Switch Mode

Chapter – 646

အခန်း (၆၄၆) ဘိုးဘေးဖန်ကျွယ်
ဟန်ကျွယ်ဟာ ဂိုဏ်းချုပ်တျန်ကျွယ်ကို သူ့တာအိုဘုံကျောင်းဆီ တစ်ခါတည်း ခေါ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဂိုဏ်းချုပ်တျန်ကျွယ်က ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးမှာစိုးတဲ့အတွက် မရေမရာ နတ်ဘီလူးရဲ့ စွမ်းအားကိုသုံးပြီး ဂိုဏ်းချုပ်တျန်ကျွယ်ကို ဇဝေဇဝါဖြစ်အောင် လုပ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဂိုဏ်းချုပ်တျန်ကျွယ်ကို လောကဦး ကောင်းကင်ထောင်ထဲ ပစ်ထည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ဝူဖာကို ဖိနှိပ်တုန်းကထက် စွမ်းအားပိုကြီးနေပြီမို့ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ဟန်ကျွယ်ရဲ့ မဟာတာအို စွမ်းအားကနေ လွတ်မြောက်အောင် မရုန်းနိုင်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ဂိုဏ်းချုပ်တျန်ကျွယ်ကို စောင့်ကြည့်မနေတော့ဘဲ မဟာညီညွတ်မှု ရုပ်သွင်ကို စကျင့်ကြံလိုက်ပါတယ်။
မျက်တောင်တစ်ခတ်အတွင်း နှစ် ၃၀၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ နောက်ထပ် နတ်ဘီလူးဓမ္မရုပ်တု ငါးဆယ်ကို ထပ်မံ တတ်မြောက်သွားပါတယ်။ ဒီတစ်ခါ ကျင့်ကြံမှုကလည်း အရင်တုန်းက ကျင့်ကြံမှုတွေထက် ပိုကြာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နတ်ဘီလူးတွေရဲ့ စွမ်းအားက တစ်ခုနဲ့တစ်ခု မတည့်တာကြောင့်ပါ။
ဟန်ကျွယ် အသစ်တတ်မြောက်သွားတဲ့ နတ်ဘီလူးဓမ္မရုပ်တုတွေကတော့ သက်တန့်ကာ နတ်ဘီလူး၊ ရှောင်တ နတ်ဘီလူး၊ မထိခိုက် နတ်ဘီလူး၊ ကောင်းကင်ရင်ပြင် နတ်ဘီလူး၊ စိတ်အားမဲ့နတ်ဘီလူး၊ အာဏာရှင် နတ်ဘီလူး၊ ခေါင်းပါး နတ်ဘီလူး၊ တာအိုစုဆောင်း နတ်ဘီလူး၊ မြူနတ်ဘီလူး၊ ကြောက်လန့်ဖွယ် နတ်ဘီလူး၊ ချစ်ခြင်းမေတ္တာနတ်ဘီလူး၊ မဟာအဆီအနှစ် နတ်ဘီလူး၊ ရစ်လိမ်နတ်ဘီလူး၊ အနှိုင်းမဲ့ည နတ်ဘီလူး၊ လောကဦးသိုင်း နတ်ဘီလူး၊ မျိုးနွယ်စု နတ်ဘီလူး၊ ဒီဂရီ နတ်ဘီလူး၊ အသွင်ယူ နတ်ဘီလူး၊ အန္တိမသောက နတ်ဘီလူး၊ စိတ်ဝိညာဉ်အစိုးရ နတ်ဘီလူး၊ ဝိညဉ်ကောင်းကင် နတ်ဘီလူး၊ အချောင်ခိုနတ်ဘီလူး၊ ပုပ်ဆွေးနတ်ဘီလူး၊ အပြန်အလှန်အာသီသ နတ်ဘီလူး၊ အရိုးစု နတ်ဘီလူး၊ ရွှေကမ္ပည်းပြား နတ်ဘီလူး၊ သိမ်မွေ့နက်နဲ နတ်ဘီလူး။
ဖန်တီးခြင်းတစ်သောင်း နတ်ဘီလူး၊ လေဟာနယ်မဲ့ နတ်ဘီလူး၊ အသန်မာဆုံး နတ်ဘီလူး၊ တိမ်ရေအိုင် နတ်ဘီလူး၊ အမြင့်ဆုံး နတ်ဘီလူး၊ အရိပ်နောက်လိုက် နတ်ဘီလူး၊ ဒဏ်ခတ်လက်ဖက် နတ်ဘီလူး၊ တိုက်ပွဲထောင် နတ်ဘီလူး၊ ‌ရောင်ပြန် နတ်ဘီလူး၊ အလင်းသတ် နတ်ဘီလူး၊ ပဋိပက္ခနောင်တ နတ်ဘီလူး၊ ဓားမ နတ်ဘီလူး၊ မူလဝတ္ထု နတ်ဘီလူး၊ တာအိုခြေလှမ်း နတ်ဘီလူး၊ အချောင်စုဆောင်း နတ်ဘီလူး၊ ကပ်ဘေးကတ်ပြား နတ်ဘီလူး၊ စာတစ်အုပ် နတ်ဘီလူး၊ ထိန်းချုပ် နတ်ဘီလူး၊ မိုးခေါင်ရေရှား နတ်ဘီလူး၊ ကမ္ဘာလည် နတ်ဘီလူး၊ အခါး နတ်ဘီလူး၊ ဟာလာဟင်းလင်း နတ်ဘီလူးနဲ့ လက်ချောင်းဆယ်ကုဋေ နတ်ဘီလူးတို့ ဖြစ်ပါတယ်။
ဒီနတ်ဘီလူးတွေရဲ့ စွမ်းအားအများဆုံးက နည်းနည်း ထူးခြားပါတယ်။ ဥပမာအားဖြင့် အသန်မာဆုံး နတ်ဘီလူးက အစွမ်းအထက်ဆုံး နတ်ဘီလူး မဟုတ်ပါဘူး။ ဒီစွမ်းအားက အသန်မာဆုံး မဟာတာအိုကို လိုက်စားတာပါ။ ဒီစွမ်းအားကို အသုံးပြုလိုက်ရင် အသုံးပြုသူရဲ့ စွမ်းအားဟာ အများကြီး တိုးပွားသွားပါတယ်။
အင်အားကြီးတဲ့ ပြိုင်ဘက်ကို အနိုင်ယူနိုင်လေလေ ဒီမဟာတာအို စွမ်းအားကလည်း ပိုအားကောင်းလေလေပါပဲ။ ဟန်ကျွယ်အတွက်တော့ ဒီစွမ်းအားက သိပ်မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီစွမ်းအားက သူ့ဘဝပုံစံနဲ့ ဆန့်ကျင်နေလို့ပါပဲ။ ဟန်ကျွယ်ဟာ သေရေးရှင်ရေး အခြေအနေကို မရောက်ရင် ဒီစွမ်းအားကို ထုတ်သုံးမှာ မဟုတ်ပါဘူး။
မထိခိုက် နတ်ဘီလူးရဲ့ စွမ်းအားကျတော့ ဘယ်လိုမှ ဒဏ်ရာမရနိုင်တဲ့ အကြွင်းမဲ့ ခံစစ်တာအိုပါ။ ဒီခံစစ်ကို ချိုးဖျက်ဖို့ဆိုရင် အလွန်ကြီးမားတဲ့ အင်အားနဲ့ တစ်ချက်တည်း ချိုးဖျက်မှ ရပါလိမ့်မယ်။ ဒီခံစစ်ကို ချိုးဖျက်ဖို့ အရေအတွက်ကို အားကိုးလို့ မရပါဘူး။
အန္တိမသောက နတ်ဘီလူးကျတော့ ခံစားချက်တွေကို ပဲ့တင်ထပ်စေတဲ့ နေရာမှာ အလွန်သန်မာပါတယ်။ ဒီနတ်ဘီလူးက သက်ရှိအားလုံးရဲ့ စိုးရိမ်သောကတွေကို စုပ်ယူပြီး သူ့ကိုယ်သူ အင်အားကြီးလာအောင် လုပ်ဆောင်နိုင်ပါတယ်။
အချောင်စုဆောင်း နတ်ဘီလူးကတော့ တည်ရှိမှုအားလုံးရဲ့ အသွင်ကို ယူနိုင်ပြီး အဲဒီအသွင်တွေကို အက်တမ်လိုမျိုး သေးငယ်အောင် လုပ်နိုင်ပါတယ်။ ဖန်တီးမှုတစ်သောင်း နတ်ဘီလူးကတော့ ဖူစန်းသစ်ပင်လိုပါပဲ။ သူ့ခန္ဓာကိုယ်ကနေ ကိုင်းတစ်ထောင် ကြီးထွားလာပြီး ကမ္ဘာတစ်ခု ဖန်တီးကာ လက်ရှိ တည်ရှိနေတဲ့ ကမ္ဘာနဲ့ ဆက်သွယ်နိုင်ပါတယ်။ သူ ဖန်တီးထားတဲ့ ကမ္ဘာ မပျက်သုဉ်းဘူးဆိုရင် သူကလည်း မသေနိုင်ပါဘူး။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး နတ်ဘီလူးတွေရဲ့ စွမ်းအားအသစ်တွေနဲ့ အသားကျအောင် ကြိုးစားပါတယ်။ ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နတ်ဘီလူးအသစ်တွေရဲ့ စွမ်းအားနဲ့ အသားကျသွားပြီး အသွင်တူ လက်ရည်စမ်းပွဲထဲကနေ ကျေနပ်အားရစွာ ထွက်လိုက်ပါတယ်။
ဒီအချိန်မှာ ဂိုဏ်းချုပ်တျန်ကျွယ်က လောကဦးထောင်ထဲမှာပဲ ရှိနေပါသေးတယ်။ ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို လှမ်းကြည့်လိုက်ပါတယ်။ မီးလျှံမျိုးနွယ်စုရဲ့ ကျူးကျော်မှု ကျရှုံးပြီးနောက် အင်မော်တယ်ကမ္ဘာဟာ အရင်လို အခြေအနေကို ပြန်ရောက်သွားပါတယ်။ သက်ရှိအားလုံးဟာ ကြိုးကြိုးစားစား ကျင့်ကြံကြပေမဲ့ သဘောထားကွဲလွဲမှုတွေက ရှောင်လွှဲလို့ မရပါဘူး။
ဥပမာအားဖြင့် လူသားမျိုးနွယ်စုဟာ အင်အားကြီးမားချင်ရင် သူတို့ရဲ့ နယ်မြေကို ချဲ့ထွင်ပြီး သူတို့ရဲ့ ရင်းမြစ်တွေကို တိုးပွားလာအောင် လုပ်ရပါမယ်။ ဒါပေမဲ့ အနီးအနားမှာရှိတဲ့ မျိုးနွယ်စုတွေဟာ တစ်ခါတုန်းက နတ်ဆိုးတွေ ဖြစ်ခဲ့တာပါ။ လူသားတွေနဲ့ နတ်ဆိုးတွေကြားက ရန်ငြိုးဟာ အသွေးအသားထဲအထိ စိမ့်ဝင်နေတာပါ။ ဒါကြောင့် လူသားမျိုးနွယ်စုဟာ ဝန်းရံခံရပြီး ပြဿနာတောထဲ ထပ်ရောက်သွားပါတယ်။
လီတောက်ခုံးရဲ့ စွမ်းအားက လူသားမျိုးနွယ်စုကို ကာကွယ်နိုင်လောက်တဲ့အထိ မကြီးမားပါဘူး။ မီးလျှံမျိုးနွယ်စုရဲ့ ကပ်ဘေးပြီးတဲ့နောက် သက်ရှိအားလုံးဟာ တာအိုပညာရှိတွေက အင်မော်တယ်ကမ္ဘာထဲကို ကိုယ်တိုင်ဝင်လို့မရမှန်း သိသွားကြပါတယ်။ ဒီအချက်က တာအိုပညာရှိတွေရဲ့ ခြိမ်းခြောက်မှုကို လျော့နည်းသွားစေပါတယ်။ ဒါ့အပြင် မျိုးနွယ်စုအသီးသီး ပူးပေါင်းပြီး လူသားမျိုးနွယ်စုကို တိုက်ခိုက်တဲ့အခါ တာအိုပညာရှိတွေက စွမ်းအားကြီးပုဂ္ဂိုလ်တွေကို စေလွှတ်ပြီး လူသားတွေကို မကူညီပါဘူး။ ဒီလိုကူညီတာကလည်း လက်ရှိကောင်းကင်တာအိုရဲ့ ရည်မှန်းချက်နဲ့ မကိုက်ညီပါဘူး။
ဒီလိုအကြောင်းတွေကြောင့် ဟန်ယွီဟာ တိုက်ပွဲအသီးသီးကို တိုက်ခိုက်ရပါတော့တယ်။ သူ့ကျင့်ကြံမှုကလည်း လျင်မြန်စွာ တိုးတက်လို့လာခဲ့ပါတယ်။ ဟန်ကျွယ်ဟာ လူသားမျိုးနွယ်စုကို အချိန်အကြာကြီး အာရုံမစိုက်ပါဘူး။ လူသားမျိုးနွယ်စုမှာ ဟန်ကျွယ် ဂရုစိုက်တာက ဟန်ယွီတစ်ယောက်ပဲ ရှိပါတယ်။ ဟန်ယွီဘာမှမဖြစ်ရင် တော်ပါပြီ။
ဟန်ယွီသာ လူသားမျိုးနွယ်စုကို စည်ပင် သာယာဝပြောလာအောင် ဦးဆောင်နိုင်မယ်ဆိုရင် ဟန်ကျွယ်ဟာ စိတ်ပြောင်းပြီး အခွင့်အရေးကြီးတစ်ခု ပေးဖို့ စဉ်းစားထားပါတယ်။ ဒါမှလည်း ဟန်ယွီဟာ သူ့ဘိုးဘေး ဟန်ထော်နောက်ကို လိုက်ဖို့ အခွင့်အရေး ရှိသွားမှာပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ မယ်တော်ဂိုဏ်းကို ကြည့်လိုက်ပါတယ်။ မယ်တော်ဂိုဏ်းဟာ အဆင်ပြေပြေ ကြီးထွားလာပါတယ်။ လီယောင်ကြောင့်လား တခြားအကြောင်းကြောင့်လား ဟန်ကျွယ်လည်း မပြောတတ်ပါဘူး။ မယ်တော်ဂိုဏ်းမှာရှိတဲ့ လူသားတပည့်မ အရေအတွက်က ဂိုဏ်းထဲမှာရှိတဲ့ တခြားမျိုးနွယ်စုတွေရဲ့ တပည့်မ အရေအတွက်ထက် ကျော်လွန်သွားပါပြီ။
မယ်တော်ဂိုဏ်းဟာ စတင်တည်ထောင်ကတည်းက ကျယ်ကျောင်းတော်ရဲ့ ထောက်ပံ့မှုကို ရခဲ့တာကြောင့် ဘာအခက်အခဲမှ မတွေ့ရပါဘူး။ ပြီးခဲ့တဲ့ မီးလျှံမျိုးနွယ်စု ကပ်ဘေးတုန်းကလည်း မယ်တော်ဂိုဏ်းတပည့်တွေ စစ်မြေပြင်ကို ရောက်တဲ့အခါ တိုက်ပွဲက ပြီးဆုံးသွားခဲ့ပါပြီ။
ဟန်ကျွယ်ဟာ အင်‌မော်တယ်ကမ္ဘာအောက်က ထုန်ကျန့်ကမ္ဘာကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ် ထုန်ကျန့်ကမ္ဘာကို လွှတ်ပေးလိုက်ကတည်းက ထုန်ကျန့်ကမ္ဘာဟာ သူ့ဘာသာ တိုးတက်လာခဲ့ပါတယ်။ အခုဆိုရင် ထုန်ကျန့်ကမ္ဘာဟာ ပထမဆုံး သေမျိုးကမ္ဘာဖြစ်တဲ့ တစုန်ကောင်းကင်ကမ္ဘာထက် နည်းနည်းသာ နိမ့်ကျပြီး ဒုတိယ သေမျိုးကမ္ဘာ ဖြစ်လာပါတယ်။
ဟန်ကျွယ်ဟာ ထုန်ကျန့်ကမ္ဘာကို ဂရုမစိုက်ပေမဲ့ မိုးကောင်းကင်မျိုးနွယ်စု၊ ကျယ်ကျောင်းတော်၊ ရှန်နန်းတော်နဲ့ မယ်တော်ဂိုဏ်း အကုန်လုံးက ထုန်ကျန့်ကမ္ဘာကို ကူညီကြပါတယ်။ သူတို့တွေဟာ သေမျိုးတွေကို တာအိုဟောကြားဖို့အတွက် တပည့်တွေကို စေလွှတ်ပြီး ထုန်ကျန့်ကမ္ဘာမှာ နေထိုင်စေပါတယ်။
အခုအချိန်မှာ ဝတ်ရုံဖြူဗုဒ္ဓက ထုန်ကျန့်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့ကို အသုံးပြုပြီး ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ဖြစ်လာပါပြီ။ သူကလည်း နာမည်ကျော်ကြားတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လို့နေပါပြီ။
ငရဲပြည်မှာတော့ စုချီဟာ ဂူအောင်းကျင့်ကြံနေပါတယ်။ စုချီကြောင့် ရန်ထျန်တုန်းရဲ့ အဆင့်အတန်းဟာ မြင့်တက်သွားပါတယ်။ တခြားငရဲမင်းတွေဟာ ရန်ထျန်တုန်းကို ရန်မစရဲတော့ဘဲ ရန်ထျန်တုန်းနောက်ကို နေရာတကာ လျှောက်လိုက်ပါတယ်။
အရာအားလုံးက အဆင်ပြေချောမွေ့နေပါတယ်။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ မိတ်ဆွေဟောင်း တစ်ယောက်ကို သတိထားမိလိုက်ပါတယ်။
မော့ကျူ။
အတိတ်မှာတုန်းက လီမုယဲ့ဟာ ဟန်ကျွယ်ကို အကောက်ကြံဖို့အတွက် မော့ကျူကို တပည့်အဖြစ် လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ လီမုယဲ့ မသေခင်မှာ မော့ကျူဟာ အင်မော်တယ်ကမ္ဘာကို ပြန်သွားခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဟန်ကျွယ်နဲ့ မော့ကျူဟာ သူစိမ်းတွေ ဖြစ်လာခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဟန်ကျွယ်ဟာ နှစ်တစ်သိန်းကျော်ကြာမှ မော့ကျူကို သတိရသွားတာ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ မော့ကျူကို သူနဲ့အတူနေဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ မော့ကျူဟာ ထွက်သွားဖို့သာ ဆန္ဒရှိခဲ့ပြီး မော့မိသားစုကို နာမည်ကျော်အောင် လုပ်ချင်ခဲ့ပါတယ်။ အချိန်တွေ ကြာသွားတဲ့အခါမှာတော့ မော့ဖူချိုဟာ သေဆုံးပြီး မော့မိသားစုက အတိတ်မှာ ကျန်ခဲ့ပါပြီ။ မော့ကျူဟာလည်း သူ့နာမည်ကို ပြောင်းလိုက်ပါတယ်။ အခုအချိန်မှာ သူမရဲ့နာမည်က ဘိုးဘေး ဖန်ကျွယ်ဖြစ်ပြီး အင်မော်တယ်ကမ္ဘာရဲ့ ထောင့်တစ်နေရာမှာ ပုန်းအောင်းလို့ နေပါတယ်။
ဖန်ကျွယ်ဆိုတဲ့ နာမည်က သူ့နာမည်ကနေ ယူထားတယ်ဆိုတာကို ဟန်ကျွယ် သိပါတယ်။
မော့ကျူ နတ်မင်းအဆင့်ကို ရောက်နိုင်တာက ရွမ်လိန့်ကျောင်းတော်ရဲ့ တာအိုကျင့်စဉ်ကြောင့်ပါ။ မော့ကျူကို တွေ့လိုက်ရတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သေမျိုးကမ္ဘာက နှစ်တွေကို ပြန်တွေးမိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။ အဲဒီတုန်းက ဟန်ကျွယ်ဟာ အင်မော်တယ်အဆင့်ကို မျှော်ကြည့်နေခဲ့ရတာပါ။
ဟန်ကျွယ်ဟာ မော့ကျူကို သွားမရှာပါဘူး။ မော့ကျူဟာ ကြီးပြင်းလာပြီ ဖြစ်တဲ့အတွက် သူမကိုယ်သူမ ကာကွယ်နိုင်နေပါပြီ။ မော့ကျူသာ သူ့ကို ရှာချင်တယ်ဆိုရင် တိတ်ဆိတ်ဂိုဏ်းကို ရောက်လာမှာပါ။
ဟန်ကျွယ် တွက်ချက်ကြည့်တော့ မော့ကျူက ကျိုးဖန်နဲ့ တွေ့ခဲ့ပြီး ကျိုးဖန်က သူ ဘယ်မှာရှိတယ်ဆိုတာကို ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ မော့ကျူဟာ တောင်ထိပ်တစ်ရာ အင်‌မော်တယ်မြစ်ကို တစ်ခါမှ မလာခဲ့ပါဘူး။
မော့ကျူက ဟန်ကျွယ်ရဲ့ တည်နေရာကို သိနေရဲ့သားနဲ့ ဘာဖြစ်လို့ ပြန်မလာခဲ့တာလဲ။
မော့ကျူဟာ သူမကိုယ်သူမ ဟန်ကျွယ်နဲ့ မထိုက်တန်ဘူးလို့ ခံစားရတဲ့အတွက် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်မလာတာ ဖြစ်ပါတယ်။ လူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီ ရှိကြပါတယ်။ ဟန်ကျွယ်ပဲဖြစ်ဖြစ် မော့ကျူပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ဟာ အချစ်အတွက် သူတို့အသက်ကို စတေးမဲ့လူစားတွေ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
နှစ် ၅၀၀ ကြာတဲ့အခါမှာတော့…
[လောကဦး ကောင်းကင်ထောင်သည် အကျဉ်းသားအား အောင်မြင်စွာ ကျွန်ပြုလိုက်ပါပြီ။]
[ဂိုဏ်းချုပ်တျန်ကျွယ်သည် သင့်အပေါ် အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: အမြင့်ဆုံး။]
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ ရုပ်ပုံကို စစ်ဆေးလိုက်ပါတယ်။
[ဂိုဏ်းချုပ်တျန်ကျွယ်: ကောင်းကင်တာအိုပညာရှိ နောက်ဆုံးအဆင့်၊ ကျယ်ကျောင်းတော် ဂိုဏ်းချုပ်၊ အနန္တဧကရာဇ်။ သူသည် သင့်အပေါ်၌ အမြင့်ဆုံး မျက်နှာသာပေးမှု ရှိ၏။]
တရားထိုင်နေတဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ဒူးထောက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး၊ ငါတို့ဆက်ဆံရေး အရင်အတိုင်းပဲ ဆက်ရှိနေမယ်၊ အနည်းဆုံး အပေါ်ယံမှာပေါ့၊ ပြန်သွားတော့၊ တခြားလူတွေမေးရင် ဘာပြောရမယ်ဆိုတာကို မင်းသိတယ်မလား”
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ တလေးတစား ပြန်ဖြေပါတယ် “ကျွန်တော် နားလည်ပါပြီ”
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ဂိုဏ်းချုပ်တျန်ကျွယ်ကို ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ဆီ ပို့လိုက်ပါတယ်။
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ သူ့မှတ်ဉာဏ်ထဲကအတိုင်း သူ့တာအိုစက်ကွင်းရှိရာကို သွားပါတယ်။ ဒီအချိန်မှာပဲ တောင်ဘက်စွန်း ကောင်းကင်အရှင် ပေါ်လာပြီး ဂိုဏ်းချုပ်တျန်ကျွယ်နောက် လိုက်ကာ ခန်းမထဲ ဝင်လိုက်ပါတယ်။
တံခါးပိတ်သွားတဲ့အခါ တောင်ဘက်စွန်း ကောင်းကင်အရှင်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဟန်ကျွယ်က မင်းကို ဘာကိစ္စနဲ့ ရှာတာလဲ”
ဂိုဏ်းချုပ်တျန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ငါတို့တွေ မယ်တော်ဂိုဏ်းနဲ့ ကျယ်ကျောင်းတော်ရဲ့ ဆက်ဆံရေးကို ဆွေးနွေးတာ၊ မဟာမိတ်ဖွဲ့လိုက်တာလို့ ပြောလို့ရတယ်၊
တောင်ဘက်စွန်း ကောင်းကင်အရှင်က တအံ့တဩ ပြောလိုက်ပါတယ် “ဒီလိုလည်း ရတာပဲလား၊ ဒါဆို ချန်ကျောင်းတော်လည်း မယ်တော်ဂိုဏ်းနဲ့ ဆက်ဆံရေး တည်ဆောက်ရမယ်”
“ကောင်းတာပေါ့… ကောင်းကင်တာအိုက မကြာခင် ဘက်ရွေးတော့မှာ၊ ငါတို့တွေ အဆုံးသတ် အပျက်အစီး နတ်ဘုံနဲ့ ဆက်ဆံရေး ဖြတ်တောက်လိုက်ပြီဆိုတော့ တာအိုရောင်းရင်းဟန်နဲ့ ဘာဖြစ်လို့ မဟာမိတ် မဖွဲ့ရမှာလဲ”
“ဒါလည်း ဟုတ်တာပဲ၊ တျန်ကျွယ်… ငါ မင်းကို ယုံတယ်၊ ငါ အခုပဲ သွားပြင်ဆင်တော့မယ်”
“အင်း…”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset