Switch Mode

Chapter – 19.2

" ၀ိဉာဥ်ပေါင်းစည်း စွမ်းရည် ကောင်းကင် ကွန်ယက် "

Chapter – 19.2 ” ၀ိဉာဥ်ပေါင်းစည်း စွမ်းရည် ကောင်းကင် ကွန်ယက် ”
°°°
စွမ်းအင်အမြောက်က အနက်ရောင်အလင်းတန်းတွေနဲ့ ၀င်တိုက်မိချိန်မှာတော့ သူ့ရဲ့အစိတ်အပိုင်းအများစုက ပျက်စီးသွားရပါတယ်။ ပေါက်ကွဲစွမ်းအားက သုံးချောင်းထောင့်အိုးကြီးကို လွှင့်ထွက်သွားအောင်တော့ လုံလောက်တဲ့အစွမ်းအစရှိနေခဲ့တယ်။ ဟွမ်ချူထျန်းရဲ့ တိုက်ခိုက်မှုက နောက်ဆုံးမှာ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဒါ့အပြင် လန်မျိုးနွယ်ညီအစ်မနှစ်ယောက်ကတော့ လက်ရှိအချိန်မှာ ၀မ်သုန့်ရဲ့ အစွမ်းကုန်တိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။

လန်ညီအစ်မက သူတို့ရဲ့ပြိုင်ဘက်ကို လုံး၀အထင်သေးပြီ လျှော့တွက်မိခဲ့ပါတယ်။ ဟွမ်ချူထျန်းက ၀မ်သုန့်နဲ့ တိုက်ခိုက်ချိန်မှာ အသာစီးမရခဲ့ပေမဲ့ သူက ရှုံးနှိမ့်တာမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် ၀မ်သုန့်ကိုယ်တိုင်း တိုက်ခိုက်တာမဟုတ်မှန် သူတို့မေ့နေခဲ့ပါတယ်။ ၀မ်သုန့်က ဆံပင်ကွန်ယက်တွေကိုဖောက်ထွက်ပြီ ပျံသန်းလာချိန်မှာတော့ သူတို့ရဲ့ ဒုတိယ၀ိဉာဥ်စွမ်းရည်ကို ထုတ်သုံးဖို့အတွက် အချိန်မလုံလောက်တော့မှန်း နားလည်လို့သွားခဲ့ရပါတယ်။ ဒါ့အပြင် နှစ်ဖက်စလုံးကြားမှာရှိနေတဲ့ အကွာအဝေးကလဲ အစွမ်းကုန်တိုက်ခိုက်မှသာဖျက်ဆီးနိုင်မှာပါ။

ညီအစ်မနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီ စိတ်ဆုံးဖြတ်လိုက်ပါတယ်။ မိန်းကလေးနှစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ၀ိဉာဥ်စက်ကွင်းတွေက ရုတ်တရက်ဆိုသလို ပျောက်ကွယ်လို့သွားခဲ့ပြီ သူ့လက်တွေကိုလဲ ဖယ်ရှားလိုက်ပါတော့တယ်။ အဲ့ဒီနောက် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လိုက်ကြတယ်။

၀မ်သုန့်ကတော့ တခဏတာ မျက်လုံးပြူးသွားခဲ့ပါပြီ။ သူတို့တွေ ဘာလုပ်နေကြတာလဲ။

ဒီမေးခွန်းကို လန်ညီအစ်မရဲ့ လုပ်ရပ်က အဖြေပေးပြီသားဖြစ်သွားခဲ့တယ်။ သူတို့ချက်ချင်းဆိုသလို အရင်တစ်ခေါက်ကထက် ပိုပြီးကြီးမားတဲ့ ၀ိဉာဥ်စွမ်းအားကို ထုတ်လွှတ်ပါတော့တယ်။ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်လိုက်တဲ့အချိန်မှာပဲ အပြာရောင်အလင်းတန်းကြီးတစ်ခုက ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လို့လာခဲ့ပြီ သူတို့ကို ရှင်းရှင်းလင်းလင်း မမြင်ရတော့အောင် ဖြစ်သွားစေခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ သူတို့ရဲ့ လေပေါ်လွှင့်နေတဲ့ ဆံပင်တွေကလဲ တောက်ပတဲ့ အပြာရောင်တွေအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ ဆံပင်ကွန်ယက်က အရင်လို တောက်ပနေဆဲပါပဲ။ ဒါပေမယ့် ၀မ်သုန့်ကိုပါ လုံး၀ လွှမ်းခြုံပြီ ဖုံးအုပ်ဖို့အတွက် ပြင်ဆင်နေပုံမျိုး ပေါ်လာခဲ့ပါတယ်။

သူ့ရဲ့ အတောင်ပံတွေကလဲ ဒါကိုဖောက်ထွက်ဖို့ပြင်ပေမဲ့ အရင်တစ်ခေါက်ကလို အလွယ်လေးမဖောက်ထွက်နိုင်တော့ပါဘူး။ ဒီလိုခံနိုင်ရည်အားကောင်းပြီ ပုံစံပြောင်းဖို့လွယ်ကူတဲ့ ကွန်ယက်ထဲမှာ ပိတ်မိသွားခဲ့မယ်ဆိုရင် ၀မ်သုန့် ဘယ်လောက်ပဲ ရုန်းကန်ပါစေ ထွက်ပြေးဖို့ခက်နေမှန်း သိနေခဲ့တယ်။ ဒါ့အပြင် သူ့ဘေးမှာရှိနေခဲ့တဲ့ ကွန်ယက်က တဖြည်းဖြည်းပိုပြီး သေးငယ်လာခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိဉာဥ်ထောက်လှမ်းမျှဝေမှုကလဲ ဒီကွန်ယက်ကြီးကြောင့် ပျောက်ကွယ်သွားရပါတယ်။

ဟို့ယွိဟောင်က သူ့ရဲ့စွမ်းရည်ကို ရပ်တန့်လိုက်တာလား သေချာပေါက် မဖြစ်နိုင်ပါဘူး။ လက်ရှိအချိန် ၀မ်သုန့် အဆက်အသွယ်ပြတ်တောက်သွားရတဲ့အကြောင်းအရင်းကတော့ ဒီ၀ိဉာဥ်စွမ်းရည်က အရမ်းကို သန်မာလွန်နေခဲ့တာကြောင့်ပါပဲ။ ဒါ့အပြင် ပေါင်းစည်းမှုအင်အားက အပြင်ရဲ့ အထောက်အပံ့တွေအားလုံးကို ဖြတ်ချလိုက်ပါတယ်။ ဘယ်လောက်ပဲ ကြည့်နေပါစေ ဟို့ယွိဟောင်က ၀ိဉာဥ်စက်ကွင်းသာ ပိုင်ဆိုင်တဲ့ ပညာရှင်ဖြစ်နေဆဲပါ။

ဒီလိုအချိန် အခိုက်အတန့်လေးတစ်ခုလေးအတွင်းမှာ ၀မ်သုန့်လဲ ဆံပင်ကွန်ယက်ထဲ ပိတ်မိလို့သွားပါတော့တယ်။ တလက်လက်တောက်ပနေတဲ့ အပြာရောင်ဆံပင်တွေက သူ့ကို လုံး၀ဖုံးလွှမ်းသွားခဲ့ပါပြီ။ ဒါပေမယ့် ဒီဆံပင်တွေက ရပ်တန့်မဲ့ပုံမပေါ်သေးပါဘူး။ ရှောင်ရှောင်းနဲ့ ဟို့ယွိဟောင်နှစ်ယောက်ဆီကိုပါ ထပ်မံပြီ ပြေး၀င်လာရင်း ဖမ်းဆီးဖို့အတွက် ပြင်နေခဲ့ပါသေးတယ်။

” ၀ိဉာဥ်ပေါင်းစည်းတဲ့စွမ်းရည်လား ”

ရှောင်ရှောင်းက တအံ့တဩပြောလာမိပါတယ်။ သူမချက်ချင်းဆိုသလို အသက်သုံးချောင်း​၀ိဉာဥ်ချေဖျက်အိုးကြီးရဲ့ အစွမ်းကုန်တိုက်ခိုက်မှုကို စတင်အသုံးပြုဖို့ လုပ်ပါတော့တယ်။ ကြီးမားတဲ့အိုးကြီးက အိုးငယ်သုံးလုံးအဖြစ် ကွဲထွက်လို့သွားခဲ့ပြီ သူတို့ဆီပြေး၀င်လာနေတဲ့ ကွန်ယက်ကြီးကို တိုက်ခိုက်ဖို့လုပ်ပါတယ်။

၀ိဉာဥ်ပေါင်းစည်းစွမ်းရည်က ၀ိဉာဥ်ပညာရှင်နှစ်ယောက်ရဲ့ ၀ိဉာဥ်ပေါင်းစည်းမှုတွေက ဖြစ်ပေါ်လာတဲ့အရာပါ။ ဒါကြောင့် သာမန်အဆင့်တူ၀ိဉာဥ်စွမ်းရည်တွေထက် ပိုပြီးသာနေခဲ့ပါတယ်။ အဆင့်တူတွေထက်ကို သူတို့က ပိုပြီးမြင့်မားသွားခဲ့ပါပြီ။ တခြားတစ်ဖက်မှာလဲ ၀ိဉာဥ်ပေါင်းစည်းတဲ့စွမ်းရည်က အရမ်းကို နည်းပါးတဲ့၀ိဉာဥ်ပညာရှင်တွေသာ ထုတ်သုံးနိုင်တဲ့အရာလဲ ဖြစ်ပါတယ်။ လုံး၀ကို လိုက်လျောညီထွေးဖြစ်နေတဲ့ ၀ိဉာဥ်ပညာရှင်တွေကသာ ဒီအရာမျိုးကိုပြန်ပြီ တောင့်ခံနိုင်လိမ့်မယ်။

ဟွမ်ချူထျန်းက သူတို့အဖွဲ့မှာ အသန်မာဆုံးသူပါပဲ။ ဒါပေမယ့် သူတို့အဖွဲ့ရဲ့ တကယ်၀ှက်ဖဲအစစ်ကတော့ လန်ညီအစ်မအသုံးပြုနိုင်တဲ့ ၀ိဉာဥ်ပေါင်းစည်းစွမ်းရည် ဖြစ်နေခဲ့တယ်။

အစောပိုင်းတိုက်ပွဲမှာ သေချာပေါက် ကိုယ့်ကိုကိုယ် ထိန်းချုပ်ပြီ ဒါမျိုးကို မသုံးခဲ့ပါဘူး။ သူတို့တွေ လိုအပ်မှသာ သုံးခဲ့ပါတယ်။ ဒါ့အပြင် ရှုံးမဲ့ပွဲမဟုတ်သေးသရွေ့ ထုတ်မသုံးဖို့အတွက် ဆုံးဖြတ်ထားခဲ့တယ်။ လက်ရှိအချိန်မှာ သူတို့တွေ ငါးချီမြောက်ကို ကျော်ဖြတ်လာတဲ့ ပထမပွဲဖြစ်တာကြောင့် လုံး၀ကို အရှုံးမခံနိုင်ပါဘူး။ ဟို့ယွိဟောင်တို့ နံပါတ်တစ်အဖွဲ့ကလဲ အခြေချထားတဲ့အဖွဲ့ဖြစ်နေခဲ့တယ်။ ဟွမ်ချူထျန်းတို့အဖွဲ့က သူတို့မှာလဲ ကိုယ်ပိုင်တာ၀န်တစ်ခု ရှိနေခဲ့ပါတယ်။ သူတို့ရဲ့ တာ၀န်ကတော့ ထိပ်တန်းသုံးနေရာကို ၀င်ရောက်ဖို့ပါပဲ။

ဒါကြောင့်သာ လန်ညီအစ်မက တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်လိုက်ရင်း ကောင်းကင်ကွန်ယက်ကိုအသုံးပြုဖို့ ဆုံးဖြတ်လိုက်ချင်လဲ ဖြစ်ပါတယ်။

၀ိဉာဥ်စက်ကွင်းနှစ်ကွင်း ပိုင်ဆိုင်ထားတဲ့ ၀ိဉာဥ်ပညာရှင်တွေမပြောနဲ့ ၀ိဉာဥ်စက်ကွင်းသုံးကွင်းပိုင်တဲ့ ၀ိဉာဥ်အကြီးအကဲတွေတောင်မှ တစ်ယောက်ထဲကြိုးစားရင်း ဒီနေရာကနေ လွှတ်မြောက်ဖို့မလွယ်ကူပါဘူး။

အနက်ရောင်အိုးသုံးလုံးကို ၀ါးမြိုခံလိုက်ချိန်မှာ ရှောင်ရှောင်းကလဲ အော်လိုက်ပါတော့တယ်။ ရုတ်တရက်ဆိုသလို တူညီတဲ့ အသံလှိုင်းတွေက ကွန်ယက်ထဲမှာ ထွက်ပေါ်လို့လာခဲ့တယ်။

ကွန်ယက်က အနည်းငယ်တော့ လှုပ်ခတ်လို့သွားခဲ့ပါတယ်။ ဒါက ဟွမ်ချူထျန်းရဲ့ ၀ိဉာဥ်စွမ်းရည်ကို တားဆီးခဲ့တဲ့ စွမ်းအားတစ်ခုပါပဲ။

ဒါ့အပြင် ဒီတစ်ခေါက် အသုံးချမှုက အရင်တစ်ခေါက်နဲ့ ကွာခြားလို့နေခဲ့တယ်။ ဒီအချိန်မှာ အိုးကြီးရဲ့ လှုပ်ခတ်မှုက အိုးငယ်သုံးခုကို ပေါင်းစည်းပြီသုံးထားတာကြောင့် စွမ်းရည်အပြည့်အ၀ ထုတ်လွှတ်နိုင်ခဲ့ပါပြီ။

ရှောင်ရှောင်းရဲ့ လျှို့၀ှက်ကလဲ ဒီနေရာမှာရှိနေခဲ့တယ်။ အိုးသုံးလုံးအတူတူပေါင်းစည်းလိုက်ချိန်မှာ သူတို့ရဲ့ ခုခံနိုင်စွမ်းက အကောင်းဆုံးပါပဲ။ အိုးသုံးလုံးကို လွှင့်ထုတ်ချိန်မှာတော့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ ၀ိဉာဥ်စွမ်းရည်တွေက အကောင်းဆုံးဖြစ်လာခဲ့တယ်။

ဒါပေမယ့် ကောင်းကင်ကွန်ယက်ကတော့ ပေါင်းစည်းတဲ့၀ိဉာဥ်စွမ်းရည်တစ်ခုဖြစ်နေဆဲပါ။ ရှောင်ရှောင်း အစွမ်းကုန်တိုက်ခိုက်တာတောင် ဒီအရာကို မဖောက်ထွက်နိုင်သေးပါဘူး။ ကွန်ယက်က ရှောင်ရှောင်းဆီကို ဆက်တိုက်ဆိုသလိုပျံသန်းလာနေရင်း သူမရှေ့မှာ ပေါ်လာပါတော့တယ်။

ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်က ရုတ်တရက်အော်လိုက်တယ်။

” ၀မ်သုန့် ”

လက်ရှိအချိန်မှာတော့ ရှောင်ရှောင်းအနားကို နီးကပ်လာနေတဲ့ ကွန်ယက်က ရုတ်တရက်ရပ်တန့်လို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့အသံကို တုန့်ပြန်လိုက်သလိုပါပဲ။ အပြာနဲ့ရွှေရောင်တောက်ပနေခဲ့တဲ့အလင်းတန်းကြီးက ကွန်ယက်ရဲ့အတွင်းနေရာကနေ ရုတ်တရက်ဆိုသလို တောက်ပလာပါတော့တယ်။

ဟို့ယွိဟောင်ရဲ့ထောက်လှမ်းမှုက ဆက်တိုက်ဆိုသလို အလုပ်လုပ်နေခဲ့တာပါ။ ကွန်ယက်က တားဆီထားခဲ့ပေမဲ့ သန်မာအားကောင်းတဲ့ မျှဝေမှုကို ရှောင်ရှောင်းလဲ ခံစားနေရဆဲဖြစ်ပါတယ်။ ရုတ်တရက်ဆိုသလို သူမလန့်သွားရလောက်အောင် ပုံမှန်ကျယ်ကျယ်ပြန့်ပြန့်ရှိနေခဲ့တဲ့ ထောက်လှမ်းမှုက တစ်နေရာထဲကိုပဲ ဦးတည်လို့သွားပါတော့တယ်။ အဲ့ဒါကလဲ ဟို့ယွိဟောင် အော်လိုက်တဲ့အချိန်မှာ စုစည်းလို့သွားခဲ့တာပါ။

ဟို့ယွိဟောင်ရဲ့ ၀ိဉာဥ်စွမ်းအားပေါင်းစည်းမှုက အရမ်းကို မြင့်တက်လာရုံတင်မကပဲ နားမလည်နိုင်လောက်အောင် အားကောင်းတဲ့ စွမ်းအားတစ်ခုလဲ ပါ၀င်လို့နေခဲ့တယ်။ အဲ့ဒီနောက် ရုတ်တရက်ဆိုသလို မူးဝေနိုင်လောက်တဲ့ လှိုင်းတစ်ခုက သူမရဲ့စိတ်ထဲ ဖြတ်သန်း၀င်ရောက်လို့လာနေတာကို ရှောင်ရှောင်းခံစားလိုက်မိပါတယ်။

အဲ့ဒီနောက် ကွန်ယက်က ရုတ်တရက်ဆိုသလို ဖျက်ဆီးပြိုလဲသွားခဲ့ပြီ လှိုင်းကြီးတစ်ခု ချေဖျက်တာကို ခံရပါတော့တယ်။

၀မ်သုန့်ကတော့ အသက်ပြင်းပြင်းရှုရင်း အပြင်ကို ရောက်ရှိလာခဲ့ပါပြီ။

သူလဲ အတော်လေးကို အစွမ်းကုန်သွားပုံရပါတယ်။ တခြားတစ်ဖက်မှာရှိနေတဲ့ လန်ညီအစ်မကြီးနှစ်ယောက်ကတော့ ပိုပြီး အခြေအနေဆိုးနေခဲ့တယ်။ သူတို့ကတော့ သတိလစ်မေ့မြောရင်းနဲ့ မြေပြင်ပေါ်မှာ လှဲကျနေခဲ့ပါပြီ။

ဟို့ယွိဟောင်ရဲ့မျက်နှာကလဲ အရမ်းကို ဖြူဖျော့နေခဲ့ပါတယ်။ သူအရမ်းကို ပင်ပန်းလွန်လို့ နောက်ထပ်တောင် အစွမ်းမထုတ်နိုင်တော့တဲ့ပုံပါပဲ။ လက်ရှိအချိန်မှာ ၀မ်သုန့်လောက်တောင် အခြေအနေမကောင်းပဲ ဖြစ်နေခဲ့တယ်။ ရင်ဘတ်ကတော့ နှိမ့်ချည်မြင့်ချည်နဲ့ အသက်ပြင်းပြင်းရှုသွင်းနေခဲ့ရပါတယ်။

နယ်မြေကိုကြည့်နေခဲ့တဲ့ ၀မ်ယန်ကတော့ အတော်လေးကိုစိတ်ရှုပ်ထွေးမှုအပြည့်နဲ့ ရှိနေခဲ့တယ်။

လန်မျိုးနွယ်ညီအစ်မနှစ်ယောက် ကောင်းကင်ကွန်ယက်ကို ထုတ်သုံးချိန်ကထဲက သူ့အရမ်းကို လန့်နေခဲ့တာပါ။ ဟို့ယွိဟောင်တို့အဖွဲ့က ရှုံးတော့မယ်လို့တောင် စိတ်ထဲမှာတွေးထားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ကြီးမားတဲ့ အပြောင်းအလဲက ဖြစ်ပေါ်သွားခဲ့ပါပြီ။ ကောင်းကင်ကွန်ယက်က ပြိုင်ဘက်ကို အနိုင်ယူနိုင်တော့မဲ့အချိန်မှာပဲ ဟို့ယွိဟောင်တို့အဖွဲ့က မိုးကောင်းကင်နဲ့ မြေပြင်ကို ပြောင်းပြန်လှန်းလိုက်သလိုမျိုး အခြေအနေနဲ့ပြန်ပြီး အနိုင်ရသွားခဲ့တယ်။

ဟို့ယွိဟောင်အဖွဲ့ ဘယ်လိုလှုပ်ရှားလိုက်လဲဆိုတာ သူမသိတာကြောင့် ၀မ်ယန်လဲ အတော်လေး စိတ်ဖိစီးနေခဲ့ပါတယ်။ အထူးသဖြင့် ဟို့ယွိဟောင် ကိုယ်တိုင်းပါပဲ။ သူ့ရဲ့ ဖြူဖျော့နေတဲ့ပုံစံနဲ့ အော်ဟစ်လိုက်တဲ့အသံတွေကြောင့် သူလှုပ်ရှားမှုလုပ်ခဲ့တယ်ဆိုတာ သိသာနေခဲ့တယ်။ ဒါ့အပြင် သူ့အစွမ်းကုန်တိုက်ခိုက်မှုကြောင့် ဒီကွန်ယက်က ပျက်စီးသွားပုံပါပဲ။ ဒါပေမယ့် ဘယ်လိုနည်းနဲ့များ လှုပ်ရှားလိုက်တာလဲ ဘယ်လိုနည်းနဲ့များ ၀ိဉာဥ်စွမ်းရည်ပေါင်းစည်းမှုကို သူဘယ်လိုဖျက်ဆီးပြစ်လိုက်တာလဲ ၀မ်ယန်လဲ ကိုယ်တိုင်းနားမလည်နိုင်လောက်အောင် ဖြစ်နေခဲ့ရပါတယ်။

အပိုင်း ၁၉•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset