Chapter – 167
“လုပ်ကြံသတ်ဖြတ်မှု”
ရဲရှောင်၏ ရင်ထဲတွင် ဝမ်းနည်းကြေကွဲမှုများဖြင့်ပြည့်နှက်လျက်ရှိသည်။ သူ၏ ယခင်ဘဝအား စဉ်း စားလိုက်မိရင်း စိတ်ထဲတွင်-
[ငါ့အရင် ဘဝမှာ ဘာဆိုဘာမှ မရှိခဲ့ဘူး။ ငါ့မှာရှိတာဆိုလို့ တုန်လှုပ်စရာ ကောင်းတဲ့ စွမ်းအင်တွေပဲ ရှိခဲ့တယ်။ ဒီဘဝမှာ ငါက တခြားရဲရှောင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ရှိနေရတယ် ဆိုပေမယ့်လက်ရှိဘဝမှာတာဝန်ကျေတဲ့ လူတစ်ယောက် ဖြစ်အောင်တော့ လုပ်ရမယ်။
ငါ့ရဲ့အခုဘဝမှာ မိဘတွေလည်း ရှိသလို မိတ်ဆွေတွေလည်း ရှိတယ်။ ငါ့မှာ မိသားစုဝင်တွေ၊ ညီအစ်ကိုတွေ၊ ချစ်ရသူနဲ့ နိုင်ငံတော်ဆိုတာလည်း ရှိတယ်။
ဒါတွေအားလုံးကို ကာကွယ်ပေးရမယ့်တာဝန်လည်း ငါ့မှာ ရှိတယ်။ ဒီဘဝမှာ ချမ်းချမ်းသာသာလည်း ဖြစ်နေပြီ။ အရင်ဘဝတုန်းက ငါတမ်းတမိခဲ့တာ မှန်သမျှ အခုဘဝမှာ ရှိနေပြီ။
ငါ့မှာ အားလုံးရှိတယ်၊ အားလုံးကိုလည်း ငါကာကွယ်ရမယ်။ ကာကွယ်ရမဲ့ တာဝန်လည်း အပြည့်ရှိတယ်။ ဘာကိုမှ ဆုံးရှုံးခံလို့ မဖြစ်ဘူး . . .]
ထိုအချိန်တွင်စုယဲ့ယွဲ့မှ သူ့အား ပြုံး၍ ကြည့်နေသည်ကို စိတ်ထဲတွင်မြင်ယောင်မိသွားသည်။
ရဲရှောင်လည်း ပြုံးလိုက်မိရင်း –
[ဒီကောင်မလေးက တကယ်ကို ချစ်ဖို့ကောင်းတယ်။ ဒီဘဝမှာ ငါဂ ရုတစိုက်နဲ့ နေပြီး ငါကာကွယ်သင့်တဲ့ လူတွေ အားလုံးကို ကာကွယ်ရမယ် . . . ပျော်စရာကောင်းတဲ့ ဘယ်လိုအရာမျိုးကိုမှ လက်လွတ်ခံလို့ မဖြစ်ဘူး . . .]
ရဲရှောင်သည် တစ်ယောက်တည်း အတွေးပင်လယ်ထဲတွင်လွင့်မျောလျက်ရှိပြီး နောက်ဆုံးတွင်မူ သူ၏ စိတ်အစဉ်တစ်ခုလုံးသည်တည်ငြိမ်အေးချမ်းသွားခဲ့သည်။
ငြိမ်းချမ်းမှုနှင့်အတူ သူ၏ စွမ်းအင်သိုလှောင်ရာ အတွင်းရှိ ခရမ်းရောင်ချီဓာတ်များသည်လည်း လည်ပတ်စီးဆင်းသွားလေသည်။
သိပ်သည်းလှသော ခရမ်းရောင် ချီဓာတ်များသည် စွမ်းအင်သိုလှောင်ရာအတွင်းတွင်ပြည့်နှက်လျက် ရှိသည်။
ရဲရှောင်၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကြောင့် ထူးဆန်းသော ဖြစ်စဉ်များလည်း ပေါ်ပေါက်လာသည်။
တိမ်ထူထပ်သော ညတစ်ည ဖြစ်သော်လည်း တိမ်တိုက်ကြီးများသည်ရုတ်တရက်လွင့်မျောသွားကာ လမင်းကြီးသည်ကောင်းကင်ယံထက်၌ပေါ်ထွန်းသွားသည်။ ထို့်အတူထိန်လင်းသော အလင်းရောင်များသည်လည်းကမ္ဘာမြေပြင် တစ်ခုလုံးသို့ ဖြန့်ကျက်သွားလေသည်။
လမင်းကြီး၏ ပတ်ပတ်လည်တွင်လည်း ခရမ်းရောင်အလင်းတန်းများသည်ခပ်မှိန်မှိန်ဖြင့်လင်းလက်နေသည်။
အလွန်ထူးခြားသော ညတစ်ညပင်။
လူများသည်ကောင်းကင်ယံထက်ရှိ လမင်းကြီးအားမော့၍ ကြည့်နေကြသည်။ယခုညသည် သူတို့အားလုံးအတွက်သေသည့်တိုင် မေ့ပျောက်၍ ရနိုင်မည် မဟုတ်သော ညတစ်ညပင် ဖြစ်ပေလိမ့်မည်။
ကမ္ဘာပေါ်မှ အသန့်စင်ဆုံးဖြစ်သော ခရမ်းရောင်ချီဓာတ်များသည် လရောင်မှတဆင့် ကမ္ဘာမြေပြင်၏ တစ်နေရာသို့ ကျဆင်းလျက် ရှိနေသည်ကို မည်သူမျှ သိနိုင်မည် မဟုတ်ပေ။
ခရမ်းရောင်အလင်းလှိုင်းများသည် တစ်လှိုင်းပြီးတစ်လှိုင်း ချန်ရှင်းမြို့တော်ရှိ စစ်သူကြီး အိမ်တော် အတွင်း ဝင်ရောက်လာပြီး ထိုးမှတစ်ဆင့်ရဲရှောင်၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားကြသည်။
ရဲေ ရှာင်၏ စွမ်းအင်သိုလှောင်ရာ အတွင်းရှိ ခရမ်းရောင် ချီဓာတ်များသည်လည်း အလွန်လျင်မြန်သော နှုန်းဖြင့် ယခင်ကထက်ပင် ပို၍ တိုးသွားသည်။
ကျယ်ပြန့်လှသော ဟင်းလင်းပြင်ကြီး ထဲတွင် ခရမ်းရောင်ချီဓာတ်များသည် လှိုင်းလုံးကြီးများသဖွယ်ပြည့်လျှံနေလျက် ရှိသည်။
ခရမ်းရောင် ချီဓာတ်များသည်ဥ ရှိနေသည့်နေရာတွင်တဖြည်းဖြည်း စုဆုံသွားကြပြီး အစိုင်အခဲပုံစံ နီးပါပင်ဖြစ်ပေါ်သွားလေသည်။ အဆိုပါ အစိုင်အခဲ ပုံစံသည်ခရမ်းရောင်သလင်းကျောက်ကြီး အသွင်သဏ္ဍာန်နှင့်ပင် တူနေပါသေးသည်။ ဥသည် သူ၏ စုပ်ယူနိုင်သည့်ဧရိယာအတွင်းသို့ရောက်ရှိလာသည့်ခရမ်းရောင်ချီဓာတ်များအား တစ်စမကျန်စုပ်ယူလျက်ရှိသည်။ ကမ္ဘာပေါ်ရှိ ရှိရှိသမျှသော ခရမ်းရောင် ချီဓာတ်များ သည် ရဲရှောင်၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဥ၏ အငမ်းမရစုပ်ယူခြင်းကို အဆက်မပြတ် ခံနေရသည့်တိုင် ခရမ်းရောင်ချီဓာတ်များသည် များပြားစွာ ကျန်ရှိနေပါသေးခြင်း ဖြစ်သည်။ စုပ်ယူသည့်ပမာဏနှင့် ရှိနေသည့် ပမာဏသည် မျှခြေတစ်ခုကဲ့သို့ ဖြစ်နေပါတော့သည်။ ဥအတွင်းသို့ ခရမ်းရောင် ချီဓာတ်များ ဝင်ရောက်လေလေ ဥသည်လည်း ပို၍ တောက်ပလာလေလေပင် ဖြစ်သည်။ ဥပေါ်ရှိ အရေးအကြောင်းများသည်လည်း ပို၍ ထင် ရှား ပြတ်သားလာပြီး မူလက ပန်းသီးတစ်လုံး အရွယ်အစားသာ ရှိသော ဥသည် ယခုအခါ တွင်မူဖရဲသီးအသေးစား အရွယ်သို့ပင်ရောက်ရှိနေပြီ ဖြစ်သည်။
ဟင်းလင်းပြင် ကိုးခုတွင်လည်း ခရမ်းရောင် ချီဓာတ်များဖြင့် ပြည့်နှက်လျက် ရှိပြီး ကံကောင်းသည့် အချက်မှာ ခရမ်းရောင် ချီဓာတ်များသည် ရေခဲချီဓာတ်များကဲ့သို့ ဟင်းလင်းပြင်များအား ထိခိုက်စေခြင်း မရှိချေ။ ဟင်းလင်းပြင်ကြီးများ၏ စွမ်းအင်များ ပိုတိုးလာအောင်ပင် ကူညီပေးနေပါသေးသည်။
သစ်သားဟင်းလင်းပြင်အတွင်းရှိ တန်ဖိုးကြီး ရှားပါးဆေးပင်များသည်လည်း ခရမ်းရောင်ချီဓာတ်များအား စုပ်ယူနေကြသည်။
ရဲေ ရှာင်သည်ဟင်းလင်းပြင်ကြီးတွင်ဖြစ်ပျက်နေသည့်ထိုအခြင်းအရာများအား မသိ ရှိသေးပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်အတွင်းတွင်ပဲ့တင်ထပ်နေသည့်အသံအား အာ ရုံစိုက်နားထောင်နေရ၍ အခြားအရာများအပေါ် သတိမထားမိခြင်း ဖြစ်သည်။
ခရမ်းရောင်ချီဓာတ်များသည် စွမ်းအင်သိုလှောင်ရာအတွင်းတွင်ပြည့်လျှံနေပြီ ဖြစ်သော်လည်း ထပ်ခါထပ်ခါ ဝင်ရောက်နေသောကြောင့်ရေပြည့်နေသောအိုးထဲသို့နောက်ထပ်ရေများလောင်းထည့်နေသည်နှင့်ပင်တူနေပါတော့သည်။
၉ ကြိမ်မြောက် ဝင်ရောက်ပြီးသည့်အခါတွင်မူ ခရမ်းရောင် ချီဓာတ်များသည်ပေါက်ကွဲထွက်သွားသကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားပြီး ခရမ်းရောင်အလင်းတန်း အချို့သာ ကျန်ရှိတော့သည်။
ခရမ်းရောင်ချီဓာတ်များပျောက်ကွယ်သွားချိန်တွင်ရဲေ ရှာင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည်နာကျင်မှုတစ်စုံတစ်ရာမ ရှိဘဲ သက်တောင့်သက်သာဖြစ်သွားကာနေရထိုင်ရကောင်းသွားလေသည်။
ခဏအကြာတွင် ကမ္ဘာကြီးတစ်ခုလုံး ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။
လမင်းကြီးသည် ကောင်းကင်ယံထက်၌ ထိန်ထိန်သာလျက် ရှိပြီး ခရမ်းရောင်ချီဓာတ်များ၏ အရိပ်အယောင်ကိုလည်း မတွေ့ရတော့ချေ။
ရဲရှောင်သည်မျက်လုံးများအား ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ မျက်လုံးများသည် တောက်ပလျက် ရှိပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်းယခင်ကနှင့်မတူပြောင်းလဲနေသည်ကို ခံစားလိုက်ရသည်။
သူသည် ယခုအခါတွင်ရည်မှန်းချက် ပန်းတိုင် မရှိသော လူသားတစ်ယောက် မဟုတ်တော့ချေ။
ချစ်ခြင်းမေတ္တာတရား မရှိသည့် လူတစ်ယောက်လည်း မဟုတ်တော့ချေ။
မိသားစုဝင်များ၊ ချစ်ရသူများ၊ ညီအစ်ကိုများ၊ နေထိုင်ရာအိမ်၊ နိုင်ငံ အစရှိသည့် အရာများအားလုံးကို ပိုင်ဆိုင်ထားသော လူတစ်ယောက်မှန်း သူ့ကိုယ်သူ သုံးသပ်သိ ရှိသွားပြီ ဖြစ်သည်။
ရဲရှောင် အသက်တစ်ချက် ရှူသွင်းလိုက်ရင်း –
“ကံကြမ္မာကိုက ငါ့အတွက် ဒီလိုဖြစ်ဖို့ အကြောင်းဖန်လာတာများလား . . .”
ထိုအချိန်တွင်သူ၏ ဟင်းလင်းပြင်ကြီး လှုပ်ခါသွားသည်ကို ခံစားလိုက်ရသည်။
ထိုကဲ့သို့ လှုပ်ခါသွားရခြင်းမှာ ရှေးဦးခရမ်းရောင်ချီဓာတ်၏ ဒုတိယအဆင့် တံခါးပေါက်ကို အောင်မြင်စွာ ဖွင့်နိုင်လိုက်ခြင်းကြောင့်ပင် ဖြစ်သည်။
ရဲရှောင်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး ဟင်းလင်းပြင်ကြီး၏ အခြေအနေအား သွားကြည့်လိုက် သည်။
သို့သော်မထင်မှတ်ထားသည့်အရာတစ်ခုသည်ရုတ်တရက်ဖြစ်ပေါ်သွားသည်။
သူ၏ ပြတင်းပေါက် အပြင်ဘက်မှ လျှပ်စီးကဲ့သို့ လင်းလက်သော ဓားအလင်းတန်းအား မြင်တွေ့လိုက်ရသည်။
ထို့ပြင်အသက်ဇိဝိန်ကို ခြွေပစ်နိုင်သည့်အငွေ့အသက်များကိုလည်း ခံစားလိုက်ရသည်။
လုပ်ကြံသတ်ဖြတ်မှု တစ်ခုပင် ဖြစ်နိုင်ပေသည်။
ထိပ်တန်းအဆင့် လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ဦးသည်ရဲရှောင်အား သတ်ဖြတ်ရန်အတွက် သူ၏ အခန်း ရှိရာသို့ ရောက်ရှိလာခြင်းပင် ဖြစ်သည်။
ထိုအချိန်တွင် ရဲအိမ်တော်၏ ပတ်ပတ်လည်တွင် အော်ဟစ်သံများအား ထွက်ပေါ်လာပြီး မရေမတွက်နိုင် သော အနက်ရောင်အရိပ်များသည် အိမ်တော် အတွင်းသို့ ခုန်ပျံဝင်ရောက်လာကြသည်။ အချို့သည် အိမ်တော်အတွင်းသို့ပင်ရောက်နှင့်နေကြချေပြီ။
စုစုပေါင်းအားဖြင့် အယောက် ၅၀ ကျော်ခန့် ရှိမည်ဟု ရဲရှောင် ခန့်မှန်းလိုက်သည်။
ထိုအချိန်တွင်စောင့်ကြည့်မျှော်စင်မှ ခရာမှုတ်သံနှင့်အတူ အသံတစ်သံသည်ထွက်ပေါ်လာခဲ့သည်။
“ရန်သူတွေ . . .”
ဆောင်ဂျု၏ ကျယ်လောင်လှသော အော်ဟစ်သံကြီးသည် တိတ်ဆိတ်သောညအား ဖြိုခွင်းလိုက်သည်။ သူ၏ လက်ထဲတွင် ဓားရှည်တစ်လက်အား ကိုင်ထားပြီး ရဲရှောင်ရှိရာ အခန်းသို့ အပြေးသွားလိုက်သည်။ လက်ထဲတွင်ကိုင်ဆောင်ထားသော ဓား၏ အမည်မှာ သွေးအလင်းရောင်ဓား ပင်ဖြစ်သည်။
သို့သော်ဆောင်ဂျုသည် ရဲရှောင်၏ အခန်းသို့ မရောက်မီ မျက်နှာဖုံးဝတ်ထားသော လူ ၆ ယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည်။
သူတို့ထဲမှ တစ်ဦးသည်ဆောင်ဂျုအား ကြည့်ရင်း –
“ခင်ဗျားကသွေးအလင်းရောင် စစ်သူကြီး . . . ဆောင်ရီတောက် မဟုတ်လား။ ခင်ဗျား တိုက်ပွဲ မြေပြင်မှာ နှစ်ပေါင်းများစွာ ပျောက်နေတာ ဒါကြောင့်ကိုး။ ရဲအိမ်တော်မှာ လာပြီး ပုန်းနေတာပေါ့လေ ဟုတ်လား . . .”
ဆောင်ဂျု၏လည်း စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်ရင်း –
“ခွေးကောင်က သိပ်သိနေတယ်ပေါ့ . . .”
သွေးအလင်းရောင်ဓားသည် လေအဟုန်ကိုခွင်း၍ လျင်မြန်သော နှုန်းဖြင့် ရန်သူများထံသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
“ဖုန်း . . . ဖုန်း . . . ဖုန်း”
သွေးအလင်းရောင်ဓားချက်၏အောက်တွင်ရန်သူခြောက်ယောက်သည်သွေးများ အန်ထွက်၍အလူးအလဲပင်ခံစားသွားရသည်။
မြေကြီးအဆင့် ၉ ရှိ ပညာရှင် ၆ ယောက်သည် ဆောင်ဂျု၏ ကြမ်းတမ်းလှသော ဓားချက်အား ပြန်လည်ခုခံနိုင်စွမ်း မ ရှိခဲ့ပေ။
ဓားတစ်ချက် ယမ်းလိုက်ရုံဖြင့်ပင်သေမတတ်ခံစားသွားရခြင်း ဖြစ်သည်။
လူခြောက်ယောက်ထဲမှ တစ်ယောက်သည်တုန်ယင်နေသောအသံဖြင့်-
“နေ . . .နေ . . .နေဦး . . . ခင်ဗျားက ဆောင်ရီတောက် မဟုတ်ဘူး။ သွေးအလင်းရောင် စစ်သူကြီးမှာ ဒီလို အစွမ်းမျိုး မရှိပါဘူး။ ခင်ဗျား . . . ခင်ဗျားက ဘယ်သူလဲ . . .”
ဆောင်ဂျု၏ ဓားမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ရန်သူများ ရှိရာသို့ပြေးဝင်သွားရင်း –
“မင်းလိုကောင်က ဘာသိမှာလဲ။ သောက် ရူး . . .”
ဓားကြီးအား ဝေ့ယမ်းလိုက်သည့်အခါ ထိုလူ ၆ ယောက်၏ ခေါင်း ၆ လုံးသည်လည်း မြေပြင်ပေါ်သို့ ကျသွားလေသည်။
သွေးများသည်မြင်၍မကောင်းအောင်ပင်နေရာအနှံ့သို့ ပန်းထွက်သွားသည်။ ဆောင်ဂျုမှာမူ ရန်သူခြောက်ယောက်အား သုတ်သင်ပြီးသော်လည်း မရပ်နားနိုင်သေးဘဲ ရဲရှောင်ရှိရာအခန်းသို့ ဆက်၍ ပြေးသွားသည်။
သို့သော် မျက်နှာဖုံးဝတ် လူ ၂ ယောက်သည်ဆောင်ဂျုထံသို့ထပ်မံ၍ ရောက်ရှိလာကြသည်။ ၂ ဦးတည်းသာ ဖြစ်သော်လည်း အဆိုပါ ၂ ဦးသည် သေသွားသည့် ၆ ဦးထက်ပင်ပို၍ အစွမ်းထက်ကြသည်။
ထိုရန်သူနှစ်ဦး လှုပ်ရှားလိုက်သောအခါ အပြာရောင် အလင်းတန်းများသည်လင်းလက်သွားလေသည်။ ထိုအချက်တစ်ချက်တည်းအား ကြည့်ရုံဖြင့်ပင်ကောင်းကင်အဆင့် ပညာရှင်များ ဖြစ်ကြောင်း သိနိုင်ပေသည်။
ရန်သူနှစ်ဦးသည်အပြင်းအထန် တိုက်ခိုက်၍ ဆောင်ဂျုအား အချိန်ဆွဲထားရန် ကြိုးစားနေကြလေသည်။
ဆောင်ဂျုမှ ကျယ်လောင်သော အသံကြီးဖြင့် –
“အားလုံးကို သတ်ကြ . . .”
အသံကြီးသည်ကျယ်လောင်လွန်းလှသဖြင့်ရဲအိမ်တော်တစ်ခုလုံးပင်သိမ့်သိမ့်တုန်သွားသလိုပင်။ဆောင်ဂျု၏ ရင်ထဲနှလုံးသားထဲတွင်ကိန်းအောင်းနေသော သတ်ဖြတ်လိုသည့်စိတ်ဆန္ဒများသည်လည်း တားမရဆီးမရပင်ပွင့်အန်ထွက်လာလေသည်။
သူ၏ အစွမ်းများ လျော့ကျသွားသည့် အချိန်ကတည်းကပုန်းကွယ်သွားသော စိတ်ခံစားချက်များအားလုံးသည် ယခုအခါတွင် ပေါက်ကွဲထွက်သွားချေပြီ။
ဆောင်ဂျု၏ ကျင့်ကြံမှုအဆင့်သည် ယခင်က မော်တယ်ကမ္ဘာ၏ အစွမ်းထက်ဆုံးဟု ဆိုရမည့် အဆင့်တွင်ပါဝင်ခဲ့သော်လည်း ဒဏ်ရာကြောင့် တဖြည်းဖြည်း အဆင့်လျော့ကျခဲ့ရသည်။ ယခုကဲ့သို့ ကောင်းကင်အဆင့် လူ ၂ ယောက်၏ ဟန့်တားခြင်းကို ခံနေရသောအခါ ပို၍ပင်ဒေါသ ထွက်သွားမိသည်။
ဒေါသများနှင့်အတူ သူ၏ စိတ်ထဲတွင်လည်း –
[ဆောင်ရီတောက် ဟုတ်လား . . . ဟုတ်တယ် ငါက ဆောင်ရီတောက်ပဲ။ သွေးအလင်းရောင် စစ်သူကြီးဆိုတာ ငါပဲကွ။ ဒါပေမဲ့ မင်းတို့လို အဆင့်က ငါ့နာမည်ကို သိဖို့ မတန်ဘူး . . .]
ရန်သူများဘက်မှ အတော်ဆုံး လုပ်ကြံသတ်ဖြတ်သူများကို စေလွှတ်၍ အရာအားလုံးကို အဆုံးသတ်ခိုင်းခဲ့သည် မဟုတ်ပါလား။
လုပ်ကြံသတ်ဖြတ်သည့် အဖွဲ့တွင် ပါဝင်သော အရေအတွက်နှင့် ပညာရှင်အဆင့်များသည် ပေါ့သေးသေးတော့ မဟုတ်ချေ။
ရဲအိမ်တော်သို့ ကျူးကျော် ဝင်ရောက်လာကြသည့် လုပ်ကြံသတ်ဖြတ်ရေး သမားများထဲတွင် အယောက် ၄၀ ကျော်မှာ မြေကြီး အဆင့် ၈ ပညာရှင်များ ဖြစ်ကြပြီး ကောင်းကင်အဆင့် ပညာရှင် ၈ ယောက်လည်း ပါဝင်လေ၏။ ထိုပမာဏသည် ဘုရင်တစ်ပါးကိုပင် လုပ်ကြံမည်ဆိုလျှင် လုပ်ကြံနိုင်သည့်အနေအထားပင်။ သို့သော် ယခုအခါတွင်မူ ရဲရှောင်၏ အသက်ကို ရယူနိုင်ရန်အတွက် ထိုမျှထိ အင်အား သုံးထားခြင်းကို ကြည့်ခြင်းအားဖြင့် ၎င်းတို့အတွက် မည်မျှ အရေးကြီးသည့် ကိစ္စဖြစ်သည်ကို သိနိုင်လေသည်။
သူတို့အတွက် ဦးတည်ချက် တစ်ခုတည်းသာ ရှိလေသည်။ ရဲရှောင်၏ အသက်ကို အပြီးတိုင် နှုတ်ယူပစ်ရန်သာ ဖြစ်ပါတော့သည် . . .။