Chapter – 17.3 ” ပထမဆုံးအကြိမ် ပူးပေါင်း ဆောင်ရွက်ခြင်း။ လူ နှစ်ယောက်ရဲ့ စစ်မြေပြင်ကို ထိန်းချုပ်မှု ”
°°°°
အနောက်ဖက်မှာရှိတဲ့ အတောင်ပံတွေက ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းထားရင်း အရှေ့ဖက်အတောင်ပံတစ်စုံကတော့ လုံး၀ကို အပြာရောင်ပြောင်းလဲလို့သွားခဲ့ပါပြီ။ ဒါ့အပြင် ရွှေရောင်သင်္ကေတတွေကလဲ အရှေ့ကို ပိုပြီး ပြန့်နှံ့လာခဲ့ပါတော့တယ်။ ချက်ချင်းဆိုသလို သုံးလက်မကျော်ရှည်လျားတဲ့ ရွှေရောင်အစွန်းဖက်တွေက အရှေ့အတောင်ပံတွေဆီမှာ ထွက်ပေါ်လာပါတော့တယ်။
ဒါကိုကြည့်နေရင်း ရှောင်ရှောင်းရဲ့ အမူအရာကတော့ ပြောင်းလဲသွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိဉာဥ်ထောက်လှမ်းမှုအရ ကြောက်စရာကောင်းလောက်အောင် တိုးတက်လာနေတဲ့ စွမ်းအားတွေက ၀မ်သုန့်ရဲ့ အတောင်ပံတွေထဲမှာ ရှိနေမှန်း သူမ သိနေခဲ့ပါတယ်။
၀မ်သုန့်က လက်နှစ်ဖက်ကို မြောက်လိုက်ပြီး သူ့ရဲ့ အတောင်ပံအတွင်းပိုင်းတွေကို ဆွဲလိုက်ပါတော့တယ်။ ဒီလိုရုတ်တရက်ဆွဲလိုက်မှုက အရှေ့အတောင်ပံတွေကို ချက်ချင်းဆိုသလို ရွှေရောင်အတောင်ပံတွေအဖြစ် ပြောင်းလဲသွားစေခဲ့ပါတယ်။ အဲ့ဒီနောက် ခန္ဓာကိုယ်ကို တွန့်ကွေးလိုက်ပြီ ညာဘက်အတောင်ပံကို အသုံးပြုရင်း အသက်သုံးချောင်း ၀ိဉာဥ်ချေဖျက်အိုးကြီးကို ခုတ်ချပြစ်တော့တယ်။ သူပြောခဲ့တဲ့အတိုင်း ပုံမှန်နည်းလမ်းက အလုပ်မဖြစ်ဘူးဆိုရင် သေချာပေါက် ကြမ်းတမ်းတဲ့နည်းလမ်းကို သုံးရမှာပါ။
ဒါပေမယ့် ဟို့ယွိဟောင်နဲ့ ရှောင်ရှောင်းတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုစွမ်းအားကို လျှော့တွက်မိသွားခဲ့ပါတယ်။ နှစ်ယောက်စလုံးက စစ်မြေပြင်ကို ကောင်းကောင်းကြီးထိန်းချုပ်ထားနိုင်ခဲ့တယ်။ ရှောင်ရှောင်းက သူ့ရဲ့အိုးကို အသုံးပြုပြီး ၀မ်သုန့်ကို ရိုက်ထုတ်ဖို့မလုပ်ခဲ့ပါဘူး။ အဲ့ဒီအစား နှစ်မီတာအကွာအထိ ဆုတ်ခွာဖို့ကိုသာ ရွေးချယ်လိုက်ပါတယ်။ လက်ရှိအချိန်မှာတော့ ၀မ်သုန့်ရဲ့တိုက်ခိုက်မှုကို သူ့က အသာလေး ရှောင်ရှားသွားနိုင်ပါပြီ။
ရုတ်တရက်ဆိုသလို ၀မ်သုန့်ကတော့ အနောက်ဖက်ကို ပြန်လွှင့်သွားခဲ့ရပါတော့တယ်။ တခြားတစ်ဖက်မှာတော့ ရှောင်ရှောင်းရဲ့ အိုးကြီးက လေထဲမှာအေးအေးဆေးဆေး ရှိနေဆဲပါ။
၀မ်သုန့်ကတော့ ပိုလို့စိတ်ညစ်နေခဲ့ရပါပြီ။ သူ့ရဲ့စွမ်းအားက ရှောင်ရှောင်းထက်အများကြီး သာပေမဲ့ ရှောင်ရှောင်းနဲ့ ဟို့ယွိဟောင် နှစ်ယောက်ပေါင်းလိုက်ချိန်မှာတော့ သူလဲ စွမ်းအားအပြည့်ထုတ်မသုံးနိုင်ပါဘူး။ ရုတ်တရက်ဆိုသလို သူ့မျက်လုံးတွေက တောက်ပလာပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ သူတိုက်ခိုက်မဲ့အစား ဆုတ်ခွာဖို့ကို ရွေးချယ်လိုက်ပါပြီ။ နှစ်ဆယ့်ငါးမီတာ အကွာအဝေးရဲ့အပြင်ကို သူထွက်သွားပါတော့တယ်။ တကယ်တော့ ဟို့ယွိဟောင်ရဲ့ ထောက်လှမ်းမှုအပြင်ကို ရောက်ရှိစေဖို့ သူကြိုးစားနေခဲ့တာပါ။
” ငါ့ရဲ့ ခန္ဓာကိုယ်အခြေအနေကို မင်းဘယ်လိုထောက်လှမ်းမလဲဆိုတာ ကြည့်ကြရအောင် ဒီအစ်ကိုကြီးက အဝေးပစ်တိုက်ခိုက်မှုလဲ လုပ်နိုင်တယ် ”
သူပြောပြီးတဲ့နောက် ဒုတိယ၀ိဉာဥ်စက်ကွင်းက တောက်ပလာပါတော့တယ်။
ဟို့ယွိဟောင်က ပြုံးနေခဲ့တယ်။
” မင်းမေ့သွားပြီလား ငါ့ရဲ့ စိတ်၀ိဉာဥ်ထောက်လှမ်းမှုက တစ်နေရာထဲကို ဦးတည်ပြီထိန်းချုပ်နိုင်တယ်…အခုအချိန်မှာ မီတာတစ်ရာပတ်လည်အထိကို ငါလွှင့်ထုတ်နိုင်နေပြီး အကယ်၍ ငါတို့ကို မီတာတစ်ရာအပြင်ကနေ တိုက်ခိုက်နိုင်မယ်ဆိုရင်လဲ ကြိုးစားကြည့်ပေါ့ တိုက်ခိုက်နိုင်တယ်ဆိုရင်တောင် ရှောင်ရှောင်းကို အထောက်အပံ့ကူညီပေးဖို့ ငါ့ရဲ့စိတ်၀ိဉာဥ်ထောက်လှမ်းမှုက အသုံး၀င်ဦးမှာပဲ မင်းရဲ့၀ိဉာဥ်စွမ်းအားကသာ ရှောင်ရှောင်းကို အလဲမထိုးနိုင်ရင်း ဘယ်လိုမှ အသုံး၀င်နိုင်မှာမဟုတ်ဘူး မဟုတ်ရင် ရှောင်ရှောင်းမှာ ဒုတိယသိုင်းပညာ၀ိဉာဥ်ရှိနေတာကိုလဲ မမေ့နဲ့ဦး ”
၀မ်သုန့် မျက်လုံးပြူးသွားခဲ့ပါတယ်။ အမှန်ပါပဲ သူ့ရဲ့ ဒုတိယ၀ိဉာဥ်စွမ်းရည်က နှစ်တစ်ထောင် ဖြစ်နေခဲ့ပြီ အတော်လေးသန်မာခဲ့ပေမဲ့ မီတာတစ်ရာအပြင်ကို ရောက်သွားမယ်ဆိုရင်တော့ အကျိုးသက်ရောက်မှုက အတော်ကို လျော့ကျသွားပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်အနေနဲ့လဲ ရှောင်ရှောင်းကို တန်ပြန်တိုက်ခိုက်ဖို့ ကူညီချိန်တွေ အများကြီးရသွားလိမ့်မယ်။ ဒီကိစ္စက သူလုပ်ချင်တဲ့အရာတော့ မဟုတ်ပါဘူး။
” ငါ့ရဲ့ အဝေးပစ်တိုက်ခိုက်မှုက မင်းထောက်လှမ်းနိုင်တယ်ဆိုရင်တောင် အသုံး၀င်မှာမဟုတ်ဘူး “:
ရှောင်ရှောင်းက ပြုံးပြရင်း ပြောလာခဲ့ပါတယ်။
” ၀မ်သုန့် ကိုယ့်ကိိုကိုယ် အထင်ကြီးမနေနဲ့ မမေ့နဲ့ဦး ငါ့မှာ၀ိဉာဥ်စွမ်းရည်တွေက အများကြီးရှိတယ်..သုံးလဲမသုံးရသေးဘူး ငါ့ရဲ့အသက်သုံးချောင်း၀ိဉာဥ်ချေဖျက်အိုးမှာ ဘယ်လို၀ိဉာဥ်စွမ်းရည်တွေ ရှိနေလဲဆိုတာ နင်သိချင်လား အမှန်အတိုင်းပြောရမယ်ဆိုရင် နင်က ငါ့ပြိုင်ဘက်ဟုတ်မနေဘူး…တစ်ယောက်ချင်တစ်ယောက် တိုက်ခိုက်မယ်ဆိုရင်တောင် နင်ငါ့ကို မယှဥ်သာဘူးလေ အဝေးကနေ တိုက်ခိုက်မယ်ဆိုရင် နင့်မှာစွမ်းအင်အများကြီး ရှိနေနိုင်ပေမဲ့ ငါနဲ့ အတန်းခေါင်းဆောင်နှစ်ယောက်က ခုန်ရှောင်ဖို့အတွက် အချိန်ကောင်းကောင်းရဦးမှာပဲ စောင့်ကြည့်နေလိုက်စမ်းပါ ”
သူ့ပြောပြီတဲ့နောက် ညဘက်လက်ကို အသုံးပြုရင်း သူ့ရဲ့ သုံးချောင်းထောင့်အိုးကြီးကို တုန်ခါသွားစေခဲ့ပါတယ်။ ချက်ချင်းဆိုသလို အိုးကြီးက အိုးအသေးလေး သုံးလုံးအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပြီး ဟို့ယွိဟောင်နဲ့ သူမရဲ့ဘေးပတ်လည်မှာ တြိဂံပုံစံအဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဒီတစ်ကြိမ်မှာ ရှောင်ရှောင်းရဲ့ ပထမစိတ်၀ိဉာဥ်စက်ကွင်းက တောက်ပလို့လာခဲ့ပါပြီ။ ကျယ်လောင်တဲ့ ပဲ့တင်သံကြီးက အထက်လေထုရဲ့ စတုရံမီတာသုံးဆယ့်အထိကို မြင့်တက်လို့သွားပါတော့တယ်။ ဒါ့အပြင် တုန်ခါမှုကြောင့် သူတို့နှစ်ယောက်တောင်မှ အနည်းငယ်တွန့်လိမ်သွားခဲ့ရပါပြီ။
အိုးသုံးခုက ချက်ချင်းဆိုသလို ပြန်လည်ပေါင်းစည်းသွားခဲ့ရင်း ရှောင်ရှောင်းဆီကို ပြန်ရောက်ရှိလာပါတော့တယ်။
ဟို့ယွိဟောင်ရဲ့ ၀မ်သုန့်တို့ရဲ့ အမူအရာတွေကလဲ ပြောင်းလဲလို့သွားပါတော့တယ်။ တကယ်ကို သန်မာလိုက်တဲ့ သိုင်းပညာ၀ိဉာဥ်ပါလား။ ဒီအိုးကြီးက သုံးခုခွဲခြားနိုင်တာ သူ့ရဲ့မူလစွမ်းရည်တွေထဲက တစ်ခုပါ။ ဒါပေမယ့် ပိုပြီး ကြောက်စရာကောင်းတာကတော့ တိုက်ခိုက်မှုပါပဲ။ သူ့ရဲ့စိတ်၀ိဉာဥ်ထောက်လှမ်းအာရုံခံနိုင်စွမ်းကြောင့် ဒီတိုက်ခိုက်မှုရဲ့အစွမ်းအစကို ဟို့ယွိဟောင် ကောင်းကောင်းသိလိုက်ရပါတယ်။
၀မ်သုန့်ကလဲ ခပ်မြန်မြန်ပဲ သူ့စိတ်သူထိန်းလိုက်ရပါတယ်။
” ငါသိပြီး နောက်ထပ် မတိုက်ခိုက်တော့ဘူး…မင်းတို့နှစ်ယောက်သာ ပူးပေါင်းမယ်ဆိုရင် ငါမင်းတို့ကို အနိုင်မရနိုင်တာတော့ အမှန်ပါပဲ ဒါပေမယ့် ရှောင်ရှောင်း အနာဂတ်မှာ မင်းသိလာပါလိမ့်မယ်…တစ်ယောက်တစ်ယောက်ချင်းတိုက်ခိုက်တဲ့အချိန် မင်းက ငါ့ပြိုင်ဘက်ဘယ်လိုမှ မဟုတ်နိုင်ဘူး…ဒါ့အပြင် ဟို့ယွိဟောင်လိုလူမျိုးသာ ရှိနေလို့ကတော့ အဆင့်တူတဲ့ ဘယ်တိုက်ပွဲမဆို လူတိုင်းက နိုင်နိုင်တယ် ..ဒါ့အပြင် သူ့ရဲ့အစွမ်းက အပြည့်အ၀လဲ မထုတ်သုံးရသေးဘူး…စစ်ပွဲတစ်ခုလုံးမှာ မင်းတို့က အသာစီးနေတာ အမှန်ပါပဲလေ ဒါပေမယ့် ပိုပြီး မြင့်မားတဲ့ ကျင့်ကြံဆင့်ရှိတဲ့သူဆိုရင်တော့ သူ့ကို ပြန်ပြီးတိုက်ခိုက်နိုင်လိမ့်မယ် ”
ဒါပေမယ့် ရှောင်ရှောင်းကတော့ ၀မ်သုန့်ပြောတာကို လက်ခံချင်ပုံမပေါ်ပါဘူး။ တစ်ယောက်တစ်ယောက်ချင်း တိုက်ပွဲမှာသူအနိုင်ရမယ်လို့သာ အပြည့်အ၀ထင်နေခဲ့ပါတယ်။ ဒါပေမယ့် သူပြောတာတွေက အမှန်ဖြစ်နေတာကိုလဲ သူသိနေခဲ့တယ်။ ဒါကြောင့် ခေါင်းညိတ်လိုက်ပါတယ်။
” ဟုတ်တယ် အတန်းခေါင်းဆောင်ရဲ့ အကူအညီနဲ့ဆိုရင် တိုက်ခိုက်ရတာ အရမ်းလွယ်ကူတာပဲ အတန်းခေါင်းဆောင် နင်ရဲ့၀ိဉာဥ်စွမ်းရည်က အရမ်းကို သန်မာလိုက်တာ ငါတို့တွေ တစ်ဖွဲ့တွေထဲနေရတာ အတော်ကို ကောင်းတာပဲ ငါအရင်တုန်းက နင်ရဲ့ဆယ့်နှစ်၀ိဉာဥ်စက်ကွင်းကို အများကြီး အထင်သေးသွားမိတယ်..တောင်းပန်ပါတယ် ”
ရှောင်ရှောင်းက အရမ်းကို တိုက်ရိုက်ပြောတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ သွယ်၀ိုက်ပြောမနေပဲ တစ်ခါထဲ သူ့စိတ်ထဲရှိတာ ပြောပါတော့တယ်။ ၀မ်သုန့်တို့ကလဲ သူမကို ချက်ချင်းဆိုသလို အမြင်ပြန်ကြည်သွားခဲ့ပါပြီ။
ဟို့ယွိဟောင်လဲ သူ့ညာဘက်လက်ကို ဆန့်ထုတ်ရင်း ရှောင်ရှောင်းကို ပုတ်လိုက်ပါတယ်။ အဲ့ဒီနောက် ဟို့ယွီဟောင်က လက်တစ်ဖက်ကို ဆန့်ထုတ်ရင်း ရှောင်ရှောင်းရဲ့အရှေ့ကို ထိုးပေးလိုက်ပါတယ်။ ရှောင်ရှောင်းကတော့ ပြုံးပြရင်း သူ့ရဲ့ညာဘက်လက်ပေါ် လက်တစ်ဖက်နဲ့ ထပ်တင်လိုက်ပါတော့တယ်။ နောက်ဆုံးမှာ ၀မ်သုန့်က သူတို့ဆီ လျှောက်လာခဲ့ရင်း သူတို့နှစ်ယောက်ရဲ့လက်တွေပေါ်မှာ နောက်တစ်ခေါက် သူ့ရဲ့ညာလက်ကို ပြန်တင်လိုက်ပါပြီ။
” အခုကနေစပြီး ငါတို့အဖွဲ့တစ်ဖွဲ့ထဲရဲ့ ညီနောင်တွေပဲ လူသစ်တွေရဲ့ စာမေးပွဲမှာ ငါတို့သေချာပေါက် ချန်ပီယံဖြစ်ရမယ် ”
” ငါတို့တွေ ချန်ပီယံဖြစ်ရမယ် ”
သုံးယောက်စလုံးအတူတူ အော်လိုက်ကြပါတယ်။ အဲ့ဒီအချိန်မှာ သူတို့ရဲ့ဆက်ဆံရေးကတော့ ပိုလို့ လေးနက်သွားခဲ့ပါပြီ။ သူတို့သုံးယောက်ထဲမှာ အပျော်ဆုံးသူကတော့ ရှောင်ရှောင်းပါပဲ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့် နှစ်ယောက်က သူ့ကိုသူငယ်ချင်းအဖြစ် လက်ခံလိုက်ပြီးလို့ နောက်ဆုံးမှာတော့ ယုံကြည်လက်ခံလို့သွားပါတော့တယ်။ ဒါကြောင့်သာ ပြောကြတာပါ။ ၀ိဉာဥ်ပညာရှင်တွေရဲ့ကြားထဲမှာ လက်သီးကို သုံးပြီဖြေရှင်းတာက အရိုးရှင်းဆုံးနဲ့ တိုက်ရိုက်အကျဆုံးနည်းလမ်းပါပဲ။ ဒါ့အပြင် အသုံး၀င်တဲ့ နည်းလမ်းလဲဖြစ်နေခဲ့သေးတယ်။
ကျောင်းတော်ရဲ့ စာမေးပွဲနယ်မြေက သိုင်းပညာ၀ိဉာဥ်ကျောင်းတော်ရဲ့ အနောက်မြောက်ဘက်နေရာမှာ တည်ရှိတာပါ။ ဒါ့အပြင် ၀ိဉာဥ်လက်ရည်ယှဥ်တဲ့ နယ်မြေနဲ့ သိပ်ပြီးမကွာခြားပါဘူး။ ဒါပေမယ့် စာမေးပွဲနယ်မြေကတော့ ၀ိဉာဥ်လက်ရည်ယှဥ်တဲ့နေရာထက် အများကြီးပိုပြီး ကြီးမားပါတယ်။ အပြင်နယ်မြေရဲ့ ကျောင်းသားတွေအတွက်တော့ ဒီနေရာကြီးက ထူးချွန်ရင်ထူးချွန်သလောက် သုခဘုံအဖြစ်ကို ပြောင်းလဲလို့သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ စွမ်းရည်တွေကို အပြည့်အ၀ ထုတ်ဖော်ပြသနိုင်တဲ့နေရာတစ်ခုဖြစ်နေတာကြောင့်ပါ။ အားနည်းတဲ့ကျောင်းသားတွေအတွက်တော့ အိပ်မက်ဆိုးနေရာကြီးလိုပါပဲ။ ဒါ့အပြင် စာမေးပွဲပြီတိုင်း များပြားကျောင်းသားက ထုတ်ပယ်ခံရပါတယ်။ ကျောင်းတော်ထဲမှာ ရှိရှိသမျှ စာမေးပွဲတွေအားလုံးနီးပါးက ဒီနေရာမှာပဲ ဖြေဆိုကြရတဲ့အတွက် ဒီနေရာကို မုန်းတီးကြသူက ပိုများနေခဲ့တယ်။
စာမေးပွဲဖြေဆိုတဲ့နေရာက ဘဲဥပုံ တည်ဆောက်ထားခဲ့တာပါ။ လက်ရည်ယှဥ်တဲ့နေရာက အပိတ်ကြီးဖြစ်ပြီ စာမေးပွဲနယ်မြေကတော့ မြင်သာထင်သာရှိတဲ့ နယ်မြေဖြစ်နေခဲ့ပါတယ်။ သူ့ကို နံရံတစ်ချို့ကသာ ၀န်းရံလို့ထားခဲ့တယ်။ အထဲမှာကတော့ အပိုင်းလေးတွေအများကြီး ကွဲထွက်သွားခဲ့ပြီး ဒီအပိုင်းလေးတွေကလဲ အချိန်မရွေးပုံစံ အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။
စာမေးပွဲနယ်မြေကို လူသစ်တွေရဲ့ စာမေးပွဲကျင်းပချိန်တိုင်းမှာ အများဆုံး ပိုင်ခြားထားပါတယ်။ ကျောင်းသားသစ်တွေက အရေအတွက်ကများပြားရုံတင်မက သူတို့ရဲ့ ဖျက်ဆီးတိုက်ခိုက်နိုင်စွမ်းကလဲ အကန့်အသတ်နဲ့ ရှိနေခဲ့လို့ပါ။ ဒါကြောင့် သူတို့က စွမ်းအားအပြည့်အ၀ ထုတ်သုံးပြနိုင်ဖို့ နေရာအကျယ်ကြီးမလိုအပ်ပါဘူး။
စာမေးပွဲနယ်မြေက စတုရံမီတာပေါင်းနှစ်သောင်းကျော် ကျယ်ပြန့်ပါတယ်။ လက်ရှိအချိန်မှာတော့ နေရာငါးဆယ့်အထိကို ခွဲခြားလို့ထားခဲ့ပါပြီ။ ယှဥ်ပြိုင်မဲ့နေရာတစ်ခုချင်းဆီတိုင်းကလဲ စတုရံမီတာလေးရာနီးပါးရှိနေခဲ့ပါတယ်။ ဒါက ကျောင်းသားသစ်တွေအတွက်တော့ လုံလောက်တဲ့ပမာဏပါပဲ။ ဒါ့အပြင် ကျောင်းသားသစ်တွေက ၀ိဉာဥ်စက်ကွင်းတစ်ကွင်းနှစ်ကွင်းလောက်သာ ရှိကြသေးတာပါ။
မနက်အချိန်မှာ အဖွဲ့တွေကို ခွဲပေးပြီးပြီဖြစ်တာကြောင့် စာမေးပွဲက နေ့လည်မှာ စတင်ပါတော့တယ်။ ဒါ့အပြင် စာမေးပွဲပထမဆုံးနေ့ဖြစ်တဲ့အတွက် အဖွဲ့တွေအားလုံးက ပြိုင်ပွဲတစ်ပွဲပြီးမှသာ အဆုံးသတ်ရမှာပါ။ ဒါ့အပြင် ကျောင်းသားအသစ်တွေ ၀င်ရောက်ဖို့အတွက်လဲ အထောက်အကူပေးပါလိမ့်မယ်။ အချိန်စာရင်းကိုလဲ အဆင်ပြေသွားစေလိမ့်မယ်။ ကျောင်းတော်က နေရာငါးဆယ်အတွက် ဆရာတစ်ယောက်ဆီကို ချထားပြီ စာရင်းကောက်ခိုင်းပါတယ်။ ဒါ့အပြင် မဲနှိက်ပြီ ရွေးချယ်ရမဲ့ပြိုင်ပွဲတွေကတော့ နေ့လည်က လုပ်ပြီးသွားပါပြီ။ ကျောင်းတော်က အတန်းတူလူတွေ အဖွဲ့ချင်းမဆုံမိအောင်လို့ ဆက်တိုက်ဆိုသလို သေချာစီစစ်ပြီးရွေးချယ်ထားခဲ့ပါတယ်။
အပိုင်း ၁၇•၃ ပြီး၏။