Switch Mode

Chapter – 17.2

" ပထမဆုံး ပူးပေါင်းဆောင်ရွက်ခြင်း။ လူနှစ်ယောက်ရဲ့စစ်မြေပြင်ကို ထိန်းချုပ်မှု "

Chapter – 17.2 ” ပထမဆုံး ပူးပေါင်းဆောင်ရွက်ခြင်း။ လူနှစ်ယောက်ရဲ့စစ်မြေပြင်ကို ထိန်းချုပ်မှု ”
°°°

ရှောင်ရှောင်းကတော့ ပုံမှန်မဟုတ်လောက်အောင် အေးစက်တဲ့အပြုံးနဲ့ ပြုံးပြနေခဲ့ပါတယ်။

” မကြိုးစားကြည့်ပဲနဲ့ ဘယ်လိုသိနိုင်မှာလဲ ဒါပေမယ့် နင်က တိုက်ခိုက်ရေး၀ိဉာဥ်ပညာရှင်ဆိုတော့ ငါတို့တွေကို တိုက်ပွဲစစချင်အချိန်မှာ အနောက်ကနေတိုက်ခိုက်လို့မဖြစ်ဘူးလေ နောက်ထပ် လူခွဲရအောင် ငါတို့တွေ သုံးဆယ့်မီတာကို ခွာပြီတိုက်ခိုက်မယ် “‘

ဟို့ဟွိဟောင်က သူတို့နှစ်ယောက်စကားပြောနေတာကို ကြည့်ရင်း ရှောင်ရှောင်းဘယ်လောက်အထိ ထက်မြက်နေလဲဆိုတာ သိရှိသွားပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိဉာဥ်ထောက်လှမ်းမျှဝေမှုက မီတာငါးဆယ်အတွင်းကို ရောက်ရှိနိုင်တယ်။ ဒါကြောင့် ရှောင်ရှောင်းအနေနဲ့ ၀မ်သုန့်ကို မီတာသုံးဆယ်အထိ အဝေးကိုသွားခိုင်းလိုက်တာက သူ့လှုပ်ရှားလိုက်တာနဲ့ တစ်ပြိုင်နက်ထဲ ထောက်လှမ်းဖို့ကို ရည်ရွယ်ခဲ့တာပါ။ ၀မ်သုန့်က ချက်ချင်းဆိုသလို သဘောတူလိုက်ပါတော့တယ်။

အဲ့ဒီနောက် ရှောင်ရှောင်းက ပြောလာခဲ့ပါတယ်။

” နင်က ပျံနိုင်တယ် ငါတို့က မပျံနိုင်ဘူး ဒါက လေ့ကျင့်ရေးလုပ်နေတာဆိုတော့ ပျံတာနဲ့နင်ရှုံးပြီပဲ ”

၀မ်သုန့်က ပုံမှန်အတိုင်းသာ ပြန်ဖြေလိုက်ပါတယ်။

” ငါမြေပြင်နဲ့ ငါးမီတာအထက် မရောက်သေးစေရဘူး…ဒါ့အပြင် ငါ့သွားတော့မယ်…မင်းတို့တွေ အဆင့်သင့်ဖြစ်ရင်း စပြီးလို့အော်လိုက် ”

သူပြောပြီတာနဲ့ ချက်ချင်းဆိုသလို လျှောက်သွားပါတော့တယ်။

ရှောင်ရှောင်းက ဟို့ယွိဟောင်ဘက်ကို ချက်ချင်းလှည့်ပြီး ပြောတယ်။

” အတန်းခေါင်းဆောင် အဲ့ဒီအရူးကို လေပေါ်လွှင့်နေတာကနေ ပြုတ်ကျလာအောင် စွန်ကြိုးတွေဖြတ်ပြစ်ရအောင် စိတ်၀ိဉာဥ်ထောက်လှမ်းရှာဖွေမှုကို အသုံးပြုပြီး ငါ့ကို ကူညီပေးတာက အဆင်ပြေလိမ့်မယ်…အဲ့ဒီမောက်မာတဲ့ကောင် အရှုံးရဲ့အရသာကို သိသွားပါစေ ”

ဟို့ယွိဟောင်အနေနဲ့ အမျက်ဒေါသကျောင်းတော်ကို ရောက်ရှိလာပြီချိန်ကထဲက ဒီလိုစကားမျိုးကို မကြားရတာ အတော်ကြာပါပြီ။ ဒါပေမယ့် လက်ရှိအချိန်ကနေ စပြီး အတော်လေးကို ရှင်းရှင်းလင်းလင်း သိရတော့မှာပါ။ ဒါ့အပြင် ရှောင်ရှောင်းက လူတစ်ယောက်ကို နောက်ဆုတ်စေမဲ့နည်းလမ်းနဲ့ တိုက်ခိုက်မယ်ဆိုတာကို သူနားလည်နေခဲ့ပါတယ်။

ဟို့ယွိဟောင်လဲ ခေါင်းညိတ်ရင်း ပြန်ဖြေလာခဲ့တယ်။

” ကောင်းပြီ ငါကူညီပါ့မယ် ”

ရှောင်ရှောင်းနဲ့ ၀မ်သုန့် ဘယ်လောက်အထိ သန်မာလဲဆိုတာ သူမြင်ချင်နေပါတယ်။ လွန်ခဲ့တဲ့သုံးလမှာ ၀မ်သုန့်က တိုက်ခိုက်ခဲ့ပေမဲ့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အပြည့်အ၀ မမြင်ဖူးသေးပါဘူး။ ၀မ်သုန့်က တခြားသူတွေထက် ပိုပြီး မောက်မာနေတာ သူ့ရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ကြောင့်ဆိုတာ နားလည်ခဲ့ပါတယ်။ ဒီလိုယုံကြည်ချက်ကလဲ သူ့အင်အားကနေ ရရှိလာတာ ဖြစ်နေခဲ့တယ်။

နှစ်ဖက်စလုံးရဲ့ အကွာအဝေးက ပိုမို ကြီးမားလို့လာခဲ့ပါပြီ။ ၀မ်သုန့်ကတော့ သစ်ပင်ကြီးတစ်ပင်ကို ပျင်းရိရိ မှီထားရင်း မီတာသုံးဆယ်အကွာက လူနှစ်ယောက်ကို ကြည့်နေခဲ့ပါတယ်။ တကယ်တော့ သူတို့ကြားမှာရှိတဲ့ အကွာအဝေးကို ပုံမှန်ထက်ပိုပြီး ချဲ့ထားခဲ့ပါတယ်။ အဲ့ဒီနောက် လက်နှစ်ဖက်ကို မြောက်ထားရင်း ဟို့ယွိဟောင်ရဲ့ရှောင်ရှောင်းကို သူအဆင်သင့်ဖြစ်ပြီဆိုတဲ့အကြောင်း လက်ဟန်ပြနေခဲ့တယ်။

ရှောင်ရှောင်းနဲ့ ဟို့ယွိဟောင်ကတော့ တစ်ယောက်နဲ့တစ်ယောက် ဘေးချင်းယှဥ်လျက် ရပ်နေခဲ့တာပါ။ ရှောင်ရှောင်းရဲ့ သေးငယ်တဲ့ခန္ဓာကိုယ်က တခြားကျောင်းသားတွေနဲ့ ယှဥ်လိုက်မယ်ဆိုရင် အတော်လေးကို ပုပုသေးသေးလေး ဖြစ်နေခဲ့ပါတယ်။ သူမက အိတ်ထဲထည့်သွားလို့ရတဲ့ အလှလေးလို့တောင် ခေါ်လို့ရနိုင်တဲ့အခြေအနေမှာ ရှိနေခဲ့တယ်။ အဲ့ဒီနောက် သူမက ဟို့ယွိဟောင်ကို ခေါင်းညိတ်ရင်းနဲ့ ပြောလိုက်ပါတယ်။

” အတန်းခေါင်းဆောင် ကျေးဇူးပြုပြီး ကူညီပေးပါဦး ”

” ကောင်းပါပြီ ”

အဲ့ဒီနောက် ရှောင်ရှောင်းက ၀မ်သုန့်ကို လှမ်းအော်လိုက်ပါတော့တယ်။

” စတင်မယ် ”

သူပြောပြီတာနဲ့ သူ့ရဲ့ သိုင်းပညာ၀ိဉာဥ်ကို ထုတ်လွှတ်လိုက်ပါတော့တယ်။ အ၀ါရောင်အလင်းတန်းနှစ်ခုက ရှောင်ရှောင်းရဲ့ ခြေထောက်အောက်မှာ ဖြည်းဖြည်းချင်း တောက်ပလို့လာခဲ့ပါပြီ။ သူက တကယ်ကို ၀ိဉာဥ်မဟာပညာရှင်ပါပဲ။ ဟို့ယွိဟောင်လဲ ဒါကို မြင်ချိန်မှာ ရင်ထဲရှပ်သွားခဲ့ပါတယ်။

ရှောင်ရှောင်းရဲ့ ခြေထောက်အောက်မှာ ၀ိဉာဥ်စက်ကွင်းနှစ်ခု တောက်ပလာခဲ့ပေမဲ့ ခန္ဓာကိုယ်ကတော့ ဘာမှဖြစ်သွားပုံမပေါ်ပါဘူး။ ဒါပေမယ့် ခေါင်းအပေါ်မှာ အနက်ရောင်အရိပ်တစ်ခုက ဖြည်းဖြည်းချင်းဆိုသလို ဖြစ်ပေါ်လို့လာခဲ့ပါပြီ။ သုံးချောင်းထောင့် အိုးကြီးတစ်လုံးအဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။ အဲ့ဒီအိုးကြီးမှာ လက်ကိုင်နှစ်ဖက်ပါနေခဲ့ပြီး အချင်းက တစ်မီတာရှိနေခဲ့တယ်။ ဒါက ရှောင်ရှောင်းရဲ့ မူလသိုင်းပညာ၀ိဉာဥ်ပါ။

ဟို့ယွိဟောင်လဲ စိတ်၀ိဉာဥ်ထောက်လှမ်းရှာဖွေမှုကို တစ်ပြိုင်နက်ထဲ အသုံးပြုရင်း သူ့ခြေထောက်အောက်က ၀ိဉာဥ်စက်ကွင်းကို ထုတ်ဖော်လိုက်ပါတယ်။ ရှောင်ရှောင်းက တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဒီအရာဘယ်လောက် အားနည်းနေလဲဆိုတာ သိနေခဲ့တယ်။ သူမ ဘာသာသူမ တွေးနေခဲ့မိပါတယ်။

” အတန်းခေါင်းဆောင် အရမ်းကြိုးကြိုးစားစားကြီး လေ့ကျင့်နေတာ ဘယ်အံ့ဩစရာရှိမလဲ သူ အတော်လေး အားနည်းလို့ကို ”

ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ စိတ်၀ိဉာဥ်ထောက်လှမ်းရှာဖွေမှုစွမ်းအားကို မြင်ပြီချိန်မှာတော့ သူလန့်သွားခဲ့ရပါတယ်။ သူတို့နဲ့ ပတ်ပတ်လည် ဆယ့်ငါးမီတာအတွင်းမှာရှိရှိသမျှအရာအားလုံးက အရမ်းကို ကြည်လင်ရှင်းလင်းနေခဲ့ပြီး သုံးဖက်မြေပုံရိပ်တွေက စိတ်ထဲကို ၀င်ရောက်လာပါတော့တယ်။ တွေးကြည့်စရာတောင် မလိုပါဘူး။ သတင်းအချက်အလက်တွေက စိတ်ထဲကို ဆက်တိုက်ဆိုသလို ၀င်ရောက်နေခဲ့ပါတယ်။

မြက်ပင်တစ်ပင်ချင်းဆီတိုင်းရဲ့ လှုပ်ရှားမှုနဲ့ အသီးအရွက်တွေ လေတိုက်ရင်းလှုပ်ခတ်သွားတာကအစ သူမ သိနေခဲ့တယ်။ ဒါ့အပြင် သုံးဖက်မြင်နေရတဲ့ ပုံရိပ်က ရုတ်တရက်ဦးနှောက်အပိုတစ်ခုရလိုက်သလိုမျိုး သတင်းအချက်အလက်အသစ်တွေကို ကူညီထည့်သွင်းပေးလို့ နေပါတော့တယ်။

ရှောင်ရှောင်းက ဟို့ယွိဟောင်ကို အထိတ်တလန့်နဲ့ လှမ်းကြည့်လိုက်မိတယ်။ ၀မ်သုန့်ကတော့ စတင် လှုပ်ရှားနေခဲ့ပါပြီ။

၀မ်သုန့်က ဟို့ယွိဟောင်နဲ့ ရှောင်ရှောင်းကို အပြင်ဘက်မှာ အထင်သေးသလိုရှိပေမဲ့ သူကလုံး၀ကို သတိလက်လွှတ်မနေခဲ့ပါဘူး။ ဟို့ယွိဟောင်ရဲ့စိတ်၀ိဉာဥ်စူးစမ်းထောက်လှမ်းရေးကို ကိုယ်တိုင်းကြုံတွေ့ထားဖူးတဲ့သူ ဖြစ်တာကြောင့်ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုတွေအားလုံးကို အပြည့်အ၀ ခန့်မှန်းနိုင်နေခဲ့မိပါတယ်။

တောက်ပတဲ့ အပြာရောင်အလင်းတန်းက နောက်ကျောဖက်မှာ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပါပြီ။ ၀မ်သုန့်ရဲ့ ခန္ဓာကိုယ်ကလဲ လှပတဲ့အရောင်စဥ်တွေနဲ့ ဖုံးလွှမ်းလို့သွားရင်း ချက်ချင်းဆိုသလို အပြာနဲ့ခရမ်းရောင်ကြားက အလင်းအဖြစ်ကို ပြောင်းလဲသွားပါတယ်။ ဒါ့အပြင် သူ့ရဲ့ ကြီးမားတဲ့ အတောင်ပံပေါ်မှာလဲ ရွှေရောင်ဘောလုံးလို အလင်းတန်းကြီးတွေက ထပ်မံ ပေါ်ထွက်လို့လာခဲ့တယ်။ အဲ့ဒီနောက် ခြေထောက်အောက်ဖက်မှာလဲ ၀ိဉာဥ်စက်ကွင်းနှစ်ခုက ပေါ်ထွက်လာခဲ့ပါပြီ။ အ၀ါရောင်တစ်ခုနဲ့ ခရမ်းရောင်တစ်ခုပါ သူ့ရဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်က အပြည့်အ၀ စွမ်းအားတွေကို အသုံးပြုနေပြီဖြစ်ပါတယ်။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ၀မ်သုန့်က အရှိန်ကိုမြင့်လိုက်ပါတယ်။ သူအတောင်ပံမှာရှိနေတဲ့ အလင်းလုံးကြီးတွေက ၀ိဉာဥ်စွမ်းအားတွေကို ထုတ်လွှတ်နေရင်း အရှိန်နှုန်းကိုလဲ အမြင့်ဆုံးရောက်အောင် မြင့်တက်လာစေခဲ့တယ်။ ဒါက ၀ိဉာဥ်စွမ်းအားမဟုတ်ပဲ မူလပါနေတဲ့စွမ်းအားပါ ဒီစွမ်းအားတစ်ခုထဲနဲ့တင် သူ့ရဲ့ သိုင်းပညာ၀ိဉာဥ်ဘယ်လောက်အထိ သန်မာလဲဆိုတာ သိနိုင်နေပါပြီ။

၀မ်သုန့်ရဲ့ ရုတ်တရက်အရှိန်မြင့်မှုက သူတို့ကို ဆယ့်မီတာအထိ နီးကပ်သွားစေခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့ ရှောင်ရှောင်းအရှေ့ကို ရောက်ရှိလို့လုနီးပါးပါပဲ။ စိတ်၀ိဉာဥ်ပညာရှင်တွေရဲ့ စွမ်းရည်က တကယ်ကို မြင့်မားလွန်လှတယ်။ ဒါ့အပြင် ထိန်းချုပ်ရေး၀ိဉာဥ်ပညာရှင်နှစ်ယောက်က သူ့နဲ့အနီးကပ်တိုက်ပွဲ တိုက်ခိုက်တယ်ဆိုတာ တကယ်ကို တွေးကြည့်လို့မရနိုင်တဲ့ အရာပါ။ သေချာပေါက် သူတို့တွေ ရှုံးမှာသိသာနေကြတယ်။

၀မ်သုန့်က ဟို့ယွိဟောင် ရှောင်ရှောင်းတို့ရဲ့ အနားကို ပိုနီးကပ်လာချိန်မှာပဲ သူ့ရဲ့ လှုပ်ရှားမှုတွေက ရှောင်ရှောင်းရဲ့ ဦးနှောက်ထဲကို ဆက်တိုက်၀င်ရောက်လာပါတော့တယ်။ ဒီလိုလှုပ်ရှားမှုအပြင် သေးငယ်တဲ့အပြောင်းအလဲတစ်ခုချင်းဆီတိုင်းက သူ့မအတွက် အရမ်းကိုရှင်းလင်းပြတ်သားနေခဲ့တယ်။ ၀မ်သုန့်ရဲ့ ၀ိဉာဥ်စွမ်းအား လှည့်ပတ်မှုတောင် ရှောင်ရှောင်းက အာရုံခံနိုင်တဲ့အထိ ရှိနေခဲ့ပါပြီ။ ရှောင်ရှောင်းက လန့်မသွားခဲ့ပါဘူး။ ဟို့ယွိဟောင်ရဲ့ ၀ိဉာဥ်စက်ကွင်းက ဆယ့်နှစ်အရွယ်သာ ဖြစ်ပေမဲ့ သူမကို အများကြီး အံ့အားသင့်သွားစေခဲ့တယ်။ ၀မ်သုန့် နီးကပ်လာတာကိုကြည့်ရင်း သူမလဲ လှုပ်ရှားဖို့ဆုံးဖြတ်လိုက်ပါပြီ။

အဲ့ဒီနောက် ၀မ်သုန့်ကို ညာဘက်လက်နဲ့ ချိန်ရွယ်လိုက်ရင်း အိုးကြီးကိုသူမဆီ ရောက်ရှိလို့သွားစေခဲ့တယ်။ အိုးကြီးက ၀မ်သုန့်ဆီကို တန်းတန်းမတ်မတ် ဦးတည်သွားတာတော့မဟုတ်ပါဘူး။ သူက တစ်လှမ်းထဲသာ သွားနိုင်ခဲ့တာပါ။ ဒါ့အပြင် သူလဲ မူလစွမ်းရည်ကို အသုံးပြုရင်း ၀ိဉာဥ်စွမ်းရည်ကိုမသုံးသေးပဲ ထားထားခဲ့ပါတယ်။

၀မ်သုန့်က ကြီးမားတဲ့ အိုးကြီးကြောင့် အတော်လေးအခက်အခဲကြုံနေခဲ့ရပါပြီ။ လက်ရှိအချိန်မှာ သူပျံသန်းနိုင်တဲ့ တစ်ခုတည်သောလမ်းကြောင်းကို အဲ့ဒီအိုးကြီးက ၀င်ရောက်ပိတ်ဆို့ထားခဲ့ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ တွက်ချက်မှုကြောင့်သာ ဒီလိုတန်းတန်းမတ်မတ် ပိတ်ဆို့နိုင်ခဲ့တာပါ။ ဟို့ယွိဟောင်ရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် ရှောင်ရှောင်းက သူ့မျက်လုံးအမြင်အာရုံကို အသုံးပြုပြီ တွက်ချက်ရင်း တားဆီးရမှာဖြစ်ပါတယ်။ ဒီလောက်အထိလဲ တိကျနိုင်မှာမဟုတ်ပါဘူး။

၀မ်သုန့်လဲ တခဏတာ စိတ်ညစ်လို့သွားခဲ့ရင်း သူ့ရဲ့ဘယ်ဘက်အတောင်ပံကို ရုတ်တရက်ဆန့်ထုတ်လိုက်ပါတော့တယ်။ သူ့ခန္ဓာကိုယ်က လေထဲမှာတစ်ပတ်လည်သွားခဲ့ပြီး အပြောင်းအလဲဖြစ်သွားခဲ့ပါပြီ။ ဒါပေမယ့် အနက်ရောင်အိုးကြီးက သူ့ကို ဆက်တိုက်ဆိုသလို လိုက်လံတားဆီးနေရခဲ့တဲ့အတွက် သူပိုပြီးတော့တောင် စိတ်ဖိစီးလာနေခဲ့ရတယ်။

ရှောင်ရှောင်းက ဟို့ယွိဟောင်ရဲ့ ရွှေရောင်မျက်လုံးတွေကို တစ်ချက်ကြည့်လိုက်မိပါတယ်။ ဒီလိုထောက်လှမ်းမှုကြောင့် ၀မ်သုန့်ကိုကြည့်စရာတောင်မလိုပဲ တားဆီးနေနိုင်ခဲ့တယ်။ ဟို့ယွိဟောင်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်ပြီတိုက်ခိုက်ရုံပါပဲ။ ဒါက သူ့အတွက်တော့ အရမ်းကို လွယ်ကူတဲ့အရာပါ။

ဒါပေမယ့် ၀မ်သုန့်ကတော့ ရိုးရိုးရှင်းရှင်းလေး အရှုံးကို၀န်ခံနေမှာ မဟုတ်ပါဘူး။ အတော်ပံကို တဖျတ်ဖျတ်ခတ်ရင်းနဲ့သာ သူ့ရဲ့ပျံသန်းတဲ့အရှုံးကို မြင့်တင်လိုက်ပါတယ်။ ဟို့ယွိဟောင်ကတော့ ၀ိဉာဥ်စွမ်းအားလှည့်ပတ်မှုကို အာရုံခံရင်း ဆက်တိုက်ဆိုသလို တားဆီးနေဆဲပါပဲ။ ရှောက်ရှောင်းရဲ့ အသက်သုံးချောင်း၀ိဉာဥ်ချေဖျက်အိုးကြီးက သူမရဲ့ ထိန်းချုပ်မှုအောက်မှာ ပုံမှန်မဟုတ်နိုင်အောင် အားနည်းနေခဲ့တယ်။

၀မ်သုန့်ကတော့ စိတ်ဖိစီးနေခဲ့ပြီ အော်လာခဲ့ပါတော့တယ်။

” ဟို့ယွိဟောင် နင်လူသားမဆန်လိုက်တာ ကောင်းပြီ ငါခုန်ရှောင်မနေတော့ဘူး..ငါထိုးဖောက်တော့ပြီပဲ ၀င်တော့မယ် ”

သူ့ရဲ့ ပထမ၀ိဉာဥ်စက်ကွင်းက ချက်ချင်းဆိုသလို တောက်ပလို့လာခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ မျက်လုံးထဲမှာလဲ ရွှေရောင်အလင်းတန်းကလဲ ရုတ်တရက်တောက်ပလာပါတော့တယ်။ စိတ်၀ိဉာဥ်ထောက်လှမ်းမှုကြောင့် ၀မ်သုန့်ရဲ့ ၀ိဉာဥ်စွမ်းအားက အရမ်းကို ပေါက်ကွဲထွက်လာနေမှန်း သူသိလိုက်ရတယ်။ ဒါ့အပြင် အတောင်ပံတွေရဲ့ အရှေ့ဆီကို ရောက်ရှိလာခဲ့ပါပြီ။ တခြားတစ်ဖက်မှာ အနောက်အတောင်ပံတွေကတော့ သူ့ကို မျှချေညီအောင် ထိန်းထားပေးနေခဲ့ပါတယ်။

အပိုင်း ၁၇•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset