Switch Mode

Chapter – 733

အခန်း (၇၃၃) မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်
မိစ္ဆာ ကောင်းကင်ဧကရာဇ်၊ ဟန်ထော်နဲ့ တခြားလူတွေ မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကိုယ်ပေါ်မှာ နတ်ဘီလူးဓမ္မရုပ်တု ဒါဇင်ကျော်ကို မတွေ့ရတော့ပါဘူး။ အဲဒီအစား ဟန်ကျွယ်လက်ထဲမှာ အနက်ရောင် ချီအလုံးတစ်လုံး ရှိနေတာကို တွေ့လိုက်ရပါတယ်။
ရှုံဟွာ ၁၃ ပါးကတော့ အမှုန်အမွှားတောင် မကျန်တော့ပါဘူး။
“မင်း ဘယ်သူလဲ” ဟန်ကျွယ်လက်ထဲက ရောင်ဝါနက်ဟာ တုန်တုန်ယင်ယင် မေးလိုက်ပါတယ်။
ရှုံဟွာ ၁၃ ပါးက မလှုပ်ရှားနိုင်ဘူးဆိုပေမဲ့ သူတို့တွေက မဟာတာအိုပညာရှိတွေ ဖြစ်နေတုန်းပါ။ ဒီလိုတစ်ချက်တည်းနဲ့ အကုန်လုံးကို သတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
‘ဒီလူက မဟာတာအိုပညာရှိ မဖြစ်နိုင်ဘူး…. ဒီထက် စွမ်းအားကြီးတဲ့ တည်ရှိမှု ဖြစ်ရမယ်’
ဟန်ကျွယ်ဟာ ရောင်ဝါနက်ရဲ့ မေးခွန်းကို ပြန်မဖြေပါဘူး။ ဟန်ကျွယ်ဟာ ချုပ်နှောင် မဟာတာအို၊ စိတ်ရှုပ်ထွေး မဟာတာအိုနဲ့ အာကာသ မဟာတာအိုကို သုံးပြီး ရောင်ဝါနက်ကို ဖိနှိပ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ သူ့ဝိညာဉ်နက်ထဲက လောကဦးကမ္ဘာထဲ ပစ်ထည့်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ဖို့ ပြင်ဆင်ပါတယ်။
တစ်ချိန်တည်းမှာပဲ တခြား မဟာတာအိုပညာရှိတွေ နိုးထလာကြပါတယ်။ မဟာတာအိုပညာရှိတွေဟာ ဘေးဘီဝန်းကျင်ကို သတိကြီးစွာနဲ့ လိုက်ကြည့်တဲ့အခါ ရှုံဟွာ ၁၃ ပါး ပျောက်နေတာကို အံ့ဩဖွယ်ရာ တွေ့ရှိလိုက်ရပါတယ်။
“တာအိုရောင်းရင်း… တာအိုရောင်းရင်းလည်း ရှုံဟွာရဲ့ အမှောင်နယ်မြေ သက်ရောက်တာကို ခံရတာပဲလား”
“ဟုတ်တယ်၊ ဒါပေမဲ့ အမှောင်နယ်မြေက ရုတ်တရက် ပျက်သွားတယ်၊ ဘာဖြစ်တာလဲ မသိဘူး”
“ပြန်ဆုတ်သွားတာများလား”
“ဒီဆန်းကြယ်စွမ်းအားက အရမ်း အန္တရာယ်များတယ်၊ ငါတို့တွေ ရှုံဟွာရဲ့ စွမ်းအားကို ပြန်သုံးသပ်မှ ဖြစ်မယ်”
“ငါတို့တွေက ရှုံဟွာ ၁၃ ပါးကို ဘယ်လိုလုပ်ပြီး တစ်ယောက်တည်း အနိုင်ယူနိုင်မှာလဲ၊ တော်သေးတယ်၊ သူတို့ ပြန်ဆုတ်သွားလို့…”
“တာအိုပညာရှိတွေဟာ အချင်းချင်း ဆက်သွယ် ပြောဆိုကြပါတယ်။ အများစုက အခုထိ ကြက်သီးမွေးညင်း ထနေတုန်းပါ။
ကောင်းကင်စစ်သားတွေနဲ့ တပည့်တွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ သူတို့ဟာ အမှန်တရားကို ပြောပြချင်ပေမဲ့လည်း မဟာတာအိုပညာရှိတွေကို အပြစ်ပြုမိမှာ ကြောက်နေကြပါတယ်။
ရှုံဟွာတွေက နောက်ဆုတ်သွားတာ မဟုတ်ဘဲ ၁၃ ယောက်စလုံး အသတ်ခံလိုက်ရတာ မဟုတ်ပါလား။
ဟန်ကျွယ်ရဲ့ နတ်ဘီလူးဓမ္မရုပ်တု ဒါဇင်ကျော် ထုတ်သုံးတဲ့ မြင်ကွင်း သူတို့စိတ်ထဲမှာ အခုထိ စွဲနေတုန်းပါ။ ဒီမြင်ကွင်းက အံ့ဩဖို့ကောင်းတာထက် ပိုပါတယ်။
ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရှေ့မှာ ချက်ချင်းပေါ်လာပြီး ဝဲကတော့နက်ဆီ လျှောက်သွာားပါတယ်။
“ကျန်တဲ့ကိစ္စကို အရှင်မင်းကြီးသာ ရှင်းလိုက်တော့…”
ဒီအချိန်မှာပဲ…
အလွန် အန္တရာယ်များတဲ့ ရောင်ဝါက လောကဦး ဟင်းလင်းပြင်နက်ထဲကနေ တိုက်ခိုက်လိုက်ပါတယ်။ ဒီတိုက်ခိုက်မှုကို အရမ်းကို မြန်ဆန်လွန်းပါတယ်။
ဟန်ကျွယ်သာ ဝဲကတော့နက်ထဲ ဝင်လိုက်ရင် ဒီတိုက်ခိုက်မှုက ဝဲကတော့နက် မပျောက်ကွယ်ခင် ဟန်ကျွယ်ကို ထိမှန်ကောင်း ထိမှန်နိုင်ပါတယ်။ လျှပ်တစ်ပြက်အတွင်း ဟန်ကျွယ်ဟာ ဖြစ်နိုင်ခြေများစွာကို တွေးတောစဉ်းစား သုံးသပ်ပြီး မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တုကို ချက်ချင်း ဆင့်ခေါ်ပြီး ပြန်တိုက်ထုတ်လိုက်ပါတယ်။ မဟာတာအိုပညာရှိတွေကလွဲရင် ဒီဟာကို ဘယ်သူမှ သတိမထားမိပါဘူး။
အရာအားလုံးက လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားတာပါ။
အချိန်ကို အဆပေါင်း တစ်ကွာဒလီယံလောက် နှေးလိုက်မှသာ ဟန်ကျွယ်နဲ့ လျှို့ဝှက်ဆန်းကြယ် တိုက်ခိုက်သူရဲ့ ထိတွေ့မှုကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
တန်ခိုးကြီးမားလှတဲ့ နတ်ဘီလူးဓမ္မရုပ်တုတွေဟာ ကြောက်စရာကောင်းတဲ့ အလင်းတန်းရဲ့ ထိုးဖောက်မှုကို ခံရပြီး ချက်ချင်း ဖျက်ဆီးခံလိုက်ရပါတယ်။ နတ်ဘီလူးဓမ္မရုပ်တု ၁၅ ရုပ်တုကို ထိုးဖောက်ပြီးမှပဲ ဒီကြောက်စရာ အလင်းတန်းဟာ လွင့်ပါး ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်း ထွက်ပြေးချင်ပေမဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်၊ ဟန်ထော်၊ ကျိုးဖန်၊ ချူရှီရန်နဲ့ တခြားလူတွေကို တွေးမိလိုက်ပါတယ်။ တစ်ဖက်လူက ရှုံဟွာထက် စွမ်းအားပိုကြီးတဲ့အတွက် သူတို့တွေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ပတ်ဝန်းကျင်ကို စနစ်နဲ့ ချက်ချင်း စစ်ဆေးလိုက်ပါတယ်။
[မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်: မဟာတာအို လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်၊ မဟာတာအို နတ်စိတ်ဝိညာဉ်။]
‘လက်စသတ်တော့ ဒီကောင်ကိုး…’
အတိတ်မှာတုန်းက ဟန်ကျွယ် မဟာတာအိုကို ရယူဖို့ မဟာတာအိုတံခါးကို တွန်းဖွင့်ဖို့ ကြိုးစားတဲ့အခါ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ပေါ်လာပြီး ပဋိပက္ခ နတ်မင်းတွေဆီမှာ အညံ့ခံဖို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
ဟန်ကျွယ်ဟာ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်က အခုလိုမျိုး အလစ်တိုက်ခိုက်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်က မဟာတာအို လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်မှာပဲ ရှိနေသေးတဲ့အတွက် ဟန်ကျွယ်ဟာ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို မကြောက်ပါဘူး။
“တန်ခိုးရှင် နတ်ဘုရား… ဒါ ဘာလုပ်တာလဲ” ကျဲ့ယင်က မေးလိုက်ပါတယ်။
မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကလည်း ချက်ချင်း ပြန်ဖြေပါတယ် “ဟမ်… ဒီကောင်က မဟာတာအို စည်းမျဉ်းကို ချိုးဖောက်ခဲ့လို့ ငါ လာသတ်တာ”
သိကျန်းက သရော်လိုက်ပါတယ် “ဒါဆိုရင် စောစောတုန်းက ရှုံဟွာကို ဘာဖြစ်လို့ မတိုက်ခိုက်တာလဲ၊ ရှုံဟွာက ပဋိပက္ခကို ဖျက်ဆီးဖို့ ခြိမ်းခြောက်နေတာ… ဒါကို မဟာတာအို နတ်စိတ်ဝိညာဉ်ဖြစ်တဲ့ ခင်ဗျားက ဘာဖြစ်လို့ ဘာမှမလုပ်တာလဲ”
တခြားတာအိုပညာရှိတွေကလည်း သံယောင်လိုက်ပါတယ်။
“ဟုတ်တယ်၊ တန်ခိုးရှင် နတ်ဘုရား… ဒီကိစ္စကို အရင်ရှင်းရအောင်”
“ရှုံဟွာက တစ်ယောက်မကဘူး၊ သူတို့က အကုန်လုံးကို ဖရိုဖရဲ ဖြစ်စေချင်နေတာ၊ ဒီလူက ကျုပ်တို့နဲ့အတူတူ တိုက်ခိုက်ခဲ့တာ၊ ဘာဖြစ်လို့ သူ့ကို သတ်ရမှာလဲ”
“ဟုတ်တယ် တန်ခိုးရှင်နတ်ဘုရား… တန်ခိုးရှင် နတ်ဘုရား လာတုန်းက ရှုံဟွာတွေနဲ့ မတွေ့ဘူးလား”
“မဟာတာအိုနတ်စိတ်ဝိညာဉ်က ရှုံဟွာကို သတ်ဖို့ ငါတို့နဲ့ ဘာလို့ မပူးပေါင်းတာလဲ”
ဟန်ကျွယ်ဟာ မဟတာအိုပညာရှိတွေရဲ့ စကားကြောင့် တော်တော် အံ့အားသင့်သွားပါတယ်။ မဟာတာအိုပညာရှိတွေက သူ့အတွက် ဝင်ပြောလိမ့်မယ်လို့ ဟန်ကျွယ် ထင်မထားခဲ့ပါဘူး။ ဟန်ကျွယ်ဟာ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ ဝဲကတော့နက်ထဲ ချက်ချင်းဝင်ရောက်ကာ ပျောက်ကွယ်သွားပါတယ်။
မဟာတာအိုပညာရှိတွေရဲ့ တားဆီးမှုကြောင့် မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ ဒေါသထွက်သွားပါတယ် “မင်းတို့က မဟာတာအို နတ်စိတ်ဝိညာဉ်ကို တားချင်တာလား”
မျှော်လင်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ ပေါ်မလာပေမဲ့ ဝဲကတော့နက် ပျောက်ကွယ်သွားတာကို တွေ့လိုက်ရတဲ့အတွက် တော်တော့်ကို မပျော်တော့ပါဘူး။ နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ဆုံးရှုံးသွားပြီး မဟုတ်ပါလား။
ကျဲ့ယင်က ဂရုမစိုက်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ရှုံဟွာဆိုရင် သတ်လို့ရတယ်၊ ငါတို့တွေ ရှုံဟွာကို ခုခံဖို့ သူ့ကို လိုအပ်သေးတယ်၊ ခင်ဗျားက ရှုံဟွာကို တိုက်မှ မတိုက်တာ၊ ခင်ဗျားဘာသာ ကြောက်လို့ပဲဖြစ်ဖြစ် တခြားအကြောင်းအရင်းကြောင့်ပဲ ဖြစ်ဖြစ် အဲဒါ ခင်ဗျားကိစ္စ”
လောကဦး ကောင်းကင်အရှင်ကလည်း ဝင်ပြောပါတယ် “ငါ့အထင် ရှုံဟွာက မဟာတာအို နတ်စိတ်ဝိညာဉ်တွေရဲ့ နောက်လိုက်ခွေး ဖြစ်လောက်တယ်၊ အထူးသဖြင့် ဒီမျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ပေါ့၊ သူ ပဋိပက္ခအာဏာကို ထိန်းသိမ်းတာ ငါ တစ်ခါမှ မမြင်ဖူးဘူး၊ ဒါပေမဲ့ ကျင့်ကြံသူတစ်ယောက်ယောက်က မဟာတာအိုကို ရယူဖို့ ကြိုးစားရင်တော့ အရင်ဆုံး ခုန်ထွက်လာတာပဲ”
လောကဦး ကောင်းကင်အရှင်ရဲ့ စကားကို တခြား မဟာတာအိုပညာရှိတွေက ထောက်ခံကြပါတယ်။ သူတို့လည်း ဟန်ကျွယ်လိုမျိုး အခြေနေကို ကြုံတွေ့ခဲ့ရတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ အတိတ်ကကိစ္စတွေမလို့ တာအိုပညာရှိတွေက သည်းခံနေခဲ့တာပါ။
ဒါပေမဲ့ အခု ရှုံဟွာလို့ခေါ်တဲ့ အင်အားစုပေါ်လာတဲ့အခါမှာတော့ မဟာတာအိုပညာရှိတွေဟာ အန္တရာယ်ကို ခံစားမိလာကြပါတယ်။
ရှုံဟွာတွေ နောက်ဆုတ်သွားချိန်မှာ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်က ချက်ချင်း ပေါ်လာပါတယ်။ ဒါက တိုက်ဆိုင်မှုဆိုရင်တောင် မတော်တဆ ဖြစ်ရပ်လို့ ဘယ် မဟာတာအိုပညာရှိကမှ မယုံပါဘူး။
မဟာတာအိုပညာရှိတွေဟာ ကြောက်ဖို့အကောင်းဆုံး ဖြစ်နိုင်ခြေကို တွေးမိလိုက်ပါတယ်။ အဲဒီဖြစ်နိုင်ခြေကြောင့်လည်း မဟာတာအိုပညာရှိတွေဟာ မဟာတာအို နတ်စိတ်ဝိညာဉ်ကို ပြန်ပြောရဲတာပါ။ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်က သူတို့အားလုံးရဲ့ နောက်ဆုံးစည်းကို လာထိနေတာပါ။
“မင်းတို့ကများ… ပဋိပက္ခနတ်မင်းတွေရဲ့ ဂုဏ်သိက္ခာကို စော်ကားရဲတယ်” မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ အဆုံးစွန်ထိရောက်အောင် အမျက်ထွက်သွားပါတယ်။
နွီဝါက ပြောလိုက်ပါတယ် “ရှင်က ပဋိပက္ခနတ်မင်းတွေကို ကိုယ်စားပြုနိုင်လို့လား၊ ပဋိပက္ခနတ်မင်းတွေက အထွတ်အထိပ်မှာရှိပြီး ရှိတယ်လို့တောင် မထင်ရဘူး၊ ကျွန်မတို့တွေ သူတို့ကို တစ်ခါမှ မမြင်ဖူးဘူး၊ ရှင်က သူတို့နာမည်ကိုသုံးပြီး ကျွန်မတို့ကို တစ်ချိန်လုံး ဖိနှိပ်နေတာ၊ ရှင် မဟာတာအို နတ်စိတ်ဝိညာဉ်ဆိုတဲ့ နာမည်နဲ့ တကယ်ရော တန်လို့လား”
တခြားတာအိုပညာရှိတွေကလည်း ကျိန်ဆဲကြပါတယ်။
ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးကတော့ အဆဲဆုံးပါ။
“ကောင်းတယ်… အရမ်းကောင်းတယ်…” မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ရဲ့ အသံဟာ အေးစက်သွားပါတယ်။
…..
လျှို့ဝှက်ဆန်းကြယ်ရေအိုင်။
ဟန်ကျွယ် ရှုံဟွာတွေကို သတ်ပြီးနောက် အလင်းရောင်ဟာ ကွယ်ပျောက်သွားပါတယ်။ လီတောက်ခုံးနဲ့ ရှီတုတောက်ဟာ ကောင်းကင်ရုံးတော်ရဲ့ အခြေအနေကို မမြင်နိုင်ပေမဲ့ ဒီကိစ္စကို မဆွေးနွေးဘဲ မနေနိုင်ပါဘူး။
“၁၃ ယောက်စလုံး သေသွားပြီဆိုတော့ ငါတို့တွေ လွတ်လမ်း ရှိနိုင်လား…” လီတောက်ခုံးက ခပ်တိုးတိုး မေးလိုက်ပါတယ်။
ရှီတုတောက်ဟာ ခေါင်းခါပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “ဒါက ပြဇာတ်တစ်ခုပဲ၊ ရှုံဟွာက အသက်ရှင်နေသေးတယ်၊ ဒီရှုံဟွာ ၁၃ ပါးက ရေပေါ်ပေါ်နေတဲ့ ရေခဲတောင်ထိပ်လေးပဲ ဖြစ်နိုင်တယ်”
ရှီတုတောက်ဟာ ဒီတိုက်ပွဲက ဟန်ကျွယ် အစွမ်းပြရုံသက်သက်လို့ ယုံကြည်ထားပါတယ်။ မောက်မာပြီး အစွမ်းထက်လွန်းတဲ့ ရှုံဟွာတွေက ဟန်ကျွယ်ရဲ့ ခြေနင်းကျောက်တုံး ဖြစ်သွားတယ် မဟုတ်ပါလား။
တစ်နေ့ကျလို့ ပဋိပက္ခမှာရှိတဲ့ သက်ရှိတွေက အမှောင်သခင်ကြီးကို ခုခံဖို့ ဟန်ကျွယ် ရှိတယ်လို့ မျှော်လင့်နေကြရင် တော်တော် စိတ်ဝင်စားဖို့ ကောင်းမှာပါ။
လီတောက်ခုံးဟာ ရှီတုတောက်ကို တစ်ချက်ကြည့်ပြီး ရှီတုတောက်က ခန္ဓာသိမ်းခံလိုက်ရပြီလို့တောင် ထင်မိလိုက်ပါတယ်။ ဟန်ကျွယ် ပေါ်လာကတည်းက ရှီတုတောက်ဟာ တစ်ကိုယ်တည်း ရေရွတ်နေခဲ့တာပါ။
ဒါပေမဲ့ ဒါက အဓိပ္ပာယ် မရှိတာတော့ မဟုတ်ပါဘူး။ သူ့ဂိုဏ်းချုပ်ကလည်း စွမ်းအားကြီးလွန်းတယ် မဟုတ်ပါလား။
…..
တာအိုဘုံကျောင်းအတွင်း။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲ ပြန်ရောက်တာနဲ့ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို စိန်ခေါ်လိုက်ပါတယ်။ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်က သူ တာအိုရယူတာကို ဟန့်တားခဲ့တဲ့အပြင် အခုသူ့ကိုလည်း သတ်ဖို့ ကြိုးစားလာပါပြီ။ ဒါကြောင့် ဟန်ကျွယ်ဟာ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို အလွတ်မပေးနိုင်ပါဘူး။ မဟုတ်ရင် တစ်ချိန်ချိန်မှာ သူ့ကို အကြီးကြီး ဒုက္ခပေးလာမှာပါ။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲ စတာနဲ့ အကုန်ထုတ်ပြီး တိုက်ခိုက်ပါတယ်။ ဒါတောင် မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို သတ်ဖြတ်ဖို့အတွက် အသက်ရှူကြိမ် ဆယ်ကြိမ်စာ အချိန်ယူလိုက်ရပါတယ်။
နတ်ဘီလူးဓမ္မရုပ်တု ၅၄၉ ပါး ဝိုင်းတိုက်တာကိုတော့ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ဟာ မခံနိုင်ပါဘူး။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ဆက်လက် တိုက်ခိုက်ရင်း မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို တစ်ချက်တည်း သတ်ပစ်ဖို့ နည်းလမ်းရှာပါတယ်။ အကြိမ်ဒါဇင်ကျော် တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ တစ်ချက်တည်း သတ်ပစ်နိုင်မဲ့ နည်းလမ်းကို ဟန်ကျွယ် ရှာတွေ့သွားပါတယ်။
ဒီတော့မှာ ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ စာအိတ်ကို ဖွင့်ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သင့်ရန်သူ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်သား ဟန်ထော်သည် သင့်ရန်သူ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်တပည့် ကျိုးဖန်သည် သင့်ရန်သူ မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
သတ်ဖြတ်ငွေ့တွေဟာ ဟန်ကျွယ်မျက်လုံးထဲကနေ ထိုးထွက်လာပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset