Switch Mode

Chapter – 131

ဘုရင်မင်းမြတ်ရောက်ရှိလာခြင်း

Chapter – 131
“ဘုရင်မင်းမြတ်ရောက်ရှိလာခြင်း”

လွန်ခဲ့သော အချိန်အနည်းငယ်ကပင် သေသပ် သပ်ရပ်စွာ ရှိနေခဲ့ကြသည့် စစ်သူကြီးများသည် ယခုအခါတွင်မူ အဝတ်အစားများ လျော့တိလျော့ရဲဖြင့် ရှိနေကြပြီး ကျယ်လောင်စွာ အော်ဟစ်လျက် သောက်စားမူးယစ် နေကြလေ၏။
သူတို့သည် ယခုအခါတွင် ယဉ်ကျေးရမည် ဟူသည့် အမူအယာကို လုံးဝမေ့ထားကြပြီး ပါးစပ်မှလည်း အဆဲအဆိုများအား ထမင်းစားရေသောက် သကဲ့သို့ ပြောဆိုနေကြ၏။ ထိုကဲ့သို့ ဆဲဆို နေမှုများကြောင့် သူတို့၏ ဘိုးဘေးများ၊ မိဘများအဖို့ နေရင်းထိုင်ရင်း အဆဲခံရသလို ဖြစ်နေလေသည်။ အော်ဟစ် ပြောဆိုကြရင်း ခွက်များကို မြောက်ကာ မြောက်ကာဖြင့် မော့သောက် နေလေ၏။
တစ်ယောက်ယောက်မှ “ကောင်းလိုက်တာ” ဟု ဆိုလိုက်လျှင် နောက်တစ်ယောက်မှ “ယီးကို ကောင်းတာလား ငိုးမသား . . .” ဟု ပြန်၍ စနောက်စမြဲပင် ဖြစ်သည်။ ထိုအခါ နောက်တစ်ယောက်မှ လည်း ဆက်၍ ဆဲပြန်လေသည်။
သူတို့သည် ကမ္ဘာကြီးပေါ်ရှိ အကြောင်းအရာ မျိုးစုံအား ပြောဆိုနေကြသည်။ သူတို့ ထွက်ခွာ ရမည့် ကိစ္စမှလွဲ၍ တခြားသော ကိစ္စများ အားလုံးအား ပြောနေကြခြင်းပင်။ သူတို့ ပြောကြသည့် အထဲတွင် ပင်လယ်နှင့် ကုန်းမြေများ အကြောင်း၊ တောင်နှင့်မြောက် အကြောင်း၊ ကောင်းကင်နဲ့ မြေကြီးအကြောင်း၊ ယခင်အတိတ် အကြောင်းများနှင့် ထိုအတိတ်များမှ လက်ရှိနှင့် ဆက်စပ်နေပုံများ၊ ထူးဆန်းသော အဖြစ် အပျက်များနှင့် ဆန်းကြယ်လှသည့် လူ့စရိုက်များ အကြောင်း စသဖြင့် အကြောင်းအရာ မျိုးစုံ ပါဝင်ပေ သည်။
သူတို့သည် တိုက်ပွဲမြေပြင်တွင် ရန်သူပေါင်းများစွာနှင့် ကြုံခဲ့ရသဖြင့် အတွေ့အကြုံ ကြွယ်ဝ သူများဟု ဆိုနိုင်ပေသည်။
တစ်ဦးမှ ပြောနေချိန်တွင် ကျန်လူများမှ စိတ်ပါဝင်စားစွာ နားထောင်ကြ၏။
လူတိုင်းသည် ထိုကဲ့သို့ ပြောနေကြသည့် လူတိုင်း အလွန်အကျွံ မူး၍ လျှောက်ပြောနေခြင်း မဟုတ်ဘူး ဆိုတာကို သိထားကြပြီးသား ဖြစ်၏။
ပြောသည့် လူမှာ မတိကျ မသေချာသည့် အကြောင်းအရာမျိုးအား လုံးဝ ပြောဆိုခြင်း မရှိဘဲ၊ နားထောင်သည့် လူများမှာလည်း ထိုလူ ပြောသည့် အကြောင်းအရာ အနည်းငယ်ကိုမျှ မေ့လျော့ကြမည် မဟုတ်ပေ။
သူတို့သည် ညီရင်းအစ်ကိုလို ဖြစ်နေကြသည်ဟု စိတ်ထဲတွင် မှတ်ယူထား ကြသည့် အတွက် သူတို့၏ ညီနောင်မှ တွေ့ကြုံခံစားခဲ့ရသည်ကို သေချာ နားစိုက်ထောင်နေကြခြင်းပင် ဖြစ်သည်။
ထိုစစ်သည်များအကြား သံယောစဉ်အား ယခုပွဲတွင် သေချာ မြင်တွေ့နိုင်ပေသည်။ အရေးကြီး၍ ထူးခြားလှသော အတွေ့အကြုံများအား အပြန်အလှန် ပြောဆိုနေကြခြင်းပင် ဖြစ်၏။
သူတို့သည် သူတို့၏ ညီနောင်များသည် သူတို့အဖို့ ယုံကြည်ရမည့် လူများ ဖြစ်သည်ဟု စိတ်နှလုံး ထဲတွင် မှတ်ယူနေမိကြခြင်းပင် ဖြစ်၏။
“ဒီမှာ နားထောင်စမ်း . . . မင်း အနှေးနဲ့ အမြန်ဆိုသလို ဇောင်ဟဲဟူနဲ့ တိုက်ပွဲမှာ တွေ့လိမ့်မယ်။ အဲဒီခွေးသူတောင်းစားက သိပ်စွမ်းတာကွ။ မင်းလောက်ကတော့ သူက သနားတယ် ပြောသွားမှာ။ သူနဲ့ ရင်ဆိုင်ရတဲ့ အချိန်ကျရင် မညှာမိစေနဲ့၊ စက္ကန့်ပိုင်းအတွင်း သူက မင်းကို သတ်နိုင်တယ်နော် . . .”
“သောက်ရေးမပါတာ . . . မင်းက သူ့ကို သိပ်တော်တယ် ထင်နေတယ်ပေါ့။ သူက ဘာမို့လို့လဲ”
“အင်း . . . အဲဒီ ဇောင်ဟဲဟူ ဆိုတာက . . .”
“ဪ . . . ငါသိပြီ။ ဒါဆို သူက မင်းကို ကလေးတစ်ယောက်လို ငိုသွားအောင် ရိုက်လိုက်ပုံပဲ။ ငါကတော့ သူ့ကို မကြောက်ပါဘူး။ ငါသူ့ဖင်ကို ပိတ်ကန်ပြီး ငိုသွားအောင် လုပ်လိုက်တယ်လို့ မင်းကြားစေရမယ် . . .”
“အဟက် . . . မင်း သူ့လက်ကနေ ကလေးတစ်ယောက်လို ငါ့ဆီ ထွက်ပြေးလာမှာကို ကြည့်ရ သေးတာပေါ့။ သူဘယ်လောက် စွမ်းလဲ မင်းမသိသေးလို့ပါ . . .”
“တော်စမ်းပါကွာ . . . ငါ့ကို မင်းလို ထင်မနေနဲ့ . . .”
“သောက်ရေးမပါတာ . . . မင်းကများ ငါ့ကို ဒီလိုပြောရဲတယ်။ ဇောင်ဟဲဟူ မင်းကို သတ်မှာ သေချာသလောက်ပဲကွ . . .”
“တကယ်လို့ သူ့ကို ငါသတ်ခဲ့ရင်ရော . . .”
“မင်း သူ့ကို သတ်ခဲ့ရင် မင်းကို ငါ့အဖိုးလို့ ခေါ်မယ်ကွာ . . .”
“ကောင်းပြီ . . . သဘောတူတယ်။ စောင့်ကြည့်နေကွ။ ငါသူ့ခေါင်းကို ဖြတ်ပြီး မင်းရှေ့ကို ယူလာပြမယ်။ အဲဒီအခါ မင်းငါ့ကို ဘိုးဘိုးကြီးလို့ ခေါ်ပေတော့။ အာ . . . မဟုတ်သေးဘူး၊ သူ့ကို အသက်ရှင်လျက် ဖမ်းပြီးတော့ မင်းရှေ့မှာတင် သတ်ပြမယ်။ မင်းယုံသွားအောင်ပေါ့ . . .”
“တော်တော် လေကြီးတဲ့ကောင်ပဲ။ မင်းကလေ နွားတွေ ပျံနိုင်ပါတယ်လို့တောင် ကြွားဦးမလား မသိဘူး။ မင်းမလုပ်နိုင်ဘူးဆိုတာ သေချာပေါက် ငါလောင်းရဲတယ် . . .”
“တော်စမ်းပါ . . . ငါတို့ သဘောတူညီမှု ရပြီလား။ ငါသူ့ကို သတ်တာဖြစ်ဖြစ်၊ ဖမ်းလာတာ ဖြစ်ဖြစ် မင်းငါ့ကို အဖိုးလို့ ခေါ်ရမှာနော် . . .”
“ကောင်းပြီ . . .”
“ဟုတ်ပြီ သဘောတူညီမှု ပြီးပြီ . . .”
“အကယ်၍ မင်းသာ တကယ်လုပ်နိုင်ခဲ့ရင် မင်းကို အဖိုးလို့ ခေါ်ရုံတင် မကဘူး ငါဆယ်စုနှစ် ပေါင်းများစွာ သိမ်းထားတဲ့ အကောင်းဆုံး အရက်ကိုပါ လက်ဆောင် အဖြစ် ပေးဦးမယ်ကွာ . . .”
“ကောင်းပြီကွာ ဟားဟားဟား . . . ငါတော့ သောက်ရချည်သေးရဲ့ . . .”
. . .
“မြောက်ပိုင်းတပ်မဟာက လူတွေ မတ်တတ်ရပ်ကြပါ။ ဟွာရန်းတပ်မဟာက လူတွေကို စိန်ခေါ်ကြ တာပေါ့ . . .”
ရဲရှောင်သည် တကယ်ပင် စားပွဲပေါ်တွင် မတ်တတ်ရပ်လျက် ရှိနေသည်။ သူ၏ ချောမောခန့်ညား သော မျက်နှာသည် ရဲရဲနီနေပြီး သူ၏ မျက်လုံးများမှာမူ ရီဝေဝေ ရှိနေလေ၏။ ခန္ဓာကိုယ်သည် ယိုင်နဲ့နဲ့ ဖြစ်နေပြီး လက်များ ဝေ့ယမ်းရင်း အော်လိုက်လေ၏။
“ကောင်းပြီ . . .”
မြောက်ပိုင်းမှ လူများသည် အော်ဟစ်လိုက်ကြရင်း မတ်တတ်ထရပ်လိုက်ကြသည်။
“ဘယ်သူများ စိန်ခေါ်ဝံ့သလဲ . . .”
မင်းသားဟွာရန်းမှ ခပ်လှမ်းလှမ်းမှ –
“တောက် . . . မင်းတို့က ငါ့ပိုင်နက်မှာ ငါတို့ကို စိန်ခေါ်တယ်ပေါ့လေ။ ညီနောင်တို့ မင်းတို့ ပုလင်းတွေ ယူပြီး သူတို့ကို တိုက်လိုက်ကြစမ်း၊ အန်ဖတ်စို့သွားကြပါစေ . . .”
“ဝိုး . . .”
တစ်ဖက်ခြမ်းမှ လန်လန့်လန့်ကလည်း –
“ငါ့တို့ဘက်က ငါပဲ စိန်ခေါ်မယ်ကွာ . . .”
သူ့စကား မဆုံးခင်မှာတင် လူကြီးအချို့မှ ဝိုင်း၍ ဖမ်းလိုက်ကြပြီး လက်များကို ချုပ်ကာ ပါးစပ်ထဲသို့ အရက် ၂ ပုလင်းခန့် လောင်းချလိုက်ကြပါတော့သည်။
လန်လန့်လန့်လည်း ရုတ်တရက် ကမ္ဘာကြီး ချာချာလည်သွားသလို ခံစားလိုက်ရ၏။ ယိုင်နဲ့သွားပြီး စားပွဲအောက်သို့ ဝမ်းလျားထိုး သွားရပါတော့သည်။
သူသည် တကယ်ကိုပင် အတွေ့အကြုံနုနယ်သေးသည်ဟု ဆိုနိုင်ပေသည်။ ရဲရှောင်လည်း လန်လန့်လန့်အား ကူညီစေခိုင်းကာ လန်လန့်လန့်မှာ သူ့ဘက်မှ သူတစ်ဦးတည်းသာ ဖြစ်သဖြင့် ရဲရှောင်ကဲ့သို့ အားကျမခံ စိန်ခေါ်လိုက်ခြင်း ဖြစ်ပေသည်။ သို့သော်လည်း ယခုအခါတွင်မူ မှောက်သွားရချေပြီ။
“အရူးလေးပဲ . . . ကောင်းကင်နဲ့ မြေကြီးရဲ့ ထုထည်ကိုတောင် မသိပါလား။ အဲဒါများ ငါတို့ကို စိန်ခေါ်ချင်နေသေးတယ်။ ထားပါတော့လေ။ ဟားဟားဟား . . .”
အချို့သော အတွေ့အကြုံ ရင့်ကျက်သည့် စစ်သည်ရဲမက်ကြီးများသည် လန်လန့်လန့် ခုံအောက်၌ ဝင်နေသည်ကို ကြည့်ရင်း သဘောကျနေကြလေ၏။
မင်းသားဟွာရန်းသည် ယနေ့ညတွင် စိတ်လွတ်လက်လွတ် နေမည့် ဟန်ပန်ပါပင်။ ဟိုဟိုဒီဒီ သွားလာရင်းဖြင့် သူ့လူများဖြင့် ခွက်ချင်းတိုက်ကာ အလွန်အကျွံသောက်နေ၏။
မင်းသားသည် ရုတ်တရက် ရဲရှောင်၏ အင်္ကျီစအား ဆွဲလိုက်သဖြင့် ရဲရှောင် ပြုတ်ကျမတတ်ပင် ဖြစ်သွားရ၏။ မင်းသားဟွာရန်းမှ လေးလေးပင်ပင် အသံကြီးဖြင့် –
“နားထောင်စမ်း ကောင်လေး . . . အခု သေသေချာချာ နားထောင်။ ငါမရှိတုန်းမှာ မင်းငါ့ရဲ့ သမီးကို ကောင်းကောင်း စောင့်ရှောက်ပေးရမယ်။ မင်းကြောင့်နဲ့ သူဝမ်းနည်းမှာမျိုး မဖြစ်စေရဘူး။ မင်းအဖေ ဘယ်သူလဲတွေ ဘာတွေ ငါဂရုစိုက်နေမှာ မဟုတ်ဘူးနော်။ မင်းရဲ့ ငယ်ပါကို ဖြတ်ပြီး နန်းတော်ထဲ ကုန်းကုန်းလုပ်ခိုင်းလိုက်မယ် . . .”
စစ်သူကြီးများသည် ရယ်မောလိုက်ရင်းဖြင့် –
“ဝိုး . . . ဟားဟား ဟားဟား . . . ယောက္ခမကြီးက သားမက်ရဲ့ ငယ်ပါကို ဖြတ်ပစ်မယ်တဲ့ဟ။ တော်တော် ရယ်စရာကောင်းတဲ့ အဖြစ်ပဲ . . .”
ရဲရှောင်သည် ရှက်အမ်းအမ်းဖြင့် –
“မစိုးရိမ်ပါနဲ့ဗျာ . . .”
“ဟမ့် . . .”
မင်းသားလည်း ရဲရှောင်အား လွှတ်ပေးလိုက်ပြီးနောက် အရက်ပုလင်းအား စားပွဲပေါ်သို့ ပြင်းထန် စွာ ဆောင့်ချလိုက်ရင်း ကျယ်လောင်စွာသော အသံဖြင့် –
“တိတ်တိတ် နေကြစမ်း . . . ငါပြောစရာ ရှိတယ် . . .”
ထို့နောက်မှာတော့ ထိုနေရာ တစ်ခုလုံးသည် ရုတ်တရက် တိတ်ဆိတ် သွားကြလေ၏။ လူတိုင်း ကိုယ်စီ ငြိမ်သက်သွားကြသည်။
အားလုံးသည် သူတို့၏ နိုင်ငံ့စစ်နတ်ဘုရားအား ငေးကြည့်နေကြလေ၏။
“ငါမခံနိုင်တဲ့ ကိစ္စတစ်ခုလို့ ပြောရမှာပဲ။ နယ်ချဲ့နေတဲ့ မျိုးမစစ်ကောင်တွေက ငါတို့ တိုင်းပြည်ကို ထိပါးလာတဲ့ အတွက် ငါလည်း ငါ့လူတွေကို ဦးဆောင်ပြီး သူတို့နဲ့ သွားတိုက်ခိုက်ရတော့မယ်”
မင်းသား၏ အသံသည် အလွန်ကျယ်လောင်လှပေ၏။
“ဒါပေမဲ့ နောက်ထပ် မခံနိုင်တဲ့ ကိစ္စတစ်ခုလည်း ရှိသေးတယ်။ ငါတို့တွေ တိုက်ပွဲ မြေပြင်မှာ တိုက်ခိုက်နေကြတုန်း ငါတို့ရဲ့ မိသားစုဝင်တွေ အနိုင်ကျင့်ခံရတာမျိုးတွေ ရှိနိုင်တယ် . . .”
“ငါတို့ ညီနောင်တွေဟာ တိုက်ပွဲမှာ အသက်သွေးချွေးတွေ ရင်းပြီးတော့ တိုက်နေရတဲ့ လူတွေ ဖြစ်တယ်။ သူတို့ဟာ တကယ့် သူရဲကောင်းတွေ၊ ယောကျာ်းကောင်းတွေ၊ စစ်သည်ကောင်းတွေပဲ။ သူတို့ရဲ့ မိသားစုကို စော်ကားပုတ်ခတ်လာတဲ့ ဘယ်သူ့ကိုမဆို ငါခေါင်းဖြတ်ပစ်မယ်။ ငါ့စကားကို ငါတည်စေရ မယ်။ ငါတို့ တိုက်ပွဲမှာ ရောက်နေတုန်း ငါတို့ရဲ့ မိသားစုဝင်တွေကို တစ်ယောက်ယောက် စော်ကား ထိပါးလာမယ် ဆိုရင် သေတာထက် ဆိုးတာမျိုး ဖြစ်အောင် ငါလုပ်ပစ်မယ် . . .”
သူ၏ မျက်လုံးများသည် အေးစက်လျက် အားလုံးအား ဝေ့ကြည့်ရင်း ကျယ်လောင်စွာ အော်ပြော နေလေသည်။
“ဘယ်သူပဲ ဖြစ်ဖြစ် ငါစိတ်မဝင်စားဘူး၊ တော်ဝင်အိမ်တော်၊ မျိုးနွယ်စုကြီးတွေ၊ သခင်ကြီးတွေ၊ ဘယ်သူပဲ ဖြစ်ဖြစ် နောက်ဆုံး ဘုရင်ကိုယ်တိုင် ဖြစ်နေရင်တောင်မှပဲ ငါ့ညီနောင်တွေရဲ့ မိသားစုဝင်တွေကို ထိရဲထိကြည့်လိုက် ငါကိုယ်တိုင် သတ်ပစ်မယ်။ တစ်ဆွေလုံး တစ်မျိုးလုံးကို သတ်ပစ်မယ်လို့ ငါကျိန်ဆိုဝံ့ တယ် . . .”
သူ၏ အသံသည် အားမာန်အပြည့်ဖြင့် နေရာအနှံ့သို့ ပြန့်နှံ့သွားလေ၏။
လူတိုင်းသည် မင်းသား၏ စကားအား အကြွင်းမရှိ ယုံစားကြလေ၏။
“မင်းသားဟွာရန်း ဆန္ဒအတိုင်း ဖြစ်ပါစေ . . .”
စစ်သူကြီးများသည် အတူတကွ အော်ဟစ်လိုက်ကြလေ၏။
တစ်ချိန်တည်းမှာပင် ခပ်အေးအေး လေသံတစ်သံ ထွက်ပေါ်လာလေသည်။
“တော်တော် အသက်ဝင်နေကြတဲ့ မြင်ကွင်းပါလား . . . ငါကလည်း လာပြီး သောက်တာပါ။ ညီလေးစု . . . မင်းရဲ့ စကားလုံးတွေက ရဲရဲတောက်လှချည်လားကွ။ တစ်မျိုးနွယ်လုံးကို သတ်ပစ်မယ် ဆိုတာ ငါပြောနေကြ စကားပါ ဟားဟား . . .”
ထိုအသံသည် အဝါရောင် အဝတ်အစားများ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် လူတစ်ဦး ထံမှ ထွက်လာခြင်း ဖြစ်သည်။ သူ၏ နောက်တွင်မူ စစ်သည်ရဲမက် အချို့ ရှိနေလေ၏။
မင်းသားဟွာရန်းသည် ထိုလူကို မြင်သောအခါ တုန်လှုပ်သွားလေ၏။ တခြားလူများလည်း ထို့အတူ ပါပင်။
အားလုံးသည် ချက်ချင်းပင် ဒူးထောက်လိုက်ကြရင်း –
“မင်းကြီး သက်တော် ရာကျော် ရှည်ပါစေ . . .”
ရုတ်တရက် ရောက်လာသူမှာ ချန်နိုင်ငံတော်၏ ဘုရင်မင်းမြတ်ပင် ဖြစ်ပေသည်။
ဘုရင် ချန်ရွှမ်းရှန် ပါပင်။
ရဲရှောင်အဖို့ ဘုရင်အား ပထမဆုံး အကြိမ်အဖြစ် မြင်တွေ့ဖူးလိုက်ရခြင်း ဖြစ်သည်။
ထိုလူသည် အသက် ၄၀ ဝန်းကျင်ခန့် ရှိမည် ဖြစ်ပြီး မျက်လုံးများမှာ သိမ်းငှက် မျက်လုံးများကဲ့သို့ တောက်ပလှပြီး လေးထောင့်စပ်စပ် မျက်နှာကျမျိုး ရှိလေ၏။ အိမ်ရှေ့မင်းသားနှင့် အနည်းငယ် ဆင်သလို ရှိသော်လည်း ဘုရင်၏ ဟိတ်ဟန်နှင့် ယှဉ်ပါက အိမ်ရှေ့မင်းသားသည် ခြေဖျားပင် မမီပါချေ။
ဘုရင်သည် နဂါးတစ်ကောင် သို့မဟုတ် ကျားတစ်ကောင်ကဲ့သို့ ရဲဝံ့သော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာခဲ့သည်။ ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါး လျှောက်လှမ်းလာသည်နှင့်ပင် တူနေပါသေးသည်။
ဘုရင်သည် အိမ်ရှေ့မင်းသားနှင့် ယှဉ်ပါက အပုံကြီး ကွာခြားမည်သာ ဖြစ်၏။
ခန်းမအတွင်းရှိ မင်းသားဟွာရန်းအပါအဝင် လူအားလုံးသည် ဒူးထောက်လျက်သား ရှိနေကြသော် လည်း မတ်တတ်ရပ်နေသူ တစ်ဦး ရှိနေ၏။ ရဲရှောင်ပင် ဖြစ်ပါသည်။ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ စားပွဲပေါ်တွင် မတ်တတ်ကြီးရပ်လျက် ငေးကြည့်နေခြင်း ဖြစ်သည်။
နောက်တစ်ယောက်လည်း ရှိပါသေးသည်။ လန်လန့်လန့်ဖြစ်ပြီး သူကမူ အမူးလွန်နေပြီ ဖြစ်သဖြင့် ဒူးပင် မထောက်နိုင်တော့ဘဲ မှောက်နေပြီ ဖြစ်၏။
ရဲရှောင်မှ ထီးထီးကြီး ရပ်နေသည်ကို မြင်သောအခါ ဘုရင်လည်း အနည်းငယ် အံ့သြသွားဟန် ရှိပြီး ပြုံးကာဖြင့် –
“သူက ဘယ်သူလဲ . . .”
မင်းသားဟွာရန်းလည်း ရဲရှောင်အား ဆွဲချလိုက်ရင်း ဒူးထောက်စေလိုက်၏။ ထို့နောက် လေသံ တီးတိုးဖြင့် –
“ခွေးကောင်လေး . . . မင်းတို့ တစ်မျိုးလုံး အဖမ်းခံချင်လို့လား . . .”
ထို့နောက် ဘုရင်ဘက်သို့ လှည့်လိုက်ရင်း –
“ဒီအရူးက စစ်သူကြီး ရဲနန်ရှန်ရဲ့သား ရဲရှောင်ပါ မင်းကြီး . . .”
ဘုရင်သည် ထိုနာမည်ကို ကြားလိုက်သောအခါ အနည်းငယ် တုန်လှုပ်သွားဟန်ပါပင်။ ထို့နောက် ရယ်မောလိုက်ရင်း –
“ဪ . . . ငါသိပြီ ငါသိပြီ။ တကယ်ပဲ မင်းကိုး။ ငါတို့ ပြောပြောနေတဲ့ ညလယ်စာ ဆိုတဲ့ ကောင်လေးပဲပေါ့ . . .”
လူအားလုံးသည် ဘုရင်၏ စကားကြောင့် ရယ်မောကုန်ကြ၏။
ရဲရှောင်သည် အနည်းငယ် ရှက်သလို ဖြစ်နေပြီး ခေါင်းကို မော့၍ –
“မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ် . . .”
“အာ . . .”
ဘုရင်ဖြစ်သူသည် ရဲရှောင်အား မတ်တတ်ထစေလိုက်ရင်း –
“ဒီညမှာ ဘုရင်တွေ၊ မင်းကြီးတွေ ဆိုတာ မရှိဘူး။ စစ်သူကြီးဟောင်း တစ်ယောက်က သူ့ညီနောင် တွေနဲ့အတူတူ တစ်ခွက်တစ်ဖလား လာသောက်တာပါကွာ . . .”
ထို့နောက် အားလုံးအား ဝေ့ကြည့်လိုက်ရင်း –
“အားလုံး ထကြပါ . . .”
“ကျေးဇူးတင်ပါတယ် မင်းကြီး . . .”
လူတိုင်း ထလိုက် ကြလေ၏။ သို့သော် သူတို့၏ စိတ်ထဲတွင်မူ အနည်းငယ် ရှိန်နေပါသေးသည်။ ယခင်ကလောက် ရွှင်မြူးကြခြင်း မရှိတော့ဘဲ ဘုရင်မည်သို့ပင် ပြောပါစေ ဘုရင်ရှေ့တွင် စိတ်လွတ် လက်လွတ် မနေရဲကြပါချေ။
ဆဲဆိုချင်သည့် လူများပင် ပါးစပ်ကို ထိန်း၍ နေကြရပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset