Switch Mode

Chapter – 190

တာဝန်ယူမှု

Chapter – 190
“တာဝန်ယူမှု”

သေဆုံးသွားကြသည့် အချို့သော လူများသည် ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြခြင်းဖြစ်သည်။ သို့သော် အဆိုပါ ဒဏ်ရာ​သေးသေး​လေးမှတစ်​ဆင့်​ခန္ဓာကိုယ်ထဲရှိ သွေးကြောများ​အေးခဲ၍​သေဆုံးသွားကြခြင်း ဖြစ်​သည်​။
ရဲရှောင်၏ တိုက်​ခိုက်​မှုများသည်​မျှော်လင့်ထားသည်ထက်ပင် ပို၍ အစွမ်းထက်နေခြင်း ဖြစ်သည်။
သူ၏ ရေခဲချီဓာတ်သည် အလွန်အစွမ်းထက်​သော်လည်း တစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့်​ပေါ်တွင်​မူတည်​၍ သက်ရောက်မှု ကွာခြားသွားလေသည်​။ မြေကြီးအဆင့်ပညာရှင်များအဖို့ တစ်ချက်တည်းဖြင့်ပင် သေဆုံးသွားနိုင်ပေသည်။
သို့သော် ကောင်းကင်အဆင့် ပညာရှင်များနှင့် ရင်ဆိုင်ရာတွင်မူ​ရေခဲချီဓာတ်​၏ သက်​ရောက်​မှုသည်​လျော့ကျသွားသည်​။ ရဲ​ရှောင်​သည်​လျုချန်းဂျန်​နှင့်​ရင်​ဆိုင်​တိုက်​ခိုက်​ခဲ့စဉ်​က လျုချန်းဂျန်​အား​အေးခဲသွား​စေရန်​အတွက်​သူ၏ ရေခဲချီဓာတ်များဖြင့် ပြုလုပ်ခဲ့ရုံ​သာမက ထုံကျင်သွားစေရန်အတွက်​ရွှေလက်​ဝါးဖြင့်​ပါ အဆက်မပြတ် တိုက်ခိုက်ခဲ့ရလေသည်။ လုံးဝအေးခဲသွားစေရန်အတွက်​ကိုမူ လုပ်နိုင်ခဲ့ခြင်း မရှိချေ။
လျူချန်းဂျန်သည် ကောင်းကင်အဆင့် ၅ ပညာရှင်တစ်ဦးသာ ဖြစ်သည်​။ နင်ဘီလျူ၊ ကွမ်ဇန်းဝမ်၊ တော်ဝင်သမားတော် ဆရာကြီးစွန်းတို့ကဲ့သို့သော ကောင်းကင်အဆင့်၏ ဆရာသခင်အဆင့် ပညာရှင်များအတွက်မူ သူ၏ ရေခဲချီဓာတ်သည် အနည်းငယ် နာကျင်အောင်သာ လုပ်နိုင်မည်ဟု ရဲရှောင် သဘော​ပေါက်​လေသည်​။
ယခု သူ၏​နောက်​သို့ လိုက်​နေ​သော လူများသည်​လျူချန်းဂျန်လောက်ပင် အဆင့်မမြင့်ချေ။ ထို့ကြောင့် ရဲရှောင်၏ ရေခဲချီဓာတ်များသည် အလုပ်ဖြစ်နေသေးသည်​ဟု ဆိုရ​ပေမည်​။ သို့သော် ရန်​သူ့ဘက်မှ လူ​အင်အား အလွန်​များပြားသည့်​အပြင်​စုယဲ့ယွဲ့အား ငဲ့ညာ​နေခဲ့ရသဖြင့်် ရဲ​ရှောင်​သည်​သူ၏ ရေခဲချီဓာတ်များအား အပြည့်အဝ အသုံးမချနိုင်ခဲ့ရုံသာမက စိတ်​ရှိတိုင်းလည်း ပြန်​လည်​တိုက်​ခိုက်​ခွင့်​မရခဲ့​ပေ​။
ထိုကဲ့သို့​သော အ​ခြေအ​နေမျိုးမှာပင်​ရဲ​ရှောင်​သည်​ရန်​သူများအား အထိနာ​အောင်​လုပ်​နိုင်​ခဲ့​ပေသည်​။ သူ၏ နတ်​မိစ္ဆာအသွား လက်​နက်​များနှင့်​ရေခဲချီဓာတ်​များ​ပေါင်းစပ်​သွားခြင်း​ကြောင့်​ပို၍ပင်​အစွမ်းထက်​သွားခြင်း ဖြစ်​သည်​။
ထို့ကြောင့် သူ၏ လက်နက်များဖြင့် ရန်သူများအား တိုက်စစ်ဆင် ဗျူဟာခင်း၍ ရနေသေးသည်ဟု ဆိုနိုင်ပေသည်။
ရဲ​ရှောင်​အ​နေဖြင့်​အ​ခြေအ​နေများအား စက္ကန့်​ပိုင်းခန့်​ပင်​ပြန်​လည်​တွေး​တောသုံးသပ်​နိုင်​လိုက်​သည်​။
အဘယ်ကြောင့်ဆိုသော် ရန်သူများသည် ထပ်မံ၍ လှုပ်ရှားလာကြ၍ ဖြစ်သည်​။
ရဲရှောင်သည် ရန်သူများအား ထိပ်တိုက်​ရင်ဆိုင်လိုက်​ရန်မှလွဲ၍ အခြားအကြောင်းအရာများအား စဉ်းစား​တွေးတောနေချိန် မရတော့​ချေ။
မြေကြီးအဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိ​နေသာ ပညာရှင် သုံးယောက်သည် တြိဂံပုံစံ အ​နေအထားဖြင့်​ရပ်​နေကြပြီး ရဲ​ရှောင်​အား တိုက်​ခိုက်​ရန်​အသင့်​ပြင်​လိုက်​ကြသည်​။​ရဲရှောင်သည် ထိုလူ သုံးယောက်၏ အလယ်တွင် ရှိနေခြင်းပင်​ဖြစ်သည်။ ထို့ပြင်​ကောင်းကင်အဆင့် ပညာရှင်တစ်ဦးသည်​ပါ ထပ်​မံ၍​ရောက်​ရှိလာပြီး ကျန်သူများမှာမူ ဘေးကနေ၍ အ​ခြေအ​နေများအား မျက်​ခြေမပြတ်​စောင့်​ကြည့်​လျက်​ရှိသည်​။ တစ်​စုံတစ်​ခု အနည်းငယ်​မှားယွင်းရုံဖြင့်​ရဲရှောင်အား ချက်ချင်းပင်​တိုက်ခိုက် လာကြမည် ဖြစ်သည်။
လက်​ရှိတိုက်​ခိုက်​နေကြ​သော​နေရာသည်​ချန်နိုင်ငံတော်၏ ပိုင်နက်အတွင်း ဖြစ်နေသဖြင့်​ရန်​သူများသည်​တိုက်ပွဲအား အမြန်ဆုံး အဆုံးသတ်ချင်နေကြသည်။ ထို့ကြောင့် သိုင်းလောက၏ စည်းမျဉ်းစည်းကမ်းများကိုလည်း ဂရုစိုက်မနေတော့ချေ။
ထို့ပြင်​အလွန်​ကျဉ်းမြောင်းလှသည့်​တောင်ကြားတွင်​ရောက်​ရှိ​နေသည့်​အတွက်​ရန်သူ့ဘက်မှ လူအင်​အား အကုန်​အသုံးပြု၍ တိုက်​ခိုက်​၍ မရသည့်​အ​ခြေအ​နေမျိုးလည်း ဖြစ်​နေ​လေသည်​။
ရဲရှောင်သည်​သွေး​ကြောင်​နေခြင်း မရှိဘဲ ရန်သူများ၏ တိုက်ခိုက်မှုများအား အ​ကြောက်​အရွံ့ကင်း စွာဖြင့်​ရင်ဆိုင်​လျက်ရှိ​သည်​။ ရန်​သူများအား သူ၏ ရွှေရောင်လက်ဖြင့် အစွမ်းကုန်​ခုခံလျက်ရှိပြီး ခြေတစ်လှမ်းမျှပင်​နောက်သို့ ဆုတ်မသွားခဲ့​ချေ။
စုယဲ့ယွဲ့သည်​လိမ္မာပါးနပ်​သော မိန်းက​လေးတစ်​ဦးပီပီ သူ၏​နောက်​သို့ လိုက်​သွား​သော ရန်​သူများအား မျက်​ခြေပြတ်​အောင်​လုပ်​နိုင်​လိမ့်​မည်​ဟု ရဲ​ရှောင်​ယုံကြည်ေ​နမိ​သည်​။ ထို့​ကြောင့်​ရန်​သူများ စုယဲ့ယွဲ့၏​နောက်​သို့ ထပ်​မံလိုက်​မသွားနိုင်​စေရန်​အတွက်​ရဲရှောင်သည် တတ်နိုင်သမျှ အချိန်ဆွဲပေး၍ တိုက်ခိုက်ေ​နခြင်း ဖြစ်သည်။
ရဲရှောင်သည် မိမိ၏ ဘဝအား အလွန်​တန်​ဖိုးထား​သော လူတစ်​ယောက်​ဖြစ်​သည်​။
​ရှောင်​ဧကရာဇ်​ဘဝတွင်​အရာအားလုံးအ​ပေါ်တွင်​စိတ်​ရှိတိုင်း ခြယ်​လှယ်​နိုင်​ခဲ့​သော်​လည်း ချစ်​ခြင်း​မေတ္တာမရှိသည့်​အထီးကျန်​သော လူတစ်​ယောက်​ဖြစ်​ခဲ့ရသည်​။ ဧကရာဇ်​တစ်​ဦးပီပီ တိုက်စရာရှိတိုက်၍ သတ်စရာရှိ သတ်ဖြတ်ခဲ့သည်။ မည်​သည့်​အရာကိုမဆို အနှောင်အဖွဲ့ ကင်းစွာဖြင့် ပြုလုပ်နိုင်ခဲ့သည်​။
မည်သူ့ကိုမျှ ငဲ့ညာ​ထောက်​ထား​နေစရာ မလိုခဲ့​ပေ။
သို့သော် ယခုအခါတွင်မူ ရဲ​ရှောင်​သည် စုယဲ့ယွဲ့ ထွက်​ပြေး လွတ်မြောက်နိုင်စေရန်အတွက် သူ့ကိုယ်​သူ စတေးခံခဲ့သည်။
ယခင်ရှောင်ဧကရာဇ်ဘဝတွင် ယခုကဲ့သို့ အဖြစ်အပျက်မျိုး ဘယ်သောအခါမျှ ဖြစ်လိမ့်မည် မဟုတ်ချေ။
အကယ်၍ စုယဲ့ယွဲ့အတွက်​သူ၏ အသက်​ဆုံးရှုံးသွားရမည်​ဆိုပါကလည်း နောင်တရလိမ့်​မည်​မဟုတ်ချေ။
ထိုရလဒ်​အား ကျေကျေနပ်နပ်ကြီးဖြင့်​ပင် လက်ခံလိုက်​ပေမည်​။ ရဲ​ရှောင်​၏ စိတ်ထဲတွင်လည်း –
[င့ါတာဝန် ငါကျေရမယ်။ ယောကျာ်းတစ်ယောက်ရဲ့တာဝန် ကျေအောင် လုပ်ရမယ် . . .]
ရဲ​ရှောင်​သည်​ထိုစကားများအား ထပ်​တလဲလဲပင်​ရေရွတ်နေမိသည်​။
သူ၏ လုပ်​ရပ်​သည်​အခြားလူများ၏ အမြင်​တွင်​ရူးမိုက်သော လုပ်ရပ် ဖြစ်ကောင်း ဖြစ်နေပေလိမ့်မည်။
သို့သော် ထိုကဲ့သို့ ပြုလုပ်ရန် ရွေးချယ်မိသည့်အတွက် ကျေနပ်သလိုပင် ဖြစ်နေမိ​လေသည်​။​ကျေနပ်​မှုများ နှင့်​အတူ သူ၏ စိတ်ထဲတွင်​တွေး​နေမိသည်​မှာ –
[တာဝန်ယူမှု မရှိတဲ့ လူတစ်ယောက်က ဘယ်တော့မှ အမြင့်ကို ရောက်နိုင်မှာ မဟုတ်ဘူး။ ဒါလူတစ်ယောက်ရဲ့ ဘဝမှာ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်ပဲ။ သေခြင်းရှင်ခြင်းထက် တာဝန်ယူမှုက ပိုပြီး အရေးကြီးတယ်။ အဲဒါမှ လူပီသမှာ . . .]
ထိုသို့​တွေးမိလိုက်​သည့်​အတွက်​ရဲ​ရှောင်​သည်​သူ၏ လုပ်ရပ်အတွက်​ဂုဏ်ယူနေမိလေသည်။
ရန်သူများသည် ရဲရှောင်အား ဘက်​ပေါင်းစုံမှ​နေ၍ တိုက်ခိုက်နေကြသည်​။ ရဲရှောင်သည် ခုခံရင်း ရှောင်တိမ်းရင်းဖြင့် ပြန်လည်တိုက်ခိုက်နိုင်မည့် အခွင့်အရေးအား​ရှာဖွေ​လျက်ရှိသည်။ ထို့ပြင်​သူ၏ လက်နက်ပုန်းများ ပစ်လွှတ်နိုင်​ရန်အတွက်လည်း အချိန်ကောင်းအား စောင့်ဆိုင်းလျက် ရှိသည်​။
ရဲရှောင်ထံမှ အနက်ရောင် အစက်အပျောက်များ ပေါ်လာသည်နှင့် ရန်သူများသည် ချက်ချင်းပင်​ရှောင်တိမ်းသွားကြသည်။
ဒဏ်ရာအနည်းငယ် ရရုံမျှဖြင့်​အသက်​ဆုံးရှုံးသွားနိုင်​သည့်​အတွက်​မည်သူကမျှ အထိမခံချင်ကြပေ။
ရဲရှောင်သည်​သူ၏ အသက်အား ပဓာနမထားဘဲ​ပေ​ပေ​တေ​တေဖြင့်​တိုက်​ခိုက်​နေ​သော်​လည်း ရန်​သူများမှာမူ သေရမည်ကို အလွန်အမင်း​ကြောက်​ရွံ့ကြသည်​။ လူတိုင်းတွင်​အသက်​အပို မပါရှိ​ပေ။
ရန်​သူများဘက်​မှ မည်မျှပင် သတိထား၍ တိုက်​ခိုက်​နေ​စေကာမူ ရဲရှောင်၏ လက်နက်များ ပစ်လွှတ်လိုက်သည်နှင့် အနည်းဆုံး တစ်ယောက် နှစ်ယောက်ခန့်​အသက်​ဆုံးရှုံးသွားရသည်​ချည်းပင်​ဖြစ်​သည်​။
သူ၏ လက်​နက်​ပုန်းဖြစ်​သော အပ်များသည် အလွန်​အမင်း အစွမ်းထက်​လှပြီး သာမန်​လူများအဖို့ မျက်​စိဖြင့်​မြင်​နိုင်​ရန်ပင်​ခဲယဉ်းလှသည်​။ ရဲရှောင်သည် အဆိုပါ လက်နက်ပုန်းများအား ကောင်းကင်အဆင့် ပညာရှင်များထံသို့ ပစ်မလွှတ်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုလူများအား တစ်ချက်တည်းဖြင့် သတ်နိုင်မည်ဟု ယုံကြည်​ချက်​မရှိ​သေး​သော​ကြောင့်​ဖြစ်​သည်​။
ရဲ​ရှောင်​သည်​အပ်​များအား ပစ်​လွှတ်​လျက်​ရှိပြီး ပစ်​မှတ်​သည်​လည်း တစ်​ကြိမ်​တစ်​ခါမျှ လွဲ​ချော်​ခဲ့ခြင်း မရှိ​ပေ။
သွေးများသည်လည်း ချောင်းစီးမတတ်ပင် ဖြစ်နေလေသည်​။
ရဲရှောင်၏ ခန္ဓာကိုယ်တွင်လည်း အနည်းဆုံး ဒဏ်ရာ ၇ ချက်​ခန့်​ရရှိသွားခဲ့ပြီ ဖြစ်သည်။ သို့သော် မြေပြင်တွင်လည်း အလောင်းခုနှစ်လောင်းမက လဲကျလျက်​သေဆုံးလျက်​ရှိသည်​။
ကောင်းကင်အဆင့် ပညာရှင်များသည်​ဒဏ်ရာရရှိထားခြင်း မရှိသော်လည်း ထိုလူများအဖို့ ရဲ​ရှောင်​နှင့်​ရင်​ဆိုင်​နေရသည်​မှာ ရှက်ဖွယ်လိလိပင် ဖြစ်သည်။ အနက်ရောင် အစက်အပြောက်များအား မြင်​တွေ့
လိုက်​သည်နှင့် အလျင်အမြန်ဖြင့်​ပင်​ရှောင်တိမ်းနေကြရသည်​။ အပ်များသည် သူတို့ထံသို့ ဦးတည်၍​လာခြင်းမဟုတ်ဘဲ ဆန့်ကျင်ဘက် အရပ်သို့ သွားသည့်​တိုင်​ကြောက်​လန့်​တကြားဖြင့်​ရှောင်တိမ်း​နေမိတုန်းပင် ဖြစ်​သည်​။
ရန်​သူများသည်​ရဲရှောင်၏ လက်​နက်​များအား အံ့သြတကြီးဖြင့်ပင်​ရှိနေကြလေသည်​။
ရဲရှောင်အား စ​တွေ့ခဲ့သည့်​အချိန်​က သာမန် မြေကြီးအဆင့် ပညာရှင်တစ်ယောက်ဟုသာ တွေးထင်ခဲ့ကြသည်​။ ထို့ပြင်​ရဲရှောင်ထံမှ တွေ့ရသည့် အပြာရောင် အလင်းသည် ကောင်းကင်ပညာရှင် ဖြစ်ကြောင်း ကြွားဝါလိုသဖြင့် ထုတ်လွှတ်လိုက်​သည့် အလင်းတန်းအတုဟုသာ ထင်ခဲ့ကြလေသည်။
မြေကြီးအဆင့်၏ နောက်ဆုံးအဆင့် ရောက်နေသူများပင် ရဲရှောင်၏ တိုက်ခိုက်မှုများ အောက်တွင် အသက်​ဝိညာဉ်​ကင်းမဲ့ကုန်​ကြသည်​။ သို့သော် ရဲရှောင်မှာမူ ဒဏ်ရာ အနည်းငယ်သာ ရရှိ​နေပါ​သေးသည်။ သူ၏ သွေးကြောများ နာကျင်​နေသည့်တိုင် တောင့်ခံထားနိုင်​တုန်းပင်​ဖြစ်​သည်​။
အဆင့်မြင့် ပညာရှင်များစွာ၏ အလယ်တွင် ပိတ်ဆို့ထားခြင်း ခံနေရသည့်တိုင် ရဲရှောင်သည် မည်​သည့်​အရာကိုမျှ ဂရုမစိုက်​ဘဲ အ​သေအ​ကြေ တိုက်ခိုက်လျက် ရှိသည်​။ အင်​အားခြင်း မညီမျှသည့်​အ​ခြေအ​နေတွင်​အချိန်​မ​ရွေး သေဆုံးသွားနိုင်​သော်​လည်း အ​သေခံ၍ပင်​ရန်​သူ​ပေါင်းများစွာအား ပြန်​လည်​တိုက်​ခိုက်​နေ​လေသည်​။
ရန်သူများ၏ အမြင်​တွင်​ရဲရှောင်သည် နတ်ဆိုးတစ်ကောင်နှင့်​ပင်​တူ​နေပါ​သည်​။
ရန်သူများအားလုံးသည် ရဲရှောင်အား မသိစိတ်အတွင်းမှ လေးစားနေမိကြပြီး တစ်ချိန်တည်းမှာပင် မုန်းတီးလျက်​ရှိသည်​။
ဇွဲနပဲကြီးစွာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေသည့် လူတစ်ယောက်အား မည်သူမျှ မလေးစားဘဲ နေမည် မဟုတ်ချေ။ သို့သော် ထိုလူသည် သူတို့၏ ရန်သူဖြစ်နေသည့်အတွက် မုန်းတီးနေမိကြခြင်း ဖြစ်သည်။
လူတိုင်းသည် ရဲရှောင်၏ လက်​ချက်​ဖြင့်​သေဆုံးရမည်ကို ထိတ်လန့် ကြောက်ရွံ့​နေမိကြသည်။ မည်မျှပင် လေးစားနေမိ​စေကာမူ ရဲရှောင်အား မရရ​အောင် သတ်ရန်​တွေး​နေကြ​လေသည်​။
အပြန်​အလှန်​တိုက်​ခိုက်​နေကြသည့်​အခြေအနေများသည် ပို၍ပင်​ပြင်းထန်​လာလျက်​ရှိသည်​။
“ရွှစ် . . .”
ရဲ​ရှောင်​၏ ပုခုံးအား အ​ပေါ်ယံရှပ်​၍ ထိသွားခြင်း ဖြစ်​သည်​။
သို့​သော်​သူ၏ မျက်နှာသည် တည်ငြိမ်​လျက်​ရှိပြီး မျက်လုံးများမှာလည်း အေးစက်မာ​ကြောလျက်​ရှိသည်​။
တစ်​ပြိုင်​တည်းမှာပင် သူ့အား တိုက်ခိုက်ခဲ့သည့် မြေကြီးအဆင့် ပညာရှင်၏ မျက်လုံးထံသို့ အပ်တစ်ချောင်း ပစ်​လွှတ်​လိုက်​သည်​။ အပ်​သည်​ထိုလူ၏ မျက်လုံးမှတဆင့် ဦးနှောက်​ထံသို့ ဖောက်ဝင်သွားသည်​။
ထိုကဲ့သို့ ဖောက်ဝင်သွားသည့် အချိန်တွင် အသံပင် ထွက်သွား​လေသည်​။ ထိုလူမှာလည်း အသံနက်​ကြီးဖြင့်​အာ​ခေါင်​ခြစ်​၍​အော်​လိုက်​ပြီး မျက်​လုံးအား လက်​နှင့်​အုပ်​ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်​။
တိုက်ပွဲကြာလာသည်နှင့်အမျှ ရဲရှောင်လည်း အစွမ်းအကုန် အသုံးချကာ ပြန်လည်​တိုက်ခိုက်နေရသည်။ သူ၏ အပ်များကိုပင်​ပြန်လည် ယူဆောင်နိုင်ခြင်း မရှိတော့ချေ။
“သေစမ်း . . .”
“ဘုန်း . . .”
လက်ဝါးသုံးချပ်သည် ရဲရှောင်အား တစ်ပြိုင်​တည်းပင် ထိမှန်သွားကြသည်​။ ရဲရှောင်လည်း တောင့်ခံနိုင်​စွမ်း မရှိ​တော့​သဖြင့်​အ​ဝေးသို့ လွင့်ထွက်သွားခဲ့သည်​။ သူ၏ မျက်လုံးများလည်း ပြာဝေသွားပြီး စိတ်ထဲတွင်လည်း –
[​တောက်​. . . ဒီခွေးကောင်တွေ . . . အရင်​လို​ဧကရာဇ်​ဘဝမှာသာဆိုရင်​ငါ​လေတစ်​ချက်​မှုတ်​ရင်​နဲ့ကို အကုန်​သေတယ်​။ အခုတော့ ဒီလို ခွေးကောင်တွေ လက်ချက်နဲ့ သေမလို ဖြစ်နေတာ တကယ် စိတ်ပျက်ဖို့​ကောင်းလိုက်တာ​။ အခု​တော့ ငါ့ဘက်​က ဘာမှ ပြန်​မလုပ်​နိုင်​ဘူး . . .]
[အခုရှိနေတဲ့ လူဦးရေရဲ့ ထက်ဝက်လောက်ပဲ ကျန်မယ်ဆိုရင် ဒီလိုကောင်တွေကို သတ်ပြီး အေးအေးဆေးဆေး ပြေးနိုင်တယ်။ အခုကျ ရန်​သူ့အင်​အားက များလွန်းတယ်။ ငါ့ဘဝက ဒီမှာပဲ အဆုံးသတ်တော့မှာလား။ ပြန်​မွေးဖွားလာတဲ့ ဘဝကလည်း ဒီ​လောက်​တောင်​ပဲ ဆိုးရသလားကွာ။ ဒီလိုနဲ့ပဲ ကျရှုံး ရတော့မှာလား . . .]
ရဲရှောင်၏ မျက်လုံးများသည်​ပြာ​ဝေ​နေတုန်းပင်​ဖြစ်​သည်​။ သို့သော် အားတင်း၍ မတ်တတ်ထရပ်လိုက်သည်​။ ထို့​နောက်​သူ၏ ပါးစပ်​မှ သွေးများ စီးကျလာလေသည်​။​ထိုသွေးများအား သုတ်​လိုက်​ရင်း စိတ်ထဲတွင်လည်း –
[အချိန်တွေသာ နောက်ပြန်ဆုတ်သွားခဲ့မယ်​ဆိုရင်​စုယဲ့ယွဲ့ကို အခုလိုပဲ ကယ်တင်မိမှာလား၊ ငါ့ကိုယ်ငါပဲ ကိုယ်လွတ်ရုန်းမိမှာလား။ သေချာတာကတော့ ဒီလူတွေက စုယဲ့ယွဲ့ဆီလာတာ ငါ့ဆီလာတာ မဟုတ်ဘူး။ ငါသာ အသက်ရှင်ချင်တယ်ဆိုရင် ၉၀ ရာခိုင်နှုန်းလောက် လွတ်မြောက်ဖို့ သေချာတယ်။ ဒါပေမဲ့ . . .]
ထို့နောက် ရဲ​ရှောင်​သည်​ပြုံးလိုက်​ရင်း –
[ငါသာ စုယဲ့ယွဲ့ကို အဖမ်းခံခိုင်းလိုက်မယ်ဆိုရင် ငါက လူပီသတဲ့သူတစ်ယောက် ဖြစ်ပါတော့မလား၊ လူလို့တောင် ခေါ်ထိုက်ပါတော့မလား။ ငါအရင်ဘဝတုန်းက​အခုလို စုယဲ့ယွဲ့ကို ဆက်ဆံခဲ့သမျိုး ဟိုကောင်မလေးကိုသာ ဆက်ဆံခဲ့မယ်ဆိုရင် သူလည်း ဝမ်းနည်းသွားမှာ မဟုတ်ဘူး။ ငါဘာလို့ လူလို မသိတတ်ခဲ့ရတာလဲ။ ဘာလို့ လူသားတစ်ယောက်ရဲ့ တာဝန်ကို မကျေပွန်ခဲ့ရတာပါလိမ့်၊ ရှောင်ဧကရာဇ်ဆိုတာ ဒီလိုလူတစ်​ယောက်​လား . . .]
ရဲ​ရှောင်​သည်​သူ၏ ယခင်​ဘဝအား​တွေးမိလိုက်​သည့်​အတွက်​အလွန်​အမင်းပင်​နောင်​တရသွားခဲ့သည်​။ ထို့​နောက်​သူ၏ လက်​များအား​ဝေ့ယမ်းလိုက်​သောအခါ အပ်နှစ်ချောင်း ထွက်ပေါ်လာ​လေသည်​။ ထိုအပ်များသည် သူလျှို့ဝှက်စွာ သိမ်းဆည်းထားသော အပ်များပင်​ဖြစ်သည်​။
ရန်​သူများသည်​ရဲရှောင်၏ လက်ထဲတွင်​ရှိ​သော အပ်အား မြင်တွေ့လိုက်​သောအခါ ထိတ်လန့်​တုန်​လှုပ်​သွားကြသည်​။
ရဲရှောင်ထံသို့ ပြေးဝင်လာသည့် လူများသည်လည်း အပ်များအား မြင်လိုက်​ရ၍ ရုတ်တရက် အသက်ရှူရပ်သွားသလိုပင်​ခံစားလိုက်ကြသည်​။
“လာကြလေ။ အားလုံး တက်ခဲ့ကြ။ ငါမသေခင် မင်းတို့ကို ငရဲပို့ပစ်​မယ်​. . .”
ရဲရှောင်သည် ထိုလူများအား မထီမဲ့မြင်​ကြည့်​လိုက်​ရင်း ခနဲ့​သော​လေသံဖြင့်​ပြောလိုက်​ပါ​တော့သည်​. . .။

Comment

Leave a Reply

Options

not work with dark mode
Reset