Switch Mode

Chapter – 640

အခန်း (၆၄၀) ကျိန်စာနတ်ဘီလူး၊ သာလွန်နိယာမ
“မင်းအဖေက မင်းကို ဘာပြောလဲ” တောင်ဘက်စွန်း ကောင်းကင်အရှင်က ဂရုတစိုက် မေးလိုက်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုကလည်း ဧကရီဟုတ်ထိုကို စိုက်ကြည့်လိုက်ပါတယ်။
ဧကရီဟုတ်ထိုဟာ ရှုပ်ထွေးတဲ့မျက်နှာနဲ့ ခပ်ယဲ့ယဲ့ ပြောလိုက်ပါတယ် “အဖေ ပြောတာတော့ လောကကြီးဖန်တီးမှု မတိုင်ခင်က ပဋိပက္ခ ကပ်ဘေး ပြန်ရောက်လာတော့မယ်တဲ့၊ အဲဒီအချိန်ကျရင် သူရှိခဲ့တဲ့ ပဋိပက္ခ နတ်ဘီလူးသုံးထောင်ခေတ်ထက် ပိုကြောက်စရာ ကောင်းလိမ့်မယ်တဲ့”
စကြဝဠာခန်းမတစ်ခုလုံး အပ်ကျသံ ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားပါတယ်။
ပဋိပက္ခနတ်ဘီလူး သုံးထောင်ခေတ်။
တာအိုပညာရှိတွေဟာ ကျောချမ်းသွားကြပါတယ်။
လက်ရှိပဋိပက္ခမှာလည်း ပဋိပက္ခ နတ်ဘီလူးတွေ ရှိပါတယ်။ ဒီပဋိပက္ခ နတ်ဘီလူးတွေက နိယာမသုံးထောင်ကို ကျော်လွန်ပြီး နှောင်ဖွဲ့ခြင်း မခံရတဲ့ အထွတ်အထိပ် တည်ရှိမှုတွေပါ။ ဒါပေမဲ့ အခုအချိန်မှာ ပဋိပက္ခနတ်ဘီလူးက နည်းနည်းပဲ ရှိပါတော့တယ်။ ဒါပေမဲ့ သူတို့တွေဟာ နတ်ဘီလူးခေတ်ကို ရှင်သန်ကျန်ရစ်ခဲ့တဲ့ အသက်ပြင်းသူတွေပါ။
‘ဧကရီဟုတ်ထိုရဲ့ စကားအတိုင်းဆို ဒီပဋိပက္ခနတ်ဘီလူးတွေက ပဋိပက္ခကပ်ဘေးကို ဖြစ်ပေါ်စေမှာလား…’
ပဋိပက္ခကပ်ဘေး။ မဟာတာအို အနန္တကပ်ဘေး။
တာအိုပညာရှိတွေဟာ တာအိုဘိုးဘေး မပျောက်ကွယ်ခင် ချန်ထားခဲ့တဲ့ စကားလုံးတွေကို တွေးမိပြီး ပိုချောက်ချားသွားပါတယ်။ သူတို့အရည်အချင်းက ကောင်းကင်တာအိုကိုပဲ ကာကွယ်နိုင်တာပါ။ ကောင်းကင်တာအိုကို သက်ရောက်တဲ့ မဟာတာအို အနန္တကပ်ဘေး ကျရောက်လာရင်တော့ ကောင်းကင်တာအိုကို ကာကွယ်နိုင်ဖို့ သိပ်မသေချာပါဘူး။
“ကျွန်တော် ဖန်တီးရှင် ကျောက်စိမ်းပြားကို လိုအပ်တယ်၊ စီနီယာတို့… ကျွန်တော့်ကို ကျေးဇူးပြုပြီး ကူရှာပေးကြပါ” ဖန်းလျန်က ရုတ်တရက် ပြောလိုက်ပါတယ်။ ဖန်းလျန်ရဲ့ မျက်နှာဟာ အလွန်လေးနက်နေပါတယ်။
ဖန်တီးရှင် ကျောက်စိမ်းပြားက တာအိုဘိုးဘေး တာအိုရယူဖို့ အသုံးပြုခဲ့တဲ့ အကောင်းစားရတနာပါ။ ဒီရတနာက ပန်ကူးနတ်ဘုရားရဲ့ ကောင်းကင်ဖွင့်လှစ်ပုဆိန်နဲ့တောင် ယှဉ်လို့ရပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်က မေးလိုက်ပါတယ် “ဘာအတွက်လဲ”
“ကောင်းကင်တာအိုကို ထိုးဖောက်ခွင့်ပြုပြီး ပဋိပက္ခကို ဝါးမျိုခိုင်းရအောင်၊ ဒီလိုဆို မဟာတာအို အနန္တကပ်ဘေးကို တားဆီးနိုင်လောက်တယ်၊ တာအိုဘိုးဘေး ကျွန်တော်ကို ရွေးချယ်တုန်းက ရှေးပျက်သုဉ်းနယ်မြေအကြောင်း ပြောခဲ့သေးတယ်၊ သူပြောတာတော့ ရှေးပျက်သုဉ်းနယ်မြေမှာ အရမ်းကြောက်ဖို့ကောင်းတဲ့ စွမ်းအားတစ်ခု ပုန်းအောင်းနေတယ်တဲ့”
“တာအိုဘိုးဘေး ပျောက်ကွယ်သွားတာကလည်း အဲဒီစွမ်းအားကို ခုခံဖို့ နည်းလမ်းရှာမလို့ပဲ၊ တာအိုဘိုးဘေးက ဒီအရေးအတွက် ဓမ္မရုပ်တု ၁ ဘီလီယံ ဖန်တီးပြီး ပဋိပက္ခတစ်ခွင်ကို ပြဲပြဲစင်အောင် ခရီးနှင်ခဲ့တယ်၊ ကျွန်တော့်ကို ရွေးချယ်ခဲ့တဲ့ တာအိုဘိုးဘေးက အဲဒီဓမ္မရုပ်တု ၁ ဘီလီယံထဲက တစ်ယောက်ပဲ”
“အခု ရှေးပျက်သုဉ်းနယ်မြေရဲ့ ချိပ်ပိတ်စည်းက ကျိုးပျက်ခါနီးနေပြီဆိုတော့ တာအိုဘိုးဘေး သတိထားရတဲ့ ကြောက်မက်ဖွယ် တည်ရှိမှုက အချိန်မရွေး ထွက်လာနိုင်တယ်၊ အဲဒီအချိန်ကျရင် အဆုံးသတ် အပျက်အစီး နတ်ဘုံတင် မကဘူး၊ ကောင်းကင်တာအိုပါ ပျက်စီးရလိမ့်မယ်”
တာအိုပညာရှိတွေ အကုန်လုံး ထိတ်လန့်သွားကြပါတယ်။ ကောင်းကင်အရှင်ရွှမ်တု တိုးညင်းတဲ့အသံနဲ့ မေးလိုက်ပါတယ် “အဲဒါ အမှန်ပဲလား”
“ကျွန်တော် ဖန်းလျန်က ကောင်းကင်တာအိုကို တိုင်တည်တယ်၊ ကျွန်တော် ပြောခဲ့တဲ့စကားထဲမှာ အမှားတစ်ခုပါခဲ့ရင် ကောင်းကင်တာအို ကံတရား အထောက်အပံ့က သူ့ဘာသာ လွင့်ပြယ်ပါစေ”
တာအိုပညာရှိတွေဟာ စကားတစ်လုံးမှ မပြောဘဲ အတွေးနက်သွားကြပါတယ်။ ဒီနေ့ စကားပြောတာက သူတို့ကို လုံးဝ ထိတ်လန့်သွားစေပါတယ်။ တာအိုပညာရှိတွေဟာ ကိစ္စတွေက သူတို့ထင်ထားသလို မရိုးရှင်းတာကို နားလည် သဘောပေါက်သွားပါတယ်။ အဆုံးသတ် အပျက်အစီး နတ်ဘုံကို ခုခံရမဲ့အပြင် တခြားအဆင့်မြင့်တဲ့ တည်ရှိမှုတွေကိုလည်း သတိထားရဦးမှာပါ။
ပဋိပက္ခနက်ထဲမှာ အနက်ရောင် ရောင်ဝါလုံးတစ်လုံး ထိုးထွက်လာပြီး တဖြည်းဖြည်း ပိုပိုကြီးလာပါတယ်။ အနက်ရောင် ရောင်ဝါဟာ အနက်ရောင်မီးလျှံအသွင် ပြောင်းလဲသွားပြီး မီးနှလုံးသားကနေ နီရဲတောက်ပတဲ့ မျက်လုံးတစ်စုံ ထွက်ပေါ်လာပါတယ်။
“ငါ ဘယ်သူလဲ”
“ဟန်ကျွယ်… ကြမ္မာဆိုး… အမှောင်သခင်ကြီး…”
အနက်ရောင် မီးလျှံကနေ အသံဩဩကြီး ထွက်ပေါ်လာပါတယ်။ သေချာနားထောင်ကြည့်ရင် ဒီအသံက ဟန်ကျွယ်အသံနဲ့ နည်းနည်း ဆင်တူပါတယ်။
မီးလျှံနက်ဟာ ကြီးမားတဲ့ စုပ်အားကို ထုတ်လွှတ်လိုက်တဲ့အတွက် လေပြင်းတိုက်ခိုက်လာပြီး ဧရာမဝဲကတော့ကြီး ဖြစ်ပေါ်လာပါတယ်။ အရပ်ဆယ်မျက်နှာက ပဋိပက္ခချီတွေဟာ မီးလျှံနက်ဆီ စီးဆင်းလာပါတယ်။ အချိန်ကြာလာတာနဲ့အမျှ မီးလျှံနက်ဟာ ပိုပိုကြီးလာပါတယ်။
အချိန်တစ်ခု အကြာမှာတော့ မီးလျှံနက်ဟာ ကမ္ဘာတစ်ခုထက် ပိုကြီးသွားပါတယ်။ ဒီအချိန်မှာပဲ ရုပ်သွင်တစ်ခု ပျံသန်းလာပါတယ်။ ဒီရုပ်သွင်က အစိမ်းရောင် ဝတ်ရုံ ဝတ်ဆင်ထားတဲ့ တာအိုကျင့်ကြံသူတစ်ဦးပါ။ ဝတ်ရုံစိမ်း တာအိုကျင့်ကြံသူဟာ သစ်သားဓားကို စီးပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားပါတယ်။ ဝတ်ရုံစိမ်းဟာ ရုတ်တရက်ရပ်ပြီး မီးလျှံနက်ကို ကြည့်လိုက်ပါတယ်။
“အတော်အားကောင်းတဲ့ ကြမ္မာဆိုး ရောင်ဝါပါလား… ကြမ္မာဆိုးက အရောင်မဲ့ပြီး မမြင်နိုင်ဘူးမလား၊ ဘာဖြစ်လို့ ဒီနေရာမှာ လာခဲနေရတာလဲ” ဝတ်ရုံစိမ်းဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီး ညာလက်နဲ့ တွက်ချက်ကြည့်တဲ့အခါ ရုတ်တရက်ဆိုသလို မျက်နှာတစ်ခုလုံး သွေးဆုတ်သွားပါတယ်။
အဝေးမှာရှိတဲ့ မီးလျှံနက်ဟာ ဝတ်ရုံစိမ်းဆီကို အလွန်လျင်မြန်တဲ့အရှိန်နဲ့ ရုတ်တရက် ပျံသန်းလာပါတယ်။ ဝတ်ရုံစိမ်းဟာ မီးလျှံနက်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပြီး ကြောက်မက်ဖွယ် ရောင်ဝါကို ထုတ်လွှတ်ကာ ဟန့်တားလိုက်တာကြောင့် မီးလျှံနက်ရဲ့ အလျင်ဟာ နှေးကျသွားပါတယ်။
“ဟမ်… မင်း ဘယ်သူလဲဆိုတာကို ဘယ်သူက ဂရုစိုက်မှာလဲ၊ မင်းက မကောင်းဆိုးဝါးဆိုမှတော့ ငါက သတ်ပစ်ရသေးတာပေါ့” ဝတ်ရုံစိမ်းဟာ အထင်အမြင်သေးစွာ ပြုံးလိုက်ပါတယ်။
မရေမတွက်နိုင်တဲ့ နွယ်ရှင်တွေဟာ ဝတ်ရုံစိမ်း ခြေထောက်အောက်မှာရှိတဲ့ ဓားကနေ ကြီးထွားလာပြီး မီးလျှံနက်ကို လျင်မြန်စွာ ဝန်းရံလိုက်ပါတယ်။ အရောင်မတူတဲ့ ပန်းတွေကလည်း နွယ်ရှင်တွေကနေ ကြီးထွားလာပါတယ်။
ပန်းတစ်သောင်း တစ်ချိန်တည်း ပွင့်လန်းတဲ့အခါ ပန်းဝတ်ဆံကနေ အလင်းတန်းတွေ ပစ်လွှတ်တဲ့အတွက် မီးလျှံနက်ဟာ ဆန်ခါပေါက် ဖြစ်သွားပါတယ်။ ဒီအဖြစ်ကြောင့် မီးလျှံနက်ဟာ အဆိပ်ပြင်းစွာ အော်ဟစ်လိုက်ပါတယ်။
ဝတ်ရုံစိမ်းဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဒီအချိန်မှာပဲ မီးလျှံနက်ဟာ ရုတ်တရက် ပေါက်ကွဲထွက်ပြီး အနက်ရောင်မြူခိုးအသွင် ပြောင်းလဲကာ အာကာသကို ပြည့်သွားပါတယ်။ အဲဒီနောက် ဝတ်ရုံစိမ်းဆီကို ပိုမြန်တဲ့အလျင်နဲ့ ကျုံ့ဝင်သွားပါတယ်။
ဝတ်ရုံစိမ်း လက်ဝှေ့ယမ်းလိုက်တဲ့အခါ သူ့ရဲ့ ဓမ္မစွမ်းအားဟာ နေတစ်စင်း ပေါက်ကွဲသလို ထွက်ပေါ်လာပါတယ်။ ပူပြင်းလှတဲ့ ဓမ္မစွမ်းအားဟာ ပဋိပက္ခအာကာသကို ဆူပွက်သွားစေပါတယ်။ ဒါပေမဲ့ အနက်ရောင် မြူခိုးတွေက ဝတ်ရုံစိမ်းရဲ့ ဓမ္မစွမ်းအားကို ကျော်ဖြတ်ပြီး ဝတ်ရုံစိမ်းကို လျင်မြန်စွာ နှစ်မြှုပ်ပစ်လိုက်ပါတယ်။
အနက်ရောင် မြူခိုးထဲ ကျရောက်သွားတဲ့ ဝတ်ရုံစိမ်းဟာ အထိတ်တလန့် ဖြစ်သွားပါတယ် ‘ဘာတွေ ဖြစ်ကုန်တာလဲ၊ ဒါ ဘယ်လို စွမ်းအားလဲ၊ အာကာသကိုတောင် ချုပ်နှောင်နိုင်တယ်’ ဝတ်ရုံစိမ်းဟာ စိတ်ထဲမှာ အော်ဟစ်ရင်း မန္တန်တွေ ဆက်တိုက် ထုတ်သုံးပါတယ်။
ထူးဆန်းတဲ့ နှာမှုတ်သံဟာ သရဲတစ်ထောင် ရယ်သလိုမျိုး အရပ်ဆယ်မျက်နှာကနေ ထွက်ပေါ်လာပါတယ်။ ဒီအခြေအနေက ဝတ်ရုံစိမ်းအတွက် တော်တော်ကြောက်ဖို့ ကောင်းလှပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်။
ဟန်ကျွယ် ကျိန်စာတိုက်ပြီးတာကနေ ၇၃၂ နှစ် ကုန်ဆုံးသွားပါတယ်။ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းသုံးကြောင်း ရုတ်တရက် ပေါ်လာပါတယ်။
[သင်ကြောင့် ကျိန်စာနတ်ဘီလူး မွေးဖွားလာကြောင်း စစ်ဆေး တွေ့ရှိထား၏။ ကျိန်စာနတ်ဘီလူးသည် သင့်အား မုန်းတီးပြီး မနာလိုဝန်တို ဖြစ်နေသောကြောင့် သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ပဋိပက္ခနက်သို့ ချက်ချင်း သွားရောက်၍ ကျိန်စာနတ်ဘီလူးကို သတ်ဖြတ်ကာ အနာဂတ် ပြဿနာများကို ကာကွယ်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဆန်းကြယ်စွမ်းအား တစ်ပါးနှင့် ဖန်တီးရှင် စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးအား ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ကျင့်ကြံအားထုတ်၍ ကျိန်စာနတ်ဘီလူးနှင့် ခပ်ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးအား ရရှိမည်။]
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘ကျိန်စာနတ်ဘီလူး… ဘာလဲဟ…’ ဟန်ကျွယ်ဟာ ချက်ချင်း ရွေးချယ်မှု မလုပ်ဘဲ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ်
“ကြမ္မာဆိုးစာအုပ်နဲ့ ကျိန်စာနတ်ဘီလူးက ဆက်နွှယ်နေတာလား”
[သက်တမ်း ၁၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ကြမ္မာဆိုးစာအုပ်၏ စွမ်းအားသည် တစ်ခုသော သာလွန်နိယာမကို သွားထိမိသည်။ ကျိန်စာနတ်ဘီလူး ကိုယ်တိုင်ကလည်း လောကဦးနတ်ဘီလူးနှင့် ရန်ငြိုးရန်စရှိသည်။ ကျိန်စာနတ်ဘီလူးသည် သာလွန်နိယာမ မတည်ငြိမ်ခြင်းမှ မွေးဖွားလာခဲ့သည်။ သူ့တာဝန်မှာ သင့်ကိုဖမ်းပြီး သတ်ဖြတ်ကာ သင့်နေရာကို အစားထိုး နေရာဝင်ယူရန် ဖြစ်သည်။ ကျိန်စာနတ်ဘီလူးသည် ကြမ္မာဆိုးစာအုပ်မှ သင့်ကို မရှာဖွေနိုင်ပါ။]
“သာလွန်နိယာမက ဘာကို ပြောတာလဲ”
[စနစ်၏ အကန့်အသတ်ထက် ကျော်လွန်သော ကံတရား ပါဝင်နေ၍ တွက်ချက်ရန် မဖြစ်နိုင်ပါ။]
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပြီး ထပ်မေးလိုက်ပါတယ် “ကျိန်စာနတ်ဘီလူးက ကောင်းကင်တာအိုထဲကို ဝင်လာနိုင်လား”
[လေလောဆယ် မဝင်နိုင်ပါ။ ကောင်းကင်တာအိုသက်ရှိ ဖြစ်လာမှ ကောင်းကင်တာအိုထဲသို့ ဝင်လာနိုင်လိမ့်မည်။]
ဒုတိယမေးခွန်းက ဟန်ကျွယ်ရဲ့ သက်တမ်းကို နှုတ်မသွားပါဘူး။ ဟန်ကျွယ်ဟာ သူသိချင်တာကို ထပ်မေးပြန်ပါတယ် “ငါ ကြမ္မာဆိုးစာအုပ်နဲ့ ကျိန်စာနတ်ဘီလူးကို သတ်လို့ရလား”
[သက်တမ်း ၁၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ကြမ္မာဆိုးစာအုပ်သည် ကျိန်စာနတ်ဘီလူးကို မသတ်နိုင်ပါ။ ကျိန်စာနတ်ဘီလူးကိုသာ ပိုသန်မာစေရန် ထောက်ပံ့ပေးလိမ့်မည်။]
‘ဒီလောက်တောင် ကြမ်းတာလား…’ ဟန်ကျွယ်ဟာ လန့်သွားပါတယ် “ကျိန်စာနတ်ဘီလူးက အခု ငါ့ကို သတ်နိုင်စွမ်းရှိလား”
[လောလောဆယ် မရှိပါ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘ကြည့်ရတာ ကျိန်စာနတ်ဘီလူးက အခုထိ စွမ်းအားမကြီးသေးပုံပါပဲ… သူ့မွေးဖွားမှုက စပါယ်ရှယ်ဖြစ်လို့ သက်တမ်း ၁၀၀ ဘီလီယံ တန်တာနဲ့ တူတယ်’
ဟန်ကျွယ်ဟာ ကျိန်စာနတ်ဘီလူးကို ကြမ္မာဆိုးစာအုပ်နဲ့ ကျိန်စာတိုက်လို့ မရပါဘူး။ ဒါ့အပြင် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကနေလည်း ထွက်လို့မရတဲ့အတွက် ကျိန်စာနတ်ဘီလူး လာတိုက်တာကိုပဲ ထိုင်စောင့်ရမှာပါ။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ရှုပ်ထွေးတဲ့မျက်နှာနဲ့ ထုတ်ယူလိုက်ပါတယ် ‘သာလွန်နိယာမ… မဟာတာအိုထက် မြင့်မားတဲ့ စည်းမျဉ်းတွေ ရှိသေးတာလား…’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးတောရင်း သူမြင်ခဲ့တဲ့ အနာဂတ်က သတိပြန်ရသွားပါတယ် ‘ကောင်းကင်တာအိုနဲ့ ကောင်းကင်ရုံးတော်ရင်ဆိုင်ရတဲ့ အထွတ်အထိပ်စွမ်းအားက ဒီလိုမျိုး သာလွန်နိယာမနဲ့ ဆက်နွှယ်နေတာများလား..’
ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားတာကြောင့် ဟန်ကျွယ်ဟာ စနစ်ကို ထပ်မေးလိုက်ပါတယ် “ကျိန်စာနတ်ဘီလူးက ကောင်းကင်တာအိုကို တိုက်ခိုက်ပြီး ငါ့ကို ဒုက္ခပေးဖို့ အချိန်ဘယ်လောက်ကြာနိုင်လဲ”
[သက်တမ်း ၁၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ကျိန်စာနတ်ဘီလူး၏ အင်အားကြီးလာမှု အလျင်အရဆိုလျှင် ကောင်းကင်တာအိုထဲသို့ အတင်းဝင်ရောက်ရန် ၃ ဘီလီယံ ကြာမြင့်လိမ့်မည်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset