Chapter – 19.1 ” ၀ိဉာဥ်ပေါင်းစည်း စွမ်းရည် ကောင်းကင် ကွန်ယက် ”
°°°
လက်ရှိအချိန်မှာ သူတို့ရင်ဆိုင်နေရတဲ့အဖွဲ့ရဲ့ ကျောင်းသားသုံးယောက်စလုံးက အဆင့်နှစ်ဆယ်အထက်မှာ ရှိနေခဲ့ပါတယ်။ သူတို့တွေ ပထမမူလနေရာမှာ ဘယ်လိုကြောင့်များ ပထမနေရာကို မရရှိခဲ့ရတာလဲ ဒါ့အပြင် ဟို့ယွိဟောင်တို့အသင်းပထမဆုံးကြုံတွေ့ရတဲ့ ၀ိဉာဥ်မဟာပညာရှင်တွေလဲ ဖြစ်နေခဲ့ပါတယ်။
ဟွမ်ချူထျန်းတို့ အဖွဲ့သုံးယောက်က တကယ်ကို သန်မာကြတာအမှန်ပါ။ ဒါပေမယ့် သူတို့မူလနေရာမှာ တွေ့ခဲ့တဲ့ရန်သူတွေက သူတို့ကို ကောင်းကောင်းထိန်းချုပ်သွားနိုင်ခဲ့တယ်။ ဒါကြောင့်သာ လေးပွဲနိုင်ပြီ တစ်ပွဲရှုံးသွားခဲ့ရတာပါ။ အဲ့ဒီနောက် နယ်မြေနံပါတ်သုံးဆယ်သုံးဆီကို ပြန်လည်ရောက်ရှိလာခဲ့ပါတော့တယ်။
၀မ်သုန့်ကလဲ ပြိုင်ပွဲစတင်ချိန်ကထဲက လေပေါ်ကို ပျံတက်သွားခဲ့ပါပြီ။ သူ့ရဲ့ လှပပြီတောက်ပတဲ့ လိပ်ပြာအတောင်ပံတွေက ချက်ချင်းဆိုသလိုထွက်ပေါ်လာပါတော့တယ်။ သူ့ရှေ့မှာရှိနေတဲ့ အမွှာနှစ်ယောက်ကလဲ ၀မ်သုန့်ကိုကြည့်နေတဲ့အကြည့် လုံး၀ပြောင်းလဲသွားပါပြိီ။
ဟွမ်ချူထျန်းက အော်ဟစ်ဟိန်းဟောက်လိုက်ရင်း ရုတ်တရက်ဆိုသလို ၀မ်သုန့်နဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ပါတော့တယ်။ သူ့ခြေထောက်တွေက မြေပြင်ပေါ်ကို အရှိန်ယူပြီ ဖိချလိုက်ချိန်မှာတော့ နက်ရှိုင်းတဲ့အသံကြီးတစ်သံ ထွက်ပေါ်လို့လာပါတယ်။ အဲ့ဒီနောက် ၀မ်သုန့်နဲ့သုံးမီတာအကွာကနေ ရုတ်တရက်ဆိုသလို လေထဲကိုခုန်ပြီ လက်သီးနဲ့ ထိုးချဖို့ပြင်ပါတော့တယ်။ ၀မ်သုန့်ကတော့ အတောင်ပံတွေကို ခေါက်ချလိုက်ပြီ ဒီလက်သီးချက်ကို တိုက်ရိုက်ရင်ဆိုင်ဖို့အတွက် ပြင်ဆင်နေခဲ့တယ်။
” ဗန်း ”
ဟွမ်ချူထျန်းရဲ့ ကြောက်စရာကောင်းတဲ့ အင်အားက ၀မ်သုန့်ပေါ်ကို မသက်ရောက်ခဲ့ပါဘူး။ သူက မြေပြင်ပေါ်ကို ပြန်ပြုတ်ကျလို့သွားခဲ့ရပါပြီ။ မြေပြင်ပေါ်ကို ပြုတ်ကျချိန်မှာနောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်သွားရင်း ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရပါတော့တယ်။ ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းချုပ်ပြီတဲ့နောက် နောက်တစ်ကြိမ် လေထဲကို ပြန်ခုန်တက်လာခဲ့ပြီး ၀မ်သုန့်ကို ထပ်မံတိုက်ခိုက်ဖို့ လုပ်ပါတော့တယ်။ ဒီတစ်ကြိမ်မှာပဲ ကြီးမားပြီး မှောင်မိုက်နေတဲ့အိုးကြီးက အသံတိတ်ပေါ်လာပြီ ဟွမ်ချူထျန်းရဲ့ လမ်းကိုလာတားဆီးတော့တယ်။ ဟွမ်ချူထျန်းက အိုးထဲကိုခုန်၀င်မိတော့မလိုပါပဲ။
ဟွမ်ချူထျန်းလဲ မျက်လုံးပြူးသွားခဲ့ရပါတယ်။ သူက လေထဲမှာနေရာကို ပြောင်းလဲနိုင်ဖို့အတွက် အခြေအနေမရှိခဲ့ပါဘူး။ ဒါကြောင့် အိုးကြီးကို ရွေးချယ်စရာမရှိပဲ ၀င်တိုက်လိုက်ရပါတော့တယ်။
အဲ့ဒီနောက် ထူးထူးဆန်းဆန်းကြီးနဲ့ အဲ့ဒီအိုးကြီးက အနောက်ဖက်ကို သုံးဆယ်စင်မီတာအထိ နောက်ဆုတ်လို့သွားခဲ့ရင်း လှုပ်ရှားမှုလဲ ပြောင်းလဲလို့သွားခဲ့ပါတယ်။ ဒါ့အပြင် ဟွမ်ချုထျန်းရဲ့ လက်သီးချက်ကို အလွယ်လေး ရှောင်ရှားလိုက်ပြီးတဲ့နောက် အရှေ့ကိုနောက်တစ်ကြိမ် ထပ်မံပြန်တက်လာခဲ့ပါတယ်။ ဟွမ်ချူထျန်းကတော့ အခုအချိန်ထိ သန်မာနေဆဲပါပဲ။ သူ့ခန္ဓာကိုယ်ကို အရှေ့ကိုင်းညွတ်လိုက်ရင်း သုံးချောင်းထောင့်အိုးကြီးကို ထိထိမိမိ တိုက်ခိုက်နိုင်လိုက်တယ်။
ဟွမ်ချူထျန်းကိုယ်တိုင်းလဲ အနောက်ဖက်ကို ပြန်လွှင့်ထွက်သွားခဲ့ပြီး အိုးကြီးက ၀မ်သုန့်ဘေးကို ပြန်လည်ကျရောက်လို့သွားပါတော့တယ်။ ရှောင်ရှောင်းအနေနဲ့ ပထမဆုံး စပြီတိုက်ခိုက်တာပါ။
ပြိုင်ပွဲရဲ့အုပ်ချုပ်သူ ၀မ်ယန်ရဲ့ မျက်လုံးတွေကတော့ တောက်ပလာပါတော့တယ်။ ရှောင်ရှောင်းရဲ့ သိုင်းပညာ၀ိဉာဥ်က ဘယ်လောက်အထိ သူမတူအောင်ထူးခြားနေလဲဆိုတာ သူကောင်းကောင်းကြီးမြင်နေခဲ့ရပါတယ်။ ဒါကြောင့်သာ ရှောင်ရှောင်းရဲ့ စွမ်းရည်တွေကို သူတွက်ချက်နိုင်တာပါ။
၀မ်သုန့်က ရှောင်ရှောင်းကိုလှည့်ရင်း ပြုံးပြလိုက်ပါတယ်။
” ငါက သူ့ရဲ့အင်အားကိုစမ်းသပ်နေတာ ဒီကောင်ရဲ့သိုင်းပညာ၀ိဉာဥ်က အရမ်းမာကျောတဲ့ လူ၀ံအမျိုးအစားပဲ သူဒီလောက်အားကောင်းတာ အံ့ဩစရာမရှိဘူး ‘”
ပြောပြီတဲ့နောက် လေထဲကိုပြန်ခုန်တက်သွားပါတယ်။ သူ့ရဲ့ခြေထောက်တွေက သုံးချောင်းထောင့်အိုးကြီးပေါ်ကို တက်နင်းလို့သွားခဲ့ရင်း ပထမ၀ိဉာဥ်စက်ကွင်းက တောက်ပလို့လာပါတယ်။
” ဟွမ်ချူထျန်း မင်းကပဲပိုပြီး သန်မာမလား ငါ့ရဲ့အတောင်ပံတွေကပဲ ပိုပြီး မာမလားဆိုတာ ကြည့်ကြသေးတာပေါ့ ”
အတောင်ပံတွေကို ဆန့်ထုတ်လိုက်ရင်းနဲ့ ပြိုင်ဘက်ဆီကို သူပြေး၀င်သွားပါတော့တယ်။ ၀မ်သုန့်က သူ့ပြိုင်ဘက်ဆီ ပြေး၀င်လာချိန်မှာ လန်စုစုနဲ့ လန်လော့လော့တို့ကလဲ သူ့ကိုမကြည့်တော့ပါဘူး။ အဲ့ဒီအစား တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်းနဲ့ သူတို့ရဲ့လက်တွေကို ပေါင်းစည်းလိုက်ပါတော့တယ်။ ပိုပြီးအားကောင်းတဲ့ ၀ိဉာဥ်စွမ်းအားပေါင်းစည်းမှုက သူတို့ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လို့လာခဲ့ပါပြီ။ သူတို့ရဲ့ ဆယ်မီတာကျော်ရှည်လျားတဲ့ ဆံပင်တွေက လေထဲမှာပိုက်ကွန်ကြီးတစ်ခုအသွင်ကို ပြောင်းလဲရင်း ၀မ်သုန့်ဆီကို ရောက်ရှိလာပါတော့တယ်။ ဒီပိုက်ကွန်ကိုအသုံးပြုရင်း လိပ်ပြာကိုဖမ်းဆီးတာက သူတို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။
ဆံပင်ပိုက်ကွန်လား ဒါကတော့ အမွှာနှစ်ယောက်ပိုင်ဆိုင်တဲ့ ပထမ၀ိဉာဥ်စက်ကွင်းရဲ့စွမ်းရည်ပါ။ သူတို့ရဲ့ ၀ိဉာဥ်စွမ်းရည်ကလဲ လုံး၀ကို ထပ်တူကြနေခဲ့ပြီ စိတ်၀ိဉာဥ်တွေရဲ့ ပေါင်းစည်းမှုနဲ့အတူ ကြီးမားတဲ့ အပြာရောင်ပိုက်ကွန်ကြီးတစ်ခုကို ဖန်တီးရင်း ၀မ်သုန့်ကို ဖမ်းဖို့လုပ်ပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိဉာဥ်စွမ်းအားထောက်လှမ်းမှုက ဒီပိုက်ကွန်ရဲ့ကြားမှာ ဘယ်အပေါက်ကိုမှ မခံစားမိပါဘူး။
ဟွမ်ချူထျန်းကတော့ ပိုက်ကွန်ကြီးထဲကို ခပ်မြန်မြန်ပဲ ပြန်လည်ဆုတ်ခွာလို့သွားခဲ့ပါပြီ။ ဒါ့အပြင် ပိုက်ကွန်ကတော့ သူ့ကိုလုံး၀ မထိပဲနဲ့ ဖောက်ထွက်လို့သွားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဟို့ယွိဟောင်စိတ်အပူဆုံး ဖြစ်ရပ်က ဖြစ်လာခဲ့ပါပြီ။ သူတို့ရဲ့ပြိုင်ဘက်မှာ တိုက်ခိုက်ရေးပညာရှင်တစ်ယောက်နဲ့ ထိန်းချုပ်ရေးပညာရှင်နှစ်ယောက် ရှိနေခဲ့တာချင်အတူတူပါပဲ။ ထိန်းချူပ်ရေးပညာရှင်နှစ်ယောက်ကလဲ အမွှာတွေဖြစ်နေခဲ့တယ်။ ဒါကြောင့် သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ပိုလို့နက်ရှိုင်းနေမှာပါ။
ဒီတစ်ကြိမ်မှာတော့ ၀မ်သုန့်ရဲ့ ကြောက်စရာကောင်းတဲ့ အတောင်ပံတွေရဲ့အစွမ်းကလဲ ထွက်ပေါ်လာပါတော့တယ်။ အစောပိုင်းတုန်းက ဒီဆံပင်ပိုက်ကွန်က သူ့ကို ဖိနှိမ့်ထားနိုင်တော့မဲ့အခြေအနေမှာ ရှိခဲ့ပေမဲ့ သူ့ရဲ့အတောင်ပံတွေကနေ ချွန်ထက်တဲ့ထိပ်ဖျားတွေ ထွက်ပေါ်လို့လာခဲ့ပြီး ကြောက်စရာဖျက်ဆီးနိုင်စွမ်းကလဲ ရောက်ရှိလာခဲ့ပါပြီ။ ဒါ့အပြင် အပြာရောင်နဲ့ ရွှေရောင်တောက်နေတဲ့ ဓားသွားတွေက ကခုန်ထားရင်း အဲ့ဒီဆံပင်တွေကို အပေါက်ဖြစ်အောင် ဆွဲဖြဲပြစ်လိုက်ပါတော့တယ်။ သူက အဲ့ဒီအခွင့်အရေးကို အသုံးပြုပြီ ဟွမ်ချူထျန်းဆီကိုလဲ ဆင်းချလို့လာခဲ့ပါတယ်။
ဟို့ယွိဟောင်ရဲ့ စိတ်၀ိဉာဥ်အကူအညီကို အသုံးပြုရင်း ဟွမ်ချူထျန်းရဲ့ တည်နေရာကို သူကောင်းကောင်းသိနေခဲ့တယ်။
ဟွမ်ချူထျန်းနဲ့ အမွှာနှစ်ယောက်ကတော့ အထိတ်တလန့်နဲ့သာ ရှိနေခဲ့ကြပါတယ်။ သူတို့က သူ့ရဲ့အတောင်ပံတွေ ဒီလောက်အထိ ဖျက်ဆီးနိုင်စွမ်းကြီးမားနေမယ်လို့ မထင်ထားခဲ့မိပါဘူး။ ဒါ့အပြင် ၀မ်သုန့်က ဟွမ်ချူထျန်း ဘယ်နေရာမှာရှိနေမှန်း အတိအကျကြီးသိနေခဲ့တဲ့အတွက် ပိုလို့အံ့ဩနေခဲ့ရပါတယ်။ သူ့ရဲ့ မျက်စိမြင်ကွင်းကို ဒီဆံပင်တွေရဲ့ကွန်ယက်က မတားဆီးထားနိုင်ပုံပါပဲ။
ဟွမ်ချူထျန်းကတော့ အော်ဟစ်ဟိန်းဟောက်လိုက်ရင်း သူ့ရဲ့ပထမ၀ိဉာဥ်စက်ကွင်းက ချက်ချင်းတောက်ပလို့လာခဲ့ပါပြီ။ အဲ့ဒီနောက် လက်သီးကြီးကလဲ နှစ်ဆကြီးမားလာပါတော့တယ်။ တောက်ပပြီးအားကောင်းတဲ့ သံမဏိလိုအလင်းတန်းတွေက ပေါ်ထွက်လို့လာခဲ့ပြီ ၀မ်သုန့်ရဲ့အတောင်ပံတွေကို တိုက်ခိုက်ဖို့လုပ်ပါတယ်။ ဒီလိုဖြစ်လာချိန်မှာတော့ လန်မျိုးနွယ်ညီအစ်မတွေက သူတို့ရဲ့အတောင်ပံတွေကို အသုံးပြုရင်း ၀မ်သုန့်ကို အနောက်ကနေ ဖမ်းဆီးဖို့လုပ်ပါတော့တယ်။
၀မ်သုန့်ရဲ့ အတောင်ပံတွေနဲ့ လက်သီးကြီးက ထိမိလိုက်ချိန်မှာ မာကျောကြမ်းတမ်းတဲ့အသံက ထွက်ပေါ်လို့လာခဲ့ပါတယ်။ ဟွမ်ချူထျန်းက နောက်တစ်ကြိမ် လွှင့်ထွက်သွားရပြန်ပါပြီ။ အဲ့ဒီနောက် ခြေလှမ်းငါးလှမ်းခြောက်လှမ်းအထိနောက်ဆုတ်ရင်း သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရပါတယ်။ သူ့လက်သီးကနေလဲ သွေးတွေက တစ်စက်စက်စီးကျလို့နေခဲ့ပြီး တစ်စုံတစ်ရာနဲ့ ဆွဲဖြဲခံထားရတဲ့အတိုင်း ထိခိုက်လို့သွားခဲ့တယ်။
ဟွမ်ချူထျန်းရဲ့ အမူအရာက ပြောင်းလဲလို့သွားခဲ့ပါပြီ။ သူ့ရဲ့သိုင်းပညာ၀ိဉာဥ်က ကြောက်စရာကောင်းတဲ့ သိုင်းပညာ၀ိဉာဥ်ဖြစ်ပြီ မာကျောတဲ့အရေးပြားကြောင့် ကျော်ကြားတဲ့အပြင် သူမတူအောင်ထူးခြားတဲ့ အစွမ်းအစတွေလဲ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ၀မ်သုန့်ရဲ့ အတောင်ပံတွေကိုတော့ လုံး၀ကို မတားဆီးနိုင်ခဲ့ပါဘူး။ သူက ၀မ်သုန့်ထက် အားနည်းလို့မဟုတ်ပဲ အတောင်ပံတွေက အရမ်းကို စူးရှထက်မြက်နေခဲ့လို့ပါ။ အကယ်၍ သူသာ နောက်မဆုတ်ခဲ့ဘူးဆိုရင် သူ့ရဲ့လက်သီးတစ်ခုလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်ချေများပါတယ်။
ဟွမ်ချူထျန်းကို အတောက်ပံတစ်ချက်ထဲနဲ့ နောက်ဆုတ်အောင် လုပ်လိုက်ပြီးတဲ့နောက် ၀မ်သုန့်က ပိုလို့တောင် ပျော်ရွှင်တက်ကြွလာပုံပေါ်ပါတယ်။ အနောက်ဖက်အတောင်ပံတွေကို တစ်ဖျတ်ဖျတ်ခတ်ရင်း သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းချုပ်လိုက်ပြီတဲ့နောက် လေထဲမှာ တစ်ပတ်ပြန်ပြီလိမ့်ချလိုက်ပါတယ်။ အဲ့ဒီနောက် အနောက်ဖက်မှာရှိနေတဲ့ ဆံပင်တွေရဲ့ကွန်ယက်ကို နောက်တစ်ကြိမ် ထပ်ပြီး ဆွဲဖြဲလိုက်တယ်။
၀မ်သုန့်ရဲ့ လက်ရှိအခြေအနေကို ဟို့ယွိဟောင်ရဲ့ စိတ်၀ိဉာဥ်ထောက်လှမ်းမှုကြောင့် ရှောင်ရှောင်းကတော့ ရှင်းရှင်းလင်းလင်း မြင်နေခဲ့တယ်။ ဒါကြောင့်သာ သူမ နောက်ထပ် လှုပ်ရှားမှုမပြုလုပ်တာပါ။
ဟွမ်ချုထျန်းက ဒေါသတကြီးနဲ့ အော်ဟစ်ဟိန်းဟောက်လိုက်ရင်း လက်နှစ်ဖက်ကို ခေါင်းပေါ်မြောက်ပြီ ဒုတိယ၀ိဉာဥ်စက်ကွင်းကို တောက်ပလာစေခဲ့ပါတယ်။ အ၀ါရောင်အလင်းတန်းတွေက သူ့တစ်ကိုယ်လုံးကို ပြည့်နှက်လို့သွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ လက်တွေကလဲ ဆန့်ထွက်လို့လာပါတော့တယ်။ သန်မာတဲ့ကြွက်သားတွေက ကြောက်စရာစွမ်းအားတွေအပြည့် ရှိနေခဲ့တယ်။ အ၀ါရောင်အလင်းတန်းက သူ့လက်သီးတွေပေါ်မှာဆက်တိုက်ဆိုသလို လှည့်ပတ်နေခဲ့ရင်း နောက်ဆုံးမှာတော့ ရပ်တန့်လို့သွားခဲ့ပါပြီ။
” စွမ်းအင်အမြောက် ”
ဟွမ်ချူထျန်း အော်လိုက်ပြိီတဲ့နောက် ရုတ်တရက်ဆိုသလို သူ့ရဲ့ လက်သီးကိုအသုံးပြုရင်း ၀မ်သုန့်ကို တိုက်ခိုက်ဖို့လုပ်ပါတော့တယ်။ အ၀ါရောင်အလင်းလုံးတွေက သူ့လက်သီးကနေ ထွက်ပေါ်လာခဲ့ပြီ ၀မ်သုန့်ဆီကို ပြေး၀င်သွားခဲ့ပါပြီ။ ဒီအလင်းလုံးကြီးတွေက ၀မ်သုန့်ကို တားဆီးထားနိုင်တဲ့ စွမ်းရည်ရှိနေခဲ့ပါတယ်။ ၀မ်သုန့်လဲ သုံးကြိမ်တိတိ ခုန်၀င်ပြီတာတောင် သူဒါတွေကို မခါချနိုင်ခဲ့ပါဘူး။
သူ့ရဲ့အတောင်ပံကို အသုံးပြုပြီ အလင်းတန်းကို တားဖို့ပြင်ဆင်လိုက်ရင်း ၀မ်သုန့်မျက်နှာပေါ်မှာ အပြုံးတစ်ခုက ရုတ်တရက်ပေါ်လာပါတော့တယ်။ အံ့ဩစရာကောင်းလောက်အောင်ပဲ သူဒါတွေကို မတားဆီးခဲ့ပဲ ဒီစွမ်းအားကို သူလုံး၀ လျစ်လျူရှုလို့ထားခဲ့တယ်။ အဲ့ဒီနောက် အောက်ဖက်ကို ပြန်ဆင်းသွားခဲ့ပြီး လန်မျိုးနွယ်ညီအစ်မနှစ်ယောက်ဆီကို တန်းတန်းမတ်မတ် ဆင်းသက်လာခဲ့ရင်း သူတို့ရဲ့ဆံပင်ပိုက်ကွန်ကို ဆက်တိုက်ဆွဲဖြဲနေခဲ့ပါတယ်။
၀မ်သုန့်ရဲ့အနောက်ဖက်မှာ သုံးချောင်းထောင့်အိုးကြီးက ရုတ်တရက်ပေါ်ထွက်လို့လာခဲ့ရင်း စွမ်းအင်အမြောက်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပါတော့တယ်။ သူတို့နှစ်ဖက် တိုက်မိချိန်မှာ သုံးချောင်းထောင့်အိုးကြီးကနေ ထွက်ပေါ်လာခဲ့တဲ့အနက်ရောင်အလင်းတန်းတွေက နားစည်ကွဲမတတ်ကျယ်လောင်လာခဲ့ပြီ လေထုတစ်ခုလုံးကို တုန်ခါလှုပ်ရှားသွားစေခဲ့ပါတယ်။
အပိုင်း ၁၉•၁ ပြီး၏။