Switch Mode

Chapter – 200

သခင်ကြီးဘိုင်၏ စိုးရိမ်ပူပန်မှု

Chapter – 200
“သခင်ကြီးဘိုင်၏စိုးရိမ်ပူပန်မှု”

မန်ဟွာချင်း၏ စိတ်ထဲတွင် –
[ဟမ့် . . . ဘာပဲဖြစ်နေနေ၊ ဒီကမ္ဘာပေါ်မှာ ဘယ်အရာကမှ င့ါတပည့်လောက် အရေးမကြီးဘူး။ အခုလောလောဆယ် စုယဲ့ယွဲ့ကို ငါ့နေရာ ခေါ်သွားနိုင်​ဖို့က အရေးကြီးဆုံးပဲ။ သူ့အရိုးတွေကို သန့်စင်​ပေးဖို့ လိုနေပြီ။ သူ့ရဲ့ ကြွက်သားတွေနဲ့ အရိုးတွေအကုန်​လုံးကို စကြာဝဠာအမြစ်နဲ့ ကျောက်စိမ်း အရိုးတွေ ပြောင်းလဲသွားအောင် တတ်နိုင်သမျှ မြန်မြန်လုပ်မှ ဖြစ်မယ်။ နောက်ကျသွားခဲ့ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ သူက ကလေးလည်း မဟုတ်တော့ဘူး။ နောက်ပြီး အခုတွေ့ရတဲ့ စွမ်းအားက ပြင်းထန်တယ် ဆိုပေမဲ့ ကနဦးအဆင့်ပဲ ရှိပါသေးတယ်။ ငါ့ကို ခြိမ်းခြောက်လာနိုင်မှာ မဟုတ်​သေးပါဘူး။ အခုနေ ငါ့အတွက်ကတော့ ကလေးကစားစရာလိုပဲ ဖြစ်နေဦးမှာ . . .]
မန်​ဟွာချင်းသည်​အဓိက နှင့်​သာမည ခွဲခြားလိုက်​ပြီး​နောက်​ချန်ရှင်းမြို့တော်သို့ ခြေဦးမလှည့်တော့​ပေ။ ထို့​နောက်​စုယဲ့ယွဲ့၏ လက်အား ဆွဲကိုင်လျက် –
“သွားကြစို့ . . .”
မန်​ဟွာချင်းသည်​သူမ၏ ညာဖက်လက်အား ဝေ့ယမ်းလိုက်သည်။ ထို့ေ​နာက်​အမှောင်ထုတစ်ခုအတွင်းသို့ ဝင်ရောက်သွားပြီး ချက်ချင်းပင် မော်တယ်ကမ္ဘာမှ ထွက်ခွာသွားခဲ့သည်​။ စုယဲ့ယွဲ့သည် တအံ့တဩဖြင့်​မရေမတွက်နိုင်သော ကြယ်များအား ငေးမောကြည့်ရှုနေမိသည်​။
ဆရာဖြစ်သူ မန်ဟွာချင်း၏ ဦးဆောင်မှုဖြင့် ယခုဆိုလျှင်​သူမသည် ကြယ်များပေါ်မှာပင် လျှောက်နိုင်ခဲ့ပြီ မဟုတ်ပါ​လော။
မန်​ဟွာချင်းသည်​စုယဲ့ယွဲ့နှင့်​အတူ ကြယ်​ပျံတစ်​လုံးကဲ့သို့ ပျံသန်းသွားသည်​။ သူတို့နှစ်​ဦး၏ အဝတ်​အစားများသည်​လေထဲတွင်​မျောလွင့်​လျက်​ရှိသည်​။ ကောင်းကင်အထက်သို့ တက်သွားပြီး အချိန်တိုအတွင်းမှာပင် မန်ဟွာချင်း​တို့သည် မရေမတွက်နိုင်သော ဟင်းလင်းပြင်များအား ဖြတ်သန်း၍ ခရီးအရှည်ကြီးတစ်​ခု နှင်​လျက်​ရှိသည်​။
သူမတို့နှစ်​ဦးသည်​မော်တယ်ကမ္ဘာနှင့် မိုင်​ပေါင်းများစွာ ဝေးကွာသွားခဲ့ပြီ ဖြစ်သည်။ ထိုမျှမကပင် ပို၍ ဝေးကွာနိုင်ပါတော့သည်။
. . .
တောင်ပိုင်းရှိ တိုက်ပွဲအခြေအနေများ ပြောင်းလဲသွားသည်ကို ချန်ရှင်းမြို့မှ မည်သူမျှ မသိကြသေးချေ။ မြောက်ပိုင်းသို့ သွားနေသည့် ရဲနန်ရှန်သည်လည်း မြောက်ပိုင်းသို့​ရောက်​ရှိလိမ့်​ဦးမည်​မဟုတ်​ပေ။ လူအများ၏ အမြင်တွင် ရဲနန်ရှန်သည်​မြို့​တော်​တွင်း၌သာ ရှိသေးသည်ဟု သိထားကြခြင်း ဖြစ်သည်။
အရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ တိုက်ပွဲများသည် အခြေအနေ ဆိုးရွားလျက်​ရှိသည်​။
တောင်ပိုင်းမှာမူ တည်ငြိမ်သွားခဲ့ပြီ ဖြစ်​သည်​။
ချန်​ရှင်းမြို့​တော်​တွင်​လင်းပါအို လေလံခန်းမမှ ကျင်းပမည့် လေလံပွဲ သတင်းကြောင့် အားလုံးသည်​စိတ်ဝင်တစား ရှိနေကြသည်​။
မရေမတွက်နိုင်လောက်အောင် များပြားသည့် ထိပ်တန်းအဆင့် ပညာရှင်များ၊ ဆယ်စုနှစ်နှင့် ချီ၍ ပုန်းအောင်းနေကြသည့် ပညာရှင်များပင် မြို့ထဲသို့ ရောက်ရှိ​နေကြ​ချေပြီ။
ဂိုဏ်းအသီးသီး၏ အလံများသည်လည်း​လေထဲတွင်​တလူလူဖြင့် ရှိနေကြသည်။
ထိုအချိန်တွင် မျက်နှာ၌ ပိုးပဝါ ခြုံလွှမ်းထားသည့် အဖြူရောင်ဝတ် မိန်းကလေး ၂ ဦးသည် အနောက်ဘက် မြို့တံခါးမှ တိတ်တဆိတ် ဝင်ရောက်လာခဲ့ကြသည်​။
. . .
ဝါးရုံတောအတွင်းတွင် ဖြစ်သည်။
သခင်ကြီးဘိုင်သည် မျက်မှောင်ကြုတ်လျက် စဉ်းစားလျက် ရှိသည်​။
ဝတ်​ရုံနက်​ဖြင့်​လူတစ်​ဦးသည်​ရိုကျိုးစွာဖြင့်​-
“လူတိုင်း ပျောက်သွားကြတာပါ သခင်ကြီး . . .”
“ကျုပ်တို့ စစ်ဆင်ရေး မအောင်မြင်ခဲ့ပါဘူး . . .”
သခင်​ကြီးဘိုင်​မှ –
“ဘယ်လိုဖြစ်တာလဲ မသိဘူးလား . . .”
ဝတ်​ရုံနက်​ဖြင့်​လူ –
“ဟုတ် . . . ဟုတ်ပါတယ် ကျုပ် မသိပါဘူး . . .”
သခင်​ကြီးဘိုင်​-
“ဟင် . . . ထူးဆန်းလှချည်​လား . . .”
“ကျုပ်ကြားတာတော့ တိုက်ပွဲမှာ ကျုပ်တို့လူတွေဘက်က အသာစီး ရခဲ့ပါတယ်။ စုယဲ့ယွဲ့ အနားမှာ ရှိ​နေတဲ့ ကိုယ်ရံတော် တစ်ယောက်က ထင်ထားတာထက်ကို ပိုပြီး အစွမ်းထက်နေပါတယ်။ အဲ့ဒီ​ကောင်​ကြောင့်​ကျုပ်တို့လူ​တွေ​တော်ေ​တ်ာများများ ဆုံးရှုံးသွားတယ်​။ ဒါ​ပေမယ့်​ဘယ်​လိုပဲဖြစ်​ဖြစ်​နောက်ဆုံးမှာ သူတို့ကို ဝိုင်းလိုက်နိုင်ခဲ့ပါတယ်။ သူတို့ နှစ်​ယောက်​ကျုပ်တို့လူတွေ လက်ချက်နဲ့ သေတော့မယ့်​အချိန်ကြမှ ရုတ်တရက် အားလုံး ပျောက်ကွယ် သွားကြတာပါ . . .”
သခင်​ကြီးဘိုင်​လည်း မျက်​မှောင်​ကြုတ်​လျက်​-
“စုယဲ့ယွဲ့ရောလား . . .”
ဝတ်​ရုံနက်​ဖြင့်​လူ –
“ဟုတ်ပါတယ် . . .”
သခင်​ကြီးဘိုင်​-
“အလောင်းတွေ ဘာတွေရော မကျန်ခဲ့ဘူးလား . . .”
ဝတ်​ရုံနက်​ဖြင့်​လူ –
“ဘာဆိုဘာမှ မကျန်ခဲ့ပါဘူး။ အစ အန မကျန်​အောင်​အကုန်ပျောက်သွားကြတာပါ . . .”
သခင်ကြီးဘိုင်သည်​မျက်​မှောင်​ကြုတ်​လျက်​အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်​။
ယခုနှစ်များအတွင်း သူ့အဖို့ ထူးဆန်းသော ကိစ္စတစ်ခု ထပ်​မံ ကြုံ​တွေ့လိုက်ရခြင်း ဖြစ်သည်။
ကောင်းကင်လျှို့ဝှက်ရတနာ ကွယ်ပျောက်သွားသည်​ကို ကြုံ​တွေ့လိုက်​ရသကဲ့သို့ ယခုအကြိမ်​တွင်​လည်း ပ​ဟေဠိဆန်ေ​သာ အဖြစ်အပျက်မျိုး ထပ်မံကြုံတွေ့ခဲ့ရပြန်​သည်​။
ယခုအဖြစ်အပျက်မှာမူ ပို၍ပင် ထူးဆန်းနေပါသေးသည်။
သခင်​ကြီးဘိုင်​သည်​တခဏမျှ နှုတ်ဆိတ်နေပြီးနောက် ဝတ်​ရုံနက်​နှင့်​လူအား ထွက်​ခွာသွားခိုင်းသည့်​ဟန်​ဖြင့်​လက်​ဝှေ့ယမ်းပြလိုက်​သည်​။ ထို့နောက် ဘီးတပ်ကုလားထိုင်အား ပြတင်းပေါက်နားသို့ တွန်းသွားရင်း –
[ငါ့အမေ လုပ်လိုက်တာ များလား . . .]
မိခင်​ဖြစ်​သူ မော်တယ်ကမ္ဘာတွင် ရှိမရှိ အာရုံခံကြည့်လိုက်သောအခါ အရိပ်အယောင်မျှပင် မမြင်တွေ့ ရတော့ချေ။
[သူကသွားပြီပဲ . . . သူဖြစ်နိုင်ပါ့မလား . . .]
[ဒါဆို ဘယ်လို ဖြစ်သွားရတာလဲ။ ထိပ်တန်းပညာရှင် အယောက် ၁၀၀ နီးပါးကို တစ်ပြိုင်နက်တည်း ပျောက်သွားအောင် ဘယ်သူကများ လုပ်လိုက်တာလဲ။ ဒီနယ်ပယ်က ဘယ်သူကများ ဒါမျိုး လုပ်နိုင်တာလဲ။ ဘယ်သူပဲဖြစ်ဖြစ်​အဲဒီလူက အနိမ့်ဆုံးတော့ မူလတာအိုအဆင့်ရဲ့ ဆရာသခင် အဆင့်လောက်ကို ရောက်နေတဲ့လူ ဖြစ်​ရမယ်​. . .]
[ဖြစ်နိုင်တဲ့လူဆိုရင် . . .]
[ခရမ်းရောင်ကြာပန်းသခင်များလား။ သူက မော်တယ်ကမ္ဘာကို ရောက်နေတာလား။ သူ့ဒဏ်ရာတွေ သက်သာလာပြီး အဆင့်​တွေ အများကြီး တက်လာခဲ့တာလား။ သူဒီလို လုပ်နိုင်တယ် ဆိုရင်တောင်မှ ငါ့ကိုဘာလို့ စိန်ခေါ်ဝံ့ရတာလဲ . . .]
သခင်ကြီးဘိုင်သည်​မျက်မှောင်ကြုတ်လျက် စဉ်းစား​နေမိသည်​။
​တွေး​လေ စဉ်းစားရကြပ်​လေပင်​ဖြစ်​နေပြီး အ​ဖြေမရှိသည့်​ပုစ္ဆာတစ်​ခုလိုပင်​ဖြစ်​နေ​ခဲ့သည်​။ ထိုအချိန်တွင်​ဝါးရုံတောအတွင်းသို့ သိမ်းငှက်တစ်ကောင် ပျံသန်းလာခဲ့သည်။
သိမ်းငှက်၏ ခြေထောက်တွင် အလွန်​သေးငယ်​သော ဝါးကြုပ်​လေးတစ်​ခုအား ချိတ်​ဆွဲ ချည်နှောင်ထားသည်​။
ထိုကြုပ်​လေးအား ဖွင့်ကြည့်​လိုက်သောအခါ စာတစ်​စောင်​တွေ့ရ​လေသည်​။ စာထဲတွင် သူ မကြားချင်​ဆုံး​သော အ​ကြောင်းအရာများအား​ရေးသားထားသည်​။
“တောင်ပိုင်းမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်။ ကောင်းကင်ထက်ကနေ ရုတ်တရက် တောင်ကြီးတွေ ပေါ်လာပြီး ကျုပ်တို့လမ်းကို ပိတ်သွားပါပြီ။ စစ်သည်တွေလည်း ဘာဆက်လုပ်ရမယ် မသိကြတော့ပါဘူး။ တောင်ပိုင်းကို အနိုင်တိုက်ဖုိ့လည်း မဖြစ်နိုင်တော့ပါဘူး . . .”
သခင်​ကြီးဘိုင်​သည်​စာပါ အ​ကြောင်းအရာများအား ဖတ်​ပြီး​သောအခါ သက်​ပြင်းချလိုက်​ရင်း –
“အမေ . . . အမေ့ဟာ အမေ ဒီကို လာချင်တယ် ဆိုရင်လည်း ကိုယ့်ကိစ္စပြီးတာနဲ့ အေး​အေး​ဆေး​ဆေးနဲ့ ပြန်ပါ​တော့လား။ ဘာလို့ ကိုယ့်သားရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်ရတာလဲ။ ကျွန်တော် အိမ်ပြန်မလာလို့ အပြစ်ပေးလိုက်တာလားဗျာ . . .”
သခင်​ကြီးဘိုင်​သည်​နောက်ဆုံးတွင်မူ အ​ဖြေထုတ်​နိုင်​ခဲ့​ချေပြီ။
ယခုကဲ့သို့​သော ကိစ္စများအား ကမ္ဘာ​ပေါ်တွင်​သူ၏ အမေမှလွဲ၍ မည်သူမျှ လုပ်​နိုင်​လိမ့်​မည်​မဟုတ်ေ​ချ။ ခရမ်းရောင် ကြာပန်းသခင်သည် လူ အယောက် ၁၀၀ နီးပါးအား တပြိုင်​တည်း သတ်ပစ်နိုင်​သော်လည်း တောင်များအား ရွှေ့၍ မြစ်များစီးဆင်းမှု ပြောင်းလဲသွား​စေရန်မူ​လုပ်နိုင်မည် မဟုတ်ပေ။
သူ၏ အမေတွင်သာ ထိုကဲ့သို့​သော အစွမ်းမျိုး ရှိနေခြင်း ဖြစ်သည်​။
ယခုအခါ မိခင်ဖြစ်သူ​လည်း မရှိတော့သဖြင့် တောင်များ ပြန်ရွှေ့ရန်မှာ မဖြစ်နိုင်​တော့သည့်​ကိစ္စတစ်​ခုပင်​ဖြစ်​သည်​။
ဖြစ်လာသည့် အကျိုးဆက်များအား ရင်နာနာဖြင့်သာ လက်ခံရတော့​ပေမည်​။
မန်ဟွာချင်း ကိုယ်​တိုင်​သည်​လည်း ယခုကိစ္စများသည်​သားဖြစ်သူ စီစဉ်ထားသည့် အစီအစဉ်​များ ဖြစ်​သည်​ကို မသိခဲ့ချေ။
သူမသတ်ခဲ့သည့် လူများသည်လည်း သားဖြစ်​သူ လွှတ်​လိုက်​သည့်​လူများ ဖြစ်သည်ကို မသိရှိခဲ့ပေ။
မန်ဟွာချင်း​အဖို့ တိုက်ဆိုင်သွားခြင်းသာ ဖြစ်သည်။ မည်​သို့ပင်​ဆို​စေကာမူ အဖြစ်မှန်ကိုလည်း သိရှိနိုင်တော့မည် မဟုတ်ပေ။ သူမလိုချင်သည့် တပည့် ရရှိသွားပြီ ဖြစ်သဖြင့်​မော်​တယ်​ကမ္ဘာသို့​တော်​ရုံနှင့်​ပြန်လာဦး မဟုတ်သေးချေ။
အကယ်၍ အဖြစ်​မှန်​များအား သိရှိခဲ့လျှင်လည်း အရေးစိုက်နေမည် မဟုတ်​ပေ။ တပည့်​ဖြစ်​သူနှင့်​ယှဉ်​လျှင်​လူအ​ယောက်​တစ်​ရာ​ကျော်​အား တစ်​ပြိုင်​တည်း သတ်​ပစ်​လိုက်​သည့်​ကိစ္စသည်​အ​သေးအဖွဲပင်​ဖြစ်​သည်​။
သားဖြစ်​သူ၏ နစ်​နာမှုကိုမူ အိမ်​ပြန်​မလာသည့်​အတွက်​အ​မေဖြစ်​သူမှ အပြစ်​ပေးလိုက်​သည်​ဟုသာ သဘောထားပေလိမ့်မည်။
သခင်ကြီးဘိုင်သည် စာကို ကိုင်ထားရင်း မျက်နှာမသာမယာဖြင့်​-
“မိန်းကလေးဝမ်ကို အကြောင်းကြားပြီး မြန်မြန် ပြန်လာခိုင်းလိုက် . . .”
ဝမ်အာကို ပြန်ခေါ်ရန် အမိန့်ပေးလိုက်သည့်အချိန်မှာပင် နောက်ထပ် သတင်းတစ်ခုသည်​သူ့ထံသို့ ရောက်ရှိလာလေသည်​။
စုယဲ့ယွဲ့အား မဖမ်းဆီးနိုင်သည့်​အပြင်​သူ လွှတ်​လိုက်​သည့်​လူများအားလုံးသည်​လည်း တစ်​ယောက်​မကျန်​သေဆုံးခဲ့ရသည်​။ ထို့ပြင်​တောင်​ပိုင်းတွင်​လည်း တောင်များ ရုတ်တရက် ပေါ်လာခဲ့ပြီး တိုက်​ပွဲအ​ခြေအ​နေများ​ပြောင်းလဲခဲ့ရသည်​။ သို့တိုင်အောင် သခင်ကြီးဘိုင်​အ​နေဖြင့်​အကြီးအကျယ် စိတ်ထိခိုက်သွားခြင်းမျိုး မရှိခဲ့​ပေ။ သို့သော် ယခုရောက်ရှိလာသည့် သတင်းမှာမူ သူ့အား အလွန်အမင်း တုန်လှုပ် သွားစေခေဲ့သည်။
“သူလျိုတွေရဲ့ စုံစမ်းမှုအရ စုယဲ့ယွဲ့ကို ထူးခြားဆန်းကြယ်တဲ့ ပညာရှင်တစ်ယောက်က တပည့်အဖြစ် မွေးစားဖို့​ခေါ်သွားခဲ့တယ်​။ အဲဒီပညာရှင်က မိန်းမတစ်ယောက် ဖြစ်နေတာကတော့ အံ့သြစရာပဲ။ အရမ်းကို အစွမ်းထက်ပြီး ဘယ်သူမှ သူ့ကို စေ့စေ့ မကြည့်ရဲကြဘူး။ သူ့အကြောင်းကို ဘယ်သူမှ မသိကြသလို ဘယ်​က​နေလာပြီး ဘယ်ကို သွားတယ် ဆိုတာကိုလည်း ဘယ်သူမှ မသိကြဘူး။ အခုလောလောဆယ်​တော့ စုယဲ့ယွဲ့ရော အဲဒီမိန်းမပါ ပျောက်နေကြတယ် . . .”
ထိုသတင်းအား ကြားလိုက်ရသောအခါ သခင်ကြီးဘိုင်​သည် တုန်လှုပ် အံ့ဩခဲ့ရသည်​။ သူ ကြံစည်ထားသမျှ အကြံအစည်များ အားလုံး ဖျက်သိမ်း​ကာ အစီအစဉ်အသစ်ြေ​ပာင်းရတော့မည် ဖြစ်သည်။
အရာအားလုံးသည်​စုယဲ့ယွဲ့၏ ဆရာဖြစ်သူကြောင့်သာ ဖြစ်​ပေသည်။
အခြားလူများအဖို့ ထိုအမျိုးသမီးအား မသိကြသော်လည်း သခင်ကြီးဘိုင်မှာမူ ကောင်းစွာ သိနေလေသည်။ ထိုအမျိုးသမီးဆိုသူမှာ သူ၏ အမေပင် မဟုတ်ပါ​လော။ ကြုံ​တွေ့လိုက်​ရသည့်​အဖြစ်​အပျက်​များ​ကြောင့်​သခင်​ကြီးဘိုင်​သည်​မချိတင်​ကဲ ပြုံးလိုက်​ရင်း –
[အခု အမေက စုယဲ့ယွဲ့ကို သူ့တပည့်အဖြစ်​မွေးစားဖို့ ခေါ်သွားပြီ။ အဲ့ဒါဆို ငါနဲ့ စုယဲ့ယွဲ့က မောင်နှမလိုတောင် ဖြစ်သွားပြီပေါ့။ ငါ့ညီမရဲ့ မိသားစုဝင်တွေကို ငါက မကောင်းတာတစ်ခုခု လုပ်မိရင် ငါဘာဖြစ်သွားနိုင်​မလဲ . . .]
[ငါ့အမေက ငါ့ကို အရင်သတ်နိုင်တယ်။ သူ ဖီးနစ်ခန္ဓာကိုယ် ပိုင်ရှင်ကို ရှာနေတာ နှစ်ပေါင်းများစွာ ကြာလှ​နေပြီ။ အခုတွေ့သွားပြီဆို​တော့ သူ့ တပည့်​ကို သူ တန်​ဖိုးထားမှာ​သေချာ​ပေါက်​ပဲ။ ငါသာ အခုချိန် အဲဒီကောင်မလေးကို သွားထိရင် မီးပွင့်သွားလောက်တယ် . . .]
[ကံတရားက ဆန်းကြယ်လိုက်တာ။ ငါက ချန်နိုင်ငံတော်ကို ဖြိုခွဲဖို့ ကြံစည်ထားတာ။ အခုမှ ဘယ်လို အစီအစဉ်​ပြောင်းရတော့မလဲ။ ငါပြောင်းမယ်ဆိုရင်​တောင်​နောက်ထပ် နှစ်ပေါင်း ၆၀ လောက် ထပ်ပြီး စောင့်ရ​လောက်​တယ်​. . .]
[အနည်ဆုံး နှစ်ပေါင်း ၆၀ စောင့်ပြီးမှ အစီအစဉ် ပြောင်းနိုင်မှာဆိုတော့ ငါက အဲဒီလောက်ထိ ကြာအောင် ဘယ်လို စောင့်နေနိုင်မှာလဲ . . .]
သခင်ကြီးဘိုင်သည်​ကောင်းကင်ထက်သို့ မော့ကြည့်လိုက်​ရင်း –
“အမေရေ . . . အမေကတော့ ဆိုင်းမဆင့်​ဘုံမဆင့်​ရောက်​ချလာတယ်​ပြီး​တော့ လိုချင်​တာရပြီး ပြန်​ထွက်​သွားတယ်​။ ကျွန်တော့်မှာတော့ ဒုက္ခတွေ့နေရပြီ . . .”
ထို့နောက် မျက်မှောင်ကြုတ်လိုက်ပြန်ရင်း –
“အခုအ​ခြေနေအရဆိုရင်​လူအင်အားကို ထပ်ပြီး သုံးရ​တော့မှာပဲ။ စုဒင်ဂူကတော့ မသေနိုင်တော့ဘူး။ အဲ့ဒါက​တော့ ထားလိုက်ပါတော့လေ။ ဒီတောင်တွေ ရုတ်တရက် ပေါ်လာတော့ တောင်ပိုင်းလည်း လတ်တလော တည်ငြိမ်သွားပြီ။ ငါ့ညီမအတွက် မျက်နှာသာပေးတယ်ပဲ သဘောထားလိုက်ပါတော့မယ်။ ဒါပေမယ့်​စုဒင်ဂူကို အဲဒီတောင်ပိုင်းကနေ တခြားဘက်ကို သွားပြီး အကူအညီ မပေးနိုင်အောင် လုပ်ထားရမယ်​။ တောင်ပိုင်းလုံခြုံနေရင်တောင်မှ ကျန်တဲ့ သုံးဘက်က ဝိုင်းတိုက်ရင် ချန်နိုင်ငံတော် ကျရှုံးသွားမှာပဲ . . .”
“ချန်နိုင်ငံတော် ပြိုကွဲသွားရင် စုဒင်ဂူလည်း ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ သူက မင်းသားဆိုတဲ့ ဘွဲ့ထူးကိုပဲ ချီးမြှင့်​ခံထားရတာ။ တော်ဝင်မိသားစုဝင် မဟုတ်ဘူး . . .”
“အင်း . . . ဒီပြဿနာကို ငါတော်တော်ကြီး စဉ်းစားနေမိခဲ့တာပဲ။ စုဒင်ဂူက ငါ့အတွက် ပြဿနာ မဟုတ်ဘူး။ ငါ့ပြဿနာက ငါကိုယ်တိုင် ဖြစ်နေတာပဲ။ စိုးရိမ်​စရာမဟုတ်​တာကို စိုးရိမ်​နေခဲ့မိတယ်​. . .”
သခင်ကြီးဘိုင်သည်​တစ်ကိုယ်​တည်း ရေရွတ်နေမိပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset