Switch Mode

Chapter – 144

လူကြီးတွေမှ ဆော့ရတာ

အပိုင်း (၁၄၄) လူကြီးတွေမှ ဆော့ရတာ

အခြေအနေက … ထိန်းချုပ်မှု လုံး၀ လွတ်ကင်းသွားခဲ့ပြီ။

စုရှောင်ရှန် သူ့ ရွီးချက်တွေမှ တကယ့် အဖြစ်မှန်ကို သိသွားမယ်လို့မထင်ထားပါ။ လျှိုလင်းလင်းက သူတော်စင်အစေအပါးတစ်ယောက်ဖြစ်နေသည်။

သူထိတ်လန့်တုန်လှုပ်သွားတာကို အပြစ်တင်၍မရချေ။ မည်သူမဆို သူ့နေရာတွင် အလားတူ ခံစားရမည်သာ။

သူတော်စင်အစေအပါးတစ်ယောက်အရှေ့မှာ သူ့ကိုယ်သူ သူတော်စင်အစေအပါးဟု ပြောမိခြင်း။ အိမ်း… မည်သူက မလန့်ဖျပ်ပဲ နေနိုင်ပါတော့မလဲ။

စုရှောင်ရှန်ရှန် ကောင်းကင်ယံကနေ စွန်ကြိုးပြတ်သည့်အလား ပြုတ်ကျသွားတာကို လျှိုလင်းလင်းမြင်လျှင် နှလုံးတစ်ချက်ခုန်သွားသည်။ သူမက ငတုံးမဟုတ်ရပါ။ သို့ဖြင့် ဘာ‌ဖြစ်နေသည်ကို ဇာတ်ရည်လည်သွားသည်။

သူတော်စင်အစေအပါးက အစကတည်းက လူအနည်းငယ်သာရှိပေသည်။ လူကြီးဖြစ်ဖြစ် လူငယ်ဖြစ်ဖြစ် လူအများကြားမှ နဂါးများဖြစ်ကြပြီး တစ်ယောက်နှင့် တစ်ယောက်လည်း ခင်မင်ရင်းနှီးကြသည်။

အခြားတစ်ဘက်မှ စုရှောင်ရှန်ကိုတော့ သူတော်စင်အစေအပါးများအတွင် မမြင်ဖူးရုံသာမက ယခုသူ၏ တုန့်ပြန်မှုကလည်း ထူးဆန်းနေပေသည်။

“နင်ငါ့ကို လိမ်နေတာ” သူ၏ လှပသော မျက်၀န်ကလေးများက ကြောက်မက်ဖွယ်ရာအတိဖြစ်လာခဲ့သည်။

စုရှောင်ရှန် တည်ငြိမ်သောအပြုံးဖြင့် အခြေအနေကို ပြေလျော့သွားစေရန် ကြိုးပမ်းလိုက်သည်။ “မဟုတ်ဘူး။ နင်ငါ့ကို ဒီလိုလျှောက်မစွပ်စွဲနဲ့။ သူတော်စင်အစေအပါးထဲက မျက်နှာဖုံး၀တ်နဲ့လူက ငါ့ကို တော်တော် မြင့်မြင့်မားမား မှန်းထားတာ။ ငါမလိမ်ဘူး”

“ပြီးတော့ အာ…” စုရှောင်ရှန် ဘာဆက်ပြောရတော့မလဲ မသိတော့ချေ။ အံ့အားသင့်တုန်လှုပ်မှုက သူ့စကားများကို ဗလုံးဗထွေးဖြစ်သွားစေသည်။ “ကောင်းပြီလေ။ ကိုယ့်လမ်းကိုယ်သွားကြတာပေါ့။ နောက်မှ ပြန်တွေ့ကြမယ်”

တုံ့ခနဲရပ်လိုက်ပြီး လက်ထဲမှ ဓားအိမ်ကို မြှောက်ပြကာ “နှုတ်ဆက်ပါတယ်”

ထို့နောက် နောက်လှည့်ကာ အမြှီးကုပ်ပြီး ပြေးတော့သည်။

လျှိုလင်းလင်း၏ ခန္ဓကိုယ်လေး အပြင်းအထန်တုန်ခါနေသည်။ သူမဘာမှမပြောပါပေ။ မိုးချိမ်းသံအလား ဟိန်းသံကြီးနှင့်အတူ သူမ၏ နောက်ကျော၌ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်နေသော ခရမ်းရောင်လျှပ်စီးအတောင်ပံများ ပေါ်လာတော့သည်။ ‌အတောင်ကိုခတ်ကာ မျက်စိတစ်မှိတ်အတွင်း စုရှောင်ရှန် ရှေ့၌ပေါ်လာပြီး တကောင့်သားကို ပိတ်ပြီးရပ်လိုက်၏။

စုရှောင်ရှန် သူ့ရှေ့မှ အတောင်ပံနှင့် လျှိုလင်းလင်းကို မြင်ရာ မြေကမ္ဘာပေါ်သို့ ဆင်းသက်လာသော နတ်သမီးအလား ထင်ယောင်ထင်မှားတောင်ဖြစ်သွားသည်။ သူ့မျက်လုံးများက မနာလို၀န်တိုမှုများဖြင့်ပြည့်နေပြီး အန္တရာယ်ပြုလိုဟန်ပန် ဖြင့် ပြောလိုက်သည်။

“ဖယ်စမ်း။ သူတော်စင်အစေအပါးထဲက ဖြစ်လို့ နင်နဲ့ငါမချချင်ဘူး။ ငါ့ကို ဖိအားလာမပေးနဲ့”

လျှိုလင်းလင်း လက်သီးလက်ဝါး ချီမြှောက်လိုက်သည်။ သူမနောက်မှ ခရမ်းရောင်လျှပ်စီးများ ပြိုးပြိုးပြက်ပြက် လက်သွားပြီး သူမ၏ အနက်ရောင်ဆံနွယ်များတောင် ခရမ်းဖျော့ဖျော့ပြောင်းသွား၏။ တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်လေပြီ။

“နင်ငါနဲ့ မတိုက်ခိုက်ချင်ရင်တောင် ငါနင်နဲ့ တိုက်ခိုက်ဖို့ အကြောင်းပြချက်အများကြီးရှိတယ်”

သူမ၏ သရုပ်မှန်ပေါ်အောင်လို့ အရူးတစ်ယောက်လို လှည့်စားဆက်ဆံခံရတာ ခံစားလို့်မကောင်းပါ။ လျှိုလင်းလင်းစကားပြော၍ အချိန်ဆိုင်းမနေတော့ဘဲ ချက်ခြင်း သူ့ထံ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

ထိုလက်သီးချက်က လျှပ်စီးအလား‌ ကောင်းကင်၌ တစ်ချက်တောက်ပသွားပြီး သူ့ထံ တိုး၀င်လာခဲ့သည်။

ဘုန်းး…။

သူမ၏ လက်သီးချက် စုရှောင်ရှန်၏ ရင်ဘက်နှင့် မိတ်ဆက်သွားရာ ကြောက်မက်ဖွယ် မြည်ဟီးသံကြီး ညံသွား၏။

စုရှောင်ရှန် တုန့်ပြန်ရန် အချိန်ပင်မရလိုက်ဘဲ လက်သီးထိုးချက်ကိုခံလိုက်ရပြီး လျှပ်စီးကြောင့်လား ဘာလား တစ်ကိုယ်လုံးရှိ အကြောအခြင်များ ပြေလျော့သွားကာ နာကျင်မှုအစား သာယာမှုကိုသာခံစားလိုက်ရသည်။

ထိုလက်သီးချက်မှ စုရှောင်ရှန် နောက်သို့ ယိုင်တိုင်တိုင် ခြေလှမ်းအနည်းငယ်ခန့် ဆုတ်သွားသည်။ အခြားတစ်ဖက်က လျှိုလင်းလင်ကတော့ ကြော့ကွင်းနှင့်ပေါင်း၍ သက်ရောက်မှုကြောင့် အဝေးကြီးကို လွင့်ပျံသွား၏။

“ငါ့ကို ကလိ လာထိုးနေတာလားပဲ…” စုရှောင်ရှန်၏ နှုတ်ခမ်းသားများ အဆုံးထိကွေးမတက်သွားရခင်ပင် နက်ရောင် စည်ပိုင်းကြီး‌လောက်ရှိသည့် လျှပ်စစ်လုံးကြီးတစ်ခုက သူ့ထံကို အင်မတန်မြန်ဆန်လှသော အလျှင်နှင့် ကောင်းကင်ကိုဖြတ်သန်း၍ လာနေသည်ကို မြင်လိုက်ရသည်။

“အိုး… ယားတယ်… ဟားဟားဟား… လခွမ်း ယားတယ်ဟ”

စုရှောင်ရှန် ခန္ဓာကိုယ်တောင့်တောင့်ကြီးဖြစ်သွားသည်။ သူ့တစ်ကိုယ်လုံးက အနက်ရောင်ဂျွတ်သွားပြီး ဆံပင်များလည်း အဆုံးထိ ထောင်ထကုန်ကြသည်။

မျက်ဖြူလည်းလှန်သွားပြီး ထိုလျှပ်စစ်ရိုက်ချက်ကြောင့် သူ့၀ိညာဉ်တောင် မီးကျွမ်းသွားသလိုခံစားလိုက်ရသည်။

လျှိုလင်းလင်း၏ မျက်လုံးများက မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နေသည်။ သူမ၏ လက်သီးချက်အောက်မှ စုရှောင်ရှန် ခြစ်ရာတောင် မရဘဲနှင့် ထွက်လာနိုင်မည်ဟု မထင်ထားပါလေ။

မိုကြိုးနတ်ဘုရား သူမ၏ ပတ်ပတ်လည်မှာ မိုးကြိုးလျှပ်စီးများဖြင့် လေထဲပျံဝဲနေသည်။ သူမ လက်သီးချက်များ ပစ်ထိုးလိုက်တိုင်းမှာ ‌နောက်က လျှပ်စစ်အလုံးလေးများလိုက်လာလေသည်။ လျှပ်စစ်အလုံးများက ထိုလက်သီးချက်၏ အဓိက ဖျက်ဆီးမှုကိုပေးသော အနှစ်ဖြစ်၏။

သာမန်ထိုးချက်ကန်ချက်များဖြင့်တော့ စုရှောင်ရှန်ကို အယားပြေအောင် ကုတ်ပေးနေသလိုရှိ၏။ ကြည့်ရတာ သူမ စိတ်ဝိညာဉ်နည်းစနစ်များနှင့် ပေါင်းပြီး အသုံးပြုရမည့်ပုံပေါ်သည်။

ဒါပေမယ့် သူက စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်သာ ရှိတယ်မဟုတ်ဘူးလား။ ထိုလက်သီးထိုးချက်က ရင်ဘက်ကို ထုတ်ချင်းဖောက်သွားသင့်ပေသည်။

ထို့နောက် လျှိုလင်းလင်း တစ်စုံတစ်ခုကို သိသွားကာ “နင့်ခန္ဓာကိုယ်က စစ်မှန်ခြင်းနယ်ပယ်မှာဘဲ မဟုတ်ဘူးမလား”

စုရှောင်ရှန်နောက်ဆုံးတော့ ထိုလျှပ်စီးကလိယားထိုးချက်များမှ လွတ်မြောက်သွား၏။ ထိုထိုးချက်များက သူ့ကို အနာတရမဖြစ်စေသော်လည်း ၎င်းတို့ကြောင့် လှုပ်မရဖြစ်တာ‌ကတော့ တန်ပြန်ရန်ခက်ခဲလေသည်။

မိုးကြိုးနတ်ဘုရား၀င်စားထားသလား လျှိုလင်းလင်းကိုသူကြည့်ပြီး အလေးအနက် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ် ငါ့မှာ စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်ပဲရှိတာ”

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

“မဟုတ်မှလွဲရော နင် အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်သွားတာမလား” စုရှောင်ရှန် ပြောတာကိုမကြားသည့်အလား လျှိုလင်းလင်း မယုံကြည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်သည်။

သူမတစ်ဘ၀လုံးတွင် အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်နှင့် လူနှစ်ဦးကိုသာ တွေ့ဖူးပါသည်။ ပထမတစ်ဦးက သူမ၏ ဖခင်ဖြစ်ပြီး နောက်တစ်ယောက်က သူမ၏ အကိုကြီးဖြစ်ပါသည်။

သို့ပေမယ့်သူတို့က အနှောင်အဖွဲ့ကင်းသည့် တံခါးပိတ် ဘ၀ကို နေနေကြလေသည်။

သူမအသက်အရွယ်အတွင်း အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်နှင့် လူကို မတွေ့ဖူးပါလေ။ တကယ်က စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ကိုတောင် ရှားရှားပါးပါးမှ တွေ့ရချေသည်။

ယခုသူမရှေ့မှာ ရပ်နေ‌တာက သူမအဖေလို၊ အကိုလို စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသော အပြင်စည်းဂိုဏ်းသားဖြစ်၏။

“စုရှောင်ရှန် ငါနဲ့လိုက်ခဲ့။ နင့်ပါရမီက ထျန်းစန်းနန်းတော်မှာဆို အလကားပဲ။ နင့် ပါရမီကိုကောင်းကောင်းအသုံးချဖို့ ဒီထက် ကြီးတဲ့နေရာကိုသွားရမယ်”

လျှိုလင်းလင်း၏ မျက်၀န်းများက အသိအမှတ်ပြုမှု၊ လေးစားမှုတို့ဖြင့် လင်းလက်နေသည်။ ပါရမီရှင်များကို အကောင်းဆုံးပျိုးထောင်ချင်သည့် ဆန္ဒမီးက တောက်လောင်လာတော့သည်။

စုရှောင်ရှန် သူမကို လှည့်စားလိုက်တာမှန်သော်လည်း အဲ့တာက သူဟာ ပါရမီရှိသလို ဉာဏ်‌လည်းပြေးတယ်လို့ ပြောလိုက်တာမဟုတ်ဘူးလား။ သူမသာ အထက်ပိုင်းက လူတစ်ဦးဦးထံ စုရှောင်ရှန်ကို ထောက်ခံချက်ပေးလိုက်မယ်ဆိုရင် သူက တစ်ယောက်ယောက်ရဲ့ ‌နှစ်သက်ခြင်းကို ခံရမယ်‌ဆိုတာ ယုံကြည်ချက်ရှိသည်။

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

[လေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၁]

[ဖိတ်ခေါ်ခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် အေးခဲသွားသည်။ ဖိတ်ခေါ်ခံရတယ် ဟုတ်လား။

“ငါငြင်းတယ်”

ဤကမ်းလှမ်းချက်ကိုလက်ခံခြင်းက မျက်နှာဖုံးတပ်လူနှင့် တစ်ဖက်တည်းဖြစ်သွားမှာဖြစ်သည်။ ငတုံးများသာ ထိုကမ်းလှမ်းချက်ကို လက်ခံပေလိမ့်မည်။

လျှိုလင်းလင်း၏ မျက်၀န်းများအတွင်း စိတ်အားထက်သန်မှုများရှိနေပြီး “ဘာလို့လဲ”

စုရှောင်ရှန် သူ့လက်ကိုဝှေ့ရမ်းလိုက်သည်။ ယခု သူ့တွင်သာ နောက်က ၀တ်ရုံရှည်တစ်ခုသာရှိနေမယ်ဆိုရင်… အိိမ်း။ ဘာဖြစ်ဖြစ် လေးနက်နေသော မျက်နှာနှင့် စုရှောင်ရှန်ဆိုသည်။ “ငါတရားမျှတမှုကိုလိုလားလို့ပဲ”

စုရှောင်ရှန် လေးနက်နေတယ်လို့ သူ့ကိုယ်သူထင်နေသော ပေါတောတော မျက်နှာအမူအရာကို လျှိုလင်းလင်းကြည့်ပြီး သူမနဖူးကို သူမ ပြန်ရိုက်မိလိုက်သည်။

ဒီစုရှောင်ရှန်လည်း… သူမ အကိုလို ပေါကြောင်ကောင်း တစ်ယောက်ဖြစ်ဟန်ရပြီး ဖိတ်ခေါ်မိတာကိုတောင် နောင်တရလား၏။

နေဦး။ ဒါက ပါရမီရှင်ပဲ။ သူတော်စင်အစေအပါး သူ့ကို ရမှကို ဖြစ်မယ်”

“နင် ဒီကမ္ဘာကြီးအကြောင်းဘာသိလို့လဲ။ နင်ထင်နေတဲ့အရာက တကယ် တရားမျှတမှုဖြစ်ချင်‌မှ ဖြစ်‌နေမှာ” လျှိုလင်းလင်းလည်း စုရှောင်ရှန်လို ‌လက်နောက်ပစ်ပြီး အလေးအနက် ဆိုသည်။ သူမ၏ မျက်၀န်းများတွင် အန္တရာယ်ရှိဟန်ရသော ခရမ်းရောင်လျှပ်စီးများလက်သွားသည်။

လျှိုလင်းလင်း၏ အလှမှာ စုရှောင်ရှန် ရစ်မူးသွား၏။

‘ဒီအတောင်ပံကြီးနဲ့ ခရမ်းရောင်လျှပ်စီးတွေကိုကြည့်ပါဦး ဘယ်လောက်တောင်လှလိုက်လဲ။ ငါလဲလိုချင်တယ်ကွ။ လခွေးစနစ်’

လျှိုလင်းလင်းတစ်စုံတစ်ခုကိုထပ်ပြောရန်ကြံလိုက်သည်။ သို့သော် သူမကိုကြည့်နေသော စုရှောင်ရှန်၏ မျက်၀န်းများအတွင်း၌ ထူးဆန်းစွာလောင်မြိုက်နေသော အကြည့်ကိုမြင်လိုက်ရပြီး ပြောမယ့်စကားများပြန်မျိုချလိုက်၏။

“နင်ဘာကြည့်နေတာလဲ”

“ဘာမှမဟုတ်ဘူး”

စုရှောင်ရှန် သူ့အတွေးများကိုခါထုတ်ပြီး ပစ္စပ္ပုန်ကိုပြန်လာလိုက်သည်။ ထို့နောက် လျှိုလင်းလင်းကို မျက်တောင်မခတ်တမ်းကြည့်ပြီး “နင်တို့အဖွဲ့ထဲ ငါ့ကို မြူစွယ်ခေါ်လို့မရစေရဘူး”

လျှိုလင်းလင်း တိတ်ဆိတ်သွားသည်။

စုရှောင်ရှန်က တကယ် စိတ်တိုစရာကောင်းလွန်းလှသည်။

လျှိုလင်းလင်း သက်ပြင်းချကာ “ငါတကယ်ပြောနေတာ။ နင်တကယ် တရားမျှတ မှန်ကန်မှုကို လိုလားတယ်ဆိုရင် ငါနဲ့လိုက်ခဲ့။ ဘာမှ အမှောင်လဲ ဘာက အလင်းလဲဆိုတာ နင်သိသွားစေရမယ်”

စုရှောင်ရှန် သူ့ခေါင်းကို အပြင်းအထန်ခါရမ်းလိုက်ပြီး “ငါက စကားအဖြစ် ပြောတာ။ တရားမျှတမှု ဘာမှု ညာမှုကို ငါ စိတ်မ၀င်စားဘူး”

“…”

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“နင့်ဟာနင် ဘာပြောပြော ငါနဲ့ လိုက်ကိုလိုက်ခဲ့ရမယ်” သူမက ဒေါသတကြီးဆိုသည်။

“မလိုက်တော့ဘာဖြစ်လဲ” စုရှောင်ရှန်၏ နှုတ်ခမ်းများအထက်သို့ကွေးညွှတ်သွားပြီး “ငါ့ကို ပြန်ပေးဆွဲမှာလား။ ဒါပေမယ့် ကြည့်ရတာ နင်အဲ့လိုလုပ်နိုင်တဲ့ပုံမပေါ်ဘူးနော်”

“မစမ်းကြည့်ဖူးရင် ဘယ်သိမလဲ” စကားအဆုံးမှာ လျှိုလင်းလင်း၏ ခေါင်းအထက်၌ လျှပ်စစ်မီးသီးတစ်လုံးပေါ်လာခဲ့သည်။ သူမ၏ မျက်နှာအမူအရာက ကလေးကိုမုန့်ပေးနေသလို “လောင်းမလား”

“ငါက ပြည့်တန်ဆာ၊ မူးယစ်ဆေးဝါး၊ လောင်းကစား ဘာတစ်ခုမှမလုပ်ဘူး” စုရှောင်ရှန် အေးတိအေးစက် တုန့်ပြန်လိုက်သည်။

လျှိုလင်းလင်း၏ မျက်ဆံများကျုံ့သွားကာ သူမ တဂျွတ်ဂျွတ် အံကြိတ်တာကိုတောင် ကြားနေနိုင်သည်။

အားးး…။

သူမ ပေါက်ကွဲထွက်မတတ်ခံစားနေရ၏။

ခရမ်းရောင်လျှပ်စီးများလည်း အပြင်းအထန် တစ်ပြက်ပြက် လက်လာတော့သည်။

သူမ ဒေါသကို သူမ ထိန်းချုပ်ရန် ပြောလိုက်ပြီး သူ့ရှေ့က ကောင် ဘာပြောသလဲဆိုတာ မကြားချင်ယောင်ဆောင်ခိုင်းလိုက်သည်။

“ငါနိုင်ရင် နင်ငါနဲ့လိုက်ခဲ့ရမယ်။ ငါရှုံးရင် ငါ့ကို ကြိုက်တာလုပ်” လျှိုလင်းလင်း ဆိုလိုက်သည်။

“အကုန်လုံးနော်” စုရှောင်ရှန်၏ မျက်၀င်းများ၀င်းပသွားပြီး သူမ၏ တစ်ကိုယ်လုံးကို ထောင့်စေ့အောင်ကြည့်လိုက်သည်။ ထို့နောက် မျက်လုံးချင်းတည့်တည့်ကြည့်ပြီး မျက်နှာချင်းပြန်‌ဆိုင်လိုက်ကာ “သေချာပြီလား”

ထိုအကြည့်က လျှိုလင်းလင်း၏ ဆံနွယ်များကို ထောင်ထသွားစေသည်။ ရင်ဘက်ကိုလက်ဖြင့်ကိုင်ထားရင်းမှ အားအင်ချိနဲ့စွာ ပြန်ဖြေလိုက်သည်။ “အဲ့တာတော့ မရဘူးလေ”

“ဘာ အဲ့တာလဲ။ ဘာကြီးလဲ”

“… …”

“စုရှောင်ရှန် လွန်မလာနဲ့”

“ဟားဟား” စုရှောင်ရှန် သူမကို ကျီဆယ်သလိုတစ်ချက်ကြည့်လိုက်ပြီး မျက်နှာလွှဲလိုက်သည်။ “ကလေးမလေး။ ဘာလို့ နောက်လှည့်ပြီး အိမ်မပြန်တာလဲ။ လောင်းကြေးထပ်တယ်ဆိုတာ… လူကြီးတွေလုပ်တဲ့ အလုပ်”

‘ဒီကောင်ကတော့…’ သူမ ကျိန်‌ဆဲလိုက်ပါသည်။

လျှိုလင်းလင်း၏ ကြုတ်ထားသော မျက်ခုံးများ အပြင်းအထန်လှုပ်သွားသည်။ သို့မှ စိတ်ဖြေလျော့လိုက်ရာ ရုပ်ချည်း စိတ်ရှင်းသွားလေတော့သည်။

“ရတယ်။ သဘောတူတယ်”

Comment

Leave a Reply

Options

not work with dark mode
Reset