Switch Mode

Chapter – 136

သန်မာလာတယ်၊ ပိုသန်မာလာတယ်၊ စွန်းသန်မာလာတယ်

အပိုင်း (၁၃၆) သန်မာလာတယ်၊ ပိုသန်မာလာတယ်၊ စွန်းသန်မာလာတယ်

ဓားထိပ်သီးထဲကိုပဲ ပင်က်ိုယ်မှတ် ငါးသောင်း ထည့်လိုက်ရမလား စုရှောင်ရှန် တွေဝေသွားသည်။ သို့ဆိုပါက သူက စွန်းကြမ်းလာမည်ဖြစ်ပြီး လူသတ်ကွက်လို အကွက်လန်းလန်းလေးတစ်ခုပါ အဆစ်ရလိုက်ပေမည်။

သို့သော် ထိုသို့လုပ်လိုက်ချင်သည့် ဆန္ဒတို့ကို ရှေးရေးအတွက် မျှော်တွေးပြီး ဖိနှိပ်လိုက်သည်။ သူသာ ဓားအရာမှာ အဆင့်ထပ်တက်သွားမယ်‌ဆိုရင် သူ့အသက်က ဘေးအန္တရာယ်ရှိလာနိုင်သည်။

“စုရှင်းရှင်းလို ပါရမီရှင်တစ်ယောက်တောင် ဒီနယ်ပယ်ကိုမရောက်သေးဘူး။ ငါ့မှာတော့ အတွင်းစည်းကို ၀င်တာဖြင့် သုံး၊ လေးရက်လားရှိသေးတယ်။ ပြီးတော့ ငါက အပြင်စည်းဂိုဏ်းသားဖြစ်နေတုန်းပဲ။ အရှင်သခင်နယ်ပယ် ဓားသမားတစ်ယောက်ဖြစ်လာတာက ဘယ်လိုမှ ယုံချင်စရာကိုမရှိတာ”

“ဒီလိုဆို ငါ့ကို အာရုံတွေ တကူးတကစိုက်လာကြတော့မှာပဲ။ အဖိုးကြီးရဲ့ ဩဇာနဲ့ ကျောထောက်နောက်ခံနဲ့တောင် ငါလုံခြုံမယ်မထင်ဘူး။ ပြီးတော့ အဲ့ဒီ အဖိုးကြီးကလည်း ယုံရတာမဟုတ်ဘူး။ ရုတ်တရက်ထဖောက်ပြီး ကိုယ့်တပြည့်ကို ခွဲစိတ်စမ်းသပ်မှူတွေလုပ်နေမှ ပြေးစရာနေရာမရှိဖြစ်နေဦးမယ်”

ထိုဖြစ်နိုင်ခြေကအလွန်မြင့်သည်ဟု စုရှောင်ရှန် ခံစားလိုက်ရသည်။

ပင်ကိုယ်မှတ် ၅၀၀၀၀ လောက် သုံးနိုင်နေသေးရာ ဘာလုပ်ရမလဲ စဉ်းစားလိုက်သည်။

ကျန်ပင်ကိုယ်စွမ်းရည်များကလည်း သူ့ဟာနှင့်သူတော့ အံ့မခန်း စွမ်းရည်များချည်းသာဖြစ်ကြသည်။ သို့ဖြင့် ဆုံးဖြတ်ရ ခက်ခဲနေပြီး အချိန်အတော်ကြာအောင် ဘာမှ ဆက်မလုပ်နိုင်ဖြစ်နေ၏။

“အသက်ရှူခြင်းနည်းစနစ်ဆိုရင်ရော”

သူတို့အရေးပါမှုက တစ်ခုနှင့်တစ်ခု ထူးမခြားနားဖြစ်နေလေရာ သူ့ အခြေခံပင်ကိုယ်စွမ်းရည်ကိုပဲ မြှင့်တင်လိုက်ရမလား တွေးတောလိုက်သည်။ သို့သော် ထိုအကြံကို အလျှင်အမြန်ပဲ ပြန်ဖျက်လိုက်ပါသည်။

တကယ်က အသက်ရှူခြင်းနည်းစနစ်ကို အဆင့်မမြှင့်လည်းရသည်။ အပြင်ပန်း၌ သူ့ပင်ကိုယ်စွမ်းရည်များ အဆင့်ပိုမြင့်လေ သူအဆင့်တက်ရတာမြန်လေဖြစ်သော်လည်း ထိုသို့ပြုရန်အတွက် စိတ်ဝိညာဉ်ရင်းမြစ်များလိုသေးသည်။

ကျင့်ကြံခြင်းက အသက်ရှူခြင်းနည်းစနစ်တစ်ခုတည်း စိတ်ဝိညာဉ်စွမ်းအင်ပမာဏများများကို စုပ်ယူခြင်းနှင့် မလုံလောက်တော့ပါ။ စိတ်ဝိညာဉ်ကျင့်ကြံခြင်းဆေးလုံး၊ စိတ်ဝိညာဉ်ကျင့်ကြံခြင်းဆေးရည်၊ ရွှေနီဆေးလုံး၊ ငရဲမီးတောက်အစေ့ စသည်တို့ကို ဖြည့်ဖက်အဖြစ်စုပ်ယူရသေးသည်။

သူ့ကျင့်ကြံမှုကို အထောက်အကူပြုနိုင်သည်ဆိုဆို မဆိုဆို စိတ်ဝိညာဉ်စွမ်းအင် အနည်းအကျဥ်းပါသည့်အရာတိုင်းကို စုပ်ယူလိုက်လျှင် သူ့ကိုယ်ပိုင်ခွန်အား၏ တစ်စိတ်တစ်ဒေသဖြစ်လာရသည်သာ။

ထို့ကြောင့်လည်း အသက်ရှူခြင်းနည်းစနစ် အဆင့်မမြင့်တာတောင် ဩချရလောက်အောင် အမြန်နှုန်းဖြင့် အဆင့်များချိုးဖျက်တက်နေခြင်းဖြစ်သည်။

“စိတ်ဝိညာဉ်စတင်ခြင်းနယ်ပယ်ကနေ စစ်မှန်ခြင်းနယ်ပယ်ကိုရောက်ဖို့ အချိန် (၁) လတောင်မကြာလိုက်ဘူးထင်တယ်”

သူ့မျက်နှာက စပ်ဖြီးဖြီး ကြီးဖြစ်နေသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ သေချာစွာ ဆန်းစစ်ကြည့်ပါက စုရှောင်ရှန်နှင့်ပတ်သက်၍ တစ်စုံတစ်ခု မူမမှန်တာကို သိကြပေမည်။

သူက ရှစ်ယောက်မြောက်ဓားနတ်ဘုရားလည်းမဟုတ်သလို ထိုအရာများကိုလည်း မရုမစိုက်ပါလေ။

“တကယ် အပူတပြင်း အဆင့်မြှင့်ဖို့ လိုအပ်နေတာတော့မရှိဘူးပဲ…” စုရှောင်ရှန် ဈေးဆိုင်ထဲက ဈေးတက်သွားသော ပင်ကိုယ်သော့များကိုကြည့်လိုက်သည်။

“ကံစမ်းကြည့်ရမလား”

စနစ်၏ အဆင့်မြှင့်တက်ခြင်းက သူ့ကို ကံကောင်းခြင်းတွေများ ယူဆောင်လာမလားဟု တွေးလိုက်မိသည်။ ပထမ ကံစမ်းမဲစလှည့်စဉ်ကဆို သော့နှစ်ချောင်း၊ သုံးချောင်းတည်းဖြင့် ပင်ကိုယ်စွမ်းရည်ရရှိတာကို ပြန်မြင်ယောင်ပြီး မျက်ရည်ကျသွားသည်။

“မဟုတ်လဲ ပင်ကိုယ်သော့ကျလာမယ့် နှုန်းထားကိုတိုးမြင့်လိုက်မှာလည်းဖြစ်နိုင်တာပဲ။ ဥပမာ ဆယ်ခါလှည့်ရင် သော့ငါး‌ချောင်းပြန်ရတာပေါ့” စုရှောင်ရှန် အားတက်သွားသည်။

[ပင်ကိုယ်မှတ် : ၂၃၈၆၆၆]

[ပင်ကိုယ်မှတ် : ၁၈၈၆၆၆]

စုရှောင်ရှန် အနီရောင်ဘီးကြီးထဲ သော့ဆယ်ချောင်းစလုံးထည့်လိုက်ပြီးနောက် လက်အုပ်ချီကာ “အာအန်ဂျီးးးဆက်မစပါ”

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[သော့အပိုတစ်ချောင်းရရှိပါသည်]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[သော့အပိုတစ်ချောင်းရရှိပါသည်]

[သော့အပိုတစ်ချောင်းရရှိပါသည်]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[တိုးချဲ့ပင်ကိုယ်စွမ်းရည် : လျင်မြန်မှု ရရှိပါသည်။]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

စုရှောင်ရှန် မျက်လုံးပြူး မျက်ဆံပြူးဖြင့် အသိပေးချက်ဖန်သားပြင်ကို ငူငူကြီးစိုက်ကြည့်နေလိုက်၏။

“ငါ့ကို တကယ် တစ်ခုခုပေးတယ်ဟ။ လျင်မြန်မှုတဲ့။ ငါ့စိတ်ကူးထဲကလိုဆိုရင်တော့ နတ်ဘုရားသဖွယ် စွမ်းရည်တစ်ခုပဲ။ ဒါပေမယ့် လျင်မြန်မှုက အရှိန်လား၊ တုန့်ပြန်တဲ့အရှိန်လား၊ နည်းစနစ်တွေရဲ့ အရှိန်ကို မြန်ပေးတာလား ဘာလား။ ဒါမှ မဟုတ် အားလုံးကိုများ မြန်အောင်လုပ်ပေးတာလား”

သူက စနစ်နှင့် မရင်းနှီးတော့သော လူသစ်လေး စုရှောင်ရှန် မဟုတ်ရတော့ပါ။ စနစ်ရဲ့ အကျင့်အရဆို ပင်ကိုယ်စွမ်းရည်တိုင်းက တိကျသေချာသော တစ်စုံတစ်ခုကိုသာ အဆင့်မြှင့်မှုပေးလေသည်။

ထို့ကြောင့် အရာအားလုံးကို တိုးမြှင့်ပေးတယ်ဆိုတဲ့ ဖြစ်နိုင်ခြေက အလွန်နည်းပါးသည်။

“ဒါမှမဟုတ် ငါ့လေ့ကျင့်လိုက်တဲ့ ကိုယ်ဖော့နည်းစနစ်တွေက အခြားသူတွေထက် အပုံကြီးသာနေမှာလား။ အာအန်ဂျီးဆက်။ ကျေးဇူးပါ ခုလိုမစတဲ့အတွက်”

စုရှောင်ရှန် စိတ်လိုက်မာန်ပါ ပင်ကိုယ်မှတ်များကို အသုံးမပြုမိလိုက်လို့ စိတ်သက်သာရာရသွားသည်။ ထိုဆုံးဖြတ်ချက်က “ခွန်အား” နှင့်ယှဉ်နိုင်လောက်သော ခပ်ကြမ်းကြမ်း ပင်ကိုယ်စွမ်းရည်တစ်ခုကိုပေးလိုက်လေရာ သူ၏ တိုက်ခိုက်မှုစွမ်းရည်က ပိုမြင့်မားသွား၏။

ထို့နောက် အသစ်ရရှိလာသော လျင်မြန်မှုထဲကို အဆင့်(၁) စွမ်းရည်မှတ်များ အလုံးအရင်းထည့်လိုက်သည်။

[လျင်မြန်မှု(စစ်မှန်ခြင်းနယ်ပယ်အဆင့်၁)]

သူ့စိတ်တစ်ခုလုံးက အားတိုးဆေးတစ်ခုခုကိုသောက်လိုက်သည့်အလား ၀န်းကျင်ရှိအရာများ နှေးကွေးသွားသည်ကို ‌သိလိုက်ရသည်။ စိတ်လည်း ပြန်လည် လန်းဆန်းတက်ကြွလာတော့၏။

စုရှောင်ရှန် တဆတ်ဆတ်တုန်ခါသွားပြီး နောက်ထပ် ကံစမ်းမဲမှရလိုက်သော သော့များဖြင့် ဘီးကိုထပ်လှည့်လိုက်သော်လည်း ထင်ထားသလို ဘာမှ မရတော့ပါ။

[ပင်ကိုယ်မှတ် : ၁၇၈၆၆၆]

“နိုးထခြင်း ရေကန်”

စုရှောင်ရှန်၏ မျက်၀န်းများတောက်ပသွားပြီး ဈေးဆိုင်ထဲမှ နိုးထခြင်းကျောက်တုံးများ၀ယ်လိုက်သည်။ တစ်လုံးကို ပင်ကိုယ်မှတ် တစ်သောင်းပေးရ၏။

“ကဲ စမ်းကြည့်မယ်”

သူ့ပင်ကိုယ်မှတ်များလျော့ကျသွားပြီး မိုးပြာရောင် သာမန်အရွယ်အစားရှိ ကျောက်တုံးတစ်တုံးလက်ထဲ ပေါ်လာသည်။ ထိုကျောက်တုံး၏ မျက်နှာပြင်က တောက်ပြင်လင်းလက်နေပြီး စုရှောင်ရှန် အသေအချာ ဆန်းစစ်ကြည့်လိုက်ရာ သူ့တွင်ရှိသော တိုးချဲ့ပင်ကိုယ်စွမ်းရည် အမျ်ိုးအစားများ အားလုံး ပါနေကြောင်းကိုသိလိုက်ရ၏။

ထို့နောက် ခွန်အား တစ်ခုတည်းသာ ကျန်တော့အောင် စိတ်ထဲမှ တွေးလိုက်ရာ ကျောက်တုံးတွင် အခြား တိုးချဲ့ပင်ကိုယ်စွမ်းရည်များပျောက်ကုန်ကြလေသည်။

ခွန်အားကြောင့်သာ ယခုလို အခြေအနေမျိုးသို့ ရောက်လာနိုင်ခြင်းဖြစ်ရာ ပွဲဦးထွက်အနေဖြင့် ခွန်အားကို ရွေးချယ်လိုက်သည်။

ထို့နောက် စနစ်အတွင်းမှ နိုးထခြင်းရေကန်ထဲကို ပစ်ချလိုက်ရာ ရေများ လွင့်စင်ထွက်လာသည်။ စုရှောင်ရှန် အသိပေးချက်ဖန်သားပြင်ကို အလိုလိုကြည့်လိုက်မိ၏။

[နိုးထခြင်း ကျရှုံးပါသည်။]

“အော်… ပင်ကိုယ်မှတ် တစ်သောင်းက ဒီလိုနဲ့ ပြောင်သွားပြီ”

စုရှောင်ရှန် သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။ (၁၀) ခါ နိုးထရင် တစ်ခါတော့ အောင်မြင်မှာပါ။ ဖြစ်နိုင်ခြေက ထို့ထက် နိမ့်နေရင်တော့ သူ့တွင် ပင်ကိုယ်မှတ်များသန်းနှင့်ချီရှိသောအခါမှ နိုးထခြင်းရေကန်ကို ထပ်စမ်းကြည့်တော့မည်ဖြစ်သည်။

နောက်တစ်ကြိမ်ကွာ။

[နိုးထခြင်း ကျရှုံးပါသည်။]

စုရှောင်ရှန်၏ မျက်ခုံးများ လှုပ်သွားသည်။ စနစ်က တုန့်ဆိုင်းခြင်းအလျှင်းမရှိ သူ့ကို ထပ်ကျရှုံးစေလိုက်၏။

“ဘာမှ မဖြစ်ဘူး ဆက်လုပ်”

[နိုးထခြင်း ကျရှုံးပါသည်။]

“…”

[နိုးထခြင်း ကျရှုံးပါသည်။]

အနက်ရောင်ချောက်ကမ်းပါးအောက်၌ ဘယ်သူမှ မရှိဘဲ ရုတ်တရက် ပူပေါင်းတွေ ပေါ်လာတော့သည်။

စုရှောင်ရှန် ကံများကောင်းမလားဆိုပြီး ရေကန်အောက်သို့ဆင်းပြီး သတ္တမ အကြိမ်မြောက်ကြိုးစားကြည့်ခြင်းဖြစ်သည်။

ဖုန်းရွှေကောင်းနိုင်လောက်သည်ဟု သူထင်သည့် အနက်ရောင်ရေကန်အောက်ခြေအနှံ့ နေရာတိုင်းမှာ နိုးထကြည့်ပြီးပြီဖြစ်၏။

စုရှောင်ရှန် အချိန်အတော်အကြာအောင် ဆုတောင်းနေပြီးနောက် နိုးထခြင်းကျောက်တုံးကို နိုးထခြင်းရေကန်ထဲ ထပ်ပစ်ထည့်လိုက်သည်။

[နိုးထခြင်း ကျရှုံးပါသည်။]

“လခွမ်းးးး”

သည်းခံနိုင်စွမ်းမရှိတော့သော စုရှောင်ရှန် စိတ်တိုတိုဖြင့် နောက်ထပ် နိုးထခြင်းကျောက်တုံး တစ်တုံးကို နိုးထခြင်းရေကန်ထဲ အားပြင်းပြင်း ပစ်ထည့်လိုက်ပြီး ရေကန်ထဲမှ ခုန်ထွက်လိုက်သည်။

လတ်ဆတ်သောလေကို အားပြင်းပြင်းရှိုက်လိုက်ပြီးမှသာ အသိပေးချက်ဖန်သားပြင်ကိုကြည့်လိုက်တော့၏။

[နိုးထခြင်း အောင်မြင်ပါသည်။]

[ခွန်အား(နိုးထခြင်း: လူ့ဘီလူးကြီး၏ဒေါသ)]

စုရှောင်ရှန် မှင်တက်သွားတော့သည်။

ဘုန်း ဘုန်း ဘုန်း

မြေပြင်တစ်ဝိုက် အက်ကြောင်းများထလာ၍ ချိုင့်၀င်သွားပြီး စုရှောင်ရှန် လေထဲသို့ ခုန်တက်ကာ ပျော်ရွှင်မှုတို့ဖြင့် ရင်ဘက်ကို အိုးစည်တီးသလို စည်းချက်ညီညီ ထုရိုက်လိုက်တော့သည်။

“လူ့ဘီလူးကြီး၏ဒေါသက ဘာကြီးတုန်းဟ” စုရှောင်ရှန် ပဟေဠိဖြစ်သွားပြီး တိတ်တခိုးနာကျင်ခြင်းကို ကွေးလိုက်ရာ “ဂ” သဏ္ဌာန်ဖြစ်သွားသည်။

“ထားလိုက်ပါတော့။ စနစ်ကတောင် ဒီလို ထူးဆန်းတဲ့ နာမည်ပေးတယ်ဆိုတော့ အကျိုးသက်ရောက်မှုက ထူးခြားပါလိမ့်မယ်။ အတိုက်ခိုက်ခံရရင်များ လူ့ဘီလူးအသွင်ပြောင်းသွားမှာလားမသိဘူး”

စုရှောင်ရှန်၏ မျက်လုံးများ မယုံကြည်နိုင်မှုတို့ဖြင့် ပြူးကျယ်သွားပြီး “လူ့ဘီလူးကြီးများကိုတိုက်ခိုက်ခြင်း” ဆိုတဲ့ ဂျပန်အန်နီမေး(အန်းနီးမိတ်) တစ်ခုကို သတိရသွားသည်။

“ချီး အဲ့လိုဆိုရင်တော့ အမြဲ အ၀တ်အပိုဆောင်ထားရမယ်”

ဟူးးးး…။

“လခွမ်းလိုပဲ။ စိတ်ကိုလျော့ပါဟ” စုရှောင်ရှန် နောက်ထပ် အသက်ပြင်းပြင်းထပ်ရှိုက်လိုက်သည်။ ထို့နောက် ချိုင့်ကွက်ထဲမှ ခုန်ထွက်လိုက်၏။

[ပင်ကိုယ်မှတ် : ၈၈၆၆၆]

ထိုစွမ်းရည်တစ်ခုကို နိုးထဖို့ကို ပင်ကိုယ်မှတ် ကိုးသောင်းလောက် အသုံးပြုလိုက်ရသည်။ ၎င်းက သူ လက်ခံနိုင်သော အတိုင်းအတာအတွင်းရှိနေသေး၏။

လိုရမယ်ရ ဓားထိပ်သီးအတွက် ပင်ကိုယ်မှတ် ငါးသောင်းလောက် ချန်ထားချင်သေးသော်ငြား အိုစီဒီ ၀င်လာပြီး နေမထိ ထိုင်မသာ ဖြစ်လာကာ ကျန်ပင်ကိုယ်မှတ်များကို သုံးချင်သွား၏။

“အေးဆေးပေါ့။ တစ်သောင်းလောက်ချန်ထားလဲရပါတယ်။ အဲ့တာနဲ့လဲ အဆင့်တက်ပြီလည်း အဓိက အခြေအနေတစ်ခုခုမှာ ရုန်းထွက်နိုင်မှာပါ”

ထို့နောက် “ခွန်းအား” ကိုတောင် ယှဉ်ပြိုင်နိုင်မည့် “လျင်မြန်မှုကို” ကြည့်လိုက်သည်။

[လျင်မြန်မှု(အရှင်သခင်အဆင့်၁)]

စုရှောင်ရှန်၏ ခန္ဓာကိုယ် တစ်ခုလုံးပေါ့ပါးသွားပြီး ပျံသန်းနေသလို ဖြစ်နေတာကြောင့် အံ့အားသင့်သွားရသည်။

အရှေ့တည့်တည့်ကိုကြည့်လိုက်ပြီး ရွေ့လိုက်ရာ ဝှီးကတည်း မီတာ ရာနှင့်ချီ၍ ချက်ခြင်း ရောက်သွား၏။

“လခွမ်း။ ကြည်းတော်ကြီး နေရာ ခုန်ကူးနိုင်တဲ့ အစွမ်းဟ”

Comment

Leave a Reply

Options

not work with dark mode
Reset