Chapter – 17.1 ” ပထမဆုံး ပူးပေါင်းဆောင်ရွက်ခြင်း။ လူနှစ်ယောက်ရဲ့ တိုက်ပွဲစစ်မြေပြင်ကို ထိန်းချုပ်မှု ”
°°°
ဟို့ယွိဟောင်ကတော့ တခဏတာ တိတ်ဆိတ်နေပြီတဲ့နောက် ပြောလာခဲ့ပါတယ်။
” မာနက လူတွေကို ထိခိုက်စေနိုင်တယ်..အနည်းဆုံးမင်းသိုသိုသိပ်သိပ် နေပါဦးလား ”
” ငါ့ရဲ့ သိုင်းပညာ၀ိဉာဥ်နဲ့ သိုသိုသိပ်သိပ် နေလို့ရမယ်များ မင်းထင်နေတာလား ”
၀မ်သုန့်က ပြန်ဖြေလာခဲ့ပါတယ်။
အမှန်ပါပဲ ၀မ်သုန့်ရဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်က ပေါ်လာချိန်တိုင်းမှာ လူတိုင်းကို အံ့အားသင့်စေနိုင်ပါတယ်။ သူ့အတွက်တော့ သိုသိုသိပ်သိပ် နေဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပါပဲ။
ဘယ်သူမှစကားမပြောကြပဲနဲ့ တိတ်တဆိတ်သာ တရားထိုင်ရင်း တစ်ညတာကို ကုန်ဆုံးလို့သွားခဲ့ပါပြီ။ မကြာခင်အချိန်အတွင်းမှာပဲ မနက်ခင်းရောင်ခြည်က စတင် ကျရောက်လာပါတော့တယ်။ သူတို့တွေလဲ ကျောင်းဆောင်ကိုသွားပြီ မနက်စာစားကြတယ်။ အဲ့ဒီနောက်မှသာ အတန်းထဲကို ထပ်ပြီး တက်ခဲ့ကြပြန်ပါပြီ။ လက်ရှိအချိန်မှာတော့ အတော်ကို အားကောင်းတဲ့ ပတ်၀န်းကျင်လှုပ်ရှားမှုက ဖြစ်ပေါ်နေခဲ့ပါတယ်။
လူတိုင်းက သုံးယောက်အုပ်စု စုနေခဲ့ကြပြီ တစ်ယောက်နဲ့တစ်ယောက်လဲ ဆွေးနွေးနေခဲ့ကြပါသေးတယ်။
ရှောင်ရှောင်းက သူတို့နှစ်ယောက်ထပ်အရင် ရောက်နေခဲ့တာကြောင့် သူတို့ကို စောင့်ဆိုင်းနေခဲ့တယ်။ သူတို့တွေ ၀င်လာတာကို မြင်မြင်ချင်အချိန်မှာ ချက်ချင်းဆိုသလို သူတို့ကို လက်ဝှေ့ရမ်းပြရင်း နှုတ်ဆက်ပါတော့တယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့သူ့အနားကို ရောက်ချိန်မှာတော့ ရှောင်ရှောင်းက ပြောလာခဲ့တယ်။
” စစ်ဆေးပွဲက ဒီနေ့ နေ့လည်စမယ်လို့ပြောတယ် ငါတို့တွေ နည်းလမ်းတစ်ချို့ ဆွေးနွေးရအောင် ”
၀မ်သုန့်ကတော့ ချက်ချင်းငြင်းလိုက်ပါတယ်။
” ငါ့တို့ဘာမှ ဆွေးနွေးစရာမလိုဘူး သွားပြီ တိုက်ခိုက်ရအောင် ”
ရှောင်ရှောင်းက ခေါင်းခါလိုက်ပါတယ်။
” အဲ့ဒီလောက်မလွယ်ဘူး ငါကြားတာကတော့ အတန်းထဲမှာ ရှိတဲ့ ထိပ်တန်းကျောင်းသားတွေ တော်တော်များများက အထူးပြုထားတဲ့ အဖွဲ့တွေကို ဖွဲ့စည်းထားတယ်ဆိုပဲ သူတို့က ချန်ပီယံနေရာကို ရဖို့အတွက် အဓိက အားစိုက်ထုတ်နေကြတယ်…သူတို့တွေကို ရင်ဆိုင်ဖို့လွယ်မှာ မဟုတ်ဘူး…ဒါကြောင့် ငါတို့တွေ တိုက်ခိုက်မယ်ဆိုရင် ကောင်းကောင်းပူးပေါင်းထားမှ ရလိမ့်မယ် ”
၀မ်သုန့်ကတော့ ငြင်းချင်နေတုန်းပါ ဒါပေမယ့် ဟို့ယွိဟောင်က ဖြတ်ပြီပြောပါတယ်။
” ၀မ်သုန့် မင်းစဥ်းစဥ်းစားစားလဲ လုပ်စမ်းပါ အကယ်၍ အဲ့ဒီလိုမလုပ်ဘူးဆိုရင် ဆရာကျိုးကိုပြောပြီ ငါတို့အဖွဲ့ ပြန်ပြောင်းလိုက်မယ် “‘
ရှောင်ရှောင်းက ၀မ်သုန့်ကို အငြိုးထားနေဆဲ ဟုတ်မဟုတ် သူမသိပေမဲ့ သူက ချက်ချင်းဆိုသလို ဟို့ယွိဟောင်လေသံအတိုင်း လိုက်ပြောပါတော့တယ်။
” အမှန်ပဲ ကိုယ့်ကိုကိုယ် အရမ်းယုံကြည်ချက်လွန်ကဲနေတာက မောက်မာရာရောက်လွန်တယ် ”
၀မ်သုန့်ကတော့ နောက်ထပ် စကားမပြောတော့ပါဘူး။ ဟို့ယွိဟောင်က ၀မ်သုန့်ပုခုံးပေါ်ကို လက်တင်ထားရင်း ပြောလာခဲ့ပါတယ်။
” စိတ်မဆိုးနဲ့ ငါတို့တွေ အတူတူ အလုပ်လုပ်မှဖြစ်မယ်…ဒါဆိုရင် ရန်သူတွေကို တိုက်ခိုက်တဲ့အချိန်မှာ ပိုပြီး လွယ်သွားမယ်မဟုတ်လား ငါတို့ရဲ့ စွမ်းရည်တွေကို အဓိက ဆွေးနွေးရအောင် ”
သူတို့တွေ အတန်းဖော်ဖြစ်တာ သုံးလကြာပြီဖြစ်ပေမဲ့ ကျင့်ကြံတဲ့ ကိစ္စကတော့ ကိုယ်တိုင်တစ်ယောက်ချင်းဆီသာ ပြုလုပ်ရတဲ့အရာပါ။ ဒါကြောင့် ဘယ်သူကမှလဲ သူ့ရဲ့သိုင်းပညာ၀ိဉာဥ်ကို ကောင်းကောင်းမသိကြပါဘူး။
ဟို့ယွိဟောင်က ဆက်ပြောလာခဲ့ပါတယ်။
” ငါ့အရင်ဆုံးပြောမယ် ငါ့မှာ စိတ်၀ိဉာဥ်အမျိုးအစားသိုင်းပညာ၀ိဉာဥ်ရှိတယ်..စိတ်၀ိဉာဥ်စူးစမ်းထောက်လှမ်းမျှဝေဆိုတဲ့ စွမ်းရည်တစ်ခုကို ငါသုံးနိုင်တယ်…ဒါကြောင့် ပတ်ပတ်လည် မီတာငါးဆယ့်အတွင်းမှာ ရှိနေတဲ့ဘယ်လိုလှုပ်ရှားမှုမဆို အတော်လေး အသေးစိတ်ကျကျ မင်းတို့အတွက် ထောက်လှမ်းပြီ မင်းတို့ဆီ မျှဝေနိုင်တယ်…တစ်ချိန်ထဲမှာပဲ ပြိုင်ဘက်ရဲ့လှုပ်ရှားမှုကို အတိုင်းအတာတစ်ခုအထိ ခန့်မှန်းလို့ရတယ် ”
၀မ်သုန့်ကလဲ ပြောလာခဲ့ပါတယ်။
” ငါက တိုက်ခိုက်ရေး၀ိဉာဥ်ပညာရှင်အဝေးတိုက်ခိုက်မှုရော အနီးတိုက်ခိုက်မှုရော အဆင်ပြေတယ်..ဒါ့အပြင် ပျံလည်ပျံနိုင်တယ် ”
သူက မောက်မာတဲ့သူဖြစ်ပေမဲ့ တကယ်တော့ အဲ့ဒီလိုမောက်မာနိုင်ဖို့လဲ အရည်အချင်း ရှိနေခဲ့ပါတယ်။ သူက ကျင့်ကြံဆင့်ရော ၀ိဉာဥ်စွမ်းအားရော အားလုံးက သက်တူရွယ်တူတွေထက်ကို ထူးခြားသာလွန်နေခဲ့တယ်။ ဒါ့အပြင် ဒုတိယ၀ိဉာဥ်စက်ကွင်းကလဲ နှစ်တစ်ထောင်၀ိဉာဥ်စက်ကွင်းပါ။ ဒီလိုလူမျိုးက ကျောင်းတော်ထဲမှာတောင် အလေးထားခံရမဲ့ အမျိုးအစားပါပဲ။
ရှောင်ရှောင်းက ခေါင်းညိတ်ရင် ပြောလာခဲ့ပါတယ်။
” ငါ့ရဲ့ အဓိက သိုင်းပညာ၀ိဉာဥ်က အသက်သုံးချောင်းရှိတဲ့ ၀ိဉာဥ်ချေဖျက်အိုးကြီးပဲ တိုက်ခိုက်လို့ရသလို ခုခံလို့လဲရတယ်…ဒါ့အပြင် စစ်မြေပြင်ကိုတောင် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်တယ်…ငါ့ရဲ့ရန်သူတွေကို စိတ်ထွေးပြားအောင်လဲ လုပ်လို့ရတယ်…ဒါ့အပြင် အဲ့ဒီလိုလုပ်လိုက်မယ်ဆိုရင် သူတို့တွေ ခေါင်းတွေမူးဝေသွားပြီ တစ်ခါတစ်ရံမှာဆိုရင် ပြင်းထန်တဲ့ ထိခိုက်မှုတောင် ဖြစ်နိုင်သေးတယ်…ဒုတိယသိုင်းပညာ၀ိဉာဥ်ကတော့ ပုလွေတစ်ခုပဲ နတ်မိမယ်ပိုးကောင်ပုလွေလို့ ခေါ်တယ်…အဲ့ဒါက အထောက်အပံ့ပြုပြီး ထိန်းချုပ်ပေးတဲ့ အမျိုးစားပဲ လက်ရှိအချိန် ငါ့ရဲ့ဒုတိယသိုင်းပညာ၀ိဉာဥ်က နှစ်တစ်ရာ၀ိဉာဥ်စက်ကွင်းပဲ ရှိနေသေးတယ်..ဒါကြောင့် ရန်သူတွေကို တိုက်ခိုက်တဲ့အချိန်မှာ ရန်သူတွေရဲ့ အရှိန်နှုန်းကို လျှော့ချပြစ်နိုင်တယ် ”
၀မ်သုန့်က တအံ့တဩပုံစံနဲ့ မေးလာခဲ့ပါတယ်။
” မင်းရဲ့ အထောက်အပံ့ပြုတဲ့ သိုင်းပညာ၀ိဉာဥ်က ကိုယ့်ကိုကိုယ်စွမ်းအားမမြင့်တင်ပေးဘူးလား ”
ရှောင်ရှောင်းကတော့ ဂုဏ်ယူ၀င့်ကြွားမှုအပြည့်နဲ့ ပြန်ဖြေလိုက်ပါတယ်။
“‘မမြင့်တင်ပေးဘူး တစ်ခါတစ်ရံမှာ ရန်သူကို အားနည်းစေတာက ကိုယ်တိုင်းကို အားဖြည့်ပေးနိုင်တာထက် ပိုပြီး သာလွန်နေတယ်လေ…အချိန်ကြလာရင် ငါပြောတာကို နင်သိလာမှာပါ ဒါပေမယ့် ဒုတိယသိုင်းပညာ၀ိဉာဥ်ကို ငါသုံးဖို့သိပ်ပြီးမလွယ်ကူဘူး ဒါကြောင့် တတ်နိုင်သလောက် စွမ်းအားကို ဖုံးကွယ်ထားရင် ဖြည်းဖြည်းချင်း သွားမှရမယ် ”
ဟို့ယွိဟောင်ကော ၀မ်သုန့်ကော တစ်စုံတစ်ရာကို နားလည်သွားပါတော့တယ်။ ရှောင်ရှောင်းက သူတို့ထင်ထားတာထက်တောင် ပိုပြီး သန်မာကောင်းသန်မာနေလိမ့်မယ်။ သူတို့တွေ မသိတဲ့အရာကတော့ ဟို့ယွိဟောင်နဲ့ ရှောက်ရှောင်းနှစ်ယောက်က ပူးပေါင်းပြီး တိုက်ခိုက်ကြမယ်ဆိုရင် စစ်မြေပြင်ကို ကြောက်စရာလောက်အောင်ထိန်းချုပ်နိုင်မယ်ဆိုတာပါပဲ။
ရုတ်တရက်ဆိုသလို အသံသုံးသံက ထွက်ပေါ်လို့ လာခဲ့ပါတယ်။ အတန်းတစ်ခုလုံးလဲ ချက်ချင်းဆိုသလို ငြိမ်သက်လို့သွားခဲ့ပါပြီ။ ကျိုးယိက အတန်းရဲ့၀င်ပေါက်မှာရှိနေခဲ့ပါတယ်။ သူ့ရဲ့ ညာဘက်လက်ကတော့ ကျောနောက်ဖက်ကို ပြစ်ထားခဲ့တယ်။ ဒါ့အပြင် သူတို့ကြားလိုက်ရတဲ့အသံကတော့ ကျောင်းအခန်းတံခါးကို သူမ ခေါက်လိုက်လို့ပါ။
ကျိုးယိက ရေခဲတမျှ အေးစက်တဲ့ပုံစံနဲ့သာ ဆက်ရှိနေခဲ့ရင်း အတန်းထဲကိုလျှောက်ပြီ ၀င်လာခဲ့ပါတယ်။
” ပြိုင်ပွဲပြိုင်ရမဲ့ အဖွဲ့တွေကို ငါပို့ဆောင်ပြီးပြီ ဒါ့အပြင် ပြိုင်ပွဲက ဒီနေ့ နေ့လည်မှာ စလိမ့်မယ်…ငါတို့တွေအားလုံးက အလှည့်ကျတိုက်ခိုက်တဲ့စနစ်ကို အသုံးပြုကြမှာ ဒါ့အပြင် တိုက်ပွဲဆယ့်ခုအတွင်းမှာ မင်းတို့တွေ ကိုယ့်အတန်းသားနဲ့ကိုယ် ပြန်တွေ့ရမှာမဟုတ်ဘူး…တခြားအတန်းက ကျောင်းသားတွေနဲ့ပဲ တိုက်ခိုက်ရလိမ့်မယ်…မင်းတို့ကို ငါအကြံတစ်ခုပေးမယ်…တစ်ယောက်ယောက်သာ မင်းတို့စာမေးပွဲအောင်မြင်မှာကို တားဆီးလာခဲ့မယ်ဆိုရင် အဲ့ဒီခွေးမသားတွေအကုန်လုံးကို ရိုက်ထုတ်ပြစ် ဒါပဲ အကုန်လုံးဆုံး လူစုခွဲလို့ရပြီ ဒီနေ့ နေ့လည်စာမေးပွဲနယ်မြေမှာ ပြန်ဆုံမယ် “‘
ကျိုးယိက ပြောပြီးပြီချင် ချက်ချင်းဆိုသလို လှည့်ထွက်သွားပါတော့တယ်။
၀မ်သုန့်ကတော့ ဟို့ယွိဟောင်ကို ခပ်တိုးတိုးပြောလာခဲ့တယ်။
” အဲ့ဒီအဘွားကြီးကျိုးက တစ်စထက်တစ်စ ပိုပြီး အေးလာတယ်လို့ မထင်ဘူးလား ”
ဟို့ယွိဟောင်က သူ့ကို ပြန်ကြည့်ရင်း ဖြေလာခဲ့တယ်။
” ဒါက အေးစက်တာမဟုတ်ဘူး လုံး၀ကို ကြောက်စရာကောင်းနေတာ ”
ရှောင်ရှောင်းကတော့ ရယ်သာရယ်နေခဲ့ပါတယ်။
” ဆရာကျိုးက အရမ်းကို သန်မာကြံ့ခိုင်တယ်လေ သွားကြစို့ ငါတို့တွေ လေ့ကျင့်ဖို့ နေရာရှာကြရအောင် အကယ်၍ မလေ့ကျင့်ထားဘူးဆိုရင် ဘယ်လိုလုပ်ပူးပေါင်းဆောင်ရွက်ကြမှာလဲ “‘
၀မ်သုန့်ပြောတာကိုမစောင့်နေပဲ ဟို့ယွိဟောင်က ချက်ချင်းဆိုသလို ခေါင်းညိတ်ပြီ သဘောတူလိုက်ပါတယ်။
” ကျောင်းသား၀မ်သုန့် မင်းနောက်တစ်ခေါက် ငါးကင်ကို ဆက်စားချင်သေးတယ်ဆိုရင် လက်ရှ်ိလူသစ်တွေရဲ့ စာမေးပွဲမှာ အတန်းခေါင်းဆောင်ရဲ့ စကားအားလုံးကို မင်းနားထောင်ရမယ်…ဟုတ်ပြီလား ”
၀မ်သုန့်ကတော့ ဟိုယွိဟောင်ရဲ့ အခိုင်အမာပြောနေတဲ့ ပုံစံကို ကြည့်ရင်း မျက်နှာငယ်လေး ဖြစ်သွားခဲ့ပါတယ်။
” ဟို့ယွိဟောင် မင်းက တကယ်ငါကြောက်တတ်တဲ့ကိစ္စကိုလာပြီ အခွင့်အရေးယူနေတာပဲ ”
” ဒါဆိုရင်လဲ ငါးကင်မစားပဲနေလေ ”
၀မ်သုန့်က တခဏတာ တွေဝေနေပြီတဲ့နောက် နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။
” ကောင်းပါပြီ ငါအရှုံးပေးပါတယ်…မင်းပြောတာကို နားထောင်မယ်….ဒါပေမယ့် အခုအချိန်ကနေစပြီး ကျောင်းအိပ်ဆောင်ကို မင်းပဲရှင်းရမယ် ”
” လွန်ခဲ့တဲ့သုံးလလုံးလုံးကော မင်းသန့်ရှင်းရေးလုပ်ဖူးလို့လား ”
ဟို့ယွိဟောင်က စိတ်ပျက်လက်ပျက်နဲ့သာ ပြန်ဖြေလိုက်ပါတယ်။
၀မ်သုန့်ကတော့ ပြန်ပါးစပ်ပိတ်သွားခဲ့ပြန်တယ်။ အဲ့ဒီနောက်မှသာ သူဖြည်းဖြည်းချင်း ပြောလာခဲ့တယ်။
” မင်းက တကယ်ကို ရက်စက်တာပဲ ”
ရှောင်ရှောင်းက ရုတ်တရက်ဆိုသလို ဟို့ယွိဟောင် ဘေးမှာ၀င်ရပ်ရင်းနဲ့ ၀င်ပြောပါတော့တယ်။
” ပျင်းရိတယ်ဆိုတာ အပြစ်တစ်ခုပဲ “‘
၀မ်သုန့်က ရှောင်ရှောင်းကို မျက်နှာနီရဲသွားစေတဲ့အထိ စကားတစ်ချ်ို့ ပြောလိုက်မိပါတော့တယ်။
” ရှောင်ရှောင်း မင်းရဲ့ သဘောကျတဲ့ ပစ်မှတ်ကလဲ ဒီလောက်တောင် အပြောင်းအလဲ မြန်လှချေလား “‘
ရှောင်ရှောင်းကတော့ ၀မ်သုန့်ကို ဒေါသတကြီးပုံစံနဲ့သာ ကြည့်နေခဲ့ရင်း မှားယွင်းစွပ်ဆွဲခံရတဲ့ အတိုင်း ရှိနေခဲ့ပါတော့တယ်။
” ကောင်းပြီလေ ကောင်းပြီ မပြောတော့ဘူး ငါတို့တွေ သွားလေ့ကျင့်ဖို့ပြောတယ်မလား မြန်မြန်သွားကြရအောင် ငါတို့ကျောင်းအပြင်ကို သွားသင့်တယ်လို့ထင်တယ်…အဲ့ဒီနေရာမှာ အပင်တွေမှအများကြီးပဲ တခြားသူတွေ နှောင့်ယှက်တာကိုလဲ ခံရမှာမဟုတ်ဘူး ”
၀မ်သုန့်က ရှောင်ရှောင်းကို လျှာထုတ်ပြောင်ပြလိုက်ရင်း လှည့်ထွက်လို့သွားပါတော့တယ်။ ဟို့ယွိဟောင်ကတော့ ရှောင်ရှောင်းကို နှစ်သိမ့်စကားတစ်ချို့ပြောပြီ စိတ်ချမ်းသာလာအောင် လုပ်ပေးနေခဲ့တယ်။ အဲ့ဒီနောက် နှစ်ယောက်စလုံး ၀မ်သုန့်နောက်ကို ပြေးလိုက်ရင်း ရေကန်ဘေးလမ်းကို ရောက်သွားခဲ့ပါပြီ။
ကျောင်းတော်ထဲမှာ တည်ငြိမ်အေးဆေးတဲ့နေရာကို ရှာရတာက လုံး၀ကို မလွယ်ကူခဲ့ပါဘူး။ လမ်းသွယ်တွေ အများကြီးရှိနေခဲ့ပေမဲ့ လမ်းဘေးရဲ့ နှစ်ဖက်စလုံးမှာတော့ ဟင်းသီးဟင်းရွက်တွေက အများကြီးစိုက်ပျိုးထားခဲ့တာပါ။
သူတို့သုံးယောက်လဲ သစ်တောရဲ့အတွင်းထဲမှာ အတော်လေးကို မြေပြန့်ဖြစ်နေတဲ့ နေရာတစ်ခုကို ရှာတွေ့သွားပါတော့တယ်။
” ငါတို့ ဘယ်လိုလေ့ကျင့်ကြမလဲ ၀ိဉာဥ်စွမ်းရည်တွေကို တစ်ခေါက်ထဲ အသုံးပြုမှာလား ”
ချက်ချင်းဆိုသလို ရှောင်ရှောင်းက ပြန်ပြီးပြောပါတော့တယ်။
” ဒါက ဘယ်လိုလုပ်အသုံး၀င်မှာလဲ နင်ရဲ့တိုက်ခိုက်တဲ့နေရာမှာ စွမ်းရည်ကို လေ့ကျင့်ဖို့က အရေးကြီးတယ်..နင်က တိုက်ခိုက်တဲ့ ၀ိဉာဥ်ပညာရှင်လေ အဲ့ဒီတော့ တစ်ဖက်မှာနေ ငါ့နဲ့ အတန်းခေါင်းဆောင် နှစ်ယောက်က နောက်တစ်ဖက်မှာနေမယ်…ငါတို့တွေ ပြိုင်ကြရအောင် ”
” မင်းတို့နှစ်ယောက်က ငါ့ကို တိုက်ခိုက်မှာလား “‘
၀မ်သုန့်က ညာဘက်လက်ကိုမြောက်ရင်းနဲ့ ပြောလာခဲ့ပါတယ်။
” ဒါအလုပ်ဖြစ်မှာမဟုတ်ဘူး မင်းတို့နှစ်ယောက်ထဲနဲ့ဆိုရင် ငါကို တိုက်ခိုက်ဖို့အတွက် လုံး၀ အခွင့်အရေးမရှိနိုင်ဘူး ”
အပိုင်း ၁၇•၁ ပြီး၏။