Switch Mode

Chapter – 660

အခန်း (၆၆၀) ကပ်ဘေးမျိုးနွယ်စု၏ အကြံအစည်
ဘာမှမရှိဘဲ တိတ်ဆိတ်နေတဲ့ ခန်းမမှာ နတ်ဒေါင်းအရှင်ဟာ မျက်မှောင်ကြုတ်ပြီး လျှောက်ကြည့်ပါတယ်။ သူ့မျက်လုံးတွေမှာ ထူးဆန်းတဲ့ အလင်းရောင်တစ်ခု ရောင်ပြန်ဟပ်သွားပါတယ်။ အဲဒီနောက် နန်းတော်ထဲမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာ နတ်ဒေါင်းအရှင်ရဲ့ မြင်ကွင်းထဲမှာ ဇာတ်ကားတစ်ကား ပြသလို ပြန်ပေါ်လာပါတယ်။
မကြာခင်မှာပဲ နတ်ဒေါင်းအရှင်ဟာ ဟန်ကျွယ်က ကောင်းကင်ကပ်ဘေး ဧကရာဇ်ကို ဖမ်းခေါ်သွားတာ တွေ့လိုက်ရပါတယ်။ နတ်‌ဒေါင်းအရှင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်လူရဲ့ အလျင်က သူ့ထက် မနိမ့်ကျလို့ပါပဲ။ နတ်ဒေါင်းအရှင်လည်း ကောင်းကင်ကပ်ဘေး ဧကရာဇ်ကို တစ်ခါတည်း ဖမ်းယူနိုင်ပါတယ်။ ဒါပေမဲ့ အစွမ်းကုန် ထုတ်သုံးဖို့ လိုပါတယ်။ နတ်ဒေါင်းအရှင်ဟာ ဒီနေရာမှာ ကြာကြာမနေဘဲ ပျောက်ကွယ်သွားပါတယ်။
မကြာခင်မှာပဲ ကောင်းကင်ကပ်ဘေး ဧကရာဇ် ပျောက်ကွယ်သွားတာကို ကပ်ဘေး မျိုးနွယ်စုက ရှာတွေ့သွားပါတယ်။ ဒါပေမဲ့ အထက်လူကြီးတွေဟာ ဒီသတင်းကို ထိန်းချုပ်ထားပါတယ်။ အခုအချိန်မှာ ကပ်ဘေးမျိုးနွယ်စုက နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ နောက်ပြီး ငရဲပြည်ကို သိမ်းပိုက်ထားတာကြောင့် နောက်ဆုတ်ဖို့လည်း မလိုပါဘူး။
ကပ်ဘေးမျိုးနွယ်စုဟာ သတင်းကို ထိန်းချုပ်ထားပေမဲ့ တာအိုပညာရှိတွေကိုတော့ မဖုံးကွယ်နိုင်ပါဘူး။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က စကြဝဠာခန်းမမှာ တာအိုပညာရှိတွေ စုဝေးနေကြပါတယ်။ ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ကပ်ဘေးမျိုးနွယ်စု ခေါင်းဆောင် ကောင်းကင်ကပ်ဘေး ဧကရာဇ် ပျောက်နေတယ်၊ ငါတို့တွေ ဒီကိစ္စကို သတိထားရမယ်”
ဖန်းလျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “နတ်ဒေါင်းအရှင်က ရှိနေသေးတယ်၊ နောက်ပြီး ကပ်ဘေးမျိုးနွယ်စုကလည်း ဖရိုဖရဲ မဖြစ်သေးဘူး၊ ကောင်းကင်ကပ်ဘေး ဧကရာဇ်က အကူအညီ သွားတောင်းတာ များလား”
ချုံရှီလိုင်ဟာ‌ ခေါင်းခါလိုက်ပါတယ် “အခု ကပ်ဘေးမျိုးနွယ်စုက အသာစီးရနေတာ၊ ဘယ်လိုလုပ်ပြီး အကူအညီလိုမှာလဲ၊ ကပ်ဘေးမျိုးနွယ်စုက အင်မော်တယ်ကမ္ဘာကို သိမ်းပိုက်ဖို့ စီစဉ်နေတာ ဖြစ်ရမယ်”
တခြားတာအိုပညာရှိတွေကလည်း ဆွေးနွေးကြပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းကိုက်သွားပါတဘ်။ ကပ်ဘေးမျိုးနွယ်စုက တကယ်ကို စွမ်းအားကြီးလွန်းပါတယ်။ အပြင်ဘက်မှာလည်း လွတ်လပ်တာအိုပညာရှိ တစ်ပါး စောင့်ကြပ်နေပါတယ်။ ဒါကြောင့် တာအိုပညာရှိတွေဟာ ဘာမှမလုပ်နိုင်ဘဲ ထိုင်ကြည့်နေရတာပါ။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က ကောင်းကင်တာအိုရဲ့ ထိပ်ဆုံးအဆင့် ဖြစ်ပါတယ်။ ဒီနေရာက တာအိုပညာရှိတွေအတွက် သီးသန့်အာကာသတစ်ခု ဖြစ်ပြီး ကောင်းကင်တာအိုရဲ့ ကာကွယ်မှုကို ခံစားနိုင်ပါတယ်။
တာအိုပညာရှိတွေဟာ နတ်ဒေါင်းအရှင်ကို ကြောက်တာကြောင့် ဒီနေရာမှာပဲ ပုန်းနေနိုင်ပါတယ်။ သူတို့ဟာ အတော်လေး မကျေနပ်ပေမဲ့ ဘာမှမတတ်နိုင်ပါဘူး။
“စောင့်ကြည့်ကြတာပေါ့၊ အနည်းဆုံးတော့ အခြေအနေက တည်ငြိမ်နေသေးတယ်” ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်တာပါ။
ချုံရှီလိုင်ကလည်း ဝင်ပြောပါတယ် “ဒီတိုက်ပွဲက အရည်အချင်းရှိတဲ့လူတွေ အများကြီးကို လှုံ့ဆော်လိုက်တယ်၊ မျိုးဆက်သစ် ကျင့်ကြံသူတွေက တဖြည်းဖြည်း ဘောင်ဝင်လာတဲ့အခါကျရင် ကောင်းကင်တာအိုက ကျိန်းသေပေါက် စွမ်းအားကြီးလာလိမ့်မယ်” တခြားတာအိုပညာရှိတွေကလည်း ခေါင်းညိတ်လိုက်ကြပါတယ်။ ကောင်းကင်တာအိုက ဒီတိုက်ပွဲမှာ ကြီးကြီးမားမား ဆုံးရှုံးတယ်ဆိုပေမဲ့ မရေမတွက်နိုင်တဲ့ ထိပ်သီးကျင့်ကြံသူတွေလည်း ပေါ်ထွက်လာပါတယ်။ ဒါကြောင့်လည်း တာအိုပညာရှိတွေက အလျင်မလိုတာ ဖြစ်ပါတယ်။
ရှီတုတောက် နှာခေါင်းရှုံ့လိုက်ပါတယ် “ကျွန်တော် ကြောက်မိတာက ကျွန်‌တော်တို့တွေ အဲဒီအချိန်အထိ မရှင်သန်နိုင်မှာကိုပဲ၊ ကပ်ဘေးမျိုးနွယ်စုက သက်ရှိလောကကို ကျူးကျော်လို့ရပေမဲ့ မကျူးကျော်ဘူး၊ ကြီးမားတဲ့ အကြံအစည်တစ်ခု ရှိနေတယ်ဆိုတာ ထင်ရှားတယ်၊ ဒါပေမဲ့ သူတို့တွေ ဘာလုပ်ချင်တယ်ဆိုတာကို ကျွန်တော်တို့တွေ အခုထိ မသိသေးဘူး”
စကြဝဠာခန်းမဟာ ရှီတုတောက်ရဲ့ စကားကြောင့် အပ်ကျသံ ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တုကလည်း ကပ်ဘေးမျိုးနွယ်စု ဘာလိုချင်တာလဲ ဆိုတာကို တွေးနေပါတယ်။
လွတ်လပ် တာအိုပညာရှိကို ကျွန်ပြုတာက အချိန်အရမ်းကြာပါတယ်။ နှစ်တစ်ထောင် ကြာတာတောင် မအောင်မြင်သေးပါဘူး။ ဒီအတောအတွင်းဟာ ဟန်ကျွယ်ဟာ မကျင့်ကြံရဲပါဘူး။ ကောင်းကင်ကပ်ဘေး ဧကရာဇ်က အခွင့်အရေးရှာပြီး သူ့ကို တိုက်ခိုက်မှာကို ကြောက်နေတာပါ။
ကျင့်ကြံမှုအဆင့်က ကွာခြားလွန်းတယ် ဆိုပေမဲ့ သတိဆိုတာက ပိုတယ်မရှိပါဘူး။ ဟန်ကျွယ်ဟာ ဒီအခြေအနေအထိ ရောက်လာနိုင်တာက သတိကြီးလို့ပါ။ ဟန်ကျွယ်ဟာ ငရဲပြည်ရဲ့ အခြေအနေကို စောင့်ကြည့်ပြီး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။ ကောင်းကင်ကပ်ဘေး ဧကရာဇ် ပျောက်သွားပေမဲ့ ကပ်ဘေးမျိုးနွယ်စုက အရင်အတိုင်းပါပဲ။
ကပ်ဘေးမျိုးနွယ်စုဟာ ပြန်လည်မွေးဖွားခြင်း စက်ဝန်းကို ဆက်တိုက် ထိန်းချုပ်ဖို့ ကြိုးစားပါတယ်။ ကောင်းကင်တာအို သက်ရှိတွေက အဆက်မပြတ် ရောက်လာပြီး သူတို့ကို ဟန်တားဖို့ ကြိုးစားပေမဲ့ အကုန်လုံး ခြုံကြည့်ရင် ကပ်ဘေးမျိုးနွယ်စု လုပ်နေတာတွေကို မတားဆီးနိုင်ပါဘူး။ ဒီအတောအတွင်း ကောင်းကင်တာအိုထဲမှာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေနဲ့ တာအိုပညာရှိအတုတောင် ပေါ်ထွန်းလာပါတယ်။
တာအိုအရှင်သခင်က ဂုဏ်ကျက်သရေ အထွန်းတောက်ဆုံး တာအိုပညာရှိအတု မဟုတ်ပါဘူး။ သူ့ထက် ပိုကြမ်းပြီး ပိုစွမ်းဆောင်နိုင်တဲ့ တာအိုပညာရှိအတု တချို့လည်း ရှိပါတယ်။ အဲဒီလူတွေထဲမှာ ဗုဒ္ဓဂိုဏ်းက ရှန်ဝေဗုဒ္ဓ၊ ကျယ်ကျောင်းတော်ဂိုဏ်းချုပ် ဟွမ်ဇွမ်တျန်၊ ရှန်နန်းတော်က ကျင်းတျန်ကုန်းနဲ့ တခြားရင်းနှီးတဲ့လူတွေ ပါဝင်ပါတယ်။
နတ်ဒေါင်းအရှင်က မလှုပ်ရှားပါဘူး။ စစ်ပွဲအစနဲ့ နှိုင်းယှဉ်ရင် လက်တလောမှာ တော်တော်လေး တိတ်ဆိတ်နေပါတယ်။ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ပြုံးမိလိုက်ပါတယ် ‘ငါ ကောင်းကင်ကပ်ဘေး ဧကရာဇ်ကို ကျွန်ပြုပြီးရင် မင်းတို့ကို လက်ဆောင်အကြီးကြီးတစ်ခု ပေးမယ်’
ကပ်ဘေးမျိုးနွယ်စုက အဆုံးသတ် အပျက်အစီး နတ်ဘုံမှာ အင်အားအကြီးဆုံး မျိုးနွယ်စု ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို သတ်ပစ်လိုက်တာက နှမြောဖို့ ကောင်းပါတယ်။ အဲဒီအစား သူတို့ကိုလက်ခံပြီး ကောင်းကင်တာအိုကို စောင့်‌ရှောက်ခိုင်းတာက ပိုကောင်းပါတယ်။
ဟန်ကျွယ်ဟာ ဒီနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကိုကြည့်ပြီး ကပ်ဘေးမျိုးနွယ်စုရဲ့ တိုက်ရည်ခိုက်ရည်က တကယ်ကို အားကောင်းတယ်ဆိုတာ သိလိုက်ပါတယ်။ သူတို့ရဲ့ ပျမ်းမျှ တိုက်ရည်ခိုက်ရည်က ကောင်းကင်တာအို သက်ရှိတွေထက် ပိုမြင့်ပါတယ်။
ဒါ့အပြင် ဟန်ကျွယ်က ကောင်းကင်ကပ်ဘေး ဧကရာဇ်ကို ဖမ်းဆီးလိုက်ပေမဲ့ ဘယ်စွမ်းအားကြီးပုဂ္ဂိုလ်ရဲ့ မုန်းတီးမှုကိုမှ မခံရပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ကောင်းကင်ကပ်ဘေး ဧကရာဇ်ရဲ့နောက်မှာ စွမ်းအားကြီးပုဂ္ဂိုလ်တွေ မရှိဘူးဆိုတာကို သိနိုင်ပါတယ်။ မဟုတ်ရင် သူတို့အကြံအစည်ကို ဖျက်လို့ ဟန်ကျွယ်ကို အသေမုန်းတီးမှာပါ။
ဟန်ကျွယ်ဟာ ကပ်ဘေးမျိုးနွယ်စုကို ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားထားပြီးပါပြီ။ လောကဦး ကောင်းကင်ထောင်က ကောင်းကင်ကပ်ဘေး ဧကရာဇ်ကို ကျွန်ပြုပြီးတာ စောင့်နေတာပါ။
အင်မော်တယ်ကမ္ဘာ၊ လူသားမြို့တစ်မြို့။
တောင်တစ်ဝက်မှာ ဆံပင်တွေရှုပ်ပွနေတဲ့ လူငယ်တစ်ယောက်ဟာ နေမင်းကို မျက်နှာချင်းဆိုင်ပြီး ရပ်နေပါတယ်။ လူငယ်ဟာ အရှေ့အရပ်ကနေ ထွက်ပေါ်လာတဲ့ ခရမ်းရောင်ချီကို စုပ်ယူလိုက်တဲ့အခါ သူ့ဝတ်ရုံက လေထဲမှာ လူးလွန့်သွားပါတယ်။ လူငယ်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်တဲ့အခါ သူ့မျက်နှာမှာ ကြေးခွံနက်တွေ ပေါ်လာပြီး ရက်စက်တဲ့အသွင်အပြင် ဖြစ်သွားပါတယ်။
ဒီအချိန်မှာပဲ အသံတစ်သံဟာ လူငယ်ရဲ့နားထဲကို ဝင်လာပါတယ် “မင်းသား… ဘာကို စောင့်နေတာလဲ၊ အရှင်မင်းကြီးကို စိတ်ပျက်စေမလို့လား”
ဒီအသံကြောင့် လူငယ်ရဲ့ မျက်နှာဟာ ပုံမှန်ပြန်ဖြစ်သွားပါတယ် “ငါ တာအိုပညာရှိဂိုဏ်းထဲ မဝင်ချင်ဘူး၊ ငါ့အရည်အချင်းနဲ့ ငါ့လမ်း ငါလျှောက်လို့ရတယ်”
“မဟုတ်ဘူး… မင်းသား၊ မင်းသား တာအိုပညာရှိဂိုဏ်းထဲ ဝင်ကိုဝင်ရလိမ့်မယ်၊ ဒါက အရှင်မင်းကြီးရဲ့ အမိန့်ပဲ”
“ငါမင်းကို မျက်နှာချို မသွေးချင်ဘူး၊ ငါ့ကို ဘာဖြစ်လို့ အချိန်တစ်ခု မပေးတာလဲ၊ ငါ့ကိုယ်ငါ အားကိုးပြီး ကျင့်ကြံမှုထိပ်ဆုံးကို ရောက်အောင် လုပ်ပြမယ်”
လျှို့ဝှက်ဆန်းကြယ်အသံဟာ တိတ်ဆိတ်သွားပါတယ်။ လူငယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
“မင်းသား တကယ်ပဲ ဆန္ဒမရှိဘူးလား”
“အင်း… ငါ့ဘာသာပဲ အားကိုးချင်တယ်၊ မစိုးရိမ်ပါနဲ့၊ ငါ့ရဲ့ မျိုးနွယ်စုကို မမေ့ပါဘူး”
“ဟီးဟီး…”
နောက်ထပ် နှစ် ၄၀၀ ကုန်ဆုံးသွားပါတယ်။
[လောကဦး ‌ကောင်းကင်ထောင်သည် အကျဉ်းသားအား အောင်မြင်စွာ ကျွန်ပြုပြီးပါပြီ။]
[ကောင်းကင်ကပ်ဘေး ဧကရာဇ်သည် သင့်အပေါ် အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: အမြင့်ဆုံး။]
ဟန်ကျွယ်ဟာ သူ့မြင်ကွင်းထဲမှာ ပေါ်လာတဲ့ စာကြောင်းနှစ်ကြောင်းကို ကြည့်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်ကပ်ဘေး ဧကရာဇ်ရဲ့ ပုံရိပ်ကို စစ်ဆေးလိုက်ပါတယ်။
[ကောင်းကင်ကပ်ဘေး ဧကရာဇ်: လောကဦးပပဋိပက္ဃ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်၊ ကပ်ဘေးမျိုးနွယ်စု ခေါင်းဆောင်၊ အနန္တဧကရာဇ်၊ ရှန်တျန်သက်ရှိ။ သင့်အပေါ်တွင် အမြင့်ဆုံး မျက်နှာသာပေးမှု ရှိသည်။]
ဒီအဆင့်မှာ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ လွတ်လပ်မှု အဆင့်ကို ရောက်ရှိသွားမှာပါ။
ဟန်ကျွယ်ဟာ ကောင်းကင်ကပ်ဘေး ဧကရာဇ်ကို ကြည့်ပြီး ရုတ်တရက်ဆိုသလို ရုပ်ရည်မဆိုးဘူးလို့ ခံစားလိုက်ရပါတယ်။ ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ မျက်လုံးဖွင့်လာပြီး ဟန်ကျွယ်ရှေ့မှာ ဒူးထောက်ကာ သခင်လို့ တလေးတစား ခေါ်လိုက်ပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “အရင်က မင်း ဘယ်သူ့စကားကို နားထောင်တာလဲ”
ကောင်းကင်ကပ်ဘေး ဧကရာဇ်က ပြန်ဖြေပါတယ် “ကျွန်မ ဘယ်သူ့စကားကိုမှ နားမထောင်ဘူး၊ မဟာတာအိုပညာရှိ တစ်ပါးနဲ့ သဘောတူညီချက်တစ်ခု ထားခဲ့ရုံပဲ”
“မင်း ဘာဖြစ်လို့ သက်ရှိလောကကို မတိုက်ခိုက်တာလဲ”
“မတော်တဆ ဖြစ်မှာကို ကျွန်မ စိုးရိမ်တယ်၊ မီးလျှံမျိုးနွယ်စုက အဲဒီမှာ အကုန်လုံး ပျက်စီးသွားတာမလား၊ နောက်ပြီး ကျွန်မရဲ့သားကို ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ စေလွှတ်ပြီး ကောင်းကင်တာအို သက်ရှိအဖြစ် ပြန်လည်မွေးဖွားခိုင်းထားတယ်၊ အနာဂတ်မှာ ကပ်ဘေးမျိုးနွယ်စုက ငရဲပြည်ကို စိုးမိုးနိုင်သွားရင် ကျွန်မတို့တွေ တာအိုပညာရှိနဲ့ ဆွေးနွေးပြီး ကျွန်မရဲ့သားကို တာအိုပညာရှိ လုပ်ခိုင်းမယ်… ဒီလိုဆို ကပ်ဘေးမျိုးနွယ်စုက ကောင်းကင်တာအိုထဲမှာ လုံးဝ တည်ငြိမ်သွားလိမ့်မယ်၊ ဒါဆို ကောင်းကင်တာအိုကို ကျွန်မတို့ ထိန်းချုပ်နိုင်ဖို့က သိပ်မဝေးတော့ဘူး”
ဟန်ကျွယ်ဟာ ကောင်းကင်ကပ်ဘေး ဧကရာဇ်က ဒီလိုမျိုး တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်ရှိနေလို့ နည်းနည်းတော့ အံ့ဩသွားပါတယ် “မင်းက ကောင်းကင်တာအိုကို မဖျက်ဆီးချင်ဘူးလား”
“ကောင်းကင်တာအိုကို ဖျက်ဆီးဖို့က မဟာတာအိုပညာရှိ လိုချင်တာ၊ ကောင်းကင်တာအိုက ဖျက်ဆီးတာက ကပ်ဘေးမျိုးနွယ်စုအတွက် ဘာအကျိုးအမြတ်မှ မရဘူး၊ ကျွန်မ မဟာတာအိုပညာရှိရဲ့ ကြိုးဆွဲရာ ကရတဲ့ ရုပ်သေးရုပ် မဖြစ်ချင်ဘူး”
“ကျွန်မ ကောင်းကင်တာအိုကို တစ်ယောက်တည်း ထိန်းချုပ်နိုင်မယ်ဆိုရင် မဟာတာအိုပညာရှိကို စိန်ခေါ်ဖို့ အခွင့်အလမ်း ရှိသွားပြီ၊ လောကဦး ကောင်းကင်အရှင်သခင်က ကျွန်မကို မဟာတာအို ရယူဖို့ အခွင့်အ‌ရေးတစ်ခု ပေးမယ်လို့ ပြောပေမဲ့ ကျွန်မ သူ့စကားကို မယုံဘူး၊ သူတို့က မောက်မာလွန်းတယ်၊ အကုန်လုံးက လေထဲမှာပြောပြီး လေထဲမှာ ပျောက်ကွယ်သွားတာပဲ”
ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ လောကဦး ကောင်းကင်အရှင်သခင်ကို အထင်သေးပုံပါပဲ။ ကောင်းကင်ကပ်ဘေး ဧကရာဇ်ဘက်ကနေ ကြည့်ရင် ဒီအစီအစဉ်က တကယ့်ကို အစီအစဉ်ကောင်းပါ။ ဒါပေမဲ့ ကံဆိုးချင်တော့ ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ ဟန်ကျွယ်နဲ့ တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်က ညွှန်ကြားလိုက်ပါတယ် “မင်း ကောင်းကင်အရှင်ရွှမ်တုရဲ့ ဆွေးနွေးလို့ရတယ်၊ ငရဲပြည်ကို တစ်ဝက်ခွဲပြီး ကပ်ဘေးမျိုးနွယ်စုကို နေခိုင်းမယ်၊ ပြန်လည်မွေးဖွားခြင်း စက်ဝန်းရဲ့ အခွင့်အာဏာကိုတော့ နောက်ကျမှ ပြောကြတာပေါ့”
ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ ချက်ချင်းပဲ သဘောတူလိုက်ပါတယ်။ ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ကောင်းကင်ကပ်ဘေး ဧကရာဇ်ကို ကောင်းကင်တာအို အပြင်ဘက် ပြန်ပို့လိုက်ပါတယ်။
ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို အသံလွှင့်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း ပြောလိုက်ပါတယ်။ ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ ကောင်းကင်တာအိုထဲ ဝင်လို့မရတဲ့အတွက် အသံလွှင့်ပြီးတော့ ပြောလိုက်တာပါ။
ကောင်းကင်ကပ်ဘေး ဧကရာဇ်က ငြိမ်းချမ်းရေး ဆွေးနွေးချင်ကြောင်း အသံလွှင့်ပြီး ပြောလာတဲ့အခါမှာ ကောင်းကင်အရှင်ရွှမ်တုဟာ အလိုလို နိုးနိုးကြားကြား ဖြစ်သွားပါတယ်။ ကပ်ဘေးမျိုးနွယ်စုက ဒီလိုအသာစီးရနေတဲ့အချိန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးတာက တကယ်ကို သံသယဝင်ဖို့ ကောင်းပါတယ်။
ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ သူမရဲ့ နန်းတော်ကို ပြန်ပြီး ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားပြန်ကို စောင့်ဆိုင်းပါတယ်။ ကောင်းကင်ကပ်ဘေး ဧကရာဇ် နန်းတော်ထဲကို ဝင်လိုက်တာနဲ့ ရုပ်သွင်တစ်ခု သူမရှေ့မှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ဒီရုပ်သွင်က အသက်ကြီးပြီး ခံ့ညားတဲ့ အမူအရာရှိပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset