Chapter – 160
“နတ်အဆီစားသောက်ပွဲတော်”
“ဝေါ့ . . .”
ဝမ်ဇန်းဟို၏ဗိုက်ထဲတွင်ရှိသော အစာများသည်ရေပန်းကဲ့သို့ပင်အန်ထွက်ကုန်လေသည်။
ကွမ်ဝမ်ရှန်သည်သူ၏ သူဌေးအား ကြည့်ရင်း အံ့ဩနေမိသည်။ နဂိုက မြိန်ရည်ယှက်ရည်စားနေသော သူဌေးဖြစ်သူသည်ယခုအခါတွင်အဘယ့်အတွက်ကြောင့်ရုပ်ပျက်ဆင်းပျက်အန်နေသည်ကို စဉ်းစား၍ မရနိုင်အောင်ပင်ဖြစ်နေလေသည်။ အန်ဖတ်အနည်းငယ်ပင်သူ၏ မျက်နှာသို့ စင်လာကြသည်။
ကွမ်ဝမ်ရှန်သည် အန်ဖတ်များအား ကြည့်ပြီး ရွံ ရှာလျက်ရှိသည်။
ဝမ်ဇန်းဟိုသည်တစ်ဘဝလုံးစာ စားခဲ့သမျှ အကုန်ပြန်အန်ထွက်နေသည့်အတိုင်း အန်နေသည်မှာ မရပ်တန့်တော့ချေ။မြင်ရသူတိုင်းအတွက်အော်ဂလီဆန်စရာကောင်းလှသည့်မြင်ကွင်းမျိုးပင်။
သူ၏ဘေးတွင်ရပ်နေသည့်အစေခံသည်လည်း မျက်လုံးများပြူး၍ အထိတ်တလန့်ဖြင့်-
[ဘယ်လို ဖြစ်တာလဲ . . . ဘာတွေ ဖြစ်နေတာပါလိမ့် . . .]
နောက်ဆုံးတွင်မူ အအန်ရပ်သွားလေသည်။ ဝမ်ဇန်းဟိုလည်း ထိုင်ခုံပေါ်တွင်ခြေပစ်လက်ပစ်ထိုင်ချလိုက်ရင်း အားမ ရှိတော့သည့်လေသံဖြင့်-
“မြန် . . . မြန်မြန် ဒါတွေကို သန့်ရှင်းပြီးတော့ အဝတ်အစားသစ်တွေ သွားလဲခဲ့ . . .”
ဝမ်ဇန်းဟိုသည်ထပ်မံ၍ အန်ချင်နေသော်လည်း ဝမ်းဗိုက်ထဲတွင်အန်စရာဘာမှ မရှိတော့သည့်အတွက် ခြေကုန်လက်ပန်းကျလျက်ရှိသည်။
ကွမ်ဝမ်ရှန်သည်သူဌေး၏ စကားကြောင့်မျက်နှာမသာမယာဖြင့်ထွက်သွားကာ အဝတ်အစားအသစ်များ လဲလှယ်လိုက်သည်။
အစေခံလည်း ချက်ချင်းပင် အခန်းတစ်ခုလုံးအား သန့်ရှင်းရေးပြုလုပ်လိုက်သည်။ ထို့နောက်သူ၏သူဌေးအတွက် ဂျင်းပြုတ်ရည်တစ်ပန်းကန် ယူလာပေးလိုက်သည်။
ဝမ်ဇန်းဟိုသည် သက်ပြင်းရှည်ကြီး ချလိုက်ရင်း –
“ဘုရား ဘုရား . . . ငါ့လိုလူမျိုး ဘယ်သူမှ ရှိမယ် မထင်ဘူး။ သမိုင်းမှာတောင် စံချိန်တင်နိုင်မယ် ထင်တယ် . . .”
ဝမ်ဇန်းဟို၏ စိတ်ထဲတွင်ဝမ်းနည်းစိတ်နှင့်အတူ ဒေါသများလည်း ထွက်လျက်ရှိသည်။
ထိုအချိန် ကွမ်ဝမ်ရှန်သည် အခန်းထဲသို့ ပြန်ရောက်လာပြီး မျက်နှာမသာမယာဖြင့်-
“စောနက ဘာဖြစ်သွားတာလဲ သူဌေး . . .”
ကွမ်ဝမ်ရှန်သည်သူ၏ ဘဝတစ်ခုလုံးအား လင်းပါအိုလေလံခန်းမအတွက်မြှပ်နှံထားသူပီပီ သူဌေးဖြစ်သူ၏ အကြောင်းကိုလည်းက ကြီးမှ အ အထိ သိသူဖြစ်သည်။ အဘယ့်အတွက်ကြောင့်သူ၏ သူဌေးသည်ယခင်က တစ်ခါမျှ မလုပ်ခဲ့ဘူးသော ထူးဆန်းသော အပြုအမူများ လုပ်နေသည်ကို စဉ်းစား၍ မရနိုင်အောင်ပင်ဖြစ်နေလေသည်။
ဝမ်ဇန်းဟိုသည် ကွမ်ဝမ်ရှန်အား အားအင်ချိနဲ့စွာဖြင့်လှမ်းကြည့်လိုက်ရင်း ဖြစ်ကြောင်းကုန်စင်ကို အားရပါးရပြောပြလိုက်ချင်သော်လည်းပြောမထွက်နိုင်ဖြစ်လျက်ရှိသည်။ စိတ်ထဲတွင်မူ –
[ငါ့ကို ဘာများပြောစေချင်နေလို့လဲ . . . မင်းစားခဲ့တဲ့ အဆီတွေက ငါ့ဆီကပါလို့ ပြောရမှာလား၊ မင်းက ငါ့ကို အဲဒီလို ပြောစေချင်တာလား၊ ငါကလည်း ကိုယ့်အဆီတွေ ကိုယ်ပြန်စားပြီး ချီးမွမ်းနေမိသေးတယ်။ မင်းတို့ကလည်း ငါ့ဆီက အဆီတွေစားပြီး အရသာသိပ်ရှိကြောင်း ချီးကျူးနေကြတယ်ပေါ့။ တကယ် ရှက်ဖို့ ကောင်းလိုက်တာကွာ . . .]
“ဘယ်လိုပဲဖြစ်ဖြစ် ဒီအဆီတွေ စားဖိုမှူးကို မသုံးခိုင်နဲ့တော့၊ ဘယ်သူမှ စားခွင့် မရှိဘူး။ ငါပြောတာကို နားလည်တယ် မဟုတ်လား . . .”
ဝမ်ဇန်းဟိုသည်ထိုစကားများအား စိတ်ရှိလက်ရှိပင်ပြောလိုက်ချင်သော်လည်း ထိုကဲ့သို့ အတင်းအကြပ်ပြောလိုက်ပါက သူ့အပေါ် သံသယဝင်သွားမည်ကိုလည်း စိုးရိမ်နေမိသည်။ ထို့ကြောင့်တစ်ချက်ပြုံးလိုက်ရင်း –
“အခုကစပြီး ဒီလို အဆီမျိုးနဲ့ ချက်တဲ့ ဟင်းမှန်သမျှ ငါမစားတော့ဘူး။ အင်း . . . အဆီတင် မဟုတ်ဘူး၊ အဆီပါတဲ့ ဟင်းမျိုးကိုလည်း မစားတော့ဘူး။ ငါအခု ပိန်အောင် လုပ်နေတာ။ ဘယ်လောက်ပဲ အရသာရှိရှိ ငါလုံးဝ မစားဘူး . . . နားလည်တယ် မဟုတ်လား . . .”
ဝမ်ဇန်းဟို၏ စကားကြောင့်လူတိုင်းသည် အံ့ဩကုန်ကြသည်။ သူတို့အားလုံး၏ စိတ်ထဲတွင်မူ –
[ပိန်အောင် လုပ်တယ် ဟုတ်လား . . .ကောင်းလိုက်တဲ့ ဆင်ခြေ။ ဒါပေမယ့်စောနက သူအန်နေတဲ့ ကိစ္စကိုတော့ ဘယ်သူမှ စိတ်မဝင်စားအောင်လုပ်လို့ရမယ်များ ထင်နေလား . . .]
ဝမ်ဇန်းဟို၏ စကားကြောင့်အားလုံး၏ စိတ်ထဲတွင်သံသယ ဝင်သွားကြသော်လည်း မည်သူကမျှမေးခွန်းမထုတ်ရဲ ၊ ခွန်းတုံ့မပြန်ရဲကြပေ။
သူတို့၏ သူဌေးဖြစ်သူသည်တစ်ခုခုအား ဖုံးကွယ်ရန်ကြိုးစားနေသည်ကို အားလုံး ရိပ်စားမိလိုက်ကြသည်။
သူဌေးဖြစ်နေသည့်အတွက် ကျိုးကြောင်းဆီလျော်မှု မရှိသည့် ဆင်ခြေပင် ဖြစ်လင့်ကစား မည်သူကမျှ သူဌေးနှင့်ပြိုင်၍ ငြင်းဆန်ဝံ့မည်မဟုတ်ချေ။
ဝမ်ဇန်းဟိုသည်သူ၏ အဆီများနှင့်ပက်သက်၍ ဖြစ်လာနိုင်သည့်အကျိုးဆက်များအားရှည်ရှည်ဝေးဝေးပင်စဉ်းစားနေမိသည်။
အကယ်၍လေလံခန်းမမှ ချက်ပြုတ်သော အရသာရှိသည့် ဟင်းလျာများ အကြောင်းအား အပြင်လူများသာ သိသွားမည်ဆိုပါက ဟိုးလေးတကျော်ကျော်ပင်ဖြစ်သွားပေလိမ့်မည်။
ထိုအဆီများဖြင့် ချက်ပြုတ်ထားသော ဟင်းများအား မြည်းကြည့်ချင်ကြသည့်အတွက်လူအားလုံးသည် စားဖိုဆောင်ရှေ့တွင် ပန်းကန်လုံးများ ကိုယ်စီကိုင်၍ တန်းစီစောင့်နေကြမည်မှာသေချာပေါက်ပင်။
အစောပိုင်းတွင်လူများသည်အဆီများများဖြင့်ချက်ထားသော ဟင်းများကို စားနိုင်မည်ဖြစ်သော်လည်းအချိန်ကြာလာသည်နှင့်အမျှ ဟင်းထဲတွင်အဆီပါဝင်မှုနှုန်း လျော့နည်းသွားမည် ဖြစ်သည်။
လူများသည်အဆီဖြင့်ချက်ထားသော ဟင်းများအတွက် အလုအယက်တိုးဝှေ့၍စောင့်ဆိုင်းနေသည့်မြင်ကွင်းသည်သူ့အတွက်အထူးအဆန်း သဖွယ်ပင်ဖြစ်နေပေလိမ့်မည်။
လင်းပါအိုခန်းမ၏ သူဌေးဖြစ်သူသာ အဆိုပါ အဆီများကို ရရှိအောင် စွမ်းဆောင်နိုင်သည် ဟုလည်း ယုံတမ်းစကားများပင်ပြောလာနိုင်ကြသည်။ သို့သော်မည်သူကမျှ အကြောင်းအရင်းမှန်ကို ရှာတွေ့လိမ့်မည် မဟုတ်ချေ။
တကယ်တမ်းတွင်မူ ထိုအဆီများသည်သူ၏ ခန္ဓာကိုယ်မှထွက်ပေါ်လာသော အဆီများသာ ဖြစ်ပေသည်။
သူ၏ ခန္ဓာကိုယ်မှ ထွက်သော အဆီများဖြင့် ချက်ပြုတ်ထားသည့် ဟင်းများအား အာသာငမ်းငမ်း စားနေကြသည့်လူများအား အထူးအဆန်းသဖွယ်ငေးကြည့်နေမိမှာသေချာပေါက်ပင်။
သူ့ခန္ဓာကိုယ်မှ ထွက်သော အဆီများဖြင့်စားသောက်ပွဲကြီးများပင် ကျင်းပနိုင်ပါသေးသည်။
ထိုကဲသုိ့ ကျင်းပသော နှစ်သည် ပျော်ရွှင်စရာ နှစ်တစ်နှစ် ဖြစ်ပေလိမ့်မည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အဆီများသည် ကုန်ဆုံးသွားပေလိမ့်မည်။ မည်သူကမျှ ထပ်မံ၍ ရှာဖွေနိုင်လိမ့်မည် မဟုတ်ချေ။
နှစ်ပေါင်း ၁၀၀ ခန့် ကြာပြီးနောက် တစ်ခါထပ်မံ၍ ပေါ်လာနိုင်ပေသည်။ သို့သော်လည်း ဇလုံကြီး ၂ လုံး ၃ လုံးစာသာ ရရှိနိုင်လိမ့်မည်။
ရှားပါးလာလေလေ တန်ဖိုးကြီးလာလေလေ ဖြစ်သည်မှာ ဓမ္မတာပင်။
အဆီများ ပြန်လည်ရရှိနိုင်သည့် နေ့မျိုးတွင် ပျော်ရွှင်စရာ စားသောက်ပွဲကြီးတစ်ခု ပြန်လည်ကျင်းပကြလိမ့်မည်။
ထိုစားသောက်ပွဲအား နတ်အဆီစားသောက်ပွဲတော် ဟုပင် တင်စား၍ခေါ်ဆိုကြလိမ့်မည်။
အချိန်ကြာလာသည်နှင့်အမျှ လေလံခန်းမကြီးလည်း ဖန်ဇီလင်၏ ဦးဆောင်မှု အောက်တွင် ကြီးသထက် ကြီးလာပေလိမ့်မည်။
ထိုအခါ နတ်အဆီစားသောက်ပွဲသည်လည်း မော်တယ်ကမ္ဘာ၏ အရေးကြီး အထိမ်းအမှတ် ပွဲတော် တစ်ခုအဖြစ် ဖြစ်ပေါ်လာမည် ဖြစ်သည်။
နှစ်စဉ် ဂျူလိုင်လ ၁၈ ရက်နေ့ဟု သတ်မှတ်ကြပေလိမ့်မည်။
နှစ်ပေါင်း တစ်သောင်းခန့် ကြာပြီးနောက်ပိုင်းတွင်ထိုပွဲတော်အား အဘယ်ကြောင့် စတင် ကျင်းပခဲ့ကြသည်ဆိုသည်ကို မည်သူကမျှ သိကြတော့မည် မဟုတ်ချေ။ ပွဲတော်နာမည်သည်လည်း ခေတ်ကာလ အလျောက် ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပေသည်။ သို့သော် ပွဲတော်မှာမူ ထာဝရ ကျင်းပသွားမည်မှာ အသေအချာပင်။
မော်တယ်ကမ္ဘာကြီး၏ ယဉ်ကျေးမှုပွဲတော် တစ်ရပ်ပင် ဖြစ်လာပေလိ်မ့်မည်။
. . .
နောက်တစ်နေ့ ညသို့ ရောက်သောအခါ ရဲရှောင်သည် သူ၏ ကတိအတိုင်း လေလံခန်းမသို့ရောက်လာခဲ့သည်။
ရဲေ ရှာင်သည်ဝမ်ဇန်းဟို၏ အခန်းထဲသို့ ဝင်လိုက်သောအခါ တစ်စုံတစ်ခု ထူးဆန်းနေသည်ကိုခံစားလိုက်ရသည်။
ဝမ်ဇန်းဟိုသည် တစ်ရက်အတွင်း အသက် ၁၀ နှစ်လောက် ကြီးသွားသည့် ရုပ်အတိုင်းညှိုးငယ်စွာဖြင့် ရှိနေသည်။ သူ၏ ပုံစံသည်ကုန်းပေါ်ရောက်နေသည့် ငါးတစ်ကောင်လို ဖြစ်နေလေသည်။
မျက်တောင်ခတ်ရန်ပင် အားမရှိသည့် ပုံစံပင်ပေါက်လျက်ရှိသည်။
ဝမ်ဇန်းဟို၏ ပုံစံအားကြည့်ရင်း ရဲေ ရှာင်သည်အံ့ဩတကြီးဖြင့်-
“ခင်ဗျား ဘာဖြစ်နေတာလဲ . . . ဘာတွေ ဖြစ်ခဲ့လို့လဲ . . .”
ဝမ်ဇန်းဟိုသည်သူ၏ လက်အောက်တွင် ရုပ်သေး ရုပ် တစ် ရုပ်ကဲ့သို့ နေထိုင်ရမည်ကို ဝမ်းနည်းစရာ ကောင်းသည်ဟု ခံစားမိနိုင်သော်လည်း ယခုကဲ့သို့ သေချင်စိတ် ပေါက်နေသည်အထိခံစားနေစရာ အကြောင်းတော့ မ ရှိချေ။
ဝမ်ဇန်းဟိုသည် အသက်ယဲ့ယဲ့သာ ရှိတော့သော လူတစ်ယောက်ပုံစံပင်ပေါက်နေလေသည်။
အ ရိုးပျော်လက်ဝါး ရိုက်ချက်စာ မိချင်ယောင် ဆောင်နေသော ရဲရှောင်ထက် အနည်းငယ်သာ ပိုသာသည့် ပုံစံမျိုးပင်ဖြစ်နေလေသည်။
ဝမ်ဇန်းဟိုသည်ရဲေ ရှာင်အား ကြည့်ရင်း –
“ဆရာဖန် . . .”
“နောက်ဆုံးတော့ ခင်ဗျား ရောက်လာပြီပေါ့ . . .”
ဝမ်ဇန်းဟိုသည်အားယူရင်း မတ်တပ်ထရပ်လိုက်သည်။ သူ၏ ပုံစံသည်လေတိုက်သည်နှင့်လဲကျသွားတော့မည့်အနေအထားပင်ပေါက်နေလေသည်။
ဝမ်ဇန်းဟို ယခုကဲ့သို့ ဖြစ်နေသည်ကို မည်သူကမျှ မြင်ဖူးခဲ့ကြလိမ့်မည် မဟုတ်ချေ။
ဝမ်ဇန်းဟိုသည် ထပင် မထချင်သော်လည်း သူ့အနာဂတ်အား ပုံအပ်ရမည့် ဖန်ဇီလင်၏ အရှေ့တွင်မူ မလေးမစား မလုပ်ဝံ့ပေ။
ဝမ်ဇန်းဟိုသည်တည်ငြိမ်သော အသံဖြင့်-
“ကျုပ် ဆုံးဖြတ်ပြီးပါပြီ။ အခုကစပြီး ခင်ဗျားရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပါတော့မယ် . . .”
သူ၏ အသံတွင် သစ္စာရှိမှု နှင့်ပြတ်သားမှုများ ပါဝင်နေသည်။
သို့သော် သူ၏ ခြေလက်များသည်မသယ်နိုင်လောက်အောင်ကိုပင်လေးတိလေးကန် ဖြစ်နေသည်။ စကားများများ ပြောရန်ပင် အားမရှိပေ။
ရဲေ ရှာင်လည်း ဝမ်ဇန်းဟိုအား ကြည့်ရင်း –
“ဝမ် . . . ခင်ဗျားကြည့်ရတာ အဆင်မပြေလိုက်တာ . . .တော်တော်ကို ပင်ပန်းနေတဲ့ပုံပဲ . . .”
“အခု ခင်ဗျား စိတ်ထဲ ဘယ်လို ခံစားနေရသလဲ ဆိုတာ ကျုပ်သိပါတယ်။ ခင်ဗျားအတွက် သစ္စာခံရတဲ့လူ ပြောင်းသွားတာ နည်းနည်းတော့ ခက်ခဲမှာပဲ။ ဒါပေမဲ့
နောင်တစ်ချိန်ကြရင်ခင်ဗျားရဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ်ဆိုတာ သိလာပါလိမ့်မယ်။ အချိန်က စကားပြောသွားမှာပါ . . .”
ဝမ်ဇန်းဟိုလည်း –
“မ . . . မဟုတ်ပါဘူး . . . ကျုပ်အခုကတည်းက သိပြီးသားပါ။ ဒီက ဆရာဖန်နဲ့ ပူးပေါင်းရင် ကျုပ်ဘဝ အကြီးအကျယ် ပြောင်းလဲသွားမှာ သေချာပါတယ် . . .”
ရဲရှောင်လည်း စိတ်ရှုပ်ထွေးဟန်ဖြင့် –
“ဒါဆို . . . ခင်ဗျားကိုယ် ခင်ဗျားလည်း ကြည့်ဦး . . . ဘယ်လိုတွေတောင်ဖြစ်ပျက်နေတာလဲ . . .”
ရဲေ ရှာင်၏ စကားကြောင့်ဝမ်ဇန်းဟိုသည်ငိုချင်ရက်လက်တို့ပင်ဖြစ်သွားသည်။ ရဲေ ရှာင်အား ဖြစ်ကြောင်းကုန်စဉ်ပြောသင့်မပြောသင့်စဉ်းစားနေလေသည်။
ရဲရှောင်လည်း ဝမ်ဇန်းဟိုအား ကြည့်ရင်း –
“ခင်ဗျားကို ကျုပ်ပေးတဲ့ ဆေးလုံး သောက်ပြီးပြီလား၊ ဘယ်လိုနေလဲ . . .”
ရဲေ ရှာင်သည်သူ၏ ဆေးလုံးနှင့် ပတ်သက်၍ အပြည့်အဝ ယုံကြည်ထားသည်။ သို့သော် ဝမ်ဇန်းဟိုသည် အလွန်အမင်း ဝလွန်းသဖြင့် အမှန်တကယ်ပိန်သွားသလားဆိုသည်ကိုတော့ဝေခွဲမရအောင်ပင်ဖြစ်နေလေသည်။
ဝမ်ဇန်းဟိုလည်း သက်ပြင်းချလိုက်ရင်း –
“အလုပ်ဖြစ်တာကတော့ပြောမနေနဲ့။ ကျုပ်ရဲ့ပေါင် ၁၀၀ ကျော်လောက် ရှိတဲ့ အဆီတွေကို ထုတ်နိုင်ခဲ့တယ်လေ။ တကယ်ကို ကောင်းတဲ့ ဆေးလုံးပါပဲဗျာ . . .”
ဝမ်ဇန်းဟို ပြန်ပြောလိုက်သည့်စကားကြောင့်ရဲရှောင်လည်း အံ့ဩသွားကာ –
“အာ . . . အဲဒါဆို ခင်ဗျား ပျော်နေရမှာ မဟုတ်ဘူးလား . . .”
ရဲေ ရှာင်သည်ဝမ်ဇန်းဟိုအား ကြည့်ရင်း စိတ်ထဲတွင်-
[အလုပ်ဖြစ်တယ်ဆို ပျော်နေတဲ့ပုံ ပေါက်ရမှာပေါ့။ ဒီလူ အပျော်လွန်ပြီးတော့များ ရူးသွားတာလား။ ဘယ်လိုပဲဖြစ်ဖြစ် ပုံမှန် မဟုတ်တာတော့ သေချာတယ်။ သွယ်လျဆေးမှာ ဒီလို ဘေးထွက်ဆိုးကျိုး ရှိတယ်လို့တော့ ငါလည်း မမှတ်မိဘူး။ ဒါပေမဲ့ နာကျင်မှုတွေကြောင့်များ ဒီလို ဖြစ်သွားခဲ့တာလား . . .]
ဝမ်ဇန်းဟိုလည်း တိုးညှင်းသောလေသံဖြင့်-
“ကျုပ်ပျော်တာပေါ့၊ တကယ်ကို ပျော်ပါတယ်။ အရမ်း အရမ်းကို ပျော်တာပါဗျာ . . .”
“ဒါပေမဲ့ ဟိုခွေးကောင်တွေက ကျုပ်ရဲ့ အဆီတွေကို မလွှင့်ပစ်ကြဘူးလေ . . .”
ဝမ်ဇန်းဟို၏ စကားကြောင့်ရဲေ ရှာင်နားမလည်နိုင်အောင်ပင်ဖြစ်သွားရင်း –
“အန် . . .”
“အင်း . . . အဲ့ဒီ အဆီတွေက ဘာဖြစ်သွားလို့တုန်း . . .”
ဝမ်ဇန်းဟို ဝမ်းပန်းတနည်း ဖြစ်နေသည့် ပုံကိုကြည့်ရင်း ရဲရှောင်လည်း ဖြစ်နိုင်ချေ ရှိသည့် အရာမှန်သမျှကို စဉ်းစားကြည့်လိုက်မိသည်။ မဖြစ်နိုင်သော်လည်း လက်ရှိဝမ်ဇန်းဟို၏ အနေအထားကို ကြည့်ရင်း ရဲရှောင်သည်ရယ်မောလိုက်ကာ –
“မဟုတ်မှလွဲရော ခင်ဗျား . . . ပြန်တော့ မစားလိုက်မိပါဘူးနော် . . .”
ရဲရှောင်၏ စကားကြောင့်ဝမ်ဇန်းဟိုသည် ကိုယ့်ကိုယ်ကိုယ်သတ်သေချင်လောက်အောင်ကို ဝမ်းနည်းသွားလေသည်။
ထို့ကြောင့်ဝမ်းနည်းပက်လက်ဖြင့်-
“ခွေးကောင်တွေ . . . သူတို့က ကျုပ်ရဲ့ အဆီတွေနဲ့ ဟင်းချက်ပစ်တယ်။ ကျုပ်လည်း မသိလို့ စားမိလိုက်တာပေါ့။ အမှန်တိုင်း ပြောရရင် အရသာကလည်း တော်တော် ကောင်းတာကိုး . . . အမှန်ကို သိလိုက်ရတဲ့အချိန်ကျတော့ ကျုပ်လည်း အခုလို ဖြစ်သွားတာပါပဲဗျာ . . .”
ရဲေ ရှာင်သည်ပါးစပ်အဟောင်းသားဖြင့်-
“ဘာ . . .”
သူခန့်မှန်းသည့် အရာသည် တကယ်ပင် မှန်ကန်နေသည့်အတွက်ဟန်ပင်မဆောင်နိုင်တော့ကာ –
“ဟားဟား ဟားဟား ဟားဟား ဟားဟား . . .”
ရဲရှောင်သည် အူလိုက်သည်းလိုက်ပင်ရယ်မောလိုက်သည်။ သူ၏ ရယ်သံသည်မြေပြင်တစ်ခုလုံး တုန်ခါသွားမတတ်ပင်။ ရယ်ရလွန်းသဖြင့် ဗိုက်ကိုပင် နှိပ်ထားရပြီး မျက်ရည်များပင် ကျလာသည်။ ရဲေ ရှာင်တစ်ယောက်အူတက်နေပါတော့သည်. . .။