Switch Mode

Chapter – 627

အခန်း (၆၂၇) တစုန်ကောင်းကင် အညံ့ခံရန် ရောက်လာခြင်း
ဖန်းလျန်ဟာ နေရာကနေ ဖြည်းညင်းစွာထပြီး ဟန်ကျွယ်ကို ဦးညွှတ်ကာ ဆရာဘိုးဘိုးလို့ ခေါ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဖန်းလျန်ရှေ့ လျှောက်သွားပြီး မေးလိုက်ပါတယ် “မင်းက ငါ့ကို အသိအမှတ် ပြုသေးတာလား”
“ကျွန်တော်က ဆရာဘိုးဘိုးကို ထာဝရ အသိအမှတ်ပြုမှာပါ၊ ဆရာဘိုးဘိုးကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီနေ့ ဒီနေရာကို ရောက်လာနိုင်မှာ မဟုတ်ဘူး၊ ဖန်းလျန်ရဲ့ နှလုံးသားထဲမှာ ဆရာဘိုးဘိုးရဲ့ ကြင်နာမှုက အကြီးမားဆုံးပါ”
“ဒါဆို မင်း ဘာဖြစ်လို့ တခြား တာအိုပညာရှိတွေကို စည်းရုံးနေတာလဲ”
ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် ဖန်းလျန်ဟာ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်က ဆက်ပြောပါတယ် “တာအိုပညာရှိတွေရဲ့ တိုက်ပွဲကို ငါ စိတ်မဝင်စားဘူး၊ ဒါပေမဲ့ ကောင်းကင်တာအိုကို သက်ရောက်မယ်ဆိုရင်တော့ ငါ ဝင်ပါရလိမ့်မယ်၊ ငါ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်ချင်တယ်၊ ကောင်းကင်တာအိုက ငါ့ကို သူများတွေ နှောင့်ယှက်မဲ့ ရန်ကနေ ကာကွယ်ပေးနိုင်တယ်”
ဖန်းလျန်ဟာ သက်ပြင်းချလိုက်ပါတယ် “ကျွန်တော် လုပ်နေတာတွေကလည်း ကောင်းကင်တာအိုကို ပံ့ပိုးပေးမလို့ပါပဲ၊ ဆရာဘိုးဘိုးလည်း သိတာပဲ၊ တကယ်တော့ ဒီတာအိုပညာရှိတွေက အဆုံးသတ် အပျက်အစီး နတ်ဘုံရဲ့ ရုပ်သေးရုပ်တွေ၊ ကျွန်တော်တို့တွေ ဒီကံတရားကို မဖြတ်တောက်နိုင်ရင် ကောင်းကင်တာအိုက အမြဲတမ်း အဆုံးသတ် အပျက်အစီး နတ်ဘုံရဲ့ ကြိုးဆွဲရာ ကနေရလိမ့်မယ်”
“ကျွန်တော်က ကောင်းကင်တာအိုကို အနှောင်အဖွဲ့ကနေ လွတ်စေချင်ရုံပဲ၊ ဒါကလည်း တာအိုဘိုး‌ဘေးရဲ့ အလိုဆန္ဒပဲ”
ဒီအရောက်မှာတော့ ဖန်းလျန်ရဲ့ မျက်လုံးတွေဟာ ခိုင်မာပြတ်သားသွားပါတယ်။ ဖန်းလျန်ဟာ ကောင်းကင်ဧကရာဇ် ဖြစ်ပြီးကတည်းက ပြောင်းလဲသွားပါတယ်။ ပြောင်းလဲရတဲ့ အကြောင်းရင်းကလည်း ရွေးချယ်စရာ မရှိလို့ပါ။
ဖန်းလျန်ဟာ ပြီးခဲ့တဲ့ ကောင်းကင်ဧကရာဇ်လိုမျိုး အင်မော်တယ်တွေရဲ့ ထိပ်ဆုံးမှာ ရပ်နေရင်တောင် တာအိုပညာရှိတွေ လက်ထဲက ရုပ်သေးရုပ် ဖြစ်နေတုန်းလို့ ခံစားလာခဲ့ရတာပါ။ ကောင်းကင်တာအိုအတွက် တစ်ခုခုလုပ်ချင်ပေမဲ့ တာအိုပညာရှိတွေရဲ့ အကျိုးအမြတ်ကို ထိခိုက်မှာစိုးတဲ့အတွက် လက်လျှော့ခဲ့ရတာ အကြိမ်ပေါင်း မနည်းပါဘူး။ ဒီခံစားချက်က လုံးဝကို မခံချင်စရာပါ။
“တာအိုဘိုးဘေးက တကယ်သေသွားပြီလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
“သေသွားပြီ၊ တာအိုဘိုးဘေး ပျောက်ကွယ်သွားရတဲ့ အကြောင်းရင်းက အလွန်ကြောက်ဖို့ ကောင်းတဲ့ တည်ရှိမှုတစ်ခုကို ဖျက်ဆီးချင်လို့ပဲ၊ အဲဒီကြောက်မက်ဖွယ် တည်ရှိမှုက ကောင်းကင်တာအိုနဲ့ မဟာတာအိုကို ဝါးမြိုချင်နေတာ၊ တာအိုဘိုးဘေး ချန်ထားခဲ့တဲ့ စိတ်ဆန္ဒက ကျွန်တော့်ကို ရွေးချယ်ပြီးတော့ အဆုံးသတ် အပျက်အစီး နတ်ဘုံကို အဲဒီကြောက်မက်ဖွယ် တည်ရှိမှုက စိမ့်ဝင်နေပြီလို့ ပြောတယ်၊ အဆုံးသတ် အပျက်အစီး နတ်ဘုံသာ ကောင်းကင်တာအိုကို ဝါးမြိုလိုက်ရင် ရှေးပျက်သုဉ်းနယ်မြေမှာ ချုပ်နှောင်ထားတဲ့ မရေမတွက်နိုင်တဲ့ ကြောက်မက်ဖွယ် အရာတွေကို လွှတ်ပေးမိလိမ့်မယ်လို့လည်း ပြောတယ်၊ ဒီလိုဆိုရင် နောက်ထပ် ဒုက္ခရောက်မှာက ပဋိပက္ခပါ”
“ကျွန်တော် ဒီအကြောင်းကို အဆုံးသတ် အပျက်အစီး နတ်ဘုံသိအောင် ပြောချင်ပေမဲ့ အမှောင်တားမြစ်နယ်မြေထဲမှာ ကျွန်တော် သေတော့မလို ဖြစ်ခဲ့တယ်၊ အဲဒါကြောင့် အဆုံးသတ် အပျက်အစီး နတ်ဘုံက ယုံလို့မရဘူးဆိုတာကို ကျွန်တော် သဘောပေါက်လိုက်တယ်၊ အခု ကောင်းကင်တာအိုကိုကယ်တင်ဖို့ ကျွန်တော် ကိုယ်တိုင်ပဲ ကြိုးစားအားထုတ်တော့တယ်”
“ဆရာဘိုးဘိုး… ဆရာဘိုးဘိုးက အေးအေးချမ်းချမ်း ကျင့်ကြံချင်တာကို ကျွန်တော် သိပါတယ်၊ ကျွန်တော် ဆရာဘိုးဘိုးကို ဒီပြဿနာထဲ ဆွဲမထည့်ချင်ဘူး၊ ဒါပေမဲ့ ကျေးဇူးပြုပြီး ကျွန်တော်ကို မတားပါနဲ့၊ ကျွန်တော် ဒီကိစ္စအတွက် အသက်ကိုတောင်စွန့်ဖို့ ဆုံးဖြတ်ထားပြီးပြီ”
ဖန်းလျန်ရဲ့ လေသံက လုံးဝကို ပြတ်သားနေပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်နဲ့ သက်တမ်း ၄ ဘီလီယံ အကုန်ခံပြီး တွက်ချက်ကြည့်တဲ့အခါမှာတော့ ဖန်းလျန် မလိမ်မှန်း သိလိုက်ရပါတယ်။ ကြည့်ရသလောက်တော့ ဖန်းလျန်က ကောင်းကင်တာအိုကို တကယ်ဂရုစိုက်ပါတယ်။ ဒါကြောင့်လည်း ကောင်းကင်တာအိုက သူ့ကို ရွေးချယ်လိုက်တာ ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်းပြောတဲ့အတိုင်း လုပ်ဖို့ ငါမျှော်လင့်ပါတယ်၊ ဒါနဲ့ မင်း အရှေ့ဧကရာဇ်ကို ဘယ်လိုထင်လဲ”
တာအိုဘိုးဘေးက မသေသေးပါဘူး။ ဒါပေမဲ့ ဖန်းလျန်ကိုတော့ သေပြီလို့ ပြောထားပါတယ်။ ဒါကြောင့် ကိစ္စတွေက မရိုးရှင်းဘူးလို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ တာအိုဘိုးဘေး မသေသေးတာကို ထုတ်မပြောရဲပါဘူး။ အခုအချိန်မှာ တာအိုဘိုးဘေးက ဟန်ကျွယ် အပြစ်ပြုလို့မရတဲ့ တည်ရှိမှုတစ်ခုပါ။ တကယ်လို့ ပြောခဲ့ရင်လည်း ဖန်းလျန်က သူ့ကို ယုံမှာ မဟုတ်ပါဘူး။ သူ့ကို တားနေတယ်လို့ပဲ ထင်မှာပါ။
ဖန်းလျန်က ပြန်ဖြေပါတယ် “ကျွန်တော်တို့တွေ သူ့ကို ဖိနှိပ်ရမယ်၊ သူက အဆုံးသတ် အပျက်အစီး နတ်ဘုံ စီစဉ်ထားတဲ့ ဓားတစ်ချောင်းပဲ၊ သူက နောက်ဆုံး မဟုတ်ဘူး၊ ကောင်းကင်တာအို ပြန်စအပြီးမှာ အဆုံးသတ် အပျက်အစီး နတ်ဘုံက ကောင်းကင်တာအိုထဲမှာ ဓားသုံးလက်ကို စီစဉ်ထားတယ်၊ ဘယ်လောက်တောင် ရယ်စရာကောင်းလဲဆိုတော့ သူတို့က ကောင်းကင်တာအို သက်ရှိတွေထဲက မရွေးဘဲ အဆုံးသတ် အပျက်အစီး နတ်ဘုံကနေ ပို့လိုက်တယ်၊ သူတို့ရည်ရွယ်ချက်က ရှင်းနေတာပဲ၊ သူတို့အမြင်မှာ အခုလက်ရှိ ကောင်းကင်တာအိုက ဘာမှကြောက်စရာမရှိတဲ့အတွက် ပေါ်တင် လုပ်နေတာပဲ၊ တာအိုဘိုးဘေးကလည်း မရှိတော့ဘူးလေ”
ဟန်ကျွယ်ဟာ ဖန်းလျန်ရဲ့ အတွေးတွေကို နားထောင်ပြီးနောက် စိတ်သက်သာရာ ရသွားပါတယ်။ ဟန်ကျွယ်ဟာ ဖန်းလျန်က အရှေ့ဧကရာဇ်နဲ့ ပေါင်းကြံမှာကို စိုးရိမ်နေတာပါ။
စကားနည်းနည်းပါးပါး ထပ်ပြောပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ထွက်ခွာဖို့ ပြင်ပါတယ်။ ဖန်းလျန်က ဟန်ကျွယ်ကို တံခါးဝထိ လိုက်ပို့ပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်မှာ ထိုင်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ် ပထမဆုံးလုပ်တာက အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး အရှေ့ဧကရာဇ်နဲ့ တိုက်ခိုက်တာပါ။
တစ်နာရီကြာတဲ့အခါမှာတော့…
ဟန်ကျွယ်ဟာ မျက်လုံးပွင့်လာပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ဟာ အရှေ့ဧကရာဇ်ကို မသတ်နိုင်ပါဘူး။
အရှေ့ဧကရာဇ်က ဟန်ကျွယ်ကို မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ ကောင်းကင်တာအိုထဲမှာ မကုန်ဆုံးနိုင်တဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့က အရှေ့ဧကရာဇ်ကို ပံ့ပိုးပေးနေပါတယ်။ ဟန်ကျွယ် အရှေ့ဧကရာဇ်ကို အကြိမ်တစ်သောင်း သတ်ပေမဲ့ အရှေ့ဧကရာဇ်က အကြိမ်တစ်သောင်း ပြန်မွေးဖွားလာပါတယ်။
ဒါကြောင့် အရှေ့ဧကရာဇ်က ရင်ဆိုင်ဖို့ နည်းနည်း ခက်တာပါ။
ဟန်ကျွယ်သာ အရှေ့ဧကရာဇ်နဲ့ ရန်သူဖြစ်ရင် သူ့ကို ကောင်းကင်တာအို အပြင်ဘက် ထွက်အောင် ဖြားယောင်းပြီးမှ သတ်ပစ်နိုင်မှာပါ။ ဒါပေမဲ့လည်း ဟန်ကျွယ် ဒီလိုလုပ်ရင် သူလည်း အဆုံးသတ် အပျက်အစီး နတ်ဘုံက စွမ်းအားကြီးပုဂ္ဂိုလ်တွေ သတ်ဖြတ်တာကို ခံရနိုင်ပါတယ်။
ဟန်ကျွယ်ဟာ အရှေ့ဧကရာဇ်ကို ဖိနှိပ်ဖို့ ကြိုးစားပေမဲ့ အရှေ့ဧကရာဇ်က စွမ်းအားကြီးလွန်းတဲ့အတွက် ဖိနှိပ်ဖို့ မလွယ်ပါဘူး။ ဟန်ကျွယ်က အားအများကြီး သုံးလိုက်ရင်လည်း အရှေ့ဧကရာဇ်က သေသွားပြီး သေလိုက်ရှင်လိုက် ကွင်းဆက်ထဲကို ရောက်သွားပါတယ်။
‘မဖြစ်ဘူး… ငါ အရှေ့ဧကရာဇ်ကို အနိုင်ယူနိုင်မဲ့ နည်းလမ်းကို ရှာရမယ်’
အရှေ့ဧကရာဇ်က တကယ်ကို စွမ်းအားကြီးတာပါ။ တခြား တာအိုပညာရှိတွေ ဝိုင်းတိုက်ရင်တောင် သူ့ပြိုင်ဘက် မဖြစ်နိုင်ပါဘူး။ ဟန်ကျွယ်ဟာ ဒီလိုတည်ရှိမှုမျိုးက ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို တစ်ယောက်တည်း ထိန်းချုပ်မှာ ခွင့်မပြုနိုင်ပါဘူး။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ မဟာတာအို အပိုင်းအစကို တွေးမိသွားပါတယ်။ မဟာတာအို အပိုင်းအစ ကိုးစသာ စုံညီသွားရင် ဟန်ကျွယ်ဟာ သူ့ရန်သူကို စပါယ်ရှယ် ဖိနှိပ်နိုင်ဖို့အတွက် မဟာတာအို ဆန်းကြယ်စွမ်းအားကို ထပ်ပြီးတော့ ဖန်တီးနိုင်မှာပါ။
ဟန်ကျွယ့်မှာ လက်ရှိ မဟာတာအို အပိုင်းအစ ခြောက်စရှိတဲ့အတွက် သုံးစသာ လိုပါတော့တယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှု မြင့်လာတာနဲ့အမျှ စနစ်ပေးတဲ့ ရွေးချယ်မှုကလည်း အကြိမ်ရေ နည်းလာပါတယ်။
ဟန်ကျွယ် မဟာာတာအို အပိုင်းအစတွေနဲ့ ဖန်တီးခဲ့တာတွေကတော့ လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို၊ အန္တိမမူလ မဟာတာအို၊ အမှောင်ထုရဲ့ အိပ်မက်ဆိုးနဲ့ လောကဦး နတ်ဒေါသတို့ပဲ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ သူ့ပစ်မှတ်ကို သတ်မှတ်ပြီးတာနဲ့ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
…..
နှစ် ၂,၀၀၀ ကျော် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အသက် ၁၄၀,၀၀၀ ပြည့်သွားပါပြီ။ ဒါပေမဲ့ စနစ်ရဲ့ ရွေးချယ်မှုက ပေါ်မလာပါဘူး။ ကြည့်ရတာ နှစ်တစ်သိန်းမှပဲ တစ်ကြိမ် ပေါ်လာတော့မယ်နဲ့ တူပါတယ်။
ဒီနေ့မှာတော့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို မဖိတ်ခေါ်ထားတဲ့ ဧည့်သည့်တစ်ယောက် ရောက်လာပါတယ်။
“ကျွန်တော်က တစုန်ကောင်းကင်ပါ၊ တိတ်ဆိတ်ဂိုဏ်းချုပ်ကို ဆရာတင်ချင်လို့ ရောက်လာရတာပါ”
တစုန်ကောင်းကင်ရဲ့ အသံဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ဝင်ရောက်သွားပြီး တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို အုတ်အော်သောင်းတင်း ဖြစ်သွားစေပါတယ်။ သူတို့တွေဟာ တစုန်ကောင်းကင် နာမည်နဲ့ ရင်းနှီးပါတယ်။ သူတို့တွေ မျက်လုံးမှိတ်ပြီး ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံကို ကြည့်လိုက်ရင် တစုန်ကောင်းကင်ဆိုတဲ့ နာမည်ကို တွေ့မြင်နိုင်ပါတယ်။ တစုန်ကောင်းကင်က အခုထိ ထိပ်ဆုံးနေရာမှာ ရှိနေတုန်းပါ။
လီတောက်ခုံး၊ ရှီတုတောက်နဲ့ ဖန်းလျန်ဟာ တာအိုရယူတာ အောင်မြင်သွားတဲ့အတွက် သူတို့နာမည်တွေဟာ ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံကနေ ပျောက်ကွယ်သွားပါတယ်။ ဒါကြောင့် တစုန်ကောင်းကင်က ထိပ်ဆုံးနေရာမှာ ရောက်နေတာပါ။ ဒီထက်ပိုပြီး အရေးကြီးတာက ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံဟာ သုံးစားမရတော့တာပါ။ သုံးစားမရတဲ့အတွက် ဘယ်သက်ရှိမှ ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံကို ဂရုမစိုက်တော့ပါဘူး။
ဖူစန်းသစ်ပင်အောက်မှာရှိတဲ့ ရွှင်ချန်အန်းက သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “သူက ဘာဖြစ်လို့ ငါတို့ဆီမှာ လာခိုလှုံတာလဲ”
ချူရှီရန်က ဖြေလိုက်ပါတယ် “ဘာဖြစ်ရမှာလဲ၊ သူက တာအိုပညာရှိ ကစားတာကို ခံလိုက်ရတော့ ရွေးချယ်စရာ မရှိတော့ဘူးလေ၊ သူ့ရဲ့ လက်ရှိအဆင့်အတန်း၊ သူ့ရဲ့ ကျင့်ကြံမှုနဲ့ တာအိုပညာရှိ မဖြစ်နိုင်ဘူးဆိုရင် ဘာဖြစ်လို့ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်နေမှာလဲ၊ အင်မော်တယ်ကမ္ဘာမှာ ဘယ်သူက သူ့ကို သတ်နိုင်မှာလဲ”
ဘဝဟောင်းတုန်းက အဂ္ဂဗုဒ္ဓ ဖြစ်ခဲ့တာကြောင့် ချူရှီရန်ဟာ ဒီလိုကိစ္စတွေကို ကောင်းကောင်းကြီး သိပါတယ်။ တာအိုပညာရှိတွေဆီက စကားတစ်ခွန်းတည်းနဲ့ သက်ရှိတွေဟာ သူတို့အသက်ကိုတောင် စွန့်စားရဲကြပါတယ်။ ဒါပေမဲ့ တာအိုပညာရှိတွေက အကြွင်းမဲ့အာဏာ ရှိနေတာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ပြန်မဖြေပါဘူး။
တစုန်ကောင်းကင်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ်။ ကြည့်ရတာ သူက စိတ်ပိုင်းဖြတ်ထားပုံပါပဲ။
သက်ရှိတွေဟာ တစုန်ကောင်းကင် ဒူးထောက်တာကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ကြရပါတယ်။ ဒီသတင်းဟာ အင်မော်တယ်ကမ္ဘာအနှံ့ ပျံ့နှံ့သွားပြီး သက်ရှိအားလုံးကို အတော်ကြာတဲ့အထိ အံ့အားသင့်သွားစေပါတယ်။
တိတ်ဆိတ်ဂိုဏ်းဟာ သက်ရှိအားလုံးရဲ့ မျက်လုံးထဲကို တစ်ဖန်ပြန်ပြီးတော့ ရောက်လာပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်၊ စကြဝဠာခန်းမ။
တောင်ဘက်စွန်း ကောင်းကင်အရှင်က စနောက်လိုက်ပါတယ် “တစုန်ကောင်းကင်က တကယ်ကို အရှက်မရှိတာပဲ၊ ဒါပေမဲ့ အသုံးမဝင်ပါဘူး၊ တာအိုပညာရှိဖြစ်ချင်ရင် တာအိုဘိုးဘေးကလွဲလို့ ကျန်တဲ့သူတွေဆီမှာ အညံ့ခံလို့မရဘူး”
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ သူတို့လည်း တစုန်ကောင်းကင်အတွက် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ သူတို့မှာ ရွေးချယ်စရာ မရှိပါဘူး။ တာအိုပညာရှိတွေဟာ တစုန်ကောင်းကင်ကို လျော်ကြေးပေးချင်ပေမဲ့ တစုန်ကောင်းကင်က လက်မခံတဲ့အပြင် သူတို့ကိုတောင် ဒေါသထွက်သွားပါသေးတယ်။
တာအိုပညာရှိတွေရဲ့ မျက်လုံးထဲမှာ တစုန်ကောင်းကင်က သူ့ကိုယ်သူ ဘဝင်မြင့်နေတဲ့လူပါ။ တာအိုပညာရှိ ဖြစ်မလာဘူးဆိုရင် တစုန်ကောင်းကင်က သေမျိုးကမ္ဘာမှာ လေပေါ်ပျံတတ်တဲ့ ပုရွက်ဆိတ်တစ်ကောင် သာသာပါ။ ကပ်ဘေး ဘယ်နှခုကိုများ ဖြတ်ကျော် ရှင်သန်နိုင်မှာလဲ။
တာအိုပညာရှိတွေရဲ့ အကူအညီမပါရင် အနန္တကပ်ဘေးက တစုန်ကောင်းကင်ကို အမှုန့်ချေပစ်လို့ ရပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset