Switch Mode

Chapter – 8

ယွဲ့ဟွာဂိုဏ်း

အပိုင်း ၈ 
ယွဲ့ဟွာဂိုဏ်း

ရှန်းယွမ်သည် ငွေအိတ်ကို သူ၏အတွင်း အိတ်ကပ်ထဲသို့ ထည့်ပြီး လှည့်လိုက်ရာ သူ့အား ကြည့်နေသော ယင်ကျင်းလော့ကို တွေ့လိုက်သော် ပြုံးရယ်ကာ သူမဆီသို့ လျှောက်လာသည်။ ထို့နောက်-

“လှပတဲ့ ဆရာသခင် ဒီမှာ ဘာမှပျော်စရာ မရှိဘူး၊ ဒီရက်အတောအတွင်း ကျွန်တော် ဒင်္ဂါး အများကြီး စုမိတယ်၊ နောက်နေ့ ယွဲ့ဟွမ်မြို့သွားပြီး ဆရာ့အတွက် ပစ္စည်းကောင်းတွေ ဝယ်ခဲ့မယ်”

ယင်ကျင်းလော့ ခေါင်းကို ခါလိုက်ရင်း ပြုံးကာ-

“မလိုပါဘူး ငွေကို မင်းအတွက် သိမ်းထားလိုက်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ မင်းကို တစ်လပဲ သင်ပေးရမှာ ခုတောင် ခြောက်ရက် ပြီးသွားပြီ”

ထိုသို့ပြောပြီး ယင်ကျင်းလော့ ဖြည်းညင်းစွာ ထွက်သွားသည်။

စတင် လေ့ကျင့် ကတည်းက ယင်ကျင်းလော့၏ ကြောက်စရာ ကောင်းမှုကို ရှန်းယွမ် သတိထားမိခဲ့သည်။ ဤအမျိုးသမီးသည် သူချုံခိုတိုက်၍ ရသော လူစားမျိုး မဟုတ်ချေ။ သူမသည် အလွန်ပင် လျှို့ဝှက် နက်နဲလှသည်။

ကျင်းလော့ စကားကြောင့် ရှန်းယွမ် အနည်းငယ် ဝမ်းနည်းသွားသည်။ အမှန်တကယ်လည်း တစ်လတိတိသာ သင်ပေးမည့်ပုံပင်။

“…….”

ယင်ကျင်းလော့၏ နောက်ကျောကို ကြည့်ကာ ရှန်းယွမ် တစ်ယောက် ပြောစရာစကားမရှိ ဆွံ့အ သွားခဲ့သည်။ မူလက လမ်းလျှောက် ထွက်မည် စဉ်းစားမိသော်လည်း ယခုမူ ဆက်လက် လေ့ကျင့်ရန် ရှန်းယွမ် ဆုံးဖြတ် လိုက်သည်။

သူ့အနေဖြင့် အနည်းဆုံး တိုက်ခိုက်သူ အဆင့်ကို ကျော်လွှားနိုင်မှ ဖြစ်ပေမည်။ တစ်ချိန်ချိန် သူ ယင်ကျင်းလော့အား ချုံခို တိုက်နိုင်ပါက လိုရာဆု တောင်းနိုင်မည် ဖြစ်သည်။ သို့မှသာ သူမအား ဆက်နေခိုင်းပြီး ပညာ ဆက်သင်ပေးရန် ပူဆာနိုင်မည် ဖြစ်သည်။

ရှန်းယွမ်သည် နေကို မျက်နှာမူကာ ကျောက်တုံးပေါ်တွင် ‘ကောင်းကင်ဘုံ နဂါးအကြေးခွံ သန့်စင်ခြင်း အတတ်’ကို ကျင့်သုံးပြီး သူ၏ကိုယ်မှ ယိုစိမ့်ပေါက်များကို ဖွင့်လိုက်ကာ မိုးကောင်းကင်နှင့် ကမ္ဘာမြေစွမ်းအားဖြင့် သန့်စင် လိုက်သည်။ ရှန်းယွမ် အပြင်းအထန် လေ့ကျင့်နေသည်ကို တွေ့ပြီး ယင်ကျင်းလော့ တီးတိုး ရေရွတ်လိုက်သည်။

“ယင်အိမ်တော်ကသာ ငါမှာ ဒီလောက်တော်တဲ့ တပည့်ရထားမှန်းသိရင် မင်းကို လေ့ကျင့်ပေးဖို့ ခေါ်သွားကြလိမ့်မယ်၊ ဒါပေမယ့် ခုချိန်မှာ ငါက အိမ်ရှိပေမယ့် ပြန်လို့မရတဲ့ အခြေအနေ ဖြစ်နေတယ်၊ ဒီပြဿနာထဲ မင်းလည်း ကြားညပ် သွားနိုင်တယ်၊ အဲ့ဒါကြောင့် ငါမင်းကို အကြာကြီး မသင်ပေးနိုင်‌လောက်ဘူး”

ယင်ကျင်းလော့ ရှန်းယွမ် လေ့ကျင့်သည်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ရှန်းယွမ် ငါးနာရီခန့် ‘ကောင်းကင်ဘုံ နဂါးအကြေးခွံ သန့်စင်ခြင်း အတတ်’ကို လေ့ကျင့်ပြီးနောက် ဒဿမအဆင့် ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားသည်။ 

ထိုအချိန်တွင် ရှန်းယွမ်မှာ နရိုင်းဆယ်ကောင် ခွန်အားကိုလည်း ရရှိသွားပြီ ဖြစ်သည်။ ယင်ကျင်းလော့ တစ်ခဏတာ မှင်တက်သွားပြီး-

“ဟမ်… သူ တိုက်ခိုက်သူအဆင့် ရောက်သွားပြီလား… မဟုတ်သေးပါဘူး တိုက်ခိုက်သူ အဆင့်ရဲ့ အနိမ့်ဆုံးက နရိုင်းဆယ့်နှစ်ကောင်အား ရှိရမှာလေ၊ သူက ဘယ်လိုဖြစ်ပြီး ဆယ်ကောင်အားနဲ့ ဖြစ်ရမှာလဲ”

ယင်ကျင်းလော့ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး-

“အင်း…. သူက ထူးခြားခန္ဓာ ရှိတဲ့သူများလား… နရိုင်းဆယ်ကောင်အား ရောက်နေပေမယ့် အရေပြားကမှ အကုန် သန့်စင်လို့ မပြီးသေးတာ ဒါကြောင့် ထင်တယ်၊ ဒီလိုတာဆို သူ တိုက်ခိုက်သူအဆင့် ရောက်ရင် စွမ်းအား ဘယ်လောက်များ ကြီးလိုက်မလဲ”

လေ့ကျင့်နေသော ရှန်းယွမ်မှာလည်း ခန္ဓာကိုယ် တစ်ခုလုံး ပို၍ သက်သောင့်သက်သာ ရှိလာသည်ကို ခံစားရပြီး အချို့သော ယိုစိမ့်ပေါက်များလည်း ပွင့်သွား၏။ သို့သော် ယိုစိမ့်ပေါက် တချို့မှာ ကျန်ရှိနေသေးသည်။ ရှန်းယွမ် ဝမ်းသာမိသော်လည်း ကျေနပ်အားရမှု မရှိနိုင်ပေ။ ထို့ကြောင့် ‘နဂါးအကြေးခွံ အမှုန့်’နှင့် တစ်ကိုယ်လုံးကို လိမ်းလိုက်ပြီး နာကျင်မှုကို သည်းခံကာ ‘ကောင်းကင်ဘုံ နဂါးအကြေးခွံ သန့်စင်ခြင်း အတတ်’ကို ဆက်လက် လေ့ကျင့်နေလေသည်။

နောက်ထပ် တစ်ရက် ကုန်ဆုံးသွားသည်….

………

ချန်ခွိုင်၏ မျက်နှာမှာ အလိုမကျမှုများဖြင့် ပြည့်‌နေ၏။ သူ၏လူယုံ နှစ်ယောက်က ရှန်းယွမ်မှာ နရိုင်းရှစ်ကောင် ခွန်အား ရှိ‌ပြီး တွေ့လျှင်တွေ့ချင်း ပြန်တိုက်ချိန်ပင် မရလိုက်ဟု ငိုယိုကာ ပြောလာသည်။ ချန်ခွိုင် ဤသို့ အဓိပ္ပာယ်မဲ့မှုကို စိတ်တိုနေမိသည်။

ယွဲ့အိမ်တော်၏ နရိုင်းခြောက်ကောင်အား ရှိသော အစေခံသည် ရှန်းယွမ်ကြောင့် သွား ခုနစ်ချောင်း၊ ရှစ်ချောင်း ကျိုးသွားရသည်။ ၎င်းက –

“ချန်ဘဏ္ဍာစိုး၊ ကျွန်တော်တို့ကို ပြန်လက်စားချေပေးပါ၊ ကျွန်တော် ဘဏ္ဍာစိုးကို ပေးဖို့ လုပ်ထားတဲ့ ငွေတွေလည်း သူယူသွားပြီ၊ ဒီရက်ပိုင်း ရှာထားသမျှ အလကား ဖြစ်သွားခဲ့ပြီ”

“ဟုတ်တယ် ပြီးတော့ သူ့ဘေးမှာ ငွေရောင်ဝံပုလွေလည်း ရှိတယ်” 

ခန္ဓာကိုယ်ပေါ်တွင် ကုတ်ခြစ်ရာ ပရပွနှင့် ပေါင်အရိုး ပေါ်နေသော အစေခံက ပြောလိုက်သည်။

“ဒါဆိုရင် အဲ့ကောင်က အနည်းဆုံး နရိုင်းရှစ်ကောင်အား ရှိတာပေါ့။ ဟုတ်ပြီလေ.. သူ ဒါ့ထက် ပိုရင်တောင် ငါမမှုဘူး။ ငါ လက်နဲ့ အကုန်လုပ်နိုင်တယ်၊ ငါ့အားတွေကို “မြွေအဆိပ်သင့် ကျာပွတ်” ထဲ ထည့်ပြီး တိုက်ရင် တိုက်ခိုက်သူအဆင့် ဆိုရင်တောင် ခံနိုင်ရည် ရှိဖို့မလွယ်ဘူး”

ချန်ခွိုင်၏ မျက်နှာသည် ဒေါသ၊ မုန်းတီးမှုများနှင့် ပြည့်နေပြီး ရှန်းယွမ်ကို အစိတ်စိတ် အမြွှာမြွှာ စုတ်ဖြဲ ချင်နေသည်။ ဤလူယုံနှစ်ယောက်သည် သူကိုယ်တိုင် ပျိုးထောင်ပေးထားသော လူများဖြစ်ပြီး ငွေလည်း အတော် ရှာပေးနိုင်ကြသည်။ ယခုလို မထင်မှတ်ထားသော ကောင်လေး တစ်ဉီးက သူ့ခေါင်းအား တက်နင်းလာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။

“ချောင်းအပေါ်ပိုင်း သွားမယ်၊ အဲ့ကောင်ကို သေအောင် သတ်ပြမယ်”

ချန်ခွိုင်သည် လက်ထဲတွင် မြွေအဆိပ်သင့် ကျာပွတ်ကို တစ်ပါတည်း ယူဆောင် လာခဲ့သည်။ ဤကျာပွတ်သည် သာမန်တော့ မဟုတ်ပေ။ အရိုက်ခံရသည်နှင့် ခန္ဓာကိုယ် တစ်ခုလုံး ထုံကျင်သွားပြီး တိုက်ခိုက်ရေး စွမ်းအားများ ချက်ချင်း လျော့ကျ သွားမည် ဖြစ်သည်။ တိုက်ခိုက်သူ အဆင့်ရှိသူပင် ဤကျာပွတ်နှင့် အရိုက် ခံရပါက တုံ့ပြန်နိုင်စွမ်း လျော့သွားနိုင်သည်။ 

ချန်ခွိုင်သည် ဝတ်ရုံ၏ အတွင်းအိတ်ထဲတွင် လျှို့ဝှက်တံဆိပ်ပြား ထည့်လိုက်သည်။ ဤလျှို့ဝှက် တံဆိပ်ပြားကို ‘မြွေအဆိပ် အမှတ်ပြား’ ဟုခေါ်သည်။ ၎င်းသည်လည်း မှော်လက်နက် တစ်ခုဖြစ်ပြီး “မြွေအဆိပ်သင့် ကျာပွတ်”နှင့် ယှဉ်လျှင် ကျာပွတ်၏ အဆိပ်သည် ပါမွှားမျှသာ ဖြစ်သည်။

‘မြွေအဆိပ် အမှတ်ပြား’သည် ဝက်ဝံမိစ္ဆာကိုပင် သတ်နိုင်သည်။ တကယ်တမ်း ဝက်ဝံမိစ္ဆာ တစ်ကောင်၏ ပျမ်းမျှအားမှာ နရိုင်း သုံးဆယ် ခွန်အားရှိ၏။ သို့သော် မြွေအဆိပ် အမှတ်ပြားသည် ထိုထက် ခွန်အားပိုသော အတွင်း အမြုတေရှိ ဝက်ဝံမိစ္ဆာကိုပင် ပူးပေါင်း တိုက်လျှင် ‌နိုင်နိုင်ချေ ရှိသည်။

ချန်ခွိုင်သည် အစေခံ ခုနစ်ယောက်နှင့် ချောင်း အထက်ပိုင်းသို့ လာခဲ့သည်။ ထိုအထဲမှ သုံးယောက်မှာ နရိုင်း ခုနစ်ကောင်အားရှိပြီး လေးယောက်မှာ နရိုင်း ခြောက်ကောင်အားရှိ၏။ သူကိုယ်တိုင်ကမူ နရိုင်းကိုးကောင် အင်အား ရှိလေသည်။ သူ ရှန်းယွမ်၏ အရိုက် ခံထားရသော ငယ်သား နှစ်ယောက်အတွက် စကားတစ်ခွန်းသာ ချန်ခဲ့သည်။

“မင်းတို့ပြန်ပြီး သေချာ ကုသလိုက်ဦး၊ ယွဲ့ဟွာဂိုဏ်းက လူတွေ နောက်ရက် အနည်းငယ်အတွင်း ယွဲ့ဟွမ်မြို့ကို ရောက်လာလိမ့်မယ်၊ အရည်အချင်းရှိတဲ့ သူတွေကို ရွေးပြီး သူတို့တပည့် အဖြစ် ခံခိုင်းလိမ့်မယ်၊ ရုံဖူနဲ့ ရုံလိုင်ကတော့ သွားလို့ မရတော့ဘူး၊ ယွဲ့ကျွယ်သခင်လေးက နောက်လိုက်တွေနဲ့ ယွဲ့ဟွာဂိုဏ်းသွားဖို့ ရှိတယ်။ မင်းတို့ နေရမရကတော့ မင်းတို့ပေါ် မူတည်တယ်”

အစေခံ နှစ်ယောက်သည် ခေါင်းညိတ်ကာ မျက်နှာများ ဝင်းပသွားသည်။ အကယ်၍ သူတို့သာ ထိုနေရာ ရောက်ပါက အနာဂတ်တွင် ပြန်၍ လက်စား ချေနိုင်မည် ဖြစ်သည်။ ယွဲ့ဟွာဂိုဏ်းသည် သိုင်းကျင့်ကြံသူတို့ စုဝေးရာ ဂိုဏ်းတစ်ခုဖြစ်ပြီး ယွဲ့ဟွမ်မြို့အောက်မှ ဖြစ်သည်။

ချန်ခွိုင်သည် သူ့လူများဖြင့် ချောင်းသို့ လာနေချိန် ရှန်းယွမ်သည် ‘နဂါးအကြေးခွံ အမှုန့်’ကို လူးလျက် ကျင့်ကြံနေသည်။ သူ၏ ကျင့်စဉ်မှာ ယခင် နေ့တို့ထက် ပို၍ မြန်လာပြီး ခန္ဓာကိုယ် သန့်စင်မှုမှာလည်း ပိုမို မြန်ဆန်လာသည်။

မထင်မှတ်စွာပင် ရှန်းယွမ် နရိုင်းတစ်ကောင်အား ထပ်မံ တိုးသွားပြန်သည်။ ထိုစဉ် ရှန်းယွမ်၏နားမှာ ဆတ်ခနဲ လှုပ်သွားပြီး လူတစ်အုပ် သူ့ဆီ ဦးတည် လာသည်ကို ခံစားမိလိုက်သည်။ ကုရှင်း၏ အမွေးများလည်း ထောင်သွားပြီး လူတစ်စုဘက် လှည့်ကာ တစ်ချက် ဟောင်လိုက်သည်။

မျက်နှာ‌ပေါ်၌ ရက်စက်ကြမ်းကြုတ်သော အပြုံးနှင့် သက်လတ်ပိုင်း အရွယ် လူကြီးသည် “မြွေအဆိပ်သင့် ကျာပွတ်” ကိုင်ထားပြီး ငယ်သားများကို ဉီး‌ဆောင်လျက် သူ့ဆီသို့ သားရဲများသဖွယ် ချဉ်းကပ် လာနေသည်။

ရှန်းယွမ် သတိကြီးစွာ ထားလျက် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး ချန်ခွိုင်ကို စိုက်ကြည့်လိုက်သည်။ ဤလူသည် သူ့မှတ်ဉာဏ်ထဲရှိ သူ့အား ကြိမ်ဖြင့် မသေရုံတမယ် ရိုက်နှက်ခဲ့ သူဖြစ်မှန်း မှတ်မိသွားသည်။

ထိုအချိန်က မိမိ အနေဖြင့် ခွေးတစ်ကောင်လောက်ပင် အားမရှိချိန် ကြောင်က ကြွက်ကို ကျီစယ်သကဲ့သို့ ဤလူက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လက်စားချေရန် ဆုံးဖြတ်ထားသော ရှန်းယွမ်အဖို့ မိမိရှေ့ ရောက်လာသော ရန်သူဟောင်းကို လွတ်ပေးရန် အကြောင်း မရှိတော့ပေ။

” ကောင်လေး ဒီနေ့က မင်းသေနေ့ပဲ”

စကားဆုံးသည်နှင့် ချန်ခွိုင်သည် တုံ့ဆိုင်းခြင်းမရှိ လက်ထဲမှ “မြွေအဆိပ်သင့် ကျာပွတ်”ဖြင့် ရှန်းယွမ်အား အရှိန်ပြင်းစွာ ရိုက်ချ လိုက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset