Chapter – 16. 3 ” လူသစ်တွေရဲ့ စာမေးပွဲ ”
°°°
သူ့ရဲ့ကျင့်ကြံဆင့်နဲ့ ဟို့ယွိဟောင်က ပထမနှစ်ကျောင်းသားအဖြစ် ပြီးဆုံးပြီချိန်မှာ အဆင့်နှစ်ဆယ့်ကို ထိုးဖောက်၀င်ရောက်နိုင်မယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိနေခဲ့တယ်။ ဒါ့အပြင် ဒုတိယ၀ိဉာဥ်စက်ကွင်းကိုလဲ ရနိုင်မယ်လို့ ယုံကြည်နေခဲ့ပ့တယ်။ သူ့ရဲ့ အစ်ကိုကြီးကောင်းကင်အိပ်မက် ပြောပုံအရဆိုရင် ဒုတိယ၀ိဉာဥ်စက်ကွင်းကိုသာ ရရှိလို့ကတော့ စွမ်းအားက ခပ်မြန်မြန် တိုးတက်လာမှာပါ။ အထူးသဖြင့် သိုင်းပညာ၀ိဉာဥ်က ရေခဲအမျိုးအစား သိုင်းပညာ၀ိဉာဥ်ကို လိုအပ်နေပါတယ်။
ဒီအခြေအနေကို ဟို့ယွိဟောင်က အရမ်းကို မျှော်တွေးတမ်းတနေခဲ့တယ်။ အဲ့ဒါကသာ ဖြစ်လာခဲ့မယ်ဆိုရင် ၀မ်သုန့်နဲ့ တိုက်ခိုက်ချိန်မှာပိုပြီး ကူညီအားထုတ်ပေးမှာပါ။
အချိန်တွေကုန်ဆုံးလာမှုက အရမ်းကို မြန်ဆန်လွန်လှပါတယ်။ တရားထိုင်လိုက်ပြီး မကြာခင်အချိန်မှာပဲ ညနေခင်းက ရောက်ရှိလာခဲ့ပါပြီ။ ဟို့ယွိဟောင်ကတော့ ကျောင်းတော်ရဲ့ ၀င်ပေါက်ကို မသွားခင် ငါးတွေကို အရင်ဆုံးဆေးကြောသန့်စင်ပါတော့တယ်။
ကျောင်းတော်ရဲ့ ၀င်ပေါက်မှာ လူစီးဆင်းမှုက အတော်ကို လျော့နည်းလို့သွားခဲ့ပါပြီ။ ရောက်ရှိလာတော့မဲ့ ကျောင်းသားစာမေးပွဲကြောင့် ဖြစ်နိုင်ပေမဲ့ လူသစ်အများစုက လက်ရှိအချိန်မှာ ကျင့်ကြံဖို့ကိုသာ အားစိုက်ထုတ်နေခဲ့ရလို့ပါ။
ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ စီးပွားရေးကတော့ လုံး၀ကို အထိအခိုက်မရှိခဲ့ပါဘူး။ သူရောက်ရှိလာချိန်မှာပဲ လူတန်းကြီးက ဖြစ်ပေါ်လာပါတော့တယ်။ အရှေ့ဆုံးမှာရှိနေတဲ့သူတော့ အံ့ဩစရာကောင်းလောက်အောင် ရှုစန်းရှီပါပဲ။
” ‘ဒင် ”
ဟို့ယွိဟောင်က ရှုစန်းရှိီကို ၀ိဉာဥ်ငွေပြားတစ်ပြားပေးရင် ပြောလာပါတော့တယ်။
” ပိုတာ ပြန်မအမ်းနဲ့တော့ ငါးအကြီးကြီးသာပေး “‘
ဟို့ယွိဟောင်က ရယ်မောရင်း ပြန်ဖြေမိပါတော့တယ်။
” အစ်ကိုကြီးရှု တကယ်ပဲ အစ်ကိုကြီးကိုဘယ်သူမှ မတားနိုင်ဘူးနော် ”
သူတို့ရဲ့ အစောပိုင်း အငြိုးအတေးတွေက ပျောက်ကွယ်သွားခဲ့ပါပြီ။ တစ်ယောက်နဲ့တစ်ယောက်နေ့တိုင်းတွေ့နေရပြီး အရောင်းအ၀ယ်လုပ်နေရတာကြောင့် ပိုပြီး ရင်းနှီးလာပါတော့တယ်။ ရှုစန်းရှီနဲ့ ရင်းနှီးလာပြီတဲ့နောက် ဟို့ယွိဟောင်သိသွားတဲ့အရာက တစ်ခုရှိပါတယ်။ ရှုစန်းရှီက ပေ့ပေ့လိုလုံး၀ နူးညံ့ညင်းသာမှု မရှိပဲ အမြဲတမ်းကြမ်းတမ်းပြီ ဒေါသထွက်နေတဲ့ပုံစံ ရှိနေပေမဲ့ မိတ်ဆွေတွေကို အရမ်းအလေးထားတဲ့သူပါ။
ရှုစန်းရှီကတော့ ရယ်သာရယ်နေခဲ့ပါတယ်။
“‘ဒီငါးကင်ကို ကြိုက်အောင်လုပ်တဲ့သူက ဘယ်သူလို့ထင်နေလဲ အကယ်၍ ငါသာ အဲ့ဒီငါးကင်ကို တစ်ကိုက်လိုက် မစားရဘူးဆိုရင် ညစာကလုံး၀ အရသာမရှိဘူး…အရင်တုန်းက ငါးကင်တွေအများကြီး စားခဲ့ဖူးပေမဲ့ မင်းလောက် မီးကိုကောင်းကောင်းထိန်းချုပ်နိုင်တဲ့သူ မတွေ့ဖူးဘူးလေ ကျန်းနန်နန်တောင်မှ မင်းရဲ့ငါးကင်တဲ့ နည်းလမ်းကိုအရမ်းချီးကျူးနေတယ်…ဟုတ်သား ငါကြားတာတော့ မကြာခင်လူသစ်တွေရဲ့ စာမေးပွဲက စတော့မယ်ဆို ”
ဟို့ယွိဟောင်လဲ ခေါင်းညိတ်လိုက်ပါတယ်။
” ဒါဆို မင်းကြိုးစားမှရမယ် ထုတ်ပယ်ခံရလို့မဖြစ်ဘူး…အကယ်၍ မင်းထုတ်ပယ်ခံရမယ်ဆိုရင် ငါငါးကင်ထပ်ပြီး စားစရာမရှိပဲ ဖြစ်သွားဦးမယ် “‘
အခုအချိန်မှာတောင် ပေ့ပေ့ နိုင်သွားရတဲ့အဓိက အကြောင်းအရင်းက ဟို့ယွိဟောင် ဖြစ်နေတယ်ဆိုတာ သူမသိသေးပါဘူး။ ဟို့ယွိဟောင်ရဲ့ ပါရမီက သာမန်ဖြစ်တာကို သူသိပေမဲ့ အဓိက အာရုံစိုက်မိတဲ့အရာက သူ့ငါးကင်ပါပဲ။ ဟို့ယွိဟောင်ရဲ့ ကျော်ကြားမှုက ဒီငါးကင်ကြောင့် ပိုပြီး ကြီးမားနေခဲ့တာပါ။
” မောင်ငယ်လေး ”
ရုတ်တရက်ဆိုသလို မာဆတ်ဆတ်အသံက ထွက်ပေါ်လို့လာခဲ့ပါတော့တယ်။ ရှုစန်းရှီတောင် အဲ့ဒီအသံကို ကြားချိန်မှာ တစ်ချက်တောင်တုန်ရီလို့ သွားခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ အကြောက်တရားတစ်ချို့ကို မြင်လိုက်ရပါတော့တယ်။ ဒါပေမယ့် အကြောင်းတရားထက် ပိုတာက ကူကယ်ရာမဲ့မှုပါပဲရှုစန်းရှီရဲ့နောက်မှာရှိနေသူတွေလဲ ချက်ချင်းဆိုသလို တိတ်ဆိတ်လို့သွားပါတော့တယ်။
ဖြည်းဖြည်းချင်း လျှောက်လာခဲ့တဲ့ အမျိုးသမီးလေးတစ်ယောက်က လူအုပ်ကြီးကို လမ်းဖွင့်သွားစေခဲ့တယ်။ သူတို့တွေက သူ့အနားကို ကပ်တောင်မကပ်၀ံ့သလိုပါပဲ။ ဒါ့အပြင် ခေါင်းတွေလဲ ငုံ့ထားကြတယ်။ သူရဲ့ရုပ်သွင်းက ကျန်းနန်နန်ရဲ့ ရုပ်သွင်ထက်တောင်ပိုပြီး သာလွန်ထူးခြားနေပါသေးတယ်။
ဟို့ယွိဟောင် ခေါင်းမော့ကြည့်လိုက်ချိန်မှာတော့ အနီရောင်၀တ်ရုံ၀တ်ထားသူအမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရပါတော့တယ်။ သူမက အတော်လေးကို ပိန်ပိန်ပါးပါးနဲ့ အချိုးကျကျတည်ဆောက်ထားသူ ဖြစ်ပြီး သူမကိုမြင်ရင် ပထမဆုံးသတိထားမိမဲ့အရာကတော့ အရမ်းကို ဖွံ့ထွားနေပြီ မက်မောစရာကောင်းလွန်တဲ့ ရင်သားတစ်စုံပါပဲ။ ဒါ့အပြင် ခါးကတော့ အတော်လေးကို သေးသွယ်နေခဲ့ပြီ။ အဲ့ဒီပိန်သွယ်မှုက ပေါင်ဖက်ဆီကို ဆင်းသွားချိန်မှာတော့ လှပဖျောက်တန်းပြီ အကြည့်မလွဲနိုင်စရာကောင်းလွန်လှတဲ့ ခြေတံရှည်ရှည်တွေကို မြင်ရမှာအမှန်ပါ။ တစ်ချိန်ထဲမှာပဲ လန်းဆန်းတက်ကြွမှုနဲ့ သန်မာအားကောင်းတဲ့ အရှိန်အ၀ါက ရှိနေသူတိုင်းကို တိုက်ရိုက်ရင်မဆိုင်၀ံ့ဖြစ်စေပါတယ်။
ဒါပေမယ့် သူ့ရဲ့မျက်နှာကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရနိုင်ပါဘူး။ အနီရောင်မျက်နှာကာကို ၀တ်ဆင်ထားတာကြောင့်ပါပဲ။ မျက်လုံးတွေကို ကြည့်ရုံနဲ့တင် ဘယ်လောက်လှလဲဆိုတာ သိနိုင်နေပါပြီ။ ပန်းနုရောင်မျက်၀န်းတွေက ၀ိဉာဥ်တွေကို ဆွဲယူသိမ်းပိုက်သွားနိုင်တဲ့အတိုင်း တောက်ပနေခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ သူ့အကြည့်က အရမ်းကို အေးစက်လွန်နေတာကြောင့်သာ အရိုးတွေကို မထိုးဖောက်တာပါ။
ရှုစန်းရှီလဲ သူ့ကိုချက်ချင်းဆိုသလို မှတ်မိပါတယ်။ ဒါကြောင့် သတ္တိမွေးလိုက်ရင်း သူဖြည်းဖြည်းချင်း လှည့်ထွက်သွားတော့တယ်။ သူ့ရဲ့မျက်လုံးတွေကိုသွားပြီ မကြည့်၀ံ့တာကြောင့် ခေါင်းကိုတော့ငုံ့ထားခဲ့ရပါတယ်။
” အစ်မကြီးရှောင်ဖျောင့် ”
ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်က ပိုလို့လန့်လာခဲ့ပါပြီ။ ရှုစန်းရှီလိုမျိုး အမြဲတမ်းမောက်မာထောင်လွှားနေတဲ့ သူတောင်မှ လက်ရှိအချိန်မှာ ရိုရိုကျိုကျိုလေး ဖြစ်သွားခဲ့ရပါတယ်။ ရှုစန်းရှီက သူ့ရဲ့ ပါရမီကြောင့်သာ ကျောင်းသားတွေအများကြီးက သူ့ကို ပြဿနာမရှာ၀ံ့တာပါ။ ဒါ့အပြင် ခြောက်တန်းကျောင်းသားတွေတောင်မှ သူ့ကို အလွှတ်ပေးထားရပါတယ်။ ဆရာတွေလဲ သူ့ကို ဒီလောက်အထိ ရိုးသေလေးစားသွားအောင် မလုပ်နိုင်ပါဘူး။ အဲ့ဒီအမျိုးသမီးက ဘယ်သူလဲ သူ့ကိုကြည့်ချိန်မှာ အနည်းငယ်ရင်းနှီးနေတယ်လို့ ခံစားရပါတယ်။
အမျိုးသမီးက ဟို့ယွိဟောင်ကို ကြည့်ရင်း ရှုစန်းရှီဆီကိုလျှောက်လာခဲ့ပြီး မေးလာခဲ့ပါတယ်။
” မောင်ငယ်လေးရှု ဒီကိုငါးကင်လာစားတာလား ”
ရှုစန်းရှီလဲ ခေါင်းမမော့ပဲ အတင်းခေါင်းညိတ်နေခဲ့ပါတယ်။
” ဟုတ်တယ် ဟို့ယွိဟောင်ရဲ့ ငါးကင်က ပြိုင်ဘက်ကင်းပြီ အကောင်းဆုံးပဲ အရမ်းအရသာရှိတယ် ”
အမျိုးသမီးကလဲ ဒါကိုကြားချိန်မှာ သိလိုစိတ်အပြည့်နဲ့ ဟို့ယွိဟောင်ကို ပြောလိုက်ပါတယ်။
” ဒါဆိုရင် တစ်ခုလောက် စားကြည့်ရအောင် ”
သူကသာမန်လူသားတွေစားတဲ့ အစာစားကို စားမဲ့ပုံစံမျိုးမပေါက်တဲ့ နတ်မိမယ်ပါ။ တစ်နေကုန်တစ်နေခမ်း ကျင့်ကြံနေရတဲ့အတွက် အသစ်အဆန်းကို တွေ့ချိန်မှာတော့ အတော်လေး စိတ်လှုပ်ရှားနေခဲ့ပါတယ်။
” အားနာပါတယ် ကျွန်တော်တစ်နေ့ကို ငါးအကောင်သုံးဆယ်ပဲ ရောင်းတယ်…ဒါ့အပြင် ဒီနေ့ လူသုံးဆယ်ရောင်းပြီးသွားပါပြီ မနက်ဖြန် စောစောလာခဲ့ပါ ”
ဟို့ယွိဟောင်က ပြန်ပြောမိပါတော့တယ်။
ဒီစကားက သူအကြိမ်ကြိမ်ပြောနေတာဖြစ်တာကြောင့် အရမ်းကို နှုတ်ကျိုးနေခဲ့ပါတယ်။ ဒီအသံထွက်လာချိန်မှာတော့ ရှိရှိသမျှလူတွေအားလုံးက ကြောက်လန့်တကြား မော့ကြည့်လိုက်မိပါတယ်။ ရှုစန်းရှီတောင် အတူတူပါပဲ။
အဲ့ဒီနောက် ရှုစန်းရှီရဲ့နောက်မှာ ရှိနေတဲ့လူတွေက ကြောက်စရာကောင်းလောက်အောင် ပြေးပါတော့တယ်။ ဒါကြောင့် ဟို့ယွိဟောင်က ပိုလို့လန့်သွားခဲ့ပါပြီ။
အမျိုးသမီးက ဒီအချိန်မှာ ပြုံးပြလိုက်တယ်။
” ကောင်းပြီလေ ဘယ်သူမှ နောက်ထပ် စောင့်ဆိုင်းနေစရာမရှိတော့ဘူးဆိုတော့ ငါလဲ တစ်ကောင်တော့ရပြီမလား “‘
ရှုစန်းရှီကတော့ ဟို့ယွိဟောင်ကို အတင်းမျက်လုံးပြူးပြလိုက် ခေါင်းညိတ်ပြလိုက် လုပ်ပြနေခဲ့ပါတယ်။ ဟို့ယွိဟောင်ကလဲ မျက်နှာရိပ် မျက်နှာကဲ နားမလည်တဲ့သူမဟုတ်ခဲ့ပါဘူး။ ဒါကြောင့် ခေါင်းညိတ်ပြီတဲ့နောက် ငါးကင်ကိုသေချာကင်ပါတော့တယ်။
ရုတ်တရက်ဆိုသလို ၀မ်သုန့်က သူ့ဘေးကို မကျေမနပ်နဲ့ ရောက်လာခဲ့တယ်။
” မင်းဘယ်သူလဲ ဘာဖြစ်လို့ ငါတို့စီးပွားရေးကို လာနှောင့်ယှက်နေရတာလဲ ”
အနီရောင်အမျိုးသမီးက လက်ကိုဆန့်ထုတ်လိုက်ပါတယ်။ ရုတ်တရက်ဆိုသလို ကြီးမားတဲ့ သွေးနီရောင်ကျောက်မျက်ရတနာတစ်ခုက ပေါ်ထွက်လာခဲ့ပါပြီ။ အဲ့ဒီပတ္တာမြားရဲ့ အလင်းတန်းအောက်မှာ ရွှေပြားတစ်ပြားက သူမရဲ့လက်ထဲကို ရောက်ရှိလာပါတော့တယ်။ ရွှေ့ပြားကို ၀မ်သုန့်လက်ထဲထည့်ပြီ သူမက ပြောတယ်။
” ဒီနေ့ ငါးကင်တွေကို ငါအကုန်လုံး၀ယ်မယ် ”
သူမက တစ်စက်လေးတောင် ယဥ်ကျေးမနေခဲ့ပါဘူး။ ချက်ချင်းဆိုသလို ရွှေပြားကို ယူလိုက်ပါတော့တယ်။ အဲ့ဒီနောက် စကားတစ်ခွန်းတောင် ထပ်မပြောတော့ပါဘူး။ အနီရောင်အမျိုးသမီးက လူတွေအများကြီးကို ကြောက်လန့်စေပေမဲ့ သူမက ကျိုးကြောင်းမဆင်မခြင်လုပ်တတ်တဲ့သူ ဖြစ်ပုံမပေါ်ပါဘူး။ တစ်ခုခုမှားယွင်းနေတာကိုတော့ စိတ်ထဲမှာ ခံစားနေခဲ့ရတယ်။ ဒါ့အပြင် အဲ့ဒီအမျိုးသမီးက သူ့နှလုံးသားထဲမှာ အကြောက်တရားကို မွေးဖွားအောင် ပြုလုပ်နိုင်ခဲ့တဲ့သူပါ။
ဟို့ယွိဟောင်က ပုံမှန်အတိုင်းသာ ပြန်ဖြေလိုက်ပါတယ်။
” ကျွန်တော် ဒီလောက်အများကြီးမလိုဘူး ကျွန်တော်ရဲ့ ငါးကင်က တစ်ကောင်ကို ကြေးပြားငါးပြားပဲ ”
အမျိုးသမီးကတော့ သူ့ကို ထပ်ပြီ စကားပြောချင်ပုံမပေါ်ပဲ အေးအေးဆေးဆေးသာ ပြောလာခဲ့ပါတယ်။
” အဲ့ဒါ တစ်ခါထဲ ယူထားလိုက်လေ နောက်ငါထပ်စားချင်ဆိုရင် ပိုက်ဆံမတောင်းနဲ့ပေါ့ ”
” ကောင်းပါပြီ ”
ဟို့ယွိဟောင်လဲ ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်ပါတယ်။ အဲ့ဒီနောက် ငါးကိုသာ ဆက်ကင်နေခဲ့တယ်။
အမျိုးသမီးကတော့ ရှုစန်းရှီကို စစချင်လာရှာတဲ့ပုံပေါ်ပေမဲ့ လက်ရှိအချိန်မှာတော့ ဟို့ယွိဟောင်ရဲ့ ငါးကင်ကိုသာ အာရုံစိုက်နေခဲ့ပါတယ်။
အချိန်တိုအတွင်းမှာပဲ သူမ တအံ့တဩ ပြောမိတော့တယ်။
” မင်းရဲ့ မီးကိုထိန်းချုပ်တဲ့ပညာက တကယ်ကို ပြိုင်ဘက်ကင်းတာပဲ မီးအမျိုးအစား သိုင်းပညာ၀ိဉာဥ်ရှိနေတာလား ”
သူမက မီးနယ်မြေတွေထဲမှာ ပညာရှင်တစ်ယောက်ပါ။ ဒါကြောင့် ဟို့ယွိဟောင်ရဲ့ ထိန်းချုပ်နိုင်စွမ်းကို မြင်ချိန်မှာ ချက်ချင်းဆိုသလို စိတ်၀င်တစားနဲ့ မေးမိပါတော့တယ်။
ဟို့ယွိဟောင်လဲ ခေါင်းသာခါနေခဲ့တယ်။
အချိန်တိုလေအတွင်းမှာပဲ ငါးကင်လေးကောင်ကိုကင်ပြီသွားပြီးပါပြီ။ ဘယ်သူကမှ ထပ်မလာတော့တဲ့အတွက် ဟို့ယွိဟောင်လဲ ငါးကင်နှစ်ကောင်ကို အနီရောင်အမျိုးသမီးဆီ ပေးလိုက်ပြီ နှစ်ကောင်ကိုတော့ ရှုစန်းရှီပေးလိုက်ပါတယ်။ အမှန်တကယ်မှာတော့ ဒီနေ့ သူငါးကင်ဖို့အတွက် ငါးအကောင်းသုံးဆယ်၀ယ်လာရုံတင်မက ထန်ယာ့နဲ့ ၀မ်သုန့်အတွက်ပါ နောက်ထပ် အပိုတွေ ထပ်၀ယ်လာပါသေးတယ်။
အပိုင်း ၁၆•၃ ပြီး၏။