Switch Mode

Chapter – 18.3

" နယ်မြေ နံပါတ် သုံးဆယ့် သုံး။ သုံးယောက် သုံးယောက်ခြင်း တိုက်ပွဲ "

Chapter – 18.3 ” နယ်မြေ နံပါတ် သုံးဆယ့် သုံး။ သုံးယောက် သုံးယောက်ခြင်း တိုက်ပွဲ ”
°°°

၀မ်ယန်က ပြုံးနေခဲ့ပါတယ်။

” အဲ့ဒါကောင်းတယ် ပြန်ပြီအနားယူလိုက်ကြတော့ “‘

ဟို့ယွိဟောင်ကို သူ့ရဲ့သိုင်းပညာ၀ိဉာဥ်အကြောင်း မမေးမိဖို့ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားနိုင်ဆဲပါ။ သူကိုယ်တိုင်းလဲ ဆရာတစ်ယောက်ရဲ့ မာနရှိပါသေးတယ်။ ဟို့ယွိဟောင်က သန်မာတဲ့ပြိုင်ဘက်နဲ့ တွေ့လာခဲ့မယ်ဆိုရင် သူ့ရဲ့သိုင်းပညာ၀ိဉာဥ်ကို ဆက်ပြီး ဖုံးကွယ်ထားနိုင်မှာမဟုတ်တော့ဘူးလို့ တွေးနေခဲ့မိတယ်။

” ပေါ့ပါးပြီ နေလို့ကောင်းလိုက်တာ သူတို့တွေကို အနိုင်တိုက်ရတာက ဟင်းသီးဟင်းရွက်တွေကို လှီးနေရသလိုအရမ်းလွယ်တာပဲ ”

၀မ်သုန့်က အရမ်းကို စိတ်အေးလက်အေးနဲ့ ပြောနေခဲ့ပါတယ်။ သူတို့ဒီနေ့လုပ်ဆောင်ခဲ့တဲ့ ပြိုင်ပွဲအတွက် အတော်ကို ကျေနပ်နေခဲ့ကြတာပါ။

ရှောင်ရှောင်းက ပြောလာခဲ့တယ်။

” မနက်ဖြန် ငါအလှည့်ရောက်တော့မယ် ၀မ်သုန့် နင်က နင်ရဲ့ပထမ၀ိဉာဥ်စွမ်းရည်ကိုပဲ အဓိကသုံးနေခဲ့တာ အကယ်၍ မနက်ဖြန်မှာ ငါတို့ ပိုပြီး သန်မာတဲ့ပြိုင်ဘက်ကို တွေ့လာခဲ့မယ်ဆိုရင် ဒုတိယ၀ိဉာဥ်စွမ်းရည်ကို သုံးရမှာငါစိုးရိမ်မိတယ်….ဒါပေမယ့် နင်ရဲ့ဒုတိယ၀ိဉာဥ်စွမ်းရည်က နှစ်တစ်ထောင်၀ိဉာဥ်စက်ကွင်းကနေ ထုတ်ဖော်ထားတာဆိုတော့ အသန်မာဆုံးနည်းလမ်းဖြစ်နေမှာပဲ ငါတို့တွေ တခြားလူတွေကို အလွယ်လေး မသိမြင်စေသင့်ဘူး…အဲ့ဒါကို ချန်ပီယံယူမဲ့ပြိုင်ပွဲကြမှ သုံးရအောင် အကယ်၍ လက်ရှိအချိန်ကနေစပြီ ပြိုင်ဘက်တွေက သန်မာလာခဲ့မယ်ဆိုရင် ငါနင့်ကို ကူညီပေးမယ်…ပထမ၀ိဉာဥ်စက်ကွင်းကို အရင်ဆုံးသေချာလေး သုံးရအောင် ငါတို့တွေ အရမ်းကိုသန်မာတဲ့ပြိုင်ဘက်နဲ့ မတွေ့သေးသရွေ့ သူတို့ရဲ့ ဒုတိယ၀ိဉာဥ်စက်ကွင်းကို မသုံးသေးသရွေ့ ငါအဓိက ကူတိုက်ပေးမယ်…ဒါဆိုရင် နင်လဲ လျှို့လျှို့၀ှက်၀ှက်နဲ့ နေနိုင်မှာပါ။ ဒီလိုနည်းနဲ့ ငါတို့မှာ၀ှက်ဖဲနှစ်ခုရှိသွားမှာပေါ့ ဘယ်လိုလဲ ”

၀မ်သုန့်က ရယ်နေခဲ့ပါတယ်။

” ရှောင်ရှောင်း မင်းပြောတာ အကုန်ပါပြီးသွားပြီလေ ဒါပေမယ့် မင်းဒီလိုပြောနေတာ မင်းလက်အတော်ယားနေလို့မဟုတ်လား ရပါတယ်…မင်းပြောသလိုပဲ လုပ်ကြတာပေါ့ ငါလဲ အတော်စိတ်ကျေနပ်နေပြီး ဒီတော့မင်းလဲ နည်းနည်းပါးပါး ၀င်ချလိုက်ပါဦး ”

သူတို့တွေစကားပြောနေချိန်မှာ အနီးအနားဖြတ်သွားတဲ့သူ မရှိခဲ့ပါဘူး။ အကယ်၍ ရှိနေခဲ့မယ်ဆိုရင်တော့ ၀မ်သုန့်ရဲ့စကားတွေကို သူတို့ အဓိပ္ပါယ်ကောက်လွဲသွားခဲ့မှာပါ။

ဟို့ယွိဟောင်ကတော့ ရယ်သာရယ်နေခဲ့ပါတယ်။

” သွားမယ် မင်းတို့နှစ်ယောက်ကို ငါ ငါးကင်ပြီကျွေးမယ်…မနေ့တုန်းက ငါးကင်အပိုတွေ မှာထားသေးတယ် ”

သူတို့သုံးယောက် စာမေးပွဲနယ်မြေကနေ ထွက်ခွာလာပြီချိန်မှာ လူနှစ်ယောက်နဲ့၀င်တိုးပါတော့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ အဲ့ဒီလူနှစ်ယောက်ကိုမြင်ချိန်မှာ လန့်သွားခဲ့ရပါတယ်။ ဒါက အနီရောင်၀တ်ရုံ၀တ်ထားတဲ့ အတွင်းတပည့်သား မာရှောင်ဖျောင့်နဲ့ သူဆွဲခေါ်သွားတဲ့ ရှုစန်းရှီတို့ပါပဲ။ အမြဲတမ်းတက်ကြွနေတဲ့ ရှုစန်းရှီကတော့ မျက်နှာတစ်ခုလုံး မည်းမှောင်နေခဲ့ပြီ တစ်ကိုယ်လုံးစွမ်းအားတွေ ကုန်ဆုံးနေတဲ့ ပုံစံရှိပါတယ်။ သူကြည့်ရတာ အသက်၀ိဉာဥ်တောင်လွှင့်ပါသွားသလိုပါပဲ။ အ၀တ်အစားတွေကလဲ ဖရိုဖရဲဖြစ်နေခဲ့ပြီး လေလွှင့်နေတဲ့ လူငယ်တစ်ယောက်နဲ့တောင် တူနေခဲ့ပါသေးတယ်။

မာရှောင်ဖျောင့်ကတော့ အခုအချိန်ထိ လှလှပပပါပဲ။ ဒါ့အပြင် ပုံမှန်မဟုတ်အောင်မျက်နှာက တောက်ပလို့နေခဲ့ပြီမျက်၀န်းထဲက ပန်းရောင်အငွေ့အသက်တွေကလဲ မှောင်မိုက်လို့နေခဲ့ပါတယ်။

“‘နောက်ဆုံးတော့ တွေ့ပြီပဲ အစ်မကြီးရှောင်ဖျောင့် အခုသွားလို့ရပြီလား “‘

ရှုစန်းရှီက ခါးသီးမှုအပြည့်နဲ့ပြုံးရင်း ပြောလာခဲ့ပါတယ်။ ပြင်းထန်တဲ့နာကျင်မှုကြောင့် ရက်အနည်းငယ်ကြာတဲ့အထိ နှိပ့်စက်ခံနေခဲ့ရတဲ့အတွက် သူနောက်ထပ်ဆက်ပြီ တောင့်မခံနိုင်တော့ပါဘူး။ ခန္ဓာကိုယ်ရဲ့ စွမ်းအားကုန်ဆုံးမှုရော ၀ိဉာဥ်စွမ်းအားကုန်ဆုံးမှုကပါ အရမ်းပြင်းထန်နေခဲ့ပါတယ်။ အခုအချိန်မှာ သူလုပ်ချင်တဲ့တစ်ခုတည်သောအရာကတော့ သူ့အခန်းပြန်ပြီ အိပ်ချင်နေတာပါပဲ။

” ကောင်းပြီသွားတော့ ”

မာရှောင်ဖျောင့်က ခေါင်းညိတ်လိုက်ပါတယ်။

ရှုစန်းရှီက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို တစ်ချက်သာ ကြည့်လိုက်တယ်။ သူ့ရဲ့ အကြည့်ထဲမှာတော့ မင်းတို့တွေ ကိုယ့်ဘာသာကိုယ် ကာကွယ်ကြတော့ဆိုတဲ့ အကြည့်က ပါ၀င်လို့နေခဲ့ပါတယ်။ ဒီလိုမျိုးရောင်းစားခံလိုက်ရတဲ့ အကြည့်မျိုးက ဟို့ယွိဟောင်နဲ့ ၀မ်သုန့် နှစ်ယောက်စလုံးကို အတော်လေး စိတ်ပူပန်းသွားစေခဲ့ပါတယ်။ မာရှောင်ဖျောင့်က ဘာဖြစ်လို့ သူတို့ကို လာရှာနေတာလဲ။

” မင်းတို့နှစ်ယောက် ငါနောက်ကိုလိုက်ခဲ့ အတန်းသားငယ်လေး မင်းကတော့ ကိုယ့်ဘာသာကိုယ်ပြန်လိုက် ”

ရှောင်ရှောင်းက စကားပြောတော့မဲ့အချိန်မှာပဲ ဟို့ယွိဟောင်က ခေါင်းခါပြလိုက်ပါတယ်။ သူမ ထွက်ခွာသွားဖို့အတွက် သူက အချက်ပြနေခဲ့တာပါ။ ဒါဆိုရင် သူတို့လဲ ဘာမှဖြစ်နိုင်စရာအကြောင်းမရှိပါဘူး။

မာရှောင်ဖျောင့်က ကောင်းတဲ့စိတ်အကြံအညံနဲ့ လာတာမဟုတ်မှန်း သူခံစားနေခဲ့မိပါတယ်။ ဒါကြောင့် ရှောင်ရှောင်းကိုလဲ ဒီကိစ္စထဲဆွဲမသွင်းချင်ပါဘူး။ ဒါ့အပြင် သူတို့က ကျောင်းတော်ထဲမှာရှိနေခဲ့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံး ယုံကြည်ထားတာက သူမ သူတို့ကို ထိခိုက်အောင်မလုပ်နိုင်ဘူးဆိုတာပါပဲ။

ရှောင်ရှောင်းက မကျေမနပ်ဖြစ်နေခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ထွက်ခွာသွားခဲ့ပါတယ်။ မာရှောင်ဖျောင့် ဦးဆောင်မှုနဲ့အတူ သူတို့နှစ်ယောက်က ရေကန်ဘေးလမ်းကို ရောက်လာခဲ့ပါပြီ။ တခဏတာလျှောက်နေပြီတဲ့နောက် သူတို့ပထမတိုက်ခိုက်ခံရတဲ့ နေရာကိုရောက်လာပါတော့တယ်။

မာရှောင်ဖျောင့်က ပင်လယ်နတ်ဘုရားရေကန်အရှေ့မှာ ရပ်လိုက်ပါတယ်။ ဟို့ယွိဟောင်တို့ကတော့ သူနဲ့ ခပ်ခွာခွာနေဆဲပါ။ ၀မ်သုန့်ကတော့ စိတ်ညစ်နေခဲ့သလို ဟို့ယွိဟောင်ကလဲ နှလုံးသားထဲမှာ တစ်ဒုန်ဒုန်ဖြစ်နေခဲ့ပါပြီ။

” အစ်မကြီးမာ ဘာဖြစ်လို့ ကျွန်တော်တို့ကို ခေါ်လာတာလဲ ”

ဟို့ယွိဟောင်က မေးလိုက်တယ်။

မာရှောင်ဖျောင့်က သူတို့ကို ကျောခိုင်ထားရင်း ပြောလာခဲ့ပါတယ်။

” မင်းတို့သိသင့်တယ်မဟုတ်လား မင်းတို့ထင်တာမှန်တယ် မင်းတို့နှစ်ယောက်ကို ထိခိုက်အောင်လုပ်မိတော့မဲ့ ကျောင်းသားက ငါပဲ အဲ့ဒီအချိန်တုန်းက ငါလဲ တကယ်ရွေးချယ်စရာမရှိခဲ့ဘူး..ဒါကြောင့် အရင်ဆုံးတောင်းပန်ပါတယ် ”

၀မ်သုန့်ကတော့ နှုတ်ခမ်းတွေကိုတွန့်ရင်း တွေးနေခဲ့မိတယ်။ ဒါက တောင်းပန်တာလား လုံး၀ကို စိတ်ရင်းမှန်တဲ့ပုံစံ မရှိဘူးပဲ။

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိပါတယ်။

” အစ်မကြီးမာ ဖြစ်ပြီးတာတွေက ဖြစ်ပြီးခဲ့ပါပြီ ကျောင်းကလဲ ကျွန်တော်တို့ကို လျော်ကြေးပေးပြီးပြီပါပြီ “‘

ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။ မာရှောင်ဖျောင့်က ရုတ်တရက်ဆိုသလို ပြန်လှည့်လာပါတော့တယ်။ သူမရဲ့မျက်၀န်းထဲမှာ ပန်းရောင်အငွေ့အသက်က ရုတ်တရက်ဆိုသလို မှောင်မိုက်လို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ခန္ဓာကိုယ်ပေါ်မှာလဲ မဖော်ပြနိုင်လောက်တဲ့ ဖိအားတစ်ခုက ရုတ်တရက်ရောက်ရှိလို့လာပါတော့တယ်။

” ငါ့အမြင်အရ ဒီကိစ္စက မပြီသေးဘူး “‘

မာရှောင်ဖျောင့်က ပြောလာခဲ့ပါတယ်။

” အဲ့ဒီနေ့မှာငါ့ကို တားဆီးလိုက်တဲ့ ရေခဲအမျိုးအစား၀ိဉာဥ်ပညာရှင်ရှိလိမ့်မယ်…ဒါကြောင့်သာ မင်းတို့နှစ်ယောက်ကို မထိခိုက်သွားခဲ့တာ အဲ့ဒီလူက ငါ့အတွက် အရမ်းကို အ​ရေးကြီးတယ်…သိသမျှအကုန်လုံးပြော အဲ့ဒါက မင်းတို့ရဲ့ ကာကွယ်သူဖြစ်နေခဲ့တယ်ဆိုရင် ပိုပြီးကောင်းတာပေါ့ မဟုတ်ရင်လဲ ငါသူတို့ကို ရှာရလိမ့်မယ် ”

၀မ်သုန့်ကတော့ ဘာမှမသိတဲ့ပုံစံမျိုးနဲ့သာ ရှိနေခဲ့ပါတယ်။

” အစ်မကြီးဘာတွေပြောနေလဲ ကျွန်တော်တို့မသိဘူး ကျွန်တော်တိုက်ခိုက်ခံရတဲ့နေ့တုန်းက အရမ်းအပူချိန်မြင့်လွန်လို့ သတိလစ်သွားခဲ့တာလေ နောက်ပိုင်းဘာဖြစ်လဲဆိုတာ ဘယ်သူမှမသိတော့ဘူး..ရေခဲအမျိုးအစား ၀ိဉာဥ်ပညာရှင်ဆိုတာက ကျွန်တော်တို့သိတောင်မသိတဲ့ကိစ္စပဲ ”

ဟို့ယွိဟောင်လဲ ၀မ်သုန့်ပြောတဲ့စကားကိုကြားချိန်မှာ ခေါင်းညိတ်နေခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ လျှို့၀ှက်ချက်ကို သူထုတ်ဖော်လို့မရပါဘူး။ သူတို့နှစ်ယောက်လုံး၀လိမ်မနေတာကို မြင်ပြီချိန်မှသာ မာရှောင်ဖျောင့်ရဲ့ မျက်လုံးထဲမှာ တွေဝေတဲ့အရိပ်တစ်ချို့ ပေါ်လာပါတော့တယ်။

အဲ့ဒီနောက် သူမ တခဏတာအထိ ရပ်တန့်လို့နေခဲ့တယ်။ ဒီနှစ်ယောက်ကို ရှာဖွေနေရတာက သူတို့ကိုတွေ့ပြီ မကြာခင်အချိန်မှာပဲ ရင်းနှီးတဲ့ခံစားချက်ကို ခံစားခဲ့မိလို့ပါ။ ဒါ့အပြင် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့အကြောင်းကိုလဲ အတွင်းနယ်မြေထဲမှာ သတင်းစုံစမ်းနေခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့သုံးလတုန်းက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အစွမ်းကို အသုံးပြုပြီ သူမရဲ့ခန္ဓာကိုယ်ထဲက မိစ္ဆာမီးလျှံကို ဖိနှိမ့်ခဲ့ပါတယ်။ သူမရဲ့ ကျင့်ကြံမှုနှုန်းကလဲ အတော်ကို လျော့ကျလို့သွားခဲ့ပါပြီ။ ဒါ့အပြင် အအေးဓာတ်ပျောက်ကွယ်သွားချိန်မှာတော့ ရှုစန်းရှီကိုသာ မှီခိုအားထားနေခဲ့ရပါတယ်။ မြေအောက်လောကလိပ်နတ်ကြီးက ထိပ်တန်းအမျိုးအစား သိုင်းပညာ၀ိဉာဥ်ဖြစ်ရုံတင်မကပဲ ရေခဲအမျိုးအစားသိုင်းပညာ၀ိဉာဥ်လဲ ဖြစ်နေခဲ့ပါသေးတယ်။ ဒါပေမယ့် ရေခဲအမျိုးအစားတော့ မဟုတ်ခဲ့ပါဘူး။ ဒါကြောင့် အကူအညီက သူမအတွက်တော့ ရနိုင်တယ်ဆိုရုံလေးသာရှိပါတယ်။

မိစ္ဆာမီးလျှံကို မဖိနှိမ့်နိုင်ခဲ့တဲ့အတွက် သူမလဲ အခုအချိန်ထိ ကျင့်ကြံရတာကို ရပ်ထားဆဲပါ။ ဒါ့အပြင် မိစ္ဆာမီးလျှံကလဲ အချိန်မရွေးပေါက်ကွဲထွက်လာနိုင်သလို သူမလဲ အသိစိတ်ပျောက်သွားနိုင်ပါတယ်။

တခဏတာ စဥ်းစားနေပြီတဲ့နောက် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို သူရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါ့အပြင် ရေခဲအမျိုးအစား သိုင်းပညာ၀ိဉာဥ်ပညာရှင်ကို ရှာတွေ့နိုင်မယ်ဆိုရင် သူ့ရဲ့ ပြဿနာကလဲ အလွယ်လေးဖြေရှင်းပြီသားဖြစ်သွားမှာပါ။

” တကယ်မသိကြဘူးလား ”

မာရှောင်ဖျောင့်က ခပ်တိုးတိုးမေးလာခဲ့ပါတယ်။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက်ကတော့ ဆက်တိုက်ခေါင်းသာခါနေခဲ့ကြတယ်။

အဲ့ဒီနောက် သူမရဲ့အသံက ရုတ်တရက်ဆိုသလို အေးစက်လို့သွားခဲ့ပါပြီ။

” ဒါဆိုရင်လဲ ငါမယဥ်ကျေးတာကို အပြစ်မတင်လေနဲ့ အကယ်၍ မင်းတို့တကယ်မသိဘူးဆိုရင် သူထွက်လာစေဖို့အတွက် ငါမင်းတို့ကို ဖိအားပေးရလိမ့်မယ် “‘

သူပြောပြီချိန်မှာပဲ အပူရှိန်တွေက မီးလျှံလိုမျိုး ထွက်ပေါ်လာခဲ့ပြီ မီးတောင်ကြီးတစ်ခုလို ပေါက်ကွဲလာပါတော့တယ်။

သူတို့နှစ်ယောက်ကို မာရှောင်ဖျောင့် ခေါ်လာချိန်ကထဲက တစ်ခုခုမှားယွင်းတော့မယ်ဆိုတာကို သိနေခဲ့ပြီသားပါ။ အစောတုန်းက အမြဲတမ်းတည်ငြိမ်အောင် မျက်နှာထားကို တင်းထားခဲ့ရပေမဲ့ သူတို့တွေ နောက်ဆုံးတစ်ကြိမ် ကြုံခဲ့ရတဲ့အဖြစ်အပျက်ကို ပြန်တွေးမိချိန်မှာတော့ ချက်ချင်းဆိုသလို လှုပ်ရှားလိုက်ကြပါတော့တယ်။ ဒီအတိုင်းထိုင်ပြီ သေမှာကို မစောင့်ဆိုင်းနေပါဘူး။

တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ရဲ့ အတောင်ပံတွေက ၀မ်သုန့်ရဲ့ခန္ဓာကိုယ်အနောက်ဖက်မှာ ထွက်ပေါ်လို့လာခဲ့ပါပြီ။ သူတို့တွေက ရွှေရောင်အလင်းတန်းတွေအပြည့်နဲ့ အဆုံးစွန်းအထိ တောက်ပနေခဲ့ပါတယ်။

အပိုင်း ၁၈•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset