Chapter – 158
“ဝမ်ဇန်းဟိုအားသိမ်းသွင်းခြင်း”
ရဲရှောင်သည် ဝမ်ဇန်းဟိုအား စူးစိုက်ကြည့်လိုက်ရင်း –
“ဝမ်ဇန်းဟို . . . ခင်ဗျားသာ ကျုပ်ကို ကျေနပ်အောင် လုပ်ပေးနိုင်မယ်ဆိုရင် သာမန် လူတစ်ယောက်လိုခန္ဓာကိုယ်မျိုးနဲ့ တစ်သက်လုံး အသက်ရှည်ရှည် နေသွားနိုင်အောင်လုပ်ပေးမယ်ဗျာ။ ရှင်း ရှင်းပြောမယ်ဗျာ ခင်ဗျားကို လောက စည်းစိမ်ေတွ အကုန်လုံး ခံစားနိုင်အောင်ဟောဒီက ကျူပ်ဆိုတဲ့ကောင်က အကုန်လုပ်ပေးနိုင်တယ် . . .”
ရဲရှောင်သည် ဝမ်ဇန်းဟိုအား “ဝမ်” ဟုလည်းကောင်း၊ “သူဌေးဝမ်” ဟုလည်းကောင်း မခေါ်တော့ဘဲ နာမည်အပြည့်အစုံကိုသာ ခေါ်လိုက်သည်။
ရဲေ ရှာင်သည်ဝမ်ဇန်းဟိုအား အထက်စီးဆန်ဆန်ဆက်ဆံလိုက်သည့်သဘောပင်။
ဝမ်ဇန်းဟိုသည် ရဲေ ရှာင်မှ သူ့အား မည်ကဲ့သို့ခေါ်လိုက်သည်ကိုပင်သတိမပြုနိုင်လိုက်ပေ။ ရဲေ ရှာင်ပြောသည့်စကားများကိုသာငေးကြည့်၍ စိတ်လှုပ်ရှားမှုကြောင့်သူ၏အသက်ရှူသံများသည်ြမန်ဆန်လျက် ရှိသည်။
အသက်ရှည်ဆေးတစ်လုံးသည် သူ၏ သက်တမ်းအား နှစ်တစ်ရာ ဆွဲဆန့်ထားပေးနိုင်စွမ်း ရှိ၏။
သွယ်လျဆေးမှာမူ သူ၏ အလေးချိန်ကိုလျော့ကျစေနိုင်ရုံသာမက သာမန်ယောကျာ်း တစ်ဦးကဲသို့ နေထိုင်နိုင်မည်ဖြစ်သည်။
ခန္ဓာကိုယ်အလေးချိန်သာလျော့ကျသွားပါက သူလုပ်ချင်ခဲ့သည်အရာမှန်သမျှအား လုပ်နိုင်မည်ဖြစ်ပြီး လောကစည်းစိမ်များကိုလည်း ခံစားနိုင်တော့မည် မဟုတ်ပါလား။
ထိုကဲ့သို့သော ဘဝမျိုးအား ပိုင်ဆိုင်နိုင်ပါက လက်ရှိဘဝထက် အဆပေါင်းများစွာ ပို၍ ပျော်ရွှင်စရာကောင်းလိမ့်ပေမည်။ သူလိုချင်နေသော ဘဝသည်ထိုဘဝမျိုးပင်။
ဝမ်ဇန်းဟို၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ယင်လျက် ရှိပြီး –
“နောင်ကြီးဖန် . . . ခင်ဗျား ဒီကိစ္စက နောက်စရာ မဟုတ်ဘူးနော် . . .”
ရဲရှောင်သည်မျက်မှောင်တစ်ချက်ကြုပ်လိုက်ရင်း –
“ခင်ဗျားကို ကျုပ်က လိမ်စရာလား။ အသက်ရှည်ဆေးလေးများဗျာ ဘာခက်တာမှတ်လို့၊ ကျုပ်က ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးမျိုးတွေကိုတော့ မလုပ်နိုင်သေးပေမယ့်သာမန် အသက်ရှည်ဆေးတွေလောက်ကတော့ လုပ်နိုင်ပါတယ်ဗျ . . .”
ဝမ်ဇန်းဟိုသည် အံကြိတ်လိုက်ရင်း –
“ကျုပ် ဒီဆေး ၂ မျိုးကို တကယ်သာ ရမယ်ဆိုရင် ကျုပ်အသက်ကိုတောင် ပေးဆို ပေးဝံ့ပါတယ်။ ဆရာဖန် . . . ကျုပ်အသက်ကို ကျုပ်မပိုင်တော့ပါဘူး၊ ဂုဂျင်လုံဆီကိုတောင် အသက်ပေးခဲ့သေးတာပဲ၊ ခင်ဗျားကိုလည်း ဘာလို့ မပေးနိုင် ရမှာလဲ . . .”
ဝမ်ဇန်းဟို၏ စကားကြောင့်ရဲရှောင်သည်ပြုံးလိုက်ရင်း –
“ဝမ်ဇန်းဟို . . . ခင်ဗျားက အသက်အရှည်ကြီး နေခဲ့ရပြီးပြီ။ အဲဒီတော့ ခင်ဗျားအနေနဲ့လည်း သင်ယူသင့်သလောက် သင်ပြီးပြီလို့ ထင်တယ် . . .”
“လူတွေမှာ ဝိညာဉ်တော် ရှိတယ်။ လူတွေရဲ့ ခန္ဓာကိုယ်ကို အသွေးအသားနဲ့ ဖွဲ့စည်းထားတယ်။ အပြင်ပိုင်း ရုပ်သက်သက်ပဲဗျ။ ခင်ဗျား ဒါတော့ သိတယ် မဟုတ်လား . . .”
ဝမ်ဇန်းဟိုသည်ရဲရှောင်အားခေါင်းညိတ်ပြလိုက်ရင်း –
“သိပါတယ်၊ အမှန်ပါပဲ . . .”
“ခင်ဗျားကို ဂုဂျင်လုံပေးခဲ့တဲ့ အသက်ရှည်ဆေးတွေက ခင်ဗျားရဲ့ သက်တမ်းကိုတော့ ဆွဲဆန့်ပေးနိုင်ပေမယ့်တကယ်တမ်းေတာ့ ခင်ဗျားအတွက် မကောင်းဘူး . . .”
“ခင်ဗျား အဲ့ဒီဆေးလုံးကို သောက်ပြီးတဲ့ အချိန်တိုင်း ရီဝေဝေဖြစ်သွားသလို ခဏလောက် ခံစားခဲ့ရတယ် မဟုတ်လား၊နောက်ပြီး ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြီး အ ရူးတစ်ယောက်လို ဖြစ်သွားတယ်မဟုတ်လား . . .”
ဝမ်ဇန်းဟိုလည်း အံ့ဩတကြီးဖြင့်-
“သိပ်ဟုတ်တာပေါ့ . . . အဲ့ဒါကို ခင်ဗျား ဘယ်လိုသိလဲ . . .”
ရဲေ ရှာင်လည်းလေသံခပ်အေးအေးဖြင့်-
“ဟဲဟဲ . . . ဘာလို့လဲဆိုတော့ ခင်ဗျား အဲဒီ အသက်ရှည်ဆေးကို စားလိုက်တဲ့ အခါတိုင်း ခင်ဗျားတစ်ကြိမ် သေသွားရလို့ပဲ . . . ပြီးတော့ အသက်ပြန်ဝင်လာတယ်။အဲဒီလိုနည်းနဲ့ ခင်ဗျားအသက်ရှည် နေရတာပဲ . . .”
“ဆိုလိုတဲ့ သဘောက ခင်ဗျားက ခင်ဗျားရဲ့ နောက်ဘဝက သက်တမ်းတွေကို ယူပြီး ဒီမှာ ပေါင်းနေတာ။ နောက်ဘဝက ခင်ဗျားက အခုခန္ဓာကိုယ်ထဲ ဝင်လာတဲ့ သဘောပေါ့ဗျာ . . .”
ဝမ်ဇန်းဟိုလည်း ရဲေ ရှာင်ပြောသည့်စကားများအား မျက်တောင်မခတ်ဘဲပင်နားထောင်ရင်း –
“ဟုတ် . . . ဟုတ်. . . ဟုတ်ကဲ့”
ရဲရှောင်သည်တည်ငြိမ်သောလေသံဖြင့်-
“အဲဒါကြောင့် အခုနေ ခင်ဗျားသာ သေသွားရင် ခင်ဗျားရဲ့ ဝိညာဉ်တော်က တန်းပြီး မလွတ်မြောက်နိုင်သေးဘူး။ ငရဲမှာ နှစ်ပေါင်း ၃၀၀၀ လောက် ခံစားရဦးမှာ။ ခင်ဗျားသာ အခုလက်ရှိဘဝမှာကောင်းတာတွေမလုပ်ဘဲ ဆိုးသွမ်းနေမယ်ဆိုရင်နောက်ထပ်နှစ်ပေါင်း လေးငါးထောင်လောက်လည်း ဖြစ်သွားနိုင်တာပဲ။ ခင်ဗျား အဲ့ဒီအချိန်ကာလတွေကို ကျော်ဖြတ်ပြီးတော့မှ သန့်စင်တဲ့ ဝိညာဉ်တော် အဖြစ်နဲ့ နောက်တစ်ဘဝကို ကူးပြောင်းလို့ရမှာ။ အင်း . . . ကံကောင်းရင်တော့ နောက်ဘဝမှာ တိရိစ္ဆာန် တစ်ကောင်ကောင်လောက်တော့ ဖြစ်ချင် ဖြစ်မှာပေါ့လေ။ ဘယ်လိုနည်းနဲ့မှတော့ လူသား အဖြစ်ကို ပြန်မရတော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက လူသားဘဝနဲ့ နှစ်ပေါင်း ၃၀၀၀ လောက် နေခဲ့ရပြီးပြီကိုး . . . အဲ့ဒါကြောင့်ဘယ်လိုမှ လူပြန်မဖြစ်နိုင်ေတာ့ဘူးလေ . . .”
ရဲေ ရှာင်ပြောလိုက်သည့်စကားများကြောင့်
ဝမ်ဇန်းဟိုသည်ကြောက်ရွံ့စိတ်ကြောင့်ကတုန်ကယင်ဖြစ်နေလေသည်။
ရဲေ ရှာင်သည်ဝမ်ဇန်းဟိုအား ကြည့်ရင်း –
“ဟဲဟဲ . . . ဒါက စကားအရာနဲ့ ပြောတာပါ။ ကျုပ်တကယ် ပြောချင်နေတာက အသက်ရှည်ဆေး ဆိုတာ အဲဒီဆေးရဲ့ နာမည် အစစ်အမှန် မဟုတ်ဘူးဗျ . . .”
ရဲရှောင်သည်အေးစက်သော အပြုံးများဖြင့်ပြုံးလိုက်ရင်း –
“မဟူရာဝိညာဉ်ဆေးလို့ ခေါ်တယ် . . .”
ဝမ်ဇန်းဟိုလည်း ရဲေ ရှာင်၏နောက်မှ သံယောင်လိုက်ရွတ်လိုက်ရင်း –
“မဟူရာဝိညာဉ်ဆေး . . .”
ဆေး၏နာမည်ကြောင့်ပြဲကွဲထွက်နေသည့် သူ၏ မျက်နှာကြီးသည်ေသွးမ ရှိတော့သကဲ့သို့ ဖြူဖတ်ဖြူရော်ဖြစ်သွားပြီးချွေးများသည်လည်း ခန္ဓာကိုယ်အနှံ့မှ ထွက်ပေါ်လာသည်။
ရဲေ ရှာင်သည်တည်ငြိမ်သောလေသံဖြင့်-
“မဟူရာဝိညာဉ်ဆေးရဲ့ အာနိသင် အစစ်အမှန်က အသက်ရှည်ဖို့ အတွက် သုံးတာ မဟုတ်ဘူး။ လူတစ်ယောက် ပြန်လည်မွေးဖွားလို့ မရတော့အောင် ဝိညာဉ်တော်ကို ဟန့်တားတဲ့ နေရာမှာ သုံးတာပဲ”
“ကမ္ဘာကြီးပေါ်က ခင်ဗျား မုန်းတဲ့အမုန်းဆုံးလူ တစ်ယောက်ကို ပိုးစိုးပက်စက်ခံစားရအောင် ဒီဆေးက လုပ်နိုင်တယ်။ပြောရမယ်ဆိုရင်တော့ ရက်စက်တတ်တဲ့ ဆေးလုံးပေါ့ဗျာ။ အဲ့ဒီဆေးကိုသောက်လိုက်ရင်သောက်တဲ့လူရဲ့ ဝိညာဉ်တော်က အဲဒီခန္ဓာကိုယ် ထဲမှာပဲ တစ်သက်လုံး ပိတ်မိနေတော့မှာ။ အရာအားလုံးကို ထာဝရဆုံးရှုံးသွားပြီးတော့ အစက ပြန်စနိုင်မဲ့ အခွင့်အရေးတောင် မရှိတော့ဘူးပေါ့ဗျာ . . .”
“အဲ့ဒီဆေးက ချင်းယန်နယ်ပယ်ရဲ့ အရက်စက်ဆုံး ဆေးလုံး တစ်လုံးပဲ . . . ဒါပေမဲ့ ဂုဂျင်လုံက ဥာဏ်ကောင်းတယ်ပြောရမယ်ဗျ။ဆေးထဲကို အသံတိတ်မြက်နဲ့ ဆန့်ကျင်ဘက်ပန်း တို့ကို ထည့်လိုက်တယ်။ အဲဒီတော့ အာနိသင်ကလည်း နည်းနည်း ပြောင်းသွားတာပေါ့ . . .”
“ဒါပေမဲ့ အသံတိတ်မြက်က လူ့ခန္ဓာကိုယ်ကို ထိခိုက်စေတယ်။ ဝသထက် ဝလာစေတဲ့ ဘေးထွက် ဆိုးကျိုး ရှိတယ်။ ပြောရရင် ယောကျာ်းတစ်ပိုင်း မိန်းမတစ်ပိုင်း ဖြစ်အောင် လုပ်လိုက်တဲ့သဘောပဲ။ ဝမ်ဇန်းဟို . . . ခင်ဗျား လိင်ကိစ္စကို မလုပ်နိုင်ခဲ့တာလည်း ကြာပြီ မဟုတ်လား။ ဒီလိုလေ ခင်ဗျားရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းလာတဲ့အတွက် ယောကျာ်းရော မိန်းမရောကိုပါ စိတ်မဝင်စားနိုင်တော့ဘူးလေ . . . ဟုတ်တယ်မှတ်လား . . .”
ရဲရှောင်သည်ထိုစကားများအားအေးအေးလူလူဖြင့်ပြောနေသော်လည်း ဝမ်ဇန်းဟိုမှာမူ တုန်လှုပ်လျက် ရှိသည်။
ဝမ်ဇန်းဟိုသည်ရဲေ ရှာင်အား မည်သည့်စကားမျှ ပြန်မပြောဘဲ မတ်တတ်ထရပ်လိုက်သည်။ သူ၏ မျက်လုံးများသည်လည်း ဝေဝါးလျက် ရှိသည်။
ဖန်ဇီလင် ပြောသမျှ စကားများသည် သူဖြစ်နေသည်နှင့်တစ်ထပ်တည်းကျနေလေသည်။
သူငယ်စဉ်က လိင်ကိစ္စနှင့်ပက်သက်လျှင်အလွန်ဇကြီးသူဖြစ်ခဲ့သည်ကို ပြန်မှတ်မိသွားသည်။ သို့သော်အသက်ရှည်လာသည်နှင့်အမျှ မိန်းမများအပေါ် စိတ်ဝင်စားမှု လျော့နည်းလာခဲ့သည်။ အဝလွန်နေသည့်အတွက်မိန်းမများနှင့် ကာမစပ်ယှက်နိုင်ခြင်း မရှိတော့ချေ။ မိန်းမများနှင့်ဆက်ဆံလျှင် မည်သို့ ခံစားရမည် ဆိုသည်ကိုပင် မေ့လျော့နေပြီ ဖြစ်သည်။
ဝမ်ဇန်းဟိုသည်သူ၏ ဘဝအကြောင်းအားတွေးရင်းဒေါသများထွက်လာပြီး စိတ်ထဲတွင်လည်း –
[တကယ်တော့ ငါက ဂုဂျင်လုံအတွက် အိမ်စောင့်ခွေးသာသာပဲ။ အဲဒါတောင် သူက ငါ့ကို သူ့ရဲ့ အကြီးမားဆုံး ရန်သူကြီး တစ်ယောက်လို ဆက်ဆံခဲ့တယ်။ ဒါပေမယ့်ငါက သူ့ကို အမြဲလိုလို အထင်ကြီး ကိုးကွယ်မိခဲ့တယ် . . .]
ရဲရှောင်သည်ဝမ်ဇန်းဟို၏ မျက်နှာအား ကြည့်ရင်း –
“ဝမ်ဇန်းဟို . . . ကျုပ်ကတော့ ခင်ဗျားခန္ဓာကိုယ်ကို သာမန်ဖြစ်အောင် ပြန်လုပ်ပေးနိုင်တယ်။ နောက်ပြီး တကယ့် အသက်ရှည်ဆေး အစစ်အမှန်ကိုလည်း ပေးနိုင်တယ်။ ခင်ဗျားလုပ်ခဲ့တဲ့ အမှားတွေကိုလည်း လျော့ချပေးနိုင်တယ်။ နောက်ပြီး ယောကျာ်းဆိုတာ ဘာလဲသိအောင်ပါ လုပ်ပေးနိုင်တယ်ဗျာ . . .”
“ကဲ . . . ဝမ်ဇန်းဟို . . . အခု ခင်ဗျား ရွေးချယ်ဖို့ပဲ လိုတော့တယ်။ ခင်ဗျားရဲ့ ရွေးချယ်မှုက ဘာများ ဖြစ်မလဲ . . .”
ဝမ်ဇန်းဟိုသည် တစ်ကိုယ်လုံး တုန်ယင်လျက်ရှိပြီးရဲရှောင်အား မျှော်လင့်ချက် အပြည့်ဖြင့် ငေးကြည့်နေလေသည်။
ရဲရှောင်မှာမူ မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝ ရှိသော မျက်နှာထားမျိုးဖြင့်ထိုင်ရာမှ ထလိုက်ရင်း ဧကရာဇ်တစ်ပါးကဲ့သို့ ဟန်ပါပါ လျှောက်သွားလိုက်သည်။
ရဲေ ရှာင်၏အမူအယာသည်အလွန်အမင်း အထင်ကြီးစရာလေးစားဖွယ်ပင်ကောင်းနေလေသည်။
ဝမ်ဇန်းဟိုမှာမူ ရဲေ ရှာင်အား မည်သည့်စကားမျှ ပြန်ပြောနိုင်စွမ်းမ ရှိအောင်တုန်လှုပ်မှုကြောင့်ဆွံ့အနေမိသည်။
ဖန်ဇီလင်၏ အမူအယာများသည်ဂုဂျင်လုံထက်ပို၍ ဟိတ်ဟန်ကြီးမားနေမားနေလေသည်။
ဂုဂျင်လုံသည် ဂိုဏ်းတစ်ခုအား အုပ်ချုပ်ရသော ဂိုဏ်းချုပ်တစ်ဦး၏ ဟိတ်ဟန်မျိုး ရှိပြီး ဖန်ဇီလင်ထံတွင်မူ စကြာဝဠာကြီး တစ်ခုလုံးအား အုပ်စိုးထားသည့် ဧကရာဇ်တစ်ပါးမျိုး၏ ဟိတ်ဟန်မျိုး ရှိနေလေသည်။
ဖန်ဇီလင်အား ကြည့်ရင်း ဝမ်ဇန်းဟို၏ စိတ်ထဲတွင်-
[ဖန်ဇီလင်ဆိုတာ ဘယ်လိုလူမျိုးလဲ . . . သူ့ရဲ့ ပုံစံက ဘယ်လိုဖြစ်လို့ ဂုဂျင်လုံထက်ကို ပိုပြီး ကြောက်စရာ ကောင်းနေရတာလဲ . . . သူက ဆေးပညာရှင် တစ်ယောက်ပဲ မဟုတ်လား၊ အခုကြ . . .]
ဝမ်ဇန်းဟိုသည်သူ၏ စိတ်များအား တည်ငြိမ်အောင်ထိန်းလိုက်သည်။ လက်ရှိကြုံတွေ့နေရသည့်အဖြစ်အပျက်များသည်အံ့ဩဖွယ်ကောင်းလွန်း၍ အိပ်မက် မက်နေသကဲ့သို့ပင်ခံစားနေရသည်။
ရဲရှောင်၏ လိုက်လျောမှုများသည်သူ၏ အနာဂတ်အတွက် များစွာ အထောက်အကူ ပြုနေပေသည်။
“ကျုပ် . . .”
ဝမ်ဇန်းဟိုနောက်ထပ်စကားတစ်ခွန်းပြောရန်အတွက်ကိုပင်ခက်ခဲနေလေသည်။
ရဲေ ရှာင်သည်ဝမ်ဇန်းဟို၏ အမူအယာများအား ကြည့်ရင်း တစ်ချက်ပြုံးလိုက်ကာ –
“ရပြီ . . . ရပြီ . . . ဒီလောက်ဆိုရပြီ။ ခင်ဗျား ဘာပြောချင်လဲဆိုတာ ကျုပ်သဘောပေါက်တယ်. . .”
“ခင်ဗျား သိတဲ့အတိုင်းပဲ ကျုပ်မှာ ပစ္စည်းက သိပ်ရှိတာမဟုတ်ဘူးလေ။ အဲဒါကြောင့်သွယ်လျဆေးရဲ့ အာနိသင် တဝက်လောက်ကိုပဲ လုပ်နိုင်သေးတယ်။ ခင်ဗျား ဒါကို အရင်စမ်းကြည့်လိုက်ပေါ့။ ပြီးမှ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို ပြော ဟုတ်ပြီလား . . .”
ရဲေ ရှာင်သည်ဝမ်ဇန်းဟို၏ အေ ရှ့သို့ ပုလင်းလေးတစ်လုံးအားပေးလိုက်ရင်း –
“ခင်ဗျားအနေနဲ့ ရေချိုးဇလုံ အကြီးကြီး တစ်ခုတော့
လိုလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျား ဒီဆေးကို သောက်လိုက်ပြီးရင် တစ်ကိုယ်လုံး မီးမြိုက်ထာသလို ခံစားလာလိမ့်မယ်။ အဲဒီအချိန် ခင်ဗျားရဲ့ ညာဘက်လက်ခလယ်ကို နည်းနည်းလောက် လှီးပြီး ဇလုံထဲ ထည့်ထားလိုက်။ အဲဒီအခါကျရင် ခင်ဗျား ခန္ဓာကိုယ်က အဆီတွေ ဘယ်လို ထွက်လာမလဲ ဆိုတာ မြင်ရလိမ့်မယ်။ ကျုပ်ပြောတဲ့ စကားတွေကလည်းအမှန်ပဲဆိုတာ ခင်ဗျား သိလာလိမ့်မယ်. . .”
“ကဲ . . .ဆေးပုလင်းလည်းပေးပြီးပြီဆိုတော့ ကျုပ် သွားတော့မယ်။ မနက်ဖြန်ညကျရင် ပြန်လာခဲ့မယ်ဗျာ။ ကျုပ် ပြန်လာတဲ့ အချိန်ကျရင် ခင်ဗျားလည်း ဆုံးဖြတ်ပြီးလောက်ပြီ ထင်ပါတယ် . . .”
ထို့နောက် ရဲေ ရှာင်သည် လျှပ်စီးကဲ့သို့ လျင်မြန်သော အ ရှိန်ဖြင့်ပြတင်းပေါက်မှတစ်ဆင့်အပြင်ဘက်သို့ ထွက်ခွာသွားလေသည်။
ဖန်ဇီလင်ထွက်သွားပြီး အချိန်အတော်ကြာသည့်အထိ ဝမ်ဇန်းဟိုသည်လူသေတစ်ယောက်ကဲ့သို့ လှုပ်ရှားမှုမ ရှိတော့ဘဲ ကြက်သေသေ၍ငေးငိုင်နေမိသည်။ ခဏကြာမှသာ သူ၏ရှေ့တွင်ရှိသော စားပွဲပေါ်မှ ဆေးပုလင်းအား ကြည့်လိုက်သည်။
ထိုဆေးပုလင်းထဲတွင် ဆေးလုံး တစ်လုံးသာ ရှိသည်။
ဝမ်ဇန်းဟိုသည်ဆေးပုလင်းအားကြည့်ရင်း သူ၏ စိတ်ထဲတွင်-
[ငါဘာလုပ်သင့်လဲ . . .]
သူ့အား ဖန်ဇီလင်မှ ကတိပေးခဲ့သည့် လိုက်လျောမှုများသည် သူအလွန်တရာမှ လိုချင်နေသော အရာများပင် ဖြစ်သည်။
သို့သော်လည်း အနည်းငယ် စိတ်ရှုပ်ထွေးနေမိသည်။
ဖန်ဇီလင်သည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း သူသိနေသည်။
အစောပိုင်းတွင် ရိုးသား၍ တည်ငြိမ်ဟန်ဆောင်ခဲ့မှန်းလည်း ယခုအခါတွင် သိလိုက်ပြီ ဖြစ်သည်။
ဖန်ဇီလင်သည်ဂုဂျင်လုံထက် ပို၍ကြောက်ဖို့ကောင်းနေမည်ကိုလည်း စိုးရွံ့နေမိသည်။ ကျားကိုကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး အဖြစ်သို့ရောက်သွားမည်ကိုလည်းတွေးကြောက်နေမိသည်။
ဝမ်ဇန်းဟိုအနေဖြင့်ဂုဂျင်လုံ လက်အောက်တွင် ရှိနေခဲ့စဉ်က ထွက်ပြေးလွတ်မြောက်ရန် ဖြစ်နိုင်သော်လည်း ဖန်ဇီလင်၏ လက်အောက်သို့သာ ရောက်သွားမည် ဆိုပါက လွတ်မြောက်ရန် လွယ်ကူမည်မဟုတ်ချေ။
ဝမ်ဇန်းဟို၏ မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နေပြီး စားပွဲပေါ်မှ ပုလင်းလေးကိုသာ စိုက်၍ ကြည့်နေမိသည်။
ထို့နောက်တွေဝေနေသော သူ၏ စိတ်များအား ဒုန်းဒုန်းချလိုက်ရင်း –
“ငါ့တစ်ဘဝလုံး သူများလက်အောက်မှာ နေခဲ့ပြီးသွားပြီ။ နောက်တစ်ယောက်ဆီ ထပ်ပြောင်းတော့ရော ဘယ်လောက်များ ဆိုးသွားမှာမို့လို့လဲ . . .”
ဝမ်ဇန်းဟိုသည်အံကိုတင်းတင်းကြိတ်လိုက်ကာ –
“နောက်ပြီး အခုဆို ငါပုံမှန် အခြေအနေကို ပြန်ရတော့မယ်။ ယောကျာ်းစစ်စစ် တစ်ယောက် ပြန်ဖြစ်နိုင်တော့မယ်။ ကမ္ဘာကြီးပေါ်က လောကစည်းစိမ် မှန်သမျှကို ခံစားနိုင်တော့မယ်။ ငါ့အတွက်ကတော့ အခွင့်အရေးကောင်း တစ်ခု ရလိုက်တာပဲ မဟုတ်လား . . .”
ဝမ်ဇန်းဟိုသည် တွေဝေငေးငိုင်နေခြင်း မရှိတော့ဘဲ ကျယ်လောင်စွာဖြင့်-
“တစ်ယောက်ယောက် ငါ့ကို ရေချိုးဇလုံ အကြီးတစ်ခု အမြန်ယူခဲ့ပေးစမ်းဟေ့ . . .”