အခန်း (၇၈၉) မဟာတာအို လောကဦး ပဋိပက္ခ နောက်ဆုံးအဆင့်
“အဲဒီ အခွင့်အရေးဆိုတာက သနားစိတ် ပမွှားလေး ဖြစ်နိုင်တယ်” ဟန်ယွီဟာ သက်ပြင်းချလိုက်ပါတယ်။
ဝတ်စုံစိမ်း အမျိုးသမီးဟာ ဟန်ယွီ ဘာပြောနေလဲဆိုတာကို နားမလည်နိုင်ပါဘူး ‘စီနီယာက ဘာကို ရည်ညွှန်း ပြောနေတာလဲ…’
ဟန်ယွီဟာ ပြန်လှည့်လာပြီး သစ်ပင်အိုကြီးဆီ လျှောက်သွားကာ အပြုံးနဲ့ ပြောလိုက်ပါတယ် “ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ချည်၊ ဘာပဲဖြစ်ဖြစ် မင်း အခုပျော်ရွှင်ပြီး လွတ်လပ်နေတာပဲမလား၊ ဒီအချိန်လေးကို ကောင်းကောင်း အသုံးချပြီး ကိုယ့်ဘဝအတွက် ကြိုးစားအားထုတ်ထား…”
ဝတ်စုံစိမ်း အမျိုးသမီးဟာ ဟန်ယွီနောက်ကို ချက်ချင်းလိုက်ပြီး ပြုံးလိုက်ပါတယ် “ကျင့်ကြံတာက ကျွန်မအတွက် အရေးမကြီးပါဘူး၊ စီနီယာဘေးမှာ တစ်ချိန်လုံး နေနိုင်ရုံနဲ့တင် ကျွန်မအတွက် ပြီးပြည့်စုံနေပါပြီ”
“မင်း ငါ့ကို ပြုစုဖို့ မလိုပါဘူး၊ မင်းကို ငါ ဒီနှစ်တွေမှာ ဘာခိုင်းခဲ့လို့လဲ”
“အဲဒါက စီနီယာ မလိုလို့လေ၊ စီနီယာလိုတဲ့အချိန်ကျ ကျွန်မကို အချိန်မရွေး ပြောလို့ ရတယ်”
ဟန်ယွီဟာ ခေါင်းခါ ပြုံးလိုက်ပြီးနောက် သစ်ပင်အိုကြီးအောက် ထိုင်ကာ မျက်လုံးမှိတ်လိုက်ပါတယ်။ ချင်လင်းရဲ့ အတွေ့အကြုံတွေက ဟန်ယွီကို လှုံ့ဆော်လိုက်ပါတယ်။ သူ့ဘိုးဘေးကြောင့်သာ မဟုတ်ရင် သူလည်းပဲ သေမျိုးကမ္ဘာက နယ်ရုပ်တစ်ရုပ် ဖြစ်နေမှာကို ဟန်ယွီ ကောင်းကောင်းကြီး သိနေပါတယ်။ အခုလိုမျိုး ပုကျိုးနတ်တောင်မှာ လွတ်လွတ်လပ်လပ် အနှောင့်အယှက်မရှိဘဲ နေနိုင်မှာ မဟုတ်ပါဘူး။
‘ငါ့ရဲ့ ဘိုးဘေးကို စိတ်မပျက်စေသင့်ဘူး… ငါ ကစားခုံထဲက ခုန်ထွက်ပြီး ကစားသမား ဖြစ်လာဖို့ ကြိုးစားရမယ်’
နှစ်ငါးထောင်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်နိုင်သွားပါတယ်။
မဟာတာအို လောကဦးပဋိပက္ခ နောက်ဆုံးအဆင့်။
ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားဟာ စပြီးတော့ တိုးပွားလာပါတယ်။ အချိန်အကြာကြီး စောင့်မျှော်ခဲ့ရတဲ့ သက်သောင့်သက်သာ ဖြစ်မှုက ဟန်ကျွယ်ကို အားရပျော်ရွှင်စေပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ရင်း ကိုယ်ရေးအကျဉ်းကို ဖွင့်ကြည့်လိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၁,၃၄၅,၂၈၁/၉၀,၃၂၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: လောကဦး နတ်ဘီလူး(အနန္တဧကရာဇ်)။]
[ကျင့်ကြံမှု: မဟာတာအို လောကဦးပဋိပက္ခ နောက်ဆုံးအဆင့် (ပြီးပြည့်စုံသော တာအိုပညာရှိ)။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (မဟာတာအို)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]
ဒီတစ်ခါ အဆင့်ထိုးဖောက်တာက ဟန်ကျွယ်ရဲ့ သက်တမ်းကို ဆန်းကြယ်ကံတရား စာအုပ် မသုံးခင်ကထက် သုံးဆ တိုးသွားစေပါတယ်။
‘မဆိုးဘူး… မဆိုးဘူး…’ ဟန်ကျွယ်ဟာ ဒီရလဒ်ကို တော်တော်လေး ကျေနပ်အားရပါတယ်။ ဒီအတိုင်းဆက်သွားရင် သူ မဟာတာအိုပညာရှိချုပ် ဖြစ်တာနဲ့ သူ့သက်တမ်းက မိုးပေါ် ခုန်တက်သွားနိုင်ပါတယ်။ ဟန်ကျွယ်ဟာ အဲဒီနေ့ကို မျှော်လင့်မိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ အလယ်အဆင့်ကနေ နောက်ဆုံးအဆင့်ကို ရောက်ဖို့ နှစ်ခုနစ်သိန်း ကျင့်ကြံအားထုတ်ရပါတယ်။ ထိပ်ဆုံးအဆင့်ကို ရောက်ဖို့ဆိုရင် နှစ်တစ်သန်းလောက် ကျင့်ကြံအားထုတ်ရနိုင်ပါတယ်။ ဒါက အရမ်းရှည်ကြာတဲ့ လမ်းကြောင်းကြီးပါ။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ဖို့ နှစ်ငါးရာ အချိန်ယူလိုက်ရပါတယ်။ ကျင့်ကြံမှုကို ခိုင်ခံ့အောင် လုပ်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ဆန်းကြယ်စွမ်းအားတွေကို စတင် သုံးသပ်နားလည်ပါတယ်။ ဟန်ကျွယ်ဟာ ပထမဆုံး ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို အဆုံးစွန်ထိရောက်အောင် မြှင့်တင်ပြီးမှ မဟာညီညွတ်မှု ရုပ်သွင်ကို ဆက်ကျင့်ကြံပါတယ်။
နောက်ထပ် နှစ်သုံးရာကြာအောင် အချိန်ယူလေ့လာ ကျင့်ကြံပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ နောက်ထပ် နတ်ဘီလူးရုပ်တု ၃၀၀ ကို တတ်ကျွမ်းပြီး နတ်ဘီလူး ဓမ္မရုပ်တုပေါင်း ၁,၁၄၉ ရုပ်ကို စုဆောင်းနိုင်သွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ရဲ့ စွမ်းအားဟာ အများကြီး တိုးတက်သွားပါတယ်။
ဟန်ကျွယ်ရဲ့ အဆင့်မှာ ဓမ္မစွမ်းအားက အဆုံးမရှိပါဘူး။ ဒါကြောင့် နတ်ဘီလူး ဓမ္မရုပ်တုများလေလေ ဟန်ကျွယ် စွမ်းအားက ကြီးလေလေပါပဲ။
ဟန်ကျွယ်က အဆင့်လေး တစ်ဆင့်ပဲ တက်လိုက်တာဆိုပေမဲ့ ဟန်ကျွယ်ရဲ့ စွမ်းအားက အကြီးအကျယ် ပြောင်းလဲသွားပါပြီ။ လောကဦး ကြယ်တာရာ ခန္ဓာကိုယ်က တကယ်ကို စွမ်းအားကြီးတာပါ။ ဒီလောက်များတဲ့ ဓမ္မရုပ်တုတွေကို တစ်ချိန်တစ်ခါတည်းမှာ ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။
ဒါတင် မကသေးပါဘူး။ ဟန်ကျွယ် နတ်ဘီလူးဓမ္မရုပ်တုတစ်ခုကို တတ်ကျွမ်းတာနဲ့ နတ်ဘီလူးချီကလည်း အလိုလို ခဲလာပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက အဆင့်တစ်ခုကို ရောက်သွားရင် ဟန်ကျွယ်ရဲ့ ဝိညာဉ်နက်ထဲမှာ ရှိနေတဲ့ လောကဦးကမ္ဘာက နောက်ထပ် ပဋိပက္ခကမ္ဘာတစ်ခုတောင် ဖြစ်လာကောင်း ဖြစ်လာနိုင်ပါတယ်။
လောကဦးကမ္ဘာမှာ ပဋိပက္ခချီ ထုတ်လွှတ်နေတဲ့ မူလပဋိပက္ခ ကျောက်တုံး ရှိနေပါတယ်။ ဒါ့အပြင် လောကဦးကမ္ဘာကလည်း သူ့ဘာသာ လောကဦးချီကို ထုတ်လွှတ်နေပါသေးတယ်။ ပထမတော့ နှစ်ဖက်စလုံးက သေးငယ်နေသေးတဲ့အတွက် တစ်ခုနဲ့တစ်ခု သက်ရောက်မှု မရှိပါဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ လောကဦးချီက လောကဦးကမ္ဘာကို နေရာယူလာပြီး ပဋိပက္ခချီကို တဖြည်းဖြည်း တိုက်စားလာပါတယ်။
မူလပဋိပက္ခ ကျောက်တုံးက ပဋိပက္ခချီကို ထုတ်လွှတ်တာအပြင် အရာအားလုံးအသွင်လည်း ပြောင်းလဲနိုင်ပါသေးတယ်။ လောကဦးကမ္ဘာက သူ့ဘာသာ ကမ္ဘာဖြစ်တစ်ခု ဖြစ်လာဖို့ဆိုရင် မူလပဋိပက္ခ ကျောက်တုံးကို မကြာခင်မှာ လိုအပ်လာမှာပါ။
ဟန်ကျွယ်ဟာ မူလပဋိပက္ခ ကျောက်တုံးက လောကဦးချီကို သက်ရောက်မှာစိုးတဲ့အတွက် တတိယ တာအိုစက်ကွင်းအတွက် နေရာရှာတွေ့ရင် တတိယ တာအိုစက်ကွင်းမှာ ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကမ္ဘာတစ်ခု ဖန်တီးတာက အံ့ဩဖို့ကောင်းပြီး အထင်ကြီးဖို့ကောင်းတယ်ဆိုပေမဲ့ တကယ်တမ်းတော့ ဟန်ကျွယ်ရဲ့ အားနည်းချက် ဖြစ်သွားမှာပါ။ ရန်သူတွေက ဒီကမ္ဘာကနေပြီး တိုက်ခိုက်လာနိုင်တယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ သူ့မှာ အားနည်းချက်တစ်ခုမှ မရှိချင်ပါဘူး။ ဒါကြောင့် အသွင်တူ လက်ရည်စမ်းပွဲထဲကို ဝင်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ပြိုင်ဘက်က ဓားရူးတာအိုပညာရှိပါ။ တစ်ယောက်တည်း မဟုတ်ပါဘူး။ အယောက်တစ်ထောင်ပါ။
ဟန်ကျွယ်ရဲ့ ရည်မှန်းချက်က အဆင့်တူရင် အကြွင်းမဲ့ ပြိုင်ဘက်ကင်းဖို့ပါ။ ရန်သူ ဘယ်လောက်များများ လွယ်လွယ်ကူကူ သတ်နိုင်ဖို့ပါ။
ဟန်ကျွယ်ဟာ မဟာတာအို အထွတ်အထိပ်အဆင့်ကို မထိုးဖောက်ခင် ဓားရူးတာအိုပညာရှိ တစ်သောင်း ဒါမှမဟုတ် ဒီထက်ပိုများတဲ့ ဓားရူးတာအိုပညာရှိတွေကို စိန်ခေါ် အနိုင်ယူချင်တာပါ။
တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဒုတိယ အသွင်တူ လက်ရည်စမ်းပွဲကို ဆက်တိုက်ပါတယ်။ ဒီလိုနည်းနဲ့ ဟန်ကျွယ်ဟာ သူ့တိုက်ရည်ခိုက်ရည်ကို လေ့ကျင့်ပါတယ်။
လျှို့ဝှက်ဆန်းကြယ် ပြင်ညီတစ်ခုက ကောင်းကင်ပြင်အောက်မှာ သမုဒ္ဒရာတစ်စင်း ရှိနေပါတယ်။ ပင်လယ်ရဲ့ အဆုံးသတ်မှာ ခမ်းနားထည်ဝါတဲ့ ရုပ်သွင်တစ်ခု ရှိနေပြီး နတ်အလင်းရောင်တွေ တလက်လက် တောက်ပနေပါတယ်။
ဒီရုပ်သွင်ကတော့ မင်လင်းမယ်တော်ပါ။
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ကောင်းကင်ပေါ်ကနေ မင်လင်းမယ်တော်ရှေ့ ဆင်းသက်ပြီး လက်သီးဆုပ်ကာ ဦးညွှတ်လိုက်ပါတယ်။
“မယ်တော်က ကျွန်တော်ကို ဘာကိစ္စနဲ့ ခေါ်လဲဆိုတာ သိလို့ရမလား” ရှန်ပေါင် တာအိုကျင့်ကြံသူက အပြုံးနဲ့ မေးလိုက်ပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ လောကဦးထောင်ရဲ့ သက်ရောက်မှုကို မခံရသလိုမျိုး အရင်အတိုင်း မာနကြီးနေတုန်းပါ။
မင်လင်းမယ်တော်က ပြောလိုက်ပါတယ် “လောကဦး နတ်ဘီလူးကိစ္စပဲ၊ မကြာသေးခင်က သက်ရှိတစ်ဦး လောကဦးဆေးလုံးကို သုံးစွဲပြီး လောကဦးနတ်ဘီလူးရဲ့ စွမ်းအားကို ရသွားတယ်၊ ဒီကိစ္စက ပဋိပက္ခရဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို တုန်လှုပ်သွားစေတယ်၊ နတ်အခွင့်အာဏာက အလိုလို သတိထားလာပြီး နတ်အာဏာ စစ်သူကြီးတစ်သောင်းကို မွေးဖွားလိုက်တယ်”
“ဒီနတ်အာဏာ စစ်သူကြီးတွေက သီးခြားလွတ်လပ်ဖို့ အစီအစဉ်မရှိဘူး၊ ပဋိပက္ခကို ခရီးနှင်ပြီး လောကဦး နတ်ဘီလူးကို ရှာဖွေလိမ့်မယ်၊ သူတို့နဲ့ အရှုပ်အထွေး မဖြစ်စေနဲ့”
‘နတ်အာဏာ စစ်သူကြီး…’ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ မျက်မှောင်ကြုတ်သွားပါတယ် “သူတို့ရဲ့ ကျင့်ကြံမှုက ဘယ်လောက်ရှိလဲ”
“မဟာတာအိုပညာရှိ တစ်သောင်းနဲ့ အတူတူပဲ၊ ဒီစွမ်းအားက ပဋိပက္ခကို ကျိန်းသေပေါက် စိုးမိုးနိုင်စွမ်း ရှိတယ်၊ ဒါက မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာရဲ့ စွမ်းအားပဲ၊ မင်း အဲဒီနတ်အာဏာ စစ်သူကြီးတွေကို သွားတားရင် မင်းက ပဋိပက္ခအတွက် အန္တရာယ်ဆိုပြီး ဒဏ်ပေးခံရလိမ့်မယ်၊ မင်း ငါပြောတာ နားလည်လား”
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ မျက်ခုံးလှုပ်သွားပါတယ် ‘မဟာတာအိုပညာရှိ တစ်သောင်း… ယုတ္တိမရှိလိုက်တာ…’
ပဋိပက္ခထဲမှာက မဟာတာအိုပညာရှိတစ်ထောင်တောင် ရှိနိုင်တာ မဟုတ်ပါဘူး။ ဒါတောင် နှစ်ပေါင်း မရေမတွက်နိုင်အောင် စုစည်းလာတာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် မဟာတာအို နတ်အခွင့်အာဏာက ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို သိနိုင်ပါတယ်။ ဒီစွမ်းအားက ပဋိပက္ခကို သန့်စင်ပစ်ဖို့ လုံလောက်ပါတယ်။
“မယ်တော်ရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် မှတ်ထားပါ့မယ်”
“မင်းရဲ့ ကောင်းကင်တာအို မုန်းတီးမှုကို လွှတ်ချလိုက်ပြီလား”
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ပြုံးလိုက်ပါတယ် “ဘာမုန်းတီးမှုမှ မရှိပါဘူး၊ အကျိုးအမြတ်အတွက် လုပ်တာပါ၊ ကျွန်တော် သူ့ကို မနိုင်မှတော့ လွှတ်ပေးလိုက်ရတာပေါ့၊ ဒါတင်မကသေးဘူး၊ ကျွန်တော် သူနဲ့ မိတ်ဆွေ ဖြစ်သွားတယ်၊ အနာဂတ်မှာ ကျွန်တော်တို့တွေ တစ်ယောက်ကို တစ်ယောက် မှီခိုလို့ရတာပေါ့၊ အရှုံးထဲက အမြတ်လို့ ပြောရမှာပဲ”
“ဒါလည်း ကောင်းတာပဲ၊ ပဋိပက္ခမှာ အထူးသဖြင့် မဟာတာအိုပညာရှိတွေထဲမှာ ဘယ်လိုလုပ်ပြီး သူသေကိုယ်သေ ရန်ငြိုးတွေ ဒီလောက်များရမှာလဲ၊ ရန်ငြိုးတွေကို လွှတ်ချပြီး တာအိုကို သုံးသပ်နားလည်တာက မဟာတာအိုပညာရှိတွေ လုပ်သင့်တဲ့အလုပ်ပဲ”
“ပဋိပက္ခက တည်ငြိမ်တယ်လို့ ထင်ရပေမဲ့ အချိန်မရွေး ပြိုလဲသွားနိုင်တယ်၊ ပဋိပက္ခဆိုတာက လောကဦး ဟင်းလင်းပြင်ကို နေရာယူထားတဲ့ မဟာတာအို ကံတရား အထောက်အပံ့ အခွင့်အာဏာရဲ့ သရုပ်သကန်တစ်ခုပဲ၊ အနာဂတ်မှာ တခြား နတ်အခွင့်အာဏာတွေ ပေါ်လာပြီး ပဋိပက္ခကို အစားထိုး နာမည်သစ်တစ်ခုလည်း ယူနိုင်တယ်၊ ရှုံဟွာတွေ လိုက်စားနေတဲ့ အမှောင်ထုလိုမျိုးပေါ့”
ရှန်ပေါင် တာအိုကျင့်ကြံသူက အထင်အမြင်သေးစွာ ပြောလိုက်ပါတယ် “ရှုံဟွာတွေက ငတုံးတွေ၊ သူတို့စွမ်းအားနဲ့ ဘယ်လိုလုပ်ပြီး ပဋိပက္ခကို တော်လှန်နိုင်မှာလဲ၊ သူတို့က မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကိုတောင် သိကြတာ မဟုတ်ဘူး”
“ဟုတ်တယ်… ဒါပဲ”
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ဦးညွှတ်ပြီး မင်လင်းမယ်တော်ရှေ့ကနေ လျင်မြန်စွာ ပျောက်ကွယ်သွားပါတယ်။
မကြာခင်မှာပဲ ပင်လင်ပြင်အထက်က အာကာသဟာ လှုပ်ခတ်သွားပြီး ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ လောင်ဇီပါ။
လောင်ဇီဟာ မင်လင်းမယ်တော်ကို မျက်နှာသေနဲ့ ကြည့်ပြီး ပြောလိုက်ပါတယ် “မင်လင်းမယ်တော်… လောကဦးဆေးလုံးက ဘာလို့ မအောင်မြင်လဲဆိုတာကို တွက်ချက်နိုင်လား”
“ရှင်က ဘာကိုမှ စိတ်မဝင်စားဘဲ ခံစားချက်မရှိတာကို ယုံကြည်တာမလား၊ ဘာဖြစ်လို့ ဒီကိစ္စကို မေးနေရတာလဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 789
? Views, Released on December 20, 2024