Chapter – 166
“သဘာဝတရား”
ဝမ်ဇန်းဟိုသည် မျက်လုံးပြူးသွားပြီး –
“ဧ . . . ဧကရာဇ် . . . ခင်ဗျား ဒီလိုမျိုး တကယ်ပဲ လုပ်နိုင်တယ်ပေါ့ . . .”
ရဲရှောင်သည်ယုံကြည်မှု အပြည့်အဝ ရှိသောလေသံဖြင့်-
“ပထမဆုံး အနေနဲ့ ကျုပ်တို့ရဲ့ ဥာဏ်ကို လွှာသုံးဖို့ လိုအပ်တယ်။ လင်းပါအို လေလံခန်းမရဲ့ ခန်းမခွဲတွေ အားလုံးဟာ တစိတ်တည်းတဝမ်းတည်း ရှိနေရမယ်။ ဒုတိယ အချက်အနေနဲ့ ကျုပ်တို့ကိုယ်ပိုင်လျှို့ဝှက်အဖွဲ့ကို ငွေကုန်ကြေးကျ အများကြီး အကုန်ခံပြီး တည်ထောင်ရမယ်။ တတိယ အချက်ကတော့ လှူဒါန်းမှုတွေ ပရဟိတတွေ လုပ်ရမယ်။ ငွေကို မနှမြောနဲ့။ ကျုပ်တို့ ရမယ့်ပမာဏက ခင်ဗျား စိတ်ကူးထားတာထက်ကို အများကြီး ပိုတယ်။ အရေးကြီးဆုံးကတော့ လူဆိုးတွေကို သုတ်သင်မယ့်အဖွဲ့ကို ဖွဲ့ရမယ်. . .”
“လူဆိုးတွေကိုတော့ သနားညှာတာ မနေနိုင်ဘူး။ အဲ့ဒီလိုကောင်တွေအပေါ် ကျုပ်ကတော့ပျော့ညံ့နေမှာမဟုတ်ဘူး . . .”
ရဲရှောင်သည်ြပတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်ကြီးအား ငေးကြည့်လိုက်ရင်း –
“ဒီကမ္ဘာမှာ အချိန်အနည်းငယ်လောက် နေရဦးမယ် ဆိုမှတော့ လုပ်မဲ့လုပ် ပီပြင်အောင် လုပ်ရမှာပေါ့လေ . . .”
ဝမ်ဇန်းဟိုလည်း ခေါင်းညိတ်လိုက်ရင်း –
“ကောင်းပါပြီ၊ ကျုပ်လည်း အမှားယွင်းမ ရှိ အကောင်းဆုံးကြိုးစားပါ့မယ်. . .”
ဝမ်ဇန်းဟို၏ စကားကြောင့်ရဲေ ရှာင်မှ –
“ခင်ဗျား ဘယ်လိုလုပ်လုပ်ကျုပ်စိတ်မဝင်စားဘူး။ ခင်ဗျားအနေနဲ့ လျှို့ဝှက်ပြီးတော့သာ လုပ်ဖို့ လိုတာ။ လင်းပါအို လေလံခန်းမဆိုတာ လေလံပွဲ ကျင်းပရာ နေရာတစ်ခု အဖြစ်ပဲ လူတွေကို သိစေချင်တယ်။ ခင်ဗျားလည်း အတွေ့အကြုံများတဲ့ လူတစ်ယောက်ပဲ ဘာလုပ်ရမယ် ဆိုတာ သိမယ်လို့ ကျုပ်မျှော်လင့်တယ်။ ဟုတ်တယ်မလား . . .”
ဝမ်ဇန်းဟိုလည်း –
“သိပါတယ်။ မစိုးရိမ်ပါနဲ့ဗျာ . . .”
ရဲေ ရှာင်မှ –
“နောက်ပြီး ကျုပ်တို့ရဲ့ လျို့ဝှက်လုပ်ကြံရေးအဖွဲ့မှာ လူအများကြီး လိုက်ရှာနေစရာမလိုဘူး။ ဘာလို့လဲဆိုတော့ ဆုကြေးပေးမယ်လို့သာကြေညာလိုက်ဒီကမ္ဘာပေါ်မှာ ရှိသမျှ ပညာရှင်တွေ အားလုံးဟာ ကျုပ်တို့ရဲ့လူ ဖြစ်လာနိုင်တယ်”
“ပြောရမယ်ဆိုရင် ကြော်ငြာ သင်ပုန်းလို သင်ပုန်းတစ်ခု လုပ်ရမယ် . . .”
ရဲရှောင် တခဏမျှ စဉ်းစားလိုက်သည်။ ထို့နောက် –
“ဒီသင်ပုန်းကို ကျုပ်တို့ကတော့ကံကြမ္မာသင်ပုန်းလို့ ခေါ်မယ်ဗျာ . . .”
“ကံကြမ္မာသင်ပုန်း ဟုတ်လား . . .”
ဝမ်ဇန်းဟို မျက်လုံးပြူးလျက် ရေရွတ်လိုက်သည်။ ထို့နောက် ခေါင်းညိတ်လိုက်ရင်း –
“ကျုပ်နားလည်ပါပြီဗျာ . . .”
ရဲေ ရှာင်မှ –
“ဒီသင်ပုန်းက အဓိကကတော့ မုန်တိုင်းအိမ်တော်ကို ရင်ဆိုင်ဖို့ပဲ . . .”
“တစ်ယောက်ယောက်က ကျုပ်တို့ရဲ့ သင်ပုန်းမှာ ဆုကြေးလာထုတ်ထားမယ် ဆိုပါတော့။ သူသတ်ချင်နေတာက အပြစ်မဲ့တဲ့ လူတွေကိုသာ ဖြစ်မယ်ဆိုရင် အဲဒီလို သင်ပုန်းမှာ လာကပ်တဲ့လူနဲ့ အဲဒီအလုပ်ကို လုပ်ပေးပြီး ဆုငွေယူတဲ့ လူရှိလာရင်လည်း တခြား အဖွဲ့အစည်းတွေက သူတို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး . . .”
ဝမ်းဇန်းဟို စိတ်ထဲတွင် –
[မုန်တိုင်းအိမ်တော်ကို ရင်ဆိုင်ဖို့က တော်တော် မလွယ်တဲ့ ကိစ္စပဲ မဟုတ်လား . . .]
“အားလုံးကို ပေါ်တင်မဖြစ်အောင် လျှို့ဝှက်ထားရမယ်။ ဒီရလဒ် ဘယ်လို ဖြစ်မလဲ ဆိုတာကို ကျုပ် သိချင်တယ် . . .”
ရဲရှောင် ပြောလိုက်သည်။
ဝမ်ဇန်းဟို၏ ပုံစံမှာမူ စိတ်ရှုပ်နေသလိုပါပင်။
ရဲရှောင်ပြောသည်မှာ လွယ်ကူသော်လည်း တကယ်လုပ်ဆောင်ရမည့် သူ့အတွက် ထင်သလောက် မလွယ်လှချေ။ လင်းပါအို ခန်းမအား နာမည်ဆိုးဖြင့် မကျော်ကြားစေချင်သော်လည်း ရဲရှောင်ပြောသမျှအား အကုန်လုံး လိုက်နာရမည် မဟုတ်ပါလား။
“လေလံပွဲ ပြီးတာနဲ့ ခင်ဗျားအတွက် သွယ်လျဆေးလည်း အဆင်သင့် ဖြစ်နေလောက်ပါပြီ . . .”
ရဲရှောင် ပြုံးလျက် ပြောလိုက်သည်။ သူအလိုရှိသည့် အရာများ ဖြစ်လာစေရန်အတွက် ငါးစာချ၍ မျှားလိုက်ခြင်း ဖြစ်ပေသည်။
ဝမ်ဇန်းဟိုလည်း ဝမ်းသာကျေနပ်သွားဟန်ပင်။
ထိုဆေးလုံးမှလွဲ၍ ကျန်သည့်အရာများမှာ သူ့အတွက် အရေးမကြီးချေ။
ရဲရှောင်လည်း ပြောစရာရှိသည်များ အားလုံးကို ပြောကြားခဲ့ပြီး ဖြစ်သဖြင့် ပြန်ရန် ပြင်လိုက်၏။
ဝမ်ဇန်းဟိုသည် ရဲရှောင်အား ဘာမှ မပြောလိုက်ခင်မှာပဲ ရဲရှောင်သည် မြင်ကွင်းမှ ပျောက်ကွယ် သွားပါတော့သည်။
. . .
ရဲအိမ်တော်တွင် ဖြစ်သည် . . .
ဆောင်ဂျုသည် ရဲေ ရှာင်အား မတွေ့၍ အိမ်အနှံ့ပင်လိုက်ရှာလျက်ရှိသည်။ သို့သော်မတွေ့၍ ရဲေ ရှာင်၏ အခန်း ရှိရာသာသို့ ပြန်လာသည့်အခါတွင်မှ အိပ်ယာထက်တွင်လဲလျောင်းနေသော ရဲေ ရှာင်အားတွေ့လေသည်။ဆောင်ဂျုသည်ရဲေ ရှာင်အားတွေ့လျှင်တွေ့ချင်း စိုးရိမ်ပူပန်စွာဖြင့်-
“ရှောင်ရှောင် . . . ငါတို့တွေတော့ အကြီးကြီးတွေ ပြဿနာရှာမိသွားပြီ ထင်တယ်။ ဘုရင်နဲ့ မှူးမတ်တွေ လာသွားကြတယ်။ တစ်ခုခုတော့ မှားနေပြီ ထင်တယ်. . .”
ထို့နောက် သက်ပြင်းတစ်ချက် ချလိုက်ရင်း –
“နိုင်ငံတော်ကတော့ မကြာခင် ပြိုကွဲတော့မယ် ထင်တယ် . . .”
ရဲရှောင်သည်အိမ်တော်ထိန်းကြီးအား မျက်လုံးတစ်ချက်ပင့်ကြည့်လိုက်ရင်း –
“တချို့လူတွေအတွက် အရေးပေါ် ဖြစ်နေတတ်ပေမဲ့ တချို့လူတွေ အတွက်ကတော့ ဖြစ် ရိုး ဖြစ်စဉ် တစ်ခုပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဖြေရှင်းရမယ့်ကိစ္စတွေပဲ မဟုတ်လား။ အခုနေ ကျုပ်တို့ လုပ်ရမဲ့ အလုပ်က ကျုပ်တို့ကိုယ်ကျုပ်တို့ ကာကွယ်ဖို့ပဲ။ ကျုပ်တို့ လုံခြုံပြီ ဆိုမှ ဟိုခွေးကောင်တွေရဲ့ အသက်နဲ့ ပတ်သက်ပြီး စဉ်းစားရမှာ။ အခုနေသာ ဒီကိစ္စကြီးကို ကျုပ်တို့ဘက်က ပြင်းပြင်းထန်ထန် မတုံ့ပြန်ဘူးဆိုရင် ဘုရင်ကလည်း သူ ချစ်လှပါချည်ရဲ့ဆိုတဲ့ မှူးမတ်တွေကို အရေးယူမှာ မဟုတ်တော့ဘူး။ နောက်ဆုံး စိုးရိမ်ရမဲ့ အချက်ကသာ ခင်ဗျားပြောတဲ့ အချက်ပဲ။ နိုင်ငံတော် ကျဆုံးတော့မယ် ဆိုတာကို ကျုပ်သိပါတယ်။ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး မဟုတ်လား . . .”
ရဲရှောင်၏ ပြန်လည်ချေပချက်အား နားထောင်ရင်းဆောင်ဂျုသည်သက်ပြင်း ချလိုက်သည်။ သက်ပြင်းများနှင့်အတူ စိတ်ထဲတွင်လည်းတွေးရင်း စိတ်မကောင်းဖြစ်မိသွားသည်။ ထို့နောက်ပြတင်းပေါက်မှ တစ်ဆင့်အပြင်ဘက်သို့ငေးကြည့်လိုက်ရင်း ထိခိုက်ကြေကွဲစွာဖြင့်-
“ငါ . . . အစ်ကိုကြီးနဲ့အတူ မော်တယ်ကမ္ဘာကို လိုက်လာခဲ့တယ်။ အရင်ကတော့ ငါ့ဘဝတစ်လျှောက်လုံး ဓားတွေ၊ လှံတွေ၊ မြင်းတွေနဲ့ စစ်မြေပြင်မှာပဲ အချိန်ကုန်ခဲ့တယ်. . .”
ဆောင်ဂျု၏ မွေးရပ်မြေသည် ယခုမော်တယ်ကမ္ဘာ မဟုတ်ချေ။ သို့သော်လည်း ယခုအခါတွင် သူ၏ နိုင်ငံ မဟုတ်သည့် နိုင်ငံအတွက် ကာကွယ်ပေးခဲ့သည်။ နိုင်ငံတော်အတွက် သူ၏စိတ်ထဲတွင်ကိန်းအောင်းနေသော တော်လှန်ရေးစိတ်များ တဖွားဖွားပင်ပေါ်ပေါက်လာသည်။
သို့သော်သူကာကွယ်ပေးချင်သည့်နိုင်ငံတော်ကြီး ပြိုလဲတော့မည်ကို ကြည့်ရင်း စိတ်မချမ်းမသာ ဖြစ်နေမိသည်။
ရဲရှောင်သည်ဆောင်ဂျု၏ အမူအယာများအား ကြည့်ရင်း အနည်းငယ်ပင်စိုးရိမ်ပူပန်မိသွားလေသည်။
အတွေ့အကြုံ ရင့်ကျက်သူတစ်ဦးဖြစ်သော်လည်း ယခုမော်တယ်ကမ္ဘာသို့ရောက်ရှိသည်မှာ မကြာလှသေးသည့်အတွက်တိုင်းရေးပြည်ရေးနှင့်ပက်သက်လျှင်အတွေ့အကြုံ နုနယ်သေးသည်ဟု ဆိုရပေမည်။
ထို့ကြောင့်ပင်ယခုဖြစ်ပွားနေသည့်ကိစ္စများအပေါ် အလေးအနက်မထားမိခြင်း ဖြစ်သည်။
အိမ်တော်ထိန်းကြီး၏ စကားကြောင့်ရဲေ ရှာင်၏ စိတ်ထဲတွင်-
[နိုင်ငံတော် . . . မွေးရပ်မြေ . . . ဒါတွေက ဘယ်လို အရာတွေပါလိမ့် . . .]
ထိုစကားလုံး နှစ်လုံးအား သူ၏စိတ်ထဲတွင်ကြိမ်ဖန်များစွာပင်ရေရွတ်မိလိုက်သည်။
ရဲေ ရှာင်သည်ထိခိုက်ကြေကွဲနေသည့်ဆောင်ဂျုအား ကြည့်ရင်း စစ်တိုက် ထွက်သွားသော ဟွာရန်းမင်းသား၏ တပ်ကြီးအား မျက်စိထဲတွင်ပြန်လည်မြင်ယောင်လာမိသည်။ ထိုတပ်သားများ အားလုံးသည် အိမ်သို့ ပြန်ရောက်မည်မရောက်မည်ကို သေချာ မသိကြသော်လည်း ရဲရင့် ပြတ်သားစွာဖြင့်ထွက်ခွာ သွားခဲ့ကြသည်။
ရဲရှောင်၏စိတ်ထဲတွင်-
[ကာကွယ်မှု . . . စောင့်ရှောက်မှု . . . တာဝန်ယူမှု . . .]
ထိုသို့ စဉ်းစားမိလိုက်သည်နှင့်တစ်ပြိုင်နက်သူ၏ စွမ်းအင်သိုလှောင်ရာနေရာသည်အနည်းငယ်ပင်လှုပ်ခါသွားသည်။
ထို့နောက် ခရမ်းရောင် ချီဓာတ်များသည်ထွက်ပေါ်လာကြသည်။
ရဲေ ရှာင်၏ စိတ်ထဲတွင်လည်း အကျေနပ်ကြီးကျေနပ်သွားသည်။
ခရမ်းရောင်ချီဓာတ်များ ထွက်ပေါ်လာပြီးနောက်ဟင်းလင်းပြင်ကြီးတွင်ရွှေရောင်စာလုံးများပေါ်လာလေသည်။
ရဲရှောင်၏ ခန္ဓာကိုယ်သည်လည်း တစ်ချက် တုန်ခါသွားပြီးနောက်ဆုံးတွင်မူ သူ လိုအပ်နေသည့်အရာအား နားလည်သဘောပေါက်သွားသည်။ ယခင်ဘဝတွင်မူလတာအိုအဆင့်၏ နောက်ဆုံးအဆင့်မှနောက်တစ်ဆင့်သို့ ထပ်မတက်နိုင်ခဲ့သည်ကိုပင်နားလည်သွားလေသည်။
ဟင်းလင်းပြင်ကြီးတွင်ပေါ်လာသည့်ရွှေရောင်စာလုံးများမှာ –
“သဘာဝတရား၏ တုန့်ပြန်မှု” ဟူ၍ပင်ဖြစ်သည်။
ရဲရှောင်သည် စာလုံးများအား ကြည့်ရင်း ငေးငိုင်သွားသည်။
ထိုစကားစုလေးမှ ကိစ္စများစွာအား ရှင်းလင်းပေးလိုက်သလိုပင်။
ရဲေ ရှာင်သည်သက်ပြင်းတစ်ချက်ချလိုက်ရင်း –
“ဒါဆိုရင် ဒါက သဘာဝတရားကြီးရဲ့ တကယ့် ဥပဒေသ အစစ်အမှန်တွေပေါ့ . . .”
ထိုအချိန်တွင်သူ၏ နှလုံးသားအနက်ရှိုင်းဆုံးနေရာမှ အသံတစ်သံသည်ထွက်ပေါ်လာလေသည်။
“သ . . . ဘာ . . . ဝ . . . တရားကြီး . . . ရဲ့ . . . တုန့်. . . ပြန်. . မှု . . .”
ထိုအသံသည်ကြည်လင်ပြတ်သားစွာဖြင့်ပင်ထွက်ပေါ်လာပြီး စကြာဝဠာကြီး မည်သို့မည်ပုံ ဖြစ်တည်လာကို ရှင်းလင်းပြောပြလျက်ရှိသည်။
“သဘာဝတရားကြီးမှာလည်း သူ့တာဝန်နဲ့ သူ ရှိတယ်။ တကယ်လို့ လ က ပြည့်မြဲတိုင်းပြည့်နေမယ်ဆိုရင်တော့ သဘာဝတရားကြီးက မှားယွင်းနေပြီ။ စကြာဝဠာကြီးနဲ့ သဘာဝတရားကြီးက သက်တမ်းပိုကြာလာတာနဲ့အမျှ ဆုတ်ခေတ်ဆိုတဲ့ခေတ်ပျက်ကိုရောက်လာလေလေပဲ။ ဆုတ်ခေတ်ကြီးမှာ လူတွေပျက်စီးတာ နာကျင်ခံစားရတာတွေကိုစောင့်ကြည့်နေကြတယ်။ လူတွေနဲ့ထပ်တူ သူတို့လည်း ပျက်စီးကြရတယ်”
“သဘာဝတရားကြီးကလည်း သူ့တာဝန်တွေကိုသူ ထမ်းဆောင်ရတယ်။ နေနဲ့လမှာလည်း သူတို့တာဝန် နဲ့ သူတို့ ရှိကြတယ်။ မြက်ပင်တွေ၊ သစ်ပင်၊ သစ်သားတွေ အားလုံးမှာလည်း သူတို့တာဝန် သူတို့ ယူကြရတယ်။ လူသားတွေကလည်း လူ့လောကထဲရောက်လာပြီဆိုတာနဲ့ လူသားတစ်ယောက်ရဲ့ တာဝန်တွေကိုကျေပွန်အောင်ထမ်းဆောင်ရတယ်. . .”
“တာဝန်ကျေတဲ့ လူသားတစ်ယောက်ကသာ လောကအလယ်မှာ ရပ်တည်နိုင်မယ်။ လူတစ်ယောက်က ကိုယ့်နိုင်ငံကို ဘယ်တော့မှ သစ္စာမဖောက်သင့်ဘူး။ ကျင့်ကြံမှုတွေ ဆိုတာကလည်း သဘာဝတရားကို ဖီဆန်နေတဲ့ အရာပဲ။ တာဝန်မကျေတဲ့ ယောကျာ်းတစ်ယောက်က ကျင့်ကြံမှုတွေကို ဘယ်လိုကျင့်နိုင်မှာလဲ . . .”
ရဲရှောင်သည် အဆိုပါ စကားများအား နားထောင်နေရင်းချွေးများပြန်လာလေသည်။
“လူတစ်ယောက်မှာ ခံစားချက် ၇ မျိုး ရှိတယ်။ သဘာဝတရားကြီးမှာတော့ တစ်ခုပဲရှိတယ်။စိတ်ခံစားချက် ၇ မျိုးနဲ့ ဆန္ဒ ၆ ခုဟာ လူ့သဘာဝပဲ။ သဘာဝတရားကြီးမှာ အဓိက ဥပဒေသ တစ်ခုပဲ ရှိတယ်။ အဲဒီဥပဒေသက တုန့်ပြန်မှုကြီးမားပြီး ဘယ်တော့မှလည်းအဆုံးမသတ်ဘူး . . .”
ပြောနေသည် အချိန်မရွေး ကွယ်ပျောက်သွားနိုင်သည့်အတိုင်းတိုးညင်းသွားသည်။
ရဲရှောင်မှာမူ အဆိုပါအသံသည်မည်သည့်နေရာမှ လာ၍ မည်သို့ ဖြစ်တည်လာသည်ကိုပင် မသိချေ။
“ပျော်ရွှင်မှု၊ ဒေါသဖြစ်မှု၊ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှု၊ ချစ်ခြင်းမေတ္တာ၊ အာဃာတနဲ့ အမုန်းတရား ဆိုတာ လူတစ်ယောက်ရဲ့ ခံစားချက် ၇ မျိုးပဲ။ သို့ပေသော်လည်း လူသားတိုင်းက ချစ်ခြင်းမေတ္တာကို အလေးသာကြတယ်။ အဲဒါကြောင့် လူသားတွေမှာ တကယ်တမ်းကြ စိတ်ခံစားချက် တစ်မျိုးတည်း ရှိတယ်လို့ ဆိုနိုင်တယ်။ ချစ်လို့ ပျော်ရွှင်တယ်၊ ချစ်လို့ ဒေါသထွက်တယ်၊ ချစ်လို့ ဝမ်းနည်းတယ်၊ ချစ်လို့ စိတ်အနှောင့်အယှက် ဖြစ်ကြတယ်၊ ချစ်လို့ ကြောက်တယ်၊ ချစ်လို့မုန်းကြတယ်၊ ချစ်လို့ ချစ်ကြတယ် မဟုတ်လား . . .”
“ဒီခံစားချက် ၇ မျိုးလုံးက အချစ်ပေါ်မှာပဲ မူတည်ပြီး ဖြစ်ပေါ်သွားတာ။ အချစ်ကပဲ ဆန္ဒ ၆ ခုကို ဖြစ်ပေါ်စေသေးတယ်။ လူသားတွေရဲ့ အချစ်က မြင့်မြတ်တဲ့ ချစ်ခြင်းပေါ့။ မင်းရဲ့ တိုင်းပြည်ကို ချစ်တဲ့ အချစ်ကတော့ အခြေခံကျတဲ့ အချစ်ပေါ့ . . .”
“မင်းရဲ့ခန္ဓာကိုယ်က တစ်စုံတစ်ခုကို ပိုင်ဆိုင်တယ်။ မင်းရဲ့ နှလုံးသားကလည်း တစ်စုံတစ်ခုကို ပိုင်ဆိုင်တယ်။ မင်းကိုယ်တိုင်ကလည်း တစ်စုံတစ်ခုကို ပိုင်ဆိုင်တာပဲ။ ဒါမင်းရဲ့ နိုင်ငံ။ သူရဲကောင်းတိုင်းက ကိုယ်နေထိုင်ရာ နိုင်ငံကိုတော့ ချစ်ကြတာချည်းပဲ . . .”
အသံသည် ပဲ့တင်ထပ်လျက် ရှိသည်။
ရဲရှောင်မှာမူ အိပ်ရာထက်တွင် လှဲလျောင်းနေပြီး အသံအား အာရုံစိုက်၍ နားထောင်နေလေသည်။
ဆောင်ဂျုမှာမူ ရဲရှောင် အိပ်မောကျသွားသည်ဟု ထင်မှတ်၍ အခန်းထဲမှ တိတ်တဆိတ်ပင် ထွက်ခွာသွားသည်။
ရဲရှောင်သည် စိတ်ထဲမှ အသံကို နားထောင်ရင်း သူ၏ စိတ်အစဉ်သည်လည်း စကြာဝဠာ အပြင်ဘက်သို့ လွင့်မျောနေသကဲ့သို့ ခံစားနေရသည်။ ယခင်ဘဝတုန်းက နားမလည်ခဲ့သည့်အရာများသည် ယခုအခါတွင်မူတစ်ခုပြီးတစ်ခု ရှင်းလင်းစွာ နားလည်သဘောပေါက်သွားလေသည်။
အချစ် . . .
အချစ်ကြောင့် လူများသည်ရူးသွပ်ကြရသည်။ ကိုယ်ချစ်ခင်မြတ်နိုးရသည့် အရာများ ဖျက်ဆီးခံရလျှင်ဒေါသထွက်ကြသည်။ ကိုယ်ချစ်ခင်ရသည့် တစ်စုံတစ်ခု သို့မဟုတ် တစ်စုံ တစ်ယောက်အား ဆုံး ရှုံးရလျှင်လည်း ဝမ်းနည်းကြသည်။ မည်သူ့ကိုမှ မချစ်လျှင်တောင်မိမိကိုယ်ကိုယ် ချစ်ကြသူများ ဖြစ်သည့်အတွက်လူတိုင်းလိုလို သေရမည်ကိုတော့ ကြောက်ရွံ့ကြသည်။
အရာအားလုံး အချစ်ကြောင့်ပင် ဖြစ်သည်။
[အရင်ဘဝတုန်းက ငါချစ်ခဲ့ဖူးလား . . . ငါ့တစ်ဘဝလုံး တိုက်ခိုက်ရင်းနဲ့ပဲ အချိန်ကုန်ခဲ့ရတယ်။နောက်ပြီး လူတွေကို အထက်စီးကနေပြီး လှောင်ပြောင် ရယ်မောရင်းနဲ့ပဲ ဖြတ်သန်းခဲ့တယ်။ ကြည့်တော့သာ သဘောကျစရာ ဖြစ်ပေမဲ့ တကယ့်လက်တွေ့ကြ ငါဆိုတဲ့ကောင်က တစ်ချိန်လုံး အထီးကျန်နေခဲ့ရတာပဲ။ ငါက သန့်စင်သော ယန်ကျင့်စဉ်ကို ကျင့်နေတော့ မိန်းမတွေကိုလည်း ချစ်လို့ မရဘူး။ နောက်ပြီး ငါက မိဘမဲ့ တစ်ယောက်ဖြစ်လို့ မိသားစု ချစ်ခြင်းမေတ္တာ ဆိုတာကိုလည်း မခံစားဖူးဘူး . . . ဘယ်သူ့ကိုမှလည်း မချစ်ခဲ့ဖူးဘူး . . . အဲဒီလိုတွေ မချစ်တတ်ခဲ့မှတော့ ငါက လူသားတာဝန်ကျေတဲ့ လူတစ်ယောက် ဘယ်လို ဖြစ်နိုင်တော့မလဲ . . .]
[ချစ်ရမယ့်လူတွေမ ရှိတော့ ငါက ဘယ်သူ့ကို ဘယ်လို ကာကွယ်ပေးရမှာလဲ။ အဲဒါတောင်မှ ငါဟာ ထိပ်ဆုံးနေရာကို လိုချင် တပ်မက်ခဲ့သေးတယ်။ ဟာသတစ်ခုပဲ . . . တကယ့်ကို ရယ်စရာ ဟာသတစ်ခုပဲ . . .]
ရဲရှောင်သည်သူ၏ ဘဝအကြောင်းအားတွေးလိုက်ရင်း ထိခိုက်ကြေကွဲသွားရလေသည်။
[ငါ့အရင်ဘဝတုန်းက ငါဟာ အရှုံးသမား တစ်ယောက် ဖြစ်ခဲ့ရတာပဲ။ ငါ့မှာ ဘာမှ မရှိဘူး၊ ဒါပေမဲ့ တစ်ခုတော့ ရှိနေတယ်လို့ ပြောလို့ရတယ် . . .]
ရဲေ ရှာင်သည် ယခင်ဘဝတွင်တွေ့ဆုံခဲ့သည့်အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးအား မျက်စိထဲတွင်ပြန်မြင်ယောင်မိသွားသည်။
ဝမ်းနည်းကြေကွဲမှုများဖြင့်ပြည့်နှက်နေသော သူမ၏ မျက်ဝန်းများ နှင့်အဆိုပါမျက်ဝန်းများမှကြွေဆင်းလာသည့်မျက်ရည်များအား မြင်ယောင်မိသွားသည်။
အလွန်လှပလှသည့် မိန်းကလေးသည် သူ့အား စောင့်ဆိုင်းနေခဲ့သည်။ သို့သော် သူ့ဘက်မှ ထိုမိန်းကလေးအား ရှိသည်ဟုပင် သဘောမထားမိခဲ့ချေ။ အသုံးမဝင်သည့် အရာတစ်ခု ကဲ့သို့ လျစ်လျူရှုထားမိခဲ့သည်။ ယခုအခါတွင်မူ သူ့ကိုယ်သူ ရှက်၍ မဆုံးနိုင်တော့ချေ။
“ဒီဘဝမှာသာ မင်းနဲ့ ပြန်ဆုံတွေ့ခွင့် ရခဲ့ရင် မင်းကို စိတ်မပျက်စေရပါဘူး။ ပထမဆုံးအနေနဲ့ ပြေးဖက်ပြီးမှသာ ဒုတိယအနေနဲ့ မင်းမျက်နှာကို ကြည့်ပါရစေ . . .”
ရဲရှောင် လွမ်းလွမ်းဆွေးဆွေး ရေရွတ်လိုက်မိသည်။
ရုတ်တရက် သူ့စိတ်ထဲရှိ ပုံရိပ်သည် ပြောင်းလဲသွားပြန်သည်။ သူ၏ ကလေးဘဝပုံရိပ်ကို ပြန်လည် မြင်ယောင်လာခြင်းပင် ဖြစ်၏။ ကလေးဘဝတွင်လူအများ၏ အနိုင်ကျင့်ခြင်းကို ခံနေရပြီး လူအများကြား၌ သနားစဖွယ် တောင်းရမ်းလျက် ရှိသည်ကို မြင်တွေ့လိုက်ရပြီး စိတ်ထဲတွင်လည်း ကျင်ခနဲ ခံစားလိုက်ရသည်။
[ငါ့မိဘတွေက ဘာလို့ ငါ့ကို စွန့်ပစ်ခဲ့ရတာလဲ . . . ဘာကြောင့်လဲ . . .]
ရဲရှောင် စို့နင့်စွာ ရေရွတ်လိုက်ပါတော့သည် . . .။