စွမ်းအင်များ ရုပ်ချည်းရပ်တန့်သွားကြပြီး အရာအားလုံးလည်း တိတ်ဆိတ်ငြိမ်ကျသွားကြသည်။
သွေးစွန်းထင်းနေသော အနက်ရောင်ဓားတစ်ချောင်းက လန်ရှင်းရှီ၏ ရင်ဘက်ကို ထုတ်ချင်းဖောက်နေခဲ့၏။ ထို့နောက် လုံး၀ဖောက်ထွက်သွားကာ ပြန်လှည့်လာပြီး နောက်တစ်ခါ ထပ်စိုက်သည်။
ရွှစ်…။
သူမ၏ ရင်ဘက်ကို ဒုတိယတစ်ကြိမ်ထုတ်ချင်းဖောက်လာခြင်းနှင့်အတူ သွေးများ ပိုမိုများပြားစွာထွက်လာပေသည်။
စုရှောင်ရှန် အသာအယာပဲ သူ့မေးစေ့ကိုကိုင်ထားသောသူမ၏ လက်ကို ပုတ်ထုတ်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
“နင်ရူးနေပြီ”
၀န်းကျင်ကလူတိုင်းအတွက်တော့ ထိုတည်တည်ငြိမ်ငြိမ်ရှိသည့် မှတ်ချက်က သေမင်း၏ ခံတွင်း၀က ထွက်လာသည့်အလား…။
လန်ရှင်းရှီလည်း မယုံကြည်နိုင်စွာ အောက်ကို ငုံ့ကြည့်လိုက်သည်။
သူမ၏ ရင်ဘက်မှာ လက်သီး(၁)လုံးစာ အပေါက်ကြီးနှစ်ပေါက်ရှိနေသည်။ ၎င်းကြောင့်လည်း စုရှောင်ရှန်ကို တွေ့လိုက်တာနဲ့ သတ်ချင်နေတာက သူမတစ်ယောက်တည်းမဟုတ်ဘဲ စုရှောင်ရှန်ပါ ထို့အတူ ပြုလုပ်ချင်နေတယ်ဆိုတာ သိလိုက်ရသည်။
လူတိုင်း၏ အရှေ့မှာ ဘယ်အရာက သူ့ကို ဤသို့ပြုလုပ်ရဲသည့် သတ္တိပေးလိုက်တာလဲ။ ဘာလို့ သူမ၏ ခံစစ်ကို အသာလေး ချိုးဖျက်သွားခဲ့တာလဲ။
ဘယ်ခုခံကာကွယ်သည့် အရာတစ်ခုကိုမှ မသုံးခဲ့ဘူးဆိုရင်တောင် သူမက အဆင့်မြင့်စိတ်ဝိညာဉ်အထွတ်အထိပ်၌ ဖြစ်ပါသည်။
လူအုပ်ကြီးလည်း ဆူဆူပူပူဖြစ်သွားပေသည်။
အစက သူတို့ တစ်ဦးကိုတစ်ဦး စကားဖြင့် ငြင်းခုန်၍သာ ပြီးသွားကြမယ်ထင်ထား၏။ ထို့နောက် လူအုပ်ကြီး လန်ရှင်းရှီ၏ မူမမှန်သော အပြုအမူများကို တွေ့ရသည်။
အဆုံးကြတော့ စုရှောင်ရှန်က ဓားကိုဦးဆုံးဆွဲထုတ်သည့်သူဖြစ်နေပြီး အချိန်ကိုက်တိုက်ခိုက်လိုက်၏။ ဒီနှစ်ယောက်တစ်ယောက်ကိုတစ်ယောက် အစကတည်းက သတ်ချင်နေကြတာများလား။
ဖြစ်ပျက်နေသည်များကို နောက်က လိုက်မမှီနိုင်တော့သောကြောင့် လူတိုင်း တုန်လှုပ်သွားကြ၏။ လန်ရှင်းရှီ၏ မူမမှန်မှုကြောင့် လုပ်ရဲမယ်သူတို့သိသော်လည်း စုရှောင်ရှန်ကပါ ထိုမျှ သတ္တိရှိမယ်ဟု ထင်မထားကြပါချေ။
“လခွမ်း။ တစ်ယောက်ယောက် စည်းကမ်းကြီးကြပ်သူတွေကိုခေါ်ပါဟ”
“သေစမ်း။ စုရှောင်ရှန်တော့ဂွမ်းပြီ။ ဒီကိစ္စကို ကျန်းသခင်လေးသိရင် ဒီတိုင်းထားမှာမဟုတ်ဘူး။ အခြေအနေက ပရမ်းပတာဆန်လာပြီ”
“ကျန်းသခင်လေးပဲမဟုတ်ဘူး။ အဲ့ဒီ အရူးဟဲယွဲ့ရှင်းပါ ပြစ်ဒဏ်စီရင်ရေးခုံရုံးကနေထွက်လာရင် ပိုရူးသွားမှာ”
“ဟ မင်းပြောနေတဲ့ပုံက…”
“အေး အဲ့တာကို မြင်ချင်နေတာ”
“…”
: [အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၁၂]
: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁၇]
: [မုန်းတီးခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၉]
“…”
စုရှောင်ရှန် သူလုပ်လိုက်တာကြောင့် နောင်တမရပါချေ။
လူအနည်းငယ်ကိုလည်း သတ်ခဲ့ပြီးပြီဆိုတော့ နောက်တစ်ယောက်ထပ်သတ်လိုက်လို့ ဘာထူးသွားမလဲ။ ဘာနောင်တရစရာရှိလဲ။
တစ်ယောက်ယောက်က စိတ်ဝိညာဉ်နန်းတော်အတွင်းမှာ မင်းဘယ်သူ့ကိုသတ်ချင်တာလဲမေးလာရင် သူ့အဖြေက ရှင်းသည်။ ထိုစာရင်းထဲမှာ ကျန်းရှင်းရှုံက ပထမနေရာ၀င်ပြီး ဒီအရူးမိန်းမက ဒုတိယနေရာကနေ လိုက်လိမ့်မည်။
မကောင်းမှုကို ထမင်းစားရေသောက်သလို ကျူးလွန်နေတဲ့သူတွေအတွက် ငရဲဆိုတာက ကြောက်စရာမကောင်းပါတော့ချေ။
လုပ်ကြံသတ်ဖြတ်သူတွေကို လွှတ်လိုက်တာက ကျန်းရှင်းရှုံလား သူ့ရှေ့ကမိန်းမလား ဒါမှမဟုတ် တစ်ခါမှ သူမတွေ့ဖူးသည့် ဟဲယွဲ့ရှင်းလား သူမသိပါဘူး။ ဒါပေမယ့် ဘယ်သူဖြစ်ဖြစ် ဒီမိန်းမရဲ့စကားကြောင့် ဘာထူးတော့မလဲ။
ဒီမိန်းက တကယ့် အရူး၊ လူတွေကို အကြောင်းပြချက်မရှိဘဲ စိတ်အလိုမကျစေတာလေး၊ ကြည့်မရတာလေးနဲ့တင် သတ်ချင်နေသည်။ ဘယ်သူက ဒီလိုအရာကို သည်းခံနိုင်မှာတဲ့လဲ။
သူတို့က တစ်ယောက်နဲ့တစ်ယောက် ချောင်းမြောင်းတိုက်ခိုက်ရန်ပြင်ခဲ့ပေမယ့် စုရှောင်ရှန်က အကြားအမြင်ကြောင့် လက်တစ်လုံး ပိုသာသွားခဲ့သည်။
စိတ်ဝိညာဉ်အနှစ် အနည်းငယ်လေး လှုပ်ရှားသွားတယ်ဆိုရုံလေး၊ ကြွက်သားများ လှုပ်ရှားသွားတယ် ဆိုရုံလေးနဲ့ ဒီမိန်းမက သူ့ကိုတိုက်ခိုက်တော့မှာ ခန့်မှန်း၍ရသွားသည်။ ဒါကြောင့်လည်း အချိန်ကိုက် ပြန်တိုက်ခိုက်လိုက်၏။
သူဘယ်လိုကြည့်ကြည့် ဒီမိန်းမက သေလမ်းရှာနေတာသာဖြစ်သည်။
“အသက်ရှင်နေသေးတယ်ပေါ့လေ” စုရှောင်ရှန်က ရုတ်တရက် မေးလိုက်ပါသည်။
ထိုအမေးကြောင့် လန်ရှင်းရှီ ရင်ဘက်ကို ကိုင်ထားရင်းမှ သွေးတစ်လုပ် အန်ထုတ်လိုက်မိ၏။ သူမ၏ မျက်၀န်းများကလည်း မုန်းတီးခြင်း၊ ဒေါသမီးလျှံတို့ဖြင့် မငြိမ်းသက်နိုင်အောင်ရှိနေသည်။
သူမ၏ စိတ်ဝိညာဉ်အနှစ်များက ဒလောဟော စီးဆင်းလာကြပြီး ဒဏ်ရာများကို ဖုံးလွှမ်းလိုက်ပေမယ့် သွေးတိတ်ရပ်အောင်သာ ပြုလုပ်ပေးနိုင်လိုက်၏။ ထို့နောက် ထုတ်စားမယ်ကြံပြီး ဆေးတစ်လုံးကို ယူလိုက်တော့ ၎င်းက အငွေ့ပျံကာ ပြန့်ကျဲသွားလေသည်။
ဘာဖြစ်တာလဲ။
သူမ၏ ဘေးနားကို စုရှောင်ရှန် လျှပ်တပြက် ရောက်လာတာကြောင့် လန်ရှင်းရှီ အလန့်တကြား ခိုက်ခိုက်တုန်အောင် တုန်လှုပ်သွား၏။
“ဒါဘယ်လိုဆေးလုံးလဲ။ ရွှေနီဆေးလုံးတွေထက်တောင် တစ်ဆင့်မြင့်နေသေးတယ်” စုရှောင်ရှန်က မေးလိုက်ပါသည်။
လန်ရှင်းရှီ စွံ့အသွား၏။
ဒါဘယ်လို မှော်အတတ်လဲ။ စုရှောင်ရှန်က ဆေးလုံးတွေကို မထိဘဲ စုပ်ယူနိုင်တယ်ပေါ့။
လန်ရှင်းရှီ မဖြေကြားတာကိုတွေ့လျှင် စုရှောင်ရှန်၏ မျက်နှာထက်၌ စိတ်မကောင်းဟန်ပေါ်လာခဲ့၏။
“၀မ်းတော့နည်းပါတယ်။ ခုနင်ဘာမှ မပြောရင် နောက်ဘာမှ ထပ်ပြောနိုင်မှာမဟုတ်ဘူး”
စုရှောင်ရှန်ပြောရင်းက လက်ထဲမှာ အဖြူရောင် ရေချိုးသည့် အိုးကြီးလို အိုးအကြီးကြီး ပေါ်လာခဲ့၏။ ထို့နောက် ၎င်းဖြင့် လန်ရှင်းရှီကို ဖိချလိုက်သည်။
သူ့ကို ကြည့်နေကြသော လူတိုင်း တုန်လှုပ်သွားကြ၏။
စုရှောင်ရှန်က မိန်းကလေးဆိုပြီး အလျော့ပေးမနေတာ တွေ့ကြရသည်။ မိန်းကလေးတစ်ယောက်အပေါ်ကို ဤသို့ ဆေးအိုးကြီးဖြင့် ရိုက်ချလိုက်တာ သူမ အသက်တောင်ရှင်ပါ့ဦးမလား။
ဘုန်း…။
ကျယ်လောင်သောအသံကြီးနှင့်အတူ မြေပြင်ပေါ်ကို ဆေးအိုးကြီးကျသွားခြင်းက လူတိုင်း၏ ဝိညာဉ်များကို ကိုင်လှုပ်လိုက်ပေသည်။
“အနက်၀တ်လူတစ်ယောက်”
လန်ရှင်းရှီကို ကယ်တင်ဖို့ စည်းကမ်းကြီးကြပ်သူတစ်ယောက် ရောက်လာကို မြင်လိုက်ရသော စုရှောင်ရှန် မျက်လုံးများမှေးလိုက်သည်။ ထို့နောက် ထိုစည်းကမ်းကြီးကြပ်သူထံကို ဆေးမီးဖိုအိုးကြီးကိုင်ပြီး ခုန်တက်လိုက်သည်။ ဆေးအိုးကြီးအောက်မှ လွတ်လာသော လန်ရှင်းရှီက ထွက်ပြေးရန် အသည်းအသန် ကြိုးစားတော့၏။
“စုရှောင်ရှန် ရပ်လိုက်”
ထိုစည်းကမ်းကြီးကြပ်သူ၏ အသံက ကူကယ်ရာမဲ့နေခဲ့သည်။
လူတိုင်း ထိုစည်းကမ်းကြီးကြပ်သူကို စုရှောင်ရှန် မြေကြီး အပေါ်တွင် ခေါင်းသာပေါ်တော့လောက်အောင် ဆေးအိုးကြီးဖြင့် ထုချလိုက်တာ မြင်လိုက်ရသည်။ စည်းကမ်းကြီးကြပ်သူကိုတောင် တိုက်ခိုက်လိုက်သည့် စုရှောင်ရှန်၏ လုပ်ရပ်ကို ဘယ်လိုမှတ်ချက်ပေးရမယ်မှန်း စွံအသွားကြသည်။
“စုရှောင်ရှန် မကောင်းဆိုးဝါးလားဘာလား”
“အတွင်းစည်းထိပ်သီး(၃၃) ယောက်ထဲက တစ်ယောက်ကိုတောင် ဓားနဲ့ထိုးလိုက်ရုံမကသေးဘူး။ စည်းကမ်းကြီးကြပ်သူကိုလည်း ရေချိုးတဲ့အိုးကြီးနဲ့ မြေကြီးထဲ၀င်သွားအောင်ထုလိုက်တယ်တဲ့”
“ဟ နေကြပါဦး။ အရင်တစ်ခေါက် သူ့ကိုတွေ့တုန်းကတောင် စိတ်ဝိညာဉ်ကျင့်ကြံခြင်းအဆင့်(၉) မှာလားလို့”
“ဘာ”
“လခွမ်း။ ဘယ်သူက စိတ်ဝိညာဉ်ကျင့်ကြံခြင်း အဆင့် (၉) လဲ ပြန်ပြောပါဦး”
“ဘယ်သူရှိရမှာလဲ စုရှောင်ရှန်ပေါ့ဟ”
“…”
ဘုန်း…။
နောက်ထပ်ကျယ်လောင်သော အသံကြီးနှင့်အတူ စုရှောင်ရှန် စည်းကမ်းကြီးကြပ်သူနောက်တစ်ယောက်ကို မြေကြီးထဲစိုက်၀င်သွားအောင် ထပ်ထုတာ တွေ့လိုက်ကြရသည်။
လခွမ်း။ မသိရင် သူက မြေကြီးထဲကို မုန်လာဥတွေစိုက်နေတာလိုလိုနဲ့…။
“စုရှောင်ရှန် နင်ငါ့ကို သတ်လို့မရဘူးနော်။ ဒါက အတွင်းစည်း။ လူသတ်တာကို တားမြစ်ထားတယ်” ပေတူးရှုပ်ပွနေသော လန်ရှင်းရှီက ကြောက်ရွံ့မှုများအထင်းသား ထင်ဟပ်နေသော မျက်၀န်းများဖြင့်ဆိုသည်။
“သိတယ်။ သတ်ရဲတော့ဘာဖြစ်လဲ” စုရှောင်ရှန် ခွန်းတုန့်ပြန်လိုက်သည်။
အရပ်လေးမျက်နှာမှ အနက်၀တ်လူတွေ ပျားသကာကို အနံ့ခံလိုက်ရသော ပုရွက်ဆိတ်များလို လာနေကြသဖြင့် သူလည်း စိုးတထိတ်ထိတ်ဖြစ်နေပေသည်။ သူသာ အချိန်ထပ်ဆိုင်းနေရင် ဒီမိန်းမကို သတ်လို့ရတော့မည်မဟုတ်ချေ။
လန်ရှင်းရှီက ထိပ်သီး(၃၃) ဦးထဲက လူဟောင်းဖြစ်တာကြောင့် သူမ၏ လှုပ်ရှားမှုများက သာမန်နှင့်ကွဲထွက်နေပါသည်။ ဒဏ်ရာအပြင်းအထန်ရပြီးတာတောင် သူပြန်ဖမ်းဆုပ်မည့် လက်တစ်လုံးအကွာအဝေးလောက်လေးမှာ သီသီလေး လွတ်သွားသည်။
အနက်၀တ်လူနှစ်ဦး သူ့ကို နှစ်ကြိမ်မျှ လာနှောက်ယှက်တာက နှောင့်နှေးသွားစေခဲ့သည်ဟု ပြောနိုင်သည်။
“ချီး။ သူ့ရဲ့ လှုပ်ရှားမှုက အရှင်သခင်နယ်ပယ် လျင်မြန်မှုနဲ့တောင် မဆိုစလောက်လေး ကွာတယ်ဆိုရုံလေးပဲဟ” စုရှောင်ရှန်မျက်မှောင်ကြုတ်လိုက်သည်။ လူဟောင်းတွေက တကယ် စွမ်းပါပေ့။
သူမကို လိုက်မမှီတော့ဘူးဆိုမှတော့လည်း လိုက်မနေရုံပဲပေါ့။ ဆေးမီးဖိုအိုးကြီးကိုချပြီး စုရှောင်ရှန် လက်ဆန့်ထုတ်လိုက်သည်။
သူမနောက်က ဘာလှုပ်ရှားမှုမှ မခံစားရတော့တာကြောင့် ဘာဖြစ်နေသလဲဆိုပြီး လန်ရှင်းရှီ လည်ပြန်ကြည့်လိုက်ရာ ကြက်သီးတဖျင်းဖျင်းထသွားခဲ့၏။
စုရှောင်ရှန်၏ လက်ငါးချောင်းအထက်မှာ မီးတောက်အစေ့ ငါးစေ့ရှိနေပြီး ၎င်းတို့မှ ဖျာထွက်နေသော စွမ်းအင်များက လူတိုင်း၏ ခြေထောက်များကို ပျော့ခွေသွားစေဖို့လုံလောက်ပေသည်။
ထိုမျှနှင့် မပြီးသေးဘဲ စုရှောင်ရှန်က မီးတောက်ငါးစေ့နှင့်မလုံလောက်မည်စိုး၍ နောက်ထပ်လက်တစ်ဖက်ကိုလည်း ဆန့်ထုတ်လိုက်သည်။
လန်ရှင်းရှီ ဘာမှလည်း မပြောနိုင်သလို တွေးလည်းမတွေးနိုင်တော့ချေ။
အပိုင်း (၂၂၉) ကစားပွဲကြီး
“စု-ရှောင်-ရှန်”
လက်နှစ်ဖက်စလုံးက မီးတောက်အစေ့တွေ မထုတ်လွှတ်နိုင်ခင်မှာ ဒေါသထွက်နေသော အသံကြီးတစ်သံပေါ်လာခဲ့သည်။
စုရှောင်ရှန်လည်ပြန်ကြည့်လိုက်သောအခါ ကျောက်ကျစ်တုံ့ကို တွေ့ရ၏။
“အို။ ခင်ဗျားက ဘယ်လိုရောက်လာတာလဲ” စုရှောင်ရှန် အံ့အားသင့်သွားပြီး မေးလိုက်သည်။
“ငါဘာလို့ ရောက်နေတာလဲဟုတ်လ။း။ မင်းကြောင့်ပေါ့ကွ။ မဟုတ်ရင် နောက်ထပ် စည်းကမ်းကြီးကြပ်သူတွေကို မြေကြီးထဲ ထပ်စိုက်လိုက်ဦးမလားဘဲ”
ကျောက်ကျစ်တုံ့က ဒေါသတကြီး မြေပြင်မှာ စိုက်ထားတဲ့ မုန်လာဥနီနှစ်လုံးကို လက်ညိုးထိုးပြလိုက်သည်။ လက်ညိုးအထိုးခံလိုက်ရသည့် နှစ်ယောက်က ရှက်ရွံ့သွားကြပြီး သူတို့ခေါင်းကိုပါ မနစ်သွားအောင် စုရှောင်ရှန်မထိုးလိုက်တာလဲဟု ငိုချင်သွားကြ၏။
သူတို့လို စည်းကမ်းကြီးကြပ်သူတွေအတွက် မူလနန်းတော်အစောပိုင်းက ဂိုဏ်းသားတစ်ယောက်ထံမှာ ခံလိုက်ရတာ ရှက်ရွံ့ဖို့ကောင်းပေသည်။
စုရှောင်ရှန်သူ့လက်က စွမ်းအင်များကို ပယ်ဖျက်လိုက်သည်။ ကျောက်ကျစ်တုံ့ရောက်လာပြီဆိုမှတော့ လုပ်လက်စကို မရပ်ချင်လည်း ရပ်လိုက်ရ၏။
“အိုး…။ သူတို့လား။ သူတို့က မြေကြီးထဲ၀င်ချင်နေကြတာလေ အဲ့တာကြောင့် ကူညီပေးလိုက်တာပါ” ထိုမြေကြီးထဲက နှစ်ယောက်ကို စုရှောင်ရှန် ပြုံး၍ ကြည့်ပြီး မေးလိုက်သည်။ “ဟုတ်တယ်မလား”
ဘာလဲဟ။
ဘယ်သူက သူတို့ကို မြေကြီးထဲစိုက်ပေးပါလို့ပြောမှာမလို့လဲ။ ယခု ကျောက်ကျစ်တုံ့လည်း ရောက်လာပြီဆိုမှတော့ စုရှောင်ရှန်ကို ချွန်တွန်းလုပ်ဖို့ကြံနေကြသည်။ သို့ပေမယ့် ကျောက်ကျစ်တုံ့က သူတို့အနားမှာ နေ့တိုင်းရှိနေမှာတဲ့လား။ စုရှောင်ရှန်ကတော့ တကယ်ကို နေ့တိုင်းရှိနိုင်သည်။
သူတော်နှစ်ဦး ချီတုံချတုံဖြစ်သွားကြ၏။
ထိုနှစ်ယောက်ဘာမှ ပြောမလာသောကြောင့် ကျောက်ကျစ်တုံ့ ပိုလို့ စိတ်ဆိုးဒေါသထွက်သွားရသည်။ ထို့နောက် စုရှောင်ရှန် အနောက်ဘက်က လန်ရှင်းရှီကို လက်ညိုးထိုးပြကာ “သူ့ကိုကော ဘာအကြောင်းပြချက်ပေးဦးမလဲ”
ကျောက်ကျစ်တုံ့ဆိုလိုက်ပေမယ့် သူမကို ဒီလိုတွေ့ရမယ် ထင်မထားတာကြောင့် အံ့အားသင့်သွားခဲ့သည်။
လန်ရှင်းရှီက သာမန်ကာလျှံခွန်အားဖြင့် လူတစ်ယောက်မဟုတ်ပေ။ စိတ်ဝိညာဉ်နန်းတော်မှာ နေလာခဲ့တဲ့ တစ်လျှောက်လုံး သူမကို ယခုကဲ့သို့ ပုံပျက်ဆင်းပျက်မြင်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။
“သူမလား”
စုရှောင်ရှန်လှည့်ကြည့်လိုက်သောအခါ ခြေပစ်လက်ပစ် မြေပြင်ပေါ်မှာ လဲကျနေသော လန်ရှင်းရှီကိုတွေ့ရသည်။ “သူမက ကျုပ်ကိုသတ်ချင်နေတာလေ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ခုခံလိုက်တာပါ”
လန်ရှင်းရှီ ဟောဟဲစိုက်နေတာတောင် ရပ်တန့်သွားခဲ့၏။
: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
ကျောက်ကျစ်တုံ့၏ ဒေါသကို ထိုစကားက ပိုလို့ မီးစာထည့်လိုက်သည်။
“ခုခံကာကွယ်တယ်ဟုတ်လား။ ဒါဆိုစည်းကမ်းကြီးကြပ်သူတွေကိုလည်း ခုခံကာကွယ်ပြီး ပြန်တိုက်ခိုက်လိုက်တာလား။ ဒီဆေးမီးဖိုအိုးကြီးက ဘာသဘောလဲကွ” စုရှောင်ရှန် နံဘေးက ရေချိုးအိုးကြီးကို လက်ညိုးထိုးပြလိုက်သည်။
“သိတယ်ပေါ့”
ကျောက်ကျစ်တုံ့က ဆေးမီးဖိုအိုးကြီးကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိနိုင်နေတာကြောင့် စုရှောင်ရှန်အံ့အားသင့်သွားခဲ့သည်။ ကြည့်ရတာ သူလည်း အကြီးအကဲစန်း ဆေးဖော်စပ်တာမြင်ဖူးလောက်၏။
စုရှောင်ရှန် ရင်ဘက်ကိုထုကာ ခွန်းတုန့်ပြန်လိုက်သည်။ “ခင်ဗျားပြောသလိုပဲ ဆေးမီးဖိုအိုးဆိုတော့ ဆေးဖော်စပ်ဖို့ပေါ့။ ဒီဟာနဲ့ လူတွေကို လိုက်ရိုက်မယ်ထင်နေတာလား”
မြေပြင်မှာ စိုက်နေသည့် နှစ်ယောက် ကြောင်အသွားကြသည်။
: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၂]
သူ့ရှင်းပြချက်က ဘာမှ အကျိုးမထူးတာကြောင့် လူအုပ်ကြီး ပွဲကျသွားသည်။
ကျောက်ကျစ်တုံ့ စိတ်ကို ဖြေလျော့လိုက်ပြီ စုရှောင်ရှန်နှင့် စကားမပြောတော့ဟု စိတ်ပိုင်းဖြတ်လိုက်၏။ သူသာ ဆက်ပြောနေရင် မကောင်းတာ တစ်ခုခု ဖြစ်တော့မည်။
ပြီးနောက် တိုတိုနှင့်လိုရင်းကိုသွားလိုက်တော့၏။ “ဘာမှပြောနဲ့တော့။ ငါနဲ့ စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေး ဌာနကို လိုက်ခဲ့”
စုရှောင်ရှန်က ပြောတိုင်း လိုက်ရမတဲ့လား။
သူဘယ်သူ့ကိုမှလည်း မသတ်သေးဘဲနှင့် အဖမ်းခံရတာကို ငြိမ်ခံနေမည်မဟုတ်ပါချေ။
“အတွင်းစည်းက ကိုယ်ရေးကိုယ်တာ အကြောင်းတရားအရ တိုက်ခိုက်တာကို မတားမြစ်ထားဘူးလေ” စုရှောင်ရှန် အော်ပြောသည်။
“ဟက်။ မင်းကိုကြည့်ရတာ စည်းမျဉ်းတွေကို သေချာသိတဲ့ပုံပဲ။ ဒါဆို စည်းကမ်းကြီးကြပ်သူတွေကို တိုက်ခိုက်တာကလဲ ပြစ်မှုမြောက်တယ်ဆိုတာ သိမှာပေါ့” ကျောက်ကျစ်တုံ့က အပြုံးဖျော့ဖျော့တစ်ခုဖြင့် ခွန်းတုန့်ပြန်လိုက်သည်။
“ကျုပ်နဲ့မဆိုင်ဘူး။ ကျုပ်လုပ်တာမဟုတ်ဘူး။ အဲ့တာ လုပ်တာ”
သူ့နံဘေးက ရေချိုးအိုးကြီးကို စုရှောင်ရှန် လက်ညိုးထိုးပြပြီး ဆိုလိုက်ရာ ကျောက်ကျစ်တုံ့ မအောင့်အီးနိုင်တော့ဘဲ တဆတ်ဆတ်တုန်ရင်သွားသည်။
စုရှောင်ရှန်က သက်မဲ့ ဆေးမီးဖိုအိုးကြီးတစ်လုံးကို အပြစ်တင်နေတာလား။
“ဒါဆို အဲ့တာက တစ်ယောက်ယောက်ကို သူ့အလိုလိုတိုက်ခိုက်တယ်လို့ ပြောချင်နေတာလား”
“ကျုပ်ကလည်း ဒီမှာ ကိုယ့်ဟာကိုယ်ရပ်နေတာကို တစ်ယောက်ယောက်က ကျုပ်ကိုလာသတ်ချင်နေတယ်လေ” စုရှောင်ရှန် ချေပလိုက်သည်။
လူအုပ်ကြီး၏ မျက်နှာထက်က အပြုံးများအေးခဲသွား၏။
စုရှောင်ရှန်က အရည်မရ အဖက်မရတွေပြောပြီး ပေါတောတော ပြုမူတယ်ဆိုပေမယ့် တကယ် သနားစရာကောင်းတဲ့လူဆိုတာ ငြင်းမရချေ။
သူကိုယ်တိုင်တောင် ရေရေရာရာမသိရဘဲ အတွင်းစည်းက အကောင်ကြီးတစ်ကောင်ကို ထိပါးမိသွားပြီး နေ့ရက်တိုင်းကို ကျီးလန့်စာ စားပြီးရှင်သန်ခဲ့ရ၏။ သူတို့သာ သူ့နေရာမှာဆိုရင် ဒီလောက်အကြာကြီး တောင့်ခံနိုင်လိမ့်မည်မဟုတ်ချေ။
၀မ်ချောင်နှင့်အဖြစ်ကို ပြန်တွေးမိပြီး ကျောက်ကျစ်တုံ့ ဘယ်လို ခွန်းတုန့်ပြန်ရမလဲမသိ ဖြစ်သွားသည်။
ယခုအဖြစ်အပျက်များအားလုံးက သူ၏ ပရောဂကင်းတယ်လို့ပြောလို့မရပေ။ ထိုနေ့က ကြီးကြပ်သူကောင်းတစ်ယောက်မဖြစ်ခဲ့ရပါ။
ဟမ်။
နေပါဦး။ မဟုတ်သေးပါဘူး။
စုရှောင်ရှန် စည်းကမ်းကြီးကြပ်သူတွေကို ရိုက်နှက်နေတာကနေ စကားလမ်းကြောင်းက ဘယ်ရောက်သွားတာလဲ။
စုရှောင်ရှန်၏ မျက်နှာထက်က မတရားခံနေရသော မျက်နှာကိုမြင်သောအခါ ကျောက်ကျစ်တုံ့ပိုလို့ ဒေါသထွက်သွားခဲ့သည်။ သူ့ရှ့ကကောင်လေး သူ့ကို ကစားနေသည်ဟု ခံစားနေရ၏။ ပြီးတော့ အောင်လည်းအောင်မြင်သွားပါသည်။
“ကောင်းပြီလေ။ မင်းကို အပြစ်မယူတော့ဘူး။ ဒါပေမယ့် လူတွေကို ရိုက်ခဲ့တဲ့ ပစ္စည်းကိုတော့ပေးရမယ်။ မင်းဒီလိုဆက်လုပ်ရဲရင် မင်းစီက နောက်ထပ်ပစ္စည်းတစ်ခုကို ငါယူမယ်” ကျောက်ကျစ်တုံ့က ခက်ထန်သောလေသံဖြင့်ပြောသည်။
ဒီစုရှောင်ရှန်ကို ကိုယ့်နေရာကိုယ်သိသွားအောင် မလုပ်နိုင်ဘူးလို့ မယုံကြည်ပါချေ။
“ခင်ဗျားက ဒီဆေးမီးဖိုအိုးလိုချင်တာလား”
စုရှောင်ရှန်၏ မျက်နှာအမူအရာက ထူးဆန်းသွားပြီး “တကယ်က ဒီဟာက ကျုပ်ရဲ့ဟာမဟုတ်ဘူး။ အကြီးအကဲစန်းရဲ့ဟာ။ ခင်ဗျား လိုချင်တယ်ဆိုတာ သေချာပြီလား”
အကြီးအကဲစန်း။
ဟိုနေရာမှာလည်း အကြီးအကဲစန်း၊ ဒီနေရာမှာလည်း အကြီးအကဲစန်း၊ ယခုလည်းအကြီးအကဲစန်း ပါလာရပြန်တာကြောင့် ကျောက်ကျစ်တုံ့ခေါင်းကိုက်သွားခဲ့သည်။
သို့ပေမယ့် ထိုဆေးမီးဖိုအိုးကို သေချာကြည့်သောအခါ အကြီးအကဲစန်းအသုံးပြုသည့်ဟာနှင့် လုံး၀ ဆင်တူကြောင်းကိုတွေ့ရသည်။ ၎င်းက ပိုသေးပေမယ့် ဇစ်မြစ်တစ်ခုတည်းက လာတာထင်ရှား၏။
ထိုမှ ဖြစ်ပျက်သမျှကို ကျောက်ကျစ်တုံ့ ပြန်မြင်ယောင်တော့သည်။ စုရှောင်ရှန်ကို သူအရေးယူမယ်ဆိုတိုင်း အနှောက်အယှက်တစ်ခုက အမြဲဝင်လာပေသည်။
ထိုကြား၀င်နှောက်မှုက တိုက်ဆိုင်မှုကြောင့်လား ကံတရားကြောင့်လားမသိ အထက်ပိုင်းကလူတွေ တစ်ယောက်မဟုတ် တစ်ယောက်တော့ အမြဲပါရသည်။
ထိုသူများအတွင်းမှာ ရဲ့ရှောင်ထျန်းကအစ အကြီးအကဲကျောက်အဆုံး ကြားထဲက မျက်နှာဖုံးတပ်လူတောင် အဆစ်ပါ၏။
ကျောက်ကျစ်တုံ့ တစ်ခုခုကိုဖော်ထုတ်နိုင်တော့မလို ခံစားရကာ အတွေးရေယဉ်ကြောထဲ ဆက်လက်၍ စီးနင်းလိုက်ပါလိုက်သည်။
စုရှောင်ရှန်က အကြီးအကဲစန်းနှင့် တစ်နည်းနည်းနဲ့ ပတ်သက်နေတာများလား။
သူတို့က ဆရာ၊ တပြည့်တွေများလား။
ထိုအတွေးအခေါ်မျိုး၀င်လာတာကြောင့် ကျောက်ကျစ်တုံ့အံ့အားသင့်သွားရသည်။ ၎င်းက ပထမဆုံးအကြိမ်လည်းမဟုတ်ပေ ယခင်ကလည်း ၀င်ဖူးသည်။ ဒါပေမယ့် အကြီးအကဲစန်းမှာ မုကျစ်ရှီဆိုတဲ့ တပြည့်တစ်ယောက်ရှိနေနှင့်ပြီးမဟုတ်လား။
နပေါဦး။
မုကျစ်ရှီဆိုမှ ကျောက်ကျစ်တုံ့၏ မျက်ဆံများကျုံ့သွားခဲ့၏။
သူ့ခန့်မှန်းချက်များ၏ အဓိက အကြောင်းအရာကိုရောက်သွားရတိုင်းမှာ အဖျက်တစ်ခုက အမြဲလိုလို၀င်နှောက်ယှက်တတ်သည်။ စုရှောင်ရှန်က ထိုအဖျက်များအကြား၌ ထိပ်ခေါင်ဖြစ်ပေသည်။
တကယ်က မုကျစ်ရှီက ကိုယ်ယောင်ပြပဲဖြစ်ပြီး စုရှောင်ရှန်ကမှ အကြီးအကဲစန်းရဲ့ တကယ့်တပြည့်များလား။ ထိုသို့ကောက်ချက်ကြောင့် သူ့နှလုံးတစ်ချက်ခုန်သွားရ၏။
“ဒါဆို ဘာလို့ ဖုန်းကွယ်ထားတာလဲ”
စုရှောင်ရှန်က အကြီးအကဲစန်း၏ တပြည့်ဆိုပါက သူက ဘာလို့ တစ်ခွန်းမှ မဟရတာလဲ။
စုရှောင်ရှန်က ရုးကြောင်ကြောင်နိုင်ပေမယ့် သူ့ထူးခြားသည့် တိုက်ခိုက်စွမ်းရည်ကို ငြင်းဆန်လို့မရပါချေ။ အတွင်းစည်းလိုနေရာမျိုးမှာတောင် ထိပ်ဆုံးပိုင်းကဖြစ်ပေသည်။ တိတိကျကျဆိုရလျှင် စိတ်ဝိညာဉ်နန်းတော်အတွင်း၌ သူက အဆင့်(၁) နေရာမှာ ချိတ်ဆွဲ၏။
သူခန့်မှန်းချက်များကမှန်ပေသည်။ ကျောက်ကျစ်တုံ့ ရည်းစားများလည်း ထည်လဲတွဲခဲ့ဖူးရာ သူ့ထူးခြားတဲ့ ၀မ်းတွင်းအသိကို ယုံကြည်ပါသည်။ ဤသို့ဖြင့် တစ်ခုခု မူမမှန်တာတော့ဖြစ်နေပြီဆိုတာ သိလိုက်ရတော့သည်။
မသိလျှင် စိတ်ဝိညာဉ်နန်းတော်၏ အပြင်ဘက်ကတောင် ပါ၀င်နေသည့် ဧရာမ ကစားပွဲကြီးလိုလိုနှင့်…။ စုရှောင်ရှန် တကယ်ဘာစွမ်းသလဲကို ဤသည်ကိုကြည့်ပြီးသိနိုင်၏။
ဒီကစားပွဲကြီးထဲမှာ သူ့ရှေ့က ကောင်လေးက ပြောင်မြောက်လွန်းလို့ အထွတ်အထိပ်ကိုမရောက်သေးခင်မှာ သူဘာကောင်လဲဆိုတာ ပေါကြောင်ကြောင်မျက်နှာဖုံးတပ် ဖုန်းကွယ်ထားတယ်ဆိုရင်ဘယ်လိုလုပ်မလဲ။
ဟူးးးး…။
ကျောက်ကျစ်တုံ့ သူ့မှင်တက်နေမှုကြီးကိုဖိနှိပ်ပြီး သူ့ရှေ့က မတရားခံနေရသလိုလို ပြုမူနေသော စုရှောင်ရှန်ကို အသေအချာပြန်ကြည့်လိုက်သည်။ ထိုကစားပွဲက အဖိုးကြီးတွေဘယ်လောက်အမျှော်အမြင်ရှိလဲသူသိပေသည်။ သူတို့ကြောင့်သာမဟုတ်ရင်သူလည်း စိတ်ဝိညာဉ်နန်းတော်က သာမန် စည်းကမ်းကြီးကြပ်သူအဖြစ်သာ ကျန်နေလောက်သေးပေသည်။
“ငါဒီလောက်တောင်တော်ရလား”
ရံဖန်ရံခါ သူဒီလောက် မတော်ပါနဲ့လားဟု ကျောက်ကျစ်တုံ့ဆုတောင်းလိုက်၏။ ဤအရာများကို လစ်လျူရှူပြီး စိတ်ထဲခဲမဆွဲထားအောင်လုပ် နေနိုင်တာကို ခုတော့ အရှုပ်အလျှက်တွေထဲ ရောက်သွား၏။
ဘာဖြစ်ဖြစ် ဂရုမစိုက်တော့ရန် သူဆုံးဖြတ်ချက်ချလိုက်သည်။ သူဘာဆိုဘာမှ မလုပ်ချင်အောင် လက်မှိုင်ချနေရပေသည်။
“ရပြီ မင်းသွားတော့ စုရှောင်ရှန်” ကျောက်ကျစ်တုံ့ ပင်ပန်းနွမ်းနယ်နေသော လေသံဖြင့်ပြောလိုက်သည်။
အကြီးအကဲစန်း၏ တံဆိပ်ပြားကို ပြမယ်လုပ်နေသော စုရှောင်ရှန်တောင် ကျောက်ကျစ်တုံ့၏ လျော်ပေးလိုက်ခြင်းကြောင့် ကြက်သေသေသွားခဲ့၏။
သူ့အသိပေးချက်ဖန်သားပြင်မှာလည်း “သံသယ၀င်ခံရပါသည်” ဟူသော အသိပေးချက်များကျလာတော့သည်။ ကျောက်ကျစ်တုံ့ဘာကြောင့် စိတ်ပြောင်းသွားရလဲမသိ…။
ဘာဖြစ်ဖြစ် သူ့အကြောင်းမဟုတ်ပါချေ။
စုရှောင်ရှန် သူ့နောက်က လန်ရှင်းရှီကို လက်ညိုးထိုးပြပြီးတော့ “သူမကိုကြည့်ရတာ ဒဏ်ရာပြင်းပြင်းထန်ထန်ရနေသလိုပဲ။ ကျုပ်ဆေးကျွမ်းကျင်တယ်။ ကျုပ်ကယ်လိုက်မယ်”
လန်ရှင်းရှီ ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့သည်။
ကျောက်ကျစ်တုံ့၏ နဖူးပေါ်က အကြောများလည်း ပေါက်ကွဲမတတ်ထောင်ထလာခဲ့၏။
“စုရှောင်ရှန် မင်းလွန်မလာနဲ့နော် ငါလက်ပိုက်…”
“စုရှောင်ရှန်ဆိုတာ မင်းလား”
ညှင်သာသော အသံတစ်ခုက ကျောက်ကျစ်တုံ့ကို ကြား၀င်ဖြတ်လိုက်ပြီး လူတိုင်းလှည့်ကြည့်လိုက်ရာ ကျိုးထျန်းရှန်ထက်ပင် ပိုထွားသော လူသန်ကြီးကို ကောင်းကင်ယံမှာ တွေ့လိုက်ကြရသည်။
ဂလု…။
လူတိုင်း အံ့အားသင့်တုန်လှုပ်သွားကြ၏။
“သူရောက်လာပြီပေါ့လေ”
ထိုအသံကိုကြားသောအခါ စုရှောင်ရှန်လည်း နောက်လှည့်ကြည့်လိုက်ရာ သူ့အနီးနားမှာရပ်နေသည့် အရပ် နှစ်မီတာကျော်ရှည်သော လူထွားကြီးကိုမြင်ရသည်။
ထိုလူထွားကြီးက အနက်၀တ်ထားပြီး ထူထပ်သော ပါးသိုင်းမွှေးများရှိသည်။ သူ့အ၀တ်အစားများက သူနှင့်တော်သည်ဆိုရုံမျှလောက်လေး အောက်က ကြွက်သားအဖုအဖောင်းများကို ထင်ဟပ်ပြထားသည်။ သူ့ပုခုံးပေါ်၌ ချိတ်ဆွဲထားသော ၀တ်ရုံရှည်က လေအလာမှာ လူးလွင့်နေပေသည်။
ဒီလူဘယ်သူဆိုတာ တစ်ချက်တည်းကြည့်ရုံဖြင့် စုရှောင်ရှန်သိပေပြီး ချက်ခြင်းပဲ လက်ဆန့်ထုတ်ကာ ရင်းနှီးသောအမူအရာဖြင့် “တွေ့ရတာ၀မ်းသာပါတယ်”
ကျန်းရှင်းရှုံ သူ့အင်္ကျီထဲက စာရွက်တစ်ရွက်ကိုထုတ်ယူပြီး တစ်ချက်ကြည့်ကာ ခေါင်းတစ်လုံးပိုပုသော စုရှောင်ရှန်ကိုကြည့်လိုက်သည်။ ပြီးနောက် စုရှောင်ရှန်၏ ရင်ဘက်တည့်တည့်စီ ထိုစာရွက်ကို ပစ်ပေးလိုက်သည်။
မြေပြင်ပေါ်သို့ ယိမ်းနွဲ့ကာကျသွားပြီးနောက်မှာ စုရှောင်ရှန်၏ ပုံပါ စာရွက်တစ်ရွက်ဖြစ်နေကြောင်းကို တွေ့လိုက်ရပေသည်။
“ တွေ့ရတာ ၀မ်းသာပါတယ်”
အပိုင်း (၂၃၀) စိန်ခေါ်ခြင်း
“ကျန်းရှင်းရှုံပါလား”
၀တ်ရုံရှည်ဖြင့် လူထွားကြီးပေါ်လာသောအခါ လူတိုင်း ပင့်သက်ရှိုက်လိုက်ကြသည်။
“ကြမ်းတော့ကြမ်းပြီ။ အတွင်းစည်းရဲ့ စီနီယာအကိုကြီးပေါ်လာတော့ စုရှောင်ရှန်ထပ်ပြီး ပေါတောတောလုပ်နိုင်ဦးမလား”
“ဟုတ်တယ် ကျန်းသခင်လေး… တိုက်ခိုက်တာမတွ့ရတာတောင် အတော်ကြာပြီ။ ငါကြားရသလောက်တော့ သူက ဟိုးအရင်နှစ်တွေကတည်းက အရှင်သခင်နယ်ပယ် တစ်ပိုင်းကို ရောက်နှင့်ပြီးသားတဲ့။ ဒီတစ်ချိန်လုံး သူ့ကျင့်ကြံမှုနယ်ပယ်ကိုဖိနှိပ်ခဲ့တာဖြစ်ရမယ်”
“ဟုတ်တယ်။ အတွင်းစည်းမှာတောင် ကျန်းရှင်းရှုံက ဝါအကြီးဆုံးထဲကပါတယ်။ သူ့ထက်ကြီးတာဆိုလို့ ဘွဲ့မလွန်ခင်က စည်းကမ်းကြီးကြပ်သူတစ်ယောက်ပဲရှိတယ်”
“ကြီးကြပ်သူကျောက်က… ကျောက်ကျစ်တုံ့ကိုပြောတာလား”
“အေးပေါ့”
ဟူးးး…။
အခြားလူများလည်း ရုတ်ရုတ်သဲသဲဆိုတော့ မကြာခင်မှာ အလုံးအရင်းနှင့်ရောက်လာကြသည်။ သူတို့ဘာဖြစ်နေကြလဲသိဖို့မလိုပါပဲ လူတိုင်း စိတ်လှုပ်တရှား စကားပြောနေကြ၏။
အတွင်းစည်းက အကိုကြီးက သူဘာစွမ်းသလဲဆိုတာ မပြဖူးသဖြင့် သူ့အကြောင်းသိသူ အနည်းငယ်သာရှိပေသည်။ သူနှင့်လန်ရှင်းရှီတို့က ရင်နှီးတယ်ဆိုတာ ငြင်းပယ်လို့မရပါလေ။
အပြင်လူတွေ တားမြစ်ပစ္စည်းလိုသာမြင်ရတဲ့ ထိုမိန်းမက ယခုတော့ ပြင်းပြင်းထန်ထန်ဒဏ်ရာခံစားနေရသည်။ ကျန်းရှင်းရှုံဘယ်နည်းနဲ့မှ ၎င်းကို လစ်လျူရှူနိုင်မည်မဟုတ်ချေ။
ယခင်နှစ်များကတည်းက အတွင်းစည်းထိပ်သီးခေါင်းဆောင်တစ်ဖြစ်လဲ စည်းကမ်းကြီးကြပ်သူ ကျောက်ကျစ်တုံ့ ဒီမှာရှိနေတယ်ဆိုရင်တောင်မှ သူက ထိုကိစ္စကို အရေးပေးကိုပေးရ ပေမည်။
သူ့ရှေ့က လူသန်ကြီးကိုကြည့်ပြီး စုရှောင်ရှန် မှင်တက်သွားသည်။ ဒီလူက ကျိုးထျန်းရှန်ထက်တောင်မှ ပိုလို့ထွားကျိုင်းနေ၏။
သူ၏ ပခုံးတွေ၊ ကြွက်သားအဖုအထစ်တွေကိုကြည့်ပါဦး…။
သူ့လက်ကို ခင်မင်ရင်းနှီးစွာဆန့်ထုတ်ထားတာတောင် ဘာတုန့်ပြန်မှုမှ မရသဖြင့် ကျန်းရှင်းရှံ၏ လက်မောင်းကြွက်သားများကိုသာ ကိုင်ညှစ်လိုက်ပြီးတော့ မေးသည်။ “ဒါတကယ် ကြွက်သားတွေလား ကြွက်သားကြီးဆေး စားထားတာဘာညာတော့မဟုတ်ပါဘူးနော်”
ဘုန်းးးး…။
လူအုပ်ကြီးသူတို့မြင်တွေ့လိုက်ရတဲ့အရာကြောင့် တစ်ယောက်မကျန်အကုန် ကြက်သေသေသွားကြသည်။ သူတို့ပါးစပ်များက အဟောင်းသားဖြင့် ဖြစ်ပျက်သွားသည်ကို မယုံကြည်နိုင်ကြပါပေ။
“လခွမ်း…”
[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၃၂]
[အားကျခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၇]
စုရှောင်ရှန်၏ ရဲတင်းသော လုပ်ရပ်က ကျန်းရှင်းရှုံကိုတောင် မယုံကြည်နိုင်ဖြစ်သွားစေသည်။
စုရှောင်ရှန်သူ့ကို ထိလိုက်တာလား…။
သူ့ကို အရူးလန်ရှင်းရှီတောင်မှ မထိရဲပါချေ။
“မင်းက သတ္တိရှိသားပဲ”
[ချီးမွမ်းခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]
ကျန်းရှင်းရှုံ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး အန္တရာယ်ရှိသော အပြုံးတစ်ခုဆင်မြန်းထားသောမျက်နှာဖြင့် စုရှောင်ရှန်ကို ကော်လံကနေ မလိုက်သည်။
“မင်းရဲ့ ခန္ဓာကိုယ်မှာ ကျန်းမိသားစုရဲ့ သွေးနံ့ရတယ်” စုရှောင်ရှန်၏ နားအနားကိုကပ်သွားပြီး “မင်းယွမ်တုကို သတ်လိုက်တာမလား”
စုရှောင်ရှန်ကို ကြက်ကလေး၊ ငှက်ကလေးတစ်ကောင်လို မြေပြင်ကနေ ကျန်းရှင်းရှုံမလိုက်တဲ့ ဖြစ်ရပ်ကြောင့် လူတိုင်း သူ့ကို သနားသွားကြ၏။
“ခုတောင် မခုခံနိုင်ဘူးလားနော်…”
“အေးဆို။ မြောက်ကြွေမြောက်ကြွဖြစ်နေတဲ့ စုရှောင်ရှန်တော့ ဒီနေ့ သူ့ပြိုင်ဘက်ကိုတွေ့ပြီ”
“ဟုတ်သားပဲ။ မေ့နေလိုက်တာ။ စုရှောင်ရှန်က ခုမှ အပြင်စည်းဂိုဏ်းသားပဲရှိသေးတာလေ။ ဒါတောင် ဒီလိုလျှောက်လုပ်နေတာကို အသက်ရှင်နေနိုင်သေးတယ်”
“လန်ရှင်းရှီနဲ့မတည့်ရင်တောင်ဘာဖြစ်မလဲမသိပါဘူး။ ကျန်းရှင်းရှုံအသာထားဦး သူမကိုတောင်အနိုင်ယူဖို့်ခက်ဦးမှာ”
“ဟ သူက အငိုက်မှာ တိုက်ခိုက်တာလေ ငါဆိုလည်း သူ့နေရာမှာ အဲ့လိုလုပ်နိုင်မှာပဲ”
“သွားလုပ်လေ ဒါဆို”
“သူ့နေရာမှာလို့ ငါပြောတယ်လေ”
“အေးလေ ဟုတ်တယ်လေ သွားလုပ်ကြည့်လေ…”
“ပါးစပ်ပိတ်ထားစမ်း”
“…”
[အသနားခံရပါသည်။ ပင်ကိုယ်မှတ် +၁၂]
[အားကျခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁၁]
“…”
ကျန်းရှင်းရှုံက သူ့ကို ကော်လံက မြှောက်မထားပေမယ့် စုရှောင်ရှန်က မမှုပေ။ ထိုအစားကျောက်ကျစ်တုံ့ကို တစ်ချက်စောင်းငဲ့ကြည့်ပြီးဖြေလိုက်သည်။ “ယွမ်တု… သူ့ဟာသူဖြစ်ပျက်သွားတာ ငါနဲ့ဘာဆိုင်လဲ”
ဟမ့်…။
ကျန်းရှင်းရှုံ၏ မျက်နှာ၌ အပြုံးတစ်ခုဖြစ်ပေါ်လာပြီး ဘေးတစ်ဘက်က ပုံပျက်ဆင်းပျက် လန်ရှင်းရှီ၏ ကြည့်လိုက်သောအခါ ထိုအပြုံးအေးခဲသွား၏။
ယွမ်တုကို ဘာဖြစ်သလဲ သူဂရုမစိုက်ပါလေ။ သို့ပေမယ့် သူ့အပိုင်လို့သတ်မှတ်ထားတာကိုထိလာရင်တော့ လန်ရှင်းရှီကို သူဂရုမစိုက်ဘူးဆိုရင်တောင်မှ အခြားသူများကိုလည်း ထိခွင့်ပေးမည်မဟုတ်ချေ။
“မင်းဘယ်လို သေချင်လဲ ပြော”
စုရှောင်ရှန်က လည်ပင်းအစ်လာသလိုဖြင့် မျက်နှာကြီးနီလာပြီး ကျောက်ကျစ်တုံ့ကို မျက်ရည်များရွှန်းလဲ့နေသော မျက်၀န်းများဖြင့်ကြည့်၍ “ကြီးကြပ်သူကျောက်။ ဒီမှာ ကျုပ်ကို ခြိမ်းခြောက်နေတယ်”
ကျန်းရှင်းရှုံ၏ နှုတ်ခမ်းထောင့်လှုပ်သွားသည်။
သူ့ရှေ့က အကောင်က သူစိတ်ကူးယဉ်ထားသော အထဲက အကောင်နှင့် လုံး၀ကိုမတူ ကွဲပြားလေသည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန်က တကယ် ရူးသွပ်ပါလားဟု ကျောက်ကျစ်တုံ့ ခေါင်းခြောက်နေ၏။
စုရှောင်ရှန်ကို သူဖမ်းဖို့လာတာ ယခုတော့ ပြန်ကာကွယ်ပေးရမလိုဖြစ်နေသည်။
သို့ပေမယ့် စည်းကမ်းကြီးကြပ်သူတစ်ယောက်အနေဖြင့် အတွင်းစည်းထိပ်သီး (၃၃)၀င် လူဟောင်းတစ်ယောက်က အပြင်စည်းဂိုဏ်းသားတစ်ယောက်ကို ဤသို့ လူမြင်ကွင်းမှာ အနိုင်ကျင့်နေတာ လက်ပိုက်ကြည့်မနေနိုင်ပါချေ။
“မင်းတို့ နှစ်ယောက်တိုက်ခိုက်ချင်တယ်ပေါ့လေ ဟုတ်လား။ ရတယ်လေ သေခြင်းရှင်ခြင်း ကွင်းပြင်ကိုသွားချကြ။ ငါခေါ်သွားပေးမယ်” ကျောက်ကျစ်တုံ့ ဆက်လက်ငြင်းခုန်နေဖို့ အားမရှိရတော့ပါ။
ကျောက်ကျစ်တုံ့ အလုပ်လုပ်တဲ့နေရာမှာ ဤသို့ ပေါ့ပေါ့လျော့လျော့ ပထမဆုံးအကြိမ်အဖြစ်မြင်လိုက်ရသောကြောင့် လူတိုင်း အံ့အားသင့်သွားကြ၏။
သူက “မင်းဘယ်သူဘာညာ၊ နစ်နာသူလား၊ ပြုလုပ်သူလား ငါဂရုမစိုက်ဘူး။ ငါနဲ့ ပြစ်ဒဏ်စီရင်ရေးခုံရုံးကို တရားခံဖို့လိုက်လာခဲ့” လို့ပြောရမှာမဟုတ်ဘူးလား။
သူဘာဖြစ်သွားတာလဲ။
“ငါလည်း သူ့နေရာမှာဆို တော်တော်ကြီးကို လက်ပမ်းကျသွားမှာပဲ…”
လူအုပ်ကြီးသက်ပြင်းချလိုက်ကြသည်။ ဖြစ်ပျက်ခဲ့သည်များအားလုံးကို ခြုံငုံကြည့်လျှင် သူတို့လည်း ကျောက်ကျစ်တုံ့နေရာမှာသာဆို လက်မှိုင်ချကြမည်သာ။
စုရှောင်ရှန်လို ပြဿနာကောင်ဖြင့် ရင်ဆိုင်ရလျှင် ကျောက်ကျစ်တုံ့ထက်တောင်သူတို့က ပိုအခြေအနေဆိုးနေလောက်ချေပြီ။
ယခု ကိုင်မ ထားခံရသည့် စုရှောင်ရှန်ကို သနားနေကြသည့်လူများနှင့် ဆန့်ကျင်ဘက် သူကိုယ်တိုင်ကတော့ စိတ်လှုပ်ရှားနေလေသည်။
“သေခြင်းရှင်ခြင်းကွင်းပြင်ဆိုတော့ အဲ့နေရာက တစ်ယောက်မဟုတ် တစ်ယောက်သေမယ့် နေရာမလား”
ထိုအမေးကြောင့် ကျောက်ကျစ်တုံ့ မကောင်းတာကြီး ခံစားလိုက်ရ၏။
စုရှောင်ရှန် ဘာပြောလိုက်တာလဲ။ သူတို့ နှစ်ယောက်ကို ခြောက်လှန့်ဖို့ သူက ထိုသေခြင်းရှင်ခြင်းကွင်းပြင်ကို စကားထဲထည့်ပြောလိုက်တာပါ။ သူကဘာလို စိတ်လှုပ်ရှားနေရတာလဲ။
စုရှောင်ရှန်နှင့် ကျန်းရှင်းရှုံအကြားက စားရင်းကိုပြန်ကြည့်ရလျှင် သူလည်း အခြားတစ်ယောက်ကို သတ်ချင်နေမှန်း သဘောပေါက်လိုက်သည်။
ဒါပေမယ့် နိုင်မှာမလို့လား…။
မဟုတ်သေးဘူး။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သူမသာ၊ ကိုယ်မသာ တွေပဲ။
ချန်ရှင်းချုနှင့် လန်ရှင်းရှီတို့၏ အဖြစ်ကိုင်ပြန်မြင်ယောင်မိလိုက်သောအခါ ကျောက်ကျစ်တုံ့ ပို၍ ခေါင်းစားသွားရသည်။
ဒီကောင်ကဘာလဲဟ။ အရင်နှစ်ယောက် သုံးရက်လောက်တုန်းကတောင် စတင်ခြင်းအဆင့်မှာပါ။ အခု စစ်မှန်ခြင်းနယ်ပယ်ကိုရောက်ခါစလေး ဖင်တောင်မပူသေးဘူး ကျန်းရှင်းရှုံကို စစ်သွားထိုးနေပြီတဲ့လေ။
ဟူးးးး…။
သက်ပြင်းရှည်ကြီးချလိုက်ကာ လေးနက်သော လေသံဖြင့် “မင်းတို့ နားကြားမမှားဘူး။ အတွင်းစည်းက ကိုယ်ရေးကိုယ်တာအရ တိုက်ခိုက်ခွင့်ပြုပေမယ့် သေသည်အထိတိုက်ခိုက်တာကိုတော့ တားမြစ်ထားတယ်”
စုရှောင်ရှန်ထိုစကားကြောင့် သူ့ထက်ခေါင်းတစ်လုံးပိုသာသော လူထွားကြီးကိုကြည့်လိုက်သည်။
ကျန်းရှင်းရှုံ၏ နှုတ်ခမ်းထောင့် တွန့်သွားပြီး စုရှောင်ရှန်ကို အန္တရာယ်များဖြတ်ပြေးသွားသော မျက်လုံးဖြင့် ကြည့်၍ မေးလိုက်သည်။ “ဆိုတော့ မင်းစိန်ခေါ်ချင်လား”
အတွင်းစည်းမှာ သူ့လောက် စည်းမျဉ်းစည်းကမ်းတွေနှင့် ရင်းနှီးသည့်သူမရှိချေ။ သူကတိုက်ခိုက်ခြင်းဖြင့် တစ်ဆင့်ပြီး တစ်ဆင့် အထက်ကို တက်လာခဲ့သည့်လူဖြစ်သည်။
ကိုယ်ရေးကိုယ်အရ တိုက်ခိုက်ခြင်းကိုခွင့်ပြုပေမယ့် စည်းကမ်းကြီးကြပ်သူတစ်ယောက် လက်ပူးလက်ကြပ်မိတာကိုခံရရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရနိုင်၏။
သို့ဖြင့် အသက်သေသည်အထိ တိုက်ခိုက်တာကိုတားမြစ်ထားပေမယ့် အငြိုးရန်အာကာသ ကြီးများသည့် သူများကတော့ သေခြင်းရှင်ခြင်းကွင်းပြင်မှာ သေသည်အထိ တိုက်ခိုက်ဖို့ တောင်းဆိုနိုင်သည်။
ကျန်းရှင်းရှုံစတင်၍ အထက်ကိုမြင့်တက်သွားပြီးနောက်မှာ ထိုကွင်းပြင်လေးတွင် လူရှားသွားခဲ့သည်။ သူ့ခေတ်သူ့အခါတုန်းကသာ ထိုပြိုင်ကွင်းလေး စည်းကားခဲ့ပါသည်။
“စိန်ခေါ်ရင်ဘာတွေလိုအပ်လဲ ငါသိပ်မသိဘူး…”
ကျန်းရှင်းရှုံကို စုရှောင်ရှန် ပဟေဠိဖြစ်စွာကြည့်လိုက်ကာ ခဏရပ်တန့်လိုက်ပြီးမှ ဆက်လက်၍ “ဒါပေမယ့် မင်းသေတာကိုမြင်ရမယ်ဆိုရင်တော့ ပါမယ်”
လူအုပ်ကြီး ပေါက်ကွဲထွက်သွားသည်။
ဖြစ်ရပ်ကို ထိုင်ကြည့်နေကြသည့် လူများတောင် အလန့်တကြား ထခုန်လိုက်ကြ၏။ သူတို့မျက်နှာများတွင် မယုံကြည်နိုင်မှုတို့က အထင်းသား ထင်ဟပ်လာပေသည်။
ထိုကြက်ကလေးငှက်ကလေးလို ကြေမွသွားတော့မလို အမြှောက်ခံနေရသည့် စုရှောင်ရှန်က ဘယ်က သတ္တိနဲ့ ဤသို့ ပြောရဲပါသနည်း။
“လခွမ်း စုစုရှောင်ရှန်ကွာ။ ဘာပြောရမလဲတောင်မသိတော့ဘူး”
“ဒီသူပြောလိုက်တာကြောင့် နောက်နှစ် နှစ်ပတ်လည်နေ့က သူ့သေနေ့ဖြစ်သွားနိုင်တယ်”
ကျန်းရှင်းရှုံ စပ်ဖြဲဖြဲဖြစ်သွားသည်။
စုရှောင်ရှန်က “လူငယ်တွေဟာ အကြောက်တရားမရှိ” ဆိုတဲ့ သက်ရှိ သာဒကကြီးဖြစ်သည်။
စစ်မှန်ခြင်းနယ်ပယ်ကျင့်ကြံသူနည်းနည်းလေးကို သတ်လိုက်နိုင်တာနဲ့ ကြယ်တွေကို ခူးစွပ်လို့ရမယ်ထင်နေတာလား။
မင်းအဲ့လောက်တောင် နှံအရလား သူမေးလိုက်ချင်ပါသည်။
ကျန်းရှင်းရှုံ၏ ခန္ဓာကိုယ်က သတ်ဖြတ်ချင်စိတ်များပေါက်ကွဲထွက်လာပြီး မြေပြင်ကိုတောင် အက်ကွဲသွားစေခဲ့သည်။ အနီးပတ်၀န်းကျင်က အပင်များလည်း လေအလာမှာ ယိမ်းနွဲ့ကုန်ကြ၏။
လူအုပ်ကြီးထဲက အချို့တောင် သူတို့ကိုယ်သူတို့ မထိန်းနိုင်ဘဲ ဖင်ထိုင်ကျသွားကြသည်။
ချက်ခြင်းပဲ သူတို့မျက်နှာပေါ်က ပွဲကြည့်နေကြသည့် အမူအရာများ ပျောက်သွားပြီး ထိတ်ထိတ်ပျာပျာ နောက်ဆုတ်လိုက်ကြ၏။ သာမန်ဆို ထိုသို့ လဲကျသွားသူများကို အခြားသူများက စနောက်ကျီစယ်ကြမည်ဆိုပေမယ့် ယခုတော့ တိတ်ဆိတ်လို့နေကြသည်။
ကျန်းရှင်းရှုံ… အတည်ပြောနေတာလား။
“မင်းက လုပ်ထုံးလုပ်နည်းတွေကိုမသိဘူးလား။ ရတယ်လေ”
ကျန်းရှင်းရှုံက တောက်တောက်ပပ အပြုံးတစ်ခုကိုဆင်မြန်းပြီး “ငါမင်းကို စိန်ခေါ်မယ်။ ဒါပေမယ့် အဲ့တာကြောင့် အားနည်းသူကို ငါအနိုင်ကျင့်တယ်လို့ ပြီးမှ မဆိုနဲ့…။ မင်းမှာ ပြင်ဆင်ဖို့ တစ်လချိန်ရမယ်။ ပြီးရင်တော့ သေဖို့သာ ပြင်ထားပေတော့”
စုရှောင်ရှန် သူ့နှာခေါင်းနှင့် ပါးစပ်များကို လက်ဖြင့်ကာ၍ ခြေထောက်များကို လှုပ်လိုက်ရာမှာ မြေပြင်နဲ့ထိမနေတာကြောင့် မောပန်းနွမ်းနယ်စွာ သက်ပြင်းချလိုက်မိသည်။
“စိတ်တော့မကောင်းဘူး။ တစ်လက ကြာလွန်းတယ်။ မင်းကို အဲ့လောက်အချိန်မပေးချင်ဘူး”
အပိုင်း (၂၃၁) စုရှောင်ရှန် ချဟေ့
ပုံရိပ်နှစ်ခုက ကောင်းကင်ယံမှာ ပျံသန်းနေသည်။ တစ်ခုက သေးငယ်ပြီး တစ်ခုက ကြီးထွားကာ အဖေနှင့်သားလို ဖြစ်နေ၏။
“ငါသည်းမခံနိုင်တော့ဘူးကွာ အရမ်းအသည်းပေါက်လာပြီ”
ရဲ့ရှောင်ထျန်း၏ ဆံနွယ်များက လေအလာမှာ လူးလွင့်လှုပ်ရှားနေပြီး တစ်လမ်းလုံးလည်း ယိုင်တိယိုင်တိုင်ပျံသန်းလာခဲ့ပေသည်။
“မင်းကလည်း သူက သူလျှိုမှမဟုတ်တာ ဘာလို့ ဒေါကန်နေတာလဲ။ သူအဲ့လို ရတနာအများကြီးကို ယူနိုင်တာကိုက သူ့စွမ်းဆောင်ရည်က အထင်သေးလို့မရဘူးဆိုတာ ပြသနေပြီမဟုတ်ဘူးလား”
အကြီးအကဲကျောက်က ရဲ့ရှောင်ထျန်းများ ပျံသန်းနေရင်း မတည်မငြိမ်ဖြင့် ရုပ်ချည်းပြုတ်ကျသွားမလား စိုးရိမ်၍ ပုခုံးကို ကိုင်ထားပေးလိုက်သည်။ ထို့နောက် ရဲ့ရှောင်ထျန်းကို တည်ငြိမ်အောင်လုပ်ပေးပြီးနောက်မှာ လက်ဖြန့်ထုတ်၍ စောနက သူ့စကားကို ဆက်လိုက်၏။
“စဉ်းစားကြည့်စမ်းပါ။ စိတ်ဝိညာဉ်နန်းတော်ထဲမှာ ဒီလို ထူးချွန်တဲ့ ဂိုဏ်းသားတစ်ယောက်ရှိတာ စိတ်ဝိညာဉ်နန်းတော်ကြီးထွားလာဖို့ပဲ ပိုပြီး အကျိုးဖြစ်ထွန်းစေမယ်လေ မဟုတ်ဘူးလား။ ကမ္ဘာငယ်လေးကို တည်ငြိမ်အောင်လုပ်ထားတဲ့ ရတနာလေးပါး ပါသွားတာ အဲ့လောက်ကြီးလည်းမဟုတ်ပါဘူးကွာ။ လှိုဏ်ဂူဖြူပြန်ဖွင့်တဲ့အခါ အခြားစိတ်ဝိညာဉ်နန်းတော်တွေနဲ့ တိုက်ခိုက်ပြီး ဆုံးရှုံးသွားတာတွေကို ပြန်ယူလို့ရပါတယ်ကွ”
“လေး ဆိုတဲ့ ဂဏာန်းကို ငါ့အရှေ့မှာ လာမရွတ်နဲ့” ရဲ့ရှောင်ထျန်းက ကလေးငယ်တစ်ယောက်လို တကယ်ကို လက်ပန်းချီမြောက်ပြီး ဒေါသတကြီး အော်ဟစ်နေပါသည်။
ခုပြောနေတာ ကမ္ဘာငယ်လေးကိုတည်ငြိမ်အောင်လုပ်တဲ့ ရတနာလေးပါးဟ လခွမ်း။
ဆိုလိုတာက ထျန်းရွှမ်တံခါးကိုတည်မြဲစေတဲ့ ရတနာသုံးပုံတစ်ပုံကို စုရှောင်ရှန်ယူသွားခဲ့တာ ကြောင့် ထျန်းရွှမ်တံခါးက မတည်မငြိမ်ဖြစ်လာတာပေါ့။ စုရှောင်ရှန်၏ လုပ်ရပ်နှင့်ပတ်သက်ပြီး လူအချို့သာ သည်းခံနိုင်စွမ်းရှိပေမည်။
“စုရှောင်ရှန်” ရဲ့ရှောင်ထျန်းရေရွတ်နေရင်းက အေးစက်စက်လေသံဖြင့် ထပြောလိုက်သည်။ “မဖြစ်တော့ဘူး။ သူ့ကို အနီးကပ်ကြည့်ဖို့ လူလွှတ်ထားမှ ဖြစ်တော့မယ်”
“ဟုတ်တယ် လွှတ်ထားရမယ်”
သူ့နံဘေးက ဒေါသထွက်နေသော ဆံပင်ဖြူကလေးငယ်ကို အကြီးအကဲကျောက် ကျောကုံးပုတ်ပေးလိုက်ရာ ထို “ကလေးငယ်” က စိတ်ပြေလျော့သွားခဲ့သည်။
ထို့နောက် ငန်းရေကန်အထက်ကိုရောက်သောအခါ သူတို့အနားက ဖြတ်၍ ပျံသန်းသွားသော ဆူးဖြိုးဖြိုးငန်းကြီးတစ်ကောင်ကို ဖမ်းလိုက်၏။
“လာပါ ငန်းသားစားရအောင်”
ရဲ့ရှောင်ထျန်းက အစာစားဖို့ စိတ်ရှိမနေပါဘဲ ငူငူငိုင်ငိုင်ကြီး အတွေးနက်နေပေသေးသည်။
“မဖြစ်တော့ဘူး။ ဒီကောင့်ကို စိတ်ဝိညာဉ်နန်းတော်ထဲကနေ ထွက်သွားအောင် ငါတစ်ခုခုကြံမှ ဖြစ်တော့မယ်။ အကြီးအကဲစန်းတောင် ငါ့ကို တားလို့မရစေရဘူး”
“အဲ့လောက်ကြီးလည်း မလိုပါဘူးကွာ”
အကြီးအကဲကျောက် မမှုသလိုဖြင့် လက်ခါရမ်းကာ ပြောလိုက်သည်။ ထိုစဉ် သူဆက်လက်၍ စကားပြောမည်အလုပ်မှာ အနက်၀တ်လူတစ်ဦး နောက်က ကျားလိုက်နေသည့် အလားပြေးလာတာကို မြင်ရသည်။
“ခေါင်းဆောင်ရဲ့၊ အကြီးအကဲကျောက်”
ရဲ့ရှောင်ထျန်း သူ့စိတ်အခြေအနေကို ချက်ခြင်း ပြန်တည်ငြိမ်အောင်လုပ်လိုက်ပြီး အေးတိအေးစက် မျက်နှာသေကြီးဖြင့် မေးလိုက်သည်။ “ဘာကိစ္စရှိလို့လဲ”
“စုရှောင်ရှန် သူ-သူ…” သူတို့ထံအပြေးလေးလာခဲ့သော အနက်၀တ်လူက ဟောဟဲဆိုက်နေသဖြင့် စကားပြောတာ ထစ်ငေါ့နေသည်။
“စုရှောင်ရှန်ဘာဖြစ်လဲ”
ရဲ့ရှောင်ထျန်း ရင်ဖိုသွားရ၏။
မဟုတ်သေးပါဘူး။ ညီလာခံခန်းမကနေ ထွက်သွားတာမှ မကြာသေးဘူး ဒီကောင်ဘာပြဿနာရှာပြန်တာလဲ။
“စုရှောင်ရှန်… သူ-သူ ကျန်းရှင်းရှုံနဲ့ သေခြင်းရှင်ခြင်းကွင်းပြင်မှာ ချနေပြီ”
ထိုစကားက ရဲ့ရှောင်ထျန်းတို့နှစ်ယောက်ကို မိုးကြိုးပစ်လိုက်သည့်အလား တုန်လှုပ်သွားစေပေလေသည်။
ရဲ့ရှောင်ထျန်း တဒင်္ဂခန့် ကြက်သေသေသွားပြီးတော့မှ နားကြားများမှားသလား ထင်ယောင်ထင်မှားဖြစ်သွားသည်။ တစ်အောင့်ကြာသော် သူ၏ ဆံနွယ်များလေထဲမှာ ပြန်၍ လှုပ်ရှားလာကြပြီး သူလည်း ဒေါသထွက်လာတော့၏။
“မင်းဘာပြောလိုက်တယ် ပြန်ပြောစမ်း”
…
သေခြင်းရှင်ခြင်းကွင်းပြင်၌…။
ထိုကွင်းပြင်ကြီးက မဟားတရားကို ကြီးမားပေသည်။ ၎င်းက အပြင်စည်းမှာတုန်းက မိုးတိမ်လေပြိုင်ပွဲကျင်းပခဲ့သော ချုယွင်ကွင်းပြင်ကြီးထက်တောင် နှစ်ဆကြီးမားသည်။
အတွင်းစည်းမှာရှိသော တစ်ခုတည်းသော ကွင်းကြီးလည်းဖြစ်ပေကာ ၀င်သွားသူတိုင်းကလည်း အရှုံးပေး၍မရ တစ်ယောက်ယောက်တော့ သေသည်အထိ တိုက်ခိုက်ရပေမည်။
ထိုကွင်းပြင်နံဘေးမှာ လူတစ်စု စည်ကားသိုက်မြိုက်စွာ စုစည်းလာခဲ့သည်။ အတွင်းစည်းမှာ ဂိုဏ်းသားက တစ်ရာကျော်စွန်းစွန်းလေးလောက်သာရှိပေမယ့် ထိုသူများအားလုံး ယခုတော့ ဤနေရာတွင် ရောက်လာခဲ့ကြ၏။
“ဒီပွဲက ဒီနှစ်ရဲ့ အကောင်းဆုံးဖြစ်ရပ်ပဲ။ အပြင်စည်းဝါရင့်အကိုကြီး နဲ့ အတွင်းစည်း ဝါရင့်အကိုကြီးတို့တိုက်ပွဲတဲ့။ ဒီထက်ကောင်းတာ ဘာရှိဦးမလဲ”
“ပြောလို့ပြောတာမဟုတ်ဘူး စုရှောင်ရှန်က တကယ့် အာဂသတ္တိပဲကွ။ ငါက သူစကားအဖြစ်ပဲပြောတယ်မှတ်နေတာ တကယ်ကြီးကွင်းပြင်ကိုရောက်ချလာတယ်။ ဒီလို စကားကိုပြီးစလွယ်မပြောတာတော့ ကြိုက်သဟေ့”
“ချီး။ သူခြေထောက်တွေတောင် ကောင်းကောင်းမရပ်တည်နိုင်ဘဲ တဆတ်ဆတ်လှုပ်နေလောက်ပြီ။ အလကား သက်သက် ဟန်ထုတ်နေတာပါကွာ”
“ဟမ့်။ မင်းကကော ဘာထူးလဲ။ သူ့နေရာမှာဆို မင်းလည်း ကျန်ူရှင်းရှုံကို စိန်ခေါ်ရဲမလား။ သူဒီလိုလုပ်ရဲတာကိုက ချီးကျူးဖို့ကောင်းနေပြီ”
“အဲ… မင်းက ကျိုးထျန်းရှန်မလား။ စုရှောင်ရှန်ရဲ့ သူငယ်ချင်းလေ။ ဘာလို့ သူ့ကို ဒီလိုမလုပ််ဖို့ သွားနားမချတာလဲ”
“…”
လက်တစ်ဖက် ကျိုးထျန်းရှန် သူ့ဆေဘာကိုကိုင်ထားရင်းက လေညှင်းကလေး၏ ကျီစယ်မှုကြောင့် လောလောလတ်လတ်ပုံပြောင်းထားသော ဆံပင်တိုကလေးက လူးလွင့်နေသည်။
သူသတိပြန်ရလာပြီးနောက်မှာ စုရှောင်ရှန်၏ သေခြင်းရှင်ခြင်းတိုက်ပွဲအကြောင်းကိုကြား၍ အပြေးလေးလာခဲ့ပေသည်။
ထိုအခိုက်မှာ ကျိုးထျန်းရှန်၏ စိတ်နှလုံးကကြည်လင်နေခဲ့ပြီး ကွင်းထဲမှာ တိတ်ဆိတ်စွာ ရပ်နေသော ပုံရိပ်ကလေးကိုကြည့်လိုက်သည်။ သူ့နံဘေးက အမေးကိုကြားတာတောင်မှ သူက ခွန်းတုန့်ပြန်ခြင်းမရှိပါချေ။
ကျန်းရှင်းရှုံက သူ့ခန္ဓာကိုယ်ပုံပန်းသွင်ပြင်ဖြင့်တောင် အခြားသူများကို ကြောက်သွားစေဖို့လုံလောက်သည်။ ကျိုးထျန်းရှန် သူ၏ ဖိနှိပ်ခြင်းကြောင့် မြေကြီးထဲမှာ တုန်ုတုန်ရင်ရင်ဖြင့် စိုက်၀င်သွားခဲ့တာတောင် အလျော့မပေးခဲ့ပါချေ။ ထိုဖြစ်ရပ်ပြီးနောက်မှာလည်း ကတိသစ္စာတစ်ခု တည်လိုက်သည်။
ကျန်းရှင်းရှုံကို တစ်နှစ်အတွင်း သူခုတ်ထစ်နိုင်အောင် သန်မာလာရပေမည်။
ဒါကြောင့်လည်း သူ့ခန္ဓာကိုယ်ကို အဆုံးစွန်ထိ မြှင့်တင်ဖို့ သတ်ဖြတ်ခြင်းပြိုင်ကွင်းကို အကျိုးဆက်များအား လစ်လျူရှူပြီး သွားခဲ့တာဖြစ်သည်။
ယခုတော့ သူ့ကိုယ်သူ တိုးတက်လာအောင်ပေးထားသည့်အချိန်၏ ဆယ်ပုံတစ်ပုံတောင်မရှိသေးခင်မှာ စုရှောင်ရှန်က ဆန့်ကျင်ဘက်မှ နေ၍ ကျိုးထျန်းရှန်ကို ရင်ဆိုင်နေပြီဖြစ်၏။
စုရှောင်ရှန် နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ သူ၏ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ကိုက ကျိူးထျန်းရှန်ကို နှစ်သက်သွားစေပါသည်။ ဒါကြောင့်လည်း ချစ်မြတ်နိုး- အဟွတ် အဟွတ် လူတစ်ယောက်ကို အထင်အမြင်ကြီး လေးစားခြင်းများ ပေါက်ဖွားလာရသည်။
‘စုရှောင်ရှန် တောင့်ထား’ ကျိုးထျန်းရှန် သူ့စိတ်ထဲကနေပြီးတော့ စုရှောင်ရှန်ကို အားပေးလိုက်၏။
“ဟေး မင်းဘာလို့ ဘာမှပြန်မပြောတာလဲ” သူ့နံဘေးကလူက တံတောင့်ဖြင့်တိုက်ပြီးတော့ “လုပ်ပါ သူ့ကို နားသွားချပါဦး။ ဒါမှ မဖြစ်သင့်တာတွေမဖြစ်ရမှာ”
ဟက်။
ကျိုးထျန်းရှန် နှာခေါင်းရှုံ့လိုက်သည်။ စုရှောင်ရှန်ကို တားရမတဲ့လား။
ဖြစ်နိုင်လို့လား အရင်မေးပါဦး။
ထို့နောက် စုရှောင်ရှန်နှင့် တိုက်ခိုက်ခဲ့စဉ်က ပုံရိပ်များကိုမြင်ယောင်မိပြီး စိတ်နှလုံး လှုပ်ရှားတက်ကြွလာခဲ့ပေသည်။ သို့ဖြင့် စိတ်ဉာဏ်ကွန့်မြူးလာသည့် တခိုက်မှာ ကျိုးထျန်းရှန် အဆုပ်တစ်ဆုံး သံကုန်ဟစ်တော့၏။
“ရန်သူကို မတိုက်ခိုက်ဘဲနဲ့ အရှုံးပေးတယ်ဆိုတာမဖြစ်ရဘူး။ ဒီလိုလုပ်တာက ကျင့်ကြံသူတစ်ယောက်ရဲ့ ဂုဏ်ကိုညှိုးနွမ်းစေတယ်။ ဘ၀မှာ အမဲစက်စွန်းထင်းစေတယ်။ စုရှောင်ရှန် သူ့ကို အပြီဆော်ပစ်ကွာ”
ထိုမိုင်ကုန်အော်ဟစ်သံကြီးက ကွင်းပြင်နံဘေးက စကားသံများကို ချက်ခြင်းတိတ်ဆိတ်သွားစေခဲ့၏။ ကျန်းရှင်းရှုံကို ရင်ဆိုင်တော့မည့် စုရှောင်ရှန်တောင် လန့်ဖျပ်သွားသည်။
ရုတ်တရက် လည်ပြန်ကြည့်လိုက်ရာ လေထဲမှ ဆံပင်တိုတိုဖြင့် ကျိုးထျန်းရှန်ကို တွေ့ရ၏။
ထိုလူထွားကြီးက “မင်းနောက်မှာ ငါရှိတယ်ဆိုတဲ့” အဓိပ္ပာယ်နှင့် ရင်ဘက်ကို သူ့ကျန်ညာလက်ဖြင့် နှစ်ချက် ပုတ်ပြီး စုရှောင်ရှန်ကို လက်ညိုးထိုးပြလိုက်သည်။
ထိုအချင်းအရာကြောင့် စုရှောင်ရှန် မှင်တက်သွား၏။
“ချီး ကလေးဆန်လွန်းတယ်ကွာ”
စုရှောင်ရှန်တောင် ရှက်သွားပေသည်။
ကျိုးထျန်းရှန််ကို မကြည့်ရက်တော့ပဲ ချက်ခြင်း ရှေ့ကိုပြည်လှည့်လိုက်တော့သည်။ တိုက်ပွဲတစ်ခုကို တိုက်ခိုက်ရာမှာ စိတ်အနှောက်အယှက်ရှိနေ၍ မဖြစ်ပါချေ။
ကျိုးထျန်းရှန်ကလည်း သာမန် နေ့စဉ်တွေ့နေကြ ကျင့်ကြံသူမဟုတ်။ လွန်ခဲ့တဲ့ နှစ်တွေကတည်းက အရှင်သခင်နယ်ပယ်တက်လို့ရတာကို ဖိနှိပ်ထားတာကြောင့် သူ့ကို ကျင့်ကြံခြင်းအဆင့်လေးကြည့်၍ ဆုံးဖြတ်လို့မရပေ။
“အဆင်သင့်ဖြစ်ပြီလား”
ကျောက်ကျစ်တုံ့သူတို့နှစ်ဦးကိုကြည့်လိုက်သည်။ ထို့နောက် စုရှောင်ရှန်များ နောက်ပြန်ဆုတ်ချင်ဦးမလား မျှော်လင့်ချက်ကလေးဖြင့် တတောင့်တသ ကြည့်လိုက်၏။
သို့ပေမယ့် အထင်အမြင်နှင့်လွဲကာ စိတ်လှုပ်ရှားနေသော လေသံဖြင့်ပင် စုရှောင်ရှန်က “ကျန်းရှင်းရှုံ သေဖို့ပြင်ထားပေတော့”
ချီးပဲ။
ကျောက်ကျစ်တုံ့ ချီတုံချတုံဖြစ်သွားပြီး စုရှောင်ရှန်ကို အရေးမပေးတော့ဖို့ ဆုံးဖြတ်လိုက်သည်။
ကျန်းရှင်းရှုံ လေပေါ်က ကျိုးထျန်းရှန်ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီးတော့ ဟန်လုပ်ပြုံးကာ တိုးတိုးကလေး ရေရွတ်လိုက်၏။ “အရူးနှစ်ကောင်”
“တိုက်ပွဲစ”
ကျောက်ကျစ်တုံ့ လက်ဝေ့ရမ်း၍ ကြေငြာပြီးသည်နှင့် ချက်ခြင်းနောက် ဆုတ်သွားလိုက်သည်။ ဒီလို ပြိုင်ပွဲအတွင်းမှာ ပြိုင်ပွဲကြီးကြပ်သူမလိုပါချေ။
ယားးးး…။
စုရှောင်ရှန်က ဘာစကားတစ်ခွန်းမှ မဆိုတော့ဘဲ ညာသံပေးကာ ကျန်းရှင်းရှုံထံ လက်သီးလက်ပန်းချီမြှောက်ကာ ကမူးရှူးထိုး၀င်သွားလိုက်သည်။
“သူ ကျန်းရှင်းရှုံကို ခန္ဓကိုယ်ခွန်အားနဲ့ သက်သက် တိုက်ခိုက်ချင်နေတယ်တဲ့။ ရူးနေတာများလား”
ကွင်းနံဘေးက ပွဲကြည့်သူများ မှင်တက်သွားကြသည်။ ကျန်းရှင်းရှုံအကြောင်းကို တစ်လုံးတစ်လေမှ သိရှိခြင်းမရှိပါဘဲ စုရှောင်ရှန် သေခြင်းရှင်ခြင်းတိုက်ပွဲကိုလာရောက်တိုက်ခိုက်ပေသည်လော။
ဘယ်လောက်ရူးရူး သူအဲ့လောက်တော့ မလုပ်လောက်ဘူးမလား။ ပွဲကြည့်သူများက စုရှောင်ရှန် ပြိုင်ကွင်းအတွင်းရောက်သွားတာကြောင့်သာ စိတ်နှလုံးလှုပ်ရှားနေခြင်းဖြစ်သည်ဟု ဖြေသိမ့်လိုက်တော့သည်။
“ပြောသာပြောနေတာ စုရှောင်ရှန်တကယ် သားရဲကြီးပဲ”
“သူ့မှာ စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်ရှိတယ်ဆိုရင်တောင် ရှားပါးတဲ့ ရှေးဦး၀က်၀ံ သွေးမျိုးဆက် ဆက်ခံထားတဲ့ ကျန်းရှင်းရှုံကိုလည်း အထင်သေးလို့မရဘူးလေ။ သူ့ရုပ်ပိုင်းဆိုင်ရာခွန်အားက စုရှောင်ရှန်ထက်တောင် သာနေဦးမှာ”
“ဟုတ်တယ် သွေးမျိုးဆက်စွမ်းအင်ကို အသက်သွင်းလိုက်တာနဲ့ တိုက်ပွဲက ချက်ခြင်းပြီးသွားလိမ့်မယ်”
သူ့ထံ ပြေး၀င်လာနေသော စုရှောင်ရှန်ကို ကျန်းရှင်းရှုံ စောင်းငဲ့ကြည့်သည်ဆိုရုံလောက်လေးပြုလိုက်သည်။
“အရူး”
စုရှောင်ရှန်ကို ကဲ့ရဲ့ပြီးနောက်မှာ ကျန်းရှင်းရှုံ လက်ကိုပင့်ပြီး သူ့၀တ်ရုံရှည်ကိုဖယ်လိုက်သောအခါ ပတ်၀န်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များ ရောက်ရက်ခက်လာပြီး နက်ရောင်၀က်ဝံကြီးတစ်ကောင်၏ ပုံရိပ်ဖြစ်တည်လာတော့၏။
ထိုပုံရိပ်က ၁၂မီတာကျော်တောင် ကြီးမားပြီးတော့ ကောင်းကင်ကြီးကိုမော့ကြည့်၍လည်း ဟိန်းဟောက်လိုက်ပေသည်။
လူထွားကြီး ကျန်းရှင်းရှုံ၏ နောက်မှာ ထိုသို့ ဧရာမ ၀က်ဝံကြီးကိုတွေ့ရခြင်းက တကယ် ရင်သက်ရှူမောဖွယ်ရာကောင်းပေသည်။ ကြောက်မက်ဖွယ်ရာလည်းကောင်း၍ ပွဲကြည့်သူများတောင် နောက်သို့ ခြေတစ်လှမ်း ပြိုင်တူဆုတ်မိလိုက်ကြ၏။
စုရှောင်ရှန် ကွင်းတစ်၀က်ကိုရောက်လာသောအခါ ကျန်းရှင်းရှုံ လက်တစ်ဖက်ကို ဆုပ်ကျစ်လိုက်သည်။ သူ့နောက်က အနက်ရောင်ဧရာမ ၀က်ဝံကြီးက တဖန် ပြန်ဟိန်းဟောက်လိုက်၏။
ဝေါင်းးးးး…။
ကွင်းပြင်တစ်ခုလုံးတောင် တုန်ခါလာခဲ့ပြီး စတင်၍ အက်ကွဲကြောင်းကြီးများထလာကာ ကျောက်တုံးကြီးများ အရပ်လေးမျက်နှာကို ပျံလွင့်တော့သည်။
အပိုင်း (၂၃၂) ကျန်းသခင်လေးလွင့်ထွက်သွားပြီ
“ဟလခွမ်း”
စုရှောင်ရှန် တုန်လှုပ်သွား၏။
ဤနေရာက ချုယွင်ကွင်းပြင်ကလို အကာအကွယ်ဖြင့်ဖုန်းအုပ်ထားခြင်းမပြုသဖြင့် ပွဲကြည့်သူထံမှ ပင်ကိုယ်မှတ်များကို စုရှောင်ရှန် ရယူနိင်သေးသည်။ ရလဒ်အနေဖြင့် ကျန်းမျိုးနွယ်စု၏ သွေးမျိုးဆက်စွမ်းအင်အကြောင်းကို သိလိုက်ရပါသည်။
လူတိုင်း၏ အံ့အားသင့်နေသော မျက်၀န်းများအောက်၌ ကျန်းရှင်းရှုံကို ရင်ဆိုင်နေသော စုရှောင်ရှန်က ကြောက်လန့်၍ နောက်မဆုတ်သွားဘဲ ရှေ့ကို တက်သွားလိုက်သည်။
ယောက်ျားအစစ်တွေက ဘယ်တော့မှ နောက်မဆုတ်ဘူး။
လက်သီးနှစ်ခုဆုံကြသောအခါ မီးတောက်မီးလျှံများတောင်ထွက်လာပြီး ပတ်၀န်းကျင်ရှိ လေဟာနယ်ကိုတောင် တုန်ခါသွားစေခဲ့သည်။
စက္ကန့်ပိုင်းအတွင်း တည်ငြိမ်နေခဲ့သော ကွင်းပြင်ကြီးက ဝီသံညံလာ၏။
ထိုလက်သီးနှစ်ချက်ဆုံသောနေရာရှိ လေဟာနယ်၌ ဖြစ်ပေါ်လာသော လှိုင်းများက ပေါက်ကွဲထွက်တော့သည့် ဗုံ့းတစ်လုံးအလား အဝိုင်းသဏ္ဌာန်တွန့်လိမ်သွားသည်။
ထို့နောက်မှ ပေါက်ကွဲသံကြီးနှင့်တူ သူတို့နှစ်ယောက်အောက်ရှိ မြေပြင်က အက်ကွဲလာခဲ့တော့၏။ အဝိုင်းသဏ္ဌာန်ကွေးလိမ်နေသော လှိုင်းများလည်း ပေါက်ကွဲထွက်သွားကာ ကွင်းနံဘေးရှိ လူတိုင်းကို အနောက်လွင့်သွားစေပေလိုက်သည်။
လေထဲမှာရှိသော ကျိုးထျန်းရှန်က ထိုလှိုင်းများနောက်က ဦးစွာ ပါသွားသည့်သူဖြစ်သည်။ မနည်းကိုယ်ကို တည်ငြိမ်အောင်ပြန်ထိန်းနိုင်လိုက်ပြီးနောက်မှာ အောက်ကွင်းပြင်ကို အလန့်တကြားကြည့်လိုက်၏။
ထိုမှ ယှဉ်ပြိုင်ထိုးသတ်နေကြသော သူနှစ်ဦးက လူပြန်ခွဲလိုက်ကြပြီဆိုပေမယ့် အခြေအနေက သူထင်ထားသည်နှင့် ကွဲပြားနေခဲ့သည်။
စုရှောင်ရှန်က နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပေမယ့် ကျန်းရှင်းရှုံက မီတာ အတော်များများ နောက်ပြန်လွင့်ထွက်သွား၏။
“ဘာလဲဟ” ကျိုးထျန်းရှန်သူ့မျက်လုံးများ မှားနေသလားတောင် ပွတ်ကြည့်လိုက်ရသည်။
သူတစ်ယောက်တည်းထိုသို့အတွေး၀င်လာခြင်းမဟုတ်ပေ။ ထိုလက်သီးထိုးချက်နှစ်ခု တိုက်ခိုက်ချက်မှ ရလဒ်ကြောင့် ပွဲကြည့်သူများလည်း အံ့ဩဘနန်းဖြစ်သွားကြသည်။
“ဘာလဲဟ။ ကျန်းသခင်လေးက အနောက်ကို လွင့်ထွက်သွားတယ်တဲ့”
“အေးဆို။ စုရှောင်ရှန် သူ့စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ကို ဘယ်လောက်တောင် ကျင့်ထားသလဲမသိဘူး။ ကျန်းသခင်လေးလိုလူတစ်ယောက်ကိုတောင် လွင့်ထွက်သွားအောင်ထိုးနိုင်တယ်”
“ဟေ့ကောင်တွေကြည့်ကြဦး၊ ကျန်းသခင်လေးရဲ့ လက်က သွေးထွက်နေတယ်ကွ”
ထိုအရာကိုကြားလို့ သူပြောတဲ့အတိုင်းကြည့်လိုက်ရာမှာ မြေပြင်ကိုတရွတ်တိုက်ပြီး လွင့်ထွက်သွားတာကြောင့် အက်ကြောင်းကြီးနှစ်ခုထားခဲ့သော ကျန်းရှင်းရှုံကိုတွေ့ရသည်။ စုရှောင်ရှန်နှင့် လက်သီးခြင်းယှဉ်ထိုးတဲ့ သူ့လက်က သွေးထွက်နေရုံပင်မဟုတ်ဘဲ အရိုးအဆစ်တောင်လွဲသွားခဲ့သည်။
သွေးထွက်နေတာက လက်သီးထိုးချက်မှ တွန့်လိမ် ကောက်ကွေးကာ ကျိုးသွားသော လက်ချောင်းများက ဖြစ်၏။
ဟူးးးးးး…။
လူတိုင်း ချမ်းစိမ့်စိမ့်ခံစားလိုက်ရပြီး ထပ်မံတိုက်ခိုက်ဖို့ စိတ်လှုပ်ရှားနေဟန်ရသော စုရှောင်ရှန်ကို တအံ့တအားကြည့်လိုက်ပေသည်။
ပွဲကြည့်သူတိုင်း၏ အာရုံများ သူ့စီကိုရောက်လာတာကိုတွေ့သောအခါ စုရှောင်ရှန် အလျင်အမြန် မျက်နှာသေဖြစ်အောင်တည်လိုက်သည်။ ပြီးနောက် ကျန်းရှင်းရှုံကို လက်မထောင်ပြကာ လက်ကို လှုပ်ရမ်းလိုက်၏။
“ကျန်းရှင်းရှုံ။ မဆိုးဘူးတော်တယ်”
စုရှောင်ရှန်၏ ရန်စသလိုလို ဘာလိုလို အပြုအမူကြောင့် လူအုပ်ကြီး ပို၍ ကျေနပ်အားရလာကြပေသည်။ ထိုတိုက်ခိုက်မှုမှ ရလဒ်အရ စုရှောင်ရှန်က ကျန်းရှင်းရှုံကိုတိုက်ခိုက်ရဲတာ ဝှက်ဖဲရှိလို့ကိုးဟု သဘောပေါက်သွားကြသည်။
ကျန်းရှင်းရှုံ၏ မျက်နှာထက်၌လည်း အကျဉ်းတန်သော အမူအရာတစ်ခုရှိနေခဲ့၏။
“အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်”
သူမယုံချင်ပေမယ့်လည်း စောနက ထိုးချက်က စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်၏ အကန့်အသတ်ကိုကျော်လွန်နေတာ ငြင်းမရပေ။ စုရှောင်ရှန်၏ လက်သီးချက်ကလည်း တွန်းကန်အားလိုလို ဘာလိုလိုနှင့် ထူဆန်းတဲ့ သက်ရောက်မှုတစ်ခုရှိသေးပေသည်။
၎င်းက အနည်းဆုံးတော့ အရှင်သခင်နယ်ပယ်ဖြစ်နိုင်လောက်သည့် အစွမ်းထက်သော နည်းစနစ်တစ်ခုဖြစ်ရမည်။
“စုရှောင်ရှန်” ကျန်းရှင်းရှုံ မျက်လုံးများကိုမှေးပြီးရေရွတ်လိုက်သည်။ ထိုတိုက်ခိုက်မှုဖလှယ်မှုမှာ သူအရေးနိမ့်သွားပေသည်။
သူ့လိုလူကိုတောင် ရုပ်ပိုင်းဆိုင်ရာခွန်အားဖြင့်တိုက်ခိုက်နိုင်တာ သူက သာမန် အပြင်စည်းဂိုဏ်းသားတော့မဟုတ်ချေ။ သိုးအရေခြုံထားတဲ့ ဝံပုလွေတစ်ကောင်ဖြစ်၏။
“မင်းက ကျားသားစားချင်လို့ ၀က်ယောင်ဆောင်နေတာပဲကွ။ စိတ်ဝိညာဉ်နန်းတော်ထဲက ဘယ်သူမှ မင်းကို သတိမထားမိတာ မဆန်းပါဘူး” ကျန်းရှင်းရှုံ မှုန်သေသေကြည့်ကာ စကားပြောရင်းက ထလာခဲ့သည်။
စုရှောင်ရှန်က ခေါင်းခါရမ်းလိုက်ပြီးတော့ လေးနက်သောအမူအရာဖြင့် “မဟုတ်ဘူး။ မင်းမှားနေပြီ။ ပထမဆုံးအနေနဲ့ စိတ်ဝိညာဉ်နန်းတော်ထဲမှာ ပါရမီရှင်ဆိုတာဘာလဲ တစ်ချက်ကြည့်တာနဲ့ သိတဲ့လူတွေရှိတယ်။ မင်းကသာ ရေတွင်းအောက်က ဖားငယ်လေးဖြစ်နေတာ။ ဒုတိယအနေနဲ့ မင်းလို ကျားယောင်ဆောင်ထားတဲ့ ကြောင်ကို ငါက ၀က်ယောင်ဆောင်ပြီး စားမနေဘူး”
စုရှောင်ရှန်၏ ကဲ့ရဲ့သော စကားလုံးများကြောင့် လူတိုင်း ထရပ်လိုက်ကြပြီး အချို့ဆို ဒါသူတို့သိတဲ့ စုရှောင်ရှန်များလားတောင် မျက်လုံးများကို ပွတ်ပြီး ကြည့်ယူနေရသည်။ မဟုတ်မှလွဲရော ဒါက စုရှောင်ရှန်ရဲ့ စိတ်နေသဘောထားအစစ်အမှန်များလား။
ဟ မဖြစ်နိုင်လောက်ပါဘူး။
သူ့လျှာက ဘာလို့ သွေးထွက်စေလောက်အောင် ထက်နေတာလဲ။ ကျန်းရှင်းရှုံကိုတောင် ကဲ့ရဲ့နေတာလွန်ရော။ ဆေးများမှားစားထားမိသလားမသိ။
“ကောင်းပြီလေ”
၎င်းတို့က စုရှောင်ရှန်တမင်သူ့ကို ဒေါသထွက်လာအောင်ပြောနေသည့်စကားများဆိုတာသိပေမယ့် သူ၏ မာနကြောင့် ဒေါသထွက်လာရသည်။
သူ့ကိုယ်ကိုကိုင်းညွတ်လိုက်သောအခါ ဧရာမ ၀က်ဝံပုံရိပ်ကြီးက သူ့ကိုယ်နှင့် ပေါင်းစပ်သွားခဲ့၏။ ထို့နောက် ကျန်းရှင်းရှုံ၏ ကြွက်သားများ ပို၍ကြီးထွားကျယ်ပြန့်လာကာ အရပ်လည်း ရှည်ထွက်လာခဲ့သည်။
“ကျန်းမျိုးနွယ်စု သွေးမျိုးဆက်စွမ်းအင်၊ အသက်၀င်စမ်း”
ကျန်းရှင်းရှုံက တိုက်ခိုက်မှုတစ်ခုအပြီးနောက်မှာ သွေးမျိုးဆက်စွမ်းအင်ကို နိုးထလာအောင်လုပ်နေသောကြောင့် လူတိုင်း ဘာပြောရမှန်းမသိဖြစ်သွားကြ၏။ ၎င်းက စုရှောင်ရှန် ဘယ်လောက် ကြောက်မက်ဖွယ်ရာကောင်းသလဲဆိုတာကို ဖော်ပြသည်။
သူတို့ စုရှောင်ရှန်၏ လှည့်စားမှုအောက်မှာ ရောက်နေခဲ့တာလား။
တကယ်ကို စာအုပ်ကိုအဖုံးကြည့်၍ ဆုံးဖြတ်လို့မရဘူးဆိုတာမှန်၏။ စုရှောင်ရှန်၏ ပေါတောတော ပြုမူပုံများကြောင့် သူ့ခွန်းအားကို အမြဲတမ်းမေ့လျော့နေခဲ့ပါသည်။
ယခုလည်း ကျန်းရှင်းရှုံကို စုရှောင်ရှန် လက်သီးတစ်ချက်တည်းဖြင့် ထိုးပြီးသွားနောက်မှာတောင် သွေးမျိုးဆက်စွမ်းအင်ကို မနိုးထသင့်လို့ခံစားနေရ၏။ စုရှောင်ရှန်က တကယ်ကို လူတွေရဲ့ စိတ်ကို ထိန်းချုပ်တဲ့နေရာမှာ တော်လို့များလား။
ပြိုင်ကွင်းပေါ်မှ လူနှစ်ယောက်ကတော့ ထိုသို့ အတွေးမျိုးရှိမနေပါဘဲ တစ်ဦးကိုတစ်ဦး အသေသတ်ရန်သာ အားခဲထားကြသည်။
ကျန်းရှင်းရှုံ၏ ခန္ဓာကိုယ်က ပြောင်းလဲမှုများကြောင့် စုရှောင်ရှန် အခြေအနေမဟန်တော့တာကို သိလိုက်ရပေသည်။
သူ့ကိုယ်က စိတ်ဝိညာဉ်အနှစ်များကို စုစည်းလိုက်ပြီး ချက်ခြင်း ဖြန့်ထုတ်လိုက်လေသည်။
“ငရဲမီးတောက်ကောင်းကင်”
အကြီးအကဲစန်းလိုတော့ ကောင်းကင်ကို မီးလောင်တိုက်သွင်းပြီး ပင်လယ်ပြင်ကို ဆူမပွက်စေနိုင်ပါချေ။ ဒါပေမယ့် သေခြင်းရှင်ခြင်းကွင်းပြင်ပေါ်က နောက်ဆက်တွဲဖြစ်ရပ်များကတော့ ဩချလောက်စရာကောင်းပေသေးသည်။ အင်မတန်ပူပြင်းလှသော အပူချိန်အောက်မှာ ကျောက်တုံးများပွလာသဖြင့် ကြမ်းပြင်တစ်လျှောက်လုံးမှာ အက်ကြောင်းများထလာခဲ့သည်။
ရှဲရှဲ…။
ကျန်းရှင်းရှုံ ပုံစံပြောင်းပြီးတာနဲ့ စူးအောင့်အောင့် နာကျင်မှုကြီးကို ခန္ဓာကိုယ်တစ်လျှောက်မှာ ခံစားလိုက်ရ၏။ အသားကင်ထားခံရသလို အနံ့များလည်း သူ့နှားခေါင်းထဲကို ဆက်တိုက်၀င်ရောက်လာနေခဲ့သည်။
သူ့စိတ်ဝိညာဉ်အနှစ်များ အသုံးပြုလိုက်ရာ စိတ်ဝိညာဉ်အနှစ်များပါ လောင်ကျွမ်းခံလိုက်ရသည်။
“လခွမ်း ဒါဘာလဲဟ။ ငါတို့ ကျန်းမျိုးနွယ်စုရဲ့ သွေးမျိုးဆက်စွမ်းအင်တောင် မခံနိုင်ဘူးတဲ့”
ကျန်းရှင်းရှုံ၏ အမြင်လည်း ဘယ်ကိုကြည့်ကြည့် ဝေဝါးနေပေသည်။ ထို့နောက် စုရှောင်ရှန်ရှိရာဘက်ကို လှည့်ပြီး တုန့်ဆိုင်းခြင်းမရှိ ပြေး၀င်တော့၏။
ရွှစ်…။
သူ့အလျင်က အင်မတန်မြန်ဆန်လှသောကြောင့် နောက်တွင်တောင် ပုံရိပ်ယောင်များကျန်ခဲ့ပေသည်။
လူတိုင်း အခြေအနေကို မသုံးသပ်နိုင်သေးခင်မှာပင် စုရှောင်ရှန်၏ အထက်၌ သူပေါ်လာသည်။
“ဒီလောက်အမြန်နှုန်းကြီးကြ…”
ထိုလျင်မြန်မှုက စစ်မှန်ခြင်းနယ်ပယ်ကို ကျော်လွန်ပြီး အနည်းဆုံးတော့ အရှင်သခင်နယ်ပယ်မှာရှိသည်။
ကျန်းရှင်းရှုံ၏ လှုပ်ရှားမှုနောက်ကို သူတို့မလိုက်နိုင်ပေမယ့် စုရှောင်ရှန်ကတော့ ရှင်းရှင်းလင်းလင်းကြီးကို မြင်ရသည်။
သူ့အထက်ကိုရောက်လာသောဧရာမ လူထွားကြီးကြောင့် ယွမ်တုကိုတောင် သူသတိရသွားခဲ့၏။ စုရှောင်ရှန် နောက်သို့ဆုတ်မသွားပါဘဲ သူလည်း လက်သီးချီမြှောက်ပြီး ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
စုရှောင်ရှန် ဘာလုပ်ချင်နေသလဲဆိုတာ တွေ့သောအခါ ကျန်းရှင်းရှုံ နှာခေါင်းရှုံ့လိုက်၏။ သူကလည်း ခန္ဓာကိုယ်ချင်းတိုက်ခိုက်မှုကိုလိုချင်နေတာဖြစ်သည်။
ကျန်းမျိုးနွယ်စု၏ သွေးမျိုးဆက်ခန္ဓာကိုယ်က စုရှောင်ရှန်ထက် နိမ့်ကျမတဲ့လား။
လက်သီးနှစ်ချက် တဖန်ပြန်ဆုံသည်။ ထိုခိုက်မှုမှာ ကျန်းရှင်းရှုံ၏ လက်သီးကို ရစ်ပတ်ထားသော စိတ်ဝိညာဉ်အနှစ်များပွင့်ထွက်သွားခဲ့ပြီး အနက်ရောင် ခက်ထန်သော စွမ်းအင်တစ်ခုကို ထုတ်လိုက်သည်။
ထိုစွမ်းအင်က အနက်ရောင်မြွေတစ်ကောင်လို လက်ကိုရစ်ပတ်နေသည်။ ၎င်းမှ မတည်ငြိမ်သော အဖျက်စွမ်းအားက စုရှောင်ရှန်၏ မီးတောက်အစေ့နှင့် အမျိုးအမည်မတူပေမယ့် စွမ်းအားတော့တူလောက်သည်။
အရှင်သခင်နယ်ပယ် နည်းစနစ်။
“ကောင်းကင် အမှောင်ဖုံး ပေါက်ကွဲခြင်း”
“အရည်မရ အဖက်မရတွေ မအော်နဲ့ အော်လိုက်လို့ အစွမ်းပိုထက်မလားဘူး” စုရှောင်ရှန် ထိတ်ထိတ်ပျာပျာမဖြစ်သွားဘဲ ပင့်သက်ကိုရှိုက်လိုက်သောအခါ ထိုစွမ်းအင်များလွင့်ပြယ်သွားခဲ့၏။
ကျန်းရှင်းရှုံ ကြောင်အသွားသည်။ ဒါ ဘာစုန်းအတတ်လဲ။
သူကြက်သေသေနေလို့မပြီးသေးခင် သူ့ကိုယ်ပေါ်မှာ ထူးဆန်းတဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို ခံစားမိလိုက်တာကြောင့် အလျင်အမြန် ပြေးဖိနှိပ်သည်။ ထိုစဉ်မှာ စုရှောင်ရှန်က သူ့ကို အငိုက်ဖမ်းထိုးလိုက်၏။
ဘုန်း…။
အရှင်သခင်နယ်ပယ် ခန္ဓာကိုယ်ရဲ့ ခွန်အားအပြည့်က ထိုလက်သီးချက်နောက်၌ ပါပေသည်။ စုရှောင်ရှန်၏ ကြော့ကွင်းမှအားကြောင့်တောင် ကြမ်းပြင်က အက်ကွဲထွက်သွားခဲ့ပေသည်။
ဝေ့ဝိုက်နေသော စွမ်းပင်တစ်ခုက ကောင်းကင်ပေါ်သို့ထိုးတက်သွားပြီး ကျန်းရှင်းရှုံကို တစ်ပါးတည်းခေါ်သွားသည်။ ထိုမှ ပြန်ကျလာပြီး တစ်အောင့်သာမကြာသေးချေ စုရှောင်ရှန်က ထပ်မံ ထိုးပစ်လိုက်လို့ လေထဲပြန်တက်သွားခဲ့၏။
“ဝေါ့”
ကျန်းရှင်းရှုံသွေးများအန်ထုတ်လိုက်ပြီး အရိုးကျိုးသံများကိုတောင် ကြားနေနိုင်ပေသည်။ ထိုမြင်ကွင်းနှင့် အသံတို့က လူအုပ်ကြီးကို နေရာမှ တစ်စက်မှ မရွေ့နိုင်အောင် မှင်တက်သွားစေပေ၏။
ဘာလို့ ကျန်းရှင်းရှုံက ထပ်ပြီးတော့ လွင့်ထွက်သွားရတာလဲ။
ကျောက်ကျစ်တုံ့လည်း အိပ်မက်ယောင်နေသလား ဝေခွဲရမဖြစ်နေသည်။ ဒီတိုက်ပွဲ အဆုံးမှာ စုရှောင်ရှန်ကို ကာကွယ်ဖို့ သူကြံထားပေသည်။ ဤသို့ ဖြစ်လာမည်ဟု စိတ်ကူးတောင်မယဉ်ကြည့်ဖူးပေ။ အစကနေအဆုံး ကျန်းရှင်းရှုံသာ လှိမ့်ခံနေရတော့၏။
ဘာလဲကွာ။
ဖျက်။
ကျောက်ကျစ်တုံ့၏ အတွေးများ ပြီးစီးမပြီးမြောက်ခင်မှာ စုရှောင်ရှန် လူအုပ်ကြီးဘက် လှည့်ပြီး လက်ဖျစ်တီးပြတာ တွေ့လိုက်ရသည်။
: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၇၈]
သူတို့တွေ့လိုက်ရတဲ့အရာကြောင့် လူအုပ်ကြီးလည်း ဘာမှ မတုန့်ပြန်နိုင်သေးခင်မှာ လေထဲကို လွင့်ပျံနေသော ကျန်းရှင်းရှုံ အပြင်းအထန်တုန်ခါလာတာကိုတွေ့ရသည်။ ရုတ်တရက်ကြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းသွားသလို ဆန့်ဆန့်ကြီးဖြစ်သွားပေသည်။
ထို့နောက် ပေါက်ကွဲသံများကိုဆက်တိုက်ကြားရတော့၏။
ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း…
အပိုင်း (၂၃၃) ဧရာမ ဓားပြားကြီး
“လခွမ်း”
လူတိုင်းကောင်းကင်ပေါ်မှ သွေးမြူခိုးများနှင့် ကြမ်းပြင်ကိုပြုတ်ကျလာသည့် အသားအဆိုင်တုံးကြီးများကို မှင်သေသေစိုက်ကြည့်နေကြသည်။ လူထွားကြီး ကျန်းရှင်းရှုံက စုရှောင်ရှန်၏ ငရဲမီးတောက်ကောင်းကင်အောက်မှာ အပြစ်ပေးခြင်းကိုခံလိုက်ရ၏။
ထိုစဉ်လူတိုင်း ကျောက်ရှူသေတဲ့ ညကို တွေးမြင်ယောင်မိသွားကြသည်။ ၎င်းကို ယခုမြင်ကွင်းနှင့်ယှဉ်လျှင် ထူးမခြားနားဘဲ အရွယ်အစားကြီးလာခြင်းနှင့် လူပြောင်းလဲသွားခြင်းသာရှိပေမည်။
ကွင်းပြင်ပေါ်က စုရှောင်ရှန် အသာလေးပြုံးနေတာကို မြင်သောအခါ လူတိုင်း၏ စိတ်နှလုံးများ ကျဉ်းကြပ်သွားရသည်။ စုရှောင်ရှန်က မကောင်းဆိုးတစ်ကောင်ပေ။
ဘာမဟုတ်တာလေးနဲ့ အမြဲလိုလို ယခုကဲ့သို့ မီးပန်းဖောက်နေမယ်ဆိုရင် သူတို့ ညကောင်းကင်ပေါ်က လထိန်ထိန်သာနေတာကိုတောင် အေးအေးဆေးဆေးကြည့်လို့်ရပါ့မလားလေ။
“ဟင်…”
ညည်းသံသဲ့သဲ့လေးကြားလိုက်ရတာကြောင့် ကွင်းပြင်ပေါ်က စုရှောင်ရှန်၏ နားရွက်များလှုပ်သွားခဲ့၏။
ထို့နောက် ကွင်းပြင်ပေါ်မှာ တစ်ချက်တုန်ခါ၍ ပျောက်သွားပြီး ထိုပုံရိပ်ရှိနေသော နေရာအထက်မှာ ပေါ်လာတော့သည်။
သူရွေ့လျားသွားသောအလျင်က ကျန်းရှင်းရှုံထက် တစ်စက်ကလေးမှတောင် နိမ့်ကျမနေခဲ့ပါချေ။ ကွင်းအောက်က လူတွေလည်း အခြေအနေက ထူးဆန်းလာတာကို ရိပ်မိကြသည်။ သူတို့၏ စိတ်ဝိညာဉ်အာရုံများဖြင့် အာရုံခံကြည့်လိုက်ပြီးနောက်မှာ ကျန်းရှင်းရှုံကျသွားသောနေရာ၌ အမွှေးထူ သတ္တဝါကြီးတစ်ကောင်ရပ်နေတာကိုတွေ့ရ၏။
ကျန်းရှင်းရှုံ၏ လူထွားကြီးသဏ္ဌာန်ကတောင်ကြောက်ဖို့ကောင်းနေတာ ယခုတော့ သူ့ခန္ဓာကိုယ်က ထပ်မံ ပုံပြောင်းသွားခဲ့ပေသည်။
ပို၍ ကြီးထွားလာရုံသာမက အနက်ရောင်အမွှေးများလည်း ထူထူထပ်ထပ်ကြီး ပေါက်လာကြသည်။ သူ့အင်္ကျီများလည်း လုံး၀ပြဲသွားခဲ့ရကာ အနက်ရောင်၀က်ဝံကြီးတစ်ကောင်၏ ရုပ်လုံးပေါ်လာခဲ့၏။
“ကြည့်ရတာ သူလည်း အဲ့ဒီ သွေးစက်ကို စားလိုက်တယ်ထင်တယ်”
ယွမ်တုစားသုံးလိုက်တဲ့ ပုလ္လင်ခံ သွေးစက်ဆိုလား ဘာဆိုလားကို ပြန်မြင်ယောင်မိသွားလေသည်။ ကျန်းရှင်းရှုံယခုလို ခန္ဓာကိုယ်ထပ်ပြောင်းသွားရတာကလည်း ထိုသွေးစက်ကြောင့်များလား။
အကြားအမြင်မှ ကျန်းရှင်းရှုံ အပိုင်းပိုင်းပေါက်ကွဲသွားတာကို သူတွေ့ရပေသည်။ ယခုတော့ သူက အသက်ပဲပြန်ရှင်သန်လာသလို ဘာအနာတရမှ မတွေ့ရအောင် ပြန်ကောင်းလာခဲ့၏။ ထိုနတ်ဘုရားသဖွယ်သွေးစက်ကြောင့်သာမဟုတ်ရင် ဘယ်အရာကြောင့်ဖြစ်ရဦးမလဲ။
ထိုအနီရောင်မျက်၀န်းများဖြင့် သတ္တဝါကြီးရဲ့ အနောက်ကနေပြီး စုရှောင်ရှန် လက်သီးတစ်ချက် ပစ်ထိုးလိုက်သည်။
အရွယ်အစားအရဆိုရင် စုရှောင်ရှန်က ထိုသတ္တဝါကြီး၏ လက်မောင်းတစ်ဖက်လောက်သာရှိ၏။ သို့ပေမယ့် သူ့အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ကလည်း ပေါ့သေးသေးတွက်ယူလို့ရသည်မဟုတ်ပေ။
ဘုန်း…။
သူ့နောက်က လှုပ်ရှားမှုကို အာရုံခံလိုက်ရတာကြောင့် သတ္တဝါကြီး လည်ပြန်ကြည့်ပြီး စုရှောင်ရှန်ကို ဖမ်းဆုပ်လိုက်သည်။ သူ့လက်ဖဝါးပေါ်က အပန်းရောင်လိုလို အသားနုကြီးက စုရှောင်ရှန်၏ လက်သီးချက်က ခွန်အားကို ဖျက်ပယ်ပစ်လိုက်၏။
စုရှောင်ရှန် ၎င်း၏ ပုံပန်းသွင်ပြင်ကြောင့်ရော၊ ရလဒ်ကြောင့်ပါ အံ့အားသင့်သွားရကာ “ဟင်… ၀က်-၀က်ဝံလက်ကြီး”
ထိုအခိုက်မှာ မသင့်လျော်ဘူးဆိုတာ သိပေမယ့် လူတော်တော်များများ တဟားဟား ထရယ်လိုက်ကြသည်။
ကျန်းရှင်းရှုံက လူသားအသွင်အပြင် ပျောက်သွားကာ လက်ဖဝါးကတောင် ဝက်ဝံလက်ဖဝါးလို အပန်းရောင် နုနုဖက်ဖက်ကလေးရှိနေသည်။
ကျန်းရှင်းရှုံ အားအပြည့်ဖြင့် ရိုက်လိုက်သော ထိုလက်ဝါးကို လက်သီးချက်ဖြင့်တုန့်ပြန်လိုက်သည့် စုရှောင်ရှန်လွင့်ထွက်သွားကိုမြင်မှ အရယ်ရပ်သွားကြ၏။
ဘုန်းးးး…။
စုရှောင်ရှန် လွင့်ထွက်နေရင်းနှင့်တောင် သွေးတစ်လုတ်အန်ထုတ်လိုက်ရတာကြောင့် ထိုလက်ဖဝါးချက်နောက်က ခွန်အားက ဘယ်လောက်ကြောက်စရာကောင်းသလဲ သိနိုင်ပေသည်။
“ထင်တဲ့အတိုင်း ကျန်းမျိုးနွယ်စုရဲ့ သွေးမျိုးဆက်စွမ်းအင်က ကြမ်းတာပဲ”
သူ့အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်တောင် ဖိနှိပ်ခံလိုက်ရတာကြောင့် စုရှောင်ရှန်၏ နှလုံးမြင်းဒုန်းဆိုင်းသွားလေသည်။ ဒီ၀က်၀ံလိုလို သတ္တဝါကြီးရဲ့ ခွန်အားက ကြောက်မက်ဖွယ်ရာ ကောင်းလှပေစွ။
ဒါပေမယ့် သူ့ကိုယ်က ဒဏ်ရာများကတော့ မပြင်းထန်ပါပေ။ မကြာခင်မှာ ပင်ကိုယ်စွမ်းရည်များ၏ ထောက်ပံ့ပေးမှုနှင့်အတူ ပြန်လည်ပျောက်ကင်းသွားကြသည်။
ကျန်းရှင်းရှုံအစက စုရှောင်ရှန်ကို သဲကြီးမဲကြီးလိုက်ရိုက်ချင်ပေမယ့် ထိုလက်သီးချက်ပြီးနောက်မှာ အခွင့်မရလိုက်ပါပေ။ သူလည်း စုရှောင်ရှန်နှင့် ဆန့်ကျင်ဘက် နောက်ပြန် လွင့်သွားခဲ့ပေသည်။
“ဒါဘယ်လို စိတ်ဝိညာဉ်နည်းစနစ်လဲဟ” ကျန်းရှင်းရှုံ အသံနက်ကြီးဖြင့် အော်လိုက်၏။ သူက မျက်လုံးနီအခြေအနေမှာရှိနေသေးတယ်ဆိုရင်တောင် လူသားလို စဉ်းစားဆင်ခြင်နိုင်စွမ်းရှိပါသေးသည်။
ယခု အခြေအနေက အဆိုးဆုံးသည့်အထဲမှ အဆိုးဆုံးဖြစ်သည်။ စုရှောင်ရှန်သူ့ကိုရိုက်တော့ သူလွင့်ထွက်သည်။ သူက စုရှောင်ရှန်ကို ရိုက်ပြန်တော့လည်း သူပဲထပ်၍ လွင့်ထွက်ပေသည်။ ဘယ်လိုတောင် စိတ်ရှုပ်စရာကောင်းလိုက်လဲ။
သူ့ခန္ဓာကိုယ်မှ ကြော့ကွင်း၏ အကျိုးသက်ရောက်မှုများ နောက်ဆုံးတော့ ရပ်တန့်သွားခဲ့ပြီး စုရှောင်ရှန်ကို ဖိသတ်ရန်အလို့ငှာ ခုန်၀င်သွားလိုက်သည်။
သို့ပေမယ့် သူလှုပ်ရှားပြီး မကြာပါဘူး အနီရောင်အလင်းတန်းငါးခု သူ့ကိုလာထိရိုက်တာတွေ့ရ၏။
ကျန်ရှင်းရှုံ တုံ့ခနဲရပ်သွားပေသည်။
စုရှောင်ရှန်က ထူးထူးဆန်းဆန်းတည်းစနစ်တွေနဲ့ ဒါကကော ဘာနည်းစနစ်ကြီးဖြစ်ဦးမလဲ။ ဦးစွာ စုရှောင်ရှန်ကို တိုက်ခိုက်ခိုက်ရင်တောင် သူကပဲ လွင့်ထွက်သွားပေသည်။
ပြီးတော့အခုလည်း မူလနန်းတော်အစောပိုင်းနယ်ပယ်လေးနှင့် မီးတောက်အစေ့လို ကြောက်မက်ဖွယ်ရာ အစေ့များကို ဆက်တိုက် ပစ်လွှတ်နေ၏။
သူ့စိတ်ဝိညာဉ်စွမ်းအင်တွေက မကုန်မခမ်းနိုင်တော့ဘူးလား။
မမျှတဘူး။
ဘုန်း ဘုန်ုး ဘုန်း ဘုန်း ဘုန်း
ထိုမှ နားစည်ကွဲမတတ် ပေါက်ကဲမှာကြီးကြောင့် အသိပြန်လည်လာခဲ့သည်။ မီးတောက်အစေ့များ၏ အဖျက်စွမ်းအားက ဘယ်နှစ်ခါ ပြန်ကြည့်ကြည့် ကြောက်ဖို့ကိုကောင်းနေတော့သည်။
မြေငလျှင်လှုပ်နေသလိုမျိုး မြေပြင်ကတုန်ခါလာကာ အက်ကြောင်းမြောက်များစွာလည်း ပေါ်လာခဲ့သည်။ သေခြင်းရှင်ခြင်းကွင်းပြင်လည်းမခံနိုင်တော့ဘဲ နှစ်ခြမ်းကွဲသွားခဲ့၏။
ပွဲကြည့်သူများက ပိုဆိုးပြီး တစ်ယောက်ပြီးတစ်ယောက် လေထဲကို လွင့်ထွက်ကုန်ကြသည်။ မြေငလျှင်၏ သက်ရောက်မှုကလည်း တဖြည်းဖြည်း လျော့ဆင်းလာခြင်းနှင့်အတူ အပြင်စည်းမကျန် စိတ်ဝိညာဉ်နန်းတော်တစ်ခုလုံးကတောင် ထိုအဖြစ်အပျက်ကို သတိထားမိလိုက်၏။
မြေပြင်၌ ရပ်နေသော စုရှောင်ရှန် မျက်မှောင်ကြီးကြုတ်ထားသည်။
အကြားအမြင်ကနေပြီးတော့ ၀က်ဝ့သတ္တဝါကြီးရဲ့ ပြတ်ထွက်သွားသော အသားစများက အလျင်အမြန် ပြန်ကောင်းလာနေတာကိုတွေ့ရလေသည်။ ၎င်းက ထာ၀ရအသက်စွမ်းအင်ထက် နည်းနည်းလေးတောင်မလျော့ကျပါချေ။
“ဒါမျိုးကြကွာ…”
ထိုမှ သူ့ကိုယ်သူ လာတိုက်ခိုက်ရသည့် ဒုက္ခကို စုရှောင်ရှန်သိနားလည်ပေတော့သည်။ ကျန်းရှင်းရှုံ၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းက ကောင်းလှတာကြောင့် သူ့အဆင့်နိမ့်မီးဘောလုံးလေး အလုပ်မဖြစ်တော့တာကို သိရ၏။
“သူက ယွမ်တုထက် ပိုစွမ်းတယ်”
ယွမ်တုကို စုရှောင်ရှန် မြင်ယောင်သွားပြီး ကျန်းရှင်းရှုံနှင့်ယှဉ်လျှင်တော့ တူညီသော နယ်ပယ်မှာတောင် ရှိမနေပါချေ။
ကျန်းရှင်းရှုံက ဒဏ်ရာပြန်ကောင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကလိုက်လျော ဆင့်ကဲပြောင်းလဲသလို ပို၍ သန်မာလာပေသည်။
သူ့ကို ငရဲမီးတောက်ကောင်းကင်များနှင့် လောင်ကျွမ်းသည်တောင် ထိုပြန်လည်သက်သာလာနှုန်းကြောင့် အခက်တွေ့နေ၏။
“ဒီတိုက်ပွဲကို ကြာကြာ ဆက်ဆွဲထားလို့မဖြစ်တော့ဘူး”
တိုက်ပွဲကို အမြန်အဆုံးသတ်ရန် စုရှောင်ရှန် ဆုံးဖြတ်လိုက်၏။ သို့ပေမယ့် ထိုမီးတောက်ငါးစေ့ကသာ သူ့တွင်ရှိ အထိခိုက်အများစေဆုံးနည်းစနစ်ဖြစ်ကာ တခြားမယ်မယ်ရရမရှိပါချေ။
ရှိတဲ့ဟာများကလည်း အသုံးပြုရန် အချိန်လိုသေးသည်။
ကျန်းရှင်းရှုံ မုန်းတီးမှုများဖြင့် ထလာတာကိုမြင်သောအခါ စုရှောင်ရှန် သူ့ရင်ဘက်ကို ထိလိုက်သည်။
“ကျန်းရှင်းရှုံ သေဖို့ အဆင်သင့်ဖြစ်ပြီလား”
ကျန်းရှင်းရှုံစိတ်တောင်လွတ်သွားမကဲ့သို့ ရှိနေသည်။ စုရှောင်ရှန်ကို ဂရုထားမနေတော့ဘဲ အသက်ပြင်းပြင်းရှိုက်လိုက်သောအခါ အရှင်သခင်နယ်ပယ်အရှိန်အဝါတို့ မြင့်တက်လာခဲ့၏။
ထိုတိုက်ခိုက်မှုမှာ သူ့ဘက်က တုန့်ပြန်သည့် နည်းစနစ်များက တစ်ခုမှလည်း အသုံးမ၀င်ခဲ့ပါပေ။ ဒီလောက်နှစ်တွေအကြားထဲမှာ အရှက်ကွဲလိမ့်မည်ဟု မထင်ထားပါချေ။
လေထဲကို မြောက်တက်သွားသည့် လူများကိုတောင် ဆွဲချပြီး မြေပြင်ဖြင့်ဆောင့်ရိုက်ပစ်ချင်နေသည်။
သူ့ကျင့်ကြံခြင်းကို ပိတ်ထားသည့် ချိတ်စည်းကလည်း နောက်ဆုံးမခံနိုင်တော့လို့ ကျိုးပျက်သွားရတာ အရှင်သခင်နယ်ပယ်ကိုရောက်သွားခဲ့ခြင်းဖြစ်သည်။
သူ့ကိုယ်မှ ဖြာထွက်နေသော အနက်ရောင်စွမ်းအင်များက တဖြည်းဖြည်းကျဆင်းလာပြီး ပွဲကြည့်နေသည့်သူများကိုတောင် ဖိနှိပ်လိုက်လေသည်။
“အရှင်သခင်နယ်ပယ်ပါလား”
စုရှောင်ရှန့် ကျောတစ်လျှောက်လုံးချမ်းစိမ့်စိမ့်ဖြစ်သွားပေသည်။
သူက စစ်မှန်ခြင်းနယ်ပယ်၌ ပြိုက်ဘက်ကင်းပါသည်ဟု ဆိုနိုင်သော်ငြား အရှင်သခင်နယ်ပယ်နှင့် တိုက်ခိုက်လာရသောအခါ မသေချာတော့ပါချေ။
“မေမေ”
ကျဲစိတ်မရှည်ဖြစ်လာတာကိုခံစားမိသောအခါ စုရှောင်ရှန် အင်္ကျီထဲကနေ ထုတ်ယူပြီး ချက်ခြင်းပစ်လိုက်လေသည်။
“သွားစမ်း။ ပီကာ ကျဲ၊ သူ့ကို ခုတ်ထစ်ပစ်လိုက်”
“အဲ့တာဘာကြီးလဲ” စုရှောင်ရှန် ဘာဝှက်ဖဲများရှိသေးသလဲ လူအုပ်ကြီး မျှော်လင့်တကြီး ထကြည့်လိုက်ကြ၏။
ပြီးမှ အရှင်သခင်နယ်ပယ်သို့ရောက်သွားသော ကျန်းရှင်းရှုံကို စုရှောင်ရှန်က သံလုံးလေးတစ်လုံးနှင့် ပစ်ပေါက်လိုက်တာ သိရသည်။
ဒီကောင်ရူးနေပြီလား။ ၀က်ဝံကို ကျောက်တုံးနဲ့ ပစ်ပေါက်နေသလိုပဲ။
သူ့ရန်ဘက်က သံလုံးလေးတစ်လုံးသာ ပစ်လိုက်တာကြောင့် ကျန်းရှင်းရှုံ၏ မျက်၀န်းများက ကဲ့ရဲ့မှုတို့ဖြင့်ပြည့်နေသည်။
အရှင်သခင်နယ်ကယ်သို့ရောက်သွားတာနဲ့ သူ့တစ်ကိုယ်လုံးက အညောင်းအညာပြေသွားပြီးတော့ သာယာမှုကို ခံစားလိုက်ရ၏။ ထို့နောက် ကောင်းကင်တာအို (မဟာလမ်းစဉ်) ကို ဒေါသတကြီးအော်ဟစ်နေသံကြီးက ကောင်းကင်ယံတစ်လျှောက်မှာပဲ့တင်ထပ်သွားသည်။ (နာမည်က ခဏခဏပြောင်းနေတော့တာပဲ)
ဝေါင်းးးးး…။
ပွဲကြည့်သူများ ထိုအသံကြီးကြောင့် နောက်သို့ ဒရောသောပါးဆုတ်သွားလိုက်ကြသည်။ သို့ပေမယ့် သံလုံးလေးကတော့ ထိခိုက်မှုမရှိတဲ့အလား ပုံမှန်အတိုင်းလေး ဆက်လက်၀င်လာခဲ့၏။
ကျန်းရှင်းရှုံက ထိုသံလုံးလေးကို ဂရုတောင်မပြုဘဲ စုရှောင်ရှန်ကိုသာ စူးစူးဝါးဝါးစိုက်ကြည့်နေလေသည်။
သုံးနှစ်သာမျှ သူချိတ်ပိတ်ထားရသော ကျင့်ကြံခြင်းက စုရှောင်ရှန်ကြောင့် ပြေလျော့သွားလေပြီ။ တုံ့ထျန်း၀မ်မြို့(အရှေ့အရပ် ကောင်းကင်မြို့)က ပြိုင်ပွဲနှင့် သူနှင့် ရေစက်မပါတော့ချေ။
ကျန်းရှင်းရှုံ အံကိုတင်းတင်းကြိတ်ပြီး မြေပြင်ကို လက်ဖဝါးဖြင့်ရိုက်ချလိုက်ရာ တစ်ကိုယ်လုံး လေပေါ်ကိုတက်သွားခဲ့သည်။
“စုရှောင်ရှန် သေဖို့ပြင်ထားတော့”
ဒှီ…။
ကျန်းရှင်းရှုံနှင့် စုရှောင်ရှန်အကြားက သံလုံးလေးက ရုတ်ချည်းတုန်ခါလာခဲ့ပြီး လင်းလက်လာတော့၏။ ထို့နောက် ဆယ်ပေလောက်ရှိသည့် ဧရာမ ဓားပြားကြီးအဖြစ်ကို ပြောင်းသွားခဲ့သည်။
ကျန်းရှင်းရှုံ ထိုသံလုံးလေးကနေ ဓားပြားကြီး အသွင်ပြောင်းသွားတာကြောင့် လန့်ဖျပ်သွားပေသည်။ ၎င်းကိုခုခံနိုင်ခြင်းမရှိလိုက်ပါချေ။
ဧရာမဓားပြားကြီးက လေကိုခွင်း၍ ဖြတ်သွားပြီးနောက်မှာ ကျန်းရှင်းရှုံ၏ လည်မျိုကိုဖြတ်သွားပြီး လေထဲမှာ ရင်သပ်ရှူမောဖွယ်ရာ သွေးပန်းကြီး ပြန့်ကျဲသွားစေလိုက်သည်။ ကျန်းရှင်းရှုံ၏ ခေါင်းကြီး ကောင်းကင်အထက်ကနေ လှုပ်ရှားခြင်းမရှိ ပြုတ်ကျလာခဲ့၏။
“မေမေ”
အပိုင်း (၂၃၄) မီးရှူးမီးပန်းလေးဘာလေးကြည့်ချင်လား
ဒက်။
ဒက်။
ဒက်။
စုရှောင်ရှန် ကျဲအသွင်ပြောင်းလိုက်သော ဓားပြားကြီးကိုကိုင်လိုက်ပြီး ၎င်းမှ စီးကျနေသော သွေးစက်တို့ကို အံ့အားသင့်မှုများဖြင့် အထင်းသားကြည့်လိုက်သည်။
“ဟင်… ဓားပြားကြီး”
ကျဲက ကလေးတစ်ယောက်မဟုတ်ဘူးလား။ ဒါမှမဟုတ် အခြေအနေနဲ့ အချိန်ခါအလိုက်ကို ကျဲကပုံစံအမျိုးမျိုးပြောင်းနိုင်တာများလား။ ထိုအတွေးက စုရှောင်ရှန်ကို မှင်တက်သွားစေသည်။
တကယ် အဲ့လိုသာဆိုရင်တော့ သတ်ဖြတ်ခြင်းကွင်းပြင်ကနေ သူယူလာတဲ့ လက်နက်က တကယ်ကို ကြောက်မက်ဖွယ်ရာ လက်နက်ပဲဖြစ်ရပေမည်။
အကြီးအကဲကျောက်နှင့် ရဲ့ရှောင်ထျန်းတို့ အခြားရတနာသုံးခုကို တွေ့တုန်းက အံ့အားသင့်ရုံပဲဖြစ်ပြီး ကျဲကိုတွေ့မှ တုန်လှုပ်သွားကြတာ မဆန်းတော့ချေ။
သူ့စိတ်ဝိညာဉ်အာရုံကိုအသုံးပြု၍ လက်ထဲက ဧရာမ ဓားကြီးကို ပြန်သေးစေဖို့ စုရှောင်ရှန် အမိန့်ပေးလိုက်ပြီး ရင်ဘက်ကြားထဲ ပြန်ထည့်လိုက်၏။ ပြီးနောက် ကျန်းရှင်းရှုံ၏ ခေါင်းတခြား ကိုယ်တခြား အလောင်းကြီးကိုကြည့်လိုက်သည်။
သူ့မှာ လူမဆန်လှတဲ့ ပြန်ကောင်းနိုင်စွမ်းရှိတယ်ဆိုရင်တောင် ခေါင်းပြတ်ထွက်သွားတာကို အသစ်ပြန်ထုတ်လုပ်နိုင်မည်လို့ မထင်ပါချေ။
ထိုဧရာမ ဦးခေါင်းကြီးက ကြမ်းပြင်မှာ အနည်းငယ်လှိမ့်နေပြီးနောက်မှာ ရပ်တန့်သွားရာ အဲ့အားသင့်မှုကြောင့် မျက်လုံးများပြူးကျယ်နေသော အမူအရာကိုတွေ့ရသည်။ ၎င်းက မျက်စိတောင်မပိတ်နိုင်လိုက်ဘဲ သေသွားရခြင်းဖြစ်၏။
“လခွမ်း” ကျောက်ကျစ်တုံ့ နေရာမှာပဲ တောင့်တောင့်ကြီးရပ်နေပေသည်။
သေခြင်းရှင်ခြင်းပြိုင်ပွဲဖြစ်လျှင်တောင် ကြီးကြပ်သူတစ်ယောက်အနေနှင့် အခွင့်အရေးအနည်းငယ်ရတယ်ဆိုရုံကိုပဲ သတ်ဖြတ်မှုကို တားမည်ဟု ကြံထား၏။
သို့ပေမယ့် စုရှောင်ရှန်၏ ထိုဓားပြားကြီးက လူတိုင်း၏ အတွေးဉာဏ်ကွန့်မြူးနိုင်တာထက်ကို ကျော်လွန်နေသည်။ ဘာမှ မဟုတ်သည့်မီးစလောက်လေးဖြင့် နောက်ဆုံးရလဒ်ကို ဆုံးဖြတ်သွားပေ၏။ ကျောက်ကျစ်တုံ့၎င်းကို ဘယ်လို တားရမှာလဲ။
ကျန်းရှင်းရှုံကို ဤသို့ ဇီဝိန်ချုပ်သွားရမည်ဟု ထင်မထားပါချေ။
“အရှင်သခင်နယ်ပယ်။ စုရှောင်ရှန် အရှင်သခင်နယ်ပယ်ကို ရောက်သွားတယ်ဆိုရင်တောင် အဲ့ဒီဓားက ဘယ်ကလာတာလဲ။ နာမည်ကြီးဓား တစ်ချောင်းလား”
တိုက်ပွဲပြီးနောက်မှာ စုရှောင်ရှန်တိတ်ဆိတ်နေသောကြောင့် ကျောက်ကျစ်တုံ့လည်း အလွှမ်းမိုးခံလိုက်ရပြီး တိတ်ဆိတ်နေလိုက်ပါသည်။
တိတ်ဆိတ်ငြိမ်ကျမှုလေးတစ်အောင့်အကြာအပြီးမှာ နေရာတစ်ခုလုံး ဆွေးနွေးသံများဖြင့် ဆူညံပွက်လောရိုက်လာခဲ့တော့သည်။
“ဟာသပဲ ဒါဘယ်လို တိုက်ပွဲမျိုးလဲ။ ကျန်းရှင်းရှုံက ဘာလို့ လွယ်လွယ်နဲ့သေသွားရတာလဲ။ သူ့သွေးမျိုးဆက်က ရေရောထားတာကြီးလားဘာလား။ တိုက်ခိုက်မှုလေးတစ်ခုကိုတောင် မကာကွယ်နိုင်ဘူး”
“သူ့ကိုယ်သူမကာကွယ်နိုင်တာမဟုတ်ဘူး။ အဲ့ဒီဓားပြားကြီးကကို ကြောက်ဖို့ကောင်းနေတာကွ သိပြီလား”
“ဒါပေမယ့် ကျန်ရှင်းရှုံဒီလိုသေသွားတာ ငါလက်မခံနိုင်ဘူး။ စုရှောင်ရှန်က သူနဲ့ယှဉ်ရင် ပိုသန်မာလား ဘာလားတောင် မဆုံးဖြတ်နိုင်သေးတာကို”
လူတိုင်း ထိုစကားကြောင့် အတွေးနက်သွားကြ၏။
ဟုတ်သား စုရှောင်ရှန်မှာ ဘာအားသာချက်ရှိခဲ့လို့လဲ။
ကျင့်ကြံခြင်းအရရော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အရပါ ကျန်းရှင်းရှုံက စုရှောင်ရှန်ထက် နိမ့်ကျတာဘာတစ်ခုမှ မရှိပေ။
ဓားပြားကြီးက ထူးခြားတဲ့ ရတနာတစ်ပါးဖြစ်ဟန်ရပေမယ့် ကျန်းရှင်းရှုံ့မှာလည်း အလားတူ ရတနာတစ်ပါးရှိတာကိုသိကြပေသည်။ ဒီပြိုင်ပွဲမှာ ၎င်းကို ဆွဲထုတ်ဖို့တောင် အခွင့်အရေးမရလိုက်တာလေးသာ ခြားနားသည်။
ဘာဖြစ်ဖြစ် ကျန်းရှင်းရှုံ သေသွားသည်ဆိုသည့်အချက်က ငြင်းမရပါချေ။
လူတိုင်းမျှော်လင့်တကြီးကြည့်ရှူနေသည့် သေခြင်းရှင်ခြင်းတိုက်ပွဲက ဒီလိုလေး ပြီးသွားတယ်တဲ့။ သူတို့ထဲကတစ်ယောက်က ပွဲစကတည်းက အလွှမ်းမိုးခံနေရပြီး ဝှက်ဖဲကိုတောင် မသုံးရသေးခင်မှာ သေသွားခဲ့၏။
ထူးခြားတာဆိုလို့ သူတို့တွက်ထားသည့် နေရာကဏ္ဌနှစ်ခု ပြောင်းလဲကွဲပြားသွားတာပဲရှိပေသည်။
…
: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၆၅]
: [အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၃၅]
: [ကြောက်ရွံ့ခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၂၁]
“…”
“ဝိုးးး”
စုရှောင်ရှန် ကွင်းပြင်ပေါ်ကနေ အသာအယာလေးလျှောက်ဆင်းသွားလိုက်သည်။ ဤကမ္ဘာကြီး၏ နိယာမများနှင့် ရင်းနှီးနေပြီးဖြစ်တဲ့ သူ့အတွက်က လူသတ်လိုက်တာကို ဘာကိုမှ ထူးထူးခြားခြားမခံစားရပါချေ။
ကျန်းရှင်းရှုံသေသွားရတာကလည်း သူလွန်သည်မဟုတ်။ ဒီလူက သူ့ကို အစကတည်းက သတ်ချင်နေသည်မဟုတ်ပါလား။ သူ့လက်မှာသေသွားတာကိုတော့ အပြစ်ပြောလို့မရဘူးလေ။
ဒက်…။
စုရှောင်ရှန် တုံ့ခနဲရပ်လိုက်သောအခါ လူတိုင်း အလန့်တကြားဖြစ်သွားကြသည်။ သူက နောက်ကို ရုတ်တရက်လှည့်လာပြီးတော “ဒီဟာက သေခြင်းရှင်ခြင်းတိုက်ဆိုတော့ တစ်ယောက်ယောက်ကို ငါသတ်တာမမှားဘူးနော်”
ကျောက်ကျစ်တုံ့လည်း ယခုမှ ဆိုင်းမဆင့်ဘုံမဆင့် သတိပြန်လည်လာပြီး ကြေငြာလိုက်သည်။ “စုရှောင်ရှန် အနိုင်”
“ဟဲဟဲ ဘာမှမဟုတ်ပါဘူး။ တစ်ခုခုကို ယူစရာရှိတာမေ့သွားလို့၊ ကျေးဇူး” စုရှောင်ရှန် ပြောလိုက်ပြီး ကွင်းပေါ်ကိုပြန်တက်သွားကာ သွေးတွေအကြားထဲက လက်စွပ်တစ်ကွင်းကို ကောက်ယူလိုက်သည်။
“ဒီဟာကို မေ့တော့မလို့ တော်သေးတယ်”
စုရှောင်ရှန်၏ လုပ်ရပ်ကို ကျောက်ကျစ်တုံ့မတားပါချေ။
သေခြင်းရှင်ခြင်းတိုက်ပွဲများမှာ အနိုင်ရရှိသူက အခြားသူ၏ အသက်ကိုယူနိုင်မှတော့ သူပိုင်ပစ္စည်းကိုယူနိုင်တာကလည်း စည်းမျဉ်းစည်းကမ်းတစ်ခုဖြစ်ချေသည်။
ထိုပိုင်ရှင်မဲ့သွားသော သိုလှောင်လက်စွပ်ကို ရသွားပြီးနောက်မှာ တုန့်ဆိုင်းခြင်းမရှိ စုရှောင်ရှန် ကွင်းပေါ်က ဆင်းလိုက်သည်။
ကျန်းရှင်းရှုံက သန်မာတယ်ဆိုပေမယ့် သူ့ပြိုင်ဘက်မဟုတ်တော့တာကို ထျန်းရွှမ်တံခါးအတွင်းမှာ အဆင့်တက်သွားကတည်းက စုရှောင်ရှန်သိပေသည်။ ထိုအစွမ်းထက် ပင်ကိုယ်စွမ်းရည်များကိုလည်း စုရှောင်ရှန် အတော်ကျေနပ်နေမိ၏။
သူတို့ကို တစ်ခုချင်းစီအသုံးပြုပါက သာမန် စစ်မှန်ခြင်း၊ အရှင်သခင်နယ်ပယ် စိတ်ဝိညာဉ်စွမ်းရည်များသာဖြစ်မယ်ဆိုပေမယ့် ၎င်းတို့ကို ပေါင်းစပ်အသုံးပြုလိုက်သောအခါမှာတော့ ထူးခြားသွားပေသည်။
စုရှောင်ရှန်က အဆင့်တူများအကြားမှာ ပြိုင်ဘက်ကင်းသည်ဟု ပြောနိုင်ပေ၏။
သူ့ထက် ကျင့်ကြံခြင်းနယ်ပယ်ကြီး ပိုမြင့်တဲ့ ပိုကြမ်းတဲ့ ရန်သူကတောင် ကျဲရဲ့လက်ထဲမှာ အနိစ္စရောက်သွားရသည်မဟုတ်ပါလား။
အနာဂါတ်မှာ စုရှောင်ရှန်က အရှင်သခင်နယ်ပယ်များနှင့် ရင်ဆိုင်ရာတွင်လည်း ပူစရာသိပ်လိုတော့မည်မဟုတ်ချေ။
စုရှောင်ရှန် လျှောက်သွားသော လမ်းရှိ လူတိုင်း ဘေးဖယ်ပေးလိုက်ကြသည်။ စုရှောင်ရှန်က ရုတ်တရက် လမ်းတစ်၀က်မှာရပ်လိုက်၏။
သူ့မျက်နှာထက်က အပြုံးကိုမြင်သောအခါ လန်ရှင်းရှီ၏ ခြေထောက်များပျော့ခွေသွားပြီး ပုံလျက်သားလဲကျသွားသည်။ လူအုပ်ကြီးလည်း လူစုခွဲပြီး သူတို့နှစ်ယောက်ကို ဝိုင်းလိုက်ကြ၏။
နောက်ထပ် ပြပွဲတစ်ခုကိုကြည့်ရတော့မှာလား။ သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုကို မြင်တွေ့ရဦးမှာလား။
ကြောက်ရွံ့ထိတ်လန့်ခြင်း၊ မျှော်လင့်စောင့်စားခြင်း အစရှိသဖြင့် အသိပေးချက်များ ဖန်သားပြင်ပေါ်မှာ ပလုံစီကျလာခဲ့သည်။ ၎င်းတို့ကို ဖတ်ပြီး နေရာတိုင်းမှာ ပွဲကြိုက်သူတွေများပါလားဟု စုရှောင်ရှန် တဟားဟားထရယ်လိုက်၏။
လန်ရှင်းရှီက သွေးဆုတ်ဖြူဖျော့၍ စကားမပြောနိုင်ဖြစ်နေပေတာကြောင့် ထိုမိန်းက လုံး၀ လက်လျော့လိုက်ပြီဆိုတာ စုရှောင်ရှန်သိရလေသည်။
သူလည်း ကြာကြာဆက်နေလိုခြင်းငှာ မရှိရတော့ကာ သူမ၏ ခေါင်းကိုပုတ်ပြီး အပြုံးလေးဖြင့် ဆိုလိုက်၏။ “မကြောက်ပါနဲ့။ နောက်ကြရင် မီးပန်းဖောက်တာအတူတူသွားကြည့်ရအောင်ပါ”
ထိုစကားပြောပြီးနောက်မှာ ခေါင်းပြန်မေ့ကာ ထွက်သွားလိုက်၏။
“အားးးးးးး”
သူ့နောက်က နာကျဉ်းမြည်ကျွေးသံလိုလို စူးစူးရှရှ အော်သံကြီးထွက်လာခဲ့လေသည်။
သူ့အကြားအမြင်မှ လူအုပ်ကြီးက မြေပြင်ပေါ်မှာ အရူးတစ် ယောက်လိုထိုင်နေသည့် လန်ရှင်းရှီ လူထူးဆန်းသဖွယ် ဝိုင်းကြည့်နေကြတာမြင်ရ၏။ သူမကလုံး၀ကို စိတ်ပျက်အားလျော့ကာ စိတ်ဒဏ်ရာတောင်ရသွားသည့်ပုံပေါ်ပေသည်။
: [ကြောက်ရွံ့ခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၇၁]
…
ကောင်းကင်အထက်တွင်…။
ရဲ့ရှောင်ထျန်းက ဒေါသတို့ဖြင့် ခရမ်းရောင်ပြောင်းနေသည့် မျက်နှာထားဖြင့် သူ့ရှေ့က ကန်တော့ချွန်ကောက်ရိုးခမောက်စောင်းအဖိုးကြီးကို ကြည့်နေသည်။
“ဘာလို့ ငါ့ကိုတားနေတာလဲ”
အကြီးအကဲစန်းက ပြုံးပြကာ “လူငယ်တွေကြားက ပြဿနာလေးကို လူငယ်တွေဖြေရှင်းပစေပေါ့ကွာ။ မင်းရဲ့ ဆံပင်တွေကလည်း ဖြူစွတ်နေပါပြီ။ ဒီလို ဆက်ပြီး စိုးတထိတ်ထိတ်ဖြစ်နေရင် မကြာခင် ထိပ်ပြောင်ရတော့မယ်”
“ကျန်းရှင်းရှုံသေလို့မဖြစ်ဘူး။ ကျန်းမျိုးနွယ်စုက ၀မ်နဲ့ ကျောက်မိသားစုလို အေးဆေးတည်ငြိမ်မှုကိုမလိုလားဘူး။ သူတို့က ထျန်းစန်းစီရင်စုကြီးကို သိမ်းပိုက်ချင်နေတဲ့ ရည်ရွယ်ချက်နဲ့လူတွေ…”
“ငါတို့ သူတို့ကို သွားရှုပ်လို့မရဘူးလို့ ပြောချင်တာလား” အကြီးအကဲစန်းက စနောက်လိုက်သည်။
ရဲ့ရှောင်ထျန်းစွံ့အသွားရပြီးမှ သက်ပြင်းချလိုက်၍ “ငါတို့သွားရှုပ်လို့မရတာမဟုတ်ဘူး။ မလိုအပ်လို့ပါ။ ဒီကိစ္စက စကားနဲ့ဖြေရှင်းနေရင် ရပြီမဟုတ်လား”
“မင်းရဲ့ အမြင်က တကယ် ကလေးဆန်တယ်” အကြီးအကဲစန်း ခေါင်းကိုခါရမ်းလိုက်၏။
“ဒီကိစ္စတွေက မင်းထင်သလောက်မရှုပ်ပါဘူး”
“မဟုတ်ဘူး ကလေးဆန်နေတာ ငါမဟုတ်ဘူး”
ရဲ့ရှောင်ထျန်း အခြားတစ်ဘက်ကို အကြည့်လွှဲလိုက်ပြီး ဆက်ငြင်းခုန်မနေတော့ပေ။ တိတ်ဆိတ်သွားကြပြီးခဏအကြာမှာ သူကပဲ “စုရှောင်ရှန်ကို မင်းသင်ပေးနေတဲ့ ပုံစံက သူ့ကို အန္တရာယ်ပဲဖြစ်စေလိမ့်မယ်”
အကြီးအကဲစန်း ခေါင်းခါရမ်းပြီးတော့ ကောက်ရိုးခမောက်ကို ပင့်လိုက်ပြီး အဝေးတစ်နေရာသို့ကြည့်ကာ “ဒါတောင်မလုံလောက်သေးဘူး။ သူ့ဓားက ထင်သလောက် လုံလောက်အောင်မချွန်ထက်သေးဘူး။ ဒါနဲ့ စုရှောင်ရှန်က သူတို့ကို ဘယ်လို သွားသတ်နိုင်မှာလဲ”
တစ်ယောက်ယောက်ကိုသတ်မယ်ဆိုတဲ့ စကားကြောင့် ရဲ့ရှောင်ထျန်း၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားခဲ့သည်။ အကြီးအကဲစန်းက ဘယ်သူ့ကိုသတ်ချင်နေပြီး ဘာကြောင့်သတ်ချင်နေရတာလဲ။
အကြီးအကဲစန်း၏ စကားအရတော့ ၎င်းက သာမန် လုပ်ကြံခြင်းလေးမဖြစ်နိုင်ပါချေ။
“ခင်ဗျားဘာတွေကြံနေတာလဲ”
ရဲ့ရှောင်ထျန်းတိုက်ရိုက်မေးလိုက်သည်။ အကြီးအကဲစန်းကို ဟိုးယခင်ကတည်းက သိလာသူပီပီ တပြည့်တစ်ယောက် ကောက်တော်မှာ မဟုတ်တာကို သိပေသည်။
အဖိုးကြီးက စုရှောင်ရှန်ကို လမ်းမှန်ကို ပို့ချပေးဖို့ ရည်ရွယ်ချက်မရှိဘဲ ထိုအစားသူ့အတွက် မကောင်းတာတွေလုပ်ပေးနိုင်အောင်လို့ မိစ္ဆာလမ်းစဉ်ရောက်အောင် လမ်းပြပေးနေတာနဲ့တူသည်။
အကြီးအကဲစန်းက စုရှောင်ရှန်၏ စိတ်ကိုလည်း တစ်ဖြည်းဖြည်းပြုပြင်ပေးလာနေပြီး သွေးအေးလူသတ်သမားတစ်ယောက်ဖြစ်လာအောင်လုပ်နေသည်။
ယခင်တစ်ခေါက်တုန်းက ကျောက်ရှူ ယခုက ကျန်းရှင်းရှုံ…။
၎င်းက အပင် မြန်မြန်ကြီးထွားလာပါစေဆိုပြီး လက်နဲ့သွားဆွဲနှုတ်နေတာနဲ့တူသည်။ သို့ပေမယ့် အရှုံးနဲ့အမြတ်က တန်းတူရှိနေ၏။
ရဲ့ရှောင်ထျန်းက အကြီးစန်းကို ကြည့်နေပေမယ့် ဟိုက လှည့်၍တောင် မလာပါပေ။ သူ့မြင်ကွင်းက စုရှောင်ရှန် ပျောက်သွားသောအခါ အကြီးအကဲစန်း သူ့ကောက်ရိုးခမောက်ကို အောက်ပြန်ချလိုက်လေသည်။
“တစ်ယောက်ယောက်က ငါ့ကိုလာရှာနေလို့ သွားလိုက်ပါဦးမယ်”
အပိုင်း (၂၃၅) ကျောက်ကျစ်တုံ့၏ ခန့်မှန်းချက်
“မင်းလာပြီပဲ”
ရဲ့ရှောင်ထျန်း တဲစုတ်လေးရဲ့ တံခါးကို အားဖြင့်ဒုန်းဆိုင်းဖွင့်ဝင်လာပြီး ခြေထောက်နှင့်ချိတ်ပြီး ပြန်ပိတ်လိုက်သည်။
မသိလျှင် ငလျှင်ပဲလှုပ်သွားသလိုနှင့် တဲစုတ်လေး၏ အမိုးကနေ မြေမှုန်များကျလာခဲ့၏။
ရှောင်ချိစွေ အလျှင်အမြန် စားပွဲပေါ်က စားစရာများကို ဖုန်မပေအောင် စိတ်ဝိညာဉ်အနှစ်များဖြင့် ကာလိုက်ရသည်။
မီးဖိုချောင်သုံး ခါးစည်းတစ်ထည်ကို၀တ်ထားတဲ့ အကြီးအကဲကျောက်က ငန်းသားပြုတ်ကြီးတစ်ပွဲကိုယူလာကာ စားပွဲ၌ ထိုင်ချလိုက်သည်။ ထို့နောက်ဟက်ဟက်ပက်ပက်ရယ်မောကာ မှတ်ချက်ချလိုက်၏။ “မင်းကိုပြောပါတယ် အေးဆေးလုပ်ပါလို့။ ဒီတဲစုတ်လေးက မင်းရဲ့ ဒေါသကိုမခံနိုင်ဘူးကွ”
၀က်ပေါင်ခြောက်တစ်တုံးမှ အသားတစ်စကိုဖဲ့ယူလိုက်ရင်းလည်း “အဖိုးကြီးစန်း ဘယ်မှာလဲ”
“သူမအားဘူး”
ရဲ့ရှောင်ထျန်း ဒေါသထွက်လွန်းလို့ သေရည်ချည်းသာ လှိမ့်သောက်နေသည်။
“ဘာများဖြစ်လို့လဲ”
ရှောင်ချိစွေနှင့်အကြီးအကဲကျောက်တို့ တစ်ဦးကိုတစ်ဦးကြည့်ပြီး ရဲ့ရှောင်ထျန်းကိုင်ထားသောခွက်ကို တိုက်လိုက်ကြသည်။ သူတို့က ရဲ့ရှောင်ထျန်းကို စိတ်လျော့စေနေခြင်းဖြစ်ပါသည်။
အကြီးအကဲစန်းမလာတော့ဘာဖြစ်သွားလဲ။ သူတို့သုံးယောက်တည်း လွတ်လွတ်လပ်လပ် စကားဖောင်ဖွဲ့လို့ရတာပဲ။ သူက စိတ်တိုနေရမည့်အစား ပျော်တောင်နေသင့်ပေသည်။
“စုရှောင်ရှန် ကျန်းရှင်းရှုံကို သတ်လိုက်ပြီ” ရဲ့ရှောင်ထျန်းက ဒေါကန်နေသော လေသံဖြင့်ဆို၏။
ဖွီး… ဖွီး…
အကြီးအကဲကျောက်နှင့် ရှောင်ချိစွေတို့ ရဲ့ရှောင်ထျန်းစကားပြောသည့်အချိန် သောက်နေကြပြီဖြစ်၏။ သူပြောတာကြားမှာ တစ်ယောက်ကိုတစ်ယောက် ခဏကြည့်လိုက်ပြီး သေရည်များထွေးထုတ်တော့သည်။
“မင်းတမင်လုပ်တာမလား” ရှောင်ချိစွေအသံနက်ကြီးဖြင့် အော်လိုက်ပါသည်။ သူ့မျက်နှာတစ်ခုလုံးမှာ သေရည်အနံ့ကိုရနေနိုင်ပြီး တစ်ချို့တောင် မျက်လုံးထဲ၀င်သွားသဖြင့် ကြိမ်းစက် ကြိမ်းစက်ကြီး ဖြစ်သွားစေပေသည်။
“မင်းလည်း ငါ့မျက်နှာပေါ်ကိုထွေးတာပဲလေ” အကြီးအကဲကျောက်က မျက်လုံးပြူး မျက်ဆံပြူး ပြန်အော်သည်။
ပြီးနောက် ထို အရေးမပါသည့် ကိစ္စအပေါ်မှာ နောက်ထပ် အရေးထားမနေတော့ဘဲ ရဲ့ရှောင်ထျန်းကို တစ်ပြိုင်းတည်းကြည့်ကာ မေးလိုက်ကြသည်။ “မင်းတကယ်ပြောနေတာလား”
စုရှောင်ရှန်တကယ်ကြီး ကျန်းရှင်းရှုံကိုသတ်လိုက်တယ်တဲ့။ ရဲ့ရှောင်ထျန်းများ စကားမှားပြောမိသလားမသိ။ ကျန်းရှင်းရှုံက စုရှောင်ရှန်ကို သတ်ရမှာ မဟုတ်ဘူးလား။
“မင်းတို့ နားကြားမမှားဘူး” ရဲ့ရှောင်ထျန်းက အလေးအနက်ခေါင်းညိတ်ပြီး ဆက်လိုက်သည်။ ထို့နောက် ရှောင်ချိစွေနှင့် အကြီးအကဲကျောက်တို့၏ သေရည်ခွက်များကို ပြန်ငှဲ့ပေးလိုက်ပြီး သူကတော့ သေရည်အိုးကြီးဖြင့် မော့ချတော့သည်။
အကြီးအကဲကျောက် အလန့်တကြား လတ်လတ်ဆတ်ဆတ် ပြုတ်ထားသော ငန်းခြေထောက်ကို အလျင်အမြန်ဆွဲယူ၍ တစ်ကိုက်ခဲကာ မေးလိုက်၏။ “ဆိုတော့ မင်းသွားတော့ အဖိုးကြီးစန်းက မင်းရဲ့လမ်းကိုတားဆီးထားတာကြောင့် စုရှောင်ရှန်ကို မတားလိုက်နိုင်ဘူးပေါ့လေ”
အနက်၀တ်လူထံက သတင်းကိုကြားပြီးနောက်မှာ သူတို့ ကိုယ့်လမ်းကိုယ်သွားခဲ့ကြပေသည်။ ထိုသို့ ပမွှားကိစ္စလေးများနှင့် အကြီးအကဲကျောက်အချိန်မကုန်ချင်သဖြင့် ရဲ့ရှောင်ထျန်းသာ အပြေးလေးတစ်ယောက်တည်းသွားခဲ့၏။
ထင်မှတ်မထားစွာ အခြေအနေက ကြီးမားလာခဲ့ပေသည်။
စုရှောင်ရှန်… ဘယ်တုန်းက အဲ့လောက်သန်မာလာတာလဲ။
ထိုသတင်းကြောင့် ရှောင်ချိစွေ အံ့အားသင့်သွားရပေမယ့် ရလဒ်ကိုတော့ ခန့်မှန်းပြီးသားဖြစ်သည်။ ပြီးနောက် မျက်နှာဖုံးတပ်လူနှင့် စုရှောင်ရှန် တိုက်ခိုက်ခဲ့သောညကို ပြန်မြင်ယောင်မိသည်။
စုရှောင်ရှန်က သာမန် အတွေးအမြင်နှင့် ဆုံးဖြတ်၍မရကာ တိုးတက်တာလည်းမြန်ဆန်လှပေသည်။
သေရည်အိုးထဲက သေရည်များကို တစ်ကျိုက် မော့ပြီးနောက်မှာ ရဲ့ရှောင်ထျန်းလေချဉ်တက်သွားလေသည်။ ပြီးမှ ဆက်၍ သူက “ငါတားဆီးဖို့နောက်ကျသွားလို့ စိတ်တိုတာမဟုတ်သလို၊ ကျန်းရှင်းရှုံသေသွားလို့လည်းမဟုတ်ဘူး။ ငါစိတ်တိုနေရတာက အဖိုးကြီးစန်းကြောင့်ပဲ”
ရုတ်တရက် သူတို့နှစ်ယောက်ကို တည့်တည့်ကြည့်ကာ “သူပြောင်းလဲသွားပြီလို့ထင်လား”
ထိုအမေးခံရသည့်နှစ်ယောက်၏ ပါးစပ်များဟောင်းလောင်းဖြစ်သွားပြီး ထူးဆန်းသောအလင်းများလည်း မျက်လုံးထဲလက်သွားကြသည်။
ထိုနှစ်ယောက်၏ အမူအရာများကိုမြင်သောအခါ သူပြောတာကို အဓိပ္ပာယ်ကောက်မှားသွားမှန်းသိလိုက်ရသည်။ “မင်းတို့ ဘာတွေ တွေးနေတာလဲ။ ငါက အပြင်ဘက်ကမ္ဘာမှာ ခရီးသွားပြီးပြန်လာကတည်းက ပြောင်းလဲသွားတာကို ပြောနေတာ”
“မပြောင်းလဲပါဘူး။ ပုံမှန်ပါပဲ” အကြီးအကဲကျောက်ဖြေလိုက်ပြီး အသားလက်တစ်ဆုပ်စာလောက်ဖြဲယူကာ တစ်ကျွိကျွိ ဝါးစားရင်းက ရှောင်ချိစွေကို မေးလိုက်သည်။ “မင်းကောထင်လား”
“ငါတော့ ထူးဆန်းတာမတွေ့မိဘူး။ သူက မြင့်မြတ်နတ်ဘုရားနန်းတော်တုန်းကတည်းကအတိုင်း ပေါ့ပေါ့ပါးပါး…”
“သူ့စိတ်နေသဘောထားက အတူတူပဲ။ ငါပြောတာ သူ့အပြုအမူတွေကိုပြောနေတာ” ရှောင်ချိစွေ၏ စကားမဆုံးသေးခင်မှာ ရဲ့ရှောင်ထျန်းက ကြား၀င်ဖြတ်လိုက်သည်။
ရဲ့ရှောင်ထျန်းပြောသည့်အတိုင်းလည်း စဉ်းစားကြည့်ပေမယ့် အကြီးအကဲစန်းဘာမူမမှန်ဖြစ်နေသလဲ မသိသဖြင့် ခေါင်းခါရမ်းလိုက်ကြသည်။
“ငါပဲ အတွေးလွန်နေတာလား”
ရဲ့ရှောင်ထျန်း၏ မျှော်လင့်တောင့်တခြင်းအမူအရာက တဖြည်းဖြည်း ဒေါသအဖြစ်ကိုပြောင်းသွားခဲ့ပြီး သူ့ခေါင်းကို ငိုက်စိုက်ချကာသာ သေရည်ဆက်သောက်နေလိုက်၏။
ဒေါက် ဒေါက်…။
တံခါးခေါက်သံကြားတာကြောင့် ရှောင်ချိစွေသွားဖွင့်လိုက်သည်။
“ကျောက်ကျစ်တုံ့ပါလား” အကြီးအကဲကျောက် အံ့အားသင့်သွားသည်။
“သူအခွင့်တောင်းထားလို့ ငါခွင့်ပြုလိုက်တာ” ရှောင်ချိစွေက ရှင်းပြ၏။
မဟုတ်ရင် အခြားဘယ်သူကမှ တဲစုတ်လေးကို အကြောင်းပြချက်မရှိဘဲ မလာနိုင်ပါချေ။ ဒီနေရာက စုတ်ချာပေမယ့် ထျန်းစန်းနန်းတော် တည်ထောင်ပေါက်ဖွားရာ၊ အစပျိုးရာ နေရာဖြစ်၏။
မြင့်မြတ်နတ်ဘုရားနန်းတော်က သူတို့လေးဦး ဤနေရာလေးမှာ တဲစုတ်လေးကို တည်ခဲ့ကြပြီး ကောင်းကင်တံခါးဖွင့်ရန် ကတိက၀တ်ပြုခဲ့ကြလေသည်။ ၎င်းက ထျန်းစန်း စိတ်ဝိညာဉ်နန်းတော်၏ အစဖြစ်၏။
သူတို့က တဲစုတ်ကလေးကို ပြန်လည်ပြင်ဆင်နိုင်ပေမယ့် အမှတ်တရလေးကိုတော့ မပျောက်ပျက်စေလိုပါပေ။
အခြားနှစ်ယောက်၏ မျက်နှာထားများကလည်း ရှောင်ချိစွေ ဘာကြောင့် အခွင့်ပေးသလဲဆိုတာကို သိသလိုရှိနေကြသည်။။ ဒါပေမယ့် တကယ်က သူတို့ ဘာမှ မသိဘဲ ဟန်ထုတ်နေခြင်းသာဖြစ်၏။
ကျောက်ကျစ်တုံ့ ရင်တဖိုဖိုနဲ့ ထိုင်လိုက်သည်။ ဤနေရာကိုဒုတိယတစ်ကြိမ်ရောက်လာခြင်းဖြစ်ပေမယ့် ဒဏ္ဌာရီလေးကို အသိအကျသိထားသဖြင့် ရင်တုန်ပန်းတုန်တော့ရှိနေသေးသည်။
ဒါ့အပြင်ကို ထိုနေ့ကလည်း တစ်စုံတစ်ခုဖြစ်ပျက်သွားပေသေးသည်။
“စိတ်ထဲရှိတဲ့အတိုင်းပြော။ ဒီမှာရှိတဲ့ငါတို့ကို စိတ်ထဲမထားနဲ့” သူ့အနားမှာ ထိုင်နေသည့် လူငယ်လေးကိုကြည့်ပြီး ရှောင်ချိစွေ ဆိုလိုက်သည်။
ကျောက်ကျစ်တုံ့က ကိုယ်ကို မတ်မတ်ထားကာထိုင်နေ၏။ ဤနေရာကိုရောက်လာကတည်းက သူအပီပြောချပစ်လိုက်မယ်ဆိုသော စကားလုံးများ ပျောက်သွားကာ သတ္တိကပါလည်း ခိုးရာပါလိုက်သွားခဲ့ပေသည်။
“ရတယ် အေးဆေးလုပ်”
ရဲ့ရှောင်ထျန်း အားပေးလိုက်သည်။ သူနှင့် အကြီးအကဲကျောက်တို့ ဘာဖြစ်နေမှန်းကို ခုထိ ရေရေလည်လည် မသိသေးပါချေ။
ရှောင်ချိစွေလည်း သူအခွင့်ပေးလိုက်ပေမယ့် ဘာဖြစ်နေသလဲမသိသဖြင့် သူတို့နှစ်ဦးလို မျက်နှာအမူအရာဆောင်ထားသည်။
ဟူးးး…။
ကျောက်ကျစ်တုံ့အသက်ကိုခပ်ပြင်းပြင်းရှိုက်ကာ “ကျုပ်လာရတဲ့ အကြောင်းအရင်းက စီနီယာ သုံးယောက်ကို မေးခွန်းလေးတွေမေးချင်လို့ပါ။ အကြီးအကဲစန်းနဲ့ စုရှောင်ရှန်အကြားက ဆက်နွယ်ချက်ကဘာလဲ”
ရဲ့ရှောင်ထျန်းတို့သုံးဦး ကျောက်ကျစ်တုံ့ဒီလောက်ရိုးရှင်းတဲ့အရာလေးသိချင်မယ်မထင်၍ အံ့အားသင့်သွားကြ၏။
“ဆရာနဲ့ တပြည့်” ရှောင်ချိစွေက မမှုသလိုဖြေလိုက်သည်။
“နားလည်ပါပြီ” ကျောက်ကျစ်တုံ့ ၎င်းကို ခန့်မှန်းထားသည့်အလား မျက်နှာထားဖြင့် ခွန်းတုန့်ပြန်လိုက်လေသည်။ ထို့နောက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ဆက်လက်၍ “ကျုပ်မှာ တခြားပြောစရာ ခန့်မှန်းချက်တစ်ခုရှိသေးတယ်။ ပြောလို့ရမလားမသိဘူး”
အကြီးအကဲသုံးဦး ပဟေဠိဖြစ်သွားကြသည်။
“ပြောစရာရှိလည်း မြန်မြန်ပြော” ရဲ့ရှောင်ထျန်း မအောင့်နိုင်တော့ဘဲ သူ့ကိုလောလိုက်သည်။ ဒီအကောင်က သူဒေါသထွက်နေပါတယ်ဆို လာပြီး ဆန်းကြယ်သလိုလို ဘာလိုလိုနဲ့…။
ကျောက်ကျစ်တုံ့လည်း စိတ်ပြန်လျော့လိုက်ပြီး အသေအချာ စကားစီပြီးနောက်မှာ “ဒါက ကျုပ်ရဲ့ ယူဆချက်ပဲနော်”
“မင်းမြန်မြန်ပြောမလား ခုထွက်သွားမလား ရွေး” ရှောင်ချိစွေ ခက်ထန်သောအမူအရာကြီးဖြင့် စိတ်မရှည်နိုင်တော့ကာ ပြောလိုက်သည်။
“အကြီးအကဲစန်းက သူတော်စင်အစေအပါးနဲ့ဆက်နွယ်နေတာလား” မျက်လုံးနှစ်ဖက်ကိုစုံပိတ်ပြီး အံကိုတင်းတင်းကြိတ်ကာ ကျောက်ကျစ်တုံ့မေးလိုက်၏။
တဲစုတ်လေးက အပ်ကျသံတောင်ကြားရလောက်အောင်တိတ်ဆိတ်သွားကြသည်။ ကျောက်ကျစ်တုံ့၏ အမေးကို ဘယ်သူမှ ပြန်မဖြေပါချေ။
ကျောက်ကျစ်တုံ့ မျက်လုံးတစ်ဖက်ကိုအသာလေးပြန်ဖွင့်လိုက်သောအခါ အကြီးအကဲသုံးဦး၏ မျက်နှာထက်ရှိ တုန်လှုပ်နေသော အမူအရာများကိုတွေ့ရသည်။ ထင်ထားသလို သူတို့က ဒေါသတပြင်း သူ့ကို ဆူပူမကြိမ်းမောင်းသလို ရိုက်လည်းမရိုက်နှက်ပါပေ။
သူတို့တကယ်ဆက်နွယ်နေတယ်ဆိုရင် သူဒီလိုမေးတာ ဖြစ်သင့်ပါ့မလား။
“ကျုပ်က ခန့်မှန်းကြည့်တာပါ” ထိုမေးခွန်းကိုမေးလိုက်ပြီးနောက်မှာ ကျောက်ကျစ်တုံ့ ချက်ခြင်း နောင်တရသွားတော့၏။
‘ငါဘာလို့ ဒီမှာဖင်လာရှည်တာလဲဟ။ ခန့်မှန်းကြည့်တယ်ဆိုရင် ခန့်မှန်းကြည့်တယ်ပေါ့ဟ။ ခုကဘာလဲ အတည်ပြုချင် နေသေးတယ်’ ကျောက်ကျစ်တုံ့ စိတ်ထဲက ပြောလိုက်ပါသည်။
သူက ထိုအကြောင်းအရာကို သူ အတည်ပြုတာကဘာမှ မဖြစ်ပေမယ့် ဤအကြီးအကဲများအတည်ပြုနိုင်သွားပြီဆိုရင် အကျိုးဆက်က ထင်မထားလောက်အောင်ဖြစ်ပေမည်။
ရဲ့ရှောင်ထျန်း ခေါင်းကိုမော့ကာ နောက်ထပ် ပါးစပ်နှင့်အပြည့် သေရည် တစ်ချက် ထပ်မော့လိုက်သည်။ သူက စိတ်မဆိုးသလို တည်ငြိမ်နေသော လေသံဖြင့် “ဘာလို့အဲ့လိုထင်တာလဲ”
သူတို့ တကယ် ဘာမှမဖြစ်ဘူးလား။
သူမသိတာက သူ့မေးခွန်းကိုမမေးခင်မှာ ရဲ့ရှောင်ထျန်းက ထိုအကြောင်းနှင့်တော့ အတိအကျမဟုတ်ဘဲ အဓိပ္ပာယ်တူညီသော မေးခွန်းကို မေးထားခြင်းဖြစ်ပေသည်။
ကျောက်ကျစ်တုံ့ဖြေတော့မယ်ဆိုတော့ အလေးအနက်တွေးတောဆင်ခြင်လိုက်ပါသည်။
ကြည့်ရတာ သူတစ်ယောက်တည်း အကြီးအကဲစန်းနှင့်ပတ်သက်ပြီး မူမမှန်တာ တွေ့ရသည်မဟုတ်နိုင်ပေ။
ဒါပေမယ့် ရှောင်ချိစွေနှင့် အကြီးအကဲကျောက်တို့က ဘာဖြစ်နေကြတာလဲ။ အကြီးအကဲစန်းနှင့် အတူတကွပေါင်းလာတာကြာတော့ သံသယမ၀င်ကြတာလား။
အကြီးအကဲကျောက်နှင့် ရှောင်ချိစွေတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပါသည်။
စောနက အကြီးအကဲစန်းမူမမှန်တာ ရဲ့ရှောင်ထျန်းက ပြောနေတုန်းရှိသေး ယခု ကျောက်ကျစ်တုံ့ကပါ မေးလာလေပြီ။ အကြီးအကဲအားလုံး ကျောက်ကျစ်တုံ့ကိုကြည့်လိုက်ကြသောအခါ ဖိအားက ထင်မထားလောက်အောင်ပင်ဖြစ်သည်။
သူလည်း စကားကျွံပြီးပြီဆိုမှတော့ မကြိုက်လဲ ဆက်ပြောရုံမှလွဲပြီး ဘာရှိတော့မလဲ။ “ခေါင်းဆောင်ရှောင်ပြောတာ ကျုပ်ကြားတာတော့ အရင် နှစ်ခေါက်လုံးက အစီအစဉ်တွေမှာ အကြီးအကဲစန်းက တစ်စိတ်တစ်နေရာပါတယ်ဆို”
ထိုနေ့က အကြီးအကဲစန်း နောက်ကျမှရောက်လာတာကို မြင်ယောင်မိပြီး ရှောင်ချိစွေ မျက်လုံးများမှေးလိုက်သည်။ “မင်းပြောတာဟုတ်တယ်”
“ကျုပ်ထင်တာမမှားရင်…” ကျောက်ကျစ်တုံ့၏ လေသံက တုန်တုန်ရင်ရင် ဖြစ်လာခဲ့ပြီး “အကြီးအကဲစန်းက နောက်ကျမှရောက်လာတာမဟုတ်ဘူး စုရှင်းရှင်းကိုတောင် မကယ်နိုင်လိုက်ဘူးမလား”
ကျောက်ကျစ်တုံ့ခန့်မှန်းတာမှန်နေသည့်အတွက် ရှောင်ချိစွေ၏ ကျဉ်းမြောင်းထားသော မျက်လုံးများ ပို၍ ကျဉ်းမြောင်းသွားခဲ့သည်။
သူမှတ်မိတာမမှားရင် ကျောက်ကျစ်တုံ့က အဲ့တုန်းကရှိမနေပါဘူး။ သူက ဘယ်လိုသိတာလဲ။
“အဲ့တော့ မင်းပြောချင်တာက”
ကျောက်ကျစ်တုံ့ပြန်မဖြေဘဲ ရဲ့ရှောင်ထျန်းကိုသာ ကြည့်၍ မေးလိုက်သည်။ “လျှိုလင်းလင်းနဲ့ သူမကို လာကယ်တဲ့သူနဲ့ သေသွားကြလား”
ရဲ့ရှောင်ထျန်း တုန်လှုပ်သွားသည်။ ထိုနှစ်ဦးလွတ်မြောက်သွားပေမယ့် ဗလာနယ် လမ်းကြောင်း ပျက်ဆီးသွားတာနဲ့ဆို … နေဦး နေဦး မဟုတ်သေးဘူး။ မဖြစ်နိုင်လောက်ပါဘူး။
ကျောက်ကျစ်တုံ့က အကြီးအကဲစန်း သူတို့ကို သွားကယ်နေသည်ဟု ဆိုလိုချင်ခြင်းဖြစ်ပေသည်။
“မဖြစ်နိုင်တာ” ရဲ့ရှောင်းထျန်း ပို၍ တုန်လှုပ်သွားပေသည်။ ၎င်းက အကြောင်းတရားတိုက်ဆိုင်နေလို့ဖြစ်နိုင်ပြီး ဘယ်မှာ အစစ်အမှန်ဆိုတာ သက်သေပြနိုင်လို့လဲ။
“မင်းမှာ သက်သေရှိလို့လား”
ကျောက်ကျစ်တုံ့ ခေါင်းကိုခါရမ်းလိုက်သည်။ တိကျသေချာတဲ့ သက်သေဆိုတာ သူ့လက်ထဲမှာမရှိပါလေ။ ဤသုံးယောက်ကိုလာတွေ့ရတာလဲ သတိထားဖို့ အသိပေးလိုခြင်းသာဖြစ်သည်။
“စိတ်က ခံစားမိတာ”
အပိုင်း (၂၃၆) အသိဉာဏ်မဲ့သော ရတနာ
ရှောင်ချိစွေအသိမပေးဘာမပေးနှင့် ကျောက်ကျစ်တုံ့၏ နာရင်းကိုဆော်ထည့်ပစ်လိုက်သဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။
မတရားခံရသလို မျက်ရည်ရွန်းလဲ့နေသော မျက်၀န်းများဖြင့် အရိုက်ခံလိုက်ရသည့် နေရာကိုပွတ်ကာ “ကြိုပြောထားတယ်လေ ခန့်မှန်းတာလို့”
“ဟက်” ရှောင်ချိစွေက နှာခေါင်းတစ်ချက်ရှုံ့ကာ ဆက်လက်၍ “မင်းရဲ့ ပဲစိလောက်လေးရှိတဲ့ ဦးနှောက်ကိုသေချာမေးဦး အကြီးအကဲစန်းက ဘယ်သူလဲလို့။ သူက ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်ရဲ့ ဒုခေါင်းဆောင်ကွ ဘယ်ကသာ သူတော်စင်အစေအပါးဖြစ်ရမှာလဲ။ ဒီလို အတွေးမှားတာက အကြောင်းဖန်ရင် စိတ်ဝိညာဉ်နန်းတော်ကိုတောင် ထိခိုက်စေနိုင်တယ်။ ငါတို့စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနက သက်သေမရှိရင် မလုပ်ပါဘူးဆိုတာ ငါဘယ်နှစ်ခါပြောရမလဲ”
ထို့နောက် ကျောက်ကျစ်တုံ့ကို ငှဲ့ကြည့်ကာ မေးလိုက်သည်။ “မင်းကော ပြစ်ဒဏ်စီရင်ရေးခုံရုံးကိုသွားချင်နေတာလား”
ကျောက်ကျစ်တုံ့ နောက်သို့ တရွတ်တိုက်ဆုတ်သွားပြီး ပါးစပ်ကို တင်းတင်းကြပ်ကြပ်လက်ဖြင့် ပိတ်လိုက်ပါသည်။
“စား” ရှောင်ချိစွေက စားပွဲကို စိတ်ဆိုးမာန်ဆိုးရိုက်ကာ ထပ်လောင်း၍ “မြန်မြန်စားပြီးမြန်မြန်ပြန်တော့”
ကျောက်ကျစ်တုံ့ သံသယ၀င်စရာရှားလို့ အကြီးအကဲစန်းကိုမှ သံသယသွား၀င်တာကြောင့် ရှောင်ချိစွေဒေါပွသွားသည်။ အကြီးအကဲစန်းက မြင့်မြတ်နတ်ဘုရားနန်းတော်က သူလျှိုဆိုရင်တောင် သူတို့ယုံနိုင်သေးသည်။
သူတော်စင်အစေအပါးဆိုတာကြီးကတော့ တော်တော့်ကိုလွန်သွားချေပြီ။
အကြီးအကဲစန်းလို သူတော်စင်အစေအပါးအဖွဲ့အစည်းကို နှစ်ပေါင်းများစွာကြာအောင် သဲကြီးမည်းကြီး လိုက်လံတိုက်ခိုက်လာနေသည့်သူက သူတော်စင်အစေအပါးဖြစ်ရမတဲ့လား။
“ဘာမှ ကမသိဘူး။ အရည်မရအဖက်မရတွေက လာပြောသေးတယ်…” ရှောင်ချိစွေ ပွစိပွစိရေရွတ်ရင်းက သေရည်အိုးယူကာ ခွက်ရှာမရသဖြင့် စားပွဲပေါ်ကို ပြန်ဆောင့်ချလိုက်သည်။
သူလူရွေးမှားခဲ့လေပြီ။
ကျောက်ကျစ်တုံ့ အလျင်အမြန်ပဲ ခွက်တစ်ခုကိုကမ်းပေးလိုက်ပြီး ဖြောင့်ဖြလိုက်သည်။ “စိတ်လျော့ပါ… စိတ်လျော့”
ပြီးနောက် ငန်းခြေထောက်တစ်ဖက်ကို ဆွဲဖြုတ်၍ ပြောင်းသလင်းခါသွားအောင် စားသုံးပြီးလျှင်ပြီးချင်း ချက်ခြင်းထရပ်လိုက်၏။
“ကျုပ်ဗိုက်၀ပြီ”
ဖြစ်နိုင်လျှင် ဒီနေရာကနေ အလျင်အမြန်ထွက်သွားချင်နေပါသည်။
ရှောင်ချိစွေ ဒေါသထွက်တာလောက် သူကြောက်သည့်အရာမရှိချေ။ ဒါကလည်း နှစ်ပေါင်းများစွာကြာအောင် အော်ငေါက်ခံလာရပြီးတော့ ပေါ်ပေါက်လာသည့် အကြောက်တရားဟုပြောနိုင်သည်။
“ခဏ နေဦး”
ကျောက်ကျစ်တုံ့ ခြေနှစ်လှမ်းပဲ လှမ်းရသေးသည် ရဲ့ရှောင်ထျန်း၏ အသံပေါ်လာသောကြောင့် နောက်သို့ လေးလေးစားစား ပြန်လှည့်လိုက်၏။
ဆံဖြူကလေးငယ်က စားပွဲကိုလက်ဖြင့်တောက်၍ တစ်စုံတစ်ခုကို စဥ်းစား ချင့်ချိန် နေဟန်ဖြင့် ခေါင်းငိုက်စိုက်ကျနေပေသည်။
“မင်းဒီကောင်ရဲ့ အရည်မရ အဖက်မရစကားတွေကို ယုံတာလားဟ” ရှောင်ချိစွေ အထိတ်တလန့် ထအော်သည်။
အကြီးအကဲကျောက်လည်း ရဲ့ရှောင်ထျန်းကို အလားတူ မှင်သေနေသော အမူအရာဖြင့်ကြည့်လိုက်ပြီး ခေါင်းကို အသာခါရမ်းလိုက်၏။
“ငါမယုံပါဘူး”
သူ့စကားက ကြည်လင်လေးနက်သည်။ ၎င်းက နှစ်ပေါင်းများစွာကြာအောင် အကြီးအကဲစန်းနှင့် အတူပေါင်းသင်းရင်းနှီးလာပြီးသည့်နောက်မှာ ရှိသော ယုံကြည်မှုမျိုးကိုထင်ဟပ်ပြသနေပေသည်။
သို့ပေမယ့် ရဲ့ရှောင်ထျန်း၏ ထိုသို့အမူအရာက ချက်ခြင်း ပြောင်းလဲသွားရပြီး “ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်သာ ယုံဖို့ ငါ့ကို ပြောတာလဲ သူပဲ”
သက်ပြင်းချလိုက်ပြီးနောက်မှာ ရဲ့ရှောင်ထျန်း မျက်၀န်းများအတွင်း စိတ်ပိုင်းဖြတ်ထားသော အမူအရာတို့ပေါ်လာပြီး ကျောက်ကျစ်တုံ့ကို အလေးအနက်ပြောလိုက်သည်။
“အကြီးအကဲစန်းအရင်နှစ်တွေတုန်းက ဘာလုပ်တယ်၊ ဘယ်သွားတယ်၊ ဘယ်သူတွေကို သတ်ခဲ့လဲ ပတ်သက်တာတွေအကုန် မြေလှန်ရှာ။ အထူးသဖြင့် သူသူတော်စင်အစေအပါးနဲ့ ပတ်သက်တဲ့ဟာတွေစုံစမ်းလာခဲ့”
ထိုစကားကြောင့် ကြက်သေသေနေသော ကျောက်ကျစ်တုံ့ သတိပြန်လည်လာသောအခါ စိတ်လှုပ်ရှားမှုတို့ မျက်၀န်းထဲ ထင်ဟပ်သွားပေသည်။
အကြီးအကဲစန်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရမယ်လို့ အိပ်မက်တောင်မမက်ဖူးပါချေ။
“အမိန့်အတိုင်းပါ ခေါင်းဆောင်”
ရဲ့ရှောင်ထျန်း ပြီးနောက် မယုံကြည်နိုင်ဖြစ်နေသော ရှောင်ချိစွေတို့ကို ပြန်ကြည့်လိုက်ပြီး ခေါင်းခါရမ်းကာသာ အစားစားဖို့ ပြင်လိုက်၏။
“ဖြစ်နိုင်ချေက မဖြစ်နိုင်သလောက်ရှိရင်တောင် ငါစစ်ဆေးကြည့်ချင်သေးတယ်။ တစ်ခုခုတော့ ရှိကိုရှိရမယ်” ရဲ့ရှောင်ထျန်းက ဆက်လိုက်ပါသည်။
ကျောက်ကျစ်တုံ့ ဦးညွှတ်၍ ထွက်သွားရန်ပြင်လိုက်သည်။ ထိုမှ ရဲ့ရှောင်ထျန်း နောက်ထပ် ပြဿနာတစ်ထုကိုတွေးမိပြီး ခေါင်းခဲသွားတော့ပြီး တူကိုကိုင်ထားသောလက်ဖြင့်ပင် နားထင်ကို ပွတ်သပ်ကာ “ ပြီးတော့ စုရှောင်ရှန်ကိုလည်း သေချာကြည့်ထားဦး။ နောက်ထပ် ပြဿနာတွေထပ်မလုပ်မိခိုင်းစေနဲ့။ မဟုတ်ရင် ငါတစ်ခုခုလုပ်မိတော့မယ်”
…
…
“စုရှောင်ရှန် ငါ့ကိုစောင့်ဦး”
ထိုအော်သံကြီးက စုရှောင်ရှန်ရဲ့ အာရုံကိုဖမ်းစားသွားသည်။
: [တောင်းဆိုခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]
ခေါင်းခြောက်စရာပြဿနာတစ်ခုလာတော့မှာသိနေတာကြောင့် မှုန်သေသေမျက်နှာထားဖြင့် စုရှောင်ရှန် နောက်လှည့်ပြီး ကျိုးထျန်းရှန်ကို ပြောလိုက်သည်။ “မင်းကိုဘယ်နှစ်ခါပြောရမလဲ အဲ့တာ ဆေဘာဓားပြားကြီးမဟုတ်ပါဘူး။ သံတုံးကြီးပါဆို။ ပြီးတော့ အဲ့တာနဲ့ပတ်သက်တဲ့ ဘာနည်းစနစ်မှလည်းမရှိဘူးဟ”
စုရှောင်ရှန် ပါးစပ်ထွက်လာသမျှကို ကျိုးထျန်းရှန်အယုံအကြည်မရှိပါလေ။
၎င်းက ဆေဘာမဟုတ်သလို ဘာဆေဘာနည်းစနစ်မှလည်း မဟုတ်ဘူးဆိုရင် သူစောနက တွေ့လိုက်ရတာက ဘာလဲ။
လေထဲမှာ ရုတ်တရက် ဧရာမ ဆေဘာဓားပြားကြီး ထွက်ပေါ်လာပြီး ကျိုးထျန်းရှန်၏ ခေါင်းကို ဖြတ်လိုက်သည့် ဖြစ်ရပ်က သူ့မျက်လုံးထဲက မထွက်သေးပေ။ ဤသို့ ဓားကြီးက သူ့နောက်ကျောက ရွှေကြီးစိုးခြင်း ဆေဘာထက် အဆတစ်ရာလောက်သာပြီး ပိုပြီးလည်း အန္တရာယ်များ၏။
“ငါတစ်ချက်ပဲကိုင်ကြည့်ချင်တာပါဟ။ မင်းရဲ့ ဆေဘာကိုမလိုချင်ပါဘူး” ကျိုးထျန်းရှန် တောင်းဆိုပါသည်။
“လခွမ်း မပြောခင် သွားရေလေးဘာလေး အရင်သုတ်ပြီးမှပြော” စုရှောင်ရှန် စက်ဆုပ်ရွံ့ရှာသလိုပြောလိုက်၏။
ကျိုးထျန်းရှန်က တကယ်ကို ခါချရ ခက်လှပေသည်။ တဖြည်းဖြည်းနှင့် စိတ်ကျဉ်းကြပ်လာသော စုရှောင်ရှန် မအောင့်အီးနိုင်တော့ဘဲ ပြောလိုက်သည်။ “ငါတို့ထျန်းရွှမ်တံခါးထဲမှာတုန်းက မင်းနောက်ဆုံးမြင်လိုက်ရတဲ့ မြင်ကွင်းကို မှတ်မိသေးတယ်မလား”
ကျိုးထျန်းရှန် ပဟေဠိဖြစ်သွားပြီး ဘာမြင်ခဲ့ရသလဲ စဉ်းစားလိုက်သည်။ ပြီးမှ ကလေးငယ်တစ်ဦးသူ့ကိုထိုးပြီးနောက်မှာ အမှောင်ဖုံးသွားခြင်းကို ပြန်အမှတ်ရလိုက်၏။
“ဟုတ်တယ် အဲ့ကလေးပဲ”
စုရှောင်ရှန် အင်္ကျီရင်ဘက်ထဲကနေ သံလေးလုံးတစ်လုံးကို ထုတ်ယူလိုက်တာကိုမြင်သော ကျိုးထျန်းရှန်၏ မျက်၀န်းများ ၀င်းပသွားခဲ့သည်။
ကျန်းရှင်းရှုံအပါအ၀င် လူတိုင်းကျဲ၏ ပုံပန်းသွင်ပြင်ကို အထင်သေးမိတာကြောင့် အငိုက်မိသွားပေသည်။ ထိုမှ ရုတ်တရက် ပုံပြောင်းလိုက်ရာ ဘာကိုမှ မတုန့်ပြန်နိုင်အောင် အချိန်နှောင်းသွားခဲ့ရ၏။
“ပြောင်း၊ ပြောင်း ဆေဘာအဖြစ်ကိုပြောင်း” ကျိုးထျန်းရှန် စိတ်လှုပ်တရှား အော်လိုက်၏။
“မင်းတကယ် တွေ့ချင်တာလား” စုရှောင်ရှန် အလေးအနက်မေးလိုက်သည်။
စုရှောင်ရှန်၏ မျက်၀န်းများထဲက ယုတ်မာတော့မည့် အကြည့်များကို သတိမထားမိဘဲ သွားရေများကို သုတ်ရင်း ကျိုးထျန်းရှန် ကြက်အစာကောက်သလို ခေါင်းတဆတ်ဆတ်ညိတ်လိုက်လေသည်။
စုရှောင်ရှန် သက်ပြင်းချ၍ ဘောလုံးလေးကို လေထဲပစ်လိုက်ရာ ရုပ်သေးကလေးငယ်အသွင်ကို ချက်ခြင်းပြောင်းသွားသည်။
“ကျဲ အားနည်းနည်းပဲသုံးနော်”
ကျိုးထျန်းရှန် ထိုစကားကိုကြားသောအခါ တစ်ခုခုမူမမှန်တာကို ခံစားမိပြီး ထိုကလေးငယ်ကို အလျင်အမြန်ပြန်မော့ကြည့်လိုက်ရာ လက်သီးတစ်လုံးကိုသာ မြင်လိုက်ရ၏။
“ဟမ်”
ဘုန်းးးး…။
သို့ဖြင့် နောက်တစ်ခါ အမှောင်ဖုံးပြီး သတိလစ်သွားပြန်လေတော့သည်။
“ဟူးးး နောက်ဆုံးတော့ တည်ငြိမ်အေးဆေးမှုလေးရပြီပေါ့”
စုရှောင်ရှန် စိတ်သက်သာရာရစွာ နောက်တစ်ခေါက် သက်ပြင်းထပ်ချလိုက်ပြီး ကျိုးထျန်းရှန်မြေပြင်ပေါ်ကို လဲမကျခင် ဆက်ကြားလေးမှာ အလျင်အမြန်ဖမ်းကာ သူ့ပုခုံးပေါ်တွင် ထမ်းလိုက်သည်။
သူသာ ဒီအူတူတူ အတတ အကောင်ကို ရှင်းပြနေရရင် နေ့တစ်၀က်လောက် သွားချေတော့မည်။
ဒါဖြင့် အပူအကပ်မခံနိုင်သော စုရှောင်ရှန် ပြဿနာကိုတစ်ခါတည်း ပြီးစီးပြီးမြောက်စေရန် ဆော်ထည့်ပစ်ခိုင်းလိုက်လေ၏။
ကျိုးထျန်းရှန်ကို ဖြေရှင်းပြီးနောက်မှာ ကျဲကို သူလှည့်ကြည့်လိုက်သည်။
ကျဲက ယခုလည်း ကလေးသူငယ်တစ်ယောက် သွင်ပြင်သာရှိသေးပေမယ့် ယခင်တစ်ခေါက်ကထက် အနည်းငယ် ထူးခြားနေသည်။
“မင်းက ဆေဘာအဖြစ်တောင်ပြောင်းနိုင်ရင် သာမန် ဓားအဖြစ်ကော ပြောင်းနိုင်လား” စုရှောင်ရှန်မေးသည်။
“မေမေ” နီနီရဲရဲ ပန်းသီးလေးအလားမျက်လုံးများဖြင့် ကျဲက ဖြေလိုက်၏။
“…”
သူတို့က အခက်အခဲထဲမှာမဟုတ်၍များ ကျဲက စကားနားမထောင်နေတာလားဟု စုရှောင်ရှန် စိတ်ကူးပေါက်သွားသည်။ ဒါမှမဟုတ်လည်း သူ့ကို ထိန်းချုပ်လို့မရသေးတာက လုံလောက်အောင်ရင်းနှီးခြင်းမရှိသေးလို့များလား။
အကြိမ်အနည်းငယ် ကြိုးစားကြည့်ပြီးနောက်မှာ ကျဲထံက မေမေဟူသည့် တုန့်ပြန်မှုကိုသာ ရလိုက်ပေသည်။
“ကျစ်… မဟုတ်သေးပါဘူး”
ကျဲ၏ ပါးနှစ်ဖက်ကို စုရှောင်ရှန် ညှစ်ရင်းက ကလေးငယ်၊ သံလုံးနှင့် ဆေဘာဓားအဖြစ် ပြောင်းနိုင်တာကို စဉ်းစားလိုက်သည်။
ကျဲက တကယ်ဘာကြီးလဲ။ ဒီသဏ္ဌာန်သုံးမျိုးကလွဲလို့ အခြား သဏ္ဌာန်ဘယ်လိုပြောင်းရမလဲ မသိတာများလား။
“မဟုတ်လောက်ပါဘူး။ ငါအသုံးမသိတာဖြစ်လောက်မယ်”
ဘာဆက်လုပ်ရမလဲ အတွေးနက်နေရင်း စုရှောင်ရှန်၏ ခေါင်းမှာ အငွေ့များတောင်ထလာခဲ့သည်။
ကျန်းရှင်းရှုံလို အရှင်သခင်နယ်ပယ်ကျင့်ကြံသူကိုတောင် ကြက်ကလေး ငှက်ကလေးလို သတ်ဖြတ်နိုင်သည့် ရတနာတစ်ပါးကိုလက်ထဲကိုင်ထားရပြီး ဘယ်လိုထိန်းချုပ်ရမလဲ ရွာလည်နေတာကြောင့် စုရှောင်ရှန် ငိုချင်သွားသည်။
ဇွက်…။
ကြံရာမရတဲ့အဆုံး သူ့လက်ကို အသာလှီးဖြတ်ကာ ကျဲရဲ့ခေါင်းကို သွေးတစ်စက်ချလိုက်သည်။
ထိုသွေးစက် ကျဲရဲ့ ခေါင်းမှတစ်ဆင့် မျက်လုံး၊ နှာခေါင်းနှင့် နောက်ဆုံး ပါးစပ်ထောင့်နားမှ ၀င်သွားသည်အထိ စီးကျသွားတာကို ဂရုတစိုက်စောင့်ကြည့်နေလိုက်၏။
ရွှင်းးးး…။
ကျဲ၏ အနီရောင်မျက်၀န်းများ၀င်းပလာခဲ့ပြီး စိတ်လှုပ်ရှားသောအမူအရာကို ပြသလိုက်ပေသည်။
“အလုပ်ဖြစ်တယ်လားဟ”
စုရှောင်ရှန် ပီတိဝေဖြာသွားပြီး အော်လိုက်သည်။ “ဓားအဖြစ်ပြောင်းစမ်း”
“မေမေ” ကျဲက တီးတိုးဆိုလိုက်ပြီး သူ့ရှေ့က စုရှောင်ရှန်ကို နားမလည်နိုင်စွာ ခေါင်းလေးအသာစောင်းကာ ကြည့်လိုက်သည်။
စုရှောင်ရှန်စွံ့အသွားရ၏။
ဘုရားရေ ဘယ်လောက်တောင် နှံဖျင်းနဲ့ ရတနာတစ်ပါးကို သူရလာတာလဲ။
သခင်ကိုပြန်သတ်ချင်နေသည့် တိတ်တခိုးနာကျင်ခြင်းကို ပိုင်ဆိုင်ထားသည်နှင့် မလုံလောက်သေး ယခုတော့ ခပ်တုံးတုံး အားကျဲပါ အဆစ်ပါလာ၏။
“လခွေးလိုပဲ”
အပိုင်း (၂၃၇) မင်းဒီနေ့ ဘာမှ မတွေ့လိုက်ဘူး
“သွေးသောက်တော့ နည်းနည်းပျော်သွားသလိုပါပဲ”
အချိန်အတော်ကြာအောင် စဉ်းစားခန်း၀င်နေပြီးနောက်မှာ ဤအဖြေဖြင့်သာ စုရှောင်ရှန် လက်မှိုင်ချလိုက်ရသည်။
ကျဲကို သတ်ဖြတ်ခြင်းကွင်းပြင်မှာတွေ့ခဲ့ရတယ်ဆိုတော့ သူကလည်း အဲ့ဒီ ပတ်၀န်းကျင်ကြောင့် သွေးဆာလောင်တာ ဖြစ်ရပေမည်။ သူသာ နဂါး သွေးစည်ပိုင်းကြီးတစ်ပိုင်းဖြင့် ကျဲခေါင်းအပေါ်သွန်ချလိုက်ရင် နတ်ပြည်ရောက်သွားမလားဘဲ။
သို့ဖြင့် ယခုကစပြီး အရည်အသွေးမြင့်သွေးတွေ စုဆောင်းဖို့ကို စိတ်ထဲမှာ မှတ်ထားလိုက်တော့သည်။ အရေးကြုံလိုလာလျှင် ပြင်ဆင်ထားတာက ကောင်းသည်။
ကျန်းရှင်းရှုံနှင့် ယွမ်တုတို့၏ သွေးက သူမြင်ဖူးသမျှထဲတွင် အကောင်းဆုံးဖြစ်မည်။
“ဟုတ်တယ် ဒီလိုလုပ်ရမယ်” ရေရွတ်လိုက်ပေပြီး ခေါင်းဆတ်ဆတ်ညိတ်လိုက်၏။
ကျဲ စိတ်လွတ်တတ်သွားသည့်အခြေအနေကို ဘေးဖယ်ထားရင် ယခုလို တိုက်ခိုက်မှုစွမ်းဆောင်ရည်များနှင့် ကျဲက သူ့အတွက် ဝှက်ဖဲတစ်ခုဖြစ်လာပေလိမ့်မည်။
“ဒါမှမဟုတ်ရင် သူ့စွမ်းအားတွေက စကားတစ်ခုခုပြောပြီး နှိုးဆော်ရတာများဖြစ်နေမလားမသိဘူး”
ကျန်းရှင်းရှုံနှင့် တိုက်ခိုက်တုန်းက ကျဲကို ခုတ်ထစ်လိုက်ဖို့ အော်ပြောတာပြန်မြင်ယောင်မိသွားပြီး ရွှေဉာဏ်တော်ကွန့်မြူးသွားတော့သည်။
“ပီကာ ကျဲ၊ ဓားအသွင်ပြောင်းစမ်း” လေသံမာမာဖြင့် အော်လိုက်သည်။
“မေမေ” ကျဲက သူ့ကို ကြောက်ရွံ့သလိုလိုဖြေလိုက်၏။
မျက်လုံးနှစ်စုံ အကြည့်ချင်းဆုံလေကာ လေထုထဲတွင် တိတ်ဆိတ်မှုတို့ကြီးစိုးသွားတော့သည်။ ထိုစဉ်မှာ စုရှောင်ရှန်၏ ပုခုံးအထက်ရှိ ကျိုးထျန်းရှန်၏ ဘယ်ညာ ယိမ်းနေသော ခြေထောက်များကသာ ထင်ပေါ်နေသည်။
“…”
“ဒါလည်း အလုပ်မဖြစ်ဘူးဟ” စုရှောင်ရှန် ခေါင်းခြောက်သွားရသည်။
စုရှောင်ရှန် အလျော့ပေးတော့မည့်စဲစဲမှာ ကျန်းရှင်းရှုံနှင့် တိုက်ပွဲအပြီးက စကားလုံးကို ပြန်မြင်ယောင်မိပြီး ဆတ်ကတည်းထပြောလိုက်ပေသည်။
“သေးစမ်း”
ရွှစ်ဟူသည့်အသံဖြင့် ကျဲက သံလုံးလေးအသွင်ချက်ခြင်းပြောင်းသွားခဲ့၏။
ဤအမိန့်တစ်ခုတည်းကိုနားလည်သည့်အလားရှိနေပြီး ကျဲက ယခုတိုက်ခိုက်သည့် အနေအထားမှာမဟုတ်တော့ပေ။
စုရှောင်ရှန် ခပ်သဲသဲ့ရယ်ပြီး သူ့အတွေးအခေါ်ယူဆချက်ကို အကောင်အထည် ဖော်ရန် သံလုံးလေးကို ကောက်ယူကာ လေထဲကိုပစ်ထည့်လိုက်လေသည်။
“သွားစမ်း ပီကာကျဲ ငါ့အတွက် ခုတ်ထစ်ပေး”
ရွှစ်ဟူသည့် အသံကြီးနှင့် သံလုံးကလေးက ကျောက်တုံတစ်တုံးရှိရာ ကိုဦးတည်ရာကို ဝင်သွား၏။ အသံသဲ့သဲ့ကလေးဖြင့်လည်း တုန်ခါလာပြီး ရုတ်ချည်း ဆယ်ပေလောက်ကြီးမားသည့် ဆေဘာဓားကြီးအသွင်ကိုပြောင်းသွားတော့သည်။
ဘုန်းးး…။
ကျောက်တုံးကြီးက ကျယ်လောင်သောအသံကြီးနှင့်အတူ အပိုင်းပိုင်းအစအစ မရေမတွက်နိုင်အောင် ဖြစ်သွားကာ အရပ်လေးမျက်နှာကို လွင့်ပျံသွားသည်။ ထိုမှ ဆေဘာဓားကြီး၏ အရှိန်က မရပ်သေးဘဲ မြေပြင်မှာ တရွတ်တိုက် အကြောင်းကြီးတစ်ခုကိုဆွဲသွားသည်။
ဤအပျက်အဆီးမြင်ကွင်းကြီးကြောင့် စုရှောင်ရှန် စိတ်လှုပ်ရှားသွား၏။
“တကယ် အလုပ်ဖြစ်တယ်ကွ။ နောက်တစ်ချက် နောက်တစ်ချက် ထပ်ခုတ်”
ဘေးတစ်ဘက်က သစ်ပင်များရှိရာကို စုရှောင်ရှန် လက်ညိုးထိုးပြရာ ဆေဘာအသွင်ကျဲက အနက်ရောင်အလင်းတန်းတစ်ခုဖြစ်သွားပြီး သွားဖြတ်ပိုင်းသည်။
ဇွက် ဇွက် ဇွက်
အနက်ရောင်အလင်းတန်းနှင့် ထိသည့်အရာမှန်သမျှ နှစ်ပိုင်းပြတ်ထွက်သွားရသည်သာ။ သို့ဖြင့် အပင်ရာနှင့်ချီ၍ ဝုန်းကတည်းအသံများဖြင့် ပြိုလဲကျသွားကြပြီး ဖုန်မှုန်များ တထောင်းထောင်းထသွားစေတော့သည်။
သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် စုရှောင်ရှန်မှင်တက်သွား၏။
“ကြမ်း- ကြမ်းတယ်ဟ”
ထိုမှ အဝေးသာလျှင် အမိန့်ပေး၍ တိုက်ခိုက်နိုင်သည်မက အနီးကပ်တိုက်ပွဲများမှာလည်း ရန်သူများကို အငိုက်ဖမ်း အရေးနိမ့်သွားအောင် တိုက်လိုက်နိုင်တာ စိတ်ကူးပေါက်သွားပေသည်။
“အံ့မခန်းပဲ”
စုရှောင်ရှန် သူ့ပေါင်သူ ဖြတ်ကတည်း စိတ်လှုပ်တရှား ရိုက်လိုက်သည်။ ကျဲက ပုံစံအမျိုးမျိုးဖြင့်လည်း သုံးလို့ရနေသေးရာ ဘယ်အခြေအနေမှာမဆို အလိုက်သင့်လေး ပြောင်းလဲ အသုံးပြုနိုင်ပေမည်။ ဥပမာ နောက်ကရန်သူကလိုက်လို့ ထွက်ပြေးနေရသည့်အခိုက်မှာ သံလုံးလေးကိုပစ်လိုက်တာ ဧရာမ ဆေဘာဓားကြီးအသွင်ပြောင်းသွားတယ် ဆိုပါစို့။
“ဒီဘက်ကိုချ”
စုရှောင်ရှန် ခြုံနွယ်များထူထပ်စွာပေါက်ရောက်နေသော နေရာတစ်ခုကို လက်ညိုးထိုးပြပြီး “သွား ပီကာကျဲ ထိုးကွ”
သူက “ခုတ်ထစ်”လို့ပြောတော့ ဆေဘာဓားအသွင်ကိုပြောင်းပြီး “ထိုး” လို့ပြောရင် ဓားအသွင်များပြောင်းမလားမသိ စမ်းကြည့်လိုက်သည်။
သို့ပေမယ့် ဆေဘာဓားက သူ့အမိန့်ကို နားမလည်သလို သူ့ထံ ပြန်လာခဲ့၏။
“…”
“ငါအမိန့်ပေးတဲ့ ပုံစံက မှားနေလို့များလား။ ဒါဆိုရင် သံလုံးလေးအသွင်ပြောင်းပြီး ပြန်ပစ်ကြည့်ရမယ်ထင်တယ်”
တိတ်တခိုးနာကျင်ခြင်းကတောင် သူ့ကို ပြန်သတ်ဖို့ကြိုးစားတာကြုံဖူးရာ ထိုအခြေအနေကို ထူးဆန်းတယ်လို့ မခံစားရပါချေ။ ကျဲ၏ အခြေအနေကလည်း တိတ်တခိုးနာကျင်ခြင်းလို အဆက်မပြတ် လေ့ကျင့်ပို့ချမှုလိုလောက်ပေသည်။
“ဘာဖြစ်ဖြစ် စမ်းကြည့်တာမမှားဘူး”
စုရှောင်ရှန် စိတ်ဝိညာဉ်အာရုံဖြင့် ကျဲကို သံလုံးလေးအသွင်ပြန်ပြောင်းခိုင်းလိုက်ပြီး ကျောက်တုံးကြီးတစ်တုံးစီကို ပစ်လွှတ်လိုက်သည်။
“သွား၊ ပီကာကျဲ၊ ထိုးစမ်း”
ဒီလိုခဏခဏအမိန့်ပေးနေရတာ စိတ်လှုပ်ရှားစရာကောင်းသလို တစ်ချိန်တည်းမှာလည်း ရှက်စရာကောင်းနေပေသည်။ ဘာဖြစ်ဖြစ် ကျဲကို ဓားအသွင်ပြောင်းစေမယ်ဆိုရင်တော့ လုပ်ကိုလုပ်ရမည်ဖြစ်၏။
ကံကောင်းတာက အနီးအနားမှာ မည်သူမှ မရှိလို့ပေါ့။
သို့ပေမယ့် သံလုံးလေးက သူ့အမိန့်ကိုမနာခံဘဲ ဒီအတိုင်းသံလုံးအသွင်ဖြင့်ပဲ ကျောက်တုံးကြီးကိုခွဲဖောက်ထွက်သွားခဲ့သည်။
“လခွမ်း မင်းနဲ့ တိတ်တခိုးနာကျင်ခြင်းတို့ အတူတူနဲ့ အနူနူပဲ တစ်ကောင်မှ ငါ့ကို စိတ်ချမ်းသာအောင်မထားဘူး”
ကျဲကို လက်ညိုးထိုးပြီး စုရှောင်ရှန် ဒေါသတကြီး ပြောလိုက်သည်။ “လာလေ လာစမ်းပါ မင်းအကိုလို ငါ့ကို ပြန်လာသတ်လိုက်”
ရှီးးး…။
ထိုရင်းနှီးသောအသံလေးနှင့်အတူ သံလုံးလေး၏ မျက်နှာပြင်ပြောင်းလဲလာနေခဲ့ပြီး လေထဲကို ပျံတက်သွားတော့သည်။
စုရှောင်ရှန်၏ မျက်လုံးများ မယုံကြည်နိုင်မှုတို့ဖြင့် ပြူးကျယ်သွားခဲ့၏။
“မဟုတ်တာ…”
သံလုံးလေးကို သူ့အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်နှင့် စုရှောင်ရှန် ဖမ်းဆုပ်ဖို့လုပ်တော့ စောနက ဆေဘာဓားထက် နှစ်ဆလောက်ကြီးသည့် နှင်တံကြီးအဖြစ်ကို ပြောင်းသွားခဲ့သည်။
ဘုန်းးး…။
ဒီတစ်ခါတော့ စုရှောင်ရှန်လည်း မခုခံနိုင်ပါချေ။
ကျဲ၏ လက်သီးတစ်ချက်ကတောင် သူ့ကို မြေပြင်မှာ အလွယ်တကူ ပြားပြား၀ပ်သွားစေနိုင်တာ ယခုလောက်ကြီးသည့် နှင်တံကြီးဆိုရင်တော့ သူ့ကို အရိုးတစ်ခြားအသားတစ်ခြားတောင်ဖြစ်သွားစေမလားဘဲ။ လေကိုခွင်း၍လာနေသော နှင်တံကြီး၏ အသံကို ကြားရပြီး လျှက်တပြက်အတွင်း ၎င်းနှင့်ထိရိုက်သွားသည်။
ဘုန်းကတည်းဟူသော မြည်သံကြီးဖြင့်အတူ စုရှောင်ရှန်၏ ခန္ဓာကိုယ်က ပုဇွန်တစ်ကောင်လိုကွေးကွေးလေးဖြစ်သွားပြီးလွင့်ထွက်သွားခဲ့သည်။ သစ်ပင်ပေါင်းရာနှင့်ချီ၍ ထိတိုက်ချိုးဖျက်သွားပြီးနောက်မှသာ အရှိန်ရပ်သွားပေ၏။
“လခွမ်းးး”
စုရှောင်ရှန် ဘာပြောရမှန်းမသိဖြစ်နေ၏။
တိတ်တခိုးနာကျင်ခြင်းနှင့်တောင် စာရင်းမရှင်းနိုင်သေးတာ ကျဲကပါ နောက်က အဆစ်တိုးပါလာခဲ့သည်။ ကံဆိုးမ မိုးလိုက်လို့ရွာ ဘာတစ်ခုမှကို ဟုတ်တိ ပတ်တိ မရှိပါချေ။
စုရှောင်ရှန်ထိုသို့တွေးမိပြီး မဆီမဆိုင် တိတ်တခိုးနာကျင်ခြင်းကို သိုလှောင်လက်စွပ်ထဲက ထုတ်ယူကာ ဓားအိမ်ထဲက ဆွဲထုတ်လိုက်သည်။ ထို့နောက် အားပြင်းပြင်း လက်ဖြင့်တောက်လိုက်၏။
“ဟမ့်။ ကျဲကို ငါအပြစ်မပေးနိုင်မှတော့ ပေးနိုင်တဲ့မင်းကို ပေးပစ်မယ်ကွ။ ငါ့ကို ပုန်ကန်တဲ့ကောင် မှတ်ပလား”
ရွှီ….
တိတ်တခိုးနာကျင်ခြင်း ပျော့ခွေသွားကာ မတ်မတ်မထောင်ရဲပါချေ။
ဤအချင်းအရာကြောင့် စုရှောင်ရှန် ထပ်မံ စွံ့အသွားရ၏။
စိတ်လျော့လိုက်ပြီးသည့်နောက်မှာ ဘာမှ မတတ်နိုင်တာကိုသိလိုက်ရသည်။ တိတ်တခိုးနာကျင်ခြင်းကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး ကျဲကိုလည်း မာမာထန်ထန် သံလုံးလေးအသွင်ပြန်ပြောင်းဖို့ အမိန့်ပေးကာ ကောက်ယူလိုက်သည်။ ပြီးနောက် မျက်မှောင်ကြုတ်ထားပြီး နေရာမှာ ဖင်ထိုင်ချလိုက်၏။
“ကျဲက တိုက်ပွဲအကြားမှာ အမိန့်ပေးမှသာ စိတ်ပါလက်ပါ ပြောင်းလဲမှာများလား ။ တကယ်တိုက်ပွဲရောက်မှ အလုပ်မဖြစ်ရင်ရော”
“စုရှောင်ရှန်” သူ့နောက်က ဒေါသတကြီးအော်သံတစ်ခုကိုကြားလိုက်ရလို့ လည်ပြန်ကြည့်လိုက်ရာ တစ်ကိုယ်လုံးအနက်ရောင်၀တ်ထားသောလူတစ်ဦးကိုတွေ့ရသည်။ “ဒါမင်းလုပ်ထားတာလား”
ထိုသူက ကျောက်ကျစ်တုံ့မဟုတ်ပေမယ့် အရင်က မြင်ဖူးသလိုလိုနှင့် ရင်းရင်းနှီးနှီးခံစားနေရသည်။
“ဘာဖြစ်လို့လဲ” စုရှောင်ရှန်မေးသည်။
“ဘာဖြစ်ရမှာလဲဟုတ်လား…” အနက်၀တ်လူစွံ့အသွားပြီး ဘေးပတ်၀န်းကျင်တစ်ခုလုံးကို လက်ညိုးထိုးပြလိုက်၏။ “ဒီအပျက်အဆီးတွေကိုကြည့်ဦး။ မင်းကိုယ်မင်းဘာလုပ်နေတယ်ထင်နေတာလဲ”
သူညွှန်ပြသည့်အတိုင်း စုရှောင်ရှန် လိုက်ကြည့်လိုက်သည်။
ဘယ်ဘက်ခြမ်းမှ အပင်များက ကျဲကြောင့် နှစ်ပိုင်းဖြစ်သွားရာ နေပိုထိုးကျလာနိုင်သည့်အတွက် ပြောင်ပြောင် ပြောင်ပြောင်ဖြစ်နေသည်။
ညာဘက်က စုရှောင်ရှန်ထိတိုက်ချိုးဖျက် အမြစ်နှုတ်မိသွားသော ဘက်ကတော့ လမ်းကြောင်းအသစ်လေးတောင် ဖောက်ပြီးသားဖြစ်သွား၏။
“ဒါက…”
စုရှောင်ရှန် သူပြဿနာရှာမိသွားတာ သိလိုက်ပြီး လန့်ဖျပ်သွားတော့သည်။ သို့ဖြင့် စောနက နှင်တံနှင့်အရိုက်ခံလိုက်ရချိန် တစ်ဘက်သို့ လွင့်ထွက်သွားသော ကျိုးထျန်းရှန်ကို အလျင်အမြန်ကောက်မိပြီး စည်းကမ်းကြီးကြပ်သူ၏ လက်ထဲထည့်ပေးလိုက်သည်။
“အမြန် သူ့ကိုကယ်ဦး။ မဟုတ်ရင် အချိန်နှောင်းသွားလိမ့်မယ်။ စိတ်ဝိညာဉ်ဆေးဖက်ဆိုင်ရာ ဌာနကိုအမြန်သွားတော့” စုရှောင်ရှန်က စိုးရိမ်နေသော အမူအရာဖမ်းပြီးဆိုလိုက်သည်။
ကျိုးထျန်းရှန်ကို ဒီလိုဘာလို့ဖြစ်သွားရတာလဲ အနက်၀တ်လူတွေးမိပြီး စုရှောင်ရှန်ကို မသင်္ကာသလိုကြည့်လိုက်၏။
“မဟုတ်ဘူး။ ကျုပ်လုပ်တာမဟုတ်ဘူး”
သူဘာကိုဆိုလိုချင်သလဲဆိုတာ စုရှောင်ရှန် မပြောဘဲတောင်သိပါသည်။ “ခင်ဗျားဒီကိုလာတာ သိပ်မကြာသေးဘူးထင်တယ်။ ဘာမှ ထွေထွေထူးထူးလဲမပြောချင်တော့ဘူး။ ကျုပ်ဟာကျုပ် နည်းစနစ်တစ်ခုကိုစမ်းကြည့်နေတာ။ ဘာမှ အရေးမကြီးဘူး။ ပမွှားလေးပဲ…”
ဤသည်ကိုကြားသောအခါ အနက်၀တ်လူ အခက်တွေ့သွားပြီး ပြန်ချေပလိုက်သည်။ “ဒီကိစ္စက ဘာမှ အသေးအမွှားလေးမဟုတ်ဘူး။ ဒီမှာစောင့်နေဦး။ ခေါင်းဆောင်ကိုငါ အရင်သွားခေါ်လာခဲ့မယ်”
ကျန်ရှင်းရှုံကို စုရှောင်ရှန် ခေါင်းဖြတ်တာ မြင်လိုက်ရ၍ ယခု ကျိုးထျန်းရှန်ကို မထမ်းဘဲ လက်နှစ်ဖက်စလုံးသုံးနိုင်ရင်တောင် စုရှောင်ရှန်ကို အနိုင်မယူနိုင်တာသိသည်။
သို့ပေမယ့် သူမလုပ်နိုင်ရင် ခေါင်းဆောင်တော့လုပ်နိုင်တာပဲ။
“ရပ်လိုက်စမ်း” စုရှောင်ရှန် အော်လိုက်သည်။
အနက်၀တ်ကြီးကြပ်သူလည်ပြန်ကြည့်လိုက်သောအခါ အနီနက်ရောင်တံဆိပ်ပြားတစ်ခုကို စုရှောင်ရှန်ထုတ်ယူတာမြင်လိုက်ရ၏။ ရုပ်ချည်း စုရှောင်ရှန်က သူ့ရှေ့မှာပေါ်လာပြီး မျက်နှာနားကို တံဆိပ်ပြားကြီးကပ်ပြီးပြောလိုက်သည်။
“အကြီးအကဲစန်းရဲ့ အမိန်နဲ့ ခင်ဗျား စိတ်ဝိညာဉ်ဆေးဘက်ဆိုင်ရာ ဌာနကို သူ့ကိုကယ်ဖို့ချက်ခြင်းသွားရမယ်။ ဒီနေ့ ဘာမှမမြင်လိုက်ရဘူး မသိဘူးလို့မှတ်”
အနက်၀တ်လူ ကြောင်အသွား၏။
အပိုင်း (၂၃၈) အဆင့်ကိုးဆေးဖော်စပ်သူစု
“ကံကောင်းတာ ကျောက်မျိုးနွယ်စုနာမည်နဲ့ တစ်ယောက်မလာလို့ဘဲ။ မဟုတ်ရင်ဒီတစ်ယောက်လောက် အရူးလုပ်ဖို့လွယ်မှာမဟုတ်ဘူး”
အနက်၀တ်လူ ကျိုးထျန်းရှန်ကို သယ်ပြီးထွက်သွားတာကို စိတ်သက်သာရာရစွာ စုရှောင်ရှန် ကြည့်နေလိုက်သည်။ ပြီးမှ သူဖန်တီးလိုက်သော အရှုပ်အယှက်ကြီးကို လှည့်ပတ်ကြည့်ရှူလိုက်၏။
“ငါလည်းရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး…”
ထိုသို့ပြုလုပ်မိတာအတွက် တာ၀န်ရှိသလိုခံစားရပြီး အနက်၀တ်လူနောက်အလျှင်အမြန်လိုက်သွားကာ စိတ်ဝိညာဉ်ကျောက်တုံးတစ်ချို့ပေးလိုက်သည်။ ပြီးနောက်အကြီးအကဲစန်း၏ တံဆိပ်ပြားဖြင့် ခြိမ်းခြောက်ပြီး ဤနေရာကို ပြန်လည်တည်ဆောက်ရန် တာဝန်ပေးလိုက်တော့၏။
“သူက တကယ် လူကောင်းပဲ”
စုရှောင်ရှန် ခေါင်းခါရမ်းလိုက်ပြီး အသုံးတည့်လှသော ထိုအဖိုးမဖြတ်နိုင်သည့် တံဆိပ်ပြားကို ပြန်သိမ်းလိုက်ပေသည်။
အကြီးအကဲစန်းက စုရှောင်ရှန်ကို အတွင်းစည်းမှာ နေရာတစ်ခု ရှာဖို့ တံဆိပ်ပြားပေးလိုက်ခြင်းဖြစ်ပေသည်။ ယခုကဲ့သို့သော ရည်ရွယ်ချက်ဖြင့် ၎င်းကိုအသုံးပြုလိမ့်မည်ဟု ထင်မထားပါချေ။
သို့ဖြင့် အကြီးအကဲစန်းတောင်မသိလိုက်ဘဲ သူ့အဖိုးတန်တပြည့်လေးကို ပြဿနာတွေကြားက ကယ်လိုက်ပေ၏။
စုရှောင်ရှန် သံလုံးလေးထံ အာရုံပြန်ရောက်သွားပြီး ဘာဆက်လုပ်ရမလဲတွေးလိုက်သည်။ တကယ်ဆို သူလက်လျော့ချင်နေပါသည်။
ကျဲကို ဆေဘာအဖြစ်ပြောင်းနိုင်တာကိုက ကောင်းနေပြီး နောက်မှ အခြားပုံစံမည်သို့ပြောင်းရမည်ကို ဖွေရှာတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။
ဒါ့အပြင်ကို ထိုဆေဘာဓားကြီးပုံစံကလည်း မဆိုးချေ။ အချိန်နဲ့အမျှ ကျဲနှင့်ရင်နှီးမှုတိုးတက်လာတာနဲ့အတူ ၎င်း၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ပေမည်ဟု တွက်ထားသည်။
“ထားလိုက်ပါတော့ စိတ်ဝိညာဉ်စာကြည့်တိုက်မှာ ဘာအကြောင်းရှိသလဲပဲ သွားကြည့်တော့မယ်”
ယခု ကျိုးထျန်းရှန်ကိုသတ်လိုက်ခြင်းက အပိုမာဆလာသာဖြစ်ပြီး သူ့ခရီးစဉ်၏ အဓိကရည်ရွယ်ချက်ဘက်ကို အာရုံပြန်ရောက်သွားပါသည်။ ထိုကန်တော့ချွန်ကောက်ရိုးခမောက်စောင်းအဖိုးကြီးကသာ တကယ်အရေးကြီး၏။
“အဖိုးကြီးက စိတ်ဝိညာဉ်စာကြည့်တိုက်ကိုငါ့ကိုလာခိုင်းစေချင်တာမဟုတ်ဘူး။ ခုခေါ်တယ်ဆိုတော့ အရေးကိစ္စအကြောင်းတစ်ခုခုထူးလို့ဖြစ်လိမ့်မယ်။ ဒီတစ်ခါသွားရင်တော့ ဆေးဖော်စပ်နည်းများများတောင်းကိုတောင်းရမယ်”
ထျန်းရွှမ်တံခါးအတွင်းမ၀င်စဉ်ကတောင် သူက ရွှေနီဆေးလုံးနှင့် စိတ်ဝိညာဉ်ဆေးလုံးတို့ကို သန့်စင်ဖော်စပ်နိုင်နေလေပြီ။ ဒါ့အပြင်ကို ဉာဏ်ကွန့်မြူးပြီး ဆေးအရည်သစ်တစ်မျိုးကိုတောင် ဖန်တီးလိုက်၏။
ယခု ကြီးထွားလာသောသူ၏ ခွန်အားဖြင့်အတူ ထိုဆေးရည်များ ထင်သလောက်အကျိူးမသက်ရောက်တော့တာ တွေ့ရသည်။ မူလနန်းတော်ဆေးလုံးများလည်းရှိတယ်ဆိုပေမယ့် တစ်ရာကျော် စွန်းစွန်းသာပိုင်ဆိုင်လေသည်။
သူသာ မူလနန်းတော်ဆေးလုံးဖော်စပ်နည်းကိုသိရင် မူလနန်းတော်ဆေးရည်ကိုလဲ ဖော်စပ်နိုင်မှာဖြစ်သည်။ ဒါဆိုရင် အင်မတန် ချမ်းသာလာတော့မှာပေါ့။
“ငါက ဘာလို့ချမ်းသာချင်ရတာ”
စုရှောင်ရှန် မိုးကုတ်စက်ဝိုင်းအလွန်ကိုကြည့်လိုက်ပြီးမှာ ဒီကမ္ဘာကြီးထဲကိုရောက်လာကတည်းက စိတ်ဝိညာဉ်နန်းတော်အပြင်ဘက်ထွက်မကြည့်ဖူးတာ သတိရသွားတော့၏။
…
စိတ်ဝိညာဉ်စာကြည့်တိုက်၊ တတိယအလွှာတွင်…။
ဆေးမီးဖိုအိုးကြီးက ကျစ်ကျစ်တောက်ပူနေပေမယ့် မီးလျှံများကို မုကျစ်ရှီ စိတ်၀ိညာဥ်အာရုံနှင့် မကြည့်လျှင် မမြင်ရချေ။
ထိုမမြင်နိုင်သော မီးလျှံများကို သူမ ကြိုက်နှစ်သက်ပါသည်။ ဆေးဖော်စပ်ရာမှာသာ အထောက်အကူဖြစ်စေတာမဟုတ်ဘဲ လက်နက်အဖြစ်လည်းအသုံးပြုနိုင်ပေ၏။
စုရှောင်ရှန် စန်းလျှို သစ်တောကို ငရဲမီးတောက်ကောင်းကင်မီးလျှံဖြင့် လောင်ကျွမ်းလိုက်ပြီးကတည်းက သူမလည်း ထိုမီးလျှံကိုလိုချင်မိလေသည်။
ယခု အကြီးအကဲစန်းက သူမကို ဆေးလုံးဘယ်လိုသန့်စင်ရသလဲဆိုတာ ပြသနေခြင်းဖြစ်ပေသည်။ ထို့နောက် လတ်လတ်ဆတ်ဆတ်ပြုလုပ်ထားသော ဆေးလုံးများအား မုကျစ်ရှီထံကမ်းပေးရင်း အကြီးအကဲစန်းက “တွေ့လား ငါပြောတဲ့အတိုင်းပဲ”
မုကျစ်ရှီ ထိုဆေးလုံးကိုတောင် ဂရုစိုက်မနေဘဲ ငူငူကြီး ခေါင်းညိတ်ကာ မေးလိုက်၏။ “မီးလျှံက…”
“စိတ်တောင်မကူးပါနဲ့ဆို။ ဒီငရဲမီးတောက်ကောင်းကင်နည်းစနစ်က နင့်လို ကလေးမလေးတစ်ယောက်ကျင့်ကြံနိုင်တဲ့အရာမဟုတ်ဘူး” အကြီးအကဲစန်း သူမကို ပိတ်ပြောပစ်လိုက်သည်။
ကလေးမလေးက ငရဲမီးတောက်ကောင်းကင်နည်းစနစ် ကိုသင်ချင်ကြောင်း တတွတ်တွတ်ပြောနေခဲ့ရာ မုကျစ်ရှီဘာလိုချင်နေသလဲဆို တွေးမကြည့်ဘဲနှင့်တောင် သိနေပါသည်။
ဖြစ်နိုင်ရင်သူလည်းသင်ပေးချင်ပေမယ့် အခြေအနေ မပေးပါချေ။ ၎င်းကို ကျင့်ကြံဖို့ အခြေခံအကျဆုံးလိုအပ်ချက်တောင် စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်ဖြစ်ပေသည်။ တခြားလိုအပ်ချက်များဆို မုကျစ်ရှီနှင့် ဝေးပေရောပေါ့။
သူမမှာ သဘာ၀ သစ်သားဓာတ်စွမ်းအင်ရှိတာကြောင့် အဆင့်နှိမ့်ထားတဲ့ ငရဲမီးတောက်ကောင်းကင်နည်းစနစ်ကို ကျင့်ကြံနိုင်ပေမယ့် အဲ့သလောက်ကြီးအသုံးမတည့်သလို အန္တရာယ်လည်းများတာကြောင့် ကလေးမလေးကို မစမ်းကြည့်ခိုင်းရဲပါပေ။
စုရှောင်ရှန်တောင် ရှားရှားပါးပါး အနန္တမှာ တစ်ယောက် ၎င်းကို ကျင့်ကြံနိုင်တာဖြစ်ပေသည်။ သို့တောင် သေမင်းတံခါး၀ကနေ ကပ်သီလေးလွတ်မြောက်လာနိုင်ခဲ့ခြင်းပေ။
ဒီမုကျစ်ရှီက ဘာလုပ်မတုန်း။
ငရဲမီးတောက်အစေ့ရဲ့ ပထမဆုံးတိုက်ခိုက်မှုလှိုင်းကိုတောင် ခံနိုင်လိမ့်မည်လား မသေချာပါချေ။
“ဘာလို့လဲ” အကြီးအကဲစန်း၏ ငြင်းဆိုချက်ကို နားမလည်နိုင်တာကြောင့် မုကျစ်ရှီမေးလိုက်သည်။ သူမမှာ စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်မရှိပေမယ့် ဒဏ်ရာတွေကို အမြန်ပြန်ပျောက်ကင်းစေတဲ့ သစ်သားဓာတ်ခန္ဓာကိုယ်ရှိပေလေသည်။
အကြီးအကဲစန်းခေါင်းကိုသာ ဆက်လက်၍ ခါရမ်းပြနေ၏။ ထိုအရာက မုကျစ်ရှီထင်သလို ဒဏ်ရာပျောက်ကင်းစေရုံလေးနဲ့ တတ်နိုင်သည့် လွယ်ကူသည့်အရာမဟုတ်ပါလား။
“အကြောင်းပြချက်ပေးပါဆိုရင် နင့်ရဲ့ စိတ်ဆန္ဒက လုံလောက်အောင်မသန်မာဘူး” အကြီးအကဲစန်းက ထစ်ငေါ့ခြင်းမရှိပြောသည်။
“စုရှောင်ရှန်တောင် လုပ်နိုင်တာ ကျွန်မက ဘာလို့မလုပ်နိုင်မှာလဲ” သူမ၏ မာနကို လာထိခိုက်သလို ခံစားလိုက်ရတာကြောင့် သူမက ပြန်ချေပ၏။
“ဟုတ်တယ် နင်မလုပ်နိုင်ဘူး”
“ကျွန်မလုပ်နိုင်တယ်”
“ဟုတ်တယ် နင်လုပ်နိုင်တယ်”
“ကျွန်မ မလုပ်နိုင်ဘူး” မုကျစ်ရှီ စိတ်ပါလက်ပါကြီးကို ဆုံးဖြတ်ချက်ပြတ်သားနေသော လေသံဖြင့်ပြောနေရင်းက သူမ၏ ပါးစပ်ကထွက်သွားသည့် ထိုစကားကြောင့် အေးခဲသွား၏။
‘သေစမ်း။ ငါ့ကို အကွက်ချလုပ်ကြံတာပဲ’
ထိုအသံက သူမ၏ အနောက်ဘက်က လာခြင်းဖြစ်သည်။
သူမ လှည့်ကြည့်လိုက်တယ်ဆိုရင်ပဲ စုရှောင်ရှန် ရုပ်ချည်း အနားမှာပေါ်လာကာ ခေါင်းကို လက်မောင်းဖြင့်ညှပ်ပြီး ဆံပင်တွေဖွတော့သည်။
“အေး နင်ကိုယ်၌ကတောင်မလုပ်နိုင်ဘူးပြောနေတာ ခေါင်းဆက်မာမနေစမ်းပါနဲ့။ အလျော့ပေးလိုက်တော့…။ တစ်ခါတစ်လေမှာ မဖြစ်နိုင်တာကို ဇွတ်အတင်းလုပ်ယူလို့မရဘူး။ နင်ပဲ အန္တရာယ်ဖြစ်လိမ့်မယ်”
စုရှောင်ရှန်၏ စကားကမှန်ပေသည်။
သူတောင် ငရဲမီးတောက်အစေ့၏ လောင်ကျွမ်းခြင်းကိုခံနိုင်တာ အံ့မခန်း စိတ်ဆန္ဒအပြင် ခွန်အားနှင့် ထာ၀ရ အသက်စွမ်းအင် ပင်ကိုယ်စွမ်းရည်တို့ရှိ၍ဖြစ်သည်။
ထိုသုံးခုထဲက တစ်ခုခု ချို့ယွင်းသွားတာနဲ့ သူပြာကျသွားပေလိမ့်မည်။
သူသာ ထိုစဉ်က ရွေးချယ်ခွင့်ရှိခဲ့လျှင် ငရဲမီးတောက်အစေ့ကို မျိုချခဲ့မည်မဟုတ်ပါချေ။ ကံဆိုးစွာဖြင့် ညှာတာမှုမရှိသော အကြီးအကဲစန်းနှင့် တိုးခဲ့ရ၏။
လက်မောင်းဖြင့်ညှပ်ထားခံရသော မုကျစ်ရှီ၏ မျက်နှာများရဲရဲနီလာခဲ့ပေပြီး စုရှောင်ရှန်၏ သံမဏိသဖွယ်လက်မောင်းအကြားက ရုန်းထွက်လို့မရဖြစ်နေပေ၏။ နောက်ဆုံး မတ်တပ်ဆက်ရပ်ထားဖို့တောင် အနိုင်နိုင်ဖြစ်လာသည်။
‘သူဘာလို့ဒီလောက်သန်မာရတာလဲ’ သူမတွေးလိုက်သည်။
စိတ်ထဲကနေ ကျိန်ဆဲနေရင်းက သူမ ခေါင်းပြန်လှုပ်ရှားလာလို့ရတာ သိသွားသဖြင့် ချက်ခြင်း ရုန်းထွက်ကာ စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။
သို့သော် စုရှောင်ရှန်က အချိန်ကိုက် သူမ၏ ပါးနှစ်ဖက်ကို ညှစ်လိုက်ရာ ၀လုံးသဏ္ဌာန် အဖြစ် နှုတ်ခမ်းများထော်သွားတော့၏။
“ကလေးမလေး နင်ဒီနည်းစနစ်ကို မလေ့ကျင့်တာပိုကောင်းမယ်။ ခေါင်းမာပြီး ပြဿနာကို ရှာမနေစမ်းပါနဲ့”
“နင့်ကို မယုံဘူး”
မုကျစ်ရှီ၏ မျက်နှာသေးသေးလေးက ရဲရဲနီသွားခဲ့ပြီး လက်လွှဲရမ်းကာ စုရှောင်ရှန်ကို ရိုက်လိုက်ပါသည်။ ဒါပေမယ့် ထိမသွားပေ။
ကန်ကြည့်တဲ့အခါမှာလည်း စုရှောင်ရှန်က ၀မ်းဗိုက်ကို တစ်ဘက်သို့ အသာလေးတွန့်ပြီး ရှောင်လိုက်၏။
မုကျစ်ရှီ စွံ့အသွားတော့သည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“နင်ကငါ့ကိုတွေ့တိုင်း ဘာလို့ ထုချင်ရိုက်ချင်နေတာတုန်းဟ။ စွာလိုက်တာ” စုရှောင်ရှန်ရေရွတ်လိုက်ပြီး မုကျစ်ရှီကို အပမထားတော့ဘဲ အကြီးအကဲစန်းကို ကြည့်လိုက်၏။
“ကျုပ်ကို ခေါ်တာ အရေးကြီးတဲ့ အရာတစ်ခုခုရှိလို့လား* စုရှောင်ရှန်က မျှော်လင့်တကြီးမေးသည်။
သူ့အမေးကိုမဖြေဘဲ အကြီးအကဲစန်းက ပြန်မေးလိုက်၏။ “ဆေးဖော်စပ်တာနဲ့ပတ်သက်ပြီး အဆင့်ဘယ်လောက်ရောက်ပြီလဲ”
စုရှောင်ရှန် ထိုအခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ လိုချင်တာပြောလိုက်သည်။ “ဆေးဖော်စပ်တယ်ဆိုမှာ ပြောရဦးမယ်။ ကျုပ်ရွှေနီဆေးလုံးနဲ့ စိတ်ဝိညာဉ်ဆေးလုံးတို့ကို ဖော်စပ်နိုင်နေပြီ။ အဖိုးကြီး မူလနန်းတော်ဆေးလုံး၊ ဧကရာဇ်ဆေးလုံးလို တခြားအဆင့်မြင့် ဆေးလုံးတွေ ဖော်စပ်နည်းတွေကျုပ်ကို ပေးပါတော့”
“ဧကရာဇ်ဆေးလုံးဟုတ်လား…” အကြီးအကဲစန်း၏ နှုတ်ခမ်းများတွန့်သွားသည်။
စုရှောင်ရှန်၏ နောက်ပိုင်းက စကားများကို မကြားသလို လစ်လျှူလိုက်ပြီး ရှေ့ပိုင်းကိုပြန်သွားကာမေးလိုက်သည်။ “ဆိုတော့ မင်းက ငရဲမီးတောက်ကောင်းကင်နဲ့ ဆေးလုံး ပုံသွင်းတဲ့ နည်းလမ်းကို တတ်သွားပြီပေါ့”
စုရှောင်ရှန်က ခေါင်းညိတ်ကာ ဖြေလိုက်သည်။ “ဟုတ်တယ် နည်းလမ်းမှာတောင် အမှားတစ်ချို့ရှိသေးလို့ ကျုပ် ပိုကောင်းလာအောင် နည်းနည်းပြုပြင်လိုက်တာ ဆေးဖော်စပ်တဲ့ နည်းအသစ်တစ်ခုကိုပါ အဆစ် ဖန်တီးလိုက်နိုင်သေးတယ်ဗျာ။ အဲ့တာကိုတော့ စွပ်ပြုတ်ဆေးဖော်စပ်နည်းလို့ပေးထားတယ်။ နောက်ကြရင် ပြမယ်”
အကြီးအကဲစန်း အံ့အားသင့်သွားကာ ဆက်လက်တိတ်ဆိတ်နေလိုက်သည်။
စိတ်ထဲကလည်း ‘ဘာကိုစွပ်ပြုတ်ဆေးဖော်စပ်နည်းလမ်းတုန်း။ ဒီကောင်ဆေးဖော်စပ်တာ ဟင်းသီးဟင်းရွက်ချက်ပြုတ်နေတယ်များထင်နေတာလားမသိဘူး။ မတွေ့လိုက်ရတဲ့ ရက်အနည်းငယ်လေးမှာ နည်းနည်းလောက်လေး အောင်မြင်မှုတစ်ချို့ရသွားတာနဲ့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်နေတယ်။ မင်းအရင်က မနှိမ်ချဘူးဆိုရင်တောင် ဒီလောက်မရဲတင်းပါဘူး။ အဆင့်မြင့်တဲ့ လူအနည်းငယ်လေးကို သတ်ပြီးသွားတာနဲ့ မင်းပြိုင်ဘက်မကင်းသွားဘူးကွ’
အကြီးအကဲစန်းတောင်ထိုသို့ တွေးရတာ ပင်ပန်းသွားပြီး သက်ပြင်းချကာ အသံကို နှိမ်ချ၍ပြောလိုက်သည်။ “မင်းက ရွှေနီဆေးလုံးနဲ့ စိတ်ဝိညာဉ်ဆေးလုံးဖော်စပ်နည်းတို့ကို ကျွမ်းကျင်သွားပြီပေါ့”
“ဟုတ်တယ်” စုရှောင်ရှန်နောက်တစ်ကြိမ်ခေါင်းညိတ်ပြလိုက်သည်။
ဘာတွေအဲ့လောက် အံ့အားသင့်နေစရာလိုလို့လဲ။
ကြည့်ရတာ သူ့ဆေးဖော်စပ်နိုင်စွမ်း၊ နားလည်သဘောပေါက်နိုင်စွမ်း နှုန်းထားက ထင်မှတ်မထားလောက်အောင်မြန်နေလို့လား။
အကြီးအကဲစန်း၏ မျက်နှာပေါ်က မယုံကြည်နိုင်တဲ့အမူအရာကြောင့် သူထင်တာမှန်ကြောင်းသိလိုက်ရသည်။
“မဖြစ်နိုင်တာ”
အကြီးအကဲစန်းဘာမှ မပြောရသေးခင်မှာ စုရှောင်ရှန်၏ လက်ထဲကနေ ရုန်းထွက်နိုင်လိုက်တဲ့ မုကျစ်ရှီ အော်လိုက်သည်။ သူမကိုယ်သူမဖြင့်တော့ ဘယ်ရုံးထွက်နိုင်ပါ့မလဲ သူမ၏ ကျားအစွယ်များပေါ်လာတာကြောင့် စုရှောင်ရှန်လွှတ်ပေးလိုက်တာဖြစ်သည်။
ယခင်တစ်ခေါက်က နာကျင်မှာပြီးနောက် ထပ်အကိုက်ခံရမှာကို သူစိုးရွံ့ပေသည်။
“ဘာလို့မဖြစ်နိုင်ရမှာလဲ” သူမကိုကြည့်ပြီး စုရှောင်ရှန်မေးသည်။
မုကျစ်ရှီက ဒေါသတထောင်းထောင်းဖြင့် “ငါတောင် သုံးရက်တည်းနဲ့ ဆေးအဆီအနှစ်ကိုသန့်စင်နိုင်တာ ပါရမီရှင်ဖြစ်နေပြီ နင်ပြောတဲ့ပုံစံက ချက်ခြင်းပဲ ဆေးဖော်တတ်သွားသလိုလိုနဲ့”
ယခင်က စုရှောင်ရှန် အကြီးအကဲစန်း၏ တပြည့်ဖြစ်နေတာကြာပြီဟု သူမထင်ခဲ့၏။ သိပ်မကြားသေးခင်အချိန်လေးကမှပဲ သူလည်း တပြည့်တစ်ယောက်ဖြစ်လာတာ မကြာသေးဘူးဆိုတာ သိလိုက်ရလေသည်။
ထို၀က်ပေါင် ခြောက်ပြုတ်နည်းကို စုရှောင်ရှန်ရှင်းပြတုန်းကတောင် အကြီးအကဲစန်းထံမှ ဒုတိယမြောက် သင်ခန်းစာကို နားထောင်တုန်းဖြစ်၏။
သင်ခန်းစားလေနှစ်ခုတည်းနဲ့ ဒီအကောင်က ဘယ်လိုဆေးဖော်စပ်သွားနိုင်မှာလဲ။
သူမ၏ အဆိုကြောင့် စုရှောင်ရှန် တဟားဟားရယ်လိုက်သည်။ ထို့နောက် သူမကို ပြုံးစိစိ ကြည့်ကာ “ဆေးအရည်ကို သန့်စင်ဖို့ သုံးရက်ကြီးများတောင်လိုတယ်ပေါ့”
စုရှောင်ရှန်၏ စကားလုံးများထဲမှ အလေးအနက်ပေးချင်သော “တောင်” ဆိုသည့် စကားကို မုကျစ်ရှီ သတိမထားမိလိုက်ပါပေ။
သူမက ခေါင်းမော့ရင်ကော့ကာ ဂုဏ်ယူစွာပြောလိုက်သည်။ “ဟုတ်တယ်”
စုရှောင်ရှန် ရယ်ချင်သွားရကာ “ညီမလေး။ ဆေးအဆီအနှစ်လေးသန့်စင်ဖို့တောင်သုံးရက်ကြာတာ အဲ့လောက်ကြီးတော်နေတာမဟုတ်ဘူးနော်။ နင့်အကိုကြီးက နင်အဲ့လို အဆီအနှစ်သန့်စင်နိုင်အောင်ကြိုးစားနေတုန်းမှာ အဆင့်ကိုးဆေးလုံးကိုတောင်ဖော်စပ်နိုင်နေပြီ”
အပိုင်း (၂၃၉) ငြင်းခုန်ခြင်း
“အဆင့်ကိုးဆေးဖော်စပ်သူဟုတ်လား”
မုကျစ်ရှီမပြောနှင့် အကြီးအကဲစန်းတောင်ထိုအဆိုကြောင့် မယုံကြည်နိုင်ဖြစ်သွားပေသည်။
“ငရဲမီးတောက်ကောင်းကင်မျိုးဆက်က တကယ် ကြောက်စရာကောင်းကြတယ်ဆိုပေမယ့် မင်းရဲ့ တိုးတက်နှုန်းက မြန်လွန်းမနေဘူးလား။ မင်းက လှေပျံကြီးစီးနေတယ်ထင်နေတာလား”
“မယုံကြဘူးလား” စုရှောင်ရှန် ဤအခြေအနေနှင့်အလွန်ကိုရင်းနှီးပါသည်။ သူအမှန်တရားကိုပြောသည့်အချိန်တိုင်း ဘယ်သူမှ သူ့ကို မယုံကြည်ပါချေ။ ဒါပေမယ့် ဒီတစ်ခါလည်း သူလိမ်တာပါ။ ၎င်းကို ၃ရက်မဟုတ်ဘဲ ၁ ရက်တွင်း ပြုလုပ်နိုင်တာဖြစ်သည်။
ထျန်းရွှမ်တံခါးမ၀င်ခင်ကျန်နှစ်ရက်တုန်းက ဆေးဖော်စပ်တာကို ရင်းနှီးလာအောင်လုပ်နေခြင်းဖြစ်ပေသည်။
“ဟီးဟီး” မုကျစ်ရှီ သူ့အဆိုကို ရယ်သံဖြင့် တုန့်ပြန်လိုက်သည်။ အကြီးအကဲစန်းက သူမ၏ အမြန်နှုန်းကိုတောင် ချီးကျူးနေတာကြောင့် ဒီစုရှောင်ရှန် ပြောတာ မယုံကြည်ပါချေ။
အဖိုးကြီး၏မျက်နှာထက်၌လည်း အလားတူ အမူအရာမျိုးရှိနေတာကိုတွေ့ရသည်။ အခွင့်အရေးရသဖြင့် စုရှောင်ရှန်က “ဒီလိုလုပ်လေ။ ကျုပ်ဆေးဖော်စပ်ပြမယ်။ အမှန်တွေပြောနေတာပါဆိုရင် အဆင့်မြင့် ဆေးဖော်စပ်နည်းတွေ ပေးရမယ်ဘယ်လိုလဲ”
အကြီးအကဲစန်းက ထေ့ငေါ့သလို ခြောက်ကပ်ကပ်ရယ်ကာ “မင်းသာ တကယ်အမှန်ပြောနေတာပါဆိုရင် ဆေးဖော်စပ်တဲ့နည်းတွေပဲမဟုတ်ဘူး။ စိတ်ဝိညာဉ်နည်းစနစ်အသစ်တစ်ခုတောင်ပေးလိုက်ဦးမှာ”
စိတ်ဝိညာဉ်နည်းစနစ်လားဘာလား စုရှောင်ရှန် ဂရုမစိုက်ပါလေ။ အကြီးအကဲစန်းက ဆေးဖော်စပ်တဲ့နည်းလမ်းပေးမည်ဆိုတာကိုက သူ့အတွက်တော့ကောင်းနေပေပြီ။
“နင်ရော အလောင်းအစားထဲ ပါမလား” တစ်ဘက်က မုကျစ်ရှီကို လှည့်ကြည့်ပြီး သူမေးလိုက်သည်။
“ဘာအလောင်းအစားလဲ”စုရှောင်ရှန်၏ မျက်နှာထက်က ယုံကြည်မှုလွန်ကဲနေသော အမူအရာကိုမြင်သောအခါ မုကျစ်ရှီတွေဝေသွားသည်။
“အိုး ကြည့်ရတာ နင်ငါ့ကိုယုံတဲ့ပုံပဲ” စိတ်ကို စွပေးလိုက်၏။
“ရတယ် ဘယ်သူကကြောက်လို့လဲ လုပ်မယ်”
မုကျစ်ရှီ စိတ်ကိုစွပေးတာက ဒီလိုရိုးရှင်းတာလေးနဲ့တောင် အောင်မြင်သွားတာသိသာလေသည်။ သူမက လက်ပိုက်ကာ “နင်ရှုံးရင် ငါ့ကို စိတ်ဝိညာဉ်အသက်တံဆိပ်ပြားပြန်ပေးရမယ်”
“ဘာလို့ပြန်ပေးရမှာ” သူမ၏ ခေါင်းကိုဖွပြီးတော့ စုရှောင်ရှန်က “ဘယ်ချိန်တုန်းက ဒီရတနာက နင့်ရဲ့ဟာဖြစ်လာတာလဲ”
“ဟမ့်”
မုကျစ်ရှီသူ့ကိုကန်လိုက်ပေမယ့် မထိတာ တွေ့လိုက်ရသည်။ သို့ဖြင့် ဒေါသတထောင်းထောင်းဖြင့် ပါးစပ်ဟ အစွယ်ပြလိုက်၏။
စုရှောင်ရှန်သူမ၏ ပါးနှစ်ဖက်ကို ညှစ်လိုက်ပြီးတောါ စက်ဆုပ်ရွံရှာသလို “ကောင်းပြီကောင်းပြီ နင်နိုင်ရင်ပေးမယ်။ နင်ရှုံးရင်တော့ အနာဂါတ်မှာ ငါခိုင်းတာအကုန်လုပ်ရမယ်”
“ဘာကို အကုန်လုပ်ရမှာလဲ” မုကျစ်ရှီက ဂါ၀န်စကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်၍ ပြောလိုက်သည်။ “စုရှောင်ရှန် နင်လွန်မလာနဲ့နော်”
စုရှောင်ရှန် : “…”
စုရှောင်ရှန် သူမကိုကြည့်လိုက်ရယ်လိုက် ပြန်ကြည့်လိုက် ရယ်လိုက်ပြုလိုက်ကာ “နင်ဘာတွေတွေးနေတာလဲ။ အနာဂါတ်မှာ နင်ငါ့ကို ကန်တာ၊ ရိုက်တာ မလုပ်ဖို့ ရပ်ဆိုတဲ့အချိန်မှာ ရပ်ခိုင်းရင် ရပ်ရမှာပြောတာ။ နင်က အချိန်နေရာဘာညာလည်းမသိဘူးလေ။ နမော်နမဲ့လဲ နိုင်သေး”
“ဘာကို နမော်နမဲ့နိုင်တာလဲ” ထိုစကားကြောင့် စော်ကားခံလိုက်ရသလို မုကျစ်ရှီခံစားလိုက်ရသည်။ အခန်းထဲ၀င်လာကတည်းက သူမကို အနိုင်ကျင့်နေတာ စုရှောင်ရှန်မဟုတ်ဘူးလား။ သူကပဲ ပြောရတယ်ရှိသေး။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၂]
သူမနှင့် စုရှောင်ရှန် ဆက်လက်၍ ဟာလုပ်နေဖို့ ဆန္ဒမရှိတော့ဘဲ မျက်နှာသေကြီးဖြင့် ထပ်လောင်းပြောလိုက်သည်။ “ပြီးတော့ မကိုက်ရဘူး”
“ဟမ့် ရတယ်လေ” မုကျစ်ရှီက ပြောပြီးနောက် ရေရွတ်လိုက်သည်။ “မသိရင် ငါကိုက်လိုက်တာက လူမဟုတ်သလိုလိုနဲ့…”
ဘုတ်…။
စုရှောင်ရှန် သူမ၏ ခေါင်းကိုဆတ်ကတည်းထုလိုက်တာကြောင့် မုကျစ်ရှီ ဆောင့်ကြောင့်ထိုင်ကျသွားသည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
ဤမြင်ကွင်းတစ်ခုလုံးကို မြင်လိုက်ရသော အကြီးအကဲစန်း၏ မျက်နှာ နက်မှောင်လာခဲ့သည်။ သူစကားပြောမယ်လုပ်မှ စုရှောင်ရှန်က “နင့်ရဲ့ ဆရာတူအကိုကြီးကို ဘယ်လိုတောင်ပြန်ရိုက်လိုက် ကိုက်လိုက် လုပ်ရဲတာလဲ။ နောက်ဆို အရွယ်ရောက်လာရင် ဆရာကိုတောင်ပြန်ပုန်ကန်ပြီး ဘိုးဘေးတွေကို မထီမဲ့မြင်ပြုတော့မလားဘဲ။ ရိုင်းလိုက်တာ။ နင့်ကို သင်ခန်းစာပေးတာဘာဖြစ်လဲ”
ပြီးမှ အကြီးအကဲစန်းကို ပြုံးဖြဲဖြဲကြည့်ကာ “နော်”
အကြီးအကဲစန်း “…”
: [အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၁]
: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“ကဲ စမယ်” စုရှောင်ရှန် ထိုဧရာမ ဆေးမီးဖိုအိုးကြီးကို ဆွဲယူလိုက်ပြီး ဘေးနားမှာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ဒီအရာက ကြမ်းလှပါသည်၊ တန်ဖိုးကြီးလှပါသည်ဟူသော ရတနာဆိုတာသိပြီးနောက်မှာ စိတ်၀င်စားသွားခဲ့ လေသည်။
မုကျစ်ရှီပြန်ထလိုက်ပြီးအခိုက်မှာပဲ သူမထံ ဆေးမီးဖိုအိုးတစ်လုံးပျံလာတာကိုတွေ့ရ၏။ အလျင်အမြန်ပဲ ၎င်းကိုဖမ်းပြီး ကြမ်းခင်းပေါ်ချလိုက်ပေသည်။
ထို့နောက် သူမစီက ဆေးမီးဖိုအိုးနှင့် စုရှောင်ရှန်၏ ဆေးမီးဖိုအိုးတို့ကို တစ်ကြော့ပြန်ကြည့်ပြီး ဒေါသတထောင်းထောင်းထွက်သွားရတာ သူမ၏ ကျစ်ဆံမြှီးနှစ်ခုတောင် ဆန့်တန်းသွားပေသည်။
“ငါ့ဆေးမီးဖိုအိုးက ဘာလို့ သေးသေးလေးတုန်း”
စုရှောင်ရှန် သူမကို ခေါင်းအစခြေအဆုံး ကြည့်လိုက်ပြီး ခဏ ဆိုသည်။ “ပိုလိုက်ဖက်တယ်လေ”
မုကျစ်ရှီသူ့ကို အစွယ်ပြလိုက်၏။
: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
နောက်ဆုံးမှ အသက်ကိုခပ်ပြင်းပြင်းပြီး စိတ်ကို ပြန်ဖြေလျော့လိုက်သည်။ ပြီးနောက် အကြီးအကဲစန်းဘက်ကို တိုးသွားကာ “စုရှောင်ရှန်ကြတော့ နိုင်ရင်ဆုရတယ်။ ကျွန်မကြတော့ရော”
“ဟားဟားး” စုရှောင်ရှန်က ၀မ်းဗိုက်ကိုတောင်ဖိပြီး ဝါးလုံးကွဲရယ်လိုက်ကာ “နင်နိုင်မယ်လို့ တကယ်ထင်နေတယ်ပေါ့”
မုကျစ်ရှီ၏ ကျစ်ဆံမြှီးနှစ်မွှာ ဆန့်တန်းသွားပြီးတော့ “စုရှောင်ရှန် နင်လွန်မလာနဲ့နော်”
: [တောင်းဆိုခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“ငါဘယ်မှာ လွန်နေလို့လဲ။ အမှန်တွေကိုပြောနေတာမရဘူးလား” အသိပေးချက်ဖန်သားပြင်ကို တစ်ချက် တစ်ချက်ကြည့်ရင်းက ပြုံးစိစိဖြစ်သွားပြီး စုရှောင်ရှန် သူမနှင့် ငြင်းခုန်လိုက်သည်။
“ပါးစပ်ပိတ်ထားစမ်း”
“ဝိုး ဟိုးဟိုး ဘာလဲ နင့်မှာ ပြောစရာစကားမရှိတော့၊ ရှာမရတော့ ဒီလိုစကားပြောတယ်ပေါ့”
“ငါ… အားးး စုရှောင်ရှန် ငါနင့်ကို သတ်မယ်”
“ဟေး ဘာတွေ ဒီလောက်ဖြစ်နေတာလဲ”
ချက်ခြင်းပဲ မုကျစ်ရှီမြေပြင်ပေါ်မှာ ပုံလျက်သားလဲကျသွားပေပြီး သူမ၏ မျက်နှာထက်၌ နာကျဉ်းမုန်းတီးခြင်း ဒေါသတရားတို့ ဖြင့်ပြည့်နေပေ၏။
“ဆရာ ကယ်ပါဦး အနိုင်ကျင့်နေတယ်…”
…
ပြူတင်းပေါက်အပြင်ဘက်ကနေပြီးတော့ နေအလင်းရောင်ကလေးက အထဲကို ဖြာ၀င်လာခဲ့သည်။ သူ့ရှေ့က ငြင်းခုန်နေကြတာကို တိတ်တဆိတ် ကြည့်နေပြီးတော့ အကြီးအကဲစန်း၏ နှုတ်ခမ်းထောင့်များက အထက်ကိုကွေးတက်နေခဲ့သည်။ သူတို့နှစ်ယောက်ကို သူမတားလိုက်ပါချေ။
ရံဖန်ရံခါ ဘ၀ဆိုတဲ့အရာကြီးက ထင်မှတ်မထားသော အရာများကိုပေးတတ်သည်။
အသိပေးခြင်းမရှိ ရုတ်တရက်ကြီး သူ့မိသားစုလေးတစ်ခုကိုဖျက်ဆီးပစ်လိုက်ပြီး ယခုလည်း ထိုနည်းတူစွာ မိသားစုလေးအသစ်တစ်ခုကို စိတ်ဝိညာဉ်စာကြည့်တိုက်မှာ ပေးလိုက်သည်။
“မိသားစု၀င်တွေ… ဒီလိုသာ အမြဲအတည်တကျဖြစ်နေရင်ကောင်းမှာပဲ…”
…
“ဆရာ ကယ်ပါဦး အနိုင်ကျင့်နေတယ်”
ထို အသံကိုကြားလိုက်ရမှ အကြီးအကဲစန်း အတွေးပုံရိပ်လေးထဲကနေ ပြန်လည်နိုးထလာခဲ့၏။ ကြမ်းခင်းပေါ်မှာ လူးလှိမ့်နေသည့် ကလေးနှစ်ယောက်ကိုတွေ့လိုက်ရသောအခါ သူ့မျက်နှာထက်က အပြုံးလေးပျောက်ကွယ်သွားရပေသည်။
တင်းမာသော အမူအရာဖြင့် အကြီးအကဲစန်းကသူတို့နှစ်ဦးကို ငေါက်လိုက်သည်။ “မြန်မြန်ထကြစမ်း။ အိန္ဒြေမရှိလိုက်တာ”
သူတို့နှစ်ဦး ချက်ခြင်း ခွဲလိုက်ကြသည်။ စုရှောင်ရှန်က လုံး၀ ထိခိုက်မှုမရှိပေမယ့် မုကျစ်ရှီကတော့ သေလောက်အောင်အညှစ်ခံထားရသဖြင့် ပါးများက နီရဲနေသည်။
“နင်ရှုံးမှာသေချာတယ်” သူမက ဆေးမီးဖိုအိုးကြီးကို တစ်ချက်ရိုက်ကာ မာန်မဲလိုက်သည်။
အချိန်ထပ်ဆိုင်းမနေတော့ဘဲ ဆေးပင်များကို ဆေးအိုးလေးထဲ သူမပစ်ထည့်လိုက်ပေသည်။
စုရှောင်ရှန်ကိုလည်း တိုက်ခိုက်ခြင်းအရာမှာ မနိုင် နိုင်သဖြင့် မကျေနပ်လည်း အောင့်အီးသည်းခံလိုက်ရသည်။ သို့ဖြင့် ဆေးဖော်စပ်ခြင်းဖြင့် အနိုင်ယူမည်ဟု အားခဲလိုက်တော့၏။
စုရှောင်ရှန် ကျင့်ကြံတာလည်းတစ်ခါမှ မမြင်ဖူးဘဲနှင့် သူဘယ်လို ဒီလောက်မြန်မြန် သန်မာလာသလဲ သူမ မသိရပါချေ။
စုရှောင်ရှန်နှင့်ယှဉ်လျှင် ထျန်းရွှမ်တံခါးအတွင်းမှာ မူလနန်းတော်အစောအပိုင်းကနေ အထွတ်အထိပ်ထိ သူမ တက်ရောက်သွားသည်က အဲ့လောက်ကြီး အံ့အားသင့်စရာမဟုတ်တော့ချေ။
အခြားသူများ အားကျရုံသာတတ်နိုင်သည့် သူမ၏ ကျင့်ကြံခြင်းအမြန်နှုန်းက မထင်မရှားဖြစ်လာခဲ့၏။
ချီးပဲ…။
မုကျစ်ရှီ ဒေါသကိုပုံချနေသလို ဆေးပင်များကို လက်ဖြင့်ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဆေးအိုးထဲ ပစ်ထည့်နေပေသည်။
စုရှောင်ရှန်ရှန်က သူမကို စေတနာဖြင့် “ဆေးဖော်စပ်တဲ့အချိန်မှာ စိတ်က တည်ငြိမ်နေမှဖြစ်မယ်နော် မဟုတ်ရင် ဆေးမီးဖိုအိုးကြီးပေါက်ကွဲသွားလိမ့်မယ်”
“ပါးစပ်ပိတ်ထား၊ ပါးစပ်ထား၊ ပါးစပ်ပိတ်ထား” မုကျစ်ရှီ ဆေးပင်အချို့ကိုယူကာ နားထဲထည့်လိုက်ပြီး မာန်မဲပြသည်။
“ပါးစပ်ပိတ်ရမှာက နင်” သူမ၏ ဆေးဖော်စပ်နေပုံကို တစ်ချက်စောင့်ကြည့်ပြီးမှ သူ့ဆေးမီးဖိုအိုးထဲကို ဆေးပင်များ ပစ်ထည့်လိုက်သည်။ ထိုစဉ် သူ့လက်က မထင်မရှား ကိုက်ရာလေးကို တွေလိုက်သဖြင့် တုံ့ခနဲရပ်သွားသည်။
သူမ ငါ့ကို ဘယ်တုန်းက ကိုက်လိုက်တာလဲ။
စုရှောင်ရှန်၏ နှုတ်ခမ်းထောင့်လှုပ်သွား၏။ ထို့နောက် စောင်းငဲ့ပြောသလို အသံအကျယ်ကြီးဖြင့် “သူမက ပါးစပ်ပိတ်ဖို့ပဲလိုတာမဟုတ်ဘူးဟေ့။ အပ်နဲ့ပါ ချုပ်ထားသင့်တာ။ ကြည့်နေ အိပ်နေတုန်း အဲ့သွားတွေ ငါသွားနှုတ်ပြမယ်…”
မုကျစ်ရှီ : ……
: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“အရှင်သခင်နယ်ပယ်သွားတွေလား ဘာတွေလားမသိပါဘူး ထက်လိုက်တာလွန်ရော…” စုရှောင်ရှန် မှတ်ချက်ပြီးနောက် ထိုသွားကိုက်ရာကို ထိကြည့်ရာ နာကျင်မှုကိုခံစားလိုက်ရသည်။ “အဆိပ်တောင်ရှိ နေမလားဘဲ…”
“…”
ဘုန်းးးး…။
မုကျစ်ရှီ၏ ဆေးမီးဖိုအိုးထဲကနေ ပေါက်ကွဲသံတစ်ခုနှင့်အတူ မျက်နှာတစ်ခုလုံး မဲတူးသွားတော့သည်။
“စုရှောင်ရှန်…”
“တွေ့လား ငါပြောပါတယ်။ ဆေးဖော်စပ်နေရင် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါလို့။ ခုတော့ ဆေးမီးဖိုအိုးပေါက်ကွဲပြီလေ” သူမကိုကြည့်ကာ ကျယ်ကျယ်လောင်လောင်ဆိုရင်းမှ စုရှောင်ရှန်က “ဘာဖြစ်သွားသေးလဲ”
မုကျစ်ရှီ ပဟေဠိဖြစ်သွားကာ တုံ့ခနဲရပ်သွား၏။
စုရှောင်ရှန်ဘယ်အချိန်တုန်းက သူများကို ဂရုစိုက်တတ်သွားတာလဲ။ တစ်အောင့်ကြာသော် စုရှောင်ရှန်၏ နိမိတ်မရှိတဲ့ပါးစပ်က ခွေးစကားထပ်ထွက်သည်။
“ငါနင့်ကိုမေးနေတာမဟုတ်ဘူး။ ဆေးမီးဖိုအိုးကိုပြောနေတာ။ ငါလူတွေကိုလိုက်ရိုက်တဲ့ဟာမလို့ နည်းနည်းတော့ ဂရုစိုက်ပါဟ”
: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
အပိုင်း (၂၄၀) နှပ်ချေး
ပလုံ…။
ဗွက် ဗွက်…။
စုရှောင်ရှန်၏ ဧရာမဆေးအိုးကြီးထဲက ဆေးစွပ်ပြုတ်က အဆက်မပြတ်ပလုံစီထနေပြီး ကပ်စေးစေးအဖြစ်ကိုပြောင်းသွားနေချိန်မှာ သူက မုကျစ်ရှီကိုလှမ်းကြည့်လိုက်ပါသည်။
၎င်းက သူမရွှေနီဆေးလုံးကို ပြုလုပ်တာ စတုတ္တအကြိမ်ဖြစ်ရကာ မုကျစ်ရှီ စိုးတထိတ်ထိတ်ဖြစ်နေပေသည်။ ယခုမှ ဆေးလုံးပုံသွင်းတာက သင်ယူရန်လွယ်ကူသောအရာတစ်ခုမဟုတ်မှန်း သိလိုက်ရပေသည်။
သူမက ဆေးဝါးဂုဏ်သတ္တိများကို ကောင်းမွန်စွာ နားလည်ထားပေမယ့် သုံးခါဆက်တိုက် မီးဖိုအိုးပေါက်ကွဲရ၏။
“စုရှောင်ရှန် နင်စွပ်ပြုတ်လုပ်နေတာလား” စုရှောင်ရှန်၏ ရေနွေးအိုးတည်သလို ပလုံစီထနေသော ဆေးမီးဖိုအိုးကြီးကိုကြည့်ပြီး မုကျစ်ရှီမေးလိုက်သည်။
သာမန်အခြေအနေ၌ဆိုပါက သူမက သုံးကြိမ်မဆိုထားဘိ အကြိမ် (၃၀)၊ (၃၀၀) ကျရှုံးတာတောင် လွယ်လွယ်နဲ့ စိတ်ပျက်အားလျော့လိမ့်မည်မဟုတ်ချေ။ ယခုတော့ စုရှောင်ရှန်က သူမနှင့် ယှဉ်ပြိုင်နေပြီးတော့ သူလုပ်သည့်ပုံစံကလည်း အသားကျနေသလို ထူးမခြားနားရှိလေသည်။
သူက မီးဖိုအိုးကိုတောင်မကြည့်ဘဲနှင့် အောက်မှ ငရဲမီးတောက် ကောင်းကင်မီးလျှံများကို လောင်ကျွမ်းထားခိုင်းလိုက်ပြီး သူမကို မေးပွတ်ပြီးကြည့်နေလေသည်။
ချီး ဒီမီးလျှံက အစွမ်းထက်လိုက်တာ။
မုကျစ်ရှီ မနာလိုဖြစ်သွားသည်။
သူမလည်း သူဆေးဖော်စပ်သလို ဖော်စပ်ချင်တာပေါ့။ ခုတော့ တစ်ကိုယ်လုံးပေတူးနေရုံမက ဘာမှလည်း ရွေးချယ်လို့မရဘဲ ဆက်လုပ်နေရလေသည်။
သူမ၏ အမေးကြောင့် စုရှောင်ရှန် ပြုံးလိုက်သည်။ သူ့မေးကိုပွတ်နေသော လက်ကို အောက်ပြန်ချလိုက်ပြီးတော့ “ဟုတ်တယ် ဒါငါထွင်ထားတဲ့ စွပ်ပြုတ်ဆေးဖော်စပ်နည်းပဲ မမြင်ဖူးရင်ကြည့်ထား။ အဖိုးကြီး ခင်ဗျားလည်း ကြည့်ချင်နေတယ်မလား”
အကြီးအကဲစန်းက တိဆ်ဆိတ်နေစမြဲဖြစ်ပြီး ဂရုတစိုက်ကြည့်နေလေသည်။
ပထမတော့ စုရှောင်ရှန် ဘာလုပ်ချင်နေမှန်းမသိ လျှောက်ဆော့တယ်ပဲမှတ်နေသည်။ သို့ပေမယ့် ခဏတဖြုတ်ကြည့်ပြီးသောအခါ ထိုအတွေးအမြင်များပြောင်းသွားပေသည်။
ဆေးစွပ်ပြုတ်ရည်က အထက်အောက်ကို တစ်လှည့်စီ ဆင်းလိုက်လိုက်ဖြစ်နေပေမယ့် ဆေးအာနိသင်ဆုံးရှုံးမှုက အလွန်နည်းပါသည်။
ဤဆေးဖော်စပ်သည့်နည်းလမ်းသာ အောင်မြင်ခဲ့မယ်ဆိုရင် ဆေးဖော်စပ်ခြင်းသမိုင်းမှာ ဒဏ္ဌာရီမှတ်ကျောက်တစ်ခုအဖြစ်တွင်သွားစေလောက်၏။
“စွပ်ပြုတ်…”
ထိုသို့သော ဆေးဖော်စပ်ခြင်းနည်းလမ်းအသစ်ကို စုရှောင်ရှန်ပေးထားသောနာမည်ကို စဉ်းစားရင်း မျက်နှာမဲ့ရွဲ့သွားသည်။
ရေချိုးအိုးငယ် ရေချိုးအိုးကြီး အပါအ၀င် စုရှောင်ရှန်ပေးတဲ့နာမည်များက ရယ်စရာကောင်းနေရင်တောင်မှ ရိုးရှင်းပြီး သင့်လျော်လျောက်ပတ်ပေသည်။
သူနှင့် သဘောမတူလို့ကလည်းမဖြစ်။
အကြီးအကဲစန်းလည်း ဘာမှ မပြောဘူးဆိုတော့ စုရှောင်ရှန် သူ့ကိုအမှုမထားတော့ချေ။ ဆေးကိုဖော်စပ်ပြီးစီးအောင်လုပ်ဖို့ကသာ အရေးကြီးပေသည်။
သူပြုလုပ်ဖူးသည့်ဆေးရည်တိုင်းက အရည်အသွေးမြင့်မားပြီး ဆုံးရှုံးမှု နည်းပါးပေသည်။ ဆေးဖော်စပ်တဲ့နေရာမှာ ဆေးအာနိသင်တွေဆုံးရှုံးတာက သာမန်ပဲဖြစ်၏။
ဆေးဖော်စပ်ပြီးရင်လည်း သူ့ဆေးရည်ကို ကြာရှည်ထိန်းသိမ်းထားနိုင် မနိုင်ဆိုတာ အကြီးအကဲစန်းကို မေးပြီးမှပဲ သိတော့မည်။
သူတို့သုံးဦးစလုံးတိတ်ဆိတ်နေကြပြီး မုကျစ်ရှီ ပို၍ စတင်ကာ အားစိုက်ထုတ်ပေသည်။ စုရှောင်ရှန် ထိုဆေးမီးဖိုအိုးမှာ ဆေးပင်တစ်သုတ်တည်းကို သန့်စင်နေတာ ကြာပြီဖြစ်တာကြောင့် သူမ အသာစီးရတယ်လို့ ခံစားလိုက်ရ၏။
သူဆေးဖော်စပ်သည့်နည်းလမ်းက သက်တောင့်သက်သာရှိတယ်ဆိုပေမယ့် အချိန်လည်း အတော်စားပုံရပေသည်။
စုရှောင်ရှန်သူ့ဖော်စပ်နည်းနဲ့ အောင်အောင်မြင်မြင် ဆေးဖော်စပ်နိုင်ရင်တောင်မှ အချိန်ကြာအောင် ပေါင်းနှပ်မှုကြောင့် သူ့ဆေးအာနိသင်တွေက ဆုံးရှုံးရမည်သာ။
“ငါ့အနိုင် ရနိုင်ချေရှိတယ်”
ကိုယ့်ကိုယ်ကိုယ် စိတ်လျော့အားပေးလိုက်ပြီးနောက်မှာ ပါရမီရှင်ဆိုတဲ့အတိုင်း အရင်နှစ်ခေါက်ကျရှုံးမှုများက သင်ခန်းစာယူပြီး ယခုတစ်ခေါက်ကို ဂရုတစိုက်သန့်စင်နေသဖြင့် ပို၍ တိုးတက်လာတာတွေ့ရသည်။
သူမ၏ ဆေးမီးဖိုးအိုးလေးထဲမှ အနက်ရောင်ဆေးလုံးလေးများ ဆေးလုံးသိုမှီးရာ အကန့်ထဲကို လှိမ့်ဆင်းသွားသည်။ မုကျစ်ရှီ ၎င်းတို့အားလုံးကိုတောင် ရွေးချယ်မနေဘဲ အတောက်ပဆုံး၊ ကြည့်လို့အကောင်းဆုံး တစ်လုံးကို ရွေးချယ်လိုက်သည်။
၎င်းက အခြားဆေးလုံးများထင်သေးငယ်ပေမယ့် ဆေးရနံ့ အကြွယ်၀ဆုံးထုတ်လွှတ်နေပေသည်။ တကယ်ကို ရွှေနီဆေးလုံးဖြစ်ပါ၏။
“ဟေး အောင်မြင်ပြီ”
ကလေးမလေးက စိတ်လှုပ်တရှား လက်ထဲက ထိုဆေးလုံးလေးကို ပွတ်သပ်လိုက်ပေသည်။
စုရှောင်ရှန် အံ့အားသင့်သွားရကာ မေးလိုက်သည်။ “ဆေးပင် ဘယ်နှစ်သုတ်လဲ”
“ဆေးပင် ၉သုတ်တည်းနဲ့ အောင်မြင်စွားတာ” မုကျစ်ရှီက စိတ်လှုပ်တရှားပြောသည်။
“တကယ်လား တော်လိုက်တာ”
စုရှောင်ရှန်သူမကို စိတ်ရင်းထဲက တကယ်ချီးကျူးခြင်းဖြစ်ပါသည်။ သူ့တုန်းကဆိုရင် မအောင်မြင်ခင် ဆေးပင်အသုတ် တစ်ရာကျော်လောက်ဖြုန်းတီးမိသလိုဖြစ်ရသည်။
ထို့ပြင် ငရဲမီးတောက်ကောင်းကင်ဆေးလုံးပုံသွင်းနည်းကိုလုပ်ကြည့်သည့်အခါတိုင်းလည်း ကျရှုံးရသည်။ အတိတ်က အတိတ်ဖြစ်တာမို့ စိတ်ထဲက ထုတ်ပစ်လိုက်ပါသည်။
ဒါ့အပြင်ကို သာမန်ဆေးဖော်စပ်သူတစ်ယောက်ကဆေးစတင်ဖော်စပ်ဖူးရာမှာ ဆေးပင်အသုတ် ၁၀၀၀ ကျော်လောက် ဖြုန်းတီးမိတာက သာမန်ပဲဖြစ်၏။
သို့ဖြင့် မုကျစ်ရှီ ဆယ်ခါမြောက်မှာတင် အောင်မြင်သွားတာက တကယ်အထင်ကြီးဖို့ကောင်းပေသည်။
မုကျစ်ရှီ ပုံမကျပန်းမကျဖြစ်နေသေးသော ဆေးလုံးကို အကြီးအကဲစန်းစီ ကမ်းပေးလိုက်သည်။ စိတ်ထဲကလည်း ချီးကျူးမြှောက်ပင့်ခြင်းကို စောင့်နေလိုက်၏။ သူမဖော်စပ်လိုက်သော ဆေးလုံးကို အတန်ကြာ စီစဉ်ကြည့်ပြီးနောက်မှာ အကြီးအကဲစန်း၏ မျက်နှာထက်၌ အပြုံးတစ်ခုပေါ်လာပေသည်။
“မဆိုးဘူး”
၎င်းက အရွယ်အစားသေးငယ်ပေမယ့် ပထမတစ်ကြိမ်မှာ ဤသို့အောင်မြင်မှုရတာကိုက တော်တော်ကြီးကောင်းနေလေပြီ။
ချီးမွမ်းခံရပြီးနောက်မှာ မုကျစ်ရှီ အောင့်အီးမနိုင်တော့ဘဲ ကျစ်ဆံမြှီးကို လက်ဖြင့်ဆော့ကစားရင်းက စုရှောင်ရှန်ထံလျှောက်သွားလိုက်သည်။
“ရှောင်ရှန် နင့်ရဲ့ ဆေးဖော်စပ်တဲ့နှုန်းကလည်း နှေးလိုက်တာနော်။ အဆုံးမှာ ဆေးလုံးကို ဖော်ဆပ်နိုင်တယ်ဆိုရင်တောင် အဲ့အချိန်လေးက ဆေးဆယ်သုတ်စာလောက် ဖော်စပ်ဖို့လုံလောက်နေပြီ။ နင်ငါနဲ့ဘယ်လို ယှဉ်ပြိုင်နိုင်တော့မှာ”
‘ဒီကလေးမလေး ချက်ခြင်းကြီး မောက်မာလာပါလားဟ’ မျက်ခုံးများကိုပင့်ပြီး စုရှောင်ရှန် တွေးလိုက်၏။
“နင်ဖော်စပ်တဲ့ ပဲစေ့အရွယ်အစား ဆေးတွေကလည်း ပုံပန်းအသွင်အပြင်ကောင်းတာ ကြနေတာပဲ။ ဆေးလုံးဆယ်သုတ်စာမပြောနဲ့ အဲ့လို မသုတ်၁၀၀ စာဆိုရင်တောင် ငါက အထင်ကိုမကြီးဘူး။ ဗိုက်တောင်ပြည့်ပါ့မလားမသိဘူး” ချေပလိုက်သည်။
စုရှောင်ရှန်၏ စကားကြောင့် မုကျစ်ရှီဒေါသတို့ဖြင့် မွှန်ထူသွား လေသည်။ ဘာကို ပုံမကျပန်းမကျ ပဲ့စေ့ဆေးလုံးလဲ။ ဘာကိုဗိုက်တောင်မပြည့်တာလဲ။
“အားးး”
စုရှောင်ရှန်၏ နားအနားမှာ စူးစူးရှရှရုတ်တရက်သွားအော်ပစ်လိုက်တာကြောင့် အနီးနားက အကြီးအကဲစန်းတောင်လန့်ဖျပ်သွားသည်။
သို့ပေမယ့် စုရှောင်ရှန်က အကြားအမြင်ကြောင့် ဘာမှန်းအကုန်သိနေရာ မတုန့်ပြန်ပါပေ။ ဒါကြောင့် သူဆေးဖော်စပ်နေတာကို ကျရှုံးအောင် လာနှောက်ယှက်ခြင်းက အိပ်မက်သာဖြစ်သည်။
သူ့ဆေးမီးဖိုအိုးထဲ နောက်ဆုံး ဆေးစက်ကျသွားခြင်းနှင့်အတူ အနီနက်ရောင် အရည်များ စတင်၍ ပုံပေါ်လာတော့သည်။ စုရှောင်ရှန် စိတ်ဖြင့် ထိုရွှေနီရောင် ပျားရည်လို စေးစေးပျစ်ပျစ် လက်သည်းခွံစာလောက်အရည်ကို ထုတ်ယူလိုက်သည်။
ထိုအဖြစ်အပျက်ကြောင့် ကြည့်ရှူနေသူနှစ်ယောက် အံ့အားသင့်သွားကြသည်။
“အဲ့တာ ဘာကြီးလဲ”
မုကျစ်ရှီ တင်းခံထားရင်းက မနေနိုင်တော့ဘဲ ဗိုက်ကိုဖိက်ိုင်ကာ တဟားဟား ထရယ်လိုက်သည်။
“စုရှောင်ရှန် နင်ဟာသလာလုပ်နေတာလား။ နင်ပြောတဲ့စွပ်ပြုတ်ကို ပြုတ်နေတာကြာပြီ ဆေးလုံးတောင်ပေါ်မလာဘဲနဲ့ အဲ ဒါက ဘာကြီးတုန်း… နှပ်ချေးလား”
စုရှောင်ရှန် သူမကို စူးစူးဝါးဝါးစိုက်ကြည့်၍ “နှပ်ချေးက ဒါမျိုးလား”
“ဟားဟားဟား”
: [ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
အကြီးအကဲစန်းက ထိုနှပ်ချေးနဲ့တူသည့်အရာကို ယူပြီး လျက်ကြည့်လိုက်ရာ သူ့မျက်နှာအမူအရာချက်ခြင်းပြောင်းသွားခဲ့ပြီး စုရှောင်ရှန်က တကယ်ထူးခြားတဲ့လူဆိုတဲ့ သူ၏ အတွေးအမြင် ပို၍ ခိုင်မာသွားခဲ့၏။
“ဒါမင်းတီထွင်ထားတာလား”
“ဟုတ်တယ်”
စုရှောင်ရှန်၏ အတည်ပြုကိုချက်ကိုရသောအခါ အကြီးအကဲစန်း တည်ငြိမ်မနေနိုင်တော့ပါ။
အရှေ့အနောက် ခေါက်တွန့်ခေါက်ပြန်လျှောက်ရင်းက ထို နှပ်ချေးကို ထပ်လျှက်လိုက်သည်။ ထိုအရာက ရင်းနှီးတဲ့ အရသာရှိပေမယ့် ဘာလဲခန့်မှန်းရ ခက်နေတာကြောင့် ခမောက်ကို ကျောနောက်ချပြီး ခေါင်းကုတ်လိုက်၏။
စုရှောင်ရှန် အကြီးအကဲစန်းကို ပဟေဠိဖြစ်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဒီအပြုအမူက ဘာသဘောလဲ။
ထိုမြင်ကွင်းကြောင့် မုကျစ်ရှီ၏ နှလုံးလည်းတစ်ချက်ခုန်သွားရကာ မေးလိုက်သည်။ “နင့်ရဲ့နှပ်ချေးက…”
“အဲ့တာ ရွှေနီ ဆေးရည်” သူမကို စူးစူးရှရှစိုက်ကြည့်ကာ “နာမည်ရှိတယ်”
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ နင့်ရဲ့ ရွှေနီဆေးရည်ပဲထားပါတော့။ အဲ့တာက တကယ် စားလို့ရလို့လား”
“ရတာပေါ့ ဘာတွေမေးနေတာလဲ” စုရှောင်ရှန် ဒေါသထွက်သွားပေသည်။
သူက နောက်ထပ် ပျားရည်တစ်ပုလင်းကို လက်စွပ်ထဲက ထပ်ထုတ်ယူလိုက်ကာ “ရော့ဒီမှာစားကြည့်”
မုကျစ်ရှီ စက်ဆုပ်ရွံရှာသွားပေမယ့် ဒီအရာက ရင်းနှီးနေတယ်လို့ခံစားလိုက်ရသည်။
ထိုမှ အလန့်တကြားဖြစ်သွားပြီး လက်စွပ်ထဲက ပုံစံတူ ပျားရည်အိုးတစ်ပုလင်းကိုထုတ်ယူကာ “ဒါကနင့်ဟာပဲလား”
ပုလင်းတစ်၀က်ခန့် ပျောက်နေသည့် ရွှေနီဆေးရည်ကိုမြင်ရသောအခါ သူမ မှာလည်း ဘာလို့ဒီအရာရှိနေရတာလဲဆိုပြီး စုရှောင်ရှန် အံ့အားသင့်သွား၏။
တစ်စုံတစ်ခုကို တွေးမိပြီး မုကျစ်ရှီ၏ မျက်နှာ သွေးဆုတ်ဖြူရော်သွားသည်။
ထိုအရာက ထျန်းရွှမ်တံခါးအတွင်းမှာတုန်းက သူမကို စုရှောင်ရှန် အပန်းရောင်ခိုအကြောင်းပြောပြီး လှည့်စားတုန်းက ပေးသည့်လက်စွပ်ထဲပါရှိသောအရာဖြစ်သည်။
ဒီမှာ ပြဿနာက ထိုပုလင်းထဲမှ ပျားရည်လိုလို အရာတစ်၀က်ကို သူမ စားသုံးပြီးဖြစ်ပေသည်။
ဆိုလိုချင်တာက သူမစားလိုက်တာ ထိုနှပ်…
“ဝေါ့”
စုရှောင်ရှန်လည်း စပ်ဖြီးဖြီးဖြစ်သွားကာ “ကျန်တဲ့ပုလင်းတစ်၀က်ကဘာဖြစ်သွားတာလဲ။ ကြည့်ရတာ နင်လည်း ဒီနှပ်ချေးတွေကို စားလိုက်တဲ့ပုံပါ။ ဒါနဲ့များ ငါ့ကို လာလှောင်နေသေးတယ်”
“ပါးစပ်ပိတ်ထားစမ်း”
“နင်ဘဲ နှပ်ချေးဆို”
“ပါးစပ်ပိတ်ထား”
“မပိတ်ဘူး နှပ်ချေး နှပ်ချေး နှပ်ချေး…”
“ဝေါ့…”
တစ်ယောက်နဲ့တစ်ယောက် ကိုက်နေကြသည့်ကြားက ရုတ်တရက် အနောက်က အော့အန်သံကြားလိုက်ရတာကြောင့် သူတို့နှစ်ဦး ကြောင်အသွားပြီး ချက်ခြင်းလှည့်ကြည့်လိုက်ကြသည်။
အကြီးအကဲစန်း တကယ်ကြီးကို အဖြူနဲ့ အဝါရောင်အရာတွေ အန်ချလိုက်တာကြောင့် စုရှောင်ရှန် အံ့အားသင့်သွား၏။
သူမော့ကြည့်လိုက်တဲ့အခါမှာ အကြီးအကဲစန်း၏ ပါးစပ်ထောင့်နားမှာ လက်လက် လက်လက်နဲ့ ဆေးရည်တွေ စီးကျနေတာတွေ့ရသေးသည်။ သူ၏မျက်နှာကလည်း ဒေါသကြောင့် အစိမ်းရောင်တောင်ပြောင်းနေပေသည်။
“ဒါက…”
အကြီးအကဲစန်းသူ့လက်က ကပ်စေးစေးအရာတွေကိုတောင် မကြည်ရဲပါပေ။ ပါးစပ်ထောင့်က အရာများကိုသုတ်ပြီး သူမာန်မဲလိုက်သည်။ “မင်းတို့နှစ်ယောက်စလုံး…”
“ဝေါ့…”
အကြီးအကဲစန်းအရှေ့က အန်ဖက်များကိုမြင်လိုက်ရတာနဲ့ မုကျစ်ရှီ၏ ရင်ဘက်ထဲက ပျို့တက်လာကာ ထိန်းတောင်မထားနိုင်ဘဲ သူမလည်း အန်ထွက်တော့သည်။
အကြီးအကဲစန်း ကလေးနှစ်ယောက်ကို ရွံစရာစကားတွေမပြောဖို့ ဆုံးမ မလို့ရှိသေး မုကျစ်ရှီ၏ အဖြစ်ကြောင့် စကားများလည်မျိုမှာ တစ်သွားကာ သူလည်း ထပ်အန်တော့သည်။
စုရှောင်ရှန် အခြားတစ်ဘက်ကို ခုန်ထွက်လိုက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ကြည့်ကာ အလှည့်ကျ အန် နေကြသော နှစ်ယောက်ကို ဘေးကကြည့်လိုက်တော့သည်။
“ဝေါ့”
“ဝေါ့”
“…”