Switch Mode

Chapter – 18.1

" နယ်မြေ နံပါတ် သုံးဆယ့်သုံး ..။ သုံးယောက် သုံးယောက်ခြင်း တိုက်ခိုက်မှု "

Chapter – 18.1 ” နယ်မြေ နံပါတ် သုံးဆယ့်သုံး ..။ သုံးယောက် သုံးယောက်ခြင်း တိုက်ခိုက်မှု ”
°°°

ကျောက်ဟောင်ချန်က သူ့ရဲ့ အဖွဲ့နောက်ဆုံးမှာ ရပ်နေခဲ့ပါတယ်။ ရုတ်တရက်ဆိုသလို သူအော်ဟစ်လိုက်တော့တယ်။

” မြန်မြန်လာစမ်း ငါ့ရဲ့ကြက်ပေါင်တုံတွေ ”

အ၀ါရောင်၀ိဉာဥ်စက်ကွင်းက သူ့ခြေထောက်အောက်ဖက်မှာ ရုတ်တရက်တောက်ပလာခဲ့ပြီး လက်နှစ်ဖက်စလုံးမှာလဲ အ၀ါရောင်အလင်းလုံးနှစ်ခုက ရုတ်တရက်ပေါ်ထွက်လာပါတော့တယ်။ ကြက်ပေါင်နှစ်ချောင်းက ကင်ပြီသားပုံစံနဲ့ သူ့လက်ထဲမှာပေါ်လာခဲ့ပါပြီ။ အဲ့ဒီနောက် သူ့ရှေ့မှာရှိတဲ့ လူနှစ်ယောက်ဆီကို ခပ်မြန်မြန်ပဲ ပေးလိုက်ပါတော့တယ်။

အိုးယန်ကျွင့်ယိနဲ့ ချန်ကျွင့်ဖုန်းတို့ကတော့ ကျောက်ဟောင်ချန်ပေးတဲ့ ကြက်ပေါင်တွေကို ခပ်မြန်မြန်ယူလိုက်ရင်း ပါးစပ်ကိုဟပြီ ကိုက်စားတော့တယ်။

အစာစနစ်သိုင်းပညာအမျိုးအစား၀ိဉာဥ်လား ဟို့ယွိဟောင်အနေနဲ့ ဒါမျိုးမြင်ဖူးတာ ပထမဆုံးအကြိမ်ပါပဲ။ ကျောက်ဟောင်ချန် ဒီကြက်ပေါင်တုံတွေကို ထုတ်မလာခင်အထိ ဖြစ်သွားတဲ့ကိစ္စတွေကို သူတွေးကြည့်ဖို့တောင် စိတ်ကူးမရှိခဲ့ပါဘူး။ ကျောက်ဟောင်ချန်မှာ ၀ိဉာဥ်စက်ကွင်းက တစ်ခုပဲရှိပေမဲ့ နှစ်တစ်ရာ၀ိဉာဥ်စက်ကွင်းဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့အားဖြည့်ပေးနိုင်တဲ့အစွမ်းက အတော်ကို ကောင်းမွန်လှတယ်။ အိုးယန်ကျွင့်ယိနဲ့ ချန်ကျွင့်ဖုန်းတို့ကတော့ ကြက်ပေါင်တုံတွေကို စားနေရင်း သူတို့တွေက တစ်စုံတစ်ရာထူးဆန်းလို့နေခဲ့ပါတယ်။ အခုအချိန်မှာ ရှောင်ရှောင်းကတော့ စိတ်မထိန်းနိုင်ပဲ ရယ်နေခဲ့မိပါပြီ။ သူမရဲ့ ခေါင်းပေါ်မှာရှိနေတဲ့ အိုးကြီးကတော့ တစ်စက်လေးတောင် မလှုပ်ရှားသေးပါဘူး။

အိုးယန်ကျွင့်ယိနဲ့ ချန်ကျွင့်ဖုန်းတို့ကလဲ တစ်ချိန်ထဲမှာ လှုပ်ရှားလိုက်ပါတယ်။ သူတို့နှစ်ယောက်ထဲက တစ်ယောက်မှာ သိုင်းပညာ၀ိဉာဥ်ရှိနေခဲ့ပြီ နောက်တစ်ယောက်မှာတော့ ပစ္စည်းအမျိုးအစား သိုင်းပညာ၀ိဉာဥ်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်စလုံးက အရှိန်အဟုန်ကို အသုံးပြုတဲ့ ၀ိဉာဥ်ပညာရှင်တွေကြီးပါပဲ။

အိုးယန်ကျွင့်ယိရဲ့ သိုင်းပညာ၀ိဉာဥ်က ဓားသွားအလျင်တေးသီးငှက်ဖြစ်ပါတယ်။ သူ့ရဲ့ သိုင်းပညာ၀ိဉာဥ်ကို ထုတ်ဖော်လိုက်ချိန်မှာတော့ ညာဘက်လက်မောင်းရဲ့ အရှေ့ဘက်မှာ ချွန်းထက်တဲ့ အဆိပ်ဆူးတစ်ခု ပေါ်လာခဲ့တယ်။ သူ့ရဲ့ သိုင်းပညာ၀ိဉာဥ်က ငှက်အမျိုးအစားသတ္တ၀ါပါ။ ဒါပေမယ့် လက်ရှိအချိန်မှာ သူကိုယ်တိုင်းတော့ အတောင်ပံမပိုင်ဆိုင်သေးပါဘူး။ ဒီတစ်ခုထဲနဲ့တင် သူ့နဲ့ ၀မ်သုန့်ရဲ့ သိုင်းပညာ၀ိဉာဥ်ကြား ကွာခြားချက်က သိသာနေခဲ့ပါပြီ။ ၀မ်သုန့်ရဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်က မူလအခြေအနေကထဲက အတောင်ပံတွေရှိနေခဲ့ပြီး သားရဲကောင်သိုင်းပညာ၀ိဉာဥ်အမျိုးအစားထဲမှာ ထိပ်တန်းကိုရောက်ရှိနေခဲ့ပါတယ်။

ချန်ကျွင့်ဖုန်းရဲ့ သိုင်းပညာ၀ိဉာဥ်ကတော့ ပုံစံပြောင်းလဲလို့ရတဲ့ ဓားတစ်လက်ပါပဲ။ ဒါ့အပြင် သူတို့သုံးယောက်စလုံးကလဲ ၀ိဉာဥ်စက်ကွင်းတစ်ကွင်းရှိနေတဲ့ ပညာရှင်တွေဖြစ်နေခဲ့ပါတယ်။ အားလုံးကလဲ နှစ်တစ်ရာ၀ိဉာဥ်စက်ကွင်းကို ပိုင်ဆိုင်ကြတယ်။ အိုးယန်ကျွင့်ယိကတော့ သူတို့အထဲမှာ အသန်မာဆုံးပါပဲ။ သူ့ရဲ့ ကျင့်ကြံဆင့်ကလဲ အဆင့်ဆယ့်ကိုးကို ရောက်ရှိနေခဲ့ပါပြီ။ တခြားတစ်ဖက်မှာရှိနေခဲ့တဲ့ ချန်ကျွင့်ဖုန်းကတော့ အဆင့်ဆယ့်ရှစ်ပါ။ ကျောက်ဟောင်ချန်ကတော့ အစာစနစ်၀ိဉာဥ်ပညာရှင်ဖြစ်တာကြောင့် သူ့ရဲ့ ကျင့်ကြံနှုန်းက အတော်လေးကို နှိမ့်နေခဲ့ပါတယ်။ ဒါကြောင့် အဆင့်ဆယ့်ခုနှစ်ကိုသာ ရောက်သေးတယ်။

အရှိန်အဟုန်ကို အသုံးပြုတဲ့ ၀ိဉာဥ်ပညာရှင်တွေက သူတို့ရဲ့ ကြက်ပေါင်တွေကို စားပြီးပြီချင် ၀မ်သုန့်ဆီကို မြားတစ်စင်းလိုပြေး၀င်လာပါတော့တယ်။ သူတို့တွေရဲ့ အရှိန်တွေက မြန်ဆန်လွန်တာကြောင့် ၀မ်သုန့်တောင် လန့်သွားခဲ့ရတယ်။ ဒါပေမယ့် သူရုတ်တရက်နားလည်သွားလိုက်တဲ့အရာကတော့ သူတို့အစောပိုင်းက စားလိုက်တဲ့ကြက်ပေါင်တုံတွေကြောင့်သာ ဒီလိုအလျင်နှုန်းက မြန်ဆန်သွားတာပါ။

ကျိုးယိတစ်ယောက်ထဲ ကျောင်းသားတွေကို အဖွဲ့ခွဲပေးတာမဟုတ်ပါဘူး။ တခြားဆရာတွေလဲ အတူတူပဲအဖွဲ့ခွဲပေးကြပါတယ်။ ကျောက်ဟောင်ချန်က အိုးယန်ကျွင့်ယိနဲ့ ချန်ကျွင့်ဖုန်းတို့ကို အထောက်အပံ့ပြုပေးမယ်ဆိုရင် သူတို့အဖွဲ့ရဲ့ အရှိန်အဟုန်နှုန်းက အဆုံးစွန်အထိကို ရောက်ရှိပြီ စွမ်းအားအပြည့်ထုတ်နိုင်မှာပါ။ ဒါ့အပြင် အောင်မြင်နိုင်ချေလဲ များပါတယ်။

ကံမကောင်းစွာနဲ့ပဲ ဟို့ယွိဟောင်တို့ရဲ့ အဖွဲ့က သူတို့သုံးယောက်ရဲ့အရှိန်အဟုန်ကို ကြောက်စရာမလိုခဲ့ပါဘူး။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိဉာဥ်စွမ်းအားထောက်လှမ်းမျှဝေမှုက သူတို့ကို လုံး၀ အနိုင်ယူနိုင်နေခဲ့တယ်။

ဟို့ယွိဟောင်ရဲ့ မျက်၀န်းထဲမှာ ရွှေရောင်အလင်းတန်းက မှိန်ဖျော့ဖျော့တောက်ပလာခဲ့ပြီ ချက်ချင်းဆိုသလို သုံးဖက်မြေပုံရိပ်တွေက ၀မ်သုန့်ရဲ့စိတ်ထဲကို ၀င်ရောက်လာပါတော့တယ်။ အိုးယန်ကျွင့်ယိနဲ့ ချန်ကျွင့်ဖုန်းတို့က အရမ်းကို မြန်ဆန်ပေမဲ့ သူတို့ရဲ့ လှုပ်ရှားမှုတစ်ခုချင်းဆီတိုင်းတင်မကပဲ ၀ိဉာဥ်စွမ်းအားလှည့်ပတ်မှုရော တိုက်ခိုက်တဲ့နေရာတွေကပါ ၀မ်သုန့်ရဲ့စိတ်ထဲကို ၀င်ရောက်လာပါတယ်။ ဒါကြောင့် သူတို့ရဲ့ ဟာကွက်တွေနဲ့ ပြစ်ချက်တွေကို ခပ်မြန်မြန်ပဲ ရှာတွေ့တော့တယ်။

အိုးယန်ကျွင့်ယိနဲ့ ချန်ကျွင့်ဖုန်းတို့ နှစ်ယောက်က ပစ်မှတ်တစ်ခုထဲကို ဦးတည်ပြီတိုက်ခိုက်တဲ့အချိန်မှာ အရမ်းကို ထူးချွန်တဲ့ပူးပေါင်းသူတွေပါ။ ဒါကြောင့် ၀မ်သုန့် ပြေး၀င်လာချိန်မှာ သူတို့လိုချင်တဲ့ကိစ္စကလဲ ဖြစ်မြောက်သွားပါတော့တယ်။ ရုတ်တရက်ပေါက်ကွဲတဲ့ အရှိန်နှုန်းနဲ့အတူ ၀မ်သုန့်ကို အလဲထိုးနိုင်မယ်လို့ ယုံကြည်ချက်ရှိနေခဲ့ပါတယ်။ ဟို့ယွိဟောင်ကော အနားမှာရှိနေတဲ့ ရှောင်ရှောင်းပါ ၀မ်သုန့်ကို ကူညီဖို့မလွယ်ပါဘူး။ ဟို့ယွိဟောင်နဲ့ ရှောင်ရှောင်းကို နောက်ပိုင်းမှာဖြေရှင်းဖို့ဆိုရင် သူတို့အတွက် ပိုပြီး အဆင်ပြေပါလိမ့်မယ်။

လက်ပေါ်မှာရှိနေတဲ့ အဆူးကို အသုံးပြုပြီ အိုးယန်ကျွင့်ယိရဲ့ ညာဘက်လက်မောင်းက ရုတ်တရက်ဆိုသလို ငှက်မွှေးတွေနဲ့ ဖုံးလွှမ်းသွားပါတော့တယ်။ ခန္ဓာကိုယ်ကလဲ ရုတ်တရက်ဆိုသလို တောက်ပလာခဲ့ပါပြီ။ သူနဲ့ ချန်ကျွင့်ဖုန်း နှစ်ယောက်စလုံးက အရှိန်အဟုန်အမျိုးအစား၀ိဉာဥ်ပညာရှင်တွေ ဖြစ်နေပေမဲ့ သူ့ကိုယ်တိုင်းကတော့ ချန်ကျွင့်ဖုန်းထက် ပိုပြီး မြန်ဆန်ပါတယ်။ အ၀ါရောင်၀ိဉာဥ်စက်ကွင်းကလဲ ခန္ဓာကိုယ်ပေါ်မှာ တောက်ပလာခဲ့ပြီး သူ့ရဲ့ လက်မောင်းမှာရှိတဲ့ အဆူးချွန်ကို များပြားတဲ့ အရိပ်တွေအဖြစ် ပြောင်းလဲသွားစေခဲ့ပါတယ်။ သူက ၀မ်သုန့်ဆီကို ရောက်ရှိပါတော့မယ်။

ချန်ကျွင့်ဖုန်းကတော့ အိုးယန်ကျွင့်ယိထက် အနည်းငယ်ပိုပြီး နှေးကွေးနေခဲ့ပါတယ်။ သူတို့တွေ ဒီလိုပူးပေါင်းပြီ တိုက်ခိုက်တာ ပထမဆုံးအကြိမ်မဟုတ်သေးပါဘူး။ သူ မရောက်ခင်အချိန်မှာပဲ ကိုင်ဆောင်ထားတဲ့ ဓားတိုကို လွှဲရမ်းလိုက်ရင်း ပထမ၀ိဉာဥ်စက်ကွင်းကို တောက်ပလာစေခဲ့ပါတယ်။ ဓားအလင်းတန်းက ၀မ်သုန့်ဆီကို ပြေး၀င်သွားခဲ့ပါပြီ။

ဒါပေမယ့် သူတို့နှစ်ယောက် မလှုပ်ရှားခင်အချိန်မှာပဲ ၀မ်သုန့်ရဲ့အတောင်ပံပေါ်မှာ ရွှေရောင်သင်္ကေတတွေက စတင်ပြီး လှည့်ပတ်ရင်း ပထမ၀ိဉာဥ်စက်ကွင်းကလဲ အသက်၀င်လာပါတော့တယ်။ သူ့ရဲ့ လက်မောင်းတွေက အရှေ့အတောင်ပံတွေနဲ့ ပေါင်းစည်းလို့သွားခဲ့ပြီ ဟို့ယွိဟောင်နဲ့ ရှောင်ရှောင်းတို့ မြင်ခဲ့ဖူးတဲ့ စွမ်းရည်က ပေါ်ထွက်လို့လာခဲ့တယ်။

လေထဲမှာရှိနေတဲ့အချိန် ၀မ်သုန့်ရဲ့အခြေအနေက အိုးယန်ကျွင့်ယိနဲ့ ချန်ကျွင့်ဖုန်းတို့ထက် ပိုပြီး သာလွန်ပါတယ်။ သူ့မျက်နှာပေါ်မှာတော့ မောက်မာတဲ့အရိပ်အယောင်တွေက ပေါ်ထွက်လာခဲ့တယ်။ ဒါ့အပြင် သူတို့ကိုလဲ အထင်သေးနေခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရပြီတဲ့နောက် ၀မ်သုန့်က သူ့ရဲ့ဘယ်ဘက်အတောင်ပံကို တစ်ချက်ခတ်လိုက်တယ်။ အိုးယန်ကျွင့်ယိရဲ့ ဓားသွားအလျင် တေးသီးငှက်ကို သူက တိုက်ရိုက်ဆိုသလို တိုက်ခိုက်နေခဲ့တာပါ။ သူဒီလိုလုပ်နေချိန်မှာပဲ ညာဘက်အတောင်ပံကတော့ ချန်ကျွင့်ဖုန်းရဲ့ဓားကို တန်ပြန်ပြီ ရိုက်ချပြစ်ပါတယ်။ ၀မ်သုန့်က တိုက်ခိုက်မှုနှစ်ခုစလုံးကို တစ်ပြိုင်နက်ထဲ ထုတ်လွှတ်နိုင်ခဲ့တယ်။

ရုတ်တရက်အသံရှည်တွေ ထွက်ပေါ်လာခဲ့ပြီး အံ့ဩစရာကောင်းလောက်အောင်ပဲ အိုးယန်ကျွင့်ယိ ရှာဖွေတွေ့ရှိလိုက်တဲ့အရာကတော့ သူ့ရဲ့ ပထမ၀ိဉာဥ်စက်ကွင်းက အလင်းတန်အောက်မှာ ၀ါးမြိုချင်ခံလိုက်ရတာပါ။

သူ့ရဲ့ ဓားသွားအလျင်တေးသီးငှက်ပိုင်ဆိုင်တဲ့ အရှိန်အဟုန်နဲ့ စူးရှထက်မြက်မှုမျိုးက ၀မ်သုန့်ရဲ့စွမ်းအားအပြည့်နဲ့ အတောင်ပံတွေကို လုံး၀ မထိုးဖောက်နိုင်ခဲ့ပါဘူး။ အဲ့ဒီနောက် ၀မ်သုန့်ရဲ့ ကြီးမားတဲ့အတောင်ပံတွေက သူ့မျက်နှာအရှေ့တည့်တည့်ကို ရောက်ရှိလာပါတော့တယ်။

အိုးယန်ကျွင့်ယိက တိုက်ခိုက်ရေးအတွေ့အကြုံ သိပ်မရှိသေးပါဘူး။ ဒါကြောင့် ၀မ်သုန့်ရဲ့ တိုက်ခိုက်မှုကို အောက်ဖက်ကနေ ရှောင်ရှားဖို့လုပ်ပါတော့တယ်။ သူမမျှော်လင့်ထားခဲ့တဲ့အရာကတော့ ၀မ်သုန့်က ရုတ်တရက်အတောင်ပံတွေကို လွှဲရမ်းရင်း အိုးယန်ကျွင့်ယိကို တမင်တကာအဲ့ဒီလိုဖြစ်အောင် လုပ်လိုက်တာပါပဲ။ ဒါ့အပြင် အိုးယန်ကျွင့်ယိကလဲ ၀မ်သုန့်ကို တိုက်ခိုက်ဖို့အတွက် နောက်တစ်ကြိမ် ထပ်ပြီး ဒူးထောက်လိုက်ရပြန်ပါတယ်။ အိုးယန်ကျွင့်ယိက ပထမဆုံးအနေနဲ့ အရိုက်ခံလိုက်ရပြီ မြေပြင်ပေါ်ကို ပြုတ်ကျလို့သွားခဲ့ရတယ်။ ဒါပေမယ့် ကြီးမားတဲ့ အင်အားက သူ့နောက်ကျောပေါ်ကို သက်ရောက်လာခဲ့ပြီတဲ့နောက် သွေးအန်စေခဲ့ပါပြီ။

ချန်ကျွင့်ဖုန်းကတော့ အိုးယန်ကျွင့်ယိထက် အင်အားနည်းပါးသူဖြစ်ပါတယ်။ ဓားအလင်းတန်းက ၀မ်သုန့်ရဲ့အတောင်ပံတွေနဲ့ တိုက်ခိုက်ပြီချိန်မှာ ချန်ကျွင့်ဖုန်းလဲ ရွှေရောင်အလင်းတန်းတစ်ချို့ကိုသာ မြင်လိုက်ရပြီ သူ့ရဲ့ဓားပျက်စီးသွားတာကို တွေ့လိုက်ရပါတယ်။ အဲ့ဒီနောက် တစ်၀ှီး၀ှီးမြည်သံတစ်ခုက သူ့ဓားကို ပျက်စီးသွားစေခဲ့တယ်။ ရွှေရောင်အလင်းတန်းက သူ့မျက်လုံးရှေ့မှာ ရောက်ရှိလာပြီတဲ့နောက် သူက နောက်ကိုလွှင့်ထွက်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် အခုအချိန်အထိ ကြက်ပေါင်တစ်ချောင်းကို ကိုင်ထားဆဲဖြစ်တဲ့ ကျောက်ဟောင်ချန်နဲ့ ၀င်တိုက်မိပါတော့တယ်။ နှစ်ယောက်စလုံးကတော့ မြေပြင်ပေါ်မှာ လှိမ့်နေခဲ့ပါပြီ။

၀မ်သုန့်ကတော့ လေထဲမှာ အတောင်ပံတွေ ဖြန့်သန်းရင်း အပြာရောင်နဲ့ ခရမ်းရောင်အလင်းတန်းတွေကို တဖျတ်ဖျတ်ထုတ်လွှတ်လို့နေခဲ့ပါတယ်။ အတောင်ပံပေါ်မှာရှိတဲ့ ရွှေရောင်အလင်းတန်းကတော့ သူမြေပြင်ပေါ်ဆင်းသက်ချိန်မှာ ပျောက်ကွယ်သွားပါတော့တယ်။ အခုအချိန်အထိ မျက်နှာကို မော်ချီထားတုန်းပါပဲ။

ကြည့်နေတဲ့ ၀မ်ယန်ကသာ အခြေအနေကောင်းကောင်းနဲ့ ရှိနေခဲ့ပါတယ်။ တခြားအဖွဲ့သားတွေကတော့ မျက်စိပျက်မျက်နှာပျက် ဖြစ်နေခဲ့ပါပြီ။ နယ်မြေတစ်ခွင်လုံးက လုံး၀ကို တိတ်ဆိတ်နေခဲ့ပါတယ်။ ဒီကောင်က ကြောက်စရာကောင်းတဲ့တိုက်ခိုက်ရေးအမျိုးအစား၀ိဉာဥ်ပညာရှင်ပါ။

တိုက်ခိုက်ရေးအမျိုးအစား ၀ိဉာဥ်ပညာရှင်တွေက အလျင်၀ိဉာဥ်ပညာရှင်တွေကို အချိန်အတိုင်းအတာတစ်ခုအထိ ဖိနှိမ့်လို့ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေရာမှာရှိနေတဲ့ သူတိုင်းက ကျောင်းသားသစ်တွေကြီးပါပဲ။ သူတို့ကြားကွာခြားချက်က ဘယ်လောက်တောင် များနိုင်မလဲ။ ၀မ်သုန့်က အလျင်စနစ်အသုံးပြုတဲ့ ၀ိဉာဥ်ပညာရှင်တစ်ယောက်ကို သူကိုယ်တိုင်း တစ်ယောက်ထဲနဲ့ အနိုင်ယူလိုက်တာပါ။ ဒါ့အပြင် သူအနိုင်ယူခံလိုက်ရတဲ့သူတွေကို အထောက်အပံ့ပြုနေတဲ့ အစာ၀ိဉာဥ်ပညာရှင်တောင် ရှိပါသေးတယ်။

၀ိဉာဥ်နှစ်ကွင်းပိုင်တဲ့ ၀ိဉာဥ်ပညာရှင်တွေက ၀ိဉာဥ်စက်ကွင်းတစ်ကွင်းပညာရှင်တွေကို အသာစီးရနိုင်တာ ကြီးမားတဲ့ အားသာချက်တစ်ခုပါပဲ ဒါပေမယ့် သူက ပြိုင်ဘက်သုံးယောက်ကို စက္ကန့်ပိုင်းအတွင်းမှာ အလဲထိုးနိုင်ခဲ့တာလဲ ဖြစ်နေတယ်။ ဒီတစ်ချက်ထဲနဲ့တင် တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ကို ပိုင်ဆိုင်တဲ့ ၀ိဉာဥ်ပညာရှင်တွေက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ သိနိုင်နေခဲ့ပါပြီ။ ဒါ့အပြင် ၀မ်သုန့်ရဲ့ အဖွဲ့မှာလဲ ၀ိဉာဥ်စက်ကွင်းနှစ်ကွင်းကို ပိုင်ဆိုင်တဲ့ နောက်ထပ်လူတစ်ယောက်က ရှိနေခဲ့တယ်။ အဲ့ဒီအဖွဲ့က အဆင့်နှစ်ဆယ်အထက် ၀ိဉာဥ်ပညာရှင်နှစ်ယောက်ကို ပိုင်ဆ်ိုင်ထားတာပါပဲ။ ဟို့ယွိဟောင်ကတော့ လူတိုင်းက သူ့ကိုသတိမထားမိတဲ့ အခြေအနေမှာရှိနေခဲ့ပါတယ်။ ဆရာ၀မ်ယန်တစ်ယောက်သာ သူ့မျက်လုံးထဲမှာ တောက်ပနေတဲ့ ရွှေရောင်အလင်းတန်းကို သတိထားမိခဲ့တယ်။

အပိုင်း ၁၈•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset