Chapter – 168
“မုဆိုးလေလား သားကောင်လေလား”
လုပ်ကြံသတ်ဖြတ်သူများသည် ဆောင်ဂျုအား တားဆီးနိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးစားနေကြသည်။
ဆောင်ဂျုသာ ရဲရှောင်ရှိရာသို့ ရောက်သွားမည် ဆိုပါက အခြေအနေများသည်ပြောင်းလဲသွားနိုင်သည် ကို အားလုံး ရိပ်စားမိနေကြသည်။
ဆောင်ဂျုသည် အကောင်းဆုံး ကြိုးစား၍ ဖောက်ထွက်ရန် ကြိုးစားသော်လည်း မအောင်မြင်သေးချေ။ သူ၏ရောဂါသည်အ ရှင်းမပျောက်သေး၍ လက်ရှိအခြေအနေအား အားမလိုအားမရပင်ြဖစ်နေမိသည်။ ရန်သူများအားဖောက်ထွက်ကျော်လွှားနိုင်သည့်အခွင့်အရေးရသော်လည်း တကယ့်လက်တွေ့တွင်မူ စိတ်ကဆောင်နေသော်လည်း လူကမလိုက်နိုင်ဖြစ်နေလေသည်။ နောက်ဆုံး မတတ်သာသည့်အဆုံး
သူ့အိမ်ရှိ အစောင့်များအားအော်ဟစ်ရင်းဖြင့်သာ အမိန့်ပေး ခိုင်းစေရတော့သည်။
“သခင်လေးကို မြန်မြန် ကာကွယ်ကြ။ သွားကြစမ်း . . .”
ဆောင်ဂျုအားကြည့်ရင်း လုပ်ကြံသတ်ဖြတ်သူများသည် ဟားတိုက်ရယ်မောလိုက်ကြရင်း –
“ဆောင်ရီတောက် . . . ခင်ဗျားအိပ်မက် မက်မနေနဲ့တော့။ အခု ရဲရှောင် အခန်းထဲမှာ ရှိနေတဲ့လူက ကမ္ဘာပေါ်မှာရှိတဲ့ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့တွေထဲက နာမည်အကြီးဆုံး တစ်ယောက်ပဲ။ လျူချန်းဂျန် လို့ခေါ်တယ်။ သူ့ကို တစ်ချက်ခုတ် လူသတ်သမားလို့လည်း ခေါ်ကြတယ်။ရဲရှောင်ကတော့ သေချာပေါက် သေမှာပဲ . . .”
လူသတ်သမား၏ စကားကြောင့်ဆောင်ဂျုသည်အကြီးအကျယ်တုန်လှုပ်သွားလေသည်။ ထို့နောက်ဒေါသတကြီးဖြင့်-
“လျူချန်းဂျန် . . . ငါဆောင်ဂျု ဒီနေ့ညမှာ ကျိန်ဆိုလိုက်မယ်။ မင်း ရဲရှောင်ကို သတ်ရဲသတ်ကြည့်၊ မင်းတို့ တစ်ဆွေလုံး တစ်မျိုးလုံးက လူကြီးလူငယ်၊ မိန်းမ ယောကျာ်းမရွေး အကုန်တစ်ယောက်မကျန် ပြန်အသတ်ခံရမယ် . . .”
တစ်ဖက်ရန်သူလည်း ခနဲ့တဲ့တဲ့ဖြင့်ရယ်မောလိုက်ရင်း –
“ဟားဟားဟား . . . အခုချိန်မှာ ခင်ဗျား ဒီလို ခြိမ်းခြောက်နေလို့လည်း အသုံးမဝင်ဘူး။ ခင်ဗျားအသက် ကိုပဲ ခင်ဗျား ရအောင် ကာကွယ်စမ်းပါဦး။ နောက်ပြီး ပြောရရင် လျူချန်းဂျန်ဆိုတာ အမြဲတမ်း တစ်ယောက်တည်းသမား၊ သူ့မှာ အဖွဲ့အစည်း ဆိုတာလည်း မရှိသလို မိသားစု ဆိုတာလည်း မရှိဘူး . . . ဟားဟား . . .”
ဆောင်ဂျုသည် ဒေါသအကြီးအကျယ် ထွက်နေလေသည်။ ရန်သူများအား ပိုမိုပြင်းထန်စွာ တိုက်ခိုက်လိုက်ပြီး တိုက်ပွဲ အခြေအနေသည်လည်းပို၍ တင်းမာလျက်ရှိသည်။
သို့သော် အထင်နှင့်အမြင်တက်တက်စင်လွဲဆိုသည့်အတိုင်း လျူချန်းဂျန်ဟု ခေါ်သည့် လူသတ်သမားသည် ရဲေ ရှာင်၏ အခန်းထဲတွင်လှုပ်၍ပင်မရသည်ကို မည်သူမျှ မသိကြပေ။
လျူချန်းဂျန်သည် ရဲေ ရှာင်အား သတ်ဖြတ်ရန်အတွက်ပြတင်းပေါက်မှတစ်ဆင့်ခုန်ဝင်လိုက်သည်။ ထို့နောက်ရဲေ ရှာင်ရှိရာသို့ပြေးသွားရင်း သူ၏ ဓားအား အ ရှိန်ပြင်းပြင်းဖြင့်ခုတ်ပိုင်းလိုက်သည်။
အလွန် ပြင်းထန်လှသော ခုတ်ချက်ပင်။
ထိုခုတ်ပိုင်းချက်သည် လျူချန်းဂျန်၏ နာမည်အကြီးဆုံး တိုက်ကွက်ဆိုလည်း မမှားချေ။
သူ့လက်ထဲရှိ ဓားရှည်သည် သူ၏ ရန်သူအတွက်မူ သေမင်းတစ်ပါးပင် ဖြစ်ပေလိမ့်မည်။
ခုတ်ပိုင်းချက်သည် မြန်ဆန်၍ တိကျလှသည်။
သူ၏ ဓားချက်အောက်တွင်ရဲေ ရှာင်သည်သေချာပေါက်ပင်အသက်ပျောက်သွားလိမ့်မည်ဟု တထစ်ချ ယုံကြည်ခဲ့သည်။ ရဲေ ရှာင်အား သတ်ပြီးသည်နှင့်ထွက်ပြေးရမည့်အစီအစဉ်ကိုပါ ကြိုတင်စဉ်း စားနေခဲ့သည်။ ရဲနန်ရှန်သည် အစွမ်းထက်လှသည့် ပညာရှင်တစ်ဦး ဖြစ်သော်လည်း သူ့အားတွေ့အောင် ရှာဖွေနိုင်လိမ့်မည်မဟုတ်ဟု ထင်မှတ်ခဲ့သည်။
လျူချန်းဂျန်သည်ယုံကြည်မှု ရှိ ရှိဖြင့်ရဲေ ရှာင်၏ အခန်းထဲသို့ ဝင်ရောက်သွားသော်လည်း သူ့အားဆီးကြိုနေသည်မှာ အနက်ရောင်စောင်အချို့သာ ဖြစ်သည်။
သူ၏ အခန်းထဲသို့ ဝင်ရောက်လာသည့်ရန်သူသည်
အဆင့်မြင့် ပညာရှင်တစ်ဦး ဖြစ်လိမ့်မည်ဟု ရဲေ ရှာင်ခန့်မှန်းလိုက်မိသည်။ အဆိုပါ ရန်သူ၏ ဓားအလင်းတန်းသည် အပြာရောင်ဖြစ်ပြီး အကြမ်းဖျဉ်းအားဖြင့် ကောင်းကင်အဆင့်၏ အလယ်အလတ်အဆင့် ရှိသော ပညာရှင်တစ်ဦးဖြစ်လိမ့်မည်ဟု သုံးသပ်မိလိုက်သည်။
ရဲရှောင်သည် မကြာသေးမီကပင် ကျင့်ကြံမှုအဆင့် တိုးတက်ခဲ့သော်လည်း ယခုကဲ့သို့ အဆင့်မြင့်ပညာ ရှင်တစ်ဦးအား အလွယ်တကူ အနိုင်ယူတိုက်ခိုက်ရန်မှာ မဖြစ်နိုင်သေးပေ။
ထို့ကြောင့် သူ၏ ရန်သူအား ချက်ချင်း တိုက်ခိုက်ခြင်း မပြုသေးဘဲ လှည့်ကွက်အနည်းငယ် သုံးလိုက်ခြင်းသာ ဖြစ်ပေသည်။
ရဲေ ရှာင်သည်အိပ်ယာထက်မှ ထလိုက်ပြီး ရန်သူ့ထံသို့ သူ့ကိုယ်အောက်ရှိ စောင်အချို့ဖြင့်ပစ်လိုက်သည်။ စောင်များသည် တိမ်တိုက်များကဲ့သို့ လွင့်ပျံသွားပြီး ထိုစောင်များ၏ အနောက်တွင် ရဲေ ရှာင်သည်ထပ်ကြပ်မခွာပင်လိုက်ပါသွားလေသည်။
ရဲေ ရှာင်၏ ပြုမှုလှုပ်ရှားမှုများသည်သစ်ရွက်လေးတစ်ရွက်ကဲ့သို့ပင်ပေါ့ပါးသွက်လျက်ရှိသည်။စောင်များနောက်တွင်ကပ်ပါသွားသည်မှာ မြူမှုန်လေးတစ်မှုန်လေထဲဝဲပျံသွားသည်နှင့်ပင်တူနေပါသေးသည်။ လှုပ်ရှားမှုများအား အခက်အခဲမ ရှိပေါ့ပေါ့ပါးပါးပင်လုပ်ဆောင်နိုင်လေသည်။
လျုချန်းဂျန်၏ ဓားချက်သည်လွဲချော်သွားပြီး အနက်ရောင်စောင်များကိုသာ ခုတ်ပိုင်းမိသွားလေသည်။ အနက်ရောင်အဝတ်အပိုင်းအစများသည်လည်းနေရာအနှံ့သို့ လွှင့်ပျံသွားကြသည်။
ထို့နောက် ရဲရှောင်၏ အဖြူရောင်လက်ဝါးချက်သည်သူ၏ မျက်နှာအနီးသို့ရောက်ရှိလာသည်ကို လျုချန်းဂျန်သည်တွေ့လိုက်ရသည်။
တန်ပြန်တိုက်ခိုက်မှုသည် အလွန်လျင်မြန်လွန်းလှသော်လည်း တိုက်ခိုက်သူသည် ကျင့်ကြံမှု အဆင့် အမြင့်ကြီး မဟုတ်သေးမှန်း ရိပ်စားမိလိုက်သည်။ သူ၏ စိတ်ထဲတွင်လည်း –
[ကြည့်ရသလောက်တော့ သူကကောင်းကင်အဆင့်တောင် မရောက်လောက်သေးဘူး . . . သူ့တိုက်ခိုက်မှုက အပြာရောင် ဖျော့ဖျော့တောင် မလင်းပါလား . . .]
[သူက သူ့ကိုယ်သူ သိပ်ပြီး ယုံကြည်မှု လွန်ကဲနေတာပဲ . . .]
လျုချန်းဂျန်၏ စိတ်ထဲတွင်ရဲေ ရှာင်အား အထင်မြင်သေးသွားလေသည်။ ထို့်ကြောင့်ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ ရဲေ ရှာင်အား သူ၏ ဘယ်လက်သီးဖြင့်ထိုးလိုက်သည်။
“ဖုန်း . . .”
လက်သီးနှင့် လက်ဝါးတို့ ထိတွေ့သွားကြသောအခါ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်သွားလေသည်။
လျူချန်းဂျန်သည် အဆင့်နိမ့်ပညာ ရှင်တစ်ဦး နှင့်သာမန်တိုက်ခိုက်နေရသည်ဟု ထင်မှတ်ပြီး လက်သီးအတွင်း စွမ်းအားများစွာကို ထည့်သွင်းခဲ့သည်။ သူ၏ လက်သီးချက်ကြောင့်ရဲေ ရှာင်၏ လက်မှအ ရိုးများ ကျိုးကြေသွားမည်ဟုလည်း တွေးထင်ခဲ့မိသည်။
သို့သော် လက်တွေ့တွင်မူ သူ၏ အထင်နှင့်အမြင်သည် တခြားစီ ဖြစ်နေလေသည်။
ရဲရှောင်သည် ဒဏ်ရာတစ်စုံတစ်ရာ မရ ရှိဘဲ သူ၏ လက်များသည်လည်း အကောင်းပတိအတိုင်း ပင်ရှိနေကြသည်။ မျက်နှာအနည်းငယ်ပျက်သွားသည့်တိုင်နောက်သို့ခြေတစ်လှမ်းပင်ဆုတ်မသွားခဲ့ချေ။
လျူချန်းဂျန်မှာမူ ကမ္ဘာတစ်ခုလုံးအေးခဲသွားသည့်အတိုင်းအေးစက်မှုဒဏ်အား ခိုက်ခိုက်တုန်အောင်ပင်ခံစားသွားရလေသည်။ရေခဲချီဓာတ်သည်သူ၏ လက်မှတစ်ဆင့်ခန္ဓာကိုယ်တစ်ခုလုံးအားအေးစက်သွားစေသည်။
မည်သည့်တုန့်ပြန်မှုမှ မလုပ်နိုင်သေးခင်မှာပင်သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်အေးခဲသွားလေသည်။
ထို့ပြင်လက်သီးတွင်လည်း ရေခဲများ ဖုံးလွှမ်းသွားပြီး ခန္ဓာကိုယ်တစ်ပိုင်းသည်ပင်လှုပ်၍မရတော့လောက်အောင် ဖြစ်သွားသည်။
ယခင်က ယခုကဲ့သို့ ထူးခြားလှသော ရေခဲချီဓာတ်များအား တစ်ခါမျှ မမြင်ဖူးခဲ့သည့်အတွက် လျူချန်းဂျန်သည်အလွန်အမင်းပင်အံ့သြတုန်လှုပ်လျက်ရှိသည်။ အအေးဓာတ်ကြောင့်သူ၏ သွေးကြောအချို့သည်လည်း ပျက်ဆီးသွားခဲ့ရသည်။
အံ့ဩမှုများနှင့်အတူ သူ၏ စိတ်ထဲတွင်-
[ဘယ်လိုဖြစ်တာလဲ . . . ဘာတွေ ဖြစ်ကုန်တာလဲ . . .]
သို့သော် လျုချန်းဂျန်သည် အတွေ့အကြုံ ရင့်ကျက်သူပီပီတွေဝေနေခြင်းမ ရှိဘဲ အသက်တစ်ချက် ရှူသွင်းလိုက်ကာ ခန္ဓာကိုယ်အတွင်းရှိ ချီဓာတ်များအား ထုတ်လွှတ်လိုက်သည်။ သူ၏ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး လက်များတွင်လည်း အပြာရောင်အလင်းတန်းအချို့ ထွက်ပေါ်လာလေသည်။ ထိုအလင်းတန်းများဖြင့် လက်တွင် ခဲနေသည့် ရေခဲချီဓာတ်များအား ဖယ်ရှားလိုက်သည်။ သို့သော် အလွန်အမင်း အေးစက်သည့်ဒဏ်ကိုမူ ခံစားနေရတုန်းပင် ဖြစ်သည်။
လျုချန်းဂျန်သည်အံ့ဩစိတ်ကြောင့်ဟန်ပင်မဆောင်နိုင်တော့ဘဲ –
“ဘယ်လို တိုက်ကွက်များလဲ . . . မင်းဘယ်သူလဲ . . .”
သူရင်ဆိုင်နေရသည့်လူသည် သာမန်လူတစ်ဦး မဟုတ်ကြောင်း ရိပ်စားမိသွားသည်။လက်ဝါး ရိုက်ချက်၏ အတိမ်အနက်အရ သူ့ထက်ပင် ပို၍ အစွမ်းထက်နေမည်ဟုလည်း ခံစားလိုက်မိသည်။
ရဲေ ရှာင်သည်လျုချန်းဂျန်၏မေးခွန်းကြောင့်မထီမဲ့မြင်ပြုံးလိုက်ရင်း –
“ခင်ဗျားက ကျုပ်ကို လာသတ်တာ မဟုတ်ဘူးလား။ အဲဒါတောင်မှ ကျုပ်ကို ပြန်လာမေးနေသေးတယ်။ ခင်ဗျားက ကျုပ်ကို လာသတ်တာရော ဟုတ်ရဲ့လား . . . ဒါမှမဟုတ် ကျုပ်ကို ကြိုက်နေလို့များ အခန်းထဲဝင်လာတာလား ပြောစမ်းပါဦး . . .”
“မင်းက ရဲရှောင်လား . . .”
လျူချန်းဂျန်သည်အံ့အားသင့်ဟန်ဖြင့် အော်ပြောလိုက်သည်။ ကြောက်ရွံ့တုန်လှုပ်သွားဟန်လည်း ပေါ်လွင်နေသည်။
ရဲရှောင်သည်ရယ်မောလိုက်ရင်း –
“ခင်ဗျားက ဥာဏ်တော့ ကောင်းသားပဲ။ ချီးကျုးတယ်ဗျာ . . .”
လျူချန်းဂျန်သည် အ ရူးလုပ်ခံနေရသလိုပင်ခံစားလိုက်ရသည်။
ဖြစ်ပေါ်နေသည့်အခြေအနေများအား စိတ်ရှုပ်ထွေး၍ နားမလည်နိုင်လည်း ဖြစ်လျက်ရှိသည်။
လျုချန်းဂျန်သည်ရဲေ ရှာင်၏ အကြောင်းအား ကြားသိခဲ့ရသည့်အချိန်တုန်းက သုံးစား၍မရသော ဆန်ကုန်မြေလေးတစ်ယောက်၊ အသက်ငွေ့ငွေ့သာ ရှိတော့သည့်လူတစ်ယောက်ဟုသာ သိခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ရဲရှောင်သည် အကောင်းပကတိ ရှိနေလေသည်။ အံ့ဩမှုများနှင့်အတူ သူ၏ စိတ်ထဲတွင်-
[ငါက နေမကောင်းဖြစ်နေတဲ့ ထိပ်တန်းအဆင့် ပညာရှင်တစ်ယောက်ကို လုပ်ကြံဖို့ ရောက်လာရ တာများလား . . . ဒါမှမဟုတ် ဒါက ထောင်ချောက် တစ်ခုလား။ ငါက လုပ်ကြံသတ်ဖြတ်သူတစ်ယောက်။ အခုတော့ ငါက မုဆိုးဖြစ်မလား သားကောင်ဖြစ်မလားတောင်မသိတော့ဘူး . . .]
ရဲရှောင်သည်လက်ခုပ် ၂ ချက်တီးလိုက်သည်။ ထိုအခါတွင်သူ၏ လက်တစ်ဖက်၌ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး နောက်လက်တစ်ဖက်တွင်မူ သန့်စင်လှသည့် အဖြူရောင် အလင်းတန်းအချို့ ထွက်ပေါ်လာလေသည်။ရွှေလက်နှင့်ရေခဲလက်များအဖြစ် ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။
လျုချန်းဂျန်အား တိုက်ခိုက်ခဲ့သည့်လက်ဝါးချက်ကြောင့်ရဲေ ရှာင်၏ စိတ်ထဲတွင်ယုံကြည်မှုများ ပိုတိုးလာပြီး ကိုယ့်ကိုကိုယ်လည်းကျေနပ်နေမိလေသည်။
သူ၏ ကျင့်ကြံမှုအဆင့် များစွာ တိုးတက်လာခဲ့ကြောင်း ကိုလည်း သိလိုက်ရသည်။
ရဲေ ရှာင်သည်သူ၏ စွမ်းအင်များအား စမ်းသပ်ချင်ရုံသာမက ခန္ဓာကိုယ်အတွင်း ပေါက်ကွဲထွက်တော့မည့် စွမ်းအင်များကို ထုတ်လွှတ်ပေးလိုသောကြောင့် လက်ဝါး ရိုက်ချက်ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်မှ ရန်သူ၏ တိုက်ခိုက်မှုသည်သူ့အား နာကျင်မှုတစ်စုံတစ်ရာ မခံစားစေခဲ့ပေ။ ထို့ပြင်သူ၏ လက်ဝါး ရိုက်ချက်တွင် အပြာရောင်လဲ့လဲ့ လင်းလက်နေသည်ကိုလည်း သတိထားမိခဲ့သည်။
ရဲရှောင်ကိုယ်တိုင်ပင်အံ့သြသွားလေသည်။
သူ၏ ကျင့်ကြံမှု အဆင့်သည်ထပ်တက်လျှင်မြေကြီးအဆင့် ၃ မှ အဆင့် ၄ သို့သာ ရှိနေရမည် ဖြစ်သော်လည်း လက်ရှိတွင်မူ အဆင့် ၈ ကိုပင်ရောက်ရှိသွားခြင်း ဖြစ်သည်။
ထို့အပြင် စွမ်းအင် မတည်မငြိမ် ဖြစ်ခြင်းမျိုးကိုလည်း မခံစားရချေ။ အံ့ဩမှုများနှင့်အတူ ရဲေ ရှာင်၏ စိတ်ထဲတွင်-
[ခုနတုန်းက ငါဥာဏ်အလင်းပွင့်သွားတာ ငါ့ရဲ့ ကျင့်ကြံမှုတွေကိုလည်း အများကြီး တိုးတက် သွားစေခဲ့တာပါလား . . . ချစ်ခြင်းမေတ္တာတရား ဆိုတာကို နားလည်ရုံ ရှိသေးတယ် သဘာဝတရားကြီးရဲ့ တံခါးကို ဖွင့်နိုင်ခဲ့တာပဲ . . . တော်တော်ကို အံ့သြစရာ ကောင်းတာပဲ . . .]
ရဲရှောင်၏ ရွှေရောင်လက်တစ်ဖက်မှ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး နောက်လက်တစ်ဖက်မှလည်း ရေခဲချီဓာတ်များ ထွက်ပေါ်နေသည်။ သူသည်အေးစက်သောအပြုံးများဖြင့် တစ်ဖက်မှ မျက်နှာဖုံးဝတ်ထားသော ရန်သူအား စူးစိုက်၍ပင်ကြည့်လျက်ရှိသည်။
ရဲေ ရှာင်၏ ဆံပင်များသည် လေပြည်လေညင်းများနှင့် အတူ မျောလွင့်လျက်ရှိပြီး ယခင် ရှောင်ဧကရာဇ် ဘဝတုန်းက သူ၏ အထင်ရှားဆုံး တိုက်ကွက်တစ်ကွက်ဖြစ်သော “ရယ်မောခြင်းကောင်းကင်” ကို အသုံးပြုလိုက်သည်။
ထူးခြား အစွမ်းထက်လှသော စွမ်းအင်များဖြင့် စုပေါင်း တိုက်ခိုက်လိုက်သဖြင့် လျူချန်းဂျန်သည် အသည်းအသန် ခုခံနေရပြီး အသက်ရှူချိန်ပင် မရှိလောက်အောင် ခံစားနေရသည်။ ရဲေ ရှာင်၏ တိုက်ခိုက်မှုများအား အသက်လု၍ ကာကွယ်နေရသည့်အတွက်အပြင်ဘက်မှ အကူအညီ လှမ်းတောင်းရန် မဆိုထားနှင့် စကားပင် ပြန်မပြောနိုင်တော့ချေ။
လျုချန်းဂျန်၏ စိတ်ထဲတွင်မူ –
[ဒါ . . . ဒါ အသုံးမကျတဲ့ ဆန်ကုန်မြေ သခင်လေးတဲ့လား။ ငါ့အလုပ်ရှင်က ငါ့ကို ပြောတော့ အသက်တောင် လုပြီး ရှူနေရတယ်ဆို။ ဒါက ရဲနန်ရှန်ရဲ့ အမှိုက်လို သားတစ်ယောက်တဲ့လား . . . လုပ်ကြံနိုင်ခဲ့ရင်တောင် တော်တော်ကို မတန်တဲ့ အလုပ်မျိုး။ ငါတော့ ဒီတစ်ခါ ကတုံးပေါ် ထိပ်ကွက် လုပ်ခံလိုက်ရပြီကွာ . . .]
လျူချန်းဂျန်သည် စိတ်ထဲတွင်အဆက်မပြတ် ကျိန်ဆဲနေရင်း ငိုချင်လာသလိုပင်ဖြစ်နေလေသည်။
သူ့အရှေ့တွင်ရှိ လူငယ်သည် ကျန်းမာသန်စွမ်းရုံတင်မက ထူးခြား အစွမ်းထက်သော စွမ်းရည်များဖြင့် ရှိနေလေသည်။
[ဒီတော့ ဒါက မင်းတို့ပြောတဲ့ သေခါနီး လူပေါ့လေ ဟုတ်လား . . . ဒီကောင်က ငါ့ထက်တောင် ပိုပြီး စွမ်းတယ် ခွေးမသားတွေရဲ့ . . . ငါ့ထက်တောင် ပိုပြီး အတွေ့အကြုံ ရှိနေသေးတယ်ဟ . . .]
လျူချန်းဂျန် စိတ်ထဲ အခဲမကြေနိုင်ဘဲ ကျိန်ဆဲ နေမိပါတော့သည် . . .။