Chapter – 19.3 ” ၀ိဉာဥ်ပေါင်းစည်း စွမ်းရည် ကောင်းကင် ကွန်ယက် ”
°°°
ဒါပေမယ့် တိုက်ပွဲက အဆုံးမသတ်သေးပါဘူး။ ဟွမ်ချူထျန်းက သူ့ပြိုင်ဘက်တွေကို အနိုင်မယူနိုင်ခဲ့တဲ့အတွက် အတော်လေးလန့်နေခဲ့ပေမဲ့ သူချက်ချင်းဆိုသလို သတိပြန်၀င်လာခဲ့ပါတယ်။ သူနဲ့အနီးဆုံးဖြစ်နေတဲ့ ၀မ်သုန့်ကို စတင်တိုက်ခိုက်တော့တယ်။ သူ့အမြင်အရ ၀ိဉာဥ်ပေါင်းစည်းစွမ်းရည်ကနေ ဖောက်ထွက်လာခဲ့တဲ့ ၀မ်သုန့်က အတော်လေး အားနည်းနေခဲ့တာပါ။ ဟို့ယွိဟောင်ကလဲ ဆယ့်နှစ်၀ိဉာဥ်စက်ကွင်းသာရှိတဲ့ သူပုံမှန်အခြေအနေမျိုးမှာ သူ့ကို ဘယ်သူမှသိပ်ပြီး အာရုံမစိုက်ကြပါဘူး။
၀မ်သုန့်က အတော်လေးကို မောပန်းနေပုံရပါတယ်။ ဒါကြောင့် ဟွမ်ချူထျန်းကိုကြည့်ရင်း ချက်ချင်းအတောင်ပံကို ခတ်လိုက်ပြီ အနောက်ကိုပြန်ဆုတ်လာခဲ့ပါတယ်။ အဲ့ဒီနောက် သူအော်လိုက်တယ်။
” ရှောင်ရှောင်း မင်းလှုပ်ရှားဖို့အချိန်တန်ပြီ ”
” ငါ့လက်ထဲအပ်ထားလိုက် ”
ရှောင်ရှောင်းက ပြောလိုက်ပြီတဲ့နောက် သူ့ရဲ့ သုံးချောင်းထောင့်အိုးကြီးကို ပြန်လည်ပေါင်းစည်းလိုက်ပါတယ်။ သူမက ဟို့ယွိဟောင်ရဲ့ အထောက်အပံ့ရှိမနေခဲ့ပေမဲ့ ဟွမ်ချူထျန်းရဲ့ ရည်ရွယ်ချက်က ထင်ရှားနေခဲ့တယ်။ အိုးကြီးက ချက်ချင်းဆိုသလို ၀မ်သုန့်ရဲ့အရှေ့ကိုရောက်လာရင်း ဟွမ်ချူထျန်းကို တားဆီးလိုက်ပါတယ်။
တခြားတစ်ဖက်မှာတော့ ဟို့ယွိဟောင်က ချက်ချင်းဆိုသလို တင်ပလ္လင်ခွေချိတ်ရင်း ရှောင်ရှောင်းရဲ့အနောက်ဖက်မှာ ထိုင်ချလိုက်တယ်။ အဲ့ဒီနောက် သူ့ရဲ့ စိတ်အားဆိုင်ရာစွမ်းအားတွေကို တရားထိုင်ရင်း ပြန်လည်ကောင်းမွန်လာအောင် ကြိုးစားနေခဲ့တယ်။ အစောပိုင်းလှုပ်ရှားမှုက သူ့ရဲ့အင်အားကို အများကြီးကုန်ဆုံးစေလို့ သွားစေခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ သူ့က အဆင့်ဆယ့်တစ် ဆယ့်နှစ်နှစ်တုန်းကလို လူသစ်လေးမဟုတ်တော့ပါဘူး။ ခရမ်းရောင်နတ်ဆိုးမျက်လုံးရဲ့ အရေအသွေးကလဲ အများကြီးတက်သွားခဲ့ပါပြီ။ ဒါကြောင့်သာ စွမ်းအင်တွေအကုန်လုံး ကုန်မသွားခဲ့တာပါ။ ဒါပေမယ့် မူးဝေမှုကတော့ ခေါင်းတစ်ခုလုံး ပြည့်နှက်နေခဲ့ပါတယ်။ ထောက်ပံ့မှုကို မပြုလုပ်ပေးနိုင်တဲ့အတွက် သူ တခဏတာ အနားယူနေဖို့လိုနေခဲ့တယ်။
ဟို့ယွိဟောင်ရဲ့စွမ်းအားနဲ့ ၀ိဉာဥ်ပေါင်းစည်းစွမ်းရည်ကို ဖျက်ဆီးပြစ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပါပဲ။ သူက ၀ိဉာဥ်စက်ကွင်းသာ ရှိတဲ့ပညာရှင်ဖြစ်နေဆဲပါ။ သူ့ရဲ့နှစ်တစ်သန်း၀ိဉာဥ်စက်ကွင်းက သန်မာပေမဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အစွမ်းအစကို အပြည့်အ၀ အသုံးချနိုင်ဖို့တော့ အဝေးကြီးလိုပါသေးတယ်။
ဒါကိုဖျက်ဆီးလိုက်နိုင်တဲ့ အဓိကအကြောင်းအရင်းကတော့ ဟို့ယွိဟောင်လဲ ပါနေခဲ့ပေမဲ့ တကယ်တမ်းမှာ အားလုံးရဲ့ပေါင်းစည်းမှုလဲ ဖြစ်နေခဲ့တယ်။
၀မ်သုန့်ရဲ့နာမည်ကို သူအော်လိုက်ချိန်မှာ ၀မ်သုန့်က သူ့ကိုချက်ချင်းဆိုသလို နားလည်တာကြောင့် ဒုတိယ၀ိဉာဥ်စွမ်းရည်ကို အတွင်းပိုင်းထဲကနေ ချက်ချင်းဆိုသလို အသုံးချခဲ့ပါတယ်။ ၀မ်သုန့်ရဲ့ ဒုတိယ၀ိဉာဥ်စွမ်းရည်က ၀ိဉာဥ်ပေါင်းစည်းစွမ်းအားကို ဖျက်ဆီးနိုင်ခဲ့တာပါ။ ဒါ့အပြင် သူက နှစ်တစ်ထောင်၀ိဉာဥ်ကို ပိုင်ဆိုင်ထားသူလဲ ဖြစ်နေခဲ့တယ်။ ဒီစွမ်းအားက အတော်ကို မြင့်မားပါတယ်။ အပြည့်အ၀ မဖျက်ဆီးနိုင်ခဲ့ပေမဲ့ လန်ညီအစ်မတွေရဲ့ ၀ိဉာဥ်စွမ်းအားကုန်ဆုံးမှုကိုတော့ အများကြီးတိုးပွားသွားစေခဲ့တယ်။
ဒီတစ်ကြိမ်မှာပဲ ဟို့ယွိဟောင်ကလဲ တန်ပြန်တိုက်ခိုက်လိုက်ပါတယ်။ ကောင်းကင်ကွန်ယက်က သူ့ရဲ့ ထောက်ပံ့မှုကို ပိတ်ဆို့ထားနိုင်ခဲ့ပေမဲ့ သူက နေရာတစ်နေရာထဲကိုသာ အဓိကအာရုံစိုက်လိုက်ပြီ အသန်မာဆုံးထောက်လှမ်းမှုကို ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ကောင်းကင်ကွန်ယက်ရဲ့ တားဆီးမှုကို ကျော်ဖြတ်နိုင်ခဲ့ပြီ အထဲကိုရောက်ရှိလို့ ထောက်လှမ်းနိုင်ခဲ့တယ်။
လန်ညီအစ်မနှစ်ယောက်ကို သူရှာတွေ့ပြီချိန်မှာပဲ ချက်ချင်းဆိုသလို သူ့ရဲ့ စိတ်၀ိဉာဥ်ထိတ်လန့်မှုကို ထုတ်လွှတ်ရင်း ခရမ်းရောင်နတ်ဆိုးမျက်လုံးကို အဆုံးစွန်အထိ အသုံးချလိုက်ပါတယ်။ ဒါကြောင့် ရှောင်ရှောင်းခံစားလိုက်ရတဲ့ မူးဝေမှုက ဟို့ယွိဟောင်ရဲ့အစွမ်းကုန်တိုက်ခိုက်မှုပါပဲ။
ဟို့ယွိဟောင်ရဲ့ အစွမ်းကုန်တိုက်ခိုက်မှုကလဲ အောင်မြင်ခဲ့ပါတယ်။ လန်ညီအစ်မတွေရဲ့ ၀ိဉာဥ်ပေါင်းစည်းစွမ်းရည်က အတော်ကို သန်မာပေမဲ့ ပြစ်ချက်ကင်းနေတာတော့ မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့အကြီးမားဆုံးပြစ်ချက်ကတော့ ကျင့်ကြံမှုတွေကို ထိန်းချုပ်တဲ့အဆင့်မှာပါ၀င်နေခဲ့တယ်။ ဒါကြောင့် သူတို့တွေ အချိန်အကြာကြီး ထောင့်ခံမထားနိုင်ခဲ့တဲ့အပြင် ၀မ်သုန့်က သူတို့ရဲ့စွမ်းအားတွေကိုလဲ ကုန်ဆုံးအောင်လုပ်လိုက်ပါသေးတယ်။ ဟို့ယွိဟောင်ရဲ့ ရုတ်တရက်တိုက်ခိုက်မှုက သူတို့စိတ်ထဲကို ၀င်ရောက်လာချိန်မှာတော့ သန်မာအားကောင်းတဲ့ ပေါင်းစည်းမှုက ချက်ချင်းဆိုသလို ပျက်စီးလို့သွားခဲ့ရပါပြီ။ ဒါ့အပြင် ၀ိဉာဥ်ပေါင်းစည်းစွမ်းအားရဲ့ ကြီးမားတဲ့ တန်ပြန်ရိုက်ခတ်မှုကြောင့် သူတို့တွေချက်ချင်းသတိလစ်လို့သွားခဲ့ပါတယ်။
လန်ညီအစ်မက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက်ပေါင်းစည်းစွမ်းရည်ကြောင့်သာ ရှင်းထုတ်ခံလိုက်ရတာပါ။ သူတို့နှစ်ယောက်ပေါင်းစည်းမှသာ တန်ပြန်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် တစ်ဖက်အမွှာနှစ်ယောက်ရဲ့သန်မာမှုကိုလဲ မြင်တွေ့နေခဲ့ရပါပြီ။ ဟို့ယွိဟောင်က အတော်လေး အားနည်းပုံပေါ်ပေမဲ့ သူမမှာ နှစ်တစ်သန်း၀ိဉာဥ်စက်ကွင်းရှိနေခဲ့ပါတယ်။
ဟွမ်ချူထျန်းကတော့ အိုးကြီးကိုဆက်တိုက်ဆိုသလို ရိုက်ထုတ်ရင်း သူ့ရဲ့ ပထမ၀ိဉာဥ်စက်ကွင်းကို အသုံးပြုလိုက်ပါတယ်။ ပထမ၀ိဉာဥ်စက်ကွင်းရဲ့ စွမ်းရည်ကတော့ ကြမ်းတမ်းတဲ့ ကင်းကောင်ဘုရင်ရဲ့လက်သီးပါ။
သံသတ္ထုလိုလက်သီးကြီးတွေက အနက်ရောင်အလင်းတန်းကြီးကို ဆက်တိုက်ဆိုသလို ထုရိုက်နေခဲ့ရင်း လွှင့်ထွက်သွားစေခဲ့ပါတယ်။ ဒါပေမယ့် ဟွမ်ချူထျန်းကတော့ မလှုပ်ရှားသေးပါဘူး။ ခန္ဓာကိုယ်ကတော့ ပြင်းပြင်းထန်ထန် တုန်ခါနေခဲ့တယ်။
ရှောင်ရှောင်းရဲ့အိုးကြီးကနေ ထုတ်လွှတ်တဲ့အသံစွမ်းအားတွေက အတော်လေး အားကောင်းတဲ့စွမ်းအားရှိပါတယ်။ ပြိုင်ဘက်ကို ထိခိုက်အောင် လုပ်နိုင်ရုံတင်မက တစ်မီတာပတ်လည်အတွင်းမှာရှိတဲ့ ရန်သူတွေအားလုံးကိုလဲ တခဏတာ ထိခိုက်သွားစေနိုင်တယ်။
ဟွမ်ချူထျန်းတစ်ယောက် ကြောင်အနေတဲ့အချိန်မှာ ရှောင်ရှောင်းက သူ့ရဲ့လက်နှစ်ဖက်ကို ပေါင်းစည်းလိုက်ပါပြီ။ အိုးကြီးက အိုးသုံးလုံးအဖြစ်ကို ပြောင်းလဲသွားခဲ့ရင်း ဟွမ်ချူထျန်းကို အလယ်မှာထားပြီ တိုက်ခိုက်တော့တယ်။
ကြောင်အနေစေတဲ့ စွမ်းရည်က တခဏတာ ကြာမြင့်ပါတယ်။ ဒါကြောင့် ဟွမ်ချူထျန်းလဲ ချက်ချင်းဆိုသလို သတိပြန်၀င်လာခဲ့တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူချက်ချင်းမလှုပ်ရှားနိုင်ပါဘူး။ တခဏတာစောင့်ဆိုင်းရင်း အခြေအနေကို စောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
လန်ညီအစ်မနှစ်ယောက်ကလဲ သတိလစ်လို့သွားခဲ့ပါပြီ။ ဒါကြောင့် သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းတွေအကုန်လုံးကလဲ ပျက်စီးလို့သွားခဲ့တယ်။ တခြားတစ်ဖက်မှာတော့ ၀မ်သုန့်နဲ့ ဟို့ယွိဟောင်တို့ကလဲ အားကုန်နေပုံရပါတယ်။ ဒါပေမယ့် သူတို့ကတော့ သတိရှိကြတုန်းပါပဲ။ ရလဒ်အနေနဲ့ သူတို့က တိုက်ပွဲထဲကို ပြန်၀င်လာနိုင်ဖို့ အလားအလာရှိနေခဲ့တယ်။ ဟွမ်ချူထျန်းတို့အဖွဲ့က လက်ရှိအချိန်မှာ အနိုင်ရဖို့အခွင့်အရေးအတော်လေး နည်းနေခဲ့ပါပြီ။
ဒီအကြောင်းကို တွေးပြီချိန်မှာပဲ ဟွမ်ချူထျန်းက အော်ဟစ်လိုက်ပါတော့တယ်။ ရုတ်တရက်ဆိုသလို ခြေထောက်ကိုဆောင့်ချလိုက်ရင်း ခန္ဓာကိုယ်က အပေါ်ကို ပျံတက်လို့သွားခဲ့တယ်။ အဲ့ဒီနောက် လက်နှစ်ဖက်ကို ခေါင်းပေါ်မှာ ပေါင်းစည်းလိုက်ပြီ ဒုတိယ၀ိဉာဥ်စက်ကွင်းကို စတင်အသုံးပြုပါတော့တယ်။ စွမ်းအင်အမြောက်က နောက်တစ်ကြိမ်ပေါ်ထွက်လာခဲ့ပါပြီ။
ရှောင်ရှောင်းကလဲ သူ့ရဲ့လက်တွေကို အထဲပြန်ပြီထည့်လိုက်ပါတယ်။ ရုတ်တရက်ဆိုသလို အိုးသုံးလုံးက အပေါ်ကိုမြင့်တက်လာခဲ့ပြီ ဟွမ်ချူထျန်းရဲ့ စွမ်းအင်အမြောက်ကို တန်ပြန်တိုက်ခိုက်ဖို့လုပ်ပါတော့တယ်။ ဒါပေမယ့် ဟွမ်ချူထျန်းကတော့ ကောင်ကျစ်တဲ့အပြုံးပြုံးနေခဲ့ပြီ သူ့ခန္ဓာကိုယ်က လေထဲမှာတစ်ပတ်လည်ထွက်လို့သွားရင်း အိုးကြီးတွေ သူ့ကို မတိုက်ခိုက်ခင်အချိန်မှာအောက်ဖက်ကို ပြန်ဆင်းလာခဲ့ပါတယ်။ အဲ့ဒီနောက် အ၀ါရောင်အလင်းတန်းကို အသုံးပြုရင်း ရှောင်ရှောင်းကို ပြစ်လွှတ်တော့တယ်။
ရန်သူတစ်ယောက်ကို တိုက်ခိုက်ချိန်မှာ ကိုယ့်ကိုကိုယ် လုံခြုံအောင် ထိန်းသိမ်းဖို့လဲ လိုပါတယ်။ ဟွမ်ချူထျန်းကတော့ ရှောင်ရှောင်းအနေနဲ့ နှစ်ဖက်စလုံးကို ပျက်စီးစေဖို့ကြိုးစားမယ်လို့ မထင်ထားခဲ့ပါဘူး။ သူမသာ အိုးကြီးတွေကို အသုံးပြုပြီ ကိုယ့်ကိုကိုယ် ကာကွယ်လိုက်မယ်ဆိုရင် သူလဲ ချဥ်းကပ်ဖို့အတွက် အလားအလာရှိလာနိုင်မှာပါ။ ဒါဆိုရင် အနိုင်ရဖို့ အခြေအနေလဲရှိလာနိုင်ပါတယ်။
တကယ်တော့ ဟွမ်ချူထျန်းက အရမ်းကို ပြောင်မြောက်တဲ့အစီအစဥ်ပါပဲ။ အကယ်၍ ရှောင်ရှောင်းသာ သူ့ကိုယ်သူ ကာကွယ်ချင်ခဲ့တယ်ဆိုရင် သူမရဲ့ အိုးတွေကို ပြန်ပေါင်းစည်းမှ ရပါလိမ့်မယ်။ ဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် ဟွမ်ချူထျန်းလဲ သူတို့သုံးယောက်နားကို ချဥ်းကပ်ပြီတိုက်ခိုက်ဖို့ အခွင့်အရေးရှိလာပါလိမ့်မယ်။ သူဘယ်သူကိုပဲ တိုက်ခိုက်ဖို့ရွေးချယ်ပါစေ အဲ့ဒီသူကတော့ ခုခံဖို့အတွက် ခက်ခဲမှာပါ။
ဒါပေမယ့် ရုတ်တရက်ဆိုသလို သူမလှုပ်ရှားခင်အချိန်မှာပဲ သူ့ရဲ့ မြက်ကွင်းတစ်ခုလုံး ဝေ၀ါးလာတာကိုမြင်လိုက်ရပါတယ်။ စွမ်းအင်အမြောက် ထုတ်လွှတ်ချိန်မှာ နေရာကတော့ လွဲချော်သွားခဲ့ပါပြီ။
အ၀ါရောင်အလင်းလုံးကတော့ ပေါက်ကွဲတဲ့အသံနဲ့အတူ စာမေးပွဲဖြေဆိုတဲ့ နံရံကို ထိမိပါတော့တယ်။ အနီးအနားမှာရှိနေတဲ့ ကျောင်းသားတွေကတော့ လက်ရှိအချိန်မှာ သူတို့ဘက်ကို တအံ့တဩကြည့်လာခဲ့မိတယ်။
ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်အဖွဲ့နဲ့ ဟွမ်ချူထျန်းတို့အဖွဲ့ကြား အနိုင်အရှုံးက ဆုံးဖြတ်လို့ပြီးနေခဲ့ပါပြီ။
ရှောင်ရှောင်းရဲ့အိုးကြီးကတော့ ပြန်လည်ပေါင်းစည်းလို့သွားခဲ့ရင်း သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် ပြင်ဆင်လိုက်ပါတယ်။ ဒါပေမယ့် အိုးကြီးက ပြန်ပေါင်းစည်းပြီတဲ့နောက် နောက်ဖက်ကို နေရာအများကြီးပြန်လွှင့်ထွက်လို့သွားခဲ့ရင်း ဟွမ်ချူထျန်းရဲ့ခန္ဓာကိုယ်ကို ၀င်တိုက်တော့တယ်။ ရှောင်ရှောင်းရဲ့ ဒုတိယ၀ိဉာဥ်စက်ကွင်းက လင်းလက်လို့လာချိန်မှာ ဟွမ်ချူထျန်းကတော့ အနက်ရောင်အလင်းတန်းတွေ ဖုံးလွှမ်းတာကို ခံလိုက်ရပါပြီ။ အဲ့ဒီနောက် စာမေးပွဲနယ်မြေရဲ့ အပြင်ကို ကန်ထုတ်ခံလိုက်ပါတော့တယ်။ ၀မ်ယန်ကတော့ လက်ဆန့်ထုတ်ရင်း သူ့ကို ဖမ်းလိုက်တဲ့အတွက် နောက်ကိုထပ်ပြီလွှင့်ထွက်မသွားပါဘူး။ အနက်ရောင်အလင်းတန်းကတော့ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားဆဲပါ။ သုံးစက္ကန့်လောက် ကြာပြီတဲ့အချိန်မှသာ ဟွမ်ချူထျန်းလဲ လှုပ်ရှားဖို့အတွက် စွမ်းရည်ရှိလာပါတော့တယ်။ ဒါကတော့ ရှောင်ရှောင်းရဲ့ ဒုတိယ၀ိဉာဥ်စွမ်းရည်ဖြစ်တဲ့ အိုးကြီးရဲ့ ဖယ်ရှားမှုပါပဲ။
အပိုင်း ၁၉•၃ ပြီး၏။