Chapter – 16.4 ” လူသစ်တွေရဲ့ စာမေးပွဲ ”
°°°
ရှုစန်းရှီက အနီရောင်၀တ်ရုံ၀တ်ထားတဲ့ အမျိုးသမီးကို ပထမဆုံးမြင်မြင်ချင်အချိန်မှာ အတော်လေးကို စိတ်ဖိစီးနေပုံပေါ်ပါတယ်။ ဒါကြောင့် ငါးကင်စားတဲ့အချိန်မှာတောင် အရင်လိုစိတ်အားထက်သန်မှု မရှိနိုင်ပါဘူး။ တခြားတစ်ဖက်မှာတော့ အနီရောင်၀တ်ရုံ၀တ်ထားတဲ့ အမျိုးသမီးက သူ့ရဲ့ မျက်နှာကာကို ဖြည်းဖြည်းချင်းမလိုက်ပါတယ်။ သူမတူအောင်ပြိုက်ဘက်ကင်းပြီး ထူးခြားလှပလွန်တဲ့ မျက်နှာက ဖြည်းဖြည်းချင်းဆိုသလို ထွက်ပေါ်လာခဲ့ပါပြီ။ သူမက ငါးကင်ကို ဖြည်းဖြည်းချင်းစစားပါတော့တယ်။
လှုပ်ရှားမှုတစ်ခုချင်းဆီတိုင်းက အရမ်းကို နူးညံ့ညင်းသာပြီ ကျက်သရေအပြည့်နဲ့ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ သူမရဲ့လက်ထဲမှာ ငါးအရိုးတွေ ထူးထူးခြားခြားအမြန်ပျောက်ကွယ်သွားတာကိုသာ ကြည့်နေခဲ့တယ်။ သူမက လက်ကိုသုံးပြီ ငါးစားနေပေမဲ့ လက်မှာဆီပေနေတာမျိုးမရှိပါဘူး။ ဒါက ဘယ်လိုစွမ်းအားမျိုးလဲ ဟို့ယွိဟောင်နဲ့ ၀မ်သုန့် နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း တအံ့တဩဖြစ်နေဆဲပါ။
ငါးကင်နှစ်ကောင်က ခပ်မြန်မြန်ပဲ ပြီးသွားပါတော့တယ်။ ဒါကြောင့် သူမစားပြီချိန်မှာ ဟို့ယွိဟောင်ကို ခေါင်းညိတ်ပြလိုက်တယ်။
” ငါးကင်က အရမ်းအရသာရှိတာပဲ ကြည့်ရတာ သေချာလုပ်ထားလို့နဲ့တူတယ်…ကောင်းပြီ မင်းရဲ့သိုင်းပညာ၀ိဉာဥ်ကို ကြည့်ပါရစေလား ”
သူမရဲ့စကားတွေက မငြင်းပယ်လောက်တဲ့လေသံတစ်ခု ပါ၀င်နေပါတယ်။ သူမ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မကောင်းဆိုး၀ါးမီးလျှံကို ရေခဲဂုဏ်သတ္တိက ဖိနှိမ့်ပြီတဲ့အတွက် သုံးလတာလုံးလုံး မိစ္ဆာရဲ့ ထိန်းချုပ်မှုကို သူမ မခံခဲ့ရပါဘူး။ ဒါပေမယ့် အချိန်တွေကုန်ဆုံးလာနဲ့အမျှ ဆိုးကျိုးကလဲ ပေါ်ထွက်လာပါတော့တယ်။ ရှုစန်းရှီကို သူမ လာရှာရတဲ့အကြောင်းအရင်းက ထူးဆန်းမြေအောက်လောကလိပ်နတ်က လက်ရှိကျောင်းတော်ထဲမှာ အကောင်းဆုံးရေအမျိုးအစား သိုင်းပညာ၀ိဉာဥ်ဖြစ်နေတာကြောင့်သာ လာရှာရတာပါ။ သူ့ရဲ့စွမ်းအားကို အနည်းငယ်အသုံးချပြီ ခန္ဓာကိုယ်ထဲက မီးလျှံကိုငြိမ်သက်နိုင်ဖို့အတွက် စိတ်ကူးရှိနေခဲ့ပါတယ်။ ရှုစန်းရှီအတွက်တော့ ဒီကိစ္စက အကျိုးအမြတ်အများကြီး ရစေနိုင်ပါတယ်။ ဒါပေမယ့် အရမ်းကို နာကျင်လွန်လှတယ်။ ဒါကြောင့်သာ သူမကိုမြင်ချိန်မှာ ရှုစန်းရှီက အရမ်းကို မျက်စိပျက် မျက်နှာပျက် ဖြစ်နေခဲ့ရတာပါ။ ဒါ့အပြင် ဒီလို ကြုံတွေ့နေရတာကလဲ ပထမဆုံးအကြိမ်မဟုတ်ခဲ့ပါဘူး။
ဟို့ယွိဟောင်ကတော့ မျက်မှောင်ကြုတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ၀မ်သုန့်ကတော့ မကျေမနပ်ဖြစ်နေခဲ့တယ်။ နောက်ဆုံးမှာတော့ ဟို့ယွိဟောင်က သူ့ကို ပြန်တားလိုက်ပါပြီ။ အဲ့ဒီနောက် ခေါင်းမော့ရင်း အမျိုးသမီးကို သူကြည့်လိုက်ပါတော့တယ်။ မှိန်ဖျော့ဖျော့ရွှေရောင်အလင်းတန်းက သူ့မျက်လုံးထဲမှာ ပေါ်လာပြီတဲ့နောက် ခရမ်းရောင်အကွင်းတွေက ကြီးမားပြီ ပြာလဲ့နေတဲ့ မျက်၀န်းတွေထဲမှာ ဖြစ်ပေါ်လာပါတော့တယ်။
ထန်မျိုးနွယ်ကနေ သူသင်လာတဲ့ လျှို့၀ှက်နည်းလမ်းတွေထဲမှာ ဟို့ယွိဟောင်အနေနဲ့ တိုးတက်ဆုံးအရာကတော့ ခရမ်းရောင်နတ်ဆိုးမျက်လုံးပါပဲ။ အရှေ့အရပ်ရဲ့ ကောင်းကင်ချည်တွေကို သူစုပ်ယူပြီတိုင်းမှာ ဒီမျက်၀န်းက သူ့အတွက်တိုးတက်မှု ကြီးမားလာစေခဲ့ပါတယ်။ နေ့ရက်တိုင်းကျင့်ကြံနေတဲ့အတွက် သူ့ရဲ့ ခရမ်းရောင်နတ်ဆိုးမျက်လုံးက တိုးတက်မှုအရမ်းကို မြန်ဆန်ခဲ့တယ်။
ဟို့ယွိဟောင်ရဲ့ ထူးဆန်းတဲ့ စိတ်၀ိဉာဥ်ထောက်လှမ်းမျှဝေမှုကို ခံစားမိချိန်မှာ အမျိူးသမီးကတော့ မျက်မှောင်ကြုတ်သွားခဲ့ပါတယ်။ ဟို့ယွိဟောင်က ကျင့်ကြံဆင့်မြင့်တက်လာခဲ့တဲ့အတွက် သူ့ရဲ့ စက်ကွင်း၀ိညာဥ်စွမ်းအားကလဲ ပိုမို အားကောင်းလာခဲ့ပါပြီ။ ဒါ့အပြင် လက်ရှိအချိန်မှာ သူသည်းခံပြီ ကျင့်ကြံထားခဲ့တဲ့ အင်အားတွေကြောင့် ပထမ၀ိဉာဥ်စက်ကွင်းရဲ့စွမ်းအားက ဘယ်လောက်အထိ ရောက်လာလဲ စမ်းသပ်ကြည့်ရတာပေါ့။
အစအချိန်မှာ ၀ိဉာဥ်စက်ကွင်းက စွမ်းရည်လေးခုကိုသာ ပေါင်းစည်းနိုင်ခဲ့ပါတယ်။ သူတို့ရဲ့စွမ်းအားကလဲ နှစ်လေးရာ၀ိဉာဥ်စက်ကွင်းနဲ့ ညီမျှနေခဲ့တယ်။ ဒါပေမယ့် လက်ရှိအချိန် ပထမ၀ိဉာဥ်စက်ကွင်းက နှစ်ခြောက်ရာနီးပါးအင်အားကို ရောက်ရှိလို့နေခဲ့ပါပြီ။ စိတ်၀ိဉာဥ်ထောက်လှမ်းမှုနဲ့ စိတ်၀ိဉာဥ်စွမ်းအားနှောင့်ယှက်မှုလဲ ပတ်ပတ်လည်မီတာငါးဆယ်အတွင်းကို ရောက်ရှိလို့နေခဲ့ပါတယ်။ ဒါ့အပြင် ဒီစွမ်းအားတွေရဲ့ သက်ရောက်မှုကလဲ အရင်ကထက်ပိုပြီး အသေးစိတ်ကျနေခဲ့တယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ပြုလုပ်ပေးထားတဲ့ ပထမချိတ်ပိတ်စည်းကလဲ လုံး၀ကို ပြေပျက်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်သာ ကျင့်ကြံဆင့်ကို ဆက်ပြီးတိုးတက်အောင် လုပ်နိုင်ခဲ့မယ်ဆိုရင် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အားကောင်းတဲ့ မူလစွမ်းအားတွေက သူ့ရဲ့ပထမ၀ိဉာဥ်စက်ကွင်းထဲကို အလိုအလောက်ရောက်ရှိပြီ တိုးတက်လာစေမှာပါ။ ဒါကြောင့်သာ တခြား၀ိဉာဥ်ပညာရှင်တွေအနေနဲ့ အိပ်မက်တောက်မမက်၀ံ့တဲ့ အစွမ်းတွေကို သူရလာမှာလဲဖြစ်ပါတယ်။ ပထမ၀ိဉာဥ်စက်ကွင်းက သူ့ရဲ့ ကျင့်ကြံဆင့်မြင့်တက်လာတာကြောက်စရာကောင်းအောင် စွမ်းအားကြီးမားလာပါလိမ့်မယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဟို့ယွိဟောင်ရဲ့ စွမ်းအားကို တခဏအတွင်း တိုက်တက်အောင် လုပ်ပေးနိုင်ရုံတင်မကပဲ ကြောက်စရာကောင်းလွန်လှတဲ့ အနာဂတ်ကိုပါ ဖန်တီးပေးနိုင်ပါတယ်။
ဆယ့်စက္ကန့်လောက်ကြာတဲ့အထိ စိတ်၀ိဉာဥ်ထောက်လှမ်းရေးမျှဝေမှုကို မျှဝေနေပြီတဲ့နောက် သူပြန်ပြီးသိမ်းလိုက်ပါတယ်။ ထိတ်လန့်ပုံရတဲ့ အနီရောင်၀တ်ရုံ၀တ်အမျိုးသမီးကတော့ ဟို့ယွိဟောင်ကို ခေါင်းညိတ်ပြလိုက်တယ်။ အဲ့ဒီနောက် သူမက အဖြူရောင်၀ိဉာဥ်စက်ကွင်းကိုကြည့်ရင်းနဲ့ အလေးအနက်ပြောလာခဲ့တယ်။
” ဒါက ငါမြင်ဖူးသမျှထဲမှာ အသန်မာဆုံး ဆယ့်နှစ်၀ိဉာဥ်စက်ကွင်းပဲ ”
ဟို့ယွိဟောင်ကတော့ ပုံမှန်အတိုင်းသာ ပြန်ဖြေပါတယ်။
” ဟုတ်တယ် အဲ့ဒါဆယ့်နှစ်၀ိဉာဥ်စက်ကွင်းထဲမှာ တကယ်ကောင်းတယ် ”
အမျိုးသမီးကတော့ ရယ်မောရင်းနဲ့ ပြောလာခဲ့ပါတယ်။
” ငါက မာရှောင်ဖျောင့် တွေ့ရတာ၀မ်းသာတယ်..အခွင့်အရေးရှိမယ်ဆိုရင်တောင် နောက်ထပ် ငါးကင်လာစားဦးမယ်… မောင်လေးရှုသွားကြစို့ ”
ရှုစန်းရှီက နာကျင်နေတဲ့မျက်နှာထားတဲ့ ပြောလာခဲ့ပါတယ်။
” အစ်မကြီးရေ ကျွန်တော်ကို ဒီနေ့နည်းနည်းလေး ညှာတာပေးလို့မရပါဘူးလား ”
မာရှောင်ဖျောင့်ကတော့ ပုံမှန်အတိုင်းသာ ရှိနေပါတယ်။
” ကျွန်တော် ဘာပြဿနာမှမရှိပါဘူး ဘာပြဿနာမှမရှိပါဘူး”
သူမရဲ့အကြည့်ကို မြင်ချိန်မှာ ရှုစန်းရှီလဲ လေသံပြောင်းသွားပြီ ခပ်သုန့်သုန့်ကလေး လျှောက်သွားပါတော့တယ်။
သူတို့တွေ ကျောင်းတော်ထဲ၀င်ပြီချိန်မှသာ ၀မ်သုန့်က ပြောလာခဲ့တယ်။
” သူ့နာမည်က တကယ်တင်းစီးလွန်လိုက်တာ ”
” နာမည်က လူတစ်ယောက်အကြောင်းကို သိစေနိုင်လို့လား သူ့ကို ငါတို့ရင်းနှီးနေတယ်လို့ မထင်ဘူးလား ”
ဟို့ယွိဟောင်က ပြန်ဖြေပါတယ်။
” သူက ငါတို့တွေ အရင်တစ်ခေါက်တွေ့ခဲ့တဲ့ သူလား ရေကန်ထဲမှာ တွေ့တဲ့တစ်ယောက်လေ သူလဲ အနီရောင်၀တ်ထားတယ်…အဲ့ဒါအတွင်းနယ်မြေရဲ့ တပည့်သားများလား ‘”
ဟို့ယွိဟောင်လဲ ပုခုံးသာတွန့်ပြလိုက်ပါတယ်။ ချက်ချင်းဆိုသလို မာရှောင်ဖျောင့် ထွက်သွားပြီတာနဲ့ လူတန်းကြီးက သူ့ရှေ့ကို ပြန်ရောက်လာတော့တယ်။ အရှေ့ဆုံးမှာရှိနေတဲ့သူက လေးနှစ်ကျောင်းတော်သားပါ။ သူတို့နှစ်ယောက်ရဲ့စကားကိုကြားချိန်မှာ သူချက်ချင်းဆိုသလို ပြောပါတော့တယ်။
” ညီငယ်လေး မင်းတိုးတိုးပြော ငါတို့တွေ အတွင်းနယ်မြေထဲက ကျောင်းသားတွေအကြောင်း လျှောက်ပြောလို့မရဘူး….အထူးသဖြင့် အစ်မကြီးအကြောင်းပဲ ”
” သူက တကယ်အတွင်းနယ်မြေထဲကလား ”
ဟို့ယွိဟောင် တအံ့တဩပြောလိုက်မိပါတယ်။
အတန်းကြီးကျောင်းသားက ပြန်ဖြေလိုက်တယ်။
” ဒါပေါ့ ကျောင်းတော်ထဲမှာ အနီရောင်၀တ်ထားတဲ့ ကျောင်းသားတွေအားလုံးက အတွင်းနယ်မြေထဲက သူတွေကြီးပဲ အထဲမှာဘယ်လောက်ရှိလဲတော့ မသိဘူး…ဒါပေမယ့် သူတို့တွေ အပြင်ကို ထွက်လာတယ်ဆိုတာ အရမ်းကို ရှားပါတယ်..ဒါ့အပြင် အတွင်းနယ်မြေထဲမှာ အဆင့်အတန်းသတ်မှတ်ချက်ရှိပြီ သူတို့ရဲ့ ပြိုင်ပွဲတွေက ပိုပြင်းထန်တယ်ဆိုပဲ ဘယ်လောက်တောင် ပြင်းထန်လဲဆိုရင် အဲ့ဒီအစ်မကြီးရှောင်ဖျောင့်က အတွင်းနယ်မြေရဲ့ ကျောင်းသားတွေထဲမှာ ထိပ်တန်းဆယ့်ယောက်ထဲက တစ်ယောက်တဲ့ သူ့ရဲ့အင်အားက ငါတို့တွေသွားပြီ ယှဥ်နိုင်တဲ့အရာမဟုတ်ဘူး..အစ်ကိုရှုစန်းရှီကို ကြည့်ရတာ အစ်မကြီးနဲ့ အတော်ခင်တဲ့ပုံပေါ်တယ်..သူတော့ အတွင်းနယ်မြေထဲမှာ အတော်လေး ထောက်ခံမှုကောင်းကောင်းရမှာပဲ ကံကောင်းလိုက်တာ ”
” အတွင်းနယ်မြေကို၀င်ဖို့ ထောက်ခံချက်လိုတယ်လား ”
” သေချာပေါက်လိုတာပေါ့ ကောင်းပြီ ငါက အတွင်းနယ်မြေရဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီ အများကြီးရှင်းရှင်းလင်းလင်းတော့ ပြောမပြတတ်ဘူး ..ဒါပေမယ့် အတွင်းနယ်မြေကို ၀င်ဖို့အတွက် ကျောင်းသားတိုင်းက အတွင်းနယ်မြေကျောင်းတော်သားတိုင်းအတွက် ထောက်ခံချက်ရမှကို ဖြစ်လိမ့်မယ် ”
ဟို့ယွိဟောင်လဲ သူ့ရဲ့ငါးတွေကို ဆက်တိုက်ကင်နေရင်း တွေးတောနေခဲ့မိပါတယ်။ နောက်ဆုံးငါးကင်ကို ရောင်းတော့မဲ့အချိန်မှာပဲ ပေ့ပေ့နဲ့ ထန်ယာ့ နှစ်ယောက်က ရောက်လာခဲ့တယ်။ ဟို့ယွိဟောင်လဲ သူတို့အတွက် သိမ်းထားတဲ့ငါးတွေကို ပြန်ထုတ်ပေးလိုက်ပါပြီ။
” ညီငယ်လေး ကျောင်းသားသစ်တွေရဲ့စာမေးပွဲက စတော့မယ်…ငါတို့တွေ တိကျတဲ့ သတင်းအချက်အလက်ကို ရလာပြီးပြီ မနက်ဖြန်မင်းတို့တွေ စာရင်းသွင်းရမယ်…ဒါ့အပြင် စာမေးပွဲက နေ့လည်မှာ စမယ်..ကောင်းကောင်းပြင်ဆင်ထားလိုက် ”
ပေ့ပေ့ကတော့ အရင်လိုနူးညံ့ညင်းသာနေဆဲပါပဲ။
“‘စာမေးပွဲကိုအောင်ဖို့ ကျွန်တော်သေချာပေါက် ကြိုးစားမှာပါ “‘
ပေ့ပေ့က ရယ်မောနေချိန်မှာ ထန်ယာ့က ပြောလာခဲ့ပါတယ်။
” ယွိဟောင် ငါက မင်းရဲ့ဆရာဖြစ်နေလို့ ငါးကင်တွေကို ဒီအတိုင်းစားနေလို့မရဘူးလေ…တစ်ခုခုတော့ ပြန်ပေးရမှာပေါ့ အချိန်ကြလာရင် ဒါကို သုံးလိုက် ”
ပြောပြီချိန်မှာပဲ အိတ်တစ်အိတ်ကို ထုတ်ပေးပါတော့တယ်။
” အိမ်ခန်းထဲပြန်ရောက်ရင်း ဒါကိုခါးပတ်ထဲမှာသိမ်းထား သုံးမယ်ဆိုရင် သေချာသတိထားနော် သေကွင်းသေကွက်တွေကို မထိစေနဲ့ ဒါ့အပြင် အဲ့ဒီစာမေးပွဲပြီတဲ့အချိန် ၀ိဉာဥ်လက်နက်တွေကို ဘယ်လိုသန့်စင်ရမလဲဆိုတာ စပြီသင်ကြားရလိမ့်မယ်..အချိန်ကြလာရင် နောက်ထပ် လျှို့၀ှက်နည်းလမ်းတွေကို သင်ပေးမှာပါ ”
” ကျေးဇူးတင်ပါတယ်…ဆရာရှောင်ယာ့ ”
ဟို့ယွိဟောင်က အိတ်ကိုယူရင်း အထဲမှာဘာရှိမလဲဆိုတာ ခန့်မှန်းနေခဲ့တယ်။
” ဆရာရှောင်ယာ့ လူသစ်တွေရဲ့ စာမေးပွဲမှာ ၀ိဉာဥ်လက်နက်တွေကို အသုံးပြုလို့ရမယ်လို့မထင်ဘူးနော် ”
၀မ်သုန့်က ပြောလာခဲ့ပါတယ်။
” ဘာ၀ိဉာဥ်လက်နက်လဲ ထန်မျိုးနွယ်က ဘာအတွက်နဲ့ ကျော်ကြားလဲဆိုတာ မင်းမသိဘူးလား ”
ထန်ယာ့က ပြန်ဖြေလိုက်တယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ အခန်းကိုပြန်လာပြီချိန်မှာ အိတ်ကိုဖွင့်ရင်း သူတို့တွေ တအံ့တဩဖြစ်ကုန်ကြပါတော့တယ်။ အိတ်ထဲမှာ လျှို့၀ှက်လက်နက်တွေက အများကြီးရှိနေခဲ့တယ်။ ပြစ်လို့ရတဲ့ ဓားတွေအပ်တွေ အရိုးကိုဖောက်နိုင်တဲ့အပ်တွေတင်မကပဲ နောက်ထပ် လျှို့၀ှက်လက်နက်တွေက ဒါဇင်နဲ့ချီပြီတော့ကို ရှိနေခဲ့တယ်။ တစ်ခုချင်းဆီလဲ ရာနဲ့ချီပါ၀င်နေခဲ့ပြီး အကုန်လုံးက လျှို့၀ှက်လက်နက်တွေကြီးပါပဲ။
ထန်ယာ့အနေနဲ့ ဟို့ယွိဟောင်အတွက် ဒါတွေကို ပြင်ဆင်ထားတယ်ဆိုတာ အရမ်းကို သိသာနေခဲ့တယ်။ လွန်ခဲ့တဲ့ သုံးလမှာ ဟို့ယွိဟောင်က လျှို့၀ှက်လက်နက်တွေအကြောင်းကို နားလည်တိုးတက်လာခဲ့တယ်။ ဒါ့အပြင် လျှို့၀ှက်လက်နက် ရာချီခွဲခြားမှုကို စပြီး အနည်းငယ်လေ့ကျင့်နေခဲ့ပါပြီ။ သူက အတော်ကို ထက်မြက်ပြီ တတ်မြောက်လွယ်တာကြောင့် နည်းလမ်းတစ်ချို့ကို အလျင်အမြန်တတ်မြောက်လို့ သွားခဲ့ပါတယ်။ လျှို့၀ှက်လက်နက်တွေကို အခြေခံနည်းစနစ်အရ အသုံးပြုတဲ့အချိန်မှာ ဘာပြဿနာမှရှိနေမှာ မဟုတ်ပါဘူး။ ၀ိဉာဥ်စက်ကွင်းတစ်ခု နှစ်ခုသာရှိတဲ့ ကျောင်းသားအသစ်တွေအတွက်တော့ ဒီလျှို့၀ှက်လက်နက်တွေက ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေနိုင်တယ်။
၀မ်သုန့်က ဟို့ယွိဟောင်ရဲ့ လျှို့၀ှက်လက်နက်တွေကိုကြည့်ရင်း နှုတ်ခမ်းတွေ တွန့်သွားခဲ့ပါပြီ။
” မင်းရဲ့ဆရာရှောင်ယာ့က ငါ့ကို တကယ်အထင်သေးနေတာပဲ ငါသာရှိနေမယ်ဆိုရင် မင်းဒါတွေသုံးဖို့တောင်မလိုဘူး ”
အပိုင်း ၁၆•၄ ပြီး၏။