Chapter – 204
“မိန်းမများ၏စိတ်”
ဝမ်ရမ်ချူးချူးသည်ဒေါသအမျက်ေချာင်းေချာင်း ထွက်နေေသာကြောင့်အံတစ်ချက် ကြိတ်လိုက်ရင်း –
“ဖန်ဇီလင် . . . ရှင့်ကို သတ်ဖို့ ကျွန်မကို တွန်းအားလာမပေးနဲ့နော် . . .”
ရဲရှောင် ရုတ်တရက်ကြောင်သွားပြီး –
“ငါ့ကိုသတ်ဖို့ ဟုတ်လား။ ဘာလို့လဲ မင်းဆရာကို ငါကုပေးဖို့ မလိုအပ်တော့ဘူးလား . . .”
ရဲရှောင်၏ စကားအဆုံးတွင်ဝမ်ရမ်ချူးချူးသည် ရဲရှောင်ထံသို့ တဟုန်ထိုးပြေးသွားလိုက်သည်။ ထို့နောက်သူမ၏ လက်မှ ဝတ်ရုံစများအား ဝေ့ယမ်းလိုက်ပြီး ဖြူဖွေးသည့် လက်နှစ်ဖက်ကို ဆန့်ထုတ်၍ ကျစ်ကျစ်ပါေအာင် ဆုပ်ထားလိုက်သည်။ ထိုလက်သီးများဖြင့်ရဲရှောင်အား အဆက်မပြတ်ပင်ထိုးနှက်ရန်ကြိုးစားလိုက်သည်။
ရဲရှောင်သည် ကောင်မလေးမှ သူ့အား အမှန်တကယ် တိုက်ခိုက်လာလိမ့်မည်ဟု မထင်ထားခဲ့မိချေ။ ဝမ်ရမ်ချုးချူးသည်ရဲရှောင်ထံမှ အကူအညီအား လိုအပ်နေသူဖြစ်သည့်အတွက်အလိုမကျဖြစ်နေသည့်တိုင်အကူအညီပေးမည့်လူအား အသားလွတ်မတိုက်ခိုက်သင့်ပေ။
ယခုကဲ့သို့ ပြင်းထန် မြန်ဆန်လှသည့် တိုက်ကွက်များဖြင့် တိုက်ခိုက်လာမည်ဟုလည်း ထင်မှတ်မထားခဲ့ချေ။
ရဲရှောင်အနေဖြင့်တိုက်ရည်ခိုက်ရည်ပိုင်းတွင်အတွေ့အကြုံ ကြွယ်ဝသည့်လူတစ်ဦး ဖြစ်သောကြောင့်သာ ကံကောင်းသွားသည်ဟု ဆိုရပေမည်။ မမျှော်လင့်ထားသော တိုက်ခိုက်မှုကြောင့်ရုတ်တရက်အံ့သြသွားသော်လည်း ပြာယာခတ်သွားခြင်းမျိုး မရှိဘဲ အလိုက်အထိုက်ဖြင့်သာဘေးသို့ ရှောင်တိမ်းလိုက်ရင်း သူ၏ လက်အား မြောက်လိုက်သည်။
“ဘုန်း”
ဝမ်ရမ်ချုးချုး၏ တိုက်ခိုက်မှုအား သူ၏ ရွှေလက်ဖြင့် ရိုက်ချလိုက်ပြီးချက်ချင်းပင် နောက်သို့ ဆုတ်ခွာလိုက်သည်။
ဝမ်ရမ်ချူးချူးနှင့် ယခင်ကလည်း တိုက်ခိုက်ခဲ့ဖူးသည့်အတွက်ယခုအခေါက်သည်ရဲရှောင်အတွက်အထူးအဆန်း မဟုတ်တော့ပေ။ ပထမအကြိမ်တွင်သူ့ထံ၌ လုံလောက်သော အင်အား မရှိသေးသောကြောင့်သာ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ယခုအခါတွင်မူ ထိုကဲ့သို့ မဟုတ်တော့ချေ။ ထို့ပြင် ဝမ်ရမ်ချူးချူးသည်လည်း မတွေ့ရသည့်အချိန်အတောအတွင်းမှာပင်အဆင့်များစွာ တိုးတက်လာခဲ့သည်။ ယခင်အခေါက် ရဲရှောင်နှင့်တိုက်ခိုက်ခဲ့စဉ်တွင် သူမသည် မြေကြီးအဆင့် ၉ သာ ရှိနေခဲ့သည်။
ဝမ်ရမ်ချူးချူး၏နောက်တွင်ကျောထောက်နောက်ခံ ကောင်းကောင်း ရှိပေလိမ့်မည်။ သူမ၏ ဆရာဖြစ်သူမှာလည်း ချင်းယန်နယ်ပယ်မှ ဖြစ်နိုင်လေသည်။ ထို့ကြောင့် သူမသည် သာမန်မိန်းကလေး တစ်ဦးတော့ မဟုတ်ချေ။ သို့သော် ရဲရှောင်သည်လည်း ကောင်းကင်အဆင့်သို့ ရောက်တော့မည့်လူတစ်ဦး ဖြစ်သည်။ လက်ရှိ အခြေအနေတွင် ကောင်းကင်အဆင့် ၅ ပညာရှင်မျိုးကိုပင် ကောင်းစွာ တိုက်ခိုက်နိုင်မည်ဟုလည်း သူ့ကိုယ်သူ ယုံကြည်ချက် ရှိနေခဲ့သည်။ ထို့ကြောင့် ဝမ်ရမ်ချူးချူးမှ သူ့အား တိုက်ခိုက်လာသည့်အချိန်တွင်ကြောင်ငေး၍ ပြာယာခတ်သွားခြင်းမျိုး မရှိခဲ့ခြင်း ဖြစ်သည်။
ဝမ်ရမ်ချူးချူးသည် ရဲရှောင်အား တရစပ်ပင်လိုက်၍ တိုက်ခိုက်လျက်ရှိသည်။ ရဲရှောင်သည်ရှောင်တိမ်းရန် မကြိုးစားတော့ဘဲ သူ၏ ရွှေလက်ဖြင့်သာ ခုခံနေခဲ့သည်။ ဝမ်ရမ်ချူးချူး ၏ တိုက်ခိုက်မှုများသည် မြန်ဆန်လွန်းလှသော်လည်းအားသိပ်မပါသကဲ့သို့ ဖြစ်နေလေသည်။ ရဲရှောင်၏ ရွှေလက်မှာမူ အားပါ၍ ပြင်းထန်ရုံသာမက မြန်ဆန်မှုလည်း ရှိသည်။ ထို့ကြောင့် ယခုတိုက်ပွဲတွင် သူနိုင်မည်ဟုသာ ယုံကြည်နေမိသည်။
သို့သော်လည်း တစ်ခါတစ်ရံတွင် အထင်နဲ့အမြင်လည်း လွဲတတ်ပေသည်။
ဝမ်ရမ်ချူးချူးသည် ရဲရှောင်၏ ရွှေလက်ဖြင့် ရင်ဆိုင်နေရသည့်တိုင် တုန်လှုပ်နေခြင်းမျိုး မရှိချေ။ သာမန်တိုက်ခိုက်မှုတစ်ခုနှင့်ရင်ဆိုင်နေရသည့်အတိုင်းပေါ့ပေါ့ပါးပါးဖြင့်ပင်ဆက်လက်တိုက်ခိုက်လျက်ရှိသည်။ သူမ၏ မျက်ဝန်းများသည်စူးရှတောက်ပလျက်ရှိပြီး ရဲရှောင်အား မရပ်မနားပင်တိုက်ခိုက်လိုက်သည်။
“ဘုန်း . . .”
ရဲရှောင်၏ ရွှေလက် နှင့်ဝမ်ရမ်ချုးချုး၏ လက်တို့ ရိုက်မိသွားခြင်း ဖြစ်သည်။ အလွန်ပြင်းထန်သော ရိုက်ချက်ပင်ဖြစ်သည်။ ရဲရှောင်၏ ရိုက်ချက်အား အားနည်းသူအဖို့ မည်သို့မျှ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
သို့သော်ဝမ်ရမ်ချုးချုးသည်ဟန်ချက်ပျက်သွားခြင်း မရှိဘဲရှေ့သို့ပင်ပို၍ တိုးလာလျက်ရှိသည်။ ရဲရှောင်မှာမူနောက်သို့ပင်ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထို့ပြင်ထူးဆန်းသော စွမ်းအားတစ်မျိုးသည်သူ၏ ခန္ဓာကိုယ်အတွင်းသို့ ရုတ်တရက် ပြန့်နှံ့ဝင်ရောက်သွားသည်ကိုလည်း ခံစားလိုက်ရသည်။
ဝမ်ရမ်ချုးချူးဘက်မှ ရဲရှောင်အား ထိုးစစ်ဆင်၍ တိုက်ရန်ကြိုးစားလျက်ရှိသည်။
ရဲရှောင်လည်း သူ အငိုက်မိသွားေကြာင်းသဘောပေါက်သွားခဲ့သည်။
နောက်သို့ ရှစ်လှမ်းခန့် ဆုတ်လိုက်ပြီးသည့်တိုင် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်စွမ်းအားများသည် အရှိန်မသေသေးချေ။ ထပ်မံ၍လည်းနောက်သို့ ဆုတ်ရန်မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ နောက်တွင် နံရံကြီးသာ ရှိနေတော့သောကြောင့်ဖြစ်သည်။
“ဝုန်း . . .”
ရဲရှောင်နံရံနှင့်အရှိန်ပြင်းပြင်းဆောင့်မိသွားခြင်းြဖစ်သည်။
ပြင်းထန်လှသော စွမ်းအားများကြောင့်နံရံသည်အပေါက်ကြီးတစ်ပေါက်ပင်ဖြစ်သွားကာ ဖုန်မှုန့် သဲမှုန့်များသည်လည်း လွင့်ပျံကုန်ကြသည်။ ထိုအခြေအနေအား အခွင့်ကောင်းယူ၍ ရဲရှောင်သည် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
ရယ်မောခြင်းကောင်းကင် ခြေလှမ်းအား အသုံးပြု၍ပျောက်ကွယ်သွားခြင်းပင်ဖြစ်သည်။
ဝမ်ရမ်ချုးချုး၏ တိုက်ရည်ခိုက်ရည်ကို ကြည့်ချင်းအားဖြင့်ယခုမော်တယ်ကမ္ဘာတွင် ထိပ်တန်းအဆင့် ပညာရှင်တစ်ဦးပင်ဖြစ်နေပြီ ဖြစ်ကြောင်း ရဲရှောင်ရိပ်စားမိလိုက်သည်။
ကနဦးကောင်းကင်အဆင့်ထက် များစွာ သာလွန်နေပြီး ကောင်းကင်အဆင့်၏ ဆရာသခင် အဆင့်ပင် ရှိနေနိုင်ပေသည်။ ယခင်အခေါက်က သူ့အား ရိုက်နှက်ခဲ့သည်မှာ အားအကုန်သုံး၍ ရိုက်ခဲ့ခြင်း မဟုတ်လောက်ဟုလည်း တွေးလိုက်မိသည်။
မည်သို့ပင်ဆိုေစကာမူ အချိန်တိုအတွင်း တိုးတက်မှုများစွာ ဖြစ်လာသည်မှာ မယုံကြည်နိုင်စရာ အနေအထားတစ်ခုပင်။
သို့သော် ရဲရှောင်သည် ဝမ်ရမ်ချူးချူး မည်မျှအထိ အစွမ်းထက်သည်ကို ဂရုမစိုက်နိုင်သကဲ့သို့ အဘယ်ကြောင့် စွမ်းအားများ မြန်မြန်ဆန်ဆန်ဖြင့်တိုးတက်လာသည်ကိုလည်း ဂရုမစိုက်နိုင်အားပေ။ တိုက်ခိုက်မှုတွင်ဝမ်ရမ်ချူးချူးအား ယှဉ်နိုင်မည် မဟုတ်သေးကြောင်း ရဲရှောင်သဘောပေါက်လိုက်သည်။
သို့သော်လွတ်မြောက်ရန်မှာမူ လွယ်ကူလိမ့်မည်ဟုလည်း တွေးနေမိသည်။ ဝမ်ရမ်ချူးချူးသည် သူမ၏ အခက်အခဲများအား ရဲရှောင်ထံမှ အကူအညီတောင်းရမည် ဖြစ်သဖြင့် ရဲရှောင်အား အသက်အန္တရာယ်ဖြစ်လောက်သည်အထိ လုပ်လိမ့်မည်မဟုတ်ချေ။
သို့သော်အဆိုပါ မိန်းကလေးသည် သူ့အား အဘယ်ကြောင့် အရူးတစ်ယောက်ကဲ့သို့ တရကြမ်း တိုက်ခိုက်နေသည်ကို နားမလည်နိုင် ဖြစ်နေမိရင်း -
[သူက ဘာလဲဟ၊ ဘာတွေပဲ ဖြစ်ဖြစ်ငါ ဒီကနေ မြန်မြန် လွတ်မှဖြစ်မယ်။ သူက အကူအညီလိုတဲ့လူ၊ ငါ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြန်လာရှာမှာပဲ။ သူဖမ်းတာ ခံရတာထက် သူ့လက်က လွတ်အောင် ကြိုးစားတာ ပိုကောင်းမယ်။ သူဖမ်းတာကို ထပ်ခံရရင် ပိုပြီး ပြဿနာကြီးသွားလောက်မယ်။ အရင်တစ်ခေါက် ကထက်ကို ပိုပြီး အရိုက်ခံရနိုင်တယ် . . .]
ရဲရှောင်သည် စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် ချက်ချင်း ပင်ပြေးထွက်လိုက်သည်။
ထိုကဲ့သို့ ပြေးထွက်သွားပြီး မကြာမီမှာပင် သူ၏နောက်မှ လေပြင်းများ တိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။ဝမ်ရမ်ချုးချူး သူ၏နောက်သို့ လိုက်လာချေပြီ။ သူမ ဝတ်ဆင်ထားသော ဝတ်ရုံသည်လေထဲ တလွင့်လွင့်ဖြင့်မျောလွင့်နေသည်မှာကောင်းကင်ထက်တွင်နဂါးဖြူတစ်ကောင်ပျံသန်းနေသည့်ပုံနှင့်ပင်တူနေပါသေးသည်။
ရဲရှောင်လည်း ချက်ချင်းပင် ရယ်မောခြင်းကောင်းကင် ခြေလှမ်းအား အားကုန်သုံး၍ ပြေးလိုက်သည်။
“ဝှစ်. . .”
ကောင်းကင်ယံမှကြယ်တစ်စင်းကြွေကျသွားသကဲ့သို့ အလွန်မြန်ဆန်သော အရှိန်ဖြင့်ပြေးထွက်သွားလေသည်။
ပြေးရင်းဖြင့်ပါးစပ်မှလည်း –
“မင်းက ဒီလောက်ဝနေတာကို ဘယ်လိုဖြစ်လို့ ဒီလောက်မြန်မြန်ဆန်ဆန် ပြေးနိုင်နေရတာလဲ . . .”
“ရှင်ဘာပြောတယ် . . .”
ဝမ်ရမ်ချူးချူးတစ်ေယာက်ဒေါသတကြီးဖြင့်ပင်အော်ဟစ်လိုက်သည်။ သူမ၏ ဒေါသများသည် အထွတ်အထိပ်သို့ရောက်ရှိနေလေချေပြီ။
အစပိုင်းတွင်ရဲရှောင်အား မှတ်လောက်သားလောက်ဖြစ်ရုံသာ သင်ခန်းစာပေး၍ လွှတ်ပေးမည်ဟုတွေးမိခဲ့သော်လည်း ယခုအခါတွင်မူ ဒေါသအကြီးအကျယ် ထွက်သွားခဲ့ပြီ ဖြစ်သည်။
ဝမ်ရမ်ချုးချူးသည် ကောင်းကင်ထက်သို့ ပျံတက်လိုက်ပြီးနောက်ရဲရှောင်ရှိရာသို့ မိုးကြိုး ပစ်ချလိုက်သည့်အတိုင်း မြန်ဆန်သောအဟုန်ဖြင့် ပြေးဆင်းသွားလေသည်။
ဝမ်ရမ်ချုးချုး၏ အပြုအမူကြောင့်ရဲရှောင်၏ စိတ်ထဲတွင် –
[ဒီကောင်မလေးက ဘာဖြစ်နေတာလဲ။ ဘာတွေများ စဉ်းစားနေတာလဲ။ သူလုပ်နေတာတွေက အဓိပ္ပါယ်မရှိလိုက်တာ။ သူ့ကြည့်တော့ ငါ့ဆီက အကူအညီလိုနေတာ။ အဲဒါတောင် ငါ့ကို လာပြီး စော်ကားချင်နေတယ်။ သူ့ရဲ့တိုက်ခိုက်မှုတွေက အသက်မသေရင်တောင်ငါ့မှာ တော်တော် နာကျင်နေရတယ်။ အခုလည်း အရူးလို ပြေးလိုက်နေပြန်ပြီ။ မိန်းမတွေက နားလည်ရခက်လိုက်တာ . . .]
ရဲရှောင်သည် တွေးနေရင်းဖြင့်ပို၍ မြန်အောင် သွားနေရသည်။ ဝမ်ရမ်ချူးချူးနှင့်အတူ ထိပ်တန်းအဆင့် ပညာရှင်တစ်ဦးလည်းပါလိမ့်မည်ဟုတွေးလိုက်မိသည်။ ထိုပညာရှင်သည် သူမအား ရန်သူပေါင်းများစွာ၏ လက်မှ ကာကွယ်ပေးနိုင်လိမ့်မည်ဟုလည်း ထင်နေမိပြန်သည်။
ထိုကဲ့သို့သာ မဟုတ်ပါက ဝမ်ရမ်ချုးချူးသည်ယခုကဲ့သို့ မြို့ထဲတွင် သူ၏နောက်သို့ အရူးတစ်ယောက်ကဲ့သို့ ပြေးလိုက်နေမည် မဟုတ်ချေ။
ထိုအချက်များအား စဉ်းစားလိုက်မိသည့်အတွက်ရဲရှောင်သည်ရဲအိမ်တော် ရှိရာသို့ မပြန်တော့ဘဲ မြို့ပြင် ဘက်သို့ ဦးတည်လိုက်သည်။
ဝမ်ရမ်ချူးချူးတစ်ေယာက်အဘယ့်အတွက်ကြောင့်ယခုကဲ့သို့ ဖြစ်နေသည်ကို ယခုတိုင်အောင် နားမလည်နိုင်သေးပေ။ တကယ်တမ်းတွင်မူ ဝမ်ရမ်ချူးချူးကိုယ်တိုင်သည်လည်း နားမလည်နိုင်အောင်ဖြစ်လျက်ရှိသည်။
ဖန်ဇီလင်အား တွေ့လိုက်ရသည့်အချိန်တွင်ဝမ်ရမ်ချုးချူးသည်အလွန်အမင်း ပျော်ရွှင်သွားမိခဲ့သည်။ သူ၏ ရင်ခုန်သံများသည်လည်း အတိုင်းဆမသိ မြန်ဆန်ေနခဲ့သည်။ ဖန်ဇီလင်၏နောက်မှ တိတ်တဆိတ်လိုက်လာရင်းဖြင့်သူ၏ ရင်တွင်းဖြစ် ခံစားချက်များအား ကြားလိုက်ရသည်။
ထိုခံစားချက်များသည်မိန်းကလေးတစ်ဦးနှင့် ကွဲကွာရသဖြင့် လွမ်းဆွတ်နေသည့် အချစ်ဇာတ်လမ်း တစ်ပုဒ်အား ရေရွတ်နေခြင်းပင် မဟုတ်ပါလော။
ထိုကဲ့သို့ ကြားလိုက်ရသည့်အချိန်တွင်သူမ၏ ရင်ထဲတွင်မည်သည့်နေရာမှရောက်ရှိလာမှန်း မသိသောဒေါသများသည်ထိန်းချုပ်၍ မရလောက်အောင်ပင်ဖြစ်သွားခဲ့သည်။
ထို့ကြောင့် ရဲရှောင်အား ပြဿနာအား မီးခွက်ထွန်းရှာသကဲ့သို့ ခနဲ့သော မေးခွန်းများ မေးမိခဲ့ခြင်း ဖြစ်သည်။ သူမ၏ စိတ်ထဲတွင်ရဲရှောင်အား ပြင်းပြင်းထန်ထန်ရိုက်ပစ်ချင်နေမိရင်း –
[လူလိမ် . . . ငါ့ကိုတောင် အရူးလုပ်ရဲတယ်။ ရှင်က လင်းပါအိုရဲ့ ဧကရာဇ်တစ်ယောက် ဖြစ်တာတောင် ရှင့်ကိုယ်ရှင် ဘာမှ မဟုတ်ဘူးလို့ လိမ်ခဲ့တယ်။ နောက်ပြီး ရှင့်ရင်ထဲမှာလည်း မိန်းကလေး တစ်ယောက် ရှိနေတယ်။ အဲ့ဒါကို မေးတော့လည်း အမှန်အတိုင်း က မပြောဘူး . . .]
ဝမ်ရမ်ချုးချူး၏ ရင်ထဲတွင်ဒေါသမီးများ ဟုန်းဟုန်း တောက်လောင်လျက်ရှိသည်။ ထိုဒေါသများ အတားအဆီးမဲ့စွာ ပေါက်ကွဲထွက်လာသည်ကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။
ဝမ်ရမ်ချူးချူး၏ စိတ်ထဲတွင် ဖန်ဇီလင်အား ရအောင်အမိဖမ်းပြီးနောက်မြေပြင်ပေါ်သို့ တွန်းချကာ အပေါ်စီးမှနေ၍ ပြင်းပြင်းထန်ထန် ရိုက်ပစ်ချင်နေသည့်စိတ်များသာ ပြည့်နှက်လျက်ရှိသည်။ ရိုက်နေရင်းဖြင့်လည်း “ကျွန်မကိုတောင် ရှင်က ဝတယ်လို့ ပြောရဲတယ်ပေါ့လေ။ ကျွန်မက ပေါင် ၉၀ တောင် မပြည့်ဘူး အဲဒါကို ဝတယ်လို့ ခေါ်သလား။ ဟမ်. . . ရှင့်မျက်လုံးတွေ ကန်းနေလား၊ ဘယ်လိုများ ကြည့်ပြောလိုက်တာလဲ၊ ရှင် ကျွန်မရဲ့ ပုံစံအမှန်ကိုတောင် မြင်ဖူးလို့လား။ ကျွန်မ ကိုယ်အလေးချိန်ကိုရော တိုင်းကြည့်ဖူးလို့လား။ ရှင့်လို အထူအပါး နားမလည်တဲ့ လူမျိုးကို သေအောင် ရိုက်သင့်တယ်” ဆိုသည့်စကားများအား တရစပ် ပြောမည်ဟုလည်း စဉ်းစားနေမိသည်။
ရဲရှောင်၏နောက်သို့ အံကို တင်းတင်းကြိတ်၍ လိုက်လျက်ရှိသည်။ ဆယ်ကျော်သက် အရွယ်ကတည်းကပင်သိမ်မွေ့စွာ နေထိုင်လာခဲ့သည့် ဝမ်ရမ်ချုးချုးတစ်ယောက်သည်ယခုအခါတွင်မူ သူမ၏စိတ်အား ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။
ရဲရှောင်တို့ နှစ်ဦးစလုံးသည်လေးညို့မှ ပစ်လွှတ်လိုက်သည့်မြှားများကဲ့သို့ လျင်မြန်သော အရှိန်ဖြင့်ပြေးလွှားနေကြပြီး တခဏချင်းမှာပင် လယ်ကွင်းများစွာအား ဖြတ်သန်းပြီး မြို့ပြင်သို့ ရောက်သွားကြလေသည်။
လိုက်လေပြေးလေ မမီနိုင်ဖြစ်နေသော ရဲရှောင်အား ကြည့်ရင်း ဝမ်ရမ်ချူးချူးသည် ပို၍ ဒေါသထွက်လာရင်း –
[သူက ငါ့ထက်အားနည်းတာ အသိသာကြီးပါ။ အဲ့ဒါတောင်ငါဘာလို့ သူ့ကို မမီရတာပါလိမ့် . . .]
ရဲရှောင်ပြောခဲ့သည့် စကားများသည် မိန်းကလေးတစ်ယောက်၏ မနှစ်မြို့ဆုံး စကားများ ဖြစ်သည်ကို မသိရှိခဲ့ချေ။
မည်သည့်မိန်းကလေးမျှ ဝသည်၊ ရုပ်ဆိုးသည်ဟု ပြောလျှင် ကြိုက်ကြမည် မဟုတ်ချေ။
ရဲရှောင်သည် ဝမ်ရမ်ချူးချူးအား ဝ၍ ရုပ်ဆိုးသည်ဟု ပြောခဲ့မိသဖြင့် ဝမ်ရမ်ချုးချုးဘက်မှ မခံမရပ်နိုင် ဖြစ်ခဲ့ခြင်း ဖြစ်သည်။
မိန်းမများ၏ စိတ်သည် ဆန်းကြယ်လှသည် မဟုတ်ပါလော။
ရဲရှောင်သည် လေပွေတစ်ခုကဲ့သို့ တောအုပ်အတွင်း ပြေးဝင်သွားပြီး ရေခဲတောင်ကြီး ရှိရာသို့ ဦးတည်သွားလိုက်သည်။
ထိုရေခဲတောင်ကြီးသည် သူ့အတွက်မူ ထူးခြားသည့် နေရာတစ်ခုကဲ့သို့ အမြဲလိုလို ခံစားနေရသည်။ အဘယ်အတွက်ေကြာင့် ရေခဲတောင်သို့ လာခဲ့မိသည်ဆိုသည်ကိုလည်း သူ့ကိုယ်တိုင်ပင်မသိနိုင်ဖြစ်နေမိပါတော့သည် . . .။