Switch Mode

Chapter – 211 & 225

အပိုင်း (၂၁၁) သူတို့ကိုမသွားခိုင်းပါနဲ့လား

၎င်းက စုရှောင်ရှန်ကို အကြီးအကဲစန်း သင်ပေးသည့် ဆေးဖော်စပ်ခြင်းနည်းဖြစ်ပါသည်။

မျက်စိဖြင့်မြင်ရသလောက်တော့ အကြီးအကဲစန်းက နဂါးလောင်မြိုက်ခြင်းနယ်ပယ်ထဲမှာ သူ့ရန်နှစ်ယောက်ကို ဆေးလုံးများအလား ‌ထိုမီးလုံး နှစ်လုံးထဲထည့်ကာ ဖော်စပ်တော့မည့်ဟန်ရ၏။

စုရှောင်ရှန်အနားမှ ပင့်သက်ရှိုက်သံများကိုကြားရသည်။ အကြီးအကဲစန်းဤသို့ နည်းလမ်းကိုအသုံးချလိုက်တာကြောင့် ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများ အံ့ဩဘနန်းဖြစ်သွားကြပေသည်။

စုရှောင်ရှန် ထိုသိပ်သည်းထားသော အဖြူရောင်မီးဘောလုံးကြီးနှစ်ခုကို ကြည့်လိုက်သောအခါ အပူချိန်က အဆမတန်မြင့်တက်လာခဲ့သည်ကိုတွေ့ရသည်။

မျက်နှာဖုံးတပ်လူနှင့် စန်ကျောက်ဖုတို့ ၎င်းကို ခုခံနိုင်ပါ့မလား တွေဝေသွား၏။

စုရှောင်ရှန်ထိုသို့ တွေးနေမိစဉ်မှာပဲ မီးလုံးကြီးတစ်လုံးက ရုတ်တရက်တုန်ခါလာခဲ့ပြီး ‌ထူး‌ဆန်းစွာ အေးစက်စက် အရှိန်အဝါများကိုထုတ်‌လွှတ်တော့သည်။

ဤသို့အပူချိန်အောက်မှာ အအေးဓာတ်ကိုထုတ်လွှတ်နိုင်သေးတာကြောင့် လူတိုင်း အံ့အားသင့်သွားကြ၏။

နှင်းမြို့တော်၏ အလွမ်း။

ထင်တဲ့အတိုင်း မီးလုံးကြီးထဲကနေ အအေးဓာတ်များဖြာထွက်လာပြီး မီးလုံးကြီးကို နှစ်ပိုင်းခွဲလိုက်တော့သည်။

သို့ပေမယ့် မီးလုံးကြီးကိုက အဆိုင်အခဲမှမဟုတ်တာကြောင့် ဖြတ်ခံလိုက်ရလဲ ချက်ခြင်း နဂိုမူလအတိုင်းပြန်ဆက်သွား၏။

အခြားမီးလုံးကြီးလည်းတုန်ခါလာသည်။ ၎င်းက ထိုအထဲမှ စန်ကျောက်ဖု ရုန်းထွက်‌ရန် အပြင်းအထန်ကြိုးစားနေခြင်းဖြစ်ပါသည်။ မီးလုံးက တဖြည်းဖြည်းအားနည်းလာတယ်ဆိုပေမယ့် စန်ကျောက်ဖုအတွက်ကတော့ အခြေအနေက အန္တရာယ်ရှိပေသေးသည်။

“ဒါတမင် ညစ်နေတာပဲ”

ထိုအခိုက်မှာ မျက်နှာဖုံးတပ်လူတို့နှစ်ယောက်ခံစားနေရသည့် စိတ်ပျက်အားလျော့မှုတို့ကို စုရှောင်ရှန်နားလည်ပေးနိုင်သည်။ သူလည်း ထိုသို့မီးလုံးများဖြင့် ပိတ်လှောင်ထားခံရလျှင် ဘယ်လိုရုန်းထွက်ရမလဲ မသိချေ။

အဆင့်နိမ့်မီးဘောလုံးမှလွဲ၍ တခြား နည်းစနစ်တွေအများကြီးထွင်လို့ရပါသေးလားဟု စုရှောင်ရှန်တွေးတောလိုက်၏။

ထိုညပြီးနောက်မှာ စာဖိုးမှူးကို အာရုံကောင်းကောင်းစိုက်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ အကြီးအကဲစန်း၏ လုပ်ရပ်ကြောင့် သူ့စိတ်များတဖန် ပြန်လည် နိုးကြွလာခဲ့၏။

စာဖိုးမှူးလည်း ကောင်းကောင်းအသုံးချတတ်ရင် တိုက်ပွဲတွေမှာ ဓားထိပ်သီးလိုပဲ ကြောက်မက်ဖွယ်ရာအတိဖြစ်ပေလိမ့်မည်။

မီးလုံးများ အက်ကွဲလာပြီး ကောင်းကင်ကြီးလည်း တောက်ပလာသည်။ လူတိုင်း အနိုင်ရမည့်အခွင့်အရေးကိုမြင်လိုက်ရ၏။

ထိုအပူချိန်က အစွန်းရောက်စွာ ကျစ်ကျစ်တောက်ပူနေစဲဖြစ်ပြီး မီးလုံးထဲကလူများက တောင့်ခံထားနိုင်သေးတယ်ဆိုရင်တောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားစေပေလိမ့်မည်။

အကြီးအကဲစန်း နဂါးလောင်မြိုက်ခြင်းနယ်ပယ်ကို အာရုံစိုက်လိုက်သည်။ တကယ်က ထိုနှစ်ယောက်ကို ပိတ်လှောင်ရတာလဲ ထင်သလောက်မလွယ်ကူနေပါချေ။

မီးလုံးထဲကလူနှစ်ယောက်လည်း သိပ်မကြာခင် ရုန်းကန်နေကြတာရပ်သွား၏။ နဂါးလောင်မြိုက်ခြင်းနယ်ပယ် ကမီးလျှံများလည်း ငြိမ်ကျသွားသည်။

လူတိုင်း၏ ‌တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များထောင်ထသွားပါသည်။ ၎င်းက မုန်တိုင်းမလာခင် လေငြိမ်ခြင်းဆိုတာ နားလည်သဘောပေါက်ကြ၏။

ထိုမီးလုံးထဲက ပိတ်လှောင်ထားခံရသောနှစ်ယောက်က အစွမ်းကုန်ထွက်ဖို့ကြိုးစားကြပေတော့မည်။

အကြီးအကဲစန်းလည်း ထိုသို့ဖြစ်မှာကို မသိဘဲနေမလား။ မီးလုံးနှစ်လုံးရပ်တန့်သွားတာနဲ့ သူရယ်လိုက်ပြီး စိတ်ဝိညာဉ်အနှစ်များပေါင်းစပ်ပါ၀င်သော လက်သီးနှစ်ချက်ကို ပစ်လွှတ်လိုက်သည်။

“ပေါက်ကွဲစမ်း” အကြီးအကဲစန်း အမိန့်ပေးသည်။

ဘုန်း။ ဘုန်း။

ဧရာမ ပေါက်ကွဲမှုနှစ်ခုက ယခုမှ ပြန်ငြိမ်ကျလာသော ညကောင်းကင်ကို ပြန်တုန်ခါ၍ အဖြူရောင်အလင်းများဖြင့် ထိန်လင်းသွားစေတော့သည်။

ထိုအင်မတန်ပူပြင်းသော အပူချိန်တို့က မြေပြင်ကို ရိုက်ခတ်သွားသောအခါ သဘာ၀ပေါက်ပင်များ၊ ပန်းများ စသဖြင့် ချက်ခြင်း ညှိုးနွမ်းသွားခဲ့သည်။

ဤပေါက်ကွဲမှုကြီးက အတွင်းစည်းသာမက အပြင်စည်းကိုပါသက်ရောက်သည်။

သစ်ပင်ပန်းနွယ်များ ညှိုးနွမ်းသွားပြီး ကန်၊ ချောင်းများလည်း ရေဆူမှတ်ကို ရောက်သကဲ့သို့ တပွက်ပွက် အမြုပ်များထလာသည်။ ငန်းရေကန်က ငန်းများလည်း အလန့်တကြားထပျံလိုက်ကြပြီး ပွက်ပွက်ဆူနေသော ရေကန်ထဲပြန်ကျသည်။

လူတိုင်း ကောင်းကင်ယံကိုကြည့်လိုက်ကြပါသည်။ ညကလေးက အလွန့်အလွန်ကို ရုတ်ရုတ်သဲသဲ မကြာခဏဖြစ်နေကာ ယခုမှ ဂိုဏ်းထဲ၀င်လာသော ဘာမှမသိသည့် ဂိုဏ်းသားသစ်များတောင် တစ်ခုခုတော့ မူမမှန်ဖြစ်နေကြမှန်းသိပေသည်။

“ကြီးကြပ်သူ‌၀မ်။ အတွင်းစည်းက ညီအကိုတွေ တိုက်ခိုက်နေကြတာ ဟုတ်ရဲ့လား”

“ဟုတ်တယ်”

“ခင်ဗျားညာနေတာတော့မဟုတ်ဘူးမလား။ ဒီလောက်ကြီးတဲ့ ပမာဏနဲ့ ပေါက်ကွဲမှုကြီးကို သူတို့လုပ်နိုင်လို့လား”

စည်းကမ်းကြီးကြပ်သူ၀မ် တိတ်ဆိတ်နေသည်။

“တစ်ခုခုပြောပါဦး”

“ပါးစပ်ပိတ်ပြီး အေးဆေး သွားအိပ်ကြစမ်းပါ လခွမ်း”

အတွင်းစည်း တောင်တန်းအနောက်ဘက်…။

အဟွတ် အဟွတ်…။

ထိုပေါက်ကွဲမှုပြီးနောက်မှာ လေထဲတွင် ချောင်းဟန့်သံ အဆက်ဆက်ကိုကြားလိုက်၏။ ၀န်းကျင်တစ်ဝိုက်က ဖုန်မှုန်များဖြင့် ပြည့်နေရာ ဘာဖြစ်နေသလဲ ကောင်းကောင်းမြင်ရဖို့ လူတိုင်းအာရုံစိုက်မျက်လုံးမှေးလိုက်ကြသည်။

“သူတို့ အသက်သေးတယ်လား”

မှင်တက်နေသည့် စုရှောင်ရှန်က မေးလိုက်သည်။ မျက်နှာဖုံးတပ်လူက ပိုးဟပ်လားဘာလား။

စုရှောင်ရှန်အသေအချာကြည့်လိုက်သောအခါ ထိုရင်းနှီးသော ဓားဆန္ဒကို တွေ့လိုက်ရပါသည်။ ဤအခြေအနေက စုရှောင်ရှန်နှင့် အကြီးအကဲဆန်းတို့ တိုက်ခိုက်မှုနှင့်သွားဆင်သည်။ သူတို့၏ တိုက်ခိုက်မှုများက ရန်သူတွေကို ဒုက္ခိတဖြစ်ကောင်းဖြစ်စေနိုင်လိမ့်မယ် ဒါပေမယ့် အကန့်အသတ်တစ်ခုထက်ကျော်လွန်၍တော့ မတတ်နိုင်ပါပေ။

ထို့အတူ မျက်နှာဖုံးတပ်လူကို အပိုင်းပိုင်းဖောက်ခွဲဖို့က မဖြစ်နိုင်သည့်ပုံရသည်။

“ဘာလို့များလဲ” စုရှောင်ရှန်အတွေးနက်သွားတော့သည်။

မျက်နှာဖုံးတပ်လူ၏ တိုက်ခိုက်မှုက အကြီးအကဲစန်းနှင့်တောင် ယှဉ်လို့မရ မဟုတ်ပါလား။

“သူဘာ ထူးထူးဆန်းဆန်း နည်းစနစ်တွေ သုံးပြန်ပြီလဲမသိဘူး”

မျက်နှာဖုံးတပ်လူအနားက ရစ်သီနေသော ဓားဆန္ဒများကို ကြည့်ပြီး စုရှောင်ရှန် သူဘာလုပ်ဖို့ကြိုးစားနေသလဲ တွေးလိုက်၏။

တကယ်လို့ ဓားထိန်းချုပ်ခြင်းက ဒီ‌လို အံ့ဖွယ်သရဲ အကျိုးသက်ရောက်မှုတို့ကိုပေးတယ်ဆိုရင် ၎င်းကို အသေအချာပြန်လေ့လာဖို့ ဆုံးဖြတ်လိုက်သည်။

အကြီးအကဲစန်းကိုကြည့်ရတာလည်း မျက်နှာဖုံးတပ်လူ အသက်ရှင်ဦးမှာကို မှန်းဆထားသည့်ဟန်ရပေသည်။ ထို့နောက် တစ်ဘက်က စန်ကျောက်ဖုကိုကြည့်လိုက်၏။

တုန်တုန်ရင်ရင်နှင့် ပုံရိပ်တစ်ခုကို လေထဲမှာ မြင်ရသည်။ ခါးကုန်းကုန်းနှင့် စန်ကျောက်ဖု၏ ဆံနွယ်များက ဖြူစွတ်သွားခဲ့၏။ သူ့အသက်စွမ်းအင်များအကုန်လုံးကို သုံးလိုက်ရသဖြင့် အသက်ကြီးလာသည့်ဟန်ပေါက်သည်။

သူ့ပုစိန်ငယ်ကိုကိုင်ထားသော လက်များလည်းတုန်ခါလာခဲ့၏။ သူ့တစ်ကိုယ်လုံးမှာ ခုန်ပေါက်ပြေးနေသော မီးလျှံနျားက ငြိမ်းသက်ဖို့ နည်းလမ်းကို မရှိချေ။

“မင်း-မင်းက ကြမ်းလိုက်တာ”

ဤသို့ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုအောက်၌ နာကျင်ခံစားရပြီးနောက်မှာ ထိုအဖိုးကြီး၏ ဒေါသပါ လောင်ကျွမ်းသွားတာလား စုရှောင်ရှန် တဟားဟားထရယ်လုမတတ် ဖြစ်သွားပေသည်။

စန်ကျောက်ဖုက ဒေါသထွက်နေပေမယ့် ဘာမှ မလုပ်ရဲချေ။ တကယ် မြင်ရခဲသည့် အရာပင်။

အခြားသူများလည်း မှင်တက်နေကြသည်။ သူ၏ ပုစိန်ငယ်လေးနှင့် စန်ကျောက်ဖုက သူတို့အတွက် အိပ်မက်ဆိုးဖြစ်ပါ၏။

ယခုတော့ အကြီးအကဲစန်းနှင့် တိုက်ခိုက်ပြီးနောက်မှာ ဆိုးဆိုးရွားရွားရှုံးနိမ့်သွားသည်သာမက အသက်ပါပိုကြီးသွားလိမ့်မယ်လို့ ထင်မထား‌ကြချေ။

“ကျောက်ဖု သွားမယ်”

မီးလျှံများက မျက်နှာဖုံးတပ်လူကို ဆက်တိုက် လောက်ကျွမ်းနေကြပြီး ဆက်လက် ရစ်သီနေရန် ဆန္ဒမရှိပါတော့ချေ။ သို့ဖြင့် အကြီးအကဲစန်းကို လှည့်ပြီးမေးသည်။

“မင်း ဒေါသပုံချလို့ပြီးပြီလား။ ငါတို့သွားလို့ရပြီလား”

“ရပြီ”

အကြီးအကဲစန်း ‌ခမောက်ကိုကိုင်ထားရင်းက ခေါင်းညိတ်လိုက်ပြီး “ဒါပေမယ့် ဓားတော့ထားခဲ့”

“ဒီဓားကို မထားခဲ့နိုင်ဘူး။ ယူသွားမှ ဖြစ်လိမ့်မယ်။ မဟုတ်ရင် မင်းရဲ့ စိတ်ဝိညာဉ်နန်းတော်ပဲ ပိုပြီး အထိနာရလိမ့်မယ်။ အဲ့တာမှ ခေါင်းဆက်မာနေသေးရင် ညတိုင်း ဒီလို အရာနဲ့ ကြုံတွေချင်လို့လား” မျက်နှာဖုံးတပ်လူက မေးသည်။

အကြီးအကဲစန်းတိတ်ဆိတ်နေ၏။

မျက်နှာဖုံးတပ်လူပြောတာအမှန်ဖြစ်သလို အကြီးအကဲစန်းစိတ်ပူနေဆုံးအရာလည်းဖြစ်ပေသည်။

ကြန်းမြေတစ်ခုလုံးကို သူတို့စိတ်ဝိညာဉ်နန်းတော်က နာမည်ကြီးဓားတစ်လက်ကို အကာအကွယ်ကောင်းကောင်းမပေးနိုင်ဘူးဆိုတဲ့ သတင်းက မွှေးနေ၏။ ထိုဓားကြောင့် တစ်နေ့ သူတို့ ပျက်သုဉ်းရပေမည်။

အကြီးအကဲစန်း အတွေးနက်နေသည့်အချိန်မှာ ၀န်းကျင်က တိတ်ဆိတ်သွားခဲ့ပြီး စုရှောင်ရှန် အကြီးအကဲကျောက်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။

“သူတို့တစ်ယောက်နဲ့တစ်ယောက်သိကြတာလား”

သူတို့အကြားက လေယူလေသိမ်းက ရန်သူနှစ်ယောက်နှင့်တူမနေဘဲ ရင်းနှီးသော သူများအလားပင်။

ထိုကြမ္မာငင်သည့်ညကလဲ အကြီးအကဲစန်းက ပေါ်လာပြီးနောက်မှာ မျက်နှာဖုံးတပ်လူနှင့် မတိုက်ခိုက်ခဲ့ပါလား။

ဘာကိုဆိုလိုတာလဲ။

“သူတို့နှစ်ယောက် ရင်းနှီးတယ်မလား”

စုရှောင်ရှန်၏ ခေါင်းကို ချက်ခြင်းထုလိုက်ပြီး ဘေးနားက ကျန်းပင်းယန်ကိုလှည့်ကြည့်ကာ အကြီးအကဲကျောက် တုန့်ဆိုင်းသွားသည်။

ကျန်းပင်းယန် နောက်ဆုံးတော့ ထိုခြိမ်းခြောက်မှုကို အတည်မှတ်ယူချေပြီ။ သူမြင်ရသလောက်ကတော့ သူတော်စင်အစေအပါးက အမြစ်ဖြတ် သုတ်သင်ကို သုတ်သင်ရမည့် အဖွဲ့အစည်းဖြစ်၏။ သို့ပေမယ့် အကြီးအကဲစန်းက ဒီလူတွေနဲ့သိတယ်တဲ့လား။

“သူတို့နှစ်ယောက်ရင်းနှီးကြတယ်”

ဘေးတစ်ဘက်က ရှောင်ချိစွေက ကြား၀င်ဖြတ်ပြောသည်။

သူတို့အနားမှာ လူငယ်တွေရှိနေမှတော့လည်း ကိစ္စဝိစ္စတွေကို ယခုရှင်းပြထားတော့ မြင့်မြတ်နတ်ဘုရားနန်းတော််ကိုရောက်မှာ ရှင်းပြစရာမလိုတော့ဘူးပေါ့။

“ငါသိသလောက်တော့ ဒီနှစ်ယောက်က မင်းပြောသလိုပဲ ခင်တာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကပဲ…”

ရှောင်ချိစွေက ထို့နောက် စုရှောင်ရှန်ကို တည့်တည့်ကြည့်ကာ “ဒါပေမယ့် သူတို့ နှစ်ယောက် အမြင်မတူလို့ ကိုယ့်လမ်းကို ‌လျှောက်ကြတယ်ဆိုပါတော့”

“ဒါလေးနဲ့ ကျုပ်တို့က သူတို့ကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်တော့မှာပေါ့” စုရှောင်ရှန်မေးသည်။

စုရှောင်ရှန်များ တမင်တကာပြောသလား ရှောင်ချိစွေ မှင်တက်သွား၏။

ယခု အပြင်လူတွေရှိတာမသိဘူးလား။ မေးခွန်းတွေ နောက်မှမေးလို့မရဘူးလား။

“မဟုတ်လည်း ရွေးချယ်စရာရှိမယ်ထင်လို့လား”

ရုတ်တရက် ရဲ့ရှောင်ထျန်းပါ ၀င်ပြောသည်။ “မျက်နှာဖုံးတပ်လူက ထွက်သွားဖို့ လောနေလို့ စန်ကျောက်ဖုက သူ့ခွန်အားအမှန်ကို ချမပြသေးတာသိသာတယ်။ သူတို့သာချကြမယ်ဆိုရင် အခြေအနေက ရုံးရင်းဆန်ခတ်နဲ့ အာရုံတွေကို ‌ဆွဲဆောင်မှာပဲ” ရဲ့ရှောင်ထျန်း ကျန်းပင်းယန်ကို ဘု ကြည့်ကြည့်လိုက်၏။

ဒီကောင်က တကယ် အနာကိုဆားနဲ့လာလူးနေတဲ့အတွက် ကျန်းပင်းယန် မဲ့ရွဲ့သွားရသည်။

ဒါပေါ့ သူတို့ စိတ်ဝိညာဉ်နန်းတော်ကို ကူညီဖို့ လူအများကြီးခေါ်မလာမိတာကို ထား။ ရဲ့ရှောင်ထျန်းဒီလိုကြီး အငြိုးတော့ထားမနေသင့်ဘူးမလား

သို့သော် ရဲ့ရှောင်ထျန်း၏ တကယ့် ဆိုလိုရင်းကိုလည်း သူသဘောပေါက်သည်။

ဧရာဇ်နယ်ပယ်အကြားက တိုက်ပွဲတွေက ရောက်ရက်ခက် ပြင်းထန်ပေလိမ့်မည်။ အကြီးအကဲစန်းက ထိုနှစ်ယောက်နှင့် ဆက်လက်တိုက်ခိုက်နေလျှင် မကြာခင် မြင့်မြတ်နတ်ဘုရားနန်းတော်က အဖြူ၀တ်လူများရောက်လာပေတော့မည်။

ထိုအခါ သူတော်စင်အစေအပါးတို့အတွက် ထွက်ပြေးရန် ခဲယဉ်းသွားမည်ဖြစ်ပေ၏။

အသူတော်စင်အစေအပါးများကလည်း ငတုံးများမဟုတ်ရာ ထိုသို့အဖြစ်ခံလိမ့်မလား။

ကျန်းပင်းယန် ခါးသီးစွာပြုံးလိုက်သည်။ စိတ်ဝိညာဉ်နန်းတော်က အကူအညီတောင်းစာကို ထိုစဉ်က အလေးထားခဲ့ပါက အခြေအနေက ယခုဆို ကွဲပြားနေလိမ့်မည်။

“တကယ် နှမျောစရာပဲ”

အပိုင်း (၂၁၂) ၀မ်မင် ငါနဲ့ လိုက်ခဲ့

ညှိုးနွမ်းနေသော ကြက်သွေးရောင်ပန်းများအကြားရှိ အိပ်ပျက်ကလေးတွင်…။

စုရှင်းရှင်းက နာကျင်နေသော မျက်နှာထားဖြင့် အရှိန်အဝါ ပြန်တည်ငြိမ်သွားပြီဖြစ်သော ယောင်ယင်ယင်ကို ဖက်ထား၏။

သူမ၏ မျက်၀န်းများက ကောင်းကင်ပေါ်က မျက်နှာဖုံးတပ်လူကိုင်ထားသည့် ဓားကို တောင့်တစွာကြည့်လိုက်သည်။

ထိုနာမည်ကြီးဓားကြောင့်ပဲ သူမချစ်တဲ့သူ တစ်ယောက်ပြီးတစ်‌ယောက် သေဆုံးခဲ့ရကာ သူမ၏ မိသားစုကလေးပျက်ဆီးသွားရမည့်‌အရေးကို မလိုလား၍ စုရှင်းရှင်းအိမ်ကထွက်ခဲ့သည်။

ယခုတော့ သူမ၏ ဆရာတောင် အသတ်ခံရလုနီးပါးဖြစ်သွား၏။ အကြီးအကဲ‌စန်းကြောင့်သာမဟုတ်ရင် ရှောင်ချိစွေ ဇီဝိန်ချုပ်သွားလောက်ပြီ။

စုရှင်းရှင်း လက်သီးကလေးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ ထိုဓားကို သူမ စွန့်လွှတ်ချင်ပါသော်လည်း မလုပ်နိုင်ပေ။

ထိုမျက်နှာဖုံးတပ်လူ၏ စကားကြောင့် သူမ၏ အဖိုးပြောခဲ့သည့် နာမည်ကြီးဓားကိုကိုင်ဆောင်သူက ဤသို့ ကြမ္မာမျိုးဖြင့် ကြုံကြိုက်ရမည် ဟူသော အဆိုကိုသွားမြင်ယောင်မိသည်။

“ဖိုးဖိုး” စုရှင်းရှင်း ၀မ်းနည်းစွာ တီးတိုးရွတ်ဆိုလိုက်၏။

သူမ၏ အတွေးများက သူ၏ အဖေ၊ မိသားစု အကြောင်းတို့ဖြင့်ရောက်ရက်ခက်နေပြီး မျက်နှာဖုံးတပ်လူ ဓားကို ယူသွားတုန်းက ပြောသည်ကို မြင်ယောင်မိသွားသည်။

“ငါပဲမှားနေတာလား” စုရှင်းရှင်းကိုယ့်ကိုယ်ကိုယ် မေးလိုက်သည်။

သူမ၏ မျက်တောင်များပုတ်ခတ်သွားကာ မျက်ရည်စက်တစ်စက်က ပိုက်‌ပွေ့ထားသော ယောင်ယင်ယင်၏ မျက်နှာထက်သို့ကျသွားလေသည်။ ထိုမှ တဖြည်းဖြည်းလှိမ့်ဆင်းကာ သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးထဲ၀င်သွား၏။

ယောင်ယင်ယင်၏ မျက်လုံးများပွင့်လာခဲ့ပြီး စုရှင်းရှင်း၏ မျက်နှာလေးကို အားအင်ချိနဲ့စွာ ကိုင်လိုက်သည်။

ထို့နောက် ကလေးမလေး၏ နဖူးပေါ်က သွေးစက်များကို သုတ်ပေးလိုက်ပြီး အားအင်ချိနဲ့ပေမယ့် ခိုင်မာသော လေသံဖြင့်ဆို၏။

“စတေးတယ်ဆိုတာ ကာကွယ်ပေးဖို့ ရွေးချယ်လိုက်တဲ့ သူတွေရဲ့ လမ်းစဉ်ပဲ။ ဒီလိုလူတွေရဲ့ နှလုံးသားက ကြီးမြတ်တယ်။ ဒါကြောင့် သူတို့ရဲ့ စတေးမှုကို အလဟသတ်မဖြစ်သွားပါစေနဲ့။ သူတို့ရဲ့ မျှော်လင့်ချက်အတိုင်း နေထိုင်ရမယ်နော်”

စုရှင်းရှင်း ခေါင်းလေးကို အသာရမ်းလိုက်သည်။

“လာပါကွယ်။ ရတယ် မမရှိတယ် ဖွင့်ချလိုက်ပါ” ယောင်ယင်ယင်က ဆိုသည်။

စု‌ရှင်းရှင်း တင်းခံထားမနိုင်တော့ဘဲ ရှိုက်ငင်သံများများထွက်လာရင်းက ဆိုသည်။ “ဓားက ညီမဆိုမှာရှိတာလေ။ ဘာလို့ ညီရဲ့ မိသားစုကိုပဲ ဒုက္ခသွားပေးနေကြရတာလဲ”

ယောင်ယင်ယင် ထလာပြီး စုရှင်းရှင်း၏ ခေါင်းကလေးကို ပိုက်လိုက်၏။ ထို့နောက် မျက်နှာဖုံးခွာချကာ ခံစားချက်အစစ်အမှန်တွေကို ထုတ်ဖော်ပြသနေသော ကလေးမလေးကို သနားညှင်တာစွာကြည့်လိုက်သည်။

“သူတို့လည်း ရွေးချယ်စရာမရှိခဲ့လို့နေမှာပါ”

“အဲ့ဒီဓားကိုမုန်းတယ်။ အဲ့ဒီဓားကို လိုချင်နေတဲ့ သူတွေအားလုံးကို မုန်းတယ်”

ယောင်ယင်ယင်၏ ရင်ခွင်ထဲမှာ စုရှင်းရှင်း ရှိုက်ကြီးတငင် ငိုတော့၏။

စာနာနားလည်စွာ ထိုကလေးမလေး၏ ပုခုံများကို ယောင်ယင်ယင် ပုတ်ပေးလိုက်သည်။ သူမ၏ လက်များကိုဖွင့်ကြည့်‌လိုက်သောအခါ ခြောက်ကပ်နေပြီဖြစ်သော သွေးများကိုတွေ့ရလေသည်။

ထိုသွေးများက လရောင်အောက်မှာ ပုံရိပ်လေးတစ်ခုကိုဖော်ပေးသည်။ ထိုပုံရိပ်က သံကြိုးများဖြင့် စည်းနှောင်ခြင်းခံထားရပြီး ဒူးပိုက်ကာ ငိုယို‌ နေသည့် အနီ၀တ်မိန်းကလေးတစ်ယောက်ဖြစ်၏။

ယောင်ယင်ယင် တိတ်တခိုးသက်ပြင်းချလိုက်ကာ စိတ်ဝိညာဉ်အနှစ်များဖြင့် ထိုသွေးများကိုသုတ်ပစ်လိုက်၏။

ထို့နောက် ကလေးမလေး၏ ဆံနွယ်များအကြား ပွတ်သပ်ပေးရင်းဆိုသည်။ “ငိုချင်သလောက်ငိုလိုက်။ စိတ်ထဲရှိသမျှအကုန်ထုတ်ပစ်လိုက်။ တစ်ခါတစ်လေမှာ ကံကြမ္မာကြီးက ရက်စက်တယ်။ ကိုယ်ကိုယ်တိုင်က မှားနေတာမဟုတ်ဘူး”

ဘုန်းးး…။

နှင်းမြို့တော်၏ အလွမ်းက မျက်နှာဖုံးတပ်လူ၏ လက်ထဲ၌ တုန်ခါလာခဲ့၏။ ထိုအခိုက်မှာ ဓားသမားတိုင်း ၎င်း၏ ‌ဆွေးမြေ့တမ်းတမှုကို ခံစားနိုင်ပေသည်။

ထိုဓားမှ သွေးတစ်စက် ဓားသွားတစ်လျှောက်လုံး ယိုစီးသွားပြီး ဓားထိပ်မှ ကျသွားခဲ့သည်။

ဓားကိုယ်၌က အပြင်းအထန် မျက်နှာဖုံးတပ်လူ၏ လက်ထဲက ရုန်းကန်ထွက်ပြီး ထိုသွေးစက်လိုက်ဖမ်းရန်ကြိုးစားတော့၏။

ရွှစ်…။

သို့ပေမယ့် မျက်နှာဖုံးတပ်လူက ချက်ခြင်း ဧရာမဓားကြီးကို ဆတ်ကတည်း ပြန်ဆွဲကိုင်လိုက်သည်။

ဓားသွားတစ်လျှောက်ကို လက်ချောင်းများဖြင့် ပွတ်သပ်လိုက်တဲ့ခဏအကြာမှာ ဓားက ပြန်၍ ငြိမ်ကျသွားခဲ့၏။

ရှောင်ချိစွေ၏ မျက်၀န်းထဲက အလင်းများလည်း မှိန်ကျသွားခဲ့သည်။

အဆုံးတော့လဲ သူ့တပြည့် တန်ဖိုးအထားရဆုံးအရာကို မကာကွယ်နိုင်ခဲ့ပေါချ။ ယခုတော့ ဓားတစ်လက်ဆိုစေဦး။ အနာဂါတ်မှာ ဘာဖြစ်လာလိမ့်မလဲ။

“ငါ တကယ် ညံ့လွန်းတယ်”

အကြီးအကဲကျောက် ရှောင်ချိစွေ၏ ပုံးပေါ်လက်တင်လိုက်သည်။ ထိုအချိန်မှာ တိတ်ဆိတ်ခြင်းက သူ့အတွက် အကောင်းဆုံး နှစ်သိမ့်မှုဖြစ်၏။

စုရှောင်ရှန်လည်း အကြားအမြင်ကနေ ဘာဖြစ်နေသလဲဆိုတာ သိရတဲ့အခါ စိတ်မကောင်းစွာ သက်ပြင်းချလိုက်သည်။

တစ်ခါတစ်ရံကြတော့ လူတွေက သူတို့လိုတာထက်ပိုပြီး တွန်းအားပေးဖို့လိုကြပါလား။

“ကြည့်ရတာ မင်းစီက အဖြေမလိုတော့ဘူးထင်ပါတယ်။ ဓားသခင်ကိုယ်တောင်ကတောင် ဆုံးဖြတ်ချက် ချလိုက်ပြီးပြီပဲ” မျက်နှာဖုံးတပ်လူက ဝါးလုံးကွဲရယ်သည်။

“ဟီဟီး ဟီဟီး” စန်ကျောက်ဖုလည်း နောက်ကလိုက်ရယ်လိုက်သည်။

ဒီနှစ် ယောက်ရဲ့ မျက်နှာတွေကို ကြည့်‌ လေလေ ဒေါသထွက်လာရ လေဖြစ်ကာ အကြီးအကဲစန်း၏ နှုတ်ခမ်းများ လှုပ်သွားပြီး လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်သည်။

ဘုန်း…။ ဘုန်း…။

သူတို့နှစ်ယောက်၏ ကိုယ်ပေါ်မှာ တောက်လောင်နေသေးသည့် မီးလျှံများ ပေါက်ကွဲထွက်သွားပြီး သွေးများ ဖြန်းပက်ထွက်စေလိုက်၏။

“အဟွတ် အဟွတ်”

မျက်နှာဖုံးတပ်လူ ဒဏ်ရာချက်ခြင်းရသွားသဖြင့် ဓားဆန္ဒကိုပြန်လည် ထုတ်ဖော်ပြီး အကောင်းအတိုင်းဖြစ်အောင်ပြင်လိုက်ရသည်။

“ဖွီးးး” စန်ကျောက်ဖုလည်း သွေးတစ်လုတ်အန်ထုတ်လိုက်ရကာ အကြီးအကဲစန်းကို ဒေါသမျက်လုံးများဖြင့်ကြည့်လိုက်၏။ “မင်း…”

“ကျောက်ဖု”

မျက်နှာဖုံးတပ်လူ ချက်ခြင်း ‌စန်ကျောက်ဖုကို ကြား၀င်ဖြတ်လိုက်သည်။ ထိုအဖိုးကြီးနှစ်ဦး ထပ်မံ၍ တိုက်ခိုက်ကြမည်ကို စိုးရွံ့မိပါသည်။ ထိုသို့ဆိုပါက သူတို့ ထွက်ပြေးဖို့ အခွင့်အရေး ရမည်မဟုတ်တော့ပေ။

“မင်းတို့နှစ်ယောက်စလုံး ထွက်သွားကြစမ်း” အကြီးအကဲစန်း နှင်ထုတ်လိုက်သည်။

သူတော်စင် အစေအပါးတို့က စိတ်ဝိညာဉ်နန်းတော်ကို သူတို့ပိုင်တယ်များထင်ပြီး ဒုတိယအကြိမ်လာရောက် တိုက်ခိုက်ကြ၏။ လာလိုက် ထွက်လိုက်နဲ့ လုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်နေတာလား။

အင်း… လုပ်ချင်းတိုင်းတော့ လုပ်သွားကြ၏။

ရဲ့ရှောင်ထျန်းကိုလည်း မချန် အကြီးအကဲစန်း စူးစူးရှရှ စိုက်ကြည့်လိုက်သည်။

သူ့ကို ရဲ့ရှောင်ထျန်းက အကူအညီတောင်းပေးမယ်ပြောထားတယ်မလား။ လာတဲ့အကူအညီကလည်း အလကား ဖွတ်ချီး။

မြင့်မြတ်နတ်ဘုရားနန်းတော်က သူတို့အကူအညီတောင်းစာကို အပမလုပ်မည် မထင်၍ ရဲ့ရှောင်ထျန်း၏ မျက်နှာထက်၌ ရိုးသားသော အကြည့်လေးရှိနေသည်။ ထို့နောက် သူက ကျန်းပင်းယန်ကို စူးစူးရှရှ ပြန်စိုက်ကြည့်လိုက်၏။

သူ့အကြည့်များက ဘယ်လို ငဖျင်း တွေလဲလို့ ပြောနေသယောင်ယောင်…။

ကျန်းပင်းယန် စွံ့အသွားရတော့သည်။

“သွားစို့”

သူအသက်ကြီးလာတာကို ဂရုစိုက်ဟန်မရသော စန်ကျောက်ဖုက ပုစိန်ကို လွှဲရမ်းလိုက်ရာ‌ ကောင်းကင်တွင်ကြီးမားသော အစီအရင်ကြီးပေါ်လာခဲ့သည်။

ထိုအစီအရင်အတွင်းမှ ဧရာမ စုတ်ချက်များကြောင့် အကြီးအကဲကျောက် အလန့်တကြားထခုန်မတတ်ဖြစ်သွား၏။

“နေဦး” မျက်နှာဖုံးတပ်လူ ပြောသည်။

“လုပ်စရာ တစ်ခု ကျန်သေးတယ်”

“ဘာလဲ” စန်ကျောက်ဖု လည်ပြန်ကြည့်ပြီး မေးလိုက်သည်။

မျက်နှာဖုံးတပ်လူက ထိုနေရာရှိ တစ်ဦးတည်းသော အသက်ငယ်ငယ် ကောင်လေးကို ကြည့်နေ၏။

“၀မ်မင် ငါနဲ့လိုက်ခဲ့”

လူတိုင်းအံ့အားသင့်သွားကြပြီး စုရှောင်ရှန်တောင် ဘာဖြစ်နေသလဲ အတန်ကြာပြီးမှ သိရသည်။

လခွမ်း။ မျက်နှာဖုံးတပ်လူက အဆုံးမှာတောင် သူ့ကို အလွတ်မပေးချင်ဘူးလား။

စုရှောင်ရှန် ချက်ခြင်းပဲ ဧကရာဇ်နယ်ပယ်ကျင့်ကြံသူလေးဦး၏ နောက်ကို ပြေးသွားလိုက်ပြီးမှ စိတ်သက်သာရာရသွားသည်။

“၀မ်မင်။ ဘယ်သူက ၀မ်မင်လဲ” ဘေးပတ်လည်ကို မျက်စိကစားပြီး စုရှောင်ရှန် မသိသလိုမေးလိုက်သည်။

မျက်နှာဖုံးတပ်လူ စွံ့အသွားရ၏။

“မင်းက ဒီဖြူကောင်ကို ငါတို့နဲ့ ခေါ်သွားမလို့လား” အံ့ဩတုန်လှုပ်သွားသော စန်ကျောက်ဖုကလည်း မေးသည်။

သူတော်စင်အစေအပါးကတောင် အာရုံစိုက်ရတဲ့အတွက် ဒီကလေးနှင့်ပတ်သက်ပြီး ဘာထူးဆန်းနေလို့လဲဟု ကျန်းပင်းယန် အလန့်တကြားလှည့်ကြည့်လိုက်၏။

တိုက်ပွဲကို တစ်ချိန်လုံး ရပ်‌ကြည့်နေရဲလို့များလား။

အကြီးအကဲစန်း၏ မျက်နှာ နက်မှောင်လာခဲ့သည်။ မျက်နှာဖုံးတပ်လူက ဘယ်၀မ်မင်ကို ပြောနေသလဲ သူသိပေမယ့် ၀င်ရောက်နှောက်ယှက်ခြင်းမပြုလိုသည့်အလား တိတ်တဆိတ်သာနေလိုက်၏။

စုရှောင်ရှန်လည်း ထိုအချင်းအရာကြောင့် ရင်ဖိုသွားရသည်။ ပြီးခဲ့တဲ့တစ်ခေါက်ကတောင် အကြီးအကဲစန်းက အစိုးရိမ်လွန်နေသေးသည်မဟုတ်ပါလား။ ခုကြတော့ ဘာလို့တိတ်ဆိတ်နေတာလဲ။

အကြီးအကဲစန်းများ သူ့ကို ဂရုမစိုက်တော့တာလားဟု စုရှောင်ရှန် အတွေး၀င်သွား၏။

ဟက် ယောက်ျားတွေများ။

မျက်နှာဖုံးတပ်လူ၏ အကြည့်များက စုရှောင်ရှန်အပေါ်မှာသာရှိနေပြီး အနားမှာ ဘယ်သူမှ မရှိသလို ပြောလိုက်သည်။ “ကောင်လေး။ မင်းသာ ဆန္ဒရှိမယ်‌ဆိုရင် ငါဒီကနေ ခေါ်သွားပေးနိုင်တယ်”

“မရှိဘူး။ ဘယ်မှမသွားဘူး” စုရှောင်ရှန် တုံ့ဆိုင်းခြင်းအလျင်းမရှိ ငြင်းဆိုလိုက်သည်။

“…”

“စဉ်းစားပါဦး” မျက်နှာဖုံးတပ်လူက ချော့မော့ပြောဆိုလိုက်သည်။

“မလိုက်ဘူး” စုရှောင်ရှန်က ခတ်ဆတ်ဆတ်ပြန်ပြောသည်။

ဘာကိုစဉ်းစားနေဖို့လိုသေးလို့လဲ။ အများက မကောင်းဘူးလို့သတ်မှတ်ထားတဲ့ အဖွဲ့အစည်းထဲကို သူက ၀င်ရမတဲ့လား။ အမြစ်ဖြတ်သုတ်သင်ခံရရင် ဘယ်လိုလုပ်မတုန်း။

စုရှောင်ရှန် တွေဝေမနေပါချေ။ ရွေးချယ်ခွင့်မရှိသည့် သူများသာ ဤသို့ ကမ်းလှမ်းမှုကိုလက်ခံလိမ့်မည်။ ဒါ့အပြင်ကို အများ၏ ရန်သူလည်း ဖြစ်မလာချင်သေးပါ။

: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

မျက်နှာဖုံးတပ်လူ ဘာလုပ်နိုင်လဲ မြင်ပြီးတာတောင် ယခုလို ပြန်ခံပြောရဲသည့် စုရှောင်ရှန်၏ သတ္တိကို ကျန်းပင်းယန်လေးစားသွားခဲ့သည်။

ထိုစကားဖလှယ်မှုပြီးနောက်မှာ စန်ကျောက်ဖုလည်း အံ့အားသင့်သွား၏။

“ကောင်လေး။ ငါတွေ့ဖူးတဲ့ လူငယ်တွေထဲမှာ မင်းက ချွင်းချက်မရှိ သတ္တိရှိဆုံးဖြူကောင်ပဲ။ အထင်မကြီးဘဲကို မနေနိုင်တော့တာ”

စုရှောင်ရှန် ဘာမှ ပြန်မပြောပါချေ။

သူနှင့် ရင်းနှီးသည့် လူတိုင်းက သူ့ပြုမူပုံကိုသိကြပေသည်။ မျက်နှာဖုံးတပ်လူတောင်မှ စုရှောင်ရှန် စကားပြောဆိုပုံနှင့် နေသားကျနေပြီဖြစ်၏။

“ဘာလို့ မလိုက်ချင်တာလဲ”

ဧရာမ ဓားကြီးပေါ်မှာ သူ့လက်များကို ကစားလိုက်ရင်း မျက်နှာဖုံးတပ်လူ စုရှောင်ရှန်ကို ဖိအားပိုပေးလိုက်သည်။

စုရှောင်ရှန်က ထိုအရာကို မခံစားမိသည့်အလား ထူးမခြားနားဖြေလိုက်၏။ “ကျုပ်စိတ်ဝိညာဉ်နန်းတော်ထဲမှာ ပျော်နေတာ ခင်ဗျားနဲ့ ဘာလို့မလိုက်ချင်ရတာလဲဟုတ်လား။ ကိုယ့်ကိုယ်မေးကြည့်ပေါ့ ဘာလို့လဲလို့”

စုရှောင်ရှန်၏ အပြုအမူများနှင့်ရင်းနှီးတာတောင် သူက လျှာစောင်းထက်လှသဖြင့် မျက်နှာဖုံးတပ်နှင့်လူ ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။

“ဒီမှာဆက်နေနေရင် မင်းရဲ့ ပါရမီက အလကားပဲ။ ငါနဲ့လိုက်ခဲ့။ မင်းအိပ်မက်သာ မက်ရဲလောက်တဲ့ ဓားလမ်းစဉ် တွေအားလုံး ဘာလဲဆိုတာ ငါပြပေးမယ်”

“ဓားလမ်းတွေအားလုံး ဟုတ်လား”

မျက်နှာဖုံးတပ်နှင့်လူက ကြွားဝါနေတာဟု တွေးထင်ပြီး စုရှောင်ရှန် မျက်ခုံးပင့်လိုက်သည်။ သူ့စိတ်ထဲထိုစဉ် အကြံတစ်ခု၀င်လာခဲ့၏။

“တောင်းပန်ပါတယ်။ ကျုပ်ရဲ့ ဓားလမ်းစဉ်က သူများတွေစီက သင်ယူမှုကို မလိုအပ်ဘူး” စုရှောင်ရှန် ခပ်ပြတ်ပြတ်ပြောလိုက်သည်။

အပိုင်း (၂၁၃) လေပေါခြင်း

စုရှောင်ရှန်၏ ပြုံးစိပြုံးစိနှင့် မှတ်ချက်ပြီးနောက်မှာ လူတိုင်း ငြိမ်သက်သွားကြသည်။

သူ့လေယူလေသိမ်းမှ ယုံကြည်ချက်ကို သူတို့ခံစားရပါ၏။ ဒီကောင်လေးက သူအနာဂါတ်မှာလျှောက်မည့်လမ်း‌စဉ်ကိုတောင် ရွေးချယ်ပြီးထားဟန်ရပေသည်။

“ငါနားကြားများမှားနေတာလား”

ရှောင်ချိစွေ မယုံကြည်နိုင်စွာ စုရှောင်ရှန်နှင့် မျက်နှာဖုံးတပ်လူအကြားကိုကြည့်လိုက်သည်။ သူသာငယ်ရွယ်နေသေးရင် စုရှောင်ရှန်လို အကြီးကို ပြန်မပြောရဲမလား ဘာလား စဉ်းစားလိုက်သည်။

အကြီးအကဲစန်း၏ နှုတ်ခမ်းများကွေးတက်သွား၏။ ဘယ်သူမှ စုရှောင်ရှန်ကို မယုံရင်တောင် သူကတော့ယုံပါသည်။

ဒါကြောင့်လည်း စုရှောင်ရှန်ကို သဘောကျရခြင်းဖြစ်သည်။ ပျော်ပျော်နေသေခဲ စိတ်နေစိတ်ထားကို လှစ်ဟာပြသထားပေမယ့် စိတ်အတွင်းအနက်ရှိုင်းဆုံထဲမှာတော့ ကြီးမားသော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိ၏။

ထိုသို့ယုံကြည်ချက်က သူ့ထက် မဆိုစလောက်လေးသာ သေးငယ်သည်။

လူတိုင်း အံ့အားသင့်သွားကြရပြီး ကျန်းပင်းယန်တောင် စုရှောင်ရှန်ကိုကြည့်နေတဲ့အကြည့်များပြောင်းလဲသွားခဲ့၏။

နာမည်ကြီးဓားတစ်ချောင်းကို ကိုင်ထားသည့် သူတော်စင်အစေအပါးကို ဤသို့ လေသံမျိုးဖြင့် ပြောဆိုဆက်ဆံရဲတာက လွယ်ကူတဲ့ အလုပ်တစ်ခုတော့မဟုတ်ချေ။ စုရှောင်ရှန်က ထူးခြား၏။

“မင်းရှေ့မှာ ရပ်နေတာ ဘယ်သူလဲ သိရဲ့လား” စန်ကျောက်ဖုမေးသည်။

စိတ်ဝိညာဉ်နန်းတော်ကလူများနှင့်မတူဘဲ စန်ကျောက်ဖုကတော့ စုရှောင်ရှန်၏ စကားကြောင့် ရယ်ချင်သွားခဲ့သည်။

“အို ဘယ်သူတုန်း”

၎င်းက သူ့ကိုလည်း‌ ခေါင်းစားနေစေခဲ့တာကြာပြီဖြစ်ရာ စုရှောင်ရှန်မေးလိုက်သည်။ မျက်နှာဖုံးတပ်လူ ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်းပြောစေဖို့ ဆုတောင်းဖြစ်လိုက်၏။

“သူက…”

မျက်နှာဖုံးတပ်လူက စန်ကျောက်ဖုကို လက်ပြပြီး တားလိုက်သည်။

ယခု ဤနေရာမှာ အပြင်လူတစ်ယောက်ရှိနေရာ သူ့သရုပ်မှန်ကို မဖော်ချင်ပါချေ။

ယခုတော့ စုရှောင်ရှန်ဖော်ပြတဲ့ ယုံကြည်မှုကြောင့် မျက်နှာဖုံးတပ်လူပို၍ သဘောကျသွားခဲ့သည်။ စုရှောင်ရှန်က တကယ် ထူးခြားပေသည်။

“မင်းလျှိုရွှမ်ရှင်းကို တွေ့ပြီးလောက်ရောပေါ့။ ငါနဲ့လိုက်ခဲ့ ဒီလို ပါရမီရှင်တွေ မြောက်များစွာတွေ့ရလိမ့်မယ်” မျက်နှာဖုံးတပ်လူက အလျော့မပေးဘဲ စုရှောင်ရှန်ကို ဆက်လက်တိုက်တွန်းနေသည်။

“မျက်ကန်းလား” စုရှောင်ရှန်မေးလိုက်ပြီး ရပ်တန့်သွားသည်။ အတန်ကြာမှာ “သူအသက်ရှင်နေသေးတယ်ပေါ့”

အရှင်သခင်နယ်ပယ်ဓားသမားသာဖြစ်၍ ရဲ့ရှောင်ထျန်း၏ ဗလာနယ်ပယ်နှောက်ယှက်မှုကြောင့် လျှိုရွှမ်ရှင်း အသက်ရှင်ဦးမယ်လို့ မထင်ထားပါချေ။

မျက်နှာဖုံးတပ်လူလည်း အံ့အားသင့်အပြီးမှာ ဘာမှ ပြန်မပြောရသေးခင် စုရှောင်ရှန်ကပဲဆက်လိုက်သည်။

“သူအသက်ရှင်နေသေးတယ်ဆိုရင်လည်း စိတ်ကို ကျင့်ထားဖို့ပြောပေးပါဦး။ ခုက ဒေါသထွက်လွယ်ပြီး စိုက်လိုက်မာန်ပါလုပ်လွန်းတယ်”

ရဲ့ရှောင်ထျန်း ပြုံးပြုံးကြီးဖြစ်သွားသည်။ စုရှောင်ရှန်၏ စကားပြီးနောက်မှာ သူသူတော်စင်အစေအပါးနှစ်ယောက်ရဲ့ မျက်နှာထားကိုတောင် မှန်းဆနိုင်၏။

ထင်တဲ့အတိုင်း ထိုစကားကြောင့် လေထဲက စန်ကျောက်ဖု ယိုင်တိုင်တိုင်ဖြစ်သွားသည်။

ထိုမျက်ကန်းက သူ့ကို စီနီယာဟု ခေါ်သော်လည်း အဆက်အဆံပြုခဲ၏။ ဒါတောင် မျက်ကန်းက သူသိသမျှ လူငယ်တွေထဲမှာ အတည်ငြိမ်‌ဆုံးဖြစ်မည်။

စိတ်လိုက်မာန်ပါလုပ်တယ်တဲ့လား။

နောက်နေတာဖြစ်ရမယ်။

မျက်နှာဖုံးတပ်လူလည်း ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားချေသည်။

ကြည့်ရတာ စုရှောင်ရှန်နှင့် လျှိုရွှမ်ရှင်းတို့‌တွေ့ဖူးရုံသာမက တိုက်တောင်တိုက်ခိုက်ဖူးကြချေသည်။

“စိတ်လောတယ်ပေါ့လေ။ ဟက်”

မျက်နှာဖုံးတပ်လူ တီးတိုး ရေရွတ်‌နေပြီး စုရှောင်ရှန်ကို စိတ်ပြောင်းစေနိုင်လောက်မယ့် စကားတစ်ခုခုကို ရှာလိုက်သည်။ သို့သော် အချည်းနှီးသာ။

“ငါမင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်”

မျက်နှာဖုံးတပ်လူက ပင့်သက်ရှိုက်လိုက်ပြီး အလေးအနက်ဆိုသည်။ “ငါနဲ့လိုက်ခဲ့။ မင်းတစ်နှစ်အတွင်း အရှင်သခင်နယ်ပယ်ဓားသမားတစ်ယောက်ဖြစ်လာစေရမယ်လို့ ကတိပေးတယ်”

ဟူးးးး…။

ထိုအဆိုပြုချက်ကြောင့် လူတိုင်း မှင်တက်သွားကြ၏။

အရှင်သခင်နယ်ပယ်ဓားသမား။

တစ်နှစ်အတွင်းတဲ့။

ထိုအရာထက် ဆွဲဆောင်ဖွယ်ရာမရှိတော့ပါလား။

ဓားဆန္ဒကို လေ့ကျင့်ခြင်းဆိုတာ ကိုယ်တိုင်ကြိုးစားအားထုတ်မှုအပေါ်မှာသာ မူတည်ပြီး ကံကောင်းရုံနှင့်မရတာ လူတိုင်းသိသည်။

ဤသို့ ‌မက်လုံးထုတ်ရဲသည့် မျက်နှာဖုံးတပ်လူက ဘယ်လောက် သန်မာသလဲသိနိုင်၏။ ရှောင်ချိစွေလည်း ကြက်သေသေသွားခဲ့သည်။

သူတောင် ဒီလို ကတိမျိုးမပေးရဲချေ။ သူကိုယ်၌က အကုန် အစက ပြန်စရင်တောင် မျက်နှာဖုံးတပ်လူ ပြောသလို မလုပ်နိုင်မှာသိသည်။

“တစ်နှစ်ဟုတ်လား”

စုရှောင်ရှန်ခေါင်းကိုငုံ့လိုက်ပြီး ရေရွတ်နေတာ လူတိုင်းတွေ့လိုက်ရသည်။

သူစိတ်၀င်စားသွားတာလား။

စုရှောင်ရှန် သူ့မှာ ပင်ကိုယ်မှတ် (၅၀၀၀၀) ရဖို့ တစ်နှစ်လောက်မလိုမှာကိုသိပေသည်။ ဒါဆိုဘာလို့ ဦးနှောက်သွားအခြောက်ခံမလဲ။ တစ်လလောက်အတွင်း ထိုပမာဏကို စုစည်းနိုင်ပြီး ရွှစ်ကတည်း ဓားထိပ်သီးကို အရှင်သခင်နယ်ပယ် ရောက်သွားအောင်လုပ်နိုင်ပေသည်။

“တစ်နှစ်က ကြာလွန်းတယ်”

စုရှောင်ရှန် ခေါင်းကိုခါရမ်း၍ ပြောလိုက်၏။ လူတိုင်း ထိုစကားကြောင့် ငိုရမလားရယ်ရမလားမသိ သူ့ကို ငူငူကြီးဝိုင်းကြည့်လိုက်ကြ၏။ စုရှောင်ရှန် ချက်ခြင်း ရှင်းပြလိုက်သည်။ “ဘာတွေကြည့်နေကြတာလဲ။ ကျုပ်က အမှန်တရားကိုပြောနေတာ။ အထင်မမှားနဲ့”

မျက်နှာဖုံးတပ်လူ မှင်သေသေကြီးဖြစ်သွားသည်။

သူက ဘာကိုအထင်မှားရမှာလဲ။ အထင်မှားစရာကောရှိလို့လား။

: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၇]

ထိုအခိုက်မှာ သူတော်စင်အစေအပါးနှစ်ယောက်သာမက စိတ်ဝိညာဉ်နန်းတော်ကလူများတောင် စုရှောင်ရှန် လေကြီးလေကျယ်လုပ်နေတယ်ထင်သွားကြ၏။

လူတစ်ယောက် ကြွားဝါတယ်ဆိုတာ အကန့်အသတ်တော့ရှိသင့်တယ်မလား။

ဟားဟား… ဟားဟားးးဟားဟား…။

အကြီးအကဲကျောက်မအောင့်နိုင်တော့ဘဲ ဝါးလုံးကွဲထရယ်သည်။ ထို့နောက် စုရှောင်ရှန်ကို လက်မောင်းဖြင့် ပိုက်ညှစ်လိုက်ကာ “ရှောင်ရှန်။ အကန့်အသတ်လေးတော့ထားဟ။ မင်းဟာက လွန်လွန်းတယ်”

သူက ဘာကိုလွန်နေလို့လဲ။

စုရှောင်ရှန်ထိုမှ မီးတောက်မတတ် မျက်နှာဖုံးတပ်လူ၏ မျက်၀န်းများကို မြင်ပြီး အကြီးအကဲကျောက်နောက် အလျင်အမြန်ပုန်းလိုက်သည်။ ထို့နောက် ခေါင်းထွက်ကာ “အဲ့တာလေးများ ကျုပ်တောင် တစ်လတည်းလုပ်နိုင်တယ်”

ဟမ်။

ငါတို့နားကြားမှားသွားတာလား။

“နှစ်၀က်ဆိုရင်ရော”

“နှစ်၀က်အတွင်း အရှင်သခင်နယ်ပယ်ဓားသမားတစ်ယောက်ဖြစ်လာနိုင်တယ်လို့ ကတိပေးရင် … စဉ်းစားပေးမယ်” စုရှောင်ရှန် မသေမချာ ဖြေလိုက်သည်။

စန်ကျောက်ဖုဘာတွေခံစားနေရသလဲတော့မသိ မျက်နှာတစ်ခုလုံးက ဖြူဖက်ဖြူရော်ကြီးဖြစ်နေသည်။

“မျိုးမစစ်ကောင် ငါတို့ကို ဘာထင်နေတာလဲကွ”

ဒေါတကြီး သူ့ပုစိန်ကိုတောင် ကိုင်မြှောက်လိုက်၏။

ရှဲ ရှဲ

စုရှောင်ရှန်ကို မခုတ်ရသေးခင်မှာ သဏ္ဌာန်မဲ့မီးလျှံများပြန်လည်တောက်ပလာခဲ့သည်။ စန်ကျောက်ဖု အလန့်တကြား ပုစိန်ပြန်ချပြီး တစ်ကိုယ်လုံးကို လက်များဖြင့် ခါထုတ်လိုက်၏။

“မလုံလောက်သေးဘူးလား”

အကြီးအကဲစန်းက ‌စန်ကျောက်ဖုကို ရှုတ်ချလိုက်သည်။ ဆက်တိုက်ခိုက်ချင်သေးတယ်ဆိုရင်တော့ သူကလည်း ပျော်ပျော်ကြီးလုပ်ပေးရတာပေါ့။

သို့ပေမယ့် ထျန်းစန်းနန်းတော်တစ်ခုလုံးပြာကျသွားနိုင်သည်။ ဘာဖြစ်ဖြစ် နောက်ထပ် နန်းတော်တစ်ခုထပ်တည်ဆောက်ပြီး တပြည့်တွေမွေးလို့ရသေးတာပဲ။ အေးဆေးပေါ့။

မျက်နှာဖုံးတပ်လူ တိတ်ဆိတ်နေခဲ့သည်။ အစက စုရှောင်ရှန်က သူကမ်းလှမ်းတာ မကျေနပ်လို့များငြင်းဆန်နေတာလားလို့ ယခုလို မောက်မာမှုက အခြားနယ်ပယ်တစ်ခုကိုရောက်သွားခဲ့၏။

“မင်းကိုကြည့်တော့ ငယ်ငယ်တုန်းက ငါ့ကိုယ်ငါတောင် ပြန်မြင်ယောင်မိသွားတယ်”

“ကျေးဇူး”

စုရှောင်ရှန် ခပ်ပြတ်ပြတ် ပြောလိုက်ပြီး ခဏရပ်တန့်သွားကာ ဆက်လက်၍ “ကျုပ်ကို အဲ့လိုပြောတာ ခင်ဗျားက ဒုတိယမြောက်ပဲ”

“ဟမ်”

မျက်နှာဖုံးတပ်လူ ပဟေဠိဖြစ်သွားကာ “ဘာလို့ ဒုတိယမြောက်လဲ”

စုရှောင်ရှန် ဘေးနားက ဖြစ်ပျက်နေသမျှကို ပွဲကြည့်သူတစ်ယောက်လို ရပ်ကြည့်နေသည့် အကြီးအကဲစန်းကို စောင်းကြည့်လိုက်သည်။

နေရာလေးက အပ်ကျသံတောင်ကြားရလောက်အောင် ပြန်၍ ဆိတ်ငြိမ်ကျသွားပြန်၏။

အကြီးအကဲစန်း ရှက်ကိုးရှက်ကန်း ခမောက်ကို ဆွဲချပြီး မျက်နှာကိုဖုံးလိုက်သည်။

ဒီကောင်လေး။ မိတ်ဆွေဖြစ်ဖြစ် ရန်သူဖြစ်ဖြစ် လျှာ‌စောင်းထက်တာ မချန်ပါလား။

ဟားဟားဟား… အစ်…။

‌အကြီးအကဲကျောက်ရယ်နေပြီးမှ ဘယ်သူမှ လိုက်ရယ်မနေတာတွေ့သောအခါ လျှာကိုကိုက်ပြီး ပြန်ရပ်လိုက်ရ၏။

အကြီးအကဲစန်း၏ မကောင်းမြင်သည့်ဘက်ကိုရောက်တာက မျက်နှာဖုံးတပ်လူကို စော်ကားခြင်းထက်ပို၍ ကြောက်မက်ဖွယ်ရာကောင်းပေသည်။ အကြီးအကဲစန်းက စိတ်ဝိညာဉ်နန်းတော်တစ်လျှောက်လုံးမှာ သူ့ဘ၀လေးကို သနားစရာကောင်းသွားအောင်လုပ်နိုင်ပေ၏။ ထိုအတွေးကတောင် ကြောက်ဖို့ကောင်းနေပြီ။

လူတိုင်း အဝေးကောင်းကင်ယံကို ပြန်ကြည့်လိုက်ကြသည်။

ကျန်းပင်းယန် ၀မ်းသာသွားကာ “သူတို့ရောက်လာကြပြီ”

သူတော်စင်အစေအပါး နှစ်ယောက်၏ မျက်နှာများမဲ့ရွဲ့သွားခဲ့သည်။ မြင့်မြတ်နတ်ဘုရားနန်းတော်က လာနေကြတဲ့သူ‌တွေ ရောက်လာတာကြောင့် ကြာကြာဆက်နေလို့ မဖြစ်တော့ကြောင်းကို သိလိုက်ကြ၏။

“ငါတို့သွားရမယ်”

စန်ကျောက်ဖု မျက်နှာဖုံးတပ်လူကို လောလိုက်သည်။ သူတို့သာ ဆက်နေနေသေးရင် ထွက်ပြေးဖို့ အခွင့်အရေးလေး ပျောက်သွားရပေမည်။

မျက်နှာဖုံးတပ်လူက အလျော့မပေးချင်သေးဘဲ အော်လိုက်သည်။ “၀မ်မင်”

“ခင်ဗျားပြောတော့ စောနက နောက်ဆုံးအခွင့်အရေးပါဆို။ ခုကြ ဘာဖြစ်” စုရှောင်ရှန် ဖြေလိုက်သည်။

မျက်နှာဖုံးတပ်လူ ပြန်လည် တိတ်ဆိတ်သွား၏။

: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

သူအရှူံးပေးပါပြီ။ သူကိုယ်တိုင်က ဘာလို့ ခေါင်းမာစွာ စုရှောင်ရှန်ကို ခေါ်သွားချင်နေမှန်းမသိရချေ။ တကယ် ထူးဆန်းပေသည်။

သို့သော် အားလုံးက အချည်းနှီးသာ။

မျက်နှာဖုံးတပ်လူ သက်ပြင်းချပြီး ထွက်သွားရန်ပြင်လိုက်ကြချိန်မှာ စုရှောင်ရှန် ထဖောက်၏။ “ကျုပ် ခင်ဗျားတို့နဲ့လိုက်နိုင်ပါတယ်”

လူတိုင်း စုရှောင်ရှန်ကို စူးစူးရှရှ စိုက်ကြည့်လိုက်ကြ၏။ စုရှောင်ရှန် ထိုအကြည့်များကြောင့် လန့်ဖျပ်သွားပေမယ့် ဆက်လက်ကာ စိတ်ကိုတင်းထားလိုက်သည်။ အဝေးမှ မူမမှန်မှုကိုသူလည်းခံစားမိပါသည်။ သန်မာသည့်လူများက လာနေတယ်ဆိုရင် ဘာလို့ ဒီ သူတော်စင်အစေအပါးနှစ်ယောက်ကို ဒီမှာ ခေါင်းမချခိုင်းလိုက်တာလဲ။

မျက်နှာဖုံးတပ်လူ ပဟေဠိဖြစ်သွား၏။

“ဘာလဲ စိတ်ပြောင်းသွားပြီလား” ထို့နောက် မျက်နှာဖုံးတပ်လူက မေးသည်။

မျက်နှာဖုံးတပ်လူ၏ မျက်၀န်းများက သံသယများကိုမြင်သောအခါ စုရှောင်ရှန်က လေးလေးနက်နက်ဆိုသည်။ “ဒါပေမယ့် တောင်းဆိုချက် ရှိတယ်”

“ဘာလဲ”

မျက်နှာဖုံးတပ်လူပြုံးလိုက်သည်။ ဘယ်လောက် စိတ်မ၀င်စားသလိုလိုနေပါစေ စုရှောင်ရှန် လိုချင်တပ်မက်မိရတာပဲမဟုတ်လား။

“ခင်ဗျားလက်ထဲကဓားပေးရင် ကျုပ်လိုက်မယ်” စုရှောင်ရှန်ဖြေလိုက်သည်။

ထိုစကားကြောင့် လူတိုင်း အံ့ဩဘနန်းဖြစ်သွားကြချိန် အကြီးအကဲစန်းကတော့ သူဘာကြံနေသလဲသိသဖြင့် ပြုံးစိစိဖြစ်သွား၏။

“ကောင်စုတ်လေး။ မင်းတောင်းဆိုတာ မလွန်လွန်ဘူးလား”

စုရှောင်ရှန်၏ အဓိပ္ပာယ်မရှိသော တောင်းဆိုမှုကြောင့် စန်ကျောက်ဖု မာန်မဲလိုက်သည်။ ထိုကလေးက သူ့ကိုယ်သူအဟုတ်ကြီးလား ပြုမူပြီး မောက်မာလွန်းလှသည်။ ဓားတစ်ချောင်းမဆိုထားဘိ ဓားက ဆံမျှင် တစ်မျှေင်မျှတောင် မတန်ချေ။

နပေါဦး။

ဘာတွေ လျှောက်တွေးနေတာလဲ။ ဓားမှာ ဆံမျှင်မှမရှိတာ။

မျက်နှာဖုံးတပ်လူ ခပ်သဲ့သဲ့ ရယ်လိုက်ကာ “ရတယ်လေ ငါနဲ့လိုက်ခဲ့ ဓားကိုပေးမယ်”

စန်ကျောက်ဖု ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး “မင်းရူးနေပြီလား”

“ဓားကိုအရင်ပေး ပြီးရင် လိုက်ခဲ့မယ်” စုရှောင်ရှန်၏ အကြည့်များက မယိမ်းယိုင်သွားပါလေ။

ဟက်…။

“ငါ့ကို လာလှည့်စားချင်နေသေးတယ်ပေါ့”

မျက်နှာဖုံးတပ်လူ သူ့ရှေ့က ကောင်လေးက သူနှင့်လိုက်ဖို့ စိတ်မ၀င်စားဘဲ လှည့်စားရန်လာကြံရွယ်နေခြင်းဖြစ်ကြောင်းကို သိလိုက်ရသည်။

သူ့လက်ထဲက ဧရာမ ဓားကြီးကိုကိုင်မြှောက်၍ စုရှောင်ရှန်ထံ တက်လှမ်းသွား၏။

“စိတ်ထိန်း”

စန်ကျောက်ဖု မျက်နှာဖုံးတပ်လူကို အလျင်အမြန် ဆွဲထားလိုက်ရသည်။ သူတို့ဒီမှာဆက်နေနေလျှင် အန္တရာယ်ရောက်ချေတော့မည် ဘာလို့ ကလေးတစ်ယောက်နဲ့ ငြင်းခုံနေမှာလဲ။

“လွှတ်”

“ငါတို့ ထွက်သွားဖို့လိုနေပြီလို့”

“လွှတ်လို့ပြောနေတယ်နော်”

“ဟ သွားတော့မယ်လို့”

မျက်နှာဖုံးတပ်လူ၏ မျက်၀န်းများက မှေးမှိန်သွားခဲ့ပြီး ဒေါသကြောင့် တုန်တုန်ရင်ရင် ဖြစ်နေသော လေသံဖြင့် “ကောင်လေး သတိထား။ မင်းက မီးနဲ့ ကစားနေတာပဲကွ”

အပိုင်း (၂၁၄) ညအမှောင်အောက်က တိုက်ပွဲပြီးနောက်

သူတော်စင်အစေအပါးနှစ်ယောက် အစီအရင်ထဲကို ၀င်ပြီးပျောက်သွားကြသည်။

“သူတို့ကို ဘာလို့ ဒီတိုင်းသွားခွင့်ပေးလိုက်တာလဲ”

စုရှောင်ရှန် ပဟေဠိဖြစ်နေသည်။ သို့မှ သူ့ရှေ့က ဧကရာဇ်နယ်ပယ်လေးဦးစလုံးက သွေးသံတရဲရဲဖြစ်နေတာ သတိထားမိသွား၏။

သူတို့တကယ် အပြင်းအထန်တိုက်ခိုက်ပြီးတော့ စန်ကျောက်ဖုကို တားခဲ့ရတာကို ဘာလို့ လွယ်လင့်တကူ သွာခွင့်ပေးလိုက်ရတာလဲ။ တပ်ကူတွေလည်း လာနေကြတယ်မဟုတ်ဘူးလား။

သူတို့သာ နောက်ထပ် နည်းနည်းလောက် ထပ်ပြီး တားဆီးထားနိုင်ဦးမယ်ဆိုရင်ထိုနှစ်ယောက်ကို အနိုင်ယူနိုင်လောက်လေပြီ။

“ရှောင်ရှန်”

အကြီးအကဲကျောက်က သူ၏ ပုခုံးကို တစ်ချက်ဆော်ပြီး ပြောလိုက်သည်။ “အဲ့ဒီနှစ်ယောက်က သာမန် ဧကရာဇ်နယ်‌ပယ်တွေမဟုတ်ဘူးကွ။ သူတို့သွားချင်ရင် ငါတို့ဘက်မှာ လူက (၂) ဆရှိနေရင်တောင် တားထားနိုင်မယ်လို့ မသေချာဘူး။ ဒီတော့ ငါတို့က ဘာလုပ်နိုင်မှာလဲ”

စုရှောင်ရှန် မှင်တက်သွားသည်။

ဧကရာဇ်နယ်ပယ်က ကျင့်ကြံသူတွေ အဲ့လောက်တောင် ကြမ်းလား စဉ်းစားခန်း၀င်သွားခဲ့၏။

သူ့ထက် အဆင့်ပိုမြင့်တဲ့သူများကို သတ်ဖူးရာ၊ သတ်နိုင်‌နေရာ ထိုနိယာမကို စုရှောင်ရှန်‌ နားမလည်နိုင်ပါချေ။ ကြည့်ရတာ ရှူ့ထောင့်အမျိုးမျိုးက ကြည့်နေတတ်ဖို့လိုနေပြီ။ လူတိုင်းကသူ့လိုမှမဟုတ်တာ။

ထိုသို့တွေးမိပြီး မျက်နှာဖုံးတပ်လူတို့ ကိစ္စကို ခေါင်းထဲကထုတ်လိုက်၏။

“သူတို့ ရောက်မလာကြသေးဘူးလား” အဝေးကို ငေးကြည့်နေရင်းက စုရှောင်ရှန်မေးလိုက်သည်။

“မင်း သူတို့ကို အာရုံခံနိုင်တယ်ပေါ့”

အကြီးအကဲကျောက်က အံ့အားသင့်သွားပုံပေါ်ပြီး “မြင့်မြတ်နတ်ဘုရားနန်းတော်က လူတွေ ရောက်မလာခင်အထိ သူတို့ကို တားဆီးထားဖို့နည်းလမ်းတော့ရှိတယ်”

“ဒါပေမယ့် ခုက သူတော်စင်အစေအပါးနှစ်ယောက်က အလျော့ပေးထားတာလေ။ သူတို့တကယ်လုပ်ရင် တားနိုင်မလားမသိဘူး” သူတို့မျက်နှာ ဘာညာလည်း ဂရုထားမနေတော့ဘဲ ရဲ့ရှောင်ထျန်းက အကြီးအကဲကျောက်၏ စကားကို ကြားဖြတ်အဆုံးသတ်ပေးလိုက်သည်။ ထို့နောက် ဆက်လက်၍ “စန်ကျောက်ဖုသာ တကယ်လုပ်ရင် ငါတို့ထဲက တစ်ချို့က နောက်နေ့အလင်းကိုတောင်မြင်နိုင်တော့မှာမဟုတ်ဘူး”

ရဲ့ရှောင်ထျန်း၏ စကားကြောင့် ကျန်းပင်းယန်တို့၏ မျက်နှာရှုံ့မဲ့သွားသော်လည်း တိတ်ဆိတ်နေကြသည်။

လမ်းစဉ်ကိုဖြတ်ချထားသည့် ဧကရာဇ်ကျင့်ကြံသူတစ်ယောက်အတွက် သူတို့က ကလေးသာသာဖြစ်ကြချေသည်။

ထိုခါးကုန်းကုန်း အသက်ကြီးကြီး ပုစိန်ငယ်တစ်လက်နှင့် အဖိုးကြီးက အဲ့လောက်ကြီး စွန်းကြမ်းတယ်လားဟု စုရှောင်ရှန် တွေးမိပြီး မှင်တက်သွား၏။

“ဒါဆို သူ့မှာ အခွင့်ကောင်းကြီးရှိခဲ့တာပေါ့။ ဘာလို့ခင်ဗျားတို့အားလုံးကို မသတ်လိုက်တာလဲ”

ထိုစကားများထွက်သွားပြီးမှ မသင့်တော် သတိရသွားပြီး စုရှောင်ရှန်အလျင်အမြန် ပါးစပ်ပိတ်လိုက်သည်။ အကြီးအကဲကျောက်၏ လက်ဝါးစောင်း‌ကတော့ ထင်ထားသည့်အတိုင်း သူ့ခေါင်းပေါ်ကျလာခဲ့၏။

“ကောင်စုတ်လေး။ မင်းက ငါတို့ကို အဲ့လောက်တောင် သေစေချင်နေတယ်ပေါ့လေ။ ဟမ်”

“မဟုတ်ပါဘူး။ လူဆိုတာ စကားရွေးမှားတတ်တာပဲ။ တကယ်တော့ စိတ်ထဲက စိုးရိမ်ပူပန်မိလို့ပြောမိတာပါ။ တစ်မျိုးမထင်ပါနဲ့…” စုရှောင်ရှန် ပြန် ကာပြီး ပြောလိုက်သည်။

ထိုအခိုက်မှာ လေညှင်းကလေးတစ်ချက်တိုက်ခက်သွားခြင်းနှင့်အတူ ခမောက်ကို လက်တစ်ဖက်ဖြင့်ကိုင်ထားသော အကြီးအကဲစန်းရောက်လာခဲ့၏။

လူတိုင်း ထိုမျက်ကွင်းညိုညို နက်နက်ကြီးဖြင့် အဖိုးကြီးကို ကြည့်လိုက်ကြသည်။ အကြီးအကဲစန်းက ကျန်းပင်းယန်ကိုကြည့်နေကာ သူ့ကို ကြက်သီးတဖျင်းဖျင်းထသွားစေလိုက်၏။

“မင်းက မြင့်မြတ်နတ်ဘူရားနန်းတော်ကမလား” အကြီးအကဲစန်းပြောသည်။

ကျန်းပင်းယန်စတင်၍ စိုးတထိတ်ထိတ်ဖြစ်လာရ၏။

စိတ်ဝိညာဉ်နန်းတော်က လူတွေက လာတွေလဲ။ သူလူအများကြီးခေါ်မလာလို့ တစ်ဂိုဏ်းလုံး တစ်ဆွေလုံး အငြိုးထားနေကြတာလား။

ပြီးတော့ ဘာလို့ တည့်တိုးကြီး ဖော်ပြကြတာတုန်းရ ဧည့်သည်ကို မျက်နှာလေးတော့ ဆယ်ဦးမှပေါ့။ အံ့ဩပါ့။

သူ့အကြည့်များဟိုဟိုဒီဒီ ကစားသွားပြီး ပါးစပ်မဟလိုက်နိုင်ခင်မှာ အကြီးအကဲစန်းက မဲ့ရွှဲ့နေသောမျက်နှာကြီးဖြင့် ပြုံးပြကာ “တော်တယ်”

ကျန်းပင်းယန် ခေါင်းညိတ်ပြလိုက်ပြီး တိတ်ဆိတ်လို့သာနေလိုက်ပါသည်။ သူ့စိတ်ထဲတွင်တော့ အကြီးအကဲစန်း၏ ကြောက်မက်ဖွယ်ရာအပြုံးကြီးကြောင့် အလျင်အမြန် သုတ်ခြေတင်ပြေးချင်နေတော့၏။

“ကောင်းပြီလေ။ ကိစ္စဝိစ္စတွေလည်း အားလုံးပြီးပြီဆိုတော့ ကိုယ့်နေရာကိုယ် ပြန်ကြပါ။ အပျက်အဆီး‌တွေကို တစ်ယောက်ယောက်ကိုပြီးမှ ပြန်လာပြင်ခိုင်းလိုက်မယ်” လူတိုင်းကို ရည်ရွယ်ကာ အကြီးအကဲစန်းက ဆိုလိုက်သည်။

ကျန်းပင်းယန်နှင့် စကားပြောဖို့ အကြီးအကဲစန်းစိတ်ထဲတောင်မရှိပါ။ လူမှုအသိုင်းအဝိုင်းနယ်ပယ်နှင့်ဆက်စပ်လာ၍ သူက အနားယူထားခဲ့ပြီးဖြစ်ရာ ဧည့်သည်ကို ဧည့်၀တ်ကျေပွန်အောင် တကူးတကူကြီး မျက်နှာချို သွေးနေမည်မဟုတ်ချေ။

ရဲ့ရှောင်ထျန်းကိုသာ ဤသို့ ခေါင်းကိုက်ဖွယ်ရာ ကိစ္စများကို ဖြေရှင်းခိုင်းလိုက်မည်။ ရဲ့ရှောင်ထျန်းလည်း အားနေသည်မဟုတ်ပါလား။

တိုက်ပွဲကပြီးသွားခဲ့ပြီဖြစ်ရာ လူတိုင်း ပေခံမနေကြတော့ပေ။ ရဲ့ရှောင်ထျန်းက ကျန်းပင်းယန်နှင့်အတူ ထွက်သွားပြီး လူတိုင်းလည်း ကိုယ့်အရပ်ကို ပြန်လိုက်ကြသည်။

ဤနေရာတစ်ခုလုံးက အပျက်အဆီးများဖြင့်ပြည့်နေသော်လည်း ညကြီးအချိန်မတော်ဖြစ်ရာ ပြင်ဆင်ခိုင်းလို့လည်းမကောင်းပါချေ။

မကြာခင်နေလည်းထွက်လာတော့မည်ဖြစ်ရာ အပြင်စည်းဂိုဏ်းသားအသစ်များက ပထမဆုံးအကြိမ် နည်းစနစ်ရွေးချယ်ဖို့ လာရင်း အတွင်းစည်း၏ ခမ်းနားတင့်တယ်ပုံကို မြင်ကြရတော့မည်။

၎င်းက အပြင်စည်းဂိုဏ်းသားများ အားလုံး စောင့်ဆိုင်းနေသည့်အရာလည်းမဟုတ်ပါလား။

ဟုတ်တယ် သူတို့တော့ လုပ်စရာ အလုပ်ရဦးတော့မယ်။

အကြီးအကဲစန်းနှင့် စုရှောင်ရှန်သာကျန်ခဲ့ကြသည်။

“မင်းဘာလို့ သူတို့နဲ့အတူ လိုက်မသွားတာလဲ” အကြီးအကဲစန်းကမေးသည်။

စုရှောင်ရှန် ကောင်းကင်ယံမှာရှိနေတဲ့ ပျက်ဆီးလုတပိုင်းက‌နေ ပြန်ကောင်းလာနေသော ကြီးမားသောအစီအရင်ကြီးကိုကြည့်လိုက်သည်။ သူအနည်းငယ် စိတ်ရှုပ်သွားပေသည်။

“သူတို့တောင် သဘောကျတယ်ဆိုတော့ မင်းက ထူးခြားတာပဲ” အကြီးအကဲစန်း ထပ်လောင်းပြောလိုက်သည်။ ချီးကျူးရမည့်နေရာမှာ သူက ကပ်စေးနည်းနေမည့်သူ မဟုတ်ပါချေ။

“ကျုပ်တကယ်ကော လိုက်သွားလို့ရမှာမလို့လား”

အကြီးအကဲစန်းကို စုရှောင်ရှန်ကြည့်လိုက်သည်။ သူလိုက်သွားခဲ့ရင် အကြီးအကဲစန်းက ဘာမှ မလုပ်ဘဲ လက်ပိုက်ကြည့်နေမယ်လို့မထင်ပါချေ။ အဖိုးကြီးက သူ့ကို စမ်း‌သပ် နေခဲ့တာဖြစ်ရမည်။

အကြီးအကဲစန်း ရယ်သံသဲ့သဲ့ပေးလိုက်ကာ “ငါမင်းကို ကြိုးနဲ့တုပ်ထားတာမှလည်းမဟုတ်တာ။ မင်းဟာမင်းထွက်သွားချင် ထွက်သွား မသွားချင်မသွားနဲ့ပေါ့။ စမ်းကြည့်လေ”

“ကြိုးဟုတ်လား”

ထိုစကားလုံးဖြင့် စုရှောင်ရှန် အတွေးနက်သွားသည်။ တကယ် အဖိုးကြီး၏ စိတ်နေသဘောထားကို သူမမှန်းဆနိုင်ပါချေ။

အကြီးအကဲစန်း ပလိန်းကြီး သူ့အပေါ် သဘောကောင်းမယ်လို့မထင်ပါ။ သူ့လုပ်ရပ်တိုင်း၏ နောက်ကွယ်မှာ အမြဲတမ်းအကြောင်းတစ်ခုခု ရှိရတာချည်းဖြစ်သည်။

သူပဲ အတွေးလွန်နေတာလားမသိ။

သို့ပေမယ့် ဘာကြောင့်ပဲဖြစ်ဖြစ် အကြီးအကဲစန်းက သူ့ကို အကြိမ်ကြိမ်ကယ်တင်ပြီး ကောင်းကောင်းဆက်ဆံတာကတော့ ငြင်းပယ်၍မရချေ။

အကြီးအကဲစန်းက စိတ်ဝိညာဉ်နန်းတော်ကို ဂရုမစိုက်ဟန်ပေါ်ပေမယ့် နန်းတော်အတွက်ကို အမြဲတမ်းစိုးရိမ်ပေးနေပြီး အပြင်လူများကိုလည်း စိတ်ရှိသလို ခြယ်လှယ်ခွင့်မပေးလိုက်ပါချေ။

အကြီးအကဲစန်း၏ စိတ်ထဲမှာ ဘာတွေဖြစ်ပျက်နေသလဲ စုရှောင်ရှန်သိချင်သွား၏။

သူတို့နှစ်ယောက်အကြား ဆိတ်ငြိမ်မှုက ခဏတာ ကြီးစိုးနေပြီးနောက်မှာ စုရှောင်ရှန် ဆိုလိုက်သည်။ “ဘာဖြစ်မယ်ဆိုတာ သိနှင့်နေပြီပဲ။ ကြိုးစားကြည့်လို့ ဘာထူးဦးမလဲ”

“ထူးတာပေါ့။ မင်းကိုယ်တိုင်ဖောက်ထားလား သူများဖောက်ပေးတာလားဆိုတဲ့ ရလဒ်အပေါ်မှာမူတည်ပြီးကိုထူးတာ” အကြီးအကဲစန်းဆိုသည်။

“ဘာကွဲပြားနေလို့လဲ” သူသိချင်သွား၏။

အကြီးအကဲစန်း သူ့ခမောက်ကို ချွတ်ချလိုက်ပြီး ခေါင်းပေါ်မှ မရှိတရှိ ဆံပင်များကို ဘယ်လက်ဖြင့် ပွတ်သပ်လိုက်သည်။ ထို့နောက် ရယ်သံသဲ့သဲ့ပေးကာ ဆို၏။ “ကြိုးစားကြည့်ဖို့ ထိုက်တယ်ပဲ ဆိုပါတော့။ မင်းကောဘယ်လိုထင်လဲ။ ‘တစ်ကြိမ်တစ်ခါသာ အသက်ရှင်ရတယ်’ ဆိုတဲ့ စကားလည်းရှိတယ်မလား။ ကံကြမ္မာကြီးကို နည်းနည်း လေးတောင် မလွန်ဆန်နိုင်ရင် ဘာအဓိပ္ပာယ်ရှိဦးတော့မလဲ။ ပြောပါဦး”

စုရှောင်ရှန် တိတ်တိတ်လေး နားထောင်နေလိုက်၏။

အကြီးအကဲစန်းပါးစပ်ထဲက လေကြီးလေကျယ်တွေကလွဲလို့ ဘာမှကောင်းတာထွက်လာမှာမဟုတ်တာသိသည်။ သူပြောခဲ့တာများကို ဆင်ခြင်ကြည့်ရင် ရှင်သန်မှုဘ၀အပေါ်မှာ မကောင်းမြင်ဝါဒီသမားဆိုတာ ထင်ရှားသည်။

ဘာပြောပြော ကံကြမ္မာက ပြောင်းလဲလို့ရတဲ့အလား။

စုရှောင်ရှန် ထိုအချင်းအရာကို ခေါင်းထဲကထုတ်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။ “အဲ့ဒီလူတွေ နှစ်ခါတောင်လာပြီးပြီနော်”

“ဟုတ်တယ် နှစ်ခါ” အကြီးအကဲစန်း၏ မျက်နှာပေါ်တွင် လေးနက်သောအမူအရာပေါ်လာသည်။

အကြီးအကဲစန်း၏ မျက်နှာအမူအရာကို စုရှောင်ရှန်အကဲခတ်လိုက်ပြီး လက်တည့်စမ်း မေးလိုက်သည်။ “အဲ့တာ ရှက်စရာကောင်းတယ်လို့မထင်ဘူးလား။ တစ်စုံတစ်ယောက်ကို ကိုယ့်ပိုင်နက်ထဲ စိတ်ရှိသလို ၀င်ထွက်ခွင့်ပေးနေရတာကိုလေ။ မသိရင် ကျုပ်တို့ကို ရှိတယ်တောင် မမှတ်ထားသလားပဲ”

ရုပ်ချည်း ထိုလေးနက်သောအမူအရာက မဲ့ရွဲ့သွားခဲ့ရ၏။

စုရှောင်ရှန်ကို သူချက်ခြင်းဖြတ်ရိုက်လိုက်ပေမယ့် အထာနက်နေပြီဖြစ်သော စုရှောင်ရှန်က လက်ဆန့်ထုတ်ကာ ‌ဦးစွာ ကာကွယ်လိုက်သည်။

ဘုန်းးးး…။

မြေပြင်တစ်လျှောက်လုံးမှာ အက်ကြောင်းများထလာပြီး ဖုန်၊ မှုန်များ တထောင်းထောင်းထလာခဲ့သည်။

အကြီးအကဲစန်း သူ့လက်ကို ပြန်ရုတ်သိမ်းပြီး မြေကြီးထဲနစ်၀င်သွားသော စုရှောင်ရှန်ကို အပြုံးဖျော့ဖျော့ကလေးဖြင့်ကြည့်လိုက်သည်။

“အရှင်သခင်နယ်ပယ် ခန္ဓကိုယ်ပေါ့လေ” အကြီးအကဲစန်းက ထေ့ငေါ့သလိုပြောသည်။

“ဖွီး ဖွီးးး” စုရှောင်ရှန် ပါးစပ်ထဲ၀င်သွားသော မြေကြီးများကို ထွေးထုတ်လိုက်ပြီး ကြက်သေသေသွားခဲ့၏။

ဒီအဖိုးကြီးမှာ အရှင်သခင်နယ်ပယ်ထက်ပိုသော ခန္ဓာကိုယ်ရှိတာလား။

အရှင်သခင်နယ်ပယ်ခန္ဓာကိုယ် ရပြီးသောအခါမှာ အဖိုးကြီး၏ ရိုက်ချက်များကို ခုခံနိုင်မည်လို့တွက်ထားခဲ့လေသည်။ ယခုတော့ မြေကြီးထဲသာ နစ်၀င်သွားတယ်တဲ့‌။ ဘာလို့ ဒီလောက်ကြီးတဲ့ ကွာခြားမှုကြီးရှိရတာလဲ။

“ခင်ဗျားမှာ ဘယ်လို ခန္ဓာကိုယ်ရှိနေတာလဲ” မြေကြီးထဲနစ်၀င် နေသော ပေပေတူးတူး စုရှောင်ရှန်က မယုံကြည်နိုင်စွာ မေးလိုက်၏။

“ခန့်မှန်းကြည့်ပေါ့” အကြီးအကဲစန်းဆိုသည်။

စုရှောင်ရှန် အတွေးနက်သွားပြီးနောက်မှာ မေးလိုက်သည်။ “ဧကရာဇ်နယ်ပယ်ခန္ဓာကိုယ်လား”

အကြီးအကဲစန်း ရယ်လိုက်ပါသည်။

စုရှောင်ရှန် ဘာပြောရမှန်းမသိ အဖိုးကြီးကို ငူငူကြီးစိုက်ကြည့်နေမိတော့သည်။

ကုန်း‌မြေကြီးမှာ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်က အမြင့်ဆုံးလို့ပြောကတည်းက အဖိုးကြီး လျှောက်ရွှီးနေတယ်ဆိုတာ စုရှောင်ရှန် သိပါသည်။

ဒါပေမယ့် အဖိုးကြီးကိုယ်တိုင်ကတော့ ထိုအကန့်အသတ်ကို ကျော်လွန်ပြီး အဆင့်တက်သွားချေမယ်လို့ ထင်မထားပါချေ။

ဘယ်လို မကောင်းဆိုးဝါးကြီးလဲ။

ဒီအဖိုးကြီးရော ရွှေလက်ချောင်းဘာညာရှိတာလား။

သူ့စိတ်ထဲက ရုန်းကန်ထလာနေသည့် ခံစားချက်များကို အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး စုရှောင်ရှန် ဖိနှိပ်လိုက်သည်။ အကြီးအကဲစန်းက တကယ် ဆန်းကြယ်လှပေသည်။

လူတိုင်းက အကြီးအကဲစန်း၏ ငရဲမီးတောက်ကောင်းကင်ကြောင့် ပြာကျမည်‌စိုး၍ သူ့နားမကပ်ရဲကြချေ။ ဒါ့အပြင်ကို ထိုမီးလျှံများအောက်မှာ ယခုကဲ့သို့ ဝှက်ဖဲကြီးတစ်ခုရှိနေဦးမည်လို့လည်း ထင်မှတ်ထားကြမည်မဟုတ်ပေ။

ငရဲမီးတောက်ကောင်းကင်က အကန့်အသတ်ကိုချိုးဖျက်သည့် နည်းစနစ်တစ်ခုဖြစ်သည်။ ၎င်း၏ ရည်ရွယ်ချက်ကိုက စိတ်ဝိညာဉ်ကျင့်ကြံသူများ၏ အားနည်းသော ခန္ဓာကိုယ်ကို အကန့်အသတ်ကျော်လွန်‌ကာ အဆင့်တက်စေခြင်းဖြစ်ပေသည်။

ငရဲမီးတောက်ကောင်းကင်မီးလျှံက ၎င်းနှင့်ကပ်လျက်ပါလာသော ဖြည့်ဖက် စွမ်းရည်တစ်ခုသာဖြစ်၏။

ဟူး…။

စုရှောင်ရှန် အတွေးရေယဉ်ထဲစီးမျောလိုက်ပါလေလေ ပင့်သက်ကိုရှိုက်ရလေလေဖြစ်ချေသည်။

“ဒီလူတွေအကုန် သူတို့ ခွန်အားတွေကို ကောင်းကောင်းကြီး ဝှက်ထားကြတာပဲ…” ရေရွတ်လိုက်တော့သည်။

ဤတွင် Arc 2 ပြီးဆုံးပါပြီ။

အပိုင်း (၂၁၅) အမြန် အကြီး- အကြီး အကဲကျောက်

အားးးးး… နေ သာ နေ ပါ လား…။

လူငယ်လေးတစ်ယောက်က သစ်သားအိပ်ယာပေါ်ကနေ ထထိုင်ပြီး အကြောဆန့်လိုက်သည်။ ထို့နောက် ကြေးမှန်တစ်ခုကိုယူကာ ဖြာကျလာနေသော နေရောင်အောက်က သူ့ခန့်ညားသော မျက်နှာကိုကြည့်လိုက်ပေသည်။

ထိုကောင်လေးစီက စိတ်ဝိညာဉ်စွမ်းအင်နှင့် နေအလင်းတို့ရောစပ်ကာ တောက်ပစွာ ဖြာထွက်နေခဲ့၏။

“ဘယ်လောက်တောင်ချောလိုက်သလဲ”

စုရှောင်ရှန် နံရံရှိအပေါက်ကြီးကနေ ကောင်းကင်ယံက နေကြီးကိုကြည့်လိုက်လေပြီး သူနှစ်ရက်တာတောင် အိပ်ပျော်သွားခဲ့တာ သတိရသွားသည်။

ထျန်းရွှမ်တံခါးထဲက အခက်အခဲ၊ ပြီးနောက် တံခါးကထွက်လာသောအခါတွင် သူတော်စင်အစေအပါးတို့၏ တိုက်ခိုက်မှုတို့ဖြင့် စုရှောင်ရှန်က ပင်ပန်းနွမ်းနယ်နေခဲ့ပြီးဖြစ်သည်။ ထိုမှ တစ်ညတာအိပ်စက်မှုက ဘယ်လိုမှ သူ့စိတ်အခြေအနေကို အထွတ်အထိပ်ထိ ပြန်တင်ပေးနိုင်လိမ့်မည်မဟုတ်ချေ။

ထို့နောက် ‌မျက်နှာကျက်ကနေ ဖြာကျလာနေသော နေအလင်းရောင်များကိုကြည့်ပြီး သက်ပြင်းမောကြီးချလိုက်သည်။

“အင်းတော်သေးတယ် မနေ့ညက မိုးမရွာလို့ မဟုတ်ရင်စာကြည့်တိုက်ထဲသွားအိပ်ရတော့မှာ” စုရှောင်ရှန်ရေရွတ်လိုက်သည်။

တောင်အနောက်ဘက်က အရာအားလုံးက အပျက်အဆီးတွေချည်းဖြစ်သွားခဲ့သည်။ ထိုအထဲတွင် သူတောင် ကောင်းကောင်းမနေလိုက်ရသေးသော အိမ်အသစ်လေးလည်းပါသွားခဲ့သဖြင့် အပြင်စည်းမှာ ပြန်လာအိပ်ရခြင်းဖြစ်သည်။

သူက တံခါးမရှိ ပြူတင်းပေါက်မရှိ ဧည့်ဆောင်မှာအိပ်နေခြင်းဖြစ်ပါသည်။

ထိုညတုန်းက စုရှောင်ရှန်၏ ထျန်းရွှမ်တံခါးအတွေ့အကြုံကိုမေးပြီးနောက်မှာအကြီးအကဲစန်း စကားနည်းနည်းလေးသာပြောပြီး ထွက်သွားခဲ့သည်။

သူ့အမူအရာကိုကြည့်၍တော့ သူတော်စင်အစေအပါးနှင့် ပတ်သက်၍ တစ်ခုခုလုပ်ချင်သောကြောင့် ဖြစ်ရပေမည်။ ဘာများဖြစ်လာဦးမလဲ စုရှောင်ရှန် မျှော်လင့်နေ၏။

စုရှင်းရှင်းနှင့် ယောင်ယင်ယင်တို့ နှစ်ဦးစလုံး အရေးကြီးအခြေအနေမှာရောက်နေကြသည်။ သူသွားကြည့်တော့ စုရှင်းရှင်းက သတိလစ်မေ့မျောနေခဲ့၏။

ယောင်ယင်ယင်က ကောင်း‌တယ်ဆိုရုံလောက်လေးနှင့် သတိမရ တရ အခြေအနေမှာဖြစ်သည်။

သူတို့အတွက် ပျားရည်ပုလင်းတစ်ပုလင်းထားခဲ့ပေးပြီး မကြာခင်မှာ ထွက်သွားလိုက်သည်။

ယောင်ယင်ယင် အနားမှာရှိနေရင် စုရှင်းရှင်းက ထိုမျှလောက် ၀မ်းနည်းရမည်မဟုတ်ချေ။ ဒါကြောင့် နောက်မှ ပြန်လာကြည့်ရန် ဆုံးဖြတ်လိုက်၏။

မျက်နှာဖုံးတပ်လူထံက နာမည်ကြီးဓား ပြန်လှည့်စားပြီး စုရှောင်ရှန်မယူနိုင်‌လိုက်တာကတော့ နမျော နေသည်။။ ထိုဓားက ယခုတော့ မျက်နှာဖုံးတပ်လူလက်ထဲမှာ ရှိနေပေ၏။

စုရှောင်ရှန် ဧည့်ဆောင်က ထွက်လာခဲ့သောအခါ နေရာတိုင်းက ပျက်ဆီးယို့ယွင်းနေတာတွေ့ရပြီး မြေပြင်မှ မရေမတွက်နိုင်သော အက်ကြောင်းများကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

ချက်ခြင်းလက်ငင်းပဲ ထိခိုက်မှုများကို ပြင်ချင်စိတ်များပေါ်လာခဲ့ပါသည်။ ၎င်းက သူ၏ ပိုင်ဆိုင်မှုဖြစ်ကာ အနာဂါတ်မှာလည်း အပြင်စည်း၌ နေဖို့အကြောင်းဖန်လာဦးပေမည်။

ထိုသို့တွေးရင်း တွေးရင်းနှင့် မကြာခင် စိတ်ဝိညာဉ်အထွေထွေရေးရာ ဌာနကို ရောက်လာခဲ့ပြီး တံခါးတွန်းဖွင့်လိုက်၏။

အကြောင်းက အပြင်စည်းရော အတွင်းစည်းရောက သူ၏ အိမ်နှစ်ခုလုံးကို ပြန်ပြင်ရန်ဖြစ်သည်။

လူတိုင်း စိတ်ဝိညာဉ်အထွေထွေရေးရာ ဌာနမှာ အ၀င်အထွက် အဆက်မပြတ်ရှိနေပြီး စည်ကားနေသည်။ ထိုနေရာမှာ အလုပ်ကိစ္စတစ်ခုကို ပြီးမြောက်အောင်လုပ်ဖို့က ရှုပ်ထွေးပေ၏။ တစ်ခါတစ်ခါကို အဆောက်အဦးအတွင်း လူတစ်ရာလောက်သာ၀င်နိုင်လေရာ အပြင်မှာ စောင့်စားနေသည့် လူအုပ်ကြီးက ရှိနေခဲ့သည်။

ထို့အပြင်ကို အပေါ်က ပျားရည်စမ်းကာ စိတ်ဝိညာဉ်နန်းတော်က ယခုမှ ဂိုဏ်းသားသစ်များအား လက်ခံထားခြင်းဖြစ်သဖြင့် ထိုလူသစ်လေးများက တာ၀န်တစ်ခုခု ထမ်းဆောင်ဖို့ကို စိတ်အားထက်သန်နေကြ၏။

ဘာအကြောင်းကြောင့်ဖြစ်ဖြစ် စည်ကားမှုကြီးက စည်ကားမှုကြီးသာ။

“ဟိုမှာကြည့်လိုက်။ အဲ့တာ စုရှောင်ရှန်၊ ငါတို့ အကိုကြီး စုပဲ”

“ဘယ်မှာလဲ ဘယ်မှာလဲ”

“ဟမ်။ သူက ခေါင်းတစ်လုံးပဲရှိတယ်ကော”

“အေးဟ။ ဘယ်မှာလဲ သူ့အတောင်ပံတွေ”

“အတောင်ပံဟုတ်လား။ သူက ရွှေဦးချိုနဲ့ ‌အကြေးခွံတွေရှိတယ်ဆို။ ပျံသန်းဖို့ အတောင်လိုလို့လား”

“ဟမ်”

စုရှောင်ရှန် ကိုယ်ထင်ပြလိုက်တာနဲ့ ရုတ်ရုတ်သဲသဲဖြစ်နေသည့် ထိုနေရာက ပို၍ ဆူညံပွက်လောရိုက်သွားခဲ့သည်။

: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁၄၆]

: [အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၆၆]

: [မနာလိုအားကျခံရပါသည်။ ပင်ကိုယ်မှတ် +၁၆]

စုရှောင်ရှန် စွံ့အသွားရတော့၏။

သူ့အသိပေးချက်ဖန်သားပြင်၌ အသိပေးချက်များရောထွေးပေါ်လာကြသည်။ အခြားသူများ သူ့အကြောင်းအတင်းတုပ်နေသံကိုကြားရပြီး မှုန်သေသေမျက်နှာကြီးဖြင့် စိတ်ဝိညာဉ်အထွေထွေရေးရာ ဌာနထဲ၀င်လိုက်၏။

ကြည့်ရတာ သူတကယ် နာမည်ကြီးနေတာပဲ။

ဘာလို့ ကောလဟာလတွေက မသိရင် သူကပဲ ကမ္ဘာခြားသတ္တဝါကြီးလိုလိုဖြစ်နေရတာလဲ။ ကမ္ဘာခြားတာတော့မှန်ပါတယ် ဒါပေမယ့် ဘာကို ခေါင်းသုံးလုံး၊ လက်ခြောက်ချောင်း၊ ရွှေဦးချိုတွေနဲ့ နဂါးအကြေးခွံလဲဟ။

ဘယ်လို အဓိပ္ပာယ်မဲ့လိုက်တဲ့ စကားတွေလဲ။ သူ စုရှောင်ရှန်က လူပါ လူ…။

ထိုအုတ်သော်သောင်းနင်းဖြစ်မှုက သူမြတ်လိုက်တာက မိုးထိုးတက်သွားသည့် ပင်ကိုယ်မှတ်များဖြစ်သည်။

စိတ်ဝိညာဉ်အထွေထွေရေးရာဌာနလာတဲ့ခရီးက ပင်ကိုယ်မှတ် ထောင်နှင့်ချီ၍ ဆုချလိုက်၏။

: [ပင်ကိုယ်မှတ်။ ၁၉၈၉၈]

သူထင်သည့်အတိုင်း မျက်နှာဖုံးတပ်လူနှင့် လိုက်မသွားတာက မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ပေသည်။

စိတ်ဝိညာဉ်နန်းတော်က တကယ့်ကို သူ့အတွက် တိုးတက်အောင်လုပ်စေဖို့ အကောင်းဆုံးနေရာဖြစ်ပေ၏။

ကောင်တာ နံပါတ် (၁) ၌…။

“ဟမ် အကြီးအကဲ ကျောက်မရှိဘူးလား”

စုရှောင်ရှန် အကြီးအကဲကျောက်ကို မတွေ့ရဘဲ စိတ်လှုပ်ရှားနေဟန်ရသော ကောင်မလေးတစ်ယောက်ကိုသာ တွေ့လိုက်တဲ့အတွက် အံ့အားသင့်သွားသည်။

ဘယ်မှလည်း သွားစရာမရှိရာ အကြီးအကဲကျောက်က နေရာကနေ အကြောင်းပြချက်မရှိဘဲ မခွာပါဘူး။ ခု‌ဘယ်ကို လမ်းသလားနေသလဲမသိ…။

“ဒီဘိုးတော်က တကယ် ပျော်ပျော်နေသေခဲပဲ။ စိတ်ဝိညာဉ်နန်းတော်မှာဖြစ်ပျက်သွားတာတွေကြားရတောင် လွတ်လွတ်လပ်လပ် ရှိနေသေးတယ်”

ထိုအစိမ်း၀တ်ကောင်မလေးက ရှက်သွေးများဖြင့် မျက်နှာကလေး ရဲရဲ‌နီနေခဲ့၏။ သူမရှေ့က စုရှောင်ရှန်ကိုကြည့်ပြီးလဲ ရင်တဒိတ်ဒိတ် ကြိမ်နှုန်းမြင့်စွာ နှလုံး ခုန်လာတော့သည်။

ကောလဟာလများထဲကအတိုင်း အကိုစုက လျှာစောင်းထက်သည့်ပုံ မပေါ်ပါချေ။

သူ့တွင် နူးညံ့သော လေသံကလေးရှိပြီး ချောမောခန့်ညားပေသည်။ သူ့မျက်နှာပေါ်က အခက်တွေ့နေသည့် အမူအရာကတောင် လူတိုင်း၏ နှလုံးများကို မြင်းဒုန်းဆိုင်းသွားစေဖို့ လုံလောက်၏။

သူမ၏ အိပ်မက်ထဲက မင်းသားလေးကို ကွက်ကွက်ကွင်းကွင်း လူချင်း မြင်တွေ့ရလေပြီ။

“အာ…”

“အေး”

စုရှောင်ရှန် သူ့ရှေ့က ကောင်မလေးကို ကြည့်လိုက်သည်။ ယခုလိုဖြစ်နေတာ ပထမဆုံးမဟုတ်ရပါချေ။ လာလမ်းတစ်လျှောက်မှာလည်း ဤသို့ အူကြောင်ကြောင်ဖြစ်သွားတဲ့ လူအစီအတန်းလိုက်ကြီးထားခဲ့သေးသည်။

ဂိုဏ်းသားသစ်တွေဘာများဖြစ်နေကြတာလဲမသိ။

“ဘာလဲ”

ကောင်မလေးက ရှက်သွေးဖြန်းသွားပြီး ရင်ဘက်ထဲကနေ တုန်ရင်နေသောလက်ဖြင့် စာအုပ်အသေးလေးတစ်အုပ်ထုတ်ယူလိုက်သည်။ “လက်မှတ်ထိုးပေးပါလား”

အို့ … သူမက လက်မှတ်လိုချင်တာပဲ။

စုရှောင်ရှန် ‌ပြုံးလိုက်၏။ လက်‌မှတ်လေးတောင်းတာကို ဘာမှ ယခုလို ကြောက်စရာမလိုပါလား။ သူက လူတွေကို ကိုက်စားနေတာလဲမဟုတ်။

သူမ၏ စာအုပ်ကိုယူပြီး ဖွင့်ကာမေးလိုက်သည်။ “ဘယ်မှာထိုးပေးရမှာလဲ”

စုရှောင်ရှန်က ပေါ့ပေါ့ပါးပါးရှိနေလွန်းလှရာ ကလေးမလေး မှင်တက်သွားခဲ့သည်။ ချက်ခြင်းဘဲ ပီတိဝေနေသော အမူအရာဖြင့် မှင်တံတစ်ချောင်းထုတ်ယူလိုက်၏။

“ဘယ်နေရာဖြစ်ဖြစ်ရတယ်” ကောင်မလေးက စိတ်လှုပ်တရှား ပြောလိုက်သည်။

စုရှောင်ရှန် သူမကို လက်ပြကာ သူ့မှင်တံကို ထုတ်ယူလိုက်၏။ ထိုမှင်တံကို သူ၏ ပထမဆုံး ပုရိသတ်ကလေးစီမှ ရထားခြင်းဖြစ်ပေသည်။ သို့ပေမယ့် သူ့ရှေ့ကကောင်မလေး၏ စိတ်ပျက်သွားသောအမူအရာကိုမြင်သောအခါ ချက်ခြင်း ရှက်ကိုးရှက်ကန်းပြုံးလိုက်ကာ “ဟာ ငါ့မှင်တံက ဘာဖြစ်သွားတာလဲမသိဘူး။ ကြည့်ရတာ နင့်ဟာပဲ သုံးရတော့မယ်ထင်ပါတယ်”

သူမ၏ မှင်တံကို ယူလိုက်သောအခါ ကောင်မလေး၏ မျက်နှာထက်၌ အပြုံးပန်းတို့ ဝေသွားခဲ့၏။

စုရှောင်ရှန် အလျင်အမြန်လက်မှတ်ထိုးပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူက အတွေ့အကြုံရင့်သန်လာတာကြောင့်ပဲလား စုတ်ချက်တိုင်းက တစ်စထက် တစ်စ ကြည့်လို့လှပလာပေလေသည်။

ဒီလောက်ဆိုရပါပြီ။

ထို့နောက်မှာ တစ်ခုခု မူမမှန်တာကို ခံစားလိုက်ရသည်။

: [အားကျခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၈၆]

: [မနာလိုခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁၀၁]

: [၀န်တိုခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁၇၇]

“…”

သူနောက်လှည့်ကြည့်လိုက်သောအခါ သူ့အနောက်မှာ ကြိတ်ကြိတ်တိုး‌ နေသည့် မျက်လုံးနီနီကြီးများဖြင့် မိန်းကလေးတစ်သိုက်ကိုတွေ့လိုက်ရသည်။ ဒါတင်မကသေး ထိုအထဲမှာ‌ ယောက်ျားသားတစ်ချို့ကိုပါတွေ့လိုက်ရ၏။

လခွမ်း…။

ဘာလဲဟ။ မိန်းကလေးတွေ မနာလိုအားကျတာက အဓိပ္ပာယ်ရှိသေးတယ် ဒီကောင်တွေက ဘာတွေလဲ။

“စုရှောင်ရှန် လက်မှတ်ထိုးပေးလိုက်တယ်တဲ့ ကြမ်းစမ်း။ သူ့ကြည့်ရတာ ငါကြားထားသလို သူ့ကို စကားလာ‌ ပြောတာတဲ့ စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကိုတောင် တစ်ချက်တည်းနဲ့ ထိုးပစ်လိုက်တယ်တာနဲ့ မတူပါဘူး ဘ၀မမြင့်ပါဘူး”

“အေးဟဲ့ ငါလည်း သူက စိတ်ကြီးမယ်မှတ်နေတာ။ ဒီလိုမှန်းသိရင် လက်မှတ်စောစောတောင်းခဲ့ပါတယ်”

“အေးဆို ချီးပဲဟယ်”

“မဟုတ်ဘူး မဟုတ်ဘူး နင်တို့ ကြားတာမမှားဘူး”

“ဘာပေါတာလဲ”

“အိုးးးးးး… အားကျလိုက်တာ။ ငါလည်း လက်မှတ်လိုချင်တယ်လေ”

“ငါရောပဲ ငါရောပဲ”

“သွားစမ်းပါ။ နင်က ယောက်ျားကြီးကို ဘာဖြစ်နေတာလဲ”

“ဟ ငါက ယော်က်ျားကြီးဖြစ်တော့ ဘာဖြစ်လဲ။ ယောက်ျားတစ်ယောက် လက်မှတ်လိုချင်တော့ရောဘာဖြစ်လဲ။ ‌ခွဲခြား ခွဲခြား မဆက်ဆံပါနဲ့။ မဟုတ်ရင် ငါ ငါ ဟေး ပြောတာနားထောင်ဦးလေ”

“လခွမ်း”

လူအုပ်ကြီးက စိတ်လှုပ်တရှား သဲကြီးမဲကြီး ကြိတ်ကြိတ်တိုးနေကြသည်။

စုရှောင်ရှန် နောက်‌ဆုံးတော့ နာမည်ကြီး တစ်ယောက်ရဲ့ တွေ့ကြုံခံစားရတဲ့ ဒုက္ခများကိုတွေ့ချေပြီ။

ထိုအရူးတနှမ်းလူများကို ကြော့ကွင်းဖြင့် တိုက်ပစ်လိုက်ချင်မိပါသည်။ ဒါပေမယ့် သူတို့က သူ့ပုရိသတ်များဖြစ်ကြရာ စိတ်ကိုလျော့ထားလိုက်ရပြီး အပူတပြင်းရှောင်ချေတော့သည်။ ဘာဖြစ်ဖြစ် ပင်ကိုယ်မှတ်များတော့ ရသေးသည်မဟုတ်ပါလား။

သို့ဖြင့် ကြော့ကွင်းကိုသုံးတာက သူ့ပုရိတ်သတ်များကိုသာ အထိနာစေသည်မဟုတ် သူကိုယ်တိုင်ကိုလည်း အထိနာစေပေသည်။

စုရှောင်ရှန် အပြင်စည်းမှာလည်း ကြိုက်သလို စိတ်ရှိတိုင်း တိုက်ခိုက်နိုင်တာမဟုတ်ချေ။ သူသာ ဒဏ်ရာအနာတရ ဖြစ်အောင်လုပ်မိရင် အတွင်းစည်းကို ၀င်ထားခဲ့သည်‌တောင်ထား စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနက ပြစ်ဒဏ်စီရင်ရေးခုံရုံးက်ိုရောက်သွားနိုင်သည်။

အဆုံးသတ်သွားရပေလိမ့်မည်။

သို့ဖြင့် ကြံရာမရတော့တဲ့အဆုံး စိတ်ဝိညာဉ်အနှစ်များကိုစုစည်းလိုက်ပြီး အဆုတ်တစ်ဆုံး သံကုန်ဟစ်တော့သည်။

“တိတ်ကြစမ်း”

လူတိုင်း ချက်ခြင်း ရပ်တန့်သွားပြီး နေရာတစ်ခုလုံးလည်း တိတ်ဆိတ်သွားခဲ့၏။

“ဝိုး…။ သူက ကြမ်းလိုက်တာ”

“စုရှောင်ရှန် ချစ်တယ်။ နင့်ကို အဖွဲ့လိုက်ပြိုင်ပွဲကတည်းက အားပေး‌လာတာ။ လက်မှတ်ထိုးပေးပါဦး”

“ထွက်သွားစမ်းပါ။ စုရှောင်ရှန်က ငါ့အပိုင်ပဲ”

“နင်ပဲ ထွက်သွား”

ဟူးးးး…။

လူအုပ်ကြီးက လူငယ်လေးကို ဝိုင်းလိုက်ကြသည်။ ထိုကြိတ်ကြိတ်တိုးနေသည့် လူအုပ်အကြားမှာ စုရှောင်ရှန် ညပ်သွားတော့၏။

“လခွမ်း ဘယ်သူ့လက်လဲ ငါ့ကိုမထိနဲ့ဟ။ ငါ့ကို မတွန်းကြပါနဲ့ မဟုတ်ရင် အားသုံးရလိမ့်နော်” စုရှောင်ရှန် အော်ဟစ်လိုက်သည်။

ဘယ်သူ့မှ သူ့ကို အာရုံမစိုက်ပါချေ။

‌အဆောက်အဦးကြီးတစ်ခုလုံးက တုန်ခါနေခဲ့ပြီး အချိန်မရွေးပြိုလဲသွားတော့မည့်ဟန်ရသည်။

ကောင်တာ (၁၀၈) ခုလုံးမှာ တာ၀န်ထမ်းဆောင်နေသည့် ဂိုဏ်းသားများလည်း ထိုလူအုပ်ကြီးကို ငူငူငိုင်ငိုင်ကြည့်ပြီး မှင်တက်သွားခဲ့ကြ၏။

“အမြန်။ အကြီးအကဲကျောက်ကို အမြန်‌သွားခေါ်”

ထိူလုပ်ကြီးကြားထဲမှ စိုးတထိတ်ထိတ်ဖြစ်နေဟန်ရသော အသံကြီးတစ်သံက ကျယ်လောင်စွာထွက်လာပါသည်။

“ကယ်ကြပါဦးလို့… အု”

အပိုင်း (၂၁၆) ဘယ်လိုထင်လဲ

“စုရှောင်ရှန်”

စိတ်ဝိညာဉ်အထွေအထွေရေးရာဌာနသို့ရောက်သောအခါ ကျောက်ကျစ်တုံ့ အကြီးအကျယ် မှင်တက်သွားရသည်။

လူအုပ်ကြီး ဆူပူသောင်းကျန်းနေတာက စုရှောင်ရှန်ကြောင့်တဲ့လား။ ဘယ်တုန်းက ဒီလောက် လူချစ်လူချင်ပေါများသွားတာလဲဟ။

သူအတွင်းစည်းထိပ်သီး(၃၃) ဦး၏ ခေါင်း‌‌ဆောင်ဖြစ်လာသောအခါကတောင် ဘယ်သူမှ သူ့လက်မှတ်မတောင်းကြပါချေ။

စိတ်ဝိညာဉ်အထွေအထွေရေးရာဌာနထဲမှာ လူအုပ်ကြီးက ဆက်လက်၍ ကြိတ်ကြိတ်တိုးနေကြစဲဖြစ်ပြီး မကြာခင်မှာ တစ်ယောက်အပေါ်တစ်ယောက်တက်နှင့် ၀ရုန်းသုန်းကာဖြစ်လာတော့သည်။

သို့သော် ထိုအာရုံစိုက်မှု၏ အလယ်ကလူက အချိန်အကြာကြီးကတည်းက လစ်ထွက်သွားပြီဆိုတာ ဘယ်သူမှ မသိကြချေ။

ကျောက်ကျစ်တုံ့ကို ဆွဲခေါ်ပြီး စုရှောင်ရှန် ထောင့်တစ်နေရာမှာ သွားပုန်းလိုက်သည်။ လူအုပ်ကြီးကိုလည်း ထိုထောင့်တစ်နေရာမှ ခေါင်းထွက်ကာ ထိတ်လန့်ကြောက်ရွံ့စွာ ချောင်းကြည့်လိုက်သည်။

“ငါ့မှာသာ ပင်ကိုယ်စွမ်းရည်တွေရှိမနေခဲ့ရင်…” စုရှောင်ရှန် တုန်လှုပ်သွား၏။

“မင်းကဘာဖြစ်နေတာလဲ။ နေဦး မင်းသွေးတွေထွက်နေတယ် ဒဏ်ရာရထားတာလား” စုရှောင်ရှန်၏ ခန္ဓာကိုယ်ကို အထိတ်တလန့်စစ်ဆေးကြည့်ပြီး ကျောက်ကျစ်တုံ့ ဆိုလိုက်သည်။

“ဘာမှ မဖြစ်ပါဘူး ဒါက ကျုပ်ရဲ့သွေးတွေမဟုတ်ဘူး” ပခုံးများကိုတွန့်ကာ စုရှောင်ရှန်ဖြေကြားလိုက်၏။

သူဘယ်သူ့ကိုမှ ထိခိုက်အတနာရဖြစ်အောင်မလုပ်ခဲ့ပါချေ။ သူ၏ ပင်ကိုယ်စွမ်းရည်များက ပိတ်ထားလို့မရသဖြင့် အလိုလို နေရင်းက ဖြစ်သွားခြင်းဖြစ်ပါသည်။

ထိုရုတ်ရုတ်သဲသဲအခြေအနေကြားမှာ သူ့ကို မကောင်းတဲ့လက်တွေနဲ့ ထိချင်ပြုချင်ကြမည့်လူများက မလွဲမသွေရှိပေမည်။ ဒါကြောင့် ဖြူကောင်စု ဘာလဲဆိုတာကို သိသွားအောင်လုပ်ပေးလိုက်၏။

“မင်းဟာမဟုတ်ရင် သူတို့ဟာပေါ့။ အဲ… သူတို့ဟာဆိုတော့ မင်းက သူတို့ကို တိုက်ခိုက်လိုက်တာပေါ့” ကျောက်ကျစ်တုံ့၏ မျက်၀န်းများအတွင်း ဒေါသမီးလျှံတို့ ကြီးထွားတောက်လောင်လာပြီး မေးလိုက်သည်။

“မဟုတ်ဘူး။ မဟုတ်ဘူး…။ ဟာ… ပြောနေရင်လည်း ဇာတ်ကြောင်းကရှည်ဦးမယ်။ ဒီတိုင်း ထားလိုက်လို့မရဘူးလား”

စုရှောင်ရှန်က ကျောက်ကျစ်တုံ့ ပုခုံးပေါ်လက်တင်ပြီးမေးလိုက်သည်။ “တန်ပြန်နေ့တုန်းက ကျုပ်ခင်ဗျားရဲ့ အသက်ကို ကယ်လိုက်သေးတာ မေ့သွားပြီလား”

ကျောက်ကျစ်တုံ့ စွန့်အသွားရ၏။

လခွမ်းပဲ။

ဒီ‌အကောင်နှင့် ငြင်းခုန်ရာမှာ အနိုင်ရရှိအောင် မကြံဆနိုင်ပါလား။

: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“ဘာလဲ။ ဘာလို့ ကျုပ်ကိုလာရှာတာလဲ” စုရှောင်ရှန်က မေးလိုက်သည်။

ကျောက်ကျစ်တုံ့ စိတ်ဝိညာဉ်အထွေထွေရေးရာဌာနကိုတော့ ရုတ်ရုတ်သဲသဲဖြစ်တာကြောင့် လာလိမ့်မည်မဟုတ်ပေ။ ဒီလောက်လေးက စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာန၏ အာရုံကိုဖမ်းစားဖို့ မလုံ လောက်ချေ။ ဒါကြောင့် ရည်ရွယ်ချက်တစ်ခုခုဖြင့်သာလာခြင်းဖြစ်ရမည်။

“အေးဟုတ်တယ်။ ခေါင်းဆောင်က မင်းကိုရှာနေတယ်” ကျောက်ကျစ်တုံ့က ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။

“ခေါင်းဆောင် ကဘာလို့ရှာနေတာတုန်း”

သူ‌ရဲ့ရှောင်ထျန်းနှင့် လျှိုရွှမ်ရှင်းကိစ္စတုန်းကသာ စကားပြောဖူးသည်မဟုတ်ပါလား။ အရေးမကြီးတာမရှိရင် သူ့ကိုမခေါ်သင့်ပါဘူး။

“ပြောပါဦး။ ခေါင်းဆောင် ကျုပ်ကိုရှာနေတာက သတင်းကောင်းလား သတင်းဆိုးလား”

“မသိဘူး။ ငါ့ကိုလာမမေးနဲ့။ နောက်ကလိုက်လာခဲ့”

ကျောက်ကျစ်တုံ့ လှည့်တောင်မကြည့်ဘဲ ရှေ့က ထွက်သွားလိုက်သည်။

ဒီကမ္ဘာကြီးမှာ သူကြောက်တာနှစ်ခုပဲရှိသည်။ ပထမတစ်ခုက စုရှောင်ရှန်ကို မျက်မြင်‌တွေ့ရခြင်းနှင့် ဒုတိယတစ်ခုက သူနှင့် စကားပြောခြင်းဖြစ်သည်။

ရဲ့ရှောင်ထျန်းသာ တကူးတက အမိန့်မပေးလိုက်ရင် ကျောက်ကျစ်တုံ့ ယခုလို လာနေလိမ့်မည်တောင်မဟုတ်ချေ။

စုရှောင်ရှန် တစ်ချက်တွေးတောလိုက်ပြီး ကျောက်ကျစ်တုံ့နောက် မလိုက်ဖို့ဆုံးဖြတ်လိုက်သည်။ တိတ်တိတ်ကလေး ခြေဖွ၍ ခိုးထွက်သွားလိုက်၏။

ထိုအရာက လုံး၀ ကောင်းတာမဖြစ်နိုင်ဘူးဟု မသိစိတ်ထဲက ပြောနေခဲ့လေသည်။ ပြီးနောက်မှာ သူ့ရင်ဘက်က ကျဲကိုထိကြည့်လိုက် ပေသည်။ စုရှောင်ရှန် ၎င်းကို စိတ်ဝိညာဉ်အာရုံဖြင့် ဘယ်လိုဆက်သွယ်ရမလဲသိသွားခဲ့၏။

ရုပ်သေးကလေးငယ်ပြောသောစကားလုံးမျာက မေမေ သာဆိုပေမယ့် သူ့တည်ရှိမှုကလည်း ထောက်လှမ်းမမိနိုင်အောင်‌တောင် တစ်စထက်တစ်စ နိမ့်ဆင်းလာခဲ့လေသည်။

“ခေါင်း‌ဆောင်က ဘာလို့ ငါ့ကိုခေါ်နေတာဖြစ်နိုင်မလဲ” စုရှောင်ရှန် ရေရွတ်လိုက်၏။

သူလည်း အမှားတစ်ခုခုမှ မလုပ်မိသေးပါဘူး။ မဟုတ်ဘူး မပြောနိုင်ဘူး။ စုရှောင်ရှန်အရင်က အမှားတွေအားလုံးကိုများ ‌ရဲ့ရှောင်ထျန်းက စီစစ်ပြီး ဖမ်း၀ရမ်းထုတ်လိုက်တာများလား။

သိပ်ကြာကြာ မလျှောက်ရသေးခင်မှာ သူ့နောက်မှာ စုရှောင်ရှန်ပါမလာတော့ဘဲ ခိုးထွက်သွားသည်ကို ကျောက်ကျစ်တုံ့ တွေ့လိုက်ရသည်။

“ဟေ့ကောင်”

ထိုစပ်ဖြီးဖြီး အကောင်အကြောင်းကို စဉ်းစားမိလေလေ ကျောက်ကျစ်တုံ့ ဒေါသတို့ဖြင့် အပူတပြင်းတုန်ခါလာရလေလေဖြစ်သည်။

၎င်းက ရဲ့ရှောင်ထျန်းထံမှ အမိန့်ဖြစ်ပါ၏။ စုရှောင်ရှန်သူလုပ်ချင်သလို အကြောင်းပြချက်လေးပေးပြီး ထွက်သွားလို့ရသည့်အရာမဟုတ်ချေ။

တစ်ခုခုဖြစ်လာရင် သူကပါ စုရှောင်ရှန်နှင့်အတူ ခေါင်းခံရပေလိမ့်မည်။

“စုရှောင်ရှန် မင်းကိုယ်မင်း ဘယ်သွားနေတယ်ထင်နေတာလဲ” ကျောက်ကျစ်တုံ့၏ အသံက အေးတိအေးစက်ဖြစ်နေခဲ့၏။

“စိတ်ဝိညာဉ် စာကြည့်တိုက်ပေါ့” စုရှောင်ရှန် စာကြည့်တိုက်ရှိရာဘက်ကို ညွှန်ပြလိုက်ပြီး “အကြီးအကဲစန်းက ကျုပ်ကိုလာခဲ့ဖို့ပြောထားတယ်…”

ထိုမှ ခေါင်းကိုက်မှုကြီးကို ကျောက်ကျစ်တုံ့ခံစားလိုက်ရပြီး သူ့သွားများတောင် တဆတ်ဆတ်ကြိတ်လာခဲ့၏။

ဘယ်က အကြီးအကဲစန်းက ပြောတာလဲ။ ဘာလို့ အကြီးအကဲစန်းက ထပ်ပြောရတာလဲ။

စုရှောင်ရှန် သူ့ကိုယ်သူများ မုကျစ်ရှီလို အကြီးအကဲစန်းရဲ့ တပြည့်ထင်နေတာလား။ ဒီထက်ကောင်းတဲ့ အကြောင်းပြချက် မရှာတတ်ဘူးလား။

စုရှောင်ရှန်၏ စပ်ဖြဲဖြဲမျက်နှာကို ထိုးပစ်ချင်စိတ်များကို ကျောက်ကျစ်တုံ့ဖိနှိပ်လိုက်၏။ ဒါ့အပြင်ကို သူက စည်းကမ်းကြီးကြပ်သူတစ်ယောက်ဖြစ်နေသေးလေရာ စည်းကမ်းဖောက်ဖျက်မိရင် ခံစားရမည့် ပြစ်ဒဏ်က ဂိုဏ်းသားများထက် ပို၍ ကြီးမားလေသည်။

“မင်းရဲ့ အကြောင်းပြချက်က ခေါင်းဆောင်ပြောတာထက် ပိုပြီး အရေးကြီးနေလို့လား”

“အကြောင်းပြချက်မဟုတ်ပါဘူးဆို ဒုက္ခပါပဲ”

အကြီးအကဲစန်းက တကယ် သူ့ကို ထိုနေ့ည စကားပြောပြီးနောက်မှာ အနားယူပြီးရင် လာတွေ့ပါလို့ မှာကြားထားခဲ့သည်။ ဒါကြောင့် သူမတော်တရားခံနေရသလို ခံစားလိုက်ရ၏။

အကြီးအကဲစန်း၏ အမိန့်ကိုလည်း သူလွန်ဆန်လို့မရပါလား။

“ကောင်းပြီလေ အကြောင်းပြချက်မဟုတ်ဘူးဆိုရင်လည်း ဒုခေါင်းဆောင်ရဲ့ အမိန့်က ခေါင်းဆောင်ထက် ပိုအရေးကြီးတာလား” ကျောက်ကျစ်တုံ့ ခြောက်ကပ်ကပ်ရယ်ပြီးမေးသည်။

စုရှောင်ရှန် တခဏကြာ တုန့်ဆိုင်းနေပြီးမှာ ကျောက်ကျစ်တုံ့ကို မဖြေကြားပဲ ပြန်မေးလိုက်၏။ “ဘယ်လိုထင်လဲ”

ကျောက်ကျစ်တုံ့ ဖြေကြားဖို့ ပါးစပ်ဟလိုက်တဲ့ အချိန်မှာ စုရှောင်ရှန်က ဆက်လက်၍ “သူတို့နှစ်ယောက်က ခင်ဗျားကို အမိန့်တစ်ခုပြိုင်တူပေးခဲ့ရင် ဘယ်သူ့ဟာ အရင်လုပ်မလဲ”

ကျောက်ကျစ်တုံ့စွန့်အသွားရ၏။

စုရှောင်ရှန် သူ့ကို အငိုက်ဖမ်းသွားလေသည်။

ဒီအကောင်က တကယ့် ပြဿနာကောင်ဖြစ်သလို ပြဿနာမေးခွန်းများကို မေးလည်း မေးတတ်သည်။

: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“စုရှောင်ရှန်… စုရှောင်ရှန်…”

အရာရာကို သိပ်အဖက်လုပ်လေ့မရှိသော တသီးတခြား နေသည့် စည်းကမ်းကြီးကြပ်သူကျောက်က သွားကြားထဲမှ ဖျစ်ညှစ်ထုတ်နေသလို သူ့နာမည်ကို ရွတ်ဆိုနေတာကြောင့် စုရှောင်ရှန်ကြက်သီးတဖျင်းဖျင်းထသွားရသည်။

ကျောက်ကျစ်တုံ့ သူ့အမေးကို မဖြေဘဲနှင့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီဆိုတာ စုရှောင်ရှန် သိသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

ထင်ထားသည့်အတိုင်းပဲ ကျောက်ကျစ်တုံ့က လေထဲကိုခုန်တက်ပြီး စုရှောင်ရှန်ကို ဂုတ်ကနေ မလိုက်၏။

သို့ပေမယ့် ဒီလောက်နီးနီးကပ်ကပ်လေးကို စုရှောင်ရှန်က ပြန်တုန့်ပြန်နိုင်လိုက်တာကြောင့် ကျောက်ကျစ်တုံ့ အံ့အားသင့်သွားသည်။ သို့သော် ထိုမျှသာ။

“လခွမ်း။ ခင်ဗျား ဘာလုပ်နေတာလဲ။ တိုက်ခိုက်တယ်ဆိုတာ စည်းကမ်းချိုးဖောက်နေတာနော်”

“ဟီးဟီး။ ဘာကို တိုက်ခိုက်တာလဲ။ အမိန့်နာမခံတဲ့လူတွေကို ကိုင်တွယ်တဲ့အခါ ငါတို့အသုံးပြုနေကြနည်းလမ်းလေးပါပဲ”

“ဘာလို့ ကျုပ်ကိုတိုက်ခိုက်နေတာလဲ။ ကျုပ်ရဲ့ ဘယ်အပိုင်းက အမိန့်နာမခံနေလို့လဲ။ ခုချက်ခြင်းလွှတ်နော် မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်ခုခံဖို့ တန်ပြန်တိုက်ခိုက်ရလိမ့်မယ်”

“ဟားဟား။ စမ်းကြည့်လေ ရသလားလို့”

ကျောက်ကျစ်တုံ့ ခြောက်ကပ်ကပ်ရယ်လိုက်သည်။ စုရှောင်ရှန်က စစ်မှန်ခြင်းနယ်ပယ်ကို ရောက်တာနဲ့ ဘယ်သူမှ သူ့ကို အနိုင်မယူနိုင်တော့ဘူးလို့ ဘ၀င်ခိုက်နေတာလား။

သူက အရှင်သခင်…

ဘုန်းးး…။

သူ့ရင်ဘက်ကို ကျရောက်လာသော ဧရာမ ခွန်အားကြီးကြောင့် ကျောက်ကျစ်တုံ့၏ စိတ် ဗလာကျင်းသွား၏။ စုရှောင်ရှန်၏ ရုတ်တရက် တိုက်ခိုက်မှုက သူ့ကို ကောင်းကင်တစ်လွှားပြန်သန်းသွားစေလိုက်သည်။

“ဟမ်”

ကျောက်ကျစ်တုံ့ ထိုထောင့်ကလေးမှ လွင့်ထွက်လာတာကို လူအုပ်ကြီး ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရသည်။

အပြင်စည်းမှာ ကောင်းကင်ယံထိအောင် လွင့်သွားအောင်ထိုးခံရတယ်‌ဆိုတာက ရှားပါးသောမြင်ကွင်းဖြစ်ပေ၏။ အထူးသဖြင့် သူတို့၏ အင်မတန်ကျော်ကြားသော အပြင်စည်းက ဂိုဏ်းတူအကိုကြီး၏ ပြိုင်ပွဲများပြီးနောက်မှာ ဖြစ်သည်။

“ဝိုး ကြည့်ဦး။ လူတစ်ယောက်ပျံနေတယ်”

“ဟ အဲ့လူ ဘယ်လိုပျံနေတာ ပြီးတော့ ရင်ဘက်မှာ သွေးလည်း ထွက်နေသေးတယ်”

“ပျံသန်းတယ်ဆိုတာ ပေးဆပ်မှုတစ်ခုခုတော့ရှိတယ်။ ငါကြားတာတော့ စိတ်ဝိညာဉ်စာကြည့်တိုက်မှာ စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၃) တောင် သွေးတစ်ချို့ စတေးခံပြီး ပျံသန်းစေနိုင်တဲ့ နည်းစနစ်တစ်ခုရှိတယ်တဲ့”

“တကယ်လား”

“ငါလည်းသေချာမသိဘူး။ တစ်ဆင့်နား တစ်ဆင့်ထပ်ကြားလာရတာပဲ”

“…”

ကျောက်ကျစ်တုံ့ သွေးပွက်ပွက်အန်လုနီးပါးဖြစ်သွားသည်။ ဒီစုရှောင်ရှန် ဆိုတဲ့အကောင်နှင့် သူနှင့် မိတ်ဆွေတွေဖြစ်လာဖို့ ရေစက်မပါချေ။

“စုရှောင်ရှန် မင်းက ခေါင်းဆောင်ရဲ့ အမိန့်ကို ဖီဆန်ရဲတယ်ပေါ့” ထိုအလစ်အငိုက်တိုက်ခိုက်မှုကို ကျော်လွှားပြီးနောက်မှာ ကျောက်ကျစ်တုံ့ အော်လိုက်သည်။ သူ့စကားမှ ဒေါသသံကြောင့် လူတိုင်း အထိတ်တလန့်ဖြစ်သွားကြ၏။

“စုရှောင်ရှန်ဟုတ်လား”

“သူက အဆောက်အဦးထဲမှာ မဟုတ်ဘူးလား”

လူတိုင်း စိတ်ဝိညာဉ်အထွေထွေရေးရာဌာနအတွင်းက လူအုပ်ကြီးကိုကြည့်လိုက်ကြသည်။ အတွင်းက လူများလည်း ကျောက်ကျစ်တုံ့၏ စကားကြောင့်ရပ်တန့်သွားကြပြီး သူ့ဘက်ကို ကြည့်လိုက်ကြ၏။

ထို့နောက်ချက်ခြင်း လူတို့၏ ဆူညံသံများဖြင့် ပြန်ပြည့်လာခဲ့သည်။

“ဟဲ့ ငါ့ပေါ်ကဆင်းပါဟဲ့။ ငါသွေးတွေထွက်နေပြီ။ ပြီးတော့ ဘယ်သူ ငါ့လက်ချောင်းတွေကို လာခြစ်သွားတာလဲ”

“ငါ့အရိုးတစ်ချောင်းလည်းကျိုးသွားပြီ။ ဘယ်သူငါ့ကို တိုက်ခိုက်လိုက်တာလဲ။ စောစောက မနာပေမယ့် ခုတော့ နာနေပြီ”

“ကယ်ကြပါ။ အသက်ရှူလို့မရတော့ဘူး”

“ငါ့ကိုမပွတ်သပ်ပါနဲ့။ ငါက စုရှောင်ရှန်မဟုတ်ဘူး။ အင်းးးးး…”

“ရွံစရာကြီး”

လူတိုင်း ဗလာတောင့်တောင့် လူကြီးတစ်ယောက်ထံက စက်ဆုပ်ဖွယ်ရာ ညည်းညူသံကြီးကြားလိုက်ရပြီး သင်္ချိုင်းမြေလို ဆိတ်ငြိမ်ကျသွားခဲ့၏။

လူအုပ်ကြီးစီက အော်သံများကြောင့် အသည်းငယ်သော စည်းကမ်းကြီးကြပ်သူကျောက် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့သည်။ “စုရှောင်ရှန် မင်းဘာလုပ်လိုက်တာလဲ ကြည့်ဦး” သူ ဒေါသတပြင်းအော်ဟစ်လိုက်သည်။

စုရှောင်ရှန် သူ့ကို အပြစ်ကင်းစင်သလိုကြည့်လိုက်၏။ ထိုလူအုပ်ကြားထဲက ထွက်နိုင်တာကိုက ကံကောင်းနေပြီ။ မဟုတ်ရင် ထိုညည်းညူရမယ့် တစ်ယောက်က သူဖြစ်သွားနိုင်ပေလေသည်။

“ကျုပ်လုပ်တာမှမဟုတ်တာ။ ပြီးတော့ ခင်ဗျားက အရင် အကြမ်းဖက်တဲ့လူလေ။ ကျုပ်က ခံရတဲ့လူ အပြစ်ကင်းတယ်”

“ဟူးးးး”

ကျောက်ကျစ်တုံ့ သက်ပြင်းရှည်ကြီးချပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်လာအောင်လုပ်လိုက်သည်။ လေပေါ်ကနေပြန်ကျလာသောအခါ သူ့တည်ငြိမ်သောအသံကလေး ပြန်ကြားလိုက်ရ၏။

“ပြင်ထား ငါတို့ စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနကိုသွားမယ်”

“ဘာလို့လဲ”

“ဘာလို့လဲလို့ထင်လဲ”

ကျောက်ကျစ်တုံ့သူ့ရင်ဘက်က သွေးကွက်ကြီးကို တုန်တုန်ရင်ရင် လက်ညိုးထိုးပြလိုက်သည်။ စုရှောင်ရှန် သူ့ကို တံတောင်နဲ့ တိုက်လိုက်တာ ဘာလို့ ဓားနဲ့ အထိုးခံလိုက်ရသလို ခံစားနေရလဲမသိ။

ဒီကောင့် မွေးတဲ့နှစ်က ဖြူကောင်နှစ်ဖြစ်ရမယ်။

စုရှောင်ရှန် တခဏ တိတ်ဆိတ်သွားပြီးနောက်မှာ ပြောလိုက်သည်။ “ကျုပ်မမှားရင် ခင်ဗျားပဲ စမ်းကြည့်လို့ပြောတာလေ”

“ငါ…”

စုရှောင်ရှန်နှင့် စကားပြောပြီး ကျောက်ကျစ်တုံ့ အမှားကြီးတစ်ခု ထပ်မှားလိုက်တာ ခုမှ သတိရသွားသည်။

: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“တောင်းပန်တယ်။ ဒီကစ္စကိုမေ့ထားလိုက်တော့။ ဒါပေမယ့် ခေါင်းဆောင်က မင်းကိုတကယ် ခေါ်ခိုင်းလိုက်တာ”

ကျောက်ကျစ်တုံ့ နွေးထွေးသော အပြုံးတစ်ခုကို ဆင်မြန်း၍ စုရှောင်ရှန်ကိုကြည့်ပြီး မျက်နှာချိုသွေးလိုက်သည်။

“ဘယ်လိုလဲ။ လိုက်မယ်မလား”

[မျက်နှာချိုသွေးခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

အပိုင်း (၂၁၇) လှိုဏ်ဂူဖြူဝင်ခွင့်

အချိန်ကြာလာသောအခါ တစထက်တစ်စ အပြုံးပျက်ကာ ဒေါသထွက်လာနေသည့် ကျောက်ကျစ်တုံ့ကို စုရှောင်ရှန် သတိချပ်ထားပြီးကြည့်လိုက်သည်။ ထို့နောက် သူပြောတာနားထောင်မှလို့ တွေးမိလိုက်၏။

“နေပါဦး နေပါဦး ဒေါသမထွက်လိုက်ပါနဲ့။ ခင်ဗျားနဲ့လိုက်ခဲ့ပါမယ်”

အကြီးအကဲစန်းနှင့်ကိစ္စကို စုရှောင်ရှန် ယာယီ ဘေးချထားလိုက်သည်။ ကြည့်ရတာ ရဲ့ရှောင်ထျန်းက တကယ် အရေးကြီးတဲ့ ကိစ္စရှိနေပုံရ၏။

မဟုတ်လျှင်တောင် သူ့နောက်မှာ အကြီးအကဲစန်းရှိတာကြောင့် စိတ်ဝိညာဉ်နန်းတော်အတွင်းက ဘယ်သူမှ သူ့ကို ထိခိုက်အောင်မလုပ်ရဲလောက်ဟု တွေးလိုက်သည်။

ထိုညက ကောက်ရိုးခမောက်စောင်း အဖိုးကြီး၏ ပုံရိပ်ကိုပြန်မြင်ယောင်မိပြီး စိတ်ဝိညာဉ်နန်းတော်၏ နောက်ကွယ်က ခေါင်းဆောင်အစစ်အမှန်က ဘယ်သူမှန်း သိလိုက်ရတော့လေသည်။

“သွားစို့”

ကျောက်ကျစ်တုံ့သူ့ကတိအတိုင်း မလိုအပ်လာလျှင် စကားမပြောပါဟု ဆုံးဖြတ်ချက်ချလိုက်၏။

ထိုအခိုက်မှာ စိတ်ဝိညာဉ်အထွေထွေရေးရာဌာနထဲမှ လူတိုင်အုပ်ကြီးလည်းထွက်လာခဲ့ပြီး ထွက်သွားနေသော စုရှောင်ရှန်၏ နောက်ကျောကို မကျေမနပ်ကြည့်လိုက်ကြ၏။

သို့ပေမယ့် သူ့ကို စည်းကမ်းကြီးကြပ်သူတစ်ယောက်က ခေါ်ဆောင်သွားနေရာ သူတို့ ဘာမှ မလုပ်ရဲလိုက်ကြပါချေ။

“နှမျောစရာကောင်းလိုက်တာကွာ။ စုရှောင်ရှန်ပါသွားပြီ။ ငါတို့ လက်မှတ်တွေမရနိုင်တော့ဘူး”

“ခစ်ခစ် ဘာကို လက်မှတ်လည်း နင်လက်မှတ်ကို လိုချင်နေတာသေချာရဲ့လား။ ဘာလို့ နင့်လက်ချောင်းတွေက ဒဏ်ရာရနေတာတုန်း”

“မသိဘူးလေ ငါ့ကို တစ်ယောက်ယောက် ဓားနဲ့ထိုးလိုက်တာနေမှာပေါ့ နင်‌ကရော အတူတူပဲမဟုတ်ဘူးလား”

“ဘာကိုလဲ”

“နင့်လက် အရိုးကျိုးသွားတာလေ။ ဘာဖြစ်ရမှာလဲ”

“…”

လူတိုင်း အပူတပြင်းဆွေးနွေးလိုက်ကြအပြီးမှာ စုရှောင်ရှန် လက်မှတ်တစ်ဆောင်ချန်ထားခဲ့တာကို သတိရလိုက်ကြ၏။

ရာနှင့်ချီသော မျက်လုံးများက စုရှောင်ရှန် လက်မှတ်ထိုးပေးလိုက်သော ကောင်တာက ကောင်မလေးကို ဝိုင်းကြည့်လိုက်ကြသည်။

ကောင်မလေးက အလတန့်တကြား မြေပြင်ပေါ်မှ ဖင်ထိုင်ကျသွားပြီး တုန်တုန်ရင်ရင်နှင့်မေး၏။ “နင်- နင်တို့ ဘာလုပ်ချင်တာလဲ”

“ခစ်ခစ်”

“ငါတို့ဘာလိုချင်လဲဟုတ်လား။ နင်သိပါတယ်”

လူတိုင်း သူမကို ပတ်ပတ်လည်မှ ဝိုင်းလိုက်ကြသည်။ အချို့လူများက အခြေအနေ မဟန်တော့တာသိ၍ အကူအညီတောင်းရန် ပြေးသွားလိုက်ကြသည်။ ထိုမှ လူအုပ်ထဲက စူးစူးရှရှ အော်သံကြီးထွက်လာခဲ့၏။

“တောင်းပန်ပါတယ်။ ငါ့ကိုလက်မှတ်လေးရောင်းပေးပါ။ ဘယ်လောက်ပေးဆို ပေးပါ့မယ်”

“မဟုတ်ဘူး။ ငါ့ကိုရောင်း”

“သေနာမ။ လက်မှတ်က ငါယူမှာ”

“ငါယူမှာ”

ဒုန်း ဒိုင်း ဝုန်း ဗလုံးးး

၀ရုတ်းသုန်းကားဖြစ်နေသည့် အချိန်အတွင်းမှာ အသံနက်ကြီးတစ်ခု ပေါ်လာခဲ့သည်။

“အကြီးအကဲကျောက်ပြန်လာပြီ”

ဟမ်။

လူတိုင်း တဖြည်းဖြည်း လူစုပြန်ခွဲလိုက်ကြ၏။

“ပြေးကြ”

ညီလာခံ ခန်းမ…။

“ထွီး အဟွတ် အဟွတ်”

အကြီးအကဲကျောက် ရေနွးကြမ်းသီးသွားပြီး ချောင်းတဟွတ်ဟွတ်ဆိုးတော့သည်။ ထို့နောက် သူ့ရှေ့က ကျန်းပင်းယန်ကို မယုံကြည်နိုင်စွာကြည့်ကာ ရေနွေးကြမ်းခွက်ကို စားပွဲပေါ်ဆောင့်ကြီးအောင့်ကြီးချလိုက်၏။

“ခန်းမသခင်ကျန်း ခင်ဗျား လာနောက်နေတာလား။ လှိုဏ်ဂူဖြူ၀င်ခွင့်ကို ကျုပ်တို့ ထျန်းစန်းနန်းတော်က မောင်ပိုင်စီးထားတာမဟုတ်ဘူးလေ။ ထျန်းစန်းစီရင်စုက မဟာမိသားစုကြီးလေးခုနဲ့ လှိုက်ဂူဖြူအနားက မြို့(၁၂)မြို့ အပြင်ကို တခြားအဖွဲ့အစည်းတွေကလည်း ပိုင်တယ်။ ဒီလူတွေနဲ့ မျှဝေပြီးတော့ ကျုပ်တို့ထျန်းစန်း‌နန်းတော်တောင် ၀င်ခွင့် (၁၀) နေရာစွန်းစွန်းလေးရတာ။ အခု (၂) နေရာပေးဖို့ တောင်းဆိုတာက မလွန်လွန်းဘူးလား”

အကြီးအကဲကျောက်ပြောတာကို ရဲ့ရှောင်ထျန်းလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။ အကြီးအကဲကျောက်က တကယ့်ကို စိတ်ဝိညာဉ်အထွေထွေရေးရာဌာန၏ ထိပ်ခေါင်အကြီးအကဲဖြစ်၏။ စကားလုံးများဖြင့် အခြေအနေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ သူက ပြိုင်စံရှားပေသည်။

ရဲ့ရှောင်ထျန်းသာ ကျန်းပင်းယန်ကို တုန့်ပြန်လိုက်လျှင် ခပ်ဆတ်ဆတ် စကားများသာ ထွက်လာပေလိမ့်မည်ဖြစ်၏။

ထိုမှ အကြီးအကဲစန်းနှင့် ယခင်‌ရက်အနည်းငယ်လောက်တုန်းက အလောင်းအစားကိုသတိရသွားသည်။ ခုတော့ ဘာမှတောင်မကြာသေးဘဲ လောင်းကြေးစားကြေးရှုံးသွားပေပြီ။

မြင့်မြတ်နတ်ဘုရားနန်းတော်က သူထင်ထားသလို တကယ် ကိုယ်ကျိုးစွန့်သည့် အဖွဲ့မဟုတ်ပါပေ။ ကုန်းမြေ၏ အလွှမ်းမိုးနိုင်‌ဆုံးအဖွဲ့အစည်းကလည်း လှန်စရာ အောက်ဖဲများရှိလေသေး၏။

ဒီကမ္ဘာကြီးမှာ လူသားတို့က အကျိုးအမြတ်ဆိုတာအတွက်ချည်းပဲ ကြည့်ပြီ ရှေးရှုသွားကြသည်။ ရှေးလူကြီးများ၏ ပို့ချမှုများက တကယ်မှန်ပေ၏။

ရဲ့ရှောင်ထျန်း မျက်နှာသေကြီးဖြင့် ထိုင်နေသော ကျန်းပင်းယန်ကိုကြည့်လိုက်ပြီးနောက် ရေနွေးကြမ်းတစ်ချက်သောက်ရင်း စိတ်ထဲ၌ ‌ရယ်လိုက်သည်။

မြင့်မြတ်နတ်ဘုရားနန်းတော်က တကယ် လေဘကြီးလှ၏။ တစ်ဆယ်လောက်လေး ကူညီပေးပြီး အတိုးက တစ်ထောင်လောက်တောင်းနေတယ်။

လှိုဏ်ဂူဖြူက နံပါတ်လေးဓားပေါ်လာမည်ဟု ကောလဟာလများထွက်နသောနေရာဖြစ်သည်။ ၎င်းက ထျန်းစန်းနန်းတော်အတွက် တကယ် အရေးပါသည့် အခွင့်အရေးကြီးဖြစ်၏။

ဒါဖြင့် လှိုဏ်ဂူဖြူ၀င်ခွင့် ဆယ်နေရာက အင်မတန် အဖိုးတန်လှပေသည်။ ဘာလို့ သူများကိုပေးလိုက်ရမှာလဲ။

စုရှောင်ရှန်စီမှာ နံပါတ်လေးဓား၏ ဓားအိမ်ရှိရာ ထျန်းစန်းနန်းတော်က အသာစီးကနေလည်းရှိနေသေးသည်။

ကျန်းပင်းယန် သူ့ဘေးနားက လူငယ်နှစ်ယောက်ကို ကြည့်လိုက်သည်။ တကယ်လို့ ချန်ရှင်းချုဆိုပါက ၀င်ခွင့်ရမရက အရေးမကြီးပါချေ။ သို့ပေမယ့် ယွဲ့ကျစ်၀မ်လည်းပါနေသေးရာ ဒီအခွင့်အရေးကို လက်လွတ်ခံလို့မဖြစ်ပါ။

သူ စိတ်ဝိညာဉ်နန်းတော်နှင့် သူတော်စင်အစေအပါးအကြားမှာ မဆိုစလောက်လေး ကူညီခဲ့တယ်ဆိုပေမယ့် ဒီကလေးမလေးကို လှိုဏ်ဂူဖြူထဲ ပို့ကိုပို့ရမည်။

“ကျုပ်က သူတော်စင်အစေအပါးရဲ့ စွမ်းတောင်ရည်ကို လျော့တွက်မိသွားတယ်။ ဒါကြောင့်လည်း ၀င်ခွင့် ၂ နေရာအတွက် တန်ဖိုးတူညီလောက်တဲ့ တစ်ခုခုကို လျော်ကြေးပြန်ပေးမှာပါ”

ကျန်းပင်းယန် ပြောရင်းက လက်စွပ်တစ်ခုထုတ်ယူလိုက်သည်။

ရဲ့ရှောင်ထျန်း ခေါင်းကိုသာ ဆက်လက်၍ ‌အသာအယာ ခါရမ်းနေ၏။

စိတ်ဝိညာဉ်နန်းတော်က အရင်းအမြစ်ပေါကြွယ်၀သည်။ ထျန်းစန်းစီရင်စုမှာလည်း အချက်အချာကြပြီး အလွှမ်းမိုးနိုင်ဆုံးအဖွဲ့အစည်းဖြစ်နေပြီးသဖြင့် ဆက်လက်၍ နယ်ချဲ့မလိုတော့ပါချေ။ လိုလည်းမလိုအပ်ရကာ ထိုကမ်းလှမ်းချက်ကို ရဲ့ရှောင်ထျန်းက အန်ကယ်ကတော့နိုးပါပဲ။

“လက်စွပ်နဲ့မဆိုင်ဘူး။ ၀င်ခွင့်က တကယ် အကန့်အသတ်နဲ့ရှိလို့ပါ”

ထို့နောက် ကျန်းပင်းယန်ကို ဆက်လက်နားထောင်နေရန် အချက်ပြလိုက်သည်။

“ကျုပ်တို့တောင် စမ်းသပ်မှုတွေပြုလုပ်ဖို့ ပြင်ဆင်ပြီးသွားပြီ။ အတွင်းစည်းထိပ်သီး(၃၃) ယောက်အဖွဲ့၀င်သစ်တွေက အဖွဲ့တစ်ဖွဲ့နဲ့ အခြား လူဟောင်းအဖွဲ့တစ်ဖွဲ့ ၀င်ကြမယ်။ အဲ့အတွက်ကို အစီအစဉ်တွေလည်းချပြီးသွားပြီမို့ တကယ် နေရာလွတ်မကျန်တော့ဘူး။ ဒါတောင် လှိုဏ်ဂူဖြူ၀င်ခွင့်အတွက် အတွင်းပိုင်း ပြဿနာတွေကတက်ပြီးသွားပြီ။ တကယ် မကူညီနိုင်လို့ပါ။ ဖြစ်နိုင်ရင် ကလေးတွေအတွက် ၀င်ခွင့်တွေကိုတောင် အရင်းအမြစ်တွေနဲ့ လဲလိုက်ချင်တယ်”

ရဲ့ရှောင်ထျန်း ပြောပြီးနောက် ခပ်သဲ့သဲ့ရယ်လိုက်သည်။ ကျန်းပင်းယန်၏ ကမ်းလှမ်းချက်ကို လက်ခံမည်မဟုတ်ပါချေ။

ကျန်းပင်းယန်က လက်စွပ်ကိုပြန်ရုတ်မသိမ်းဘဲ စားပွဲပေါ်ချလိုက်ပြီးနောက် လူတိုင်းကို တဖန်ပြန်ကြည့်ပြီး ပြောလိုက်သည်။

“နန်းတော်သခင်ရဲ့လည်း လှိုဏ်ဂူဖြူက မူမမှန်မှုတွေကို သိပြီးလောက်မှာပါ။ အန္တရာယ်က အရင်ကထက် ပိုများလာတယ်။ တကယ် အတွင်းစည်းဂိုဏ်းသားသစ်တွေ အန္တရာယ်ဖြစ်သွားမှာ မစိုးရိမ်ဘူးလာ”

ကျန်းပင်းယန်က ခေါင်းဆက်ခါရမ်းကာ စည်းရုံးသိမ်းသွင်းလိုက်သည်။ “‌ရှင်းရှင်းပြောရရင် သူတို့ ၀င်သွားရင်တောင်အပိုပဲ”

သူက ထျန်းစန်းနန်းတော်၏ ဂိုဏ်းသားများ အားနည်းသည်ဟု ပြောချင်နေသည်။ ချန်ရှင်းချုလည်း ဘ၀ခိုက်သွား၏။

သူတော်စင်အစေအပါး တိုက်ခိုက်မှုပြီးနောက်မှာ နန်းတော်တစ်လျှောက်ကို ဟိုလျှောက်ကြည့် ဒီလျှောက်လုပ်နှင့် အတွင်းစည်းထိပ်သီး(၃၃) ဦး၀င် အသစ်များကိုလည်း သောက်ခွက်ရိုက်ပြီးလေပြီ။ တစ်ပွဲမှ သူရှုံးနိမ့်ခြင်းမရှိပါချေ။

သူတို့က ပါရမီရှိတယ်ဆိုပေယ့် ထျန်းစန်း စီရင်စုလို နေရာလေးမှာသာ စွမ်းဆောင်ရည်ပြနိုင်ပေ၏။ အပြင်ကမ္ဘာကြီးမှာ ဒီလို ပါရမီတွေက ရေလိုပေါပေသည်။

ရဲ့ရှောင်ထျန်းနှင့် အကြီးအကဲကျောက်တို့ တစ်ဦးကိုတစ်ဦးကြည့်ပြီး ပြုံးလိုက်ကြသည်။

သူတို့ စိတ်ဝိညာဉ်နန်းတော်၏ အ‌ခြေအနေကို ကောင်းကောင်းကြီးသိတာပေါ့။ သူတို့ပါရမီရှင်တွေက မြင့်မြတ်နတ်ဘုရားနန်းတော်က ခန်းမခွဲလေးဖြစ်ရင်တောင် အနိုင်မယူနိုင်ဘူးဆိုတာသိကြသည်။

စိတ်ဝိညာဉ်နန်းတော်က လူဟောင်းများကလည်း မြင့်မြတ်နတ်ဘုရားနန်းတော်က လူတွေ သူ့တို့ကို အထင်သေးသလားဘာလား ဂရုမစိုက်ကြချေ။ ဒါကြောင့် ထိုနှစ်ဘက်က ထိပ်တိုက် ရင်ဆိုင်မှုမရှိခဲ့ပါ။

သို့ပေမယ့် လူဟောင်းများက ဒီနေရာငယ်လေးကနေ ထွက်သွားပြီးနောက် အနာဂါတ်မှာ မြင့်မြတ်နတ်ဘုရားနန်းတော်ကလူတွေတောင် သတိထားရသည်အထိ ရပ်တန့်မရတဲ့လူတွေ မြေကြီးလက်ခတ်မလွဲဖြစ်လာလေမည်။

ဤအသုတ်မှ အကြီးအကဲစန်းတို့ ရဲ့ရှောင်ထျန်းတ်ို့လို အနာဂါတ်မှာ စိတ်ဝိညာဉ်နန်းတော်မှ ပါရမီရှင်များ ထွန်းကားလာပေလိမ့်မည်။

“ခန်းမသခင်ကျန်းက လွယ်လွယ်နဲ့ အလျော့ပေးမယ့်ပုံမပေါ်ဘူးပဲ”

တစ်စုံတစ်ယောက်ရောက်လာနေတာကို စောင့်နေသည့်အလား ရဲ့ရှောင်ထျန်းက ခန်းမ ၀င်‌ပေါက်ကိုကြည့်လိုက်သည်။

ကျန်းပင်းနယ်လည်း ပြုံးကာ ခေါင်းညိတ်ပြ၏။ သူဘယ်လိုအလျော့ပေးနိုင်မှာလဲ။ သူတို့က ၀င်ခွင့်နေရာတောင်မဟုတ်ဘူး ဓားအိမ်ကိုလည်း ယူဖို့ ကြံထားသေးသည်။

“ဒီလိုလုပ်ပါလား ကျုပ်တို့ အလောင်းအစားတစ်ခုလုပ်ရအောင်လေ” ရဲ့ရှောင်ထျန်းက ပြောသည်။

“လာအလောင်းအစားလဲ”

ကျောက်ကျစ်တုံ့ရောက်လာတာကို စိတ်ဝိညာဉ်အာရုံဖြင့် ခံစားမိလိုက်သော ရဲ့ရှောင်ထျန်းက ကျန်းပင်းယန်ဘက်ပြန်လှည့်ကာ “ကျုပ်တို့ လူတစ်ယောက်စီလွှတ်ပြီး ယှဉ်ပြိုင်တိုက်ခိုက်ခိုင်းမယ်။ ရလဒ်ကို အနိုင်းအရှုံးအပေါ်မူတည်ပြီး ဆုံးဖြတ်မယ်”

“အို”

ကျန်းပင်းယန်၏ မျက်နှာထက်က အပြုံးက ပိုလို့ ၀င်းပသွား၏။ တိုက်ပွဲလား။

ကြည့်ရတာ ချန်ရှင်းချု၏ ပြီးခဲ့သည့်နှစ်ရက်အတွင်းက သင်ခန်းစာက ရဲ့ရှောင်ထျန်းကို မှတ်လောက်သားလောက်မရှိသေးစေပုံရသည်။

ချန်ရှင်းချုလည်း မောက်မာ၀င့်ကြွားစွာဖြင့်မေးလိုက်သည်။ “ကျုပ်နဲ့တိုက်ခိုက်နိုင်တဲ့သူရှိသေးတယ်ပေါ့”

ထိုဘ၀င်ခိုက်သောစကားများအပြီးနောက်မှာ ဝိုင်း၍ စိုက်ကြည့်ခံလိုက်ရသောကြောင့် ချန်ရှင်းချ တွန့်သွား၏။

“ထိုင်နေ” ကျန်းပင်းယန် ပြောလိုက်သည်။

လူကြီးတွေအကြားစကား၀င်ပြောရအောင် ချန်ရှင်းချုက သူ့ကိုယ်သူဘာကောင်ထင်နေတာလဲ။ ရိုင်းလိုက်တာ။

“အို့”

ချန်ရှင်းချု သူ့ခါးကအဖြူရောင်ကျောက်စိမ်းကိုကိုင်ပြီး လိမ်လိမ်မာမာ ထိုင်ချလိုက်သည်။

“နန်းတော်သခင်ရဲ့ ဘယ်သူ့ကို စိတ်ထဲမှာ ရှိသလဲ သိလို့ရမလား” အဓိက ထိုင်ခုံကြီးပေါ်မှ ကောင်းကင်ကိုမော့ကြည့်နေသည့် ဆံဖြူ ရဲ့ရှောင်ထျန်းကို မေးလိုက်သည်။

ရဲ့ရှောင်ထျန်းက ချန်ရှင်းချု၏ စကားကိုစိတ်ထဲမထားသည့်အလားပင်။

“သူ့ကို ခင်ဗျားမြင်ဖူးပါတယ်”

“အို”

ကျန်းပင်းယန် အတွင်းစည်းထိပ်သီး (၃၃) ဦးအသစ်၀င်ထဲမှာ မှတ်လောက်သားလောက်စရာ ဘယ်သူမှ မပါတာကိုသိရသည်။ ဘာလို့ ရဲ့ရှောင်ထျန်းက အဲ့လောက်ယုံကြည်ချက်မြင့်မားနေရတာလဲ။

“အတွင်းစည်း ထိပ်သီး (၃၃) ဦးထဲက လူဟောင်းလား”

ရဲ့ရှောင်ထျန်းဘာမှ ပြန်မပြောဘဲ ခေါင်းသာခါရမ်းလိုက်ပြီး ခန်းမအပြင်ကိုကြည့်လိုက်သည်။

“သူလာပြီ”

အပိုင်း (၂၁၈) လက်ဆွဲနှုတ်ဆက်ခြင်း

ဒက် ဒက် ဒက်

ညီလာခံခန်းမအပြင်ဘက်ကနေ ခြေသံများကို ပဲ့တင်ထပ်ကြားရပြီး မကြာခင်မှာ အနက်၀ယ် လူငယ်တစ်ဦး ဝင်လာခဲ့သည်။

ထိုအနက်၀တ်လူငယ်က ချောမောခန့်ညားပြီးတော့ တောက်ပသော မျက်၀န်းများကိုပိုင်ဆိုင်ထားသည်။ သူက ကိုယ်ကို မားမားမတ်မတ်ဆန့်ထားပြီး သန်မာသောကျားတစ်ကောင်ကဲ့သို့ ဟန်ပန်မျိုးရှိ၏။

ခန်းမထဲကို၀င်လာပြီးနောက်မှာ ဦးစွာ အဓိက ထိုင်ခုံပေါ်က ရဲ့ရှောင်ထျန်းကို နှုတ်ဆက်သည်။

“ခေါင်းဆောင်”

ဒီလူငယ်လေးဘယ်သူဆိုတာ မသိဖြစ်နေသည့်အတွက် ကျန်းပင်းယန်မျက်လုံးများကိုမှေးလိုက်၏။

ထိုမှ စဉ်းစားရင်း စဉ်းစားရင်း ထျန်ရွှမ်တံခါးကိစ္စတုန်းက ဘေးနားက ဘီးကိုင်လူငယ်လေးဆိုတာ အမှတ်ရတော့သည်။ ဒါပေမယ့် သူက ဒီမှာဘာလာလုပ်နေတာလဲ။

ကျန်းပင်းယန်၏ မျက်နှာထက်၌ ကသိကအောက်ဖြစ်သော အမူအရာမျိုးပေါ်လာပေသည်။ ဒီလူငယ်က လျှပ်စစ်ဖြင့်အတို့ခံရပြီးနောက်မှာ ‌သတိမေ့မျောသွားခဲ့တယ်ဆိုပေမယ့် အရှင်သခင်နယ်ပယ်ဖြစ်ချေသေး၏။

ဒီလိုလူက ဘယ်လိုလုပ် ထိပ်သီး (၃၃) ဦးဟောင်းထဲက ဖြစ်နေရတာတုန်း။ ချန်ရှင်းချုဘယ်လို အနိုင်ယူနိုင်မှာတုန်း။

ချန်ရှင်းချုလည်းပါရမီပါတာတော့မှန်ပေမယ့် သူ့ထက် ကျင့်ကြံခြင်းနယ်ပယ်ကြီး တစ်ဆင့် မြင့်တဲ့သူကို တိုက်ခိုက်နိုင်စွမ်းငှာ မစွမ်းသာပါချေ။ သူက စစ်မှန်ခြင်းနယ်ပယ်အထွတ်ထိပ်၌ ရှိနေတယ်ဆိုစေဦးတော့…။

ချန်ရှင်းချုမျက်နှာထက်တွင်လည်း အခက်တွေ့နေဟန်များပေါ်လာသည်။ သူလေ့လာရသလောက်တော့ ထိပ်သီး (၃၃) ဦးထဲမှာ ဒီလိုလူမရှိပါဘူး။

“နန်းတော်သခင်ရဲ့။ ဒီလူက ကျုပ်တိုက်ခိုက်ရမယ့်လူလား”

“ကျုပ်က စစ်မှန်ခြင်းနယ်ပယ်သာသာလေးပါ ဘယ်လိုလုပ် အရှင်သခင်နယ်ပယ် ကျင့်ကြံသူကို တိုက်ခိုက်နိုင်မှာလဲ။ မတရားဘူး”

ချန်ရှင်းချု အင်မတန် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ ဒီလိုဆို သူတို့ ဂိုဏ်းသားအထက်ပိုင်းထဲက သူ့ကို ယှဉ်နိုင်တဲ့သူ ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်မှာ မရှိဘူးလို့ ပြောနေတာမဟုတ်ပါလား။

ခုတော့ အရှင်သခင်နယ်ပယ်ကြီးကိုတောင် တိုက်ခိုက်ဖို့ခေါ်‌လိုက်သေး၏။ ထို့ပြင် ကျင့်ကြံခြင်းအဆင့်ကိုတောင် ဝှက်ထားဖို့မကြိုးစားရှာဘူး။

ရဲ့ရှောင်ထျန်းနှင့် အကြီးအကဲကျောက်တို့ ချန်ရှင်းချု၏ ပေါက်ကွဲမှုကြောင့် အလန့်တကြားဖြစ်သွားကြသည်။ ကျောက်ကျစ်တုံ့လည်း ချန်ရှင်းချုကို ဘုကြည့်ကြည့်လိုက်၏။

ဒီအကောင်က အပြင်ဘက်မှာ ထိပ်သီး(၃၃) ၀င်လူသစ် တွေကိုလိုက်စိန်ခေါ်တာအားမရလို့ သူ့ကိုပါ လာစိန်ခေါ်ချင်နေတာလား။ သူအတွင်းစည်းထိပ်သီး(၃၃) ဦးထဲမှာ တုန်းကဆို ဒါမျိုးတစ်ခါမှ မဖြစ်ဖူးပါဘူး။

ဒီကောင်လေးကို သူ့အမြင်တွင် စမ်းသပ်မှုတွေ၊ အခက်အခဲအတားအဆီးတွေတစ်ခါမှ ကြုံတွေ့မခံစားရဖူးတဲ့လူနှင့် “လူပျိုရည်မပျက်” သေးသည့် လူဖြင့် ခိုင်းနှိုင်းလိုက်လေသည်။

စုရှောင်ရှန်ကြောင့် သူ ဒေါသထွက်နေခဲ့ပြီးဖြစ်ရာ ချန်ရှင်းချု၏ စကားများက ယခု မီးစာထပ်ထည့်လိုက်သလိုဖြစ်သွားသည်။ စိတ်ဝိညာဉ်နန်းတော်အတွင်းမှာ ဒီလိုစော်ကားမှုမျိုးကိုတော့ ငြိမ်မခံနိုင်ပေါင်။

ထို့နောက် ချန်ရှင်းချုကို ခေါင်းအစခြေအဆုံးတစ်ချက်အကဲခတ်ပြီး အထင်သေးဟန်ဖြင့် “ဘာလဲ မင်းက ငါနဲ့ တိုက်ခိုက်ချင်တယ်ပေါ့။ ဆယ်နှစ်ဆယ်မိုး အရင်ဆုံး ကြိုးစားလိုက်ဦး။ ဆယ်နှစ်…”

ကျောက်ကျစ်တုံ့၏ ချေပမှုကြောင့် ချန်ရှင်းချု ဒေါသူပုန်ထသွားခဲ့၏။

ဒီ မောက်မာတဲ့ကောင်က ဘယ်‌ကရောက်လာတာလဲ။ သူ့ကိုယ်သူ အရှင်သခင်နယ်ပယ်မှာမို့များ ပြိုင်ဘက်ကင်းနေပြီထင်ပြီး သွေးနာထင်ရောက်နေတာလား။ ဆယ်နှစ်တောင်မလိုဘူး ကြည့်နေလိုက် ငါးနှစ်… အဲမဟုတ်ဘူး သုံးနှစ်အတွင်းကို ငါ-ငါ…

“…”

ချန်ရှင်းချုများ ပြန်ချေပလာမလား ကျောက်ကျစ်တုံ့ စောင့်‌ဆိုင်းနေခဲ့ပြီး ဘာတုန့်ပြန်မှုမှမရဘဲ တိတ်ဆိတ်နေတာမြင်သောအခါ ခပ်သဲ့သဲ့ ရယ်မောလိုက်ပြီး “ဘာလို့ တိတ်ဆိတ်နေတာလဲ”

ချန်ရှင်းချု ဘာမှ မပြောနိုင်ဘဲ အံကိုသာတင်းတင်းကြိတ်ထားလေသည်။

စိတ်ဝိညာဉ်နန်းတော်ကလူတွေအကုန်လုံးက လူထူးလူဆန်းများဖြစ်ကြ၏။ ပထမဆုံး ရဲ့ရှောင်ထျန်း၊ မျက်ကန်းနှင့်ယခု ဂိုဏ်းသားလိုလို ဘာလိုလိုနှင့် အရှင်သခင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်က သူ့ကို ခေါင်းလာစားနေပြန်သည်။

“ကျောက်ကျစ်တုံ့ ရပြီ”

အခြေအနေကို စောင့်ကြည့်နေခဲ့သော ရဲ့ရှောင်ထျန်းက ‌လက်ပြပြီး တားလိုက်သည်။ ထို့နောက် ကျန်းပင်းယန်ကို ပြုံးချင်တာ အောင့်အီးထားသော ခပ်တည်တည်အမူအရာကြီးနှင့် မပြုံးတပြုံးမေးလိုက်သည်။

“ခန်းမသခင်ကျန်း အထင်လွဲနေတယ်ထင်တယ်။ ကျောက်ကျစ်တုံ့က အခု တိုက်ခိုက်မယ့်သူမဟုတ်ပါဘူး”

ကျန်းပင်းယန် ပဟေဠိဖြစ်သွားခဲ့၏။

ချန်ရှင်းချုလည်း ပြောစရာစကားရှာမရအောင်ပင်။

သူတို့နှစ်ဦး အာစေးမိသွားသည်။ သူက တိုက်ခိုက်မယ့်သူမဟုတ်ဘူးဆိုရင် ကျောက်ကျစ်တုံ့က ဘာလို့ အရမ်း ရန်လိုနေရတာလဲ။ မသိရင် မိုးမီးရှို့တော့မလိုလိုနဲ့…။

ဒါဆို တကယ် တိုက်ခိုက်မယ့်သူက ဘယ်မှာလဲ။

မကျေမချမ်းဖြစ်နေသေးဟန်ပေါက်သော ကျောက်ကျစ်တုံ့က အကြီးအကဲကျောက်ဘေးနားကိုသွားပြီး ထိုင်လိုက်သည်။

ကျန်းပင်းယန်လည်း ရဲ့ရှောင်ထျန်းကို နားမလည်နိုင်သလိုကြည့်ပြီး “ဒါဆိုရင် တကယ် တိုက်ခိုက်မယ့်သူက…”

ရဲ့ရှောင်ထျန်း သူ့ကို ဘာမှ ပြန်မပြောဘဲ ကျောက်ကျစ်တုံ့ကိုသာကြည့်လိုက်သည်။

“မင်းဘာဖြစ်သွားတာလဲ”

အကြီးအကဲကျောက်လည်း ပြန်ကြည့်မှ ကျောက်ကျစ်တုံ့၏ ရင်ဘက်မှာ သွေးကွက်ကြီးစွန်းထင်းနေတာကိုတွေ့ရသည်။ အသံနိမ့်နိမ့်ကလေးဖြင့် သူမေးလိုက်သည်။ “ရှောင်ရှန်က ဘယ်မှာလဲ။ မတော်တဆတစ်ခုခုဖြစ်လို့များလား”

“သူက အဆင်ပြေပါတယ်”

ကျောက်ကျင့်တုံ့ ပင့်သက်ရှိုက်လိုက်ကာ ခန်းမ အပြက်ဘက်ကို လှည့်ကြည့်၍ အော်လိုက်သည်။ “ဝင်လာခဲ့”

လူတိုင်းလှည့်ကြည့်လိုက်ကြရတာ ဝင်ပေါက်တံခါးဘေးကနေ ခေါင်းတစ်လုံးထွက်ထားပြီး အထဲကို ချောင်းကြည့်နေတဲ့ လူငယ်လေးကိုတွေ့လိုက်ရသည်။

လူတိုင်းစွံ့အသွားကြ၏။

ရဲ့ရှောင်ထျန်းလည်း စိတ်အနှောက်အယှက်ဖြစ်သွားပေသည်။ ဒီ‌အကောင်က စိတ်ဝိညာဉ်နန်းတော်ကို သိက္ခာချသည့်အကောင်ဖြစ်၏။ နည်းနည်း ‌မော်မော်ကြွားကြွား မနေနိုင်ဘူးလား။

ဒီလို အပြုအမူကဘာလဲ။ ဒါစုရှောင်ရှန် အစစ်ကောဟုတ်ရဲ့လား။

“စုရှောင်ရှန် ၀င်လာခဲ့”

[စောင့်ကြည့်ခံရပါသည်။ ပင်ကိုယ်မှတ် +၆]

[အထင်သေးခံရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[မှတ်ထားခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]

ထိုအခိုက်မှာ အပြင်ဘက်ကနေ အားလုံးကို နားထောင်နေခဲ့တဲ့ စုရှောင်ရှန် ဘာဖြစ်နေသလဲ ဇာတ်ရည်လည်သွားခဲ့သည်။ ဒါကြောင့် ပိုပြီးတိတိကျကျသိရအောင် မျက်စိဖြင့် လိုက်လံ မျက်မြင်ကြည့်လိုက်၏။

ထိုအထင်အမြင်သေးခံရတာက လှလှပပ မျက်စိတောက်တဲ့ ၀တ်ရုံနှင့် လူငယ်လေးစီမှဖြစ်ပြီး ကျိန်ဆဲကတော့ ကျောက်ကျစ်တုံ့ထံကဖြစ်သည်။ မှတ်ထားခြင်းခံရတာကတော့…

“ဘယ်သူ့စီကတုန်း”

စုရှောင်ရှန် ထောင့်တစ်နေရာမှာ ထိုင်နေတဲ့ မျက်နှာလွှားစနှင့် ကောင်မလေးကိုကြည့်လိုက်သည်။ သူမက ပထမဆုံးတစ်ကြိမ်တွေ့တုန်းကထက် သိသိသာသာကြီး ၀မ်းနည်းနေတာ ထင်ရှား၏။

ယနေ့ဘာအသံမှ မပြုသလို စကားဝိုင်းတစ်လျှောက်လုံးမှာလည်း တစ်ခွန်းမှ ဝင်မပြောပါချေ။ သူမက စုရှောင်ရှန်အဓိက အာရုံစိုက်သည့်သူဖြစ်လာသည်။

သူ့အကြားအမြင်က ထိုလှပဆွဲမက်ဖွယ်ရာ ကြယ်တာရာ မျက်လုံးလေးများက မရိုးရှင်းတာကို အားကောင်းစွာ အချက်ပေးနေပါသည်။

တစ်ယောက်ယောက်နှင့်ပတ်သက်၍ စုရှောင်ရှန် ဒီလိုမခံစားရတာ ကြာပြီဖြစ်သည်။

ပထမတစ်ကြိမ်တုန်းက မိုးတိမ်လေပြိုင်ပွဲ ဗိုလ်လုပွဲမှာ မိုမိုနှင့် တိုက်ခိုက်ရမည်ဆိုတုန်းကဖြစ်သည်။

သူထင်တဲ့အတိုင်းလည်း တစ်ခုခု ထူးခြားတဲ့ မိစ္ဆာသားရဲ ဖြစ်နိုင်ချေရသော မီးခိုးမြူပုံရိပ်ကို ရင်‌ဆုံကြုံတွေ့လိုက်ရ၏။

ထိုအတွေ့အကြုံကြောင့် သူမက စုရှောင်ရှန်၏ အာရုံကိုဖမ်းစားထားခြင်းဖြစ်ပေသည်။

‘အရင်နေ့တုန်းက ဒီကောင်မလေးနဲ့ပတ်သက်ပြီးဘာမှ ထူးဆန်းတာမခံစားရပါဘူး။ ဒီ‌နေ့မှ ဘာဖြစ်နေတာလဲမသိဘူး။ မဟုတ်မှလွဲရော… မနေ့ညက ကောင်းကောင်းမအိပ်ခဲ့လို့များလား’

စုရှောင်ရှန် မျက်မှောင်ကြီးကြုတ်ပြီး ခေါင်းထဲမှာ ဘာဖြစ်နိုင်မလဲတွေးကာ ခန်းမထဲ၀င်လာတော့သည်။

“မင်္ဂလာပါ ခေါင်းဆောင်၊ အကြီးအကဲကျောက်”

သူတို့နှစ်ဦး အပြုံးများဖြင့် ခေါင်းညိတ်လိုက်ကြ၏။ စုရှောင်ရှန် ယဉ်ယဉ်ကျေးကျေးရှိတာ ရှားပါးသောအရာတစ်ခုဖြစ်သလို မြင်ရလဲခဲသည်။

ယခုတော့ ယဉ်ကျေးချေငံနေသည့် စုရှောင်ရှန်က စိတ်ဝိညာဉ်နန်းတော်၏ ခေါင်းဆောင်နှစ်ဦးကို နှုတ်ဆက်လိုက်ပြီးနောက်မှာ‌ ကျောက်ကျစ်တုံ့ကို လစ်လျူရှူ၍ အခြားတစ်ဘက်ကို သွားလိုက်သည်။

“ဟော့ဒီကတော့ တုန့်ထျန်း၀မ်မြို့လေးက မြင့်မြတ်နတ်ဘုရားနန်းတော်ခန်းမခွဲက ခန်းမသခင်ကျန်းပဲ။ သူ့ကို ခန်းမသခင်ကျန်းလို့ ခေါ်ပေါ့” အကြီးအကဲကျောက်က မိတ်ဆက်ပေးလိုက်သည်။

“မင်္ဂလာပါ ခန်းမသခင် ကျန်း” စုရှောင်ရှန်က အလွန်ယဉ်ကျေးနေပေသေးသည်။

“အေး”

ကျန်းပင်းယန် ခေါင်းညိတ်လိုက်ပြီး စုရှောင်ရှန်က နည်းနည်းတုံးအသည်ဟု တွေးတောလိုက်၏။ အစကတည်းက အားလုံးကို တစ်ပြိုင်တည်းနှုတ်ဆက်လိုက်နိုင်တာကို တစ်ယောက်ချင်းစီ အပင်ပန်းခံ လိုက်နှုတ်ဆက်နေသေးသည်။

ထို့အပြင် တံခါးနားက ချောင်းမြောင်းနားထောင်နေခြင်းနှင့်အတူ ဒီကောင်လေးက မဟာလမ်းစဉ်ကို မြင့်မြင့်မျှော်မှန်းထားသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်မလာနိုင်ပါချေ။

စိတ်ထဲမှ စုရှောင်ရှန်ကို ကြက်ခြေ အကြီးကြီး ပေးလိုက်၏။

စုရှောင်ရှန်ကမျှော်လင့်ချက်မရှ်ိပေ။

ချန်ရှင်းချုလည်း အခြားတစ်ဘက်က ခုံပေါ်မှာ မှီ၍ ထိုင်နေပြီး ပြန်လည် နှုတ်ဆက်မည့် ပုံမရှိပေ။ ဖြစ်ချင်တော့ သူက ဒီ မူလနန်းတော်အစောပိုင်းနယ်ပယ်က ကောင်လေးတစ်ယောက်ကို စောင့်နေခဲ့သည်တဲ့လား။

ထျန်းစန်းနန်းတော်တစ်ခုလုံးက တုံးအသလိုဟန်ဆောင်နေတာမဟုတ်ဘူး တကယ်ကို တုံးအနေကြတာ…။

သူတို့တကယ် ဒီအဆင့်နိမ့်‌လူလေးနှင့် သူ့ကို ယှဉ်ပြိုင်ခိုင်းစေချင်နေသည်တဲ့။

ဟဟပဲရမယ်။

သို့သော် သူ့အထင်နှင့်အမြင်နှင့်လွဲမှားစွာ စုရှောင်ရှန်က သူ့ကို မမြင်ရသလိုကျော်ပြီး ယွဲ့ကျစ်၀မ်ကို သွားနှုတ်ဆက်လိုက်ပေသည်။

“နာမည်လေးသိခွင့်ရှိမလား”

ချန်ရှင်းချု မှင်တက်နေ၏။

ဒီကောင်သူ့ကို လစ်လျူရှူလိုက်တာလား။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

ထို့‌နောက်မှာ စုရှောင်ရှန်က မပြိုင်ခင်ကတည်းက ကြိုတင်ပြင်ဆင်ထားသလား တွေးမိပြီး ခြောက်ကပ်ကပ်ရယ်မောလိုက်လေသည်။ သူခက်ခဲတဲ့ တိုက်ပွဲကို တိုက်ခိုက်ရတော့မှာသိလောက်၏။

သူ့အတွက်တော့ တိုက်ပွဲက အပြုအမူက အစဖွင့်လိုက်ပေသည်။

ထို့နောက် ယွဲ့ကျစ်၀မ်က ဒီလို အဆင့်နိမ့်လူတစ်ယောက်နှင့် လက်ဆွဲနှုတ်ဆက်မှာ မဟုတ်တာ သိတာကြောင့် စိတ်ထဲက လှောင်ပြောင်လိုက်သည်။

မျက်လုံးပါပေမယ့် မမြင်နိုင်ဘူးဆိုတာ ဒါဖြစ်ရမည်။

ကျောက်ကျစ်တုံ့လည်း မကောင်းသောလာခြင်းနှင့် စောင့်ကြည့်နေ၏။ အခြားတစ်ရက်က သူ့ကိုတောင်ငြင်းဆန်လိုက်ဝာာ စုရှောင်ရှန်က သူ့လောက်လည်း ရုပ်မချောရာ သူ့နည်းတူ ငြင်းဆန်ခံရမယ်လို့ တွက်ထားလိုက်သည်။

ထို့နောက် စုရှောင်ရှန် ကျရှုံးမှာကို မျှော်လင့်တကြီးစောင့်စားနေလိုက်၏။ နို့မဟုတ်ရင် စောနက တကောင့်‌သားကြောင့် ဖြစ်လာရတဲ့ ဒေါသတွေကို ဘယ်လို ဖြေဖျောက်နိုင်တော့မလဲ။

ကျွီ…။

ယွဲ့ကျစ်၀မ် ထရပ်လိုက်သောအခါ တိတ်ဆိတ်နေသော ခန်းမကြီးအလယ်မှာ ခုန်ကျွီသံသဲ့သဲ့လေးထွက်ပေါ်လာခဲ့သည်။ ကျောက်ကျစ်တုံ့၏ နားထဲတွင်တော့ ၎င်းက မိုးခြိမ်းသံအလား။

ယွဲ့ကျစ်၀မ်လည်း အလောတကြီး ထရပ်လိုက်သောအခါ ဖြစ်ပေါ်လာတဲ့ အသံကြောင့် မျက်နှာလေးနီမြန်းသွားခဲ့သည်။ သို့သော် အလျင်အမြန်ပဲ အိန္ဒြေရှိရှိ ကိုယ်ကိုကိုင်းညွှတ် အလေးပေးကာ နှုတ်ဆက်လိုက်ပြီး လက်ချင်းချိတ်လိုက်သည်။

၎င်းက ညှင်သာသော လက်ဆွဲနှုတ်ဆက်ခြင်းဆိုပေမယ့် နောက်ကွယ်က အဓိပ္ပာယ်ကတော့ ပြည့်၀လှ၏။

ထို့နောက်မှာ သူမက အနည်းငယ်ရှက်ရွံ့နေဟန်ပါသော နူးညံ့ချိုသာသည့် လေသံကလေးဖြင့် “ယွဲ့ကျစ်၀မ်ပါ။ ဒါပေမယ့် စီနီယာအကိုစုက ကျွန်မကို ကျစ်၀မ်လို့ခေါ်လို့ရပါတယ်”

စုရှောင်ရှန်၏ ကျရှုံးခန်းကိုစောင့်နေကြသည့် နှစ်ယောက် ကမ္ဘာကြီးပြိုကျလာသလို ခံစားလိုက်ရသည်။ ထိုအချင်းအရာကြောင့် ချန်ရှင်းချု ပို၍ ဒေါသထွက်သွားခဲ့၏။

ဘယ်လိုဖြစ်နိုင်မှာလဲ။

သူမက သူနှင့်တောင် တစ်ခါမှ လက်မချိတ်ဖူးတာဘာလို့ ဘယ်ကပေါ်လာမှန်းမသိတဲ့ ကောင်နဲ့ လက်ချင်းချိတ်ရတာလဲ။ ထိုင်ရာကနေတောင် ထပေးလိုက်သေးတယ်တဲ့။

[အားကျမနာလိုခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၂]

စုရှောင်ရှန် ချက်ခြင်း ပြုံးလိုက်ကာ ကပ်စေးကုတ်မနေပါဘဲ “ယွဲ့ကျစ်၀မ်တဲ့လား။ လှလိုက်တဲ့နာမည်လေး”

ပြီးနောက် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ “ငါက စုရှောင်ရှန်ပါ။ တွေ့ရတာ၀မ်းသာပါတယ်…”

ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားခဲ့သည်။

ဆွဲမက်ဖွယ်ရာ ကြယ်တာရာမျက်၀န်းများနှင့် ယွဲ့ကျစ်၀မ်လည်း မှင်တက်သွားရ၏။

“အမ်း…”

အပိုင်း (၂၁၉) အနိုင်ယူတဲ့နည်းသောင်းခြောက်ထောင်

စုရှောင်ရှန် လက်နှစ်ဖက်ကိုပွတ်သပ်ပြီး ‌သွားထိုင်တာကို ကျောက်ကျစ်တုံ့ကြည့်ရင်းက ပဟေဠိဖြစ်သွားသည်။

မဖြစ်နိုင်တာ…။

သူတောင် မလိုက်နိုင်သည့် ကောင်မလေးရဲ့လက်ကို စုရှောင်ရှန်က ဘယ်လိုကိုင်နိုင်တာလဲ။ ကျောက်ကျစ်တုံ့က ရည်းစားများ မရေမတွက်နိုင်အောင်ထားခဲ့ဖူးသည်။ ဒါကြောင့် မိန်းမများအကြောင်းကို ကောင်းကောင်းသိပါသည်။

ခုက ဘာထဖြစ်တာလဲ။

စုရှောင်ရှန်က သူ့ထက်ချောနေလို့လား။

သူ့လက်က နွေးထွေးမှုကိုခံစားနေရပေမယ့် စုရှောင်ရှန်၏ အတွေးများက ထိုနှစ်ယောက်လို ညစ်ညမ်းမနေခဲ့ပါ။

မို့မို့ညာလက်ကဲ့သို့မဟုတ်ဘဲ ယွဲ့ကျစ်၀မ်၏ လက်ကိုကိုင်ကြည့်ရာမှာ ထူးဆန်းတာ ဘာမှ မခံစားရပါချေ။ ဆိုတော့သူမ၏ လျှို့ဝှက်ချက်က လက်ထဲမှာ ရှိနေတာမဟုတ်ဘူးပေါ့။

ဟင်…။

ဒါဆို ရင် ထိုဆွဲမက်စရာမျက်လုံးများလားတွေးမိပြီး မျက်စိနှိုက်ဖောက်လိုက်ရမလား ဟူသောအတွေးများ၀င်လာခဲ့သည်။ ပြီးမှ မသင့်တော်တာကြောင့် ခေါင်းခါရမ်းပြီး ထုတ်ပစ်လိုက်၏။

သို့ဖြင့် စုရှောင်ရှန် ဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့သည်။

“ဘာကြည့်တာလဲ” ကျောက်ကျစ်တုံ့၏ စူးရှရှ အကြည့်များကိုခံစားရတာကြောင့် စုရှောင်ရှန်လှည့်ပြီးမေးလိုက်သည်။

“မကြည့်ဘူး မကြည့်ပါဘူး”

ကျောက်ကျစ်တုံ့အလျင်အမြန် မျက်နှာလွှဲလိုက်သည်။ ဘာကြောင့်လဲ၊ ဘာလို့ သူကြတော့ အငြင်းခံရတာလဲ စသဖြင့် မေးခွန်းများစွာရှိနေပေမယ့် စုရှောင်ရှန်ကို စကားမပြောဘူးဟူသည့် ခံယူချက်ကို ဆက်၍ စောင့်ထိန်းလိုက်၏။

ကောင်မလေးရဲ့ လက်ကို လက်ဆွဲမနှုတ်ဆက်နိုင်တာဘာမှမဖြစ်ပါဘူး။ စုရှောင်ရှန်နှင့် စကားပြောလိုက်မှ သွေးပွက်ပွက်အန်သွားမည်ကို ကျောက်ကျစ်တုံ့စိုးရွံ့မိပါသည်။

ထို့နောက် ခန်းမကြီး၏ အခြားတစ်ဘက်က ချန်ရှင်းချုကို ကြည့်ပြီး ကိုယ်လက်နှလုံးလျော့ချလိုက်ပြီး ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာ မှီထိုင်လိုက်၏။

သူ့နှုတ်ခမ်းထောင့်များကွေးညွတ်သွားပြီး ဖြစ်လာတော့မယ့် ပြဇာတ်အတွက်ကြောင့် လက်ထဲမှာ ပဲကြီးလှော်လေးရှိရင်ကောင်းမှာပဲ တွေးမိလိုက်၏။

အခြားတစ်ဘက်၌လည်း စိတ်၀င်စားစရာများဖြစ်ပျက်နေသည်။

ချန်ရှင်းချုက ဒေါသထွက်လွန်းသောကြောင့် ခေါင်းကနေတောင် အခိုး‌အငွေ့များထွက်လာနေခဲ့၏။

သူက တည့်ဆိုးဆန်သည့်လူဖြစ်ရာ ခံစားချက်များကို မထိန်းချုပ်တတ်ပါချေ။

ဒါ့အပြင်ကို စုရှောင်ရှန်က ထိုလက်ဆွဲနှုတ်ဆက်မှုကို ပျော်ပျော်ကြီး ခံစားနေတာ မြင်ရပြီးနေရာမှာပင် ပေါက်ကွဲတော့မတတ်ဖြစ်နေသည်။

အစက ဒီမူလနန်းတော်ကောင်လေးကို ဘာကောင်လို့မှ မမှတ်ယူထားပေမယ့် ခုတော့ အရာအားလုံးပြောင်းလဲသွားခဲ့ပြီ။ စုရှောင်ရှန် ဒီကနေ့ ညီလာခံခန်းမထဲကနေ အသက်ရှင်လျက်ပြန်ထွက်မသွားနိုင်အောင် လုပ်ကို လုပ်မှ ဖြစ်ချေမည်။

ချန်ရှင်းချု၏ အပြုအမူကြောင့် ကျန်းပင်းယန် အနည်းငယ် စိတ်ပျက်သွားသည်။ သို့ပေမယ့် ယွဲ့ကျစ်၀မ်က စုရှောင်ရှန်ကို လေးလေးစားစား ဆက်ဆံနေရာတွေ့ရတော့ ကျေနပ်သွား၏။

အနည်းဆုံးတော့ သူ့စီက ဓားအိမ်ကိုလုယူမှာဖြစ်တာကြောင့် လက်ရှိ ဓားအိမ်ပိုင်ရှင်နှင့် ကောင်းမွန်တဲ့ ဆက်‌ဆံရေးတည်ဆောက်ထားတာက ကောင်းပေသည်။ ဒါကို ဘာလို့ ချန်ရှင်းချုက ဒေါသထွက်နေရသလဲ စိတ်ခုသွားခဲ့၏။

သူတို့ မတိုက်ခိုက်ရသေးခင်မှာတောင် စိတ်အခြေအနေက ဆိုးနေပြီ။ ကံကောင်းတာက စုရှောင်ရှန်က မူလနန်းတော်အစောပိုင်းမှာ ဖြစ်လို့ပေါ့။

ကျန်းပင်းယန် ထိုအလောင်းအစားအတွက်ကို ယုံကြည်မှုပြင်းထန်နေပေသည်။ သို့ပေမယ့် သေချာအောင်တော့လုပ်လိုက်သေး၏။

“ခန်းမသခင်ရဲ့။ စုရှောင်ရှန်က စစ်မှန်ခြင်းနယ်ပယ်ကိုခုမှရောက်တာ ရှင်းချုနဲ့ တိုက်ခိုက်ဖို့ကြ နည်းနည်း …” သူ့စကားကိုဆုံးအောင်မပြောလိုက်ပေမယ့် ဆိုလိုချင်တဲ့ အဓိပ္ပာယ်က ထင်ရှားသည်။

“အဆင်ပြေပါတယ်”

ကျန်းပင်းယန်၏ နည်းလမ်းတွေကို ရဲ့ရှောင်ထျန်းက မသိဘဲနှင့်နေမလား။ ရှင်းရှင်းပြောရရင် သူတို့က စုရှောင်ရှန် ကျင့်ကြံခြင်းအဆင့်နိမ့်တာကြောင့် စိန်ခေါ်မှုကို လက်မခံမှာတောင် စိုးရိမ်နေကြသည်။ မဟုတ်ရင် ဒီလူတွေကို ဖြေရှင်းရခက်ချေတော့မည်။

ဧည့်သည်ကို ဖိတ်ခေါ်ဖို့ကလွယ်ပေမယ့် ပြန်နှင်လွှတ်ဖို့က ခက်ခဲလေသည်။ ဒါကြောင့် စုရှောင်ရှန်‌ နောက်ဆုံးမျှော်လင့်ချက်ဖြစ်၏။

ယခုမှ ထိုင်ချလိုက်သော စုရှောင်ရှန်ကို လက်ညိုးထိုးပြကာ ရဲ့ရှောင်ထျန်းက “စုရှောင်ရှန်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ကြည့်ပြီး အထင်သေးလို့မရဘူး။ သူက ကျွမ်းကျင်သူ တစ်ယောက်နော်”

“အို…”

စုရှောင်ရှန်မှာများ လျှိုဝှက်ထားတဲ့ ဝှက်ဖဲများရှိနေသလား ကျန်းပင်းယန် မျက်ခုံးများပင့်လိုက်၏။

သို့ပေမယ့် သူ့ကျင့်ကြံခြင်းနယ်ပယ်က ဒီလောက်နိမ့်ကျနေမှတော့ ဝှက်ဖဲရှိလည်း သူ့ထက် နယ်ပယ်‌သေး နှစ်ခုတောင်မြင့်တဲ့ ချန်ရှင်းချုကို ထိခိုက်အောင်လုပ်နိုင်မတဲ့လား။ စုရှောင်ရှန် ရောက်နေတဲ့ မူလနန်းတော်၏အထက်မှာ ဗလာနယ်ပယ်နှင့် အဆင့်မြင့်စိတ်ဝိညာဉ်ဆိုပြီး နယ်ပယ်နှစ်ခုရှိသေးကာ ၎င်းတို့ကို ခုန်ကျော်တိုက်ခိုက်ရန် ခဲယဉ်းပေလိမ့်မည်။

ထို့အပြင် ဝှက်ဖဲက စုရှောင်ရှန်စီမှာပဲရှိတာမှမဟုတ်တာ ချန်ရှင်းချု အနိုင်ယူနိုင်မယ်လို့ သေချာနေတော့၏။

“မဖြစ်ပါဘူး။ ဒီတိုက်ပွဲက စုရှောင်ရှန်အတွက် အန္တရာယ်များလွန်းတယ်။ ထိခိုက်အနာတရဖြစ်ကုန်ရင် ဘယ်လိုလုပ်မတုန်း” ကျန်းပင်းယန်က အသာအယာ ထပ်လောင်းပြောလိုက်လေသည်။

“မလိုပါဘူး ရပါတယ်”

ရဲ့ရှောင်ထျန်းက လက်ပြပြီး ယုံကြည်မှုလွန်ကဲနေသော လေသံဖြင့် ဆိုလိုက်သည်။

“ကဲ ဒါဆိုရင်လည်း ဒီလိုလုပ်လေ။ ခန်းမသခင်ကျန်းက စိတ်ပူတယ်ဆိုရင် ဘယ်လိုတိုက်ခိုက်မယ်ဆိုတာ စုရှောင်ရှန်ကို ဆုံးဖြတ်ခိုင်းကြည့်ပေါ့”

ရဲ့ရှောင်ထျန်း၏ အကြံပေးချက်ကြောင့် ကျောက်ကျစ်တုံ့မယုံကြည်နိုင်စွာ သူ့ကိုကြည့်လိုက်သည်။

ရဲ့ရှောင်ထျန်းဘာတွေကြံနေတာလဲ။ ခုပြောနေတာ စုရှောင်ရှန်နော်။

လူတွေသေကုန်လိမ့်မယ်။

ကျောက်ကျစ်တုံ့ ထရပ်မယ်လုပ်လိုက်သောအခါ ပုခုံးပေါ် လက်နှစ်ချောင်းကျလာပြီး သူ့ကို ဖိလိုက်သည်။

သူလှည့်ကြည့်လိုက်သောအခါ အကြီးအကဲကျောက်က တိုးတိုးနေဖို့ အချက်ပေးလိုက်၏။

‘ဒီအဖိုးကြီးတွေတော့ကွာ…။ လူတစ်ယောက်ရဲ့အသက်နဲ့ ကစားနေကြတယ်။ ချန်ရှင်းချုက စုရှောင်ရှန်အတွက် ငယ်လွန်းသေးတယ်လို့’

အခြားတစ်ဘက်က အတွေးနက်နေသည့် စုရှောင်ရှန်ကို ကြည့်ပြီး ကျောက်ကျစ်တုံ့ ပိုလို့ စိတ်မချမ်းမသာဖြစ်သွားရသည်။

‘သူစပြီးတောင် မဟုတ်တာ‌တွေ တွေးနေပြီထင်တယ်’

သူ့ထိုင်‌ခုံပေါ်မှာ ကူကယ်ရာမဲ့စွာ ပြန်မှီချလိုက်ပြီး အခြားတစ်ဘက်က တက်ကြွနေသော ချန်ရှင်းချုကို သနားညှာတာစွာကြည့်လိုက်၏။

‘ချန်ရှင်းချု ဘာလို့ အဲ့လောက်ဂုဏ်ယူ၀င့်ကြွားနေရတာလဲ။ မင်းဂန့်တော့မှာ မသိဘူးလားး’ ကျောက်ကျစ်တုံ့ခေါင်းခါရမ်းပြီး တွေးလိုက်သည်။

“ဒီလိုဆိုရင်တော့ အလျင်းသင့်ပါတယ်”

ကျန်းပင်းယန် စုရှောင်ရှန်အတွက် စဉ်းစားပေးသလို ပြုနေပေမယ့် တကယ်က အပျော်လွန်နေတာမှ အပျိုပေါက်လေးလိုတောင် ခိုးခိုးခစ်ခစ် ရယ်ချင်နေသည်။

သူတို့သာ စုရှောင်ရှန်ကို အနိုင်ယူလိုက်နိုင်ရင် ၀င်ခွင့်က သူတို့အပိုင်ဖြစ်လာပေပြီး ရဲ့ရှောင်ထျန်းလည်း အကြောင်းပြချက်ပေးလို့ရမည်မဟုတ်တော့ချေ။

ကျန်းပင်းယန် ထိုမှ ယွဲ့ကျစ်၀မ်ကိုတောင် စုရှောင်ရှန်အား မြူစွယ်စေလိုသွားသည်။ “အဟွတ် အဟွတ်” ဒါက ဓားအိမ်ကိုရဖို့ အကောင်းဆုံး အခွင့် အရေးအတွက်ဖြစ်ပါသည်။

“မင်းကော ဘယ်လိုသဘောရလဲ ရှင်းချု” ကျန်းပင်းယန် မေးသည်။

“ဘာဖြစ်ဖြစ် အဆင်ပြေတယ်”

ချန်ရှင်းချု ဒီလောက်ကောင်းတဲ့ ဟာကို ဘာလို့ ငြင်းဆန်နေရမလဲ။ ချက်ခြင်းလေပေါနေတာတောင်ရပ်ပြီး ‌တကောင့်သားကိုတောင် ပြေးထိုးချင်နေပေသည်။

“မင်းကြိုက်သလို စည်းကမ်းချ ကြိုက်သလိုလုပ်” ချန်ရှင်းချု မောက်မောက်မာမာ ကြေငြာလိုက်သည်။

စိတ်ဓာတ်တက်ကြွနေသော ချန်ရှင်းချုကိုကြည့်ပြီး စုရှောင်ရှန် ပဟေဠိဖြစ်သွား၏။

“မင်းက ဘာလို့ ငါ့ကို လာကြည့်နေတာလဲ။ ဘယ်တုန်းက ငါက ချမယ်လို့ သဘောတူလို့လဲ”

ထိုစကားကြောင့် ချန်ရှင်းချု ယိုင်တိုင်တိုင်ဖြစ်သွားလေသည်။

“ဘာကြီး”

စုရှောင်ရှန်လည်း ရဲ့ရှောင်ထျန်းကို မေးခွန်းထုတ်သလိုကြည့်လိုက်၏။

သူက တမင်တကာ မူနေခြင်းမဟုတ်ပါချေ။ ဘာလို့ အလကားနေရင်း တိုက်ခိုက်ရမတုန်း။ ရဲ့ရှောင်ထျန်းက သူ့ကိုဆင့်ခေါ်တာ ဘယ်က ဘယ်လို တိုက်ခိုက်မှုတွေက ပါလာရလဲမသိပါဘူး။

ဒါ့အပြင်ကို လှုပ်လှုပ်ရှားရှားပြုရတာလဲ အားအင်ကုန်ခမ်းစေသေးကာ ဘာဆုလဒ်မှလဲမရှိပါချေ။ ဒီလိုအခြေအနေနဲ့ သူက တိုက်ခိုက်မယ်လို့ ဘာလို့များ ထင်နေကြသလဲမသိ…။

လူတိုင်း အဓိက ထိုင်ခုံပေါ်က ရဲ့ရှောင်ထျန်းကို ပြိုင်တူဝိုင်းကြည့်လိုက်ကြသည်။ ကျောက်ကျစ်တုံ့ စုရှောင်ရှန်၏ စွမ်းပကားကို နောက်တစ်ခါ ထပ်မြင်ရလေပြီ။

သူက သူ့ကိုပဲ ပြန်ခံပြောရဲသည်မဟုတ် ရဲ့ရှောင်ထျန်းကိုပါ ပြန်ခံပြောဖို့ တုန့်ဆိုင်းမနေပေ။

ဒီ စုရှောင်ရှန်က ဩချစရာကောင်းလွန်းလှ၏။

ရဲ့ရှောင်ထျန်းလည်း တုန်လှုပ်သွားခဲ့သည်။ သူအခြေအနေအားလုံးကို ခြုံငုံတွေးထားခဲ့ပေမယ့် စုရှောင်ရှန်က မတိုက်ခိုက်ချင်ခြင်းဖြစ်နိုင်သည့် အချက်ကိုတော့မေ့နေခဲ့သည်။

စိတ်ဝိညာဉ်နန်းတော်၏ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ချင်စမ်းပါဘိဆိုတဲ့အထဲမှာ စုရှောင်ရှန်က မပါလောက်ပေ။

အခြားသူများ သူ့ကို အာခံလာလျှင် ရဲ့ရှောင်ထျန်းက နည်းလမ်းပေါင်းသောင်းခြောက်ထောင်ဖြင့် နာခံလာအောင်လုပ်လို့ရသည်။ ဒီစုရှောင်ရှန်ကြတော့ အကြီးအကဲစန်း၏ နောက်ခံရှိနေတဲ့အတွက် ခေါင်းခဲသွားရ၏။

အကြှးအကဲစန်းဆိုမှ ရဲ့ရှောင်ထျန်း အကြံတစ်ခုရသွားသည်။ ချက်ခြင်း စုရှောင်ရှန်ကို စိတ်ချင်းဆက်ကာ “ဒီလိုလုပ်လေ။ မင်းချန်ရှင်းချုကို အနိုင်ယူနိုင်ရင် ထျန်းရွှမ်တံခါးထဲက ယူလာတဲ့ အရာအားလုံးကို ယူခွင့်ပေးလိုက်မယ် ဘယ်လိုလဲ”

“တကယ်လား” စုရှောင်ရှန်၏ မျက်လုံးများ၀င်းပသွားပြီး အလန့်တကြား ထအော်လိုက်သည်။

ရဲ့ရှောင်ထျန်း ဘာပြောရမှန်းမသိဖြစ်သွား၏။

ဟူးးး…။

ရဲ့ရှောင်ထျန်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားဖို့ ပြောလိုက်သည်။

စုရှောင်ရှန်က ဘယ်လိုစိတ်ချင်းဆက်သွယ်ရသလဲ မသိပါချေ။

ကျန်းပင်းယန်လည်း စိတ်ခုသွားသည်။ သူတို့က နည်းဗျူဟာတွေတောင် တိုင်ပင်နေကြပြီလား။

ချန်ရှင်းချုကိုကြည့်လိုက်ရာတွင်လည်း ဘာအကြံပေးရမလဲ မသိသဖြင့် ဆက်လက်၍ ဆိတ်ငြိမ်နေလိုက်သည်။

“ချန်ရှင်းချုကို အနိုင်ယူနိုင်ရင် အနက်ရောင်ဓားအိမ်တောင်မဟုတ်ဘူး။ တခြားဆုလဒ်တွေပါ‌ ပေးဦးမှာ” ရဲ့ရှောင်ထျန်း စိတ်ချင်းဆက်ပြောလိုက်သည်။

ထျန်းရွှမ်တံခါးက သူရလာသည်များက အကြီးအကဲစန်းနှင့် သဘောတူညီချက်ကြောင့် သူ့အပိုင်တွေဖြစ်နေပြီးလေပြီ။

ထိုစဉ်ကလည်း အလောင်အစားကို မျက်မြင်တွေ့ရှိသူ အကြီးအကဲကျောက်လည်း ဒီမှာရှိနေသဖြင့် ရဲ့ရှောင်ထျန်းက ကလေးကို ညစ်စားသည် နာမည်မတွင်စေချင်တာကြောင့် စုရှောင်ရှန်ကို တခြားဆုလဒ်များပေးရန်ပါ ကတိပေးလိုက်၏။

ဒီအပေးအယူကြောင့် ရဲ့ရှောင်ထျန်းပို၍ ယုံကြည်စိတ်ချသွားပေသည်။

စုရှောင်ရှန်လည်း စိတ်လှုပ်ရှားနေခဲ့၏။

ထျန်းရွှမ်တံခါးက သူရလာတာက အနက်ရောင်ဓားအိမ်တစ်ခုတည်းမဟုတ်ပါချေ။ ရဲ့ရှောင်ထျန်းက ယခုလို ကတိပေးလာပြီဆိုမှတော့ ချိတ်ပိတ်ခြင်းလက်စွပ်၊ စိတ်ဝိညာဉ်အသက်တံဆိပ်ပြားနှင့် ကျဲတို့ကို ဆက်လက်၍ ဖုန်းကွယ်ထားစရာလိုမည်မဟုတ်တော့ချေ။

အခြားအရာများက အဲ့လောက်ကြီးမဟုတ်ပေမယ့် ကျဲသာ အသက်ရှူချောင်ခဲ့မယ်ဆိုရင် သူ၏ ကြီးထွားမှုအတွက်လည်း အကျိုးဖြစ်ထွန်းစေပေလိမ့်မည်။

ကျဲက နောက်ဆုံးဝှက်ဖဲဖြစ်ရကာ ရန်သူများကိုရင်ဆိုင်ရာမှာ အဲ့လောက် စိုးရိမ်နေစရာလိုတော့မည်မဟုတ်ချေ။

သို့ဖြင့် ဆုလဒ်တို့၏ စွဲဆောင်ရာနောက်လိုက်ပြီး လောဘတစ်ခုတည်းဖြင့် ချန်ရှင်းချုကို တိုက်ခိုက်ရန် စုရှောင်ရှန်ဆုံးဖြတ်လိုက်သည်။

သူ့အတွက်တော့ ချန်ရှင်းချုက သာမန်လူတစ်ယောက်သာသာ မဟုတ်ပါဘဲ ရတနာတိုက်ကြီး၏ တံခါးကိုဖွင့်ပေးမည့် သော့တစ်ချောင်းလည်းဖြစ်ပေလေသည်။

ချန်ရှင်းချုကိုသာအနိုင်ယူနိုင်ရင် အရာအားလုံးက မျှမျှတတ သူ့အပိုင်ဖြစ်လာလိမ့်မည်။

“လာချမယ်”

ချက်ခြင်းလက်ငင်းကြီးကို စိတ်အားတက်ကြွလာခဲ့သော စုရှောင်ရှန်က “ဆိုတော့ ဘယ်လို တိုက်ခိုက်ချင်လဲ”

ကျောက်ကျစ်တုံ့ သူ့နဖူးသူရိုက်လိုက်မိသည်။

စုရှောင်ရှန်အလွန်စိတ်လှုပ်ရှားနေရကာ လက်လွန်ခြေလွန်မဖြစ်ပါစေနဲ့လို့ ဆုတောင်းလိုက်၏။

ဒီတစ်ခါမှာ သူက ကြီးကြပ်သူမဟုတ်တော့သလို ကြီးကြပ်သူလည်း မလုပ်ရဲတော့ချေ။ အဆိုးဆုံးဖြစ်လာမည့်အရာများအတွက် ကျောက်ကျစ်တုံ့ ကြိုတင်ပြင်ဆင်ထားလိုက်သည်။

သူ့ကံကြမ္မာကိုနားမလည်သေးသည့် ချန်ရှင်းချုက လက်နောက်ပစ်ပြီး အထင်အမြင်သေးသလိုလို မျက်နှာထားဖြင့် ရပ်နေသည်။

“ငါပြောသလိုပဲ မင်းကြိုက်သလို ရွေးချယ်နိုင်တယ်”

“ကောင်းပြီလေ”

စုရှောင်ရှန်ကလည်း စိတ်လှုပ်တရှား တန်ပြန် အော်ပြောကာ ထခုန် အပြီးမှာ သူ့ထိုင်ခုံမှာ ပြန်ထိုင်လိုက်၏။

လူတိုင်းကြောင်သွားကြသည်။

: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

“မတိုက်ရဲဘူးလား” ချန်ရှင်းချုက မထီမဲ့မြင် ပြောလိုက်သည်။

“ငါတို့ဘာနဲ့ပြိုင်ရမလဲ” စုရှောင်ရှန် ၎င်းကို မမှုသလို ပုခုံးတွန့်ပြလိုက်သည်။

“တကယ်ပြောရရင် မင်း ငါ့ကို ကျင့်ကြံမှုမှာယှဉ်ပြိုင်ရင်ဘဲ အနိုင်ရမယ် ကျန်တာမှာ အခွင့်အရေးတစ်စက်လေးတောင်မရှိဘူး”

အပိုင်း (၂၂၀) ချန်ရှင်းချုတော့ ဂြိုလ်ဆိုး၀င်ပြီ

ချန်ရှင်းချု နောက်ဆုံးတော့ သူ့ထက်ပို မောက်မာတဲ့ သူကို တွေ့ရလေပြီ။

သူတို့ကျင့်ကြံခြင်းမှာ မယှဉ်ပြိုင်ဘူးဆိုရင် တခြား အရာတွေမှာ ရှုံးမယ်ဆိုတာ ဘာကို ဆိုလိုချင်တာလဲ။ ဘာသဘောလဲ။

ဘယ်လို ပြက်လုံးများလဲ။ စုရှောင်ရှန်ထက် သူက ဘယ်အရာမှာ ‌နိမ့်ကျနေလို့လဲ။ စစ်မှန်ခြင်းနယ်ပယ်ခုမှ ရောက်လာတာကို လေကြီးလေကျယ် ဘယ်လို သတ္တိနဲ့‌ ပြောရဲတာလဲ။

မျက်စိတစ်မှိတ်အတွင်းမှာ ချန်ရှင်းချု ဒေါသ တထောင်းထောင်း ပြန်ထွက်လာခဲ့သည်။

ထို့နောက် စိတ်ဝိညာဉ်နန်းတော်က လူကြီးနှစ်ယောက်ကို ကြည့်လိုက်ရာ ဘယ်လိုမှ တုန့်ပြန်မှု မပြတာကြောင့် အံ့အားသင့်သွား၏။ ‌ရေနွေးကြမ်းငှဲ့နေသည့်သူက ဆက်ငှဲ့နေပြီး အခြားတစ်ယောက်ကလည်း မျက်လုံးမှိတ် အနားယူနေပေသည်။

သူတို့ အပြုအမူများ ဤသို့ အခြေအနေကြီးနှင့် အသားကျနေသည့်အလား အေးဆေးတည်ငြိမ်စွာရှိလွန်းလှ၏။

“ဘာလဲဟ…”

ချန်ရှင်းချု၏ အတွေးများ ရောက်ရက်ခက်သွားပေသည်။

သူတို့ ဘာလို့ဒီလိုကြီး တည်ငြိမ်အေးဆေးနေတာလဲ။

သူ ဒီလို မောက်မောက်မာမာပြုမူခဲ့တော့ ရဲ့ရှောင်ထျန်း၏ ဆုံးမခြင်းကိုခံခဲ့ရပြီး ဒီဘာမဟုတ်တဲ့ ကောင်ကိုကြတော့ မကြားသလို၊ မသိသလို ဟန်ဆောင်နေ၏။

ဒါမှမဟုတ် စုရှောင်ရှန်ပြောနေတဲ့ အရည်မရ အဖက်မရကို ယုံကြည်နေကြလို့များလား။ ပြီးတော့ သူ့ကို သနားစရာကောင်းတဲ့ကောင်လိုလို ဘာလိုလို ကြည့်နေကြရတာလဲ။

လခွေး။

ချန်ရှင်းချု ဒေါသထွက်နေလိုက်တာများ သူ့ဆံပင်များတောင် ထောင်ထလာတော့သည်။ ထိုအချိန်မှာ သူ့ဒေါကို ထုတ်လွှတ်ချင်တာက လွဲပြီး ဘာမှ မတွေးနိုင်တော့ပါချေ။

“စုရှောင်ရှန် မင်းကြောက်တာလား”

သူ့ရင်ဘက်ကြီးထဲက ဒေါသများကို ဖိနှိပ်ပြီး ‌အထင်အမြင်သေးသလို စုရှောင်ရှန်ကို ထေ့ငေါ့ပြောဆိုလိုက်သည်။

စိတ်ဝိညာဉ်နန်းတော်က လူနှစ်ယောက် အေးဆေးတည်ငြိမ်သေးပြီး အခြေအနေကို ဘာမှ မစိုးရိမ်သလို စောင့်ကြည့်နေတာတွေ့ရတော့ ကျန်းပင်းယန် မျက်မှောင်ကြုတ်လိုက်သည်။

သူတို့ဘယ်လိုလုပ် အေးဆေးတည်ငြိမ်နေကြသေးတာလဲ။ စုရှောင်ရှန်မှာ တကယ် ကြမ်းတဲ့ ဝှက်ဖဲတစ်ခုခုရှိနေလို့များလား။

ဒီလိုဆိုရင်တော့ သူတို့သတိထားရပေမည်။ မမျှော်လင့်ထားတဲ့အရာတွေက ရုတ်တရက်ကြီး တံခါးလာခေါက်တတ်သည်မဟုတ်ပါလား။

ထို့နောက် တိုတိုတိတ်တိတ် ထိုင်နေသည့် ယွဲ့ကျစ်၀မ်ကို လှည့်ကြည့်လိုက်ရာ အချက်ပေးတာကို သိသလို ဟိုက ခေါင်းပြန်ညိတ်ပြလိုက်၏။

သူမ၏ ခေါင်းလေးကို အသာငုံပြီး ရင်သက်ရှူ‌ မောဖွယ်ရာ ကြယ်တာရာမျက်၀န်းများကို ပုတ်ခတ် ပုတ်ခတ်လိုက်လိုက်သည်။

တစ်အောင့်ကြာသော် သူမ၏ ကြယ်တာရာမျက်၀န်းများ အသက်၀င်လာသလို အရောင်မှိန်မှိန်လေး လင်းလက်လာခဲ့၏။

သူမ၏ မျက်၀န်းများထဲတွင် နတ်ဘုရားသဖွယ်စွမ်းအင်တစ်ခုက ညွှန်ပြပေးနေသော ကြယ်ပေါင်းသန်းနှင့်ချီ၍ ပေါ်လာခဲ့ပြီး ၎င်းတို့ စတင်၍ ရစ်ပတ် ဝိုင်းဖွဲ့ကာ ထိန်ထိန်လင်းလာကြသည်။

နောက်စက္ကန့်ပိုင်းအတွင်း ယွဲ့ကျစ်၀မ်၏ မျက်၀န်းအတွင်းက ထိန်လင်းနေသော အလင်းများ အသိပေးခြင်းမရှိ ရေအေးနှင့်လောင်းချလိုက်သည့် မီးခဲအလား ပြန်ငြိမ်းကြသွား၏။

အကြောင်းက အမည်မသိ ကြောက်မက်ဖွယ်ရာကောင်းတဲ့အရာတစ်ခုခုကို ထောက်လှမ်းမိရုံသာမက ထိုအရာက သူမကိုပါ သေသေကြီး မျက်လုံးချင်းစိုက်ကြည့်နေသောကြောင့်ဖြစ်သည်။

စုရှောင်ရှန်က မျက်လုံးပြူး မျက်ဆန်ပြူးကြီးဖြင့် သူမကို ငူငူငိုင်ငိုင်ကြီး ပြန်၍ စိုက်ကြည့်ခြင်းဖြစ်၏။

“ဟဲ့…”

ယွဲ့ကျစ်၀မ် လန့်ဖျပ်သွားပြီး တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ခါသွားကာ အလိုလို နောက်ဆုတ်လိုက်မိလေသည်။ ထို့ကြောင့် သူမ ထိုင်နေသာ ထိုင်ခုံက အနောက်ဘက်ကို မဆိုစလောက်လေး ယိုင်သွား၏။

ကျွီ…။

ထိုစူးစူးရှရှအသံက နောက်တစ်ကြိမ် တိတ်ဆိတ်နေသော ခန်းမထဲမှာ ပဲ့တင်ထွက်လာခဲ့ပြီး လူတိုင်း၏ အာရုံကိုဆွဲဆောင်သွားခဲ့သည်။

ယွဲ့ကျစ်၀မ်၏ နားများ၊ လည်ပင်းများတောင် ရဲရဲနီသွားသည်အထိ ရှက်ရွံ့သွားသည်။ သို့ဖြင့် မီးပူ‌အိုးပေါ်မှာ ထိုင်နေရတဲ့အလား ထိုင်မရ ထမရ အနေခက်လာတော့သည်။

လူတိုင်း၏ အကြည့်များကြောင့် သူမ၏ မျက်လုံးများကိုတောင် မျက်နှာလွှားစနှင့် ဖုန်းကွယ်လိုက်ချင်မိ၏။

ရှက်ဖို့ကောင်းလိုက်တာ…။

ထိုသို့ အခြေအနေက အချက်အချာကျသည့် အချိန်မှာမှ ဤသို့ အနှောက်အယှက်ဖြစ်စေမိသွားပေမယ့် ဘာသိဘာသာနေတတ်သူပီပီ စိတ်အခြေအနေကို မြန်မြန် တည်ငြိမ်အောင်လုပ်လိုက်ပေသည်။

“နေမကောင်းဘူးလား”

သူ့စူးစူးရှရှ အကြည့်များကို စုရှောင်ရှန်ပြန်ဖြေလျော့လိုက်ပြီး စိုးရိမ်သလို ဟန်ပြကာ မေးလိုက်သည်။ “ဂျင်းပြုတ်ရည်သောက်မလား ယူပေးမယ်”

ဟ တည့်တိုးကြီး ဒီကောင်ဘာလား။

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၅]

“ရပါပြီ မလိုပါဘူး” ဟိုက ပြန်ဖြေသည်။

ယွဲ့ကျစ်၀မ် ပြန်ဖြေလိုက်တယ်ဆိုသော်ငြား သူမ၏ အသံကို ခြင်ဝဲသံလောက်လေးသာ မဆိုစလောက်လေး ကြားလိုက်ရသည်။

သူမ၏ သွယ်လျသော လက်နှစ်ဖက်ကလည်း ‌ပေါင်သားများအထက်က ဂါ၀န်စကို ကျစ်ကျစ်ဆုပ်ကိုင်တွန့်ခြေနေမိသည်။ ပြောရရင် သူမ၏ တစ်ကယ်လုံးက တောင့်တင်းနေခဲ့ပေ၏။

စုရှောင်ရှန် ထရယ်ချင်သွားသည်။

ဒီကောင်‌မလေး၏ မျက်လုံးများနှင့်ပတ်သက်ပြီး တကယ် တစ်ခုခု ထူးခြားပေသည်။

၎င်း၏ လုပ်ဆောင်ချက်က ဘာမှန်းမသိပေမယ့် သူမ၏ ကြယ်တာရာလိုဖြစ်နေသောမျက်လုံးများက မထူးခြားဘဲ နေပါ့မလား။

ဘာဖြစ်ဖြစ် သူမ၏ ဘာစွမ်းရည်ဖြစ်ဖြစ်လုပ်တော့မည့်ဟာကို တားနိုင်လိုက်တာတော့ သူသိသည်။

စုရှောင်ရှန်က သူမကို အကဲ‌ခတ်နေရင်းက နောက်ထပ် တောင့်တင်းနေသည့် လူတစ်ယောက်ကို သတိမထားလိုက်ပါပေ။ ယွဲ့ကျစ်၀မ် ဘေးနားက ထိုင်ခုံမှာ ထိုင်နေသည့် ကြော့ကြော့ရှင်းရှင်း ၀တ်စားဆင်ရင်ထားတဲ့ ချန်ရှင်းချုက ကြက်သေသေနေခဲ့သည်။

သူ- သူနောက်တစ်ခေါက်ထပ်ပြီး လစ်လျူရှူခံလိုက်ရတာလား။

သူ့မျက်ခုံးများလှုပ်သွားခဲ့ပြီး တင်းတင်းကြပ်ကြပ် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်လေသည်။

“စု-ရှောင်-ရှန်” ဒေါသသံကြီးဖြင့်အော်ဟစ်လိုက်ပါသည်။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် ခေါင်းမော့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“ဟမ်။ မင်းက ဒီမှာရှိနေသေးတယ်လား”

ချန်ရှင်းချု စွံ့အသွား၏။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“ပြိုင်ပွဲတောင်မစရသေးဘူး ငါက ဘယ်သွားရမှာတုန်း” မီးလျှံများထွက်လာမတတ်ကို ချန်ရှင်းချု နှာမှုတ်လိုက်သည်။

“ဆိုတော့ မင်းက မတော်ချင်သေးဘူးပေါ့လေ။ ရှုံးသွားမှာတောင် ပေခံနေသေးတယ်”

“လခွမ်းလာ…”

သူ့ကို ကြောက်မက်ဖွယ်ရာမျက်လုံးများလာရောက် စိုက်ကြည့်လိုက်ကြတာကြောင့် တုံ့ခနဲ ချန်ရှင်းချု ရပ်တန့်သွားကာ ဒေါသကို ထိန်းချုပ်ပြီး စိတ်ဖြေလျော့လိုက်သည်။

“… မင်းငါနဲ့ မချရဲလို့ သတ္တိမရှိလို့ တမင်ရှောင်ချင်နေတာလာမလား”

ချန်ရှင်းချုကို ပြုံးစိစိကြီးကြည့်ပြီး စုရှောင်ရှန် မအောင့်နိုင်တော့ဘဲ ရယ်လိုက်တော့သည်။ ထို့နောက် ထရပ်ကာ မေးလိုက်၏။ “မင်းက ယှဉ်ပြိုင်ချင်တယ်ပေါ့လေ”

“ဟမ့်” ချန်ရှင်းချု မျက်နှာတစ်ဘက်လွှဲလိုက်လေသည်။

“နောင်တမရဘူးနော်”

“ပါးစပ်ပိတ်ထားပြီး ငါနဲ့ တိုက်ခိုက်စမ်းပါ”

ရဲ့ရှောင်ထျန်းကို ခွန်အားအရာလည်းမရှိ၊ ဉာဏ်လည်းထိုင်း‌ သောသူနှင့် တိုက်ခိုက်ခိုင်းတာ ဘာသဘာလဲဟူ၍ မေးခွန်ထုတ်သလို လှမ်းကြည့်လိုက်သည်။

သူ့အနေနဲ့ ချန်ရှင်းချုဘေးနားက ကောင်မလေးကိုတိုက်ခိုက်တာကမှ ပိုပြီး အကျိုးရှိပေဦးလေမည်။ သို့ဆိုပါက သူမ၏ ဝှက်ဖဲက ဘာဖြစ်ကြောင်းကို သိနိုင်ပေ၏။

ရဲ့ရှောင်ထျန်း ထိန်ချန်မထားဖို့ကို အသာအယာခေါင်းညိတ်ပြကာ အချက်ပေးလိုက်သည်။

စုရှောင်ရှန် ခေါင်းပြန်ညိတ်ပြလိုက်၏။

“ဆိုတော့ ငါက ကြိုက်သလို စည်းကမ်းချနိုင်မယ်ပေါ့လေ”

ချန်ရှင်းချုကိုကြည့်ရသလောက်တော့ တိုက်ခိုက်တာနဲ့ အစွမ်းကုန် ချမည့် သူနှင့်တူပေသည်။

ချန်ရှင်းချု ခေါင်းညိတ်ပြလိုက်၏။

“ဟူး …”

စုရှောင်ရှန် သက်ပြင်းချလိုက်ကာ သူ့အနီးကိုလျှောက်သွားလိုက်ပြီး အကဲခတ်သလိုဖြင့် ချန်ရှင်းချု၏ ကိုယ်ကို နှစ်ပတ် ပတ်ကြည့်လိုက်သည်။ ထို့နောက်မှ ယွဲ့ကျစ်၀မ်အနား ပြန်ရောက်လာသောအခါ ရပ်တန့်လိုက်၏။

“ငါက နူးညံ့တဲ့လူတစ်ယောက်ဆိုတော့ ပြဿနာကို အေးအေးဆေးဆေးပဲဖြေရှင်းချင်တယ်။ ဆိုတော့ ငါ့တို့ထိုင်ပြီး လမ်းစဉ်အကြောင်းကို ဆွေးနွေးကြမယ်ဆိုရင် ဘယ်လိုလဲ”

ယွဲ့ကျစ်၀မ် ထိတ်လန့်သွား၏။

သူ့ဟာသူ လမ်းစဉ်အကြောင်း ဆွေးနွေးတာ သူမဘက်ကို လာစရာလိုလို့လား။

ယွဲ့ကျစ်၀မ်တစ်ဘက်‌သို့ပြောင်းရွေထိုင်လိုက်ချင်ပေမယ့် အခြေအနေကို ထပ်မံ၍ ခုံကျွီသံကြီးဖြင့် ‌အနှောက်အယှက်ပြုမိမှာစိုး၍ ရပ်တန့်လိုက်သည်။ သို့ဖြင့် စုရှောင်ရှန်အနားမှာ ထိုင်နေလျက်ရှိ၏။

စုရှောင်ရှန်ဒီလို ကမ်းလှမ်းလာမယ်လို့ထင်မထားပေမယ့် သူ့ကျင့်ကြံမှုအဆင့်နိမ့်ပုံကို တွေးမိလိုက်ပြီး ထူးထူးခြားခြားမခံစားချေတော့ပေ။ ချန်ရှင်းချုက ခြောက်ကပ်ကပ်ရယ်မောကာ တုန့်ပြန်လိုက်သည်။

“ရတယ်လေ”

ချန်ရှင်းချုဆိုလိုက်သောအခါ စုရှောင်ရှန်ချက်ခြင်း သူ့ခုံကိုဆွဲယူပြီး ယွဲ့ကျစ်၀မ်အနားချကာ ထိုင်လိုက်၏။ လူတိုင်း သူ့အပြုအမူကြောင့် စွံ့အသွားကြပေသည်။

စုရှောင်ရှန်ဆက်လက်၍ အေးဆေး ဖြစ်ဟန်ရသော လေသံဖြင့် “ကြည့်ရတာတော့ မင်းက ဓားလမ်းစဉ်ကို အထူးလေ့ကျင့်ထားတယ်ထင်တယ်”

အရှေ့ပိုင်းနယ်မြေက ဓားသမားတို့၏ နိဗ္ဗာန်ဘုံဖြစ်ကာ အဖွဲ့အစည်းတစ်ခုက ပိုပြီး နာမည်ကြီး‌လေလေ ၎င်း၏ ဂိုဏ်းတော်သားများက ဓားလမ်းစဉ်ကို အထူးပြုလေလေဖြစ်သည်။ မြင့်မြတ်နတ်ဘုရားနန်းတော် ခန်းမခွဲများတောင် ထူးမခြားနားဖြစ်သည်။

သူ့ထိုင်ခုံကို ယူထိုင်လိုက်သည့် စုရှောင်ရှန်ကို ကြည့်ပြီ ချန်ရှင်းချု အံ့ကိုတင်းတင်းကြိတ်လိုက်သည်။ ၎င်းက သူ့ကို အရေးနိမ့်သောအခြေအနေကို ချက်ခြင်းတွန်းထည့်လိုက်၏။

သူ့ဓားဖြင့် ခုံတစ်လုံးကို ဆွဲယူကာ ကျောက်ကျစ်တုံ့နားမှာ အိန္ဒြေရှိရှိ ထိုင်ချလိုက်သည်။

“ကောင်းပြီလေ”

ကျွီ…

ကျောက်ကျစ်တုံ့ မသိမသာလေး သူ့ထိုင်ခုံကို အဝေးရွေ့သွားလိုက်၏။

ချန်ရှင်းချု ဒေါသထွက်သွားခဲ့သည်။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

ကျောက်ကျစ်တုံ့၏ အပြုအမူကြောင့် စုရှောင်ရှန် ပွဲကျသွား၏။ ထို့နောက် ချန်ရှင်းချုလက်ထဲက ဓားကိုလက်ညိုးထိုးပြကာ မေးလိုက်သည်။ “အဲ့တာ ဓားတစ်ချောင်းမလား”

ချန်ရှင်းချု ပဟေဠိဖြစ်သွားပြီး ငုံ့ကြည့်လိုက်မှ ပို၍ ဒေါသထွက်သွားခဲ့သည်။

ဒါက ဓားတစ်ချောင်မဟုတ်လို့ဘာဖြစ်ရမှာတုန်း တုတ်လား။

“ကန်းနေတာလား” ဟိုက ကဲ့ရဲ့လိုက်သည်။

“မဟုတ်ဘူးလေ ငါပြောချင်တာက မင်းရဲ့ ဓားက ဘယ်အဆင့်လဲလို့” စုရှောင်ရှန် စကားပြန်ပြင်ပြောလိုက်သည်။

ချန်ရှင်းချု နှာခေါင်းတစ်ချက်ပွတ်၍ ဂုဏ်ယူ၀င့်ကြွားစွာဆိုလိုက်သည်။ “အဆင့်ငါး”

ဘုန်း…။

ထိုစကားကြောင့် စုရှောင်ရှန် ဆတ်ကတည်း တွန့်သွားပြီး ယဲ့ကျစ်၀မ်၏ ရင်ခွင်ထဲကို ကျသွားတော့သည်။

“အိုး။ မရည်ရွယ်ပါဘူး။ တောင်းပန်ပါတယ်…”

စုရှောင်ရှန်၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းမသိရတာကြောင့် ယွဲ့ကျစ်၀မ် ‌မျက်မှောင်ကြုတ်လိုက်သည်။

ချန်ရှင်းချုက အထင်အမြင်သေးသလို ကြည့်လိုက်၏။

ဘယ်က တောသားလဲ။

အဆင့်ငါး‌ဓားတစ်ချောင်းကတောင် ဒီလော်က တုန်လှုပ်နေစေတာ ယွဲ့ကျစ်၀မ်သာ သူမရဲ့ ဓားကို ဆွဲထုတ်လိုက်ရင်‌ နေရာမှာတင် သတိလစ်သွားမလားမသိ။

[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

အသိပေးချက်ဖန်သားပြင်ပေါ်က အသိပေးချက်ကို လစ်လျူရှူကာ စုရှောင်ရှန် တအံ့တအောမေးလိုက်၏။ “အဆင့်ငါးဆိုတော့။ ဓားက ကိုယ်ပိုင် အသိရှိပြီလား။ သခင်ကိုရော ခွဲခြမ်းစိပ်ဖြာနိုင်ပြီလား”

“ကိုယ်ပိုင်အသိတော့မရှိသေးဘူး။ သခင်ကို သိတာကြတော့…”

ချန်ရှင်းချု ဘာမှ မပြောတော့ဘဲ ဓားလက်ကိုင်ကို ရွှစ်ကတည်း လက်မဖြင့် တေ့ပြီး အသာအယာ ပင့်ထုတ်လိုက်သည်။

ထို့နောက် ဓားက ဓားအိမ်ထဲက ထွက်သွားပြီး လေထဲမှာ ‌လူးလွင့်ကစားသွားကာ ‌ဓားအိမ်ထဲပြန်ဝင်လာခဲ့သည်။

ဘုန်း…။

တကယ် စုရှောင်ရှန် အထင်ကြီးသွားရသည်။ သူ့တိတ်တခိုးနာကျင်‌ခြင်းတောင် ထိုသို့ ချောမွေ့သည့် ထိန်းချုပ်မှုမျိုးမလုပ်နိုင်ပါလား။

“အင်း မင်းက ဓားလမ်းစဉ်ကို အထူးပြုပြီး စွမ်းအားကြီးလက်နက်လည်း ပိုင်ဆိုင်ထားတယ်ဆိုတော့…”

စုရှောင်ရှန်၏ လေသံက မနာလိုခြင်း ၀န်တိုခြင်းတို့ဖြင့်ပြည့်နေလေသည်။ ထို့နောက် ဆက်လက်၍ သူက “ငါတို့ ခန္ဓာကိုယ်ခွန်အားအရာနဲ့ ယှဉ်ပြိုင်ကြမယ်”

အပိုင်း (၂၂၁) စုရှောင်ရှန် လှုပ်ရှားပြီ၊ အလှလေးကို ကျီဆယ်ရင်း ဓားကို လုယူခြင်း

“ထှီးးးး”

ထိုမြန်ဆန်လှသော စိတ်အပြောင်းအလဲကြီးကြောင့် အကြီးအကဲကျောက် ပါးစပ်ထဲက ရေနွေးကြမ်းတစ်လုတ်ကို ထွေးထုတ်မိသွားသည်။ ချန်ရှင်းချုလည်း အာစေးမိနေကာ သူဘာမှ မပြောနိုင်ခင်မှာပင် စုရှောင်ရှန် ဆက်ဆိုလိုက်သည်။

“မင်းနိုင်ရင် ကျစ်၀မ်မိန်းကလေးနဲ့ငါ့ရဲ့ လေးစားခြင်းကိုရမယ်။ မင်းရှုံးရင်တော့ မင်းဓားငါ့ကိုပေးရမယ် ဘယ်လိုလဲ”

ယွဲ့ကျစ်၀မ်ဘက်ကို လက်ပြလိုက်သဖြင့် ဟိုက သူ့ကို မျက်စောင်းလှလှ‌ကလေးတစ်ချက်ထိုးလိုက်သည်။ သူတို့ ယှဉ်ပြိုင်တာက သူမနှင့် ဘာဆိုင်လို့လဲ။

“အဆင်တော့ပြေပါတယ် ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကြီးကြ…”

ထင်ရာဆိုင်းသလိုလို မောက်မာသလိုလို ဘယ်ခွေးမှ လူမထင်တဲ့ ချန်ရှင်းချုက ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတော့ရှိပါသေးသည်။ စုရှောင်ရှန်ကသာ သာမန်လူဆို ဘယ်လိုလုပ် ဒီခန်းမကြီးထဲကိုတောင် ရောက်လာလိမ့်မလဲ။

ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဆိုတဲ့ စကားလုံးကြောင့် အပြင်စည်းမှာ လေလွင့်ရင်းက သူကြားခဲ့ရသော ကောလဟာလတစ်ခုကို ချန်ရှင်းချု ပြန်မြင်ယောင်သွားခဲ့သည်။

၎င်းက ခေါင်းသုံးလုံးစု၊ လက်ခြောက်ဘက်စု၊ အစစ်အမှန်နဂါးကြီးစု…။

သာမန်မဟုတ်သော စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်ရှိ အပြင်စည်းဂိုဏ်းတူအကိုကြီးစုအကြောင်း ကောလဟာလများကို နားဖြင့်မဆန့်အောင်ကြားခဲ့ရသည်။ သူတို့က ဤစုရှောင်ရှန်ကို ပြောချင်နေကြတာလားမသိ…။

ကျန်းပင်းယန်နှင့် ယွဲ့ကျစ်၀မ်တို့လည်း ထိုသို့ သံသယများရှိပေပြီး တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ရှိရှိ ကြည့်လိုက်ကြသည်။

သင်္ကာမကင်းသောလေသံဖြင့် ချန်ရှင်းရှက “ စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်ရှိတဲ့ တစ်ယောက်ဆိုတာ မင်းလား”

စုရှောင်ရှန် တိတ်ဆိတ်နေသဖြင့် ၀န်ခံခြင်းလို့ မှတ်ယူကာ ချန်ရှင်းချု ခပ်ညစ်ညစ်ပြုံးလိုက်သည်။

စုရှောင်ရှန်မှာ စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်ရှိတယ်ဆိုတော့ဘာဖြစ်လဲ။

သူ့ခန္ဓာကိုယ် ဘယ်လောက်အကြိမ်းခံခံ သူ့ဓားချက်တွေအောက်မှာ ရှင်သန်နိုင်လိမ့်မည် မဟုတ်ပါချေ။

“ကောင်းပြီလေ။ မဆိုးပါဘူး။ မင်းဘက်က အားသာတယ်ဆိုပေမယ့် ငါသဘောတူတယ်။ ဒါပေမယ့် မင်းရဲ့ လောင်းကြေးစားကြေးကြီးက ဘာကြီးတုန်း…”

နိုင်နိုင်ရှုံးရှုံးဘာလို့ သူ့ဓားတစ်ခုတည်းရှုံးရမတုန်း…။

ချန်ရှင်းချု၏ မျက်၀န်းများအတွင် ပြက်လုံးတစ်ခုကို ကြားနေရတဲ့အလား ရှိ‌နေပြီး သဘောမတူသလို ခေါင်းခါရမ်း၍ “ငါ့ကို အရူးများမှတ်နေလား”

“အေး” စုရှောင်ရှန်ခေါင်းညိတ်လိုက်သည်။

‌ခန်းမကြီးတစ်ခုလုံး ဆိတ်ငြိမ်ကျသွားခဲ့၏။

“ဖှီးးးးး”

ယခုမှ ရေနွေးကြမ်းနွေးနွေးလေး သောက်လိုက်သော အကြီးအကဲကျောက် ဆတ်ကတည်း ထွေးထုတ်လိုက်ရပြန်သည်။

ချက်ခြင်း ရေနွေးကြမ်းခွက်ကိုချလိုက်ပြီး ထပ်မံ မသောက်ရဲပါတော့ချေ။ စုရှောင်ရှန်ရှိနေသ၍ကတော့ သောက်လို့ရမည်မဟုတ်တာ‌ကို သိလိုက်ရပါသည်။

ချန်ရှင်းချု၏ နဖူးထိပ်က သွေးကြောများ အဖုလိုက်အထစ်လိုက် ထောင်ထာလာကြသည်။

ထို့နောက် သူ့မျက်နှာချင်းဆိုင်က လက်ပိုက်ထားသည့် လူငယ်လေးကို ခက်ထန်သော အကြည့်ဖြင့်ကြည့်လိုက်၏။ ရှူးရှူးရှဲရှဲဖြစ်နေရာလည်း စကားပြောနိုင်စွမ်းငှာ မစွမ်းသာပါချေ။

“ဒီလိုဆိုရင်ရော” ချန်ရှင်းချု ဘာမှ မပြောနိုင်တာကိုကြည့်ပြီး စုရှောင်ရှန်က ထပ်လောင်းပြောဆိုလိုက်သည်။ “မင်းသဘောမတူဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး ဓားလမ်းစဉ်ကိုပဲ ပြန်သွား‌တာပေါ့။ ဒါပေမယ့် လောင်းကြေးစားကြေးကတော့ ဒီအတိုင်းပဲ” (စုရှောင်ရှန် ခွန်အားနဲ့ချမယ်လို့ထင်နေခဲ့တယ်မလား မလိမ်နဲ့)

ချန်ရှင်းချု ပြောစရာစကားများပျောက်သွားခဲ့ပြီး ကြောင်တောင်တောင်ရပ်နေခဲ့၏။ သူ့စိတ်ကထဲကလည်း မျောက်တစ်ကောင်လို ကစားခံရသလို ခံစားလိုက်ရသည်။

“ကောင်းပြီ ဒါဆို ဒီနေရာမှာ ခုယှဉ်ပြိုင်မယ်”

စိတ်လိုက်မာန်ပါ အော်ဟစ်လိုက်တဲ့ပုံပေါက်ပေမယ့် ချန်ရှင်းချု အခြေအနေကို တွေးတောကြည့်ပြီးပါပြီ။

သူစကားလွန်ထားသောကြောင့် စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်နှင့် တိုက်ခိုက်ဆိုတိုက်ခိုက်ကြရပေမည်ဖြစ်ပေမဲ့ ယခုလို အားသာချက်ကို စွန့်ပြီး ဓားလမ်းစဉ်ပြန်ပြောင်းတော့ စုရှောင်ရှန် သေချင်နေလို့သာဖြစ်ရချေမည်။ စုရှောင်ရှန်သူ့ကိုယ်သူ အဘက်ဘက်က ဖိနှိပ်ထားနိုင်တယ်ထင် နေပေမယ့် သူ ချန်ရှင်းချုက ခြေနှစ်လှမ်းပိုသာနေလေပြီ။

“ကဲ ဒါဆိုရင်လည်း ထိုင်ပါ”

ချန်ရှင်းချုကို အသာလုပ်ရန် စုရှောင်ရှန် လက်ပြလိုက်၏။ သူထိုင်ပြီးသည်အထိ စောင့်ပြီးမှ ဆက်လက်၍ “ဓားလမ်းစဉ်ကို စကားလုံးနှစ်လုံးတည်းနဲ့ ဖွဲ့စည်းထားတယ်။ ဓားနဲ့ လမ်း။ ဆိုတော့ မလိုအပ်တဲ့ ထိခိုက်မှုတွေဖြစ်လာမှာစိုးလို့ ကိုယ်ထိလက်ရောက်မတိုက်ခိုက်တော့ဘူး ဓားလမ်းစဉ်ကို ဘယ်လောက်နားလည်သဘောပေါက်ထားသလဲဆိုတာနဲ့သွားမယ်။ အဲ့ဓားလမ်းစဉ်နဲ့ မင်းရဲ့ ဓားက ဘယ်သူ့ကို ရွေးချယ်မလဲကြည့်မယ်။ ရွေးချယ်ခံရတဲ့သူက အနိုင် ဘယ်လိုလဲ”

လူတိုင်း မှင်တက် သွားကြသည်။ ဤသို့သော ယှဉ်ပြိုင်မှုမျိုးက အသိဉာဏ်ကြွယ်၀ပြီး အတွေ့အကြုံများသည့် အကြီးအကဲအရွယ်များသာလုပ်ကြသည်ကို မြင်တွေ့ရများသည်။ ယခုလို စုရှောင်ရှန်ဆိုလာတော့ သူတို့ အံ့အားသင့်သွားကြတာ မဆန်းပါပေ။

ထိုစကားကြောင့် ချန်ရှင်းချု ပြုံးစိစိဖြစ်သွား၏။

သူက လက်ရှိ ထိုစိတ်ဝိညာဉ်ဓား၏ သခင်ပါ။ ဘာလို့ လမ်းစဉ်ကို သဘောပေါက်သလောက်လေးနဲ့ စုရှောင်ရှန်က သူ့ဓားကို ညှို့ယူနိုင်မှာလဲ။

“ဟားဟားဟား။ စုရှောင်ရှန် နိယာမတွကို မင်းရဲ့ နားလည်သဘောပေါက်လောက်မှုလေးနဲ့ ခြယ်လှယ်နိုင်မယ်ထင်နေတာလားကွ။ ကောင်းပြီလေ ငါချန်ရှင်းချု ဒီစိန်ခေါ်မှုကိုလက်ခံတယ်။ ပြီးမှ မငိုနဲ့”

ထို့နောက် သူ့စိတ်ဝိညာဉ်ဓားကို လက်ပြန်လှည့်လိုက်ပြီး အထင်အမြင်သေးစွာ “ငါ့ဓားကိုမင်းဘယ်လို စည်းရုံးသိမ်းသွင်း…”

ရှင်းးးးးးးးးး…။

သူ့စကားပြောလို့မပြီးသေးခင်မှာ သူ့လက်ထဲက ဓားက အပြင်းအထန်တုန်ခါလာတာကြောင့် ပြောနေရင်းတန်းလန်းအာစေးမိသွား၏။ ထို့နောက် ဓားမှ ငွေလိုလို အဖြူလိုလို အရှိန်အဝါတွေ ထွက်လာတာကိုမြင်လိုက်ရသည်။

“ဓားဆန္ဒ”

ထိုအရာဘာဖြစ်သလဲဆိုတာ သိရပြီးနောက်မှာ ချန်ရှင်းချု၏ မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ ထိုမှ စုရှောင်ရှန်က စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်တစ်ခုတည်းသာမဟုတ်ဘဲ စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒကိုပါ ပိုင်ဆိုင်ထားကြောင်းကို သိလိုက်ရ၏။

ကုန်းမြေတစ်လျှောက်လုံးမှာတောင် ခွန်အားအရာရော ဓားအရာပါ ပေါက်ပေါက်မြောက်မြောက်ကျွမ်းကျင်သည့်လူများက ကောက်ရိုးပုံထဲက ‌အပ်ပျောက်အလား ရှာရခက်လှပေသည်။ ယခု သူ့ရှေ့၌ရပ်နေသော စုရှောင်ရှန်က ထိုသို့ ပါရမီရှင်မျိုးဖြစ်နေ၏။

အခြအနေက ဒီလိုဖြစ်လာလိမ့်မည်ဟု ချန်ရှင်းချု တွက်မထားခဲ့ပါချေ။

ရုတ်တရက်ကြီး တောင်တန်းအမြင့်ဆုံးထိုကိုတက်သွားပြီးမှ နောက်ထပ် ပ်ိုမြင့်သည့် တောင်တစ်လုံးထပ် ‌တွေ့လိုက်ရတာမျိုးဖြစ်သည်။ သာမန်ခပ်ပျင်းပျင်းလူဆိုပါက ထိုနေရာမှာပင် လက်လျော့ကာ နောက်လှည့်ပြန်သွားပေမည်။

ချန်ရှင်းချုက ထိုသို့ ခပ်ပျင်းပျင်းလူတစ်ယောက်ဖြစ်ချေသည်။ စိတ်ဝိညာဉ်နန်းတော်အတွင်းမှာ စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်နှင့်လူတစ်ယောက်ရှိတာကိုသိရဲ့သားနဲ့ ဘယ်သူမှန်း ဘာမှန်း မသိအောင် ဘာမှမလုပ်ဘဲ နေနေ၏။

သူသာ နည်းနည်းလေး အားစိုက်လိုက်ရင် စုရှောင်ရှန်က အပြင်စည်း၏ ဝါအကြီးဆုံးအကိုကြီးဆိုတာ သိနှင့်ပေလိမ့်မည်။

ထိုအခိုက်မှာ ချန်ရှင်းချု သူ့ဓားကိုသာ အားဖြင့် တင်းတင်းကြပ်ကြပ်ကိုင်ထားလိုက်၏။

သူက စတင်ခြင်း‌နယ်ပယ်ဓားဆန္ဒတောင်မရှိသည့် ဓားစိတ်ဝိညာဉ်နည်းစနစ်အများပေါ်တွင်သာ မှီခိုသော ဓားသမားတစ်ယောက်ဖြစ်သည်။

“မင်းငါ့ကိုလှည့်စားတယ်”

ချန်ရှင်းချု၏ မျက်၀န်းများတွင် ဒေါသမီးများလောင်မြိုက်နေခဲ့၏။ ဓားရဲ့သခင်ဖြစ်တာတောင် သူ့လက်ထဲက ထွက်မသွားဖို့ကို ဆွဲထားနေရသည်။ သူ့အတွက်တော့ အကြီးမားဆုံးစော်ကြားမှုကြီးသာ…။

“မင်းကို ငါဘယ်တုန်းက လှည့်စားလို့လဲ။ တကယ့် သေခြင်းရှင်ခြင်းတိုက်ပွဲမှာ ရန်သူက ကိုယ့်ဝှက်ဖဲကို လှန်ပြမလားဟ။ ပြီးတော့ ငါတို့က နားလည်သဘောပေါက်ခြင်းလေးနဲ့ပဲယှဉ်ပြိုင်နေတာပါ” စုရှောင်ရှန် နားမလည်သလို ဟန်ဆောင်ဟန်ဆောင်လုပ်လိုက်ပြီး ‌ချေပပြောဆိုလိုက်သည်။

စုရှောင်ရှန်၏ စကားတစ်ခုခုမှားနေတာတော့ ချန်ရှင်းချု ခံစားနေရပေမယ့် ဘယ်ဟာမှားနေမှန်းမသိပါချေ။ သူ၏ စိတ်၀ိညာဥ်အနှစ်များဖြင့်သာ အကောင်းဆုံး ဓားကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်သည်။

ရှင်း။ ရှင်း…။

စုရှောင်ရှန်က တည်ငြိမ်အေးဆေးနေပြီး ဓားက ခက်ထန် ကြမ်းတမ်းစွာ တုန်ခါနေခဲ့သည်။

ဒါကြောင့်လည်း ဓားဆန္ဒအပေါ်မှီခိုသည့် သူများက သန်မာရ‌တာပေါ့။ မင်းရဲ့ နည်းစနစ်တွေဘယ်လောက်ကောင်းကောင်း မင်းရဲ့ဓားက ငါ့ရဲ့ဓားဖြစ်လာခဲ့ရင် ဘာလုပ်တော့မလဲ။

တစ်စထက်တစ်စ ပျာယာခတ်‌လာနေသော ချန်ရှင်းချုကို စုရှောင်ရှန်ကြည့်ပြီးတော့ “မတိုက်ခိုက်ရဘူးနော်”

ချန်ရှင်းချု၏ မျက်နှာက သွေးဆုတ်ဖြူရော်နေခဲ့သည်။

ယခုလိုဆက်သွားနေရင် ဘယ်နည်းနဲ့မှ သူ့ဘဝထဲက ထွက်သွားချင်နေသည့်… အဟမ်း ဓားကို ဆွဲထားလို့ရမည်မဟုတ်ပါချေ။ သို့ဖြစ်လာနိုင်မှတော့ စုရှောင်ရှန်ကို စိတ်ဝိညာဉ်နည်းစနစ်ဖြင့် အရင် တိုက်ခိုက်လိုက်တာက ပိုကောင်း၏။

သူ့ဓားကို ဓားအိမ်ထဲက ဆွဲထုတ်ပြီးခုတ်ချမယ်အလုပ်မှာ စုရှောင်ရှန်က ၎င်းကိုဂရုတောင်ပြုမနေဘဲ သူ့ဘေးက ယွဲ့ကျစ်၀မ်ကို အသာခေါင်းလေးစောင်းပြီးကြည့်လိုက်သည်။ ထိုကောင်မလေးက တစ်ခုခုလုပ်တော့မည့်အချိန်မှ လူမိသွားတာကြောင့် ဆတ်ကတည်း တောင့်တင်းသွားခဲ့သည်။

စုရှောင်ရှန် လက်ဝေ့ရမ်းလိုက်ရာ ချန်ရှင်းချု လေပေါ်တက်သွားခဲ့၏။

“ဓားးး”

ရှင်းးးး…။

သူ့စကားတစ်ခွန်းတည်းဖြင့် ချန်ရှင်းချု အသုံးပြုတော့မည့် စိတ်ဝိညာဉ်နည်းစနစ်က ကြေပျက်သွားပေသည်။ ဓားစွမ်းအင်များလည်း စိတ်ဝိညာဉ် မြူခိုးများအဖြစ်သို့ အငွေ့ပျံသွားခဲ့၏။

စိတ်ဝိညာဉ်ဓားကလည်း စုရှောင်ရှန်၏ အမိန့်ကို နတ်ဘုရားတစ်ပါးကပေးသကဲ့သို့ နာခံကာ ချန်ရှင်းချု လက်ထဲက ရုန်းထွက်လိုက်ပြီး သားရဲကြီးစု၏ ညာလက်ထဲကို ပျော်ရွှင်နေသော ကလေးတစ်ယောက်အလား ပျံသန်းသွားခဲ့သည်။

ဒက်…။

သူ့လက်ထဲ ဓားကျလာသည့်အသံက ရှင်းရှင်းလင်းလင်း အသံကျယ်ကြီထွက်သွားခဲ့၏။

သို့ပြင် စိတ်ဝိညာဉ်ဓား၏ အရှိန်အဟုန်နောက်က လိုက်ပါလာသော လေညှင်းကလေးက စုရှောင်ရှန်၏ နဖူးထက်က ဆံနွယ်များကို ဘေးနှစ်ဖက်သို့ လူးလွင့်သွားစေလေသည်။ ထိုမှ ဘေးတစ်ဘက်မှာ ထိုင်နေသည့် ယွဲ့ကျစ်၀မ်၏ မျက်နှာကလေးကို ဆံနွယ်များက သွားရောက် ကလူကျီစယ်တော့၏။

စုရှောင်ရှန်က သမီးရည်းစားခြင်း စနောက်နေသည့်အလား လေသံဖြင့် “ယောက်ျားနှစ်ယောက်ရဲ့ တိုက်ပွဲကို ကြား၀င်မနှောက်နဲ့လေ မိန်းကလေး”

ယွဲ့ကျစ်၀မ် သူမ မြင်လိုက်ရသော မြင်ကွင်းကြောင့် မှင်တက်နေခဲ့ပါသည်။

ဓားကို ထိန်းချုပ်နည်း၊ ဓားကို ဖမ်းလိုက်သည့်ပုံစံ စသဖြင့် အရာရာက ရင်သက်ရှူမောဖွယ်ရာ ကောင်းလောက်အောင် ပြေပြစ်လှပပေသည်။

ဒါ့အပြင်ကို ထိုစိတ်ဝိညာဉ်မြူခိုးများက စုရှောင်ရှန်၏ နောက်ကို ကျလာသောအခါ လူတိုင်း သူ‌ကြည့်၍ကောင်းသည်ဆိုတာ ငြင်းမရပါလေ။

စုရှောင်ရှန်နှင့် သူမသာ နတ်ပြည်ဘုံကြီးထဲကို ရောက်နေသလိုလိုနှင့်…။

ဒုန်း…။ ဒုန်း…။

သူမ၏ အပြင်းအထန်တုန်ခါလာနေခဲ့သော နှလုံးခုန်နှုန်းဖြင့် စုရှောင်ရှန်အနားကနေ မြန်မြန်ခွာလိုက်ပါသည်။

ကျွီ…။

ထိုစူးစူးရှရှ အသံပဲ့တင်ထပ်လာတာကိုလည်း ဂရုမစိုက်နိုင်ပါတော့ချေ။

သူမ၏ အငိုက်ဖမ်းမယ့် လုပ်ရပ်ပေါ်သွားတာက ရှက်စရာကောင်းနေပြီကို စုရှောင်ရှန် သူမကို ကြည့်သည့်အကြည့်များကြောင့်လည်း ပို၍ ရင်ဖိုသွားခဲ့၏။

နီးကပ်လွန်းတယ်။ သူ့မျက်နှာဖြင့်တောင်ထိတော့မယ်။

ဒုန်းဒုန်းဒုန်းဒုန်းဒုန်းဒုန်း…။

ပြီးနောက် စိတ်ဝိညာဉ်မြူခိုးများ ပြန်ပျောက်သွားခဲ့လေသည်။

ချန်ရှင်းချု၏ မျက်နှာချင်းဆိုင်က ကောင်လေးနှင့် ကောင်မလေးတို့က တစ်ယောက်မျက်၀န်းတစ်‌ယောက် အကြည့်ချင်းဆိုင်နေကြသည်။ မနာလို၀န်တိုမှုများ သူ့စိတ်ထဲက ပေါက်ဖွားလာခဲ့၏။

“သေစမ်းကွာ”

သဘောတူညီချက်တွေဘာတွေနားမလည်တော့ဘဲ ဓားကိုပြန်ယူချင်ပြီး စုရှောင်ရှန်၏ ဦးခေါင်းကိုသာ ခွဲလိုက်ချင်နေသည့်အတွက် လက်သီးချက်တစ်ချက်ကျွေးလိုက်သည်။

“ထိုင်နေစမ်း” စုရှောင်ရှန် လှည့်၍တောင်မကြည့်ဘဲ အသာပြောလိုက်၏။

ဘုန်းးးး…။

ချန်ရှင်းချု၏ ထကြွလာနေသော ခန္ဓာကိုယ်ကို ဓားအရှိန်အဝါတစ်ခုက လာရောက်ဖိနှိပ်လိုက်သည်။

၎င်းက သူထိုင်နေသည့်ခုံကိုပါခွဲပစ်လိုက်သည့်အတွက် ချန်ရှင်းချုအောက်က ဘာမှ မရှိတော့ဘဲ အလွတ်ကြီး လေထဲ ထိုင်နေရပေတော့သည်။

ထို့နောက်မှ ရှက်သွေးဖြန်းနေသော ယွဲ့ကျစ်၀မ်ထံက အကြည့်လွှဲလိုက်ပြီး လက်ပါလာသည့် ကတိမတည်သူကို ကြည့်လိုက်သည်။

စုရှောင်ရှန်က ဓားကိုကိုင်ထားသောလက်ကို ခုံလက်တင်မှာ ထားကာ သာမန်ကာလျှံလေသံမျိုးဖြင့် “ဒီလို ယှဉ်ပြိုင်မှုက ထိုင်ပြီးပဲ ပါ၀င်ဆင်နွှဲလို့ရတာ။ မင်းကထလာတော့ ဘယ်လိုဆက်ကြရမတုန်း…”

အပိုင်း (၂၂၂) မူလ‌ဇစ်မြစ်ကျောက်တုံး

လူတိုင်း စုရှောင်ရှန်အသုံးပြုလိုက်သော တိုက်ကွက်ကို တအံ့တအောကြည့်လိုက်ကြသည်။

“စစ်မှန်ခြင်းနယ်ပယ်ဓားဆန္ဒ…”

ကျန်းပင်းယန်လည်း သူမြင်တွေ့နေရတဲ့အရာ‌ကြောင့် စွံ့အနေ၏။ ထိုတိုက်ကွက်တစ်ခုတည်းဖြင့်တောင် စုရှောင်ရှန်ကိုယ်၌က လက်နက်တစ်ခုဖြစ်လာခဲ့သည်။ သူ၏ ဓားအပေါ်နားလည်သဘောပေါက်မှုက ဘယ်လောက်နက်ရှိုင်းသလဲဆိုတာ သိနိုင်ပေသည်။

ထိုသို့ စွမ်းအားမျိုးက လမ်းစဉ်ကို နှစ်အတော်ကြာအောင် နားလည်သဘောပေါက်မှုမျိုးမှ ရရှိနိုင်ခြင်းဖြစ်ပေ၏။

သို့ပေမယ့်…

“စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်နဲ့ စစ်မှန်ခြင်းနယ်ပယ်ဓားဆန္ဒရအောင် ဒီကောင် အမေ့၀မ်းကတည်းက လေ့ကျင့်‌လာတာများလား။ ဒါမှမဟုတ် အသက်ငယ်အောင်လုပ်ထားတဲ့ အဖိုးကြီးတစ်ယောက်ယောက်များလားဟ”

ကျန်းပင်းယန်၏ ထိုသို့ ရူးကြောင်ကြောင်အတွေးများကို သာမန် အမြင်ဖြင့်ကြည့်လျှင်မမှားချေ။ ထိုလမ်းစဉ်နှစ်ခုလုံးက လျှောက်လှမ်းရခက်နေပါပြဆို ယခုတော့ တစ်ယောက်ယောက်က နှစ်မျိုးလုံးကို ‌တတ်ကျွမ်းနေခဲ့၏။

ရဲ့ရှောင်ထျန်းနှင့် အကြီးအကဲကျောက်တို့ တစ်ဦးကိုတစ်ဦး စပ်ဖြဲဖြဲကြည့်လိုက်ကြသည်။ ဤသို့ ဖြစ်ရပ်မျိုးက အပြင်လူအတွက်တော့ မယုံကြည်နိုင်စရာကောင်းလောက်အောင်ဖြစ်ပေမယ့် သူတို့နှစ်ဦးစလုံးကတော့ အသားကျနေပါပြီ။

သို့ပေမယ့် ၎င်းက စုရှောင်ရှန်ကို သူတို့နှစ်ယောက် ကြောက်ရွံ့ကြရသည့် အဓိကမချက်မဟုတ်ပါဘဲ သူ၏ ခန့်မှန်းမရသော ထူးဆန်းသည့် ပြုမူပုံများကြောင့်ဖြစ်သည်။

ဘယ်လိုဆိုဆို ချန်ရှင်းချု ရှုံးမယ်ဆိုတာ သိပြီးတာတောင် ဒီလောက် မြန်မြန် ရှုံးသွားရတာကတော့ ဩချစရာဖြစ်ပေသေးသည်။

အားးးး…။

ထိုဓားအရှိန်အဝါများကို ချန်ရှင်းချု၏ ခန္ဓာကိုယ်အတွင်းမှာ ခဏကြာအောင်နေခိုင်းပြီးနောက်မှာ စုရှောင်ရှန်ပြန်ရုတ်သိမ်းလိုက်သည်။ ချန်ရှင်းချုက မျက်လုံးနီနီရဲရဲကြီးများဖြင့် တစ်ချက်တစ်ချက်တွန့်သွားပြီး သူ့ကို ကြည့်နေခဲ့၏။

“ကျုပ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဘာမှ ပြောစရာမရှိတော့ရင် သွားတော့လို့ရမလားမသိဘူး”

ဘာကို စွမ်းဆောင်ရည်လဲ။ ချန်ရှင်းချု သွေးပွက်ပွက်အန်သွားခဲ့၏။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် အလန့်တကြားဖြစ်သွားသလို စိုးရိမ်ဟန်ဖမ်းလိုက်ကာ “အဆင်ပြေရဲ့လား။ ငါလဲ ဘာမှ ပြင်းပြင်းထန်ထန် မတိုက်ခိုက်လိုက်ပါဘူး”

“မင်း” ချန်ရှင်းချု ရင်ဘက်ကိုဖိထားရင်းမှ မျက်လုံးအိမ်၌ အနီရောင်သွေးကြောများ ပေါ်လာခဲ့၏။

ဘာကို ပြင်းပြင်းထန်ထန်မတိုက်ခိုက်လိုက်တာလဲ။ မင်းရည်ရွယ်ချက်ရှိရှိလုပ်နေတာမလား။ မင်းဘာကြံနေသလဲဆိုတာ ငါမသိဘူးထင်နေတာလား။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“စုရှောင်ရှန်” ထိုအကောင်က စကားထပ်ပြောရန် ပါးစပ်ဟလိုက်တာကို မြင်သောအခါ ရဲ့ရှောင်ထျန်း အလျင်အမြန် အော်ခေါ်လိုက်သည်။

စုရှောင်ရှန်ကိုလည်း ပါးစပ်ပိတ်နေဖို့ စူးစူးရှရှ စိုက်ကြည့်လိုက်၏။ သူသာ ဆက်ပြောနေရင် ချန်ရှင်းချုက ပြန်လှည့်လို့မရလောက်အောင် ဒေါသငယ်ထိပ်ရောက်ပြီး လျှောသွားနိုင်သည်။

“ဘယ်လိုလဲ ခန်းမသခင်ကျန်း” ဖြစ်လာတော့မည့် ကပ်ကြီးကိုတားလိုက်နိုင်တာကြောင့် ရဲ့ရှောင်ထျန်း သက်ပြင်းချလိုက်နိုင်သည်။

ကျန်းပင်းယန်၏ နှုတ်ခမ်းများလှုပ်သွား၏။ လူတိုင်း စုရှောင်ရှန်အနိုင်ရသွားတာ မြင်နေတာကို သူက ဘာပြောရဦးမှာလဲ။

ထောက်စရာမျက်နှာ‌‌ လေးလည်း ရှိ‌သေးတာကြောင့် ရှုံးမဲတော့ မဲလို့မရဘူးမလား။

သို့ပေမယ့် ချန်ရှင်းချု ဤသို့ဤပုံ ရှုံးနိမ့်သွားတာကတော့ တကယ် ရှက်စရာကောင်းလှပေသည်။ သူမျှော်လင့်နေသည့် ၀င်ခွင့် နှစ်နေရာလေးလည်း လေထဲမှာ ပျောက်သွားတော့၏။ ပြီးတော့ ဓားတစ်ချောင်းရောပဲ…။

“ကျုပ်လက်မခံနိုင်ဘူး”

ချန်ရှင်းချု ထရပ်ကာ ‌ဒေါသတကြီးအော်လိုက်သည်။

“စိတ်ဝိညာဉ်ကျင့်ကြံသူတွေက ကောင်းကင်နဲ့ မဟာလမ်းစဉ်ကို တိုက်ခိုက်ကြရတယ်။ တိုက်ပွဲရဲ့ ရလဒ်က ဘာလို့ ထိုင်နေတာလေးနဲ့ ဆုံးဖြတ်နိုင်မှာ။ တကယ် အစွမ်းထက်သလား ကိုယ်တွေ့ စမ်းကြည့်ရင် စုရှောင်ရှန်ကျုပ်ကို နိုင်မှာမဟုတ်ဘူး”

ဒီလိုဖြစ်လာမယ်ဆိုတာ သိလို့ ကျောက်ကျစ်တုံ့ တိတ်တိတ်ကလေး သူ့နဖူးကိုရိုက်လိုက်မိ၏။

စုရှောင်ရှန်က တည်ငြိမ်ညှင်သာသော လေသံဖြင့်ဘဲ ဆက်လက်၍ “မင်းရှုံးသွားတယ်ဆိုတာတော့ငြင်းလို့မရဘူးလေ။ ဒါသာ သေခြင်းရှင်ခြင်းတိုက်ပွဲဆိုရင် မင်းသေနေလောက်ပြီ။ အဲ့တော့ လူသေက စကားမပြောဘူးတဲ့။ မင်းက ဘာဖြစ်နေတာလဲ”

ချန်ရှင်းချု စွံ့အသွားရသည်။

လခွမ်း…။

မင်းအသံကိုမကြားချင်တာ ပါးစပ်ပိတ်ထားပေးစမ်းပါ။

[မုန်းတီးခြင်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

ထို့နောက် တစ်ခုခုပြောရန် ပြင်လိုက်ပြီးမှ ရပ်တန့်သွားတဲ့ ကျန်းပင်းယန်ကို အာရုံခံမိတာကြောင့် စုရှောင်ရှန် ထပ်လောင်း၍ “ဒါပေမယ့် ဘ၀ဆိုတာ အခက်အခဲမရှိရင် ဘယ်မှာ အနှစ်သာရရှိပါတော့မလဲ။ မဟုတ်ဘူးလား။ မင်းမှာ နောက်ထပ် ငါစိတ်၀င်စားလောက်တဲ့ လောင်းကြေးထက်စရာရှိသေးရင်တော့ ဆက်ပြီး တိုက်ခိုက်ဖို့ ငါမတွန့်တိုပါဘူး”

စုရှောင်ရှန် ထိုသို့ပြောပြီး အဆင့်ငါးစိတ်ဝိညာဉ်ဓားကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။

သူ့လုပ်ရပ်က ချန်ရှင်းချုကို ဒေါစွပေးလိုက်သလိုဖြစ်သွားလေသည်။ စုရှောင်ရှန်၏ ဆိုလိုရင်းက ငွေရှိရင် ဘာမဆိုဖြစ်တယ်၊ အသက်တောင်ပြန်ရှင်လာနိုင်တယ်၊ မင်းငါ့ကိုချရဲလား ဟူ၍ဖြစ်သည်။

နောက်ထပ်ဓားတစ်ချောင်းလောင်းလိုက်ရမလား…

စုရှောင်ရှန်များ သူ့အိပ်ကပ်က ‌အဆုံးမဲ့တယ်လို့ထင်နေသလားမသိ ချန်ရှင်းချု၏ မျက်နှာ သွေးဆုတ်ဖြူရော်သွား၏။

အခွင့်အရေးက သူ့ရှေ့မှာ ဖြစ်ပေမယ့် စစ်မှန်ခြင်းနယ်ပယ်ဓားဆန္ဒနှင့် လူတစ်ယောက်ကို တိုက်ခိုက်နိုင်ပါ့မလား တုန့်ဆိုင်းနေမိသည်။

အဆင့်မြင့်စိတ်ဝိညာဉ်နယ်ပယ်မှာ ရှိနေတာတောင် သူက ထိုသို့ ဓားဆန္ဒမျိုးနှင့် လူကိုအနိုင်ယူနိုင်ဖို့မသေချာ ပါပေ။ ဒါ့အပြင်ကို စုရှောင်ရှန်မှာ စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်ကလည်းရှိနေသေး၏။

စုရှောင်ရှန်အတွက် ဗလာနယ်ပယ်ကိုကျော်ပြီး အဆင့်မြင့်စိတ်ဝိညာဉ်နယ်ပယ်က သူ့ကို အနိုင်ယူဖို့ဆိုတာက မဖြစ်နိုင်သောအရာမဟုတ်ချေ။

ရဲ့ရှောင်ထျန်းပြုံးလိုက်ပြီးတော့ “ခန်းမသခင်ကျန်းရော ဘယ်လို သဘောရလဲ”

တကယ်ပြောရရင် ကျန်းပင်းယန်လည်း စိတ်၀င်စားနေပေသည်။ သူတို့၏ နောက်ဆုံး အခွင့်‌အရေးလည်းဖြစ်ရာ အမိအရ ဆုပ်ကိုင်နိုင်မှ တော်ကာကြပေမည်။

ထို့နောက် ချန်ရှင်းချုကို တစ်ချက်ကြည့်ပြီး စိတ်ချင်းဆက် တစ်ခုခုပြောလိုက်၏။ လူတိုင်း ချန်ရှင်းချု၏ မျက်၀န်းများတောက်ပလာတာကို မြင်လိုက်ရသည်။

“ကောင်းပြီလေ။ သဘောတူတယ်”

အကြီးအကဲကျောက် တဟားဟား ထရယ်ချင်သွားပြီးနောက် အလျင်အမြန် သူ့မျက်နှာပေါ်က အပြုံးကိုဖုန်းကွယ်ကာ ရေနွေးကြမ်း‌တစ်လုတ်သောက်လိုက်သည်။

“အင်း… ဒီ ရေနွေးကြမ်းက အရသာရှိလိုက်တာ…”

“မင်းမှာ ဓားရှိသေးတာလား” လောဘတကြီး ချန်ရှင်းချုကို စိုက်ကြည့်ပြီး စုရှောင်ရှန်မေးလိုက်သည်။

ချန်ရှင်းချုက အသက်ပြင်းပြင်းရှိုက်လိုက်ပြီးနောက်မှာ ကျောက်စိမ်းစာလိပ်တစ်ခုကို ထုတ်ယူလိုက်၏။ “ဒီဟာက ချန်မိသားစုရဲ့ လျှို့ဝှက်…”

“စိတ်ဝိညာဉ်နည်းစနစ်လား”

စုရှောင်ရှန် မျက်မှောင်ကြုတ်လိုက်ပြီ ဆူပုတ်ပုတ်ဖြင့် “စိတ်ဝိညာဉ်နည်းစနစ်ဆိုရင်တော့ စိတ်မ၀င်စားဘူး”

ချန်ရှင်းချု တုန့်ခနဲ ရပ်တန့်သွားခဲ့၏။ သူဘာပြောတာတောင်မဆုံးသေးဘဲ သူက ဘယ်လိုသိနေတာလဲ။

“ဒီဟာက…”

“နောက်တစ်ခု”

ဟူးးးး…။

ချန်ရှင်းချု ပင့်သက်ရှိုက်လိုက်ပြီး မီးခိုးရောင်ကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်သည်။

၎င်းက လက်သီး နှစ်လုံးစာလောက်ရှိပြီး အနက်ရောင် စာလုံးများဖြင့် အမျိုးအမည်မသိနိုင်သော စာလုံးများကို ထွင်းထား၏။ အထင်ကြီးစရာမကောင်းပေမယ့် မဟာလမ်းစဉ်လို ကြီးမားသော စွမ်းအင်ကြီးတစ်ခုကို သတိထားမိလိုက်သည်။

စုရှောင်ရှန်အနားက ယွဲ့ကျစ်၀မ်လည်း ချန်ရှင်းချု ထုတ်ပြလိုက်သော ကျောက်တုံးကြောင့် မှင်တက်သွားရပြီး “မူလဇစ်မြစ်ကျောက်တုံးလား”

မျက်နှာလွှားစနှင့် ကောင်မလေးကို ချန်ရှင်းချု ဂုဏ်ယူ၀င့်ကြွားစွာ ကြည့်လိုက်ပြီး “ဟုတ်တယ်”

ချန်ရှင်းချု ထိုသို့ အဖိုးတန်ရတနာတစ်ခုကိုပိုင်ဆိုင်ထားတာကြောင့် နှစ်ဘက်လုံးက ဝါရင့်သူများ အံ့အားသင့်သွားကြ၏။ ၎င်းကို ကျန်းပင်းယန်တောင် ထင်မှတ်မထားပါချေ။

ဘာလို့ ဒီလိုအဖိုးတန်တဲ့အရာတစ်ခုကို ထုတ်လာရတာလဲ။

လူတိုင်း၏ အံ့အားသင့်နေကြသော မျက်နှာများကြောင့် စုရှောင်ရှန် သိလိုစိတ်ပြင်းပြသွားရကာ မေးလိုက်သည်။ “မူလဇစ်မြစ်ကျောက်တုံးက ဘာကြီးတုန်း”

စုရှောင်ရှန်ကို စိတ်ထဲက ရွာသားဟု ပြောပြီး ကဲ့ရဲ့သလိုဖြင့် ချန်ရှင်းချု ရယ်သံပေးလိုက်သည်။

“ရှန်းရှန်ကုန်းမြေကြီးမှာ ကမ္ဘာ‌ငယ်လေးတွေ မကြာခဏပေါ်လာတတ်တာကို သိမှာပေါ့။ တစ်ချို့ကကြတော့ လုံး၀ တည်ငြိမ်မှုမရှိတာကြောင့် ကြာရှည်မခံဘူးလေ။ ဒီတော့ ကမ္ဘာငယ်လေးတွေ ပြိုလဲရင် အထဲက ဘာဆိုဘာမှ အသက်မရှင်နိုင်ဘူးပေါ့။ ဒါကို မဟာလမ်းစဉ်က သတိထားမိပြး မပြိုလဲခင်မှာ ကမ္ဘာငယ်တစ်ချို့ကို ဒီလို ချိတ်ပိတ်ထားတဲ့ ကျောက်တုံးတွေအဖြစ်ပြောင်းလိုက်တာပေါ့။ ဒါကြောင့်လည်း သူတို့ကို မူလဇစ်မြစ်လို့ခေါ်တာ”

“ဒီလို ရတနာက အရမ်းရှားတယ်။ တစ်သန်းမှာ တစ်ယောက်လောက်ပဲရှိတာ ပြီးတော့ တန်ဖိုးလဲမဖြတ်နိုင်ဘူး”

စုရှောင်ရှန်က ထိုစကားကြောင့် “ဒါဆို မူလဇစ်မြစ်ကျောက်တုံးကို ဘယ်လိုသုံးနိုင်မှာလဲ။

“ဟက်” ‌ချန်ရှင်းချုက မျက်နှာပေါ်က အထင်အမြင်သေးမှုများကို ဖုန်းကွယ်၍မထားဘဲ “ကောင်းကောင်းအသုံးချတတ်လို့ ချိတ်စည်းကိုဖွင့်နိုင်ရင် ကိုယ်ပိုင် ကမ္ဘာငယ် သေးသေးလေး ရနိုင်တယ်”

“ကိုယ်ပိုင် ကမ္ဘာငယ်သေးသေးလေး ဟုတ်လား…”

စုရှောင်ရှန်က သိုလှောင်လက်စွပ်တွေကို ဆန်းကြယ်နေပြီထင်တာ မူလဇစ်မြစ်ကျောက်တုံးတွေက ပိုပြီးတော့ ထူးဆန်းနေတယ်တဲ့လေ။

“သက်ရှိတွေကိုရော ထားလို့ရလာ”

“ရတာပေါ့”

စုရှောင်ရှန်၏ မျက်၀န်းများ ချက်ခြင်း၀င်းပသွားသည်။ သို့ဆိုရင် သူ့ကိုယ်ပိုင် စံအိမ်တော် ဒါမှမဟုတ် ရဲတိုက်တစ်ခုခုကို တစ်ပါးတည်း သွားလေရာ သယ်သွားနိုင်မယ်မလား။

တကယ် အဖိုးတန်သည့် ရတနာပါပေ။

သို့ပေမယ့် တစ်ခုခု မူမမှန်တာ သတိထားမိသွားပြီး သူ၏ စိတ်လှုပ်ရှားနေမှုလည်း ငြိမ်းသက်သွားသည်။

“မင်းက ငါ့ကို ဒီလို ရတနာမျိုး တကယ်ပေးချင်တယ်ပေါ့”

ချီးကိုပေးပါလား။

စုရှောင်ရှန်၏ စကားကြောင့် ချန်ရှင်းချု ဒေါသ တထောင်းထောင်း ထသွားရကာ “ဘယ်တုန်းက ငါမင်းကို ပေးမယ်လို့ပြောလို့လဲ။ မင်းနိုင်မှပေးမယ်။ ပြီးတော့ မင်းရှုံးရင်လည်း ငါ့ဓားကို ပြန်ပေးရမယ်”

ဒီအပေးအယူတစ်ခုလုံးက တစ်ခုခု မူမမှန်တာကို စုရှောင်ရှန် ခံစားနေရပေသည်။ အဆင့်ငါးဓားတစ်ချောင်းက နာမည်ကြီးဓားလဲမှမဟုတ်တာကို ပြန်ရဖို့ ချန်ရှင်းချုက ဘယ်လိုကြောင့် ဒီလို ရတနာတစ်ခုကို လောင်းကြေးစားကြေးထပ်ရဲရတာလဲ။

ထိုအခိုက် ခေါင်းဆောင်ထိုင်ခုံမှာ ထိုင်နေသည့် ရဲ့ရှောင်ထျန်းက တည်တည်ငြိမမ်ငြိမ်ကြား၀င်ဖြတ်လိုက်သည်။ “ငါထင်တာမမှားရင် ဒါက ချို့ယွင်းနေတဲ့ မူလဇစ်မြစ်ကျောက်တုံးဖြစ်ရမယ်။ ဟုတ်တယ်မလား”

ထိုအချင်းအရာကိုကြားသောအခါ ချန်ရှင်းချု၏ ဒေါသများပျောက်ကွယ်သွားခဲ့ပြီး ကသိကအောက် ဖြစ်သွားသည်။

“ချို့ယွင်းနေတဲ့ မူလဇစ်မြစ်ကျောက်တုံး ဟုတ်လာ” စုရှောင်ရှန် နားမလည်နိုင်ရကာ မေးလိုက်တော့သည်။

အပိုင်း (၂၂၃) ကန့်သတ်ချက်အများကြီးဖြင့် အလောင်းအစား

စုရှောင်ရှန်ကို အသာကြည့်ပြီး ရဲ့ရှောင်ထျန်းက “နာမည်အတိုင်းပဲ ဒီမူလဇမြစ်ကျောက်တုံးက ပျက်ဆီးနေတာ။ အကြောင်းကတော့ ကျောက်တုံးအထဲက ကမ္ဘာငယ်လေးက သက်ရှိတွေကို မသယ်ဆောင်နိုင်တော့လို့ပေါ့။ ပြီးတော့ အသက်စွမ်းအင်တွေဆုံးရှုံးလာတာနဲ့ဆိုရင် မင်းကျောက်တုံးက ချိတ်စည်းကိုဖျက်နိုင်ရင်တောင် သာမန် သိုလှောင်လက်စွပ်ထက်ပိုကြီးတဲ့ အရာတစ်ခုခုကိုပဲ ရလိုက်မှာပဲ။ အင်း… အဆင့်ကိုးစိတ်ဝိညာဉ်ဓားတစ်ချောင်းလောက်တောင် မတန်ဘူးပေါ့။ ဒါနဲ့ အဆင့်ငါးစိတ်ဝိညာဉ်ဓားနဲ့လဲဖို့ကတော့ ဟင်းဟင်း”

သို့တောင် စုရှောင်ရှန် ၎င်းကို လိုချင်ပါသေးသည်။ တကယ်က တိတ်တခိုးနာကျင်ခြင်းက သူ့အတွက်လုံလောက်နေပြီဖြစ်ရာ အဆင့်ငါးစိတ်ဝိညာဉ်ဓားကို ဂရုမစိုက်ပါချေ။

အခု မူလဇစ်မြစ်ကျောက်တုံးက အမှိုက်ဆိုပေမယ့် သူများ အကောင်းတိုင်းပြန်ဖြစ်နိုင်‌အောင်လုပ်နိုင်မလား တွေးတောမိလိုက်၏။

“ပြန်ပြင်ဖို့ နည်းတစ်ခုခုတော့ ရှိလောက်မယ်မလား” စုရှောင်ရှန်မေးလိုက်သည်။

“ရှိတယ်။ ဒါပေမယ့် အကုန်အကျတော့ များလိမ့်မယ်။ ဗလာနယ်ပယ်အမျိုးအစား အစီအရင်ကို တတ်ကျွမ်းတဲ့ မဟာဆရာသခင်တစ်ယောက်လိုရုံသာမကဘူး တုနှိုင်းမဲ့ အသက်ရတနာတစ်မျိုးမျိုးလည်း လိုသေးတယ်။ ဒါတောင် ကံကောင်းဦးမှ ပြင်လို့ရမှာ”

ရဲ့ရှောင်ထျန်း သက်ပြင်းချလိုက်သည်။ သူနှင့် အကြီးအကဲကျောက်တို့က ဗလာနယ်နှင့်ပတ်သက်၍ တစ်ခုခု လုပ်ပေးနိုင်တယ်ဆိုပေမယ့် အသက်စွမ်းအင်ရတနာက ပြဿနာတစ်ခုဖြစ်နေသေးချေသည်။

စိတ်ဝိညာဉ်နန်းတော်အတွင်းမှာတော့ ထိုသို့ရတနာတစ်ခုရှိပါသည်။ ယခုတော့ထျန်းရွှမ်တံခါးအတွင်းမှာ ကောင်းကင်သစ်ပင်နှင့် အမြစ်တွယ်နေပြီဖြစ်သဖြင့် ထုတ်ယူ၍ လွယ်ကူတော့မည်မဟုတ်ချေ။

ရရင်တောင် စုရှောင်ရှန်ကို ထိုရတနာမပေးနိုင်ပါ‌ပေ။

ကံဆိုးစွာဖြင့် ဒီမူလဇစ်မြစ်ကျောက်တုံးက အသုံးမ၀င်သည့် တန်ဆာ တစ်ခုသာ ဖြစ်လာပေလေမည်။

ထိုအရာကိုကြားသောအခါ စုရှောင်ရှန် စိတ်အလွန်လှုပ်ရှားလာခဲ့၏။ ဗလာနယ်ပယ်၊ အစီအရင်မဟာဆရာသခင်နှင့် အသက်စွမ်းအင်ရတနာတို့အားလုံးက ရေကန်အသင့်ကြာအသင့်ဖြစ်နေချေပေသည်။

သူချက်ခြင်းပဲ အင်္ကျီထဲကနေ အသက်စွမ်းအင်တံဆိပ်ပြားကိုထုတ်ယူပြီး အခြားနှစ်ခုကိုတောင်းဆိုချင်စိတ်များတဖွားဖွားပေါ်လာပြီးမှ ရပ်လိုက်သည်။ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားနိုင်စွမ်းက ထိုသို့ ပြုလုပ်ရန် အခွင့်မပေးပါချေ။

“လာနောက်နေတာလား။ ငါ့ကို ဒီအမှိုက်နဲ့။ လာလှည့်စားချင်နေတယ်ပေါ့လေ” စုရှောင်ရှန် မကျေနပ်သလို ဟန်ဖမ်းလိုက်၏။

ထိုစကားကြောင့် ချန်ရှင်းချု ရှက်ကိုးရှက်ကန်း ခေါင်းတဗျစ်ဗျစ်ကုတ်လိုက်သည်။ သူ့လှည့်ကွက်က ပေါ်သွားခဲ့ပြီဖြစ်သော်လည်း ဒီနေရာမှာ ရပ်နေလို့မဖြစ်ပါချေ။

“စိတ်ဝိညာဉ်နန်းတော်မှာ ဗလာနယ် ဓာတ်စွမ်းအင်နဲ့ အစီအရင်မဟာဆရာသခင်တွေရှိနေပြီးသားမဟုတ်လား”

ရဲ့ရှောင်ထျန်းတို့ကို ညွှန်းဆိုလိုက်ပြီးနောက် “မင်းမှာလည်း လိုအပ်ချက်တွေက အလိုက်သင့်လေးရှိနေပြီပဲ။ အသက်စွမ်းအင်ရတနာတစ်ခုခုရလိုက်တာနဲ့ အဆင်ပြေနေပြီကို။ ပြီးတော့ ကံကြမ္မာကဆန်းကြယ်တယ်လေ မင်းမနက်ဖြန် အဲ့လိုရတနာတစ်ခုခုမရနိုင်ဘူးလို့ပြောနိုင်လို့လာ”

“ဟေ့ကောင် ငါကလေးမဟုတ်ဘူးကွ။ မင်းရဲ့ မူလဇစ်မြစ်ကျောက်တုံးက အမှိုက်ဖြစ်ရုံနဲ့ အားမရသေးဘူး။ ငါ့ကိုတောင် ပြင်ခိုင်းစေချင်နေသေးတယ်”

စုရှောင်ရှန်က ထေ့ငေါ့ငေါ့ပြုံးကာ “အသက်စွမ်းအင်ရတနာတစ်ခုခုက ရလာဖို့လွယ်တယ်များထင်နေတာလား။ သူတို့ရဲ့ တန်ဖိုးက အကောင်းတိုင်း အလုပ်လုပ်တဲ့ မူလဇစ်မြစ်‌နဲ့တောင် တန်ဖိုးညီလောက်တယ်”

“လခွီးကို အကောင်းတိုင်းအလုပ်လုပ်တဲ့ မူလဇစ်မြစ်ပါလား” ဒေါကန်လာသော ချန်ရှင်းချုက “ငါ့မှာသာ အဲ့လိုဟာရှိနေရင် ငါ့ဓားနဲ့ ပြန်လဲမလား” ဟုချေပလိုက်သည်။

“အေး ဟုတ်သားပဲ…” စုရှောင်ရှန် အတွေးနက်နေဟန်ဖမ်းလိုက်သည်။

“ကောင်းပြီလေ မင်းဒါနဲ့ လောင်းကြေးထပ်လို့ရတယ်” စုရှောင်ရှန်က ပေါင်ကိုဖြတ်ကတည်းရိုက်လိုက်တာကြောင့် အောင်အောင်မြင်မြင် မဲစွယ်လိုက်နိုင်သည့်ဟန်ရသွားပေသည်။

ဟမျ…။

ထိုမျှလွယ်ကူလိမ့်မည်ဟု မထင်ထားသဖြင့် ချန်ရှင်းချု မှင်တက်သွား၏။ စုရှောင်ရှန် ဘယ်တုန်းက ဒီလောက်စကားပြောလို့ လွယ်သွားရတာတုန်း…။

တစ်ခုခု မူမမှန်တာများလားဟု ချန်ရှင်းချု သင်္ကာမကင်းဖြစ်လာ၏။ သို့ပေမယ့် စုရှောင်ရှန် နောက်လုပ်လိုက်သည့် နစ်နာနေသလို ဟန်ပန်က ချန်ရှင်းချုကို ယုံကြည်သွားစေခဲ့ပေသည်။

ဖွီး…။

ငါကဘာလို့ ဒီကောင့်ကို စိတ်ပူပေးနေရတာလဲ။ ရူးများသွားပြီလား။

စုရှောင်ရှန်၏ မျက်နှာထက်က အမူအရာကြောင့် ကျောက်ကျစ်တုံ့ ပဟေဠိဖြစ်သွားခဲ့ရသည်။

စုရှောင်ရှန်က သူ မမြတ်ဘူး လို့ထင်ရင်မလုပ်ပါဘူး။ သူများတွေစီကနေပဲ အမြတ်ကြီးထုတ်နေခဲ့တာမလား။ ခုကြမှ ဘာလို့ပြောင်းလဲသွားတာလဲ။

စုရှောင်ရှန် ထိုအပေးအယူကို လက်ခံလိုက်တာကြောင့် ရဲ့ရှောင်ထျန်းနှင့် အကြီးအကဲကျောက်တို့ ရင်တထိတ်ထိတ်ဖြစ်သွားကြသည်။

စုရှောင်ရှန်က ကိုယ်ကျိူမဲ့သည့် အရာကို လုပ်လိမ့်မည်မဟုတ်ပါချေ။ သူ့လုပ်ရပ်နောက်ကွယ်တိုင်းမှာ အကြောင်းတစ်ခုခုကတော့ အမြဲရှိရသည်။

“စုရှောင်ရှန် စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကို ယူလာတာများလား” အကြီးအကဲကျောက်က စိတ်ချင်းဆက်မေးလိုက်ပါသည်။

ရဲ့ရှောင်ထျန်းက “မဖြစ်နိုင်ပါဘူး။ ငါတို့ စုရှောင်ရှန်ကို အဲ့နေ့တုန်းက အနက်ရောင်ရေတံခွန်မှာ ‌တွေ့လိုက်ရတယ်မလား။ စန်းလျှိုသစ်တောကို သွားဖို့ မချိန်မမှီလောက်ပါဘူး”

အကြီးအကဲကျောက်သက်ပြင်းချလိုက်ကာ ရဲ့ရှောင်ထျန်းကို “မုကျစ်ရှီက စုရှောင်ရှန်ရဲ့ ဆရာတူညီမလေးဆိုတာ မမေ့နဲ့ဦး”

ရဲ့ရှောင်ထျန်း စွံ့အသွားတော့၏။

ခရက်…။

ရဲ့ရှောင်ထျန်း၏ လက်တင်ခုံကျိုးသွားခဲ့ပြီး လူတိုင်း သူ့ကို ဝိုင်းကြည့်လိုက်ကြလေသည်။

“ဘာဖြစ်လို့လဲ” ကျန်းပင်းယန်က ကျေနပ်နေသော မျက်နှာကြီးဖြင့်မေးလိုက်သည်။

သူ့စိတ်ထဲကတော့ စုရှောင်ရှန်က နစ်နာနေတာကို ဂရုမစိုက်ဘဲ သဘောတူလိုက်လို့ ဒေါသထွက်သွားခြင်းလို့တွေးလိုက်သည်။ ယခု စုရှောင်ရှန်ကလည်း သဘောတူပြီးပြီဆိုတော့ သု့မျက်စိအောက်မှာတော့ စကားပြန်ရုတ်ခွင့်ပေးမည်မဟုတ်ပေ။

“ဘာမှ မဖြစ်ပါဘူး”

ရဲ့ရှောင်ထျန်း ခေါင်းခါရမ်းလိုက်သည်။ သို့မှ အကြီးအကဲစန်းဘာလို့ အလောင်းအစားလုပ်ချင်ရမှန်းသဘောပေါက်တော့၏။ စုရှောင်ရှန် တံခါးထဲက ရတနာတစ်ခုထက်ပိုပြီးတော့ ယူလာနိုင်မယ်ဆိုတာ ကြိုသိထားလောက်ပုံရလေသည်။

ဒီအဖိုးကြီးကတော့…။

“လောင်းကြေးစားကြေးက အဆင်ပြေပါတယ်။ ခုလည်း နှစ်ဦးနှစ်ဘက်က သဘောတူပြီးပြီဆိုမှတော့ နောက်ဆုတ်လို့မရတော့ဘူး” ကျိုးသွားသော ခုံ လက်တင်ကို ကိုင်ထားရင်းက ရဲ့ရှောင်ထျန်းပြောလိုက်သည်။

ရဲ့ရှောင်ထျန်း၏ စူးစူးရှရှအကြည့်ကြောင့် စုရှောင်ရှန် ကြက်သီးမွှေးညှင်များထောင်ထသွားခဲ့၏။ ချန်ရှင်းချုဘက်ကို အမြန်လှည့်ပြီးမေးလိုက်သည်။ “ဘယ်လိုတိုက်ခိုက်ချင်လဲ။ ငါပဲရွေးပေးရဦးမလား”

“မရဘူး မရဘူး။ ဒီတစ်ခါ ငါဆုံးဖြတ်မယ်” ချန်ရှင်းချုက လက်ရှေ့ဆန့်ထုတ်ကာ လက်ညိုးထောင်ပြပြီး ခါရမ်းလိုက်သည်။

“အိုး မင်း အလေးအနက်လုပ်တော့မယ်ပေါ့လေ” စုရှောင်ရှန် ကဲ့ရဲ့လိုက်သည်။

ထို့နောက်ဆက်လက်၍ “မင်းလို စစ်မှန်ခြင်းနယ်ပယ် အထွတ်အထိပ်က လူကခုမှ စစ်မှန်ခြင်းနယ်ပယ်အစောပိုင်းကို လောလောလတ်လတ်တက်လာတဲ့ ငါ့ကို အနိုင်မကျင့်လောက်ဘူးမလား”

ထိုမှတ်ချက်ကို ချန်ရှင်းချု ဘာမှ မတုန့်ပြန်လိုက်ပေ။

: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“ထားပါ မင်းဘယ်လိုလုပ်ချင်သလဲပြော”

ထေ့ထေ့ငေါ့ငေါ့ မှတ်ချက်ချပြီးနောက်မှာ လက်နှစ်ဖက်ကို ဖြန့်ထုတ်လိုက်သည်။ ကြည့်ရတာ ချန်ရှင်းချုက တကယ်ကြောက်နေသည့်ပုံရ၏။

“ပထမဆုံးအချက်အနေနဲ့ ငါတို့ ဓားနဲ့ပတ်သက်တဲ့ ဘာဓားဆန္ဒ၊ ဓား၊ နည်းစနစ်တွေကို မသုံးရဘူး”

“ဟက်” စုရှောင်ရှန် ငေါ့တော့တော့ရယ်ကာ “ငါက မူလနန်းတော်အစောပိုင်းမှာပဲရှိသေးတာပါ ဒီလောက်ကြီးလုပ်ဖို့လို လို့လားကွာ”

ချန်ရှင်းချု ဘာမှ ပြန်မပြောလိုက်ပါ။

ဒီလိုအလောင်းအစားကိုလုပ်လိုက်ပြီးကတည်းက သူ့မျက်နှာကို ထောက်ထားနေဖို့ ခေါင်းထဲမရှိတော့ပါချေ။ ဒီလိုအခြေအနေမှာ မျက်နှာက ဘာသွားသုံးစားလို့ရဦးမလဲ။ သူ့စိတ်ဝိညာဉ်ဓားကို ပြန်ရနိုင်မှာမလို့လား။

“ဒုတိယအချက်အနေနဲ့ ငါတို့ စိတ်ဝိညာဉ်အနှစ်ပဲသုံးရမယ်။ အခြားတစ်ယောက်ရဲ့ အကာအကွယ်ကို ချိုးဖျက်နိုင်တဲ့သူက အနိုင်။ ဘယ်လိုလဲ” ချန်ရှင်းချုဆိုလိုက်သည်။

သူ့ရှေ့က ချန်ရှင်းချု တစ်ကယ် မျက်နှာပြောင်လှတာကြောင့် စုရှောင်ရှန်၏ မျက်နှာထက်၌ အံ့အားသင့်နေသော အမူအရာကြီးပေါ်လာခဲ့၏။

သူချလိုက်သော စည်းမျဉ်းစည်းကမ်းတိုင်းက စုရှောင်ရှန်ကို ဖိနှိပ်ဖို့ချည်းဖြစ်သည်။

“ငါ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကရော” စုရှောင်ရှန်မေးသည်။

“ဒါက မင်းရဲ့ ပင်ကိုယ်စွမ်းဆောင်ရည်ဖြစ်နေတော့ ပိတ်ချင်တိုင်း ပိတ်လို့လဲမရတော့ ထားလိုက်‌ပါ”

ထို့နောက် စုရှောင်ရှန် ပြန်ပြောလာတာကိုတောင် စောင့်မနေတော့ဘဲ သူ့လက်များကို ဖြန့်ကားလိုက်ပြီး “ဒါပေမယ့် မင်းမှာ စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်ရှိနေတော့ ငါခုခံကာကွယ်တဲ့ ရတနာတစ်ခုခုမသုံးရင် မမျှတဘူး။ ဆိုတော့ ငါတို့ နှစ်ယောက်လုံး ခုခံကာကွယ်တဲ့ စိတ်ဝိညာဉ်လက်နက်တွေသုံးလို့ရတယ်။ ဒါပေမယ့် တိုက်ခိုက်တဲ့ဟာတွေ သုံးလို့မရဘူး”

စုရှောင်ရှန် ကြက်သေသေသွား၏။

တကောင့်သားက ဒါကို မျှတတယ်တဲ့လား။

“ဘယ်လိုသဘောရလဲ”

စကားပြောပြီးသည့်နောက်မှာ ချန်ရှင်းချု၏ မျက်နှာတစ်ခုလုံးက ရဲရဲနီနေခဲ့၏။

ရဲ့ကျစ်၀မ်လည်း မျက်နှာပူလှသည့်အတွက် တစ်ဘက်သို့ အကြည့်လွှဲလိုက်တော့၏။

ချန်ရှင်းချုထံမှာ အင်မတန် ခိုင်မာလှတဲ့ ခုခံကာကွယ်သည့် စိတ်ဝိညာဉ်လက်နက်တစ်ခုရှိပေသည်။ ၎င်းကို စုရှောင်ရှန်ဘယ်လိုမှ ချိုးဖျက်နိုင်လိမ့်မည်မဟုတ်ချေ။ ဒါကို ချမ်းသာတဲ့လူတွေရဲ့ အားသာချက်လို့ပြောလို့ရမလား။

အဆင့်မြင့်စိတ်၀ိညာဥ်နယ်ပယ်အထွတ်အထိပ်နှင့် မူလနန်းတော်အစောပိုင်းတို့ရဲ့ တိုက်ပွဲတဲ့…။ ဒီလောက်ကြီး လုပ်ဖို့လိုလို့လား။

ကျန်းပင်းယန် မလှုပ်မယှက်ရှိနေသေးသည်။ ယခုလိုနေရာကို ရလာခဲ့မှတော့ သူ့မျက်နှာက မြို့တံတိုင်းကြီးများထက်တောင် ထူပါသေးသည်။

“ကောင်းပြီလေ” စုရှောင်ရှန်က တည်တည်ငြိမ်ငြိမ်ပဲ ဖြေလိုက်သည်။

“ဒါပေမယ့် နောက်ထပ် စည်းကမ်းချက်တစ်ခုထပ်ထည့်ချင်တယ်။ မင်းနဲ့ငါနဲ့ တစ်ယောက်ကို တစ်ချက်စီပဲထိုးကြမယ်။ အဝေးဆုံးလွင့်သွားတဲ့သူက အရှူံး ဘယ်လိုလဲ”

ချန်ရှင်းချု၏ မျက်၀န်းများ ၀င်းပသွားခဲ့၏။ စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်လေးရှိတာနဲ့များ စုရှောင်ရှန်က သွေးနာထင်ရောက်နေဟန်ရပေသည်။

“ရတာပေါ့။ ကဲ မင်းစတိုက်ခိုက်” ချန်ရှင်းချုက သဘောထားကြီးစွာ စုရှောင်ရှန်ကို အရင်တိုက်ခိုက်ခွင့်ပေးလိုက်၏။

စုရှောင်ရှန် ခေါင်းခါရမ်းလိုက်ပါသည်။

“မင်းအရင်တိုက်ခိုက်။ ငါသာ ထိုးလိုက်မယ်ဆိုရင် မင်းတစ်ချက်တည်းနဲ့ လွင့်ထွက်သွားမှာပဲ”

အပိုင်း (၂၂၄) ပြန်ဆက်လို့ရပါ့မလား

“ဟက် ‌ကြွားလုံးထုတ်နေပြန်ပြီ”

ချန်ရှင်းချု၏ မျက်၀န်းထဲတွင် အန္တရာယ်ရှိသောအလင်းများလက်သွားခဲ့သည်။ ဓားဆန္ဒအရာမှာ သူအားနည်းကောင်းအားနည်းပေလိမ့်မည်။ ဒါပေမယ့် စိတ်ဝိညာဉ်အနှစ်ကို သုံးတဲ့နေရာမှာတော့ နိမ့်ကျလိမ့်မည်ဟုမထင်ပါချေ။

စိတ်ဝိညာဉ်အနှစ်သုံး၍တောင် ရှုံးနိမ့်နေသေးတယ်ဆိုရင်တော့ တိုဖူးတုံးကို ခေါင်းနဲ့တိုက်ပြီး သတ်သေဖို့သာ ရှိတော့မည်။ ထို့နောက် သူ့လက်ချောင်းများက သူ့ခါးက ကျောက်စိမ်းပြားလေးကို အသာအယာ ကိုင်လိုက်သည်။

မျက်ကန်းက အခြားတစ်ရက်က ကျောက်စိမ်းပြားတစ်ခုကို ချိုးဖျက်ပြီးနောက်မှာ သူ့တွင် နောက်ဆုံးတစ်ပြားသာကျန်တော့၏။ စုရှောင်ရှန် မူလနန်းတော်နယ်ပယ်လေးနဲ့ အရှင်သခင်တိုက်ခိုက်စွမ်းရည်တော့ မရှိလောက်ဘူးမလား။

‌ချန်ရှင်းချု မယုံကြည်နိုင်ပါလေ။

“ကောင်းပြီလေ ဒါပေမယ့် ငါက လာရင်တော့ ဘာမှ ထိန်ချန်ထားမှာတော့မဟုတ်ဘူး”

စုရှောင်ရှန်နှင့် ဆက်လက်၍ လေပေါနေရန် ဆန္ဒမရှိရတော့ကာ အားအင်များကို စုစည်းလိုက်သည်။ နောက်ဆုံးတော့ အဆင့်မြင့်စိတ်ဝိညာဉ်နယ်ပယ်ရဲ့ စိတ်ဝိညာဉ်အနှစ်က သူဘာကောင်လဲဆိုတာ ပြလိုက်လေပြီ။ ဤသို့ အတွင်းထိပ်သီး(၃၃) ဦးက လူဟောင်းများနဲ့တောင် ယှဉ်နိုက်လောက်တဲ့ တိုက်ခိုက်စွမ်းရည်က အနီးနား၀န်းကျင်ရှိလေထုကိုတောင် တုန်ခါသွားစေခဲ့လေသည်။

အရှင်သခင်နယ်ပယ် အဆင့်သေးသုံးခုထဲက ပထမနယ်ပယ်က ကြယ်တာရာနယ်ပယ်ဖြစ်သည်။

ဤနယ်မှာ သူတို့၏ ပင်ကိုယ်ဓာတ်စွမ်းရည်များကို ကျင့်ကြံသူများက လေ့လာပြီး မဟာလမ်းစဉ်နှင့် တဖြည်းဖြည်းချင်း ထိတွေ့ရမှာဖြစ်သည်။ ၎င်းက ကမ္ဘာကြီး၏ နိယာမကို အသုံးချနိုင်စေပေလိမ့်မည်။ ဤသို့ အရိပ်အယောင်များပြလာတယ်ဆိုရင်တော့ အရှင်သခင်နယ်ပယ်ကို ကပ်လာနေပြီဟု အချက်ပြလိုက်ခြင်းပင်။

ချန်ရှင်းချု လှုပ်ရှားလိုက်ရာက ပတ်၀န်းကျင် တုန်ခါသွားခြင်းကိုကြည့်လျှင် အရှင်သခင်နယ်ပယ်ကို ထိနေပြီလို့ ဆိုလိုတာပဲဖြစ်သည်။

စိတ်ဝိညာဉ်နန်းတော်ကလူတိုင်း၏မျက်နှာထက်မှ စိုးရိမ်ယောင်များပေါ်လာခဲ့၏။

ချန်ရှင်းချုက မြင့်မြတ်နတ်ဘုရားနန်းတော်ကလာခဲ့တာကြောင့် အထင်တော့သေးလို့မရပါချေ။ သူ့စိတ်နေစိတ်ထားနှင့် တွေးခေါ်ပုံက ပြုပြင်ပြော်ငးလဲပေးဖို့လိုသေးပေမယ့် ခွန်အားကတော့ ပြောစရာမလိုပေ။

သူတို့အားလုံး ထိုတိုက်ခိုက်မှုကို စုရှောင်ရှန်ဘယ်လိုရင်ဆိုင်မလဲဆိုတာ လှည့်ကြည့်လိုက်ကြ၏။

စုရှောင်ရှန်ကလည်း ထိုတိုက်ခိုက်မှုကို‌ ပေါ့သေးသေးမမှတ်ယူထားပါလေ။ သူ့စိတ်အခြေအနေက အလေးနက်ဆုံးဖြစ်နေပြီး တိုက်ခိုက်မှုကို အစွမ်းကုန်ခုခံချင်လိုက်သည်။ အကြောင်းက သူ့စွမ်းရည်များက ပင်ကိုယ်စွမ်းရည်များဖြစ်နေရာ သုံးချင်သလို အသုံးပြု၍မရပါလေ။

သူ့မှာ ခုခံကာကွယ်တဲ့စိတ်ဝိညာဉ်လက်နက်မျိုးလည်းမရှိရာ သူ့စိတ်ဝိညာဉ်အနှစ်များသုံး၍သာ အကာအကွယ်လေးတစ်ခု ဖန်တီးလိုက်၏။ ပြီးနောက် ၀င်ချွန်း ရပ်နည်းကို အသုံးပြုလိုက်၍မှတစ်ပါး တစ်ခြား လုပ်စရာ မရှိဖြစ်နေသည်။

“လာစမ်းပါ”

ရပ်ပုံရပ်နည်းလေးကွဲပြားသွားတာက သူ့ကို အရှင်သခင်နယ်ပယ်နီးပါးကျင့်ကြံသူလက်ထဲက ကယ်မှာမို့လို့လား လူတိုင်း အတွေးများတစ်ပြိုင်တည်းဖြစ်သွညးကြသည်။

ဒီလို ပြောင်းရပ်ပုံက သူတို့အမြင်တွင်တော့ သေချင်နေတာနဲ့ထူးမခြားနား…။

တခြားနည်းတစ်ခုခုမရှိတော့ဘူးလား။ လုပ်စမ်းပါ မဟုတ်ရင် စုရှောင်ရှန် ဟုတ်တော့မလား။

: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၅]

ထူးဆန်းစွာဖွင့် ချန်ရှင်းချုလည်း စုရှောင်ရှန်၏ အပြုအမူကြောင့် သူ့စိတ်အခြေအနေ ပြိုလဲမတတ် ရောက်ရက်ခက်သွားတာကိုတွေ့လိုက်ရ၏။

ချီးပဲ။ ဒီကောင်က ငါ့ဒေါသကိုလာစွပေးနေတာပဲ။

ချန်ရှင်းချု ဒေါသတကြီးအော်လိုက်ပြီးနောက်မှာ ရှိရှိသမျှ ခွန်အားကို အဆုံးစွန်ထုတ်သုံးလိုက်တော့သည်။

သူ့စိတ်ဝိညာဉ်အနှစ်များက လက်ဖဝါးထက်မှာ တစ်ဖြည်းဖြည်းစုစည်းလာပြီး နောက်မှာလည်း အနက်ရောင်လိပ်ကြီးတစ်ကောင်၏ ပုံရိပ် ခပ်ရေးရေးလေးပေါ်လာခဲ့၏။

“လိပ်နက်လက်သီး”

လက်သီးလက်ပန်းချီမြှောက်ပြီး ချန်ရှင်းချု ပြေး၀င်သွား၏။ သူ့စိတ်ထဲတွင်တော့ စုရှောင်ရှန် ငါးပါးမှောက်သွားကိုတောင် မြင်နေရပြီ။

အရှင်သခင်နယ်ပယ်စိတ်ဝိညာဉ်နည်းစနစ်က သူ့အစွမ်းထက်ဆုံးတိုက်ခိုက်မှုမဟုတ်ပေမယ့် ၎င်းက ဧရာမ ခွန်အားကြီးဖြင့် အရာအားလုံးကို လှုပ်ခါနိုင်စွမ်းရှိပေသည်။

စုရှောင်ရှန်က အသက်ရှင်ကျန်ရစ်ခဲ့မယ်ဆိုရင်တောင်မှ ဒုက္ခိတဖြစ်သွားသည်အထိ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားနိုင်လောက်သည်။

သူ့မှာ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ရှိတော့ဘာဖြစ်လဲ။ စစ်မှန်ခြင်းနယ်ပယ်က စစ်မှန်ခြင်းနယ်ပယ်လေးပါပဲ။

“အရှင်သခင်နယ်ပယ် စိတ်ဝိညာဉ်နည်းစနစ်လား” တစ်ဟုန်ထိုးပြေး၀င်လာနေသော ချန်ရှင်းချုကို ကြည့်ပြီး စုရှောင်ရှန်ရေရွတ်လိုက်သည်။

ဓားဆန္ဒကိုပိတ်ပင်ထားတယ်ဆိုမှတော့ စုရှောင်ရှန်က ဓားလက်ချောင်းဆယ်ခန်းကို အသုံးပြုနိုင်လိမ့်မည်မဟုတ်ချေ။

ကြည့်ရတာ အဲ့နည်းလမ်းကိုသာ သုံးရတော့မည့် ဟန်ပေါက်သည်။

ချန်ရှင်းချုသူနှင့်တိုက်မိတော့မည့်အချိန်မှာ စုရှောင်ရှန်၏ လက်ချောင်းထိပ်၌ မီးတောက်တစ်စေ့ပေါ်လာသည်။

“အဆင့်နိမ့်မီးဘောလုံး”

“လခွမ်း ဘယ်လို နည်းစနစ်လဲဟ”

ထိုအရာနှင့်ပတ်သက်ပြီး တစ်ခုခုမူမှန်တာ ခံစားလိုက်ရပေမယ့် ဘာဖြစ်ဖြစ် သူက ချိုးဖျက်သွားမှာဖြစ်တာကြောင့် စိတ်ပြန်လျော့လိုက်သည်။

ထို့နောက် စုရှောင်ရှန်၏ လက်မှာ နောက်ထပိ မီးးတောက်တစ်စေ့ထပ်ပေါ်လာခဲ့သည်။

ထိုမှ စွမ်းအင်များက မတည်မငြိမ်ဖြစ်လာပြီး စတင်၍ ပေါက်ကွဲတော့မည့်ဟန်ပေါ်လာခဲ့၏။ ၎င်း၏ ဖျက်ဆီးခြင်း အရှိန်အဝါကြောင့် ရဲ့ရှောင်ထျန်း အလန့်တကြား ထရပ်လိုက်သည်။

လခွမ်း ဒီခန်းမက အသစ်ဆောက်ထားတာမကြာသေးဘူးဟ စုရှောင်ရှန်ရ။

ရဲ့ရှောင်ထျန်း ထိုနှစ်ယောက်ကို ဗလာနယ်အကာအကွယ်ဖြင့် ကာလိုက်မယ်ကြံသေး စုရှောင်ရှန် တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် နောက်ထပ် မီးတောက် နှစ်စေ့ ထပ်ဖွဲ့စည်းတာကို တွေ့လိုက်ရပြီး မျက်လုံးမျက်ဆန်းများ အကြောက်တရားတို့ဖြင့်ပြူးကျယ်သွားခဲ့၏။

“အင်း သတိကပ်ထားမှဖြစ်မယ်။ သူက အရှင်သခင်နယ်ပယ်စိတ်ဝိညာဉ်နည်းစနစ်ကိုသုံးနေတာမလား” စုရှောင်ရှန် အလေးအနက် သေချာအောင်ရေရွတ်လိုက်လေသည်။

ချန်ရှင်းချု ယခုတော့ ပြောစရာစကားရှာမရေအောင် ထိတ်လန့်ကြောက်ရွံ့သွားခဲ့ရ၏။

ဒီလို ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းအရှိန်အဝါနဲ့ အရာတွေက အဝေးကနေသာ ဖောက်ခွဲမှ တော်ကာကျပေမည်။ ယခုတော့ဘာလို့ ဒီလောက်နီးနီးကပ်ကပ်ကြီးကို သိပ်သည်းလိုက်ရတာလဲဟ။

စုရှောင်ရှန် ရူးသွားပြီလား။ ကိုယ့်ကိုယ်ကိုယ်အနာတရဖြစ်သွားမှာလည်း မကြောက်တော့ဘူးလား။

ဘာဖြစ်ဖြစ် သူ့တိုက်ခိုက်မှုကလည်း ထုတ်လွှတ်လိုက်ပြီးဖြစ်ရာ ပြန်ရုတ်သိမ်းလို့မဖြစ်ပါတော့ချေ။ ၎င်းကိုထိပ်တိုက်ရင်ဖို့ အရေးကိုမရှောင်လွှဲနိုင်မှတော့ အားများများပိုသုံးလိုက်၏။

သူသာမအောင်မြင်ရင်တော့ သေပြီဆရာပဲ။

ဘုန်းး…။

စုရှောင်ရှန်တို့နှစ်ယောက်ကို အချိန်ကိုက်လေး ရဲ့ရှောင်ထျန်း ခန်းမအပြင်ဘက် နေရာရွေ့ပေးလိုက်သည်။ နေသာ‌သောမိုးပြာရောင်ကောင်းကင်ထက်က ပေါက်ကွဲမှုကြီးက လူတိုင်း၏ အာရုံကိုဖမ်းစားသွားခဲ့လေပြီး တစ်ပြိုင်တည်းလိုလို လှည့်ကြည့်လိုက်ကြသည်။

၎င်းက အသံကာသည်အအစီအရင်တောင် မကာနိုင်သည့် ပေါက်ကွဲမှုကြီးဖြစ်ရာ နောက်ထပ် ကျူးကျော်သူတွေများလာကြတာလား သူတို့ စိုးရိမ်သွားကြ၏။

ထိုမှ လှိုင်းများက ပင်လယ်ထဲ အုတ်ကာခဲကျသလို ရိုက်ခိုက်သွားလေသည်။ ထိုထဲမှ အစိမ်းနှင့် အဖြူရောင်စိတ်ဝိညာဉ်အနှစ်တို့ ထိပ်တိုက်ရင်ဆိုင်ကြပြီး မျှခြေ‌ညီနေသည့် ပုံပေါက်သည်။

၎င်းက ကြာကြာမခံလိုက်ပါပဲ ရုတ်တရက်ကြီး အဖြူရောင်စွမ်းအင်က အစိမ်းရောင်စွမ်းအင်ကို လွှမ်းမိုးလာတော့သည်။ မျက်စိနှင့်မြင်နိုင်သမျှ နေရာတိုင်းမှာ အဖြးရောင် ကျစ်ကျစ်တောက်‌ပူနေသည့် စွမ်းအင်များ တောက်ပလာတော့၏။

ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း…။

ဆက်တိုက် ပေါက်ကွဲသံငါးခုနှင့်အတူ ကောင်းကင်ယံမှာလည်း မှိုသဏ္ဌာန် တိမ်ဆိုင်တိမ်ခဲမျာ တစ်ခုပြီးတစ်ခုပေါ်လာတော့သည်။ အတွင်းစည်းက ဂိုဏ်းသားတိုင်း ၎င်းကို တအံ့တအောကြည့်လိုက်ကြ၏။

ဒီလိုဖြစ်ရပ်မျိုးနှင့် သူတို့ ကောင်းကောင်းကြီးရင်းနှီးပါသည်။

ဘာဖြစ်ပျက်သွားသလဲ မှန်းဆမိသော ခန်းမရှေ့ကလူတိုင်း၏ မျက်နှာများမဲ့ရွဲ့သွားခဲ့၏။

ရွှစ်…။

ထင်ထားသည့်အတိုင်း ထိုပေါက်ကွဲမှာအလယ်ကနေ သွေးသံတရဲရဲဖြင့် ပုံရိပ်တစ်ခု ကားကားကြီး လွင့်စင်လာခဲ့ပြီး မြေပြင်နှင့် ပြင်းပြင်းထန်ထန် ၀င်ဆောင့်သည်။ ထိုလူက လုံး၀ သတိလစ်မေ့မျောနေခဲ့၏။

အခြားတစ်ဘက်မှ စုရှောင်ရှန်ကတော့ လေထဲမှာ ပျံဝဲနေစဲဖြစ်သည်။

ဘာဒဏ်ဒဏ်ချက်မှ မတွေ့ရဘဲ ပေါက်ကွဲမှုက သက်ရောက်မှုမှာ သူ၏ အ၀တ်အစားများက လူးလွင့်နေပေသည်။

သူ့လက်မှာ သွေးများရှိနေတယ်ဆိုပေမယ့် ၎င်းက သူ့သွေးမဟုတ်ပါဘဲ ချန်ရှင်းချု၏ သွေးများဖြစ်သည်။

“အာ… အိုး… ကြည့်ရတာ ငါတောင် တိုက်ခိုက်စရာမလိုတော့ဘူးထင်ပါတယ်” သူ့လက်က သွေးများကိုသုတ်ပြီး မြေပြင်ပေါ်မှာ ကားကားကြီးသတိ‌လစ်မေ့မျောနေသော ချန်ရီင်းချုကိုကြည့်လိုက်၏။

ပေါက်ကွဲသံတွေတစ်ပြိုင်တည်းမဟုတ်ဘဲ တစ်ခုပြီးမှ တစ်ခု ပေါ်လာရခြင်းက “လက်ငါးချောင်ပေါ်က ငရဲစေ့ငါးစေ့” နည်းစနစ်က တစ်စေ့ပြီးမှ တစ်စေ့ ဖောက်ခွဲရလို့ဖြစ်သည်။ မဟုတ်ရင် ချန်ရှင်းချု အစအနတောင်ပျောက်သွားလောက်ပေသည်။

ချန်ရှင်းထျုက လိပ်နက်တိုက်ကွက်မှာ အစွမ်းကုန်သုံးပြီးတိုက်ခိုက်လိုက်တယ်ဆိုပေမယ့် စုရှောင်ရှန်ကို အနာတရမဖြစ်သွားစေခဲ့ပါ။ အရှင်သခင်နယ်ပယ် ထာ၀ရအသက်စွမ်းအင်က သူ့ဒဏ်ရာများကို မျက်စိတစ်မှိတ်အတွင်း သက်သာလာအောင် ကုသပေးလိုက်၏။

ချန်ရှင်းချု ထိုသို့ ကိုးယို့ကားယား လွင့်ပျံထွက်သွားရတာကတော့ ကြော့ကွင်းကြောင့်ပဲဖြစ်သည်။ သာမန်ဆို ကြော့ကွင်းက အရှင်သခင်နယ်ပယ်စိတ်ဝိညာဉ်နည်းစနစ်ကို ခုခံနိုင်လိမ့်မည်မဟုတ်ပါချေ။ ပင်ကိုယ်စွမ်းရည်များက ကိုယ်တိုက်ကိုယ်ကျ အသုံးပြုရသည့် နည်းစနစ်များလည်းမဟုတ်ရ‌ပေ။

အကြောင်းက စုရှောင်ရှန်၏ အရှင်သခင်နယ်ပယ် ခန္ဓာကိုယ်၏ နောက်က ပံ့ပိုးပေးမှုကြောင့်ဖြစ်၏။

သူ့ကြော့ကွင်းက စစ်မှန်ခြင်းနယ်ပယ်၌သာဖြစ်သော်လည်း သန်မာလာသော သူ၏ ခန္ဓာကိုယ်နှင့် အလိုက်အထိုက် ၎င်းကလည်း နှစ်ဆပို၍ အကျိုးသက်ရောက်မှုရှိလာခဲ့သည်။

လူတိုင်း မှင်တက်နေကြရာမှ ပြန်လည်သတိ၀က်လာပြီး ဝင်ပေါက်ရှေ့ကို စုရှောင်ရှန် ကြော့ကြော့မော့မော့ ဆင်းသက်လာတာကြည့်လိုက်ကြ၏။

“သူ့ကို ဘယ်လို လုပ်ကြမှာတုန်း” လူတိုင်း သူ့ကိုကြည့်နေကြသေးရာ စုရှောင်ရှန်က ချီတုံချတုံမေးလိုက်သည်။

‌ထိုမှ ကျောက်ကျစ်တုံ့ ချန်ရှင်းချုကိုသတိရသွားပြီး တစ်ဟုန်ထိုးပြေးတော့၏။ စုရှောင်ရှန်ကိုလည်း စူးစူးရှရှ စိုက်ကြည့်ခဲ့ဖို့ မမေ့သွားပါချေ။

ဒီကောင်လေးက တကယ် ပြဿနာရှာလွန်းလှပေသည်။

ချန်ရှင်းချု ဒီမှာ သေသွားလို့မဖြစ်‌ပေ။ မဟုတ်ရင် သူတို့အားလုံး ပြဿနာအကြီးအကျယ်တက်သွားပေလိမ့်မည်။ ချန်ရှင်းချုမှာလည်း ခုခံကာကွယ်သည့်စိတ်ဝိညာဉ်လက်နက်ရှိသေးတာပဲဆိုပြီး စိတ်လျောါလိုက်၏။

သို့ပေမယ် ထိုသတိလစ်နေသည့် ချန်ရှင်းချု၏ ခါးမှာ ကြေမွနေသော ကျောက်စိမ်းပြားလေးကို ကျောက်ကျစ်တုံ့အနီးသို့ရောက်သောအခါ တွေးလိုက်ရသည်။

ရွစ်…။

သူ့လက်ကောက်၀တ်ကိုဆွဲယူပြီး သွေးကြောစမ်းကြည့်တော့ အသက်ရှင်နေသေးတာသိရသည်။ သို့ပေမယ့် ထိုတိုက်ခိုက်မှာကို ပြုလုပ်ခဲ့သည့် လက်တစ်ဖက်ကတော့ ရှိမ‌နေတော့ဘဲ သတိလည်းလစ်နေခဲ့၏။

“သူအသက်ရှင်နေသေးတယ်”

ကျောက်ကျစ်တုံ့ လူတိုင်း၏ မျက်စိအောက်မှာ ချန်ရှင်းချုကို ထမ်းမလာပြီးတော့ ပြောလိုက်၏။

စုရှောင်ရှန် အာစေးမိသွားပေသည်။

ချန်ရှင်းချုမှာ သန်မာတဲ့ ခုခံကာကွယ်တဲ့ ကျောက်စိမ်းပြားလိုလိုလား သူတွေ့လိုက်ရပါတယ် ခုက ဘာဖြစ်တာ…။

ထို့နောက် ချန်ရှင်းချု၏ ညာဘက်ဘက်ကို မ၀န့်မရဲ လက်ညိုးထိုးပြီး ချီတုံချတူံမေးလိုက်သည်။

“အာ… လက်က ဘယ်လိုလုပ်မတုန်း”

: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၅]

“ဟေး… ဒီလိုဖြစ်သွားမယ်လို့ ကျုပ်လည်းမထင်ပါဘူးနော်။ သူ့ခါးက ခုခံကာကွယ်တဲ့ စိတ်ဝိညာဉ်လက်နက်က ဘလာ ဘလာ ဘာလာ…” စုရှောင်ရှန် မရပ်မနား တတွတ်တွတ် ပြောတော့သည်။

ကျန်းပင်းယန်၏ မျက်နှာက သိသိသာသာကြီး မဲ့ရွဲ့သွားပေ၏။

အပိုင်း (၂၂၅) သေမင်းနဲ့ စစ်ခင်းခြင်း

စုရှောင်ရှန်ကို ရဲ့ရှောင်ထျန်း စူးစူးရှရှစိုက်ကြည့်လိုက်၏။ ဒီလိုအချိန်က စကားပြောလို့မကောင်းတာ မသိဘူးလား။

“ခန်းမသခင်ကျန်း…”

“ရပါတယ်။ ချန်ရှင်းချုက သူ့ ပြိုင်ဘက်မှ မဟုတ်တာ။ ကျုပ်တို့ ဒီလောက်တော့ လက်ခံနိုင်ပါတယ်” ကျန်းပင်းယန် သူ့ဒေါသကိုဖြေလျော့ပြီး ချန်ရှင်းချုကို မကာ ထွက်သွားလိုက်သည်။

ယခု ကိစ္စတွေပြီးမှတော့ ၀င်ခွင့်များကိုလည်း တောင်းလို့ရမည်မဟုတ်တော့ချေ။ ထျန်းစန်းနန်းတော်က လူတွေက တကယ် ဆန်းကြယ်လှ၏။

ပြီးမှ စုရှောင်ရှန်ကို သူတော်စင်အစေအပါးတို့ ဘာလို့ ဖိတ်ခေါ်ရလဲကိုနားလည်တော့သည်။ ဒီကောင်လေးက မကောင်းဆိုးဝါးတစ်ကောင်ဖြစ်၏။

ချန်ရှင်းချုနဲ့ ရင်ဆိုင်တုန်းက ချွေးတစ်စက်တောင်ထွက်မသွားခဲ့ဘဲ ဟိုအကောင်ကိုပဲ ‌သတိမေ့မျောသွားအောက်ရိုက်ချပစ်လိုက်သည်။ ပြီးနောက် ၎င်းကို အသာအယာလုပ်လိုက်တာကြောင့် စုရှောင်ရှန် ခွန်အားအပြည့်သုံးလိုက်လားတောင်မသေချာ မရေရာ ဖြစ်နေသည်။

၇၀လား၊ ၉၀လောက်လား…။

ကျန်းပင်းယန်၏ အတွေးများ ပြန့်ကျဲနေခဲ့သည်။ ဤသို့သောလူငယ်လေးက စိတ်ဝိညာဉ်နန်းတော်က ထွက်ပေါ်လာတာ စိတ်ဝိညာဉ်နန်းတော်ရဲ့ ထင်ပေါ်ကျော်ကြားမှုကို ပိုပြီး မမြင့်သွားစေဘူးပေလာ။

“နန်းတော်သခင်ရဲ့၊ အကြီးအကဲကျောက် … ကျွန်မလည်း သွားလိုက်ပါဦးမယ်”

ယွဲ့ကျစ်၀မ်လည်း နှုတ်ဆက်ကာ ကျန်းပင်းယန်နောက်လိုက်သွားလိုက်သည်။ ဧည့်သည်တွေထွက်သွားပြီးနောက်မှာ ခန်းမထဲ၌ လူလေးဦးသာကျန်ခဲ့တော့၏။

“စုရှောင်ရှန် မင်းဒီတစ်ခါတော့ တကယ်လွန်တယ်” အကြီးအကဲကျောက် မှတ်ချက်ပြုလိုက်သည်။

“အဲ့တော့ ကျုပ်ကိုသတ်မှာ ထိုင်ခံနေရမှာလား။ ဘာလဲ သူ့နောက်က လူကြီးတွေက သူတို့ ‌ကလေးတွေကို ရိုက်လိုက်လို့ ထွက်လာကြမှာလို့တော့မပြောနဲ့” စုရှောင်ရှန်က အနည်းငယ် ဂနာမငြိမ်ဖြစ်နေသည်။

“မဖြစ်လောက်ပါဘူး။ ငါတို့ ပြောနေတာ မြင့်မြတ်နတ်ဘုရားနန်းတော်လေ…”

“ချန်ရှင်းချုရော ဘယ်လိုလုပ်မလဲ။ သူ့နောက်က ချန်မိသားစုဆိုတာကြီးက သွေးကြွေးလာဆပ်ရင် ဘယ်လိုလုပ်မတုန်း”

“…”

ဘယ်သူမှ ဘာပြောရမယ်မှန်းမသိတော့ချေ။

“ဖြစ်နိုင်တယ်” ကျောက်ကျစ်တုံ့ ငူငိူငိုင်ငိုင်ကြီး ခေါင်းညိတ်လိုက်၏။ စုရှောင်ရှန် ယခုလို ခံစားနေရတာကိုကြည့်ပြီး သူပျော်နေမိသည်။

စုရှောင်ရှန် သူတို့ကို စိတ်ပျက်အားလျော့နေသော မျက်နှာမျိုးဖြင့် လေးလံသော ခြေလှမ်းကြီးများနှင့် ခန်းမအထဲကို၀င်သွားလိုက်၏။ သူ့ကိုကြည့်ရတာ မျက်ရည်မထွက်ဘဲ ငိုနေပုံရသည်။

“စိတ်ဝိညာဉ်နန်းတော်အတွက်ကို သွေးထွက်ရပြီးပြီ။ စိတ်ဝိညာဉ်နန်းတော််ဘက်ကနေ ရပ်တည်ခဲ့ပြီးပြီ ခုတော့ဘာပြန်ရလိုက်လဲ။ တစ်ယောက်တည်း ကြိတ်ပြီး ခံစားနေရတယ်”

ရဲ့ရှောင်ထျန်းနှင့် အကြီးအကဲကျောက်တို့ တစ်ဦးကိုတစ်ဦး ခံစားချက်များကို ထင်းဟပ်ပြ‌သနေသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

“ကောင်လေးစိတ်လျော့ပါ။ စိတ်ဝိညာဉ်နန်းတော်က မင်းကို ကာကွယ်ပေးမှာပါ။ ပြီးတော့ ငါကတိပေးထားတဲ့အတိုင်း မင်းကို ဆုလဒ်တွေပေးမှာပါ” ခန်းမထဲကို ၀င်ရင်းနှင့် ရဲ့ရှောင်ထျန်း ကျယ်ကျယ်လောင်လောင် ကြေငြာလိုက်သည်။

အတွင်းထဲက စုရှောင်ရှန်ကတော့ မူလဇစ်မြစ်ကျောက်တုံးကို ပိုက်လျက် စပ်ဖြီးဖြီးပြုံးနေခဲ့၏။ ထို့နောက် ကလေးလက်သီးတစ်ဆုပ်စာလောက်ရှိသည့် တံဆိပ်ပြားတစ်ခုကိုထုတ်ယူကာ ရဲ့ရှောင်ထျန်းတို့ထံ အပြေးလေးသွားလိုက်သည်။

“အကြီးအကဲတို့ လုပ်ပါဦး ဒါလေးကို ပြင်ပေးပါဦး။ ဒါမှ ဟိုလူတွေလာရင် ပုန်းနိုင်မှာ”

ရဲ့ရှောင်ထျန်း : “…”

အကြီးအကဲကျောက် : “…”

စုရှောင်ရှန် သူ့ကိုထပ်ပြီး မအံ့အားသင့်စေနိုင်တော့တာကြောင့် ကျောက်ကျစ်တုံ့ သက်ပြင်းသာချလိုက်တော့သည်။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“ဆိုတော့ မင်းက အသက်စိတ်ဝိညာဉ်တံဆိပ်ပြားကို သွားယူလာတယ်ပေါ့လေ” သွေးဆုတ်ဖြူရော်သွားသော ရဲ့ရှောင်ထျန်း၏ မျက်ခုံးများလှုပ်နေခဲ့၏။

“ဟုတိတယ် ခေါင်းဆောင်။ ကျုပ်ဒီယှဉ်ပြိုင်မှုကို နိုင်ခဲ့ရင် ထျန်းရွှမ်တံခါးထဲက ဘာပဲယူလာလာ အပိုင်ပေးမယ်လို့ပြောထားတယ်နော်”

စုရှောင်ရှန်က အပြစ်ကင်းစင်သလို အမူအရာဖမ်းကာ ပြောလိုက်သည်။ “ဟင်။ ဒီတံဆိပ်ပြားနဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေလို့များလား”

ရဲ့ရှောင်ထျန်းက အနက်ရောင်ဓားအိမ်ပဲပေးမယ်လို့ ကတိပေးခဲ့တာပါ။ စုရှောင်ရှန်က ဘယတွေပြောနေတာလဲ။

ရဲ့ရှောင်ထျန်း အသက်ကိုခပ်ပြင်းပြင်းရှိုက်လိုက်သည်။ ထို့နောက် သူ့စိတ်ထဲက ဒေါသတို့ကို ဖိနှိပ်လိုက်ပြီး ကြင်နာသောလေသံဖြင့် ပြောလိုက်၏။ “ဟုတ်ပါတယ် မင်းဟာဖြစ်သွားပါပြီ…။ ဒါပေမယ့် တခြားတစ်ခုခုကိုရော ထုတ်ယူလာခဲ့သေးလား”

စုရှောင်ရှန် သူလုပ်ခဲ့သလား ပြန်စဉ်းစားလိုက်ပြီး ဖြည်းညှင်းစွာ ခေါင်းခါရမ်းလိုက်သည်။ “ဒါအကုန်ပဲ”

“သေချာပြီလား”

ရဲ့ရှောင်ထျန်း မယုံပါလေ။

ထျန်ရွှမ်းတံခါးပြိုလဲရတာက သူလျှိုများနှင့်ဆိုင်လိမ့်မည်မဟုတ်ဘဲ စုရှောင်ရှန်၏ ပရောဂကြောင့်လို့ သူခံစား‌နေရသည်။

“ခုမပြောရင် ပေးလိုက်မယ်။ မဟုတ်ဘဲ အနာဂါတ်မှာ ငါရှာတွှေ့မှ ပြန်သိမ်းသွားရင် ငါ့အဆိုးမဆိုနဲ့နော်”

စုရှောင်ရှန် တုံ့ခနဲ ရပ်သွားပြီး အင်တင်တင်ဖြစ်သွား၏။

သူ့မျက်နှာပေါ်က အမူအရာကြောင့် ရဲ့ရှောင်ထျန်းတို့သုံးဦးသာ သူတစ်ခုခုကို ဖုန်းကွယ်ထားသေးမှန်း ရိပ်မိလိုက်ကြသည်။

သို့ဖြင့် စုရှောင်ရှန်များဘာတွေယူလာသလဲတွေးမိပြီး ‌ဒေါသတို့ဖြင့် ရဲ့ရှောင်ထျန်း၏ ကိုယ်လုံးတဆတ်ဆတ်တုန်ခါလာခဲ့၏။

“ထုတ်လိုက်စမ်း”

“အာ…”

စုရှောင်ရှန် အဖြူရောင် လက်စွပ်တစ်ကွင်းကို မ၀န့်မရဲထုတ်ယူလိုက်သည်။

ထိုအရာက ကျိုးထျန်းရှန်ကို လျှိုရွှမ်ရှင်းစီက လုယူတုန်းက ချိတ်စည်းဖြတ်ခဲ့တဲ့ လက်စွပ်ဖြစ်တာ ရဲ့ရှောင်ထျန်း အမှတ်ရသွားပြီး ရင်းနှီးတယ်လို့ ခံစားနေရတော့၏။

နပေါဦး။

ချိတ်စည်း…။

“မင်း-မင်း ချိတ်ပိတ်ခြင်းကျောက်တုံးကို လပ်စွပ်တစ်ကွင်းအဖြစ် အရည်ကျိုလိုက်တာလား” ရဲ့ရှောင်ထျန်း အသက်ပင် ကောင်းကောင်းမရှူနိုင်လောက်အောင် မျက်နှာတစ်ခုလုံး နီရဲလာခဲ့သည်။

“အမ်… အင်း အဲ့လိုပြောလို့ရပါတယ်”

စုရှောင်ရှန် ရှက်ကိုးရှက်ကန်းဆိုလိုက်၏။ မိုမို့ကို ဖော်ကောင်မလုပ်ရန် သူဆုံးဖြတ်လိုက်လေသည်။

ရဲ့ရှောင်ထျန်း၏ ယခုကဲ့သို့ လွန်လွန်ကျူးကျူး သတင်းအချက်အလက်များကို လက်မခံနိုင်‌တော့တဲ့ အခြေအနေကြီးကို ကြည့်‌ကာ နောက်မှ အကြီးအကဲစန်းကို ပြောမည်ဟု စိတ်ပိုင်းဖြတ်လိုက်၏။

ရဲ့ရှောင်ထျန်းလည်း ပေါက်ကွဲတော့မတတ်ဖြစ်နေသည်။ သူကျားကုတ်ကျားခဲ ကုန်းမြေတစ်လျှောက်ဖွေရှာခဲ့တဲ့ ကမ္ဘာငယ်လေးကိုတည်ငြိမ်အောင်လုပ်ပေးတဲ့ စွမ်းအားကြီးအဆုံးရတနာ ၈ခုထဲက ၃ခုက စုရှောင်ရှန်၏ လက်ထဲရောက်နေတယ်တဲ့။

ဒီကောင်လေးက ရတနာမုဆိုးလေးများလား။

ဒီရတနာတွေအကုန်ကို အချိန်တိုအတွင်း ဘယ်လိုများ ရှာလိုက်နိုင်တာလဲ။

“ဆိုတော့…” ဆံဖြူကလေးငယ် ရဲ့ရှောင်းထျန်းက စိတ်ကိုအတင်းလျော့လိုက်ပြီးတော့ အေးတိအေးစက် မျက်နှာထားဖြင့် ပြောလိုက်သည်။ “မင်းမှာ စတုတ္ထမြောက်ရတနာရှိသေးတယ်မလား”

“မရှိဘူး။ တစ်ပိုင်းတစ်လေတောင်မရှိဘူး”

ရဲ့ရှောင်ထျန်းဒေါကန်နေသည့် အခြေအနေကိုကြည့်ပြီး ကျဲ၏ တည်ရှိမှုကို ဖွက်ထားရန် စုရှောင်ရှန် ဆုံးဖြတ်လိုက်သည်။

“မေမေ”

သို့သော် ရုတ်တရက် သူ့ရင်ဘက်က မကျေမချမ်းဖြစ်သလို အသံထွက်ပေါ်လာခဲ့ကာ လူလေးယောက်ကို အလန့်တကြားဖြစ်သွားစေခဲ့သည်။

ကျဲ ‌စိတ်‌ဆိုးနေပါသည်။

အခခြားရတနာများကြတော့ ကောင်းမွန်တဲ့ မိတ်ဆက်တွေရကြပြီး သူဒီလောက်စိတ်ရှည်ရှည်စောင့်နေတာတောင် စုရှောင်ရှန်က မိတ်ဆက်မပေးဘူးတဲ့။

စုရှောင်ရှန်၏ မျက်နှာ ဖြူဖျော့သွား၏။

သူ့တွက်ချက်မှုတွေအားလုံးကြားထဲမှ ကျဲက လူသညး သဘာ၀နှင့် အသိဉာဏ်ဖြစ်ထွန်းလာပြီဆိုတာ မေ့နေခဲ့သည်။ ကျဲက စုရှောင်ရှန့် အခြားသူများ၏ စကားများကို နားလည်လာနိုင်ခဲ့ပေသည်။

သေပြီ။

ငါတော့ တကယ်ကို သေ သေ သေနဲ့မြည်တာ။

“ကျဲ လား”

ထိုအရာက ဘာဖြစ်သလဲဆိုတာ ပြန်တွေးမိပြီး အကြီးအကဲကျောက်၏မျက်၀န်းများပြူးကျယ်သွားခဲ့သည်။

သူက ထိုအရာကိုတောင် တူးထုတ်လာတယ်ဟ။

စုရှောင်ရှန်ကို ကြည့်တဲ့အကြည့်များက ကြောက်ရွံ့မှုအဖြစ်သို့ပြောင်းသွားခဲ့သည်။

ဘာကိုကြောက်ဖို့လို လို့လဲဟ။ ထိုကြောက်ရွံ့နေသော အမူအရာများဖြင့် အခြားလူများကို ကြည့်ပြီး စုရှောင်ရှန်ရှင်းပြလိုက်သည်။ “ဒီဟာက ကျုပ်လုပ်တာမဟုတ်ဘူး။ ကျဲက သူ့ဟာသူ ထွက်လာချင်တာ။ ကမ္ဘာငယ်‌ လေးကို ကယ်တင်တုန်းက ကျိုးထျန်းရှန်ကိုကယ်ရင်းနဲ့ ဒီအရာကိုတွေ့တာပဲ”

အကြီးအကဲကျောက်နှင့် ရဲ့ရှောင်ထျန်းတို့ တစ်ဦးကိုတစ်ဦးကြည့်ပြီး သက်ပြင်းချလိုက်သည်။ သူတို့ထင်ထားသည့်အတိုင်းတစ်ကယ်ဖြစ်လာခဲ့၏။

ကျောက်ကျစ်တုံ့လည်း သူတို့နည်းတူ ကြက်သေသေနေခဲ့သည်။ ၎င်းက ကမ္ဘာငယ်လေးကို တည်ငြိမ်အောင်လုပ်တဲ့ ရတနာလေးပါးဖြစ်သည်။ ဒီစုရှောင်ရှန်က တစ်ခုခုတော့ တစ်ခုခုပင်…။

“ကျုပ်ပြောပါတယ်။ စုရှောင်ရှန်က အကြီးဆုံး သူလျှိုပါလို့” ကျောက်ကျစ်တုံ့ထပြောပြီး ရှေ့သို့ တဟုန်ထိုးတက်လိုက်သည်။

“သေစမ်း။ သူခိုးကောင်”

ကျောက်ကျစ်တုံ့၏ ပုခုံးကို ရဲ့ရှောင်ထျန်း ဖိလိုက်သည်။

“ဘာလို့လဲ”

ရတနာလေးပါးကို ခိုးယူပြီးတာတောင် ဘာလို့ သူ့ကို တားဆီးနေရသလဲ ကျောက်ကျစ်တုံ့ ပဟေဠိဖြစ်သွားခဲ့သည်။

စုရှောင်ရှန် ခင်းဗျားရဲ့ တရားမ၀င်သားလား။

ရဲ့ရှောင်ထျန်း၏ စိတ်ကဗလာကျင်းနေခဲ့သည်။ သူဘာပြောရမှန်းမသိတော့ပါချေ။

အကြီးအကဲစန်း…

ကောက်ကျစ်တဲ့ အဖိုးကြီး…

ရတနာလေးပါး။ တစ်ချက်တည်း ရတနာလေးပါး ဆုံးရှုံးသွားခြင်း…

အဖိုးကြီး… ခင်ဗျားနဲ့ ကျုပ်တော့ တွေ့တော့မယ်။

ရဲ့ရှောင်ထျန်း ရှူးရှူးရှဲရှဲဖြင့် မျက်နှာလည်း သွေးဆုတ်ဖြူရော့်နေခဲ့ပြီး အသံနက်ကြီးဖြင့်အော်လိုက်သည်။ “ငါ့ရှေ့က ထွက်သွားစမ်း သွား”

စုရှောင်ရှန့် တစ်ကိုယ်လုံး ဆတ်ကတည်းတုန်ရင်သွားကု ရတနာများ တစ်ဖက်တစ်ချက်စီမှာကိုင်ရင်း ထွက်ပြေးသွားခဲ့၏။

သို့ပေမယ့် ဝေးဝေးမရောက်သေးခင်မှာပင် နောက်တစ်ခါပြန်လာခဲ့ပြီး အကြီးအကဲကျောက်၏ လက်ထဲကို ကျောက်တုံးနှင့် တံဆိပ်ပြားထည့်ပေးလိုက်၏။

“…”

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၃]

“ရပြီလား”

စုရှောင်ရှန် တိတ်တိတ်ကလေး ဆံဖြူကလေးငယ်ကိုချောင်းကြည့်လိုက်ရာ တစ်ကိုယ်လုံးရှိ ကြက်သီးမွှေးညှင်းများထောင်ထသွားခဲ့၏။

“ထွက်သွား သွား”

စုရှောင်ရှန် ဖျတ်ကတည်း အရှင်သခင်နယ်ပယ် လျင်မြန်မှုကို အသုံးပြုပြီး ထွက်သွားလိုက်သည်။

တောက်…။

တောက်ဟူ၍ အသံသဲ့သဲ့လေးကို ကြားလိုက်ရရာ ရဲ့ရှောင်ထျန်းတို့ သုံးဦး ပဟေဠိဖြစ်ဟန်များဖြင့် ‌လှည့်ကြည့်လိုက်ကြသည်။

ထိုတွင် တိတ်‌ဆိတ်နေသော ခန်းမအတွင်းကို လှောင်ရယ်သလိုလို၊ ကျေနပ်သလိုလိုနှင့် လွှမ့်ဆင်းလာခဲ့သော လက်စွပ်ကးကိုတွေ့ရ၏။

စုရှောင်ရှန် ပျာယာခတ်နေပါသည်။

သူလည်း အဝေးကိုရောက်မှ သျှပ်ပြာသျှပ်ပြာနှင့်ဆိုတော့ လက်စွပ်ကျကျန်ခဲ့တာ ကြားလိုက်ရပြီး အသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ကာ ပြန်လာခဲ့၏။

ရဲ့ရှောင်ထျန်း၏ မျက်၀န်းများအတွင်း မယုံကြည်နိုင်မှုတို့ ထင်ဟပ်နေပြီး ပြန်လာခဲ့သော စုရှောင်ရှန်ကိုကြည့်လိုက်၏။

စုရှောင်ရှန်က ရဲ့ရှောင်ထျန်းနှင့် ခပ်ကွာကွာမှနေ၍ ထိုင်ချလိုက်ပြီး ခြေတစ်ဖက်ကိုဖြည်းဖြည်းချင်း ဆန့်ထုတ်ကာ လက်စွပ်ကို သူ့ဘက်သို့ ယှက်ယူလိုက်သည်။

“စု-ရှောင်-ရှန်”

ထိုအသံနက်ကြီးက ကောင်းပင်တစ်ခုလုံးကိုပဲ့တင်ထပ်သွား၏။ လေထဲက စာကလေးငှက်များတောင် သူတို့၏ အတောင်များတောင့်တင်သွားတာကို တွေ့လိုက်ရသည်။

[နာမည်ခေါ်ခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]

“ကျုပ်ထွက်သွားပါ့မယ်။ မျက်နှာကို ထပ်မမြင်စေရပါဘူး”

လက်စွပ်ကိုကောက်ယူကာ စုရှောင်ရှန် သုတ်ခြေတင်ပြေးသွားလိုက်၏။

ထိုနေရာတွင် ဆက်နေနေလျှင် ပွဲချင်းပြီး အသတ်ခံရမည်ကို စိုးရွံ့မိပေသည်။ ကျောက်ကျစ်တုံ့ ဘာမှ မပြောဘဲ အချင်းအရာတစ်ခုလုံးကို ကြည့်နေခဲ့သည်။

ရဲ့ရှောင်ထျန်း ယခုလောက် ဒေါသထွက်တာ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

အကြီးအကဲကျောက်လည်း သူ့လက်ထဲက ရတနာနှစ်ပါးကိုကိုင်ရင်းနှင့် ဖြစ်ပျက်နေသည်များကို အိပ်မက်အလားထင်မှတ်နေပေ၏။

“တကယ်ထူးခြားတဲ့ကောင်လေးပဲ”

ထိုမှတ်ချက်ကြောင့် ကျောက်ကျစ်တုံ့၏ ဒူးများပျော့ခွေသွားပြီး ကြမ်းခင်း ပေါ်မှာ ပုံလျက်သားကျသွားတော့သည်။

[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၁]

Comment

Leave a Reply

Options

not work with dark mode
Reset