Chapter – 163
“ကျုပ်ကသူရဲကောင်းတစ်ယောက်မဟုတ်ဘူး”
မြောက်ပိုင်းနယ်မြေတွင် အထင်ရှားဆုံး အင်အားအကြီးဆုံး ဖြစ်သည့်တိုင် စစ်သူကြီးများသည် ဝံပုလွေအင်အားစုအား အမှန်တကယ်ပင် အထင်သေးလျက် ရှိသည်။
ရွက်ဖျင်တဲကြီး အတွင်းတွင် ရယ်သံများဖြင့် ပြန့်လွင့်လျက်ရှိသည်။
သူတို့အတွက်မူ ခက်ခဲကြမ်းတမ်းလှသည့်တိုက်ပွဲကြီးသည်ပျော်ရွှင်ဖွယ်ရာကောင်းသည့်ကစားပွဲ တစ်ခုကဲ့သို့ပင်။
စစ်သူကြီးရဲ သာ ရှိနေလျှင်မည်သည့်တိုက်ပွဲမဆို လွယ်ကူနေပေလိမ့်မည်။
သို့သော် မမျှော်လင့်စရာ ကိစ္စတစ်ခုပေါ်လာမည်ကိုမူ မည်သူမျှ မသိခဲ့ကြပေ။
ရွက်ဖျင်တဲ၏ အပြင်ဘက်မှ –
“စစ်သူကြီးခင်ဗျား . . . စစ်သူကြီးရဲ့ မိသားစုဆီက အရေးပေါ် စာလာပါတယ် . . .”
ရဲနန်ရှန် မျက်မှောင်ကြုတ်လိုက်ရင်း –
“အရေးပေါ်စာ ဟုတ်လား . . . ဘယ်လိုဖြစ်လို့ အခုချိန် စာလာရတာလဲ . . .”
စစ်သူကြီးမာသည် ရယ်မောလိုက်ရင်း –
“ကျုပ်တို့ရဲ့ စစ်သူကြီးအိမ်က စာမလာတာ နှစ်ဝက်လောက်တောင် ရှိနေပြီနော်။ အခုမှပဲ လာတော့တယ် . . .”
စစ်သူကြီးမာသည် အပြင်ဘက်သို့ ထွက်၍ စာသွားယူလိုက်သည်။ ထို့နောက်ရဲနန်ရှန်အား လက်ထဲရှိစာကို ပြလိုက်ရင်း –
“ခေါင်းဆောင် . . . တကယ့်အရေးပေါ်စာပဲ၊ ဒီမှာ သွေးတံဆိပ်တုံး ထုထားတယ် . . .”
ရဲနန်ရှန် ခေါင်းညိတ်လိုက်ပြီးနောက် စာကို ဖွင့်ကြည့်လိုက်သည်။
တစ်ချက်ကြည့်ပြီးသည့်နောက် ရဲနန်ရှန်၏မျက်နှာ အမူအယာသည် ရုတ်ခြည်း ပြောင်းလဲသွားခဲ့သည်။
မူလက ရဲရင့်ပြတ်သားသည့် မျက်နှာသည် ချက်ချင်းပင်သွေးမ ရှိတော့သကဲ့သို့ ဖြူရော်သွားလေသည်။
သူ၏ ကြံ့ခိုင်ထွားကျိုင်းလှသည့် ခန္ဓာကိုယ်ကြီးသည်လည်း တဆတ်ဆတ်ပင်တုန်ယင်သွားသည်။
ရဲနန်ရှန်၏ အမူအယာများအား ကြည့်ရင်း ကျန်
စစ်သူကြီးများသည်တစ်ခုခု မှားယွင်းနေပြီဖြစ်ေကြာင်း သဘောပေါက်လိုက်သည်။သူတို့၏ စိတ်ထဲတွင်လည်း –
[စစ်သူကြီးရဲကတော်ရုံတန်ရုံ ကိစ္စလောက်နဲ့ မတုန်လှုပ်တတ်တဲ့လူပါ။ အခုကြတော့ ဘာကြောင့်များ ဒီလိုတွေ ဖြစ်နေရတာပါလိမ့် . . .]
စစ်သူကြီးများသည်မတ်တတ်ထရပ်လိုက်ရင်း ကမန်းကတမ်းဖြင့် –
“ခေါင်းဆောင် . . . ဘာများ ဖြစ်လို့လဲ . . .”
နှုတ်ကပြိုင်တူမေးလိုက်ကြပြီး စိတ်ထဲတွင်လည်း –
[သူတို့မျိုးနွယ်စုထဲ တစ်ခုခုတော့ ဖြစ်နေပြီ ထင်တယ်။ ငါတို့ရဲ့ ခေါင်းဆောင် ဒီလိုဖြစ်တာတစ်ခါမှ မမြင်ဖူးဘူး . . .]
ရဲနန်ရှန်သည် စစ်သူကြီးများ၏ အမေးကိုပင် မကြားနိူင်တော့ဘဲ ဆွံ့အနားမကြားသည့် လူတစ်ဦးကဲ့သို့ ဖြစ်နေလေသည်။ တုန်ယင်နေသော သူ၏ လက်ထဲမှ စာသည်လည်း အောက်သို့ ပြုတ်ကျသွား၏။
မုတ်ဆိတ်မွှေးများဖြင့် စစ်သူကြီးသည်လည်း စာကို ချေက်ချင်းကာက်ယူလိုက်ပြီး အသံကျယ်ကျယ်ဖြင့် –
“အစ်ကိုကြီး . . . မြန်မြန် ပြန်လာပါ။ ရှောင်ရှောင် အ ရိုးပျော်လက်ဝါး ရိုက်ချက်နဲ့ အ ရိုက်ခံထား ရလို့ သူ့အ ရိုးတွေ အကုန်လုံး အရည်ပျော်ကုန်ပြီ။ အခု အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ။ သူ့ကို နောက်ဆုံးတစ်ခေါက်လောက် တွေ့ချင်သေးရင် မြန်မြန် ပြန်လာခဲ့ပါ . . .”
စာကိုဖတ်လိုက်သည့်မုတ်ဆိတ်မွှေးများဖြင့်စစ်သူကြီးကိုယ်တိုင်ငေးငိုင်သွားလေသည်။
ရွက်ဖျင်တဲ အတွင်းရှိ လူတိုင်းသည်လည်း မလှုပ်မယှက်ဖြင့် တိတ်ဆိတ်သွားကြ၏။
အားလုံး အံ့သြနေကြခြင်းပင် ဖြစ်သည်။
စာတစ်လုံးချင်းစီသည် သူတို့၏ နားထဲသို့ မိုးကြိုးများ ပစ်ချနေသည့်အတိုင်းပင်။ ကြားလိုက်ရသူအပေါင်းအဖို့ နှလုံးသား တစ်ခုလုံး ခြေမွခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ကိုယ့်နားကိုယ်ပင်မယုံကြည်နိုင်အောင်ဖြစ်နေကြပြီး စိတ်ထဲတွင်လည်း –
[ရှောင်ရှောင်က ခေါင်းဆောင်ရဲ့ တစ်ဦးတည်းသော သားပဲ။ အခု သေလုမျောပါး ဖြစ်နေပြီတဲ့။ ဘယ်လိုများ ဖြစ်တာပါလိမ့် . . .]
ရဲနန်ရှန်သည် တစ်ကိုယ်လုံး တုန်ယင်လျက်ရှိပြီး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်မှ ခရမ်းရောင် အငွေ့အသက်များလည်း ထွက်ပေါ်လျက် ရှိသည်။
နံရံထက်တွင် ချိတ်ဆွဲထားသည့် ဓားကြီးပင် ဓားအိမ်အတွင်းမှ ၆ လက်မခန့် ထွက်လာပြီး လင်းလက်
သော အလင်းတန်းများပင်ထွက်ပေါ်လာသည်။
ရဲနန်ရှန်၏ဒေါသများသည်မြောက်ပိုင်းစစ်မြေပြင်ကြီး တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားသည်။
ထိုအချိန်တွင်ကောင်းကင်တစ်ခုလုံးသည်လည်း ပြိုကျမလိုပင် ဖြစ်လျက်ရှိသည်။
မုတ်ဆိတ်မွှေးနှင့် စစ်သူကြီးလည်း စာကို ဆက်ဖတ်လိုက်ရင်း –
“ဟွာရန်းမင်းသားတို့ရဲ့ တပ် စစ်တိုက်ထွက်တာကို ရှောင်ရှောင်က သွားကြည့်ခဲ့တယ်။ အဲဒီအချိန် လက်ယာအမတ်မင်းရဲ့ မြေး၊ ဘဏ္ဍာရေးအမတ်မင်းရဲ့သား၊ ယဉ်ကျေးမှုအမတ်မင်းရဲ့သားနဲ့ လူရှုပ်လူပွေ လူငယ်တစ်သိုက် မင်းသားဟွာရန်းတို့ ထွက်သွားချိန်မှာပဲ ရောက်လာကြပြီးတော့ ပြဿနာလာရှာကြ တယ်။ ပြဿနာလည်း ဖြစ်ပြီး ရှောင်ရှောင်က အိမ်ပြန်လာခဲ့တယ်။ ဒါပေမဲ့ အိမ်မရောက်ခင်မှာပဲ မြင်းပေါ်က ပြုတ်ကျပြီး သွေးတွေအန် သတိလစ်သွားခဲ့တယ်။ သူ့အ ရိုးတွေ အကုန်လုံး မရှိတော့သလို ခန္ဓာကိုယ်တစ်ခုလုံးကလည်း အဝတ်စတစ်စလိုပဲ ပျော့ခွေသွားတယ်။ ဒါ ဟိုကောင်လေးတွေက တိတ်တဆိတ် လုပ်ကြံလိုက်တယ်လို့ ကျွန်တော်ထင်တာပဲ . . .”
မုတ်ဆိတ်မွှေးနှင့် စစ်သူကြီးသည် စာဖတ်ပြနေရာမှ ရပ်လိုက်ရင်းဒေါသတကြီးဖြင့် –
“တောက် . . . ဒီနန်းတွင်းအဖွဲ့က ခွေးတွေကွာ . . . အမြဲတမ်း စောက်ပြဿနာကို ရှာလွန်းတယ် . . .”
ရွက်ဖျင်တဲအတွင်းရှိ လူများသည် မျက်လုံးများပင်နီရဲလာပြီး ဒေါသအမျက်ချောင်းချောင်းပင်ထွက်နေကြသည်။
“ခွေးလောက်တောင် အသုံးမဝင်တဲ့ကောင်တွေ။ ငါတို့ကတော့ ရှေ့တန်းမှာ နိုင်ငံကို ကာကွယ် နေရတယ်။ သူတို့ကနောက်ကွယ်ကနေပြီးအေးအေးဆေးဆေး နှပ်နေကြတယ်။ သူတို့ဘာသာနှပ်နေတာ ကိစ္စမ ရှိဘူး။ ငါတို့ရဲ့ မိသားစုတွေကို ထိခိုက်လာတာကတော့ လုံးဝ ခွင့်လွှတ်နိုင်စရာ မရှိဘူး . . .”
“ခွေးသူတောင်းစား ချီးထုပ်တွေ၊ ငါတို့ရဲ့ သခင်လေးကို တကယ်ပဲ သေမတတ် လုပ်လိုက်တာပဲ။ ငါပြန်ရောက်တာနဲ့ အဲဒီကောင်တွေ အကုန်လုံးကို သတ်ပစ်မယ် . . .”
“စောက်မျိုးမစစ်ကောင်တွေ . . .”
“ငါတို့တွေက မိသားစုကို ပစ်ထားပြီး တိုက်ပွဲဝင်နေကြတယ်။ သေဆုံးသွားခဲ့ရတဲ့ ညီနောင်တွေ လည်း မရေမတွက်နိုင်ဘူး။ ခွေးမျိုးတွေကတော့ နှပ်နေရုံတင် မကဘူး ငါတို့ရဲ့ မိသားစုဝင်တွေကိုပါ ထိပါးလာပြီ . . .”
“ခွေးလို တိရစ္ဆာန်လောက်တောင် အဖိုးမတန်တဲ့ ကောင်တွေ၊ ခွေးနဲ့ နှိုင်းရမှာတောင် ခွေးသိက္ခာ ကျမယ် . . .”
စစ်သူကြီးများသည် တစ်ယောက်တစ်ခွန်းဖြင့်ပင်ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
သူတို့အားလုံးသည်ဒေါသတကြီးဖြင့်အော်ဟစ်ပေါက်ကွဲနေကြသော်လည်း ရဲနန်ရှန်မှာမူ တစ်လုံးတပါဒမှ ဝင်ရောက်ပြောဆိုခြင်း မ ရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေလေသည်။ကျောက်ရုပ်ကြီးကဲ့သို့ ငြိမ်သက်နေသော သူတို့၏ခေါင်းဆောင်အားငေးကြည့်လိုက်ရင်း စိတ်ထဲတွင်လည်း –
[ငါတို့ရဲ့ ခေါင်းဆောင်ကြီးမှာက ဒီသားလေး တစ်ယောက်ပဲ ရှိတာ၊ သူ့သားဆိုတာ သူ့မျှော်လင့်ချက် ပဲ။ အခု သူ့သားက သေတော့မယ်ဆိုတော့ . . .]
“ခေါင်းဆောင် . . . အိမ်ကို ပြန်လိုက်ပါ . . .”
“အိမ်မြန်မြန်ပြန်ပါ ခေါင်းဆောင်၊ သခင်လေးက ခေါင်းဆောင်ကို လိုအပ်နေမှာ . . .”
“ခေါင်းဆောင် . . .”
ရဲနန်ရှန်သည် သက်ပြင်းတစ်ချက် ချလိုက်ရင်း စို့နစ်ကြေကွဲသော လေသံဖြင့် –
“ငါ့ဘဝတစ်ခုလုံးမှာ ကောင်းကင်နဲ့ မြေကြီးပေါ်က ဘယ်အရာကိုမဆို အကြောက်အရွံ့ မရှိဘဲ ရင်ဆိုင်ရဲတယ်။ ဒါပေမဲ့ ငါ့အတွက် ရင်မဆိုင်ရဲတဲ့ လူတစ်ယောက်တော့ ရှိတယ်။ ငါ့မိန်းမပဲ . . . ငါ့မိန်းမက ငါ့အတွက်၊ ငါ့သားအတွက်၊ ငါ့မျိုးနွယ်အတွက်နဲ့ ပိတ်လှောင်ခံထားရတယ်။ ငါက ယောကျာ်း တစ်ယောက် ဖြစ်သည့်တိုင် သူခံစားနေရတာတွေကို မကယ်တင်ပေးနိုင်သေးဘူး။ အဲဒီအတွက် တကယ်ကို ရှက်ရွံ့ ခဲ့မိတယ် . . .”
“ငါ့မိန်းမ ဘဝမှာလည်း ရှောင်ရှောင်ကို တန်ဖိုးအထားဆုံး အစိုးရိမ်ဆုံးပဲ . . .”
“အဲဒါကြောင့်ပဲ ငါ့သားကို ငါ အရမ်းကို ဂ ရုစိုက်ခဲ့တယ်။ သူကလေးဘဝကတည်းက အမေနဲ့ ကွဲသွားခဲ့တာဆိုတော့ အမေမဲ့နေတဲ့ မိတဆိုးသားလေးကို ငါအကောင်းဆုံး ထိန်းကျောင်းနိုင်ဖို့ ကြိုးစားခဲ့ရတယ်”
“အဲဒါကြောင့် ငါ့သားအတွက်ဆို အရာရာကို ငါစတေးရဲတယ်။ အခု လက်ရှိ အခြေအနေအရ ဒီလို အခွင့်အရေးတောင် ရှိပါ့တော့မလား . . . တကယ်လို့ငါသာ ရှောင်ရှောင်ကို မကာကွယ်နိုင်ခဲ့ရင် ဒီကမ္ဘာကြီးမှာ ဆက်နေမသင့်တော့ဘူးလို့တောင် ငါတွေးမိတယ် . . .”
ရဲနန်ရှန်၏ အသံသည် တုန်ရီအက်ကွဲလျက်ရှိသည်။
ထို့နောက် နံရံထက်ရှိ သူ၏ ဓားအား ကြည့်လိုက်ရင်း ညင်သာစွာ ကိုင်လိုက်သည်။
“နိုင်ငံ . . .”
ရဲနန်ရှန်သည် မချိတင်ကဲ ရေရွတ်လိုက်သည်။
“ငါ့နိုင်ငံတော် ရှိတဲ့ နေရာမှာ ငါ့အိမ်လည်း ရှိတယ်။ ငါ့အိမ်ရှိနေတာက ငါ့နိုင်ငံတော် အထဲမှာ။ နိုင်ငံတော်နဲ့အိမ် ဘယ်ဟာက ပိုပြီး အရေးကြီးသလဲ . . . ငါ့အိမ် ပြိုကွဲတော့မဲ့ အချိန် ဘယ်သူကများ ငါ့ကို ကူညီမလဲ . . . ငါက တစ်ကိုယ်ကောင်းဆန်တယ်။ အဲဒီလို ယူဆချင်လည်း ယူဆလို့ ရပါတယ်။ ဒါပေမဲ့ ငါကလည်း အသွေးနဲ့အသားနဲ့ လူတစ်ယောက်ပဲ။ ငါဟာ လင်ယောကျာ်း တစ်ယောက်ဖြစ်သလို အဖေ တစ်ယောက်လည်း ဖြစ်တယ်။ ငါပြန်မှဖြစ်မယ်။ ဒီလိုကြောင့် ငါ့သမိုင်းမှာ သိက္ခာကျစရာ ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ အဲဒါတွေကို အခုချိန် ငါဂ ရုစိုက် နေမှာ မဟုတ်ဘူး . . .”
ရဲနန်ရှန်သည် စစ်သူကြီးများအား ကျောခိုင်းလိုက်ရင်း –
“ညီအစ်ကိုတို့ . . . မင်းတို့ ဒီမှာ တိုက်ပွဲကို ဆက်ပြီး တိုက်နေကြပါ။ ငါကတော့ စိတ်တွေ မတည်ငြိမ်တော့တဲ့အတွက် ဘာဗျူဟာကောင်းကောင်းမှ ချပေးနိုင်မှာ မဟုတ်တော့ဘူး။ ငါ့သားသာ သေသွားခဲ့ရင် ငါလည်း ဘယ်တော့မှ ပြန်လာဖြစ်မှာ မဟုတ်တော့ဘူး . . .”
ထို့နောက် သက်ပြင်းရှည်ြကီး တစ်ချက် ချလိုက်ရင်း –
“ငါ့သား သေသွားခဲ့ရင် ကလဲ့စားချေတဲ့ အနေနဲ့ မြို့ထဲမှာ လူတွေ အများကြီးကိုလည်း သတ်ရဦးမယ် . . . ငါ့သား အဆင်ပြေခဲ့ရင်တော့ ငါလည်း မင်းတို့ဆီကို ပြန်လာပြီး တိုက်ပွဲအတူတူ တိုက်ကောင်း တိုက်နိုင်မှာပါ . . .”
“ငါက သူရဲကောင်းတစ်ယောက် မဟုတ်ဘူး တစ်ကိုယ်ကောင်းဆန်တဲ့ လူတစ်ယောက် . . . အဲ့ဒီအတွက်မင်းတို့ အားလုံးကို တောင်းပန်ပါတယ် . . .”
ထို့နောက်ရဲနန်ရှန်သည်လျှပ်စီးကဲ့သို့ လျင်မြန်သော အ ရှိန်ဖြင့်အပြင်သို့ ပြေးထွက်သွားသည်။ ခြေရာလက်ရာပင် မကျန်ခဲ့တော့ချေ။
တောက်ပသည့် ဓားအလင်းတန်းတစ်ချက် ကောင်းကင်ထက်တွင် လက်သွားပြီးနောက် တဒင်္ဂအတွင်းပင်ပြန်လည် ပျောက်ကွယ် သွားလေသည်။
စစ်မြေပြင်အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသည့် မြောက်ပိုင်းသည်လည်း မူလ အခြေအနေသို့ တဖြည်းဖြည်း ပြန်လည် ရောက်ရှိသွားသည်။
ရဲနန်ရှန်သည် တစ်ကိုယ်တည်း ထွက်ခွာသွားခြင်း ဖြစ်သည်။
သူ ယုံကြည်စိတ်ချရသည့် ကိုယ်ရံတော်တစ်ဦးတလေကိုမှ ခေါ်ယူသွားခြင်း မရှိချေ။
ရွက်ဖျင်တဲအတွင်း ကျန်ရစ်ခဲ့ကြသည့် စစ်သူကြီးများသည်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်းတိတ်ဆိတ်ငြိမ်သက်နေကြသည်။
မြောက်ပိုင်းစစ်မြေပြင် တစ်ခုလုံး၏ ခေါင်းဆောင်သည် ထွက်ခွာသွားချေပြီ။
မုတ်ဆိတ်မွှေးများဖြင့် စစ်သူကြီးမှ –
“ငါတို့အားလုံး ချစ်ခင်လေးစားရတဲ့ စစ်သူကြီးရဲ့ မိသားစု ကံကြမ္မာဆိုးနဲ့ ကြုံနေရတဲ့ အချိန်မှာ ငါတို့က ဘာမှ မလုပ်ဘဲ ဒီမှာဘယ်လိုများ ရပ်နေရမှာလဲ . . . သွေးသောက် ကိုယ်ရံတော် ၃၀၀ ကို အမိန့်ထုတ် မယ်။ အခုချက်ချင်း မြို့တော်ကို ပြန်ပြီး စစ်သူကြီးကို ကူညီကြ။ စစ်သူကြီးရဲ့ အမိန့်မှန်သမျှကို လိုက်နာကြစေ . . .”
“ကောင်းပါပြီ . . .”
ရွက်ဖျင်တဲ အပြင်ဘက်မှ သွေးသောက်ကိုယ်ရံတော် ၃၀၀ သည် ပြိုင်တူ အော်ဟစ် လိုက်ကြသည်။
အဆိုပါ ကိုယ်ရံတော် ၃၀၀ မှာ ရဲနန်ရှန်၏ အတော်ဆုံး ကိုယ်ရံတော် အဖွဲ့ပင် ဖြစ်သည်။ ထိုလူ ၃၀၀ သည် ရန်သူ ထောင်ချီကိုပင် အနိုင်ယူနိုင်သည့် အစွမ်းအစ ရှိကြ၏။ မြောက်ပိုင်းတပ်၏ အကောင်းဆုံး တပ်စု ဆိုလည်း မမှားပေ။
ရဲနန်ရှန်သည် ထိုလူများအား တိုက်ပွဲတွင် တိုက်ခိုက်စေရန်အတွက် ထားခဲ့ခြင်း ဖြစ်၏။ သို့သော် မုတ်ဆိတ်မွှေးနှင့် စစ်သူကြီး၏ အမိန့်ကြောင့် အားလုံးသည် မြို့တော်ရှိရာသို့ ထွက်ခွာရန် ပြင်ဆင်နေချေပြီ။
တပ်စု၏ ဦးဆောင်သူမှ –
“ညီအစ်ကိုတို့ . . . ကျုပ်တို့ရဲ့ ခေါင်းဆောင်ကြီးအတွက် မြို့တော်ကို သွားကြမယ်။ ကျုပ်နောက်က လိုက်ခဲ့ကြပါ . . .”
တခဏအတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး မြင်းခွာသံများဖြင့်ဆူညံသွားလေသည်။ ရဲနန်ရှန်၏ အားအကိုးရဆုံး ကိုယ်ရံတော် ၃၀၀တို့သည် လျင်မြန်စွာ ထွက်ခွာသွားကြပါတော့သည်။
လေထုထဲတွင် ဖုန်မှုန့်များ၊ သဲမှုန့်များဖြင့်ပြန်လွင့်လျက် ရှိသည်။
စစ်သူကြီးများသည် တဖြည်းဖြည်းဝေးသွားသည့် မြင်းများအားကြည့်ရင်း စိတ်ဓာတ် အနည်းငယ်ပင်ကျသွားကြသည်။
“သခင်လေးသာ အခြေအနေ မကောင်းခဲ့ရင် ခေါင်းဆောင်ကတော့ တစ်မြို့လုံးကိုများ သတ်ပစ်မလား မသိပါဘူး . . .”
အဖွဲ့ထဲမှ စစ်သူကြီး တစ်ယောက်သည်စိုးရိမ်တကြီးပြောလိုက်ခြင်းဖြစ်သည်။
နောက်တစ်ယောက်မှ –
“သတ်ပစ်တော့ရော ဘာဖြစ်လဲ။ ဒီခွေးကောင်တွေက သေကို သေသင့်တာ။ တစ်ယောက်မှ အသက်မရှင်ပါစေနဲ့လို့ ငါကတော့ ဆုတောင်းတယ်။ ငါစိုးရိမ်မိတာက ခေါင်းဆောင်ကိုပဲ။ ငါတို့ဆီ ပြန်လာနိုင်ပါ့မလား မသိဘူး . . .”
လူတိုင်း သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။
မုတ်ဆိတ်မွှေးများဖြင့် စစ်သူကြီးမှ –
“ခင်ဗျားက မသိသေးဘူးထင်တယ်။ စစ်သူကြီးက ကျုပ်တို့ ကမ္ဘာက မဟုတ်ဘူးဗျ။ အဆင့်မြင့် နယ်ပယ်တစ်ခုကပဲ။ သူအခု မော်တယ်ကမ္ဘာမှာနေပြီး ဘုရင်နဲ့ သဘောတူညီမှုကိုယူ၊ မြောက်ပိုင်းကို ကာကွယ်ပေးနေတယ်ဆိုတာ ဘုရင်က သူ့သားကို ကယ်ခဲ့လို့ပဲ။ သခင်လေးသာ မရှိတော့ရင် သူလည်း ဒီကမ္ဘာမှာ နေနေစရာ အကြောင်း မရှိတော့ဘူးပေါ့။ ကျုပ်တို့ဆီကို ဘယ်ပြန်လာတော့မလဲဗျာ . . .”
လူတိုင်း ဝမ်းနည်းပက်လက် ဖြစ်သွားကြသည်။
သူတို့သည် သူတို့ လေးစားချစ်ခင်ရသည့် စစ်သူကြီးနှင့် နောက်ဆုံးတွေ့ဆုံခဲ့ရခြင်း ဖြစ်သည်ဟု မထင်မှတ်ထား ခဲ့မိကြချေ။
စစ်သူကြီးမာသည်သက်ပြင်းတစ်ချက်ချလိုက်ရင်း –
“ကျုပ် လူတွေပြောပြောနေကျ စကားတစ်ခုကို ကြားဖူးတယ်။ ကိုယ့်မိသားစုထက် ကိုယ့်တိုင်းပြည် ကို ပိုပြီး ချစ်တဲ့ သူရဲကောင်းတွေ အကြောင်းပေါ့။ သူရဲကောင်းရဲ့ မိဘတွေ သေဆုံးသွားရင်တောင်မှ သူကတော့ စစ်မြေပြင်မှာပဲ တိုင်းပြည်အတွက် အသက်စွန့် ကာကွယ်နေခဲ့တယ်။ တကယ်ကို အင်အားတက်စေတဲ့ ဇာတ်လမ်းတစ်ခုပေါ့ဗျာ . . .”
“ကျုပ်လည်း ကျုပ်တို့ရဲ့ ခေါင်းဆောင်ကို ဒီိလိုထင်ခဲ့မိတယ် . . .”
စစ်သူကြီးမာ၏ စကားကြောင့်အခြားစစ်သူကြီးတစ်ယောက်သည်ဒေါသတကြီးဖြင့်ပင် –
“အရေးမပါတာ . . .”
“ကိုယ့်မိဘတွေ သေတာတောင် အိမ်ပြန်ပြီး မကြည့်ဘူးဆိုတော့ အဲ့ဒီလူက တိရစ္ဆာန်လိုကောင်ပဲ။
အဲဒါကိုတောင် အင်အားတက်စေတဲ့ ဇာတ်လမ်းတဲ့ ဟုတ်လား။ မင်းထပ်ပြောနေမယ် ဆိုရင် မင်းကို ငါထိုးမိလိမ့်မယ် . . .”
အခြားစစ်သူကြီးတစ်ဦးသည်ဝင်ဖျန်ဖြေလိုက်ရင်း –
“ဒါက ဇာတ်လမ်းသက်သက်ပါကွာ . . .”
“တစ်ခုလောက် မေးရဦးမယ်။ ကျုပ်တို့က ဒီမှာ အပြင်းအထန် တိုက်ပွဲဝင်နေကြရတာ ဘာအတွက်လဲ . . . ကျုပ်တို့ နိုင်ငံတော်ရဲ့ လုံခြုံရေး အတွက်ပဲလို့ ဖြေမှာလား။ ခင်ဗျားတို့ ကိုယ့်တစ်ဘဝလုံးကို မြုပ်နှံပြီး စစ်မြေပြင်မှာပဲ နေနေမယ် ဆိုရင်တောင် ငွေပြားတစ်ပြား ရမယ် ထင်လို့လား။ ဘယ်ရလိမ့်မလဲ . . . ဘာကြောင့်လဲ သိလား . . . ခင်ဗျားတို့နေတဲ့ နိုင်ငံကို ခင်ဗျားတို့ ကာကွယ်တာလေ၊ အဲဒါကို ငွေပြား ဘယ်သူက ပေးမှာလဲဗျ . . .”
စစ်သူကြီးတစ်ဦးသည်လေးနက်တည်ကြည်စွာ ပြောလိုက်ပါတော့သည် . . .။