Chapter – 34
“နွားဝါလို့ အခေါ်ခံရတာကို သူကြိုက်တယ်လား” ကျိုးကွမ်က နွားပေါက်သည် ခုလို ပုံတုံးတုံးနာမည် အခေါ်ခံသည်ကို သိရ၍ ကြောင်သွားသည်။ သူ့အတွက် ဒါကို စော်ကားမှုတစ်ခုဟု မြင်သည်။
တစ်ချိန်က သူသည် နွားနတ်ဆိုးဟု အမည်ပေးခဲ့သည်၊ သို့သော် နွားပေါက်က သူပေးသည့်နာမည်ကို ငြင်းပယ်ကာ ဒီအကြောင်းကြောင့် သူ့ကို စိမ်းကားစွာ ဆက်ဆံခြင်းဖြစ်သည်။ နွားပေါက်သည် ထိုနာမည်ကို ကြားတုန်းက သူ့မျက်နှာပေါ်တွင် ရွံမုန်းမှု အပြည့်ရေးထားသည်။ ထို့ကြောင့် နွားပေါက်ကဲ့သို့ လက်ပေါက်ကတ်သူက ခုလိုပုံတုံးတုံးနာမည်ကို ရွေးချယ်မည်ဟု မစဥ်းစားမိသောကြောင့် ဒါသည် သူ့အတွက် စော်ကားသလို ခံစားမိစေခြင်းဖြစ်သည်။
“မူး”
နွားဝါ အော်မြည်လိုက်သည်။ သူသည် ခေါင်းကိုမော့ကာ မျက်နှာတွင် မောက်မာဝင့်ကြွားမှုကို တွေ့ရသည်၊ သူရွေးချယ်ခဲ့သည် ဤနာမည်ကို အလွန်ကျေနပ်၍ ဂုဏ်ယူကြောင်း ဖော်ပြနေသည်။
“လူတတ်ကြီးလုပ်မနေနဲ့” ကျိုးကွမ်ပြောလိုက်သည်။
သူ့အတွက် “နွားဝ”ဟူသော နာမည်ထက် ပုံတုံးသော နာမည်မရှိချေ။ “ဒီကောင်က ဘယ်ဟာပိုကောင်းမှန်း နားမလည်ဘူးပဲ၊ ခုလို နာမည်မျိုးပေးခံရတာကို ပျော်နေသေးတာ ကမ္ဘာပေါ်မှာ သူတစ်ယောက်ပဲ ရှိလိမ့်မယ်၊ ငတုံးပဲ” ကျိုးကွမ်သည် အသံတိတ် ဆဲဆိုလိုက်သည်။
နွားဝါသည် သူ့ကို ဘေးမှ မျက်စောင်းထိုးကြည့်နေသည်။ “ဘာလဲ ဘာဖြစ်ချင်လဲ” ဟု ပြောချင်လိုသော ရွံမုန်းပြီး သံသယဖြစ်သော အကြည့်ဖြင့် ကြည့်လေသည်။
“ဘာလဲ ဘာလာဆူပူပြနေတာလဲ၊ မင်းရဲ့ ဖုန်းစုတ်ကို မင်းအရမ်း အားကိုးတာမဟုတ်လား၊ အမြန်သွားရှာကြည့် ‘နွားဝါ’က ဘာအဓိပ္ပာယ်လဲဆိုတာ၊ ပြီးရင် ဘာဖြစ်မလဲဆိုတာ ကြည့်ကြည့်ပေါ့” ကျိုးကွမ် ရန်ဆွလိုက်သည်။
အပြစ်ရှိသလို ခံစားရသည့် ချူဖုန်းသည် နေမထိထိုင်မသာ ဖြစ်လာသည်။ “သူလိမ်တာ မခံနဲ့၊ အမြန်သွားစရာရှိတာ သွားကြမယ်”
ကျိုးကွမ်း၏ ရန်ဆွသော စကားနှင့် ချူဖုန်း၏ ပျာယာခတ်သွားသော အကြည့်တို့ကြောင့် နွားဝါလန့်သွားသည်။ သူသည် ထို၂ယောက်အကြောင်း သေချာသိသည်။ သူ့နာမည် “နွားဝါ” နှင့် ပတ်သတ်ပြီး တစ်ခုခု မဟုတ်မမှန်တာရှိလိမ့်မည်ဟု သိလိုက်သည်။ နွားပေါက်သည် သူ့ဖုန်းကို ထုတ်ကာ ခဏတာရှာပြီးနောက် ရလဒ်ကို တွေ့သည့် နွားပေါက်သည် အံ့အားသင့်သွားသည်။
“ဘယ်လိုလဲ” ကျိုးကွမ်သည် ဟန်ဆောင်အပြုံးဖြင့် မေးလိုက်သည်။
နွားပေါက်သည် ရှာ၍ထွက်လာသော ရလဒ်ကို ကြည့်လိုက်သည်၊ သို့သော် သိပ်စိတ်ဝင်စားပုံ မပေါ်ချေ။ စိတ်တို၍ အံကြိတ်ရင်း သူ့နှာခေါင်းမှ မြူခိုးများ ထွက်လာသည်။ သူသည် ချူဖုန်းကို အသေသတ်မည့်အကြည့်ဖြင့် စိုက်ကြည့်ကာ သူ့ခြေထောက်များက မြေကြီးပေါ်တွင် စတင်ယက်ကာ ဆောင့်အောင့်လျက် ရှိသည်။ နွားပေါက်၏ ဒေါသအိုး ပေါက်ကွဲတော့မည်ဖြစ်သည်။
ချူဖုန်းသည် တည်တည်ငြိမ်ငြိမ်နေလျက်ရှိသည်။ သူ့စိတ်သူ စုစည်းပြီးနောက် မြေကြီးပေါ်တွင် ရပ်ကာ တည်ငြိမ်စွာဖြင့် ပြောသည်၊ “အင်တာနက်ပေါ်က အဲ့လူတွေက အမြင်မရှိလို့ ဘယ်ဟာကောင်းမှန်း မသိကြတာ၊ သူတို့ပြောတာတွေ မယုံနဲ့၊ ငါပြောပြမယ် ‘နွားဝါ’ က နာမည်အနေနဲ့ အရမ်းထူးခြားဆန်းကြယ်တယ်၊ သူ့မှာ ပညာသားပါပြီး အဓိပ္ပာယ်ရှိတယ်၊ ဒါပေမဲ့ ဒါကို ခုနောက်ပိုင်း လူတွေက အဓိပ္ပာယ်လွဲကောက်နေကြတာ”
နွားဝါသည် ခဏမျှ တွေဝေသွားသည်၊ သို့သော် သံသယရှိဆဲ ဖြစ်သည်။
“ဆက်ရှာကြည့်၊ ‘နွားဝါ’ ရဲ့ တကယ့်အဓိပ္ပာယ်ကို တွေ့လိမ့်မယ်” ချူဖုန်းသည် လေးနက်စွာ ပြောလေသည်၊ ” ‘အဝါရောင်’ ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ ဂုဏ်ကျက်သရေရှိခြင်းကိုပြောတာ၊ ချမ်းသာကြွယ်ဝခြင်းရဲ့ အဓိပ္ပာယ်၊ ဘုရင်ဖြစ်မယ့် တော်ဝင်မိသားစုတွေသာ အဝါရေင်တော်ဝင်ဝတ်ရုံကို ဝတ်ဆင်နိုင်တယ်၊ မြင့်မြတ်ပြီး အင်အားကြီးတဲ့သူတွေသာ ဒီအရောင်နဲ့ ထိုက်တန်တာလေ၊ ကဲ ‘နွား’ ဆိုတဲ့ စာလုံးကို ကြည့်ကြည့်၊ သေချာစဥ်းစားကြည့်ရင် ကောင်းမွန်တဲ့ စကားလုံးပဲ၊ လူတွေက တစ်ခုခုထူးခြားပြီး မိုက်တာကို အားကျပြီး အံ့သြလို့ ချီးကျူးတဲ့အခါ ‘နျို (နွား)’ လို့ ပြောကြတယ်လေ မဟုတ်လား”
ကျိုးကွမ်သည် ဒါတွေကို ကြားပြီး ကြောင်တောင်တောင် ဖြစ်နေသည်။ သူသည် ထိုနေရာတွင် ရပ်ပြီး ချူဖုန်း၏ ရုပ်တည်ဖြင့် နွားပေါက်အား မဟုတ်သရုတ် ပြောနိုင်သည်ကို အံ့သြနေသည်။
အဆုံးတွင် ကျိုးကွမ်လည်း “ဟုတ်တယ်၊ အဲ့တာတော့ လက်ခံတယ်၊ ‘နျို (နွား)’ ကို တစ်ခုခု အားကျလို့ ချီးကျူးတဲ့အခါ သုံးတာဟုတ်တယ်၊ ဥပမာဆိုရင် ‘နျိုချာ'(စောက်ရမ်းကောင်းတယ်) ”
လေးနက်သော မျက်နှာကို ဆက်လက်ထိန်းထားကာ ချူဖုန်းသည် ဆူလိုက်သည်၊ “ပေါက်တတ်ကရ”
ကျိုးကွမ်က သူ့အပြောသည် ပေါက်ကရမဟုတ်ကြောင်း ရှင်းရန် ကြိုးစားလေသည်၊ “ဒါကို ဘယ်လိုလုပ် ပေါတ်တတ်ကရလဲ၊ ဒီထက် ပိုဆိုးတဲ့အသုံးအနှုန်းတွေ အများကြီး ရှိသေးတယ်လေ ‘နျို…'”
ဖုန်း!
နွားဝါသည် သူ့နောက်ခြေထောက်ဖြင့် ကန်လိုက်သည်။ နောက်ပြန်ကန်ခြင်းက ကျိုးကွမ်ကို လွင့်သွားစေသည်။ နွားဝါ၏မျက်နှာပေါ်ရှိ အကြည့်သည် ကြင်နာခြင်းမရှိပါ၊ စကားပြောရာတွင် သတိထားပြောရန် သတိပေးနေသကဲ့သို့ ရှိသည်။
ကျိုးကွမ်သည် မကျေမနပ်ဖြစ်နေသည်၊ သို့သော် သူသည် နွားပေါက်ကို အကျိုးအကြောင်းရှင်းပြရန် မဖြစ်နိုင်ချေ။ သူ၏ အမှန်အတိုင်းပြောစကားမှာ အမြင်မကြည်ခံရ၍ အကန်ခံလိုက်ရသည်၊ ချူဖုန်း၏ ပေါက်တတ်ကရစကားများမှာ သဘောကျခြင်းခံရသည်။ ချူဖုန်း၏ အဓိပ္ပာယ်မရှိသော ချီးကျူးမှုများကြောင့် နွားပေါက်သည် အပျော်လွန်ကာ ရင်ခုန်လျက်ရှိသည်။
“အဲ့တော့ ‘အဝါရောင်’နဲ့ ‘နွား’ကို ပေါင်းလိုက်ရင် မဂ်လာရှိပြီး ကြင်နာသော နာမည်ဖြစ်သွားတယ်၊ ငါပြောတာ နားထောင်၊ အတွေးအခေါ်မရှိတဲ့သူတွေရဲ့ အဓိပ္ပာယ်ကောက်မှားနေတာကို ဂရုမစိုက်နဲံ”
“မူး” နွားဝါသည် သဘောတူ၍ ခေါင်းငြိမ့်လိုက်သည်။
ကျိုးကွမ်သည် ဘယ်သူနှင့် အကျိုးအကြောင်းရှင်းပြရန် လုပ်ခဲ့တာလဲ။ ဘယ်သူမှ မဟုတ်ပါ။ စိတ်မွန်းကျပ်၍ ခေါင်းလှည့်ကာ ပြောသည်၊ “နျိုကျင်ယိခိုထျန် (စောက်ရမ်းတော်နေပြီ)”
“အဲ့တာ ဆဲတဲ့စကားလုံး” ချူဖုန်း ပြောလေသည်။ “သူ မင်းကို ဆဲနေတာ” ချူဖုန်းသည် နွားဝါဆီ လှည့်ပြောလိုက်သည်။
သူ ဘာဆိုလိုချင်တာလဲ။ နွားဝါ ကြောင်နေသည်။
“ဘာမှမဟုတ်ဘူး…နွားမိသားစုတစ်စုပိုင်တဲ့ လယ်တစ်ဧကအကြောင်း ပြောနေတာ(နျိုကျင်ယိခိုထျန်)၊ ငါ ရုတ်တရက် စဥ်းစားမိသွားလို့…ဘာမှမဟုတ်ဘူး နွားဝါ” ကျိုးကွမ်သည် သူ၏ အပြောကြောင့် နွားပေါက် စိတ်တိုလာမည်စိုး၍ အမြန် ပြန်ရှင်းပြရန် ကြိုးစားလေသည်။
ထို၃ယောက်တစ်ဖွဲ့သည် တောင်နက်ထဲသို့ ဆက်သွားလေသည်။ ပေါင်းပင်နှင့် ချုံပုတ်များ ထူထပ်သိပ်သည်းစွာ ပေါက်ရောက်နေပြီး လေတိုက်သည်ကို မခံစားရချေ။ ဒါသည် တောင်ထဲသို့ လူသွားနည်းကြောင်း ပြသသော အချက်တစ်ခုဖြစ်သည်။ ပတ်ဝန်းကျင်ရှိ ရှုခင်းမှာ တဖြည်းဖြည်း စွန့်ပစ်မြေနှင့် တူလာသည်။ ကျိုးကွမ်သည် အနည်းငယ်ထိတ်လန့်ကာ သတိရှိနေသည်။ သူတို့ ဘယ်ရောက်နေတာလဲ။ ဘယ်မှသွားမရသော မြေနေရာအလယ်တွင် ပိတ်မိနေသလို ခံစားရသည်။ သူ့ကြည့်လိုက်သည့် နေရာတိုင်းတွင် တောင်မြင့်များဖြစ်ပြီး သူ့မြင်ကွင်းကို ကာဆီးထားသည်။
“ဝေါး…”
ရုတ်တရက် တောအုပ်ကို ဝန်းရံထားသည့် မြူခိုးများကြားမှ တောရိုင်းကောင်၏ ကျယ်လောင်စွာ အော်မြည်သံ ထွက်လာသည်။ ထိုအော်သံမှာ တိတ်ဆိတ်မှုကို ပြိုလဲစေကာ တောအုပ်တစ်လျှောက် မြည်ဟိန်းသွားသည်။ အော်မြည်သံနှင့်အတူ လေသံမှာလည်း သစ်ရွက်များအား ရိုက်ခတ်စေကာ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခုဖြစ်လာမည်ကို ကြိုတင်ပြသလျက်ရှိသည်။
ကျိုးကွမ်သည် ကျောချမ်းကာ ကြက်သီးထသွားသည်။
“ဟဲ့ကောင်…ငါတို့သွားနေတာ လမ်းမှန်ရဲ့လား၊ လျှောက်ရင်းလျှောက်ရင်း ရှေးဟောင်းတောင်ကြားထဲ ဝင်လာမိလိုပဲ၊ အမြန် ဒီနေရာကနေ ထွက်သွားရအောင်” ကျိုးကွမ် ထိတ်လန့်နေပုံ ရသည်။ သူ့မျက်လုံးထဲရှိ အကြည့်မှာ ကြောက်စိတ်နှင့် အလွန်အမင်းစိုးရိမ်ပူပန်မှုတို့ကို ပြသနေသည်။
“မှန်တယ် ဒီလမ်းဟုတ်တယ်၊ ဒီလမ်းကို ဖြတ်သွားဖို့ သတ္တိရှိရှိ ပြင်ဆင်ထားဖို့ လိုတယ်၊ ဒါကျော်ရင် ရောက်ပြီ၊ ရှန်ဂရီလာ၊ အာကေးဒီးယားနဲ့ ဇနန်ဒူ အကြောင်းကြားဖူးလား၊ သူတို့က အရမ်းလှပတဲ့မြေနေရာတွေလေ၊ လမ်းကွေးလမ်းကောက်တွေနဲ့ တောင်မြင့်ကြီးတွေနောက်မှာ အပြင်လောကကြီးနဲ့ အဆက်အစပ်မရှိပဲ တည်ရှိနေကြတယ်လေ၊ သူတို့ကမ္ဘာနဲ့သူတို့ တည်ရှိပြီးတော့ အဲ့နေရာကို ငါတို့သွားနေတာ” ချူဖုန်းသည် အပြုံးဖြင့် ပြောလေသည်။
“တကယ်ကြီးလား၊ အဲ့တောင်နောက်မှာလား” ကျိုးကွမ် အံ့သြနေသည်၊ သို့သော် သိပ်မကြာခင် သူ့မျက်နှာပေါ်ရှိ ဝမ်းနည်းသောအကြည့်မှာ အလွန်တက်ကြွမှုဖြင့် အစားထိုးသွားသည်။ မကြာမီ သူခံစားရမည့် အပျော်အပါးအလှတရားအကြောင်းတွေးရင်း ဝမ်းသာစွာဖြင့် လက်ကို ပွတ်သပ်နေသည်။ “အဲ့တော့ မင်းဆိုလိုတာက သူတို့ကမ္ဘာတစ်ခု တည်ဆောက်ထားတယ်ပေါ့ဟုတ်လား၊ စီးပွားရေးလုပ်ငန်းရှင်က ဆောက်လုပ်ထားတယ်လို့ မပြောရဘူး၊ ကမ္ဘာကြီးဗြောင်းဆန်ပြီးနောက် ပေါ်ထွက်လာတဲ့ ဒီရှေးဟောင်းတောင်တန်းတွေက ဒီနေရာကို ပိုပြီး လျှို့ဝှက်ဆန်းကြယ်စေတယ် ဟုတ်တယ်မလား”
“ဟုတ်တယ် အမှန်ပဲ” ချူဖုန်း သံယောင်လိုက်ပြောလေသည်။
ကျိုးကွမ်သည် ပြုံးပျော်လျက်ရှိသည်၊ “စိတ်လှုပ်ရှားလိုက်တာ”
နောက်ဆုံးတွင် သူတို့ စည်းကြောင်းကို ကျော်ကာ ရှေးဟောင်းတောင်တွင်းသို့ ဝင်သွားသည်၊ ကျိုးကွမ်၏ အံ့သြဖွမ်ခရီး စတင်ပြီဖြစ်သည်။
“အား”
သူတို့ရှေ့ဆက်လျှောက်နေရင်း ကျိုးကွမ်သည် ရုတ်တရက် ထိတ်လန့်ကာ အော်လိုက်သည်။ သူ့တစ်ကိုယ်လုံး ကြက်သီးထကာ သေမတတ်ထိတ်လန့်နေသည်။
အရှေ့တည့်တည့်တွင် ဧရာမဝက်ဝံတစ်ကောင် ရှိသည်။ ထိုဝက်ဝံ၏မျက်နှာမှာ အိမ်တစ်လုံးစာ ကြီးမားသည်။ ကျိုးကွမ်သည် ချုံပုတ်ကြားလမ်းဖြတ်လာချိန်တွင် ထိုဝက်ဝံ၏ စပ်စုသော ခေါင်းမှာ ထွက်လာသည်။ ကျိုးကွမ်သတိမထားမိခိုက် ထိုဝက်ဝံ၏မျက်နှာမှာ ရုတ်တရက်ထွက်လာပြီး သူ၏ခန္ဓာကိုယ်ဖြင့် ဝင်တိုက်မိတော့မလို ဖြစ်သွားသည်။
ထိုဝက်ဝံသည် သူ၏ သွေးဆာနေသော ပါးစပ်ကို ဖွင့်လိုက်လျှင် လူ ၄ ၅ယောက်ကို အသာလေး မျိုချနိုင်သည်။
ကျိုးကွမ်သည် အသေကြောက်လန့်သွား၍ ဘောင်းဘီထဲတွင် ရှူးပေါက်ချမတတ်ဖြစ်သွားသည်။ သူအမြန်နောက်ဆုတ်သွားကာ နွားဝါနှင့် ချူဖုန်း၏ နောက်တွင် ကြောက်ရွံ့၍ ပုန်းနေသည်။
ချူဖုန်းသည် ဝက်ဝံကို ခြောက်လှန့်ကာ ထွက်သွားစေသည်။ ဝက်ဝံလည်း ချူဖုန်းကို မြင်သော် ထိတ်လန့်သွား၍ တောနက်ထဲသို့ ပြေးဝင်သွားသည်။ ထိုဝက်ဝံသည် သူ့ထက်အင်အားကြီးသည့် တောရိုင်းကောင်များကို ဤလူသားက ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုကို တစ်ခါမက တွေ့မြင်ဖူးပြီးဖြစ်၍ နောက်ဆုတ်သွားသည်။ ဝက်ဝံတွင် သူ့ဉာဏ်ရည်သူရှိသည်။ သူ့အပေါင်းအဖော်များ၏ အမှားဆီမှ သူသင်ယူရလိုက်တာ ရှိသည်။ ဤကြမ်းကြုတ်သောလူသားပေါ်လာသည့်အခါ သူလုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ထွက်ပြေးခြင်းပင်ဖြစ်သည်။
“သူ…ထွက်ပြေးသွားပြီဟုတ်လား” ကျိုးကွမ်သည် အံ့အားသင့်နေသည်။
“အေး အဲ့တာက ဘုန်းကြီးကျောင်းက မွေးထားတဲ့ ဝက်ဝံ၊ တခြားသူတွေနဲ့ ရင်းနှီးတယ်၊ လူစိမ်းတွေ့ရင် ရှက်တတ်လို့ အဲ့တာကြောင့် ငါ့မြင်လို့ ထွက်ပြေးသွားတာ” ချူဖုန်းသည် တည်ငြိမ်စွာ ရှင်းပြသည်။
ကျိုးကွမ် နားမလည်နိုင်ဖြစ်နေသည်။ ဒါဘယ်လို ဘုန်းကြီးကျောင်းပါလိမ့်။ သည်းထိတ်ရင်ဖိုမှုနှင့် ပြဿနာပေါင်းစုံ ပြည့်နှက်သော ထူးခြားဆန်းကြယ်သည့် နေရာပင် ဖြစ်သည်။ သူသည် ကြောက်ရွံ့သော်လည်း ဆန်းကြယ်သော ဘုန်းကြီးကျောင်း၏ ဓလေ့က သူ့ကို ပို၍ မျှော်လင့်စေသည်။
“အိုး ချီး သရဲကြီး” သိပ်မကြာခင် ကျိုးကွမ်သည် အသံကျယ်ဖြင့် ထပ်အော်လေသည်။
ချူဖုန်းလည်း အမှတ်မထင် ခေါင်းမော့လိုက်သည်။ မော့ကြည့်လိုက်သောအခါတွင် လူသား၏လက်မအရွယ် အထူရှိသည့် ပိုးချည်မျှင်ကို တွေ့ရသည်။ ထိုပိုးချည်မျှင်မှ ကျောက်စုံကြိတ်စက်အရွယ်ရှိသည့် ပင့်ကူတစ်ကောင်သည် သူ့ခေါင်းပေါ်ရှိ ၃ပေအကွာတွင် တွဲလောင်းကျနေသည်။
ကျိုးကွမ်သည် ကြောက်လန့်ပြီး သူ့ခြေလက်များသည် ကြောက်လန့်မှုကြောင့် ထုံထိုင်းသွားသည်။ စိုစွတ်သော မြေကြီးပေါ်သို့ ထိုင်ကျသွားပြီး လေးဖက်ထောက်ကာ အမြန်ရှေ့သို့ ကုန်းသွားလေသည်။
ဖုန်း!
ချူဖုန်းအတွက် မမှုချေ။ ဖျတ်လတ်သောကန်ချက်ဖြင့် ထိုပင့်ကူကို လွင့်ထွက်သွားစေသည်။
ကျိုးကွမ်သည် ကြောက်စိတ်ကြောင့် မျက်ဖြူသား ပေါ်နေပြီဖြစ်သည်။ သူ့လည်ပင်းကို ညှစ်ထားသလို ခံစားရ၍ ခက်ခက်ခဲခဲ မျိုချရသည်။ ထို့နောက် မွန်းကျပ်သလို ခံစားရ၍ ရင်ဘတ်ကို ထုနေသည်။ ထိတ်လန့်မှုက သူ့ကို ကိုမာအခြေအနေသို့ ရောက်စေသလို ဖြစ်သွားသည်။
“ဟဲ့ကောင်…အမ်…ငါတို့ ဒီလမ်းကို ဆက်မသွားသင့်တော့ဘူးထင်တယ်၊ မြို့ထဲပြန်ပြီး မြို့ထဲမှာပဲ အေးဆေး အချိန်ကုန်မယ်လေ ဘယ်လိုလဲ၊ ငါဘာလို့ ရှေးခေတ်အချိန်က ရုပ်ရှင်ကားထဲကို ကြည့်နေသလို ဒါမှမဟုတ် ငါကိုယ်တိုင် အဲ့ထဲမှာ သရုပ်ဆောင်နေသလို ခံစားနေရတာလဲ၊ ဟိုမိစ္ဆာကောင်တွေကို ကြည့်ပါဦး၊ ဘာလို့ ဒီလောက်များနေရတာလဲ”
သူ့အသက်ရှူနှုန်းမှာ မြန်ဆန်လျက်ရှိသည်။ သူ့အတွက် လက်ရှိအခြေအနေကို လက်ခံရန် ခက်ခဲနေသည်။
တစ်ချိန်တည်းမှာပင် သူသည် ချူဖုန်း၏ အကြောက်တရားမရှိမှုကို အံ့အားသင့်သွားသည်။ သူဘယ်လိုလုပ် ဧရာမအရွယ်ရှိတဲ့ ပင့်ကူကြီးကို မျက်တောင်မခတ်ပဲ တက်နင်းရဲတာလဲ။
သို့သော် သိပ်မကြာခင် ကျိုးကွမ်က ချူဖုန်းကို အတင့်ရဲသောသူလို့ ပြောခြင်းက မလုံလောက်ကြောင်း သိသွားသည်။
မျက်လုံးတစ်ဖက်ပဲရှိသည့် ဝံပုလွေတစ်ကောင်သည် အသံမပေးပဲ သူတို့အနား ချဥ်းကပ်လာသည်။ ဧရာမတောရိုင်းကောင်ဖြစ်သည်။ သူ့ခန္ဓာကိုယ်မှာ အနည်းဆုံး ၁၀မီတာရှိပြီး အမြင့်မှာ ၄ ၅မီတာနီးပါးရှိသည်။ သူ့အစွယ်များမှာ ဖြူစွပ်ပြီး အနားမညီစွာ ချွန်ထက်သော ဓားကဲ့သို့ ချွန်ထက်လျက်ရှိသည်။
ထိုမျက်လုံးတစ်ဖက်ပဲရှိသည့် ဝံပုလွေတွင် အတောင်ပံတစ်စုံလည်း ရှိသေးသည်။ ပျံသန်းနိုင်သော တောရိုင်းကောင်ဖြစ်သည်။
ကျိုးကွမ်သည် ကြောက်လွန်း၍ တုန်လှုပ်နေသော်လည်း ချူဖုန်းသည် သူနှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း သတိထားမိလိုက်သည်။ ချူဖုန်းသည် တောရိုင်းကောင်ထံ အလျင်အမြန်ပြေးသွားကာ တည်ငြိမ်စွာဖြင့် ဝံပုလွေကို သူ့လက်သီးဖြင့် ထိုးလိုက်သည်။
ကျိုးကွမ်သည် နောက်အခိုက်အတန့်တွင် လုံးဝ အံ့သြသွားသည်။
ချူဖုန်းတွင် ပြိုင်စံရှားသွက်လက်မှုနှင့် အတွင်းအားတို့ ပူးတွဲရှိနေသည်။ ချူဖုန်း၏လက်သီးသည် ဝံပုလွေ၏အသားပေါ်သို့ ကျရောက်သွားသည့်အခါ ထိုဝံပုလွေသည် မိုးကြိုးသံကဲ့သို့ အဆုံးမရှိသော အော်မြည်သံများဖြင့် နာကျင်၍ အော်မြည်နေသည်။ ထို့နောက် တစ်လှမ်းချင်းနောက်ဆုတ်သွားကာ ထွက်ပြေးသွားသည်။
“ငါ အိပ်မက်များ မက်နေတာလား၊ ငါအခု ဘာမြင်လိုက်တာလဲ၊ ငါ ရှေးခေတ်ကို ပြန်ရောက်သွားတာလား ဒါမှမဟုတ် ရုပ်ရှင်ကြည့်နေတာလား” ကျိုးကွမ်သည် သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်ကာ ဒါသည် အိပ်မက်မဟုတ်ကြောင်း သေချာအောင် စမ်းလိုက်သည်။
ကျိုးကွမ်သည် ကြောက်ရွံ့နေဆဲဖြစ်သည်။ သူကြုံတွေ့ရသည့် အကြောက်တရားမှာ အရင်က တစ်ခါမျှ မခံစားဖူးသည့် အတွေ့အကြုံဖြစ်သည်။ ဤဂယောက်ဂယက်ဆီမှ ထွက်ပြေးချင်လိုသည်။
နွားဝါသည် ကျိုးကွမ်ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် ပျောက်သွားပြီး မကြာခင် နွားဝါနောက်မှ ၃မီတာရှိသည့် မျောက်လိုက်ခြင်းကို ခံရပြီး ပြန်ရောက်လာသည်။ နွားပေါက်သည် တမင်တကာ ကျိုးကွမ်ရှိရာဘက်သို့ မျောက်ကို မျှားခေါ်လာခြင်းဖြစ်သည်။
“အား…ကယ်ကြပါဦး”
ကျိုးကွမ်သည် ကြောက်လန့်၍ အော်ငိုနေသည်။ သူ့ဆီ ခုန်ပေါက်၍ တဖြည်းဖြည်းနီးကပ်လာသော ဧရာမမျောက်ကြီး၏ အရွယ်အစားကို ကြည့်ပြီး ရှူးပေါက်ချမိတော့မည်ဖြစ်သည်။ ကျိုးကွမ်ကို ကြည့်ရင်း ထိုမျောက်သည် ပါးစပ်ထဲရှိသွားများကို ဝါးကြိတ်ပြလျက်ရှိသည်။ ဤမြင်ကွင်းမှာ မျောက်ကြီးက ကြောက်လန့်တုန်လှုပ်၍ ထွက်ပြေးသွားသော ကြက်ပေါက်ကို ကြည့်နေသကဲ့သို့ ရှိသည်။
ကျိုးကွမ်သည် ထိုမျောက်ကြီးလိုက်တာခံရ၍ အစွမ်းကုန်ပြေးကာ ထိုနေရာသည် ရုတ်တရက် ဗြောင်းဆန်လာသည်။
“ဝေါး..”
“ချောင်ပိတ်ခံရသောကြောင်သည် ခြသ်ေ့တစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်လာသည်” ဟူသော ဆိုရိုးစကားကဲ့သို့ ချောင်ပိတ်ခံရသော ကျိုးကွမ်သည် နောက်ဆုံးတွင် ပြန်တိုက်ခိုက်လာသည်။ သူ့ပါးစပ်တွင်းမှ မီးခိုးလိပ်ကြီးကို မှုတ်ထုတ်လိုက်သည်။ ထိုမီးတောက်သည် ကျောက်တုံးနှင့် ရွှေတုံးများကို အလွန်ရက်စက်သော အပူချိန်ဖြင့် အလွယ်တကူ အရည်ဖျော်နိုင်သည်။ ထိုမီးတောက်ကြောင့် အနားရှိ သစ်ပင်အိုကြီးတစ်ပင် ပြာကျသွားလေသည်။
ဧရာမမျောက်ကြီးသည် ထိတ်လန့်ကာ သူ့ရန်သူ၏အစွမ်းအစကို သိသွား၍ အလျင်အမြန် နောက်ဆုတ်သွားသည်။
ကျိုးကွမ်၏ မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ သူလည်း နောက်ပြန်ဆုတ်လာသည်။
ချူဖုန်းသည် ဟိုမျက်လုံးတစ်ဖက်ရှိဝံပုလွေကို ရှင်းလင်းပြီးနောက် ဧရာမမျောက်ကြီးနှင့် ဆင်နွှဲနေသည့် စစ်မြေပြင်ကို ရောက်လာခဲ့သည်။
“စိတ်ငြိမ်ငြိမ်ထား၊ ဆင့်ကဲပြောင်းလဲပြီးသူတစ်ယောက်အနေနဲ့ မင်းရဲ့ သဘာဝလွန်အစွမ်းအားတွေကို အစွမ်းကုန်ထုတ်သုံးဖို့ လိုအပ်တယ်၊ မျောက်ကို ကြောက်မနေနဲ့” ချူဖုန်း အားပေးလိုက်သည်။
“ပါးစပ်ပိတ်စမ်း၊ ဘယ်မှာလဲ ဘုန်းကြီးကျောင်း၊ ဘယ်မှာလဲ ငါ့ပျော်ရွှင်စရာမြေ၊ ပြီးတော့ ဒီနေရာက ဘာလဲ” ကျိုးကွမ်၏ခန္ဓာကိုယ်မှာ ကြောက်စိတ်ဖြင့် တုန်လှုပ်နေကာ ငိုမဲ့မဲ့အသံဖြင့် ပြောလေသည်။
“ဘုန်းကြီးကျောင်းက လူတိုင်းကို ပေးဝင်တာမဟုတ်ဘူး၊ ဝင်ချင်ရင် ဒါကို အရင်အောင်မြင်အောင် လုပ်ရမယ်၊ အဲ့တာကြောင့် ရှေ့ဆက်သွားဖို့ အဲ့မျောက်ကို အမြန် ရှင်းလိုက်” ချူဖုန်းသည် လေးနက်စွာဖြင့် ပြောသည်။
“အး…” ကျိုးကွမ်ကြွေးကြော်လိုက်သည်။ သူ့အသက်ကိုရင်းပြီး ဤတိုက်ပွဲကို တိုက်ရန် တွန်းအားပေးခံရသည်။ သူသည် မျောက်ကို အတိုင်းအတာတစ်ခုရှိသည့် ရက်စက်မှုနှင့် ကြမ်းကြုတ်မှုဖြင့် တိုက်ခိုက်သည်။ သူသည် ထိုမျောက်ကို လုံးဝသတ်ချင်လိုပြီး ကလေးဆန်သော ဒေါသဖြင့် ရှေ့တိုးတိုက်ခိုက်သည်။
“ဖူး…”
ကျိုးကွမ်သည် သူ့ပါးစပ်ဟပြီး မီးတောက်များ ဆက်တိုက်ထုတ်လွှတ်သည်။ တောက်လောင်နေသည့် မီးတောက်မှာ ကောင်းကင်အထိ တက်သွားပြီး ထိုနေရာတစ်ခုလုံးကို မီးပင်လယ်ဖြစ်သွားစေသည်။
ချူဖုန်းနှင့် နွားဝါတို့က ဤတောအုပ်တစ်ခုလုံးကို မီးလျှို့မိမည်စိုး၍ အလျင်အမြန် တားလေသည်။
ဧရာမမျောက်ကြီးသည် အပြင်းအထန် မီးလောင်ပြီး ဒဏ်ရာရသွား၍ ထွက်ပြေးသွားသည်။
ကျိုးကွမ်သည် မြေကြီးပေါ်တွင် ထိုင်ချလိုက်သည်၊ ထို့နောက် လဲလျောင်းလေသည်။ သူ့တစ်ကိုယ်လုံးမှာ ခုနက သူကြုံတွေ့ရသည့် အကြောက်တရားကြောင့် ချွေးရွှဲနေသည်။
“ဟဲ့ကောင် ငါ့ရဲ့ ပျော်ရွှင်စရာမြေကို မသွားတော့ပဲ နေရအောင်၊ ဒီလောက်နဲ့ ပြန်ရအောင်၊ အနည်းဆုံး အသက်ရှင်လျက် ပြန်လို့ရသေးတယ်၊ မဟုတ်ရင် ငါ့နှလုံးက ဆက်မခံစားနိုင်တော့ဘူး” ကျိုးကွမ်သည် ငိုမဲ့မဲ့အသံဖြင့် ပြောသည်။
“ဖြစ်လာသလို ရင်ဆိုင်လိုက်၊ ကြောက်မနေနဲ့၊ ကြည့်ပါလား၊ မင်း ဧရာမမျောက်ကြီးကို တိုက်ထုတ်နိုင်တယ်တွေ့လား၊ ဆင့်ကဲပြောင်းလဲပြီးသူအနေနဲ့ မင်းမှာ ကြောက်စိတ် မရှိသင့်ဘူး” ချူဖုန်း သူ့ကို နှစ်သိပ်လေသည်။
“ဒါပေမဲ့ ဒါက လူသားတွေ လာလို့သင့်တော်တဲ့ နေရာမဟုတ်ဘူးဟ၊ ဟိုရှေးခေတ်အကောင်တွေကို ကြည့်ပါလား၊ မသိဘူးကွာ ငါပြန်ချင်တယ်” ကျိုးကွမ်သည် အပြင်းအထန် ခေါင်းခါသည်။
သို့သော် ချူဖုန်းနှင့် နွားဝါတို့သည် အခု ပြန်မသွားချင်သေးချေ။
“ဒါနဲ့ နေပါဦး မင်းက ဘယ်လိုလုပ် ဟိုဧရာမဝံပုလွေကို အေးဆေးတိုက်နိုင်တာလဲ၊ မင်းဘယ်တုန်းက ဒီလောက် တိုက်ခိုက်နိုင်သွားတာလဲ”
“မင်းလည်း အဲ့တောရိုင်းကောင်တွေနဲ့ တိုက်ခိုက်တာကို နေ့စဥ်ဝါသနာအနေနဲ့ လုပ်လိုက်ရင် မင်းလည်း ဟိုအကောင်တွေကို အေးဆေးရင်ဆိုင်နိုင်လိမ့်မယ်” ချူဖုန်း ပြန်ဖြေလိုက်သည်။
ခဏအကြာ ချူဖုန်းသည် နောက်ထပ် ဧရာမငှက်ကြီးကို သတ်ဖြတ်ပြီးနောက် ကျိုးကွမ်သည် နောက်ဆုံးတော့ သူ့ညီအစ်ကိုမှာ မည်မျှ ပြိုင်ဘက်ကင်းကြောင်း သိသွားသည်။
“မိုက်လိုက်တဲ့ ရုပ်ရှင်ကားပဲ” ကျိုးကွမ်သည် တီးတိုးပြောလိုက်သည်။
ချူဖုန်းနှင့် ငှက်၏တိုက်ပွဲမှာ ပြင်းထန်ရက်စက်သည်။ မြေပေါ်တွင် တိုက်ခိုက်ပြီးနောက် ရှေးဟောင်းသစ်ပင်ထိပ်သို့ တက်သွားသည်။ ထိုနေရာမှ ချူဖုန်းသည် ထိုငှက်ပေါ်သို့ ခုန်တက်ကာ အတောင်ပံထိပ်တွင် နေရာယူလိုက်သည်။ ထို့နောက် ဧရာမငှက်ကြီးကို အကြိမ်များစွာ ရိုက်နှက်ခြင်းကြောင့် သွေးထွက်လွန်၍ သတိလစ်သည်အထိ ဖြစ်သွားသည်။ ငှက်နှင့်လူသား၂ယောက်လုံး လေထဲတွင် မီတာ၁၀၀နီးပါး လှိမ့်ပြီးနောက် မြေကြီးပေါ်သို့ ပြုတ်ကျလာသည်။
ကျိုးကွမ်သည် ဒီနေ့ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အားလုံးက သူ၏အသိစိတ်ကို လွတ်သွားစေသည်။ သူ့အတွက် တစ်ခုမျှ အဓိပ္ပာယ်မရှိဖြစ်နေသည်။ မယုံကြည်နိုင်သော အဖြစ်အပျက်များက သူ့ကို လုံးဝ စကားမဲ့သွားစေသည်။
“ဒါက…ပျော်ရွှင်စရာမြေလား”
ကျိုးကွမ် သူ့စိတ်ကိုယ်စုစည်းရန် ဘယ်လောက်ကြာခဲ့ကြောင်း ဘုရားသိသည်။ နောက်ဆုံးတွင် သူသည် ဤ”ပျော်ရွှင်စရာမြေ”နောက်ကွယ်၏ အဖြစ်မှန်ကို သဘောပေါက်သွားကာ ရေရွတ်နေသည်။ သို့သော် သူသည် ဤ “နူးညံ့ပျော်ရွှင်”ဖွယ်ကောင်းသော ညည်းပန်းနှိပ်စက်မှုနှင့် ကြုံတွေ့မှုများကို ဆက်မသည်းခံနိုင်တော့ချေ။
“အား…”
ကျိုးကွမ်သည် ဒီနေ့တစ်နေ့ကို ဖြတ်သန်းရာတွင် တစ်နှစ်ကုန်ဆုံးသွားသည်ဟု ခံစားရသည်။
နောက်ဆုံးတွင် ကျိုးကွမ် ငိုလေသည်။ ဒီနေ့အတွေ့အကြုံမှာ သေချာပေါက် အရိုးစွဲကာ တစ်သက်လုံး မှတ်မိနေမည်ဖြစ်သည်။
“အခု ငါနားလည်သွားပြီ ဘာလို့ လူတွေက “နူးညံ့ပျော်ရွှင်ဖွယ်မြေက သူရဲကောင်းရဲ့ အုတ်ဂူ” လို့ ပြောလဲဆိုတာ၊ ဒီအမြင်ကို ရဖို့အတွက် အတေ်နာကျင်ဖို့ကောင်းတဲ့ ခရီးပါလား၊ သင့်တော်တဲ့ ဆိုရိုးစကားပဲ”
အပိုင်း ၃၄ ပြီး၏။