Switch Mode

Chapter – 151 & 165

အပိုင်း (၁၅၁) ရာသီကုန်နှင်းများအကြားမှ အနောက်လေ

“ဟက်”

စုရှောင်ရှန် ရယ်သံသဲ့သဲ့ပေးလိုက်ပြီး အဆစ်လွဲသွားသော ‌လက်‌ချောင်းများကိုပြန်တည့်လိုက်သည်။ ထာ၀ရအသက်စွမ်းအင်၏ အကျိုးကျေးးဇူးကြောင့် ဒဏ်ရာက စက္ကန့်ပိုင်းအတွင်းပြန်ကောင်းသွား၏။

စုရှောင်ရှန် အံ့အားသင့်သွားသည်။

ယွမ်တုထက်အကောင်သေးသော သူက အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ရှိတာတောင် ခွန်အားအရာမှာ နည်းနည်း နောက်ကျနေသည်။ ထိုသွေးစက်လေး၏ ခွန်အားကိုတိုးပေးသော အကျိုးသက်ရောက်မှုက ကြောက်မက်ဖွယ်ရာအတိဖြစ်တော့၏။

၎င်းက အရှင်သခင်နယ်ပယ်ထက်သာလွန်သော ခွန်အားမျိုးပိုင်ဆိုင်လိမ့်မည်။

စုရှောင်ရှန်စောနက သူဘယ်လောက်မောက်မာသွားသလဲတွေးမိပြီး လန့်ဖျပ်သွားတော့သည်။ ထိုအကောင့်ကို သွေးစက်စားသုံးခွင့်မပြုလိုက်သင့်ပါပေ။

သို့သော် ထိုအရာကိုစားပြီးသည့်နောက်လည်း ယွမ်တုက အကြာကြီးခံနိုင်မည့်ပုံမပေါ်ပါချေ။

“ဟားဟားဟား…”

ယွမ်တုရဲ့ ရယ်သံက လူတစ်ယောက်နှင့်တောင် မတူတော့ဘဲ ကြောက်မက်ဖွယ်ရာကောင်းနေသည်။

သူတကယ်ထိုသွေးစက်ကိုစားသုံးပြီးနောက် အချိန်အကြာကြီး ဤအ‌ခြေအနေကို တောင့်မခံနိုင်မှန်သော်လည်း စုရှောင်ရှန်ကို ခေါင်းဖြတ်ဖို့ တာ၀န်ကိုပြီးဆုံးစေရန်တော့လုံလောက်သည်။

‘ဒီကောင့်ခန္ဓာကိုယ်က တကယ် ငါ့လက်သီးချက်ကို တားနိုင်တယ်။ ကြည့်ရတာ သူ့စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်လဲ အဆင့်တက်သွားတဲ့ပုံရတယ်။ ဒါပေမယ့် ဘာဖြစ်လဲ…’

“ပေါင်တစ်သောင်းခွန်အား” ယွမ်တုအော်လိုက်သည်။

သူ့လက်သီးနှစ်ဖက်လုံးကို မြေပြင်တွင်ထုချလိုက်သည်။ ဘုန်းကတည်းမြည်သံကြီးနှင့်အတူ သူကိုယ်တိုင်လည်း မြေကြီးထဲသို့ ကိုယ်တစ်ခြမ်းလောက်နစ်၀င်သွား၏။

ဤအချင်းအရာကိုမြင်သောအခါ စုရှောင်ရှန်၏ မျက်ခုံးများလှုပ်သွားခဲ့သည်။

‘ဒီကောင်က မြေဆွဲအားကိုလည်း ပြောင်းလဲနိုင်တယ်။ ပြီးတော့ ဒီပေါင်တစ်သောင်းခွန်အား…. ဒါသူ့ပင်ကိုယ်ဓာတ်စွမ်းအင်များလား’

ယွမ်တု၏ တမူထူးခြားသော ဓာတ်စွမ်းအင်ကြောင့် အံ့အားသင့်နေရစဉ် ထိုလူ့ဘီလူးကြီးပျောက်ကွယ်သွားပြန်သည်။

စုရှောင်ရှန်၏ တစ်ကိုယ်လုံးတောင့်တင်းသွား၏။ ချက်ခြင်းမျက်လုံးမှိတ်လိုက်ကာ အကြားအမြင်နှင့် လျင်မြန်မှုတို့အပေါ်သာ မှီခိုပြီး ပြန်တုန့်ပြန်ရန်ပြင်လိုက်သည်။

ရွှစ် ရွှစ် ရွှစ်

ချက်ခြင်း ယွမ်တု၏‌ လေးလံသော ထိုးချက်များကို နောက်သို့လှန်ချပြီး ရှောင်လိုက်သည်။

သို့သော် ယွမ်တု၏ တုန့်ပြန်နိုင်စွမ်းလည်း နှစ်ဆတိုးသွားပုံရသည်။ ထိုအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး စုရှောင်ရှန်ကို ကိုင်ပေါက်ကာ ထပ်ဆင့်နှစ်ချက်ထိုးပစ်လိုက်သည်။

ဘုန်းးး…။

သွေးများနေရာအနှံ့ဖြန့်ပက်သွားသည်။

စုရှောင်ရှန် ကောင်းကင်ယံမှ စွန်ကြိုးပြတ်သည့်အလား ပြန်ပြုတ်ကျလာ၏။ ထို အထိန်းအချုပ်ကင်းမဲ့စွာ ပြုတ်ကျနေစဉ်ပဲ သူ့ဒဏ်ရာများအားလုံးပျောက်ကင်းလုနီးနီးပြန်ဖြစ်သွားသည်။

ကြော့ကွင်းကြောင့် ယွမ်တုလည်း အနောက်ဘက်သို့ နောက်ပြန်ကြီး လွင့်သွားသည်။ ဤသို့ရလဒ်မျိုးရအောင် စုရှောင်ရှန် ဘာနည်းစနစ်ကို အသုံးပြုသလဲ သူမသိရသေးပါ။ သူ့ကိုယ်တိုင်ခံစားတွေ့ကြုံပြီးသည့်နောက်တော့ ၎င်းက အလွန်ညစ်ပတ်နေခြင်းလို့ပဲ ပြောချင်တော့သည်။

ဒီလိုဆို ကြော့ကွင်းရှိ‌နေသမျှကာလပတ်လုံး စုရှောင်ရှန်ကို သူ ကောင်းကောင်းမတိုက်ခိုက်နိုင်မည်မဟုတ်ပေ။

“လခွေးပဲ”

သူ့ခြေထောက်များကိုအားယူလိုက်ပြီး ထပ်ခုန်ရန်ပြင်လိုက်ချိန် တစ်ခုခုမှားနေသည်ကို သတိထားမိသွားသည်။

သူ့လက်ဖဝါးပြင်ကို ကြက်‌‌သွေးရောင် မျက်လုံးများဖြင့် ကြည့်လိုက်ရာ ဘယ်တုန်းကမှန်းမသိ မီးတောက်အစေ့တိုင်း လက်ချောင်းများ၌ ကပ်နေသည်ကိုမြင်လိုက်ရသည်။

‘စောနက ထိုးချက်တုန်းကများလား’

‌စုရှောင်ရှန်က သူတို့ထိတွေ့လိုက်သည့်အချိန်ကို အခွင့်ကောင်းယူပြီး ဤနည်းစနစ်ကို အသုံးချလိုက်သည်လို့ပဲ ဖြေရှင်းချက်ရှိပေသည်။

‘ဆိုတော့ တမင်သက်သက် အထိုးခံလိုက်တာလာ’ သူတွေးလိုက်သည်။

သူလက်ဖဝါးကိုကြည့်ရင်းက ယွမ်တု ကြက်သီးဖျင်းဖျင်းထနေတော့သည်။ သို့သော် ထိုမီးတောက်အစေ့များကို သတိထားမိချိန် ကြာညောင်းသွားပေပြီ။ ၎င်းတို့အတွင်းမှ စွမ်းအင်များ အပြင်းအထန် ရုန်းရင်းဆန်ခတ်ဖြစ်လာပြီး ပေါက်ကွဲသွားကြ၏။

ဘုန်း…။

ဘုန်း…။

ယွမ်တုလွင့်ထွက်သွားသည်။

သူ့လက်ကြီး ပေါက်ကွဲထွက်သွားသည်။ သို့သော် သူ့ကိုယ်ထဲရှိ ပုလ္လင်ခံသွေးအဆီအနှစ်များလှုပ်ရှားလာပြီး ဒဏ်ရာများ ချက်ခြင်း ပြန်ပျောက်ကင်းလာခဲ့သည်။

စက္ကန့်အပိုင်းအတွင်း အသားသစ်များဖြစ်ပေါ်လာတော့၏။

“ဘာဖြစ်နေတာလဲဟ”

သူ့ဒဏ်ရာများကိုဂရုမပြုထားတော့ဘဲ ကောင်းကင်ပေါ်မှ စုရှောင်ရှန်ကို နားမလည်နိုင်စွာကြည့်လိုက်သည်။ အဘယ်ကြောင့် ထိုအခွင့်အရေးကိုယူကာ ထပ်မံ၍ မတိုက်ခိုက်ရပါသလဲ။

မလှမ်းမကမ်းမှ စုရှောင်ရှန် သူ့လက်သီးနှစ်ဖက်ကို ခေါင်းလေးအသာစောင်း‌ပြီးကြည့်နေ၏။ သူဘာတွေးနေသလဲဆိုတာ မခန့်မှန်းနိုင်ပါပေ။

“သူဘာလုပ်နေတာလဲဟ။ တိုက်ပွဲအတွင်းမှာ ဘာလို့ မှင်တက်နေရဲတာလဲ”

ယွမ်တု၏ မျက်နှာပေါ်၌ ရှုတ်ချသည့်အကြည့်မျိုးပေါ်လာသည်။ သို့သော် မကြာခင် တစ်ခုခု မူမမှန်တာကို သူတွေ့လိုက်ရသည်။

စုရှောင်ရှန်၏ လက်သီးထိပ်တွင် ကြောက်မက်ဖွယ်ရာအတိဖြစ်သော စွမ်းအင်များ စုစည်းလာခဲ့၏။ ယွမ်တု၏ မျက်ဆံများကျုံ့သွားပြီး စုရှောင်ကို စိတ်ဝိညာဉ်အသိဖြင့် ဆန်းစစ်လိုက်၏။

‘ဒီကောင့်လက်နှစ်ဖက်လုံးမှာ စောနက မီးတောက်အစေ့တွေလို ဟာတွေ စုစည်းနေပါလား။ စောနက ငါ့ပေါင်တစ်သောင်းလက်သီးကို ဒါနဲ့များ တန်ပြန်တိုက်ခိုက်လိုက်တာလားဟ’

ယွမ်တု နေလို့မကောင်းတော့ပါ။ မမျှတဘူးလို့ သူခံစားလိုက်ရသည်။

စုရှောင်ရှန်ကို လက်သီး‌ထိုးချက်တွေနဲ့ ဗုံးချဲပြီး‌နောက် ဒဏ်ရာအပြင်းအထန်ရသွားတာကို သူသိလိုက်လေသည်။ ယခုတော့ သူက အသက်ရှိုက်စာအနည်းငယ်အတွင်း ပြန်အဆင်ပြေသွားတယ်တဲ့လား။

အခြားတစ်ဘက်မှ သူ ယွမ်တုကတော့ စုရှောင်ရှန်၏ မီးတောက်အစေ့များကြောင့် ပြန်လည်ကောင်းမွန်ဖို့ အချိန်တစ်ခုယူလိုက်ရ၏။

“ငါဒါကို ဘယ်လိုချရတော့မှာ”

သေချာလေ့လာဆန်းစစ်မှုများပြီးနောက် လူ့ဘီလူးကြီးယွမ်တု ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့ထိတ်လန့်လာခဲ့ပြီး စုရှောင်ရှန်နှင့် ဆက်လက်တိုက်ခိုက်ချင်စိတ်များ ပျောက်ဆုံးလာရသည်။ စုရှောင်ရှန်က လူမဆန်လွန်းလှပေ။ သူဆိုးဆိုးရွားရွားအဆုံးသတ်သွားနိုင်သည်။

သို့သော် အရှုံးပေးဖို့ ရည်ရွယ်ချက်တော့ မရှိထားပါ။ တစ်ချိန်တည်းမှာပဲ စုရှောင်ရှန်၏ ခြေထောက်အောက်မှ ငရဲမီးတောက်ကောင်းကင်မီးလျှံများထွက်ပေါ်လာပြီး ယွမ်တုကို လာဝါးမျိုကြသည်။

“ခေါင်းပြားလေး။ မင်းရဲ့ ခွန်အားက မဆိုးဘူး”

စုရှောင်ရှန်၏ မျက်နှာထက်၌ စိတ်လှုပ်ရှားနေသော အပြုံးမျိုးရှိသည်။ သူထင်သည့်အတိုင်း တိုက်ခိုက်ခြင်းက အမြန်ဆုံး သူ့စွမ်းဆောင်ရည်ကို စမ်းသပ်ခြင်းဖြစ်ပါသည်။

“ငါ အကွက်အသစ်တစ်ခု အတွေးပေါက်သွားတယ်။ စမ်းကြည့်။ ရော့ မီးဘောလုံးလက်သီလေး”

“ယားးးးး”

ညာသံတစ်ချက်နှင့်အတူ ယွမ်တုထံ စုရှောင်ရှန် လက်သီးချီမြှောက်၍ တစ်ဟုန်ထိုးပြေး၀င်သွား၏။ မီးတောက်အစေ့များအောက်၌ ပက်ပက်စက်စက် ခံစားရပြီးနောက် ယွမ်တုတွင် စုရှောင်ရှန်နှင့် လက်သီးချင်းယှဉ်ထိုးဖို့ ရည်ရွယ်ချက်မရှိပါတော့ပေ။

မြေပြင်ကို လက်နှစ်ချက်ဖြင့်ရိုက်၍ အားယူကာ စုရှောင်ရှန်၏ လက်သီးချက်ကိုရှောင်လိုက်သည်။ ယွမ်တု၏ မျက်နှာက ရှုံ့မဲ့နေ၏။

‘ဘာလို့လဲ။ ငါ့အထူးတိုက်ခိုက်စွမ်းရည်ဖြစ်တဲ့ ခွန်အားအရာမှာ ငါဘာလို့ ရှောင်နေရတာလဲ။ ရှက်ဖို့ကောင်းလိုက်တာကွာ’ သူတွေးလိုက်သည်။

“ဆန်းကြယ်စစ်ဘုရင်လှံတံ” ကို ထုတ်ယူလိုက်ချင်ပါသော်လည်း ထိုလက်နက်က ပျက်ဆီးသွားခဲ့၏။

ပို၍ ရှက်ရွံဖွယ်ရာကောင်းပေသည်။

ဘုန်း…။

သူအဒွန့်တက်နေတုန်း သူ့အောက်မှ စုရှောင်ရှန် နောက်လက်သီးတစ်ချက်ကိုပစ်ထိုးလိုက်သည်။ ယွမ်တု ထိုလက်သီးချက်ကိုလည်း ရှောင်နိုင်လိုက်‌ပေမယ့် စုရှောင်ရှန်၏ အဟုန်က မရပ်တန့်သွားခဲ့ပဲ မီးတောက်များပေါက်ကွဲထွက်သွား၏။

ယွမ်တု သူ့ကို လှောင်ရယ်လိုက်ချင်သည်။ စုရှောင်ရှန် ထိုပေါက်ကွဲမှုမှ သွေးအန်သွားကာ သူရှိရာဘက်သို့ လွင့်ထွက်လာ၏။

“အခွင့်ကောင်းပဲ”

သူ့စိတ်ထဲကို စုရှောင်ရှန်ဒဏ်ရာရနေတုန်းအခွင့်ကောင်းယူကာ တစ်ချက်တည်းသတ်ပစ်ရန် အတွေး၀င်လာသည်။

သို့သော် လွင့်ပျံလာနေရင်း လမ်းမှာ စုရှောင်ရှန်၏ ဒဏ်ရာများက အလျှင်အမြန် ပျောက်ကင်းသွားခဲ့ပြီး ထိုပေါက်ကွဲမှုကိုအားယူကာ နောက်လက်သီးတစ်ချက် ပစ်ထည့်လိုက်သည်။

“ရှောင်”

ယွမ်တု အလိုလို သူ့ခေါင်းကို တိမ်စောင်းပြီး ရှောင်လိုက်သည်။

ရွှစ်…။

စုရှောင်ရှန်၏ လက်သီးချက်က ရွှစ်ကတည်း လေကိုသာထိုးမိသွား၏။ သို့သော် သူက အေးဆေးပဲ သူ့ခွန်အား အပေါ် ထိန်ချုပ်မှုကင်းမဲ့နေသော ယွမ်တုဘက် လှည့်ကာ အကြမ်းပတမ်းကန်ထည့်ပစ်လိုက်သည်။

“ငရဲမီးတောက်ခြေထောက်လေး”

ဘန်းးး…။

ယွမ်တု မြေတွင်းအနက်ကြီးထဲကို ကန်ထည့်ခံလိုက်ရသည်။ သို့သော် ထိုကန်ချက်က အားမပါပါပေ။ နာမည်ကိုကြားရသလောက်တော့ မျှော်လင့်ထားတဲ့အတိုင်း ငုံ့ကြည့်လိုက်ရာ သူ့ရင်ဘက်ရှိ ခြေရာထဲတွင် မီးတောက်အစေ့ကိုတွေ့လိုက်ရသည်။

“လခွမ်း”

ဘုန်းးး…။

ကောင်းကင်ယံတွင် မှိုသဏ္ဌာန် တိမ်တိုက်ကြီးက လတ်ဆတ်သော သွေးတစ်ချို့နှင့်အတူ ပေါက်ကွဲထွက်လာခဲ့သည်။

“လခွမ်းးး…”

စုရှောင်ရှန်၏ ပုခုံးများ ထိတ်လန့်တုန်လှုပ်မှုကြောင့် ကျုံ့သွားတော့သည်။ မြေပြင်ရှိတွင်းနက်ထဲရောက်သွားသော ယွမ်တုတွင်ထိုတိုက်ကွက်ကို ရှောင်စရာ နေရာ မရှိဘဲ လေးဘက်လေးရံမှ ခံလိုက်ရသည်ကို သိလိုက်ရသည်။

သို့သော် သူရလိုက်သောသင်ခန်းစာအပေါ်အခြေခံ၍ ယွမ်တုကို အသက်ရှင်ဖို့ အခွင့်အရေးလေးတစ်စက်မှတောင်မပေးလိုက်ပါချေ။

“လက်ငါးချောင်းပေါ်က ငရဲမီးတောက်အစေ့”

သူ့လက်ငါးချောင်းထောင်လိုက်သည့်အခါ လက်ချောင်းထိပ်များ၌ မီးတောက်အစေ့ (၅) ခု လောက်ကျွမ်းဖြစ်ပေါ်လာခဲ့သည်။

စစ်မှန်ခြင်းနယ်ပယ်သို့ရောက်သောအခါ သူ၏ ကိုယ်ပိုင်တီထွင်ထားသောနည်းစနစ်များအပေါ် ထိန်းချုပ်မှုက ပိုအားကောင်းလာခဲ့သည်။ သူထိန်းချုပ်နိုင်သော မီးတောက်အစေ့က (၃) ခုမဟုတ်တော့ဘူး (၅) ခုအထိဖြစ်သွား၏။

ရှဲ

သူ့လက်ချောင်းများကို တောက်ထုတ်လိုက်ရာ အစေ့ငါးစေ့လုံး ကြယ်ကြွေသည့်အလား ကတော့ပုံရစ်ပတ်ပိုင်းဖြတ်သွားကာ မြေပြင်ပေါ်သို့ တည့်တည့်ကျသွားတော့သည်။

“စု… ရှောင်… ရှန်…”

ယွမ်တု၏ ရင်ဘက်၌ ဧရာမ အပေါက်ကြီးရှိနေသည်။ သို့သော် သူလှုပ်ရှားနိုင်သေးသည်။ ဤတိုက်ပွဲတစ်ခုလုံး၌ အထုအထောင်းခံနေရသည်ကို မ‌ကျေမနပ်ဖြစ်နေလေသည်။

တွင်းနက်ကြီးထဲမှ ခုန်ထွက်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် မော့ကြည့်လိုက်ရာ သူ့အပေါ်ကျလာနေသော မီးတောက်အစေ့ ငါးစေ့ကို မြင်လိုက်ရ၏။

ယွမ်တု : …

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

ဘုန်း.. ဘုန်း.. ဘုန်း.. ဘုန်း..

မှိုသဏ္ဌာန်တိမ်ဆိုင်တိမ်ခဲကြီးများ တစ်ခုပြီးတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။ ၀န်းကျင်တစ်ဝိုက်ပေထောင်ပေါင်းများစွာအတွင်း အပူချိန်တိုးမြင့်လာကာ ကောင်းကင်နှင့်မြေပြင်အကြားတွင် စိတ်ဝိညာဉ်မြူခိုးများကိုသာမြင်နေရ၏။

အရည်ဟူသည့်အရာတိုင်း အငွေ့ပျံသွားပုံရသည်။

တွင်းနက်ကြီးထဲကိုကြည့်လိုက်ရာတွင် သွေးများ အသားများ နေရာတိုင်းတွင် ပြန့်ကျဲနေကာ မြင်ကွင်းက ကြောက်မက်ဖွယ်ရာအတိဖြစ်၏။

“အဟွတ်… ဝေါ့… ဝေါ့…”

အချိန်တစ်ခုကြာသော် တွင်းနက်ထဲမှ လှုပ်ရှားမှုတစ်ခုကိုတွေ့လိုက်ရသည်။

ယွမ်တုက ခေါင်းအစခြေအဆုံးစုတ်ပြတ်သတ်နေပြီး ရစရာမရှိတော့ချေ။ သွေးအဆီအနှစ်ကြောင့်လည်း အချိန်နှင့်မျှ ထိုဒဏ်ရာများပြန်ကောင်းလာနေ၏။ ထျန်းရွှမ်တံခါးမှ အသက်ရှင်လျှက်ထွက်သွားရန် အလွန်ခက်ခဲတော့မည်ဆိုတာ ယွမ်တုသိလိုက်ရသည်။

သု့ကိုယ်သူ မုန်းတီးမိသည်။ ဘာလို့ စုရှောင်ရှန်ကို တစ်ရက်စောင့်ပေးလိုက်ရသလဲ။ သူစိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၁၀) မှာပဲရှိနေတုန်းက ဘာလို့ စိတ်အလိုလိုက်ပြီး မသတ်ပစ်လိုက်ရတာလဲ။

“အားးး”

ကြက်သွေးရောင်မျက်လုံးများဖြင့် ယွမ်တု အသဲကွဲကြေမတတ် အော်လိုက်ပြီး သူ့ သုံးစားမရဖြစ်နေသော ခန္ဓာကိုယ်ကို မြေပြင်တွင် ရပ်ရန်ကြိုးစားလိုက်သည်။

“မမျှတဘူး… အစ်”

ယွမ်တု ရုတ်တရက် သူ့လည်ချောင်းကို မျက်လုံးပြူးမျက်ဆံပြူး အလျှင်အမြန် ကိုင်လိုက်သည်။ သူ့အမြင်တွင် စုရှောင်ရှန်ကို မတွေ့ရပါတော့လေ။

“ငါမင်းကိုအခွင့်အရေးပေးလိုက်တယ်။ ဒါပေမယ့် မင်းက တန်ဖိုးမှမထားဘဲ” သူ့နောက်မှ မသထီသလို အသံပေါ်လာခဲ့သည်။

ယွမ်တုသူ ခက်ခက်ခဲခဲ လည်ပြန်ကြည့်လိုက်သည်။ သူ့တစ်ကိုယ်လုံးမှ နာကျင်မှုများကိုလည်းခံစားနေရ၏။ သူ့ဦးခေါင်းလည်း … ၁၈၀ ဒီဂရီ လုံး၀အတိ လည်ပြန်လှည့်သွားတော့သည်။

ရွှက်…။

တိတ်တခိုးနာကျင်ခြင်းကို အနက်ရောင်ဓားအိမ်၏ ထိပ်၀၌တေ့ပြီး ဖြည်းဖြည်းချင်း ဓားသိမ်းလိုက်၏။

“လေလွင့်တိမ်တိုက် အဆင့် (၅) : ရာသီကုန်နှင်းမျာအကြားမှ အနောက်လေ”

ကောင်းကင်မှကျလာနေသည့် နှင်းပွင့်ဖက်များ တုံ့ခနဲရပ်သွားသည်။ အင်မတန်ချွန်ထက်သော ဓားဖြင့် နှစ်ပိုင်းဖြတ်ခံလိုက်ရသလို နှင့်ပွင့်ဖက်များ အလယ်မှစ၍ နှစ်ပိုင်းပြတ်သွား၏။ သို့သော် ၎င်းတို့က စိတ်ဝိညာဉ်စွမ်းအင်များဖြင့်လုပ်ထားတယ်ဆိုပေမယ့် နှစ်ပိုင်းပြတ်သွားတာတောင် ပျောက်ကွယ်သွားရမည့်အစား ဆက်လက်၍ ထိုအတိုင်းကျနေစဲဖြစ်သည်။

ဘုတ်

ယွမ်တု့ ဦးခေါင်းကြီးလည်ပင်းမှ မြေပြင်ပေါ်သို့ ပြုတ်ကျကာ လှိမ့်သွားတော့သည်။

အပိုင်း (၁၅၂) ဆုလဒ်

နှင်းခဲများ ကောင်းကင်ပေါ်ကကျလာသည်။

သူတို့ကို တည်ဆောက်လိုက်သည့် အရာများကြောင့် နှင်းပွင့်ဖက်များအားလုံးက စိတ်ဝိညာဉ်စွမ်းအင်များဖြစ်ကြသည်။ သူတို့က ကောင်းကင်နှင့် မြေပြင်အကြားမှ အပူချိန်ကို ဂရုမပြုသည့်အလား ကျလာနေခဲ့၏။

စုရှောင်ရှန် တိတ်တဆိတ်ထလာခဲ့ပြီး တိတ်တခိုးနာကျင်ခြင်းထည့်ထားသော ဓားအိမ်ကို ရင်ဘက်မှ သိုလှောင်လက်စွပ်ထဲထည့်လိုက်သည်။ အနက်ရောင်ဓားအိမ်က စုရှောင်ရှန်၏ မရွှင်မပြဖြစ်နေသော ခံစားချက်ကို သတိထားမိသည့်အလား ထွက်လာပြီး ပြဿနာမရှာပါပေ။

သွေးစက်များစွန်းထင်းနေသော အဖြူ၀တ်နှင့်စုရှောင်ရှန် အလောင်းကောင်ကြီးအနား၌ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ခက်ထန်သော စွမ်းအင်တို့က ထိုအလောင်းကြီးမှ မြေကမ္ဘာထဲသို့ စိမ့်ဝင်သွားသည်။ ကျန်ရှိနေသေးသော ရွှေရောင်သွေးစက်၏ စွမ်းအင်ဖြစ်ပုံရသည်။

“ငါဘာလို့ဂရုစိုက်ရမှာလဲ”

လူသတ်ခြင်းနှင့်ပတ်သက်၍ စုရှောင်ရှန် မနှစ်သက်ပါချေ။ သို့တောင် သူ့ရှေ့မှ ဧရာမ အလောင်း‌ကြီးကိုကြည့်ပြီး စုရှောင်ရှန် ပထမတစ်ကြိမ်တုန်းကလို ရင်တုန်ပန်းတုန်ဖြစ်ခြင်းမရှ်ိတော့ပါပေ။

အဆုံးမှာ သူပြောင်းလဲခဲ့လေပြီ…

စုရှောင်ရှန်အသာအယာခေါင်းခါရမ်းလိုက်သည်။ သူအနည်းငယ် ခံစားချက်မဲ့သွားလေပြီ။

ယွမ်တုသာ စုရှောင်ရှန်နှင့် ကျန်းရှင်းရှုံတို့အကြားတွင် ၀င်ရောက်စွပ်ဖက်ခြင်းမရှိလျှင် အသက်ရှင်ပေလိမ့်မည်။ ယခုတော့ သူ့ဘ၀ကြီးနှင့် ပေးဆပ်လိုက်ရ၏။

“ဒါက လောက နိယာမဖြစ်ရမယ်။ သေမယ်ရှင်မယ်ဆိုတာ တစ်ခါတစ်လေမှာ ရွေးချယ်ချက်အနေနဲ့ လာတတ်တာပဲ”

ရှဲ…။

စုရှောင်ရှန် အလောင်းကိုမီးညှိလိုက်ပြီး တဖြည်းဖြည်းလောင်ကျွမ်းသွားတာ ကြည့်နေလိုက်သည်။

ရုပ်ချည်း တစ်စုံတစ်ခုကိုအမှတ်ရသွားပြီး ထိုငရဲမီးတောက်ကောင်းကင်မီးလျှံများအကြားသို့ လက်နှိုက်ပြီး လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်၏။

စုရှောင်ရှန်၏ အပြုံးနားရွက်တတ်ချိတ်မတက်ကျယ်သွားသည်။ “တိုက်ခိုက်ပြီး ဒါ ပထမဆုံးအကြိမ် တစ်ခုခုရလိုက်တာပဲ”

တမင်ရည်ရွယ်ပြီးသေအောင် နာနာ လုပ်ပစ်လိုက်တာရော၊ မတော်တဆ သတ်မိသွားတာရောနှင့်ဆို စုရှောင်ရှန်လူအနည်းငယ်သတ်ဖူးသည်။

သို့ဖြင့် ဤသို့ ဆုလဒ်မျိုးရသည့် ခံစားချက်မျိုးကို မခံစားကြည့်ရဖူးပါလေ။

“အဟမ်း။ တောင်းပန်ပါတယ် မင်းဒီမှာ ရှိနေသေးတာမေ့သွားတယ်”

စုရှောင်ရှန် ခါးကြားတွင် လက်စွပ်ကို ထည့်လိုက်ပြီး ဆွေးမြေ့သလိုအကြည့်မျိုး လုပ်လိုက်သည်။ အလောင်းကိုမီးများလုံး၀အတိ‌ လောင်ကျွမ်းသွားသောအခါ လက်စွပ်ကိုပျော်ပျော်ရွှင်ရွှင်ပြန်ထုတ်ယူလိုက်၏။

လက်စွပ်ကို စိတ်ဝိညာဉ်အာရုံဖြင့်ကြည့်လိုက်သောအခါ သူ့လက်စွပ်ထက် ဤသိုလှောင်လက်စွပ်က နေရာပိုကျယ်နေတာကိုတွေ့လိုက်ရသည်။

အတွင်းစည်း၏ အကြီးတန်းဂိုဏ်းသားတစ်ယောက်အနေနှင့်ကတော့ ဒီလောက်တော့ရှိသင့်ပေသည်။

အချို့ ဝေရာ၀စ္စမစ္စည်းအချို့မှအပ လက်စွပ်တစ်ခုလုံးကို ထောင်နှင့် သောင်းနှင့်ချီသော တောင်လိုပုံနေသည့် စိတ်ဝိညာဉ်ကျောက်တုံးများက နေရာယူထားသည်။ စုရှောင်ရှန်ထိုမျှ များပြားသော စိတ်ဝိညာဉ်ကျောက်တုံးများကို ဘ၀တွင်တစ်ခါမှ မမြင်ဖူးလေရာ သွားရည်များကျလာတော့သည်။

မိုးတိမ်လေပြိုင်ပွဲ၌ ခက်ခက်ခဲခဲ တိုက်ခိုက်ပြီးနောက် ရလာသော ဆုလဒ်တွေထက်ပင် ထိုစိတ်ဝိညာဉ်ကျောက်တုံးများက ပို၍ တန်ဖိုးရှိနေ၏။ လူအများ အဘယ်ကြောင့် သူခိုး၊ ‌ဓားပြ ဖြစ်လာချင်ကြလဲမဆန်းတော့ပါ။

“ထွီး ငါစုရှောင်ရှန်က ‌တရားမျှတပြီး လူကြီး လူကောင်းတစ်ယောက်ကွ။ ဒီလိုအောက်တန်းကျတဲ့အရာကို မလုပ်ဘူး”

သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများကို စုရှောင်ရှန် တစ်ခုခြင်း စီစစ်ကြည့် လိုက်သည်။

စိတ်ဝိညာဉ်ကျောက်တုံးများမှအပ ‌ဆေးပုလင်းများစွာလည်းရှိသည်။ စိတ်ဝိညာဉ်ဆေးလုံး၊ ရွှေနီဆေးလုံး… ထိုသို့ အခြေခံဆေးလုံးမျိုးထောင်နှင့်ချီ၍ ရှိ၏။

စုရှောင်ရှန် ပါးစပ်ဟောင်းလောင်းဖြစ်သွားသည်။

“ငါချမ်းသာလိုက်တာ ပြီးတော့… မူလနန်းတော်ဆေးလုံး”

ထိုရင်းနှီးသော အသုံးမပြုရသေးသည့်ဆေးလုံး ရာနှင့်ချီ၍ မြင်လိုက်ရရာ စုရှောင်ရှန် အံ့အားသင့်သွားတော့သည်။

“ဘုရားရေ ဒီယွမ်တုဒါတွေနဲ့အပြည့်သိုလှောင်လက်စွပ်ကိုဖြည့်ဖို့ ဘယ်လောက်တောင်ကြာမြင့်လိုက်မလဲ”

စုရှောင်ရှန်အချိန်အတော်ကြာအောင်ရှာကြည့်လိုက်သော်လည်း သူလိုချင်သည့် ရွှေရောင်သွေးစက်ကိုမတွေ့ပါချေ။ ထိုကဲ့သို့ အဖိုးတန်သောအရာကို ယွမ်တုလည်း တစ်စက်သာရှိပုံရသည်။

“နှမျောစရာပဲ။ သူ့မှာသာ တစ်စက်ပဲရှိမယ်ဆိုတာ သိရင် မစားခိုင်းလိုက်ပါဘူး”

သင်ခန်းစာရသွားပြီးနောက် အနာဂါတ်၌ ရန်သူများကို မည်သည့်အခွင့်အရေးမှ မပေးတော့ပါဟု စုရှောင်ရှန် သန္ဒိဠာန်ချမှတ်လိုက်သည်။

“ကံခေတာပဲ။ ဝှက်ဖဲဆိုတာ တစ်ခါသုံးပြီးရင် ထာ၀ရကုန်ဆုံးသွားရောဆိုတာ သင်ခန်းစာယူရမယ်။ နောက်တစ်ကြိမ် ရန်သူနဲ့တွေ့တဲ့အခါ သူတို့ကို တစ်ချက်တည်းနဲ့ သတ်ပစ်ရမယ်။ ဒါမှ များများရမှာ”

စုရှောင်ရှန်ခေါင်းညိတ်လိုက်ကာ ထို “ရန်သူတွေကိုတုန့်ပြန်နည်းဗျူဟာ” ကိုစိတ်ထဲအလေးအနက် ထည့်လိုက်သည်။ ထို ရန်သူတွေကိုတုန့်ပြန်နည်းဗျူဟာမှာ အကြောင်းအရာအများကြီးမပါချေ။ ၎င်းက အတိတ်၌ ရန်သူများကို ကြုံကြိုက်ပြီးရမှ ရခဲ့သော သင်ခန်းစာများပေါင်းထားခြင်းဖြစ်သည်။

လျှိုကျန်း : ကျင့်ကြံခြင်းကို ဖုန်းကွယ်ထားတတ်သော ရန်သူမျိုး။

၀မ်ချောင် : ချောင်းမြောင်းတိုက်ခိုက်ဖို့ တကယ့် နေရာကိုမှ‌ ရွေးသူ။

ဖုန်းကုန်း : ရန်သူရဲ့ ကျင့်ကြံမှုစွမ်းရည်တွေက ထင်ထားသလောက်မမြင့်ပါပေ။

ယခုတော့ တစ်ခုအသစ်ထပ်တိုးလယသည်။

ယွမ်တု : ဆုလဒ်ကြီးကြီးရအောင် ရန်သူကို တစ်ချက်တည်းဖြင့်သတ်ဖြတ်ခြင်း။

ထို မှတ်ချက်များကို တကယ် ချရေးလိုက်ပြီးနောက် စုရှောင်ရှန် သူ့ကိုသူအားပေးလိုက်သည်။ “တောင့်ထား စုရှောင်ရှန်။ ရှေ့ဆက်လျှောက်ရမယ့် ခရီးလမ်းက ဝေးသေးတယ်။ ဘ၀သင်ခန်းစာဆိုတာလဲ များလာမှ တိုးတက်လာစေတာမျိုး”

လက်စွပ်ကို အပြောင်ရှင်းပြီးသည်နှင့် တခြားသာမန်ပစ္စည်းများကိုလည်း ‌မီးရှို့လိုက်သည်။ ထို့နောက် သူ့စိတ်ဝိညာဉ်အသိဖြင့် အနီးနားတစ်ဝိုက်တွင် လူရှိလား ‌စစ်ဆေးကြည့်လိုက်သည်။

“ကောင်းပြီလေ ခေါင်းပြားက လုံး၀ လူပျောက် ဖြစ်သွားပြီ”

စုရှောင်ရှန် ဤကြမ္မာငင်သည့်နေရာမှ အလျှင်အမြန်ပျံထွက်သွားလိုက်သည်။ ထိုတိုက်ပွဲက မထင်မှတ်ထားသည့် အကွေ့အကောက်များဖြင့် ပြည့်နေကာ ရွှေရောင်သွေးကြောင့် သူလည်း ဒဏ်ရာရသွားရသည်။ ထို့အပြင်ကို သူဘယ်လောက်သန်မာသလဲ။ တိုက်ခိုက်စွမ်းရည်ရှိတလဲဆိုတာကိုပါ သိလိုက်ရ၏။

သူ့ထာ၀ရအသက်စွမ်းအင်နှင့် ကြော့ကွင်းတို့ဖြင့် ရေရှည်တိုက်ပွဲကို လုပ်ဆောင်နိုင်နေ၏။ တစ်ချက်တည်းဖြင့်သာ သူ့ကိုမသတ်နိုင်လျှင် သေခြင်းက သူ့ရန်သူများထံရောက်လာပေမည်။

သူ့ပြိုင်ဘက်တွင် အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်မရှိ၍ကတော့ ပြီးပြည့်စုံသော ပင်ကိုယ်စွမ်းရည်များ၏ အထောက်အပံ့ကြောင့် မြေပြင်တွင်ပြားပြား၀တ်သွားအောင် အေးဆေးလုပ်ဆောင်နိုင်လိမ့်မည်။

သူဖန်တီးလိုက်သော မီးဘောလုံးလက်သီးလေးက သူနှင့် သူ့ပြိုင်ဘက်၏ စွမ်းရည်ကွာခြားမှုတို့အပေါ် မူတည်ပြီးဖောက်ခွဲနိုင်သည်။ ဒီ‌တစ်ခေါက်ရလဒ်က ကျေနပ်လောက်စရာကောင်း၏။ စုရှောင်သာ လျှောက်တိုက်လိုက်မယ်ဆိုရင်တော့ ရန်သူများ အရိုးတစ်ခြား၊ အသားတစ်ခြား ဖြစ်သွားနိုင်သည်။

အဆုံးသတ်မှာ အသုံးပြုလိုက်တဲ့ “ရာသီကုန်နှင်းများအကြားမှ အနောက်လေ” ဆိုသည့် နာမည်နှင့်ပတ်သက်ပြီးစုရှောင်ရှန် ကျေနပ်နေ၏။ နောက်ဆုံးတော့ လေလွင့်တိမ်တိုက်နာမည် အစဉ်လိုက်မှ ရုန်းထွက်နိုင်ပြီး နာမည်ပေးတဲ့စနစ်တစ်ခု တီထွင်နိုင်လိုက်သည်။ နည်းးနစ်များကိုနာမည်ပေးရာ၌ သူက ပါရမီရှင်လေးတောင်ဖြစ်နိုင်၏။

ထိုနည်းစနစ်က လျင်မြန်မှုနှင့် ဓားထုတ်ဓားကွက်၏ ခုတ်ဖြတ်ခြင်းစွမ်းပကားတို့ကိုပေါင်းစပ်အသုံးပြုပြီး ‌လျှပ်တပြက် ခေါင်းဖြတ်ခြင်းက အနှစ်ဖြစ်သည်။ ၎င်း၏ အဖျက်စွမ်းအားက ထိုမျှလောက်မဟုတ်ပါပေ။

အဓိက အချက်က ရန်သူအနောက်၌ လျှပ်တပြက်ပေါ်လာပြီးနောက် ဖြည်းဖြည်းချင်း ဓားကိုထုတ်ကာ ရန်သူကို အဆုံးသတ်ပေးလိုက်ခြင်းဖြစ်သည်။

လျင်မြန်မှုနှင့်ဆို သူ့စိတ်ကူးယဉ် နည်းစနစ်များကို ဖန်တီးလာနိုင်တော့သည်။ တစ်ခုတည်းလိုနေတာက ဗီလိန်တို့၏ ပြရုပ် စကားပေါခြင်းဖြစ်သည်။ သူသာ စကားနည်းနည်းသာပြောခဲ့လျှင် အခြေအနေက ယခုထက် အများကြီးပိုကောင်းနိုင်လောက်၏။

“ထားပါ ‌ခြေတစ်လှမ်းပေးတာ ‌အလှမ်းတစ်ရာလောက်ယူလို့မှမရဘဲ။ အေးဆေးပေါ့”

ဟူးးး…။

စုရှောင်ရှန်၏ စိတ်ခံစားချက်ကို အာရုံခံမိပြီးနောက် အနက်ရောင်ဓားအိမ် တိတ်တခိုးနာကျင်ခြင်းနှင့်အတူ သိုလှောင်လက်စွပ်ထဲမှ ထွက်လိုက်သည်။

စုရှောင်ရှန် အလန့်တကြား ဓားအိမ်ကို ချက်ခြင်းဆုပ်ကိုင်လိုက်၏။ ဒီအရာက သူ့ကို သခင်အဖြစ်အသိအမှတ်ပြုထားတယ်ဆိုပေမယ့် စုရှောင်ရှန် ‌ပေါ့ပေါ့ဆဆ မနေရဲပါလေ။

သူ့လက်ဖြင့်ကိုင်ထားရမှ စိတ်သက်သာရာ ရတော့သည်။ တိတ်တခိုးနာကျင်ခြင်းက စုရှောင်ရှန်၏ ဘက်လိုက်သော အပြုအမူနှင့်ပတ်သက်ပြီး မကျေနပ်သကဲ့သို့ အသံပေးနေသည်။

စုရှောင်ရှန် ရယ်ချင်သွားသည်။ ဓားအိမ်နှင့် ပတ်သက်ပြီး ညီတူမျှတူ ခံစားခွင့် ဘယ်ရမလဲ။

ထို ရွက်တစ်ထောင် အနက်ရောင် ရေတံခွန်စီးဆင်းခြင်းက ယွမ်တုကိုပဲ မဟုတ် အသုံးပြုလိုက်တဲ့ သူ့ကိုပါ မှင်တက်သွားစေခဲ့သည်။

ကနဦးက ဓားထုတ်ဓားကွက်ကိုသာ ပို၍ အဖျက်စွမ်းအားကြီးအောင်လုပ်ချင်ခြင်းသာဖြစ်သည်။ ဓားအိမ်၏ ပူးပေါင်းမှုကြောင့် ပမာဏက အဆတစ်ထောင်လောက်ပိုသာသွားမည်ဟု မထင်ပါပေ။

ထိုဖြစ်စဉ်က လူတစ်ဦးတစ်ယောက်တည်းလောက်တိုက်ခိုက်နိုင်သော နည်းစနစ်ကို အဖွဲ့လိုက် တိုက်ခိုက်နိုင်သော နည်းစနစ်အဖြစ် ပြောင်းပေးလိုက်၏။

“ကျစ်… ငါ စုရှောင်ရှန် ငါတောင်မသိလိုက်ဘဲ ဒီလောက် သန်မာလာတယ်ပေါ့”

စုရှောင်ရှန် စိတ်လှုပ်တရှား ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး ကောင်းကင်ယံကို ပျံတက်သွားလိုက်သည်။

“စိတ်လျော့ စိတ်လျော့ …”

တစ်အောင့်ကြာသော်် စိတ်လျော့လိုက်ပြီး ကျောက်စိမ်းစာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။

၎င်းက မုကျစ်ရှီသူ့ကိုပေးထားသော ထျန်းရွှမ်တံခါး၏ မြေပုံဖြစ်သည်။ သူ့နဖူးပေါ်တင်လိုက်ရာ အကြောင်းအရာများ စိတ်ထဲတန်းပေါ်လာတော့သည်။

“ငါဘယ်သွားရမလဲ” စုရှောင်ရှန် လည်ပင်းကိုကုတ်ရင်း စဉ်းစားလိုက်သည်။

သူ့အထင်ကတော့ လေ့ကျင့်ရေး နယ်မြေတစ်ခုစီတိုင်းမှာ အနက်ရောင်ဓားအိမ်နှင့် တန်ဖိုးတူသည့် ရတနာများ ရှိကိုရှိရမည်။ မြေပုံပေါ်တွင် အမှတ်ကြီး (၁၂) ခုရှိရာ နယ်မြေ (၁၂) ခုနှင့် ရတနာ (၁၂) ခု ဖြစ်သည်။

အချိန်ကို ကြည့်ရသလောက်တော့ ထျန်းရွှမ်တံခါးမှထွက်ရန် တစ်ရက်ကျော်ကျော်လောက်လိုသေးသည်။

“အချိန်တိုအတွင်းမှာ ဒီရတနာတွေအားလုံးကို သိမ်းကြုံးယူဖို့ဆိုတာမဖြစ်နိုင်ဘူး။ ဒါပေမယ့် တစ်ခု နှစ်ခုတော့ ရအောင်ယူရမယ်…”

စုရှောင်ရှန် မြေပုံကို ပြန်ကြည့်ရာ အခြားအမှတ်များဖြင့် ကွဲနေသော အမှတ်ခြစ်ကြီးနှစ်ခုကို သတိထားမိလိုက်သည်။

တစ်ခုက သူရောက်သွားခဲ့သော အနက်ရောင် ရေတံခွန် ချောက်ကမ်းပါးဖြစ်ပြီး နောက်တစ်ခုက မုကျစ်ရှီသွားလေ့ကျင့်သော စန်းလျှိုသစ်တောဖြစ်သည်။

“အဖိုးကြီး ငါတို့အတွက် မှတ်ပေးထားတာဖြစ်မယ်” စုရှောင်ရှန် ခန့်မှန်းလိုက်သည်။ အကြီးအကဲစန်းက တကူးတက သူ့တို့ကို လေ့ကျင့်ဖို့အတွက် ဤနေရာများကို မှတ်ပေးထားခြင်းဖြစ်ရမည်။

အဖိုးကြီးကိုယ်တိုင်က သွားဖို့ တိုက်တွန်းမှတော့ ထိုနှစ်နေရာက ထျန်းရွှမ်တံခါးအတွင်း အကောင်းဆုံးနေရာများ ဖြစ်နိုင်ခြေရှိသည်။ အကောင်းဆုံးနေရာကလည်း ‌အကောင်းဆုံးရတနာတွေရှိမှာပဲ။

စုရှောင်ရှန်လည်း အကောင်းဆုံးကိုလိုချင်သောကြောင့် စိတ်ပိုင်းဖြတ်လိုက်တော့သည် ။

ကောင်းကင်မှ ကြယ်က အမြဲမြောက်အရပ်ကို ညွှန်ပြနေပေသည်။ စုရှောင်ရှန် သွားရမည့်လမ်းရှာတွေ့ကာ တဟုန်ထိုးပြေးသွားတော့သည်။

“ဆရာတူညီမလေး နင့်အကိုကြီးက နင့်စီကိုလာနေပြီနော်”

အပိုင်း (၁၅၃) : စန်းလျှိုသစ်တော၊ စိတ်ဝိညာဉ်အသက်တံဆိပ်ပြား

ရှေးဟောင်းသစ်ပင်ကြီးများက ကောင်းကင်နှင့် မြေပြင်တစ်လျှောက်ကို ဖုံးလွှမ်းကာ ထူထပ်စွာ ပေါက်ရောက်နေသည်။

ထျန်းရွမ်တံခါးရှိအခြား လေ့ကျင့်ရေးနယ်ပယ်များလို ခြောက်ခြားဖွယ်ရာ၀န်းကျင်အနေအထားနှင့်မဟုတ်ဘဲ ဒီနေရာက အသက်စွမ်းအင်များဖြင့် ပြည့်နေသည်။

သစ်ပင်ကြီးများမှ အပေါက်ကြီးများမှာ ရှဉ့် အသိုက်များ များစွာ ထားရှိနိုင်လောက်အောင်ကြီးကြသည်။

ကောင်းကင်၌ ထူထပ်စွာပေါက်ရောက်နေသော အပင်များအကြားမှ နေရောင်‌က ခက်ခက်ခဲခဲ ထိုးဖောက်၀င်ရောက်‌ကာ ရှေးဟောင်းရေတွင်လေးတစ်ခုအပေါ် သာနေသည်။ စိတ်ဝိညာဉ်စွမ်းအင်တို့နှင့် အသက်စွမ်းအင်တို့က ရောစပ်ကာ အနက်ရောင်စုပ်ခွက်ကြီးတစ်ခုအတွင်းသို့ အရှိန်အဟုန်ပြင်းစွာ၀င်ရောက်နေကြသည်။

လေလာရာလမ်းကြောင်းကလည်း ကလေးမလေးတစ်ယောက်သီသို့ ဦးတည်နေ၏။

“ဝူးး ဝူးး ဝူးး…”

အစိမ်းရောင်စွမ်းအင်တို့ဖြင့် ဖုံးလွှမ်းနေသော မုကျစ်ရှီကိုယ်လေးက သာယာမှုနှင့် ပျော်ရွှင်မှုတို့ကြောင့် တဆတ်ဆတ်တုန်ခါနေပြီး ပါးစပ်မှလည်း အမြှပ်များပလုံစီထနေသည်။

သူမက အသားကင်ပြားပေါ်က ဆားလူးထားသည့် ငါးအလား ဟိုလှိမ့် ဒီလှိမ့်နှင့် အသက်စွမ်းအင်မျာကို စုပ်ယူနေတော့၏။

အဓိက အသက်စွမ်းအင် အရင်းအမြစ်က သူမ၏ အောက်ရှိ ရေတွင်းကြီးမှ လာလေသည်။

ထိုရွှေစိမ်းရောင်စွမ်းအင်များက သူမ၏ ဒန်ထျန်ထဲတို့ အတင်းထိုးဖောက်၀င်ရောက်နေကြသည်။ ဤသို့သောအခြေအနေတွင် မုကျစ်ရှီ ရှိနေတာ တစ်ရက်ကျော်ကြာခဲ့ပြီဖြစ်ပြီး စွမ်းအင်များနှင့် ပေါင်းစပ်မှုကြောင့် သူမ၏ ကျင့်ကြံခြင်းနယ်ပယ်ကလည်း အဆင့်တက်လာတော့သည်။

မူလနန်းတော်၏ အလယ်ပိုင်းအဆင့်ကိုတောင်ကျော်ကာ အစောပိုင်းအဆင့်မှ နှောင်းပိုင်းအဆင့်ထိ တစ်ချက်တည်းရောက်ရှိသွားပြီး ဆက်လက်၍လည်း တိုးမြင့်နေသေးသည်။

“ပလုံ ပလုံ”

ရှေးဟောင်းရေကန်အတွင်း လှုပ်လှုပ်ရှားရှားရုပ်ချည်းဖြစ်လာသည်။ ‌ကြည့်‌ရတာ ရေပွက်များဆူထလာခြင်းဖြစ်ဟန်ရသည်။

ရွှေစိမ်းရောင်စွမ်းအင်ထွက်လာနှုန်းက ပို၍ ကြီးမားလာပြီး ပို၍လည်း ထူထပ်လာသည်။ မသိလျှင် အတွင်းမှ တစ်စုံတစ်ခု ပေါက်ကွဲသွားသလို အသက်စွမ်းအင်များကို သူမတူအောင် ထုတ်လွှတ်တော့၏။

ဘုန်းးး…။

ရုတ်တရက် ရှေးဟောင်းရေတွင်းတစ်ခုလုံး အပြင်းအထန် တုန်ခါသွားကာ ရွှေစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအလင်းက တိုက်တိုက်ဆိုင်ဆိုင် ယခုမှ လှိမ့်နေရင်း မှောက်ယှက်ကြီး ဖြစ်သွားသော မုကျစ်ရှီ၏ ပါးစပ်ထဲကို ၀င်သွားသည်။

“အွတ်” အသက်ရှူကြပ်သွားသဖြင့် ထို သေရည်မူးနေသော ကလေးမလေး အသိပြန်လည်လာကာ ချက်ခြင်း အာခေါင်ထဲကို လက်တစ်ချောင်းနှိုက်လိုက်သည်။

“ဝေါ့ ဝေါ့”

မုကျစ်ရှီနှစ်ကြိမ်မျှ အန်ပြီးတာတောင် ထိုအရာက လည်ချောင်းအတွင်း တင်ခံနေကာ ထွက်လာမည့်ပုံမရပါပေ။ ပါးစပ်ထောင့်မှလည်း သွားရည်များစီးကျလာပြီး မျက်ဖြူလှန်သွားတော့သည်။

“ငါ… ငါ ဒီလို အူကြောင်ကြောင်ကြီးသေရတာ့မှာလား”

သူမ၏ အနီနက်ရောင်မျက်၀န်းများမှ မျက်ရည်ပူများ ပါးပြင်တစ်လျှောက်ကို စီးဆင်းလာတော့၏။

မသေခင်မှာ ဘ၀က တစ်ခန်းဖြတ် လျှပ်တပြက် လက်သွားတတ်သည်ဟု ဆိုကြသလို မုကျစ်ရှီ အသက်ရှူရန် ရုန်းကန်နေရင်း ဘ၀တစ်လျှောက်က မှတ်မိနိုင်သလောက် မှတ်ဉာဏ်များကို ပြန်မြင်ယောင်လိုက်သည်။

ထို့နောက် ထျန်းရွှမ်တံခါး၀င်သည့်အချိန်ကိုရောက်မှ ဆက်လက်မမြင်ယောင်တော့ဘဲ ရပ်တန့်သွားသည်။

“သေချာတာပေါ့ ငါလိမ်ခံလိုက်ရတာ”

သူမ၏ ပါးပြင်ပေါ်မှ မျက်ရည်များကိုသုတ်လိုက်ပြီး လည်းချောင်းတွင် တင်ခံနေသော အရာကို စိတ်ဝိညာဉ်အနှစ်ဖြင့် တွန်းထုတ်ရန်လုပ်လိုက်သည်။ ထင်မှတ်မထားစွာ စိတ်ဝိာာာဉ်အနှစ်နှင့် ‌ထိ‌တွေသောအခါ ထိုအရာက သူရှေးဟောင်းရေတွင်းမှ စုပ်ယူခဲ့သော ပမာဏထက် ပိုမိုသော အသက်စွမ်းအင်များကို ရုတ်ချည်း ထုတ်လွှတ်ပေးလိုက်၏။

“အွတ်”

မုကျစ်ရှီ၏ မျက်ရည်ရွှန်းလဲ့ နေသော မျက်၀န်းက‌လေးများက မယုံကြည်နိုင်မှုတို့နှင့်ပြည့်နေသည်။ ကိုယ်ကိုကွေးပြီး တတ်နိုင်သလောက် ဗိုက်ကို ဖိထားလိုက်တော့သည်။

သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများမှ မွှေးရနံ့များ ထွက်လာကာ သစ်တောအတွင်းရှိ သစ်ပင်မှ အကိုင်းအခြောက်များ ထို ရင်းမြစ်ရှိရာသို့ ဆန့်ထုတ်ကုန်ကြ၏။

အင်းးး…။

ညုတုတု ညည်းသံကလေးထွက်လာခဲ့သည်။ စုရှောင်ရှန်သာ ဤနေရာ၌ ရှိပါက ကိုယ်ချင်းစာမိပေမည်။ သူတို့အဖြစ်များက ဆရာတူမောင်နှမလို့မပြောရဘူး ဆင်တူလွန်းလှ၏။

စိတ်ဝိညာဉ်စွမ်းအင်များ ရုန်းရင်းဆန်ခတ်ဖြစ်လာပြီး သူမ၏ ကျင့်ကြံခြင်းလည်း မူလနန်းတော်နှောင်းပိုင်းမှ အထွတ်အထိပ်အဆင့်ထိ တစ်ခါတည်းချိုးဖျက်သွားတော့သည်။

ဤသို့ချောမွေ့သော အဆင့်တက်မှုကိုမြင်သည့်လူတိုင်း ပါးစပ်အဟောင်းသားဖြစ်သွားကြရပေမည်။

မူလနန်းတော်၌ အစောပိုင်းဖြစ်စေ အလယ်ပိုင်းဖြစ်စေ အဆင့်တက်ရန် လိုအပ်သည့် စိတ်ဝိညာဉ်စွမ်းအင်ပမာဏက စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် (၁၀) ဆင့်စလုံး ပေါင်းခြင်းထက်ပိုသည်။ ယခုတော့ ဒီကောင်မလေးက ဒီလို အ‌စောပိုင်းမှ အထွတ်အထိပ်အထိအဆင့်တက်သွားခဲ့၏။

သူမ၏ နှစ်မွှာကျစ်ဆံမြှီးနှစ်ခုလေထဲလူးလွင့်သွားရင်း သစ်ပင်များသူမကို အထက်ထိပ်ပိုင်းအထိသို့ မသွားလိုက်ကြသည်။ သို့မှ လေရော့သွားသည့် ပူစီပေါင်းနှယ် ကိုယ်က ပြန်သေးသွားသည်။

ဝေါ့…။

သူမ လက်သီးအရွယ်အစားလောက်ရှိသည့် လှပသော တံဆိပ်ပြားလေးတစ်ခုကို အန်ထုတ်လိုက်သည်။ ထိုအရာကို အလျင်အမြန်ကောက်ယူပြီး ဆန်းစစ်ကြည့်များ သူမ၏ မျက်လုံးသေးသေးလေးများ ချက်ခြင်း ပြူးကျယ်သွား၏။

ဘယ်လိုလုပ်ဒီလောက်ကြီးတဲ့ တံဆိပ်ပြားက သူမ လည်မျိုထဲကို ၀င်နိုင်တာလဲ။ မှင်တက်နေသော မုကျစ်ရှီ မြေပြင်ပေါ်သို့ တံဆိပ်ပြားကိုကိုင်ရင်း မြေပြင်သို့ ပြန်ဆင်းသက်လာသည်။ သို့မှ ၀န်းကျင်အနေအထားတစ်ခုလုံးပြောင်းလဲသွားတာကိုတွေ့လိုက်ရ၏။

ရှေးဟောင်းသစ်ပင်ကြီးများက မနေ့တစ်နေ့ကထက် လက်မအနည်းငယ် ပို၍ ရှည်ထွက်လာကြသည်။

မဟုတ်သေးဘူး…။

မုကျစ်ရှီ သေးသွားတာဟ…။

“မဖြစ်ရဘူးလေ… ငါထပ်ပြီး အသက်စွမ်းအင်တွေ အများကြီးစုပ်ယူမိသွားပြန်ပြီလားမသိဘူး”

အလန့်တကြား မုကျစ်ရှီ သူမ၏ ရင်ဘက်ကို ဖျတ်ကတည်းရိုက်လိုက်ရာ အရိုး အရိုးချင်း ထိတိုက်သံကို ကြားလိုက်ရသည်။

“အားးးး”

သူမ၏ စူးစူးရှရှ အော်သံက လေဟာနယ်တစ်လျှောက်ကိုပြန့်နှံ့သွားပြီး အပင်များပေါ်၌ နားနေကြသော ငှက်များကို လန့်ဖျပ်သွားစေ၏။ ထို့နောက် တံတွေးသီးသွားကာ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ရတော့သည်။

“ဝူး ဝူး ဝူး… ငါဘာလို့ ထပ်သေးသွားတာလဲလို့”

ကလေးမလေး ရှေးဟောင်းရေတွင်းအနားတွင် ဖင်ထိုင်ကျသွားပြီး ဒူးနှစ်ဖက်ကို ဖက်ထားလိုက်တော့၏။ ထို့နောက် ရေတွင်းထဲကိုငုံ့ကြည့်လိုက်သည်။ မှေးမှိန်သော အလင်းသာရှိ‌တယ်ဆိုပေမယ့် ရေပြင်ထက်တွင် အလင်းပြန်လာသော သူမ၏ ပုံရိပ်ကိုမြင်လိုက်ရသည်။ သူမ၏ ပါး၌ ကလေးအဆီများနှင့် ဖောင်းဖောင်းလေးပြန်ဖြစ်လာတာကိုတွေ့လိုက်ရသည်။

“ဝူး ဝူး ဝူးးး”

သူမ၏ ရှိုက်ကြီးတငင်ငိုသံများအကြားအတွင် နောင်တ တရားများ တစ်စွန်းတစ်စပါနေသည်။ အဘယ်ကြောင့် သူမ၏ ဖွံ့ဖြိုးလာသော ခန္ဓာကိုယ်လေး နောက်ပြန်ကျုံ့သွားရတာလဲ။

ထို့နောက် သူမ၏ နှစ်မွှာကျစ်ဆံမြှီးကို လက်တစ်ဖက်ဖြင့်ကိုင်ကာ ကျန်လက်တစ်ဖက်က ရွှေစိမ်းရောင်တံဆိပ်ပြားကို လေထဲကိုင်မြှောက်လှုပ်ရမ်းလိုက်၏။

“ချီးပဲ။ ထပ်ပြီး အသက်စွမ်းအင်တွေ ဆုပ်ယူတော့ပါဘူး”

ခရက်

မြေပြင်မှ သစ်ကိုင်းခြောက် ကျိုးသံတစ်ခုကြားလိုက်ရသည်။

မုကျစ်ရှီ ရွှေစိမ်းရောင် တံဆိပ်ပြားကို အလျှင်အမြန် အောက်ပြန်ချကာ အသံထွက်ပေါ်လာရာ ဦးတည်ဘက်ကိုလှည့်ကြည့်လိုက်သဖြင့် သူမ၏ နှစ်မွှာကျစ်ဆံမြှီး လေထဲတွင် လူးလွင့်သွားသည်။

“ဂိုဏ်းတူ အမမို”

ထိုသူက မိုမို ဖြစ်သည်။ သူမက အစိမ်းဖျော့ဖျော့ကို၀တ်ထားပြီး ကြေးမီးဖိုအိုးကြီးကိုလည်း လက်ထဲ၌ ကိုင်ထား၏။ တည်ငြိမ်စဲ၊ ကျက်သရေရှိစဲ၊ လှပစဲ။

မုကျစ်ရှီလက်ထဲမှ ရွှေစိမ်းရောင်တံဆိပ်ပြားကိုမြင်သောအခါ မိုမို တအံ့တအားရေရွတ်မိသည်။ “စိတ်ဝိညာဉ်အသက်တံဆိပ်ပြား။ နင်တကယ် ရသွားတယ်ပေါ့”

၎င်းက တကယ် စိတ်ဝိညာဉ်အသက်တံဆိပ်ပြားဖြစ်နေသည်။ မုကျစ်ရှီ၏ မျက်တောင်ရှည်လေးများ ပုတ်ခတ်သွားပြီး လက်ထဲမှ တံဆိပ်ပြားကို မသိမသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မိလိုက်၏။

“ဒါ ငါ့ဟာ” သူမ ကိုယ်ကို တစ်ချက် တိမ်းစောင်းလိုက်သည်။ သတိချပ်ထားပုံရသည်။

၎င်းက သူမ၏ လည်မျိုထဲမှ နာကြင်စွာ ခက်ခက်ခဲခဲ ထုတ်ပြီးမှ ရလာသော အရာဖြစ်သည်။ ထိုအရာက ဘာလဲ ဘယ်လိုထွက်လာတာလဲမသိပေမယ့် ၎င်းမှ ထုတ်လွှတ်လိုက်သည့် အသက်စွမ်းအင်အရတော့ အလွန်တရား တန်ဖိုးကြီးသော ရတနာဖြစ်လောက်သည်။

ဒီအရာနဲ့ဆို “အသက်စွမ်းအင်စုသည်းခြင်းဆေးလုံး” တွေအပေါ်မှာ ပိုက်ဆံဖြုန်းစရာလိုတော့မည် မဟုတ်ဘဲ ဂါ၀န်လှလှလေးများ၊ သရေစာလေးများ ၀ယ်ယူနိုင်မည်ဖြစ်၏။

“ငါ့ကိုပေးလို့ရမလား။ ငါအစားထိုးပြီးတစ်ခုခုပြန်ပေးပါ့မယ်” မိုမို အနီးသို့ ကပ်လာရင်းဆိုသည်။

“မပေးဘူး” မုကျစ်ရှီ အသိပေးချက်ခေါင်းလောင်းများညံ့သွားပြီး အလန့်တကြား နောက်သို့ လျှင်မြန်စွာ ဆုတ်သွားသည်။

သူမက မိုမိုနှင့် အဲ့လောက်လည်း မရင်းနှီးပါပေ။ တကယ်ဆို စကားတောင်မပြောဖူးချေ။ ဒီတိုင်း အပြင်စည်း၏ ဝါအကြီးဆုံး အမကြီးဖြစ်သည့်အတွက်သာ မိုးတိမ်လေပြိုင်ပွဲ၌ မျက်စိဒေါက်ထောက်ကြည့်ဖူး၏။

ဆဌမ အာရုံလို့ပဲပြောရမလား မိုမို အန္တရာယ်ရှိတာကို အတွင်းစိတ်ထဲမှ အလိုလိုနေရင်းကို သိနေ၏။

စုရှောင်ရှန်က သန်မာလွန်းပေမယ့် မိုမို့လောက်တော့ အန္တရာယ်မရှိပါပေ။

“ငါတကယ် လိုလို့ပါ” မိုမို့ ကြည့်ရတာ လေးနက်နေပုံပေါ်သည်။

မုကျစ်ရှီ စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကို လက်ထဲမှာ ပိုက်ထားရင်း နောက်သို့ဆက်တိုက်ဆုတ်သွား၏။ “ငါလည်း လိုတယ်” သူမ အလေးအနက်ပြောသည်။

“…”

အရာအားလုံးဆိတ်ငြိမ်ကျသွားသည်။ သည်းထန်စွာတိုက်ခတ်နေသော လေက သဲမှုန်များ၊ ကျောက်တုံးများကို တစ်ပါးတည်း ဆောင်ကျဉ်းသွား၏။ သစ်ပင်၊ မြက်ပင်များလည်း အနည်းငယ် တစ်ဘက်သို့ စောင်းသွားသည်။

မုကျစ်ရှီကို မိုမို ကြည့်လိုက်ပြီး “ဒါဆိုရင်တော့ ငါလက်ပါရလိမ့်မယ်”

“လုပ်လေ လုပ်ပေါ့” သစ်ပင်ထိပ်တစ်ခုကို မုကျစ်ရှီ ခုန်တက်လိုက်သည်။ ထို့နောက် အသာအယာပြုံးကာဆို၏။ “ဒါပေမယ့် ဒါက ငါ့နယ်မြေနော်။ နင်ငါ့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး”

မိုမို တုန့်ဆိုင်းသွားသည်။

မုကျစ်ရှီက မူလနန်းတော်အထွတ်အထိပ်၌ ရှိနေပြီး စန်းလျှိုသစ်တော ရေမြေနေထားနှင့်ဆို အလွန်ကိုင်တွယ်ရခက်သော တိုက်ခိုက်စွမ်းရည်နှင့် ပြိုင်ဘက်တစ်ဦး ဖြစ်လာပေပြီ။

ဗလာနယ်ပယ်က မိုမိုကိုမဆိုထားဘိ အဆင့်မြင့်စိတ်ဝိညာဉ်နယ်ပယ်ကတောင် သူမ၏ လက်ထဲတွင် ခံစားရပေမည်။

မိုမို တိုက်ခိုက်ဖို့ တွေဝေနေချိန်သူမ၏ ညာဘက်လက် အနည်းငယ် တုန်ခါသွားပြီး ထိုအတွေးများကို လုံးလုံးဖယ်ထုတ်လိုက်တော့သည်။

သစ်ပင်ထိပ်မှ အစိမ်း၀တ် မိန်းမငယ်လေးကို တစ်ချက်ပြန်ကြည့်ပြီး ညှင်ညှင်သာသာပြောလိုက်သည်။ “သတိထား”

ရွှစ်…။

ထိုမှတ်ချက်ပြုပြီးနောက် မိုမို ရုပ်ချည်း ပျောက်ကွယ်သွားသည်။

မုကျစ်ရှီ၏ မျက်၀န်းများတွင် မီးများတောက်‌လောင်လာ၏။

မုကျစ်ရှီတွင် မိုမိုနှင့် တိုက်ခိုက်ချင်စိတ်မရှိရပါ။ ယခု မိုမို့ဘက်က စလာပြီ‌ဆိုမှတော့ သူမလည်း နောက်တွန့်နေ၍ မဖြစ်‌ချေ။

“သစ်‌ပင်လေးတို့ ထကြ” လက်ခုပ်တစ်ချက်တီးလိုက်ပြီး ချိုမြိန်စွာ‌ဆိုလိုက်သည်။

ရွှစ် ရွှစ် ရွှစ်

ပေတစ်ရာပတ်လည်အတွင်းရှိ သစ်ပင်များ ချက်ခြင်း ထကြွလာကြသည်။ အသိရှိလာသလိုမျိုး ပင်စည်တွေ၊ အကိုင်းတွေ တွန့်လိမ်ကာ ရှည်ထွက်လာကြ၏။

“လှိုင်းးး”

မရေမတွက်နိုင်သော အကိုင်းအခတ်များက မရေမတွက်နိုင်သောငါးကြင်းများ ကမ်းစပ်ဘယ်သူ အရင်ရောက်ရောက် မြစ်ရေကို ဖြတ်သကဲသို့ ရစ်ပတ် သိုင်းဖက်ပြီး တိုး၀င်သွားကြသည်။

ဘုန်းးး…။

မိုမိုဘယ်မှာရှိနေတယ်ဆိုတာ မုကျစ်ရှီမသိပေမယ့် ၀န်းကျင်တစ်ဝိုက်ကို ဒီတိုင်း ရိုက်ခတ်နေလိုက်သည်။ ထိုထိန်းမနိုင်သိမ်းမရ အကိုင်းအခတ်များ၏ ဖိရိုက်မှုအောက်၌ မိုမိုမပြောနှင့် လေတောင်မှ ရှံ့တွသွား၏။

မုကျစ်ရှီ၏ အနီးနားရှိ ကောင်းကင်ယံသို့ ပျံတက်သွားသော ပုံရိပ်တစ်ခုကိုမြင်ရသည်။

မုကျစ်ရှီ ပျာယာမခတ်သွားပါ။ ထိုပျံတက်လာသော မိုမို့မျက်နှာထက်ရှိ မှင်တက်နေမှုကြီးကို မြင်ရာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်သွားသည်။

“ဟီးဟီး”

သူမ၏ မျက်နှာထပ်၌ ခပ်ညစ်ညစ် အပြုံးတစ်ခုပေါ်လာသည်။ ထိုမှ ပွင့်ဟသွားသော နှုတ်ခမ်းအကြားတွင် ယုန်သွားနှစ်ချောင်းကို မြင်နိုင်၏။

မိုမို့ ခါးကိုရစ်ပတ်ထားသော အကိုင်းခြောက်တစ်ခုကို မုကျစ်ရှီ အာရုံစိုက်ပြီး လက်ခုပ်တစ်ချက်တီးလိုက်သည်။

ရွှစ်…။

မိုမို ဆွဲချခံလိုက်ရ၏။

“အပင်လေးတွေ အပင်ကြီးဖြစ်လာကြစမ်း”

ဘုန်းကတည်း မြည်သံဖြင့် ရှေးဟောင်းသစ်ပင်ကြီးများ မိုမိုရှိရာ ရွေ့လျားလာကြပြီး မြွေတစ်ကောင်လို စုပေါင်းကာ ရစ်ပတ်လိုက်ကြသည်။

ဘုန်းးးး…။

နောက်ထပ် ဘုန်းဟူသည့် မြည်သံကြီးနှင့်အတူ မိုမို့ကို ချုပ်နှောင်ဖို့ နောက်ထပ် အပင်တစ်ရာလောက် ‌အပြင်လွှာကနေ ရစ်ပတ်လိုက်ကြ၏။ မသိလျှင် သစ်ပင်ဖြင့် ပြုလုပ်ထားသော ကျောက်တိုင်ကြီးအလား။

ရွှတ် ရွတ်

ထောင်နှင့်ချီသော ရှေးဟောင်းသစ်ပင်များ လှုပ်ခတ်သွားကြသည်။

မုကျစ်ရှီ၏ မျက်၀န်စအတွင်းရှိ မီးတောက်များ မှေးမှိန်သွားပြီး သူမလည်း စိတ်လျော့လိုက်၏။

အေးဆေး ဘာမှမဖြစ်ဘူး။

ထို့နောက် သူမ၏ လက်သီးလေးကို ကျစ်ကျစ်ဆုပ်လိုက်ပြီး အော်လိုက်သည်။

“ပေါက်ကွဲခြင်း”

အပိုင်း (၁၅၄) သဏ္ဌာန်ခြောက်ပါး ချိတ်ပိတ်ခြင်းတံခါး

“ဒီလိုမိန်းမလှလေးကို အလှပျက်အောင်လုပ်ရမှာတော့ နှမျောစရာပဲ။ ဘာလို့ ငါ့ကိုတိုက်ခိုက်ရတာလဲ” မုကျစ်ရှီတွေးလိုက်သည်။

သူမ၏ ဦးခေါင်းကို ဂုဏ်ယူ၀င့်ကြွားစွာ ‌မော့ပြီး ကောင်းကင်ကိုကြည့်လိုက်ပြီး သူမ၏ မျက်၀န်းကြီးများအတွင်း နောင်တများက အထင်းသား။

သို့ပေမယ့် သူမထင်ထားသလို ပေါက်ကွဲသံကြီး မဖြစ်ပေါ်လာခဲ့ပါ။

မုကျစ်ရှီ ပဟေဠိဖြစ်သွားပြီး ငုံ့ကြည့်လိုက်သည်။

“ပေါက်ကွဲစမ်း”

နောက်တစ်ကြိမ် လက်ခုပ်ထပ်တီးလိုက်ရာတွင် “ဖက်” ဟူ၍သာ မြည်သွားပြီး ဘာပေါက်ကွဲမှုမှ ဖြစ်မလာပါပေ။

ဘာဖြစ်နေတာလဲ။

“ပေါက်ကွဲစမ်းးးးးးးး”

လက်ဖဝါးများနာကျင်‌သွားရလောက်အောင် လက်ခုပ်တီးလိုက်သော်လည်း တိတ်ဆိတ်စမြဲ။

ငှက်နှစ်ကောင် တောင်ပံခတ်၍ပျံသန်းသွားပုံနှင့် ၎င်းတို့၏ ကျည်ကျည်ကျာကျာ ချစ်တေးသီသံလေးများကိုသာ ကြားရခြင်းဖြင့် ၀န်းကျင်က မည်မျှ တိတ်ဆိတ်နေသလဲသိနိုင်သည်။

မုကျစ်ရှီ၏ မျက်နှာထား သုန်မှုန်သွားပြီး ဒေါသထွက်လွန်းလို့ ထိုငှက်နှစ်ကောင်ကိုတောင် သစ်ပစ်ချင်လိုက်၏။

“ဘာလို့မပေါက်ကွဲသွားတာလဲ” သူမကိုယ်သူမ သင်္ကာမကင်းမေးလိုက်သည်။

သစ်ပင်ရာဂဏာန်းလောက်လေးနှင့် ထိုသစ်သားတိုင်ကြီးကိုဆို မဆိုထားဘိ စန်းလျှိုသစ်‌တော တစ်ခုလုံးကိုတောင် သူမ ဖောက်ခွဲပစ်နိုင်ပစ်နိုင်ပါသည်။

အဟမ်း။ သစ်တောတစ်ခုလုံးတော့ ချဲ့ကားရာရောက်ပေမယ့် တစ်စိတ်တစ်ဒေသကိုတော့ ဖောက်ခွဲနိုင်ပါသည်။

ခုဘာလို့ ဘာမှ ဖြစ်မလာတာလဲ။

သူမ စဉ်းစားခန်း၀င်နေစဉ် ထိုသစ်သားတိုင်ကြီးအတွင်းမှ အသံခပ်သဲ့သဲ့လေးကို ကြားလိုက်ရသည်။

ဘုန်း…။

ဘုန်း…။

ဘုန်း ဘုန်း ဘုန်း…။

ထိုအသံက တဖြည်းဖြည်း တစ်စထက်တစ်စ ကျယ်လောင်လာခဲ့သည်။ မုကျစ်ရှီ၏ မျက်ဆံများကျုံ့သွားသည်။ ထိုသစ်သားတိုင်က အတွင်းမှ ထောင်ချောက်မိသွား၍ သားရဲ တစ်ကောင်က ဖောက်ထွက်နေသည့်အလား အဆက်မပြတ် ဖျက်ဆီးခံနေရာတာကို သူမပြောနိုင်လေသည်။

ဘန်းးးး…။

‌ထို့နောက် သစ်တိုင်ကြီးတစ်ခုလုံး အရပ်လေးမျက်နှာကိုပြန့်ကျက်သွားကာ အစိမ်း၀တ်မိန်းမပျို‌တစ်ဦး တည်ငြိမ်စွာ လမ်းလျှောက်ထွက်လာခဲ့၏။

မိုမို့ညာဘက်လက်အတွင်းရှိ ကြေးမီးဖိုအိုးမှ နံ့သာဖြူ ‌အမွှေးတိုင်မှ အခိုးအငွေ့တွေ တက်လာခဲ့သည်။ သူမက ပျော်ရွှင်မှုရော၊ အံ့ဩတုန်လှုပ်မှုရော မပြတော့ဘဲ အလွန် ကျက်သရေရှိနေသည်။

မုကျစ်ရှီ မှင်တက်သွားသည်။

“ဒဏ်ရာ တစ်ချက်မှ မရဘူးလား”

ပေါက်ကွဲမှုမဖြစ်ပွားသွားရင်တောင် ရှေးဟောင်းသစ်ပင် ရာကျော်၏ ရစ်ပတ်ခြင်းကြောင့် အနည်းဆုံး ဒဏ်ရာသေးသေးလေးတော့ မရသွားသင့်ပေဘူးလော။

သူမ ဘာလို့ အထွတ်အထိပ်အခြေအနေ၌ ရှိနေသေးတာလဲ။

သူမ၏ အ၀တ်အစားတွင် အနည်းငယ် ပေါက်ပြဲနေရုံမှ တစ်ပါး တကယ် ဘာမှ မဖြစ်သွားသည့်ပုံရသည်။

“သူမရဲ့ ကောင်းကင်စည်း‌နှောင်ခြင်း ချိတ်ပိတ်ခြင်းသံကြိုးတွေက ဒီလောက် ကြမ်းတယ်လား” မုကျစ်ရှီ၏ နှလုံးတုန်ခါသွားသည်။ သူမ ခံစားရလိုက်ရသော ပျော်ရွှင်မှုတစ်စွန်းတစ်စလေးတောင် ပျောက်ချင်းမလှ ပျောက်သွား၏။

မိုမ်ို ခေါင်းလေးသာ အသာအယာ စောင်းလိုက်ပြီး ဘာမှ မပြောလိုက်ပါ။ ထို့နောက် သူမလက်ထဲ ချိတ်စည်းတစ်ခု အပေါ်တက်သွား၏။

မုကျစ်ရှီ ရုတ်တရက် ချမ်းစိမ့်စိမ့်ခံစားလိုက်ရပြီး ကြက်သီးတဖျင်းဖျင်းထသွားသည်။ စုရှောင်ရှန်နှင့် မိုမိုတို့ကြားမှ တိုက်ပွဲကို မြင်ခဲ့ရသဖြင့် ထိုချိတ်စည်းမှာ စည်းနှောင်ခံလိုက်ရရင် သွားပြီဆိုတာ သူမသိသည်။

‘ငါ့မှာ စစ်မှန်ခြင်းဓားဆန္ဒမှ မရှိတာ။ အထူးသဖြင့် ပြိုင်ဘက်ကို ထိန်းချုပ်နိုင်တဲ့ဟာမျိုး။ ငါသာ ချိတ်ပိတ်ခံလိုက်ရရင်တော့ တိုက်ပွဲရေချိန်ကို လှန်နိုင်တော့မှာ မဟုတ်ဘူး’ သူမတွေးလိုက်သည်။

“ဘာလို့ ငါ့ကို လာတိုက်ခိုက်တာလဲ။ အီးဟီး… မတိုက်ခိုက်ချင်တော့ဘူး”

မုကျစ်ရှီ ထွက်ပြေးချင်နေပါသည်။ ဒီတိုက်ပွဲက သူမအတွက် အကျိုးလည်းမရှိပါပေ။ နိုင်သွားရင်ဘာမှ မရသည့်အပြင် ရှုံးလျှင်လဲ စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကိုပေးလိုက်ရပေမည်။

“ငါရှုံးမယ့် ဖလှယ်မှုကြီးမလုပ်ချင်ပါဘူး” ထိုသို့ပြောလိုက်ပြီးနောက် လက်နှစ်ဖက်ပြည့်အောင် အစေ့များဆုပ်ကိုင်လိုက်ပြီး အနောက်သို့ ခုန်သွားလိုက်သည်။

မိုမို တည်ငြိမ်စဲဖြစ်သည်။ ချိတ်စည်းလည်း ကောင်းကင်တွင်ရပ်သွားပြီး လေထဲ၌ ပျံဝဲနေ၏။

“ကောင်းပြီလေ”

မိုမို ဒီစကားများကိုပြောပြီးနောက် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး အရောင်ပြောင်းသွားတော့သည်။ ထို့နောက် စန်းလျှိုသစ်တော တစ်ခုလုံးကို ‌ကြက်သီးထဖွယ်ရာ အရှိန်အဝါနှင့် လေတို့ တိုက်ခိုက်သွား၏။

ရွှစ် ရွှစ်

မုကျစ်ရှီမော့ကြည့်လိုက်ရာ မဲမှောင်လာသော ကောင်းကင်ကို အထိတ်တလန့် တွေ့လိုက်ရသည်။

‘အရှင်သခင်နယ်ပယ် ဓားသမားတစ်ယောက်က တကယ်ပဲ ကောင်းကင်နဲ့ မြေပြင်က ပတ်၀န်းကျင်ကို ပြောင်းလဲနိုင်တယ်ဆိုတာ တစ်ကယ်ပဲပေါ့’ သူမတွေးလိုက်သည်။

သို့သော် မုကျစ်ရှီကို မိုမိုပြန်ကြည့်လိုက်ရာ စစ်မှန်ခြင်းနယ်ပယ်၌သာ ရှိသေးသည်ကိုတွေ့ရသည်။

“အရှင်သခင်နယ်ပယ် စိတ်ဝိညာဉ်နည်းစနစ်”

သို့ဖြင့် ဤသို့ ရှင်းပြချက်တစ်ခုသာ ကျန်တော့သည်။ ထို့ပြင် ထိုအရှင်သခင်နယ်ပယ်စိတ်ဝိညာဉ်နည်းစနစ်က အဆင့်ခပ်မြင့်မြင့်ထဲမှ ဖြစ်ပုံရသေးသည်။ ထျန်းစန်းနန်းတော်၌တောင် အဆင့်မြင့် အရှင်သခင်နယ်ပယ် နည်းစနစ်များက ရှားပါး၏။

“ဂိုဏ်းတူအမမိုရဲ့ နောက်ခံက မရိုးရှင်းဘူး…”

ယခင်ကတည်းက ခံစားခဲ့ရသော ခန့်မှန်းချက်က မှန်သွားပုံရပေမယ့် မုကျစ်ရှီ မပျော်ရွှင်နိုင်ပါပေ။ သူမ မလှုပ်လိုက်နိုင်ခင်မှာပဲ ထိုခြောက်ချားဖွယ်ရာ လေများက သစ်တောကြီး၏ ဧရိယာ ပမာဏ ကြိးကြီးကို ချိတ်ပိတ်လိုက်တော့သည်။

ထိုအခိုက်အတန့်အတွင်း စန်းလျှိုသစ်တောနှင့် အချိတ်အဆက်ပြတ်သွားသလို မုကျစ်ရှီခံစားလိုက်ရသည်။ သို့မဟုတ် ပြတ်တောက်ခြင်းဆိုတာထက် ချိတ်ပိတ်ခံလိုက်ရသည်လို့ ပြောရမလား။

သစ်ပင်များနှင့် ဆက်သွယ်လို့မရတော့ကာ ထိုအရာများမှတစ်ဆင့် ကြားခြင်း၊ မြင်ခြင်းများလည်း မပြုလုပ်နိုင်တော့ပေ။ ဒါက အစပဲရှိသေးသည်။

ထို့နောက် မုကျစ်ရှီ ခြေလှမ်းအနည်းငယ် စာလောက်ကိုသာ မြင်နိုင်တော့၏။ ကျန်အရာများအားလုံး ဝေဝါးလာတော့သည်။

ရွှစ်…။

လေထဲကို ခုန်တက်လိုက်သည့် မုကျစ်ရှီ ရုပ်ချည်း ရပ်တန့်လိုက်ရသည်။ ဘယ်မှ မသွားရဲတော့ကာ လေထဲ၌သာ ပျံဝဲနေရ၏။

လေဖြတ်သန်း၍ တိုက်ခတ်သွားခြင်းနှင့်အတူ ‌မီးခိုးရောင် တံခါးကြီးတစ်ခု ပြတ်တောင်းပြတ်တောင်း ထင်ပေါ်လာခဲ့သည်။

ရွှစ်…။

မုကျစ်ရှီ သူမလက်ထဲရှိ အစေ့များကို ထိုမီးခိုးရောင်တံခါးကြီးထံပစ်လိုက်သည်။ သို့သော် ထိုအစေ့များ နွယ်ပင်များအဖြစ် ကြီးထွားမလာရသေးခင် ပြာမှုန်ဘ၀ရောက်သွားရ၏။

မုကျစ်ရှီ : …

လေထဲတွင် သေခြင်းတရားလို အရှိန်အဝါကို ခံစားနေရကာ ကြက်သီးတဖျင်းဖျင်းထသွားတော့သည်။

“အမမို။ မလုပ်ပါနဲ့။ ငါက မတန်ပါဘူး”

သို့ပေမယ့် သူမ၏ အသံက လေထဲတွင်ပင် ဝေးဝေးမရောက်နိုင်ခင်မှာပဲ ပျောက်ပျက်သွားတော့သည်။ ထိုလေများက အရာအားလုံးကို ချိတ်ပိတ်ထားဟန်ရကာ သူမ၏ အသံတောင် မိုမို့ထံမရောက်လောက်ဟု တွေးမိလိုက်သည်။

“မိုမို… ဒီလောက် သန်မာတယ်လား” မုကျစ်ရှီ တအံ့တအော မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်သည်။

စုရှောင်ရှန်နဲ့ ချတုန်းကတောင် ဒီလောက် မသန်မာပါပေ။

သူမဘယ်လှည့်ပြီး ထွက်သွားရန်ကြံလိုက်ကာ ခြေတစ်လှမ်းလှမ်းပြီးမှ ရပ်တန့်လိုက်ရပြန်သည်။

ထိုတစ်ဘက်တွင်လည်း မီးခိုးရောင်တံခါးကြီးရှိနေ၏။

ညာဘက်ထပ်လှည့်တော့လည်း နောက်ထပ် တံခါးကြီးတစ်ခုရှိနေတာ တွေ့လိုက်ရသည်။

မုကျစ်ရှီ ချာလပတ်လည်အောင် ကြည့်ပြီးမှ အရပ်လေးမျက်နှာလုံးမှာ မီးခိုးရောင်တံခါးကြီးများဖြင့် တားဆီထားကြောင်းကို တွေ့လိုက်ရ၏။

သူမ အဝိုင်းခံလိုက်ရပြီ။

“ကယ်ကြပါ”

သို့သော် သူမ၏ စိုးရိမ်နေသောအသံကို သူမ တစ်ယောက်တည်းသာ ကြားနေရ၏။

ထိုခြောက်ချားဖွယ်ရာ လေ၏ အပြင်ဘက်တွင်…။

လေထဲ၌ လက်မြှောက်ထားသော မို့မို့လက်ချောင်းကလေးများက တစ်ခုနှင့်တစ်ခု လိမ်ယှက်နေကြသည်။

“သဏ္ဌာန်ခြောက်ပါး ချိတ်ပိတ်ခြင်းတံခါး” သူမ၏ ခံစားချက်ကင်းမဲ့သော အသံထွက်ပေါ်လာ၏။

ဘုန်းး…။

စကားဆုံးသွားသည်နှင့် ထိုတံခါးများ အလင်းတစ်ဖျတ်ဖျတ်တောက်ပသွားပြီး သလင်းကျောက် သဏ္ဌာန် ဆဌဂံထောင့်ဖြတ် ပုံစံ ပူးကပ်သွားကြကာ အထဲတွင် မုကျစ်ရှီကို လှောင်ပိတ်လိုက်သည်။

“လွင့်ပြယ်စမ်း”

ထိုခြောက်ချားဖွယ်ရာလေများ လွင့်ပြယ်သွားပြီး ကမ္ဘာကြီးကို အလင်းရောင်နောက်တစ်ခေါက် ဆောင်ကျဉ်းလာသည်။

မိုမို့ အမို့အမောက်ကောက်ကြောင်းများဖြင့် ခန္ဓာကိုယ်လေးက အနည်းငယ် ယိမ်းယိုင်သွားသည်။ ဒီလိုစိတ်ဝိညာဉ်နည်းစနစ်ကို အသုံးပြုရခြင်းက သူမအတွက်လည်း အတော်ပန်းပုံရသည်။

သို့သော် ဒီချိတ်ပိတ်ခြင်း နည်းစနစ်တစ်ခုတည်းကပဲ ရန်သူများကို မနာကျင်စေဘဲ ပိတ်လှောင်နိုင်သည့်အရာဖြစ်လေသည်။

“ဒါက…” ထို သလင်းကျောက်သဏ္ဌာန်ပူးကပ် နေသောတံခါးလှောင်အိမ်ထဲမှ မုကျစ်ရှီ လေးဘက်လေးရံလုံးကို တအံ့အားကြည့်လိုက်ပြီး အရင်က ဒီလိုမျိုး ဖြစ်ဖူးသလိုခံစားချက်ကြီးကိုပြန်လိုက်ရသည်။

သူမ ဒီလို ချိတ်ပိတ်ခြင်းပုံစံကိုတစ်ခါမှ မမြင်ဖူးတာ အသိသာကြီးကို အဘယ်ကြောင့် ရုတ်တရက် အားလုံးနားလည်နေသလို ခံစားလိုက်ရတာလဲ။

ထို့နောက် သူမ ကြားတောင်မကြားဖူးသော နာမည်တစ်ခု ခေါင်းထဲပေါ်လာလေသည်။ မိုမို့်ကိုတောင်မြင်နိုင်နေပြီဖြစ်ရာ သူမ၏ အသံလည်း မိုမို့ထံရောက်လောက်သည်။

“ချိတ်ပိတ်ခြင်း မဟာဧကရာဇ်…”

မိုမို ယိုင်တိုင်တိုင်ထပ်ဖြစ်သွားသည်။ ထိုသို့ ချိတ်ပိတ်ခြင်းနည်းစနစ်ကို အသုံးပြုရတာက မတ်တပ်တောင် ကောင်းကောင်းမရပ်န်ိုင်လောက်အောင် သူမအတွက်လည်း အလွန်အပန်းကြီးပုံရသည်။ သို့မဟုတ် မုကျစ်ရှီ၏ စကားကြောင့်များလား။

“အဲ့တာဘယ်သူလဲ” မုကျစ်ရှီ သိလိုစိတ်ပြင်းပြစွာပြန်မေးလိုက်သည်။

“…”

“သဏ္ဌာန်ခြောက်ပါးချိတ်ပိတ်ခြင်းတံခါးနည်းစနစ်ပဲသိတယ်” မိုမို့ အမူအရာကိုကြည့်ရ‌သလောက်တော့ သူမစိတ်ထဲ၌ပေါ်လာသည့် နာမည်က အမှန်ဆိုတာ သိလိုက်ရသည်။

ဒါက သူမ ပြန်သတိမရဖြစ်နေသည့် မှတ်ဉာဏ်များက တစ်ခုခုတောင်ဖြစ်နိုင်၏။

“ဂိုဏ်းတူအမမို။ နင်တကယ် ဘယ်သူလဲ။ ချိတ်ပိတ်တဲ့ နည်းစနစ်မျိုးကရှားပါးတယ်။ နင်အသုံးပြုလိုက်တဲ့ဟာဆိုပိုဆိုး။ နင်ဒီနည်းစနစ်ကို … ဘယ်သူ့စီက သင်လာတာလဲ”

မိုမို သူမကို သတ်ချင်သည့် ဆန္ဒမရှိဘူးဆိုတာ သိပြီးနောက် လန့်ဖျပ်နေသော မုကျစ်ရှီ အတော်လေး စိတ် ပြေလျော့သွားသည်။ ထိုသဏ္ဌာန်ခြောက်ပါးချိတ်ပိတ်ခြင်းတံခါးထဲမှ မထွက်နိုင်မချင်းတော့ လုံခြုံလောက်သေးသည်။

သူမ ထွက်ဖို့နည်းရှာမတွေ့ရင်လည်း ထာ၀ရပိတ်လှောင်ထားခံရမယ့် သဘောရှိသည်။

မိုမို မုကျစ်ရှီ၏ အမေးကိုမဖြေဘဲ ဆေးတစ်လုံးမျိုချလိုက်ပြီး “နင်ငါ့ကိုမနိုင်ဘူး။ ငါလည်း နင့်ကို အသားမနာစေချင်ဘူး။ နင့် စိတ်ဝိညာဉ်အသက်တံဆိပ်အတွက် တူညီတဲ့ ရတနာတစ်ခုပေးနိုင်တယ်”

မုကျစ်ရှီ တိတ်ဆိတ်နေသည်။

ထိုတံခါးများ၏ အပြင်ဘက်က အပင်များနှင့် ဆက်သွယ်ရန်ကြိုးစားလိုက်တာ မအောင်မြင်ပါပေ။

‘ဒီချိတ်စည်းက စွမ်းအင်တစ်မျိုးမျိုးဖြစ်ရမယ်…’ သူမတွေးတောလိုက်ပြီး စိတ်ဝိညာဥ် အသက် တံဆိပ်ပြားကိုထုတ်ယူလိုက်၏။ ထိုထဲကို စိတ်ဝိညာဉ်အနှစ်များထည့်လိုက်သောအခါ အသက်စွမ်းအင်များ ထွက်လာလေသည်။

သူမလက်ကို ထိုမီးခိုးရောင်တံခါးကြီးကို ထိလိုက်ရာတွင် ထိလိုက်သည့် လက်ကိုကျောက်တုံးများ ရစ်ပတ်တက်လာကြသည်။ သို့မှ တံဆိပ်ပြားမှ အသက်စွမ်းအင်များကြောင့် ထိုကျောက်တုံးများကွာကျသွား၏။

မုကျစ်ရှီ၏ မျက်နှာထက်တွင် နာကျင်နေသည့်ဟန်ပေါ်သော်လည်း မကြာခင် ပျော်ရွှင်မှုအဖြစ်သို့ပြောင်းသွား၏။

“ဂိုဏ်းတူအမမို ဒီချိတ်စည်းက ငါ့ကို လှောင်ပိတ်ထားလို့မရဘူး”

မိုမိုအနည်းငယ် အံ့အားသင့်သွားသည်။ မုကျစ်ရှီကို အသက်စွမ်းအင်များသုံး၍ အခြေအနေကို ပြောင်းပြန်လှန်လိုက်မည်ဟု မထင်ပါ။

“လုပ်ရဲလုပ်ကြည့်”

မုကျစ်ရှီ ထွက်ပြေးဖို့ကြံနေတာကို မြင်ရာ မိုမို သူမ၏ လက်ချောင်းများကို ဖိကပ်လိုက်သည်။ ချက်ခြင်း ထိုတံခါးများမှ မီးခိုးရောင် မြူခိုးများထွက်လာတော့၏။ မုကျစ်ရှီ ၏ စိတ်ဝိညာဉ်အနှစ်များလည်း ချိတ်ပိတ်ခြင်းခံလိုက်ရကာ အားနည်းသွားသလိုခံစားလိုက်ရသည်။

သေစမ်း…

ထိုမြူခိုးများကို အကောင်းဆုံး မထိတွေ့ရန် မုကျစ်ရှီ ကြိုးစားလိုက်သည်။ သို့သော် စိတ်ဝိညာဉ်အနှစ်များတောင်မရှိတာ ဘယ်လို ခုခံနိုင်ပါ့မလဲ။

‘ငါတကယ်ပဲ စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကို ပေးလိုက်ရတော့မှာလား’ သူမ တွေးလိုက်သည်။

သို့ဆိုလျှင် သူမ လည်ပင်းအစ်သွားတာက အလဟသတ်မဖြစမသွားတော့ပေဘူးလော။ မုကျစ်ရှီ ‌ဒေါသထွက် စိတ်ဆိုးသွားသည်။

မိုမို လက်စွပ်တစ်ကွင်းကိုထုတ်ယူပြီး အသာအယာပြောလိုက်သည်။ “ငါ့ကို တံဆိပ်ပြားပေးရင် ဒီလက်စွပ်ကနင့်ဟာပဲ”

“ငါ…”

ထိုချိတ်ပိတ်ခြင်းစွမ်းပကားက ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ ဘယ်လောက် အပြင်းအထန် ရုန်းကန် ရုန်းကန် ရလဒ်ကတော့ တစ်ခုတည်းဖြစ်မည်သာ။

မုကျစ်ရှီ အလျော့ပေးလိုက်တော့မည့်စဲစဲ အဝေးမှ ရွှင်ပြသော ဝါးလုံးကွဲ ရယ်သံကြီးကို ကြားလိုက်ရတော့သည်။

“ဟားဟား။ နင်တို့ချည်း ကစားနေကြတယ်။ ငါ စုရှောင်ရှန်ကိုလည်း ခေါ်ပါဦး”

အပိုင်း (၁၅၅) ဆရာတူအကိုကြီး ကယ်ပါဦး

တိမ်တွေလေတွေကိုစီးရင်း ဒီကိုရောက်လာဖို့ စုရှောင်ရှန်တောင် နေ့တစ်ဝက်လောက်အချိန်ယူလိုက်ရသည်။

ထိုအချိန်တိုအတွင်း အသက်ရှူခြင်းနည်းစနစ်နှင့် သူ့ မူလနန်း‌တော် အစောပိုင်း ကျင့်ကြံခြင်းကိုတည်ငြိမ်အောင်လုပ်ပြီးသွားလေပြီ။ သူ့ကျင့်ကြံခြင်းလည်း တိုးတက်သွား၏။

၎င်းက ကိုယ်တိုင်နှင့် အလိုလို ကျင့်ကြံခြင်းအကြားမှ ကွာဟချက်ဖြစ်သည်။ ဤသို့သော စိတ်ဝိညာဉ်စွမ်းအင်သိပ်သည်းသော နေရာမျိုးတွင် ဒီတိုင်းရပ်နေလျှင်တောင် သူ့ကျင့်ကြံခြင်းကို တိုးတက်သွားမည်သာ။

စန်းလျှိုသစ်တောက ကြီးပေမယ့် လူနှစ်ယောက်ကိုရှာဖို့အတွက်ကတော့ လွယ်သည်။

ကောင်းကင်မှ သစ်တောတစ်ခုလုံးကို ခွင်းပြီးကြည့်လိုက်ရာ အလယ်လောက်တွင် သစ်ပင်များမရှိသည့် ခွဲထွက်နေသော အကွက်ကြီးတစ်ကွက်ကိုတွေ့လိုက်ရသည်။

စုရှောင်ရှန် အပင်တစ်ပင်ထိပ်၌ သွားရပ်လိုက်သည်။ တစ်ယောက်က မိုမိုဖြစ်ကာ နောက်တစ်နောက်က ချီတုံချတုံ ဖြစ်နေသော မုကျစ်ရှိဖြစ်နေတာကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။

“စုရှောင်ရှန် ကယ်ပါဦး။ သူငါ့ကို နေ့ခင်းကြောင်တောင်ကြီး ဓားပြ တိုက်နေတယ်”

မုကျစ်ရှီ နောက်ဆုံးတော့ ကယ်တင်ရှင်ကိုတွေ့လိုက်ရသည်။ ထိုကယ်တင်ရှင်က သူမနှင့်ဆရာတစ်ဦးထဲမှာ အတူ ပညာသင်ကြားသော ဆရာတူအကိုကြီးဖြစ်လေသည်။

စုရှောင်ရှန် မီးခိုးရောင် သလင်းကျောက်သဏ္ဌာန် တံခါးများအကြားမှ ကလေးမသေးသေးလေးကို ခေါင်းအစ ခြေအဆုံး သေသေချာချာကြည့်လိုက်သည်။ ထိုကလေးမလေးက မုကျစ်ရှီဖြစ်နေရာ သူ့မျက်လုံးများက လှည့်စားနေသလားတောင် ထင်သွားသည်။ သူမ ဘာလို့ ‌ကျုံ့သွားတာတုန်း။

ထို့နောက် မုကျစ်ရှီ၏ လက်ထဲမှ ရွှေစိမ်းရောင်တံဆိပ်ပြားထံ အာရုံရောက်သွားသည်။ သူထင်တာသာ မမှားရင် သူတို့နှစ်ယောက် ထိုအရာအတွက် တိုက်ခိုက်နေကြဟန်ရ၏။

၎င်းမှ အသက်စွမ်းအင်များက ဆေးလုံးများအတွင်းမှ အသက်စွမ်းအင်များနှယ် သန်မာနေသည်။ ထိုအရာကိုကြည့်ခြင်းအားဖြင့်တောင် အသက်နှစ်အနည်းငယ် ငယ်သွားနိုင်လောက်၏။

“ဘယ်လို ခေါ်လိုက်တယ်” စုရှောင်ရှန် ခေါင်းတစ်ဘက်သို့လှည့်ကာ နား၌ လက်တင်လိုက်ပြီး အော်လိုက်သည်။

မုကျစ်ရှီ တခဏခန့်ရပ်တန့်သွားပြီးနောက် အရှက်မရှိ အော်ဟစ် မြည်တမ်းလိုက်သည်။ “အကိုကြီး ကယ်ပါဦး”

စုရှောင်ရှန် ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ။ ဒီလိုသိတတ်လို့ မသေစေရဘူး”

မသေစေရဘူးဟုတ်လား။

မုကျစ်ရှီ အံ့အားသင့်သွားသည်။ သူ့အကူအညီမလိုဘဲနှင့်တောင် သူမ မသေပါ။ အဆိုးဆုံးမိုမိုနှင့် တံဆိပ်ပြားကို တစ်ခုခုဖြင့် လဲလှယ်ရန်သာရှိသည်။ သူမ ဘာလို့သေရမည်နည်း။

‌တစ်အောင့်ကြာပြီးနောက် စုရှောင်ရှန်၏ အသံထပ်ထွက်လာသည်။ “နင့်လက်ထဲက ပစ္စည်းကို နင့်အကိုကြီးစီ ပစ်ပေးလိုက်ပါလား။ ကြည့်ကြည့်ချင်လို့”

မုကျစ်ရှီ၏ အမူအရာ သုန်မှုန်သွားသည်။

သူမ၏ ဆရာတူအကိုကြီးထံ စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကိုပစ်ပေးရလောက်အောင်တော့ သူမ မတုံးပါပါပေ။ မိုမိုနှင့် သူမ၏ ဆရာတူအကိုကြီးတို့နှစ်ယောက်လုံးတွင် တူညီသော ရည်ရွယ်ချက်များရှိသည်ဟု ထင်သည်။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“ဒီကနေ ထွက်လို့ရအောင်‌လုပ်ပေးရင် ပြမယ်”

‘ဟက် ဉာဏ်တော့ကောင်းသားပဲ’ စုရှောင်ရှန်တွေးလိုက်သည်။ သူ့အကြံကို မုကျစ်ရှီသိသွားရာ သူဘာမှ လုပ်လို့မရတော့ပါလေ။

သို့ဖြင့် အခြားတစ်ဘက်ကိုကြည့်လိုက်သည်။

မိုမိုလည်း သစ်ပင်တစ်ပင်ပေါ်တက်လိုက်ပြီး မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်ကိုကြည့်လိုက်သည်။ “စုရှောင်ရှန် ဒီကိစ္စကနင်နဲ့ ဘာမှ မပတ်သက်ဘူး။ ကြား၀င်မပါနဲ့” သူမ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။

စုရှောင်ရှန်က အကြီးအကဲစန်း၏ တပြည့်မှန်းသူမ မသိပါ။ အပြင်စည်းမှာတုန်းက ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း အကိုကြီး ညီမလေး စသဖြင့် ယဉ်ကျေးမှုအရ ခေါ်နေသေးတယ် မှတ်နေသည်။

စုရှောင်ရှန်အကျင့်ကို ကောင်းကောင်းသိနေရာ မုကျစ်ရှီ အသံထွက်ရယ်မတတ်ဖြစ်သွားတော့သည်။ စုရှောင်ရှန်အဖို့ ဘာမှ မလုပ်ဘဲ နေဖို့ လုံး၀ မဖြစ်နိုင်ပါ။

သူမ၏ ဆရာတူအကိုကြီးကို မုကျစ်ရှီ ချစ်မြတ်နိုးစွာကြည့်လိုက်သည်။ မိုမိုပြောတာကိုကြားသောအခါ စုရှောင်ရှန် ခြေတစ်လှမ်းနောက်ဆုတ်ပြီး ဘေး၌ လက်ပိုက်ကာ ရပ်လိုက်သည်။

“ရတယ်လေ ချချင်ချကြပါ။ ငါဘေးကပဲကြည့်နေပေးမယ်” သူလိုချင်တာလွယ်လွယ်နဲ့မရမှတော့ ငါးမြှားသမားတစ်ယောက်လို ငါးမြှားချိတ်ကို ငါးအစာလာဟပ်တာ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရမည်ပေါ့။

မုကျစ်ရှီ : …

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

မုကျစ်ရှီ ဒေါသထွက်လွန်းလို့ နှစ်မွှာကျစ်ဆံမြှီးလေးတောင် ထောင်ထသွားပြီး ထိုချိတ်ပိတ်ထားသော တံခါးကြီးထဲမှ ခုန်ထွက်ကာ စုရှောင်ရှန်ကို ဖြတ်ရိုက်ပစ်ချင်စိတ်များပေါ်လာသည်။ ကံကောင်းတာက သူမစိတ်ထဲက ကျိုးကြောင်းဆီလျော်မှုလေးပေါ်လာပြီး ထိုစိတ်လိုက်မာန်ပါ လုပ်ချင်နေမှုကြီးကို တားလိုက်လို့ဖြစ်သည်။

“စုရှောင်ရှန် နင်ရူးနေတာလား။ နင့်ဓားစွမ်းအင်နဲ့ ဒီတံခါးကိုခုချက်ခြင်း ဖျက်ဆီးလိုက်စမ်း” သူမအော်လိုက်သည်။

ဒီသလင်းကျောက်ပုံသဏ္ဌာန်ပူးကပ်သွားသော တံခါးကို တာဝေးပစ် အစွမ်းထက် တိုက်ခိုက်ချက်များသာ ဖျက်ဆီးနိုင်သည့်ပုံရ၏။

ချိတ်ပိတ်ခြင်းလို စွမ်းအင်နှင့်တွေ့သောအခါ အနီးကပ်တိုက်ခိုက်ခြင်းက အသုံးမဲ့သွားတော့သည်။

“နင်ပြောတဲ့အတိုင်း ဘာလို့လုပ်ရမှာ” စုရှောင်ရှန် စပ်ဖြီးဖြီးဖြစ်သွားပြီး မေးလိုက်သည်။

“ဟုတ်သား ဘာလို့လဲ” မုကျစ်ရှီ တွေးလိုက်သည်။ ထိုမှ ဒေါသထွက်လာခဲ့ပြီး “နင်က ငါ့ဆရာတူအကိုကြီးလေ။ နင့်ညီမလေး ဒီလို အနိုင်ကျင့်ခံနေရတာ ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေနိုင်တယ်လား”

“အကိုစုတ်”

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ်….

မုကျစ်ရှီ သူမကို ပိတ်လှောင်ထားသော တံခါးများကို တုန့်ဆိုင်းစွာ တစ်ချက်ကြည့်လိုက်သည်။

အစောကတည်းက “စိတ်ဝိညာဥ်အသက်တံဆိပ်ပြား” ၏ အကာအကွယ်နှင့် ကြိုးစားခဲ့ရင် ဒီ “သဏ္ဌာန်ခြောက်ပါး ချိတ်ပိတ်ခြင်းတံခါး” မှ အာသုံးပြီး ထွက်နိုင်လောက်သည်။

သို့သော် သူမအသက်နှင့်တော့ လောင်းကြေးမထပ်ရဲပါလေ။

အခြားတစ်ဘက်တွင် သူတို့ (၃) ဦးစလုံး တံဆိပ်ပြားကို လိုချင်နေကြသည်။ ဘယ်သူပဲ စလှုပ်ရှား လှုပ်ရှား ရှုံးနိမ့်မည့်သူဖြစ်လာလိမ့်မည်။

ထို့ကြောင့် ဒီနှစ်ယောက်ကို ပထမဦးဆုံး တိုက်ခိုက်ခိုင်းရမည်။ အဆုံး၌ သူတို့နှစ်‌ယောက် ၀ရုန်းသုန်းကားဖြစ်သွားရင်တော့ သူမ လွတ်မည့်လမ်းရလောက်သည်။

မုကျစ်ရှီ၏ မျက်နှာထက်တွင် စဉ်းလဲသော အလင်းတစ်ချက်၀င်းပသွား၏။ ထို့နောက် မိုမို့ကိုပြောသည်။ “ဂိုဏ်းတူအမမို ငါ့ကို ထွက်ခွင့်ပေးရင် တံဆိပ်ပြားပေးမယ်”

မုကျစ်ရှီဘာကို လုပ်ဖို့ ကြိုးပမ်းနေလဲ မသိသဖြင့် စုရှောင်ရှန် မျက်မှောင်ကြုတ်လိုက်သည်။

“ငါ့ကို တံဆိပ်ပြားအရင်ပစ်‌ပေးရင် ထွက်ခွင့်‌ပေးမယ်”မိုမို သူမ၏ ခေါင်းကို အသာရမ်းလိုက်သည်။

“ဟီးဟီး ရတယ်လေ ဒါ‌ပေမယ့် ကတိတော့ တည်ရမယ်နော်” မိုမို နတ်ဆိုးသဖွယ် ပြုံးရယ်လိုက်ပြီး စိတ်ဝိညာဉ်တံဆိပ်ပြားကို မိုမို့ထံပစ်ပေးလိုက်သည်။

စိတ်ဝိညာဉ်အသက်စွမ်းအင်တံဆိပ်ပြားက မီးခိုးရောင်မြူခိုးများကို ဖြတ်သန်းရာတွင် ကျောက်အတိဖြစ်သွားသည်။ သို့သော် စက္ကန့်ပိုင်းအတွင်း ခရက် သူသော မြည်သံနှင့်အတူ အသက်စွမ်းအင်များပေါက်ကွဲထွက်လာခဲ့၏။

ထို့နောက် ထိုတံဆိပ်ပြားက ကောက်ကွေ့ကာ မိုမို့ထံလည်း မဟုတ်သလို စုရှောင်ရှန်ထံကိုလည်း မဟုတ်ဘဲ သူတို့နှစ်ဦးအလယ်၌ ကျသွား၏။

မုကျစ်ရှီ ဘာကြံနေသလဲ စုရှောင်ရှန် တန်းသိသွားသည်။

‘ဒီကောင်မလေးက လည်သားပဲ။ ငါ့ငါးမြှားသမားနေရာကိုလိုချင်ပြီး အခြားသူတွေ ၀ရုန်းသုန်းကားဖြစ်နေတာကနေ အကျိုးအမြတ်ယူ‌ချင်နေတယ်’

သူနှင့် မိုမို စတင်တိုက်ခိုက်မည်ဆိုပါက ယခုသူ့နေရာကို ဒီကလေးမလေးရောက်‌သွားပေလိမ့်မည်။

ဒါပေမယ့်…

အစွမ်းထက် ဓားသမားနှစ်ယောက်အကြားမှာ သူမ အကျိုးအမြတ်ယူနိုင်မယ့် စွမ်းရည်တောင်ရှိပါ့မလား။ စုရှောင်ရှန်၏မျက်နှာထက်၌ ထူးဆန်းသော အမူအရာပေါ်လာသည်။

ရွှစ်…။

စုရှောင်ရှန် နှင့် မိုမိုတို့ တစ်ပြိုင်တည်းလှုပ်ရှားလိုက်ကြသည်။ စုရှောင်ရှန်၏ အမြန်နှုန်းက ယခင်တစ်ခေါက် တိုက်ခိုက်တုန်းကထက် အဆမတန် ပိုမြန်လာတာကို မိုမို အံ့အားသင့်ဖွယ်ရာတွေ့လိုက်ရ၏။

“ဘာလဲဟဲ့…”

မိုမို့ ပစ်မှတ်ပြောင်းကာ စုရှောင်ရှန်၏ နောက်ကျောကို ချိတ်ပိတ်သည့်စွမ်းအင်များဖြင့် မြင့်မားစွာ သိပ်သည်းနေသော လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ စုရှောင်ရှန်သာ တံဆိပ်ပြားကို လက်လွှတ်မခံဘူးဆိုရင် ထိုလက်ဝါးချက်ဖြင့် ရိုက်မိမှာ မြေကြီးလက်ခတ်မလွဲဖြစ်၏။

“စုရှောင်ရှန် ၀င်မပါနဲ့” သူမ အကြံပေးလိုက်သည်။

“ဟ ရတနာဆိုတာ ကံပါတဲ့သူလက်ထဲပဲကျမှာပေါ့”

သူ့နောက်ကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ရိုက်ချလာတော့မည့် လက်ဝါးကို စုရှောင်ရှန် ဂရုတောင်မစိုက်လိုက်ပါ။ တံဆိပ်ပြားကိုသာ ကောက်ကိုင်လိုက်၏။

သူထင်သည့်အတိုင်း ထိုပစ္စည်းလည်း ကိုယ်ပိုင်အသိရှိသည်။

ယခင်တစ်ခေါက်ကရလိုက်သော သင်ခန်းစာကြောင့် စုရှောင်ရှန် တံဆိပ်ပြားကို သိုလှောင်လက်စွပ်ထဲ ထည့်ရန်ထိ မတုံးအပါတော့ချေ။ မဟုတ်လျှင် နောင်တရဖို့ နောက်ကျသွားပေမည်။

မိုမို့လက်ဝါးကျလာသည်နှင့် စုရှောင်ရှန် ကိုယ်ကို လှည့်လိုက်ပြီး သူ့အရှေ့တွင် ရုတ်တရက် ဧရာမ ဆေးမီးဖိုအိုးကြီးပေါ်လာသည်။

ထန်းးး…။

ထိုသစ်တောလေးထဲကို ရှေးဟောင်းခေါင်းလောင်းကြီးတီးလိုက်သလို မြည်ဟီးသံကြီးညံသွားတော့သည်။ စုရှောင်ရှန် ဆေးအိုး၏ တစ်ဘက်ခြမ်းမှ တုန်ခါမှုကြောင့် ခေါင်းမူးသွားရကာ သတိလစ်မလိုတောင်ဖြစ်သွား၏။

ခက်ခက်ခဲခဲ ဆေးအိုးကြီး၏ နံရံကို လက်ဝါးဖြင့်ရိုက်လိုက်လေသည်။

ထန်းးး…။

ကလန်းး…။

အသံများရောစပ်၍ ထူးဆန်းသော အသံကြီးထွက်လာသည်။ မုကျစ်ရှီ၏ အမြင်တွင်တော့ စုရှောင်ရှန် ဆေးအိုးကြီးကိုရိုက်လိုက်သည်နှင့် တစ်ဘက်မှ မိုမို နောက်ပြန် လွင့်ပျံထွက်သွားလေသည်။

ဘာဖြစ်တာလဲဟု မုကျစ်ရှီ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

‘ဒါက ‌စိတ်ဝိညာဉ်စာကြည့်တိုက်ထဲက ဧရာမ ရေချိုး… အဟမ်း ဆေးမီးဖိုအိုးကြီးမဟုတ်ဘူးလား။ နေပါဦး ဒါကပိုသေးတယ်။ မထင်ထားစရာပဲ ဒီဆေးမီးဖိုအိုးကြီးကိုလည်း တိုက်ခိုက်တဲ့နေရာမှာသုံးလို့ရတာပဲ။ ပြီးတော့ ကြမ်းလဲ ကြမ်းတယ်’ သူမတွေးလိုက်သည်။

တစ်ချိန်တည်းလည်း အတော်နောင်တရသွားသည်။ သူမသာ သိခဲ့မယ်ဆိုရင် စာကြည့်တိုက်ထဲမှ ထိုဧရာမ သုံးဖက်ထောက် ဆေးမီးဖိုအိုးကြီးကို ယူလာခဲ့ပါသည်။

သူမထင်သည့်အတိုင်း မိုမို လွင့်ထွက်သွားသည်နှင့် မီးခိုးရောင်တံခါးအပေါ် မိုမို၏ ထိန်းချုပ်မှုလွတ်ကင်းသွားသည်။

သို့ဖြင့် မုကျစ်ရှီ သူမလက်ထဲမှ အစေ့များကို ‌အပေါ်ပစ်လိုက်ပြီး ဆုပ်ကိုင်သလို လက်ကိုလုပ်လိုက်သည်။ ချက်ခြင်း ထိုအစေ့များ စည်ပိုင်းလောက်ရှိသည့် နွယ်ပင်များအဖြစ်ကြီးထွားသွားကြ၏။

မုကျစ်ရှီ ထိုနွယ်ပင်ကို ကိုင်ကာ အပြင်းအထန် ရိုက်ချလိုက်သည်တွင် မီးခိုးရောင်မြူခိုးများဖြင့် တံခါးကြီး ‌ခြောက်ဖက်စလုံးမှ ပျက်ဆီးသွားလေသည်။

ရွှစ်…။

ချက်ခြင်း ထိုအဝိုင်းထဲမှ ခုန်ထွက်လိုက်သောအခါ အပြင်ဘက်ကမ္ဘာကြီးနှင့် အဆက်အသွယ်ပြန်ရသွားသည်ကိုတွေ့လိုက်ရသည်။

“ငါလွတ်ပြီ” မုကျစ်ရှီအလွန် ပျော်သွား၏။

“စုရှောင်ရှန် ငါ့ စိတ်ဝိညာဉ်အသက်တံဆိပ်ပြားပြန်ပေးရင် ဂိုဏ်းတူအမမိုကို တိုက်ခိုက်ဖို့ ကူညီပေးမယ်” မုကျစ်ရှီအော်လိုက်သည်။

စုရှောင်ရှန် ယခုမှ ဆေးမီးဖိုအိုးကြီးကို ပြန်သိမ်းလိုက်တာဖြစ်ပြီး မုကျစ်ရှီ၏ ထိုတိုက်ကွက်ကိုမြင်လိုက်ရာ တကယ် ကြမ်းတမ်းတဲ့ ကောင်မလေးပါလား ဟုတွေးတောလိုက်တော့သည်။

စုရှောင်ရှန် ကောင်းကင်သို့ပျံတက်သွားလိုက်သည်။ ထို့နောက် အလင်းတန်းတစ်ခုပစ်လွှတ်လိုက်ကာ “ကောင်းပြီလေ နင့်ရဲ့ အကိုကြီးပီပီ ခွန်အားကို စမ်းသပ်ကြည့်လိုက်တာပါ။ မဆိုးဘူး ရော့ ပြန်ယူလိုက်”

မလှမ်းမကမ်းမှ မိုမို မုကျစ်ရှီထံ ပျံသန်းသွားသော ထိုအဖြူရောင်အလင်းတန်းနောက်ကို တဟုန်ထိုးလိုက် လိုက်သည်။

“နင်င့ါကို တကယ်ပြန်ပေးတာပဲ” မုကျစ်ရှီပျော်ရွှင်စွာခုန်ပေါက်ပြီး ထိုအလင်းတန်းကို ဖမ်းလိုက်သည်။ သို့သော် အကြောင်းပြချက်မရှိဘဲ ထိုအလင်းတန်းကို မုကျစ်ရှီ ဖမ်းလိုက်ပြီးနောက် စုရှောင်ရှန် နောက်လှည့်ကာ သုတ်ခြေတင် ပြေးတော့၏။

စုရှောင်ရှန်၏ ထူးခြားသော အပြုအမူကို မုကျစ်ရှီ ဂရုထားနေဖို့ အချိန်မရှိပါပေ။ မိုမိုက နီးကပ်‌လာနေပြီဖြစ်သည်။

မုကျစ်ရှီထိုအလင်းတန်းကိုဖမ်းလိုက်ပြီးနောက် နောက်လှည့်ကာ ခြေကုန်သုတ်ပြေးမလို့ရှိသေး လက်ထဲမှ ပစ္စည်းက မူမမှန်နေတာကို တွေ့လိုက်ရသည်။ ၎င်းကို ငုံ့ကြည့်လိုက်ရာ… စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးဖြစ်နေ၏။

မုကျစ်ရှီ : …

စုရှောင်ရှန် တစ်စထက်တစ်စ ဝေးဝေးရောက်သွားတာကို မုကျစ်ရှီ ငူငူကြီးစိုက်ကြည့်နေမိ၏။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[လွမ်းဆွတ်ခြင်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[လွမ်းဆွတ်ခြင်းခံလိုက်ရပါသည်။ ပင်က….

မုကျစ်ရှီလက်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံးကို မြင်လိုက်သော မိုမိုလည်း ရပ်တန့်လိုက်သည်။

ထို့နောက် အဝေးသို့ ပျံသန်းထွက်ပြေးသွားသော စုရှောင်ရှန်ကို သင်္ကာမကင်းသော မျက်၀န်းများဖြင့် ကြည့်မိလိုက်၏။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

အပိုင်း (၁၅၆) မီးခိုးမြူပုံရိပ်

[လိုက်ဖမ်းခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၂]

[လိုက်ဖမ်းခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၂]

“…”

စုရှောင်ရှန် လူတိုင်းကို ဒေါသသွားစွပေးလိုက်သလိုဖြစ်သွားသည်။ တစ်ယောက်လည်ပင်းတစ်ယောက်ညှစ်နေကြသည့် ထိုနှစ်ဦးယခုတော့ သူ့ဘက် မြှားဦးလှည့်လာကြ၏။

သူ့အရှင်သခင်နယ်ပယ်လျင်မြန်မှုကြောင့်သာမဟုတ်လျှင် လိုက်မှီနေတာကြာလှပြီ။ သူတို့နှစ်ဦးထံတွင် ကြောက်မက်ဖွယ်ရာ သန်မာမှုမျိုးရှိပေမယ့် လျှိုလင်းလင်းလောက် မမြန်ကြရာ သူ့ကိုလိုက်လို့မမှီနိုင်ဖြစ်နေကြသည်။

သို့သော် နောက်မှ အများကြီးပြတ်၍ကျန်နေခဲ့ခြင်းတော့မဟုတ်ပါ။ ထိုသို့ပြေးနေရင်းမှ မိုမိုလည်း ဗလာနယ်ပယ်အထွတ်အထိပ်ကိုရောက်သွားပြီး မုကျစ်ရှီလည်း မူလနန်းတော်နယ်ပယ်အထွတ်အထိပ် ကိုရောက်သွားပြီဖြစ်ကြောင်း အံ့အားသင့်ဖွယ်ရာ မြင််လိုက်ရသည်။

နားမလည်နိုင်ဖြစ်နေကာ ခေါင်းကိုကုတ်ရင်း စုရှောင်ရှန် ပြေးနေရ၏။ အကြီးအကဲးစန်းများ သူ့ကိုလှည့်ဖျားလိုက်သလား အမြင်ပဲမှားများနေသလား‌ ဝေခွဲ၍မရတော့ချေ။

မိုမိုကတော့ အစကတည်းက ထူးဆန်းနေရာ သူအဲ့လောက်မတုန်လှုပ်ရပါချေ။ သူမ၏ ကျင့်ကြံခြင်းတိုးတက်မှုတို့ရော နယ်ပယ်ရောကိုက ထိတ်လန့်ချောက်ခြားဖွယ်ရာ ကောင်းနေရကာ သူမ ဒီလိုအတင့်တက်မြန်တာ နားလည်နိုင်သေးသည်။

‘မုကျစ်ရှီကရော ဘာလားဟ။ သူမက စုရှင်းရှင်းထက်တောင် ပိုပြီး ပါရမီပါနေတာလား။ တစ်ရက်လောက်လေးထဲမတွေ့ရတာ ငါ့ထက်တောင် အဆင့်တက်မြန်နေသေးတယ်။ လခွမ်း…’

ထိုအတွေးများကြောင့် ခေါင်းတောင်မူးနောက်နောက်ဖြစ်သွားပြီး သူ့စိတ်ထဲမှ အနီရောင်ဖန်သားပြင်ကိုကြည့်ကာ စဉ်းစားခန်း၀င်သွားသည်။

‘သူတို့လည်း သူတို့ကိုယ်ပိုင် စနစ်လို တခြားအထောက်အပံ့ပေးတဲ့ဟာတွေ ရှိကြတယ်ထင်တယ်…’ စုရှောင်ရှန် ကောက်ချက် လျှောက်ချသည်။

“စုရှောင်ရှန် လူလိမ် ရပ်လိုက်စမ်း”

သူ့နောက်မှ ကပ်၍ လိုက်ပါလာသော မုကျစ်ရှီတကယ် ‌ဒေါသထွက်နေသည်။ စုရှောင်ရှန်ကို မယုံနဲ့ သတိထားပါဆိုပြီး သူမကိုယ်သူမ အတန်တန်ပြောတဲ့ကြားထဲက သူ့လှည့်ကွက်ထဲကျသွားရသေးသည်။

‘အဲ့ဒီကောင်စုတ်။ ငါ့ကို စိတ်ဝိညာဉ်ကျောက်တုံးပေးရဲတယ်။ အားးးးး… ငါရူးတော့မယ်’

ရွှစ် ရွှစ် ရွှစ်

မုကျစ်ရှီ နွယ်ပင်ကြီးကိုစီးလိုက်ရာ ပို၍ မြန်ဆန်သွား၏။ သူ၏ မျက်နှာက ထိုအချိန် အလွန်ကြောက်မက်ဖွယ်ရာကောင်းအောင် ရှံ့မဲ့နေ၏။ စုရှောင်ရှန်ကိုမိရင် နာနာလေး နွယ်ပင် နဲ့ရိုက်ဦးမည်ဟု ကျိန်လိုက်သည်။

ထိုနွယ်ပင်များကရွေ့လျားလာရာလမ်းတစ်လျှောက်ရှိ အပင်များက လမ်းဖယ်ပေးလိုက်ကြသဖြင့် ရေမြေအနေအထားရ စုရှောင်ရှန်ထက်နည်းနည်း နှေးသည်ဆိုရုံလောက်လေး မြန်ဆန်လာတော့သည်။

အစိမ်းရောင်၀တ်ထားသော မိုမိုကတော့ မုကျစ်ရှီ နောက်၌ ဖုန်ရှူနေခဲ့ရသည်။ ရုတ်တရက် သူမ၏ မျက်နှာကနာကျင်သလို အလွန်အမင်း ရှုံ့မဲ့သွား၏။

မိုမို့လက်ထဲက မီးဖိုအိုးသေးသေးလေးက ပို၍လျင်လျင်မြန်မြန် လောင်ကျွမ်းလာခဲ့ပြီး မီးခိုးငွေ့များ အမြောက်အများထွက်ရှိလာလေသည်။ ထိုမီးခိုးငွေ့များက သူမ၏ ကိုယ်ထဲကို စိမ့်၀င်သွားကြ၏။

“မလုပ်နဲ့”

မိုမို နောက်ဆုံးတော့ သူတို့နောက်မလိုက်တော့ဘဲ ချက်ခြင်းရပ်လိုက်သည်။ သူမရှေ့မှ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် စိမ်ပြေးတမ်းကစားသလို ပျော်ရွှင်နေကြဟန်ရသည်။ သို့ဖြင့် မိုမို့ကို ဘာဖြစ်နေသလဲ သတိမထားမိကြပါပေ။

“ဒီနှစ်ယောက်ကို… ငါ…” ထိုစကားများကို အံကိုတင်းတင်းကြိတ်ထားရင်းမှ ညှစ်ထုတ်လိုက်သည်။

မိုမို့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ခါသွားပြီး ‌လေထဲ၌ ကော့တက်သွား၏။

ထို့နောက် မိုမို့မျက်လုံးများ ချက်ခြင်း ရဲရဲနီသွားကာ သူမပြောလက်စနောက်မှ စကားထပ်ဆက်လိုက်သည်။

“သတ်မယ်”

သို့သော် သူမ၏ အသံက မခင်လို ကျက်သရေရှိစွာ မတည်ငြိမ်တော့ကာ အေးစက်လာခဲ့သည်။

ရှေ့ဆုံးက ပြေးနေသည့် စုရှောင်ရှန် လေအေးတစ်ချက်တိုက်ခတ်သွားခြင်းနှင့်အတူ ရုပ်ချည်း ချမ်းစိမ့်စိမ့်ခံစားလိုက်ရ၏။ သူ့တစ်ကိုယ်လုံးရှိ ကြက်သီးမွှေးညှင်းများ ထောင်ထလာပြီး ကျောရိုးစိမ့်မတတ် တုန်ခါသွားတော့သည်။

ထို့နောက် မိုမိုက သူ၏ အကြားအမြင်ရောက်နိုင်သည့် အကွာအဝေးအတွင်းမရှိတော့တာကိုသိလိုက်ရ၏။ သူ့စိတ်ဝိညာဉ်အာရုံဖြင့် တစ်ချက်ကြည့်လိုက်တော့မှ နောက်ဆုံး၌ ငူငူကြီး ရပ်နေသော မိုမို့ကိုတွေ့လိုက်သည်။ သို့သော် မိုမို့တည်ရှိမှုက မိုမိုမဟုတ်ပါတော့ပေ။

ရုပ်ချည်း သစ်တုံးကြီးလိုရပ်နေသောမိုမို့ နေရာတွင် ဖုန်များထသွားပြီး မိုမိုလည်း ရုပ်ချည်း ပျောက်သွားသည်။

“လခွမ်းးးး”

စုရှောင်ရှန် လိပ်ပြာလွင့်မတတ် လန့်ဖျပ်သွားသည်။ သူမရပ်နေခဲ့သောနေရာတွင် မိုမိုအမြဲကိုင်ဆောင်ထားသော မီးဖိုအိုးလေးသာကျန်နေခဲ့၏။

မိုမို ထိုမီးဖိုအိုးလေးကို လက်မှ ချထားတာ စုရှောင်ရှန် များများ မမြင်ဖူးပါချေ။ ထိုအရာက ၎င်း၏ တည်ရှိမှုထက်ပိုသော အရာကို ပြသနေသည်။

မိုမို ထိုအရာကိုမကိုင်ထားမှတော့ ဆိုလိုချင်တာက…

“မိုမို့ညာလက်က ချိတ်စည်း… ကျိုးပျက်သွားတာလား”

သူ့မျက်ဆံများကျုံ့သွားပြီး နောက်မှ နွယ်ကိုစီးနင်းပြီးလိုက်ပါလာသော မုကျစ်ရှီ‌၏ နောက်၌ မီးခိုးရောင်ပုံရိပ် လျှပ်တပြက်ပေါ်လာတာကို တွေ့လိုက်ရ၏။

“သတိထား”

စုရှောင်ရှန် ပြန်လှည့်ဖို့တွေးလိုက်သလို လက်တွေ့လည်း နောက်လှည့်ကာ ပြန်၍ ခြေကုန်သတ်ပြေးသည်။ ရုပ်တရက်နောက်လှည့်လိုက်ရသောကြောင့် သူ့ခြေထောက်အောက်မှ မီးစများတောင်ထွက်လာ၏။

သို့သော် သူနှေးနေသေးသည်။ မုကျစ်ရှီထံ လျှပ်တပြက်မရောက်သွားနိုင်ပါချေ။

မုကျစ်ရှီနောက်မှ မီးခိုးမြူပုံရိပ်အတွင်းမှ မို့မို့ ပုံရိပ်ကို ဝါးတားတားလေးမြင်ရသည်။ သို့သော် ထိုအရာက တခြား တည်ရှိမှုတစ်ခုဆိုတာ စုရှောင်ရှန်ပြောနိုင်၏။

မုကျစ်ရှိထံ စုရှောင်ရှန် တဟုန်ထိုးလေကိုခွင်း၍ ၀င်သွားပြီး သတိပေးလိုက်သည်။ “နင့်နောက်မှာ”

ဒေါသထွက်နေသော မုကျစ်ရှီ ကျိုးကြောင်းဆီလျော်မှုကို ဆုံးရှုံးရသည်တော့ မဟုတ်သေးပါလေ။ “ငါ့ကို လှည့်စားဖို့ ထပ်မကြံနဲ့ စုရှောင်ရှန်”

“…”

‘လခွမ်း ခက်တော့နေပြီ’

“နင့်နောက်မှာတကယ်ဟ” စုရှောင်ရှန် အော်လိုက်သည်။

ထိုသို့အော်ပြီးနောက်လည်း တစ်ကိုယ်လုံးတုန်ခါသွားကာ ကြက်သီးများ တဖျင်းဖျင်းထလာခဲ့၏။

သူ့မျက်လုံးနှင့် အကြားအမြင်ဖြင့်သာ မြင်နိုင်ပြီး မိုမို့တည်ရှိမှုကို စိတ်ဝိညာဉ်အာရုံဖြင့် အာရုံမခံမိတာကိုသိလိုက်ရသည်။

ဆိုလိုသည်က မုကျစ်ရှီသာ နောက်ကိုကိုယ်တိုင်လှည့်မကြည့်လျှင် ထို မီး‌ခိုးမြူကို ထောက်လှမ်းနိုင်လိမ့်မည်မဟုတ်ပေ။

‘သေပြီဆရာပဲ။ ဒီလိုရောက်ဖို့ ဘယ်လို သန်မာဖို့နဲ့ ဘယ်လို စိတ်ဝိညာဉ်နည်းစနစ်တွေကို လိုသလဲမသိပါဘူး’

စုရှောင်ရှန် နောက်လှည့်ပြေးချင်စိတ်များသာရှိတော့သည်။ သို့သော် သူ့ခံစားချက်ကို အကြောင်းနှင့်အကျိုးဆိုတာကြီးက လွှမ်းမိုးလိုက်၏။ သူ့လျင်မြန်မှု အမြင့်ဆုံးအနေအထားကိုရောက်ရှိသွားရကာ နောက်ထက်စွမ်းရည်မှတ်များထပ်မထည့်နိုင်တာကိုတောင် နောင်တရသွားသည်။

အချိန်မရှိတော့ပေ။

ထိုငတုံးညီမလေးက သူ့ထံဆက်၍‌ ပြေးလာသည်ကိုတွေရသည်။ သူမနောက်မှ မီးခိုးမြူအရာကို မဆိုထားဘိ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသလိုကြီး နားရွက်တက်ချိတ်မတတ် ပြုံးနေတာကြီးက ကြောက်ဖို့ကောင်း၏။

‘တကယ် ဦးနှောက်မပါတာလားဟ’

မုကျစ်ရှီလုံးလုံး အခြေအနေကို မရိပ်မိပါလေ။ သူမနောက်မှ မီးခိုးမြူပုံရိပ်က သူ့စီကို နွယ်ကိုစီးရင်း ပြေးလာနေသော မုကျစ်ရှီထံ ညာလက်ကို ဆန့်ထုတ်လိုက်သည်။

ဘုန်းးး…။

တိုက်ရိုက်ထိခြင်း။

မုကျစ်ရှီ၏ တစ်ကိုယ်လုံး လုံး၀ တွန့်လိမ် ကောက်ကွေးသွားပြီး အခြားဦးတည်ရာတစ်ဘက်ကို လွင့်ပျံသွားသည်။ သွေးသံရဲရဲဖြင့် မုကျစ်ရှီ ခန္ဓာကိုယ်ကိုယ်နှစ်ခြမ်းဖြစ်တော့မလိုခံစားနေရပြီး သွေးပွက်အန်အန်တော့၏။

ဂျစ်…။

စုရှောင်ရှန် အသံတဂျွတ်ဂျွတ်မြည်အောင် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သူ့အကြည့်များက အေးစက်သွား၏။

‘မိုမို… မဟုတ်ဘူး။ အဲ့ဒီ မီးခိုးမြူအရာက မိုမို့ ခန္ဓာကိုယ်ကို လုံးလုံး၀င်စီးသွားပြီး။ မိုမိုအစား မီးခိုးမြူပုံရိပ်လို့ခေါ်ရမယ်’

မီးခိုးမြူပုံရိပ်က မုကျစ်ရှီကို လွင့်ပျံထွက်သွားအောင်တစ်ချက်ရိုက်လိုက်ပြီးနောက် ဆက်မတိုက်ခိုက်ပါတော့ချေ။ မုကျစ်ရှီလွင့်ထွက်သွားရာဘက်သို့ စုရှောင်ရှန် ပြေးသွားသည်ကို မြင်ရာ ခပ်ညစ်ညစ် ပြုံးလိုက်၏။

ရွှစ်…။

မုကျစ်ရှီကို မြေပြင်နှင့် မထိခင်အချိန်မှာပဲ စုရှောင်ရှန်ဖမ်းနိုင်လိုက်သည်။ ကြော့ကွင်းကြောင့် မုကျစ်ရှီလွင့်ထွက်မသွားစေရန် စုရှောင်ရှန် သူမ၏ အောက်မှနေ၍ သူ၏ခြေနှစ်ဖက်ကိုမြေပြင်၌ အက်ကြောင်းကြီးနှစ်ခုဖြစ်သွားအောင် တစ်ရွတ်တိုက်ဆွဲသွားလိုက်သည်။

စုရှောင်ရှန် အန္တရာယ်ကင်းကင်းနှင့် ဆင်းသက်နိုင်လိုက်၏။

“နင်အတာလားဘာလား။ နောက်လှည့်ကြည့်ဖို့ ငါမပြောဘူးလား” စုရှောင်ရှန် သူမကို မနေနိုင်ဘဲ အော်ပစ်လိုက်သည်။

သူမ၏ ခန္ဓာကိုယ်အတွင်းကို စိတ်ဝိညာဉ်အနှစ်များထည့်ပေးလိုက်ရာ မုကျစ်ရှီ၏ ဒန်ထျန်တစ်ခုလုံး ချိတ်ပိတ်ခြင်းခံထားရသည်ကို တွေ့လိုက်ရ၏။ သို့မှ ဘာလို့ သူမကိုယ် သူမတောင် မကာကွယ်နိုင်လိုက်လဲ သိရတော့သည်။

ထိုရိုက်ချက်က သူမ ကိုယ်တွင်းရှိ စွမ်းအင်လမ်းကြောင်းတွေကိုဖျက်‌ဆီးနိုင်ပြီး မုကျစ်ရှီကိုတောင် ဒုက္ခိတဖြစ်သွားစေလောက်သည်။

ထို မုကျစ်ရှီ၏ စုတ်ပြတ်သတ်သွားသော ခန္ဓာကိုယ်မှ အသက်စွမ်းအင်များ စိမ့်ထွက်လာနေခဲ့ပြီး သူမ၏ ကိုယ်ကို နှေးကွေးစွာ ပြန်ကုသပေးနေတော့၏။

‘ထာ၀ရအသက်စွမ်းအင်လား’ စုရှောင်ရှန်တွေးလိုက်သည်။

‘မဟုတ်သေးဘူး။ ဒါက သူမ ဆေးအဆီအနှစ်သန့်စင်တုန်းက ကျန်ခဲ့တဲ့ အကျွင်းအကျန်စွမ်းအင်တွေဖြစ်ရမယ်’

စုရှောင်ရှန် စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။

အတွေးအခေါ်အရတော့ တံဆိပ်ပြားကို သူ၏မ ၀မ်းဗိုက်၌ ကပ်လိုက်သည်က ပို၍ အကျိုးရှိပေလိမ့်မည်။ သို့သော် သူမက တစ်ဆက်တည်းဖြစ်သော အင်္ကျီကို၀တ်ထားရာ စုရှောင်ရှန် ဗိုက်မလှန်ရဲပါချေ။

၀မ်းဗိုက်၌ တင်ရန်လည်း ၀တ်စုံ၏အောက်ကနေ ထည့်ပေးရမည့်သဘောရှိသည်။ ထိုအရာကိုလည်း သူမလုပ်၀န့်ပါ။

တဒင်္ဂခန့်ကြာအောင် တုန့်ဆိုင်းနေပြီးနောက် ဘာဖြစ်ဖြစ်ကွာဆိုပြီး ရင်ဘက်မှ အင်္ကျီစကို စုတ်ဖြဲကာ တံဆိပ်ပြား တင်လိုက်တော့သည်။

အသက်စွမ်းအင်များ သူမ၏ ဒန်ထျန်ထဲသို့ တိုး၀င်ရောက်လာကြပြီး ချက်ခြင်း ဒဏ်ရာများကို မြန်မြန်ဆန်ဆန် ပြန်ကုသပေးလိုက်သည်။ သူမ၏ မျက်လုံးများက ပိတ်နေစဲဖြစ်သော်လည်း ကိုယ်ကတော့ တစ်ချက်တွန့်သွား၏။

“လူလိမ်…” သူမတွင်ကျန်ရစ်သော အသိစိတ်လေးနှင့် ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။

ထို့နောက် မျက်လုံးဖွင့်လိုက်ရာတွင် အသိစိတ်ကင်းလွတ်‌တော့မည့်သကဲ့သို့ ငူငူကြီးဖြစ်နေသည်။ မျက်ခုံးများလည်း ကမ္ဘာ့အလေးဆုံးအရာလို ပြန်ပိတ်ချင်နေ၏။ ထိုအကြားမှ အားအင်ချိနဲ့သော လေသံဖြင့် ဗလုံးဗထွေးမေးလိုက်သည်။ “ငါ့ကိုဘယ်သူရိုက်လိုက်တာလဲ”

“…”

‘တကယ့် ငတုံးဟ’ စုရှောင်ရှန် မပြောဘဲမနေနိုင်တော့ပါချေ။

မုကျစ်ရှီမျက်မှာပေါ်မှ သွေးကိုသုတ်ပေးပြီးနောက် စုရှောင်ရှန် သူမကို မြေပြင်ပေါ် ညှင်ညှင်သာသာချကာ ထိုမီးခိုးမြူပုံရိပ်ကိုကြည့်လိုက်သည်။

ကြည့်ရတာ ထိုမီးခိုးမြူပုံရိပ်၏ တကယ့် ပစ်မှတ်က မုကျစ်ရှီမဟုတ်ဘဲ သူဖြစ်ပုံရသည်။

ထိုပုံရိပ်၏ ညာဘက်လက်ကို စုရှောင်ရှန်ကြည့်လိုက်သည်။ ဘာပဲနေနေ ၎င်းက အသက်၀င်သွားကာ မိုမိုလည်း တစ်ခုခု ဖြစ်သွားပေပြီ။

သူမ၏ ညာဘက်လက်ထဲ၌ ချိတ်ပိတ်ထားသည့်အရာက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကိုမသိသော်လည်း ယခုတော့ အဖိုးကြီးတစ်‌ယောက်ဖြစ်နေမယ်လို့တော့မထင်ထားပါ။

ထိုမီးခိုးမြူပုံရိပ်က ဗလာနယ်ပယ်မှ အဆင့်မြင့်းစိတ်၀ိညာဥ်နယ်ပယ်သို့ တက်သွားပြီး ဆက်လက်၍ အရှင်သခင်နယ်ပယ်သို့ ဆက်တက်၏။

ဘုန်းးး….။

ထိုစဉ်သူတို့၀န်းကျင်တစ်ခုလုံးတုန်ခါလာသဖြင့် ထိုမီးခိုးမြူပုံရိပ် သူ့အရှိန်အဝါကို ဖိနှိပ်လ်ိုက်သည်။

“ဟက် ဘယ်လို ကမ္ဘာငယ်လေးလဲ။ အရှင်သခင်နယ်ပယ်ကနေတောင် ဆက်တက်လို့မရတော့ဘူး…” အေးစက်စက်အသံတစ်ခုကို စုရှောင်ရှန်ကြားရသည်။

ပြေး…။

ထိုအရာက သူ့စိတ်ထဲတွင် ပမထမဆုံးပေါ်လာသည့်အရာဖြစ်သည်။ သို့သော် သူ့ခြေထောက်များက မြေပြင်တွင် အမြစ်တွယ်ထားကြ၏။ ယခင်ကလို ကွတ ကွတ နှင့် ဒူးမခိုင်ခြင်းလိုမဟုတ်ရပါဘဲ မြေပြင်တွင် လုံ့း၀ ‌ကပ်နေခြင်းဖြစ်သည်။

သူ့လက်မှ သွေးများကို အင်္ကျီလက်စဖြင့်သုတ်ပြီး အေးစက်စက်ဆိုလိုက်သည်။ “ငါ့ဆရာတူညီမလေးကို အနာတရဖြစ်အောင်လုပ်ရဲတယ်ပေါ့”

“ကြည့်ရတာ မင်းက ငါ့တည်ရှိမှုကို သိတာပဲ” ထိုမီးခိုးမြူပုံရိပ်၏ အေးစက်စက်အသံက စူးရှရှနှင့် သွားကြိမ်းဖွယ်ရာကောင်းလှ၏။

မီးခိုးမြူပုံရိပ်ကို ဖြည်းဖြည်းချင်း လေထဲသို့ ပျံတက်သွားသော စုရှောင်ရှန် မတုန့်ပြန်လိုက်ပါပေ။ ထိုအစား သူပြောတာကိုသာ စက်ရုပ်သဖွယ် ထပ်ပြန်ပြောလိုက်သည်။ “ငါ့ဆရာတူညီမလေးကို အနာတရဖြစ်အောင်လုပ်ရဲတယ်ပေါ့”

မီးခိုးမြူပုံရိပ် ထိုအသံမှ ဖိနှိပ်ထားသော ဒေါသတို့ကို ကြားရသည်။ ၎င်းက ပြုံး၍ မေးသည်။ “အဲ့တော့ဘာဖြစ်လဲ”

ရှဲ ရှဲ

ငရဲမီးတောက်ကောင်းကင်မီးလျှံများ နေရာတစ်ခုလုံးကို လောင်ကျွမ်သွားကာ သူရှိနေသည့် နေရာမှ မီတာ ရာကျော်ပတ်ပတ်လည်အတွင်း အရာအားလုံး ဘာပဲဖြစ်ဖြစ်မှ လောက်မြိုက်သံများကိုကြားရ၏။

“ဘာမှမဖြစ်ပါဘူး…”

စုရှောင်ရှန်၏ တင်တင်းဆုပ်ထားသော လက်သီးနှင့် အမူအရာတို့ ပြေလျော့သွား၏။ သို့ဖြင့် လက်ဖျောက်တီးလိုက်သည်။

“ငါဒေါသထွက်ရုံပါ”

အပိုင်း (၁၅၇) ဟီးဟီး စတာလို့

သူ့လက်မှာ သွေးပိုစွန်းထင်းလာလေလေ သူ့ကိုယ်သူ လူကောင်းတစ်ယောက်ဟု စုရှောင်ရှန် မထင်တော့လေလေ ဖြစ်သည်။

သူ့ဆရာတူညီမလေး သူ့အရှေ့တွင် အသတ်ခံရလုနီးနီးဖြစ်သွားခြင်းက စုရှောင်ရှန်၏ ‌စိတ်အတွင်းမှ နက်ရှိုင်းသော ဒေါသတို့ကို မီးငြှိ့ပေးလိုက်၏။

ထိုအခိုက်၌ အကောင်းဆုံး အရာက မုကျစ်ရှီကို ထမ်း၍ ပြေးခြင်းဖြစ်သည်ကို သူသိ‌သည်။ သို့သော် စုရှောင်ရှန် ထိုသို့ မလုပ်နိုင်ပေ။

အသက်ရှင်နေသမျှ၊ သွေးများစီးဆင်းနေသမျှ ကာလပတ်လုံး လူဆိုတာ ကိုယ့်အားကိုကိုး ကိုယ့်ကျိုးကို ကိုယ် ဆောင်ရွက်ရပေမည်။ သတ္တိရှိဖို့လိုသည်။

စန်းလျှိုသစ်တော၌ အပူချိန်က အလွန်မြင့်မားနေ၏။ စုစုရှောင်ရှန်တို့ ရပ်နေသည့်နေရာတောင် မီးကျွမ်းသွားပြီး မြေရိုင်းတစ်ခုဖြစ်လာသည်။ ဘယ်ကိုကြည့်ကြည့် မမြင်ရသည့် မီးများလောင်ကျွမ်းနေသလို ဖြစ်နေသည့် အရာများကိုသာ မြင်ရမည်ဖြစ်ပြီး အပူချိန်ကြောင့် လုံး၀အတိ ဟာလာဟင်းလင်းဖြစ်သွား၏။

စုရှောင်ရှန်၏ လက်ထဲတွင် သာမန်အတွေးစွမ်းအင်နှင့် ချွန်ထက်ခြင်းတို့ စုစည်းလာပြီး သူ့လက်ငါးချောင်းထိပ်၌ သိပ်သည်းထားသော မီးစေ့များရှိသည်။ စုရှောင်ရှန် တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေပေပြီ။

“မင်းကဘယ်သူလဲ” အာရုံစူးစိုက်ပြီး လှုပ်ရှားတော့မည့်စဲစဲ စုရှောင်ရှန် မေးလိုက်သည်။

ထိုမီးခိုးမြူပုံရိပ်က တိုးတိုးလေး ကြိတ်၍ရယ်နေသလို ၎င်းကိုယ်မှ မီးခိုးမြူများ လှုပ်ရမ်းသွား၏။ တစ်အောင့်ကြာသော် ထိုအေးစက်စက် အသံကို ထပ်ကြားလိုက်ရသည်။ “မင်း ငါဘယ်သူဆိုတာ သိဖို့ အရည်အသွေးပြည့်မှီတယ်။ ကောင်းပြီ ငါက…”

ရွှစ်…။

လျှပ်တပြက်အတွင်း စုရှောင်ရှန် ထိုမီးခိုးမြူပုံရိပ်နောက်ကိုရောက်သွားသည်။ အစကတည်းက ထိုအရာနှင့် စကားပြောဖို့ စုရှောင်ရှန်တွင် ရည်ရွယ်ချက်မရှိပါပေ။ မီးခိုးမြူပုံရိပ် သူ့အမေးကို ဖြေကြားချိန် သတိချပ်မထားအောင်လို့ မေးလိုက်ခြင်းဖြစ်သည်။

စုရှောင်ရှန် ကိုယ်ကို ဆန့်တင်းကာ ခြေထောက်ကိုလှည့်ပြီး ထိုအရာ၏ ကျောကုန်းကိုကန်လိုက်သည်။ လက်သီးနှစ်ဖက်ကလည်း ထိုအရာ၏ ဦးခေါင်းနှင့်မိတ်ဆက်သွား၏။

“သောက်ဂရုစိုက်မယ်ထင်လို့လား။ သေစမ်းကွာ”

မီးခိုးမြူပုံရိပ် စုရှောင်ရှန်၏ ထောင်ချောက်ထဲ တကယ်ကျသွားပြီး အငိုက်မိသွားသည်။ ကိုယ့်ကိုယ်ကိုယ် အချိန်ကိုက် မကာကွယ်နိုင်ရာ မီးခိုးမြူပုံရိပ် လွင့်ထွက်သွားတော့၏။

စုရှောင်ရှန် တကယ်ကို အရိုးကွဲကြေသံကြားရလို့ အံ့အားသင့်သွားသည်။

“အဲ့တာငါ့ညီမအတွက်ပဲကွ”

မီးခိုးမြူပုံရိပ် ချက်ခြင်း သွေးတစ်လုတ်အန်ထုတ်လိုက်သည်။

၎င်းအလွန် အံ့အားသင့်နေပြီး ပြောစရာစကားမဲ့နေသည်။

‘လခွေးလိုလို ရုတ်တရက်ကြီး ထတိုက်ခိုက်တာလားဟ။ ငါ့ သရုပ်မှန်ကို စိတ်မ၀င်စားဘူးလား။ အနည်းဆုံးတော့ စကားပြီးအောင်ပြောတဲ့ထိတောင်မစောင့်နိုင်ဘူးလား’ မိုးခိုးမြူပုံရိပ်ကျိန်ဆဲလိုက်သည်။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

မီးခိုးမြူပုံရိပ်၏ ကျင့်ကြံမှုနယ်ပယ်က အရှင်သခင်နယ်ပယ်ကို ချိုးဖျက်တက်သွားပြီဆိုပေမယ့် စုရှောင်ရှန်၏ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ကလည်း နောက်ကျ ကျန်နေသည့်အရာမဟုတ်ပါပေ။

ထိုလက်သီးနှစ်ချက်ဆင့်ထိုးချက်ကနေ ပြန်လည် တည်ငြိမ်အောင်လို့ မီးခိုးမြူပုံရိပ် အချိန်အနည်းငယ် ယူလိုက်ရသည်။

၎င်း၏ ကိုယ်အပြင်ဘက်ရှိ ချိတ်ပိတ်ခြင်းစွမ်းအင်တွေက ထိခိုက်မှုကို လျော့‌ချပေးနိုင်လို့ ကံကောင်းသွားသည်။ မဟုတ်ပါက ထိုတစ်ချက်တည်းဖြင့် ဒူးထောက်ကျသွားပေလောက်ပြီ။

မီးခိုးမြူပုံရိပ်ကခံစားနေရသော နာကျင်မှုများကို ဖော်ပြနေရန်အချိန်မရှိပါပေ။ သူ၏ ကိုယ်ကကိုင်းသွားပြီး လက်နှစ်ဘက်ကိုရှေ့ဆန့်ထုန်လိုက်သည်။ ထိုမှ မီးခိုးမြူများ စုရှောင်ရှန်ထံသို့ အလင်းတန်းတစ်ခုနှယ် တိုးဝင်သွား၏။

သို့ပေမယ့် ၎င်းက တိုက်ခိုက်သည့်အကွက်မဟုတ်ရပါ။ ခံစစ်ပြင်ခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လက်သီးထိုးချက်များပြီးနောက် စုရှောင်ရှန် သူ့ဓားကိုထုတ်ယူလာသောကြောင့်ဖြစ်သည်။

“ဓားထုတ်ဓားကွက်၊ ရွက်တစ်ထောင်အနက်‌ရောင်ရေတံခွန်စီးဆင်းခြင်း”

ရွှစ်…။

စုရှောင်ရှန် ဓားကိုဓားအိမ်ထဲမှ လျှပ်တပြက်အတွင်းထုတ်လိုက်သည်။ ထိုမှ ဓားစွမ်းအင်များ စစ်ချီလာသော စစ်သည်များအလား အလုံးအရင်းတက်လာကြတော့၏။ မီးခိုးမြူပုံရိပ် ကြက်သေသေသွားသည်။

ထိုဓားကွက်မြန်လွန်းလှသည်။ ချက်ခြင်းလက်ငင်းပဲ လေဟာနယ်ကိုဖြတ်သန်း၍ သူ့မျက်နှာရှေ့၌ ပေါ်လာတော့သည်။

‘ဘာလဲဟ။ ဒီနည်းစနစ်က အရှင်သခင်နယ်ပယ်စိတ်ဝိညာဉ်နည်းစနစ်ရဲ့ အထက်မှာတောင်ရှိတယ်။ ဒီကလေးက ဘာလဲ။ ငါ့ကိုဘာလို့ ဒီလို ချောင်ကပ်သွားအောင်လုပ်နိုင်ရတာလဲဟ’

မီးခိုးမြူပုံရိပ်၏ ချိတ်ပိတ်ခြင်းစွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီး ဓားစွမ်းအင်အလွှာများကို ဖုံးလွှမ်းလိုက်သည်။

“ကောင်းကင်ဘုံသုံးထပ်အကာအကွယ်”

ထိုမြူခိုးများက လေကိုခွင်း၍ ဓားစွမ်းအင်များထံ တစ်စတစ်စ တိုး၀င်သွားကြပြီး ထင်မှတ်မထားစွာ ကောင်းကင်ဘုံသုံးထပ်အကာအကွယ်ကို ဓားစွမ်းအင်များ မထိုးဖောက်နိုင်ဖြစ်နေကြ၏။

ထန်း ထန်း ထန်း

ဆတ်ကတည်းမြည်သံများကိုကြားရပြီး မီးခိုးမြူပုံရိပ်ပြုံးလိုက်သည်။ ၎င်းက ဓားစွမ်းအင်များကို မတူသလို မတန်သလိုကြည့်လိုက်ပြီး “ဒီကမ္ဘာကြီးမှာ ငါချိတ်မပိတ်နိုင်တာမရှိဘူး”

“ဟီးဟီး အဲ့လိုပေါ့” စုရှောင်ရှန် ဖျော့တော့တော့ပြုံး၍ မေးလိုက်သည်။ “ဒါဆို အနုပညာဆိုတာဘာလဲသိလား”

စုရှောင်ရှန်၏ အတွေးကိုလိုက်မမှီနိုင်သည့်အတွက် မီးခိုးမြူပုံရိပ် သူပြောတာကို နားမလည်ပါချေ။ အိပ်မောကျနေတာကြာပြီဖြစ်၍ အချိန်‌တွေ လွန်ကုန်သလော။

ထို့နောက် ဓားစွမ်းအင်များကိုတားဆီးထားသော ကောင်းကင်သုံးထပ် အကာအကွယ်ကို ကြည့်လိုက်ပြီး “ချိတ်ပိတ်ခြင်း ဆိုတာအနုပညာပဲ”

စုရှောင်ရှန် သူ့ခေါင်းကို ခါရမ်းလိုက်ပြီး ဓားကို အပေါ်ပစ်လိုက်သည်။

“မှားတယ်။ အနုပညာဆိုတာ… ဖောက်ခွဲခြင်းပဲ”

ထိုစကားဆုံးသွားတဲ့နောက်မှာ ကောင်းကင်သုံးထပ်အကာအကွယ်ထဲမှ မီးခိုးမြူပုံရိပ် မှင်တက်သွားသည်။ အကြောင်းမှာ သူ့နောက်ကျော၌ စူးသလိုလို နာကျင်မှုနှင့် ကြောက်မက်ဖွယ်ရာအတိရှိသော စွမ်းအင်တို့ ကပ်နေကြောင်းကို အာရုံခံမိလိုက်သောကြောင့်ဖြစ်သည်။

“အဆင့်နိမ့် မီးဘောလုံး။ ပေါက်ကွဲစမ်း”

စုစုရှောင်ရှန်‌လက်ဖျောက်တီးလိုက်၏။

ဘုန်း…။

ဘုန်း…။

ပေါက်ကွဲသံများကို ကျယ်လောင်စွာကြားလိုက်ရသည်။

အကာအကွယ်အတွင်းမှ ပေါက်ကွဲမှုများဖြစ်ပွားကာ ဓားစွမ်းအင်များကို အထက်လေထဲသို့ တွန်းပို့လိုက်လေသည်။ မီးခိုးမြူပုံရိပ်လည်း လေထဲသို့ ထပ်၍ လွင့်ထွက်သွားသဖြင့် လုံး၀အတိ မှင်တက်သွားရတော့သည်။

သွေးများနေရာအနှံ့ပြန့်သွား၏။

ထိုမီးခိုးမြူပုံရိပ် အနာတရဖြစ်သွားတာကို စုရှောင်ရှန် မြင်လိုက်ရသည်။ ချိတ်ပိတ်ခြင်းစွမ်းအားကို တိုက်ခိုက်သဖြင့် သုံးရာတွင် အလွန်စွမ်းအားကြီးသည်ကမှန်သည်။ သို့သော် ၎င်းကို ခံစစ်အတွက် သုံးတာဆိုလျှင်တော့ မီးခိုးမြူပုံရိပ် အမှားကြီးမှားသွားပေမည်။

ဒါပေမယ့်လို့…

ထိုအရာက မိုမို့ ခန္ဓာကိုယ်ကို အသုံးပြုနေခြင်းဖြစ်ပါသည်။

ကောင်းကင်မှ ပြန်ကျလာသော တိတ်တခိုးနာကျင်ခြင်းကို စုရှောင်ရှန် ဖမ်းလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ထို့ထက်ပို၍ သူမတိုက်ခိုက်သင့်ပါတော့ပေ။

မှိုသဏ္ဌာန်တိမ်တိက်များပျောက်ကွယ်သွားပြီးနောက် ရက်စက်အကျဉ်းတန်သွားသော မီုးခိုးမြူပုံရိပ်ပြန်ပေါ်လာသည်။

မေးခွန်းတစ်ခုမေးစာလောက် အချိန်အတွင်း စုရှောင်ရှန် ၎င်းကို ဆက်လက်၍ ချောင်းမြောင်းတိုက်ခိုက်လိုက်မည်ဟုမထင်ထားပါချေ။ ဒီလို အခြေအနေထိ ကျဆင်းသွားအောင်လို့ နှစ်ပေါင်းဘယ်လောက်ကြာအောင် အိပ်မောကျသွားသလဲ မသိပေ။

ထိုလူငယ်လေးက စစ်မှန်ခြင်းနယ်ပယ်မှာပဲရှိနေတာတောင် သူ့ကို နာကျင်အောင်လုပ်နိုင်၏။ စုရှောင်ရှန်ကို သွေးကြေးစပ်ရမည်ဟု ကျိန်ဆိုလိုက်တော့သည်။

“စုစုရှောင်ရှန် မင်း ငါ့စိတ်ကိုစွ ပေးလိုက်တာပဲ။ မင်းတော့…”

ဟင်…။

မီးခိုးမြူပုံရိပ် စကားတောင်မဆုံးသေးခင်မှာ တဆတ်ဆတ် ရုတ်ချည်းတုန်ခါသွားပြီး ပါးစပ်ထောင့်မှ သွေးများထွက်လာတော့၏။

ရှေ့သို့ ပြန်ကြည့်လိုက်ရာ ဘယ်သူ့ကိုမှ မတွေ့ရတော့ချေ။ သို့ဖြင့် နောက်သို့ ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်၏။

ချလပ်…။

စုရှောင်ရှန် မီးခိုးမြူပုံရိပ်နောက်၌ သူ့ဓားကို ပြန်သိမ်းလိုက်ပြီး ညှင်သာစွာ ဆိုလိုက်သည်။ “ရာသီကုန်နှင်းများအကြားမှ အနောက်လေ”

“ဟမ်”

မီးခိုးမြူပုံရိပ် သူ၏ လည်ပင်းကိုယ် ရုတ်တရက် လက်ဖြင့် ကိုင်ပိတ်လိုက်သည်။ သို့သော် အချည်းနှီးသာ။

ဗျစ်…။

သွေးများ ပန်းထွက်လာခဲ့၏။ မီးခိုးမြူပုံရိပ်ခေါင်းနှစ်ပိုင်းအဖြတ်ခံလိုက်ရသလိုတောင် ခံစားလိုက်ရသည်။

ထိုဒဏ်ရာကို ချိတ်ပိတ်ခြင်းစွမ်းအင် ပမာဏ အများကြီးဖြင့် ဖုံးလွှမ်းလိုက်၏။ သို့သော် နာကျင်မှုက ဆက်ရှိနေစဲဖြစ်ကာ မီးခိုးမြူပုံရိပ်တောင် ဝေလည်လည် ဖြစ်လာတာကြောင့် သတိ‌လစ်မေ့မျောတော့မလိုဖြစ်နေသည်။

“အနက်ရောင်ပုံစံ၊ ကိုယ့်ကိုယ်ကိုယ် ချိတ်ပိတ်ခြင်း”

မီးခိုးမြူပုံရိပ်၏ ရင်ဘက်၌ အမှတ်ကြီးတစ်ခုပေါ်လာသည်။ ထို့နောက် တစ်ကိုယ်လုံးစတင်၍ ပြန့်နှံ့သွားကာ အလွန်ကြောက်မက်ဖွယ်ရာအတိ ဖြစ်လာတော့၏။

ထိုအနက်ရောင်အမှတ်များ ပြန့်သွားသည့် ကိုယ်တစ်လျှောက်မှာရှိတဲ့ ဒဏ်ရာတွေအားလုံး သွေးတိတ်သွားခဲ့သည်။ ဒဏ်ရာများ ပျောက်ကင်းသွားတာတော့မဟုတ်ဘဲ ဒီအတိုင်း ရပ်သွားခြင်းပဲဖြစ်သည်။

ထိုအရာက ကိုယ့်ကိုယ်ကိုယ် “သွေးချက်ချင်း တိတ်စမ်း။ ငါတိုက်ခိုက်နေတယ်။ ပြီးမှ ထွက်” လို့ပြောလိုက်တော့ တကယ်ကြီး သွေးတိတ်သွားတာနဲ့ ဆင်တူသည်။

ဓားကိုခုမှ ဓားအိမ်ထဲပြန်သိမ်းပြီးလိုက်သော စုရှောင်ရှန် ထိုအချင်းအရာကိုမြင်သော် မျက်လုံးအိမ်မှ မျက်လုံးများပြူးကျယ်ထွက်လာကြသည်။

ထို မီးခိုးမြူပုံရိပ်က မိုမိုဖြစ်တာသိတာကြောင့် စုရှောင်ရှန် ခေါင်းကိုတော့ တန်းပြီး မဖြတ်လိုက်ပါပေ။ သို့တောင် သူ၏ ဒဏ်ရာများကို ရပ်ပစ်လိုက်သည့် နည်းလမ်းကြောင့် မှင်တက်သွားရ၏။

‘လခွမ်း။ ဒါဘာကြီးလဲဟ’

ချိတ်ပိတ်ခြင်းစွမ်းပကား။ ထိုအရာက သွေးထွက်နေသည့် ဒဏ်ရာများကို ရပ်တန့်သွားအောင်တောင် တကယ်ပဲ အရာအားလုံးကို ချိတ်ပိတ်နိုင်သည်လော။ အခြေအနေက ကပြောင်းကဆန်နှင့် ဆိုးဝါလာပြီဆိုတာ သိလိုက်ရပြီး စုရှောင်ရှန်တံတွေးကို ခက်ခက်ခဲခဲမျိုချလိုက်ရသည်။

ထိုလည်ပင်းကို ပြုတ်ထွက်မည်စိုး၍ ကိုင်ထားရသော ဒဏ်ရာများပြင်းထန်စွာရနေသည့် မီးခိုးမြူပုံရိပ်က ယခုတော့ လုံးလုံးလျားလျား ပုံစံပြောင်းသွားတော့၏။

မဟုတ်သေးဘူး။

တစ်စုံတစ်ယောက်သာ မီးခိုးမြူပုံရိပ်ကို သေချာကြည့်မယ်ဆိုရင် တစ်ခုခုပြောင်းလဲသွားတာတွေ့နိုင်သည်။ ထိုအရာက ၎င်း၏ မျက်၀န်းများအတွင်းရှိ ဒေါသများ သဏ္ဌာန်ပေါ်လာခြင်းပင်ဖြစ်သည်။

“ဟီးဟီ စတာပါ။ အတည်မယူပါနဲ့”

စုရှောင်ရှန် ရင်ဘက်ရှေ့မှာ လက်ပိုက်ပြီး ခပ်သဲ့သဲ့ရယ်လိုက်သည်။ “မင်းဒီလောက် သန်မာမယ်မှန်းမသိဘူး။ ထားပါ။ ကိုယ့်လမ်းကိုယ် သွားကြတာပေါ့”

“အိုး ဟုတ်သား။ စောနက နာမည်ပြောမလို့မလား။ ခုပြောလေ နားထောင်နေတယ်”

“…”

မီးခိုးမြူပုံရိပ်က တဆတ်ဆတ်တုန်ခါသွားလွန်းလို့ လည်ပင်းမှ သွေးများတောင် ပြန်စိမ့်ထွက်လာသည်။ ဤအချင်းအရာကိုမြင်သော် စုရှောင်ကြက်သီးဖျင်းဖျင်းထသွား၏။

‘ငါမရည်ရွယ်ပါဘူး။ ကျိန်ဆိုပါတယ်’ စိတ်ထဲမှ ‌ဆိုသည်။

“လူကြီးလူကောင်းတွေက လက်မပါဘူး။ စကားနဲ့ပဲဖြေရှင်းကြတယ်။ လက်ပါတဲ့လူက အဲ့တာ လူကြီးလူကောင်းမဟုတ်လို့… ဟ လခွမ်း”

အပိုင်း (၁၅၈) ထပ်လှည့်စားခြင်း

မီးခိုးမြူပုံရိပ်က ဒေါသတို့ဖြင့် ပေါက်ကွဲတော့မတတ်ဖြစ်နေသည်။ စုရှောင်ရှန်ကို ဘယ်တော့မှ စကားမပြောတော့ပါဟု မီးခိုးမြူပုံရိပ်ကျိန်ဆိုလိုက်၏။

စုရှောင်ရှန်က ဉာဏ်နီဉာဏ်နက် များလွန်းသည်။ သူသတိမထားမိလျှင် ထိုအကောင့်၏ ထောက်ချောက်ထဲ ထပ်ကျသွားနိုင်၏။

မီးခိုးမြူပုံရိပ်၏ လက်တွင် စိတ်ဝိညာဉ်အနှစ်များ စုစည်းလာလေပြီး သူ့ကိုယ်သူ မီးခိုးလုံးကြီးဖြင့်ဖုံးအုပ်လိုက်ကာ အပြင်ဘက်အရာများအားလုံးထံမှ ကာကွယ်လိုက်သည်။

“လမ်းစဉ် ခြောက်ခု၊ ကောင်းကင် လှောင်ပိတ်ခြင်း” ထို့နောက် အေးစက်စက်အသံကို ထပ်ကြားရသည်။

စုရှောင်ရှန်၏ မျက်လုံးများ မယုံကြည်နိုင်မှုတို့ဖြင့် ပြူးကျယ်သွားသည်။ ထိုအရာ၏ ခွန်အားက ထပ်၍ ခုန်တက်သွားပြန်ပြီ။

‘လခွီး… မဖြစ်တော့ဘူး’

ထျန်းရွှမ်တံခါးက လျှို့၀ှက်နယ်ပယ်တစ်ခုဖြစ်ကာ ကမ္ဘာအသေးလေးတစ်ခုလို့လည်း ပြောနိုင်သည်။ ထိုကမ္ဘာလေး ခံနိုင်သော အမြင့်ဆုံးကျင့်ကြံခြင်းနယ်ပယ်မှာ စစ်မှန်ခြင်းနယ်ပယ် အထွတ်အထိပ်ဖြစ်၏။

ဒါကိုတောင် ထပ်ကပ်တွက်သေးလျှင် အများဆုံးက စစ်မှန်ခြင်းနယ်ပယ်မှ အရှင်သခင်နယ်ကယ်သို့ လောလောလတ်လတ် အဆင့်တက်ပြီးကာစ ကျင့်ကြံသူကိုသာ ခံနိုင်ရည်ရှိသည်။

ယခုတော့ မီးခိုးမြူပုံရိပ်က ကမ္ဘာကြီးကိုယ်တိုင်ကို အရူးလုပ်ကာ ထို့ထက်ပိုသော အဆင့်ကိုတက်နေသည်။

၎င်းက… အဆင့်တက်ဖို့အတွက် ကိုယ့်တည်ရှိမှုကို ကောင်းကင်တာအိုစီကနေ ဖွက်နေသည်နှင့်တူ၏။

စုရှောင်ရှန်ပြောစရာစကားများပျောက်ရှသွားရသည်။

ထိုမျှလုပ်နိုင်အောင် ဘယ်လောက်တောင်သန်မာရမလဲ စုရှောင်ရှန် မခန့်မှန်းနိုင်ပါ။ ဤသို့သော နည်းလမ်းကပဲ နည်းစနစ်ဆိုတဲ့ အတိုင်းအတာကိုကျော်လွန်၍ “မဟာလမ်းစဉ်နှင့် ထိတွေထားမလား” မသိ။

မဟာလမ်းစဉ်ကို နားလည်သဘောပေါက်ရာတွင် တစ်စုံတစ်ယောက်က အသိပညာနှင့် အတွေ့အကြုံ လုံလုံလောက်လောက်မရှိပါက ထိုမျှ ခရီးလမ်းဝေးဝေးကိုရောက်လိမ့်မည်မဟုတ်ပေ။

သို့ဖြင့် မီးခိုးမြူပုံရိပ်က ရောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။ စုစုရှောင်ရှန် ချက်ချင်း ထို မီးခိုးမြူပုံရိပ်ကို ပိုင်းဖြတ်လိုက်သည်။

သူ့ဓား၏ စွမ်းပကားက ထက်ရှလွန်းလှသော်လည်း ထိုအရာ၏ ချိတ်ပိတ်ခြင်းစွမ်းအင်နှင့် ထိတွေ့ရာ မယုံနိုင်စရာကောင်းလှအောင် ထန်းဟူသော မြည်သံဖြင့် ဘေးကိုချော်ထွက်သွား၏။

‘ချီးဘဲ။ ဒီတိုင်းဆို ငါက ဘယ်လို ဆက်ချရတော့မှာတုန်း’

မုကျစ်ရှီဘက်သို့ တဟုန်ထိုးပြေး၍ ကောက်မက စုရှောင်ရှန် သုတ်ခြေတင်ပြေးတော့သည်။

“ညီမလေး ထလာပါတော့။ လက်သီးနှစ်ချက်နဲ့ ဓားတစ်ချက်နဲ့ နင့်အကိုကြီး နင့်အတွက် ‌လက်စားချေပြီးပါပြီ။ ထလာပါတော့။ ပြေးရတော့မယ်လို့”

စိတ်ဝိညာဉ်အသက်တံဆိပ်ပြား၏ ကုသခြင်း အကျိုးကျေးဇူးကြောင့် မုကျစ်ရှီ၏ ဒဏ်ရာအတော်များများ ပျောက်ကင်းလုနီးနီးဖြစ်သွား၏။ သို့တောင် သူမက နိုးလာမည့်ဟန် မရသေးပါ။ စုရှောင်ရှန် သူမကိုပဲ ဒီတိုင်း မပြီး မြန်မြန်ပြေးလိုက်‌ရတော့သည်။

“မင်းထွက်ပြေးနိုင်မယ်ထင်လို့လား” မီးခိုးမြူပုံရိပ်က အေးစက်စက်ဆိုလိုက်သည်။ “လေ”

သူ့လက်နှစ်ဖက်ကို ပူးကပ်လိုက်ရာ ထိုခြောက်ချားဖွယ်ရာလေများ တဖန် ပြန်ပေါ်လာသည်။

စုရှောင်ရှန်၏ ခေါင်းထဲ၌ သတိပေးခေါင်းလောင်းတို့ ညံသွား၏။

ဒီကိုမလာခင်က သူ့စိတ်ဝိညာဉ်အာရုံနှင့် အာရုံခံကြည့်ရာ ယခုတိုက်ခတ်နေသော လေမျိုးက တစ်စုံတစ်ယောက်ကို အပြင်ဘက်ကမ္ဘာကြီးနှင့် အဆက်အသွယ်ပျက်သွားအောင်လုပ်နိုင်တာ မြင်ခဲ့ရသည်။

ထိုအရာက သူ့အကြားအမြင်ကိုပါ နှောင့်နှေးစေမလားမသိပေမယ့် မိုမိုနှင့် မိုးတိမ်လေပြိုင်ပွဲမှ ချွန်ထက်ခြင်း ချိတ်ပိတ်ခံရတာကိုကြည့်ရသော် တစ်စုံတစ်ခုကို ချက်ခြင်းတွေးမိလိုက်သည်။ မထိနဲ့၊ မကြည့်နဲ့။

သူက အများကြီးတိုးတက်လာခဲ့ပြီဖြစ်ရာ ယခင်က စုရှောင်ရှန် မဟုတ်တော့ပါပေ။

သူ့ကိုယ်သူ ထိုမမြင်နိုင်သည့်မီးလျှံများဖြင့် ဖုံးအုပ်လိုက်သည်။ ထိုလေများသူ့အနီးသို့ရောက်လာသောအခါ ဗလာနတ္ထိအဖြစ်ထိ လောင်ကျွမ်းခံလိုက်ရပြီး သူ့ကိုယ်ကိုထိတွေ့ခြင်းမရှိတော့ပေ။

ငရဲမီးတောက်ကောင်းကင်မီးလျှံများက သဏ္ဌာန်မရှိသလို လုံး၀အတိ ပူပြင်းပြီး အရာအားလုံးကို ဗလာနတ္ထိ လောင်ကျွမ်းနိုင်၏။

“စိတ်ဝိညာဉ်အာရုံက အသုံးမ၀င်တော့ဘူးဆိုတော့…”

သူ့ကို ထိုလေများလာရောက်မတိုက်ခတ်ရသေးသည်တောင် သူ့ရှေ့မှ လမ်းကို စိတ်ဝိညာဉ်အာရုံဖြင့် အာရုံခံလို့မရတော့ပေ။

စုရှောင်ရှန် ပျာယာခတ်သွားသည်။ အကယ်၍ မီးခိုမြူများအတွင်း၌ လမ်းပျောက်သွားပါက မုကျစ်ရှီဖြစ်သလို လျှင်မြန်စွာ သူ့ကို ဖြစ်လာပေလိမ့်မည်။

စုရှောင်ရှန် သူ့စိတ်ထဲက အနီရောင်ဖန်သားပြင်ကို ကြည့်လိုက်သည်။

[ပင်ကိုယ်မှတ် : ၃၈၆၉၄]

ထိုအခိုက် ပင်ကိုယ်မှတ် သုံးသောင်းလောက်တော့ ချန်လိုက်ပါမယ်‌လေဆိုတဲ့ သူ့နောင်ရေးကို ကြိုမျှော်တွေးတတ်သော အမြင်ကို အလွန်အမင်း ကျေးဇူးတင်သွားမိသည်။

[အကြားအမြင် (စစ်မှန်ခြင်းနယ်ပယ် အဆင့်(၁)]

[အကြားအမြင် (စစ်မှန်ခြင်းနယ်ပယ် အဆင့်(၆)]

ချက်ခြင်းပဲ ပင်ကိုယ်မှတ် ၂၅၀၀၀ ကို အကြားအမြင်ထဲ ထည့်ပစ်လိုက်သည်။

သူ့‌အစောပိုင်းအတွေ့အကြုံများအရတော့ ထို မီးခိုးမြူပုံရိပ်၏ ချိတ်ပိတ်ခြင်းစွမ်းအင်များ သူ့ကိုမထိလျှင် သူ့နည်းစနစ်များလည်း ချိတ်ပိတ်ခြင်းခံရလိမ့်မည်မဟုတ်ပေ။

အကြားအမြင်ကို ယခင်တစ်ခေါက် အဆင့်မြှင့်ပြီးကတည်းက အရာအားလုံးကို ရှင်းလင်းစွာ သူ့ကိုယ်ပိုင်မျက်စိနှင့်မြင်နေရသလို ဖြစ်နေပြီ။ သို့သော် အရာတစ်ခုတော့ အဆင့်မြှင့်လို့ရသေးသည်။ ၎င်းက အကွာအဝေးဖြစ်၏။

ထင်ထားသည့်အတိုင်း အကြားအမြင်ကို အဆင့်မြှင့်ပြီးနောက်မှာ စွမ်းရည်၏ အကွာအဝေးက အတော်လေး တိုးမြင့်သွားခဲ့သည်။

ယခင် ဆယ်မီတာ ပတ်လည်၀န်းကျင်မှ ယခု တစ်ကီလိုမီတာ၏တစ်၀က် မီတာ ငါးရာ အကွာအဝေးထိကို ချက်ခြင်း ခုန်တက်သွား၏။

ထို့ပြင် ရှင်းလင်းပြတ်သားမှုကလည်း ပို၍ ကြည်လင်လာသည်။ ဘာဖြစ်မှန်းကိုမသိ သိအောင် ရုန်းကန်ရသော စိတ်ဝိညာဉ်အာရုံဖြင့်တော့ နံ့သာဆီနဲ့ ချေးအလား။

“ကြမ်းတယ်ဟ”

အကြားအမြင်မှ တစ်ဆင့် ထိ မီးခိုးမြူပုံရိပ်က သူ့ကို တိုက်ခိုက်ဖို့ ဆန္ဒမရှိသေးတာ စုရှောင်ရှန် တွေ့လိုက်ရသည်။ ထိုအစား ဆေးလုံးများထုတ်ပြီး တဂျွတ်ဂျွတ်ဝါးစားတော့၏။

“ဟ..” စုရှောင်ရှန် စွံ့အသွားသည်။

‘နည်းနည်းတော့ ဂုဏ်ဆိုတာလေး ရှိပါဦး။ အစောကတည်းက ဆေးလုံးတွေစားရင်ပြီးရောကို ခုမှ တိတ်တိတ်လေးခိုးစားတယ်။ ပြီးတော့ ရွှေနီဆေးလုံးတွေ။ တကယ် မမောက်မာနိုင်တော့ဘူးပေါ့လေ’

စုရှောင်ရှန် ကိုယ့်ကိုယ်ကိုယ် ကျေနပ်သွားသည်။ ဘာမှမသိသလိုဆက်၍ ထွက်ပေါက်ကိုရှာနေဟန် ပျာယာခတ်နေပြလိုက်ပြီး ဖြည်းဖြည်းချင်း ထိုလေဖုံးအုပ်ထားသော‌နေရာအစွန်းပိုင်းသို့ ပြေးသွားလိုက်သည်။

သူ့ကိုယ်သူ ရန်သူနှင့် အကွာအဝေး ခွာခြင်းက တိုက်ခိုက်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ဟန်မရပေ။ သို့သော် စုရှောင် ထိုအရာများကို ခေါင်းထဲမှ ထုတ်ပစ်ကာ ဆက်၍ ပြေးနေတော့၏။

မီးခိုးမြူပုံရိပ်က တာဝေးတိုက်ကွက်များကို ပို၍ နှစ်သက်သဘောကျနေဟန်ရသည်။ သို့ဆိုပါက ဆေးလုံးများကိုစားပြီး ဒဏ်ရာများကို အေးဆေးသက်သာလာအောင်လုပ်နိုင်တယ်မဟုတ်ပါလား။

စောနက အဆင့်တက်ခြင်းမှ မီးခိုးမြူပုံရိပ် စိတ်ဝိညာဉ်အနှစ်တစ်ချို့ကို ပြန်ရလိုက်သည်။ သို့ဖြင့် နောက်ထပ် ချိတ်စည်းတစ်ခု ဆောင်ရွက်လိုက်၏။

“လမ်းစဉ်ခြောက်ခု၊ သဏ္ဌာန်ခြောက်ပါး ချိတ်ပိတ်ခြင်းတံခါး”

စုရှောင်ရှန်၏ ပတ်ပတ်လည်မှ တံခါးခြောက်ခု ပြိုးပြိုးပြက်ပြက်ပေါ်လာပြီး သူ့ထံရွေ့လာတော့သည်။ ၎င်းတို့ပူးကပ်သောအခါ မုကျစ်ရှီကို လှောင်ပိတ်သလို ထောင်ချောက်ဖြစ်လာမည်ဟု စုရှောင်ရှန် ခန့်မှန်းကြည့်လိုက်သည်။

သို့ပေမယ့်… ထိုတံခါးများက နှေးလွန်းလှသည်။

သို့မှ ထိုလေများက အခြားနည်းစနစ်တစ်ခုမသုံးခင်လိုအပ်ကြောင်းသိလိုက်ရပြီး စုရှောင်ရှန်၏ မျက်နှာထက်၌ ထူးတန်းသော အမူအရာပေါ်လာသည်။

‘မုကျစ်ရှီသာ စောစောစီးစီးဒါကို အာရုံခံမိရင် အဲ့ဒီ လှောင်အိမ်ထဲတောင် ကျသွားမှာမဟုတ်ဘူး’ သူတွေးလိုက်သည်။

စုရှောင်ရှန် သူ့ခန္ဓာကိုယ်ကို မတော်တဆပုံစံမျိုး အသာအာာ တိမ်းစောင်းလိုက်ရာ ထိုတံခါးခြောက်ခု လုံး၀ မပူးကပ်သွားခင် တံခါးနှစ်ခု အကြားရှိ ကြားပေါက်လေးမှ လွတ်သွားပြီး ဆက်လက်ရှေ့သို့ ပြေးလိုက်၏။

မီးခိုးမြူပုံရိပ် မှင်တက်သွားသည်။

၎င်းက တိုင်ဆိုင်မှုသာဖြစ်ရမည်။ ဟုတ်သည်။

‘ဒီကောင် တံခါးတွေကိုမတွေ့အောင်လုပ်ရမယ်’ သူတွေးလိုက်သည်။

မီးခိုးမြူပုံရိပ် နောက်ထပ် လက်ကွက်တစ်ခုကိုလုပ်ဆောင်လိုက်ရာ မီးခိုး ရောင်တံခါးခြောက်ခု လေထဲတွင်ပေါ်လာပြီး ဖြည်းဖြည်းချင်း စုရှောင်ရှန်ထံ တိတ်တိတ်လေး ချဉ်းကပ်လာတော့သည်။

“အ”

စုရှောင်ရှန် ခြေထောက်ခေါက်သွားပြီး နောက်ထပ်တစ်ကြိမ် တံခါးနှစ်ခုအကြားမှ ကပ်သီးလေးလွတ်သွား‌ပြန်သည်။

မီးခိုးမြူပုံရိပ်စွံ့အသွားသည်။

တကယ်ပဲ တိုက်ဆိုင်မှုလား။

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

“လမ်းစဉ်ခြောက်ခု၊ သဏ္ဌာန်ခြောက်ပ ချိတ်ပိတ်ခြင်းတံခါး” မီးခိုးမြူပုံရိပ် နောက်ထပ် လက်ကွက်များထက်လုပ်လိုက်သည်။

တံခါးခြောက်ခု ထပ်ပေါ်လာသည်။

ဒီတစ်ကြိမ်တော့ ဟန်တောင်ဆောင်မနေတော့ဘဲ တံခါးနှစ်ခုအကြားရှိ အဟလေးမှ ခုန်ထွက်ပစ်လိုက်သည်။ သို့ဖြင့် ထိုခြောက်ချားဖွယ်ရာလေ၏အပြင်ဘက်သို့ထွက်နိုင်လိုက်ပြီး အသက်ရှူချောင်သွားတော့၏။

မီးခိုးမြူပုံရိပ် ကြက်သေသေသွားသည်။

‘ဒီကောင် အကုန်မြင်နိုင်နေတာကို ငါ့ကို အရူးလုပ်နေတာဟ။ ချေးလိုပဲ”

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

မီးခိုးမြူပုံရိပ် ဒေါသအမျက် တစ်ထောင်းထောင်းထနေသည်။ ချက်ခြင်း မီးခိုးလုံးသဏ္ဌာန်ဖြင့် စုရှောင်ရှန်အနောက်ကို တဟုန်ထိုးလိုက်တော့၏။

“စုရှောင်ရှန် မင်းငါ့ကို လှည့်စားရဲတယ်ပေါ့”

“လှည့်စားတယ်” စုရှောင်ရှန် အပြစ်ကင်းစင်သည့် ဟန်ပန်ဖမ်းလိုက်သည်။ သို့သော် သူ့ခြေထောက်များကတော့ ပြေးနေရာမှ မရပ်တန့်ပါလေ။ “ငါ့ခြေထောက်တကယ် ခေါက်သွားလို့ အဆစ်ပြန်‌တည့်နေတာပါ။ တစ်ခုခုဖြစ်သွားလို့လား”

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

မီးခိုးမြူပုံရိပ်အလွန်ဒေါပွလွန်းလို့ ပေါက်ကွဲ‌ထွက်တော့မတတ်ဖြစ်နေသည်။ စုရှောင်ရှန်ကိုတောင် စကာပြန်မပြောတော့ပေ။ သူထပ်လှည့်စားတာမခံရ‌အောင် စကားမပြောတော့ဖို့ ကျိန်ဆိုလိုက်သည်။

စုရှောင်ရှန် သူ့အရှင်သခင်နယ်ပယ်လျင်မြန်မှုကိုလိုက်မှီသည့် ဒုတိယ ပြိုင်ဘက်ကိုတွေ့လိုက်ရသည်။ သူ့နောက်မှ မီးခိုးမြူပုံရိပ်က ခါချ၍မရ‌အောင် ကော်နဲ့ကပ်ထားသလို လိုက်ပါလာနေ၏။

သူသေချာကြည့်လိုက်သောအခါ ထိုအရာ၏ အလျင်က သူ့ထက်တောင် နည်းနည်းမြန်နေတာကို မြင်လိုက်ရ၏။

“အရှင်သခင် နယ်ပယ် ကျင့်ကြံသူ‌တွေက တကယ့်တကယ်ကို ကြောက်ဖို့ကောင်းလွန်းတာပဲ” စုရှောင်ရှန် လက်ဖျားခါသွားရသဖြင့် မှတ်ချက်ချလိုက်သည်။

ထို့နောက် ပါး‌စပ်ထောင့်မှ သွားရေများကျလာနေတဲ့ အပူအပင်ကင်းမဲ့သော မုကျစ်ရှီကို ‌စုရှောင်ရှန်သယ်ကာ ပြေးနရင်းမှ သူမ၏ ရင်ဘက်ထဲကို လက်လျှိုပြီး စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကိုထုတ်ယူလိုက်၏။

“ငါ့ကိုလိုက်မဖမ်းနဲ့တော့ဟ။ ဒီချေးထုပ်… အာ ဒီ တံဆိပ်ပြားပေးမယ်။ ပြီးရင်ကိုယ့်လမ်းကိုယ် သွားကြမယ်။ ဘယ်လိုလဲ” မီးခိုးမြူပုံရိပ်ကို ရပ်ခိုင်းလိုက်ပြီး စုရှောင်ရှန် ညှို့နှိုင်းတော့သည်။

[ပင်ကိုယ်မှတ် : ၁၃၆၉၄]

[ပင်ကိုယ်မှတ် : ၃၆၉၄]

[ဓားထိပ်သီး(စစ်မှန်ခြင်းအဆင့်၁)]

[ဓားထိပ်သီး(စစ်မှန်ခြင်းအဆင့်၃)]

အသိအမြင် ပမာဏအများကြီး သူ့ခေါင်းထဲပေါ်လာပြီး သူ့အောက်မှ စန်းလျှိုသစ်တောကိုကြည့်လိုက်၏။ လေညှင်းကလေးက သစ်ပင်၊ ပန်းပင်များအကြားတိုက်ခတ်နေပြီး ရွက်ခြောက်များကလည်း နေရာတိုင်းမှာ ကျနေကြသည်။

ချက်ခြင်း အကြံတစ်ခုရလိုက်၏။

သူနောက်လှည့်ကြည့်လိုက်ရာ ထင်ထားတဲ့အတိုင်း မီးခိုးမြူပုံရိပ်က လိုက်လာနေသေးတာကိုတွေ့ရသည်။ စုရှောင်ရှန်ဆက်မပြေးတော့ဘဲ နေရာ၌ ရပ်နေလိုက်၏။

“ထပ်တိုးမလာနဲ့။ တကယ်ပြောနေတာ။ ငါ့အသက်ကို ချမ်းသာပေးပါ” စုရှောင်ရှန် ထိတ်ထိတ်ပျာပျာဖြစ်နေသော လေသံဖြင့်ဆိုသည်။

မီးခိုးမြူပုံရိပ်၏ မျက်လုံးများက အထင်အမြင်သေးမှုတို့ဖြင့်ပြည့်နေသည်။ စုရှောင်ရှန် သူ့အသက်အတွက် တံဆိပ်ပြားကိုတောင်လဲလှယ်နေမှတော့ တကယ် လှည့်ကွက်တွေကုန်သွားပြီဖြစ်လောက်၏။

‘ဒီနေ့ တံဆိပ်ပြားကိုပဲမဟုတ်ဘူ မင်းအသက်ကိုပါ ယူမှာ’ မီးခိုးမြူပုံရိပ် စိတ်ထဲမှ ပြောလိုက်သည်။

သို့ဖြင့်ဘာမှ မပြောဘဲ ရှေ့တက်လာလိုက်၏။

ရုတ်တရက် စုရှောင်ရှန်၏ နည်းစနစ်ရဲ့ စက်ကွင်းထဲကိုရောက်သွားရာ မီးခိုးမြူပုံရိပ် ကြက်သီးတဖျင်းဖျင်းထသွားပြီး ပြေးနေတာရပ်အောင် မနည်းလုပ်လိုက်သည်။

စုရှောင်ရှန့် ခေါင်းက ငိုက်စိုက်ကျနေသည်။

သူ့အောက်မှ ရှေးဟောင်းသစ်ပင်အိုကြီးများက စိမ်းလန်းနေကြသေးသော်လည်း ချက်ခြင်း ၎င်းတို့၏ သစ်ရွက်၊ပန်းပွင့်တို့ ကြွေကျလာကြ၏။

အရွက်တိုင်းလိုလို တစ်ခုတစ်ခုကြောင့် ဆွေးမြေ့ ကြွေကျသွားရဟန် ပေါ်သည်။ ထိုသစ်ရွက်များအားလုံးကို ဓားဆန္ဒဖြင့် တစ်မျိုး၊ သူမကြာသေးခင်က တတ်သွားသော “သာမန်အတွေးစွမ်းအား” ဖြင့်တစ်ဖုံ စုရှောင်ရှန်ပေါင်းစပ်ထား၏။

သူသေချာဆန်းစစ်ကြည့်လိုက်ရာ အနည်းဆုံး အရွက်ပေါင်းသောင်းနှင့်ချီ၍ ရှိသည်ကိုတွေ့လိုက်ရသည်။

မီးခိုးမြူပုံရိပ် မှင်တက်သွားတော့သည်။

‘သူ… သူ ငါ့ကိုလှည့်စားပြန်တာလား’ မီးခိုးမြူပုံရိပ်တွေးလိုက်၏။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

အပိုင်း (၁၅၉) စနစ်ရဲ့စွပ်ဖက်ခြင်း

ကျောက်ချင်းထန်၏ သဏ္ဌာန်မဲ့အေးခဲခြင်းကို စုရှောင်ရှန် အတော်လေး မနာလိုဖြစ်ဖူးသည်။ သူလည်းတနေ့ သူ့ပတ်၀န်းကျင်ရှိအရာအားလုံးကို ဓားဖြစ်သွားအောင်ထိန်းချုပ်ပြီး ဟန်ထုတ်မည်ဟု တွေးတောဖူး၏။

နည်းစနစ်တစ်ခုခုကို ကောက်ယူလေ့ကျင့်ရင်တောင် သူ့ပါရမီနှင့်ဆို နှစ်အတော်ကြာတဲ့အထိကို ဘာမှ ပေါက်ပေါက်မြောက်မြောက်ရှိမည်မဟုတ်လိမ့်ပေ။ သို့ဖြင့် ဓားဆန္ဒကိုသာ ပို၍ နက်နက်ရှိုင်းရှိုင်းနားလည်အောင် အာရုံစိုက်တော့၏။

စုရှောင်ရှန် အရာအားလုံးကဓားကိုတောင် တစ်ညတည်းနဲ့ ကျွမ်းကျင်သွားပြီး ခပ်မိုက်မိုက် ကိုယ်ပိုင်နည်းစနစ်‌ကိုတောင်ထွင်လိုက်သည်။ ၎င်းက ဓားနှင့် ပတ်သက်၍ နက်ရှိုင်းစွာနားလည်၍ဖြစ်၏။

သို့သော် ကံမကောင်းတာက ထိုနည်းစနစ်က သုံးမရဘဲ တိတ်တခိုးနာကျင်ခြင်းကိုတောင် သူ့ကို သတ်ဖြတ်ချင်စိတ်များမွေးလာအောင်လုပ်ပေးလိုက်၏။

သို့သော် ထိုစဉ်က စတင်ခြင်းနယ်ပယ်ဓားဆန္ဒနဲ့မလို့ တကယ့် အတောင်ပံစုံတဲ့ စိတ်ဝိညာဉ်နည်းစနစ်ကို မဖန်တီးနိုင်တာ သဘာ၀ကျသည်။

ယခု ဓားဆန္ဒက စစ်မှန်ခြင်းနယ်ပယ်သို့ရောက်သွားပြီ၊ ထပ်၍လည်း အဆင့်နှစ်ခါမြှင့်ထားသေးသည်။ ထိုအဆင့်မြှင့်လိုက်ခြင်းမှ အသိအမြင်များက သူ့ကို စန်းလျှိုသစ်တောအတွင်း အလင်းပေါက်သွားစေလေသည်။ ထို့ကြောင့် အပင်များမှ အရွက်များကိုသူချွေရခြင်းဖြစ်ပါသည်။

သူ့ဓားဖြတ်သန်းရာတစ်လျှောက်လုံးမှာ ရှိတဲ့အရာတွေအားလုံး ပျက်ဆီးကြသည်။ သူ့အတွေးဖြတ်သန်းသွားတဲ့နေရာတစ်လျှောက်လုံးမှာ သူ့ဓားဆန္ဒကို အရာအားလုံးက ဦးညွှတ်ကြ၏။

စုရှောင်ရှန်၏ အထက်တွင်သာ ငှက်တွေရှိနေမယ်ဆိုရင် လေထဲကို လက်ညှိုးတစ်ချောင်းထောင်လိုက်တာ တွေ့မြင်ကြရမည်ဖြစ်သည်။ သို့ဖြင့် အရွက်များက လေမတိုက်ပဲ စတင်၍ ရွေ့လျားလာကြပြီး မီးခိုးမြူပုံရိပ်ကို ဝိုင်း၀န်း၍ ရစ်ပတ်လိုက်ကြ၏။

“လေလွင့်တိမ်တိုက်(၆) : ဓားတစ်သောင်းဓားကွက်”

သူ့ထိန်းချုပ်မှုအောက်မှာ အရွက်တစ်သောင်းလုံး ဖုန်းကွယ်မနေတော့ဘဲ ဓားဆန္ဒများအားလှစ်ဟာပြလိုက်ကြ၏။ ဘာမှမလုပ်ဘဲနှင့်တောင် ကောင်းကင်မှ ကျလာနေသော နှင်းပွင့်ဖက်များကို အစအနမကျန်အောင် စုတ်ဖြဲလိုက်၏။

မီးခိုးမြူပုံရိပ် အလွန်အမင်း အံ့အားသင့်သွားလေသည်။

ယခင်က‌ သူ၏၏ ဓားကွက်က စုရှောင်ရှန် ဓားအိမ်မှ ဓားဆွဲထုတ်ချက်ကြောင့် ပေါ်လာသဖြင့် ထိန်းချုပ်မှုမရှိရာ ကောင်းကင်ဘုံသုံးထပ်အကာအကွယ်နှင့် ကာကွယ်နိုင်ဖို့ ယုံကြည်ချက်ရှိတယ်ဆိုပေသည်။

သို့သော်ထိုအရွက်များအားလုံးကတော့ စုရှောင်ရှန် ကိုယ်တိုင်ကိုယ်ကျထိန်းချုပ်နေခြင်းဖြစ်ပါသည်။ ထို့ပြင် အရွက်တစ်ရွက်စီတိုင်းမှာ ဓားဆန္ဒများကို ပေါင်းစပ်ထားသေးရာ ၎င်းတို့ တစ်ခုချင်းစီတိုင်းက အရင်ဓားကွက်ထက်ပို၍ အစွမ်းထက်နေတော့၏။

‘ငါဘယ်လို ကာကွယ်ရမလဲ’ သူတွေးလိုက်သည်။

အရှင်သခင်နယ်ပယ်၌ ရှိနေတာတောင် ဤအရွက်များအားလုံးကို ကာကွယ်နိုင်မည်လို့ မသေချာပါ။

“ချ” စုရှောင်ရှန် လက်ကွက်တစ်ချို့လုပ်ပြီး အော်လိုက်သည်။

အရွက်တစ်သောင်းလောက် ထို မီးခိုးမြူပုံရိပ်ကို ဝါးမျိုချင်သည့်သဖွယ် ၀င်ရောက်တိုက်ခိုက်ကြတော့သည်။ နေရာ၀န်းကျင်တစ်ခုလုံး အရွက်များဖြင့် ဖုံးလွှမ်းသွား၏။

“ကောင်းကင်ဘုံသုံးထပ် အကာအကွယ်” မီးခိုးမြူပုံရိပ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သံကုန်အော်လိုက်သည်။

မီးခိုးမြူပုံရိပ်အနားတွင် မီးခိုးမြူအကာအကွယ်(၃) ခုပေါ်လာခဲ့သည်။ ယခင်ထက် နှစ်လွှာပိုလာကာ အရွက်များ‌၏ ဒေါသတကြီးတိုက်ခိုက်မှုကို အစွမ်းကုန် ကာကွယ်ပေးလိုက်ကြ၏။

မီးခိုးမြူပုံရိပ်ပို၍ ခုခံမှုကောင်းသည့် စိတ်ဝိညာဉ်နည်းစနစ်ကိုအသုံးပြုလိုက်ချင်သော်ငြား သူ့စိတ်ဝိညာဉ်အနှစ်များက မလုံလောက်တော့ပါချေ။

အစကတည်းက နည်းစနစ်တွေကို တစ်ခုပြီးတစ်ခု ထပ်ဆင့်သုံးနေလေရာ စိတ်ဝိညာဉ်အနှစ်များက ကုန်ခမ်းလုနီးနေပြီဖြစ်ပြီး အဆင့်တက်ခြင်းမှရလိုက်သော စိတ်ဝိညာဉ်နည်းအနှစ်များဖြင့်တောင် သုံးဖြုန်းနေသည့် နှုန်းထားနှင့် မကာမိပေ။

ထိုကောင်းကင်ဘုံသုံးထပ်အကာအကွယ်ကို အသုံးပြုပြီးတဲ့နောက်မှာ သူ့စိတ်ဝိညာဉ်အနှစ်များ လုံး၀ အတိ ကုန်ဆုံးလုနီးပါးဖြစ်သွား၏။

“ချီးကွာ။ ငါ့အထွတ်အထိပ်အခြေအနေမှာဆိုရင်…”

ဇွက်….။

မီးခိုးမြူပုံရိပ်စကားဆုံးအောင်တောင်မပြောကသေးခင်မှာ အပြင်ဘက်ဆုံးပိုင်း အကာအကွယ်အလွှာ ပျက်ဆီးသွားခဲ့သည်။

ထန်း ထန်း ထန်း…။

နောက်ဆုံးတော့ ဒုတိယအလွှာမှလည်း ထိုရင်းနှီးသော အသံကိုထပ်ကြားရပြန်သည်။ သို့သော် မပျက်ဆီးသွားရာ ခံနိုင်သေးပါလားဟု မီးခိုးမြူပုံရိပ် စိတ်သက်သာရာရတုန်းရှိသေး ၎င်းက အက်ကြောင်းများ အကာအကွယ်တစ်ခုလုံးကို ပြန့်သွားပြီး တစ်စစီဖြစ်သွား၏။

“…”

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

မီးခိုးမြူပုံရိပ်လုံး၀အတိ မှင်တက်နေရသည်။

“ကောင်းကင်ဘုံကာဆီးခြင်း” က တတိယအလွှာဖြစ်သည်။

တကယ်က ထိုအလွှာကို အရွက်များစုတ်ဖြဲခြင်းကို စောင့်နေစရာပင်မလိုပါချေ။ ထျန်းရွှမ်တံခါး၏ နိယာမများက အချိန်တန်ရင် ထိုအရာကို အလိုလို ပယ်ထုတ်ပစ်လိုက်မည်သာ။

သူ့နားထဲတွင် သံကြိုးထိပွတ်သံလို ထန်း သူသည့် မြည်သံကိုဆက်တိုက်ကြားနေရသည်။ သာမန်ဆို ထိုအသံက သာယာနာပျော်ဖွယ်ကောင်းသော်လည်း ယခုတော့ သူ့ကို ပို၍ ထိတ်ထိတ်ပျာပျာ‌ဖြစ်နေစေ၏။

မီးခိုးမြူပုံရိပ် အံကိုတင်းတင်းကြိတ်ကာ စိတ်ပိုင်းဖြတ်လိုက်တော့သည်။

တတိယအလွှာက ချိုင့်၀င်လာနေပြီဖြစ်ရာ သူစောင့်နေလို့မဖြစ်ပါတော့ပေ။

“မင်းငါ့ကို စိတ်လာစွပေးနေတာပဲ စုရှောင်ရှန်”

မီးခိုးမြူပုံရိပ် ၎င်း၏ လက်ကို ရင်ဘက်ရှေ့၌ ကြက်ခြေခတ်ပုံစံ ပိုင်းဖြတ်လိုက်ရာ ပုံရိပ်များစွာ ချက်ခြင်း သဏ္ဌာန်ပေါ်လာတော့သည်။ ထို့နောက် ဆက်၍ ပြုလုပ်သည့် လက်ကွက်များက အလွန်ရှုပ်ထွေးလွန်းတာကြောင့် ကြည့်နေတဲ့ စုရှောင်ရှန်တောင် ခေါင်းမူးသွား၏။

သူရှင်းရှင်းလင်းလင်းမှတ်မိသလောက်ကတော့ ထို မီးခိုးမြူပုံရိပ်အရာ မိုမို့ ခန္ဓာကိုယ်ကို ၀င်မစီးခင်သေးက ဘယ်လောက် ကြမ်းတဲ့နည်းစနစ်ဖြစ်ဖြစ် ထိုသို့ လက်ကွက်များကို တကူးတကလုပ်နေစရာမလိုပါပေ။

‘ဟ ဒီတစ်ကွက်က တော်တော်ကြီးမယ်ထင်တယ်’ သူတွေးလိုက်သည်။

ထို မြေကမ္ဘာချုပ်နှောင်ခြင်းသံကြိုးများသူ့ကို ပြိုင်ပွဲတုန်းက လေထဲမှာ တန်းလန်းကြီးချိတ်ဆွဲထားတာ အမှတ်ရနေသေးသည်။ မိုမိုသာ ထိုစဉ်က သူ၏ ဓားဆန္ဒကို မမျိုချခဲ့လျှင် သူတကယ် အဆုံးသတ်သွားရပေမည်။

သို့သော် ထိုမြှေကမ္ဘာချုပ်နှောင်ခြင်း နည်းစနစ်က ယခု မီးခိုးမြူပုံရိပ် ပြုလုပ်နေသည့်အရာနှင့် နှိုင်းယှဉ်၍တောင်မရပါချေ။

ဖူးးး…။

မီးခိုးမြူပုံရိပ်ချက်ခြင်း သွေးတစ်လုတ်အန်ထုတ်လိုက်သည်။ ကောင်းကင်ဘုံသုံးထပ်အကာအကွယ် ပျက်တော့မည့်စဲစဲ ၎င်း၏ လက်ကွက်များကို ပြုလုပ်နိုင်လိုက်၏။

၀န်းကျင်တစ်ခုလုံး ရုတ်တရက် အပြင်းအထန်တုန်ခါလာခဲ့သည်။ ကောင်းကင်ကာဆီးခြင်းလည်း ထိုအရှိန်အဝါအောက်မှ ဖိအားကိုမခံနိုင်တော့ရာ ထျန်းရွှမ်တံခါးကြီးလည်းဘာဖြစ်နေမှန်းသိသွား၏။

ထျန်းရွှမ်တံခါး၏ နိယာမများ၏ တိုက်ခိုက်ခြင်းကို ခံရမည်တောင် လစ်လျူရှုလိုက်ပြီး လက်နှစ်ဖက်ပူးကပ်ကာ မီးခိုးမြူပုံရိပ် အားတင်ပြီးတော့ အကွက်ကိုထုတ်ဖြစ်အောင်ထုတ်လိုက်သေးသည်။ “လမ်းစဉ်ခြောက်ခု၊ နတ်နဂါးချိတ်ပိတ်ခြင်း”

ကောင်းကင်ကာဆီးခြင်း ပျက်ဆီးကြေမွသွားသည်။ ထိုချိန် ဓားဆန္ဒပါ၀င်သော အရွက်များမှစ၍ အရာအားလုံး လုံး၀အတိ လှုပ်ရှားမှု ရပ်တန့်သွား၏။

နောက်စက္ကန့်ပိုင်းအတွင်း မီးခိုးမြူပုံရိပ်က နဂါးဟိန်းသံကြီးတစ်ခုကို ထုတ်လွှတ်လိုက်သည်။

သူ့တွင် အရှင်သခင်နယ်ပယ်ခန္ဓာကိုယ် ရှိ‌တာတောင် ထိုစူးစူးရှရှ ဟိန်းသံကြီး‌ကြောင့် စုရှောင်ရှန်၏ နားများအူသွားကာ အချိန်တစ်ခုကြာအောင် ဘာမှ မကြာရပါတော့ချေ။ သူ့ကိုယ်မှ အ၀တ်အစားများလည်း စုတ်ပြဲသွားပြီး သူ့နားအနောက်၌တောင် ဟက်တက်ကွဲသည့် ဒဏ်ရာများဖြစ်လာသည်။။

သူ့ဝိညာဉ်ကခန္ဓာကိုယ်မှ ဆွဲခေါ်သွားခံရသလို စုရှောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုလွတ်ကင်းသွားကြောင်းကို တွေ့လိုက်ရ၏။

မီးခိုးမြူပုံရိပ် ဟိန်းသံကြီးပေးလိုက်ပြီးနောက်မှာ လေထဲသို့ အမြင့်ကြီး ဆက်လက် ပျံတက်သွားသော နဂါးကြီးတစ်ကောင်ကိုတွေ့ရသည်။

ဒီလိုနဲ့ ၀န်းကျင်မှ ဓားသစ်ရွက်များအားလုံး တိမ်တွေအစီကို ၎င်းနောက်မှ တစ်ပါးတည်းလိုက်ပါသွားတော့၏။

“ပျက်ဆီးသွားတယ်လား” စုရှောင်ရှန်၏ မျက်ခုံးများ လှုပ်သွားသည်။ မသိလျှင် သူ့ကို ရေခဲဂူကြီးထဲထည့်ပိတ်ထားလိုက်သလို ‌ချမ်းစိမ့်သွား၏။

သူ့နတ်ဘုရားသဖွယ်ဓားကွက်က ထိုသို့ ပျက်ဆီးသွားရသည်ဟု သူမယုံကြည်နိုင်ရှိနေသည်။

၎င်းက သူအသုံးပြုနိုင်သော အသန်မာဆုံးဓားကွက်ဖြစ်သည်။ မီးခိုးမြူပုံရိပ်တွင် ထာ၀ရအသက်စွမ်းအင်လည်းမရှိရာ အချိန်တစ်ခုကြာလာလျှင် ထိုဓားသစ်ရွက်များအောက်၌ သေဆုံးရမည်သာ။

သို့သော် ယခုတော့…

“ငါ့ဓားကွက်ကိုတောင် လွယ်လွယ်နဲ့ချိုးဖျက်သွားနိုင်တာ နတ်နဂါးချိတ်ပိတ်ခြင်း တိုက်ကွက်ကြီးက ဘယ်လို နယ်ပယ်က ဟာတုန်းဟ။ လခွမ်းလိုမှ မီးခိုးမြူပုံရိပ်။ ထျန်းရွှမ်နယ်ပယ်မှာတောင်မရှိသင့်ဘူး။ ဘယ်သူက ခံနိုင်မှာလဲ”

မီးခိုးမြူပုံရိပ်၏ မျက်နှာထက်တွင် ရက်စက်သောအပြုံးတစ်ခုပေါ်လာသည်။ စုရှောင်ရှန် လုံး၀ အကာအကွယ်မဲ့သွားသည်ကိုမြင်ရာ လက်ကို အောက်ချလိုက်သည်။

‘မပြီးသေးဘူးဟ’ စုရှောင်ရှန် တွေးလိုက်သည်။

သူ့ကိုယ်ကို အနည်းငယ် ထိန်းချုပ်မှုပြန်ရသွားသောအခါ အပေါ်ဘက်မှ နတ်နဂါးကြီးက သူ့ထံ လေကိုခွင်းပြီး တည့်တည့်၀င်လာနေတာကို အကြားအမြင်မှ သိလိုက်ရသည်။

“သေပြီဆရာ”

စုရှောင်ရှန် သူ့တွင်ရှိသမျှ ခွန်အားအကုန်သုံးပြီး လက်တစ်ချောင်းကို ဆန့်ထုတ်လိုက်ကာ ပုခုံးပေါ်မှ မုကျစ်ရှီကို အဝေးတောက်ထုတ်လိုက်၏။

ထိုကလေးမလေးကို လူသားဒိုင်းအဖြစ်သုံးရန် ရည်ရွယ်ချက်မရှိရပါချေ။ သူမ၏ ကိုယ်သေးသေးလေး‌နှင့်လည်း ဘာမှ လုပ်နိုင်မည့်ပုံမပေါ်။

ဝေါင်းးးး….။

နဂါးပြီးဟိန်းလိုက်ပြီး သူ့၀န်ကျင်ရှိ လေဟာနယ်တစ်ခုလုံးကို တုန်ခါသွား‌စေပြီး စုရှောင်ရှန်ကိုယ်ထဲကို ၀င်သွားတော့သည်။

အရာအားလုံးတိတ်ဆိတ်သွားသည်။ သူ့အကြားအမြင်လည်း ချိတ်ပိတ်ခြင်းခံလိုက်ရ၏။

သူ့ခန္ဓာကိုယ်လည်း တဆတ်ဆတ် တုန်သွားကာ ဘာမှ လှုပ်မရဖြစ်သွားသည်။

သူ့စိတ်လည်းအမှောင်ဖုန်းသွားကာ နှလုံးခုန်လည်းရပ်သွားသည်။ သူ့ကိုယ်ရောစိတ်ပါ ချိတ်ပိတ်ခံလိုက်ရ၏။

…

နဂါးကြီးသူ့ကိုယ်ထဲကို၀င်သွားပြီးနောက် စုရှောင်ရှန်၏ ဘာမဆို စက္ကန့်ပိုင်းအတွင်း ချိတ်ပိတ်ခံလိုက်ရသည်။

သို့တောင်နဂါးကြီးကမရပ်သေးဘဲ သူ့မူလနန်းတော်မှ တုန်ခါနေသော ဝိညာဉ်ရင်းမြစ်ထံကို ကူးခတ်သွား၏။

စုရှောင်ရှန် ၎င်းကိုတားဆီးရန် ဘာမှ လုပ်၍ မရတော့ပြီ။

ချိတ်ပိတ်ခြင်းစွမ်းရည်တွေက ဒီလောက် ကြမ်းတမ်းလိမ့်မည်ဟု စုရှောင်ရှန် မထင်ထားပါချေ။

ထိုစဉ်နောင်တတရားများကိုသာ သူခံစားနေရသည်။ မိုမို့လက်ထဲမှာ ချိတ်ပိတ်ထားတဲ့အရာက ဒီလောက်ကြောက်စရာကောင်းမှန်းသိရက်နှင့် မီးခိုးမြူပုံရိပ်ဖြင့်အစကတည်းက တိုက်ခိုက်ခြင်းမပြုခဲ့သင့်ပေ။

သူဘာတွေများ စိတ်ရူးဖောက်ပြီးလုပ်လိုက်မသိလဲမသိ။

ထို မီးခိုးမြူပုံရိပ်က ထိုသူတော်စင်အစေအပါးခေါ် မျက်နှာဖုံးတပ်လူလောက် ကြောက်စရာကောင်းပေသည်။ ထိုသို့နယ်ပယ်ကလူနှင့် ယှဉ်ပြိုင်လိုခြင်းက သူရူးမိုက်မိ၍ဖြစ်မည်။

“ငါ‌‌သေရတော့မှာလား” စုရှောင်ရှန် ခါးသက်သက်ခံစားနေရသည်။

သူ့မူလနန်းတော်အတွင်းတွင် နဂါးကြီးက ပါးစပ်ဟပြီး အစွယ်များဖြီးပြကာ သူ့ဝိညာဉ်ကို ဝါးမျိုရန် ပြင်လိုက်သည်။

ဘုန်းးးး…။

သူ့ဝိညာဉ်ကိုနဂါးကြီးမဝါးမျိုနိုင်ခင်မှာ အနီရောင်အလင်းတန်းတစ်ခု လာရောက်ထိမှန်ပြီး နဂါးကြီးကို နှစ်ပိုင်းပြတ်သွားစေတာ စုရှောင်ရှန် မှင်တက်ဖွယ်ရာ တွေ့လိုက်ရ၏။

သူဖြေးဖြေးချင်းမော့ကြည့်လိုက်ရာ အမြဲတမ်းပုန်းကွယ်နေခဲ့သော အနီရောင်ဖန်သားပြင်ကြီး ပေါ်လာတာကိုတွေ့လိုက်ရ၏။

၎င်းက သူ၏ပိုင်နက်ထဲကို ကျူးကျော်လာသည့် နဂါးကြီးကြောင့် စော်ကားသလိုခံစားလိုက်ရပြီး ဒေါသအကြီးအကျယ်ထွက်နေသည်။

ထိုအနီရောင်အလင်းတန်းများက မပြီးသေးပါ။ နောက်ထပ် အနီရောင်အလင်းတန်း အခုတစ်ရာကျော် ရောက်ရှိလာပြီး နဂါးကြီးကို အပိုင်းပိုင်း ဖြတ်တောက်လိုက်သည်။

“လခွမ်း” စုရှောင်ရှန့် စိတ်တစ်ခုလုံး ဗလာကျင်းသွား၏။

ထိုမျှနှင့်မပြီးသေးပါ။ ထိုအနီရောင်အလင်းတန်းများက ထိုနဂါးကြီးကို ကြက်ခြေခတ်သဏ္ဌာန်လည်ပတ်ကာ အစအနပါမကျန်အောင် အမှုန်များဖြစ်သွားသည်အထိ လုပ်ပစ်လိုက်တော့၏။

မသိလျှင် အသားတုံးကြီးကို ကြိတ်စက်ထဲထည့်လိုက်သည့်အလား။

အပိုင်း (၁၆၀) လူ့ဘီလူးကြီး၏ ဒေါသ ထွက်ပေါ်လာခြင်း

မီးခိုးမြူပုံရိပ် မှင်တက်သွားသည်။

သူ ကောင်းကင်၌ ဖုန်းကွယ်ထားသည့် နတ်နဂါးကြီး ထို စုရှောင်ရှန်၏ ကိုယ်ထဲကို၀င်သွားသောအခါ ပျောက်ကွယ်သွား၏။ ဘယ်လိုဖြစ်နိုင်မှာလဲ။

ဘာဖြစ်သွားတာလဲ။ ဒီ စုရှောင်ရှန်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရတနာ တစ်ခုခုရှိနေတာလား။ ဒါပေမယ့် ဘယ်လိုရတနာက ‌လမ်းစဉ်ခြောက်ခုက ချိတ်ပိတ်ခြင်း နည်းစနစ်ကိုတောင် ဝါးမျိုနိုင်သွားတာလဲ။

“ဘာလားဟ…”

မီးခိုးမြူပုံရိပ် မှင်တက်သွားသည်။ အကယ်၍ စုရှောင်ရှန်သာ ခွန်အားအနည်းငယ်ကျန်နေသေးပါက လှည့်ပြေးရမည့် သူက သူဖြစ်တော့မည်။

သု့ကိုယ်ထဲမှ စိတ်ဝိညာဉ်အနှစ်များအားလုံး ထိုတိုက်ကွက်ပြီးနောက် တကယ် တစ်စက်မှမကျန်အောင် ကုန်သွားခဲ့လေပြီ။ နောက်ထပ် တိုက်ကွက်တစ်ကွက် ထုတ်သုံးဖို့ဆိုတာ မဖြစ်နိုင်ပေ။

သို့သော် ထိုနေရာတွင် ငူငူကြီးရပ်နေသော စုရှောင်ရှန်ကို မြင်လျှင် မီးခိုးမြူပုံရိပ် ‌တွေဝေသွား၏။

“သူတကယ် ချိတ်ပိတ်ခံလိုက်ရတာလား။ ဒါမှ မဟုတ် နောက်ထပ် လှည့်စားမှုတစ်ခုလား” မီးခိုးမြူပုံရိပ်ကြောက်မိပါသည်။

သူ့နတ်နဂါးကြီး လုံး၀ အတိပျက်ဆီးသွားမှတော့ စုရှောင်ရှန်ကို တကယ်ပဲ အလုံးစုံ ချိတ်ပိတ်သွားသလား သူမသိရပါချေ။

တကယ်လို့ စုရှောင်ရှန်သာ သူ့အားအနည်းဆုံး အခြေအနေကို စောင့်နေပြီး သတ်ဖို့ လှည့်စားမလို့ကြံနေတာဆိုရင်ဘယ်လိုလုပ်မလဲ။

အကျိုးဆက်က မကြံဆနိုင်လောက်အောင်ပင်။

ထိုအခိုက်၌ သတိလစ်မေ့မျောနေသည့် မုကျစ်ရှီမှတစ်ပါး တစ်ခြားသူမရှိပါလေ။ မီးခိုးမြူပုံရိပ် ဆေးလုံးများစွာထုတ်ယူပြီး ပါးစပ်ထဲပစ်ထည့်လိုက်သည်။

ထိုအရာများကို စားသုံးခြင်းဖြင့် သူ့စိတ်ဝိညာဉ်အနှစ် အနည်းငယ် ပြန်၍ ပြည့်ဖြိုးလာခဲ့၏။ စုစုရှောင်ရှန်တကယ် မလှုပ်မယှက်ရှိနေသေးတာကိုမြင်လျှင် မီးခိုးမြူပုံရိပ် အံကိုတင်းတင်းကြိတ်ပြီး သိုလှောင်လက်စွပ်ထဲမှ ဓားတစ်ချောင်းထုတ်ယူကာ ပြေး၀င်သွား၏။

ဤဓားတစ်ချက်က ဘယ်သူသေသည် ဘယ်သူ ရှင်သည်ကို အဆုံးအဖြတ်ပေးမည့် ဓားချက်ဖြစ်တော့၏။

…

ဒုတ်…။

ဒုတ် ဒုတ်…။

နှလုံးခုန်သံလား…။

နတ်နဂါးကြီးက သေသွားပြီဆိုပေမယ့် စုရှောင်ရှန်၏ အသိစိတ်ကတော့ မူလနန်းတော်အတွင်း လှောင်ပိတ်နေစဲဖြစ်သည်။ သူက စိတ်ဖြင့်တွေးတောကြံဆခြင်းပြုနိုင်ပေမယ့် သူ့ကိုယ်တစ်ခုလုံးကို မခံစားနိုင်ပါလေ။ ဆိုရလျှင် မျက်စိတောင်ဖွင့်၍မရချေ။

မသိလျှင် သူ့လိပ်ပြာပဲ ကိုယ်ကနေ လွင့်သွားသလိုလို။

ထိုအခိုက်အတန့်၌ စုရှောင်ရှန် အန္တရာယ်အငွေ့အသက်ကိုခံစားလိုက်ရသဖြင့် မီးခိုးမြူပုံရိပ် လှုပ်ရှားလိုက်ပြီဆိုတာ သိလိုက်ရသည်။

သို့သော် သူကတော့ ဘာမှ မလုပ်နိုင်ပါပေ။

“ချီး ဒီတော့ ငါက ဒီမှာသေတာကို ထိုင်စောင့်နေရတော့မှာလား”

သူ့ပင်ကိုယ်စွမ်းရည်များအားလုံးက ချိတ်ပိတ်ထားခြင်းခံရသဖြင့် အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်တောင် အလုပ်ဖြစ်ပါ့ဦးမလား မသိရချေ။ မဟုတ်ပါက ဓားဖြင့် မီးခိုးမြူပုံရိပ် သူ့ကို တိုဖူးကိုဓားဖြင့်ဖြတ်သလို ဖြတ်နိုင်ပေလိမ့်မည်။

တကယ်လို့ ရှိသေးတယ်ဆိုရင်တောင် ချိတ်ပိတ်ခြင်းစွမ်းအင်ကြောင့် တဖြည်းဖြည်း အားအင်နည်းလာကာ သေရဦးမည်သာ။

“ငါတစ်ခုခုလိုတယ်”

သူ့အသိစိတ်ကိုပြန်လည်လာဖို့ လှုံဆော်ချက်တစ်ခုသာလိုသည်။ ထို့မှ မီးခိုးမြူပုံရိပ်ကို အနိုင်ယူနိုင်မည်။

သူ့ထင်တာသာ မမှားပါက ထို မီးခိုးမြူပုံရိပ်က အရှင်သခင်နယ်ပယ်၌ ရှိနေတယ်ဆိုစေဦးတော့ သူ့စိတ်ဝိညာဉ်အနှစ်များ များများစားစားကျန်ဦးတော့မည်မဟုတ်ပေ။

သူ့အပေါ်က အနီရောင်ဖန်သားပြင်ကို ဘယ်လောက် ထိတ်ထိတ်ပျာပျာ အော်ခေါ်နေပါငြား သူ့ကို မကြားသည့်အလာ ထိုဖန်သားပြင်ကတော့ မလှုပ်မရှားရှိစဲဖြစ်၏။

“စနစ်စုတ် စနစ်ပျက်” သူကျယ်ကျယ်လောင်လောင် အော််လိုက်သည်။

ထိုအခိုက်၌ သူစိတ်အတွင်း အနက်ရှိုင်းဆုံးအပိုင်းမှ တုန်လှုပ်သွားတာကို ခံစားလိုက်ရ၏။ ထိုအရာက နိုးထလာသည့် ရှေးဦးဆန်သည့် စွမ်းအင်အလား သူ့ကိုယ်မှ ထွက်ချင်နေကြတာကို ခံစားလိုက်ရ၏။

“ဘာဖြစ်နေတာလဲဟ”

သူ့အမြင်ကို တစ်စက္ကန့်ခန့်ပြန်ရလိုက်ပြီး သူ့ရှေ့မှ မီးခိုးမြူပုံရိပ်က ဓားဖြင့် ထိုးတော့မှာကိုတွေ့လိုက်ရသည်။ ထို့နောက် ပြန်၍ အမြင်အာရုံက အမှောင်ပြန်ကျသွား၏။

ဒါသူ့ကို ပေးတဲ့ အခွင့်အရေးလား။ စုရှောင်ရှန် စနစ်က တစ်ခုခုလုပ်ချင်နေသည်ဟု ခံစားလိုက်ရသည်။

ဖူးးးး…။

သူ့ခန္ဓာကိုယ်မှ နာကျင်မှုကိုခံစားလိုက်ရပြီး ထိုရှေးဦးဆန်သည့် စွမ်းအင်တို့က ပြန်၍ အစပေါ်လာ၏။ ထို့နောက် သူ၏အမြင်ပြန်လည်လာပြီး မီးခိုးမြူပုံရိပ် သူ့ကိုယ်ထဲ ဓားတစ်ချက်ပြန်ထိုးထည့်တာကို တွေ့လိုက်ရသည်။

“လခွမ်း ရူးနေတာလားဟ။ ငါ့ကိုဘယ်လောက်တောင် ထိုးချင်နေတာလဲ။ အသီးအရွက်များမှတ်နေလားဟ”

သူ့အမြင်ကိုပြန်၍ တိမ်များဖုန်းကွယ်သွားပြီး အသက်စွမ်းအင်များ စတင်ကာ စိမ့်ထွက်ကုန်ကြသလို ခံစားလိုက်ရသည်။

“လခွမ်း စနစ် ငါ့ကို နိုးထစေပါတော့ဟ။ မဟုတ်ရင် မင်းရောငါရော ကွိုင်အကြီးကြီးတက်သွားလိမ့်မယ်”

အနီရောင်ဖန်သားပြန်က ဘာမှ လုပ်ချင်သည့် ဆန္ဒမရှိသကဲ့သို့ မလှုပ်မရက်ရှိစဲဖြစ်သည်။

ဘုန်းးးး…။

သူ့စိတ်တစ်ချက်တုန်ခါသွားပြီး ထိုရှေးဟောင်း‌ဆန်သော စွမ်းအင်က နောက်တစ်ခါပြန်ပေါ်လာကာ အိပ်ပျော်နေသော သူ၏ အသိကို နှိုးလိုက်တော့၏။

စုရှောင်ရှန် ချက်ခြင်း တစ်စုံတစ်ခုကို နားလည်လိုက်သည်။

“မူမမှန်ဘူး”

အနီရောင်ဖန်သားပြင်က သူ့ကို ကူညီနေခြင်းတော့ ဖြစ်ဟန်မရပေ။ ထိုအရာက ကူညီမယ့် နေနေသာသာ သူ့စွမ်းအင်များကိုစားသုံးရန်သာ ထွက်လာဖူး၏။

သို့ဆိုလျှင် ထိုအရာက… လူ့ဘီလူးကြီး၏ ဒေါသ…

၎င်းက ခွန်အားကို “နိုးထ” စေခြင်းမှ ရရှိလာသော တစ်ခါမှ မသုံးကြည့်ရဖူး‌သေးသည့် အရာဖြစ်သည်။

“ဒီလူ့ဘီလူးကြီးရဲ့ဒေါသက လုံး၀ သေစေမယ့် အန္တရာယ်ကျရောက်မှ ပေါ်လာတာမျိုးများလား”

သူ့ကိုယ်မှ နာကျင်မှုကို ပြန်ခံစားလိုက်ရပြီး သူ့အသိကို ခန္ဓာကိုယ်နှင့် ပြန်ချိတ်ဆက်ပေးလိုက်မည့်အစား နိုးလိုက် အိပ်လိုက် ဖြစ်နေစေ၏။

“လှုံ့ဆော်မှုလေး… လုပ်စမ်းပါ…”

…

မီးခိုးမြူပုံရိပ် မှင်တက်သွားသည်။

ဓားဖြင့် စုရှောင်ရှန်၏ ကိုယ်ကို ထိုးရာမှ ပေါ်လာသော ထန်းဟူသည့် မြည်သံကြောင့်မှ စုရှောင်ရှန်က ဓားအရာမှာသာ ကျွမ်းကျင်တာမဟုတ်ဘဲ ခန္ဓာကိုယ် ကလည်း သူမတူအောင် အလွန်သန်မာကြောင်းကိုသိရ၏။

ထို့နောက် ကုန်းမြေတစ်ခုလုံးမှာတောင်မှ ရှားရှားပါးပါးတွေ့ရသည့် အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ဖြစ်မှန်းသိလိုက်ရတော့သည်။ ဒီကောင်လေးက ဘယ်လို မကောင်းဆိုးဝါးလေးလဲ။

သူတောင် ထိုမျှ အထိုးခံရရင်သေနေလောက်ပြီ။ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ကြောင့် စုရှောင်ရှန် အသက်ဆက်ရှင် နေရခြင်းတစ်ခုတည်းတော့မဖြစ်နိုင်ပေ။ အခြားတစ်ခုခုနှင့်ပတ်သက်ရပေမည်။

သူ့ကိုယ်တွင်း လုံလောက်စွာ စိတ်ဝိညာဉ်အနှစ်များ ပြန်ပြည့်ဖြိုးလာတာကို မြင်သောအခါ မီးခိုးမြူပုံရိပ် သူ့ဓားအတွင်းကို ချိတ်ပိတ်ခြင်းစွမ်းအင်များ ထည့်လိုက်တော့၏။

ဤတစ်ခေါက်တော့ ထိုးမည့်အစား ပိုင်းခုတ်လိုက်သည်။ မီးခိုးမြူပုံရိပ်က စုရှောင်ရှန်ကို နှစ်ပိုင်းဖြစ်သွားအောင် ခုန်ပစ်ဖို့ ကြံထားပုံရသည်။

ဘုန်းးးး…။

သို့သော် မီးခိုးမြူပုံရိပ်၏ ဓား စုရှောင်ရှန်ကို မထိရသေးခင်မှ သူ့ထံမှ ပေါက်ကွဲသံကြီးထွက်လာတော့သည်။ ထို့နောက် ရွှေရောင်အလင်းများ ၀န်းကျင်တစ်ခုလုံးကို လက်သွားကာ မီးခိုးမြူပုံရိပ် နောက်သို့ လွင့်ထွက်သွားတော့၏။

“ဘာလဲဟ” တုန်လှုပ်သွားသည်။

လုံး၀ မလှုပ်မယှက်ဖြစ်နေသည့် စုရှောင်ရှန်ကိုများ တစ်ခုခုဖြစ်သွားတာလားဟု သံသယ၀င်သွားသည်။ ‌မြေပြင်ပေါ်မှ ပြန်ထ၍ လှည့်ကြည့်လိုက်သည့်အခါ သူမြင်လိုက်ရတော့ အရာကြောင့် ကြက်သေသေသွားတော့၏။

ရွှေရောင်အလင်းများ ပျောက်သွားသောအခါ စုရှောင်ရှန်ကို ဘယ်မှာမှ မတွေ့ရပါတော့ချေ။ ထိုနေရာတွင် ဆယ်မီတာခန့် ရှည်လျားကြီးမားသော ဗုဒ္ဓ ရုပ်ထုကြီးတစ်ခုကိုသာ တွေ့လိုက်ရသည်။

မဟုတ်သေးဘူး ဒါဗုဒ္ဓရုပ်ထုကြီးမဟုတ်ဘူး။

ဒီမျက်နှာ…။

ထိုရုပ်ထုကြီးမှ မျက်နှာက စုရှောင်ရှန်၏ မျက်နှာဖြစ်နေတာကိုမြင်လိုက်ရသော မီးခိုးမြူပုံရိပ် ထိတ်ထိတ်ပျာပျာ နောက်သို့ လှန်ကျမတတ်ဖြစ်သွားသည်။

ထိုရွှေရုပ်ထုဘီလူးကြီးပုံစံတွင် စုရှောင်ရှန်က စစ်နတ်ဘုရား တစ်ပါးနှင့် ဆင်တူနေတော့သည်။ ၎င်း၏ ကိုယ်တစ်ခုလုံးမှ ကြောက်မက်ဖွယ်ရာအတိ ရုတ်ရဲ ကြမ်းတမ်းသော အရှိန်အဝါများထုတ်လွှတ်နေပြီး မျက်လုံးများကလည်း ရဲရဲနီနေပေသည်။

ထိုဘီလူးကြီးက ကောင်းကင်ယံကို မော့၍ ဟိန်းဟောက်လိုက်ပြီး ရဲရဲနီနေသော မျက်လုံးကြီးများဖြင့် မီးခိုးမြူပုံရိပ်ကို ကြည့်လိုက်၏။

မီးခိုးမြူပုံရိပ် သူ့ဒန်ထျန်ကို ကြည့်လိုက်သော် ‌ဗွက်အိုင်လောက်မျှသာ စိတ်ဝိညာဉ်အနှစ်တို့ကိုတွေ့လိုက်ရသဖြင့် တံတွေးမျိုချကာ ထစ်ထစ်ငေါ့ငေါ့ ဆိုလိုက်သည်။ “ဒါ… ဒါက အထင်လွဲတာပါ…”

ဝေါင်းးးးးးး…။

ရွှေရောင်ဘီလူးကြီးက ဒေါသထွက်နေသလို ဟိန်းလိုက်ရာ ကီလိုမီတာ အနည်းငယ် တစ်ဝိုက် ပတ်ပတ်လည်မှ အပင်များကို အမြစ်မှ ပြုတ်ထွက်သွားစေလိုက်၏။ သို့ဖြင့် ထိုနေရာတစ်ခုလုံး အပျက်အဆီးတို့ဖြင့် ပြည့်သွားတော့သည်။

မသိလျှင် သူ၏ ဝိညာဉ်ပဲ စုတ်ဖြဲခံနေရသလို ခံစားလိုက်ရပြီး ထိုမှ လေ၏ အရှိန်အဟုန်ဖြင့် မီးခိုးမြူပုံရိပ်လွင့်ပျံသွား၏။

‌သို့သော် ပျံသန်းနေရင်း လမ်းတစ်၀က်၌ ရပ်လိုက်နိုင်လေသည်။

မီးခိုးမြူပုံရိပ်လုံး၀ အံ့အားသင့်နေရပြီးမကြာပါ သူ့အမြင်တွင် ရွှေရောင်များကိုသာ တွေ့လိုက်ရသဖြင့် အသိပြန်လည်လာတော့သည်။ ၎င်း၏ ခြေထောက်များလည်း ပျော့ခွေကုန်ကြ၏။

အလင်း၏ စူးရှမှုကြောင့် မီးခိုးမြူပုံရိပ် မျက်လုံးများမပိတ်လိုက်ရခင် ထိုအရာက စုရှောင်ရှန်၏ လက်တစ်ဖက်ဖြစ်သည်ကို သိလိုက်ရသည်။

“…”

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“ဒါက အထင်လွဲမှုတစ်ခုပါ မလုပ်ပါနဲ့”

ဘုန်းး…။

မီးခိုးမြူပုံရိပ် အော်လိုက်ပြီးနောက်တွင် မြေပြင်ပေါ်မှာဖိနှိပ်ခံလိုက်ရပြီး တစ်ကိုယ်လုံးရှိ အရိုးများ ကြေမွသွားတတ်ခံစားလိုက်ရ၏။

၎င်းက အဆုံးမဟုတ်သေးပါ။ မီးခိုးမြူပုံရိပ် ရုတ်တရက် လေထဲပျံတက်သွားတာကို ခံစားလိုက်ရသည်။

စုရှောင်ရှန် ကောင်းကင်ကို တစ်ချက် ဟိန်းဟောက်လိုက်ပြီး ထို မီးခိုးမြူပုံရိပ်၏ ခေါင်းကို လက်နှစ်ချောင်းဖြင့် ဖိညှပ်ကာ မြေပြင်ပေါ်တွင် ရိုက်ချလိုက်၏။

ဘုန်း ဘုန်း ဘုန်း….။

ထိုနေရာမှ အစပြု၍ ထျန်းရွှမ်တံခါးတစ်ခုလုံး တုန်ခါသွား၏။ အရှင်သခင်နယ်ပယ်နှင့် ယှဉ်နိုင်လောက်သော စွမ်းအင်အချို့လည်း လွင့်ပြန့်သွားကြသည်။

သို့သော် ကောင်းကင်က ထိုစွမ်းအင်များကို စစ်ကြည့်လိုက်သော် စုရှောင်ရှန်၏ မူလနန်းတော်အစောပိုင်းလိုသာ ဖြစ်ကြောင်းသိလိုက်၏။

…

“ဘာဖြစ်နေတာလဲ”

အခြား အနီးအနားရှိ လေ့ကျင့်ရေး နယ်မြေများတွင် လေ့ကျင့်နေကြသော အတွင်းစည်းမှ ဂိုဏ်းသားများ အံ့အားသင့်သွားကြသည်။

ထျန်းရွှမ်တံခါးက ဆက်တိုက်တုန်ခါနေတာ အတော်ကြာနေပြီဖြစ်ပြီး ယခုလည်း ငလျှင်ထလှုပ်ပြန်သည်။ အတော်အလှမ်းဝေးကွာတယ်ဆိုရင်တောင် ၎င်းကို သူတို့ ခံစားနိုင်၏။

ဘီလူးကြီးတစ်ကောင်ကများ မြေပြင်ကို ဒေါသထွက်၍ ထိုးနှက်နေသည်လား။

“ဟားဟား ဘာတွေလျှောက်တွေးနေတာလဲမသိပါဘူး။ ထျန်းရွှမ်တံခါး ပြန်ဖွင့်တော့မှာ နေမှာပါ”

“… ဟင်။ မဟုတ်သေးပါဘူး။ ငါအချိန်မှတ်ထားတာမမှားပါဘူး။ ခုမှ နှစ်ရက်လောက်ပဲရှိဦးမှာပါ။ ငါတို့ သုံးရက်တောင် အချိန်ရမှာမလား”

ထိုသိချင်စိတ်က သူတို့ကို ထိုမျှလောက် စိတ်မလှုပ်ရှားစေပါချေ။ သုံးရက်သာအချိန်ရသည်ဖြစ်ရာ သူတို့ အံ့အားသင့် တုန်လှုပ်သွားကြသော်လည်း ကိုယ့်လေ့ကျင့်ရေးကိုသာ ပြန်၍ ဂရုပြုလိုက်သည်။

ဘုန်းးး…။

အခြား မြေကမ္ဘာတုန်ဟီးမတတ် ငလျှင်ကြီး ထပ်လှုပ်သွားပြီး သူတို့အားလုံးကို လေ့ကျင့်ရေးအခြေအနေမှ ထွက်စေလိုက်၏။

“လခွမ်း။ တော်ပါတော့ဟ။ အေးဆေးလေး ကျင့်ကြံခွင့်ပေးပါဟ”

အပိုင်း (၁၆၁) တိုက်ပွဲပြီးနောက်

ရွှေရောင် ဘီလူးကြီးက စန်းလျှိုသစ်တော အလယ်၌ ရပ်နေသည်။ သစ်တောထဲမှ အရှည်ဆုံးသစ်ပင်ဆိုတာတောင်မှ ထိုဘီလူးကြီး၏ ခါးလောက်သာရောက်သည်။

နေရာတစ်ဝိုက်လုံးက အက်ရာ၊ ချိုင့်ရာများဖြင့် အတော် ရှူမြင်လို့ မကောင်းဖြစ်နေသည်။

သူ့ပစ်မှတ် မီးခိုးမြူပုံရိပ်က ပျောက်ကွယ်သွားခဲ့ဖြစ်ပြီး မိုမိုသာ ကျန်ခဲ့လေတော့ရာ သူ့တိုက်ခိုက်ချက်များကို စုရှောင်ရှန် ရပ်တန့်လိုက်သည်။

သူ့ရွှေရောင်လက်ကြီးက ထိုမိန်းမပျိုလေးကို က်ိုင်ထားရင်းမှ မျက်လုံးများက ကြမ်းတမ်းမှုများပျောက်ကာ လူသားဆန်မှုတို့အစားထိုးပြန်၀င်ရောက်လာသည်။

“ဘာဖြစ်သွားတာလဲ…”

စုရှောင်ရှန် အသိပြန်လည်လာပြီး သူ့လက်ဖ၀ါးပေါ်က သွေးသံတရဲရဲနှင့် မိုမို့ကိုကြည့်လိုက်၏။ သူဘာဖြစ်သွားလဲမသိရပါ။ ထိုရှေးဦးဆန်တဲ့ စွမ်းအင်တွေနဲ့ အချိတ်အဆက်အမိသွားတဲ့အခါ သူသတိမေ့သွားလေသည်။

ပျက်သုဉ်းခြင်း၊ ကွယ်ပျောက်ခြင်း၊ ရုန်ရင်းကြမ်းတမ်းမှုများ…

ကြည့်ရတာ ထိုရှေးဦးဆန်တဲ့ ရမက်တွေက သူ့စိတ်ကို ၀င်စီးရုံသာမက ခန္ဓာကိုယ်လည်း ထိန်းချုပ်လိုက်ဟန်ရသည်။

တိုက်ပွဲတစ်လျှောက်လုံးဖြစ်ခဲ့ ပျက်ခဲ့သည်များကို အချိတ်အဆက်မိဖို့ စုရှောင်ရှန် ကြိုးစားစဉ်းစားပြီးသော် မီးခိုးမြူပုံရိပ်ထံမှ အသက်သေမတတ် ဒဏ်ရာရရှိ ခဲ့တာကြောင့် လူ့ဘီလူးကြီး၏ ဒေါသ ထွက်လာတာကို သိသွားသည်။

စုရှောင်ရှန် စိတ်လွတ်နေသည့် အခြေအနေကို ၀င်သွားပြီးနောက်မှာ ထို မီးခိုးမြူပုံရိပ်ကို အစအန‌မကျန်အောင် ထုထောင်းပစ်လိုက်၏။

“… …”

နိုးထခြင်း၏ အကျိုးသက်ရောက်မှုက ကြမ်းလည်းကြမ်းတမ်းသလို ပတ်၀န်းကျင်နှင့်လည်း သဟဇာတ မဖြစ်ပုံရသည်။ စုရှောင်ရှန်ကိုလည်း ယာယီ ကျိုးကြောင်းဆီလျော်မှုများပျောက်ဆုံးသွားစေ၏။

စုရှောင်ရှန်ဤအချက်နှင့်ပတ်သက်ပြီး သိပ် မကျေနပ်ပါပေ။ သူသာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ပျောက်ဆုံးသွားမယ်‌ဆိုရင် ဒီပင်ကိုယ်စွမ်းရည်က ဘာမက် လောက်စရာရှိဦးမလဲ။ မိတ်‌ဆွေကို မှားယွင်းစွာတိုက်ခိုက်မိလျှင်ကော။

သို့သော် ၎င်းက တော်တော်တော့ အသုံးတည့်သည်။ စုရှောင်ရှန် မြေပြင်မှ တွင်းနက်ကြီးများကို ကြည့်ပြီး အတွေးရေယဉ်ကြောထဲ စီးမျောလိုက်ပါသွားတော့သည်။

ရုတ်တရက် စုရှောင်ရှန်၏ ကိုယ်ကို မောပန်းနွမ်းနယ်မှုတို့ရိုက်ခတ်သွားပြီး တုန်တုန်ယင်ယင် ဖြစ်လာလေသည်။ သူ့ကို ၀န်းရံထားသည့် ရွှေရောင်အလင်းများလည်း ကွယ်ပျောက်သွား၏။ သူ့မူလခန္ဓာကိုယ်အရွယ်အစားကိုပြန်ရောက်သွားသော စုရှောင်ရှန် မိုမို့ကို ချီထားရင်းမှ ကောင်းကင်ပေါ်မှ စွန်ကြိုးပြတ်ပြုတ်ကျသွားသည်။

မြေပြင်ပေါ်တွင် ရောက်သောအခါလည်း ဆားလူးထားသည့်ငါးများအလား ဖြစ်နေတော့သည်။ စုရှောင်ရှန်က နွမ်းနယ်မှုကြောင့်ဖြစ်ပြီး မိုမိုကတော့ သတိလစ်မေ့မျောနေသောကြောင့် … နေပါဦး အသက်တောင်ရှင်သေးရဲ့လား။

သူထုတ်လွှတ်လိုက်သော အကြမ်းပတမ်းထိုးချက်များကို ပြန်မြင်ယောင်ပြီးနောက်…

ထိုအခိုက်မှာ အရှင်သခင်နယ်ပယ် ထာ၀ရအသက်စွမ်းအင်က သူဘာကောင်လဲဆိုတာ သိသွားအောင်ပြသလိုက်သည်။ သာမန်‌ဆို ထိုသို့ ‌တွေ့ကြုံခံစားရပြီးနောက်မှာ စုရှောင်ရှန်က အတော်ကြာ ‌အားအင်ချိနဲ့နေသင့်သေးသည်။ သို့သော် ထိုပင်ကိုယ်စွမ်းရည်၏ နောက်မှ ပံ့ပိုးပေးမှုကြောင့် စက္ကန့်ပိုင်းအတွင်း ပြန်လည်လှုပ်ရှားလာနိုင်ကာ နောက်တစ်စက္ကန့်ကြာတော့ နောက်ထပ် တိုက်ပွဲတစ်ခုအတွက်တောင် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်သွားသည်။

တုန့်ဆိုင်းခြင်းအလျင်းမရှိ မိုမို့ နှာခေါင်းရှေ့မှာ အသက်ရှူသေးသလား ဆန်းစစ်ရန် စုရှောင်ရှန် လက်တေ့လိုက်သည်။ မိုမို့အခြေအနေက ထင်ထားတာထက် ဆိုးနေ၏။

နေပါဦး။ နှလုံးခုန်သံလေးကြားလိုက်သလားလို့။

စုရှောင်ရှန် ကိုယ်ကိုကိုင်းညွှတ်ပြီးကြည့်လိုက်ရာ မိုမို့ ရင်ဘက် အနည်းငယ် တက်လိုက်ဆင်းလိုက် ဖြစ်နေတာကို တွေ့လိုက်ရသည်။ နောက်ထပ် အတန်ကြာသောအခါ နှလုံးခုန်သံ တစ်ချက်ကို ထပ်ကြားလိုက်ရ၏။

“တကယ်ဆို ဒီတိုက်ခိုက်မှုအောက်မှာ အသက်တောင် မရှင်နိုင်လောက်တာ…”

ယခု စုစုရှောင်ရှန်က သူ့မူလအရွယ်အစားကို ပြန်ရောက်သွားပြီး မြေပြင်တွင် သူထိုးထားသော လက်သီးကြောင့်ဖြစ်ပေါ်လာသော တွင်းနက်ကြီးအတွင်း ထိုင်နေလေသည်။ သို့မှ ဘီလူးကြီးအခြေ‌အနေ‌တုန်းက သူက ဘယ်လောက် ကြောက်မက်ဖွယ်ရာကောင်းလဲကို သိလိုက်ရသည်။

အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်နှင့် လူ့ဘီလူးကြီး၏ဒေါသတို့ပေါင်းလျှင် လူတစ်ယောက်ကို လက်သီးတစ်ချက်တည်းဖြင့်တောင် သတ်နိုင်လောက်၏။

မြေပြင်ပေါ်မှ အသေးဆုံးတွင်းကတောင် ၁၂ပေလောက်ကျယ်၀န်းပြီး အတော်နက်နေကာ အုတ်ကာခဲကျထားသကဲ့သို့ ဖြစ်နေသည်။

သူစိတ်လွတ်နေသည့် အချိန်အတွင်း မီးခိုးမြူပုံရိပ်ခံစားရမည်များကို စိတ်ကူးပင်မယဉ်ကြည့်ရဲပါချေ။ ထိုပုံရိပ်က သူ့အသက်အတွက်‌တောင် တောင်းပန်၀န်ချခဲ့လောက်သည်။

စုရှောင်ရှန် မမှတ်မိနိုင်တာကြောင့် ထိုအရာများကို ခေါင်းထဲမှ ထုတ်လိုက်သည်။

သူ့ခွန်အားအနည်းငယ်ပြန်လည်ပြည့်ဖြိုးလာပြီးနောက်မှာ စိတ်ဝိညာဉ်အနှစ်များကို အလျင်အမြန် အသုံးပြုပြီး မိုမို့ အခြေအနေကို ဆန်းစစ်ကြည့်လိုက်သည်။

သူမ သေတော့မယ်ဆိုရင်တော့ သူလုပ်နိုင်တာဘာမှ မရှိပါပေ။

မီးခိုးမြူပုံရိပ်က မိုမို့ ခန္ဓာကိုယ်ကို ၀င်စီးထားသော်လည်း ကိုယ့်ရန်သူဖြစ်နေလျှင် အသေအကြေတိုက်ခိုက်ကြမည်သာ။ တကယ်ဆို စုရှောင်ရှန်တောင် ထိုလက်သီးထိုးချက်များအတွင်း အားအပြည့်မသုံးလိုက်ဘူးဟု ယုံကြည်ထားသည်။

သူလုပ်ခဲ့တာတွေအတွက် သူ့ကို အပြစ်တင်လို့မရပါချေ။ သူကယ်နိုင်လျှင်တော့ မိုမို့ကို အစွမ်းကုန်ကယ်ကြည့်ရပေမည်။

မီးခိုးမြူပုံရိပ်၏ ထူးဆန်းတဲ့ နည်းစနစ်တွေက သူ့အမြင်ကိုချဲ့ပေးလိုက်သည်။ နေ့စဉ်မြင်တွေ့နေကြ နည်းစနစ်များလည်းမဟုတ်ရာ မီးခိုးမြူပုံရိပ်က အလွန်အရေးပါသည့် တစ်ယောက်ယောက်သာဖြစ်ရမည်။

ထိုပုံရိပ်သေသွားပြီလား။ စုရှောင်ရှန် မယုံနိုင်ပါပေ။

မိုမိုတောင်မသေသေးတာ ထို မီးခိုးမြူပုံရိပ်က လွယ်လင့်တကူ သေမည်တဲ့လား။ သူ့ထိုးချက်များအောက်၌ ကြေမွသွားပြီး နဂိုမူလပုံစံပြန်ဖြစ်သွားကာ မိုမို့လက်ထဲ ပြန်ပုန်းအောင်းရန်သွားသည်သာ ဖြစ်နိုင်သည်။

သို့မှ မိုမို့အခြေအနေကို ဆန်းစစ်ကြည့်ပြီးသော် မိုမိုမသေတာက သူမကိုယ်အတွင်း ချိတ်ပိတ်ထားဟန်ရသော အသက်စွမ်းအင် သဲ့သဲ့လေးကြောင့်ဆိုတာ ‌စုရှောင်ရှန် သိလိုက်ရသည်။

ထိုမှ စုရှောင်ရှန် သူမကို ကယ်တင်နိုင်ပေလိမ့်မည်။

“မီးခိုးမြူပုံရိပ်က တကယ် အကွက်ချစီစဉ်ထားတာပဲ” ဖြစ်ကြောင်းကုန်ဆင်ကို သဘောပေါက်သွားတော့သည်။

သူတို့သိကျွမ်းကြသည်ဟူသည့် အချက်လေးကိုထောက်ပြီး မီးခိုးမြူပုံရိပ်က စုရှောင်ရှန် မိုမို့ကို ကယ်တင်‌လိမ့်မည်ဟု ယုံကြည်ထားဟန်ရသည်။

မိုမို့ကို ကယ်ရမလား…။

မိုမို့ကို သူကယ်လျှင်လည်း ပြဿနာများသာ များလာပေလိမ့်မည်။ သူ့အတွက်တောင် ရန်သူတစ်ယောက်ကို မွေးထုတ်ပေးနိုင်လောက်၏။

ဒါကြောင့် မကယ်ရဘူးလော…။

အကြားအမြင်မှ တစ်ဆင့် မြေပြင်တွင်ကျနေသော စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကို တွေ့လိုက်ရသည်။ အတန်ကြာ စဉ်းစားခန်း၀င်နေပြီးနောက်မှာ မိုမို့ ရင်ဘက်ပေါ် တင်ပေးလိုက်ရန် ဆုံးဖြတ်လိုက်၏။

စုရှောင်ရှန်က သူ့အပေါ်ကောင်းလျှင် ကောင်းမည်၊ ဆိုလျှင် သူကလည်း ဆိုးမည် ဖြစ်သည်။ မိုမိုက နူးညံ့သော လိပ်ပြာလေးတစ်ကောင်သာ။ ထို မီးခိုးမြူပုံရိပ်နှင့် တစ်ဘက်တည်းတွင် ရှိလိမ့်မည်မဟုတ်လောက်ပါပေ။

မကောင်းတဲ့သူကို ပယ်ဖို့ ကောင်းတဲ့သူကို စတေးလိုက်ရမှာကိုတော့ သူမလိုလားပါပေ။

သို့ဖြင့်

“မင်းထပ်မျက်နှာလာပြရဲရင် ထပ်ပြီး ရိုက်နှက်ပြီး ကိုယ့်နေရာကိုယ်သိသွားအောင်လုပ်ပေးပစ်မယ်” မိုမို့ညာလက်ကို လက်ညိုးထိုးပြီး စုရှောင်ရှန်အော်လိုက်သည်။

သို့သော် ဘာတုန့်ပြန်ချက်မှ မရပါပေ။

သူ့ဟာသူတွေးမိတွေးရာ တွေးရင်း စုရှောင်ရှန် ဝါးလုံးကွဲရယ်လိုက်၏။

ထိုပုံရိပ်ကို တစ်ခါ နေရာသိသွားအောင်လုပ်ပေးနိုင်မှတော့ နောက်တစ်ခါလည်းထပ်လုပ်နိုင်ပေလောက်မည်။ ဒါ့အပြင်ကို ထို ပုံရိပ်က အပြင်းအထန် ဒဏ်ရာ ရသွားသည့်ဟန်ရပြီး အချိန်တိုအတွင်း ပြဿနာရှာမည့်ဟန်မပေါ်ပါပေ။

ထိုအရာ နောက်တစ်ခါထွက်လာလျှင် ဘယ်လောက် စွမ်းအားကြီးနေမလဲ စုရှောင်ရှန်မသိပါချေ။ ထိုအချိန်ကျရောက်လာပါကလည်း သူ့ကျင့်ကြံခြင်းနယ်ပယ်က ယခု အဆင့်မှာ ရှိလောက်တော့မည်မဟုတ်ပါပေ။

“အရှုံးသမားတွေပဲ ကြောက်ချေးပါကြတာ…” ထိုစကားက ပြောရတာမိုက်သည်ဟု ခံစားလိုက်ရသည်။

မိုမို သတိပြန်လည်လာချိန်မှ သူ့ဟာသူ စုံစမ်းစစ်ဆေးခန်း၀င်နိုင်ပေမည်။ မိုမို ကြာကြာ သတိ မမေ့မျောနေပါစေနဲ့ ဆုတောင်းလိုက်၏။

စုရှောင်ရှန် ခေါင်းကို သနားညှာတာစွာ ခါရမ်းလိုက်သည်။ အကြီးအကဲစန်း၏ ငြင်းပန်းနှိပ်စက်မှုက ကျင့်ကြံခြင်းနယ်ပယ် အမြင့်ပိုင်းကိုရောက်ဖို့ ရွှေလက်မှတ်တစ်ဆောင်ဖြစ်တယ်ဆိုပေမယ့် နောက်ကလည်း ပြဿနာက ဒွန်တွဲပါလာလေသည်။

ထို မီးခိုးမြူပုံရိပ်သာ နောက်ထပ် မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိနေဦးမယ်ဆိုရင်တော့ စုရှောင်ရှန်ကို မိုမိုတောင်ရပ်တန့်နိုင်လိမ့်မည်မဟုတ်ပေ။ သူမတောင် သူ့လက်မအောက်တွင် ထာ၀ရ ပိတ်လှောင်သွားခံရလိမ့်မည်။

ထို့နောက် သူ့စိတ်ထဲမှ အနီရောင်ဖန်သားပြင်ကြီးကို စုရှောင်ရှန်ကြည့်လိုက်သည်။

ထိုအနီရောင်ဖန်သားပြင်က နတ်နဂါးကြီး သူ့မူလနန်းတော််ထဲကို၀င်လာသောအခါမှာ ရက်ရက်စက်စက် သတ်ဖြတ်ပစ်လိုက်ခြင်းကို ကြည့်ခြင်းအားဖြင့် ၎င်းလည်း ကိုယ်ပိုင်အသိရှိကြောင်းကိုပြသနေသည်။

သူ့စိတ်ကို ယခု တစ်စုံတစ်ယောက်က ထိန်းချုပ်ထားတာများလား။

စုရှောင်ရှန် ထိုသို့တွေးမိပြီး အရိုးအေးမတတ် ချမ်းစိမ့်သွားသည်။

ဖြစ်ခဲ့ပျက်ခဲ့သည်များကို ပြန်စဉ်းစားကြည့်လျှင် အရာအားလုံးကို ကံကြမ္မာကြီးက ကြိုတင်အကွက်ချစီစဉ်ထားသကဲ့သို့ ဆက်တိုက် တိုက်ဆိုင်မှုတွေ ဖြစ်နေ၏။

စုရှောင်ရှန် ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်လိုက်သည်။ ကြည့်ရတာ အကြီးအကဲစန်း၏ “နတ္ထိ လှောင်အိမ်” အတွေးအခေါ်အောက်တွင် သူ့အတွေးအမြင်များပြောင်းလဲသွားဟန်ရသည်။ ကျိုးကြောင်းတိုက်ဆိုင်မှုဆိုတာ အမြဲတမ်းလည်းမဖြစ်နိုင်သလို ဘာစိတ်ကိုထိန်းချုပ်ခြင်းမှလည်း မဖြစ်နိုင်ပေ။

ထိုထူးထူးဆန်းဆန်း အတွေးများကို သူ့ခေါင်းထဲမှ ခေါင်းခါရမ်းပြီး ထုတ်ပစ်လိုက်သည်။ ထို့နောက် သူဖော်စပ်ထားသည့် ရွှေနီဆေးရည်ကို ထုတ်ယူပြီး ကိုယ့်ကိုယ်ကိုယ် အပြည့်အ၀ ပြန်လည်သက်သာလာအောင် လုပ်လိုက်၏။

တစ်ချက် တွေးကြည့်လိုက်ပေးပြီးနောက် မိုမို့ကိုလည်း ရွှေနီဆေးရည်တစ်ချို့တိုက်လိုက်သည်။

“ဘယ်လောက်တောင် နင် အားနည်းလာတာလဲ။ တိုက်ပွဲပြီးတော့ နလံကို မထူနိုင်တော့ဘူး။ အေး… နင် မိုမိုမဟုတ်တော့ဘူး…” စုရှောင်ရှန် သူမကို စ‌နောက် ပြောဆိုလိုက်သည်။

ထို့နောက် ထရပ်ပြီး ကိုယ်ကို ဆန့်တင်းလိုက်ရာ ခရက်ဟူ၍ မြည်သံ များကို ဆက်တိုက်ကြားလိုက်ရသည်။

သူ့ဒန်ထျန်ကို စစ်ကြည့်လိုက်ရာတွင် ထိုတိုက်ပွဲပြီးနောက် သူ့စိတ်ဝိညာဉ်အနှစ်များက နောက်တစ်ဆင့်တက်တော့မှာကို တွေ့လိုက်ရ၏။

စုရှောင်ရှန် ပျော်ပျော်ရွှင်ရွှင်ပြုံးလိုက်သည်။ ၎င်းက အကန့်အသတ်မရှိသော စွမ်းအင်ဖြစ်၏။

သူ့တွင် စွမ်းအင်များအများအပြား ပြန်လည်ပြည့်ဖြိုးလာရာ မီးခိုးမြူပုံရိပ် နောက်တစ်ကြိမ်ပေါ်လာလျှင်တောင် စုရှောင်ရှန်အတွက် ပြဿနာရှိလိမ့်မည်မဟုတ်ပါပေ။

သူတကယ် သန်မာရင်း သန်မာလာနေခဲ့၏…။

“ဟုတ်သားပဲ တစ်ယောက်ယောက်ပျောက်နေသလိုပဲ”

သို့မှ မုကျစ်ရှီကို နတ်နဂါးကြီးဆင်းသက်လာတုန်းက အဝေးကို တောက်ထုတ်ပစ်လိုက်တာ စုရှောင်ရှန်သတိရသွားသည်။

သူမက ဒီလောက် သေးသေးကွေးကွေးလေးကို အဲ့ဒီက ထိတိုက်မှုကြောင့်တော့ မသေနိုင်လောက်ဘူးမလား။

ယခု သူ့အကြားအမြင်က ထင်‌မှတ်မထားလောက်အောင် အကွာအဝေးကိုရောက်ရှိလာသည်။ စုရှောင်ရှန် အတန်ကြာ လိုက်ရှာကြည့်ပြီးနောက်မှာ မုကျစ်ရှီကို သူနှင့် မီတာ ရာအနည်းငယ်ကျော်မှာ တွေ့လိုက်ရ၏။

စုရှောင်ရှန်ကြောင့် ထိုဧရိယာအတွင်းမှ သစ်ပင်များက အရွက်များမရှိကြတော့ကာ အကိုင်းတစ်ခုပေါ်၌ တွဲလောင်းကြီးဖြစ်နေသော မုကျစ်ရှီကို တွေ့လိုက်ရသည်။

မြေပြင်ပေါ်သို့ မကျအောင် သူမ၏ ‌ခြေထောက်များက အကိုင်းတစ်ခုပေါ်တွင် ‌အောက်စိုက်တွဲလောင်းကြီးချိတ်နေလေရဲ့။

သူမ၏ နှစ်မြွှာကျစ်ဆံမြီးကလည်း အောက်သို့ တွဲလောင်းကျနေကာ သူမ၏ ပါးစပ်များမှလည်း အမြှပ်များတထောင်းထောင်းထနေ၏။

ထို့နောက် အိပ်မက်ယောင်ပြီး ပါးစပ်ကိုလည်း တစ်ခုခုကို ဝါးနေသလို ပြုလုပ်နေသည်။ ပါးစပ်မှ သွားရေများကို သူမ၏ လက်ဖြင့် သုတ်လိုက်ကာ ညှင်သာလေ လေညှင်းအကြားတွင် ရှေ့နောက် လူးလွင့်နေတော့၏။

စုရှောင် မှင်တက်သွားသည်။

သူက အသက်အတွက်တိုက်ခိုက်နေတဲ့အချိန်မှာ သူမက သစ်ပင်ပေါ်မှာ အိပ်နေတယ်ပေါ့။ ဘယ်လိုတောင် အပူအပင်ကင်းမဲ့လိုက်သလဲ။

ဇောက်ထိုးကြီး တွဲလောင်းချပြီး အိပ်နေတဲ့ပုံကိုကြည့်ပါဦး။

အပိုင်း (၁၆၂) ငါ့သူငယ်ချင်းလို့ မှတ်နေတာ

ဓားစွမ်အင်များ ချောချောမွေ့မွေ့ မုကျစ်ရှီ တစ်ကိုယ်လုံးကိုဖြတ်ပြီး သစ်ကိုင်းကို ပိုင်းဖြတ်ပစ်လိုက်သည်။ သို့ဖြင့် မုကျစ်ရှီဇောက်ထိုးကြီးပြုတ်ကျတော့၏။

ထိုကလေးမလေး ပြုတ်ကျနေတာကို စုရှောင်ရှန် လက်ပိုက်ပြီး စိတ်၀င်တစားကြည့်နေလိုက်သည်။

ဘုန်းးး…။

မုကျစ်ရှီ မြေပြင်ပေါ်မကျခင်မှာ အနီရောင်ပန်းပွင့်ကြီး ပွင့်လန်းလာပြီ သူမကို အမြင့်မှ ပြုတ်ကြခြင်းက ခံပေးလိုက်ကာ မြေပြင်ပေါ် ခြေထောက်ဖြင့်ရပ်စေလိုက်သည်။

“စုရှောင်ရှန် နင်ငါ့ကို သတ်နေတာလား” မုကျစ်ရှီ ဒေါသတကြီး အော်လိုက်ပြီးနောက် သူမ၏ မျက်နှာက အနည်းငယ် စိုထိုင်းနေတာကို သတိထားမိလိုက်သည်။ သူမ၏ ပါးကို လက်ဖြင့်သုတ်ပြီး အနံ့ခံကြည့်လိုက်ရာ သွားရေဖြစ်နေတာကို သိလိုက်ရ၏။

မုကျစ်ရှီ၏ ဖြူဖွေးဖွေး မျက်နှာလေး ချက်ခြင်း ရှက်သွေးဖြန်း၍ နီရဲသွားကာ အလျင်အမြန် သန့်ရှင်းလိုက်သည်။

“ငါပဲသတ်ရတယ်ရှိသေး။ နင့်ကို နှိုး‌ပေးနေတာလေ” သူမ၏ မျက်နှာကို လက်ဖြင့် သုတ်နေသော မုကျစ်ရှီကို ကြည့်ရင်း စုရှောင်ရှန် ပြုံးပြလိုက်သည်။

“ဟက်”

မုကျစ်ရှီ မကျေမနပ်အသံပေးလိုက်ပြီးနောက် သူ့ဘက်လှည့်ကာ “ငါ့ကိုလည်း ပစ်လိုက်သေးတယ်။ အနည်းဆုံးတော့ သစ်ပင်ပေါ်ကနေ ကောင်းကောင်းချပေးလို့မရဘူးလား”

“အကြွေးတောင်းနေသလိုပဲ” စုရှောင်ရှန် ခဏ ရယ်ချက်သွားပြီးနောက် တည်တည်ငြိမ်ငြိမ်ဆက်လိုက်သည်။ “နင့်ကို လူသားဒိုင်းကာအဖြစ်မသုံးတာကိုပဲကျေးဇူးတင်ရဦးမယ်”

မုကျစ်ရှီစွံ့အသွားသည်။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

ဒီလူက တကယ် ‌ဒေါသထွက်စရာကောင်းလွန်းလှ၏။

“ရတယ်လေ နင့်ကို ခွင့်လွှတ်ပေးတယ်။ ဒါပေမယ့် စောနက လိမ်တာ အတွက်ကြတော့ရော” မုကျစ်ရှီ စိတ်ကောက်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။

“ငါနင့်ကို ဘယ်တုန်းကလိမ်လို့လဲ” စုရှောင်ရှန် သိလိုက်စိတ်ပြင်းပြသွားသည်။

“နင်ပြောတော့ ငါ့ကို စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကို ပေးမယ်ဆို ဘာလို့ စိတ်ဝိညာဉ်ကျောက်တုံးကြီးဖြစ်နေတာလဲ”

“ငါပေးမယ်လို့ ပြောမိလို့လား”

“ပြောတယ်‌…” မုကျစ်ရှီ ဝိုင်းဒိုင်းကျဲနေရင်း တုံ့ခနဲရပ်သွား၏။

ဟုတ်သားပဲ။ သူပေးမယ်လို့ ပြောလို့လား။

“စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကို ပေးပါလို့ နင်‌ပဲတောင်းတာလေ ငါပေးမယ်မှ ကတိမပေးခဲ့ဘူး နင့်ဟာနင် ထင်ချင်ရာ လျှောက်ထင်နေတာ” စုရှောင်ရှန် သူမ၏ အဆိုကို ကျယ်ကျယ်လောင်လောင် ငြင်းဆိုလိုက်သည်။

“ဒါပေမယ့် နင် ငါ့ကို စိတ်ဝိညာဉ်ကျောက်တုံးကြီးပေးတာကကော။ ဘာအဓိပ္ပာယ်လဲ” မုကျစ်ရှီ သူ့ကို မ‌ကျေမချမ်း မျက်လုံးကြီးပြူးပြီး ကြည့်လိုက်သည်။

“နင်တောင်းတိုင်း ငါက ပေးရမှာလား” စုရှောင်ရှန် တိုးတိုးလေး ရေရွတ်နေရင်းမှ မုကျစ်ရှီ ပြောတာကို ကြားသော် ထရယ်လိုက်သည်။

“စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကို နင်က ပစ်ပေးလိုက်လို့ ငါက စိတ်ဝိညာဉ်ကျောက်တုံး လက်ဆောင်‌ပြန်ပေးတာလေ။ နင့်ဟာနင်သာ လိုရာစွဲသွင်းနေတာ။ နင်တုံးတာကိုတော့ သူများကို သွားအပြစ်တင်လို့မရဘူး”

မုကျစ်ရှီ စွံ့အသွားသည်။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်…

“ညီမလေး…”

မုကျစ်ရှီ၏ ခေါင်းကို စုရှောင်ရှန် အသာအာယာ ဖွလိုက်ပြီး “နင့်ရဲ့အကိုကြီးက အဖိုးတန်တဲ့ သင်ခန်းစာပေးနေတာ။ ဒီကမ္ဘာကြီးမှာ ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ ယုံလို့မရဘူး။ နားလည်လား”

မုကျစ်ရှီ နှာခေါင်းရှုံ့ပြီး စုရှောင်ရှန်၏ လက်ကို ပုတ်ထုတ်လိုက်သည်။ ထို့နောက် လှည့်‌ကာပြေးတော့၏။

“ဟက်။ အလိုလိုက်လို့ ပျက်ဆီးနေတဲ့ ကလေးမလေး” စုရှောင်ရှန် စပ်ဖြီးဖြီးလုပ်‌နေပြီးနောက် တစ်စုံတစ်ခု မူမမှန်တာကို သိလိုက်ရသည်။ ထို မုကျစ်ရှီက သားကောင်ကိုအနံ့ခံလိုက်မိသည့် သားရဲအလား ထွက်‌သွားနေသည့် နေရာက…

မိုမို့စီလား။ မဟုတ်ဘူး..။ စိတ်ဝိညာဉ်အသက်တံဆိပ်ပြားစီကိုပဲ။

သူမ၏ ရည်ရွယ်ချက် ပေါက်ကြားသွားတာကြောင့် မုကျစ်ရှီ ဟန်ဆောင်ပန်ဆောင်လုပ်နေသည်များကို ရပ်ကာ ခြေကုန်သုတ်ပြေးတော့သည်။ စုရှောင်ရှန် သူမ၏ လုပ်ချင်တာကို ဒီတိုင်း ထိုင်ကြည့်ပြီး လုပ်ခွင့်ပေးမည်တဲ့လား။

အရှင်သခင်နယ်ပယ် လျင်မြန်မှုနှင့်အတူ တံဆိပ်ပြားအရှေ့မှာ စုရှောင်ရှန်ပေါ်လာပြီး ကောက်ယူလိုက်တော့သည်။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

မုကျစ်ရှီ၏ မျက်၀န်းထဲ အန္တရာယ်ရှိသော အလင်းတန်းများ လျှပ်တပြက် ဖြတ်သွားတာကိုမြင်လျှင် စုရှောင်ရှန် သူ၏ နားနှစ်ဖက်ကို ပိတ်လိုက်သည်။ သူထင်သည့်အတိုင်း နားမခံနိုင်ဖွယ်ရာ စူးစူးရှရှ အော်သံကြီး ထွက်ပေါ်လာ၏။

“စု…ရှောင်… ရှန်”

“အဲ့တာ ငါ့ဟာ”

မုကျစ်ရှီ နှုတ်ခမ်းကြီးကိုစူပြီး စုရှောင်ရှန်ကို ဘုကြည့်ကြည့်လိုက်၏။

စုရှောင်ရှန် နားမလည်သလို ဟန်ဖမ်းလိုက်ကာ “နင်ပဲ မလိုချင်လို့ ပစ်လိုက်တာမလား။ ဒီလို သုံးပြီးသား ပစ္စည်းကိုတောင် ငါ့မှာ ရဖို့လွယ်တာမဟုတ်ဘူး။ ပြန်မတောင်းပါနဲ့”

“… …”

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်…

ရုပ်ချည်း ချောင်းဟန့်သံတစ်ခုက သူတို့၏ ရန်ပွဲကို ကြား၀င်ဖြတ်လိုက်၏။

မုကျစ်ရှီ၏ မိုးခြိမ်းသံအလား အော်သံကြောင့်တော့ စုရှောင်ရှန် ကြောက်ရွံ့မသွားပါပေ။ ထိုအစား ဘေးတစ်ဘက်၌ လှဲလျောင်းနေသော မိုမို့ကိုသာ နိုးကြားသွားစေလေသည်။

မိုမိုနိုးလာတာကိုမြင်လျှင် စိတ်ဝိညာဉ်အသက်တံဆိပ်ပြား တယ်စွမ်းပါလားဟု စုရှောင်ရှန် အံ့ဩဘနန်းဖြစ်သွားရ၏။

မုကျစ်ရှီ၏ ရင်ခွင်ထဲမှာ အသက်ရှိုက်စာအနည်းငယ်လောက်တည်းနဲ့ သူမကို ငရဲတံခါးမှ ပြန်ခေါ်လိုက်ပြီး ယခုလည်း မိုမို့ ရင်ဘက်ပေါ်မှာ ခဏလေးပဲတင်လိုက်တာတောင် သူမကို ကယ်တင်လိုက်၏။

တံဆိပ်ပြားကို ကိုင်ထားသော သူ့လက်များ ပို၍ တင်းကြပ်သွားသည်။

တကယ်က စိတ်ဝိညာဉ်တံဆိပ်ပြားတစ်ခုတည်းကြောင့်လို့တော့ ယခု အခြေအနေကို ပြောလို့မရပါပေ။ ထိုမိန်းကလေးနှစ်ယောက်နှင့် ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေသောကြောင့် ဖြစ်ရမည်။

မိုမို့အတွက်ကတော့ စုရှောင်ရှန် နားလည်နိုင်သေးသည်။ သူ၏ ဆရာတူညီမလေးကကြတော့… မုကျစ်ရှီကို ကြည့်သော စုရှောင်ရှန်၏ အကြည့်များ ထူးဆန်းသော အလင်းများ လက်သွား၏။

မုကျစ်ရှီကို မီးခိုးမြူပုံရိပ် ချောင်းမြောင်းတိုက်ခိုက်ပြီးနောက်မှာ သူမ၏ ခန္ဓာကိုယ်ကို သွားကြည့်ရာ အလိုလို ပြန်ကောင်းနေသည်ကို တွေ့ရသည်။

စိတ်ဝိညာဉ်အသက်တံဆိပ်ပြားမရှိလျှင်တောင် မုကျစ်ရှီ ပြန်နိုးထလာဖို့က အချိန်တစ်ခုသာ လိုပေလောက်သည်။

စုရှောင်ရှန် ဘာတွေးနေသလဲ မုကျစ်ရှီ မသိပါချေ။ ထိုမြေပြင်မှ သွေးသံတရဲရဲနှင့် မိုမို ပြန်ထလာသည်ကိုမြင်သောအခါ စုရှောင်ရှန်ကို သူမ လက်တို့လိုက်သည်။

“နင့်ဓားခဏပေး”

“ဘာလုပ်မလို့လဲ”

စုရှောင်ရှန် အံ့အားသင့်သွားပြီး တိတ်တခိုးနာကျင်ခြင်းကို မုကျစ်ရှီ ဆွဲမထုတ်နိုင်ခင်မှာ ပြန်ဆွဲယူလိုက်သည်။

သူမ သွေးကြွေးစပ်မလို့လား။

အဲ့ဒီ ရိုက်ချက်လေးတစ်ခုကြောင့်လေ။

“စိတ်လျော့ပါ။ နင့်ကို ရိုက်လိုက်တာ မိုမိုမဟုတ်ဘူး” စုစုရှောင်ရှန်ဓားကို တစ်ဘက်သို့ ပို့လိုက်သည်။

“ဒါဆို ဘယ်သူလဲ” မုကျစ်ရှီ ဒေါသတကြီး ဆိုသည်။

သူမိုမို့ကို ယုံကြည်ပြီး စုရှောင်ရှန်ကို နှစ်ယောက်အတူ လိုက်ဖမ်းခဲ့၏။ သို့သော် သူမ အကာအကွယ်မဲ့နေသည့် အချိန်အတွင်းမှာ အငိုက်တိုက်လိုက်မည်ဟု မထင်ပါလေ။

ကမ္ဘာကြီးမှာ သူမ အမုန်းဆုံးအရာကိုပြောပါဆိုလျှင် သစ္စာဖောက်ခြင်းဖြစ်သည်။

မိုမို ထိုနှစ်ယောက် ငြင်းခုန်နေတာကိုကြည့်ပြီးနောက် မြေပြင်မှ တွင်းနက်များထံ အာရုံလွှဲလိုက်သည်။ တစ်ခုခုကို နားလည်သွားဟန်ဖြင့် သူမ၏ ခေါင်းကလေး ငိုက်စိုက်ကျသွား၏။

“ညီမလေးမုပြောတာမှန်တယ်။ ငါသေသင့်ပါတယ်” မိုမို ခါးသီးစွာ သက်ပြင်းချလိုက်သည်။

မုကျစ်ရှီ၏ လက်နှစ်ဖက်ကို စုရှောင်ရှန် ဖမ်းချုပ်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် သူမ၏ နှုတ်ခပ်းကို ဖိညှပ်ပြီး ပိတ်လိုက်သည်။ ထို့နောက် မိုမို့ကို မျက်မှောင်ကုပ်၍ အတန်ကြာအောင်ကြည့်ပြီး‌မှ ‌ဆိုလိုက်သည်။ “ငါသဘောတူတယ်…”

“… …”

မိုမို့ ရင်ဘက်ထဲမှ စူးကတည်း အောင့်သွားပြီး သာမန်ထက် အဆမတန် ပို၍ ခုန်လာတော့သည်။

“…နင်ရှင်းပြချက်မပေးရင်ပေါ့” စုရှောင်ရှန် နောက်မှ ထပ်လောင်းပြောဆိုလိုက်သည်။

“ဘာမှ ရှင်းပြစရာမရှိပါဘူး” မိုမို ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းပြန်ငုံ့ကာ ပြောသည်။

“နင်ငါ့ကြောင့် အသက်ရှင်နေတာမဟုတ်ဘူး။ အဲ့အရာက နင့်ကို အသက်ရှင်ခွင့်ပေးလိုက်လို့…”

စုရှောင်ရှန် ပြောနေရင်း မျက်မှောင်ကုပ်လိုက်ကာ သူ့ခြေထောက်ကို ကန်နေသော မုကျစ်ရှီ၏ ခြေထောက်ကို ပြန်ရစ်ပတ်ပြီး ချိတ်ပစ်လိုက်သည်။ သို့ဖြင့် ခြေတစ်ဖက်တည်းဖြင့်သာ ရပ်နေရသော မုကျစ်ရှီသူ့ကို မနှောက်ယှက်နိုင်ပါတော့ချေ။

“အဲ့အရာ အသက်ရှင်နေသေးတယ်မလား” မိုမို့ကို ပြန်ကြည့်ပြီး ဆိုသည်။

သူမရှေ့မှ စုရှောင်ရှန်ဘာကိုပြောနေသလဲ မိုမို သိပေမယ့် အာစေးမိသလို ဆက်လက်၍ တိတ်ဆိတ်နေသည်။ မိုမို့ကို ဒီလို သတင်းအချက်အလက်များမရအောင် စုရှောင်ရှန် ကယ်လိုက်သည်မဟုတ်ပါချေ။

သူသာ ထို မီးခိုးမြူပုံရိပ်က ဘာလဲ မသိရရင် ချိန်ကိုက်ဗုံးတစ်လုံးလို တကယ့် ကံဆိုးသည့် အခြေအနေ၌ ထပေါက်ကွဲမှာကို ကြောက်ရွံ့မိသည်။

မိုမို ဆက်၍ နှုတ်ပိတ်နေလျှင် ခုရှုပ်မှနောင်ရှင်းဆိုသလို မုကျစ်ရှီကို လွှတ်ပြီး သူမကို သတ်ခိုင်းလိုက်တာကမှ ကောင်းဦးမည်။

“ ဒီ မီးခိုးမြူပုံရိပ်ကိုသာ ငါမသိသေးရင် နင်ဆက်ပြီး လျှို့ဝှက်ထားတာက နားလည်ပေးလို့ရသေးတယ်။ ဒါပေမယ့် ခုတော့မရတော့ဘူးလေ။ ဒါမှ မဟုတ် နင်ပြောလို့မရအောင်များ ချိတ်ပိတ်ထားတဲ့ တစ်စုံတစ်ခုရှိနေလို့လား။ မဟုတ်ရင် ငါ့ကို ပြောလို့ ရတယ်နော်။ ငါအတော်လေး ဆော်ပလော်တီးလိုက်တာ အဲ့တာအခု အတော်လေးဒဏ်ရာရသွားလောက်ပြီ။ ငါတို့ပြောတာမကြားလောက်ပါဘူး ဟုတ်တယ်မလား”

မိုမို့ကိုယ်လေး အနည်းငယ်တုန်ခါသွားသည်။ စုရှောင်ရှန်ပြောတာကို သူမ မငြင်းဆိုနိုင်ပါ။

စုရှောင်ရှန်လည်း မိုမို့ကို ဘယ်လို ဖွင့်ဟပြောလာအောင်လုပ်ရမလဲ စဉ်းစားခန်း၀င်ရင်း တိတ်ဆိတ်သွား၏။

သူတို့ရဲ့ အနက်ရှိုင်းဆုံး၊ လူမသိခံချင်ဆုံး လျှို့ဝှက်ချက်တစ်ခုကို လူတစ်ယောက်ရဲ့ နှုတ်ဖျားကနေ သိဖို့ဆိုတာမလွယ်ကူပေ။ မီးခိုးမြူပုံရိပ်လို ရှေးဦးဆန်တဲ့အရာဆို ပိုလို့ဆိုးချေသည်။

ဒီကမ္ဘာကြီးက လူအများစုက ကြင်နာသောနှလုံးသားရှိတဲ့လူတွေလို့ စုရှောင်ရှန် ယုံကြည်ပါသည်။ တစ်ခါတစ်ရံမှာ လူတွေက လျှို့ဝှက်ချက်တွေ သိမ်းထားတာက မကောင်းတဲ့ရည်ရွယ်ချက်တွေရှိလို့မဟုတ်ဘဲ သူတို့ရဲ့ အရှုပ်တော်ပုံကြီးထဲကို ဆွဲမထည့်ချင်လို့ဖြစ်ပါသည်။

မိုမိုကလည်း ထိုသို့ စိုးရိမ်၍သာ မပြောခြင်းဖြစ်ကြောင်းကိုသိကာ ထိုလိုလူများကို မည်သို့ ဖွင့်ဟချလာအောင်လုပ်ရမလဲ သူသိပေသည်။ အဘယ်ကြောင့်ဆိုသော် အတိတ်ကသူလည်း သူမလို လူတစ်ယောက်ဖြစ်ခဲ့တယ်မဟုတ်ပါလား။

ခြောက်လားပြုလား အကျပ်ကိုင်ပြီး ပြောဆို ဆက်ဆံတာက သူတို့ရဲ့ ဆုံးဖြတ်ချက်ကိုသာ ပို၍ ပြတ်သား‌သွားစေလိမ့်မည်။ တစ်စုံတစ်ယောက်ရဲ့ ဖွင့်ဟချမှုကိုလိုချင်တယ်ဆိုရင် သင်ကိုယ်တိုင်လည်း သူတို့နေရာမှာနေပြီး သူတို့ရဲ့ အခက်အခဲများကို နားလည်သဘောပေါက်အောင်လုပ်ပေရမည်။ ထိုမှ သင့်ရဲ့ ရိုးသားမှုနဲ့ စာနာမှုက သူတို့ကို ဖွင့်ဟပြောစေမည့် အားတစ်ခုဖြစ်လာလိမ့်မည်။

ရိုးရိုးရှင်းရှင်းပြောရသော် သင်ကိုယ်တိုင်က သနားစရာကောင်းသကဲ့သို့ ဟန်ဆောင်ဟန်ဆောင်လုပ်ခြင်းဖြစ်၏။

“ငါတို့ကို နင့်ပြဿနာထဲ၀င်မပါစေချင်တာကို ငါသိပါတယ်။ ဒါပေမယ့် ငါအဲ့ဒီ မီးခိုးမြူပုံရိပ်ကို တွေ့ပြီးသွားပြီလေ…” စုရှောင်ရှန် ဖြည်းညှင်းစွာဆိုလိုက်သည်။

“ငါ့အသက်ရန်ကို ခြိမ်းခြောက်နိုင်တဲ့ဟာက ဘာလဲ ဘယ်ကလာသလဲဆိုတာ ငါမသိရရင် ငါစား၀င်အိပ်ပျော်နိုင်မှာမဟုတ်ဘူး။ နင်ငါ့ရဲ့ ခံစားချက်တွေကိုရော လစ်လျူရှူလိုက်တော့မှာလား”

မိုမို သူ့ကို ခံစားချက်များ လျှံထွက်နေသော မျက်၀န်းများဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူ့ထံမှ ခက်ခက်ခဲခဲ အကြည့်လွှဲလိုက်၏။

သူမ၏ အမူအရာကိုမြင်သောအခါ စုရှောင်ရှန်၏ နှလုံးတစ်ချက်ခုန်သွားပြီး စိန်အားထက်သန်စွာမေးလိုက်သည်။ “ပြောပါ အဲ့ဒီ … မီးခိုးမြူပုံရိပ်က ဘာကြီးလဲ”

မိုမို အံကိုတင်းတင်းကြိတ်၍ သူမ၏ သွေးများပေကျံနေသော အင်္ကျီစကို ဆုပ်ကိုင်လိုက်သည်။ သူမကိုကြည့်ရတာ အမှန်တရားကိုပဲ ပြောရမလား တိတ်ဆိတ်နေရမလား နှစ်ခုအကြားမှာ တွေဝေနေပုံရ၏။

စုရှောင်ရှန် သူမရဲ့ တုန့်ဆိုင်းမှုကို မြင်လိုက်ပြီး နောက်ဆုံး တိုက်စစ်ကို ထိုးလိုက်တော့သည်။

မုကျစ်ရှီ၏ ခြေထောက်ကို လိမ်လိုက်ပြီး သူ့လက်ထဲကရုန်းကန်နေသော ကောင်မလေးနှင့် သူကိုယ်တိုင်ကို မြေပြင်ပေါ် ဒူးအထောက်သား မိုမိုနှင့် မျက်နှာခြင်းတစ်ပြေးညီတည်း ကျသွားစေလိုက်သည်။ မုကျစ်ရှီကို တင်းတင်းကြပ်ကြပ် ဖမ်းချုပ်ထားရင်းမှ မိုမို့မျက်၀န်းများကို ဝိညာဉ်တောင် ဖောက်ထွင်း၍ မြင်သကဲ့သို့ မျက်လုံးများဖြင့် ကြည့်လိုက်၏။

“ငါတို့က သူငယ်ချင်းတွေမှတ်နေတာ” စုရှောင်ရှန်၏ လေသံက ရိုးသားခြင်း၊ မယုံကြည်နိုင်ခြင်း စသဖြင့် ခံစားချက်များဖြင့် ပြည့်နေ၏။

မိုမို မခံနိုင်ပါတော့ပေ။ သူမ၏ မျက်၀န်းများ မျက်ရည်များဖြင်း ရွှန်းစိုသွားတော့သည်။ စုရှောင်ရှန်ကို သူမ အကုန်ပြောပြတော့မည်ဖြစ်သည်။

စုရှောင်ရှန်၏ နက်မှောင်သော မျက်၀န်းများမှ နာကျင်မှုများကို မြင်သောအခါ မိုမို ရှိုက်ငင်သံများတောင်ထွက်လာသည်။

“အားးး” စုရှောင်ရှန် ရုတ်တရက် ထအော်သည်။

“အရင်ဘ၀တုန်းက နင်က ခွေးလား” ထို ၀မ်းနည်းနာကျဉ်းဖွယ်ရာ အခိုက်အတန့်လေးက ဒေါသတကြီး အော်သံနှင့်အတူ ပျက်တီးသွားတော့၏။

စုရှောင်ရှန် မခံနိုင်ပါတော့ပေ။ သူ့လက်ကို ကိုက်ထားသည့် မုကျစ်ရှီကို ခါထုတ်ပစ်လိုက်သည်။ သူ့လက်ကို ပြန်ကြည့်သောအခါ သွေးထွက်နေသည်ကို တွေ့လိုက်ရ၏။

ဤကောင်မလေး သူ၏ အရှင်သခင်နယ်ပယ် ခန္ဓာကိုယ်ကို သူမ၏ သွားများဖြင့် တကယ် ကိုက်ဖောက်နိုင်လိုက်သည်တဲ့လား။ စုရှောင်ရှန် မယုံကြည်နိုင်မှုတို့ဖြင့် မှင်တက်သွားသည်။

“စုရှောင်ရှန် နင့်မှာ သူငယ်ချင်းရှိတယ်ပေါ့ ထူးဆန်းလိုက်တာ” မုကျစ်ရှီ နှာခေါင်းရှုံ့လိုက်သည်။

[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

မိုမိုစွံ့အသွားသည်။

သူမ၏ နှုတ်ခမ်းသားများအနည်းငယ်ဟသွားပြီး ဘာသံမှ ထွက်မလာဘဲ အတန်ငယ်ကြာသော် ပြန်ပိတ်သွား၏။

အပိုင်း (၁၆၃) မိစ္ဆာသားရဲ

“နင်၀င်မပါနဲ့”

စုရှောင်ရှန် မုကျစ်ရှီ၏ ပါးနှစ်ဖက်ကို ‌စကားမပြောနိုင်အောင် ညှစ်ထားလိုက်သည်။ မုကျစ်ရှီကိုက်ချက်က တကယ် အရင်ဘ၀က ခွေးထက်ဆိုးသည်။ သူသာ စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကို ပစ်လိုက်မယ်ဆိုရင် တုန့်ဆိုင်းခြင်းမရှိ မုကျစ်ရှီ လိုက်ဖမ်းလောက်၏။

ပြီးနောက် တံဆိပ်ပြား သူ့ကို ပြန်လာပေးမလားဆိုတာတော့ မပြောနိုင်ပေ။

စုရှောင်ရှန်ကို စူးစူးရှရှစိုက်ကြည့်ပြီး မုကျစ်ရှီ ငြိမ်ကျသွားသည်။

သူမလည်း မတုံးအ‌လေရာ စုရှောင်ရှန်၏ စကားမှ ထူးခြားချက်များကို နားလည်သည်။ ထိုမှ မိုမိုနှင့် တိုက်ပွဲကို ပြန်ချိတ်ဆက်ကြည့်ရာ ဖြစ်ပျက်သွားသည်များကို ပြန်အမှတ်ရ‌လာလေသည်။

စုရှောင်ရှန်အခုပြောနေသည့် မိုမိုရဲ့ လျှို့ဝှက်ချက်က သူမ သတိမေ့သွားရသည်နှင့် တစ်ခုခု ပတ်သက်နေလောက်သည်။

သူတို့နှစ်ဦး ငြင်းခုန်နေကြတာရပ်ပြီး မိုမို့ကိုပြိုင်တူကြည့်လိုက်ကြသည်။ သို့ဖြင့် စုရှောင်ရှန်တို့နှစ်ဦးရဲ့ အကြည့်များကို မခံနိုင်တော့သဖြင့် မုကျစ်ရှီ လက်မြှောက်အရှုံးပေးလိုက်ရ၏။

ထို့နောက် ပြောရမည်များကို အစီအစဉ်ပြုလိုက်ပြီးနောက် “အဲ့ဒီအရာက ငါ့ညာလက်ထဲမှာ အမြဲရှိနေခဲ့တာ သူဘယ်သူမှတောင် မရိပ်မိတာ နင်က သိနေတယ်”

သူမ၏ ညာလက်ကို မိုမို ကိုင်လိုက်ရာ ထိုအရာက အထဲ၌ ရှိနေသေးကြောင်းကို ခံစားလိုက်ရ၏။ ကံကောင်းစွာဖြင့် ထိုအရာက အိပ်မောကျနေပုံရသည်။

သို့သော် မိုမို ထိုအရာရဲ့ အကြောင်းကို များများစားစားမပြောရဲ‌ပါချေ။

စုရှောင်ရှန်လည်း ထပ်‌ပြီး ဒီအတိုင်းမေးနေရင် ဖိအားပေးသလိုဖြစ်နေမှာကြောင့်ရပ်လိုက်သည်။ လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်စေဖို့ဆိုတာ လျောက်ပတ်တဲ့ လမ်းညွှန်မှုမျိုးလိုတယ်မဟုတ်ပါလား။

“အဲ့အရာဟုတ်လာ” လိမ္မာပါးနပ်စွာဖြင့် မိုမို့စကားကို စုရှောင်ရှန် ပြန်ပြောလိုက်သည်။

“ဟုတ်တယ်” မိုမို ဆက်လက်၍ ပြောပြမည့်ဟန်ရသည်။ သူမ၏ မျက်၀န်းများက အတိတ်ကိုပြန်မြင်ယောင်သကဲ့သို့ ငူငူကြီးဖြစ်သွားပြီး “ဒီနေ့ထိ အဲ့အရာရဲ့ သရုပ်မှန်က ဘာလဲဆိုတာ မသိရသေးဘူး။ ဒါပေမယ့် ငါ့ပင်ကိုယ်ဓာတ်စွမ်းအင်က အဲ့အရာကြောင့် နိုးထလာတယ်ဆိုတာတော့သိတယ်”

ထိုစကားကြောင့် စုရှောင်ရှန် မှင်တက်သွားသည်။

တစ်စုံတစ်ခုက ပင်ကိုယ်ဓာတ်စွမ်းအင်ကို ဒီလို တိကျတဲ့ လမ်းကြောင်းအတိုင်း နိုးထစေနိုင်တယ်လား။ အဲ့လိုလုပ်ဖို့ ဘယ်လောက်တောင် စွမ်းအားကြီးဖို့ လိုအပ်လိုက်မလဲ။

အကြီးအကဲစန်းလို လူတောင် စတင်ခြင်းနယ်ပယ်တုန်းက သူ့ကို ပင်ကိုယ်မီးဓာတ်စွမ်းအင် ရရှိစေနိုင်ဖို့ အခွင့်အရေးပေးရုံလောက်သာတတ်နိုင်ခဲ့သည်။ ဒါတောင် စစ်မှန်ခြင်းနယ်ပယ်ရောက်မှ မီးဓာတ်စွမ်းအင်က လုံးလုံးလျားလျား နိုးထလာခဲ့၏။

“ချိတ်ပိတ်ခြင်းဓာတ်စွမ်းအင်ရှိတဲ့ လူတွေက သမိုင်းမှာတောင် လူသိနည်းကြတာ။ နင် မဟာဧကရာဇ်ဖုန်းထျန်နဲ့ ဘာပတ်သက်လဲ” မိုမို့ကို စုရှောင်ရှန် ထပ်၍ တွန်းအားမပေးနိုင်ခင်မှာ မုကျစ်ရှီ ကြားဖြတ်ပြောလိုက်သည်။

“မဟာဧကရာဇ် ဖုန်းထျန်ဟုတ်လား။ ငါမသိဘူး” မိုမို့မျက်၀န်းများက နားမလည်နိုင်မှုတို့ဖြင့် ပြည့်နေ၏။

“နင်လိမ်နေတာပဲ” မုကျစ်ရှီ ဆိုသည်။

‘ဒီကောင်မလေး ဘာတွေ ပြောနေတာလဲဟ။ စစ်ဆေးမေးမြန်းပါတယ်ဆို ဘယ်သူက ဒီလိုကြီး ခက်ခက်ထန်ထန် ဆိုလို့တုန်း။ ပြီးတော့ ဘယ်သူက ဒီလို မေးခွန်းမျိုးမေးမှာလဲ။ အေးဆေးလုပ်စမ်းပါဟ’ စုရှောင်ရှန် သူ့ဘေးနားက မာန်မဲနေသော မုကျစ်ရှီကို မျက်တောင်ပုတ်ခတ်ပြလိုက်သည်။

“စုရှောင်ရှန် နင်ငါ့ကို ဘယ်လိုကြည့်နေတာလဲ” မုကျစ်ရှီက စုရှောင်ရှန်ကို ပြန်၍ ဘုကြည့်ကြည့်လိုက်သည်။

စုရှောင်ရှန်စွံ့အသွား၏။

‘အချက်ပြနေတာလေ။ ညီမလေး။ အချက်ပြနေတယ်ဆိုတာ နားမလည်ဘူးလား။ လခွမ်း’

ထို့နောက် စစ်ဆေးမေးမြန်းသည့်အပိုင်းကို သူတာ၀န်ယူမည်ဖြစ်ကြောင်းကို မုကျစ်ရှီအား ပါးစပ်တွင် ဇစ်ပိတ်သလို ဟန်ပြလိုက်၏။

ထို့နောက် မိုမို့ဘက်ပြန်လှည့်ကာ ညှင်ညှင်သာသာ ဆိုလိုက်သည်။ “သူ့ကို ဂရုမစိုက်နဲ့။ ဘယ်လိုပြောမလဲ အဲ့ဒီအရာက သူ့သရုပ်မှန်ကို နင့်ကိုပြောပြခဲ့ရင်တောင် မျက်စိစုံမှိတ်ပြီး ယုံလို့မရဘူးမလား”

“နင်လည်း အဲ့အရာက အမှန်တကယ် ဘာကြီးလဲဆိုတာ သိချင်နေလောက်မယ်။ ပြီးတော့ အဲ့အရာက အချိန်ပြည့်နင့်ကို စောင့်ကြည့်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့အချိန်တွေမှာ နင် အဲ့အရာရဲ့ အကြောင်းကို ရှာဖွေမကြည့်ဖူးဘူးလား”

မိုမိုတုန့်ဆိုင်းသွားပြီးနောက် ခေါင်းကို အသာအာယာ ညိတ်ပြလိုက်သည်။ “ရှာဖူးတယ်”

“ဆိုပါဦး…” စုရှောင်ရှန် ကိုယ်ကိုယ်ကိုင်းညွှတ်ကာ နားပင့်လိုက်သည်။

အရင်ဘ၀က ထိုဆေးရုံမှ အဖြူ၀တ် နတ်ဆိုးတွေလည်း သူ့ကို ထိုသို့ မေးမြန်းဖူးတာ သတိရသွားသည်။

စုရှောင်ရှန်၏ အင်္ကျီ ကော်လံစကို မုကျစ်ရှီ ပြန်ဆွဲကာ မကျေမနပ်မေးလိုက်သည်။ “နင်မေးတာ အဲ့လောက် အနီးနားထိကပ်သွားစရာမလိုဘူးမလား”

စုရှောင်ရှန် ဘာပြောရမှန်းမသိဖြစ်သွား၏။

‘အိုးးး ငါ့ချစ်စရာညီမလေး ပါးစပ်ကို တစ်စက္ကန့်လောက်တောင် ပိတ်ထားပေးလို့မရဘူးလား။ အဲ့လောက်တောင် စကားများချင်နေတာလား…’ စိတ်ထဲမှ ပြောလိုက်သည်။

စုရှောင်ရှန်နှင့် မိုမို့ကြားမှ အပြန်အလှန်ပြောဆို ဆက်ဆံပုံကိုကြည့်ပြီး မိုမို ပြုံးမိသွားသည်။ “ငါစာအုပ်တွေ လှန်လှောရှာဖွေကြည့်ရသလောက်တဲ့ အဲ့တာက ‘မိစ္ဆာ သားရဲ’ တစ်မျိုးဖြစ်မယ်ထင်တယ်”

မိစ္ဆာ သားရဲ ဟုတ်လား။

ဆရာတူမောင်နှမနှစ်ဦး မှင်တက်သွားကြသည်။ ထိုအသုံးအနှုန်းကို ယခင်က သူတို့ တစ်ခါမှ မကြားဖူးပါချေ။

“မိစ္ဆာသားရဲကဘာကြီးတုန်း” သိချင်စိတ် ပြင်းပြနေသော မုကျစ်က မေးလိုက်သည်။

ဒီတစ်ခါတော့ သူလည်း ထိုသို့ မေးခွန်းမျိုးမေးရန်ပြင်ထားရာ စုရှောင်ရှန် မုကျစ်ရှီကို မတားလိုက်ပါပေ။

သူမညာလက်ထဲမှ အရာ အိပ်မောကျနေတာကို ထပ်၍ သေချာအောင်ဆန်းစစ်ကြည့်ပြီးနောက် လေသံလေးလေးပင်းပင်းဖြင့် ဆိုသည်။ “နင်တို့ ထျန်းရွှမ်တံခါးက တခြား ဗလာနယ်ပယ်ထဲမှာ ရှိတဲ့ ကမ္ဘာငယ်လေးဆိုတာသိတယ်မလား”

သူတို့နှစ်ဦးလုံး ခေါင်းညိတ်လိုက်ကြသည်။

“ထျန်းရွှန်တံခါးက အတွင်းစည်းဂိုဏ်းသားတွေ လေ့ကျင့်ဖို့အတွက် ထျန်းစန်းနန်းတော်ရဲ့ အကြီးပိုင်‌တွေ စုပေါင်းပြီး ဖန်တီးထားကြတာပဲ” မိုမိုက စကားစလိုက်သည်။

“ဒါပေမယ့် စိတ်ဝိညာဉ်နန်းတော်အပြင်ဘက်က ကုန်းမြေတစ်လျှောက်လုံးမှာ ဒီလို ကမ္ဘာငယ်လေးတွေက မရှားဘူး”

မိုမို ခဏရပ်တန့်လိုက်ကာ ဆက်လက်၍ “ဒီလို ကမ္ဘာငယ်လေး အများစုက သဘာ၀အတိုင်း ဖြစ်တည်လာကြတာပေါ့”

စုရှောင်ရှန် မျက်ခုံးများပင့်လိုက်သည်။ ထိုကမ္ဘာငယ်လေးများအကြောင်းကို သူသိပါသည်။ သို့သော် မီးခိုးမြူပုံရိပ်နှင့် ဒါနှင့် ဘာများ သက်ဆိုင်နေလို့လဲ။

ထို့နောက် မိုမိုက ဆက်ပြီးတော့ “ဒီလို လူလုပ် ကမ္ဘာငယ်လေးတွေကတော့ ကုန်းမြေတစ်လျှောက်လုံးတောင်တွေ့ရခဲတယ်။ ဒီလိုနေရာတွေကို လျှို့ဝှက် ရတနာနယ်မြေတွေအဖြစ် သတ်မှတ်ထားကြတာပေါ့”

“ဒီလို ကမ္ဘာငယ်လေးတွေက ရတနာတွေသာ ဖန်တီးနိုင်စွမ်းရှိတာမဟုတ်ဘူး လူလိုအရာတွေလည်း ဖန်းတီးနိုင်ကြတယ်။ အဆင့်နိမ့်ကမ္ဘာငယ်လေးက သက်ရှိ တွေကတော့ ဘာမှ မဟုတ်ဘဲ ဉာဏ်ရည်နိမ့်တဲ့အကောင်တွေပေါ့။ အဆင့်မြင့်တဲ့ ကမ္ဘာငယ်လေးတွေကြ လူသားတွေလို အသိဉာဏ်ရှိတဲ့ သက်ရှိတွေပါ ရှိတယ်”

“အဲ့တာက မိစ္ဆာသားရဲလား” စုရှောင်ရှန် မေးလိုက်သည်။

မိုမို ခေါင်းညိတ်ပြကာ “ဟုတ်တယ်။ မိစ္ဆာသားရဲတွေက တွေ့ရ တအားခဲတယ်။ တစ်ခါတစ်လေဆို ကမ္ဘာငယ်လေးတစ်ခုတည်းကတောင် မိစ္ဆားသားရဲတစ်ကောင်ကို မဖန်တီးပေးနိုင်ဘူး။ ဒါပေမယ့် ဖန်တီးပေးလိုက်ပြီဆိုရင်လည်း…” မိုမို ခါးသက်သက်ပြုံးလိုက်သည်။

သူမ၏ ဆိုလိုရင်းကို စုရှောင်ရှန် နားလည်သလိုလို ရှိလာသည်။

မိစ္ဆာသားရဲတွေက တွေ့သည့်အရာကို ဖျက်ဆီးရုံဖြင့် မကျေနပ်နိုင်ဘဲ အပြင်ဘက်ကမ္ဘာကြီးသို့ပါ ထွက်လာတတ်ကြသည်။

ဒါပေမယ့် သူတို့ ထိုကဲ့သို့ ကမ္ဘာငယ်လေးထဲက အစကနည်းက ဘာလို့ ထွက်နိုင်ကြတာလဲ။ ကမ္ဘာငယ်လေး၏ အစောင့်အရှောက်တွေက မရိပ်မိကြဘူးလား။

ထိုမေးခွန်းများအားလုံး အဖြေများလိုအပ်သည်။

ထိုသို့ ထွက်‌ပြေးရခြင်း အကြောင်းအရင်းက အစောင့်အရှောက်များက မြင်သမျှ ဖျက်ဆီးချင်နေသည့် မိစ္ဆာသားရဲများကို ဘာမှ မဟုတ်သလို သတ်ဖြတ်ကြသောကြောင့်ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေမှာတောင် အစောင့်အရှောက်များ၏ မျက်စိအောက်ကနေ လွတ်လာပြီး အပြင်ဘက်ကမ္ဘာကြီးကိုလာဖို့ဆိုတာ ဘယ်လွယ်ကူလိမ့်မလဲ။ ထိုသို့ပြုလုပ်ရန် အလွန်အသိဉာဏ်ပညာကြွယ်၀ပြီး တိုက်ခိုက်စွမ်းရည်လည်း အတော်ကောင်းဖို့လိုမှာ သေချာ၏။

စုရှောင်ရှန် အချိန်တိုအတွင်း မိုမိုပြောသည့်အကြောင်းအရာများကို ‌ချေဖျက်လိုက်ပြီးနောက်မှာ သူမ၏ ပုံပြင်အတွင်းမှ ဟာကွက်များကို တွေ့လိုက်ရသည်။

“နင်ပြောသလိုဆို ဒီမိစ္ဆာသားရဲရဲ့ အာရုံကိုဖမ်းစားလိုက်တုန်းက နင်က စစ်မှန်ခြင်းနယ်ပယ်ကိုတောင်မရောက်လောက်သေးဘူး မဟုတ်လား။ ဒါနဲ့ ဘယ်လိုဖြစ်လို့ အဲ့လို ကမ္ဘာငယ်လေးတစ်ခုထဲ နင်၀င်သွားနိုင်တာလဲ”

စုရှောင်ရှန်လို သိချင်စိတ်ပြင်းပြစွာ မုကျစ်ရှီလည်း မိုမို့ကို ကြည့်လိုက်သည်။

မိုမိုက ခါးသီးစွာပြုံး၍ ပြန်မေးလိုက်သည်။ “ဒီလိုကမ္ဘာငယ်လေးကပဲ မိစ္ဆာသားရဲတွေကို ဖန်တီးနိုင်တယ်ထင်နေတာလား”

စုရှောင်ရှန် အလင်းပေါက်သွားသည်။

‘ဟုတ်သားပဲ။ ဒီလို မိစ္ဆာသားရဲတွေကို ကမ္ဘာငယ်လေးထဲမှပဲ တွေ့ကြတာများတယ်ဆိုပေမယ့် ငါတို့ကမ္ဘာကြီးကို လွတ်လာတဲ့ ကောင်တွေလည်းရှိကြတာပဲ’

ထိုသို့လွတ်လာပြီးနောက်တောင် စိတ်ဝိညာဉ်ကျင့်ကြံသူများ၏ လိုက်လံ သုတ်သင်ခြင်းကို မခံရသေးတာက ဘယ်လောက်တောင် ကြောက်မက်ဖွယ်ရာကောင်းလိုက်မလဲ။ ထိုအတွေးဖြင့် စုရှောင်ရှန် ကြက်သီးတဖျင်းဖျင်းထသွား၏။

ထျန်းရွှမ်တံခါးလိုနေရာမျိုးမှာ မီးခိုးမြူပုံရိပ်နှင့် တွေ့ရတာက တကယ် တိုက်ဆိုင်ပေလို့ဖြစ်ရမည်။ ကံကောင်းတာက ကမ္ဘာငယ်လေးရဲ့ နိယာမကြောင့် အရှင်သခင်နယ်ပယ် အထက်ကို တက်နိုင်ခြင်းမရှိပါချေ။

ထိုအရာနှင့် ထျန်းရွှမ်တံခါးအပြင်ဘက်မှာတွေ့ရမယ်ဆိုရင်တော့ သူ၏ မဖြစ်စလောက်ခွန်အားလေးနှင့် သွားတိုက်ခိုက်ရဲလိမ့်မည်မဟုတ်ပေ။ ထိုသို့သော အရာက သေကြောင်းကြံခြင်းသာ။

စုရှောင်ရှန် ထို့နောက် သူ၏ “ရန်သူများအား ရင်ဆိုင်ခြင်း နည်းဗျူဟာ” မှာ နောက်ထပ် အသစ်တစ်ခုရေးလိုက်သည်။

မီးခိုးမြူပုံရိပ် : စိတ်ကူးယဉ်နိုင်လောက်တာထက် ပိုသန်မာသော ရန်သူ။ ငကြောက်ဖြစ်ရမှာ မရှက်ဘဲ ပုန်းကွယ်နေမှသာ အသက်ရှည်မယ်။

ဟုတ်တယ် ငကြောက်တစ်ကောင်လို ပုန်းတာ။

ထိုစကားလုံးတစ်ခုတည်းက အလွန်အရေးကြီးသလို သူ့မှတ်ဉာဏ်ထဲမှာ စုရှောင်ရှန် မှတ်ထားလိုက်သည်။ ဘယ်အရာကိုမှ ၁၀၀ ရာခိုင်နှုန်းမသေချာလျှင် မလုပ်တော့ပါဟု ‌မှတ်ချက်ချလိုက်၏။

ဒီတစ်ကြိမ်တောင် ကံကောင်း၍သာ…

စုရှောင်ရှန် စိတ်ထဲမှ သက်ပြင်းရှည်ကြီးချလိုက်ပြီး မေးလိုက်သည်။ “အဲ့ဒီ မိစ္ဆာသားရဲက ဒီလောက် သန်မာနေမှတော့ ပျက်ဆီးခြင်းတွေကို မဖြစ်စေဘူးလား။ ဘာလို့ အပြင်ဘက်က အင်အားကြီးအဖွဲ့အစည်းတွေက ဒီကောင်တွေကို သောင်းကျန်းချင်သလို သောင်းကျန်းခွင့်ပေးထားကြတာလဲမသိဘူး။ စုပေါင်းလက်တွဲပြီး နှိမ်နင်းကြရမှာမဟုတ်လား”

မိုမိုလည်း သက်ပြင်းချကာ ဖြေလိုက်သည်။ “မြင့်မြတ်နတ်ဘုရားနန်းတော်က ဒီကိစ္စကို ဆောင်ရွက်နေတာကြာပြီ။ မြင်တာနဲ့ချက်ခြင်းသတ်ဆိုပြီးတောင် မှတ်ချက်ထုတ်ပေးထားသေးတယ်။ ဒါကြောင့်ပဲ အသက်ရှင်နေသေးတဲ့ မိစ္ဆာသားရဲတွေက ပိုပြီး သတိရှိလာကြတာပေါ့။ ပြီးတော့ ပုန်းခိုတဲ့နေရာမှာလည်း ဒီအရာတွေလောက် တော်တဲ့ဟာ ဘာမှ မရှိဘူးလေ”

စုရှောင်ရှန် အခြေအနေကို ဇာတ်ရည်လည်သွားတော့ကာ “ဒီတော့ နင့်ကိုလည်း ဒီလိုအရာတစ်ခုက ပစ်မှတ်ထားလိုက်တာပေါ့”

မိုမို ထင်မှတ်မထားစွာ ခေါင်းခါရမ်းလိုက်ပြီး “မဟုတ်ဘူး”

“ ငါတစ်ယောက်တည်း ဒီလိုကမ္ဘာငယ်လေးက မိစ္ဆာသားရဲရဲ့ ၀င်ပူးတာကိုခံရပြီး ပထမမျိုးဆက် မိစ္ဆာသားရဲ လက်ခံသူဖြစ်လာတာပဲ”

“…”

စုရှောင်ရှန်ဘာပြောရမှန်းပင်မသိတော့ပေ။ “ဆိုတော့ ငါတို့က နောက်ဆုံးတော့လည်း အစကို ပြန်ရောက်လာတာပဲပေါ့”

မုကျစ်ရှီတောင် မနေနိုင်ဘဲ မေးလိုက်သည်။ “ပထမမျိုးဆက်ဆိုတော့ နင်က ဒီလို ကမ္ဘာငယ်လေးထဲကို အားနည်းတုန်းကတောင် ၀င်လိုက်တာပေါ့။ ဘယ်လိုဖြစ်နိုင်မှာလဲ”

ဒီလို ကမ္ဘာငယ်လေးများက လူတိုင်း ၀င်ချင်တိုင်း၀င်၍ ရ‌သည့်နေရာမဟုတ်ပေ။ သန်မာသော လက်ရွေးစင်များသာ ၀င်နိုင်ကြ၏။

မိုမို သူမ၏ ခေါင်းကို ထပ်ခါရမ်းလိုက်ပြီး “မ၀င်ခဲ့ဘူး”

စုရှောင်ရှန်ရော မုကျစ်ရှီပါ နားမလည်နိုင်ဖြစ်သွားကြသည်။

သူမ ဒီလို ကမ္ဘာငယ်လေးထဲကို မ၀င်ဘူးလဲပြောတယ်။ ပထမမျိုးဆက်မိစ္ဆာသား လက်ခံသူလို့လည်း ပြောတယ်။ သူမ ငါတို့ကို လာနောက်နေတာလား။

“နင်တို့နှစ်ယောက်လုံး ထျန်းစန်း စီရင်စုမှာ လွန်ခဲ့တဲ့ နှစ်‌ပေါင်းများစွာဖြစ်ခဲ့တဲ့ ကမ္ဘာငယ်လေးဖြစ်ရပ်ကို မေ့သွားကြပြီလား”

မုကျစ်ရှီ ‌မိုမိုပြောတာကို ခေါင်းထဲ လှန်လှောရှာဖွေကြည့်လိုက်သည်။

စုရှောင်ရှန်လည်း အတွေးရေယဉ်ကြောထဲမှာ စီးနင်းလိုက်ပါသွား၏။ သို့သော် သူ၏ ဝေဝေဝါးဝါး မှတ်ဉာဏ်အပိုင်းအစများထဲတွင် ထိုအရာနှင့် ပတ်သက်၍ ဘာအချက်အလက်မှ ရှာမတွေ့ပါချေ။

သူတို့နှစ်ဦးကိုကြည့်ပြီး မိုမို့မှာ စွံ့အသွားရတော့သည်။

ဒီနှစ်ယောက်ဘာလဲ။ ကျောက်တုံးအောက်မှာများ နေနေကြတာလား။

ထျန်းစန်း စိတ်ဝိညာဉ်နန်းတော်ကလွဲပြီး တစ်ဘ၀လုံး ဘယ်‌မှ မသွားဖူးကြဘူးလား။ ထိုဖြစ်ရပ်က မြို့အနည်းငယ်နှင့် စီရင်စုတွေကိုတောင် ၀ရုန်းသုန်းကား ‌ဖြစ်သွားစေလောက်အောင်ကြီးတာ တကယ် မသိကြဘူးလား။

မိုမို ချက်ခြင်း မနေနိုင်တော့ဘဲ ပြောလိုက်သည်။

“လှိုဏ်ဂူဖြူ ကိစ္စလေ”

အပိုင်း (၁၆၄) ချိတ်ပိတ်ခြင်းကျောက်တုံး၊ လိုဏ်ဂူဖြူ

စုရှောင်ရှန်နှင့် မုကျစ်ရှိတို့ တစ်ဦးကိုတစ်ဦး ရှက်ကိုးရှက်ကန်း အမူအရာများဖြင့် ကြည့်လိုက်ကြသည်။

ထိုအသုံးအနှုန်းကိုလည်း သူတို့မသိကြတာ ထင်ရှားနေ၏။

စိတ်ကုန်သွားသော မိုမိုကပဲ ရှင်းပြလိုက်သည်။ “လိုဏ်ဂူဖြူဆိုတာက ထျန်းစန်းစီရင်စုတစ်နေရာမှာရှိတဲ့ အတော်အသင့်ကြီးတဲ့ ကမ္ဘာငယ်လေးတစ်ခုပဲ။ ပြီးတော့ မြို့အတော်အများများမှာ တွေ့ရတတ်တဲ့ မိစ္ဆာသားရဲတွေကလည်း အဲ့ဒီကပဲ လာကြတာများတယ်။ ဒါကြောင့် ပိုလို့တောင် လူသိများသေး”

“လွန်ခဲ့တဲ့နှစ်အနည်းငယ်က အဲ့ဒီမှာ ပေါက်ကွဲမှုအကြီးအကျယ်ဖြစ်သွားပြီး မြင့်မြတ်နတ်ဘုရားနန်းတော်တောင် အချိန်မမှီလိုက်ဘူး။ ကမ္ဘာငယ်လေးထဲက သတ္တဝါတွေ ထွက်လာကြပြီး သတ်ဖြတ်မှုတွေ စတင်လုပ်ဆောင်တော့တာပဲ”

“အခြေအနေက လုံး၀ ထိန်းချုပ်မှုလွတ်ကင်းသွားတယ်။ နောက်တော့လည်း အဲ့ဒီသတ္တဝါတွေအားလုံး အမြစ်ဖြတ်သုတ်သင်ခံလိုက်ရတယ်။ သူတို့က‌တော့ ဘာမှ ပြဿနာမရှိတော့ဘူးလို့ ကြေငြာခဲ့ပေမယ့်…”

မိုမို ခါးသီးစွာပြုံးလိုက်သည်။ သူမ၏ ဆိုလိုရင်းက ထင်ရှားပေသည်။

စုရှောင်ရှန် သူမ ပြောချင်တာလုံးလုံးနားလည်သွားပြီး မေးလိုက်သည်။ “ဆိုတော့ အဲ့ဒီအချိန်တုန်းက နင်က အနားမှာရှိနေခဲ့တာပေါ့”

“တစ်ချိန်လုံး…” မိုမို့မျက်နှာထက်တွင် အတိတ်ကို ပြန်မြင်ယောင်သကဲ့သို့ ၀မ်းနည်းနေသော အမူအရာပေါ်လာခဲ့ပြီး ဆက်၍ “ဘယ်သူမှ ရွှေဇွန်းကိုက် ချမ်းချမ်းသာသာ မွေးဖွားလာကြတာမဟုတ်ဘူးလေ။ တစ်ချို့ဆိုက…”

“ထားပါ ကံအ‌ကြောင်းတရား တိုက်ဆိုင်လို့ပဲလို့ ပြောရမှာပဲ” မိုမိုအပြုံးတစ်ခုကိုသာ ဆင်မြန်းလိုက်ပြီး ထိုအရာနှင့်ပတ်သက်၍ မပြောချင်ဟန်ရသည်။။

“တကယ်ဆို ဘယ်သူမှ ဒီလိုနေရာမျိုးမှာ မနေသင့်ကြဘူး။ ဒါပေမယ့် တစ်ချို့လူတွေအတွက်ကြတော့ မြို့ထဲမှာ နေလို့မရဘူးလေ။ အဲ့တော့ တောထဲမှာ အိမ်လေးဆောက်ပြီး လယ်ယာလုပ်စားရင်း တစ်၀မ်းဖြည့်ဖို့ကို အနိုင်နိုင် ရုန်းကန်ပြီး အသက်ရှင်ကြရတာပေါ့။ ဒီလိုဘ၀တွေက ချမ်းသာတဲ့ဘ၀တွေနဲ့ ကွာခြားကြတာပေါ့”

“အဲ့တုန်းက ငါအနားမှာရှိတာလို့တောင်မပြောသင့်ဘူး…” စုရှောင်ရှန်ကို မိုမို တည့်တည့်စိုက်ကြည့်လိုက်ပြီး ‌”… အဲ့တာ ငါအိမ်လို့ပြောရမယ်”

စုရှောင်ရှန် တိတ်ဆိတ်သွားသည်။

ထိုမှ ဘယ်ကမ္ဘာကြီးမှာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်က အသက်ရှင်ချင်တယ်‌ဆိုရင် တွေ့ကရာလုပ်ရတယ်ဆိုတာ သဘောပေါက်သွားသည်။ ထိုအရာက သာမန်လူဖြစ်ဖြစ် စိတ်ဝိညာဉ်ကျင့်ကြံသူတွေဖြစ်ဖြစ် တစ်ပေါင်းတည်း သက်ရောက်၏။

ကွာခြားချက်က ထိုအရာကို ဘယ်လို လုပ်ဆောင်သလဲဆိုတာ‌အပေါ်မှာပဲ မူတည်ကြသည်။

မုကျစ်ရှီ ထိုအရာကို ကြားရပြီးနောက် သနားသွားသည်။ သူမ မိုမို့ကို ကြည့်ပြီး တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်စဉ် မိုမိုက ဦးစွာပြောလိုက်သည်။ “ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ”

သူတို့နှစ်ဦးစလုံး မိုမိုက အတိတ်အကြောင်းမပြောချင်တော့ဘူးဆိုတာကို သိလိုက်ရသည်။

သာမန်လူတွေက ထိုကမ္ဘာငယ်သတ္တဝါတွေတိုက်ခိုက်တာခံရရင် ကလေးတောင် ရလဒ်ကို သိသည်။

စုရှောင်ရှန် ထရပ်လိုက်ပြီး အလေးအနက်ပြောသည်။ “ငါစုရှောင်ရှန်က ကတိတည်တဲ့လူပါ။ ငါဘယ်တော့မှ အလိမ်အညာတွေမပြောဘူး”

“ဘာပြောတာလဲ”

စုရှောင်ရှန် ဘာပြောချင်နေသလဲဆိုတာ ပဟေဠိဖြစ်သွားပြီး မိုမို သူ့ကို နားမလည်နိုင်စွာ မော့ကြည့်လိုက်သည်။

မုကျစ်ရှီလည်း သူပြောတာနားမလည်နိုင်စွာဖြင့် စုရှောင်ရှန်က အရူးတစ်ယောက်အလား ကြည့်လိုက်သည်။

“ငါနင့်ကို သူငယ်ချင်းအဖြစ် သတ်မှတ်တယ်” စုရှောင်ရှန် သူဆိုလိုချင်တာကို ရှင်းပြလိုက်သည်။ ထို့နောက် ခဏရပ်တန့်သွားပြီး ဆက်၍ “နင်အကူအညီလိုအပ်တာတစ်ခုခုရှိရင် ငါ့ကိုပြောလို့ရတယ်။ ဖြစ်ချင်တော့ ငါလည်း ဒီမိစ္ဆာသားရဲတွေအပေါ်မှာ စိတ်၀င်တစားရှိသွားပြီ”

သူ့မျက်၀န်းများထဲတွင် တောင့်တမှုတို့ အထင်သား။

တိတိကျကျပြောရလျှင် မိစ္ဆာသားရဲဆိုတာထက် သူက ထို မီးခိုးမြူပုံရိပ်၏ ချိတ်ပိတ်ခြင်းစွမ်းအင်ကိုပို၍ စိတ်ဝင်စားခြင်းဖြစ်သည်။

သူရင်ဆိုင်ကြုံတွေ့ဖူးရသည့် ရန်သူများအကြား ချိတ်ပိတ်ခြင်းလို့ သိရတဲ့ ပင်ကိုယ်ဓာတ်စွမ်းအင်ကသာ သူ့ရဲ့ စနစ်မှပင်ကိုယ်စွမ်းရည်များအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လေသည်။

အကြီးအကဲစန်းနှင့် မျက်နှာဖုံးတပ်လူတို့တောင် သူ့ပင်ကိုယ်စွမ်းရည်များအောက်၌ တစ်နည်းနည်းနဲ့တော့ ခံကြရသည်သာ။

ထိုအရာက စုရှောင်ရှန်ကို အတွေးပေါက်သွားစေ၏။ သူသာ ထိုချိတ်ပိတ်ခြင်း စွမ်းအင်ကို ချိုးဖျက်နိုင်ရုံမက သင်တောင် သင်ယူနိုင်လိုက်ရင် ပြိုက်ဘက်ကင်းမဖြစ်သွားပေတော့ဘူးလော။

ထိုအရာကို အနီရောင်ဘီးကြီးမှ ရကောင်းရနိုင်သည်။ ထိုဘီးကြီးက ဆုလာဒ်တွေပေးတာ တစ်ဖြည်းဖြည်း နည်းတစ်ထက်နည်းလာတယ်ဆိုပေမယ့် ရတဲ့ဟာတိုင်းကလည်း သူ့အတွက် အလွန် အသုံး၀င်ကြသည်သာ။

ဥပမာ ထာ၀ရအသက်စွမ်းအင်၊ စာဖိုမှူး၊ လျင်မြန်မှု…

ထိုအရာများကို ရရှိခြင်းကမသိလျှင် အနီရောက်ဘီးကြီးကပဲ သူလိုအပ်တာများကို အချိန်ကိုက်ပေးနေသယောင်ယောင်။

ထို့နောက် နတ်နဂါးကြီးကို ထိုအနီရောင်ဖန်သားပြင် သတ်လိုက်ခြင်းကိုကြည့်၍လည်း စနစ်က အသိဉာဏ် ရှိတယ်‌လို့ ကောက်ချက်ချနိုင်သည်။

စနစ်က သူ့ကို တိုက်ရိုက်မထောက်ပံ့ပေးသော်လည်း သူလိုအပ်တာများကိုတော့ သိ၏။

‘ငါ့ကို ချိတ်ပိတ်ခြင်းစွမ်းအင်က လာပြီး အန္တရာယ်ကျစေမှတော့ နောက်တစ်ခါ ကံစမ်းမဲလှည့်ရင် ချိတ်ပိတ်ခြင်းထိပ်သီး ရမလားမသိဘူး’ စုရှောင်ရှန်‌‌ တွေးလိုက်သည်။

“အိုးဟိုးဟိုးဟိုး…”

စုရှောင်ရှန် စပ်ဖြီးဖြီးမျက်နှာကြီးဖြင့် ရယ်လိုက်သည်။ သို့မှ သူ့ဘေးနားမှာ လူတွေရှိသေးတာ သတိရပြီး ပါးစပ်ကို အမြန်ဖုံးလိုက်၏။

မိုမိုတို့ သူ့ကို အံ့အားသင့်နေကြသော အမူအရာများဖြင့် ကြည့်နေကြသည်။

စုရှောင်ရှန် ချက်ခြင်း စကားလမ်းကြောင်းလွှဲကာ မိုမို့ကို ရိုးသားမှုများပြည့်နေသော မျက်လုံးများဖြင့်ကြည့်လိုက်သည်။ “ငါ့ကိုယုံကြည်လို့ရပါတယ်။ နင်တစ်ခုခုလိုအပ်လာတာရှိရင် ပြောလို့ရတယ်။ လူချင်းဆက်သွယ်လို့ရတယ်…”

မိုမိုနှင့် အဆက်အသွယ်များများရှိခြင်းက ထို မီးခိုးမြူပုံရိပ်နှင့်လည်း ခဏခဏ တွေ့နိုင်ချေများတာကို တွေးမိပြီး စုရှောင်ရှန် တုံ့ခနဲရပ်သွားသည်။

‘ငါသေချင်နေတာလားဟ’ သူတွေးလိုက်သည်။

“လူချင်းတော့ မဆက်သွယ်တော့ဘူးလေ။ စာပို့ခိုဖြစ်ဖြစ် ဘာဖြစ်ဖြစ် လွှတ်လိုက်ပေါ့” ထိုအရာက အကြံကောင်းဟု တွေးမိပြီး စုရှောင်ရှန် အလေးအနက် ခေါင်းညိတ်လိုက်သည်။

သူ့နောက်က မုကျစ်ရှီ ကဲ့ရဲ့သလို ရယ်သံ သဲ့သဲ့လေး ပေးလိုက်ပြီး “စုရှောင်ရှန် နင်ပဲ ဒီကမ္ဘာကြီးမှာ ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ မယုံရဘူးလို့ မပြောဘူးလား”

စုရှောင်ရှန် စွံ့အသွား၏။

‘နင်အဲ့လောက်တောင် အကျင့်ပုတ်ရသလား။ စကားအဖြစ် ပြောတာကို ဘာလို့ အဲ့ဒီ အရည်မရ အဖက်မရ စကားတွေကို အတည်မှတ်နေတာလဲ’

“အဲ့ဒါ နင့်ဆရာ သင်ပေးထားတဲ့စကား။ ငါက ဒီတိုင်းပြန်ပြောပြရုံပဲ။ သဘောတူတယ်လို့ မဆိုလိုဘူး” စုရှောင်ရှန် ပြောသည်။

ထို့နောက် သူ့အင်္ကျီလက်စကိုခေါက်တင်ပြီး ဆက်ပြောသည်။ “ဒီကမ္ဘာကြီးမှာ အရေးပါဆုံးက သူငယ်ချင်းပဲ။ ‘သူငယ်ချင်းဆိုတာ မရှိရင် ကမ္ဘာကြီးဆိုတာလည်း ရှိမှာမဟုတ်ဘူးဆိုပြီး’ ဆိုရိုးစကားရှိတယ်မလား”

မုကျစ်ရှီမှာ စွံ့အသွားရတော့၏။ ‘ကောင်းပြီ နင်နိုင်တယ်။ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် နင်သိပါတယ်။ နင်ပဲ ဆရာကြီးဟုတ်တယ်။ မငြင်းပါဘူး’

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် တစ်ခုခုကို သတိရသွားပြီး “စကားမစပ် အဲ့အရာက ဘယ်အချိန်ပြန်နိုးထလာမှာလဲ”

“မသိဘူး။ ဒါပေမယ့် သိပ်တော့မကြာလောက်ဘူး။ အနည်းဆုံး (၃) ရက်ကနေ (၅)ရက်နဲ့ အများဆုံး တစ်ပါတ်လောက်ပဲ” မိုမိုပြောသည်။

အကြာဆုံးတောင် တစ်ပါတ်တည်းလား။

စုရှောင်ရှန်တော့ မောင်ပြဿနာရေ လာပါ လာပါ လက်လှန်း‌ခေါ်မိသလိုဖြစ်နေပေပြီ။ သူဒီလောက်ထိုးကြိတ်ထားတာ ဘာလို့ ပြန်လည်နိုးဖို့ သုံးနှစ်၊ ငါးနှစ်လောက် မလိုအပ်ရတာလဲ။

မိုမိုလည်း ခါသီးသီး အမူအရာဖြင့် ဆက်လိုက်သည်။ “ဒီအရာက ပြန်လည်ကောင်းမွန်တာမြန်တယ်။ တိုက်ခိုက်စွမ်းရည်မရှိဘူးဆိုရင်တောင် အသိပြန်ရရှိတာကတော့ ထင်ထားတာထက်မြန်မယ်။ ငါတို့ပြောနေရင်းတောင် နိုးလာပြီလားမသိနိုင်ဘူး”

စုရှောင်ရှန် ကြက်သီးတဖျင်းဖျင်းထသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

‘ဒါဘယ်လို မကောင်းဆိုးဝါးလဲဟ။ ဒီလောက် ကြမ်းတဲ့အရာ ဒီကမ္ဘာမှာ ရှိသေးတာလား’ သူတွေးလိုက်၏။

“ငါ့ကို မခြောက်ပါနဲ့” စုရှောင်ရှန်ပြောသည်။

“ငါတကယ်ပြောနေတာ” ထိုအရာနှင့် အကျွမ်းတ၀င်ရှိနေသည့်အလား မိုမို ရယ်လိုက်သည်။

စုရှောင်ရှန် ကြောက်ရွံ့နေတာက တကယ် ရှားပါးသောမြင်ကွင်းဖြစ်၏။

မီးခိုးမြူပုံရိပ်သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်သွားတုန်းက မိုမို အသိလေးတော့ ကျန်သေးသည်။ သို့သော် ဘေးတစ်ဖက်မှသာ စုရှောင်ရှန်နှင့် မီးခိုးမြူပုံရိပ်တို့ အသေအကျေ တိုက်ခိုက်နေတာကို ကြည့်နေရ၏။

ဒါတောင် သူမမြင်ရတာက မှုန်ဝါးပြီးတော့ ပြတ်တောက် ပြတ်တောက်က ဖြစ်သွားသေးသည်။

စုရှောင်ရှန် ရန်သူကို ထောင်ချောက်ထဲကို တစ်စ တစ်စ မျှားခေါ်သွားပြီးမှ အကွက်ကြီးဖြင့် သတ်ပစ်လိုက်တာကိုတော့ သိရသည်။ သူမအတွက်တော့ ထိုရွှေဘီလူကြီးမှာ အံ့မခန်းအရာသာ။

တိုက်ပွဲများပြီးနောက် ထိုကဲ့သို့သော စုရှောင်ရှန်က ကြောက်ရွံ့နေပါလိမ့်မည်ဟု မထင်ထားပါချေ။

“ဒါကို ဖြေရှင်းဖို့ နည်းလမ်းမရှိတော့ဘူးလား။ ငါပြောချင်တာက အဲ့တာ နိုးလာတာကို တားဆီးဖို့ တစ်စုံတစ်ခုလေ” စုရှောင်ရှန်ကို ကြည့်ရတာ အတော်လေး ဓာတ်ကျနေပုံရသည်။

“ရှိတယ်”

တကယ်က ဒီမေးခွန်းနဲ့ ပတ်သက်ပြီး အသုံး၀င်တာတစ်ခုခု ပြန်ရလိမ့်မည်ဟု စုရှောင်ရှန် မ‌ထင်ပါချေ။ သို့ဖြင့် သူမ၏ ခိုင်မာသောစကားကို ကြားရပြီးနောက်မှာ အံ့အားသင့်သွားရသည်။ သို့ဖြင့် “ဒါဆို ဘယ်လိုလုပ်ရမလဲ”

မိုမို လက်သီးအရွယ်အစားရှိ အဖြူရောင်ကျောက်တုံးကို သိုလှောင်လွက်စွပ်ထဲမှ ထုတ်ယူလိုက်သည်။ ထိုအရာက ဘာစိတ်ဝိညာဉ်အရှိန်အဝါမှ ရှိမနေဘဲ သာမန်ကျောက်တုံးအလားပင်။

“ဒါကို ‘ချိတ်ပိတ်ခြင်းကျောက်တုံးလို့ခေါ်တယ်။ အဲ့ဒီအရာက ငါ့ကို ဒီလာတော့ ပစ္စည်းနှစ်ခုရှာခိုင်းတယ်။ တစ်ခုက ဒီကျောက်တုံးနဲ့ ကျန်တစ်ခုက နင့်စီမှာရှိတဲ့ စိတ်ဝိညာဉ်အသက်တံဆိပ်ပြားပဲ” မိုမိုပြောသည်။

စုရှောင်ရှန် မှင်တက်သွား၏။ သူကျောက်တုံးကို စူးစူးရှရှ ကြည့်လိုက်သည်။ သို့သော် ထူးဆန်းသည်ဟူ၍ တစ်စုံတစ်ရာမှ မတွေ့ရပါချေ။

စိတ်ဝိညာဉ်အနှစ်ထည့်ကြည့်လိုက်မှ ရင်းရင်းနှီးနှီး ချိတ်ပိတ်ခြင်း အရှိန်အဝါပေါ်လာ‌တာကို ခံစားလိုက်ရသည်။

စုရှောင်ရှန် စိတ်ဖြင့် ခိုင်းစေလိုက်တဲ့အခါ ထို မီးခိုးမြူအရှိန်အဝါများက မုကျစ်ရှီကို သွားရောက် ရစ်ပတ်ပြီး သူမကို မြေပြင်ပေါ် ဒူးထောက်ပြန်ကျသွားစေ၏။

“စုရှောင်ရှန် နင်ဘာလုပ်နေတာလဲ”

ရုတ်တရက် ထိုတိုက်ခိုက်မှုကြောင့် မုကျစ်ရှီ ဒေါသထွက်သွားကာ မိုမို့ထံ လက်သီးတစ်ချက်အလိုလို ပစ်လွှတ်မိလိုက်သည်။

စုရှောင်ရှန် အလျင်အမြန်တုန့်ပြန်လိုက်ပြီး သူမ၏ လက်သီးဆုပ်ကလေးကို ဖမ်းလိုက်သည်။ ထို့နောက် အသာအယာတွန်းလိုက်ရာ မုကျစ်ရှီ ဖင်ထိုင်ပြန်ကျသွား၏။ ထိုအချင်းအရာက ကောင်မလေးအတွက် ဒေါသူပုန်ထသွားစေရန်လုံလောက်၏။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“ဟီးဟီး။ ဒီတိုင်းစမ်းကြည့်တာပါ။ ဒေါသထွက်စရာမလိုပါဘူး”

မုကျစ်ရှီ သူ့ကို ဘုကြည့်ကြည့်လိုက်သည်။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် သူမကို အရေးမပေးတော့ဘဲ ချိတ်ပိတ်ခြင်းကျောက်တုံးကို မီးတောက်နေသော မျက်၀န်းများဖြင့် ကြည့်လိုက်၏။

ဒါက ရတနာတစ်ခုဖြစ်သည်။

‌စောနကပဲ ပြိုင်ဘက်ကင်းလောက်ပြီဆိုပြီး ချိတ်ပိတ်ခြင်းစွမ်းအင်ကို လိုချင်နေတာ ခုတော့ ထိုသို့ရတနာတစ်ပါးက သူ့အိမ်ရှေ့ကို အလိုလိုရောက်လာတယ်တဲ့။

စုရှောင်ရှန် နောက်လှည့်ပြီး လက်နှစ်ဖက်ကို ပူးကပ်ကာ ဆိုလိုက်သည်။

“ကျေးဇူးပါ”

“…”

မိုမို သူ့ကို မယုံနိုင်စွာကြည့်ပြီး ဘာပြောရမှန်းမသိ ဖြစ်သွားတော့၏။

အပိုင်း (၁၆၅) လက်ကောက်

“ဟီးဟီး စတာ”

မိန်းကလေးနှစ်ယောက် ဒေါသထွက်လာတာကိုမြင်လျှင် စုရှောင်ရှန် ကြောက်‌သွား‌တော့သည်။

ထို့နောက် အဖြူရောင်ကျောက်တုံးကို လေထဲပစ်ပြီး ပြန်ဖမ်းလိုက်သည်။ ဒီဘာမှ မထူးခြားတဲ့ကျောက်တုံးက ထိုရေတံခွန်မှာ ဓားအိမ်နဲ့ နှိုင်းယှဉ်နိုင်တဲ့ ရတနာဖြစ်မည်ဟု မထင်ထားပါချေ။

သူ့လက်ထဲက စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကို ထည့်တွက်လိုက်လျှင် သူတွေ့ဖူးတာ ရတနာ (၃) ခုရှိပြီဖြစ်၏။

ထျန်းရွှမ်တံခါးတစ်ခုလုံးမှာ ဤသို့ ရတနာ (၁၂) ခုရှိလောက်မယ်ဟု သူတွေးလိုက်သည်။ ထိုထဲမှ လေပုံတစ်ပုံက သူ့လက်ထဲမှာရှိ၏။ ထျန်းရွှမ်တံခါးပိတ်ဖို့လည်း တစ်ရက်တောင်ကျန်သေးရာ နောက်ထပ် ရတနာတစ်ခုကို ယူနိုင်လောက်မယ်လို့ တွက်လိုက်လေသည်။

“ဆိုတော့ ဒါနဲ့ ဘယ်လိုလုပ်ရမှာ။ ဒီ‌ကျောက်တုံးက ချိတ်ပိတ်ခြင်း စွမ်းရည်ရှိတယ်ဆိုပေမယ့် အဲ့ဒီ မီးခိုးမြူပုံရိပ်လို ချိတ်ပိတ်ခြင်း ဆရာတစ်ဆူကို ချိတ်ပိတ်နိုင်ပါ့မလား”

“မပိတ်နိုင်ဘူး။ အလွန်ဆုံး နိုးထလာတာကို နှောင့်နှေးအောင်ပဲရမယ်။ ဒါ့အပြင် ဒါကို သုံးဖို့ဆို အရင်ဆုံး အရည်ကျိုပြီး ပုံသွင်းရဦးမယ်”

မိုမို သက်ပြင်းချလိုက်သည်။ ထျန်းရွှမ်တံခါးထဲမှာ အရည်ကျိုဖို့အိုးကို ဘယ်ကနေ သွားရှာရမှာလဲ။

ထျန်းရွှမ်တံခါးကနေ အဲ့ဒီကျောက်တုံးနဲ့ ထွက်သွားနိုင်ရင်တောင် အကြီးအကဲတွေကို အကူအညီတောင်းဖို့ ဘယ်ဖြစ်နိုင်ပါ့မတုန်း။ ပြောရရင် သူမက ထိုကျောက်တုံးကို ခိုးယူလာခြင်းဖြစ်ပါသည်။ လူသိထင်ရှား ခိုးရာပါပစ္စည်းကို ဖော်ပြလို့တော့မရဘူးမလား။

သို့ဖြင့် ချိတ်ပိတ်ခြင်းကျောက်တုံးကို အသုံးပြုပြီး မီးခိုးမြူပုံရိပ်ကို ချိတ်ပိတ်ထားဖို့က မဖြစ်နိုင်တော့ပေ။

စုရှောင်ရှန်ကို ဒီတိုင်း ပေးဖို့ ရွေးချယ်လိုက်ရတာကလဲ ထိုအရာ အိပ်မောကျနေတုန်းမို့ ပေးရဲခြင်းဖြစ်သည်။ ထိုအရာသာ သူမလက်ထဲဆက်ရှိနေပါက တကယ် ကပ်ပျက်ကြီးတစ်ဖြစ်လာပေမည်။

“အရည်ကျိုတယ်” ငရဲမီး‌တောက်ကောင်းကင်မီးလျှံကို စဉ်းစားမိပြီးနောက် စုရှောင်ရှန် စိတ်၀င်စားသွားပြီး “ဘယ်လိုလုပ်ပေးရမှာလဲ”

မိုမိုခေါင်းကိုခါရမ်းလိုက်ကာ “ဒီမှာ လုပ်လို့ရတဲ့အရာမဟုတ်ဘူး။ ဒီလိုလုပ်ဖို့ အထူးနည်းလမ်းလိုရုံမကဘူး အရမ်းအပူချိန်မြင့်တဲ့ မီး‌လျှံတွေလဲလိုသေးတယ်…”

သို့ပြောပြီး မီးခိုးမြူပုံရိပ်နှင့် ချတုန်းက သစ်တောတစ်ခုလုံးကို လောင်ကျွမ်းလိုက်သော စုရှောင်ရှန်၏ မီးလျှံများကို သတိရသွားသည်။

ရှဲ…။

စုရှောင်ရှန် သူ့လက်ကိုဖြန့်ထုတ်လိုက်သော် ငရဲမီးတောက်ကောင်းကင်မီးလျှံတို့က ‌ချိတ်ပိတ်‌ခြင်းကျောက်တုံးကို စတင်လောင်ကျွမ်းကြတော့၏။

“ငါကြွားတာတော့မဟုတ်ဘူး။ ဒါပေမယ့် မီးအရာမှာ ငါ့ထက်တော်တာ လူနှစ်ယောက်ပဲရှိတယ်လို့ပြောရဲတယ်။ ကျန်တဲ့လူတွေအားလုံးက ငါက နံပါတ်(၂) ပါဆို ဘယ်သူမှ သူတို့ကိုယ်သူတို့ ပထမလို့ပြောရဲမှာမဟုတ်ဘူး”

မုကျစ်ရှီ ခေါင်းကိုကုတ်လိုက်ကာ “နှစ်ယောက်တောင်လား။ ဆရာတစ်ယောက်တည်းဖြစ်ရမှာမဟုတ်ဘူးလား”

ဘုတ်…။

စုရှောင်ရှန် သူမကို ခေါင်းထုလိုက်ပြီး စိတ်ဆိုးမာန်ဆိုးပြောလိုက်သည်။ “နင့် ဆရာဘိုဘေးကို မေ့နေတာလား။ မသိတာလား”

မုကျစ်ရှီ ဘာမှ ‌မပြောတော့ပေ။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန်၏ လက်ဖဝါးကို အချိန်အတော်ကြာအောင် ကြည့်မိပြီးနောက် မိုမို စိတ်ဝိညာဉ်အာရုံဖြင့် ဆန်းစစ်ကြည့်လိုက်သည်။ သို့သော် စိတ်ဝိညာဉ်အာရုံတောင်လောင်ကျွမ်းသွားသလို ကျစ်ကျစ်တောက် ပူလောင်မှုကြီးကို ခံစားလိုက်ရ၏။

“နင်တကယ် ချိတ်ပိတ်ခြင်းကျောက်တုံးကို အရည်ကျိုနိုင်တာပဲ” သူမ၏ မျက်၀န်းများတွင် ပျော်ရွှင်မှုတို့ဖြင့် ပြည့်သွားပြီး အသံတောင် မြင့်သွားသည်။

“ဒါပေါ့”

စုရှောင်ရှန် ဆက်လိုက်ကာ “နင်ပြောတဲ့ အထူးနည်းလမ်းဆိုတာဘာလဲ..”

စုရှောင်ရှန် သူ့ပါရမီနှင့်သူ စိတ်ခုသွားသည်။ ထိုအရာက နားလည်ရခက်ပြီး သာမန်မဟုတ်ဘူးဆိုပါက သူ့အနေနဲ့ ဘာမှလုပ်ပေးနိုင်မည်မဟုတ်ပေ။

“စိတ်မပူပါနဲ့ အဲ့တာက ငါလုပ်လို့ရတယ်” မိုမိုပြုံးကာဆိုလိုက်သည်။
“အဲ့အရာကိုပဲ အရည်ကျိုပြီး ပုံသွင်းပေး ကျန်တဲ့ ချိတ်ပိတ်တာကို ငါလုပ်လိုက်မယ်”

“အဆင်ပြေတယ်” စုရှောင်ရှန် ထိုအရာကိုကြားရတာ စိတ်ချမ်းသာသွားသည်။ ထို မီးခိုးမြူပုံရိပ်ကို စောစော မနိုးထလာ‌အောင် ချိတ်ပိတ်ထားနိုင်လေလေ သူစိတ်အေးအေးထားနိုင်လေလေဖြစ်သည်။ မဟုတ်ပါက ထျန်းရွှမ်အပြင်ဘက်သို့ ရောက်မှ သူနှင့် စာရင်းလာရှင်းလျှင် ပြဿနာတက်နေမည်။

သူတို့ထွက်သွားခဲ့ရင် အကြီးအကဲစန်းနှင့် တခြားသူများရှိနေဦးမည်ဖြစ်တာကြောင့် ထိုအရာ မလုပ်ရဲလောက်ဟုတော့ ကောက်ချက်ချလိုက်သည်။

သို့သော် ပေါ်တင်လုပ်တယ်ဆိုတာထက် ချောင်းမြောင်းတိုက်ခိုက်လာလျှင်ဘယ်လိုလုပ်မလဲ။ ဓားပြထက် သူခိုးက ပို၍ ကြောက်စရာကောင်းသည်မဟုတ်ပါလား။

“အဲ့ပြဿနာကို လုံးလုံးဖြေရှင်းလိုက်ဖို့နည်းလမ်းမရှိဘူးလား။ ဥပမာ နင့်လက်ထဲကနေ အပြီးအပိုင်ဖယ်ထုတ်လိုက်တာ‌မျိုးပေါ့” စုရှောင်ရှန် မေးသည်။

“ရှိပါစေလို့ ငါလည်း မျှော်လင့်တာပေါ့…” မိုမို့ မျက်နှာလေး မဲ့ရွဲ့သွား၏။

“ထားပါ စောစောနိုးထမလာအောင် ချိတ်ပိတ်တာက ဘာမှ မလုပ်တာထက်တော့ ပိုကောင်းနေပါပြီ။ တစ်လှမ်းချင်းစီပေါ့” စုရှောင်ရှန်လည်း ဖြေရှင်းချက်တစ်စုံတစ်ရာကို မမျှော်မှန်းထားပါချေ။ ထိုမျှလောက် အမြစ်ဖြတ်ရလွယ်နေရင် မိုမို လုပ်ပြီးတာကြာနေလောက်ပြီ။

သူ့လက်ထဲမှ ကျောက်တုံးကို ကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး “ဆိုတော့ အရည်ကျိုတဲ့ဖြစ်စဉ်က ဘယ်လိုလုပ်ရမလဲ”

“နင်တတ်နိုင်သလောက်သာ အဲ့တာကို အရည်ဖြစ်သွားအောင်လုပ်လိုက်။ အဆိုင်အခဲအခြေအနေပြန်မရောက်သွားခင်မှာ ချိတ်ပိတ်တဲ့ ပညာရပ်တွေကို အဲ့ထဲ ငါထည့်လိုက်မယ်” မိုမိုဖြေသည်။

“ငါ့အကူအညီလိုသေးလား” သူတို့နှစ်ယောက်အကြားသာ အပြန်အလှန်ပြောနေကြပြီး သူမကို လစ်လျူရှူထားကြတာ မခံနိုင်တော့သော မုကျစ်ရှီ ကြားဝင်ပြောလိုက်သည်။

စုရှောင်ရှန် ခြေတစ်လှမ်းဆုတ်ကာ ဆေးမီးဖိုအိုးကြီးကို ထုတ်ယူလိုက်သည်။ ထို့နောက် မြေပြင်က တွင်းတစ်ခု၏ထိပ်၀၌ တေ့ပြီး မုကျစ်ရှီကို ကြည့်ကာ အလေးအနက်ဆိုလိုက်၏။ “နင်လုပ်လို့ရတာ တစ်ခုရှိတယ်”

“ဘာလဲ ဘာလဲ” သူမကို လိုတယ်ဆိုတာ ကျေနပ်သွားပြီး မုကျစ်ရှီ နှစ်မြွှာကျစ်ဆုံမြှီးကို နောက်ပစ်ပြီး မေးလိုက်သည်။

စုရှောင်ရှန် သူမ၏ ခေါင်းအပေါ်လက်သီးဖြင့် ဖိလိုက်ပြီး “ဘေးမှာသွားရပ်နေ လာမရှုပ်နဲ့”

အားးး…။

မုကျစ်ရှီ ‌ဒေါသတကြီး မြေပြင်ကို ဆောင့်ကြီးအောင့်ကြီး ဖနောင့်တစ်ချက်ပေါက်လိုက်၏။

ကံကောင်းစွာ စုရှောင်ရှန်က အမျှော်အမြင်ကြီစွာဖြင့် သူမ၏ ခေါင်းကိုဖိထားလို့ သူ့ကို ဘာမှ မလုပ်နိုင်လိုက်ပါပေ။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“ကောင်းပြီ သွားတော့”

မုကျစ်ရှီကို ‌တွန်းထုတ်ပြီး သူတို့အကြားတွင် စုရှောင်ရှန် ဆေးမီးဖိုအိုးကြီးထားလိုက်သည်။ ထို့နောက် သူ့လက်ထဲက ကျောက်တုံးကို ပင့်ပြလိုက်ကာ သူ့တွင်အလုပ်ရှိသေးကြောင်း ပြသလိုက်၏။

မုကျစ်ရှီ နှုတ်ခမ်းကြီးစူလိုက်ပြီး အသံတိုးတိုးလေးဖြင့် ပွစိ ပွစိ ပြောနေတော့၏။ စုရှောင်ရှန် သူ့အသိပေးချက်ဖန်သားပြင်ကိုကြည့်လိုက်သောအခါ တွေ့လိုက်ရသော မြင်ကွင်းကြောင့် ရယ်ချင်သွားတော့သည်။

“ငါတို့စလို့ရပြီလား” စုရှောင်ရှန် မိုမို့ကိုကြည့်ရာ မိုမိုခေါင်းကညိတ်ပြ၏။

စုရှောင်ရှန် မီးတောက်တစ်ခုကို ဖြစ်ပေါ်စေလိုက်ပြီး ဆေးမီးထိုအိုးကြီးအောက်၌ ထားလိုက်၏။ ထို့နောက် အဖြူရောက်ကျောက်တုံးကို ‌ဆေးမီးဖိုအိုးကြီးထဲပစ်ထည့်လိုက်သည်။

“လုံလုံ လောက်လောက်မပူသေးဘူး” မိုမို အပူချိန်ကို စစ်ကြည့်ပြီး ပြောလိုက်သည်။

“ဟုတ်သား ကျောက်တုံးက ဆေးပင်တွေလိုမှ မပျော့တာ…” စုရှောင်ရှန် တွေးမိပြီး အပြင်ဘက်မီးအလွှာကို ရုတ်သိမ်းလိုက်ရာ အပူချိန်က တန်းပြီး ထိုးထောင်တက်သွားသည်။

ရှဲ ရှဲ…။

အဖြူရောင်ဆေးမီးဖိုအိုး ချက်ခြင်း အနီရောင်ပြောင်းသွားပြီး အထက်ရှိ လေကိုတောင် ရှုံ့တွသွားစေ၏။ သို့သော် ကျောက်တုံးကတော့ အရည်မပျော်ကျသေးပါချေ။

“ရတနာဆိုတဲ့အတိုင်း မာကျောပါပေတယ်”

ထို့နောက် မီးတောက်အစေ့ကို မီးဖိုအိုးထဲပစ်ထည့်လိုက်ရာ ကျောက်တုံးက စတင်၍ တုန်ခါလာတော့သည်။

ရွှစ်…။

နောက်အစေ့ တစ်စေ့ ပစ်ထည့်လိုက်သည်။

အပူဒဏ်ကိုမခံနိုင်တော့တဲ့အဆုံး ချိတ်ပိတ်ခြင်းကျောက်တုံးစတင်၍ အက်ကွဲလာခဲ့၏။

မိုမို လုံးလုံး အံ့အားသင့်သွားသည်။ အရည်ကျိုသည့်ဖြစ်စဉ်က စုရှောင်ရှန်အတွက် ဤမျှလောက် လွယ်လင့်တကူရှိနေလိမ့်မည်ဟု မထင်ရပါ။ အချိန်ဘယ်လောက်မှတောင်မကြာသေး ကျောက်တုံးက အက်ကွဲကြောင်းများပေါ်ပေါက်လာတော့၏။

ထို့နောက် အေးဆေးသက်သာ ဖြစ်နေသေးသော စုရှောင်ရှန်ကိုကြည့်လိုက်ရာ သူ့အကန့်အသတ်ကိုတောင် မရောက်သေးတာ သိလိုက်ရသည်။

“သူတကယ် ပိုပြီး အစွမ်းထက်လာပြီ…”

မိုမို စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ထို မီးခိုးမြူပုံရိပ်ကြောင့်သာမဟုတ်ပါက စုရှောင်ရှန်၏ တိုးတက်မှုများနောက်လိုက်နိုင်မည်မဟုတ်ဘဲ သူမ နောက်ကျကျန်ခဲ့မည်ဆိုတာကို သိသည်။

မဟုတ်ဘူး။

‘အဲ့ဒီအရာကြောင့်သာမဟုတ်ရင် စိတ်ဝိညာဉ်နန်းတော်ကိုတောင်ငါ၀င်နိုင်ခဲ့မှာမဟုတ်ဘူး။ ဒီလိုဆို သူနဲ့တောင် သိမှာမဟုတ်ဘူး’ မိုမိုတွေးလိုက်သည်။

စုရှောင်ရှန်ကို မိုမိုကြည့်နေသည့် အကြည့်နှင့်ပတ်သက်ပြီး တစ်စထက် တစ်စ ထူးဆန်းလာတာကို မုကျစ်ရှီ ခံစားမိလေသည်။

နေပါဦး။ အဟွတ် အဟွတ်။

မုကျစ်ရှီ ပါးစပ်ကိုကာပြီး ချောင်းဟန့်သံ ပေးလိုက်သည်။

“နင့်လည်ချောင်းနာနေတာလာ” စုရှောင်ရှန် သူမကို ကြည့်ပြီး မေးလိုက်သည်။

“…”

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန်စွံ့အသွားရ၏။ ကောင်းလိုက်တာ ဒီကောင်မလေး သူဘာလုပ်လုပ်ကို ကျိန်ဆဲနေတော့တာပဲ။ သူဘာများလုပ်မိလို့လဲ။

‘နင်က အဆဲဘုရင်မလေး များလား’ စိတ်ထဲမှ ပြောလိုက်၏။

မုကျစ်ရှီ၏ ချောင်းဟန့်သံကြောင့် မိုမို အသိပြန်လည်လာခဲ့သည်။ သို့မှ စုရှောင်ရှန်ထံမှ အကြည့်လွှဲပြီး ကျောက်တုံးစီကို အာရုံပြန်လွှဲလိုက်သည်။

“အပူချိန်ကို လျော့ပြီး စိတ်ဝိညာဉ်အနှစ်‌တွေကို အပေါ်တင်လိုက်။ အရည်ပျော်တော့မယ်”

“ကောင်းပြီ” စုရှောင်ရှန် တုန့်ပြန်လိုက်ပြီး အရည်ကျိုသည့်ဖြစ်စဉ်တစ်ခုလုံး ပြီးမြောက်သွားတော့သည်။

အဆုံးမှာ ‌ဆေးဖော်စပ်ရတာထက် ကျောက်တုံးတစ်တုံးကို အရည်ကျိုရတာက ဘယ်ခက်လိမ့်မလဲ။ ဆေးပင်တွေပေါင်းပြီး မည်သို့ အကျိုးသက်ရောက်မည်၊ မည်သို့ ဆေးလုံးအဖြစ် ပုံသွင်းရမည်ကို တွေးနေစရာမလိုပေ။ သူလုပ်ဖို့လိုအပ်သည်က ဆေးအိုးထဲပစ်ထည့်ပြီး စွပ်ပြုတ်လို အပူပေးလိုက်ရုံသာ။

‘စွပ်ပြုတ်လုပ်နေတာမဟုတ်လို့ပေါ့။ နို့မို့ဆိုရင် ဆေးပင်တွေတောင် ငါပစ်ထည့်ပြီးလောက်ပြီ’

ကျောက်တုံးတစ်ခုလုံးနောက်ဆုံးတော့ မွမွကြေသွားပြီး အဖြူရောင်အရည်အဖြစ်ကို ပြောင်းသွားကြသည်။

မိုမို သူမ၏ လက်ချောင်းများကို ရစ်နှောင်ပြီး လက်ကွက်များစွာ လုပ်လိုက်သည်။ ထို့နောက် ထိုအရည်ဖြစ်နေသော ကျောက်တုံးအတွင်းကို ထည့်လိုက်သည်။

“အမြန် ပုံဖော်လိုက်” သူမ၏ အသံက အလျင်လိုနေ၏။

“ဘာပုံလဲ” စုရှောင်ရှန် မှင်တက်သွားသည်။

မိုမိုသူမ၏ ညာလက်နှင့် ကျောက်တုံးအရွယ်စားကိုကြည့်လိုက်သည်။ မီးခိုးမြူပုံရိပ်ကို ချိတ်ပိတ်ဖို့ လက်တစ်ခုလုံးစာအတွက်တော့ ပုံသွင်းနိုင်မည်မဟုတ်ပေ။

“လက်ကောက်ဆိုရော”

“ဘာကြီး” မုကျစ်ရှီ၏ မျက်၀န်းများပြူးကျယ်သွားပြီး မိုမို့ကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။

ထိုသို့ပြောပြီးမှ စုရှောင်ရှန်ကို သူမအတွက် လပ်ကောက်တစ်ခုလုပ်ခိုင်းတာက မှားနေကြောင်းကို မိုမို သိလိုက်ရသည်။ ထိုအရာက လက်ထပ်လက်ဆောင်ပေးနေတာနဲ့မတူပေဘူးလား။

မိုမို့မျက်နှာလေး ရှက်သွေးဖြန်းသွားပြီး မုကျစ်ရှီကို လှည့်ကြည့်လိုက်ကာ “ငါအဲ့လိုသဘောနဲ့ ပြောတာမဟုတ်ဘူး”

“အဲ့တာဆို ဘာသဘောနဲ့‌ ပြောတာလဲ” မိုမို့ကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မုကျစ်ရှီ မေးလိုက်သည်။

“…”

ထို့နောက် မိုမို့ကို ဘာမှ မသိသလို မုကျစ်ရှီ လက်ဝေ့ရမ်းပြလိုက်ပြီး “နင်အထင်မှားနေတာ နေပါမယ်”

သို့မှ မိုမို စိတ်သက်သာရာရစွာ သက်ပြင်းမောကြီးချနိုင်လိုက်၏။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် စွံ့အသွားရသည်။ သူ့ကိုဆဲလိုက်တာ ဘယ်သူလဲဆိုတာ စုရှောင်ရှန် ဝေခွဲမရဖြစ်သွားသည်။ သို့သော် နောက်ထပ် အသိပေးချက်ကြောင့် ဘယ်သူလဲဆိုတာ သိလိုက်ရတော့၏။

[မနာလို၀န်တိုခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် + ၁]

‘အေးးးး… မိန်းမတွေ ဘာမှ ဂရုမစိုက်သလို ဟန်ဆောင်တာ တကယ် တော်တာပဲ’ စိတ်ထဲမှ ဆို၏။

“နင်ဘာတွေလျှောက်တွေးနေတာလဲ။ ကျောက်တုံးက အဲ့လောက်လေးကြီးတာ လက်ကောက်ကလွဲပြီး ဘာလုပ်လို့ရမှာမလို့လဲ” သူ မုကျစ်ရှီကို သဘောမတူသလို အကြည့်မျိုး ပေးလိုက်သည်။

“ငါက ဘာပြောနေလို့လဲ” မုကျစ်ရှီခါကိုထောက်ပြီး စူပုတ်ပုတ် ပြောလိုက်သည်။

‘ငါတောင်ဘာမှ မပြောရသေးဘူး ငါ့ကိုလာပြီး ပစ်မှတ်ထားနေပြီ’ စိတ်ထဲမှ ပြောလိုက်သည်။

[ပြန်အပြောခံရပါသည်။ ပင်ကိုယ်မှတ် +၁]

[အငြိုးထားခံရပါသည်။ ပင်ကိုယ်မှတ် +၁]

“အေး အေး” မုကျစ်ရှီကို စုရှောင်ရှန် ဘာမှ ဆက်မပြောလိုက်ပါချေ။

‘အစ ကတည်းက ကိုယ့်ဟာကိုယ် လျှောက်လျှောက်တွေးပြီး‌တော့ ဘာမှ မပြောဘူး လုပ်သေးတယ်။ ခုပေါ်တော့ လာပြီး ရှက်ရမ်း ရမ်းနေသေး။ အငြိုးကထားလိုက်သေးတယ်တဲ့။ နောက်ထပ်ဘာများထပ်ပြီး ပွစိပွစိလုပ်ဦးမလဲမသိဘူး’

“ငါသိပါတယ် နင့်အသက်အရွယ်နဲ့ မလိုက်တာတွေ လျှောက်တွေးနေတာ မဟုတ်လား” မုကျစ်ရှီကို စုရှောင်ရှန် ပြောင်စပ်စပ်မေးလိုက်သည်။

ဘယ်လို ချေပရမလဲဆိုတာ မသိတော့သော မုကျစ်ရှီ ခေါင်းကိုသာ ငုံ့ထားလိုက်တော့သည်။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်…

Comment

Leave a Reply

Options

not work with dark mode
Reset