Chapter – 162
“မြောက်ပိုင်းတပ်”
အကယ်၍ ရဲရှောင် သေဆုံးသွားမည် ဆိုပါက အမတ်ကြီးဂျန်နှင့် လက်ယာအမတ်မင်း၏ မိသားစုဝင် များ အားလုံး အသတ်ခံကြရမည်မှာအသေအချာပင်။ ရဲနန်ရှန်အား မည်သူကများ ဟန့်တားနိုင်ပါမည် နည်း . . .။
ရဲနန်ရှန်သည်သူ၏ သားနှင့်ပက်သက်လျှင်ဘုရင်နှင့်သွေးသောက်ညီအစ်ကို ဖွဲ့ထားသည့်ကိစ္စကိုလည်းထည့်သွင်းစဉ်းစားလိမ့်မည်မဟုတ်ပေ။ ဘုရင်သည်လည်း ထိုအခြေအနေအားတပ်အပ်ပင်သိနေလေသည်။
ဘုရင်၏ စိတ်ထဲတွင်မူ မဖြစ်နိုင်မှန်း သိသော်လည်း ရဲနန်ရှန် ရောက်မလာစေရန်သာ ဆုတောင်း နေမိလေသည်။ စိတ်ထဲတွင်လည်း အတွေးပေါင်းများစွာဖြင့်ယောက်ယက်ခတ်နေရင်း –
[ရဲနန်ရှန်နဲ့ငါသွေးသောက်ညီအစ်ကို ဖွဲ့ခဲ့ကြတယ်။ အပြန်အလှန်အနေနဲ့ ငါက သူ့ရဲ့သားကိုစောင့်ေ ရှာက်ပေးပြီး သူကတော့ နိုင်ငံကို ကာကွယ်ရမယ်။ ဒါပေမယ့်အခုတော့ . . . သူ့သားက ငါ့ရဲ့ အနီးနားမှာ ရှိနေတာတောင်အသတ်ခံလိုက်ရတယ်။ ငါက ဒါလေးကိုတောင်မကာကွယ်နိုင်တဲ့ ဘုရင်ဖြစ်သွားပြီလား . . .]
“ငါလည်း ရဲနန်ရှန်အကြောင်း တိတိကျကျ မသိဘူး။ ငါသိထားတာ ရဲနန်ရှန်ရဲ့ မိန်းမက အကြောင်းတစ်ခုကြောင့် အင်အားစုတစ်စုရဲ့ ဖမ်းချုပ်ပိတ်လှောင်ထားခြင်းကို ခံခဲ့ရတယ်။ သူက ရဲနန်ရှန်နဲ့ ရဲမျိုးနွယ် အတွက် အရေးကြီးဆုံး လူတစ်ယောက်ပေါ့။ သူ့မိန်းမ အတွက်ကတော့ ရဲရှောင်ဆိုတာ သူ့မျှော်လင့်ချက် လို့ မှတ်ယူထားတာလေ။ ရဲနန်ရှန် အခုချိန်ထိ အသက်ရှင်နေရတာ သူ့သားကို ကာကွယ်ပေးဖို့ အတွက်ပဲ”
“ရဲရှောင်သာ သေသွားမယ် ဆိုရင် စစ်သူကြီးရဲ သူ့မိန်းမကို ဘယ်လို မျက်နှာ ပြဝံ့တော့မလဲ။ အဲဒါကြောင့်ပဲ ရဲရှောင်အတွက်ဆို အရာရာ စတေးရဲနေတယ်လို့ ထင်တာပဲ . . .”
ထို့နောက် ဘုရင်သည် မျက်နှာမသာယာဖြင့်-
“အင်း . . . ဒီကိစ္စက ရဲနန်ရှန်ကိုအပြစ်ပြောလို့လည်း မရဘူးလေ . . .”
“ရဲမျိုးနွယ် ဟုတ်လား မင်းကြီး . . . မော်တယ်ကမ္ဘာမှာ ရဲ ဆိုတဲ့ နာမည်နဲ့ မျိုးနွယ် မရှိပါဘူး။ ရဲနန်ရှန်လို သူရဲကောင်းကို မွေးထုတ်ပေးနိုင်တဲ့ မျိုးနွယ်စုဆိုတော့ ပေါ့သေးသေး ဟုတ်ဟန် မတူဘူး။ နောက်ပြီး သူ့မိန်းမကို ဖမ်းထားတာကျတော့ နောက်ထပ် အင်အားကြီး မျိုးနွယ်စု တစ်စု ဖြစ်နိုင်တယ် . . .”
ဘုရင်လည်းဆရာကြီးစွန်း၏ ထင်ကြေးများအပေါ်ထပ်မံ၍ ရှင်းပြခြင်း မပြုတော့ချေ။
ဆရာကြီးစွန်းနှင့် ဝမ်ကုန်းကုန်းတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိလိုက်ကြသည်။ နှစ်ဦးစလုံး၏ မျက်နှာတွင်စိတ်ရှုပ်ထွေးမှုများဖြင့်ပြည့်နှက်နေပြီး စိတ်ထဲတွင်လည်း –
[မော်တယ်ကမ္ဘာမှာ ရဲမျိုးနွယ်ဆိုတာ မရှိဘူးဆိုတော့ အထက်ပိုင်း နယ်ပယ်တွေကလား . . .]
ထိုသို့တွေးမိလိုက်သည်နှင့်သူတို့နှစ်ဦး၏ စိတ်ထဲတွင်အံ့ဩသွားကာ –
[ဒါဆိုရင် ရဲနန်ရှန်က . . .]
ဘုရင်၏ စိတ်ထဲတွင်မူဖြေမဆည်နိုင်အောင်ဖြစ်လျက်ရှိသည်။
ဘုရင့်နိုင်ငံတော်ကြီး တစ်ခုလုံး၏ အနာဂတ်သည် ရဲနန်ရှန်ပေါ်တွင်မူတည်နေသည်။
အကယ်၍ ရဲရှောင် သေသွားသည့်တိုင် ရဲနန်ရှန်သည်နိုင်ငံတော်အတွက် ပေးဆပ်ကာကွယ်သွားမည် ဆိုပါက နိုင်ငံတစ်ဝှမ်းလုံး လုံခြုံနေမည် ဖြစ်သည်။
သို့သော် ရဲနန်ရှန် စိတ်ဓာတ်ကျသွားမည် ဆိုပါက နိုင်ငံတော်ကြီး တစ်ခုလုံးသည်လည်း အဆုံးသတ်နိဂုံး ချုပ်သွားနိုင်ပေသည်။
တိုက်ပွဲများ ဖြစ်ပေါ်နိုင်သည့် အရပ်လေးမျက်နှာတွင်ရဲနန်ရှန်ရှိသောမြောက်ပိုင်းသည်လူတိုင်း၏မျှော်လင့်ချက်ပင်ဖြစ်သည်။ ကျန်အရပ်မျက်နှာ ရှိလူများသည်မြောက်ပိုင်းတွင်အောင်နိုင်ပြီး စစ်ကူအဖြစ်ရောက်ရှိလာမည့်ရဲနန်ရှန်အားစောင့်စားနေကြသည်။
သို့မှသာ စစ်ပွဲနိုင်ရန်အတွက်မျှော်လင့်ချက်ရှိလာနိုင်ပေသည်။ အကယ်၍ မြောက်ပိုင်းတွင်သာ အရှုံးဖြင့် စတင်ရင်ဆိုင်ရမည် ဆိုပါက ကျန်အပိုင်းများတွင်လည်း အ ရှုံးဖြင့်ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ထိုအခါ ချန်နိုင်ငံတော်ကြီးလည်း အဆုံးသတ် သွားပေလိမ့်မည်။
ဘုရင်၏ စိတ်ထဲတွင်ရဲရှောင်အား ပြဿနာ ရှာခဲ့သော လူရှုပ်လူပွေလေးများ၏ တစ်မျိုးလုံးအား အမှုန့်ချေပစ်ချင်နေသည့်စိတ်များ တဖွားဖွားဖြင့်ပင်ပေါ်ပေါက်နေလေသည်။
သူ၏ဒေါသများသည်ငယ်ထိပ်သို့ပင်ရောက်နေပြီး –
“ဒီလောက် အကျပ်အတည်း ဖြစ်နေချိန်မှ ပြဿနာ သွားရှာရတယ်လို့ကွာ။ အားလုံး သေကို သေသင့်တယ်. . .”
. . .
မြောက်ပိုင်း စစ်မြေပြင်တွင် ဖြစ်သည်။
အလံများသည် လေထဲတွင် တလူလူ လွင့်လျက် ရှိသည်။
မရေမတွက်နိုင်သော စစ်သည်များသည် မြက်ပင်များအကြားတွင်ရေလှိုင်းများကဲ့သို့ တရွေ့ရွေ့ သွားေနကြသည်။ စစ်သည်တော်များ၏ ချပ်ဝတ်တန်ဆာများသည်တလက်လက်ဖြင့်တောက်ပြောင်လျက်ရှိသည်။ ထိုလူများသည် မြောက်ပိုင်း စစ်သူကြီး ရဲနန်ရှန်၏ စစ်သည်တော်များပင် ဖြစ်သည်။
အင်အား ၃ သိန်းအား အုပ်စု ၈ ဖွဲ့ခွဲထားသည့်တိုင်သလဲသီးလေးများ စီထားသကဲ့သို့ စီစီရီရီဖြင့် ပင်ရှိနေကြသည်။
ထိုစစ်တပ်ြကီး၏ အလယ်တွင်မူ ကြီးမားလှသော အလံတော်ကြီးအား လွှင့်ထူထားသည်။ ထိုအလံမှာ စစ်တပ်၏ အကြီးအကဲ ခေါင်းဆောင်ဖြစ်သူ ရဲနန်ရှန်၏ အလံအမှတ်အသားပင် ဖြစ်သည်။
အလံတော် တလူလူ လွင့်နေသ၍မြောက်ပိုင်းစစ်တပ်သည်ဘယ်သောအခါမှ ရှုံးနိမ့်လိမ့်မည်မဟုတ်ဟု စစ်သည်တော်များက ခံယူထားကြသည်။
အလံနှင့်မြောက်ပိုင်းတပ်ဖွဲ့သည်တစ်သွေးတည်း တစ်သားတည်းပင်ဖြစ်သည်။
လူ ရိုင်းအုပ်စု တစ်စုသည် အရှေ့မှ ထွက်ပြေးနေကြသည်။စစ်သည်များ၏ အလယ်ရှိ စစ်သူကြီး တစ်ဦးသည် လေးနှင့်မြှားများကို ကိုင်စွဲလျက် မြား ၁၀ စင်းအား တစ်ပြိုင်နက်တည်း ပစ်လွှတ် လိုက်၏။ မြှားများသည်လေအဟုန်ကိုခွင်း၍ ပျံသန်းသွားပြီးရှေ့မှ ပြေးနေသော လူ ရိုင်း ၁၀ ယောက်အား ထိမှန် သေဆုံး သွားစေသည်။
မြှားများသည်တရစပ်ပျံသန်းသွားပြီးကောင်းကင်ယံတွင်လည်း မြှားမိုးများ ရွာနေသည့်အတိုင်း ပြည့်နှက်လျက်ရှိသည်။ မြှားပစ်သူမှာမူ တစ်ဦးတည်းပင်။
မြှားမိုးများအကြားတွင်ရန်သူများသည်အတုန်းအ ရုံးပင်လဲကျသေဆုံးသွားကြသည်။
မြားပစ်သောလူသည် မြားကို ပြန်ချလိုက်၏။
သူ၏ ပုံစံသည်ငယ်ရွယ်သေးသည့်ပုံပေါ်သော်လည်း မျက်လုံးများမှာမူ စူး ရှတောက်ပလျက်ရှိသည်။
ထိုအချိန် သူ၏ နောက်မှ –
“စစ်သူကြီးမာ . . . စစ်သူကြီးချုပ်က ခေါ်ခိုင်းလိုက်ပါတယ် . . .”
“ကောင်းပြီ . . .”
စစ်သူကြီးမာသည် ခပ်လှမ်းလှမ်းရှိ အလောင်းများအား ငေးကြည့်လိုက်သည်။သူ၏ မျက်နှာမှာမူအေးစက်စက် မာကြောလျက်ရှိသည်။ ထို့နောက်မြင်းအားခြေဖြင့်တစ်ချက်ကန်လိုက်ရင်း ထွက်ခွာသွားလေသည်။
“ဟိုင်းယား . . .”
စစ်သူကြီးမာသည် ရွက်ဖျင်တဲကြီး ရှိရာသို့ ပြန်လည် ရောက်ရှိ လာသည်။ သူ့အတွက်မူ အကြီးအကဲ စစ်သူကြီး၏ အမိန့်သည် နတ်ဘုရားတစ်ပါး၏ အမိန့်ကဲ့သို့ အရေးကြီးလှပေသည်။
အနည်းငယ်မျှပင် နောက်ကျ၍ မဖြစ်ချေ။
ရန်သူများ၏နောက်သို့ လိုက်လံနှိမ်နင်းနေကြသည့် အခြားသော စစ်သူကြီး ၇ ဦးသည်လည်း ချက်ချင်းပင် ပြန်လည်ရောက်ရှိ လာကြသည်။
ရွက်ဖျင်တဲကြီး အတွင်းတွင် ဖြစ်သည်။
မုတ်ဆိတ်မွေး၊ ပါးသိုင်းမွှေးများ မရှိဘဲ ခန့်ညားသော သက်လတ်ပိုင်းအရွယ် လူတစ်ဦးသည် အကြီးအကဲ ထိုင်ခုံပေါ်တွင် ထိုင်နေလေသည်။ ထိုလူသည်သပ်ရပ်စွာ ဝတ်စားထားသည့်အပြင်ချောမောခန့်ညားသော ဥပဓိ ရုပ် သွင်ပြင်မျိုးလည်း ရှိလေသည်။ ထို့ပြင်အတွေ့အကြုံ ရင့်ကျက်သည့် လူတစ်ဦး၏ ဟန်ပန်မျိုးလည်း ရှိ၏။ ထိုမျှသာမကသေး ပညာဗဟုသုတ ဝမ်းစာပြည့်ဝသည့်အသွင်လည်းဆောင်နေပြန်သည်။ မသိသည့်လူတစ်ယောက်သာဆိုလျှင်သူ့အား စစ်သည်ပေါင်းမြောက်များစွာကို ကြီးကြပ် ကွပ်ကဲနေသည့် စစ်သူကြီး တစ်ဦးဟု ထင်မိမည်မဟုတ်ချေ။
သူ၏ နောက်ဘက်တွင် ချိတ်ဆွဲထားသည့် ရှေးဟောင်းဓားအား ကြည့်ခြင်းအားဖြင့်သူသည်ပညာရှင်တစ်ဦး ဖြစ်ကြောင်း ညွှန်ပြနေသလိုပင်။
သူသည် ရဲရှောင်၏ အဖေပင် ဖြစ်၏။
တိုက်ပွဲတစ်ပွဲမျှ မ ရှုံးနိမ့်ဘူးသော ချန်နိုင်ငံတော် မြောက်ပိုင်း စစ်တပ်ကြီး၏ စစ်နတ်ဘုရားပင် ဖြစ်သည်။
သူ၏ အမည်မှာ ရဲနန်ရှန် ပင်ဖြစ်သည်။
အပြင်ဘက်မှ ကဆုန်စိုင်း၍ စီးနှင်းလာသည့် မြင်းခွာသံများကို ကြားလိုက်ရပြီးနောက် ရဲရင့် ပြတ်သားသည့် ဟန်ပန်မျိုး ရှိသည့်လူများ တစ်ဦးပြီးတစ်ဦး ဝင်လာကြသည်။ ထိုလူ ၈ ဦးလုံးသည် တစ်ပြိုင်တည်း ရောက်ရှိလာကြခြင်း ဖြစ်သည်။
ထိုလူ ၈ ယောက်အပြင် ရွက်ဖျင်တဲ အတွင်းတွင် နဂိုကတည်းက လူ၂ ဦး ရှိနှင့်ပြီးသား ဖြစ်သဖြင့် စုစုပေါင်း ၁၀ ယောက် ဖြစ်သွားသည်။
အမှန်တကယ်တွင်မူ ၁၀ ယောက်ထက် ပိုရမည် ဖြစ်သော်လည်း အားလပ်ရက် အလှည့်ကျ သဖြင့်ရောက်မလာကြခြင်း ဖြစ်သည်။
ရဲနန်ရှန်သည် သူ၏ စစ်သူကြီး အယောက်၂၀ အား နဂါး ၁၀ ကောင်နှင့် ကျား ၁၀ ကောင်ဟု အမည်ပေးထားသည်။
ရဲနန်ရှန်သည် သူ၏ စစ်သည်များအား အရှေ့၊ အနောက်၊ တောင်၊ မြောက်နှင့် အလယ် ဟူ၍ အုပ်စု ၅စု ခွဲထားလေသည်။
အုပ်စုတစ်စုစီအတွက် စစ်သူကြီး ၂ ဦးစီအား တာဝန်ပေးထားသည်။
စစ်သူကြီး ၁ ယောက်ချင်းစီတွင် နဂါး ၁၀ ကောင် အဖွဲ့နှင့် ကျား ၁၀ ကောင် အဖွဲ့မှ ၁ ယောက်စီ အား ဒုတိယစစ်သူကြီးများအဖြစ် တာဝန်ခွဲအပ်ထားလေသည်။
ထို့ကြောင့် အုပ်စု တစ်စုတွင် စစ်သူကြီး ၁ ဦးနှင့် ဒုတိယ စစ်သူကြီး ၂ ဦးစီ ရှိလေသည်။
စုစုပေါင်းအားဖြင့် စစ်သူကြီး အယောက် ၃၀ ရှိသည်။
ထိုစစ်သူကြီးများသည် ရဲနန်ရှန်၏ ပင်မဒေါက်တိုင်များ ဆိုလျှင်လည်း မမှားချေ။
အဆိုပါ စစ်သူကြီး အယောက်၃၀အား မြောက်ပိုင်းတွင် တစုတဝေးတည်းတွေ့ရလိမ့်မည်မဟုတ်ပေ။
တိုက်ပွဲ ဖြစ်နေသည့်တိုင် ကျန်စစ်သူကြီး ၅ ဦးနှင့် အဆိုပါ စစ်သူကြီးများနှင့် သက်ဆိုင်ရာ ဒုတိယ စစ်သူကြီးများသည်အားလပ်ရက် ရစမြဲပင်။
ရဲနန်ရှန်မှ အားလပ်ရက် မပြီးမချင်း ပြန်မလာရန် အမိန့်ထုတ်ထားလေသည်။
ရဲနန်ရှန်မှ သူ၏ စစ်သည်များအား အမြဲပြောလေ့ ရှိသည့်စကားများမှာ –
“စစ်သားဆိုတာလည်း အသွေးနဲ့ အသားနဲ့ တည်ဆောက်ထားတဲ့ လူတွေပဲ၊ စစ်သားေတွလည်း အနားယူဖို့ လိုအပ်တယ်။ အနားယူပြီး အားပြည့်မှ ကျန်းမာမယ်ပျော်ရွှင်မယ်။ အေး . . . တိုက်ခိုက်တဲ့ အချိန်ရောက်ရင်လည်း ရွပ်ရွပ်ချွံချွံ နဲ့ကိုတိုက်ခိုက်ရမယ် . . .”
“မင်းတို့တွေ မရှိချိန်တိုက်ပွဲ ရှုံးခဲ့ရင်တောင်အဲ့ဒါ မင်းတို့ကြောင့်မဟုတ်ဘူး။ မင်းတို့ မရှိလည်း ကမ္ဘာကြီးက လည်ပတ်နေမှာပဲ။ မင်းတို့ရှိလည်း လည်ပတ်နေမှာပဲ။ မင်းတို့မရှိရင် မဖြစ်ဘူး ဆိုပေမဲ့ မင်းတို့ မရှိဘဲ ဖြစ်သွားခဲ့တာတွေ အများကြီးပဲ . . .”
“အဲဒါကြောင့် တိုက်ပွဲရောက်နေချိန်မှာလည်း အကောင်းဆုံး ကြိုးစား တိုက်ရမယ်။ အနားယူနေတဲ့ အချိန်ကျရင်တော့ ဒီကတိုက်ပွဲ ဘာဖြစ်ဖြစ် မင်းတို့နဲ့ လုံးဝ မဆိုင်ဘူး။ အကောင်းဆုံး ကြိုးစား တိုက်ခိုက်ပေးမဲ့ လူတွေ ဒီမှာ ရှိနေတယ်။ မင်းတို့ အလှည့်မကျသေးတဲ့ အတွက် စိုးရိမ်စရာ မလိုဘူး”
ရဲနန်ရှန်၏ တပ်သားတစ်ဝက်သည် နေရပ်တွင် ပြန်၍ အလှည့်ကျ အနားယူ ကြရသည်။
အဆိုပါ အစီအစဉ်သည်ရဲနန်ရှန် ဦးဆောင်သော မြောက်ပိုင်းတွင်သာ အကျုံးဝင်လေသည်။
သူ၏ တပ်သားတစ်ဝက်ခန့် လျော့သွားသော်လည်း ကျန် ရှိနေသည့်စစ်သည်တော်များသည်ပြောင်မြောက်စွာဖြင့်ပင်တိုက်ပွဲဝင်နိုင်ကြသည်။ ထို့ကြောင့်ပင် သူ၏ တပ်အား “ကမ္ဘာ့အကောင်းဆုံးတပ်” ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။
ရဲနန်ရှန်၏ ရွက်ဖျင်တဲသည် အကြီးကြီး မဟုတ်ချေ။ သူ့ထိုင်ခုံမှလွဲ၍ ချထားသော ခုံသည် စုစုပေါင်းမှ ၁၅ ခုံသာ ရှိပေသည်။
ရှေ့ပိုင်းရှိ ၅ ခုံသည် စစ်သူကြီး ၁၀ ဦးအနက်မှ အလှည့်ကျ ၅ ဦး၏ နေရာပင် ဖြစ်ပြီး နောက်မှ ၁၀ ခုံသည်လည်း ထို့အတူပင် ဖြစ်၏။
ရွက်ဖျင်တဲထဲသို့ အဆိုပါ စစ်သူကြီး ၁၅ ဦးသာ တံခါးမရှိ ဓားမရှိ ဝင်နိုင်ထွက်နိုင်ပေသည်။
ထို့ပြင်အလွန်ပြောင်မြောက်သော စွန့်စားမှုများကို ပြုလုပ်နိုင်သည့် စစ်သူကြီးများသာမက စွမ်းစွမ်းတမံ တိုက်ခိုက်ခဲ့ကြသည့် စစ်သည်တော် အချို့သည်လည်း ရွက်ဖျင်တဲထဲသို့ ဝင်နိုင်ပြီး ရဲနန်ရှန်ထံမှ ဆုတော်လာဘ်တော်များ ရလေ့ ရှိသည်။
ယခု ရွက်ဖျင်တဲအတွင်း ဝင်ရောက်နိုင်ရေးသည် မြောက်ပိုင်း စစ်သည်တော်အားလုံး၏ ရည်မှန်းချက် အိပ်မက် တစ်ခုပင် ဖြစ်သည်။
ရဲနန်ရှန်၏ ရွက်ဖျင်တဲ အတွင်းသို့ ဝင်ခွင့်ရ ရှိခြင်းသည်ဂုဏ်ယူစရာကောင်းလှသည့်ကိစ္စဖြစ်ပြီး အတွင်းသို့ ဝင်နိုင်သည့် မည်သူမဆို အချိန်တိုအတွင်း မြောက်ပိုင်းတပ် တစ်ခုလုံးတွင် နာမည်ကြီး သွားတတ်သည်။
ရဲနန်ရှန်သည်လူ ၁၃ယောက်အား ကြည့်ရင်း –
“အခြေအနေ ဘယ်လိုလဲ . . .”
မုတ်ဆိတ်မွှေးများဖြင့်စစ်သူကြီးတစ်ဦးသည်ရယ်မောလိုက်ရင်း –
“လုံးဝ အောင်မြင်ပါတယ်. . .”
အခြားသော စစ်သူကြီးများသည်လည်း ပြိုင်တူရယ်မောလိုက်ကြသည်။
“စစ်သူကြီးချုပ်ရဲ့ ဗျုဟာတွေကြောင့်ရလဒ်တွေကောင်းခဲ့ပါတယ်. . .”
“ဝံပုလွေဘုရင် ဟုလွန်ကတော့ သူတို့ရဲ့ လူ ရိုင်းသမဂ္ဂအုပ်စုလို့ ခေါ်တဲ့ အဖွဲ့ ကျုပ်တို့ ရှေ့မှာ ခွေးပြေးဝက်ပြေး ပြေးနေရမယ်လို့ ထင်ထားမှာ မဟုတ်ဘူး ဟားဟား . . .”
“ဟားဟားဟား . . .”
ဝံပုလွေဘုရင်ဟုလွန် ဆိုသည်မှာ ရဲနန်ရှန် မရောက်ခင်က မြောက်ပိုင်း စစ်သည်များ အားလုံး၏ အိပ်မက်ဆိုးတစ်ခုပင် ဖြစ်သည်။
ရဲနန်ရှန် မြောက်ပိုင်းကို တာဝန်ယူလိုက်ချိန်မှစ၍ ထိုအရာများ အားလုံးသည် ရယ်စရာတစ်ခုကဲ့သို့ပင်ဖြစ်သွားခဲ့သည်။ ကြီးမားသော ပြောင်းလဲမှုကြီး တစ်ခုပင်။
ရဲနန်ရှန်သည်ပြုံးလိုက်ကာ –
“တိုက်ပွဲက အမြဲတမ်း ငါတို့ မျှော်မှန်းထားသလို ဖြစ်နေမှာ မဟုတ်ဘူး။ တစ်ခုမဟုတ် တစ်ခုကတော့ ပြောင်းလဲနေမှာပဲ။ အဲ့ဒီအတွက်ငါတို့တွေ ပေါ့လို့ မဖြစ်ဘူး . . .”
“ဝံပုလွေဘုရင်ဟုလွန် ဆိုတာ ပေါ့သေးသေး မဟုတ်ဘူး။ ဒီရက်ပိုင်းတွေမှာ ဖြစ်လာတဲ့ တိုက်ခိုက်မှု တွေက ပဏာမ တိုက်ခိုက်မှုတွေပဲ ရှိသေးတယ်။ သူ့ရဲ့ အဓိက အင်အားစုကို မသုံးမချရ သေးဘူး . . .”
“ဒီကောင်တွေ ကျုပ်တို့ဆီကို လာရင်လည်း ကျုပ်တို့ရဲ့ စစ်သူကြီးရဲ အရှေ့မှာ လည်လာစင်းပေးသလို ဖြစ်သွားမှာပေါ့ ဟားဟားဟား . . .”
စစ်သူကြီးများ အားလုံးသည် ရယ်မောလိုက်ကြ ပါတော့သည် . . .။