Chapter – 165
“ခင်ဗျားကဆင်းရဲလိုက်တာ”
ရဲနန်ရှန် မြောက်ပိုင်းမှ ထွက်သွားသည်မှာ တစ်ရက်သာ ရှိသေးသော်လည်း ဘုရင်သည် ရဲနန်ရှန်ပြန်လာနေပြီ ဖြစ်ကြောင်း စာပို့လင်းယုန်မှတဆင့် သိထားပြီးနှင့်လေပြီ။ လင်းယုန်ယူလာသော စာအားကြည့်ရင်း ဘုရင်မင်းမြတ်သည်အကြိမ်ကြိမ်သက်ပြင်းချမိလိုက်သည်။
ရဲနန်ရှန်မှ တိုင်းပြည်အရေးကို ငဲ့၍ မြောက်ပိုင်းမှာပင် ဆက်လက်တိုက်ပွဲဝင်နေ ဦးမည်ဟု မျှော်လင့်ခဲ့မိသည်။
ရဲနန်ရှန်အားမြောက်ပိုင်းမှ ပြန်မလာစေရန်မျှော်လင့်မိခဲ့သော်လည်း တကယ့်လက်တွေ့တွင်မူ သက်ပြင်းချ ရုံမှလွဲ၍ မည်သည့်အရာမှ မတတ်နိုင်ခဲ့ပေ။
ဘုရင်ကြီးသည်သက်ပြင်းတချချဖြင့်စိတ်ညစ်နေသော်လည်း မင်းသား သုံးယောက်မှာမူ ရဲေ ရှာင်တို့အကြောင်းအား တီးတိုးပြောဆိုနေကြသည်။
“ဒီနှစ်တွေထဲမှာ ရဲအိမ်တော်ရဲ့ လုံခြုံရေးအင်အားက နည်းသွားသလိုပဲနော်။ တခြား မျိုးနွယ်စုတွေရဲ့ အထင်သေးဖိနှိပ်တာတွေခံရနိုင်တယ်။ ဒါပေမယ့်သူတို့ကြည့်ရတာတော့ အဆင်ပြေနေသလိုပဲ။ အဲ့ဒါ ဘာကြောင့်လဲဆိုတာ မင်းတို့သိကြလား . . .”
မင်းသားတစ်ပါး၏ စကားကြောင့်ဘုရင်ကြီးမှ –
“အခုဆို အခြေအနေတွေက အရင်တုန်းကနဲ့ မတူတော့ဘူး။ အဲဒီ ပြောင်းလဲမှုတွေက မင်းတို့တွေ ထီးနန်းအတွက်အတိုက်အခံ လုပ်ကြကတည်းက စခဲ့တာပဲ . . .”
“ရဲရှောင်ရဲ့ ကြမ္မာဆိုးက မင်းတို့နဲ့ရော သက်ဆိုင်တယ်ဆိုတာ မင်းတို့ ငြင်းလို့ရမလား၊ ပြောကြစမ်းပါ . . .”
“မင်းတို့က ထီးနန်းကိုပဲ မျက်စောင်းထိုးနေကြတယ်။ အခုတော့ စစ်သူကြီးတစ်ယောက်ရဲ့ သားတစ်ယောက်အတွက်နဲ့ နှစ်ရာပေါင်းများစွာ တည်တံ့ခဲ့တဲ့ နိုင်ငံတော်ကြီး ပျက်သုဉ်းရတော့မယ်ကွ”
စကားအဆုံးတွင် ဘုရင်သည် သက်ပြင်းချလိုက်ရင်း စိတ်ဆိုးမာန်ဆိုးဖြင့်-
“နိုင်ငံတော်ကြီး ပြိုကွဲသွားမှတော့ ထီးနန်းဆိုတာလည်း ရှိပါ့တော့မလား . . . မင်းတို့ကသာ တစ်ယောက်နဲ့တစ်ယောက် အတိုက်အခံတွေ လုပ်လို့ကောင်းနေကြ။ နိုင်ငံတော် ပြိုကွဲတာနဲ့ ဒီထီးနန်း ဆိုတာ ရှိဦးမယ်များ ထင်နေကြတာလား . . .”
“မင်းတို့ကောင်တွေ အခုချက်ချင်း ငါ့ေ ရှ့ကထွက်သွားကြစမ်း . . .”
ဘုရင်ကြီးဒေါသထွက်နေပြီဖြစ်၍ အိမ်ရှေ့မင်းသားနှင့် ကျန်မင်းသား ၂ ယောက်သည်လည်း ချွေးစေးများ ပြန်လျက် ကြောက်ရွံ့တုန်လှုပ်စွာဖြင့်ထွက်သွားကြသည်။
“နိုင်ငံတော် ပြိုကွဲတာနဲ့ ဒီထီးနန်း ဆိုတာ ရှိဦးမယ်များ ထင်နေကြတာလား . . .” ဟူသော စကားသည် သူတို့ ၃ ယောက်စလုံးအား အလွန်ပင်ထိတ်လန့်သွားစေခဲ့သည်။
မင်းသားသုံးပါး တစ်ယောက်နှင့်တစ်ယောက် မတည့်ဘဲ အတိုက်အခံ ဖြစ်နေကြသည့်အကြောင်း ကို ဘုရင်ကြီးသည်ကောင်းစွာ သိထားလေသည်။ သို့သော်မင်းသားများအား ထိုကိစ္စအတွက်တစ်ခါမှ အရေးယူအပြစ်မပေးခဲ့ချေ။ ယခုအခါတွင်မူ သူ၏ သားတော်သုံးပါးအား ယတိပြတ်သတိပေးလိုက်ခြင်းပင်ဖြစ်သည်။
သားတော်သုံးပါးအကြောင်းတွေးရင်း ဘုရင်ကြီး၏ စိတ်ထဲတွင်-
[မင်းတို့သုံးယောက်ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေ ရှိလဲဆိုတာကအစ ငါသိတယ်။ မင်း တို့အတွက်ဒါ နောက်ဆုံး သတိပေးလိုက်ခြင်းပဲ။ ဒါကိုမှ ဂ ရုမစိုက်ကြရင်လည်း နိုင်ငံတော် ပြိုကွဲတဲ့ အခါ မင်းတို့ အားလုံးလည်း . . .]
မင်းသားသုံးယောက်သည် နန်းတော်၏ တံခါးဝတွင် မတ်တတ်ရပ်နေကြပြီး နန်းတော်သို့ ရောက်လာသည့် အစီအရင်ခံစာများကို တစ်ခုပြီးတစ်ခု ဖတ်ကြည့်နေကြသည်။
အစီရင်ခံစာများ ဖတ်ပြီးနောက်အကောင်းဆုံး အကြံဥာဏ်ပေးနိုင်ရန်အတွက်ကြိုးစား၍ စဉ်းစားနေကြသည်။ ယခုလိုအချိန်မျိုးတွင်ဘုရင်ကြီးအား အကြံဥာဏ်ကောင်းများပေးနိုင်လေလေ သူတို့အတွက်မျက်နှာရလေလေပင်မဟုတ်ပါလော။
အစီရင်ခံစာများအား ပို့ဆောင်ရသော စာပို့သမားသည်လည်း မင်းသားများအား မည်သည့် အကြံမျှ မပေးနိုင်အောင်ပင်ဖြစ်လျက်ရှိသည်။ကြောက်ရွံ့စိတ်နှင့်အတူ စာပို့သမား၏ မျက်နှာသည်ပြိုတော့မည့်မိုးကဲ့သို့ ပျက်ယွင်းလျက်ရှိပြီးချွေးစေးများပင်ပြန်နေလေသည်။
နိုင်ငံတော်၏ လေးဘက်လေးတန်လုံးတွင် တိုက်ပွဲများသည်တစ်ပြိုင်တည်းပင်ဖြစ်ပေါ်လျက်ရှိသည်။
အလွန်ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်နေရပြီး စစ်ပွဲအား တာရှည်အောင် အချိန်ဆွဲထားမည် ဆိုသော အကြံမှလွဲ၍ မည်သည့်အကြံဥာဏ်မျှ မပေးနိုင်ကြချေ။
ချန်နိုင်ငံတော်သည် မော်တယ်ကမ္ဘာကြီးတွင် ထိပ်တန်းနိုင်ငံတော် တစ်ခုဟု ဆိုနိုင်သော်လည်း ၁၀ ရက်အတွင်းမှာပင် အခြေအနေများသည် ရုတ်ခြည်း ပြောင်းလဲသွားခဲ့သည်။
နိုင်ငံတော်ကြီး ပြိုလဲရမည့် ကြမ္မာဆိုးဖြင့် ရင်ဆိုင်နေရပြီဖြစ်သည်။
လွန်ခဲ့သည့် လေးငါးရက်ခန့်ကမှ ဘုရင်ကြီးသည်သမိုင်းတွင် ပျက်သုဉ်းခဲ့ရသည့် မင်းဆက်နိုင်ငံတော်များတွင် ချန်နိုင်ငံတော်သည်ဘယ်သောအခါမှ ပါဝင်မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။ သို့သော် ယခုအခါတွင်မူ ထိုစကားသည်အားလုံးအတွက် ရယ်စရာဟာသ တစ်ခုလိုပင်။
လက်ရှိ အခြေအနေများ ဖြစ်လာအောင် ဖန်တီးသည့် လက်သည်ကို ပြောပြပါဆိုလျှင်လူရှုပ် လူပွေ လူရမ်းကားလေးများကိုသာ ဝိုင်း၍ လက်ညှိုးထိုးကြပေလိမ့်မည်။
လူသားများဆိုသည်မှာ နတ်ဘုရားများ၏ ကစားစရာ သက်သက်ပင်။
ဘုရင်ကြီးသည် သူ၏ အခန်းထဲတွင် အစီရင်ခံစာ အချို့အား ဖတ်လိုက်ပြီးနောက်မျက်မှောင်ကြုပ်လိုက်ကာ –
“ကောင်းကင်အဆင့် ကိုယ်ရံတော်တပ်စုကို စစ်သူကြီးရဲရဲ့ အိမ်တော်ဆီ လွှတ်လိုက်ကြစမ်း။ ရဲနန်ရှန် ပြန်မလာခင်ထိ ရဲရှောင် အန္တရာယ်ကင်းကင်းနဲ့ ရှိနေပါစေ . . .”
“ကောင်းပါပြီ မင်းကြီး . . .”
ဘုရင်ကြီး၏ အမိန့်စကားအား အခန်းအပြင်ဘက်မှ ကိုယ်ရံတော်သည်ချက်ချင်းပင်နာခံလိုက်သည်။
ဘုရင်ကြီးသည် တိုက်ပွဲ အစီရင်ခံစာများအား ကြည့်ရင်း မချိတင်ကဲ ပြုံးလျက် –
“မင်းက ငါ့ကို ဆန့်ကျင်ပြီး လာတာတောင်မှ ငါကတော့ မင်းရဲ့သားကို နောက်ဆုံးအကြိမ် မြင်တွေ့ခွင့် ပေးမှာပါ . . .”
ထို့နောက် သက်ပြင်းတစ်ချက်ချလိုက်ရင်း –
“မင်းဘက်က ငါ့ကို သွေးသောက်ညီအစ်ကိုအဖြစ် မမြင်တော့ဘူး ဆိုရင်တောင်မှ ငါကတော့ မင်းကို အပြစ်မဆိုပါဘူး . . .”
“မင်းထွက်သွားမယ်ဆိုရင်လည်း ငါမတားနိုင်ဘူး။ မင်းရဲ့သားသာ သေသွားခဲ့မယ်ဆိုရင် မင်းက ဆက်နေပါ့ဦးမလား . . .”
ဘုရင်ကြီး၏ မျက်နှာတွင်ဝမ်းနည်းပူဆွေးမှုများဖြင့်ဖုံးလွှမ်းသွားလေသည်။
ယခုဖြစ်ပျက်နေသည့်ကိစ္စများအားလုံးသည်အသုံးမကျသည့် ဆန်ကုန်မြေလေး လူငယ်တစ်ယောက်ကြောင့်ပင်ဖြစ်သည်။
သခင်လေးရဲ ခေါ် ရဲရှောင်မှာမူ သူလုပ်ခဲ့သည့် အပြုအမူ မည်မျှထိ အကျိုးသက်ရောက်သွားသည်ဆိုသည်ကို မသိသေးချေ။
အဘယ်ကြောင့်ဆိုသော် အိမ်တော်ထိန်းကြီး၏ အကူအညီဖြင့်အခန်းထဲတွင်ပင် ရှိမနေပဲ အပြင်သို့ရောက်နေသောကြောင့်ပင်ဖြစ်သည်။
ရဲေ ရှာင်သည် လင်းပါအို လေလံခန်းမကြီး တစ်ခုလုံး၏ ဧကရာဇ်အဖြစ် ပျော်ပျော်ကြီး ခံယူလျက်ရှိသည်။
မြို့ထဲတွင် “ရဲရှောင်က သေတော့မယ်၊ ရဲနန်ရှန်လည်း ပြန်လာနေပြီ . . .” ဆိုသည့်သတင်းသည်ဟိုးလေးတကျော်ကျော်ပင် ဖြစ်လျက်ရှိသည်။ ထို့ပြင်အင်အားစုအချို့မှ ချန်နိုင်ငံတော်အား စတင်ကျူးကျော် တိုက်ခိုက်နေပြီဆိုသည့် သတင်းများလည်း ထွက်ပေါ်နေလေသည်။ နောက်ဆုံး သတင်းတစ်ခုမှာမူ လင်းပါအို လေလံခန်းမတစ်ခုလုံး၏ ခေါင်းဆောင်မှာ ဧကရာဇ်ဟု ခေါ်သော လူတစ်ဦးပင် ဖြစ်သည်ဆိုသည့်သတင်းပင်။
ယခုမှ ပေါ်လာသည့် ဖန်ဇီလင်ဟုခေါ်သော ဧကရာဇ်အား လူတိုင်းက စိတ်ဝင်တစား ရှိနေကြသည်။
မော်တယ်ကမ္ဘာကြီး တစ်ခုလုံးတွင် အကြီးကျယ် အခမ်းနားဆုံး၊ အင်အားအရှိဆုံး လင်းပါအို လေလံခန်းမကြီးတွင် ရုတ်တရက် ခေါင်းဆောင်တစ်ဦး ပေါ်လာမည်ဟု မည်သူမျှ မထင်မှတ် ထားခဲ့မိချေ။
လင်းပါအို လေလံခန်းမသည်လည်း ပိုင်ရှင်ဖြစ်သူ ဝမ်ဇန်းဟိုထက် ပို၍ သြဇာရှိသော ဧကရာဇ်တစ်ယောက် ရှိကြောင်း အတိအလင်း ကြေညာထားသည်။
ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့် လင်းပါအို လေလံခန်းမတွင်ခေါင်းဆောင်အသစ်ပြောင်းလဲသွားပြီ ဖြစ်ကြောင်း သိနိုင်လေသည်။
လင်းပါအိုလေလံခန်းမတွင်ဖြစ်သည်. . .
ရဲေ ရှာင်သည်အားရဝမ်းသာဖြင့်-
“ဟုတ်ပြီ . . . ဒါတွေကတော့ နောက်လေလံပွဲအတွက် အစီအစဉ်တွေပေါ့ . . .”
ဝမ်ဇန်းဟိုလည်းထောက်ခံသည့်သဘောဖြင့်-
“ကောင်းလိုက်တာ . . . ကောင်းချက်ပဲဗျာ . . .”
“ဒီပစ္စည်းတွေနဲ့သာ ဆိုလို့ကတော့ အချမ်းသာဆုံးဆိုတဲ့ လူတွေ အိတ်ကပ်ထဲက ငွေစတွေ အကုန်လုံးကို သိမ်းပိုက်နိုင်မှာ သေချာတယ် ဟား ဟား . . .”
“ဒါတွေဆို အားလုံးပေါင်း ဘယ်လောက်လောက် ရနိုင်မလဲ . . .”
ရဲရှောင် မေးလိုက်သည်။
“ဒါကတော့ အင်း . . .”
ဝမ်ဇန်းဟိုသည် သူ့ရှေ့ရှိ ပစ္စည်းများအား တစ်ခုပြီးတစ်ခု ကြည့်ရင်း အသက်ရှူ ဖို့ပင်မေ့လျော့နေမိလေသည်။ ထို့နောက်အံ့ဩဝမ်းသာစွာဖြင့်-
“ဒီပစ္စည်းတွေက တကယ်အရည်အသွေး ကောင်းတာတွေချည်းပဲ။ ငွေစအနေနဲ့ဆို တော်တော် များများ ရလိမ့်မယ်. . .”
ရဲရှောင်မှ –
“ကျုပ်ကို အကြမ်းဖျဉ်းလောက် တွက်ကြည့်ပေးလို့ မရဘူးလား . . .”
ဝမ်ဇန်းဟိုလည်း တခဏမျှ စဉ်းစားလိုက်ရင်း –
“ဒီပစ္စည်းတွေ အားလုံးဆို အနည်းဆုံးတော့ လေးငါးဘီလီယံလောက် ရနိုင်မယ် ထင်တာပဲ . . .”
ရဲရှောင် ခေါင်းညိတ်လိုက်ရင်း –
“ကောင်းပြီ . . .”
ဝမ်ဇန်းဟိုသည် ရဲရှောင်အား လေးစားဟန်ဖြင့် ငေးကြည့်နေရင်း ရှက်အမ်းအမ်း ဖြစ်သွားကာ –
“ဆရာဖန် . . . ခင်ဗျားက စိတ်သဘောထား ကြီးပြီး တကယ်တော်တဲ့ လူတစ်ယောက်ပဲ။ ခင်ဗျား တစ်ကြိမ်ထဲနဲ့ ရမယ့်ပမာဏက ကျုပ် ၁၀ နှစ်လောက် ကြိုးစားရမယ့်ပမာဏလောက် ဖြစ်နေပြီ . . .”
ရဲရှောင်မှ အံ့သြသွားဟန်ဖြင့် –
“ဘာပြောတယ်. . . မဖြစ်နိုင်တာဗျာ။ ခင်ဗျားအလုပ်က ဒီလောက်ဝင်ငွေကောင်းတာကို။ ခင်ဗျားက ဝင်ငွေနည်းတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ . . .”
လင်းပါအို ခန်းမကြီးသည် ထင်ရှားလှသည့် ငွေတိုက်ကြီး တစ်ခုလည်း ဖြစ်သည်။ ယခုအကြိမ် သူရောင်းစေခဲ့သည့် ပမာဏသည် ပုံမှန်အနေအထားလောက်သာ ဖြစ်သဖြင့် လင်းပါအိုခန်းမကြီး တစ်ခုလုံး၏ သူဌေးအား စိတ်လှုပ်ရှားစေခဲ့မည်ဟု ရဲေ ရှာင်ထင်မှတ်မထားချေ။ ဝမ်ဇန်းဟိုသည် ဂုဂျင်လုံအတွက် နှစ်ထောင်နဲ့ချီ တာဝန်ထမ်းဆောင်ပေးခဲ့သော သစ္စာရှိ လူယုံတစ်ယောက်ဆိုလည်း မမှားပေ။
ဝမ်ဇန်းဟိုသည်ရဲေ ရှာင်၏ စကားကြောင့်အံ့ဩသွားရင်း စိတ်ထဲတွင်လည်း –
[ ဘီလီယံနဲ့ ချီတဲ့ငွေတွေနဲ့ နှိုင်းယှဉ်ပြီး ငါ့ရဲ့ဝင်ငွေက နည်းတယ်လို့များ သူပြောတာလား . . .]
ဝမ်ဇန်းဟိုသည်ငိုချင်ရက်လက်တို့ ဖြစ်သွားသည့်အမူအယာဖြင့်ရဲေ ရှာင်အား ကြည့်လိုက်ရင်း –
“ဧကရာဇ်ဖန်က ကျုပ်ဆီကဘယ်လိုအဖြေမျိုး လိုချင်လို့လဲ . . .”
ရဲရှောင်သည်တည်ငြိမ်လေးနက်သော လေသံဖြင့် –
“ခင်ဗျားပြောတဲ့ ပမာဏက ဘယ်လောက်မှ မရှိဘူးလို့ ကျုပ်ခံစားလိုက်ရလို့ပါ . . .”
ရဲေ ရှာင်၏ စကားကြောင့်ဝမ်ဇန်းဟိုသည် မျက်လုံးပြူးသွားပြီး –
“ဆရာဖန် . . . ကျုပ်ကိုလည်း သနားပါဦးဗျာ ဒီပမာဏက မများဘူးတဲ့လား . . .”
ရဲရှောင်လည်း သက်ပြင်းသာ ချလိုက်ရင်း –
“ခင်ဗျား နားမလည်သေးတာတွေ ရှိပါသေးတယ် . . .”
ရဲေ ရှာင်သည်ဝမ်ဇန်းဟိုအား နှစ်သိမ့်သည်သဘောဖြင့်ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ –
[ဂုဂျင်လုံကတော်တော်ကို စိတ်သဘောထားသေးသိမ်တဲ့လူပဲ။ ဝမ်ဇန်းဟိုကို သူဘာမှ ပြောမပြထားဘူးထင်တယ်။ ဒါတောင်ဝမ်ဇန်းဟိုက သူ့ဆီမှာ နှစ်တွေအကြာကြီး အလုပ်လုပ်ပေးခဲ့တဲ့လူ။ ဝမ်ဇန်းဟိုတစ်ယောက်တော့ ချင်းယန်နယ်ပယ်က ပစ္စည်းတွေက ဒီကမ္ဘာမှာ ဘီလီယံပေါင်းများစွာ တန်တယ် ဆိုတာ မသိ ရှာဘူး . . .]
“ဝမ် . . . ခင်ဗျား အများကြီးတွေးပူနေစရာမလိုဘူး။ ခင်ဗျား ဒီထက်ပိုပြီးအတွေ့အကြုံ ရှိသွားရင် အားလုံး နားလည်သွားလိမ့်မယ်။လေလံပွဲတွေလုပ်ပြီး ပိုက်ဆံ ရှာတာ ကျုပ်တို့ရဲ့ အချိန်ကိုဖြုန်းနေတာနဲ့ အတူတူပဲလို့ ခင်ဗျားရော မထင်မိဘူးလား . . .”
ရဲရှောင်သည် ဝမ်ဇန်းဟိုအား မျက်မှောင်ကြုပ်ကာ ကြည့်လိုက်ရင်း –
“ကျုပ်တို့ အစီအစဉ်တွေ တစ်ခုပြီးတစ်ခု ဆွဲပြီးလေလံပွဲတွေလုပ်တယ်။ ပြန်ရတော့ မဆို့မပို့လေးပဲ ပြန်ရတယ်။ ခင်ဗျားက လင်းပါအိုရဲ့ သူဌေးလေ . . . ဒီ လေးငါးဘီလီယံလောက် ဆိုတဲ့ ပမာဏလောက်နဲ့ ခင်ဗျား အခုလို မဖြစ်သွားသင့်ဘူး . . .”
ဝမ်ဇန်းဟိုသည်ရဲေ ရှာင်၏ စကားကြောင့်အံ့ဩမှင်သက်သွားလေသည်။ စိတ်ထဲတွင်မူ –
[ကျုပ်ရဲ့ စီးပွားရေး လုပ်ငန်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ ပြောလို့ရတယ်။ ဒီလေးငါး ဘီလီယံ ဆိုတဲ့ ပမာဏဟာ လူအတော်များများ မြင်တောင် မမြင်ဖူးတဲ့ ပမာဏလေ။ အဲဒါတောင် ခင်ဗျားအတွက် ဘာမှ မဟုတ်ဘူးတဲ့လား . . .]
ဝမ်ဇန်းဟိုလည်း လေသံ ခပ်ယဲ့ယဲ့ဖြင့် –
“ဆရာဖန် . . . ခင်ဗျား ဘာကြောင့် ဒီလို ပြောရတာလဲ။ ကျုပ်တို့ . . . ကျုပ်ပြောချင်တာက လင်းပါအို ခန်းမကြီးမှာ ဖောက်သည်တွေ အများကြီး ရှိတယ်။ အားလုံးကလည်း မော်တယ်ကမ္ဘာရဲ့ ထိပ်တန်း အင်အားစုတွေချည်းပဲ။ ဒီလိုမျိုး အောင်မြင်မှုတွေ ရလာဖို့အတွက် ကျုပ်လည်း နှစ်ထောင်နဲ့ ချီပြီး ပေးဆပ်ခဲ့ရတယ်။ ကျုပ်ဆိုတာကလည်း ပိုက်ဆံရှာဖို့ကလွဲပြီး တခြားဝါသနာ မရှိသလို လုပ်စရာလည်း မရှိဘူး ဆိုတာ ခင်ဗျားလည်း အသိပဲ . . .”
ထို့နောက် သက်ပြင်းချလိုက်ရင်း –
“ကျုပ်တို့ ကောင်းကောင်းမွန်မွန် ရှိနေဖို့အတွက် အစိုးရပိုင်းကိုလည်း စိတ်ကျေနပ်အောင် နေပေး ရသေးတယ်။ ဒါပေမဲ့ ကျုပ်တို့အနေနဲ့ အလှမ်းကျယ်လွန်းရင် အလယ်လတ်သွားမှာလည်း စိုးရတယ်ဗျ။ အဲဒီလို ပျက်ဆီးသွားမှာမျိုး မဖြစ်ချင်ဘူး . . .”
“အခုကစပြီး ကျုပ်ပြောသလိုသာ လိုက်လုပ်စမ်းပါ။ ကျုပ်တို့ ဘာပဲလုပ်လုပ် ကျုပ်တို့အတွက် ရလဒ်ဆိုး ရတယ်ဆိုတာ မရှိစေရဘူး။ အဲဒီလို ဆိုရင်ရော . . .”
ရဲရှောင်သည်တည်ငြိမ်စွာဖြင့်ပင်ပြောလိုက်ပါတော့သည်. . .