Chapter – 164
“လနန်းတော်ဆီသို့လာနေသောသစ်ရွက်လေးတစ်ရွက်”
စစ်သူကြီးတစ်ဦးသည် ဒုတိယ စစ်သူကြီးအားကြည့်ရင်း ခနဲ့တဲ့တဲ့လေသံဖြင့်-
“ဒုတိယစစ်သူကြီးချူ . . . မင်းက မင်းပြောတဲ့ တော်ဝင်စစ်သူကြီးတွေလို နိုင်ငံတော်အတွက် သစ္စာရှိရှိ အမှုတော်ထမ်းရွက်ချင်တယ် ဆိုရင် အခုကစပြီး မင်းရဲ့လစာကို ငါ့ကို ပေးပါလား။ မင်းကတော့ တော်ဝင်အမှုထမ်းဆိုတဲ့ ဘွဲ့ကို ပိုပြီး မက်မောတယ် မဟုတ်လား။ တပ်မှာက အစားအစာ၊ အဝတ်အစား အကုန်အပြည့်အစုံ ရှိတာပဲ၊ ငွေမှမလိုတာ။ အဲဒီတော့ မင်းလည်း မင်းသာယာယစ်မူးတဲ့ ဂုဏ်တွေကြားထဲမှာပဲပျော်ပျော်ကြီးနေလို့ရအောင်မင်းရဲ့လစာကို ယူမနေနဲ့တော့။ မင်းရဲ့ ဇာတ်ကြောင်းကလည်း နှောင်းလူတွေအတွက် ပြောစမှတ် တွင် နေမှာပေါ့ . . .”
စစ်သူကြီးချု၏ မျက်နှာသည် နီရဲသွားပြီးဒေါသတကြီးဖြင့် –
“ ခင်ဗျား ဘာစကားပြောတာလဲ။ အရေးမပါတာဗျာ . . . ကျုပ်ပြောတာ မပြီးသေးဘူးလေ။ ခင်ဗျားက ဘာလို့ ကျုပ်ကို အတိုက်အခံ လာပြောနေတာလဲ။ ကျုပ်က ကျုပ်တို့ ခေါင်းဆောင်ကိုစောင်းပြောနေတာမှ မဟုတ်တာ။ သူရဲကောင်းတွေ ဆိုတာကလည်း လူသားတွေပဲလေ ဟုတ်တယ်မလား . . .”
စစ်သူကြီးချု၏ စကားကြောင့်အားလုံးနှုတ်ဆိတ် သွားကြသည်။
မုတ်ဆိတ်မွှေးများဖြင့် စစ်သူကြီးမှ တိုးညှင်းသောလေသံဖြင့်-
“တိုင်းပြည်အတွက်၊ အိမ်အတွက် ဘယ်ဟာအရေးကြီးကြီး ငါတို့အိမ်ရှိတဲ့ တိုင်းပြည်ကို ကာကွယ်ရမယ်တဲ့ . . . ဒါဆို အိမ်နဲ့တိုင်းပြည်က အတူတူပဲဆိုတဲ့ အဓိပ္ပါယ်လား . . .”
ထို့နောက် အဝေးသို့ ရီဝေစွာဖြင့် ငေးကြည့်လိုက်ရင်း –
“အိမ်နဲ့ တိုင်းပြည်က ဘယ်တော့မှ ထပ်တူကျတဲ့ အရာတော့ မဟုတ်ဘူး။ အိမ်မရှိတဲ့ တိုင်းပြည်အတွက် ကျုပ်တို့ရဲ့ အသက်တွေပေးပြီး ဘယ်တော့မှ တိုက်ခိုက်မှာ မဟုတ်ဘူး။ အဲဒီလိုပဲ အိမ်ပဲရှိပြီး တိုင်းပြည်ဆိုတာ မရှိရင်တော့ ကျုပ်တို့ နေရထိုင်ရတာ လုံခြုံမှု ရှိမှာ မဟုတ်တော့ဘူး။ ဒါ ဘယ်တော့မှ ဖြေရှင်းလို့ မရနိုင်တဲ့ မေးခွန်းတစ်ခုပဲ။ အခုပဲ ခင်ဗျားတို့ စကားများနေကြတဲ့ ကိစ္စကို ကြည့်လေ။ အဓိက အချက်က ဘာကို ပြောချင်နေကြတာလဲ . . .”
အားလုံးသည် ခေါင်းငိုက်စိုက်၍ ငြိမ်ကျသွားသည်။
“ကျုပ်တို့က ခေါင်းဆောင်ကို စိုးရိမ်နေရုံပဲ တတ်နိုင်တာပါ။ သူ ပြန်လာမလား မလာဘူးလား ဆိုတာ ကျုပ်လည်း သိချင်တာပဲ . . .”
“ဒီကြမ္မာဆိုးကြီးက ကျုပ်တို့ကိုပါ လာထိခိုက်နေပြီ . . .”
“ဟုတ်တယ် . . . သူပြန်လာပါ့မလားပဲ . . .”
“သူပြန်လာလာ မလာလာ ကျုပ်တို့ကတော့ မြောက်ပိုင်းကို ကာကွယ်ကြရမှာပဲ . . .”
“ကျုပ်တို့ ခေါင်းဆောင်ကို မျက်နှာပျက်လို့ မဖြစ်ဘူး . . .”
ရဲနန်ရှန် တိုက်ပွဲမြေပြင်သို့ ပြန်လာခြင်း၊ မလာခြင်းသည် ရဲနန်ရှန် ကိုယ်တိုင်ပင် သေချာ အဖြေပေးနိုင်မည် မဟုတ်ချေ။
လက်ရှိအချိန်တွင်မူ စစ်သူကြီးရဲသည်ပြန်မလာနိုင်သေးသည့်အခြေအနေပင်။
သားဖြစ်သူ ရဲေ ရှာင်အား နောက်ဆုံးအကြိမ် တွေ့ရရေးသည်သာ သူ့အတွက် အရေးကြီးဆုံး ဖြစ်သည်။
ရဲနန်ရှန်သည် မြို့တော် ရှိရာသို့ လျှပ်စီးကဲ့သို့ လျင်မြန်သော အ ရှိန်ဖြင့်အပြေးသွားနေလေသည်။
သူ၏ ရင်ထဲတွင်မူ ဒေါသမီးများဖြင့် ဟုန်းဟုန်းတောက်လောင်လျက်ရှိ၏။
စိတ်ကို တည်ငြိမ်အောင် ကြိုးစားနေသော်လည်း ဝမ်းနည်းမှုကိုမူ ထိန်းမထားနိုင်ချေ။ ရင်ဘတ်တစ်ခုလုံးဗလောင်ဆူလျက်ရှိပြီး နှုတ်မှလည်း တတွတ်တွတ်ဖြင့်-
“ရွှယ်အာ . . . ငါတို့ရဲ့ သားလေးကို မကယ်နိုင်တော့မှာ ငါသိပ်ကြောက်နေတယ်. . .”
“ရွှယ်အာ . . . ငါတောင်းပန်ပါတယ် . . .”
“ရွှယ်အာ . . . ငါက အရှုံးသမား တစ်ယောက်ပါကွာ . . .”
“မင်းရဲ့ နာကျင်ခံစားမှုတွေကိုလည်း မကူညီပေးနိုင်ခဲ့ဘူး၊ မင်းကိုလည်း မကယ်တင်နိုင်ခဲ့ဘူး။ အခု ငါတို့သားလေးကိုတောင် မကယ်နိုင်လောက်တော့ဘူး။ ငါက တကယ်ကို အသုံးမကျတဲ့ကောင်ပါ ရွှယ်အာ ရယ် . . .”
မြောက်ပိုင်းစစ်မြေပြင်နှင့် မြို့တော်သည် မိုင်ပေါင်း ထောင်နှင့်ချီ၍ ဝေးကွာလေသည်။
ရဲနန်ရှန်သည် ကောင်းကင်ထက်မှ ကြွေကျလာသည့် ကြယ်တစ်ပွင့်ကဲ့သို့ လျင်မြန်စွာဖြင့်ပင်သွားလျက်ရှိသည်။
သစ်ရွက်တစ်ရွက်သည် တောင်ဘက် ကောင်းကင်ကိုဖြတ်၍ နှင်းတောထဲရှိ လနန်းတော်သို့ လာရောက်နေသည်ဟု တင်စားပြောဆိုရမလိုပင်။
(မှတ်ချက် – ရဲနန်ရှန်ဆိုသည့်နာမည်၏ အဓိပ္ပါယ်မှာ တောင်ဘက်ကောင်းကင်ရှိ သစ်ရွက်တစ်ရွက်ဟု အဓိပ္ပါယ်ရပြီး ရဲနန်ရှန် မိန်းမ၏ အမည် ယုဂွန်ရွှယ်၏ အဓိပ္ပါယ်မှာမူ နှင်းတောထဲရှိ လနန်းတော်ဟု အဓိပ္ပါယ် ရသည်)
[ငါက ရဲနန်ရှန် . . . ငါ့မိန်းမက ယုဂွန်ရွှယ် . . . ငါ့သားက ရဲရှောင် . . .]
[ငါပြန်လာနေပြီ၊ ရှောင်ရှောင် တောင့်ထားပါဦး။ မင်းငါ့ကို စောင့်နေမှ ဖြစ်မယ်။ အဖေတစ်ယောက်နဲ့သာ အတူတူ ရှိနေမယ်ဆိုရင် သေခြင်းတရားကတောင် ငါတို့ကို လက်မှိုင်ချသွားစေရမယ် . . .]
ရဲနန်ရှန် မြောက်ပိုင်းမှ ထွက်လာခဲ့ပြီးသည့် အချိန်မှာပင် ချန်နိုင်ငံတော်၏ ရန်သူ အင်အားစု အသီးသီးမှ ချက်ချင်းပင်အမိန့်တစ်ခု ထုတ်လိုက်ကြသည်။
အဆိုပါ အမိန့်သည် မော်တယ်ကမ္ဘာတစ်ခုလုံးရှိ လူသတ်သမားများ ဆီသို့ ချက်ချင်းပင် ရောက်ရှိ ပြန့်နှံ့ သွားသည်။
“ရွှေစ သန်း ၅၀ လိုချင်ရင် ရဲနန်ရှန်ကို လမ်းမှာတင် သတ်ကြ . . .”
ရန်သူများအတွက်မူ မြောက်ပိုင်းသည် အလွယ်တကူ ဝင်ရောက်စီးနင်း၍ မရသည့်နေရာပင်ဖြစ်သည်
ရဲနန်ရှန်သည် ရန်သူများအတွက် အကြီးမားဆုံးသော ရန်သူဖြစ်ပြီး ရဲနန်ရှန် မရှိမှသာ အလွယ်တကူ တိုက်ခိုက် သိမ်းပိုက်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် ရန်သူများသည် လူသတ်သမား များစွာကို မြောက်ပိုင်းတပ်တွင် သူလျိုအဖြစ် ထားရှိပြီး အခွင့်အရေး ရသည်နှင့် ရဲနန်ရှန်အား လုပ်ကြံခိုင်းစေခဲ့သည်။
သို့သော် ရဲနန်ရှန်သည် သူ၏ ရွက်ဖျင်တဲထဲမှာပင်အမြဲလိုလို ရှိနေတတ်ပြီး အပြင်ဘက်တွင်လည်း အတော်ဆုံး နှင့်သစ္စာအရှိဆုံး ရဲမက်များသာ စောင့်ကြပ်ခိုင်းထားသည့်အတွက် မည်သည့် ရန်သူမျှ ဝင်ရောက် နိုင်ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် ရဲနန်ရှန်အား လုပ်ကြံသတ်ဖြတ်လိုသည့်လူသတ်သမားများသည်အားမတန်မာန်လျှော့၍နေကြရသည်။
ရဲနန်ရှန်အား အမြန်ဆုံးသတ်နိုင်မှ သူတို့၏ ရည်ရွယ်ချက်သည်လည်း အမြန်ပြည့်ဝမည်ဖြစ်သည်။
မြောက်ပိုင်းတပ်ကြီး တစ်ခုလုံး၏ အသက်ဝိညာဉ်သဖွယ် ဖြစ်သော ခေါင်းဆောင်သာ ကျဆုံး သွားမည် ဆိုပါက မြောက်ပိုင်းတပ်ကြီးလည်း ဖ ရိုဖရဲ ဖြစ်သွားပေလိမ့်မည်။
မြောက်ပိုင်းလူ ရိုင်းနယ်မြေတွင် မျိုးနွယ်စုပေါင်း တစ်ဒါဇင်ကျော်ခန့် ရှိပြီး စုစုပေါင်းအားဖြင့် မျိုးနွယ်စု ၂၃ စု ရှိသည်။ထိုမျိုးနွယ်စုများ၏ ခေါင်းဆောင်သည် ဝံပုလွေဘုရင် ဟုလွန် မဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်သည့် နေရာတွင် နှစ်ယောက်မရှိသော မြွေဘုရင် တိုင်မုကျား ဆိုသူသာ ဖြစ်၏။ သူသည် အလွန် အစွမ်းထက်ကာ မျိုးနွယ်စုပေါင်း ၇ စုတို့၏ သစ္စာခံခြင်းကို ခံရသူလည်း ဖြစ်သည်။တိုင်မုကျား၏ အစွမ်းကုန်ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြောက်ပိုင်းနယ်မြေတွင် အဆိုးသွမ်းဆုံး စာရင်း ဝင်ကာ သူလိုချင်သည့်အရာများအား မည်သည့်နည်းလမ်းဖြင့်မဆို မရရအောင် လုပ်တတ်သူလည်း ဖြစ်သည်။
တိုင်မုကျားသည်ချန်နိုင်ငံတော်၏ အကြီးမားဆုံး ရန်သူ ဖြစ်ရုံသာမက အခြားသော ရန်သူ ၂ နိုင်ငံထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းပါသေးသည်။
သို့သော် စစ်သူကြီးရဲနန်ရှန်မြောက်ပိုင်းသို့ ရောက်လာကတည်းက တိုင်မုကျား၏ အရှိန်အဝါများသည်လည်း ကွယ်ပျောက်ခဲ့ရသည်။
လွန်ခဲ့သော ၁၆ နှစ်ခန့်က ရဲနန်ရှန် မြောက်ပိုင်းတပ်သို့ ရောက်ခါစအချိန်တွင် ချန်နိုင်ငံတော်၏ တပ်အား ဦးဆောင်၍ တိုင်မုကျားတို့၏ လူ ရိုင်းတပ်များနှင့် တိုက်ခိုက်ခဲ့ကြသည်။ ရဲနန်ရှန်ဘက်မှ လူအင်အား နည်းသော်လည်း သူ၏ ကျွမ်းကျင်သော ဗျူဟာများကြောင့် တိုက်ပွဲ ၇ ပွဲလုံးတွင် အနိုင်ရရှိခဲ့ပြီးလူ ရိုင်းတပ်တို့သည်လည်း ခွေးပြေးဝက်ပြေး ပြေးခဲ့ကြရသည်။
မြွေဘုရင်တိုင်မုကျားသည် ထိုအချိန်မှစ၍ ရဲနန်ရှန်အား အစွမ်းထက်လှသည့် ပြိုင်ဘက်ကောင်း တစ်ဦးဖြစ်ကြောင်း သဘောပေါက်သွားခဲ့၏။ ရဲနန်ရှန်အား တိုက်ပွဲအတွင်း မည်သည့်အခါမျှ မျက်နှာချင်း ဆိုင်၍ မတိုက်ခိုက်ဝံ့ခဲ့ချေ။ ရဲနန်ရှန် စစ်မြေပြင်မှ မြို့တော်သို့ ပြန်သည့်အခါတွင်လည်း မြွေဘုရင်သည် ထောင်ချောက်များ ဆင်၍ လူများစွာကို စေလွှတ်ကာ ရဲနန်ရှန်အား သတ်ခိုင်းခဲ့ဖူးသည်။ သို့သော်လည်း ရဲနန်ရှန်သည် မည်သည့်အခါမျှ ရှုံးနိမ့်ခဲ့ခြင်း မရှိဘဲ မြို့တော်သို့ အန္တရာယ် ကင်းစွာ ပြန်ရောက်ခဲ့သည်ချည်းပင်။
ရဲနန်ရှန် မြို့တော်မှ မြောက်ပိုင်းသို့ ပြန်ရောက်လာခြင်းသည်တိုင်မုကျားအတွက်မူ အိပ်မက်ဆိုး တစ်ခုပမာပင်။ရဲနန်ရှန်သည် တိုင်မုကျားတို့အား တစ်နှစ်ခွဲကြာအောင်ပင်ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ပြီး နောက်ဆုံးတွင်မူ တိုင်မုကျား၏ အိပ်မက်ဆိုးများလည်း အဆုံးသတ်သွားလေသည်။
မြောက်ပိုင်းတစ်ခုလုံး၏ အရှင်သခင်ဟု ဆိုရမည့် မြွေဘုရင် တိုင်မုကျားသည် ရဲနန်ရှန်၏ ဓားအောက်တွင်အသက်ပျောက်ခဲ့ရသည်။
မြွေဘုရင်ကို သစ္စာခံထားသည့် မျိုးနွယ်စုကြီး ၇ စုသည်လည်း ရဲနန်ရှန်အား အရှုံးပေးခဲ့ကြရသည်။ ထိုမျိုးနွယ်စုများသည် တခြားသော မျိုးနွယ်စုများကို ပေါင်းစည်းထားခြင်း ဖြစ်ပြီး သူတို့၏ နာမည်များ သည်လည်း သမိုင်းတွင်ခဲ့ကြသည်။
အကယ်၍ ရဲနန်ရှန်သာ မြောက်ပိုင်းသို့ ပြန်ရောက်မလာပါက ရန်သူများအနေဖြင့်မြောက်ပိုင်းအား အလွယ်တကူ သိမ်းပိုက်နိုင်မည်ဖြစ်သည်။ မြောက်ပိုင်းရှိ လူ ရိုင်းမျိုးနွယ်စုတိုင်းသည် ရဲနန်ရှန်အား သတ်ချင်နေကြသော်လည်း မည်သူမျှ တုပ်တုပ်ပင်မလှုပ်ရဲကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အကြံအစည်သာ အထမမြောက်ခဲ့ပါက ကိုယ့်သေတွင်းကိုယ်တူးသလိုသာ ဖြစ်နေမည့်အတွက်ကြောင့်ပင်။
နောက်ဆုံးတွင်မူ ရဲနန်ရှန်သည် မြောက်ပိုင်းမှ ထွက်သွားရပြီ ဖြစ်ကြောင်း သူလျိုများမှတဆင့် သိလိုက်ကြသည်။
ရဲနန်ရှန်သည် မည်သူ့ကိုမှခေါ်မသွားဘဲ တစ်ဦးတည်းသာ ထွက်သွားခြင်း ဖြစ်သောကြောင့် သတ်ရန် အခွင့်သာသည်ဟု ဆိုရပေမည်။
ထို့ကြောင့် ရန်သူ့အင်အားစုများ အားလုံးသည် တစ်ပြိုင်တည်းပင်အမိန့်ထုတ်ပြန်၍ ရဲနန် ရှန်အားသတ်ခိုင်း လိုက်ကြသည်။
မရေမတွက်နိုင်သော လုပ်ကြံသတ်ဖြတ်ရေး သမားများသည် ရဲနန် ရှန်အား သတ်ရန်အတွက်စတင်၍ လှုပ်ရှားလာကြသည်။ယခုကိစ္စသည် သူတို့အတွက်ရွှေစသန်းချီတန်သော ကိစ္စရပ်ကြီး တစ်ခုပင်မဟုတ်ပါလော။
မြို့သို့ပြန်ရာ မိုင်ပေါင်း ထောင်ချီသော လမ်းတလျှောက်တွင်သဲများ ဖုန်များဖြင့် ပြည့်လျက်ရှိသည်။
ရဲနန်ရှန် မြောက်ပိုင်းမှ မထွက်နိုင်သေးခင်မှာပင် လုပ်ကြံသတ်ဖြတ်သူ ၃ ယောက်နှင့် ရင်ဆိုင်ခဲ့ရသည်။
အစွမ်းထက် ပညာရှင်များ ဖြစ်ကြသည့်တိုင် ရဲနန်ရှန်၏ အစွမ်းကို မယှဉ်နိုင်ကြချေ။
အသက်အန္တရာယ် အကြိမ်ကြိမ် လုပ်ကြံခြင်း ခံရ၍ မြွေဘုရင်၏ ထောင်ချောက်များစွာကိုပင် လွတ်မြောက်နိုင်ခဲ့သော ရဲနန်ရှန်၏ အစွမ်းကို မည်သူမျှ နှိုင်းယှဉ်၍ ရနိုင်မည် မဟုတ်ချေ။
ရဲနန်ရှန်သည်သူသွားမည့်လမ်းအား ပိတ်ဆို့ထားသည့်ရန်သူမှန်သမျှအား သုတ်သင်သတ်ဖြတ်ခဲ့သည်။ လမ်းတလျှောက် မည်သူကမျှ သူ့အား ဟန့်တားနိုင်ခြင်း မရှိခဲ့ပေ။ အ ရူးတစ်ယောက်ကဲ့သို့ ပင် ရန်သူများအားသဲကြီးမဲကြီး တိုက်ခိုက်လျက်ခရီးဆက်လက်နှင်ခဲ့သည်။
ရှေ့သို့ ရောက်လေလေ ပို၍ များပြားသော ထောင်ချောက်များနှင့် လူသတ်သမား များသည်သူ့အား စောင့်ကြိုလျက်ပင်ရှိသည်။
လုပ်ကြံသတ်ဖြတ်ရန် လာကြသူများသည်ရဲနန်ရှန်၏ အကြောင်းအား ဂဃနဏ မသိသူများပင်ဖြစ်သည်။ ထိုလူများအတွက်ရဲနန်ရှန်အား သတ်ပြီး ရွှေစသန်းနဲ့ချီ ရရန် မဆိုထားနှင့် သူတို့၏ အသက်နှင့်ခန္ဓာကိုယ်အိုးစားမကွဲလျှင်ပင်ကံကောင်းသည်ဟု ဆိုရပေမည်။
ဆုကြေးမှာလည်း မက်လောက်စရာပင် ဖြစ်ပြီး မော်တယ်ကမ္ဘာ တစ်ခုလုံးတွင် ရွှေစသန်း ၅၀ တန်သော ခေါင်းဟူ၍ သမိုင်းတွင် တစ်ခါမှ မရှိခဲ့ဖူးချေ။
မော်တယ်ကမ္ဘာတွင်ရဲနန်ရှန်အား သတ်နိုင်သည့်လူ တစ်ဦးမှ မ ရှိသေး၍ ယခုကဲ့သို့ ဆုကြေး အမြင့်ဆုံးကိုသတ်မှတ်လိုက်ခြင်း ဖြစ်သည်။ ရဲနန်ရှန် ဖြတ်သန်းခဲ့ရာ လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော အလောင်းများဖြင့် ပြည့်နှက်နေပြီး သွေးချောင်းပင်စီးလျက်ရှိသည်။
သူဖြတ်သန်းခဲ့သည့် လမ်းအား နောင်အခါတွင် “မရဏလမ်း” ဟုပင်ခေါ်တွင်ခဲ့ကြသည်။
နောင်နှစ်ပေါင်း များစွာ ကြာသည့်အချိန်တွင် လုပ်ကြံသတ်ဖြတ်သူတို့သည်ထိုလမ်းသို့ ဖြတ်သွားတိုင်း ကျောချမ်းနေမည်မှာ သေချာပေါက်ပင်။
အဆိုပါ လမ်းသည် နှောင်းလူတို့အတွက် ဒဏ္ဍာရီတစ်ခုသဖွယ် ပြောစမှတ်ပင်တွင်နေပါလိမ့်မည်။
ရဲနန်ရှန်အား သတ်ဖြတ်ရန် အမိန့် ထုတ်ခဲ့ကြသည့်အပြင်နောက်ထပ် အမိန့်တစ်ခုကိုလည်း ထုတ်လိုက်ပါသေးသည်။
“ရဲရှောင်ကို ချက်ချင်း သတ်ကြ . . .”
ထိုအမိန့်အား ထုတ်သောသူသည် အလွန်လိမ္မာပါးနပ်သော သူတစ်ဦးဟု ဆိုရပေမည်။
လက်ရှိအခြေအနေအရ ရဲနန်ရှန်အား သတ်ဖြတ်ရန် မဖြစ်နိုင်မှန်း သိကြသူများသည် ရဲနန်ရှန် မရောက်မီ ရဲရှောင်အားသတ်ရန် ကြံစည်ကြခြင်း ဖြစ်သည်။ သူတို့အတွက်မူ ငါးမရရေချိုးပြန်မည့်သဘောပင်။
ရဲရှောင် သေဆုံးသည်နှင့် ရဲနန်ရှန်သည်စိတ်ထိခိုက်ကြေကွဲပြီး အ ရူးတစ်ယောက်ကဲ့သို့ ဖြစ်သွားပါက ဘုရင့် နိုင်ငံတော်အတွက်လည်း တာဝန်ထမ်းဆောင်နိုင်တော့မည်မဟုတ်ချေ။
အမိန့်ပေးလိုက်သောသူသည် ထိုအချက်ကို ကောင်းစွာ သဘောပေါက်လေသည်။
အကယ်၍ ရဲနန်ရှန်ဘက်မှ ကလဲ့စားပြန်ချေမည် ဆိုပါကလည်း ရဲရှောင်အား ရန်ပြုခဲ့သည့် လူရှုပ်လူပွေ လေးများ၏ မျိုးနွယ်စုများကိုသာ ကလဲ့စားချေမည် ဖြစ်ပြီး အခြားသော လူများနှင့် သက်ဆိုင်မည် မဟုတ်ချေ။
ပေးအပ်ထားသည့်အမိန့်ကြောင့် လုပ်ကြံသတ်ဖြတ်သူ အဖွဲ့တစ်ဖွဲ့သည်မြို့ထဲသို့ ရောက်လာသည်။
မြောက်ပိုင်း ဝံပုလွေတပ်သည် ရဲနန်ရှန် မရှိမှန်း သိကြသည့်အခါ တံခါးမ ရှိဓားမ ရှိသောင်းကျန်းချင်တိုင်းသောင်းကျန်းနေကြသည်။မြောက်ပိုင်းတွင်အခြေအနေများသည်ရုတ်ခြည်းပင် ဆိုးဝါးလာခဲ့သည်။
တခြားသော နေရာများထက်ပင် မြောက်ပိုင်းသည် ပို၍ ဆိုးဝါးလာကာ ချန်နိုင်ငံတော်အတွက် အဆိုးဆုံး စိုးရိမ်ပူပန်စရာ နေရာတစ်ခုပင်ဖြစ်လာပါတော့သည်. . .။